အပိုင်း ၆၅
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၆၅ - အတင်းအဖျင်း

 

 

 

 

ဒီတစ်ခါတော့ ချန်ရှု့ရဲ့ တူတွေက ကစားပွဲပေါ်တကယ်ကျသွားခဲ့သည်။  သူကခက်ခက်ခဲခဲတွေးပြီး နောက်ဆုံးမှာ အကြောင်းပြချက်တစ်ခုရှာတွေ့သွားခဲ့သည်။

 

 

ချန်ရှု့က စာအိတ်ပါရှိသော စာချုပ်ကိုညွှန်ပြလိုက်သည်။ အဲ့တာက ထောင်နားကနေ ထွက်နေသည်။  "ကိုယ်အဲဒါကို မတော်တဆတွေ့လိုက်တာ "

 

 

ယဲ့ဆွေကသံသယမ၀င်ခဲ့ဘူး။  ရုတ်တရက် ချန်ရှု့က လက်ကိုဆန့်လိုက်ပြီး စာချုပ်ကိုသူမရဲ့အိတ်ထဲသို့ တွန်းထည့်ပေးလိုက်သည်။ "အဲ့တာကို ကောင်းကောင်းသိမ်းထား မပျောက်စေနဲ့ "

 

 

ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သော ချန်ရှု့ နောက်ထပ်အမှားတွေ ထပ်လုပ်မိမှာကိုကြောက်သောကြောင့် လွတ်လွတ်လပ်လပ် စကားမပြောဖြစ်တော့ပေ။

 

 

*******

 

နောက်တစ်နေ့တွင် ယဲ့ဆွေက ကျို့ယွမ် ရုပ်ရှင်ကို ရိုက်ကူးဖို့ ရိုက်ကွင်းသို့ ရောက်လာခဲ့သည်။ အဲဒီအချိန်၌ ယဲ့ဆွေ မိတ်ကပ်ပြင်နေတဲ့ အချိန်အတွင်းမှာလက်ထောက်တစ်ယောက်က အပြင်ဘက်မှာဒါရိုက်တာ ကျို့အား လက်ကမ်းပေးနေသည်။  "ဒါရိုက်တာ၊ ယဲ့ဆွေက ဒီမှာပါ "

 

 

 “ အမ်း

 

 

ဒါရိုက်တာ ကျို့က ရုပ်ရှင်ရဲ့အမျိုးသမီးက ယဲ့ဆွေ  ဖြစ်ကြောင်းသိသောအခါ သူအလွန်မကျေမနပ်ဖြစ်ခဲ့သည်။

 

 

'ယဲ့ဆွေက ဘယ်သူလဲသူမရဲ့ပွဲ ဦးထွက်ကတည်းက သူမကိုလူသိများခဲ့တာကြာပြီ။ သူမက အရမ်းနာမည်ကြီးတာမဟုတ်သလို သူမနာမည်အောက်မှာ ရုပ်ရှင်တောင်မရှိဘူး။  ဒရမ်မာတစ်ခုမှာ သူမဘယ်လို သရုပ်ဆောင်မလဲ?'

 

 

ရင်းနှီးမြှုပ်နှံသူ ဝေရှီအုပ်စုက ဒါရိုက်တာ ကျို့ အား သူတို့ခေါင်းဆောင်မင်းသမီးကို ပြောင်းချင်ကြောင်းအကြောင်းကြားခဲ့သည်။ ဒါပေမဲ့ ယဲ့ဆွေက ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်လိမ့်မည်ဟု အခိုင်အမာပြောကြားခဲ့သည်။

 

 

ဒါရိုက်တာ ကျို့က ၎င်းကိုမေ့ပစ်ရန် လိုသော်လည်းသူ့ရဲ့စိတ်ထဲတွင် သေချာတာကတော့ ယဲ့ဆွေမှာအလားအလာမရှိဘူး။

 

 

ဒီနေ့က ယဲ့ဆွေရဲ့ ပထမဆုံးရုပ်ရှင်ရိုက်ကူးတဲ့နေ့ဖြစ်သည်။ဒါရိုက်တာကျို့က သူကခေါင်ဆောင် မင်းသမီးကို ပြောင်းလဲပိုင်ခွင့်မရှိကြောင်း သုံးသပ်ခဲ့သည်။ သို့သော်လည်း သူကရိုက်ကွင်းပေါ်တွင် ယဲ့ဆွေအတွက် အခက်ခဲဖြစ်စေရန်ပြုလုပ်ဖို့ အရည်အချင်း အနည်းငယ်ရှိနေသေးသည်။

 

 

ယဲ့ဆွေက သူမရဲ့မိတ်ကပ်ကို လိမ်းခြယ်ပြီး ရိုက်ကွင်း အလယ်သို့လျှောက်သွားလိုက်သည်။  ဒါရိုက်တာ ကျို့က သူမကိုတစ်ချက် ကြည့်လိုက်သည်။ သူက ယဲ့ဆွေကို လှတယ်လို့ပဲ ထင်ခဲ့သော်လည်း ယခုတွင် ယဲ့ဆွေက  ဂရုမစိုက်ပုံမပေါ်ဘဲ ဤဒရမ်မာအတွက် တကယ်သင့်တော်ပုံရသည်။

 

 

ယဲ့ဆွေရဲ့ ရုပ်ရည်သွင်ပြင်က အတော်လေးမှန်ကန်သည်မှန်သော်လည်း သူမရဲ့အားနည်းသော သရုပ်ဆောင်ချက်က သူ့ကိုမကျော်လွှားနိုင်သေးပေ။

 

 

ဒါရိုက်တာ ကျို့ကမင်းကိုယ့်ကိုကိုယ်ပြင်ဆင်ပြီးရင် ချက်ချင်းရိုက်ကူးမယ်လို့ ပြောလိုက်သည်။

 

 

ယဲ့ဆွေအရင်က သူမ ဖတ်ဖူးတဲ့ဇာတ်ညွှန်းကို စဉ်းစားမိတဲ့အခါ တစ်ခုခုမှားနေပြီလို့ သူမ ခံစားလိုက်ရသည်။  အဲ့တာကိုစဉ်းစားပြီးနောက် သူမကစကားပြောဖို့ ဆုံးဖြတ်ခဲ့သည် -“ ဒါရိုက်တာ၊ တကယ်လို့သူမက ပြိုင်ဘက်ကို သေနတ်နဲ့တိုက်ရိုက်ပစ်ရင်၊ အဲဒါကရိုက်ကွင်းအတွက် မသင့်တော်ဘူး

 

 

 “ ကျွန်မဒီဘက်ကို အရင်လှည့်လိုက်ရင် ဘာဖြစ်မလဲ....…”

 

 

ဒါရိုက်တာ ကျို့က နားတောင်မထောင်ဘူး။  သူကအေးစက်စက်ပြောလိုက်သည်။မင်းလုပ်ရမှာက ဇာတ်ညွှန်းအတိုင်းလိုက်လုပ်လိုက်ရုံပဲ တခြားအရာတွေ အများကြီးအတွက် စိတ်မပူပါနဲ့

 

 

ဒါရိုက်တာက သူမကိုတဖက်သတ် ဘတ်လိုက်နေတာကို ယဲ့ဆွေသိတာကြောင့်မလို့ ဒီအကြောင်းကို မပြောတော့ဘူး။  ဒါရိုက်တာ - “ စကြမယ်

 

 

ယခုအချိန်တွင် အပေါ်မှအလင်းရောင်က ရုတ်တရက်မှေးမှိန်သွားပြီး ခန်းမကြီးတစ်ခုလုံးက အမှောင်အတိကျသွားသည်။

 

 

လူတိုင်းအံ့သြနေချိန်တွင် အလင်းက တစ်ဖန်ပြန်လည်လင်းလာပြီး တိတ်ဆိတ်စွာထွန်းလင်းလာခဲ့သည်။

 

 

 တစ်ချိန်တည်းမှာပင် လူတွေရဲ့ခြေဖဝါးမှ အေးစက်မှုတစ်ခုက သူတို့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

 

 

ဒါရိုက်တာ ကျို့က မျက်မှောင်ကြုတ်လိုက်သည် - “ဘာဖြစ်နေတာလဲ? ”

 

 

လက်ထောက် - “ ကြည့်ကြည့်လိုက်မယ်

 

 

လက်ထောက်က စစ်ဆေးပြီးတော့ မှားတာတစ်ခုမှမတွေ့ခဲ့ပေ။ ဒါရိုက်တာ ကျို့ကဆက်ရိုက်….....” သူစကားမဆုံးခင်မှာ အလင်းရောင်က ပြန်ပြီးပြတ်သွားခဲ့သည်။

 

 

သိပ်မကြာခင်မှာဘဲ မီးတွေကပြန်လင်းလာသည်။ ဒါပေမယ့် ဝင်းလတ်တောက်ပနေကာ ဒီထူးဆန်းတဲ့ အလင်းရောင်အောက်မှာ လူတွေအားလုံးရဲ့မျက်နှာတွေဟာ ဖြတ်တောက်ခံရသလိုပဲ သိသာထင်ရှားသွားသည်။

 

 

အလင်းရောင်က ပိတ်လိုက် ဖွင့်လိုက်နဲ့ဖြစ်နေသည်နှင့်တပြိုင်နက် ယဲ့ဆွေက အမှောင်ရိပ်တစ်ခုအား ဖျက်ခနဲဖမ်းမိလိုက်သည်။ အမှောင်ရိပ်က ဒါရိုက်တာ ကျို့ရဲ့ အနောက်မှာ ထိုင်နေသည်။  သူ့ရဲ့မျက်နှာက အလွန်ဖြူဖွေးနေပြီး သူ့မျက်လုံးတွေရဲ့ အောက်တွင် မဲနက်ပြီးထူထဲနေတဲ့ စက်ဝိုင်းနှစ်ခုရှိနေသည်။

 

 

သူကိုကြည့်ရတာ အတော်လေးပုံမှန်ပါဘဲ။ ဒါပေမယ့်သူကဒါရိုက်တာ ကျို့ကို တင်းတင်းကြပ်ကြပ် တွယ်ကပ်ထားပေမယ့် သူ့ဘေးကလူတွေက လုံးဝရှာမတွေ့ကြဘူး။ ယဲ့ဆွေက သူမဟာဒီကိစ္စတွေကို ပုံဖော်နေတယ်လို့ ထင်ခဲ့ပေမယ့် ဒါကတကယ်ကို သရဲဖြစ်နေတယ်!

 

 

သရဲက ပထမဦးစွာဒါရိုက်တာ ကျို့ အား လှောင်ပြောင်သောအကြည့်ကို ပေးခဲ့သည်။ ထို့နောက် မီးလုံးကိုကြည့်ပြီး သူ ပြုံးလိုက်သည်။  သိသာထင်ရှားတာက ဒီတောက်ပတဲ့ မီးအလင်းရောင်က သူ့ရဲ့အပြောင်မြောက်ဆုံး လက်ရာဖြစ်ခဲ့သည်။

 

 

ယဲ့ဆွေက ဒါရိုက်တာ 'ကျို့' ရဲ့ တည်နေရာကို မကြည့်ရဲတော့ဘဲ အဝေးကြီးကိုသာ ရဲတင်းစွာကြည့်နေခဲ့သည်။

 

 

လက်ထောက်က အလင်းကိုအကြိမ်ကြိမ် ညှိပေးသော်လည်း သူဖြတ်သွားသည်နှင့်တပြိုင်နက် အလင်းကပြန်ပွင့်လာပြီး သူပြန်လှည့်သည်နှင့်တပြိုင်နက် အလင်းကပြန်မှောင်သွားခဲ့သည်။  သူကငရဲထဲကျနေ သကဲ့သို့ အပြန်ပြန်အလှန်လှန် လမ်းလျှောက်နေခဲ့ရတာကြောင့် ပင်ပန်းနေပြီဖြစ်သည်။

 

 

နောက်ဆုံးတွင် အလင်းကပုံမှန်ပြန်ဖြစ်သွားသည်။ ယဲ့ဆွေက သရဲကိုကြည့်လိုက်တော့ သရဲက အလင်းကိုနောက်ထပ် မကြည့်တော့ပေ။

 

 

 ဒါရိုက်တာ ကျို့က မှားနေတဲ့ဟာ ဘာတစ်ခုကိုမှ သတိမထားမိခဲ့ပေ။  သူ့ရဲ့လက်ကိုဝှေ့ယမ်းကာ ဒါရိုက်တာ ကျို့ ကပြန်စမယ်လို့ ပြောလိုက်သည်။

 

 

ယဲ့ဆွေက သူမရဲ့အာရုံကိုအနည်းငယ်လွှဲလိုက်သည်။သရဲက သူမရဲ့လုပ်ရပ်ကို ကြည့်နေူည်။ သူမရဲ့ခြေထောက်တွေ မတုန်ရင်ကောင်းလိမ့်မည်။

 

 

ယဲ့ဆွေက စိတ်ခံစားချက်ကို ထိန်းနိုင်ခဲ့ပြီး ဒရမ်မာဇာတ်ကွက်အတိုင်း သရုပ်ဆောင်ခဲ့သည်။  ဒါရိုက်တာ ကျို့ ကစကားမပြောဘူး။ သူက ယဲ့ဆွေကို အပြစ်မတင်ဘူး၊ ဆိုလိုသည်မှာ ယဲ့ဆွေ ကောင်းကောင်းလုပ်နိုင်ခဲ့သည်။

 

 

နောက်တစ်ခန်းလို့ ဒါရိုက်တာ ကျို့ကပြောလိုက်သည်။

 

 

ယခုရိုက်ကူးမည့် အခန်းအတွက် ယဲ့ဆွေက အဲ့တာကို ဒါရိုက်တာအား အကြံပြုခဲ့သော်လည်းဒါရိုက်တာ ကျို့ ကလက်မခံခဲ့ပေ။ တစ်ဖန်၊ ယဲ့ဆွေက အဲ့တာကို ဇာတ်ညွှန်းအတိုင်း ပြုလုပ်ခဲ့သည်။

 

 

ဒီအချိန်မှာ ဒါရိုက်တာ ကျို့က စကားမပြောသေးဘူး။  မထင်မှတ်ပဲ ယဲ့ဆွေရဲ့ သရုပ်ဆောင်မှုက အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့သည်။

 

 

ဟုတ်ပါတယ်၊ ကျို့ထောင်က ယဲ့ဆွေအကြောင်း ကြွားဝါလိုခြင်းမရှိပေ။  သူကရိုက်ကူးထားတဲ့ အခန်းကို ပြန်သုံးသပ်ခဲ့သည်။ ကင်မရာကို စပြီးဖွင့်လိုက်တယ်။ ဒါပေမယ့် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။

 

 

တိတ်ဆိတ်သောလေထုထဲတွင် ကင်မရာထဲကစွက်...စွက် ....” ဆိုတဲ့အသံကို ရုတ်တရက်ကြားလိုက်ရသည်။ ၎င်းသည်အထူးသဖြင့် ကြည်လင်ပြတ်သားသည်။

 

 

 ထို့အပြင် စခရင်ပေါ်တွင် နှင်းပွင့်များသာပေါ်လာပြီး ရိုက်ထားသောအခန်းမှာ လုံးဝပျောက်သွားသည်။

 

 

ယဲ့ဆွေက ဒါရိုက်တာ ကျို့ရဲ့ အနောက်မှ သရဲကို တစ်ချက်ကြည့်လိုက်သည်။ အောင်မြင်၍ တက်ကြွပြီးပျော်မြူးအားရနေတဲ့ သရဲရဲ့စကားကိုနားထောင်လိုက်သည်၊ကလေးမလေးရဲ့ အဆိုပြုချက်က တော်တော်ကောင်းတယ်။  ငါရုပ်ရှင်တွေအများကြီးရိုက်ပြီးပြီ၊ ငါ့အမြင်က မင်းထက်အများကြီးပိုတိကျတယ်။ "

 

 

 "နင် သူမရဲ့စကားနားမထောင်ရင် ငါ နင့်ကို အဲ့တာခွင့်ပြုမှာမဟုတ်ဘူး။ "

 

 

 “လက်ထောက်က တိုးတိုးလေးပြောလိုက်တယ်ဒါရိုက်တာ၊ ဒါကထူးဆန်းတယ်။ အကြောင်းပြချက်မရှိဘဲ မီးတွေက ပြတ်သွားတယ်၊ အခုကင်မရာကလည်း ပျက်နေပြီ၊ ဖြစ်နိုင်တာက........”

 

 

လက်ထောက်က သူ့ပတ်ဝန်းကျင်ကို ကြောက်လန့်တကြားနဲ့ ကြည့်လိုက်ကာ “........သရဲရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

 

 

ဒါရိုက်တာ ကျို့က ကင်မရာကို စိုက်ကြည့်နေခဲ့သည်။  သူကရုတ်တရက်ဆိုသလိုအခုဘာယဉ်ကျေးမှုလဲ? ”

 

 

လက်ထောက်က စိတ်ရှုပ်ထွေးနေသော်လည်း သူကယဉ်ကျေးမှုဆိုရှယ်လစ်ဝါဒဟုဖြေလိုက်သည်။

 

 

ဒါရိုက်တာ ကျို့ က ထပ်မံ၍မင်း မတ်စ်ဝါဒကို နှလုံးသားနဲ့သင်ခဲ့တာလား? ”လို့ မေးလိုက်သည်။

 

 T/N: မာတ်စ်ဝါဒ-၎င်းသည်တည်ရှိမှုကို မူလရင်းမြစ်မဟုတ်သော ဆိုင်းငံ့ခြင်းဖြင့် အစားထိုးထားသည့် ယာယီနှင့် ontological(ရှိမှုပညာ) ကွဲလွဲမှုအခြေအနေတစ်ခုကို ဖော်ပြသည်။

 

 

လက်ထောက် - “ကျွန်တော် အရင်က အဲ့တာကိုဖတ်ဖူးတယ်

 

 

ဒါရိုက်တာ ကျို့က ပြတ်ပြတ်သားသား နိဂုံးချုပ်ခဲ့သည် -“ အဲ့တာကိုအကြိမ် ၃၀၀ ထပ်ကူးပြီး ပဒေသရာဇ်အယူသီးမှုကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ မင်းရဲ့ခေါင်းကိုဆေးလိုက်

 

 

လက်ထောက် - "........... "

 

 

ယဉ်ကျေးမှုဆိုရှယ်လစ်ဝါဒအကြောင်း အခိုင်အမာပြောခဲ့သော ဒါရိုက်တာ ကျို့က ကင်မရာကိုချိန်ညှိပြီး သူ့ရဲ့လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ပြန်ရိုက်မယ်! ” 'သူကအဲ့တာကိုမယုံဘူး၊ စက်ကိုအခုချိန်မှာ မညှိခဲ့တာပဲ ဖြစ်ရမယ်။'

 

 

ယဲ့ဆွေက အဲ့တာကို ထပ်မံသရုပ်ဆောင်ခဲ့ပြီး ဒါရိုက်တာ ကျို့က စခရင်ကိုစိုက်ကြည့်နေသည်။  ဤအချိန်၌ စခရင်ကနှင်းပွင့်ကဲ့သို့ မဟုတ်တော့ဘဲ နောက်ဆုံးတွင်ပုံက ပေါ်လာခဲ့သည်။

 

 

ဒါရိုက်တာ ကျို့က သူ့စိတ်ကူးထဲက မျှော်လင့်ထားသည့်အတိုင်း တကယ်အလုပ်လုပ်ခဲ့သည်။ သို့သော်မကြာမီ သူ့အပြုံးကအေးခဲသွားပြီး ဓာတ်ပုံထွက်လာခဲ့သည်။ ဒါပေမယ့် အဲ့တာကသူရိုက်ခဲ့သည့် အခန်းမဟုတ်ချေ။

 

 

၎င်းသည်လွန်ခဲ့သောနှစ်နှစ်က ရိုက်ကူးခဲ့သော သူ့နောက်ဆုံးရုပ်ရှင်၏ပုံဖြစ်သည်။

 

 

လက်ထောက်ရဲ့ စိတ်အခြေအနေမှာ လုံးဝပြိုလဲသွားသည်။ သူကတုန်လှုပ်သွားပြီးဒါရိုက်တာ၊ အဲ့မှာ သရဲရှိရမယ်။  သရဲတွေရှိရမယ် "

 

 

ဒါရိုက်တာ ကျို့ရဲ့ မျက်နှာက ဖျော့တော့သွားသည်။  အချိန်တော်တော်ကြာပြီးတဲ့အခါ သူကနှာချေပြီး ပြောဖို့သတ္တိကိုဆင့်ခေါ်လိုက်တယ် -“အဲ့မှာသရဲရှိနေတယ်ဆိုရင်တောင် အခုသူကမကောင်းတဲ့ အဘိုးကြီးတစ်ယောက်ဖြစ်နေပြီ။ တကယ်လို့ မင်းအသက်ကြီးလာရင် မင်းမှာဘာယဉ်ကျေးမှုမှမရှိတော့ဘူး!  “

 

 

 သူ့နောက်တွင် ဒါရိုက်တာသရဲက ရုတ်တရက်မျက်လုံးများပြူးကျယ်သွားသည်။  'ဘာ? ငါကမကောင်းတဲ့အဘွားကြီးလားယဉ်ကျေးမှုမရှိဘူးတဲ့လားဒါကငါ့ရဲ့ရိုက်ကူးမှု အတွေ့အကြုံတွေထဲက ငါရရှိခဲ့တဲ့ အကြီးမားဆုံးအရှက်ကွဲခြင်းပဲ!'

 

 

ဒါရိုက်တာသရဲက ရုတ်တရက် ဒါရိုက်တာ ကျို့ရဲ့ ရှေ့ကိုပြေးသွားပြီးတာကို ယဲ့ဆွေ မြင်လိုက်သည်။ ဒါရိုက်တာ ကျို့ရဲ့ခေါင်းကို လက်ဖြင့်လွှဲလိုက်ကာ ကျိန်ဆဲသောစကားများ ထွက်လာသည်။

 

 

ခွေးမသား၊ မင်းထမင်းစားတာထက် ငါကဆား ပိုစားပြီးပြီ။  ငါရုပ်ရှင်ရိုက်တဲ့အချိန် နင့က မွေးတောင်မမွေးသေးဘူး! ”

 

 

သူမရဲ့အသက်မွေးဝမ်းကျောင်းကို စတင်ခဲ့တဲ့ကလေးမလေးတစ်ယောက်က မင်းထက်ကို သူမကပိုမြင်တတ်တယ်။  မင်းကဦးနှောက်မရှိဘူး။  အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်တာက မင်းကိုသတ်နေလို့လား?”

 

 

ငါကအသက်ကြီးပြီလို့လည်းပြောသေးတယ်။  ငါအသက်ရှင်တုန်းက ငါကအရမ်းကျက်သရေရှိတယ်။ ငါသေသွားခဲ့တဲ့အခါမှာ အံ့မခန်းအမျိုးသမီး သရဲတစ်ယောက်အဖြစ် ငါကြိုဆိုခံရခဲ့တယ်။ နင်ကမှင်စာဆိုးလေး ! ”

 

 

ဒါရိုက်တာသရဲက စကားတစ်ခွန်းပြောပြီး ဒါရိုက်တာ ကျို့ ရဲ့ခေါင်းကို ခေါက်လိုက်သည်။  ယဲ့ဆွေက ဒါရိုက်တာကျို့ရဲ့  ဦးခေါင်းကထိန်းမနိုင်သိမ်းမရဖြစ်ပြီး ဖြည်းဖြည်းချင်းငိုက်စိုက်ကျလာတာကို အကူအညီမဲ့စွာကြည့်နေမိသည်။

 

 

 သူ့ဘေးမှလက်ထောက်က ဒါရိုက်တာ ကျို့ ကို ကြည့်လိုက်ပြီး "ဒါရိုက်တာ၊ အိပ်ငိုက်နေတာလား? " လို့မေးဖို့ကို တွန့်ဆုတ်နေခဲ့သည်။

 

 

ဦးခေါင်းသည် မြေကြီးပေါ်သို့ ငိုက်ကျလုမတတ်ဖြစ်သွားခဲ့သည်။

 

 

 ဒါရိုက်တာကျို့က တုန်ယင်စွာနှင့်ခေါင်းကို ခက်ခက်ခဲခဲမော့လိုက်ရပြီး "ငါအဆင်ပြေပါတယ်"

 

 

 ဒါရိုက်တာသရဲက ကျိန်ဆဲနေဆဲဖြစ်ပြီး ဒါရိုက်တာကျို့က ယဲ့ဆွေကို မတော်တဆတွေ့လိုက်ရသည်။  သူက ယဲ့ဆွေရဲ့ အကြံပေးချက်ကို လက်ခံရန် ငြင်းဆန်လိုက်ချိန်မှာ ထူးဆန်းသောအရာများသည် တစ်ခုပြီးတစ်ခုဖြစ်ပေါ်ခဲ့သည်ကို သူရုတ်တရက်သတိရသွားခဲ့သည်။

 

 

 ဒါကပြသနာလား?

 

 

 ဒါရိုက်တာကျို့က ယဲ့ဆွေကို ကောင်းမွန်တဲ့အမြင်နဲ့ ကြည့်လိုက်ပြီး "မင်းအစောက အကြံပေးတာကို ငါ့ကိုထပ်ပြောလို့ရမလား ?"

 

 

 ယဲ့ဆွေက ဒါရိုက်တာသရဲအား တစ်ချက်ကြည့်လိုက်သည်။  ဒါရိုက်တာသရဲက ရှိုး ကိုရပ်လိုက်သည်။  သူမသည် သူမ၏အဆိုပြုချက်ကို ထပ်မံပြောခဲ့သည်။  စဉ်းစားပြီးနောက်မှာ ခေါင်းညိတ်လိုက်သည် - "မင်းအကြံကကောင်းတယ်၊ မင်းပြောခဲ့တဲ့အတိုင်းလုပ်နိုင်တယ်"

 

 

 ယဲ့ဆွေ ရိုက်ကူးပြီးသွားတဲ့နောက်မှာ ဒါရိုက်တာ ကျို့က နောက်ထပ်တစ်ခါ ဖန်သားပြင်ကိုကြည့်လိုက်သည်။  သေချာတယ်၊ ပုံကလုံးဝပေါ်လာခဲ့ကာ ဒါရိုက်တာကျို့ စိတ်သက်သာရာရသွားခဲ့သည်။

 

 

 ဒါရိုက်တာကျို့က ကြင်ကြင်နာနာနဲ့ "အနာဂတ်မှာ မင်းမှာစိတ်ကူးရှိရင်ပြောလို့ရတယ် ဒါဆို ဒီရုပ်ရှင်ကပိုပြီးပြည့်စုံလိမ့်မယ်" လို့ပြောခဲ့သည်။

 

 

 ယဲ့ဆွေ - “ ကောင်းပါပြီ…”

 

 

 ယဲ့ဆွေက ယနေ့ရုပ်ရှင်၌ သူမ၏ပါ၀င်မှုပြီးနောက် အိမ်ပြန်ခဲ့သည်။စတားများနှင့် သရေစာဆိုင်ဖွင့်ခြင်းအဖွဲ့သားများက သူမကိုနောက်ဆုံးရှိုးထုတ်ရန် လိုအပ်ပြီးဧည့်သည်များအတွက် ဟိုတယ်များကိုကြိုတင်မှာထားသည့်အပြင် မြို့တစ်မြို့အနီးတွင် မှတ်တမ်းတင်လိမ့်မည်ဟု သူမအားအသိပေးလာသည်။

 

 

 ယဲ့ဆွေက အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။  ဒီနေရာက နည်းနည်းဝေးသည်။  သူမသည် ထိုနေ့ကို ပြန်၍ မရနိုင်တော့သောကြောင့် သူမတစ်ယောက်ထဲ တစ်ညအိပ်ရလိမ့်မည်။

 

 

 ယဲ့ဆွေ ချက်ချင်း ဟိုတယ်ကို စစ်ဆေးရန် အွန်လိုင်းပေါ်တက်ခဲ့သည်။ သူ ကြည့်လေ သူမပိုထိတ်လန့်လာလေဘဲ။  အစီအစဉ်အဖွဲ့မှသတ်မှတ်ထားသော ဟိုတယ်သည်မကြာခဏ သရဲခြောက်သော ဒဏ္ဌာရီများရှိခဲ့သည်။

 

 

 တစ္ဆေတွေအကြောင်း တွေးမိတဲ့အခါ ယဲ့ဆွေ  ရုတ်တရက် ထရပ်ပြီး ချန်ရှု့ကိုတွေ့ဖို့ဧည့်ခန်းကို သွားခဲ့သည်။  သူမမျက်လုံးတွေက ဆိုဖာပေါ်မှာထိုင်နေတဲ့ ချန်ရှု့ကိုစိုက်ကြည့်လိုက်ပြီး အမြန်လျှောက်သွားခဲ့သည်။

 

 

 ယဲ့ဆွေက ချန်ရှု့ကို သူမနဲ့အတူတစ်ည နေစေချင်ပေမယ့် ဒီလိုတောင်းဆိုမှုမျိုးလုပ်တာက မကောင်းဘူးလို့ခံစားလိုက်ရသည်။

 

 

 ထို့ကြောင့် ယဲ့ဆွေက "ရှင်ရေဆာနေလား? " ဟုအဝိုင်းပတ်ဗျူဟာတစ်ခုကို လုပ်ရန်ဆုံးဖြတ်လိုက်သည်။

 

 

 ချန်ရှု့စကားမပြောနိုင်ခင်မှာဘဲ ယဲ့ဆွေက ရေတစ်ခွက်ကိုယူလာပြီး ချန်ရှု့ရှေ့ချကာ "သောက်ပါ" ဟုပြောခဲ့သည်။

 

 

 ရေမဆာတဲ့ ချန်ရှု့ - "……"

 

 

 ယဲ့ဆွေက သူ့ဘေးရှိသစ်သီးပန်းကန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ရှင်အသီးကြိုက်လား? ကျွန်မရှင့်အတွက် လှီးပေးမယ်"

 

 

 ယဲ့ဆွေက ပန်းသီးတစ်လုံးကို ကောက်ယူလိုက်ပြီး အခွံနွှာရန်အသင့်ဖြစ်ခဲ့သည်။  ဤအချိန်တွင် သွယ်လျသောလက်တစ်ဘက်က တက်လာပြီးသူမ၏လက်၌ပန်းသီးကို အသာအယာဆွဲယူလိုက်သည်။

 

 

 ယဲ့ဆွေ မော့ကြည့်လိုက်ချိန်မှာ ချန်ရှု့ မျက်လုံးဆီအကြည့်က ရောက်သွားသည်။  ချန်ရှု့ကသူမကို အကူအညီမဲ့စွာကြည့်ရင်း ပြောလိုက်သည်။ "ပြော မင်းကိုယ့်ကိုဘာကူညီပေးစေချင်တာလဲ?  "

 

 

 ယဲ့ဆွေ၏ ရည်ရွယ်ချက်သည် သိသာထင်ရှားလွန်းသည်။

 

 

 ယဲ့ဆွေက စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားပြီး ချန်ရှု့ကိုကြည့်ကာ ပြောလိုက်သည်။ "ကျွန်မရက်အနည်းငယ်အတွင်း ရှိုးပွဲတစ်ခုအသံသွင်းဖို့ နေရာတစ်ခုကိုသွားရမယ်။ ဟိုကဟိုတယ်က သရဲခြောက်တယ် ... "

 

 

 ချန်ရှု့က ယဲ့ဆွေ၏စကား အဓိပ္ပာယ်ကိုနားလည်ပြီး မေးလိုက်သည်။ "မင်းကိုယ့်ကိုလိုက်စေချင်တာလား?  "

 

 

 ယဲ့ဆွေက အလျင်စလိုခေါင်းညိတ်လိုက်သည်။  သူမလက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ပြီးပြောလိုက်သည်။ "တစ်ညပါပဲ"

 

 

 ချန်ရှု့က သဘာကျစွာပဲ သဘောတူခဲ့သည်။ "ကိစ္စမရှိပါဘူး"

 

 

 ယဲ့ဆွေ ရုတ်တရက် ရယ်လိုက်ပြီး ချန်ရှု့ကအရမ်းကောင်းသည်။  ချန်ရှု့သည် ယဲ့ဆွေ၏ ပျော်ရွှင်သောအသွင်အပြင်ကို ကြည့်ကာ သူ၏နှုတ်ခမ်းထောင့်စွန်းများကိုအနည်းငယ်မြှင့်လိုက်သည်။

 

 

 ထွက်ခွာသည့်နေ့တွင် ယဲ့ဆွေနှင့် ထုတ်လုပ်ရေးအဖွဲ့က ချန်ရှု့နှင့်လေယာဉ်ဖြင့် ထွက်ခွာပြီးမြို့သို့သွားခဲ့သည်။ ယဲ့ဆွေနဲ့ချန်ရှု့တို့ကချိန်းထားသည်။  ညနေရောက်ရင် သူမသူ့ဆီသွားလိမ့်မည်။

 

 

 သူတို့က အဆင့်မြင့်အခန်းကို ကြိုတင်မှာထားခဲ့ပြီး ချန်ရှု့သည်သူမနှင့် တစ်ညအိပ်ခဲ့သည်။

 

 

 ညနေပိုင်းတွင် အစီအစဉ်အဖွဲ့က ဟိုတယ်တွင် အနားယူချိန်မှာ ယဲ့ဆွေက ရှောင်လျို့နဲ့အတူထွက်ခွာသွားခဲ့သည်။  ဤနေရာတွင် သရဲတစ္ဆေဒဏ္ဌာရီများစွာရှိသည်။  သူမက ချန်ရှု့နှင့်အမြန်ဆုံး နေချင်သည်။

 

 

 သူမရောက်သည်နှင့် ယဲ့ဆွေသည် ချန်ရှု့၏အခန်းသို့ပြေးရန် ပြင်ဆင်နေသည်။  အခြားတစ်ဖက်တွင်မူ ပါပါရာဇီများသည် ယဲ့ဆွေကိုစိုက်ကြည့်နေကြသည်။

 

 

 ယဲ့ဆွေသည် မကြာသေးမီက အဆင့်မြင့်ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့သည်။  ပါပါရာဇီက ယဲ့ဆွေ ဒီကိုလာနေသည်ဟူသော သတင်းကိုကြားသောအခါ သူတို့ကသူမနောက်သို့ လိုက်ရန်အဆင်သင့်ဖြစ်နေကြသည်။  ယဲ့ဆွေရဲ့ကားက ဟိုတယ်ကထွက်သွားတာနဲ့ မီဒီယာတွေကလိုက်လာသည်။  သူတို့ကလမ်းတစ်လျှောက်မှာဓာတ်ပုံအချို့ရိုက်ခဲ့သည်။

 

 

 ဤနည်းဖြင့် ယဲ့ဆွေက ဟိုတယ်ထဲသို့လမ်းလျှောက်လာပြီး အွန်လိုင်းသတင်းထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့သည်။

 

 

 [နာမည်ကြီးအရှုပ်တော်ပုံမင်းသမီး၊  ယဲ့ဆွေက ညမှာလျှို့ဝှက်ဆန်းကြယ်တဲ့လူတွေနဲ့တွေ့တယ်။  ]

 

 

 ဓာတ်ပုံအချို့ကိုလည်း ပူးတွဲတင်ထားသည်။  ဓာတ်ပုံသည် မှုန်ဝါးနေသော်လည်း ဓာတ်ပုံထဲကသူက ယဲ့ဆွေ ဟု မည်သူမဆိုဆုံးဖြတ်နိုင်သည်။

 

 

 'ယဲ့ဆွေက ဘာလို့ဟိုတယ်က ရုတ်တရက် ထွက်သွားတာလဲသူမအခြားဟိုတယ်တစ်ခုသို့ အမြန်သွားလိုက်သည်။  သူမဘယ်သူနဲ့တွေ့မှာလဲ? '

 

 

 ဆောင်းပါးပြန့်လာသည်နှင့်အမျှ အွန်လိုင်း၌ဆွေးနွေးမှုများစွာရှိခဲ့သည်။