အပိုင်း ၇၃
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၇၃ - ပင်ကိုယ်စွမ်းရည်

 

 

 

လွန်ခဲ့တဲအချိန်ခဏက အဖြစ်အပျက်ကြောင့် ယဲ့ဆွေက လုရုံဖူရဲ့ ပန်းတိုင်မှာ အခက်အခဲတစ်ခု ဖြစ်လာခဲ့သည်။  သူပြန်လာပြီးနောက် ယဲ့ဆွေက ဟွာရွေ့ရဲ့အနုပညာရှင်များစွာထဲမှ တစ်ဦးသာဖြစ်သည်ဟု သူထင်ခဲ့သည်။  ကုမ္ပဏီက သူမကို ဒီလိုကာကွယ်ဖို့ လိုအပ်ပုံမပေါ်ဘူး။

 

 

သူဒီကိစ္စကို ရှင်းရှင်းလင်းလင်းမတွေးရသေးခင် သူ့ဆဲလ်ဖုန်းကမြည်လာပြီး အခြားလိုင်းမှာ "မကောင်းတော့ဘူး၊ ရင်းနှီးမြှုပ်နှံသူတွေက ထုတ်သွားကြပြီ!"လို့ အထိတ်တလန့်ဖြစ်နေတဲ့အသံကို ကြားလိုက်ရသည်။

 

 

လုရုံဖူက ချက်ချင်းပင် မတ်တပ်ရပ်ကာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "ဒါကဘယ်လိုဖြစ်နိုင်မှာလဲသူတို့က ငါတို့ကို ရင်းနှီးမြှုပ်နှံမယ်လို့ ပြောထားတာလေ

 

 

ထိုလူ - “ ဟွာရွေ့ ရဲ့ အကြီးတန်းအမှုဆောင်အရာရှိတစ်ဦး က ရင်းနှီးမြှုပ်နှံမှုအားလုံးကို ရုပ်သိမ်းဖို့ အမိန့်ပေးခဲ့တယ်။ အဲ့တာကို မင်းကိုယ်တိုင် စဉ်းစားကြည့်လိုက်။  မင်းဘာလုပ်ခဲ့မိသေးလဲ!? "

 

 

လုရုံဖူက ဦးနှောက်ခြောက်အောင်စဥ်းစားလိုက်ပြီး ယဲ့ဆွေဆိုတဲ့ လူတစ်ယောက်ကသာ သူ့ စိတ်ထဲပေါ်လာသည်။ သူက မနေ့ညက အဖြစ်အပျက်ကို ရုတ်တရက်စဉ်းစားမိလိုက်ပြီး ဒီနေ့ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ရန်ပုံငွေတွေကို ပြန်ရုတ်သိမ်းလိုက်သည်။

 

 

 ဒီကိစ္စက ယဲ့ဆွေနဲ့ တစ်ခုခုရှိရမည်။   လုရုံဖူက အဲ့တာကိုမယုံနိုင်ပေမဲ့ ဟွာရွေ့က ယဲ့ဆွေ ကို ဘာလို့ဒီလောက်ကာကွယ်ပေးတာလဲ?

 

 

ဒီအချိန်မှာ ဖုန်းထဲကလူက အေးစက်စွာနဲ့ပြောလိုက်သည်။မင်း ဟွာရွေ့ကို အမှားလုပ်မိပြီ။ ကိုယ့်ကိုကိုယ်ဂရုစိုက် ”  ဒီစကားပြောအပြီးမှာ သူဖုန်းချလိုက်သည်။  သူက ဒီလိုလူနဲ့ ဆက်ပူးပေါင်းမှာမဟုတ်ဘူး။

 

 

လုရုံဖူက ဝမ်ချွမ်းနဲ့ သူ့သူငယ်ချင်းရှိနေခဲ့သည့်ညကို ပြန်လည်စဥ်းစားလိုက်သည်။

 

 

ဘာကြောင့်မှန်း မသိသော်လည်း ဤကိစ္စသည် ဝမ်ချွမ်း ၏သူငယ်ချင်းနှင့် ဆက်စပ်နေသည်ဟု သူတွေးမိသည်။  ထိုအချိန်တွင် ထိုကောင်လေးက ယဲ့ဆွေကို အလွန်အကာအကွယ်ပေးနေပုံရသည်။

 

 

လုရုံဖူရဲ့နှလုံးသားက ချောက်ထဲသို့ ကျသွားခဲ့သည်။ထို့ကြောင့် စကားပြောရန်မှာ ထိုလူသည်လည်း ဟွာရွေ့၏ အကြီးတန်းအမှုဆောင်တစ်ဦး ဖြစ်ပြီး သူ့ရဲ့အပြုအမူများက သူ့ကိုဒေါသထွက်စေခဲ့သည်။ ထို့ကြောင့် ယနေ့အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ရသည်။

 

 

သူကဘယ်သူလဲ?

 

 

ဒါပေမယ့် ဝမ်ချွမ်းရဲ့သူငယ်ချင်းက ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။  ယခုအချိန်တွင် သူကတီဗီစီးရီးရိုက်ကူးရန် မျှော်လင့်ချက်မရှိဘဲ စွန့်ပစ်ခံရသော ကလေးကဲ့သို့ သူ့အဖော်များရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရသည်။

 

 

အကျိုးသက်ရောက်မှုတွေက အရမ်းကြီးတယ်ဆိုတာ သူသိခဲ့ရင် လုရုံဖူ က ယဲ့ဆွေနဲ့ ဝေးဝေးမှာနေမယ်ဆိုတာ သေချာသည်။  ဒါပေမယ့် ဒီကိစ္စက ပြီးဆုံးသွားပြီ ပြန်ပြင်လို့ မရတော့ဘူး။

 

 

လုရုံဖူရဲ့ မျက်နှာက ဖြူဖျော့သွားပြီး သူ့နှလုံးသားရဲ့အောက်ခြေအထိ အဲ့တာကို နောင်တရနေခဲ့သည်။

 

 

ယဲ့ဆွေရဲ့ရသ  ခံစားမှုက အလွန်ကောင်းသည်။ ပြီးတော့ ကြယ်ပွင့်များနှင့်အတူ သရေစာဆိုင် ဖွင့်ပွဲတွင် သူမကကံကောင်းသောစတားတစ်ယောက် ဖြစ်ကြောင်းကိုလည်း အတည်ပြုခဲ့သည်။ ယဲ့ဆွေကို ဖိတ်ချင်သော ရသစုံရှိုးများစွာရှိခဲ့သည်။  သူမရဲ့ကိုယ်စားလှယ်ဖြစ်သော တိုင့်ကျီက သူမအားရွေးချယ်ရန် ကူညီပေးပြီး သူမစဉ်းစားဖို့ အနည်းငယ် ချန်ထားခဲ့သည်။

 

 

<အိမ်၌ လူတစ်ဦးရဲ့နေ့စဉ်ဘဝ>က ဧည့်သည်များရဲ့ နေ့စဉ်ဘ၀ကို  အစီအစဉ်တွင် ပြချင်ခဲ့ပြီး သူတို့အိမ်တွင် ကင်မရာများထားခဲ့သည်။

 

 

မိတ်ဆက်စကားကို မြင်သောအခါ ယဲ့ဆွေက အဲ့တာကိုချက်ချင်းငြင်းလိုက်သည်။  အကြောင်းရင်းလားသူမတစ်ယောက်တည်း နေတာမဟုတ်ဘူး! ချန်ရှု့ကို ဒီရှိုးမှာရိုက်ကူးခဲ့ရင် အင်တာနက်သုံးစွဲသူတွေ ပေါက်ကွဲသွားမှာ မဟုတ်ဘူးလား?

 

 

 <တောတွင်း၌နေထိုင်သော ကျွန်ုပ်တို့၏ နေ့စဉ်မှတ်တမ်း>တွင် တောထဲ၌နေထိုင်သော နာမည်ကြီးဧည့်သည် အုပ်စုလိုက်ပါဝင်ကြပြီး အစားအစာနှင့် ရေကိုရှာဖွေရသည်။  ဒါ့အပြင် ပရော်ဖက်ရှင်နယ်အဖွဲ့တစ်ဖွဲ့က သူတို့နောက်ကို လိုက်လိမ့်မည်။

 

 

ဤအစီအစဉ်၏ အခြေအနေများသည် အလွန်ခက်ခဲသည်။ ရက်အနည်းငယ်အတွက် ယဲ့ဆွေအိမ်ပြန်လို့မရဘူး။ တောထဲမှာ သူမဘာမြင်ရမလဲ? ရှေးခေတ်လူမျိုးစုတစ္ဆေသရဲလား?

 

 

ယဲ့ဆွေက ရွေးချယ်စရာများကို မကျေနပ်ပေ။  ယခုအချိန်တွင် သူမအတွက် အခြားကောင်းသောရှိုးမရှိသဖြင့် သူမဟာပထမဆုံး အထူးဧည့်သည် အဖြစ် နာမည်ကြီးများ၏ စိန်ခေါ်မှု သို့သွားခဲ့သည်။

 

 

 ဒီအစီအစဉ်ရဲ့ အပြင်အဆင်က လူတွေရဲ့လေထဲ၌တိုက်အိမ်ဆောက်ခြင်းကို  နှိုးဆွဖို့လွယ်သည်။ "အလှတရားကို ဘယ်လိုဖွဲ့စည်းခဲ့တာလဲ?"

 

 

ထုတ်လုပ်ရေးအဖွဲ့က သူတို့ရဲ့နာမည်ကြီးဧည့်သည်များအတွက် သတင်းစာ ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး သူတို့အားလုံးက အမျိုးသမီးတွေဖြစ်ကြသည်ယဲ့ဆွေ၊ ချန်းယင်၊ ကျွမ်းကျင့်နဲ့ လျိုယွဲ့။ တိုက်ဆိုင်စွာပင် သူတို့အားလုံးက မျက်နှာခွဲစိတ်ပြုပြင်ခြင်းနှင့် ပတ်သက်၍ ကောလဟာလများ ထွက်ခဲ့သည်။

 

 

ယဲ့ဆွေရဲ့ ပွဲဦးထွက်နှင့် သူမရဲ့မိတ်ကပ်က များစွာပြောင်းလဲခဲ့သည်။ မကြာခင်က သူမ မျက်နှာခွဲစိတ်ခြင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရသည်။  ချန်းယင်ရဲ့ ဓာတ်ပုံများက များစွာပြောင်းလဲသွားပုံမပေါ်ပေ။  သူမက သူမရဲ့မျက်နှာသွင်ပြင်ကို အနည်းငယ်ပြုပြင် ပြောင်းလဲခဲ့သည်........

 

 

 “ ဒီထုတ်လုပ်ရေးအဖွဲ့က မကောင်းဘူး။  ဒီနာမည်ကြီးတွေအားလုံးက ခွဲစိတ်ကုသမှုနဲ့ ပတ်သက်တဲ့ ကောလဟာလတွေရှိတယ်။ သူတို့က ဘယ်ဆေးရုံက ပိုကောင်းတဲ့အတွေ့အကြုံရှိတယ်ဆိုတာ ငါတို့ကိုပြောကြမှာလား? ”

 

 

 

ငါပြောနိုင်တာတစ်ခုက ယဲ့ဆွေက ပလတ်စတစ်ဆာဂျရီ မလုပ်ခဲ့ဘူး။ အစီအစဉ်တစ်ခုမှာ ပလတ်စတစ်နဲ့ အုပ်ထားတဲ့ သူမရဲ့ မျက်နှာဓာတ်ပုံကို မင်းမမြင်ဖူးဘူးလားဘယ်လို ပလတ်စတစ်ဆာဂျရီခွဲစိတ်မှုကို လုပ်ထားတဲ့ ဆယ်လီဘယ်ရီမဆို ထိုအရာကို ကြောက်ရွံ့ပြီး သူတို့၏ခွဲစိတ်ထားတဲ့ မျက်နှာကိုပုံပျက်သွားမှာကို မကြောက်ဘူးလား? ”

 

 

 “ ချန်းယင်လည်း ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုမလုပ်ခဲ့ဘူး။ သူမမျက်လုံးတွေက အနည်းငယ်ပိုကြီးပြီး နှာခေါင်းက အနည်းငယ်ပိုမြင့်ပေမယ့်လည်း အဲ့တာတွေအားလုံးကို မိတ်ကပ်နဲ့ပြောင်းလို့ရတယ်။ အဲဒီ မုန်းတီသူတွေကို ငါက နင်တို့ကို ကြင်နာတက်ဖို့ အကြံပေးမယ် တခြားသူတွေကို မစော်ကားနဲ့

 

 

 “ အားလုံး၊ ကျေးဇူးပြုပြီးအသံမဆူပါနဲ့။  ထုတ်လုပ်ရေးအဖွဲ့မှာ ဒီလိုအခင်းအကျင်းရှိတာမို့ သူတို့က ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုပြုလုပ်ပြီးပြီလား မလုပ်ရသေးဘူးလားဆိုတာ ငါတို့ကို အသိပေးဖို့နည်းလမ်းတစ်ခုရှိလိမ့်မယ်

 

 

 ချန်းယင်၏ မျက်နှာတွင် အနည်းငယ် အပြောင်းအလဲရှိသော်လည်း ဂရုတစိုက်မကြည့်ဘဲ သတိမပြုမိနိုင်ပေ။  သူမဟာ သူမရဲ့အလှအပကို အနည်းငယ်သာ ပြင်ဆင်ပြီး အားလုံးကို ပလတ်စတစ်ဆာဂျရီ မလုပ်ခဲ့ပေ။ သူမကို ဒီလူအုပ်စုနဲ့ ဘာကြောင့်နှိုင်းယှဉ်သင့်တာလဲ?

 

 

 အစီအစဉ်ကို မှတ်တမ်းတင်သည့်နေ့၌ ယဲ့ဆွေက  နာနီဗန်ကားကို ယူသွားခဲ့သည်။

 

 

 ဒီ ရသစုံရှိုးမှာ အပိုင်းများစွာရှိခဲ့သည်။  နာမည်ကြီး ဧည့်သည်များသည် သူတို့၏အလုပ်များကိုပြီးမြောက်ရန်၊ တစ်ခါတစ်ရံအပြင်၌၊ တစ်ခါတစ်ရံတွင်အိမ်တွင်း၌ ကစားရမည်။ အစီအစဉ်အဖွဲ့က သူတို့ကိုမိတ်ကပ် မလိမ်းတာအကောင်းဆုံးပါလို့ ကြိုတင်ပြောထားပြီးသားပါ။

 

 

 အမျိုးသမီးအနုပညာရှင်တွေက သူတို့ရဲ့အားနည်းချက်တွေကို မိတ်ကပ်မပါဘဲ ဖွင့်ချရင် သူတို့ရဲ့ပရိသတ်တွေကို ဆုံးရှုံးရလိမ့်မည်။  ဒါ့အပြင် အမျိုးသမီးဧည့်သည်တစ်စုလုံးကို ဖိတ်ကြားထားခဲ့သည်။  အင်တာနက်သုံးစွဲသူများသည် စခရင်ရှောခ့်များရိုက်ကြပြီး ဘယ်သူပိုလှလဲ နှိုင်းယှဥ်ကြသည်။

 

 

 ရှောင်လျို့နဲ့  သူမ၏မိတ်ကပ်ပညာရှင်တို့၏ ပြင်းထန်သောတောင်းဆိုမှုအောက်တွင် ယဲ့ဆွေက သဘာဝပုံစံကို လိမ်းခြယ်ခဲ့သည်။

 

 

 အခြားမင်းသမီးများပေါ်လာသောအခါ လူတိုင်း၏ မိတ်ကပ်သည် အလွန်ပေါ့ပါးသော်လည်း အိုင်းလိုင်နာနဲ့ နှုတ်ခမ်းနီသည် စေ့စပ်သေချာသည်။  ကင်မရာသည် သူတို့၏မျက်နှာကို အာရုံမစိုက်သရွေ့ ပရိသတ်သည် ၎င်းကို သတိမပြုမိပါ။

 

 

 “ သူတို့အားလုံးက ရိုးရိုးရှင်းရှင်း မျက်နှာတွေပဲ။ ဒါကြောင့် ကျွမ်းကျင့် ဘယ်လို ပလတ်စတစ်ဆာဂျရီ  ခွဲစိတ်မှုကိုမှ မလုပ်ဖူးပုံရတယ်။  သူမသည် ကြီးမားပြီးအပြိုင်နှစ်ထပ်မျက်ခွံများနှင့် မွေးဖွားခဲ့တယ်လို့ပြောကြတယ်။ အချို့ပရိသတ်တွေက ယခင်ဓာတ်ပုံတွေကို သက်သေပြနေဆဲပဲ

 

 

 "ယဲ့ဆွေက ချစ်ဖို့ကောင်းတုန်းဘဲ။  ချန်းယင်လည်း ချစ်ဖို့ကောင်းပါတယ်။  မိတ်ကပ်မပါတဲ့ မျက်နှာကပိုပြီး ကြော့ရှင်းတယ် "

 

 

 “ ဖြောင့်တဲ့ယောက်ျားတွေက မိတ်ကပ်မလိမ်းဘဲနဲ့အမျိုးသမီးတွေကို ဆွဲဆောင်တယ်။ မင်းတို့ဟာလာဟင်းလင်း မျက်နှာလိမ်းတာကို ကြားဖူးလားချွေးစေးတွေထွက်ပြီး မိတ်ကပ်လိမ်းထားတဲ့ အမျိုးသမီးနာမည်ကြီး အဖွဲ့တစ်ဖွဲ့ကို မတွေ့ချင်ဘူး။  ဒါက အလှပြပြိုင်ပွဲမဟုတ်ဘူး၊ အလှမယ်ပြိုင်ပွဲဘဲ

 

 

 အင်တာနက်သုံးစွဲသူတွေက သွမ့်မုစခရင်ပေါ်တွင်ရက်စက်စွာ ပို့စ်တင်ခဲ့ကြသည်။  ဖျော်ဖြေပွဲငြိမ်သက်နေချိန်တွင်ပရိသတ်များသည် တစ်ယောက်ကိုတစ်ယောက်ဆုတ်ဖြဲပစ်ခဲ့ကြသည်။

 T/N: သွမ့်မုစခရင်- ကြည့်ရှုသူများ၏မှတ်ချက်များနှင့်မက်ဆေ့ခ်ျများကို မျက်နှာပြင်ပေါ်တွင် လူသိရှင်ကြားပြသထားသည်။

 

 

 ရှိုးများ၏ အစဉ်အလာဖြစ်သည့် အမျိုးသမီးဧည့်သည်များအား ချီးကျူးသည့်အနေနှင့် တင်ဆက်သူများစွာသည် ရှိုးကိုအားပေးကြသည်။  နောက်တစ်ခုကတော့ ဧည့်သည်အားလုံးက နောက်အလုပ်အတွက်သဲလွန်စတွေရှာမယ့်ဟာက ပထမဆုံးအလုပ်ပဲ။

 

 

 မစ်ရှင်သဲလွန်စတွေကို သေတ္တာတစ်ခုထဲမှာ ဖုံးကွယ်ထားပြီး အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုမှာဝှက်ထားတယ်လို့ပြောခဲ့သည်။

 

 

ယဲ့ဆွေက လယ်ကွင်းထဲ တင်ဆက်သူ  နောက်ကလိုက်သွားခဲ့သည်။  လယ်ကွင်းထဲတွင် အေးစက်သောလေက တိုက်ခတ်လာသည်။ သူမရှေ့တွင် စတုဂံပုံရွှံ့ဗွက်ကြီးတစ်ခုရှိခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့်ပွက်လောရိုက်နေ၏။

 

 

 ရွံ့အနားမှာဆိုင်းဘုတ်တစ်ခုရှိသည်။အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့နေရာ

 

 

 ယဲ့ဆွေမှာ အေးစက်သောမျက်နှာရှိနေသည်။ ၎င်းနောက်အိမ်၌ ပို၍ ရေချိုးရန် စဉ်းစားနေပုံရသည်။

 

 

 အခြားအမျိုးသမီး နာမည်ကျော်များလည်း အံ့သြသွားကြသည်။ လျှို့ဝှက်ဆန်းကြယ်သောနေရာ၌ အဘယ်သဲလွန်စများနှင့်တာဝန်များ သူတို့အားလုံးဆင်းရမယ်ဆိုတာကိုလူတိုင်းသဘောပေါက်ကြသည်။ ရွှံ့ရေကန်ထဲမှာ!

 

 

 အလှအပကို သူတို့ရဲ့ဘဝပန်းတိုင်အဖြစ် လိုက်စားခဲ့တဲ့နာမည်ကြီးအမျိုးသမီးတွေ သူတို့က ဒါကိုဘယ်လိုသည်းခံနိုင်မလဲ?

 

 

 တင်ဆက်သူက သူတို့ကို လမ်းညွှန်ရန် စကားအနည်းငယ် ပြောချင်သော်လည်း၊ အဝေးမှ မကြားလိုက်ရသော ဒုန်း ဟူသော အသံကို သူကြားလိုက်ရသည်။  လူတိုင်းက အဲဒီဘက်ကို ကြည့်နေကြသည်။

 

 

 ယဲ့ဆွေက ပထမဆုံးခုန်ချသူဖြစ်သည်။  သူမကအောက်ကိုငုံ့ပြီး ရွှံ့ထဲမှာသူမရဲ့လက်တွေကို ဆန့်ပြီးသေတ္တာကိုရှာရင်းစတင်ခဲ့ူည်။

 

 

 အခြားအမျိုးသမီးဧည့်သည်များ - “ …”

 

 

 

တစ်ဖက်တွင် ဒါရိုက်တာသည် ယဲ့ဆွေကို နွေးထွေးလှတဲ့ လက်ခုပ်သြဘာပေးချင်သည်။  သူမကိုဖိတ်ခေါ်သူမည်သူမဆိုတွင် ဤမျှထက်မြက်သော မျက်လုံးရှိသည်။  ဤသည်မှာ သူမကဲ့သို့သော သမဝါယမဧည့်သည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။  သူမကိုနောက်တစ်ကြိမ်ဆက်ပြီး ဖိတ်ဖို့ သူစိတ်ဆုံးဖြတ်လိုက်သည်။

 

 

 ကျန်အမျိုးသမီး နာမည်ကြီးများမှာ အချောင်ခိုရန်ဆင်ခြေမပေးခဲ့ပါ။ သူတို့ထဲကအချို့က လိမ်ပြီးညစ်တယ်၊ အချို့ကမုန့်တွေလိုပဲ ရွှံ့ထဲကိုတစ်ယောက်ပြီးတစ်ယောက်ခုန်ချသည်။

 

 

 "ဟားဟားငါဒီမြင်ကွင်းကိုမကြည့်နိုင်ဘူးဆွေဆွေ မင်းကငါ့ရဲ့ အိုင်ဒေါပါ  မြန်မြန်ထပြီးလှုပ်ရှားလိုက်

 

 

 “ သူတို့ရဲ့ရုပ်ရည်ကို ထိန်းသိမ်းရတာကြိုက်တဲ့သူက ချက်ချင်းခုန်မှာမဟုတ်ဘူး။ ဒါပေမယ့် ယဲ့ဆွေက လုံးဝနောက်မဆုတ်ခဲ့ဘူး

 

 

 ယခု ယဲ့ဆွေက ပထမခြေလှမ်းကို ရောက်နေပြီဖြစ်သော်လည်း ချန်းယင်သည် သဘာဝအားဖြင့် ယဲ့ဆွေ နှင့်နှိုင်းယှဉ်လိုသည်။ သူမက ရွှံ့ထဲက အညစ်အကြေးကိုမကြိုက်ပေမယ့် သူမဆံပင်တွေနဲ့ မိတ်ကပ်တွေကို ဂရုမစိုက်ဘဲ သူတို့ကိုစိတ်ညစ်အောင်လုပ်ရမည်။  သူမစိတ်ထဲဆုံးဖြတ်ပြီး သူမလည်း အမြန်ပြေးဝင်သွားသည်။

 

 

 ချန်းယင်က သူမ၏လက်ကိုဆန့်လိုက်ပြီး နေရာအနှံ့ကိုထိလိုက်သည်။  သို့သော် မည်သည့်သဲလွန်စမှ ရှာမတွေ့ခဲ့ပါ။  သူမ၏အဝတ်အစားများ အားလုံးညစ်ပတ်နေပြီးသူမ၏မေးစေ့သည် ရွှံ့ကိုမတော်တဆထိမိသည်။

 

 

 သူမ၏ရှုပ်ထွေးသိမ်မွေ့သော အလှတရားသည်အခြားသူများ၏သနားခြင်းကိုခံရသည်။

 

 

 အခြားတစ်ဖက်တွင် ယဲ့ဆွေက လက်တစ်ဖက်၌သေတ္တာတစ်လုံးကိုကိုင်ထားပြီး အခြားတစ်ဖက်ကို မြှောက်ကာ  "ကျွန်မ တွေ့ပြီ" ဟုအော်သည်။

 

 

 ယဲ့ဆွေ အသံက အခြားအမျိုးသမီးဧည့်သည်များအား သေစေသောအသံနှင့်တူသည်။

 

 

 အချိန်အတန်ကြာရှာဖွေပြီးနောက် ယဲ့ဆွေ၏ ပါးပြင်က ညစ်ပတ်သွားပြီး သူမ၏မျက်နှာပေါ်တွင် ရွှံ့များစွန်းထင်းနေသည်။  သူမ၏အသားသည် ဖြူဖွေးနေပြီးသူမကိုပိုမိုသန့်စင်လာစေသည်။

 

 

 ယဲ့ဆွေက သူမနှုတ်ခမ်းကို ရုတ်တရက် ကွေးလိုက်ပြီးကင်မရာက သူမရဲ့အပြုံးကိုအမှတ်တမဲ့ ဖမ်းမိလိုက်သည်။  သူမ၏မျက်လုံးများက တက်ကြွတဲ့ နေကြာပန်းကဲ့သို့တောက်ပနေသည်။

 

 

 သူတို့၏ ဖန်သားပြင်များရှေ့တွင်ရှိနေသော အင်တာနက်သုံးစွဲသူများသည် ထိုအချိန်တွင် သူတို့၏နှလုံးများခုန်နေသည်ဟု ခံစားခဲ့ရသည်။

 

 

 အားနည်းချက်ကို ပြရန်ဆန္ဒမရှိသော ချန်းယင်သည် ထိုအလုပ်ကို ပြီးမြောက်သော ဒုတိယမြောက်လူဖြစ်ခဲ့သည်။  အတွင်းမှသဲလွန်စများ ဖော်ထုတ်သောအခါ ၎င်းတို့ကိုရေချိုးခန်းသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့သည်တာဝန်မထမ်းဆောင်မီ အဝတ်အစားသစ်များ အဖြစ်ပြောင်းလဲခဲ့ကြသည်။

 

 

 ရေချိုးပြီးပြီးချင်း လူတိုင်းစိတ်သက်သာရာရသွားပြီးသူတို့ထွက်လာတာနဲ့ နာ (ပေါင်းခံချွေးထုတ်ခြင်း)ကို ခေါ်သွားသည်။  ထုတ်လုပ်ရေးအဖွဲ့သည် ၎င်းတို့အား နောက်တာဝန်တစ်ခုသို့ရွှေ့ခဲ့သည်။

 

 

 ဤတာဝန်၏အပိုင်းကို စူနာ KTV” ဟုခေါ်သည်။

 

 

 နာမည်ကိုဆိုလိုသည့်အတိုင်း ၎င်းတို့အား စူနာ (ပေါင်းခံချွေးထုတ်ခြင်း)လုပ်နေစဥ်မှာ သူတို့ကိုသီချင်းဆိုခွင့်ပြုသည်။ ထောင့်အားလုံးမှ ထွက်လာသောအတွင်းဘက်ရှိ မီးများသည် အလွန်တောက်ပပြီး တစ်ခန်းလုံးကို လင်းလက်တောက်ပစေသည်။

 

 

 မတူညီသောရှုထောင့်များမှ အလင်းပြမြေပုံအောက်တွင် ပရိသတ်တို့သည် သူတို့၏  ပြောင်လက်သောပန်းပုမျက်နှာများကို မြင်နိုင်သည်။

 

 

 စားပွဲတစ်လုံးမှာ စတုရန်းသုတ်ပဝါလေးတွေနဲ့ ပြည့်နေသည်။  ဒါပေမယ့် ဧည့်သည်တွေက ဒီမျက်နှာသုတ်ပဝါတွေကို ချွေးသုတ်ဖို့အတွက် သုံးခဲ့တာမဟုတ်ပေမယ့် မိတ်ကပ်ဖျက်ဆေးတွေပါ။

 

 

 မိတ်ကပ်ဖျက်ပြီးနောက် လူတိုင်း၏အလှကုန်အမှတ်အသားများသည် သိသာထင်ရှားလာပြီး ပရိသတ်များက သိသာစွာမြင်နိုင်သည်။

 

 

 ထုတ်လုပ်ရေးအဖွဲ့က တကယ်ကိုရက်စက်ခဲ့သည်။  ဒီ ရသစုံရှိုးမှာ ပါ၀င်ဝံ့ခဲ့တဲ့ အမျိုးသမီး သရုပ်ဆောင်တွေက ထုတ်လုပ်ရေးအဖွဲ့ရဲ့ ပြင်ဆင်မှုကိုသတိမပြုမိခဲ့ဘူး။

 

 

 စူနာ (ပေါင်းခံချွေးထုတ်ခြင်း) အခန်း၌ အပူချိန်မြင့်လာပြီး နွေးထွေးသောလေက အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ယဲ့ဆွေက သူမ၏တစ်ကိုယ်လုံးကိုပြေလျော့သွားစေခဲ့သည်။ သူမက ထိုင်ခုံမှာထိုင်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။

 

 

 ဒါရိုက်တာ -  "???"

 

 

 နာရီဝက်အကြာတွင် ဒါရိုက်တာသည် အပြင်ဘက်ရှိအမှတ်ပေးဘုတ်ကို ကိုင်လျက် အော်လိုက်သည်။ယဲ့ဆွေ အိပ်မနေနဲ့ဦး ထပြီးသီချင်းဆို! "

 

 

 လူတိုင်းက ယဲ့ဆွေ ဘေးမှာထိုင်နေတဲ့ ချန်းယင်ကိုအာရုံစိုက်နေကြသည်။  ဤမျှလောက်များစွာသောအကြည့်များအောက်တွင် သူမလက်လှမ်းမမီနိုင်ဘဲ ယဲ့ဆွေ ညင်သာစွာ ထိုးလိုက်မိသည်။

 

 

 ယဲ့ဆွေ သူမ၏မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။  သူမက ဒါရိုက်တာရဲ့ ဆိုင်းဘုတ်ကိုကြည့်ပြီး ၀မ်းနည်းသလိုခံစားလိုက်ရသည်။  "ငါခုထိမအိပ်ဘူး၊ မအိပ်ဘူး"

 

 

 ဒါရိုက်တာရဲ့နှလုံးသား - မင်းရဲ့အကြောင်းပြချက်ကိုငါယုံသလိုပဲ။

 

 

 "ဟားဟား ယဲ့ဆွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းလွန်းတယ်သူမက ကင်မရာကို အလေးအနက်မထားဘူး။ ဒီလောက်နာမည်ကြီးတဲ့ ရသစုံရှိုးကို ပထမဆုံးလာဖူးတာ သေချာတယ်

 

 

 "အိုး၊ ငါမှန်တယ်! ချန်းယင်ရဲ့ ပုံဖော်ထားတဲ့ မျက်နှာကိုမြင်နိုင်တယ်။ ချန်းယင်က ခွဲစိတ်မှုမလုပ်ခဲ့ဘူးလို့ အမြဲထင်ခဲ့ပေမယ့် အသွင်အပြင်တွေက လှည့်စားနေတယ်လို့ငါထင်တယ်။ သူမနှာခေါင်းက အတုပဲ! "

 

 

 "ယဲ့ဆွေ ရဲ့မျက်နှာကအရမ်းကောင်းတယ်။ ရာသီဥတုပူလာပြီး သူတို့ရဲ့မိတ်ကပ်တွေမ ရှိတော့တဲ့အခါ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်

 

 

 နေ့လည်စာစားချိန်၌ ချန်ရှု့သည် သူ၏ရုံးခန်းတွင် ယဲ့ဆွေ၏ ရသစုံရှိုးကို စူနာ (ပေါင်းခံချွေးထုတ်ခြင်း) ခန်းမှတိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေခဲ့သည်။

 

 

 ဒါရိုက်တာသည် ယဲ့ဆွေအား မတ်တပ်ရပ်ရန် တိုက်တွန်းပြီးနောက် သူမက ပထမဆုံး သီချင်းကို သီဆိုခိုင်းခဲ့သည်။

 

 

 ရေမသောက်ဘဲ အလုပ်များနေတဲ့ မနက်ခင်းပြီးတဲ့နောက်မှာ သူမရဲ့အသံက အသံပြာသွားပြီးဗိုက်ကဆာလွန်းလို့သူမရဲ့ပထမဆုံးစကားက နည်းနည်းရှုပ်ပြီးသတိလစ်သွားခဲ့သည်။

 

 

 ခွက်ကိုကိုင်ပြီး ချန်ရှု့က တစ်ငုံသောက်လိုက်သည်။ ယဲ့ဆွေ၏သီချင်းဆိုသံကို သူကြားလိုက်ရသောအခါတုန်လှုပ်ချောက်ချားသွားသည်။

 

 

 အခြားသူများသည် ငွေအတွက်သီချင်းဆိုကြသော်လည်း သူ၏ဇနီးသည် သူတစ်ပါး၏ အသက်အတွက်သီဆိုသည်။

 

 

 လျိုယွဲ့က ယဲ့ဆွေအား ရေတစ်ခွက်ယူလာပေးခဲ့သည်။  သူမသောက်ပြီးနောက် သူမ၏အသံသည် ပုံမှန်ပြန်ဖြစ်သွားသည်။  သူမသည် နှစ်ကြိမ်ချောင်းဆိုးပြီး နောက်ဆုံး ပုံမှန်သီချင်းကို သီဆိုနိုင်ခဲ့သည်။

 

 

 ယဲ့ဆွေ၏ အသံသည် တော်တော်ကောင်းသည်။  နုတ်တိုင်းက အလွန်တိကျသည်။  အားလုံးကို ခြုံကြည့်လျှင်သီချင်းသည် ငရဲမှကောင်းကင်သို့ လျင်မြန်စွာ ပြောင်းသွားသည်။

 

 

 ချန်ရှု့က တစ်ရှုးကို ဖြည်းဖြည်းချင်းကောက်ယူပြီး သူ့ပါးစပ်ကိုသုတ်လိုက်ကာ ရေတစ်ငုံသောက်လိုက်ပြီး သူ့ လည်ဇလုတ်က အပေါ်အောက် လှိမ့်ဆင်းလာသည်။  သူ သူမကို နားလည်မှုလွဲခဲ့ပုံရသည်။

 

 

 ယဲ့ဆွေ သီချင်းဆိုအပြီးမှာ သူမ၏နဖူးမှာ ချွေးများဖြင့်ဖုံးလွှမ်းသွားသည်။  ဤအချိန်တွင် မကောင်းသောရည်ရွယ်ချက်နဲ့ ထုတ်လုပ်ရေးအဖွဲ့သည် စိုနေသောမျက်နှာသုတ်ပုဝါကို လွှဲပြောင်းပေးခဲ့သည်။

 

 

 ချန်ရှု့က ယဲ့ဆွေ မမျှော်လင့်ဘဲ မိတ်ကပ်ဖျက်ဆေးကို ယူလိုက်ပြီး သူမ၏ခံစားချက်များ မပြောင်းလဲဘဲ မျက်နှာ သုတ်လိုက်တာကို ကြည့်နေခဲ့သည်။

 

 

 စိုစွတ်သော မျက်နှာသုတ်ပုဝါက မျက်နှာနှင့်ထိမိသည်နှင့် တပြိုင်နက် ယဲ့ဆွေက ခြားနားချက်ကို သတိပြုမိသွားသည်။