အပိုင်း ၈၀
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၈၀ - အချိုပွဲများ

 

 

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ရှိုးတွေကိုကြည့်ခဲ့တယ်ဆိုတာ ယဲ့ဆွေ သဘောပေါက်လိုက်သည်။  မဟုတ်ရင် ဒီမှတ်ချက်တွေကို သူဘယ်လိုမြင်မှာလဲ?

 

 

ထို့ပြင် ၎င်းသည်ယခု တီဗွီတွင် ပြသနေသည့် နာမည်ကြီးများ၏ စိန်ခေါ်မှု ဖြစ်သည်။

 

 

ရှောင်လျို့က ယဲ့ဆွေအား အွန်လိုင်းဝေဖန်ချက်များကို ဖတ်ရန်မကြာခဏ ကူညီပေးခဲ့သည်။ သူမက ယဲ့ဆွေရဲ့ မိတ်ကပ်မပါတာကို မြင်လိုက်ပြီး သွမ့်မု စခရင်မှာ လွှမ်းမိုးနေတဲ့ 'ငါ့မိန်းမ' ဆိုတဲ့စကားလုံးတွေကို မြင်လိုက်တဲ့အခါ သူမက ယဲ့ဆွေကိုအထူးပြခဲ့သည်။

 

 

သူတို့ရဲ့ အိုင်ဒေါတွေကို ထောက်ခံဖို့အတွက် ပရိသတ်တွေက သူတို့ရဲ့ပုံမှန် သွမ့်မုစခရင်ပေါ်မှာ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြကြလိမ့်မည်။

 

 

ဒါပေမယ့် ဒါကို ချန်ရှု့ကို သူမဘယ်လိုရှင်းပြရမလဲ?

 

 

အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် အဖမ်းခံရတဲ့ စိတ်ခံစားမှုက ဘယ်ကရောက်လာမှန်းမသိဘူး။ ယဲ့ဆွေက သူမရဲ့လည်ချောင်းကို ရှင်းလိုက်ပြီး ချန်ရှု့ အားညင်သာစွာရှင်းပြခဲ့သည်။ "အခြားအမျိုးသမီးစတားတွေကိုလည်း သူတို့ရဲ့ဖန်တွေက အဲ့လိုခေါ်ကြတာပဲ"

 

 

 “ ဒါကအိမ်မွေးတိရစ္ဆာန် နာမည်သက်သက်ပါ။  ဒီပရိတ်သတ်တွေက ကျွန်မကို ဒီနေ့မှာ 'ငါ့မိန်းမ 'အဖြစ်ပြောနေပေမယ့် မနက်ဖြန်မှာ အခြားလူတစ်ယောက်ကို ပြောင်းသွားနိုင်တယ်

 

 

ချန်ရှု့ မျက်မှောင်ကြုတ်လိုက်သည်။ "ဒါဆို ဘယ်သူမဆို မင်းကို  'ငါ့မိန်းမ' လို့ခေါ်နိုင်တယ်ပေါ့။ ဟမ်? "

 

 

 ယဲ့ဆွေက သူ့ရဲ့မျက်ခုံးတွန့်ထားတာကို မြင်လိုက်ရပြီး သူမရဲ့ခေါင်းကိုမသိမသာ ယမ်းလိုက်သည်။  သူမကချက်ချင်းငြင်းလိုက်ပြီး မဟုတ်ဘူးဒါပေမယ့် ကျွန်မယောကျ်ားက ရှင်တစ်ယောက်တည်းပဲ

 

 

ယဲ့ဆွေ က ချန်ရှု့ သူမကို ကြိုက်လား၊ မကြိုက်ဘူးလားဆိုတာကို မသိဘူး။  ဒါပေမယ့် ဒီလောက်သေးငယ်တဲ့ နားလည်မှုလွဲတာက သူတို့နှစ်ယောက်ကြား ပဋိပက္ခဖြစ်အောင်တော့ သူမ မလွှတ်ထားနိုင်ခဲ့ဘူး။

 

 

ရှင်ဒီပုံစံနဲ့ ဖျော်ဖြေရေးလုပ်ငန်းထဲကို ၀င်လာရင် လူတွေအများကြီးက ရှင့်နောက်ကလိုက်လာပြီး ရှင့်ကို" ယောကျ်ား " လို့ခေါ်မှာသေချာပေါက်ဘဲ ဒီချောမောလှပတဲ့မျက်နှာနဲ့ ချန်ရှု့က ပိုမိုနာမည်ကြီးလာလိမ့်မည်ဟု သူမ အခိုင်အမာ ယုံကြည်သည်။

 

 

ချန်ရှု့က အကြောင်းအရာအား ပြောင်းလဲရန် ကြိုးစားနေသော ယဲ့ဆွေရဲ့ စိတ်ဆန္ဒကို အဆက်မပြတ် တားဆီးခဲ့သည်။  "ဒါပေမယ့် ကိုယ်ကသူတို့ရဲ့ယောကျ်ားမဟုတ်ဘူး "

 

 

ယဲ့ဆွေရဲ့ မြှောက်ပင့်တဲ့စကားက မအောင်မြင်ခဲ့သောကြောင့် သူမက သူမအနားရှိဆိုဒါကို လျင်မြန်စွာကောက်ယူကာ ချန်ရှု့အားပေးလိုက်သည်။  "သောက်လိုက်၊ ချိုတာတစ်ခုခုကို သောက်လိုက်ပါ။ ပြီးရင် ဒေါသမထွက်တော့နဲ့  "

 

 

ချန်ရှု့က မူလကငြင်းချင်ခဲ့သော်လည်း ယဲ့ဆွေက ဆိုဒါကို သူ့ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်ခဲ့သည်။  သူက စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသော်လည်း အဆုံး၌တစ်ငုံစာသောက်လိုက်သည်။

 

 

ချန်ရှု့က သူ့အတွက် အရမ်းချိုလွန်းသော ဆိုဒါကို စိတ်မရှည်စွာ မျိုချလိုက်သည်။

 

 

ဆိုဒါသောက်ခြင်းက ရှင်းပြချက်အောင်မြင်ပြီဟု ဆိုလိုသည်။  ယဲ့ဆွေက ချန်ရှု့ရဲ့လုပ်ရပ်များကို သူ့ရဲ့အသံတိတ်အတည်ပြုချက်အဖြစ် တိုက်ရိုက်ယူခဲ့သည်။

 

 

ချန်ရှု့က သူ့လက်ထဲဲ ပုလင်းကိုချလိုက်ပြီး တီဗီကိုကြည့်လိုက်သည်။  "ဆက်ကြည့်ရအောင် "

 

 

 ဒီရသစုံရှိုးက ချန်ရှု့အား အဲဒီမှတ်ချက်တွေက သတိပေးနေမှာကြောက်လို့ ယဲ့ဆွေက ချက်ချင်းပဲ ချန်နယ်ကိုပြောင်းလိုက်သည်။  “ ရှင်ဒီအစီအစဉ်ကို အရင်တုန်းကမြင်ဖူးပြီးသားပဲ။  ကျွန်မ ရှင့်အတွက် တခြားလိုင်းရှာပေးမယ်

 

 

ချန်ရှု့ - “........…”

 

*******

 

စားသောက်ပြီးနောက် စုံတွဲက ဈေးဝယ်ထွက်ပြီးလမ်းလျှောက်ထွက်ဖို့ စူပါမားကတ်သို့ သွားရန် ရွေးချယ်ခဲ့သည်။

 

 

maskကို ဝတ်ဆင်ထားသော ယဲ့ဆွေက ချန်ရှု့နဲ့ အတူအိမ်မှထွက်လာခဲ့သည်။  သူတို့ကားပေါ်ရောက်တာနဲ့ ယဲ့ဆွေက ကားတောင်စမမောင်သေးဘူး သူတို့ရဲ့ပြတင်းပေါက်ထဲကို အနက်ရောင်အရိပ်တစ်ခု ဝင်လာတာကိုမြင်ခဲ့သည်။

 

 

သူမအရမ်းကြောက်လန့်သွားပြီး သူမအသက်ထွက်လုနီးပါးဖြစ်သွားသည်။  ဘာဖြစ်သွားတာလဲကားကမရွေ့သေးဘူး၊  လူတစ်ယောက်က ဘာကြောင့်တိုးဝင်ခဲ့တာလဲသူမကချက်ချင်းပဲ ချန်ရှု့ ကို "တစ်ယောက်ယောက်က ကားထဲကိုတိုးဝင်နေတာကို ရှင်မြင်မိလိုက်လား?”

 

 

ချန်ရှု့ ခေါင်းခါလိုက်သည်။

 

 

ယဲ့ဆွေ ကြောက်လန့်တကြားဖြင့် ကားပေါ်မှဆင်းလိုက်သည်။  သူမက ကားရဲ့ဘေးမှာလဲလျောင်းနေတဲ့ အနက်ရောင်ပုံရိပ်ကို တွေ့လိုက်ပေမယ့် မှိန်ဖျော့တဲ့အလင်းရောင်ကျသွားတဲ့အခါ အဲ့ဒီ့ခြေထောက်အောက်မှာ အရိပ်တစ်ခုမှ မရှိတော့ဘူး။

 

 

ထိုအခိုက်အတန့်တွင် ယဲ့ဆွေက ဤအရာသည် သရဲဖြစ်သည်ကို သိလိုက်သည်။ သူမလှည့်ထွက်သွားချင်ပေမယ့် အသံတိုးတိုးလေးကို ကြားလိုက်ရသည်။  “ အိုး၊ ငါ့ခြေထောက်အရမ်းနာသွားပြီ။ မင်းတာဝန်ယူသင့်တယ် "

 

 

 ယဲ့ဆွေရုတ်တရက် တစ်စုံတစ်ခု လွဲမှားသွားသည်ကို ရုတ်တရက် သဘောပေါက်လိုက်မိသည်။  ကားကယခုအချိန်တွင် ၎င်း၏နေရာမှ မထွက်ခွာရသေးပေ။  အဲဒါက သူမဆီကို၀င်လာတဲ့သရဲပဲ၊ ဒါက ဘယ်လိုလုပ် သူမအမှားဖြစ်ရမှာလဲ?

 

 

 ဒီလူက သူမကို တိုက်တွန်းချင်ပုံရတယ်!

 

 

ချန်ရှု့က ယဲ့ဆွေဆီသို့လျှောက်လာခဲ့သည်။  "ဘာဖြစ်သွားတာလဲ?"

 

 

ယဲ့ဆွေက ကလိမ်ကကျစ်ကျတဲ့သရဲရဲ့ တည်နေရာကို ညွှန်ပြလိုက်ူည်။  "ဒီကလိမ်ကကျစ်ကျတဲ့သရဲက ကျွန်မတို့ သူ့ကိုတိုက်တယ်လို့ ကျွန်မကို လာပြောနေတယ် "

 

 

ချန်ရှု့က သူ့ခြေထောက်ကို မြှောက်ကာ ဦးတည်ရာဆီသို့လျှောက်ရန် ပြင်ဆင်နေသည်။  လူလိမ်သရဲက တိုက်တွန်းနှိုးဆော်ချင်သော်လည်း အဲ့ဒီအစား ၎င်းရဲ့အဖျက်အဆီးကိုတွေ့ရန် သူ မမျှော်လင့်ခဲ့ပေ။

 

 

 သူအမြန်နောက်ဆုတ်လိုက်သည်။  "ခွင့်လွှတ်ပါ၊ ငါဘာမှမလိုချင်ပါဘူး"

 

 

ယဲ့ဆွေ က ချန်ရှု့ကိုဆွဲလိုက်ပြီး "မင်းဘာလို့ ငါတို့ကိုတိုက်တွန်းချင်ရတာလဲ?"လို့ မေးလိုက်သည်။

 

 

 “ ငါ့မှာဆွေမျိုးသားချင်းတွေ၊ သားစဥ်မြေးဆက်တွေမရှိသလို ဘယ်သူမှလည်း ဘယ်ပွဲတော်မှာမဆို ငါ့အတွက်ဘာကိုမှ မီးမရှို့ပေးကြဘူးလို့ ကလိမ်ကကျစ်သရဲက ဒေါသတကြီး လေသံဖြင့်ပြောသည်။  “ ငါအရမ်းဆာလောင်ပြီး ငတ်မွတ်ခဲ့တယ်။ ဒါကြောင့် ငါဒီနည်းကိုပဲစဉ်းစားနိုင်ခဲ့တာ

 

 

သူကကြောက်ရွံ့စွာနဲ့ ချန်ရှု့ကိုမော့ကြည့်လိုက်သည်။  သူ့အစီအစဉ်ကို သူပထမဆုံးအကြိမ် ရှုံးနိမ့်လိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ဘူး။

 

 

ယဲ့ဆွေက ကလိမ်ကကျစ်ကျတဲ့သရဲရဲ့ စုတ်ပြတ်သောအဝတ်များကို သတိပြုမိလိုက်သည်။ကောင်းပြီ၊ ငါမင်းအတွက် တစ်ခုခုကိုရှို့ပေးမယ်။ နောင်ကျ ထပ်မလိမ်ပါနဲ့ "

 

 

အံ့အားသင့်သွားပြီး ကလိကကျစ်သရဲက ယဲ့ဆွေအား ဦးညွှတ်လိုက်သည်။  "ကျေးဇူးတင်ပါတယ်၊ မင်းက ဒီလိုလူကောင်းတစ်ယောက်ပါ"

 

 

ထို့နောက် သူရုတ်တရက်လေချွန်လိုက်သည်။  “ ထွက်လာပြီး ကျေးဇူးရှင်နှစ်ယောက်ကို ကျေးဇူးတင်လိုက်ကြ !”

 

 

 

ယဲ့ဆွေက  သူမနှင့်မဝေးတဲ့နေရာမှာရှိတဲ့ ရေဆိုးအပေါက်ရဲ့အဖုံးတစ်ခု ရုတ်တရက် ပွင့်လာသောအခါ ကလိမ်ကကျစ်သရဲ၏လုပ်ရပ်ကို ယဲ့ဆွေအံသြနေဆဲဖြစ်သည်။  ပိန်လှီသောလက်တစ်စုံက မြေပြင်ပေါ်သို့ကျလာသည်။

 

 

 ယဲ့ဆွေရဲ့ နှလုံးကတုန်ခါသွားသည်။ ဒါကဘယ်သူလဲ ?

 

 

 အတွင်းထဲက ပိန်လှီနေတဲ့ ပုံရိပ်က ထွက်ပေါ်လာသည်။  လမ်းလျှောက်မည့်အစား ၎င်းသည်အပေါက်ထဲသို့ တစ်ချက်ကြည့်ပြီးအထဲသို့ ရောက်ရန်အောက်သို့ ငုံ့လိုက်သည်။

 

 

 မည်သည့်အစွမ်းသတ္တိကိုမဆို ထုတ်ပြီးတွင်းထဲမှဒုတိယမြောက်ကလေးကို ဆွဲထုတ်လိုက်ပြီး သူကလှည့်ကာ အခြားကလေးတစ်ယောက်ကို ဆွဲထုတ်လိုက်သည်။

 

 

 ဤနည်းဖြင့် ယခင်တစ်ယောက်က နောက်တစ်ခုကိုဆွဲထုတ်လိုက်ပြီး ကလေးရှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး ကလိမ်ကကျစ်သရဲ ဘေးတွင်ရပ်နေကြသည်။  သူတို့၏အဝတ်များသည် ကလိမ်ကကျစ်သရဲလို ဟောင်းနွမ်းစုတ်ပျက်နေသည်။

 

 

 ယဲ့ဆွေ "သူတို့အားလုံးက ရှင့်ရဲ့ ... "

 

 

 ကလိမ်ကကျစ်ကျတဲ့သရဲက သရဲကလေးလေးတွေကို  ကြည့်လိုက်သည်။  “ ဒါတွေအားလုံးက သေဆုံးသွားတဲ့ကလေးတွေပါ။  သူတို့မှာလည်း မိသားစုမရှိဘူး။  သက်ရှိလောက ကနေထွက်ခွာသွားပြီးတဲ့နောက် သူတို့ကလှည့်ပတ်နေပြီး ဘယ်ကိုသွားရမှန်းမသိဘူး

 

 

 “ ဒီလိုဆင်းရဲတဲ့ကလေးတွေနဲ့ တွေ့တဲ့အခါ ငါသူတို့ကိုစားစရာပေးတယ်

 

 

 ကလိမ်ကကျစ်ကျတဲ့သရဲက ဘာလို့အမြဲမစားနိုင်လဲဆိုတာ ယဲ့ဆွေ ချက်ချင်းသဘောပေါက်လိုက်သည်။  သူသည် ဤသရဲကလေးလေးတွေကို ပြုစုပျိုးထောင်လိုခဲ့သည်။

 

 

 ကလိမ်ကကျစ်သရဲက သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ သရဲကလေးများက တိတ်ဆိတ်စွာနားလည်မှုဖြင့် တစ်ပြိုင်နက် အော်ဟစ်လိုက်ကြပြီး သူတို့၏အသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။  "ကျေးဇူးအများကြီးတင်ပါတယ် အစ်မ၊ ကျေးဇူးတင်ပါတယ်အစ်ကို! မင်းတို့အိမ်ထောင်က သာယာစွာနဲ့ နှစ် ၁၀၀ ပြည့်ပေါင်းသင်းရပြီး သားလေး စောစောမွေးပါစေလို့ ဆုတောင်းပေးပါတယ်

 

 

 ယဲ့ဆွေက နောက်ဆုံးအပိုင်းကို ကြားလိုက်ရသောအခါသူမခြေလှမ်းက အနည်းငယ် တုန်ခါသွားသည်။  သူမမျက်နှာကလည်း သရက်သီးမှည့်ကဲ့သို့နီရဲလာသည်။  "ရိုင်းစိုင်းတဲ့စကားမပြောနဲ့ "

 

 

 ယဲ့ဆွေက သူမ ထိုအရာတွေကို ချက်ချင်းမီးရှို့ပစ်မယ်လို့ သရဲကို ကတိပေးထားသည်။  အဲဒီနောက်မှာ ကလိမ်ကကျစ်ကျတဲ့သရဲက သရဲကလေးတွေကို အဝေးကို ခေါ်ဆောင်သွားသည်။

 

 

 အချိန်အတော်ကြာ စကားမပြောတဲ့ ချန်ရှု့က ယဲ့ဆွေ၏ ထူးဆန်းသောအပြုအမူကို သတိပြုမိပြီး "သူတို့ကမင်းကိုဘာပြောတာလဲ? " ဟုမေးလာသည်။

 

 

 ဒီစကားကိုကြားတော့ ယဲ့ဆွေက တုန်လှုပ်သွားပြီး သူမကသူတို့နှစ်ယောက်လုံးကို စောစောကလေးမွေးစေချင်တယ်လို့မပြောနိုင်ဘူး။ တွေးလိုက်တိုင်း တုန်လှုပ်မိသွားသည်။

 

 

 ယဲ့ဆွေ နားများကနီရဲလာပြန်သည်။  သူမ ချန်ရှု့ကို မကြည့်ဘဲ သူမခေါင်းကို အပြစ်ရှိစိတ်ကြောင့် လွှဲလိုက်သည်။  “ ဘာမှမဟုတ်ပါဘူး။

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့အနီရောင်နားရွက်များကိုစက္ကန့်အနည်းငယ်ကြည့်လိုက်ပြီး  သူကအံ့သြသွားကာမင်းနားရွက်တွေ ဘာလို့ဒီလောက်နီနေတာလဲ? ” လို့မေးလာသည်။

 

 

 ယဲ့ဆွေက ညည်းတွားရင်း သူမရဲ့လက်ကို မြှောက်ကာ သူမ၏ပါးပြင်ကိုအုပ်လိုက်ပြီး "ဟုတ်လို့လား? ပူနေတာပဲ "

 

 

 စကားသံဆုံးသည်နှင့်တစ်ပြိုင်နက် လေပြင်းသည်အေးစက်စက်နှင့် မှိုင်းမှိုင်းတိုက်ခတ်သွားပြီး ကြွေကျနေသောသစ်ရွက်များကို မြေပြင်ပေါ်သို့လှိမ့်ပစ်လိုက်သည်။  သူတို့သည် ယဲ့ဆွေ၏ခြေဖဝါးနား ရောက်လာသည်။

 

 

 'ကြည့်ပါ၊ မင်းလိမ်နေတယ်' ဟုဆိုနေသလိုပဲ။

 

 

 

 ယဲ့ဆွေက ချန်ရှု့ကို မကြည့်ဝံ့ဘဲရှေ့သို့ အမြန်ထွက်လာခဲ့သည်။ သို့သော်လည်း သူမသည် အတင်းဆွဲခေါ်လိုက်သည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ချန်ရှု့က သူ့လက်ကိုဆန့်၍ သူမကိုဆုပ်ကိုင်လိုက်သည်။

 

 

 ယဲ့ဆွေ လှည့်ကြည့်လိုက်ချိန် ချန်ရှု့မျက်လုံးများကိုတွေ့လိုက်ရသည်။  သူသည်သူမ၏ရှေ့တွင်ရပ်ပြီး သူမကိုလေးနက်စွာကြည့်သည်။

 

 

 ယဲ့ဆွေ လိမ်နေသည်ကို သူသတိမပြုမိပေ။  သူ့လက်၏အပူချိန်သည် အေးစက်နေသည်ကိုသဘောပေါက်သဖြင့် ၎င်းကိုစဉ်းစားကာနည်းလမ်းတစ်ခုကိုရှာဖွေခဲ့သည်။

 

 

 ချန်ရှု့က အရပ်ရှည်သည်။  သူမရှေ့တွင် သူရပ်နေစဉ်မှာ သူသည်ကြီးမားသော အရိပ်တစ်ခု ချလိုက်ပုံရသည်။  ယခုအခိုက်အတန့်တွင် ယဲ့ဆွေက သူ့အားစူးစိုက်ကြည့်နေသလို ခံစားလိုက်ရသည်။

 

 

 အမှောင်ညသည် ချန်ရှု့၏မျက်လုံးများကို ဖော်ပြခဲ့ပြီးသူ၏နက်ရှိုင်းသောအကြည့်က သူမကိုစူးစိုက်ကြည့်လိုက်သည်။

 

 

 ချန်ရှု့ ရုတ်တရက် သူ့လက်ကိုမြှောက်လိုက်သည်၊ သေးသွယ်သော လက်ချောင်းများသည် ယဲ့ဆွေ နားတစ်ဝိုက်ကိုလှည့်သွားပြီး Mask ကို ညင်သာစွာ ဖယ်ရှားလိုက်သည်။  Mask မရှိတော့တဲ့အခါမှ ယဲ့ဆွေ၏ မျက်နှာကိုမြင်ရသည်။

 

 

 "တစ်ခုခုမှားနေလို့လား?" ယဲ့ဆွေ လွယ်လွယ်ကူကူမေးလာသည်။

 

 

 ချန်ရှု့က သူ့မျက်လုံးတွေကိုနှိမ့်လိုက်ပြီး သူကချက်ချင်းပဲ ယဲ့ဆွေ ရဲ့နားရွက်ကိုလက်နဲ့အုပ်လိုက်သည်။  သူ၏အေးစက်သောအသက်ရှူသံကသူမ၏ပွေ့ဖက်ခြင်း၌ ဖုံးလွှမ်းသွားသည်။

 

 

 ချန်ရှု့၏အသံသည် တဖြည်းဖြည်းကြည်လင်လာသည်။  "ပူနေတယ်မဟုတ်လားကိုယ် မင်းကို အေးသွားအောင်ကူညီပေးမယ်။ "

 

 

 ယဲ့ဆွေက ချန်ရှု့ ရဲ့လုပ်ရပ်တွေက သဘာဝကျပြီး သူက သူမကို ရိုးရိုးရှင်းရှင်းပဲ ကူညီနေတာကိုသိနိုင်သည်။

 

 

 ယဲ့ဆွေ ခေါင်းက ရုတ်တရက် လွတ်သွားသော်လည်းသူမ၏နှလုံးသားက ပြင်းထန်စွာခုန်နေသည်။ ခဏအကြာမှာ သူမကကယောင်ကတမ်းနဲ့ စကားပြောလာခဲ့သည်။ "ကျွန် ကျွန်မ... အခု ကျွန်မပြန်အေးလာပြီ။  အိမ်ပြန်ရအောင် "

 

 

ယဲ့ဆွေ ခေါင်းငြိမ့်လိုက်ပြီး သူမ၏ပြင်းထန်သောနှလုံးခုန်သံကို လျစ်လျူရှုကာ ရှေ့သို့အမြန်လျှောက်သွားသည်။ ချန်ရှု့က သူမနောက်ကျောကို ကြည့်ပြီးဖြည်းညင်းစွာပြုံးကာ ရှေ့ကိုတိုးလိုက်သည်။

 

 

 **********

 

 ရက်သတ္တပတ်ကုန်ဆုံးချိန်မှာ ယဲ့ဆွေက သူမ၏ နောက်ထပ် ခရီးစဉ်အတွက် စီစဉ်ရန် ရန်ကျဲမှကုမ္ပဏီသို့ ဖုန်းဆက်ခဲ့သည်။

 

 

 ယဲ့ဆွေက ဟွာရွေ့နဲ့ စာချုပ်ချုပ်ပြီးနောက်မှာ ရန်ကျဲက တိုင့်ကျီ နောက်လိုက်သွားခဲ့သည်။  သူကဖျော်ဖြေရေးမှာ အကောင်းဆုံးအေးဂျင့်တွေထဲက တစ်ယောက်ဆိုတာသိတာနဲ့ သူမအများကြီးသင်ယူခဲ့သည်။

 

 

 ယဲ့ဆွေက "ယွဲ့ချုံး ကျို့ယွမ်" ရိုက်ကူးရေးပြီးစီးသွားခဲ့သည်။  သူမ၏အစီအစဉ်တွင် နောက်ရုပ်ရှင်သည် နင်းလင်၏ အတ္ထုပ္ပတ္တိဖြစ်သည်။

 

 

 ဤကာလအတွင်း တိုင့်ကျီက ယဲ့ဆွေကို ပရိတ်သက် ထိတွေ့မှုကိုထိန်းသိမ်းရန် ကြော်ငြာများနှင့် ရသစုံရှိုး အနည်းငယ် ပေးလိမ့်မည်။  ကျန်အချိန်များတွင် ယဲ့ဆွေက ရုပ်ရှင်ကို တိတ်တဆိတ် လုပ်ဆောင်ခဲ့သည်။

 

 

 ရှောင်လျို့ မျက်နှာနီမြန်းနေတာကို မြင်သောအခါ ယဲ့ဆွေက မကူညီနိုင်ဘဲ မေးလိုက်သည်။ "နင်ဘာဖြစ်နေတာလဲကောင်းတာတစ်ခုခု ဖြစ်သွားလို့လား? "

 

 

 ​ရှောင်လျို့က ဖုန်းကိုကိုင်ရင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။  သူမ ယဲ့ဆွေ ပြောတာကိုကြားလိုက်ရချိန်မှာ သူမက ချိုချိုသာသာပြောလာခဲ့သည်။ "ငါမကြာသေးခင်က ငါ့ကောလိပ်က အတန်းဖော်နဲ့တွေ့ပြီး ငါတို့စကားပြောကောင်းခဲ့တာ "

 

 

 ယဲ့ဆွေက ရှောင်လျို့ရဲ့ အချိုတွေပြည့်နေတဲ့ လေသံကိုချက်ချင်းသိလိုက်သည်။  တစ်နှစ်ပတ်လုံးတစ်ကိုယ်တည်းဖြစ်နေသော ရှောင်လျို့သည်ပင်စာရင်းမှဖယ်ရှားခံရတော့မည်။

 

 

 ထိုအချိန်တွင်သူမနှင့် ချန်ရှု့အကြောင်း မစဉ်းစားဘဲမနေနိုင်ခဲ့ပေ။ သူမက ချန်ရှု့ကို သူနဲ့တူအောင်ဘယ်လိုလုပ်သင့်လဲ။  သူနဲ့ရင်ဆိုင်ရတဲ့အခါ သူမရဲ့နှလုံးကပိုမြန်လာသည်။

 

 

 ရုတ်တရက် ယဲ့ဆွေ အကြံတစ်ခုရလိုက်သည်။  နောက်ဆုံးအကြိမ် သူမကော်ဖီဆိုင်မှာ စားခဲ့တဲ့ကိတ်မုန့်ကို သူမစဉ်းစားမိသည်။  အချိုအစားအစာများသည် လူကိုချစ်မြတ်နိုးစေသော ဒေါ်ဖမင်ကိုထုတ်လွှတ်လိမ့်မည်။

 

 

 ချန်ရှု့သာ ကိတ်မုန့်စားလျှင် ချိုသောအရသာက သူ့ကိုသူမအား ချစ်မြတ်နိုးချင်စိတ် ဖြစ်စေလိမ့်မည်။  ကိတ်မုန့်တစ်ချပ်ကမလုံလောက်ဘူး ဒါကြောင့်သူမနှစ်ခု ၀ယ်မယ်။

 

 

 ယဲ့ဆွေက ရှောင်လျို့ကို  ဒီလိုပြောဖို့ရှက်ခဲ့ပြီး သူမလည်းထုတ်ဖော်မပြချင်ဘူး။  နောက်ဆုံးတော့ သူမနဲ့ ချန်ရှု့ကသူတို့ရဲ့အချစ်ရေးအကြောင်းတောင် မပြောခဲ့ဖူးဘူး။ အခြားသူတွေကို ပြောရတာရှက်စရာကောင်းသည်။

 

 

 သူမကုမ္ပဏီမှ ထွက်သည်နှင့်တပြိုင်နက် ယဲ့ဆွေက ကော်ဖီဆိုင်ကို ဦးတည်လိုက်သည်။  သူမ ကောင်တာရှေ့ကို သွားပြီး မှာလိုက်သည်။  “ဒီမှာရှိတဲ့ကိတ်မုန့်တစ်ခုစီရဲ့ တစ်တုံးစီကိုကျွန်မကိုပေးပါ "

 

 

 အလုပ်သမား ကောင်မလေးက အံ့သြသွားသည်။ ယဲ့ဆွေရဲ့ စူးရှသောအသံကြောင့် သူမ သူမကိုအကြိမ်ကြိမ်ကြည့်ခဲ့သည်။  သူမအသံက ရင်းနှီးတယ်လို့ထင်ပေမယ့်သူမလက်ညှိုးကို မြှောက်ဖို့မတင်နိုင်ခဲ့ဘူး။

 

 

 ယဲ့ဆွေက ကဖေးမှလက်ထဲတွင် အိတ်ကြီးကြီးတစ်လုံးကိုင်လျက် ထွက်သွားမှ အလုပ်သမားလေးက သူမခေါင်းကိုရိုက်လိုက်ပြီး ရုတ်တရက် သဘောပေါက်လိုက်သည်။  "အဲ့ဒါ ယဲ့ဆွေ ပဲ!"

 

 

 "နာမည်ကြီး မင်းသမီး ယဲ့ဆွေ။ ရှင်ဘာကြောင့်ကိတ်မုန့် အများကြီးစားရတာလဲ? "

 

 

 ယဲ့ဆွေက သူမ၏အချိန်ကိုမဖြုန်းဘဲ အိမ်သို့ချက်ချင်းပြန်လာခဲ့သည်။  ချန်ရှု့က ကုမ္ပဏီမှပြန်လာသောအခါသူသည် ကိတ်မုန့်တန်းတစ်တွဲကို ထမင်းစားပွဲပေါ်တွင်မြင်လိုက်သည်။

 

 

 ချန်ရှု့ လန့်သွားသည်။  "မင်းအကုန်စားမလို့လား?"  သူမမှာ ဒီလိုကြီးမားတဲ့ အစာစားချင်စိတ်ဘယ်တုန်းက ရှိခဲ့တာလဲ?

 

 

 ယဲ့ဆွေက ပြုံးပြီး ချန်ရှု့ကို လက်ဝှေ့ယမ်းပြလိုက်သည်။  "ကျွန်မအတွက် မဟုတ်ဘူး။ ကျွန်မ ရှင့်အတွက်အဲဒါကိုဝယ်ခဲ့တာ "

 

 

 ချန်ရှု့က စားပွဲများအပြည့် ကိတ်မုန့်များကိုကြည့်လိုက်သည်။  “ …”

 

 

 ချန်ရှု့ တုံ့ပြန်မှုမရှိတာကိုမြင်တော့ ယဲ့ဆွေက သူ့ကိုစားပွဲပေါ် ဆွဲချလိုက်ပြီး ထိုင်ချလိုက်ပြီးခက်ရင်းကို ချန်ရှု့ ရဲ့လက်ထဲထည့်လိုက်သည်။

 

 

 ချန်ရှု့က အချိုများကို အလွန်စိတ်မ၀င်စားသော်လည်း ယဲ့ဆွေ၏ မျက်လုံးများကြောင့် သူမစားဘူးလို့ မပြောနိုင်ခဲ့ပေ။  ခိုကိုးရာမဲ့စွာနဲ့ သူက အဲ့တာတွေကိုဇွန်းမပါဘဲ တစ်ချိန်လျှင် အသက်မပါစွာနဲ့ စားခဲ့သည်။

 

 

 "အရသာကောင်းတယ်"

 

 

 ချန်ရှု့က ကိတ်မုန့်တစ်ခုစီကို အပြင်းအထန် မြည်းစမ်းပြီးနောက် ယဲ့ဆွေက ရုတ်တရက်  သူနာမည်ကိုခေါ်လာသည်။  "ချန်ရှု့ ကျွန်မ မျက်လုံးထဲကြည့်လိုက်"

 

 

 ချန်ရှု့က ယဲ့ဆွေ၏ မျက်လုံးများကို တကယ်ရင်ဆိုင်ရသောအခါ ယဲ့ဆွေက အနည်းငယ် စိတ်လှုပ်ရှားနေပြီး ရှင်းပြမရသောခံစားချက်ကြောင့် သူမ၏နှလုံးသည်စတင်ခုန်လာသည်။

 

 

 "အခုရှင့်ရဲ့မြန်နေတဲ့ နှလုံးခုန်သံကို ရှင်ခံစားမိလား? "