အပိုင်း ၆၇
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၆၇ - ဟန်ဆောင်မှု

 

 

 

 

 ဖွင့်ထားတာကနေ တဆင့် ချန်ရှု့က အပြင်ဘက်က မြင်ကွင်းကိုမြင်နိုင်သည်။ ယဲ့ဆွေ  ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားတာကို သူကြည့်လိုက်သည်။

 

 

၀န်ထမ်းတွေဝင်လာတဲ့အချိန်မှာ ယဲ့ဆွေက သူမရဲ့သွားတွေကိုသေသေချာချာတိုက်နေတဲ့ မြင်ကွင်းတစ်ခုကို ဖန်တီးပြီးသားပဲ။

 

 

ယဲ့ဆွေက သွားစိပြီးတော့  ဝိုးတိုးဝါးတားအသံဖြင့် "တောင်းပန်ပါတယ်၊ ကျွန်မ အခုမှအိပ်ယာထတာ "

 

 

ချန်ရှု့က သူ့ရဲ့ရှည်လျားတဲ့ခြေတံရှည်များကို ကွေးလိုက်ပြီး သူ့ရဲ့ခေါင်းကို အနည်းငယ်ပြန်မှီထားလိုက်သည်။ နေရောင်ခြည် အနည်းငယ်က သူ့မျက်စိထဲ၀င်လာသည့်အခါ သူ့မျက်နှာပေါ်၌ ကြည်နူးစရာကောင်းတဲ့ အမူအရာ ပေါ်လာခဲ့သည်။

 

 

ဝန်ထမ်းများက ယဲ့ဆွေကို အကြောင်းကြားရန် ဤနေရာသို့ရောက်လာခဲ့သည်။  အကြောင်းတစ်ခုခုကြောင့် ကြိုတင်မှတ်တမ်းတင်ရန် လိုအပ်သည်။  ဒါကြောင့်သူတို့က သူမကိုစောစောစီးစီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လာပြောတာဖြစ်သည်။

 

 

 "ပြဿနာမရှိပါဘူး။"  ယဲ့ဆွေက သူမရဲ့အထိတ်တလန့်ဖြစ်ခြင်းမှ  ယခုတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။

 

 

ယဲ့ဆွေက ထုတ်လုပ်မှုအဖွဲ့ က ၀န်ထမ်းတွေနဲ့ အကျွမ်းဝင်ဆုံးဖြစ်သည်။  အဖွဲ့ဝင်တစ်ဦးဖြစ်သူ ​ရှောင်ကျောက်ကရုတ်တရက် နှာချေလိုက်သည်။

 

 

ယဲ့ဆွေ မသိစိတ်ရဲ့လှုံ့ဆောင်မှုကနေ “ မင်းအအေးမိနေတာလား? မင်းကိုကုတ်အင်္ကျီကို ဘာလို့မငှားရမှာလဲ? "

 

 

သူမစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ယဲ့ဆွေက တစ်ခုခုမှားသွားပြီလို့ ခံစားမိလိုက်သည်။ ​ရှောင်ကျောက် မတုံ့ပြန်မီ သူမကချက်ချင်းပဲ "ငါအဲဒါကိုယူလာခဲ့မယ်"လို့ ထပ်ပေါင်းပြောလိုက်သည်။

 

 

 တစ်ယောက်ယောက်က ရှေ့တိုးမည်ကို ယဲ့ဆွေ ကြောက်သောကြောင့် ရှောင်ကျောက်ဆီက စကားပြောပြီး မတုန့်ပြန်ခင် သူမကဗီရိုရှေ့သို့ အမြန်သွားလိုက်သည်။

 

 

ယဲ့ဆွေက ဗီရိုရဲ့တံခါးတစ်ဖက်ကို ဖွင့်လိုက်ပြီး ကုတ်အကျီကိုယူဖို့ ကိုင်းညွတ်လိုက်သည်။ သို့သော် ကုတ်အင်္ကျီအောက်တွင် ချန်ရှု့က ကုပ်ကုပ်ကလေး နေနေသည်။

 

 

ယဲ့ဆွေ က ချန်ရှု့ ကိုတောင်းပန်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။  သူမရဲ့ကုတ်အကျီဆီ မရောင်ခင်မှာ ချန်ရှု့က ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်ပြီး သူမရဲ့ပါးစပ်ထောင့်ရှိ သွားတိုက်ဆေးကို သုတ်ပေးလိုက်သည်။

 

 

သူတို့နှစ်ယောက်လုံး မှင်သက်သွားကြသည်။

 

 

ယဲ့ဆွေက ချန်ရှု့ကို ဒီလောက်ရဲရင့်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ပြီးတော့ သူမမျက်နှာက နီရဲသွားသည်။  ချန်ရှု့က ယဲ့ဆွေကို ကူညီဖို့အလိုလို လက်တစ်ဖက်ကိုထုတ်ခဲ့သည်။ သူက ချက်ချင်းပင် သူ့ရဲ့ခေါင်းကိုဘေးသို့လွှဲလိုက်သည်။

 

 

ယဲ့ဆွေက သူမရဲ့ကုတ်အကျီကိုထုတ်ယူလိုက်ပြီး ရှောင်ကျောက် ကိုပေးလိုက်သောအခါ သူမက "မင်းမျက်နှာက ဘာလို့နီနေတာလဲ? " လို့ သံသယဝင်စွာနဲ့ မေးလိုက်သည်။

 

 

ယဲ့ဆွေက သူမရဲ့လက်ဖြင့် ယပ်ခတ်လိုက်တယ်။  "နည်းနည်းပူနေလို့"

 

 

 [စတားများနှင့် သရေစာဆိုင်ဖွင့်ခြင်း]က နောက်ဆုံးအပိုင်း ထွက်နေပြီ။  အစပိုင်းမှာ ထုတ်လုပ်ရေးက ရှိုးပွဲအောင်မြင်မယ်လို့ ဆန္ဒရှိခဲ့ပေမယ့် ယဲ့ဆွေရဲ့လွှမ်းမိုးမှုကြောင့် ဒီလောက်နာမည်ကြီးလာလိမ့်မယ်လို့ သူတို့မထင်ထားခဲ့ဘူး။

 

 

နောက်ပိုင်းအဆင့်များတွင် ကြော်ငြာသူများ ပိုမိုပါ၀င်လာပြီး ထုတ်လုပ်မှုရဲ့ ငွေကိုတိုးစေခဲ့သည်။

 

 

ယခုနောက်ဆုံးအပိုင်းတွင် ပရိုဂရမ်အဖွဲ့က ရင်းရှီကမ္ဘာ့စတူဒီယို ၌ တော်ဝင်နန်းတော် ဆက်တင်ကို  တစ်ရက်တာစာချုပ်ချုပ်ပြီး နောက်ရာသီအတွက် ပိုမိုလူသိများရန် ကျော်ကြားသောကြယ်ပွင့် ချီရှန်းကိုဖိတ်ခေါ်ခဲ့သည်။

 

 

ယဲ့ဆွေက သရဲခြောက်သောဟိုတယ်၌ နှစ်နာရီသာအိပ်ခဲ့ရသည်။ ပါပါရာဇီက ကောလဟာလဖြန့်ရုံတင်သာမကဘဲ ယဲ့ဆွေလည်း ထုတ်လုပ်ရေးအဖွဲ့ကြောင့် နိုးလာခဲ့ပြီး ချန်ရှု့ကို အလျင်အမြန် ပုန်းခိုင်းခဲ့ရသည်။

 

 

ယဲ့ဆွေက တစ်ညလုံး လူးလှိမ့်နေပြီး ပရိုဂရမ် မှတ်တမ်းတင်တာကို အခုထိမစရသေးပါ။ သူမက မိတ်ကပ်ပြင်တဲ့ မှန်ရှေ့မှာထိုင်ပြီး မျက်လုံးဖွင့်ထားဖို့ကို ရုန်းကန်နေရသည်။  ထုတ်လုပ်ရေးအဖွဲ့က ယဲ့ဆွေအား ရှေးခေတ်ပုံစံအဝတ်အစားများနှင့် နူးညံ့သိမ်မွေ့သော မိတ်ကပ်ကို ဖန်တီးစေခဲ့သည်။

 

 

ရှေးခေတ်အဝတ်အစားများ ၀တ်ဆင်ထားသော ဧည့်သည်တစ်စုကို ရင်းရှီကမ္ဘာ့စတူဒီယိုရဲ့ တော်ဝင်နန်းတော်သို့ ခေါ်ဆောင်သွားခဲ့သည်။ သူတို့က တံခါးဝ၌ဆိုင်းဘုတ်ကြီးတစ်ခုတပ်ထားတဲ့ အိမ်တစ်အိမ်ထဲသို့ ၀င်လာကြသည်။ အဲ့တာကိုဖတ်ကြည့်တော့ "တော်ဝင်ထမင်းစားခန်း "တဲ့

 

 

ဒါရိုက်တာ -“ တော်ဝင်နန်းတော်က ထိပ်တန်းစားဖိုမှူးတွေကို ရွေးချယ်လိမ့်မယ်။ စားဖိုမှူးရဲ့ ဟင်းလျာတိုင်းကို ဧကရာဇ်ဆီဆက်သလိမ့်မယ်။ ပထမဆုရရှိတဲ့သူကို ရွှေရောင်မီးဖိုချောင်သုံး ဓားတစ်လက် ပေးအပ်လိမ့်မယ်”

 

 

ယဲ့ဆွေက ဘေးဘယ်၊ ညာကြည့်လိုက်သည်။  မီးဖိုချောင်တွင် ပန်းကန်တွေနဲ့ တူတွေရှိသော်လည်း ပါဝင်ပစ္စည်းတွေမရှိနေချေ။  ထောင့်တိုင်းမှာ ဘာမှမရှိနေဘူး။

 

 

ဒါရိုက်တာ -“ ပါဝင်ပစ္စည်းတွေအားလုံးကို နန်းတော်ထဲမှာ ဝှက်ထားတယ်။ အဲ့တာတွေကို မင်းကိုယ်တိုင်ရှာရမယ် ”

 

 

အထူးဧည့်သည်တော်များ - “........”

 

 

ယဲ့ဆွေက ထပြီး အရင်ဆုံးထွက်သွားလိုက်တယ်။လိုက်ပါလာတဲ့ကင်မရာ အနောက်မှလိုက်ပါလာခဲ့သည်။  ပန်းကန်များနှင့် ခွက်များကိုင်ထားသော အိမ်အကူတစ်စုကိုကြည့်နေစဥ် သူမက နန်းတော်တစ်ဝိုက်ကို လှည့်ပတ်သွားခဲ့ပြီး အတွင်းထဲကိုလမ်းလျှောက်တာက ပိုပြီးနက်လာခဲ့သည်။

 

 

ယဲ့ဆွေက အိမ်အကူတစ်ယောက်ကို တားလိုက်ပြီး အဲ့ဒီမှာပါဝင်ပစ္စည်းတွေ ရှိ၊ မရှိကိုရှာဖို့အတွက် ခွက်ကိုလှန်ချင်ခဲ့သည်။

 

 

 အစေခံက ကောင်းစွာပြုမူခဲ့ပြီး သူမရဲ့ခေါင်းကိုမော့ကာ ယဲ့ဆွေရဲ့လှုပ်ရှားမှုကို ပြစ်တင်ဆုံးမလိုက်သည်။  "အတင့်ရဲလိုက်တာ!  ဒါကို သွမ့်ရင် နန်းတော်ဆီ ပို့ဆောင်နေတာ။ ဧကရီ ထိုက်ဟုန်က သုံးဆောင်ဖို့ စောင့်နေတုန်းဘဲ!  ”

 

 

ယဲ့ဆွေရဲ့ မျက်လုံးတွေက လေးလံနေပြီး သူမလက်ကိုပြန်ဆုတ်လိုက်သောအခါ မျက်နှာက အေးစက်လာသည်။ ခွက်၏အတွင်းဘက်၌ ဘာမှမရှိပေ။

 

 

ယဲ့ဆွေက နန်းတော်၌ ဆက်လက်လမ်းလျှောက်ခဲ့သည်။  အချို့နေရာများတွင် လုပ်ငန်းတာဝန်တွေ ထုတ်ပေးနေတယ်၊ပြီးတော့ ၎င်းတို့ပြီးမြောက်ပြီးနောက် အစားအစာပါဝင်ပစ္စည်းများကို ရရှိနိုင်သည်။  ဂေါ်ဖီထုပ်ရရှိရန် သူမရဲ့မျက်နှာအထက်မှ ဘီစကွတ်မုန့်ကို စားနေတဲ့ ကောယွဲ့ကို ယဲ့ဆွေ စောင့်ကြည့်နေသည်။

 

 

ယဲ့ဆွေက ခေါင်းကိုလှည့်ကာ ထွက်သွားလိုက်သည်။  သူမပင်ပန်းတဲ့အလုပ်ကို မလုပ်ချင်ဘူး။

 

 

တော်ဝင်စားဖိုဆောင် မဖွင့်မီ အချိန်အနည်းငယ်ရှိသေးသည်။ ယဲ့ဆွေက အလျင်လိုခြင်းမရှိပေ။ သူမကနန်းတော်ထဲမှာ လှည့်လည်ပြီးတော့ စိတ်၀င်စားစရာတစ်ခုခုကို အမြဲတွေ့ူည်။

 

 

ချောင်ကျသောနန်းဆောင်တစ်နေရာတွင် နံရံကပေါင်းပင်များနဲ့ ဖုံးလွှမ်းနေပြီး လေကရုတ်တရက် တိုက်ခတ်လာသည်။ ယဲ့ဆွေ မော့ကြည့်လိုက်တော့ ရင်းနှီးနေတဲ့သရဲ တစ်ကောင်ကိုတွေ့လိုက်ရသည်။

 

 

 သူမစက္ကန့်အနည်းငယ် ရပ်တန့်သွားခဲ့သည်။  သရဲက သူမရဲ့ထူးဆန်းမှုကို ရှာတွေ့သွားပြီး သူမကိုပြုံးပြလိုက်သည်။ ထောင့်ချိုးဖြစ်သောကြောင့် ကင်မရာကမြင်ကွင်းကို မဖမ်းနိုင်ခဲ့ပေမဲ့ မုန်လာဥဖြူတစ်ပိုင်းတစ်စကို  ကောက်နေတဲ့သရဲကို ယဲ့ဆွေ မြင်ခဲ့သည်။

 

 

ပေါ့ပေါ့ပါးပါး ပစ်လိုက်ခြင်းနှင့်အတူ မုန်လာဥဖြူက သူမခြေထောက်နားဆီ လှိမ့်လာခဲ့သည်။ ၎င်းသည်မုန်လာဥဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ ယဲ့ဆွေကကုန်းပြီး အဲ့တာကို ကောက်ယူလိုက်သည်။  ထိုမြင်ကွင်းကို ကင်မရာတွင်ဖမ်းမိသွားပြီး ပရိသတ်များက အံ့သြသွားကြသည်။

 

 

 “ ဒါကကြောက်စရာကောင်းတယ်။ နန်းဆောင်က အလွတ်ကြီးလေ။ မုန်လာဥဖြူက ဘာကြောင့်ရုတ်တရက်ကြီး ထွက်လာတာလဲ? ဒါမုန်လာဥရဲ့အနှစ်သာရလား? ”

 

 

“ မှော်ဆန်တဲ့ မုန်လာဥရဲ့အနှစ်သာရ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ပြီးနောက် အဲ့တာကိုသန့်စင်ဖို့ခွင့်မပြုဘူး! အဲ့တာက လေကြောင့် လွင့်လာတာဖြစ်မယ်။ ပြီးတော့ ၎င်းသည်လေတိုက် ခဲ့၍ ဆိုရှယ်လစ်အခြေခံတန်ဖိုးတွေကို ကောင်းစွာသိသင့်တယ်! ”

 

 

 "ယဲ့ဆွေ ဘယ်လိုတောင် အေးဆေးတည်ငြိမ်နေရတာလဲ? ထူးခြားဆန်းကြယ်တဲ့ ဖြစ်စဉ်တစ်ခုနဲ့ အပိုင်းတစ်ခုရှိတယ်ဆိုတာ ငါမှတ်မိသေးတယ်။ အဲဒီတုန်းက သူမလည်းမထိတ်လန့်ခဲ့ဘူး။ သေသေချာချာ စဉ်းစားကြည့်လိုက်။ ယဲ့ဆွေမှာ သဘာဝလွန်ဖွဲ့စည်းပုံအခြေအနေ တကယ်ရှိနေတာလား? ”

 

 

သရဲက နန်းဆောင်မှာရပ်နေသည်။  ဤပုဂ္ဂိုလ်က ချီရှန်းရဲ့အဖေ ဖြစ်သည်။  တကယ်လို့ သူဒီနေရာမှာဆက်နေခဲ့ရင် သူချီရှန်းကိုတွေ့လိုက်တဲ့အခါကျရင် သူကသဘာဝလွန်ပြကွက်အချို့ကို ဖြစ်ပေါ်စေလိမ့်မည်။

 

 

ယဲ့ဆွေက အခြေအနေကို ထိန်းချုပ်ခဲ့ရသည်။  သူမက မိုက်ခရိုဖုန်းကိုပိတ်ပြီး နန်းဆောင်ထဲသို့သွားခဲ့သည်။ကြောက်နေတဲ့ ကင်မရာမင်းက မုန်လာဥလှိမ့်လာတာကို အခုမှတွေ့လိုက်ရပြီး အထဲကို၀င်မသွားရဲဘဲ သူမအတွက် တံခါးနားမှာရပ်နေသည်။

 

 

ယဲ့ဆွေက အစာအစားရှာနေသလို ဟန်ဆောင်လိုက်ပြီး "ဦးလေး၊ ဒီမှာဘာလုပ်နေတာလဲ?" လို့မေးလိုက်သည်။

 

 

ချီရှန်း ရဲ့အဖေက “ သမီးငယ်၊ ငါ့သားက ငါ့ကိုစကားတောင်မပြောဘူး”လို့ ပြောလိုက်သည်။

 

 

 ယဲ့ဆွေက ချီရှန်း သူ့ကိုမမြင်ရသောကြောင့် သူနဲ့စကားမပြောနိုင်ဘူးဆိုတာကို တွေးမိကာသက်ပြင်းချလိုက်သည်။  ချီရှန်း ရဲ့အဖေက "မင်းငါ့ကိုကူညီနိုင်မလား?"လို့ မေးလိုက်သည်။

 

 

“ ဦးလေး၊ ဒီမှာပဲနေနော်။ ညကျရင် ဦးလေးသူနဲ့စကားပြောလို့ရအောင် ကျွန်မကူညီမယ် ”

 

 

ယဲ့ဆွေ စကားပြောပြီးသည်နှင့် ချီရှန်းအဖေရဲ့ မျက်လုံးများတောက်ပလာသည်ကို သူမမြင်လိုက်ရသည်။ သူမရဲ့အနောက်မှ ခြေသံများထွက်ပေါ်လာပြီး ချီရှန်းက သူ့ကင်မရာမင်းနှင့်အတူ ဝင်လာခဲ့သည်။

 

 

"ဟင့်?"  ချီရှန်းရဲ့ မျက်နှာက အံ့သြမှုများနဲ့ ပြည့်နှက်နေသည်။ ယဲ့ဆွေရဲ့ အသံကတိုးလွန်းသဖြင့် သူ ရှင်းလင်းစွာမကြားနိုင်ပေ။ "မင်းဘယ်သူနဲ့ စကားပြောနေတာလဲ?"

 

 

ငတုံးကောင်၊ ငါနင့်အဖေနဲ့စကားပြောနေတာဟဲ့၊ ​​ဒါပေမယ့်လည်း ယဲ့ဆွေက ချီရှန်းကို သေချာမပြောပြနိုင်ဘူး။  ကြည့်ရှုသူတွေက စောင့်ကြည့်နေတုန်းဘဲ။

 

 

ယဲ့ဆွေက သူမခေါင်းကိုစောင်းလိုက်ပြီး ချီရှန်း ကိုတစ်ချက်ကြည့်လိုက်သည်။  “  ဒီမုန်လာဥက အရမ်းဖြူပြီးဝတုတ်နေတာပဲလို့ ကျွန်မပြောနေတာပါ။ ဒါကို ချက်ပြုတ်လိုက်ရင် အရသာရှိရမယ် ”

 

 

ချီရှန်း - “….........”

 

 

ဒါဆိုသူမ ချက်ပြုတ်တဲ့အခါကျရင် သူမကပါဝင်ပစ္စည်းတွေနဲ့လည်း ဆက်သွယ်တယ်ပေါ့? ပထမတန်းစား အနုပညာရှင် ချီရှန်းက  ယဲ့ဆွေရဲ့ စည်းချက်ကို ချက်ချင်းပင်အမီလိုက်ခဲ့သည်။သူက ခရမ်းချဉ်သီးကို ကိုင်လျက် စတင်ပြီး စကားပြောလာခဲ့သည်။

 

 

 ယဲ့ဆွေက သူမရဲ့ခေါင်းပေါ်တွင် မေးခွန်းအမှတ်သားအကြိီးကြီးသုံးခုနဲ့ ရပ်တန့်သွားခဲ့သည်။ "ရှင်ဘာလုပ်နေတာလဲ?"

 

 

ချီရှန်း ကခရမ်းချဉ်သီးကို ညင်ညင်သာသာပုတ်ပြီး လေးလေးနက်နက်ပြောလိုက်သည်။ "ကျွန်တော် ခရမ်းချဉ်သီးကို နှိပ်နယ်ပေးနေတာ။ ကြက်ဥမွှေကြော်ကိုဒါနဲ့ ချက်ပြုတ်ပြီး အရသာရှိအောင်လုပ်မယ်လေ "

 

 

“ .......…” ချီရှန်းက သူမရဲ့အဓိပ္ပါယ်ကို တလွဲတွေးလိုက်ပြီဆိုတာကို ယဲ့ဆွေ လေးနက်စွာခံစားလိုက်ရသည်။  ကံကောင်းထောက်မစွာ၊ အဲ့တာက ရသစုံရှိုး တစ်ခုဖြစ်ခဲ့ပြီး သူမအဲ့တာကို ရူးမိုက်အောင် ပြုလုပ်နိုင်ခဲ့သည်။

 

 

ဒီလှုပ်ရှားမှုက ပရိသတ်အတွက် အရမ်းသင့်တော်သည်။  ပွဲကြည့်ပရိသတ်များက ရယ်မောနေပြီဖြစ်၍ ဟန့်တားမှုများက လျင်မြန်စွာပြည့်လာခဲ့သည်။

 

 

“ ဟားဟားဟား၊ ဒီဟာသဇာတ်ညွှန်းအစီအစဉ်က ဘာလဲဆိုတာ ငါမြင်နိုင်တယ်။  ပထမ၊ ယဲ့ဆွေရဲ့ မုန်လာဥက သူ့ဖာသာလှိမ့်လာတယ်၊ ပြီးတော့ ချီရှန်းက ခရမ်းချဉ်သီးတွေကို နှိပ်နယ်ပေးနေတယ် ”

 

 

 “ ချီရှန်း ပေါင်ပေ့ မင်းအရမ်းချောနေသရွေ့ ချက်ပြုတ်ပုံကို သင်စရာမလိုဘူး။  အနာဂတ်မှာ မင်းအတွက်ငါလုပ်ပေးနိုင်တယ်! ”

 

 

ချီရှန်းရဲ့ ရုပ်ရည်သွင်ပြင်ကြောင့် လျှပ်တပြက်အတွင်းတွင် လူတိုင်းက ယဲ့ဆွေရဲ့ ထူးဆန်းသော အပြုအမူကို ယခုချက်ချင်းပင် မေ့သွားကြသည်။

 

 

ညနေပိုင်းတွင် တော်ဝင်စားသောက်ပွဲ ပြုလုပ်သောအခါ ယဲ့ဆွေကဟင်းပွဲအတွက် မွှေကြော်ဖို့ လုံလောက်သောပါဝင်ပစ္စည်းများ ရရှိနေပြီဖြစ်သည်။ ချီရှန်း၌ သူ့ဆီမှာပါဝင်ပစ္စည်းတွေ ပိုများရင်တောင် ခရမ်းချဉ်သီးကြက်ဥမွှေကြော်တစ်မျိုး လောက်ပဲလုပ်နိုင်သည်။

 

 

အခြေခံချက်ပြုတ်ခြင်းမှာ ကျွမ်းကျင်မှုရှိပြီး ထူးချွန်ကြတဲ့သူတွေဖြစ်သော ကောယွဲ့၊ ဝမ့်ရှောင် နဲ့စုန့်ပိုင်တို့က ဟင်းပွဲနှစ်ပွဲ ပြုလုပ်ပြီးသွားကြတဲ့အခါမှာ ဒယ်အိုးထဲမှာ စွပ်ပြုတ် ပြုတ်ထားပြီး နောက်ထပ်ဆက်လက်ပြီး မွှေကြော်လုပ်ပြီး ချက်ဖို့အတွက် တစ်ယောက်တည်းအလုပ်ရှုပ်နေတဲ့ ယဲ့ဆွေကို သူတို့တစ်ချက် ကြည့်လိုက်ကြသည်။

 

 

 သူတို့ထဲက တော်တော်များများက သူတို့လုပ်ခဲ့တာတွေကိုမြင်ပြီး နည်းနည်းတော့စိတ်ထိခိုက်သွားသည်။

 

 

ဧကရာဇ်ရောက်လာသောအခါ ယဲ့ဆွေရဲ့ရှေ့တွင် စားပွဲတစ်လုံးက အသင့်ပြင်ထားပြီးဖြစ်သည်။  မိန်းမစိုးတစ် ယောက်က ဧည့်သည်တစ်ဦးစီရဲ့ ဟင်းလျာများကို ပန်းကန်ပြားငယ်တစ်ခုထဲသို့ထည့်ပြီး ထိုနေရာ၌ထိုင်နေသော ဧကရာဇ်ထံဆက်သခဲ့သည်။

 

 

ဧကရာဇ်ရဲ့မုတ်ဆိတ်က နံနက်ခင်း၌စွဲကပ်နေပြီး မကြာမီအချိန်၌ ကျွတ်တော့မည်ဖြစ်သည်။ သုံးဆောင်နေစဥ် သူကအဲ့တာကို လက်ဖြင့်ကိုင်ကာ "ဒီဟင်းလျာကို ဘယ်သူလုပ်တာလဲ?"

 

 

 "ဧကရာဇ်ကို လျှောက်ထားပါတယ်။ အဲ့တာက စုန့်ပိုင် လုပ်ထားတာပါ။ "

 

 

သို့ရာတွင် ဧကရာဇ်က ဒေါသတကြီးဖြင့်“ သူမကိုနန်းတော်ထဲမှ နှင်ထုတ်စေ!”

 

 

ပြဇာတ်၌အလွန်နစ်မြုပ်နေပြီး ဒေါသထွက်နေသောဧကရာဇ်ကို ဧည့်သည်များက ပြုံးနေကြသည်။ သူတို့က လုံးဝမကြောက်ဘူး။

 

 

“တော်ဝင်စားဖိုမှူး ချီရှန်းရဲ့ ဟင်းလျာတွေမှာ မှားယွင်းနေတဲ့အရာတစ်ခုရှိနေတယ် အဲ့တာက ဧကရာဇ်ရဲ့ ပတ်ဝန်းကျင်က မိန်မစိုးကြီးကို အဆိပ်သင့်စေတယ်။ ”လို့ မိန်းမစိုးက ကြေငြာလိုက်သည်။  “တော်ဝင်စားဖိုမှူးကို သေဒဏ်မချမှတ်ဘူးလို့ ဧကရာဇ်က အမိန့်ပေးလိုက်တယ်။ အဲဒီအစား သူကနန်ကျင်းသို့ နှင်ထုတ်ခံရပြီး မြို့တော်ဆီဘယ်တော့မှ ပြန်လာလို့မရတော့ဘူး ”

 

 

 ချီရှင်းရဲ့ဟင်းလျာက အလွန်အရသာမရှိသောကြောင့် အဲ့တာက အစာအဆိပ်သင့်စေခဲ့သည်။

 

 

“..........…”

 

 

 “ ကမ္ဘာပေါ်မှာအကောင်းဆုံး စားဖိုမှူးကတော့ ယဲ့ဆွေ ဖြစ်ပါတယ်။  ဧကရာဇ်က သူမကို ရွှေရောင်မီးဖိုချောင်သုံးဓားကို ချီးမြှင့်ပေးလိုက်သည်။ သူမရဲ့ဟင်းလျာတွေကသာ ထိပ်တန်းအဆင့်မှာရှိပြီး အခြားသူတွေကတော့ သုံးဆောင်လို့မရဘူး ”

 

 

ယဲ့ဆွေက ရွှေရောင်မီးဖိုချောင်သုံးဓားကို လက်ခံရရှိခဲ့သည်။ ချန်ပီယံက တကယ်ကို ယုံကြည်စိတ်ချရပြီး လူတိုင်းကချီးကျူးကြသည်။

 

 

ရယ်မောသံဖြင့် အစီအစဉ်က ပြီးဆုံးသွားခဲ့သည်။ ယဲ့ဆွေက ကားရှေ့တွင်ထိုင်နေပြီး ချီရှန်းရဲ့အဖေက သူမကို လိုက်ကြည့်နေသေးသည်။

 

 

သူ့ရဲ့သနားစရာမျက်လုံးများကိုမြင်တော့ ယဲ့ဆွေက ချီရှန်း မသွားခင်မှာ သူမက သူ့အဖေကိုသိကြောင်း ပြောပြခဲ့သည်။

 

 

ချီရှန်းရဲ့ ခန္ဓာကိုယ်က သိသိသာသာ တောင့်တင်းလာသည်။  သူက ထိုနေရာတွင်ရပ်နေကာ ​ရှော့ခ်ရသွားပြီး လက်ထောက်ရဲ့ ဆွဲခေါ်သွားခြင်းမခံရခင် ယဲ့ဆွေကို ကြည့်လိုက်သည်။ သူကားပေါ်ရောက်သောအခါ သူကအိပ်မွေ့ချခံထားရတဲ့သူလိုမျိုး တွေဝေမိန်းမောနေဆဲ ဖြစ်သည်။

 

 

ယဲ့ဆွေ ဟိုတယ်သို့ရောက်သောအခါသူမ ချီရှန်း ထံမှ ဝီချက်မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သည်။ "ငါမင်းကိုနောက်မှလာတွေ့မယ်"

 

 

ချန်ရှု့က အခန်းထဲမှာ ယဲ့ဆွေကိုစောင့်နေပြီး သူမဝင်လာတာကို တွေ့လိုက်ရသည်။ သူက ဗီဒီယို အစည်းအဝေးကို တိတ်တဆိတ်ပိတ်လိုက်သည်။  အစည်းအဝေးပြီးသွားတဲ့နောက် သူမအားတစ်နေကုန်စောင့်နေခဲ့သော ချန်ရှု့က စိတ်အခြေအနေကောင်းနေပုံရသည်။

 

 

ယဲ့ဆွေ က ရင်းရှီကမ္ဘာ့စတူဒီယို မှာ ဖြစ်ပျက်ခဲ့တာတွေကို သူ့ကိုပြောပြလိုက်သည်။ သူမကဟိုတယ်ဆီပြန်လာတော့ ချီရှန်းအဖေသရဲကို ခေါ်လာခဲ့သည်။

 

 

ချန်ရှု့ - "အခုသရဲကဘယ်မှာလဲ?"

 

 

 "ရှင့်ဘေးမှာ " လို့ ယဲ့ဆွေပြောလိုက်သည်။

 

 

ခဏအကြာတွင် တံခါးခေါက်သံကိုကြားလိုက်ရတော့ ယဲ့ဆွေက တံခါးသွားဖွင့်လိုက်သည်။ ချီရှန်းက တစ်ယောက်တည်းလာခဲ့သည်။ သူက သူ့လက်ထောက်ကို မခေါ်ခဲ့ဘူးပြီးတော့ သူ့မျက်နှာကို တင်းကျပ်စွာ ရစ်ပတ်ထားသည်။

 

 

ချီရှန်း ဝင်လာပြီးနောက်မှာသူတို့သုံးယောက်လုံးဟာ စားပွဲမှာဝိုင်းထိုင်လိုက်ကြသည်။ မှောင်မည်းနေတဲ့အခန်းထဲမှာ ကန့်လန့်ကာများပိတ်ထားခဲ့သည်။  အပေါ်ကမီးတွေက မှိန်သွားခဲ့တယ်ပြီးတော့ လေထုက မှိုင်းညို့နေခဲ့သည်။

 

 

 "သဘာဝလွန်စွမ်းအားကို ရှင်ကြားဖူးလား?"  ယဲ့ဆွေရုတ်တရက် စကားစလိုက်သည်။ တိတ်ဆိတ်နေသောအခန်းထဲတွင် သူမရဲ့အသံက တစ်လက်မခန့်ရှိချောက်ချားဖွယ်ကောင်းတဲ့လေထုတိုင်းကို စွဲကျန်စေခဲ့သည်။

 

 

ချီရှန်း - ???

 

 

သူသည်မကောင်းသော ဘာသာတရားတစ်ခုထဲသို့ လမ်းလွဲရောက်သွားသည်ဟု သူခံစားခဲ့ရပြီး သူတို့ရဲ့ခေါင်းဆောင် ယဲ့ဆွေက သူ့ရှေ့တွင် မတ်မတ်ထိုင်လျက် လေးနက်သောအမူအရာနဲ့ လူတွေကိုတစ်ခုပြီးတစ်ခုအတည်ပေါက်ပြောပြနေလေသည်။

 

 

 "ဒါက ........ ?"  ချီရှန်းက ချန်ရှု့ကို စူးစမ်းသိချင်စိတ်နဲ့ကြည့်ပြီး မေးလိုက်သည်။

 

 

ယဲ့ဆွေ  ဘေးကလူက နာမည်ကြီးတစ်ယောက်ထက်တောင် ရည်ရည်အသွင်အပြင်က ပိုကောင်းသည်။ထို့ပြင် သူကယဲ့ဆွေရဲ့ အပြုအမူကို ပုံမှန်အတိုင်းဖြစ်နေသကဲ့သို့ မနှောင့်ယှက်ဘဲ ကြည့်နေသည်။

 

 

“ သူကကျွန်မရဲ့.....…” ယဲ့ဆွေက စက္ကန့်အနည်းငယ်မျှရပ်တန့်သွားပြီး ဆင်ခြေတစ်ခုကိုစဉ်းစားလိုက်သည်။  “ သဘာဝလွန်လှုပ်ရှားမှုက လက်ထောက် ”

 

 

ယဲ့ဆွေနဲ့ ချီရှန်း တို့က တစ်ယောက်နှင့်တစ်ယောက် သိတာမကြာသေးသောကြောင့် သူမရဲ့အိမ်ထောင်ရေးကို သူမ မဖော်ထုတ်နိုင်ခဲ့ပေ။ သူက အဲ့တာကို မတော်တဆ နှုတ်ကနေ လွှတ်ခနဲထွက်သွားရင် အဲဒါပြီးသွားလိမ့်မည်။

 

 

နောက်တစ်စက္ကန့်တွင် ယဲ့ဆွေက ချန်ရှု့ရဲ့မျက်ဝန်း၌ ဝမ်းနည်းမှုအလွှာတစ်ခုကို သတိပြုမိလိုက်သည်။

 

 

ကမ္ဘာကြီးကအရမ်းကြီးပြီး အံ့သြစရာတွေနဲ့ ပြည့်နေသည်။  တစ္ဆေသရဲတွေကိုမယုံတဲ့ ချီရှန်းက သူ့ရှေ့မှာထိုင်နေတဲ့ ၎င်းတို့နဲ့ဆက်သွယ်နိုင်တဲ့ နာမည်ကျော်မင်းသမီး ယဲ့ဆွေကိုကြည့်လိုက်သည်။ သူမက လက်ထောက်တစ်ယောက်ကိုတောင် ငှားရမ်းထားသည်။

 

 

သို့သော်လည်း ချီရှန်းက ယဲ့ဆွေနဲ့ ချန်ရှု့တို့အကြားကဆက်ဆံရေးက ရိုးရှင်းမှာ မဟုတ်ဘူးဆိုတာကို သိမြင်နိုင်သည်။

 

 

 ပုံမှန်မဟုတ်သော အရှိန်အဝါနှင့်အတူ ဒီနှစ်ယောက်က အခြားသူများကို လိမ်လည်လှည့်ဖြားပြီး လှည့်လည်သွားလာနေတဲ့ စုံတွဲတစ်တွဲနှင့်တူသည်။