အပိုင်း ၈၁
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၈၁ - လှုံ့ဆော်မှု

 

 

 

 

ချန်ရှု့ ယဲ့ဆွေရဲ့မျက်လုံးများကို အကြာကြီးကြည့်နေသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။  မကြာခင်မှာပဲ သူတို့က အခြားသူတွေနဲ့ မတူဘူးဆိုတာကို သူရှာတွေ့ခဲ့သည်။

 

 

ယဲ့ဆွေရဲ့မျက်လုံးများက ကြည်လင်၊ တိတ်ဆိတ်ပြီး သန့်ရှင်းသည်။

 

 

တစ်စက္ကန့်ပြီး တစ်စက္ကန့်ကျော်သွားခဲ့သည်။  ၎င်းသည်အလွန်နှေးကွေးသော်လည်း တစ်ချိန်တည်းတွင် အလွန်မြန်ဆန်သည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ မေးခွန်းကို ယခုပင်ပြန်စဉ်းစားနေခဲ့သည်။ ကိတ်မုန့်စားရတာ သူဘယ်လိုခံစားရလဲလို့ သူမ မေးခဲ့တာလားဒါမှမဟုတ် သူ သူမကိုကြည့်နေတဲ့ အခိုက်အတန့်ကိုလား?

 

 

အဲ့တာကနောက်ဆုံးကဟာဖြစ်လျှင် ချန်ရှု့က 'အင်း 'လို့  ပြောလိမ့်မည်။

 

 

ချန်ရှု့ရဲ့ မဆိုင်းမတွကြားမှ ယဲ့ဆွေက ချက်ချင်းပင်စိုးရိမ်ပူပန်စွာ ခံစားလိုက်ရသည်။ သူမက အလျင်အမြန်ပဲ သူမရဲ့စိတ်ကိုပြောင်းလဲလိုက်ပြီး သူ့ကိုအဖြေပေးဖို့အခွင့်အရေးကိုတောင် ပိတ်ပင်လိုက်ရသည်။

 

 

ချိုတဲ့အစားအစာက ဒေါ်ဖမင်ကို လျှိုဝှက်ပေးတယ်။ ရှင့်နှလုံးခုန်နှုန်းက မမြန်ဘူးဆိုရင် မူမမှန်နေတာပဲဖြစ်လိမ့်မယ်။ ဟားဟားဟား၊ ရယ်စရာကောင်းတယ် မဟုတ်လား? "  ယဲ့ဆွေ တအားရယ်လိုက်သည်။

 

 

ချန်ရှု့မှာတော့ သူ့ရဲ့ခံတွင်း၌ ချိုမြိန်သော ခရမ်င် အရသာရှိနေသေးသည်။  သူ့ရဲ့မျက်လုံးများက ယဲ့ဆွေပေါ်မှာတည်ရှိနေသော်လည်း သူမဖြေခဲ့ဘူး။

 

 

ယဲ့ဆွေက သူမပါးစပ်ကိုပိတ်သွားအောင် ချုပ်ချင်လုနီးပါးဖြစ်နေသည်။ အချိန်ကိုနောက်ပြန်ရစ်လို့ရရင် ဒီမေးခွန်းကိုမမေးတော့ပါဘူးလို့ သူမ ကတိပေးသည်။

 

 

ချန်ရှု့က  သူ့အကြည့်ကိုပြန်မသိမ်းခင် သူမကိုခဏပြန်ကြည့်လိုက်သည်။ သူက သူ့ရှေ့က ဒီကိတ်မုန့်တွေကို မကြိုက်ဘူးဆိုတာသိသာပေမဲ့ စားဖို့ကိုတိုက်တွန်းခဲ့သည်း။

 

 

တစ်ချိန်တည်းမှာပင် သူကဒီကိတ်မုန့်များကြောင့် သူ့ရဲ့နှလုံးခုန်နှုန်းမမြန်ခဲ့ကြောင်း သူ့နှလုံးသား၌ ငြင်းဆိုခဲ့သည်။

 

 

ယဲ့ဆွေ  - “........…”

 

*****

 

 

ချန်ရှို့က ချန်းယင်ရဲ့အိမ်သို့ရောက်လာခဲ့သည်။  အစောပိုင်းတုန်းက ချန်းယင်က သူမအတွက် သူ့ကိုလည်ဆွဲ၀ ယ်စေချင်တယ်သို့သော် သူကအဲ့တာကို မ၀ယ်ခဲ့သလို သူမနှစ်သက်တဲ့ လည်ဆွဲက ယဲ့ဆွေရဲ့ လက်ထဲမှာတောင်ရှိနေသည်။

 

 

သူမ ပြန်လာသောအခါ ချန်းယင် ဒေါသထွက်ပြီး သူမအား ယဲ့ဆွေနဲ့ နှိုင်းယှဉ်နေသည်ဟု ခံစားရသည်။  သူမ၏စိတ်ကိုမြှင့်တင်ရန် ချန်ရှို့က သူမအတွက် ဘရန်းတံဆိပ်များစွာမှ လည်ဆွဲများစွာကို ၀ယ်ခဲ့သည်။

 

 

ဒါပေမယ့် ချန်းယင်ကတော့မပျော်သေးဘူး။  ဒီလည်ဆွဲတွေပိုများရင်တောင် သူတို့ကယဲ့ဆွေရဲ့လည်ဆွဲထက် နိမ့်ကျတယ်လို့ သူမခံစားရသည်။  မည်သို့ပင်ဖြစ်စေ ချန်ရှို့ အတတ်နိုင်ဆုံးကြိုးစားခဲ့သောကြောင့် သူမအပြုံးကိုသာ ထိန်းထားနိုင်ခဲ့သည်။

 

 

ချန်းယင်က မေးလိုက်သည်။ "ယဲ့ဆွေရဲ့ လည်ဆွဲကို ရှင့်ရဲ့ဦးလေး တကယ် ဝယ်ခဲ့တာလို့ ရှင်ထင်လား? "

 

 

ချန်ရှို့လည်း ထူးဆန်းစွာခံစားလိုက်ရသည်။  "ကိုယ့် ဦးလေးရဲ့ငွေကြေးအခြေအနေအရ၊ ဒီလည်ဆွဲကို သူဘယ်လိုမှတတ်နိုင်မှာမဟုတ်ဘူးနာမည်ကျော်ဒီဇိုင်နာတစ်ဦး၏ ထုတ်ကုန်တစ်ခုက သူ့မှာငွေရှိနေရင်တောင် အဲ့တာကို ၀ယ်နိုင်မှာ မဟုတ်ဘူး။

 

 

ချန်းယင်က အချိန်အကြာကြီးစဉ်းစားလိုက်ပြီး အကြောင်းပြချက် ကောင်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ “  ယဲ့ဆွေရဲ့ကုမ္ပဏီက ဟန်ပန်ကိုဆက်ထိန်းထားဖို့အတွက် သူမကိုအဲ့တာပေးလိုက် ဖြစ်နိုင်တယ်။ ချန်ရှု့က သူမကိုပေးခဲ့တာလို့  သူမတမင်တကာပြောခဲ့တာ

 

 

ချန်ရှို့လည်း ခေါင်းညိတ်လိုက်သည်။  “ ဖြစ်နိုင်တယ်။

 

 

ချန်ရှု့က သူရင်းနှီးမြုပ်နှံမှု အချို့လုပ်နေတယ်လို့ မိသားစုကိုပြောခဲ့ပေမယ့် အဲ့တာက ပမာဏနည်းနည်းလေးပဲဆိုတာ သေချာသည်။ ချန်ရှု့မှာ ဤကဲ့သို့သောငွေကြေး အရင်းအနှီးတွေ ရှိတယ်ဆိုတာ သူ မယုံဘူး။

 

 

တစ်ခုခုကိုတွေးနေပုံရသည် ချန်ရှို့ရဲ့ အမူအရာက ရုတ်တရက် မှေးမှိန်သွားသည်။  "သူ့လိုမကောင်းတဲ့ အတိတ်နိမိတ်ရှိတဲ့ လူတစ်ယောက်က ငါ့အဖေကိုသတ်ပြီးတဲ့နောက်မှာ ဘာအစွမ်းအစတွေ  ရှိနိုင်မှာလဲ? "

 

 

ချန်းယင်လည်း ခေါင်းညိတ်လိုက်သည်။

 

 

ချန်ရှို့ ကဆက်ပြောလိုက်သည်။ "ချန်ရှု့နဲ့ ကိုယ့်အဖေက ညီအစ်ကို တစ်ဝမ်းကွဲတွေဆိုတာ ကိုယ်မင်းကိုပြောပြဖူးလား? ”

 

 

ချန်ရှု့ မွေးတဲ့နှစ်မှာ သူ့အဖေဆုံးသွားခဲ့သည်။  ဒီလိုတိုက်ဆိုင်မှုက ဘယ်လိုဖြစ်နိုင်မှာလဲ?

 

 

ချန်ရှု့ရဲ့ အမေ ရှန်းယွင်က ကိုယ့်အဘိုးရဲ့ ဒုတိယဇနီးပဲ။ ကိုယ့် ဦးလေးငယ်ငယ်တုန်းက သူမအိမ်ကနေထွက်သွားခဲ့တယ်

 

 

ချန်ရှို့က နေ့လည်ခင်းတွင်ရုပ်ရှင်အကြောင်းပြောရန် ဝေရှီအုပ်စုကို သွားဖို့ရှိသေးသည်။  ချန်းယင်နဲ့စကားပြောပြီးနောက် သူထွက်သွားပြီးမကြာမီ ဝေရှီ အုပ်စုကို ရောက်သွားခဲ့သည်။  သာယာသောဆွေးနွေးမှုတစ်ခုတွင် ချန်ရှို့ ထွက်သွားတော့မည့်အချိန်မှာ  ချင်ရှင်းရဲ့ အတွင်းရေးမှုးက သူ့အနားကနေ ဖြတ်သွားခဲ့သည်။

 

 

အတွင်းရေးမှူးက ချင်ရှင်းရဲ့ ရုံးခန်းမှ ထွက်သွားခဲ့သည်။  မသိမသာညည်းတွားရင်း သူမကော်ဖီသွားဖျော်တော့မည်။ "ဥက္ကချန်က ဘယ်လိုကော်ဖီမျိုးကိုကြိုက်တာလဲ? "

 

 

ချန်ရှို့က 'ဥက္ကဌ ချန်' ဆိုတဲ့စကားကိုကြားလိုက်တဲ့အခါ သူက ချက်ချင်းလက်လှမ်းလိုက်သည်။ ချင်ရှင်းရဲ့အတွင်းရေးမှူးကိုတားလိုက်ပြီး "အကြီးအကဲ ချင်ရဲ့ ရုံးခန်းမှာရှိတဲ့သူက ဘယ်သူလို့မင်းပြောလိုက်တာလဲ? " လို့မေးလိုက်သည်။

 

 

ဟွာရွေ့ရဲ့ ဥက္ကဌ ချန်

 

 

ချန်ရှို့ရဲ့ခေါင်းက အလျင်အမြန်လှည့်လာပြီး သူက ကျေးဇူးပြုပြီး ငါ့ကို အကြီးအကဲ ချင် ဆီ စကားနည်းနည်းလောက်ပြောဖို့ကူညီပေးပါ။  ငါသူမနဲ့မျက်နှာချင်းဆိုင်စကားပြောချင်တယ်။လို့ပြောလိုက်သည်။

 

 

သူက ဥက္ကဌချန် သူ့ကိုငြင်းပယ်ခဲ့ရင်တောင် သူဝန်ခံရမည်။ ဟွာရွေ့ ကုမ္ပဏီမှ ယူလာနိုင်တဲ့ကြီးမားတဲ့အကျိုးကျေးဇူးတွေနဲ့ယှဉ်ရင် အဲ့တာက ဘာမှမဟုတ်ဘူး။

 

 

အတွင်းရေးမှူးက ကော်ဖီနှင့်အတူအထဲဝင်သွားပြီး ချန်ရှို့ရဲ့ စကားများကို လက်ဆင့်ကမ်းပေးလိုက်သည်။ ချင်ရှင်းက ခေါင်းညိတ်လိုက်ပြီး သူမသိထားကြောင်း အချက်ပြလိုက်သည်။

 

 

 ချင်ရှင်းကိုတွေ့ဖို့ ချန်ရှို့ ရောက်လာတာကို ချန်ရှု့ ကြားခဲ့သည်။  သူ့အမူအရာက ပြောင်းသွားသည်ကို မသိဘဲဖြစ်သွားသည်။

 

 

 အပြင်ဘက်မှာ ချန်ရှို့က ဝင်လာဖို့မစောင့်နိုင်တော့ဘူး။ သူက သူ့အဝတ်အစားတွေကို အရင်ရှင်းပြီးမှ တံခါးကိုခေါက်ဖို့ လက်ကိုမြှောက်လိုက်သည်။  စက္ကန့်အနည်းငယ်အကြာတွင် ချင်ရှင်းရဲ့ အသံကတစ်ဖက်မှထွက်လာခဲ့သည်။ကျေးဇူးပြုပြီးဝင်ခဲ့ပါ

 

 

ချန်ရှို့ တံခါးဝသို့ရောက်သည်နှင့် ချင်ရှင်းနဲ့ မျက်နှာချင်းဆိုင်ကလူကို သူတည့်တည့်ကြည့်လိုက်သည်။

 

 

သူက လေလံပွဲတွင် အလွန်တရာ ထူးထူးခြားခြားနှင့် ခပ်လျှိုလျှိုနေခဲ့တဲ့ ဥက္ကဌ ချန်ရဲ့ ဝိသေသလက္ခဏာကို အမှန်တကယ်သိချင်ခဲ့သည်။

 

 

အဲဒီလူက သူ့ကျောကိုကျောပေးထားတာမို့ သူ့မျက်နှာကိုမမြင်ရဘူး။  သူ့ရဲ့ကျောပြင်ကဖြောင့်တန်းပြီး သူ့အ ၀တ်တွေကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကာ ပထမအကြည့်တစ်ချက်မှာ အနုပညာလက်ရာတစ်ခုလိုပင်။

 

 

ချန်ရှို့က ဒီအသွင်အပြင်နဲ့ အတော်လေး ရင်းနှီးနေသလိုခံစားခဲ့ရပေမယ့် သူကသူ့လက်ချောင်းကို အဲ့လူပေါ်မထားနိုင်ခဲ့ဘူး။  သူ့ရဲ့ရှုထောင့်မှကြည့်လျှင် သူကဥက္ကဌချန်ရဲ့ သေးသွယ်သောလက်များနဲ့ ထင်ရှားသောသွေးပြန်ကြောများကို ဖျက်ခနဲသာ ကြည့်နိုင်သည်။

 

 

 သူက ဟွာရွေ့ ဥက္ကဌရဲ့မျက်နှာကို မမြင်ရဖူးသော်လည်း  သူကသိသိသာသာထူးခြားနေသည်ဟု ချန်ရှို့ ခံစားမိသေးသည်။

 

 

ချန်ရှို့ရဲ့ လုပ်ရပ်များက သိက္ခာကျစေသော်လည်း ဤနေရာကိုရောက်လာသည်နှင့် သူဘယ်လိုထွက်သွားနိုင်တော့မှာလဲချန်ရှို့က ဒီလူက  ဟွာရွေ့ ရဲ့ဥက္ကဌဖြစ်မှန်းမသိသလိုဟန်ဆောင်ကာ  " အကြီးအကဲ ချင် ဒါကဘယ်သူလဲဆိုတာ ကျွန်တော်သိလို့ရမလား? " ဟု တိုက်ရိုက်မေးခဲ့သည်။

 

 

ချင်ရှင်း - "ဟွာရွေ့ရဲ့ ဥက္ကဌချန် "

 

 

ချင်ရှင်းအနေနဲ့ ချန်ရှို့က ယဥ်ကျေးသိမ်မွေ့ခြင်းမရှိဘူးလို့  ခံစားခဲ့ရသည်။  သူမက ချန်ရှု့နဲ့စကားပြောနေတယ်ဆိုတာ သူသိပေမဲ့ သူကသေသေချာချာ စဥ်းစားဆင်ခြင် ခြင်းမရှိဘဲ အထဲကိုဝင်လာခဲ့သည်။

 

 

ချင်ရှင်းက သူ့ကိုထွက်သွားရန် အရိပ်အမြွက်ပြောခဲ့သည်။  "ကျွန်မ ဥက္ကဌ ချန် နဲ့ပြောစရာရှိတယ်"

 

 

ချန်ရှို့က ထွက်ခွာရန်ဆန္ဒမရှိသော်လည်း ချင်ရှင်း ပြောလိုက်ကတည်းက သူလက်လျှော့ခဲ့ရသည်။  "ဒါဆို နောက်နေ့မှလာတွေ့ပါ့မယ် "

 

 

ချန်ရှို့ ထွက်မသွားခင်သူက ချန်ရှု့ ကိုတစ်ချက်ကြည့်လိုက်ပြီး ရုံးခန်းထဲက ထွက်သွားခဲ့သည်။

 

 

ချန်ရှို့ရဲ့ မျက်လုံးများနှင့် လှုပ်ရှားမှုများအားလုံးကို ချင်ရှင်း ဖမ်းမိလိုက်သည်။  သူမက ချန်ရှု့ကိုကြည့်လိုက်သည်။  "ချန်အုပ်စုရဲ့သခင်လေးက ရှင့်ကိုအရမ်းတွေ့ချင်ပုံရတယ်"

 

 

ချန်ရှု့ စကားမပြောခဲ့ဘူး။ သူက အောက်ကိုငုံ့ကြည့်လိုက်တယ်၊ သူ့အမူအရာက မသဲကွဲပေ။ ကော်ဖီခွက်ကိုယူပြီး သူကဖြည်းဖြည်းလေး သောက်လိုက်သည်။ရေနွေးငွေ့များက အုံတက်လာပြီး သူ့ကောက်ကြောင်းကို မှုန်ဝါးသွားစေသည်။

 

 

သူကအခု ချန်ရှို့နဲ့တွေ့လုနီးပါးဖြစ်သွားတာတောင်မှ သူ့ရဲ့အမူအရာက မပြောင်းလဲခဲ့ဘူး။

 

 

ချင်ရှင်း - "ရှင်သူ့ကိုသိလား?"

 

 

ချန်ရှု့နဲ့ ချန်ရှို့ နှစ်ယောက်လုံးမှာ ချန် ဆိုတဲ့မျိုးရိုးအမည်ရှိသော်လည်း ချင်ရှင်းက သူတို့ကဆွေမျိုးတွေ ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပေ။ သခင်ကြီးချန်က သူ့မှာကံမကောင်းတဲ့ သားငယ်လေးရှိတယ်ဆိုတာကို လူထုကိုဘယ်တုန်းကမှ မကြေငြာခဲ့ဘူး။

 

 

ချန်ရှို့က ထူးချွန်သည်ကိုသာ လူတွေသိကြသည်။ ဒါပေမယ့် အဲဒီမှာအခြားလျှို့ဝှက်ထားသော ချန်ရှု့ ရှိမှန်း သူတို့ သတိမထားမိခဲ့ကြပေ။

 

 

ချန်ရှု့က လက်ဖက်ရည်ခွက်ကို ညင်သာစွာချလိုက်ပြီး ခေါင်းကိုမော့လိုက်သည်။ သူ့ရဲ့မျက်လုံးများက ဘာကမှ သူတို့ကို မနှောင့်ယှက်နိုင်သကဲ့သို့ တည်ငြိမ်နေသည်။

 

 

တိတ်ဆိတ်နေချိန်တွင် ချန်ရှု့ရဲ့ အသံက ပေါ့ပါးစွာထွက်လာသည်။ " ငါမသိဘူး "

 

 

ချင်ရှင်းကရိုးရိုးရှင်းရှင်းပဲ မေးခဲ့တာဖြစ်သည်။  ချန်ရှု့ ထိုသို့ပြောသောအခါ သူမထိုကိစ္စနောက်ကို ဆက်မလိုက်ဘဲ သူတို့နှစ်ဦးက အကြောင်းကိစ္စများကို ဆက်လက်စကားပြောဆိုခဲ့ကြသည်။

 

 

တစ်ချိန်တည်းမှာပင် ယဲ့ဆွေက ရှန်းယွင်ဆီမှ ထပ်ပြီး ဖုန်းရလာခဲ့သည်။ သူမနဲ့စကားပြောစရာရှိတယ်လို့ ပြောသော်လည်း သူတို့တွေ့ဆုံနိုင်လိမ့်မည်ဟုမျှော်လင့်ပြီး သူမဖုန်းထဲက မပြောခဲ့ပေ။

 

 

 ယဲ့ဆွေ ဖုန်းချလိုက်ပြီး ရှန်းယွင်ကို  blacklist ထဲသို့ထည့်လိုက်သည်။  ထိုအမျိုးသမီးက သူမရဲ့ဖုန်းနံပါတ်ကို ဘယ်လိုရခဲ့သလဲဆိုတာကို သူမ မသိသော်လည်း ရှန်ယွင်က သူမနှင့် ချန်ရှု့ရဲ့ လိပ်စာကိုရနိုင်သောကြောင့် သူတို့ရဲ့ဖုန်းနံပါတ်တွေက အကြောင်းအရာအကြီးကြီးမဟုတ်ဘူး။

 

 

ယဲ့ဆွေက ရှန်းယွင်ရဲ့ ခေါ်ဆိုမှုကို လက်ခံဖြေကြားဖို့ ငြင်းဆိုခဲ့သည်။  ရှန်းယွင်က ချန်ရှု့ကိုမဆက်သွယ်နိုင်တဲ့အခါ နောက်ဆုံးမှာ ယဲ့ဆွေ ရဲ့ကုမ္ပဏီကိုသွားဖို့ သူမဆုံးဖြတ်လိုက်သည်။

 

 

အနက်ရောင်ကားတစ်စီးက ရုံးအဆောက်အအုံတစ်ခုဖြစ်သော ယဲ့ဆွေ၏ ကုမ္ပဏီအောက်ထပ်တွင် ရပ်လိုက်သည်။  ရှန်းယွင်က ကားပေါ်မှဆင်းလာပြီး ဓာတ်လှေကားထဲသို့လျှောက်သွားကာ သက်ဆိုင်ရာအထပ်ကိုနှိပ်လိုက်သည်။

 

 

ရှန်းယွင်က သူမရဲ့နှုတ်ခမ်းတွေပေါ်တွင် အထူးတလည်အပြုံးကိုဆင်မြန်းလျက် တံခါးဝ၌ရပ်လိုက်သည်။  ဒါက တကယ်ကိုသေးငယ်တဲ့ ကုမ္ပဏီတစ်ခုပဲ။

 

 

အရှေ့စားပွဲ၌ အမျိုးသမီးတစ်ဦးက တင့်တယ်ပြီး  ယဉ်ကျေးသိမ်မွေ့သောစိတ်ထားနှင့်ဝင်လာပြီး သူမ၏အသံကနူးညံ့သိမ်မွေ့သည်။  "ကျွန်မ ယဲ့ဆွေကိုရှာနေတာပါ "

 

 

ဧည့်ကြိုက ရှန်းယွင်နဲ့ ယဲ့ဆွေတို့၏ ဆက်ဆံရေးကိုမသိသဖြင့် ရှန်းယွင်ကို ဧည့်တွေ့ခန်းတွင် စောင့်ခိုင်းခဲ့သည်။

 

 

ခဏအကြာ ဧည့်တွေ့ခန်းတံခါးက ပွင့်လာခဲ့သည်။ အထဲမှာ ဘယ်သူရှိတယ်ဆိုတာကို မြင်လိုက်တဲ့အခါ ယဲ့ဆွေရဲ့မျက်လုံးတွေက အေးစက်လာသည်။  မမျှော်လင့်ဘဲ ရှန်းယွင်က အလွန်ပူပန်နေသည်။ သူမအိမ်ကိုရောက်လာပြီးတော့  ဖုန်းတွေဆက်ပြီးတဲ့နောက်မှာ သူမကကုမ္ပဏီကိုတောင် လာခဲ့သည်။

 

 

ယဲ့ဆွေအထဲဝင်လာပြီး တံခါးကိုပိတ်လိုက်ပြီးတော့ "ဘာကိစ္စရှိလို့လဲ?" ဟုအေးစက်စက်နဲ့ မေးလိုက်သည်။

 

 

ရှန်းယွင်က ပြုံးနေကာ မျက်မှန်ကို ချွတ်လိုက်သည်။  "ယဲ့ဆွေ၊ ခဏလောက်စကားပြောရအောင်"

 

 

ကျွန်မတို့ စကားပြောလို့ ပြီးသွားပြီလို့ ထင်တယ်

 

 

ရှန်းယွင်က မဖြေဘဲ သူမကို ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။ "ယဲ့ဆွေ မင်းကဖျော်ဖြေရေးလောကမှာ နာမည်ကြီးတာကို လိုချင်တာမဟုတ်ဘူးလား? "

 

 

ယဲ့ဆွေက မျက်ခုံးပင့်လိုက်ပြီး ဘာမှမပြောခဲ့ပေ။  ဒီနေ့အဖွင့်မှတ်ချက်က တော်တော်ထူးခြားသည်။ ယဲ့ဆွေက သူမရဲ့ရည်ရွယ်ချက်ကို မြင်ချင်သည်။

 

 

မင်းရဲ့အချက်အလက်တွေကို ငါစစ်ဆေးပြီးပြီ။  မင်းက ဒီကုမ္ပဏီသေးသေးလေးကို လက်မှတ်ထိုးလိုက်တာမို့ မင်းပွဲဦးထွက်တုန်းက အသိအမှတ်ပြုမှုမရှိခဲ့ဘူး

 

 

ချန်းယင်လေး ရဲ့ခေါင်းစဉ်ကြောင့် မင်းအာရုံစိုက်မှုကိုပဲရရှိခဲ့တယ်၊ ဒါပေမယ့် နာမည်ပျက်တွေအားလုံးကို မင်းရခဲ့တာသနားစရာဘဲ

 

 

 “ ဖျော်ဖြေရေးနယ်ပယ်မှာ နာမည်မကြီးတဲ့သူတွေက အဆင့်အတန်းမရှိတဲ့သူတွေဘဲ။  မင်းခံစားနေရတဲ့နေ့တွေကို မင်းရင်းနှီးသင့်တယ်လို့ ငါထင်တယ်

 

 

ရှန်းယွင်ရဲ့ သာလွန်သောသဘောထားက ထင်ရှားမြင်သာမှုရှိသည်။  သူမ၏အရိုးများ၌ မောက်မာမှုကို မသိစိတ်ထုတ်ဖော်ပြသခဲ့သည်။  ယဲ့ဆွေနာမည်ကျော်ကြားမှုမရမီ သူမက ရှက်စရာကောင်းတဲ့ အရာမျိုးစုံကိုဝေဖန်ခဲ့သည်။

 

 

ဒါပေမယ့် ယဲ့ဆွေအတွက်မူ သူမ မကူးပြောင်းခင်ကဖြစ်တာကြောင့် သူမ၏အားနည်းချက်ကို လုံးဝမထိခဲ့ပေ။

 

 

ယဲ့ဆွေ မငြင်းဘူးဆိုတာ သိတာနဲ့ ရှန်းယွင်က သူမရဲ့စကားတွေကို သဘောတူတယ်လို့ထင်ခဲ့သည်။  ထို့နောက် သူမက ဆက်ပြောခဲ့သည်။ဟွာရွေ့က ဒီကုမ္ပဏီသေးသေးလေးကို ၀ယ်ယူပြီးတဲ့နောက် ဒီနှစ်မှာမင်းရဲ့အရင်းအမြစ်တွေက ပိုကောင်းလာတယ်

 

 

ဒါပေမယ့် ဟွာရွေ့ လက်အောက်မှာ အနုပညာရှင်တွေအများကြီးရှိတယ်။ သူတို့က မင်းကို ဘာလို့ထိန်းထားချင်ရတာလဲ?"ရှန်းယွင် ခုံကိုမှီလိုက်သည်။  "မင်းမှာကျောထောက်နောက်ခံရှိတဲ့ သူတစ်ယောက်ရှိရင် မင်းဘယ်လောက်ဝေးဝေးသွားနိုင်မလဲဆိုတာကို မင်းတွေးဖူးလား? "

 

 

ရှန်းယွင် - "မင်းအတွက်ရုပ်ရှင်စတူဒီယိုတစ်ခု တည်ထောင်ပေးချင်တယ်"

 

 

 ယဲ့ဆွေ ပြုံးလိုက်သည်။  ယခု ရှန်းယွင်က မသက်ဆိုင်တဲ့အရာများစွာကိုပြောခဲ့သည်ဟူသော အကြောင်းပြချက်ကို သူမ သိလိုက်ရသည်။ ဤအရာသည် ဒီဟာအတွက် အလုံးစုံစုဆောင်းခြင်းတစ်ခုဖြစ်တယ်။

 

 

ဟွာရွေ့ နဲ့မင်းရဲ့စာချုပ်က ပြစ်ဒဏ်ဘယ်လောက်ပဲ လိုအပ်နေပါစေ ငါတတ်နိုင်တယ်

 

 

အနာဂတ်မှာတော့ ရုပ်ရှင်စတူဒီယိုမှာ မင်းဆိုတဲ့အနုပညာရှင်တစ်ယောက်ပဲရှိလိမ့်မယ်။  မင်းကိုလူကြိုက်အများဆုံး အမျိုးသမီးစတားဖြစ်လာအောင် မင်းလုပ်ချင်တဲ့ ဘယ်ရုပ်ရှင်မှာမဆို ငါရင်းနှီးမြှုပ်နှံပေးမယ်

 

 

အမျိုးသမီးစတားတစ်ဦးသည် ဖျော်ဖြေရေးလောကသို့ ၀င်ရောက်ပြီးနောက် နောက်တစ်ဆင့်က ကျော်ကြားရန်ဖြစ်သည်။  ဒီလိုမှမဟုတ်ရင် သူမကြီးကြီးမားမားတွေမလုပ်ခင်မှာ ယဲ့ဆွေက ဘာကြောင့်ဒီလိုရူးသွပ်တဲ့ လှုပ်ရှားမှုတွေလုပ်ခဲ့ရမှာလဲ?

 

 

ရှန်းယွင်က ဒီလိုအခြေအနေတွေကို စာရင်းပြုစုပြီးနောက် ယုံကြည်ခဲ့သည်။ ယဲ့ဆွေ ဘယ်လိုသွေးဆောင်မခံရဘူးလဲ?

 

 

ရှန်းယွင်က နောက်ဆုံးမှတ်ကို ရောက်ရှိနေပြီ။ သူမခဏတိတ်ဆိတ်သွားပြီးသူမ၏မျက်လုံးများက အနည်းငယ်စိုစွတ်လာသည်။  "ငါဘာမှမလိုချင်ပါဘူး၊ ငါ့သား ငါ့ဆီပြန်လာတာကိုပဲလိုချင်တာပါ "

 

 

ယဲ့ဆွေက အေးစက်စွာကြည့်လိုက်သည်။ ရှန်းယွင်က သူမအားအကျိုးကျေးဇူးများစွာဖြင့် ပထမဦးစွာစည်းရုံးခဲ့ပြီး မိခင်၏မေတ္တာကို တကယ်အစစ်အမှန်ဖြစ်သည့် လူသတ်နည်းအဖြစ်သုံးခဲ့သည်။

 

 

သူမရဲ့စကားတွေက တော်တော်အတုယူဖို့ကောင်းသည်။  သားဖြစ်သူကို သူမနဲ့အတူနေစေချင်ရင် သူမဘာကြောင့်ထွက်သွားခဲ့တာလဲ?

 

 

ချန်ရှု့က ချန်အုပ်စုရဲ့ ဥက္ကဌ ချန်ဟဲရဲ့အငယ်ဆုံးသားဖြစ်ပြီး သူ့အစ်ကိုနှစ်ယောက်နှင့် အသက်အရွယ်ကွာသည်။

 

 

ချန်ဟဲ၏ဇနီးဟောင်းက သားနှစ်ယောက် မွေးဖွားခဲ့ပြီး မကြာမီ နာမကျန်းဖြစ်လာသည်။  ရှန်းယွင်က စီးပွားရေးအရ လက်ထပ်ထားတဲ့ ဒုတိယဇနီးသာဖြစ်သည်။ သူမမှာ သူမနှစ်သက်တဲ့သူတစ်ယောက်ရှိသည်။ ထို့ကြောင့် ချန်ရှု့ကို မွေးဖွားပြီးနောက် သူမကမီးဖွားပြီးနောက်ပိုင်းမှာ စိတ်ကျရောဂါခံစားခဲ့ရသည်။

 

 

ရှန်းယွင်က ချန် မိသားစုမှ ထွက်သွားရန် အရမ်းကြိုးစားခဲ့သည်။

 

 

ယဲ့ဆွေက လှောင်ပြုံး ပြုံးလိုက်ပြီး "ရှင့်ရဲ့နောက်အိမ်ထောင်က ဘယ်လိုလဲ?" ဟုမေးလိုက်သည်။

 

 

ယခုအချိန်ထိ မိခင်ကောင်းတစ်ယောက်အဖြစ် ကစားနေဆဲဖြစ်သော ရှန်းယွင်၏ မျက်နှာက ပြောင်းလဲသွားသည်။ ယဲ့ဆွေ ဘယ်လိုသိတာလဲ?

 

 

ရှန်းယွင်က ယဲ့ဆွေကို ဖျော်ဖြေရေးလောကမှာ အမျိုးသမီးစတားတစ်ဦးသာဖြစ်သည်ဟု ထင်ထားခဲ့သည်။  သူမက ယဲ့ဆွေအကြောင်း အရာအားလုံးကိုသိသော်လည်း သူမအကြောင်းကို သူမကိုယ်တိုင်မသိပေ။  သူတို့နှစ်ယောက်မှာ မတူညီတဲ့ရပ်တည်ချက်တွေရှိခဲ့သည်။

 

 

ယဲ့ဆွေရဲ့ အသံက ဖျော့တော့သော်လည်း အဲ့တာကသူမရဲ့နှလုံးသားကို မွှန်းနေတဲ့ ချွန်ထက်တဲ့ ဓားနှင့်တူသည်။  "တစ်စုံတစ်ယောက်ရဲ့သားကို နှစ်ပေါင်းများစွာပြုစုပျိုးထောင်ပြီးတဲ့နောက်မှာ အခုအဲဒီပုဂ္ဂိုလ်က ရှင့်ကိုအမေအဖြစ် အသိအမှတ်မပြုဘူး မဟုတ်လား? "

 

 

ယဲ့ဆွေသည်လည်း ရှန်းယွင်ကို စုံစမ်းဖို့ တစ်စုံတစ်ယောက်ကို တွေ့ခဲ့သည်။  ချန်မိသားစုတွင် အဆက်အသွယ်များစွာရှိသည်။ အချိန်တိုအတွင်းမှာ သူတို့ကိုအသုံးချပြီး လွန်ခဲ့သောအနှစ် ၂၀ က ရှန်းယွင်ရှိခဲ့တဲ့နေရာကို သူမဆုပ်ကိုင်မိလိုက်သည်။

 

 

ချန် မိသားစုမှ ထွက်ခွာပြီးနောက် သူမက ကွာရှင်းပြတ်စဲခြင်းနဲ့ သူမရဲ့အချစ်စစ်ကိုပြန်ရခဲ့သည်။ ဒါပေမယ့်လည်း အဲ့လူက ကလေးတစ်ယောက်ရထားပြီးသားမို့ သူတို့က ကလေးကို အတူတူပြုစုပျိုးထောင်ပေးခဲ့ကြသည်။

 

 

သူမရဲ့ အချစ်စစ် သေဆုံးသွားပြီးနောက် ရှန်းယွင်နဲ့ ကလေးတွေက ကြီးမားတဲ့အမွေတစ်ခု၏ အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးက သူ့နှလုံးသားရဲ့အောက်ခြေမှ သူမအား သူ့ရဲ့အမေအဖြစ် အသိအမှတ်မပြုခဲ့ပေ။

 

 

ရုပ်ရှင်စတူဒီယိုတစ်ခုတည်ထောင်ဖို့ ရှန်းယွင်ရဲ့ပိုက်ဆံတွေက အဲ့ဒီအမွေတွေဆီကဆိုတာကို ယဲ့ဆွေသိသည်။

 

 

ရှန်းယွင်ရဲ့ ပိုက်ဆံ၊ ယဲ့ဆွေက အဲ့တာကို မတောင်းခဲ့သလို လိုလည်းမလိုချင်ဘူး။

 

 

 "ချန်ရှု့က အသက် ၃၀ နီးပါးရှိနေပြီ၊ ဒါပေမယ့် သူအခုထိဘာမှမလုပ်ရသေးဘဲနဲ့ ချန် မိသားစုရဲ့စောင့်ရှောက်မှုအောက်မှာရှိနေသေးတယ်လို့ရှန်းယွင်က ပြောလိုက်သည်။ "ယဲ့ဆွေ၊ မင်းက အနာဂတ်မှာ မိသားစုကိုထောက်ပံ့ပေးမယ့်သူဖြစ်ရင်_"

 

 

သူမရဲ့အစောပိုင်းက ဖျော်ဖြေတင်ဆက်မှုကိုကြည့်ရင်း ယဲ့ဆွေက စိတ်ဆိုးနေပြီ။ ယခု သူမ ထိုစကားများကိုကြားရသောအခါ သူမလုံးဝဒေါသထွက်သွားသည်။  သူမဒီလိုမျိုး ချန်ရှု့ကိုဘာလို့စိတ်ပူနေရတာလဲ?

 

 

သူမက ချန်ရှု့ ကိုမွေးဖွားပေးခဲ့တာမို့ သူမမှာ သူ့ကိုဒီလောက်လွယ်လွယ်ကူကူ ဆုံးဖြတ်ပိုင်ခွင့်ရှိလို့လား?

 

 

 ယဲ့ဆွေရဲ့ ကြားဖြတ်နှောင့်ယှက်မှုကြောင့် ရှန်းယွင်ရဲ့စကားမှာမပြီးဆုံးသေးပေ။

 

 

 "ဘာမှမလုပ်ရသေးဘူးတဲ့လား?" ယဲ့ဆွေက  "ဒါဆို ရှင့်ရဲ့သားက အသုံးမကျတဲ့လူလို့ ရှင်ထင်နေတာလား? " ဆိုတဲ့စကားတွေကို ရှင်းရှင်းလင်းလင်း ထပ်ပြောခဲ့သည်။

 

 

ရှန်းယွင် ရှက်ရွံ့သွားပုံရသော်လည်း သူမကိုမချေပခဲ့ပေ။  သူမ၏စွမ်းဆောင်ရည်ညံ့ဖျင်းမှုနှင့် ကောင်းမွန်သောစရိုက်ကြောင့် ချန် မိသားစု၏အမွေက ချန်ရှု့ အပေါ်ကျရောက်မည် မဟုတ်ကြောင်း သူမရဲ့စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိခဲ့သည်။

 

 

ယဲ့ဆွေရဲ့အသံက ဆီးနှင်းခဲနဲ့နှင်းလိုမျိုး အရိုးခိုက်အောင်အေးစက်နေသည်။   "မဒမ် ရှန်း၊ ချန်ရှု့ အကြောင်းကို ရှင် တကယ်မသိဘူး"

 

 

"လက်ရှိ ချန်ရှု့က အရမ်းထူးချွန်တယ်။ အဲ့တာကြောင့် ချန် မိသားစုက ဘယ်တုန်းကမှဂရုမစိုက်ခဲ့တာ "လို့ ယဲ့ဆွေပြောလိုက်သည်။  "သူက ရှင့်လိုမျိုးတစ်နေ့လုံး သူ့ရဲ့ချမ်းသာမှုကိုပြဖို့လည်း စိတ်မ၀င်စားဘူး"

 

 

ချန်ရှု့က သူ့ရဲ့ရင်းနှီးမြုပ်နှံမှုမှ ငွေများစွာရခဲ့တယ်လို့ သူမကိုပြောပြခဲ့သည်။  ထို့အပြင် ချန်မိသားစုအားလုံးက သူ့ကိုနားလည်မှုလွဲနေပြီလို့ ယဲ့ဆွေခံစားမိသည်။

 

 

 "ရှင်ဘာကိုမှ စိတ်ပူစရာမလိုတော့ဘူးအသက်ပြင်းပြင်းရှုပြီးနောက် ယဲ့ဆွေက ဆက်ပြောခဲ့သည်။ "ချန်ရှု့နဲ့ကျွန်မက ပိုကောင်းတဲ့ဘဝနဲ့ အခုကျွန်မတို့မိသားစုကို အတူတူထောက်ပံ့မှာ"

 

 

ရှန်းယွင် ဘာအတွေးမှ မ၀င်နိုင်အောင် သူမကနောက်ဆုံးစာကြောင်းကို အလေးပေးခဲ့သည်။  "ဒါပေမယ့် ဒါက မဒမ် ရှန်းနဲ့ဘာမှမဆိုင်ဘူး"

 

 

ငွေက ယဲ့ဆွေ အတွက် အလုပ်မလုပ်ကြောင်းသိမြင်လိုက်ရင်း ရှန်းယွင်က သူမရဲ့မိခင်ကဒ်ကို ကစားခဲ့သည်။  "မင်းပြောတာက ဘာပဲဖြစ်ဖြစ်ကိစ္စမရှိဘူး။  ချန်ရှု့က ငါ့ရဲ့သားအရင်း"

 

 

 " ဘာမှမလုပ်ဘဲ ပြီးမြောက်သွားပြီလို့ ရှင်ထင်တဲ့သားတစ်ယောက်နဲ့ ချွေးမတစ်ယောက်က သူမရဲ့အသက်မွေးဝမ်းကြောင်း မှာ မထူးချွန်ဘူးလို့ရှင်ပြောနေတယ် _"-ယဲ့ဆွေက သူမရင်ဘတ်ကို လက်နဲ့အုပ်ပြီး အနောက်ကိုမှီလိုက်သည်။  _"မဒမ်ရှန်းက ဒီလိုမျိုးဆွေမျိုးကို ဘာကြောင့် အသိအမှတ်ပြုသင့်လဲဆိုတာကို ကျွန်မတကယ်နားမလည်ဘူး"

 

 

ရှန်းယွင်ရဲ့မျက်နှာက ပို၍ဖျော့တော့လာပြီး သူမ၏ မာနထောင်လွှားသော အမူအရာမှာ ပျောက်ကွယ်သွားခဲ့သည်။ သူမ မငြင်းဆန်နိုင်သောကြောင့် ထိုနေရာတွင်သာ ထိုင်နေသည်။ ယဲ့ဆွေက သူမရဲ့နှုတ်ခမ်းကို ညင်သာစွာ ဟလိုက်သည်။  "ချန်ရှု့ကို ရှင်စွန့်ပစ်ဖို့ရွေးချယ်ခဲ့ကတည်းက ကျွန်မတို့ရဲ့ဘဝကိုထပ်ပြီးမနှောင့်ယှက်ပါနဲ့တော့ "

 

 

ယဲ့ဆွေရဲ့သဘောထားက ဂရုမစိုက်သော်လည်း ယဉ်ကျေးသည်။ နောက်ဆုံးစာကြောင်းကို ချန်ပြီးနောက်မှာ သူမက မတ်တပ်ရပ်ပြီး ပြန်လှည့်မကြည့်ဘဲ ဧည့်တွေ့ခန်းမှ ထွက်သွားသည်။

 

 

ပြီးခဲ့တဲ့အချိန်က ချန်ရှု့အတွက် ကိတ်မုန့် ၀ယ်ဖို့ ယဲ့ဆွေရဲ့အစီအစဥ်က စိတ်ပျက်စရာကောင်းလောက်အောင် ကျရှုံးသွားခဲ့သည်။ သူကအချိုတွေအများကြီးစားခဲ့ပေမဲ့ သူနှလုံးခုန်မြန်တာကို မခံစားရဘူး။

 

 

ယဲ့ဆွေက သူမ၏အတွေးများကို အခြားသူများအား အသိပေးလိုခြင်းမရှိသောကြောင့် သူမကအွန်လိုင်းပေါ် တက်ပြီး သူတို့ကိုတစ်ပါးသူ ပြန်ချစ်ကြိုက်အောင်  ဘယ်လိုလုပ်ရမလဲဆိုတဲ့ဆောင်းပါးကို ဖတ်ခဲ့သည်။သူခိုးလိုမျိုး သူမက ကုမ္ပဏီကားထဲမှာ ပုန်းနေပြီး အင်တာနက်သုံးစွဲသူတွေပေးတဲ့အကြံဥာဏ်ကို လျှို့ဝှက်စွာကြည့်ခဲ့သည်။

 

 

မတော်တဆတိုင်ဆိုင်စွာနဲ့ သူမ၏အခြေအနေနှင့်တူသော အင်တာနက်သုံးစွဲသူနဲ့ သူမ တွေ့ဆုံခဲ့သည်။  အင်တာနက်သုံးစွဲသူက သူမနဲ့တစ်ချိန်လုံးအတူရှိနေတဲ့သူက သူမကိုဂရုမစိုက်ရင် ဘာလုပ်ရမလဲလို့ လူတိုင်းကိုမေးထားသည်။

 

 

အင်တာနက်သုံးစွဲသူအများစု၏တုန့်ပြန်မှုအရ အမျိုးသားက သူမကိုအမျိုးသမီးတစ်ယောက်လို မဆက်ဆံတဲ့အခြေအနေဆိုရင် သူ့ရှေ့မှာသူမရဲ့ဆွဲဆောင်မှုကို ပြသရန်လိုအပ်ကြောင်းပြောခဲ့ကြသည်။

 

 

သူမပို့စ်ကိုမြင်လိုက်သည်နှင့် ယဲ့ဆွေရဲ့မျက်လုံးများက အရောင်တောက်လာခဲ့သည်။  သူမကအဖြေအားလုံးကိုချက်ချင်းဖတ်ပြီး ကျေနပ်စရာအကောင်းဆုံးတစ်ခုကို ဆုံးဖြတ်လိုက်သည်။

 

 

 ယဲ့ဆွေရဲ့မျက်နှာပေါ်ရှိအပြုံးက ခဏတာမျှစွဲကျန်နေခဲ့သည်။ ရှောင်လျို့က ကားတံခါးအား ရုတ်တရက် ဆွဲလိုက်သောအခါ သူမပျော်ရွှင်နေတဲ့ပုံကိုကြည့်ပြီး လန့်သွားသည်။

 

 

 "ထီပေါက်လို့လား? ဘာလို့အဲ့လောက်ပျော်နေရတာလဲ? "  ရှောင်လျို့က သိချင်စိတ်ပြင်းပြစွာကြည့်လိုက်သည်။

 

 

ယဲ့ဆွေက သူမရဲ့ဖုန်းကိုတိတ်တိတ်လေး အဝေးမှာထားလိုက်ပြီး ပြတင်းပေါက်မှ ခေါင်းကိုထုတ်ကာ "ငါနင့်ကိုမပြောပြဘူး" ဟုကောင်းမွန်တဲ့ စည်းကမ်းရှိသူတစ်ဦးလို ပြောခဲ့သည်။

 

 

 "ငါတို့အိမ်မပြန်ခင် ကုန်တိုက်ကိုသွားကြစို့ယဲ့ဆွေပြုံးလိုက်သည်။ သူမက နောက်ပိုင်းမှာ ကြီးမားတဲ့အရာတစ်ခုကို လုပ်လိမ့်မည်။

 

 

ရှောင်လျို့က သံသယဖြစ်ဖွယ် ဆူညံသံတစ်ခုကိုပြုလုပ်ပြီး ကားကိုလှည့်၍ ကုန်တိုက်သို့မောင်းသွားခဲ့သည်။

 

 

ယဲ့ဆွေက ရှော့ပင်းမောလ်မှ ယောဂဖျာတစ်ခုကို ၀ယ်ခဲ့သည်။  အိမ်ပြန်ရောက်သောအခါ သူမက ချန်ရှု့ရှေ့တွင် သူမရဲ့အမျိုးသမီးဆန်မှုကိုပြရန် အဆင်သင့်ဖြစ်နေပြီး သူမရဲ့ယောဂဝတ်စုံကို ထုတ်လိုက်သည်။ သူမက မူလက မိတ်ကပ်လိမ်းချင်ခဲ့ပေမယ့် ချွေးထွက်ပြီး အားနည်းသွားမှာကို ကြောက်ပြီးလက်လျှော့ခဲ့လိုက်သည်။

 

 

မှန်ရှေ့တွင်ထိုင်နေသော ယဲ့ဆွေက သူမရဲ့ရှည်လျားသောဆံပင်ကို ခေါင်းစည်းကြိုးနဲ့မြင့်မြင့်လေးစီးလိုက်ပြီး အခန်းထဲမှမထွက်ခင် အကြိမ်ကြိမ်စစ်ဆေးခဲ့သည်။

 

 

အိမ်ထဲတွင် ယဲ့ဆွေက တည်နေရာကို ဧည့်ခန်းကိုရွေးချယ်ခဲ့သည်။  ချန်ရှု့ အလုပ်မှပြန်လာသည်နှင့် သူမရဲ့ကိုယ်ဟန်အနေအထားကို သူမြင်လိမ့်မည်။

 

 

ယဲ့ဆွေ စိတ်ကူးယဉ်ခဲ့သည့် မြင်ကွင်းမှာ ချန်ရှု့တစ်နေ့တာအလုပ်မှ ပြန်လာပြီး_ ပင်ပန်းနေပြီဖြစ်ကာ _ ဧည့်ခန်းမှငြိမ့်ညောင်းသော တေးဂီတသံကိုကြားရန် တံခါးကိုတွန်းဖွင့်လိုက်ကာ သူ့ရဲ့စိတ်ကိုတက်ကြွစေခဲ့သည်။

 

 

အခြားတစ်ဖက်တွင်မူ ယဲ့ဆွေက ယောဂကျင့်စဉ်ကို ကောင်းမွန်စွာလုပ်ဆောင်ခဲ့သည်။ သူမ နဖူးထောင့်များက အနည်းငယ်ချွေးများထွက်နေကာ လေ့ကျင့်ခန်းမှ သူမရဲ့မျက်နှာကိုနီမြန်းလာစေသည်။ သူမက ပြုံးပြီး သူမပါးစပ်ကိုဖွင့်လိမ့်မည်။  “ အိမ်ကနေ ကြိုဆိုပါတယ်။

 

 

သူမကိုဒီလိုမျိုးမြင်ရင် ချန်ရှု့က သူမအား မတူညီတဲ့နည်းဖြင့် စတင်ပြီး သေချာကြည့်တော့မည်။ သူက သူမကို ပေါင်းသင်းနေထိုင်သူအဖြစ် ဆက်ဆံတော့မှာမဟုတ်ဘူး။ ဒါပေမယ့် ဆွဲဆောင်မှုအမျိုးမျိုးရှိတဲ့ အမျိုးသမီးတစ်ဦးအဖြစ်ဆက်ဆံလိမ့်မည်။

 

 

ယဲ့ဆွေရဲ့ စိတ်ကူးသည် ရိုင်းပျလာပြီး သူမရဲ့မျက်နှာ၌ လွတ်နေတဲ့ အပြုံးတစ်ခုဖြစ်လာခဲ့သည်။ သူမက အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ ချန်ရှု့ အခုအိမ်ပြန်လမ်းမှာရှိရမည်။

 

 

သူမက ချက်ချင်းပင်ယောဂဖျာပေါ်တွင် ပိုစ့်ထုတ်လိုက်သည်။  တံခါးဖွင့်သံကို ကြားလိုက်သောအခါ ယဲ့ဆွေက ပထမကိုယ်ဟန်အနေအထား ယူလိုက်သည်။

 

 

တံခါးပွင့်လာသည်နှင့် ချန်ရှု့က အပြင်ဘက်မှအထဲဝင်လာခဲ့ပြီး ဧည့်ခန်းအလယ်ရှိ ယဲ့ဆွေဆီကို အကြည့်ရောက်သွားခဲ့သည်။ သူမက တင်းကျပ်တဲ့ယောဂဝတ်စုံကိုဝတ်ထားပြီး သူမရဲ့ခန္ဓာကိုယ်ကို ဆန့်ထားကာ သူမရဲ့ကွေးညွှတ်ချက်များကို ထုတ်ဖော်ပြသခဲ့သည်။

 

 

 ဒီလိုအရာမျိုးကို ယဲ့ဆွေ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာဖြစ်သည်။