အပိုင်း ၂၁
Viewers 23k

ထိုစကားကိုကြားပြီးနောက် ကျန်းဟန်ရှုကခေါင်းကိုမော့ကာ ကောင်းကင်ထက်မှဖြာကျနေသော လမင်းကြီးကိုမော့ကြည့်လိုက်၏။တိတ်ဆိတ်နေသောတောအုပ်လေးထဲရှိသစ်ကိုင်းများပေါ်မှတစ်ဆင့် လရောင်ဖြာကျလျက်ရှိရာ မြေပြင်ပေါ်၌ အစက်အပြောက်အကွက်များ ဖြစ်တည်လာလေသည်။
လရိပ်အောက်မှာပင် ကျန်းဟန်ရှု၏ဖိနပ်များက သစ်ရွက်ခြောက်များပေါ်မှ နင်း၍လျှောက်သွားကာ ခြေလှမ်းမြန်မြန်လှမ်းနေသောကြောင့် တစ်လှမ်းချင်းစီလှမ်းလိုက်တိုင်းသစ်ရွက်ခြောက်များ၏ ကြေမွသွားသောအသံကို ကြားနေရလေသည်။ထိုနေရာမှမလှမ်းမကမ်းတွင် အနက်ရောင်
sports car တစ်စီးက ကျဉ်းမြောင်းသော လမ်း
လေးထဲတွင်ရပ်ထားလျက်ရှိ၏။
ကားထဲရှိပါစင်ဂျာ ခုံတွင် ဆံပင်ရွှေရောင်နှင့်အသားဖြူဖြူကောင်လေးတစ်ယောက် ထိုင်နေလေသည်။ သူက ကားပြတင်းမှန်ကိုချကာ ခေါင်း
ပြူ၍ကျန်းဟန်ရှု၏ကျောပေါ်ရှိ ဖုကျန်းကိုကြည့်လိုက်သည်။
ဖုကျန်းဤလူငယ်လေးကိုမှတ်မိသည်။ သူ့ကိုကျန်းဟန်ရှု၏ဘေးတွင်အကြိမ်ရေများစွာမြင်ဖူးသည်လေ။
ဤလူငယ်လေးနှင့်ကျန်းဟန်ရှုတို့ မည်သို့ပတ်သက်နေကြသည်ကိုတော့ သူမသိချေ။သူက ကျန်းဟန်ရှုချစ်ရသည့်သူများဖြစ်နေမည်လား။ဖုကျန်းမျက်လွှာသာချလိုက်ပြီး ဘူးလေးထဲမှသကြားလုံးနောက်တစ်လုံးကိုထုတ်ကာ ပါးစပ်ထဲထည့်ငုံလိုက်သည်။
သကြားလုံးမှာ မက်မွန်သီးအရသာနှင့် mintပါဝင်သောကြောင့် လန်းဆန်းလာစေ၏။သူ၏ ငိုက်မျဉ်းနေသော ဦးနှောက်ထဲသို့လေပြေတစ်ချက်ဝေ့တိုက်ပေးလိုက်သလိုပင်။ထိုနောက်တွင်တော့ သူခေါင်းကိုလှည့်ကာကျန်းဟန်ရှုနှင့်ပိုပြီးနီးကပ်လာစေလိုက်၏။ကျန်းဟန်ရှုက ကားနောက်ခန်းတံခါးရှေ့တွင်ရပ်လိုက်ကာ ဝမ်ထုံကိုပြောလိုက်သည်။
"မင်းမောင်းလိုက်… ဒေါက်တာစုန့်ဆီကိုမောင်း..."
ကျန်းဟန်ရှုစကားပြောနေစဉ်တွင် သူ့နားနားကပ်ကာ ဖုကျန်းပြောနေသည်ကိုကြားလိုက်၏။
"ခင်ဗျားချစ်နေတယ်ဆိုတဲ့သူအကြောင်းပြောပြလို့ရလား..."
ကျန်းဟန်ရှုက ဖုကျန်း၏မေးခွန်းကိုပီပီသသကြားလိုက်ရသော်လည်း မသိချင်ယောင်ဆောင်ကာ ပြန်မေးလိုက်သည်။
"ဘာပြောလိုက်တာလဲ..."
ထိုအချိန်တွင်တော့ ဖုကျန်း၌ထိုမေးခွန်းကို နောက်တစ်ကြိမ်ပြန်မေးရန်အင်အားမရှိတော့သည်မို့ ခေါင်းကိုသာခါလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး..."
ဝမ်ထုံက သမ်းဝေနေရင်းဖြင့်ပင်ကားထဲမှထွက်လာပြီး ဒရိုင်ဘာခုံသို့လမ်းလျှောက်၍သွားနေ၏။ သူ့အားအနီးကပ်၍ကြည့်လိုက်လျင် သူ၏ပုံစံက
အချိန်အတော်ကြာ အနားတစ်စက်မှမယူရသေးပုံပေါ်နေသည်။
ကျန်းဟန်ရှုကတံခါးကိုဖွင့်၍ ဖုကျန်းအားအောက်ချပေးကာ ကားထဲဝင်စေလိုက်ပြီး သူလည်းဖုကျန်း၏ဘေးခုံ၌ဝင်ထိုင်လိုက်၏။
ဖုကျန်းက ကားပေါ်၌နောက်ကျောမှီကာထိုင်လိုက်ရသည့်အခါ သူ၏မျက်ခွံများလေးလံကာကျလာ၏။ သတိမထားမိလိုက်စဉ်မှာပင် ကျန်းဟန်ရှုဘက်သို့မှီကျလာလေသည်။ ကျန်းဟန်ရှုက ခေါင်းလှည့်ကာသူ့ကိုကြည့်လိုက်ပြီး ဖုကျန်း၏ခေါင်းကိုသက်သောင့်သက်သာဖြစ်နေရန် အနေအထားကိုပြင်ဆင်ပေးလိုက်၏။ဝမ်ထုံက သက်ပြင်းတစ်ချက်ချလိုက်ပြီး အသံတိုးတိုးဖြင့်မေးလေသည်။
"ဘောစိ သူကဘယ်သူလဲ..."
ကျန်းဟန်ရှူးက ဝမ်ထုံကိုတစ်ချက်စိုက်ကြည့်လိုက်ကာ ပြောလေ၏။
"မင်းနဲ့ဘာမှမဆိုင်ဘူး မောင်းစရာရှိတာမောင်း..."
ဝမ်ထုံက နှုတ်ခမ်းမဲ့ကာ ခေါင်းကိုလှည့်ပြီး
ကျန်းဟန်ရှူး၏အပြုအမူကို စကားပုံတစ်ခုနှင့်ယှဉ်၍ပြောလေသည်။
"မြစ်ကိုကူးပြီး တံတားကိုဖျက်တယ်.. နို့ကိုယူ
ပြီးမြည်းကိုသတ်တယ်.."
(ဘုရားပြီးငြမ်းဖျက်)
ကျန်းဟန်ရှုက ဘာမှပြန်မပြောသော်လည်း ဖု
ကျန်း၏နှုတ်ခမ်းထောင်းကတော့ အနည်းငယ်
ကွေးတက်သွားလေသည်။Sports car လေးကသစ်တောအုပ်လေး၏ကျောက်လမ်းလေးပေါ်မှ တရွေ့ရွေ့ဖြတ်သန်းသွားလေတော့သည်။ လမ်းတလျှောက်လုံးသစ်ပင်များ၏အသံနှင့် ကားအင်ဂျင်အသံတို့ပေါင်းစပ်နေသည့်အသံများကို ကြားနေရလေသည်။ကျန်းဟန်ရှုကသူ၏အိပ်ထဲမှ ရေတစ်ဘူးကိုထုတ်ကာ အဖုံးဖွင့်ပြီး ဖုကျန်းထံသို့ကမ်းပေးလိုက်၏။
"ရေနည်းနည်းလောက်သောက်လိုက်..."
ဖုကျန်းကမျက်လုံးဖွင့်လာကာ ကျန်းဟန်ရှု.ထံမှရေဘူးကိုယူလိုက်ပြီး အနည်းငယ်သောက်လိုက်ပြီးနောက် ကျန်းဟန်ရှု၏ပုခုံးပေါ်သို့ခေါင်းမှီကျသွားပြန်ကာ အိပ်ပျော်သွားပြန်သည်။ဒေါက်တာစုန့်၏ဆေးခန်းသို့ရောက်ချိန်တွင်ကျန်းဟန်ရှုက ဖုကျန်းကိုမနှိုးဘဲ ကားထဲမှအပြင်သို့ထုတ်ကာ ဆေးခန်းထဲသို့ အမြန်ပို့ပေးလိုက်၏။
ဒေါက်တာစုန့်သည် အသက် ၃၀ ပင်ပြည့်သေးပုံမပေါ်ပေ၊ သူကဝတ်ရုံအဖြူကိုဝတ်ဆင်ထားကာ ရွှေရောင်အနားကွပ်နှင့်မျက်မှန်ကိုတပ်ဆင်ထားသည်။ သူ၏ပုံစံက နူးညံ့ညင်သာမည့်ပုံစံနှင့်စည်းကမ်းတင်းကျပ်မည့်ပုံလည်းပေါ်၏၊ သူကကျန်းဟန်ရှု၏လက်ပေါ်ရှိ ဖုကျန်းကိုတစ်ချက်ကြည့်ပြီး မျက်မှောင်ကြုံကာ ကျနဟန်ရှုကိုပြန်ကြည့်ပြီးပြောလေသည်။
"သူ့ကို ရှေ့ဘက်အကျဆုံးအခန်းထဲပို့ပေးလိုက် ..."
ကျန်းဟန်ရှုကဖုကျန်းကိုအခန်းထဲပို့ပြီးအသည့်အခါတွင် ဒေါက်တာစုန့်ကသူ့အားအခန်းထဲမှမောင်းထုတ်လိုက်လေသည်။ သူကနံရံကိုမှီ၍ရပ်လိုက်ပြီး ဖုန်းကိုထုတ်ကာသုံးနေလိုက်၏။ အချိန်များကုန်လွန်သွားပြီးနောက်သူကြည့်လိုက်မိသည့်အချိန်တွင် မနက် ၁ နာရီပင်ထိုးနေလေပြီ။ဝမ်ထုံမှာ အပြင်၌စောင့်ဆိုင်းနေရင်းအလွန်ပင်ငိုက်မျဉ်းနေပြီဖြစ်၏။ သူကကျန်းဟန်ရှုကိုကူ၍ ဖုကျန်း၏တည်နေရာကို ရှာပေးထားရကာ နာရီ ၃၀ ကျော်မျှတစ်ရေးပင်မမှေးရသေးပေ။
ယခုအချိန်တွင် သူတစ်ချက်သန်းလိုက်ရာမျက်ဝန်းထဲမှ မျက်ရည်များကျလာကာ ကြမ်းပြင်ကိုပင်ဖုံးလွှမ်းသွားတော့မတတ်ရှိလေ၏။သူက ရေချိုးခန်းသို့သွားကာ မျက်နှာသစ်လိုက်ပြီး ထွက်လာကာ ကျန်းဟန်ရှုရှိသည့်အနား၌ နံရံကိုမှီရင်း မေးလိုက်လေသည်။
"ဘောစိ… တကယ်ပဲသူကဘယ်သူမို့လို့လဲ သူ့
ကိုရှာဖို့လေးနဲ့ ဘောစိကညတောင်မအိပ်ဘူး..."
ကျန်းဟန်ရှုကမတုန်မလှုပ်ပင်ပြန်ဖြေလေသည်။
"သူကဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်
လုပ်နေတာလေ..."
ဝမ်ထုံက သူ၏မျက်လုံးများမျက်နှာကျက်မှ မီးအလင်းရောင်ကြောင့် နာကျင်မလာခင်အချိန်အထိ ကျန်းဟန်ရှု၏ဖြေရှင်းချက်ကိုစောင့်နေသေးသည်။ သူထင်မိသည်ကတော့သူ၏ IQ မှာ အလွန်ပင်အထင်အမြင်သေးခံနေရခြင်းဖြစ်နိုင်၏။
"အဲဒီအလိမ်အညာစကားကို သရဲသာသွားပြောသိလား ဆောက်လုပ်ရေးကတခြားအလုပ်သမားတစ်ယောက်ယောက်ပျောက်သွားရင်ရော ဘောစိကသူတို့ကိုလိုက်ရှာမှာမို့လို့လား ဘောစိကကယ်တင်ရှင်နတ်သားမို့လို့လား..."
ကျန်းဟန်ရှုက ဝမ်ထုံကိုမော့ကြည့်လိုက်သည်စိတ်ဆိုးခြင်းတော့မရှိပေ။
"အင်း… ငါမရှာရင်တောင်သူ့ကိုတစ်ယောက်ယောက်ကရှာလိမ့်မယ်လေ...”
ဝမ်ထုံမှာချက်ချင်းပင်နားလည်လိုက်၏။ သူကပါးစပ်ကိုအုပ်ကာနောက်တစ်ကြိမ်သမ်းလိုက်ပြန်သည်။
"ဘောစိ ဘာလိုတာရှိသေးလဲ မလိုတော့ရင်ကျွန်တော်အပေါ်ထပ်တက်ပြီးအိပ်တော့မယ်..."
"သွားတော့..."
ဝမ်ထုံကခေါင်းကိုခါလျက် နောက်သို့လှည့်ကာ လှေကားဆီသို့ဦးတည်ကာသွားလေတော့သည်။ ထို့နောက်တွင် ခြေသံဖွဖွနှင့်လျှောက်ရင်းလှေကားထောင့်ဘက်မှနေကာပျောက်ကွယ်သွားလေသည်။
ကျန်းဟန်ရှုက နံရံကိုပြန်မှီလိုက်ကာ လက်ထဲမှဖုန်းကိုအောက်ချလိုက်ပြီး အိတ်ထဲရှိ
စီးကရက်တစ်ဘူးကိုထုတ်ပြီး တစ်လိပ်ကိုဆွဲထုတ်ကာ ပါးစပ်တွင်ခဲထားလိုက်၏။မီးခြစ်ကိုယူကာ စီးကရက်ကိုမီးညှိမည်ပြင်ပြီးမှသူ၏ လှုပ်ရှားမှုက ရပ်တန့်သွားလေသည်။
ထို့နောက်တွင် အနည်းငယ်စဉ်းစားနေပြီးနောက်ဆုံး၌ မီးခြစ်နှင့်စီးကရက်ကိုအိတ်ထဲပြန်ထည့်လိုက်လေသည်။
များမကြာမီမှာပင် ဒေါက်တာစုန့်ကစမ်းသပ်ခန်းထဲမှထွက်လာကာ ကျန်းဟန်ရှုအားပြောလေသည်။
"ကြီးကြီးမားမားအန္တရာယ်တော့မရှိပေမဲ့ သွေးထဲကသကြားဓာတ်နည်းနေလို့ သူ့ကိုဆေးသွင်းပေးထားတယ် ရက်နည်းနည်းလောက်နားခိုင်းလိုက်ပြီးရင်အဆင်ပြေသွားလိမ့်မယ်..."
ကျန်းဟန်ရှုက ထုံးစံအတိုင်းမတုန်မလှုပ်ပင် အင်းဟုသာတစ်ချက်ပြန်ပြောလေသည်။ဒေါက်တာစုန့်က သူ့လက်အိတ်ကိုချွတ်ရင်းဆက်ပြောလေသည်။
"ဒါပေမဲ့ သူ့နှလုံးကသိပ်မကောင်းဘူးဖြစ်နေတယ် ငါသူ့ကို နောက်ပိုင်းကျရင်တစ်ကိုယ်လုံးစမ်းသပ်ပေးဖို့လိုလိမ့်မယ်..."
"ကျေးဇူးပါပဲ သူ့ရဲ့ခြေထောက်ဒဏ်ရာက ကု
လို့ရနိုင်ဦးမလား..."
ဒေါက်တာစုန့်ကခေါင်းကိုခါလိုက်ရင်းပြော၏။
"ဒါကဒဏ်ရာဟောင်းတောင်ဖြစ်နေပြီ ပြီးတော့ကုသလို့ရနိုင်မဲ့အချိန်တစ်ခုကိုလည်းကျော်သွားပြီးပြီဆိုတော့ ငါ့အတွက်တောင်မှဒါကကုလို့ရမဲ့နည်းလမ်းမရှိသေးဘူး..."
"ဟုတ်သားပဲ ဝမ်ထုံရော ..."
ဒေါက်တာစုန့်ကမေးလေသည်။
"သွားအိပ်နေပြီ..."
"ကောင်းပြီ...အဲဒါပါပဲ... ငါလည်းသွားအိပ်တော့မယ်...
ဒေါက်တာစုန့်က ကျန်းဟန်ရှုကိုလက်ပြရင်းသန်းချင်ယောင်ဆောင်ကာနောက်သို့လှည့်ပြီးလှေကားပေါ်တက်သွားလေသည်။
ကျန်းဟန်ရှုက အခန်းတံခါးကိုဖွင့်လိုက်ရာ အခန်းထဲ၌မီးမှိန်မှိန်သာဖွင့်ထားပြီး ဖုကျန်းမှာလည်းအိပ်မောကျနေပြီဖြစ်၏။ ဖုကျန်း၏မျက်နှာအရောင်အသွေးက သူကယ်ခဲ့စဉ်အခါကနှင့်ယှဉ်လျှင်အများကြီး ကောင်းလာပြီဖြစ်သည်။ သူ၏ဘယ်ဘက်လက်ဖမိုးတွင်တော့ ကြိုးချည်ခံထားရသောကြောင့်ရထားသည့် ဒဏ်ရာအပြည့်နှင့်ရှိနေသည်။
ကျန်းဟန်ရှု၏မျက်လုံးများ၌ အမျိုးအမည်မသိနိုင်သော ခံစားချက်တချို့၏အရိပ်အယောင်ဖြတ်သန်းသွားလေသည်။ဖုကျန်းကသူ့ခြေသံကိုကြားသည်ထင်၏။မျက်လုံးများပွင့်လာကာ ကျန်းဟန်ရှူး သူ့ထံသို့လမ်းလျှောက်လာသည်ကိုမြင်ကာ ဤသည်ကအိပ်မက်မဟုတ်သည်ကို သတိမထားနိုင်မိခင်မှာပင် တုံ့ပြန်မှုပြုလုပ်သည့်အနေဖြင့်မေးလိုက်လေသည်။
"ခင်ဗျားရောက်လာတာလား..."
"အိမ်ပြန်ချင်လား ဒါမှမဟုတ်ဒီမှာပဲညအိပ်လိုက်မလား..."
ဖုကျန်းကခဏမျှတွေးလိုက်ပြီးမှ ပြန်ဖြေလသည်။
"အိမ်ပြန်ချင်တယ်..."
"ကောင်းပြီ..."
ကျန်းဟန်ရှုကကိုယ်ကိုကိုင်း၍ ဖုကျန်းကိုအိပ်ရာထဲမှပွေ့၍မချီလိုက်၏။
ဖုကျန်းကတစ်ချက်လန့်သွားပြီး ကျန်းဟန်ရှု၏ပုခုံးကိုလက်နှစ်ဖက်လုံးဖြင့်ဆွဲကိုင်လိုက်လေသည်။ ကျန်းဟန်ရှုကို သူအလွန်ပင်သဘောကျသည်ဆိုသော်လည်း သူကရှက်လည်းရှက်နေသေး၏။ဖုကျန်း၏ဦးခေါင်းက ထိုသူ၏ရင်ခွင်ထဲတွင်မြုပ်နေမတတ်ပင်ရှိနေကာ ဖုကျန်းကသူ့ကိုပြောလိုက်သည်။
"ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲလျှောက်ပါ့မယ်..."
ကျန်းဟန်ရှုကသူပြောသည့်စကားကိုအဖက်ပင်မလုပ်ပေ၊ ယခုအချိန်တွင်ပင်အလွန်နောက်ကျနေပြီဖြစ်ရာ ဖုကျန်းကိုသာလမ်းပေးလျှောက်လိုက်လျှင် မိုးလင်းသွားလိမ့်မည်။ဆေးခန်းအပြင်ဘက်သို့ရောက်သော် ဖုကျန်းက ဝမ်ထုံလိုက်မလာသည်ကို သတိထားမိပြီးမေးလေ၏။
"ဟိုတစ်ယောက်ကရော..."
"သူက ဆေးခန်းမှာနေခဲ့မှာ..."
ဖုကျန်းကအသိအမှတ်ပြုသည့်အနေဖြင့်အသံပေးလိုက်သည်။ သူ့ co-pilot ထိုင်ခုံတွင်ထိုင်ကာ ကျန်းဟန်ရှုက ကားတံခါးဖွင့်ပြီး ဒရိုင်ဘာထိုင်ခုံတွင်ထိုင်လိုက်သည်အထိ လိုက်ကြည့်နေမိသည်။ထိုင်ခုံခါးပတ်ပတ်ထားလိုက် ကျန်ဟန်ရှုကသတိပေးလေ၏။
ဖုကျန်းထိုင်ခုံခါးပတ်ပတ်ပြီးနောက်တွင်ကျန်းဟန်ရှုကားစက်နှိုးလိုက်ပြီး သူတို့ငှားထားသော အိမ်လေးဆီသို့ဦးတည်ကာစတင်၍မောင်းလေသည်။ နောက်တစ်ကြိမ်ဖုကျန်းမှာ ပထမထပ်မှသူ၏အခန်းအထိ၊ ထို့နောက် အိပ်ရာပေါ်အထိကျန်းဟန်ရှု၏ပို့ဆောင်ပေးခြင်းကို ခံရပြန်လေသည်။
" ခဏလေးနေပါဦး ..."
ဖုကျန်းက အခန်းထဲမှပြန်ထွက်သွားတော့မည့်ကျန်းဟန်ရှုကိုအမြန်တားလိုက်ကာသူ၏ဘဏ်ကတ်လေးကိုထုတ်ပြီးကျန်းဟန်ရှုအားပေးလိုက်၏။
"ဒါကကျွန်တော့်ရဲ့ ဘဏ်ကတ်၊ လျှို့ဝှက်နံပါတ်က ၇၇၁၂၀၆၊ အထဲမှာငွေတော့အများကြီးမရှိပါဘူး ဒါပေမဲ့..."
ကျန်းဟန်ရှုက ခဏရပ်ကာဖုကျန်းလက်ထဲမှဘဏ်ကတ်ကိုကြည့်ရင်းမေးလိုက်သည်။
"မင်းဘာလုပ်နေတာလဲ..."
ဖုကျန်းစိတ်ထဲ၌ ကျန်းဟန်ရှု၏အပြုအမူကချက်ချင်းအေးစက်လာသည်ကိုခံစားမိ၏။သို့သော် သူဘာအမှားလုပ်မိသည်ကိုမသိချေ။သူကမျက်လွှာကိုချရင်း သက်ပြင်းသံရောနေသည့်အသံဖြင့်ပြောလေသည်။
"ဒီကတ်ကအဲဒီနေ့ကတည်းက ခင်ဗျားကိုပေးဖို့ရည်ရွယ်ထားတာ...ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မယ်မထင်ထားခဲ့လို့ပါ... တခြားတော့ကျွန်တော်ဘာမှမကူညီနိုင်ပေမဲ့ ဒီတစ်ခုလောက်ပဲကျွန်တော်လုပ်ပေးနိုင်မယ်ထင်လို့ပါ..."
ကျန်းဟန်ရှုလည်းရုတ်တရက် ဖုကျန်းကသူ့အားအဘယ်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်လာလုပ်သည်ကိုမေးသည့်အချိန်ကိုသတိရသွား၏။ သူကဖုကျန်းကို ငွေလို၍ဟုပြန်ဖြေလိုက်ဖူးသည်လေ။ဤသည်ကိုသတိရလိုက်သော် သူ့နှလုံးသား၏တစ်နေရာ၌ တစ်ခုခုကွဲအက်သွားသလိုခံစားလိုက်ရလေ၏။သူကခေါင်းကိုခါလိုက်ရင်း ပြောလိုက်သည်။
"ငါမလိုအပ်ပါဘူး..."
ဖုကျန်းကတစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ကျန်းဟန်ရှုကဝင်ပြောလိုက်လေ၏။
"ငါတကယ်ကိုမလိုအပ်လို့ပါ..."
သူကခုတင်ဘေးတွင်ဝင်ထိုင်လိုက်ကာ ဖုကျန်း၏ ခေါင်းကိုပွတ်ပေးလိုက်သည်။သူ၏လှုပ်ရှားလိုက်ပုံက သာမန်ကာလျှံကာဖြစ်သော်ငြား သူ၏မျက်ဝန်းများထဲတွင်တော့နူးညံ့မှု၏ အရိပ်အယောင်ကိုမြင်နေရ၏။ဖုကျန်းတစ်ကိုယ်လုံးတောင့်တင်းသွားကာသူ၏လက်ထဲရှိဘဏ်ကတ်လေးကို တင်းတင်းဆုပ်ကိုင်လိုက်မိလေသည်။
"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်..."
"ဘာမှမဟုတ်ပါဘူး ရပါတယ်..."
ဖုကျန်းက အသံကိုနှိမ့်ကာမေးလိုက်လေ၏။
"ကျွန်တော်ဘယ်မှာဆိုတာကို ဘယ်လိုသိတာလဲ..."
"ဝမ်ထုံစုံစမ်းပေးတာ ကျန်းဟန်ရှုကပြန်ဖြေ၏..."
ထိုညကကျန်းဟန်ရှု အိမ်သို့ပြန်လာကာ ဖုကျန်းသူ၏အခန်းထဲ၌မရှိသည်ကိုသတိထားမိလိုက်သည်။ ပထမတွင်တော့ဂရုမထားမိသော်လည်း နောက်တစ်ရက်၌အလုပ်တွင်လည်းပေါ်မလာသည်ကြောင့် အလုပ်ရှင်ကိုမေးကြည့်ရာ သူလည်းဖုကျန်းအားဆက်သွယ်မရဟုပြောသည်ကြောင့် ဖုကျန်းတစ်ခုခုဖြစ်နေလောက်ပြီဟုထင်လိုက်မိခြင်းဖြစ်လေသည်။ထိုနေ့မှာပင်သူကဝမ်ထုံကိုခေါ်ကာ စီစီတီဗွီစစ်ဆေးကြည့်ရင်း သံသယဝင်စရာ mini-vanကားတစ်စီးကိုတွေ့လေသည်။
လျိုညီအစ်ကိုနှစ်ယောက်ကလည်း ဖုကျန်းကိုပြန်ပေးဆွဲရာတွင် ဉာဏ်သုံးထားသည်ကြောင့် ထို
mini-van လေးကို နေရာအတော်များများတွင်
ရှာမတွေ့နိုင်ပေ။ကျန်းဟန်ရှုနှင့်ဝမ်ထုံ အနည်းငယ်သာစုံစမ်း၍ရခဲ့ပြီး နောက်ဆုံးယမန်နေ့ညကမှတောအုပ်ထဲရှိ ကွန်တိန်နာခန်းလေးကိုရှာတွေ့ခဲ့ခြင်းဖြစ်လေသည်။
ကျန်းဟန်ရှုက မတ်မတ်ရပ်လိုက်ရင်းပြောလိုက်၏။
"ငါပြန်တော့မယ်..."
ဖုကျန်းက ကျန်းဟန်ရှုဝတ်ထားသောကုတ်အင်္ကျီမှလက်အနားခေါက်ထားသည့်နေရာလေးကို ဆွဲကိုင်လိုက်လေသည်။ကျန်းဟန်ရှုက ခေါင်းငုံ့ကာဖုကျန်း၏လက်ကိုကြည့်လိုက်သည်။ သူ့လက်ပေါ်ရှိကြိုးကြောင့်ရထားသည့်ဒဏ်ရာလေးက ယခင်ကထက်ပို၍ထင်းနေလေသည်။ သူကဒီတိုင်းပင်မေးလိုက်၏။
"ကိစ္စရှိသေးလို့လား..."
"ကျွန်တော့်နားမှာ ခဏလောက်လေးပဲထပ်နေ
ပေးလို့ရမလား..."
ဖုကျန်းက အသံသေးသေးလေးနှင့်မေးလာလေသည်။
ကျန်းဟန်ရှု နှုတ်ခမ်းများဟလာချိန်တွင် ဖု
ကျန်းကသူ့အားငြင်းပယ်လိမ့်မယ်ဟုထင်ကာသတိပင်မထားမိလိုက်ဘဲ သူ၏အင်္ကျီကိုဆွဲထားသောလက်များကိုလွှတ်လိုက်မိလေသည်။
သို့သော်ကျန်းဟန်ရှုကဘာမျှမပြောဘဲတိတ်တဆိတ်ပင်ခုတင်ဘေး၌ပြန်ထိုင်လာကာ ဖုကျန်းအားနူးညံ့စွာပင်ပြောလိုက်လေသည်။
"အိပ်တော့နော်..."