အပိုင်း ၈၃
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၈၃ - အရက်မူးခြင်း

 

 

 

သရုပ်ဆောင် ပထမဆုံးအပိုင်းက မကြာမီစတင်တော့မည်။  နာမည်ကျော်ရုပ်ရှင်မင်းသား ချန်းယွီက တင်ဆက်သူ ဖြစ်သည်။  မင်းသမီးအသစ် ကျွမ်းကျင့် က အမြဲတမ်းဧည့်သည်ဖြစ်ခဲ့ပြီး မုန်းတီးသူများနှင့်နာမည်ကြီးမင်းသမီး ယဲ့ဆွေက ဤအချိန်၌ အထူးဧည့်သည်ဖြစ်ခဲ့သည်။  ကြည့်ရှုရန်များစွာရှိခဲ့သည်။

 

 

ပရိသတ်များက စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြပြီး အင်တာနက်သုံးစွဲသူများကလည်း သူတို့ရဲ့စခရင်များ ပတ်လည်တွင် စုရုံးနေကြသည်။  အစီအစဉ်မစတင်ခင် သွမ့်မု စခရင်ပေါ်မှာ မှတ်ချက်တွေအများကြီးပေါ်လာခဲ့သည်။

 

 

 “ ချန်းယွီ ရဲ့ တင်ဆက်မှုကိုမျှော်လင့်နေပါတယ်။  သူငါတို့ကို လုံးဝအောက်ဆွဲမချမှာ သေချာတယ်! ”

 

 

 "ကျွမ်းကျင့်နဲ့ ယဲ့ဆွေ တို့က Dior ရဲ့ သံတမန် နေရာကိုရယူဖို့ တိုက်ပွဲဝင်ခဲ့ပြီး အခုသူတို့က ဒီရသစုံရှိုး မှာ အတူတူပါဝင်နေကြတယ်။ ဒီလူနှစ်ယောက်က အဆုံးထိတိုက်ကြမှာလား? "

 

 

 “ အားလုံးနားထောင်ကြပါ။ ယဲ့ဆွေ မျက်နှာပျက်သွားလိမ့်မယ်။ သူမက တက်သစ်စတစ်ဦးကို စိန်ခေါ်ဖို့ကြိုးစားရင်း သူ့ကိုယ်သူလွန်လွန်ကျူးကျူးလုပ်ခဲ့တယ်။ ဘယ်လို မုန်းတီးမှုများလဲ! "

 

 

ချန်းယွီက စင်မြင့်ပေါ်သို့တက်သွားပြီး ပြုံးလိုက်ကာ အားလုံးပဲ မင်္ဂလာညချမ်းလေးပါခင်ဗျာ။ ဒါကပထမဆုံးအကြိမ် ကျွန်တော် တင်ဆက်သူအနေနဲ့  ........ "

 

 

ချန်းယွီ ပါးစပ်ကိုဖွင့်လိုက်သည်နှင့် ဖန်များကဝိုးအိုင်ဒေါက အရမ်းချောတာပဲ "လို့ မနေနိုင်ဘဲ အော်ဟစ်နေကြသည်။

 

 

သူ့ရဲ့အဖွင့် အမှာစကားပြောကြားပြီးနောက် သူက သူတို့လရဲ့အထူးဧည့်သည့်တော်အနေနဲ့ ယဲ့ဆွေကို မိတ်မဆက်ပေးခင် သူတို့ရဲ့ အမြဲတမ်းဧည့်သည်များကို မိတ်ဆက်ပေးခဲ့သည်။  နောက်ဆုံးတော့ သူကဒီညရဲ့ဖြစ်စဉ်ကို ကြေညာလိုက်သည်။

 

 

ပထမအဆင့်က ကျွမ်းကျင့်နဲ့ ယဲ့ဆွေ  တို့ကြားကသရုပ်ဆောင်စွမ်းရည်ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ပရိုဂရမ်  အဖွဲ့က သူတို့အတွက် ဇာတ်အိမ်တည်ထားပါတယ်။

 

 

 ယဲ့ဆွေနဲ့ ကျွမ်းကျင့်တို့က ချန်းယွီဆက်ပြောနေတာကို အာရုံစိုက်ခဲ့ကြသည်။ကျွန်တော်က ဖျားနေတဲ့မင်းသားတစ်ယောက်ရဲ့အခန်းမှာ သရုပ်ဆောင်မယ်။ကျွန်တော်က ဘောင်ခတ်ခံရပြီး ဒေါသထွက်နေတယ်။

 

 

"မင်းတို့က မင်းသားရဲ့အစေခံတွေအဖြစ် သရုပ်ဆောင်ပြီး ဆေးယူလာပေးရမယ်။ ကျန်တဲ့အပိုင်းတွေကို မင်းတို့ရဲ့အရည်အချင်းအတိုင်းလုပ်ပါ "

 

 

ယဲ့ဆွေ အေးခဲသွားသည်။  အဲဒါဘဲလားကျွမ်းကျင့် လည်း ထူးဆန်းတယ်လို့ခံစားမိသည်။

 

 

ချန်းယွီ - “ ဒီအဆင့်ရဲ့သော့ချက်က မင်းတို့ကိုယ်တိုင်သရုပ်ဆောင်ရမယ်။  ဇာတ်ကွက်ရဲ့ ဦးတည်ချက်က မင်းတို့ဆုံးဖြတ်ဖို့ပဲ။  မင်းတို့ရဲ့လုပ်ဆောင်ချက်အတိုင်း ကျွန်တော်ကလိုက်လုပ်မှာပါ

 

 

ချန်းယွီက ပရိသတ်ကိုကြည့်လိုက်ပြီး ဟာသတစ်ခုလုပ်လိုက်သည်။ကျွန်တော် အရင်က ဒီလိုဇာတ်ရုပ်မျိုးမလုပ်ခဲ့ဖူးဘူး။ လူတိုင်းက ပိုပြီးသည်းခံနိုင်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

 

 

ချန်းယွီက အရမ်းကျိုးနွံသောကြောင့် ဖန်တွေရဲ့ မှတ်ချက်များက သွမ့်မုစခရင်တစ်ခုလုံး ချက်ချင်းပြည့်နှက်သွားခဲ့သည်။

 

 

ယဲ့ဆွေနဲ့ ကျွမ်းကျင့်တို့ စဉ်းစားရန် မိနစ်အနည်းငယ်သာရသည်။ ဌာနေဧည့်သည်အဖြစ် ကျွမ်းကျင့်က ပထမဦးဆုံးဖျော်ဖြေလိမ့်မည်။ ယဲ့ဆွေက သူမအားပထမအဆင့်တွင် အနိုင်ယူလိုက်လျှင် သူမ၏မျက်နှာက အမှန်တကယ်ဆုံးရှုံးသွားလိမ့်မည်ဟု သူမထင်ခဲ့သည်။

 

 

ထို့ကြောင့်ယခုအကြိမ်တွင် သူမသာအနိုင်ရနိုင်သည်။  ရှုံးနိမ့်ခြင်းက ရွေးချယ်စရာမဟုတ်ဘူး!

 

 

အင်တာနက်သုံးစွဲသူတွေက ဘယ်သူက အနိုင်ရသူ ဖြစ်မလဲဆိုတာကို ခန့်မှန်းနေကြသည်။  ဘာပဲဖြစ်ဖြစ် သူတို့ရဲ့အဖြေတွေက တသမတ်တည်းရှိနေသည်။ ​​ဟုတ်ပါတယ် ကျွမ်းကျင့်ပါပဲ။

 

 

ယဲ့ဆွေက အနည်းငယ်ကြမ်းတမ်းသော မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သည်။ ဒါပေမယ့် သရုပ်ဆောင်စွမ်းရည် ဘယ်လောက်လိုအပ်လဲယခုသူမစဉ်းစားရန်နှင့် သူမရဲ့ခြေထောက်များကို လုပ်ဆောင်ရန်နှင့် သူတို့ရဲ့မကောင်းသောမှတ်ချက်များကို ဆေးကြောရန်လိုအပ်သည်။

 

 

ယဲ့ဆွေက ကျွမ်းကျင့်ရဲ့ အပိုင်းအစတစ်ခုမျှ မကျန်တော့သည့်တိုင် သေချာပေါက် အနိုင်ကျင့်ခံရလိမ့်မည်။

 

 

 ဒီဘက်မှာ ကျွမ်းကျင့် နဲ့ ချန်းယွီ တို့ရဲ့ကစားပွဲကစတင်ခဲ့သည်။

 

 

အလင်းရောင် မှိန်သွားသောအခါ ချန်းယွီက ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။  အလင်းရောင်က ချန်းယွီရဲ့ အရှေ့ဘက်ကိုသာ ထွန်းလင်းတောက်ပစေပြီး အမှောင်ထုကို ဖန်တီးထားသည်။

 

 

ကျွမ်းကျင့်က ဆေးပန်းကန်ကို သယ်လာပြီး ချန်းယွီ  ထံသို့တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။  သူမကကွေးလိုက်ပြီး သူ့ဆီကိုဆေးကို တိုက်ရိုက်ယူလာခဲ့သည်။

 

 

"အရှင် ဆေးသုံးဆောင်လိုက်ပါ "

 

 

ချန်းယွီ ရဲ့အသံက ရေခဲတစ်မျှအေးစက်နေသည်။  သူက ထွက်သွား ဆိုတဲ့စကားနှစ်လုံးကို ဘာအမူအရာမှမပါဘဲ ပြောလိုက်သည်။

 

 

ချန်းယွီက ဖျားနာပြီး စိတ်တိုနေတဲ့ မင်းသားအဖြစ် သရုပ်ဆောင်နေတယ်ဆိုတာကို ကျွမ်းကျင့်သိသည်။  သူမကစိတ်ရှည်ရှည်နဲ့ ပန်းကန်လုံးကို ရှေ့သို့အနည်းငယ်ပို့လိုက်သည်။  “ ဒီဆေးကို ဒီအစေခံကအခုမှ ပြင်ဆင်ထားတာပါ။ အရှင့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်သင့်......."

 

 

သူမစကားပြောတာ မဆုံးခင် ချန်းယွီ ရဲ့မျက်နှာကမဲမှောင်သွားသည်။ သူက သူ့ရဲ့လက်ကိုရွှေ့လိုက်ပြီး သူ့အင်္ကျီလက်ကိုမြှောက်ကာ ဆေးပန်းကန်ကို ရုတ်တရက်ရိုက်ချလိုက်သည်။

 

 

ဘန်း!”  ကြည်လင်သောအသံနှင့်အတူ ပန်းကန်လုံးက ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။

 

 

ထို့နောက် ချန်းယွီရဲ့ အေးစက်သောအသံက ထွက်လာခဲ့သည်။ ထွက်သွား!”

 

 

ကျွမ်းကျင့် ကြောက်လန့်သွားသည်။ ချန်းယွီက တစ်ကာ် အာဏာရှင်ဆန်တဲ့ ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်နေသလိုပဲ။ သူမကြမ်းပြင်ပေါ်လဲကျသွားပြီး သူမမျက်လုံးတွေက ကြောက်မက်ဖွယ်ဖြစ်လာခဲ့သည်။

 

 

အဓိကဇာတ်ကောင်က အကြာကြီးသရုပ် မဆောင်နိုင်တော့သောကြောင့် မီးတွေကိုပြန်ဖွင့်လိုက်သည်။ အဲ့ဒါက ပြဇာတ်၏ပြီးဆုံးခြင်းကို ညွှန်ပြနေတာဖြစ်သည်။  ကျွမ်းကျင့်က စင်မြင့်ပေါ်၌ရှိနေသေးသည်ကို မေ့လျော့နေပြီး စိတ်တည်ငြိမ်စွာနဲ့ မတ်တတ်မရပ်မီ ခဏစောင့်ခဲ့ရသည်။

 

 

ချန်းယွီက သူ့ရဲ့သရုပ်ဆောင်နေတဲ့ ဇာတ်ကောင်နေရာမှ အလျင်အမြန် ထွက်လိုက်သည်။  သူမတ်တတ်ရပ်လိုက်ပြီး ကျွမ်းကျင့် ကိုတောင်းတောင်းပန်ပန် ကြည့်လိုက်သည်။  သူ့ရဲ့အသံက ပုံမှန်နူးညံ့သိမ်မွေ့မှုဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။  " အခုမင်းကိုကြောက်လန့်သွားစေမိလို့ ကျွန်တော် တောင်းပန်ပါတယ် "

 

 

မှတ်ချက်အပိုင်းကတော့ ရုတ်တရက် ပေါက်ကွဲပြီး လှုပ်ရှားလာသည်။

 

 

 "အိုး မိုင်ငါငိုလုနီးပါးပဲချန်းယွီရဲ့ သရုပ်ဆောင်မှုက အရမ်းကောင်းတယ်! သူကငါ့ အိုင်ဒေါ ဖြစ်ဖို့ထိုက်တန်တယ်! ”

 

 

သနားစရာ ကျွမ်းကျင့်လေး စာကြောင်းနည်းနည်းလေးတောင် မပြောနိုင်ခင် ကြောက်သွားခဲ့ရတယ်။ ချန်းယွီရဲ့သရုပ်ဆောင်မှုကို ရင်ဆိုင်ဖို့က တကယ် ခက်ခဲတယ်။ "

 

 

 "ကျွမ်းကျင့်က ချန်းယွီကြောင့် လုံးလုံးကြေမွသွားခဲ့ရတယ်။ ယဲ့ဆွေကကော? စာတစ်ကြောင်းတည်းပြောဖို့ကို သူမအရမ်းကြောက်သွားမှာလား? ”

 

 

ကျွမ်းကျင့်က စတိတ်စင်ပေါ်၌ကျရှုံးခဲ့သည်။ သူမညံ့ဖျင်းစွာလုပ်ဆောင်ခဲ့မိသည်ကို သူမသိသည်။  မည်သို့ပင်ဆိုစေကာမူ ချန်းယွီရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းမွန်သောကြောင့် သူမ မအောင်မြင်ရင်တောင် သူမ မရှက်ပါ။

 

 

ယဲ့ဆွေက ချန်းယွိီရဲ့ အရှေ့မှာ သရုပ်ဆောင်နိုင်မယ်လို့ သူမ မယုံကြည်ဘူး။ နောက်ဆုံးတော့ သူမရဲ့အတွေ့အကြုံက နည်းလွန်းသည်။ ယဲ့ဆွေက နောက်ပိုင်းမှာ သူ့ကိုယ်သူအရူးလုပ်လိမ့်မည်။  သူမ အဲ့တာကိုစောင့်ကြည့်ဖို့လိုသည်။

 

 

ယဲ့ဆွေက ကျွမ်းကျင့်ရဲ့ အတွေးများကို လုံး၀မသိခဲ့ပေ။ ပရိသတ်ထဲမှာ သူမက ချန်းယွီရဲ့ဇာတ်ကောင်ကို သေသေချာချာ လေ့လာနေခဲ့သည်။

 

 

တစ်ချိန်က ချူချာနေတဲ့မင်းသားက စိတ်ပျက်နေခဲ့သည်။ ယခုအခါမှာတော့ ပျက်စီးသွားပြီ .......

 

 

ချန်းယွီကို တိုက်ရိုက်ရင်ဆိုင်ဖို့ဆိုတာ ပညာပါဖို့မလိုဘူး၊ ဒါကြောင့် သူမ အဲ့တာကို တခြားနည်းနဲ့ လုပ်သင့်သည်။

 

 

ယဲ့ဆွေက စတိတ်စင်ပေါ်တွင် ရပ်လိုက်ပြီး အလင်းရောင်က သူမအပေါ်သို့ ကျလာခဲ့သည်။ သူမရဲ့ရိုးရှင်းပြီး ပုံမှန်မဟုတ်တဲ့ဝတ်စုံက အနည်းငယ်ဟောင်းနွမ်းနေသည်။ သို့သော်လည်းသူမ၏အသားအရေက အပြစ်အနာဆာမရှိဘဲ ဖြူဖွေးနေတဲ့နှင်းလို နူးညံ့နေခဲ့သည်။

 

 

သူမရဲ့အဆုံးစွန်သောအလှကို ဖုံးကွယ်မထားနိုင်သော်လည်း တိတ်ဆိတ်မှုနှင့် မှိန်ပျပျလေထုတို့ကြောင့် စူးရှသောအရာတစ်ခုကို စုဆောင်းခဲ့သည်။

 

 

"ယဲ့ဆွေက ရိုးရိုးရှင်းရှင်းလေးဝတ်ထားရင်တောင် သူမရဲ့အလှက ကျွမ်းကျင့်ကို သတ်နေတုန်းဘဲ"

 

 

 "အလောင်းအစားလုပ်ရအောင်၊ ယဲ့ဆွေက ကျွမ်းကျင့်ထက် စင်မြင့်ပေါ်မှာ ပိုကြာကြာခံမှာလား? ကျွမ်းကျင့် ကို ငါလောင်းတယ်။ နောက်ဆုံးတော့ သူမရဲ့အောင်မြင်မှုက လိမ်တာမဟုတ်ဘူး။

 

 

ကျွမ်းကျင့်က ကြောက်ပေမဲ့ သူအနိုင်ရလိမ့်မယ်ဆိုတာကို ငါလောင်းတယ်။ ယဲ့ဆွေက reality ရှိုး ရဲ့ စတားတစ်ယောက်မဟုတ်သလို သရုပ်ဆောင်စွမ်းရည်လည်း မရှိဘူး။

 

 

 "ယဲ့ဆွေအပေါ် အကောင်းမြင်တဲ့သူ တစ်ယောက်မှမရှိတာကြောင့် ငါသူမကိုလောင်းမယ်။ သူမကပန်းကန်ကို လှန်ပစ်နိုင်တယ်။ "

 

 

အင်တာနက်သုံးစွဲသူတွေရဲ့နှလုံးသားမှာ အနိုင်မရနိုင်တဲ့သူဖြစ်တဲ့ ယဲ့ဆွေက စတိတ်စင်ပေါ်မှာရပ်နေပြီး ဖျော်ဖြေပွဲစတင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

 

 

ချန်းယွီက ဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး သူရဲ့ဇာတ်ကောင်ကို ဝင်ရောက်ခဲ့သည်။ နောက်စက္ကန့်ပိုင်း၌ ပေါက်ကွဲသွားသကဲ့သို့ သူ့မျက်နှာက မှုန်မှိုင်းလာတာကြောင့် အဲ့တာက  ကြောက်စရာကောင်းလှသည်။

 

 

ယဲ့ဆွေက ဆေးပန်းကန်လုံးနဲ့ စားပွဲဆီသို့ လျှောက်လာခဲ့သည်။ သူမဟာ ချန်းယွီကိုမကြည့်ဘဲ ခေါင်းကိုငုံ့ထားပြီး ဆေးပန်းကန်လုံးကို သူ့ဘာသာသူချလိုက်သည်။  ထို့နောက်သူမက လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း စထည့်လိုက်သည်။

 

 

အစမှအဆုံးထိ ယဲ့ဆွေက ချန်းယွီကို မော့မကြည့်ဘဲ သူ့မြင်လို့မရတဲ့သူလိုမျိုး သူမကအမြဲဘေးစောင်းနေလိုက်သည်။

 

 

 သွားလာရင်းမှ ချက်ချင်းဆိုသလို ယဲ့ဆွေက ကြီးစိုးသောရာထူးကို သိမ်းပိုက်ထားပြီး ကျွမ်းကျင့် ကဲ့သို့ နှာခေါင်းဖြင့် ဦးဆောင်မှာမဟုတ်ဘူး။

 

 

ချန်းယွီက ယဲ့ဆွေကိုကြည့်ပြီး သူက ဘာသိဘာသာပဲ ပြောလိုက်သေးသည်။ "ထွက်သွား"

 

 

အဲ့တာက ယခုလိုမဟုတ်တော့ဘဲ ယဲ့ဆွေက သူမခေါင်းကိုမော့ပြီး ချန်းယွီကို တစ်ချက်ကြည့်လိုက်သည်။  သူမက စားပွဲပေါ်မှ ဆေးပန်းကန်လုံးကို ကောက်ယူလိုက်ပြီး သူမရဲ့နှုတ်ခမ်းကို အနည်းငယ်ဖွင့်လိုက်ကာ အဲ့တာကို အနည်းငယ်စောင်းလိုက်သည်။

 

 

"မင်းသားက ဆေးမသောက်တဲ့အတွက် အစေခံက ဒီဆေးတွေကို သွန်ပစ်လိုက်ပါ့မယ်"

 

 

ယဲ့ဆွေက လုံးဝကို ပုံမှန်မဟုတ်တော့ချေ။  ပရိသတ်တွေက သူတို့ရဲ့မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်လိုက်ကြပြီး သူမရဲ့အပြင်ဘက်ကတွေးပုံကို အံ့သြသွားကြသည်။

 

 

ယဲ့ဆွေ ဆေးကိုသွန်ပစ်တော့မည်ကို မြင်သောအခါ ချန်းယွီက ဒေါသထွက်လျက် ပြောလိုက်သည်။ "မင်းသွန်ပစ်ရဲတယ်ပေါ့! "

 

 

ချန်းယွီက ဒေါသတကြီး ဖြစ်နေပုံရသော်လည်း ယဲ့ဆွေမှာ လုံးဝမကြောက်ပေ။  သူမ က ချန်းယွီရဲ့ မျက်လုံးတွေနဲ့ တွေ့ဆုံခဲ့ပြီး ဖြည်းဖြည်းချင်း စကားပြောခဲ့သည်။ "ကျွန်မက သေမင်းစာချုပ်ကို လက်မှတ်ထိုးထတဲ့ အစေခံမိန်းကလေးတစ်ယောက်ပါ၊ ဒါပေမယ့် မင်းသားက နေ့တိုင်းပဲစိတ်ဓာတ်ကျနေတယ်။  ဒါ့အပြင် တော်ဝင်မိသားစုကျဆုံးတော့မယ့်အကြောင်းကို ကျွန်မမြင်နိုင်တယ်၊ နောက်ဆုံးမှာမင်းသားက အသုံးမကျတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ဒီအစေခံက ဘာကိုမှ မကြောက်ရွံတော့ပါဘူး

 

 

ချန်းယွီက မျက်လုံးပြူးပြီး အေးစက်စက်လေသံနဲ့ပြောလိုက်သည်။ "ငါမင်းကိုသတ်ပစ်မှာ မကြောက်ဘူးလား?"

 

 

ယဲ့ဆွေ  - "ကျွန်မ သခင့်ကို လွန်ခဲ့တဲ့ခဏက ဒေါသထွက်ခဲ့ပေမယ့် ဒီကျွန်ရဲ့အသက်ကိုသတ်ဖို့ မဆုံးဖြတ်ခင် ကျွန်မကိုနည်းနည်းပိုပြီး ရိုင်းပျခွင့်ပေးပါ

 

 

ချန်းယွီ စကားမပြောတော့ပေ။ ၎င်းသည် သူမအားသဘောတူခြင်းနှင့်ညီမျှသည်။

 

 

 “ အရှင်က ဘောင်ခတ်ခံရပြီး အရှင့်ရဲ့နှလုံးသားမှာ ဆူးတစ်ချောင်းရှိနေပါတယ်။ ဒါပေမယ့် ဒီချွန်ထက်တဲ့ဆူးကို သခင်တစ်နေ့ကျရင် ဆွဲထုတ်ပစ်နိုင်လိမ့်မယ်  ယဲ့ဆွေရဲ့အေးစက်ပြီး တည်ငြိမ်သောအသံက ထွက်ပေါ်လာခဲ့သည်။

 

 

ထို့နောက် သူမရဲ့လေသံက ပြင်းထန်လာသည်။ရန်သူ့လက်ထဲမှာ အထက်ဆုံးဓားရှိရင်တောင် အဲဒီဓားတုံးသွားတဲ့ နေ့တစ်နေ့ရှိလာလိမ့်မယ်။ ဘယ်လောက်ဘဲ ပြီးပြည့်စုံသော အစီအစဉ်တစ်ခုဖြစ်ပါစေ အမှားအယွင်းမရှိကြောင်း အာမခံဖို့ကခက်ခဲပါတယ်။

 

 

ယဲ့ဆွေက သူမစကားပြောတဲ့အခါမှာ သူမရဲ့ခေါင်းကိုအနည်းငယ် ငုံ့ထားသည်။  မေးစေ့က အလွန်အကျွံအောက်ကို မကျနေသလို အပေါ်ကိုလည်း မမြင့်တက်နေပါ။  ၎င်းက နှိမ့်ချလွန်းခြင်းလည်း မဟုတ်သလို မထီမဲ့မြင်ပြုခြင်းလည်း မဟုတ်ပေ။

 

 

ကွပ်မျက်ခံရမည့်အန္တရာယ်တွင် သူမကဒေါသတကြီး စကားပြောဆိုခဲ့သော်လည်း သူမရဲ့စကားများကို အမြဲလေးစားစွာနဲ့ ပြောဆိုခဲ့သည်။

 

 

ထို့နောက်ယဲ့ဆွေက နိဂုံးချုပ်လိုက်သည်။မင်းသားက သူ့ဒေါသကို ထိန်းချုပ်ပြီး သူ့ရဲ့ပြတ်သားမှုကိုပြသသရွေ့ ဆယ်နှစ်ကျော်ကြာရင်တောင် သိပ်နောက်ကျမှာမဟုတ်ပါဘူး။  ကမ္ဘာကြီးရဲ့အခြေအနေက ရလဒ်မထွက်လာသေးဘူး။ ဘယ်သူအနိုင်လဲ၊ ဘယ်သူရှုံးလဲဆိုတာအားလုံးဟာ အရှင့်ရဲ့ကိုယ်ပိုင်အစွမ်းအစပေါ်မှာ မူတည်ပါတယ်။

 

 

ချန်းယွီက ယဲ့ဆွေကို စိုက်ကြည့်နေခဲ့ပြီး သူ့မျက်လုံးများက အေးစက်ကာ ရက်စက်ကြမ်းကြုတ်မှုမှ ထိတ်လန့်သွားကာ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။

 

 

ချန်းယွီက သူ့လက်ကို ဆန့်ထုတ်ပြီး ပြောလိုက်သည်။ငါ့ကို ဆေးပေး

 

 

 ပြဇာတ်ပြီးဆုံးသောအခါ ချန်းယွီက  "ဒါကကောင်းမွန်တဲ့ဖျော်ဖြေမှုတစ်ခုပဲ " ဟုထောက်ခံကာ ပြုံးလိုက်သည်။

 

 

 ယဲ့ဆွေ - "ကျေးဇူးတင်ပါတယ်"

 

 

 သွမ့်မု စခရင်က ရုတ်တရက်ပေါက်ကွဲသွားသည်။

 

 

 “ ယဲ့ဆွေက နေမကောင်းဖြစ်ပြီး မကျေမနပ်ဖြစ်နေတဲ့ မင်းသားကို ထိန်းကျောင်းတယ်။ ဒါက အံ့မခန်းပဲ။  ဒီလုပ်ဆောင်ချက်က အရမ်းအံ့သြဖွယ်ကောင်းတယ်။  ငါထပ်ကြည့်ချင်သေးတယ်! "

 

 

 "ချန်းယွီက ယဲ့ဆွေကို ချီးကျူးတယ်။ ယဲ့ဆွေက တကယ်ကောင်းပုံရတယ်နော် "

 

 

 "ယဲ့ဆွေက ဗီလိန်မင်းသမီးကိုပဲ သရုပ်ဆောင်နိုင်တယ်။  ထောက်ခံသူ ဘယ်သူမဆိုရှေ့တိုးလိုက်! သူမရဲ့သရုပ်ဆောင်စွမ်းရည်အတွက် သူမကိုအကြိမ်ရာချီမချီးမွမ်းရင် မင်းနောင်တရလိမ့်မယ်

 

 

 ကျွမ်းကျင့်၏ မျက်နှာက ဖျော့တော့သွားသည်။ ယဲ့ဆွေက ဤနည်းလမ်းကို ဖော်ထုတ်နိုင်ခဲ့သည်။ ယဲ့ဆွေ၏ ပထမစာကြောင်းမှတင် သူမရှုံးနေပြီ။

 

 

 ချန်းယွီက တင်ဆက်သူအဖြစ် သူ့အခြေအနေကို ပြန်လည်ရရှိခဲ့ပြီး သူ့မျက်နှာတွင် အပြုံးများနှင့်ပြည့်နေခဲ့သည်။  “ အခုမဲပေးလို့ရပါပြီ။ ကြိုက်တဲ့သူကို မဲပေးပါ

 

 

 မဲတွေက တဖြည်းဖြည်းနည်းလာသည်။ ယဲ့ဆွေက အေးဆေးစွာကြည့်သော်လည်း ကျွမ်းကျင့်က အမှတ်ကိုမကြည့်ဝံ့ချေ။ အချိန်များကုန်ဆုံးသွားပြီး နောက်ဆုံးတွင် ရမှတ်ကိုသတ်မှတ်လိုက်သည်။

 

 

 ယဲ့ဆွေရဲ့ ရမှတ်က ကျွမ်းကျင့်ရဲ့ ရမှတ်ထက် ၃ဆပိုများပြီး အနိုင်ရသွားခဲ့သည်။ 

 

 

 ကျွမ်းကျင့်၏ မျက်နှာက ပို၍ပင်ရုပ်ဆိုးလာသည်။  ချန်းယွီကပြုံးပြီး ပြောခဲ့သည်။"ယဲ့ဆွေ အနိုင်ရသွားတဲ့အတွက်ဂုဏ်ယူပါတယ်ထို့နောက် သူက ကျွမ်းကျင့်ဘက်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ကျွမ်းကျင့်လည်း ကောင်းစွာလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော် ဇာတ်ထဲနစ်ဝင်သွားပြီး  မင်းရဲ့ဆေးခွက် အခုရိုက်ချမိလိုက်တယ်။ ငါမင်းကိုပြုပြင်ပေးပါ့မယ်

 

 

 ဒီစာကြောင်းထွက်လာတာနဲ့တပြိုင်နက် ပရိသတ်တွေကရယ်ကြသည်။ ကျွမ်းကျင့်က ဒေါသထွက်ရန်မသင့်တော်ပေ။

 

 

 ယဲ့ဆွေ၏ ဖျော်ဖြေတင်ဆက်မှုက နှိမ့်ချမှုမရှိ၊ မခံမရပ်နိုင်သော အမျိုးသမီးတစ်ဦးကို လူတိုင်းအားတင်ဆက်ပြသခဲ့သည်။  ဖန်သားပြင်အနှံ့မှာ လူတိုင်းရဲ့ လန်းဆန်းတက်ကြွမှုကိုခံစားရနိုင်သည်။

 

 

 ထို့ပြင် ကျွမ်းကျင့်က ပထမဆုံး ဖျော်ဖြေခဲ့ပြီး သူမ မအောင်မြင်လျှင် ယဲ့ဆွေက ကြီးမားသောဖိအားပေးမှုကိုခံရလိမ့်မည်။ အများပြည်သူ ထင်မြင်ချက်များကလည်း ကျွမ်းကျင့်ကိုသာ လိုလားသည်။ ယဲ့ဆွေ အတွက်ရှုထောင့်တိုင်းက မေးခွန်းထုတ်ခံခဲ့ရသည်။

 

 

 သို့သော်လည်း ယဲ့ဆွေက ဤအချက်များကြောင့် မထိခိုက်ခဲ့ပါ။ သူမသည် ဆန့်ကျင်ဘက်ကို ဦးတည်သွားသည်။ ဒါက အန္တရာယ်ရှိတဲ့လမ်းကြောင်းတစ်ခုဖြစ်ပေမယ့် သူမက စွဲမက်ဖွယ်ကောင်းတဲ့ အလှည့်အပြောင်းအတွက်တိုက်ပွဲဝင်ခဲ့သည်။

 

 

 ယဲ့ဆွေနဲ့ ကျွမ်းကျင့်ရဲ့ ဇာတ်လမ်းတွဲအပြီးတွင် အောက်ပါတို့သည် သူမနှင့်မသက်ဆိုင်သော အမြဲတမ်းဧည့်သည်၏ ကိုယ်ပိုင်အကြောင်းအရာဖြစ်သည်။  ယဲ့ဆွေက သူမ၏မိတ်ကပ်ကို ဖျက်ပြီးနောက် အိမ်ပြန်ရန်အဆင်သင့်ဖြစ်ခဲ့သည်။

 

 

 သူမကမိတ်ကပ်ခန်းထဲမှာ ၀န်ထမ်းခုနစ်ယောက်၊ ရှစ်ယောက်နဲ့မှန်ရှေ့ထိုင်နေသည်။  ဒီအချိန်မှာ ၀န်ထမ်းတစ်ယောက်က နင် ငါ့ကို ဘာကြောင့်ကန်တာလဲ? ” လို့ပြောလာူည်။

 

 

 အခြားလူတစ်ဦးက စိတ်ရှုပ်ထွေးခဲ့သည်။  "ငါမလုပ်ပါဘူး"

 

 

 ထိုလူက စကားထပ်မပြောတော့ပေ။  ခဏအကြာတွင်သူကနင် ဘာလို့ ငါ့လက်ကို လာထိတာလဲ  သူ့လေသံက ဒေါသထွက်နေမှန်းသိသာသည်။

 

 

 အခြားသူတစ်ဦးကလည်း အံ့သြသွားသည်။ "ငါဘာမှမလုပ်ခဲ့ဘူး။ နင် ငါ့ကိုအရှက်မရှိ အပြစ်တင်နေတာလား!"

 

 

 သူတို့နှစ်ဦးကြောင့်ဖြစ်ပေါ်လာသော တုန်လှုပ်မှုသည် မသေးပါ။ ယဲ့ဆွေ လှည့်ကြည့်လိုက်ချိန် လန့်သွားသည်။

 

 

 ၀န်ထမ်းနှစ်ဦး၏ ဘေးတွင်ဆယ်ကျော်သက်တစ်ဦးက ရွှင်လန်းသော အမူအရာဖြင့် ကြည့်နေသည်။

 

 

 ၀န်ထမ်းများသည် တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုးနေကြပြီး တစ်ယောက်ကလိမ်နေသည်ဟုခံစားမိသည်။ ဒီအချိန်မှာ လူငယ်လေးက သူတို့ထဲကတစ်ယောက်ရဲ့ လက်မောင်းကို ထိလိုက်ပြန်သည်။

 

 

 လူတစ်ဦးက နာကျင်မှုကိုခံစားခဲ့ရသော်လည်း တစ်ဖက်လူက မလှုပ်သည်ကို ရှင်းရှင်းလင်းလင်းမြင်ခဲ့သည်။  သူမရဲ့ဆံပင်က အဆုံးထိထောင်နေသည်။ သူမကိုဘယ်သူထိနေတာလဲ?

 

 

 အဲ့ဒီ အခိုက်အတန့်မှာ အသံတစ်သံက အခန်းထဲမှာ ထွက်ပေါ်လာသည်။ "ရှန်ဟိုင်းည၊ ရှန်ဟိုင်းည ... " ၎င်းသည် တိတ်ဆိတ်သောလေနှင့်အတူ ရှင်းလင်းပြတ်သားစွာထိုးဖောက်သွားသည်။

 

 

 ယဲ့ဆွေက အသံ၏ ဦးတည်ချက်ကိုကြည့်လိုက်သည်။  လူငယ်လေးက ရေဒီယိုနားမှာရပ်နေသည်။

 

 

 ၀န်ထမ်းက ထိတ်လန့်တဲ့အကြည့်နဲ့ပြလာသည်။  "ဒီရေဒီယိုက ပြတ်သွားတာမဟုတ်ဘူးလားအဲဒါကိုပြင်လို့တောင် မရခဲ့ဘူး။  အခုဘာလို့လဲ ... ?"

 

 

 အခြားဝန်ထမ်းတစ်ဦးတုန်လှုပ်သွားပြီး ပြောခဲ့သည်။ ဒါကမဖြစ်နိုင်ပါဘူး။ သရဲတွေမရှိနိုင်ဘူး "

 

 

 ဒါပေမယ့်ပြတ်နေတဲ့ရေဒီယိုက လာနေဆဲပဲ။ "ရှန်ဟိုင်းည၊ ရှန်ဟိုင်းည ... "

 

 

 ပြတ်နေသောရေဒီယိုသည် ယခုအခါတရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သီချင်းများကိုဖွင့်ထားသည်။ အဲ့တာက ပိုပိုပြီးပင် တစ်ခန်းလုံးပြည့်သွားခဲ့သည်။

 

 

 လူတိုင်းထိတ်လန့်သွားကြသည်။ သူတို့က အဲဒါကို သရဲလို့ ထင်ပြီး ဘယ်သူကမှ စကားမပြောရဲကြဘူး။ ယဲ့ဆွေက ကြောက်လန့်နေသော်လည်း သူတို့စကားမပြောနိုင်တာကိုမြင်လျှင် သူမက ပိုပြီးအထိတ်တလန့် ဖြစ်တာကို မပြန့်ပွားစေချင်ပါ။

 

 

 ယဲ့ဆွေက ဆုံးဖြတ်ချက်ချလိုက်သည်။ လူငယ်သရဲက လှည့်၍ အခြားတစ်နေရာသို့သွားသောအခါ သူမရေဒီယိုဆီသွားလိုက်ပြီး သူမပိတ်လို့ရမလားဆိုတာသိရဖို့ ခလုတ်ကိုနှိပ်ဖို့ကြိုးစားလိုက်သည်။

 

 

 သူမခလုတ်ကိုနှိပ်လိုက်သည်နှင့် အသံက ပျောက်သွားပြီး သူမရဲ့စိုးရိမ်မှုများကို သက်သာသွားစေသည်။ တစ်ချိန်တည်းမှာပင် လူငယ်သရဲက ယဲ့ဆွေကိုလှည့်ကြည့်လာသည်။

 

 

 ယဲ့ဆွေ ခန္ဓာကိုယ်က တောင့်တင်းလာသည်။ ယခုအချိန်တွင် အဖွားသရဲက ပြင်းထန်သောမုန်တိုင်းတစ်ခုလို ပြေးလာသည်။ သူမက ထိုလူငယ်သရဲကို မြင်သည်နှင့်တပြိုင်နက် သူမက သူ့နားရွက်ကိုဆွဲလိုက်သည်။

 

 

 “ ငါရှိုးပွဲကိုခဏလေး သွားတာ မင်းကထပ်ဆိုးပြန်ပြီ  မင်းငါ့ကိုစိတ်ဆိုးအောင်လုပ်ဖို့ ကြိုးစားနေတာလား? ငါမင်းကို ခြေစွပ်နဲ့အိမ်မှာချည်ထားပစ်လိုက်မယ်"

 

 

 လူငယ်သရဲ - “ …”

 

 

 အဖွားသရဲက လူငယ်သရဲကို ငေးကြည့်နေသည်။  “ ဆရာက မင်းကို အိမ်စာပေးထားတယ်။ ကောင်းမွန်တဲ့သရဲဖြစ်လာဖို့ မင်းကို ဘယ်လိုရေးစပ်ရမယ်ဆိုတာကို သူတောင်းဆိုခဲ့တယ်လေ။ မင်းရေးပြီးပြီလား? ”

 

 

 လူငယ်သရဲ - “...... ဟင့်အင်း

 

 

 “ လက်ကျိုးနေတဲ့ အနီးအနားမှာရှိတဲ့ သရဲက နှစ်စဉ် သရဲကျောင်းမှာ ပထမနေရာရတယ်။ ဒါကသတ်မှတ်ချက်တစ်ခုလား? မင်းလက်တွေဘယ်မှာလဲ? သူတို့ကအလှဆင်ဖို့လား?  "

 

 

 လူငယ်သရဲ - “ … ဟုတ်သလိုလိုပဲ

 

 

 သရဲအိုကြီးက သူမ၏မျှော်လင့်ချက်များကို မပြည့်မီတာကြောင့် သူ့ကိုမုန်းသည်။  “ လက်ကျိုးနေတဲ့ သရဲ အမေက ငါ့ရှေ့မှာနေ့တိုင်းလာပြတယ်။ ဒါပေမယ့် ငါဆန္ဒရှိရင်တောင် ငါနင့်ရဲ့ယုံကြည်ချက်ကို အရင်အတိုင်းချီးမွမ်းလို့မရဘူး

 

 

 အသက်ကြီးကြီးသရဲက လူငယ်သရဲကို အခန်းထဲကဆွဲထုတ်သွားသည်။  “ ငါ့နောက်ကိုလိုက်ခဲ့။  ဒီတစ်ခါမင်းစာမေးပွဲကျရင် ငါမင်းကိုလိမ်းယပေးမယ် "

 

 

 သရဲနှစ်ကောင်၊ အသက်ကြီးကြီးတစ်ကောင်နှင့် အငယ်တကောင်က ဒီလိုမျိုးကျန်ရစ်ခဲ့သည်။

 

 

 ယဲ့ဆွေ သက်ပြင်းချလိုက်သည်။ သူမက သရဲတွေလေ့လာတုန်းကတည်းက သူတို့ရဲ့အဆင့်တွေကို တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်နေလို့မကူညီနိုင်ဘဲ မနေနိုင်ခဲ့ဘူး။  သူမအများကြီး အများကြီး တွေ့ခဲ့ဖူးသည်။

 

 

 ယဲ့ဆွေက သူမ၏မိတ်ကပ်ကို ဖျက်ပြီးနောက် သူမအိမ်ပြန်သွားပြီး ၀န်ထမ်းများက သူမအားတီးတိုးပြောနေသည်ကို သတိမပြုမိခဲ့ပေ။

 

 

 ရေဒီယိုက အစောနက ထူးဆန်းနေသည်။ ဒါပေမယ့် ယဲ့ဆွေက အဲဒါကိုထိလိုက်တာနဲ့ ကြောက်စရာကောင်းတဲ့သီချင်းက ပျောက်သွားသည်။  သူမက လူတိုင်းကိုအထိတ်တလန့်မဖြစ်အောင် ကူညီခဲ့သည်။

 

 

 လူတိုင်းသူတို့ရဲ့စိတ်ထဲမှာ ခန့်မှန်းချက်တစ်ခုရှိခဲ့သည်။  ယဲ့ဆွေနဲ့ ပတ်သက်တဲ့ အရင်ကောလဟာလတွေက အမှန်လားယဲ့ဆွေက သရဲတွေကို ဖယ်ရှားပစ်နိုင်တာလား?

 

 

 ယဲ့ဆွေက ဤလူများ၏ အကြံအစည်များကို သိလျှင်သူမနှလုံးသားထဲ တိတ်တဆိတ်ချေပလိမ့်မည်။  ငါမဟုတ်ဘဲနဲ့ သရဲတွေကိုဖယ်ရှားပေးနိုင်တာက ' ငါ့ခင်ပွန်းပါ'လို့ ဆိုပြီး။

 

 

 ဒါက ချန် မိသားစုရဲ့နောက်ထပ်တွေ့ဆုံမှုတစ်ခုပါ။  ဘိုးဘေးချန်က ချန်ရှု့နဲ့ ယဲ့ဆွေကို ချန်မိသားစုအိမ်ရာကို ခေါ်ရန် အထူးကားတစ်စီးကို စေလွှတ်ခဲ့သည်။

 

 

 ဤတစ်ကြိမ်တွင် ဘိုးဘေးချန်သည် ချန် မိသားစုမှလူများစွာကိုဖိတ်ခဲ့သည်။ ဒါပေမယ့် လူပိုများရင်တောင် ချန်ရှု့က လူအုပ်ရဲ့ထောင့်နားမှာ ဝှက်ထားတုန်းဘဲ။

 

 

 ချန်ရှု့သည် ယေဘုယျအားဖြင့် အခြားလူများနှင့်စကားပြောရန် အစပျိုးလေ့မရှိသော်လည်း ယဲ့ဆွေကလည်း ချန်မိသားစုနှင့် အလွန်အကျွံစကားမပြောပေ။

 

 

 ယဲ့ဆွေက ချန်ရှု့ကို ပါးစပ်ဖွာတဲ့ လူအချို့နှင့်တွေ့မည်ကိုစိုးရိမ်နေသည်။ ထို့ကြောင့် ပါတီပွဲစသည်နှင့် သူမသည် သူ့ကိုချက်ချင်းဆွဲခေါ်ကာ ဒုတိယထပ်ရှိဆိုဖာပေါ်သို့ ထိုင်လိုက်သည်။ "ဒီမှာစောင့်ဦး။ ကျွန်မရှင့်ကို  စားစရာတစ်ခုခုယူပေးမယ်။"

 

 

 ချန်ရှု့က ယခုချိန်မှာ သူမနှစ်သက်သောသူဖြစ်သည်။  အတိုချုပ်အားဖြင့် သူသည် သူမ၏ယောက်ျားဖြစ်သည်။

 

 

 ယဲ့ဆွေက အခြားသူတွေ ချန်ရှု့ကို အနိုင်ကျင့်ခွင့်မပြုခဲ့သလို သူစိတ်မချမ်းသာတာကိုလည်း သူမ မမြင်ချင်ပေ။  သူ့အကြောင်းအရာများရှင်းပြပြီးနောက် သူမချက်ချင်းအောက်ထပ်သို့ ဆင်းခဲ့သည်။

 

 

 ယဲ့ဆွေ၏ စိတ်ထက်သန်သော စိုးရိမ်မှုကြောင့် ချန်ရှု့က  အံ့သွားပြီးရယ်မိလိုက်သည်။ သူ၏ရယ်မောသံသည်လွတ်နေသော စင်္ကြံသို့ကျဆင်းသွားပြီး လရောင်ထဲသို့အရည်ပျော်သွားသည်။

 

 

 သိပ်မကြာပါဘူး။ ယဲ့ဆွေက အပေါ်ထပ်ကို အချိုရည် ခွက်များစွာကို ယူလာသည်။

 

 

 ယဲ့ဆွေက သူမ၏အရက်စွမ်းရည်သည် ကောင်းသည်ဟုမထင်ခဲ့သလို ချန်ရှု့သည်လည်း အရက်သမားတစ် ဦးမဟုတ်ခဲ့ပေ။ ထို့ကြောင့် သူမသည် ဤဝိုင်များစွာကိုဝိုင်များစွာမှ အထူးရွေးချယ်ခဲ့သည်။

 

 

 ယဲ့ဆွေက မကြာခဏ မသောက်သောကြောင့် သူမသောက်ခဲ့သော ဝိုင်ဟုခေါ်သည်မှာ အပြင်းဆုံးအရက်ဖြစ်သည်ကို သူမသိခဲ့ပါ။

 

 

 သာမန်သောက်စရာကဲ့သို့ အဲဒီမှာအရက်ပါဝင်မှုမရှိချေ။  မည်သို့ပင်ဆိုစေ ၎င်းသည်လုံလောက်စွာ အစွမ်းထက်ခဲ့သည်။ သူမခွက်အနည်းငယ်လောက်သောက်ရင်တောင် သူမမူးသွားလိမ့်မည်။

 

 

 ယဲ့ဆွေက ရှင်းရှင်းလင်းလင်းမသိဘဲ ချန်ရှု့ကို "သောက်စရာ" ပေးလိုက်သည်။  "ကျွန်မအောက်ထပ်မှာ အဲ့တာကိုစစ်ကြည့်တော့ အရသာက တော်တော် ကောင်းတယ်"

 

 

 ချန်ရှု့က ယဲ့ဆွေကို ယုံကြည်ပြီး သူမကို မမေးခဲ့ပါ။  သူမကဒီဝိုင်က ပေါ့ပါးလန်းဆန်းတယ်လို့ ပြောတာကြောင့် အဲဒါကပေါ့ပါးလန်းဆန်းစေတယ်လို့ဆိုနိုင်သည်။

 

 

 ထို့ကြောင့် ယဲ့ဆွေက အစွမ်းထက်ဆုံးဝိုင်ကို ချန်ရှု့နှင့်ဝေမျှခဲ့သည်။  သူတို့တည်းခိုတဲ့နေရာက ဒုတိယထပ်ဖြစ်ပြီး လကဲ့သို့တိတ်ဆိတ်နေ၏။ အောက်ထပ်မှအသံများနှင့် ရယ်သံများကို အနည်းငယ်ကြားရသော်လည်းငြိမ်းချမ်းမှုသည် ဤနေရာတွင်စိုးမိုးနေခဲ့သည်။

 

 

 ယဲ့ဆွေက "အဖျော်ယမကာ" တစ်ခွက်သောက်ပြီးနောက် သူမပိုအရသာတွေ့လာသည်။ မည်သို့ပင်ဆိုစေ ၎င်းသည် ဝိုင်မဟုတ်ဟုတွေးလျှင်ပင် သူမ၌ပိုရှိလျှင်အရေးမကြီးပါ။

 

 

 ယဲ့ဆွေက တစ်ခွက်ပြီးတစ်ခွက်သောက်ကာ ချန်ရှု့ကိုလည်း သူမနှင့်အတူသောက်စေသည်။

 

 

ယဲ့ဆွေနဲ့ ချန်ရှု့တို့သည် မှားယွင်းသောအရာတစ်ခုကိုရှာဖွေတွေ့ရှိရန် အားပြင်းသော အရက်ခွက်များစွာကို မသောက်ရသေးပေ။  သူကခွက်ကို ဘေးသို့ချလိုက်ပြီး ယဲ့ဆွေ ကိုကြည့်လိုက်သည်။  "မင်းမူးနေတာလား?"

 

 

 ယဲ့ဆွေက ခေါင်းရှုပ်သွားသည်။ သူမအကြောင်းအရင်းကိုရှာပြီးပြီ။  သူမသည် အထူးသဖြင့် သာမန်အချိုရည်များကိုရှောင်ရှားပြီး အကောင်းဆုံးခဲယဉ်းသောအချိုရည်ကိုရွေးချယ်ခဲ့သည်။

 

 

 ယဲ့ဆွေက ဒီအချိန်မှာ နောင်တရစရာမလိုဘူး။  သူမမျက်လုံးများက ချန်ရှု့ကိုကြည့်လာပြီး "ချန်ရှု့ ရှင် အရက်မူးနေတာလား? " ဟုမေးလိုက်သည်။

 

 

 ချန်ရှု့ ခေါင်းခါလိုက်သည်။  "မဟုတ်ဘူး၊ မင်းကော "

 

 

 ယဲ့ဆွေ အရင် သူမအရက်မူးနေစဉ်က တစ်ခုတည်းသောမြင်ကွင်းကို စဉ်းစားသည်။  အဲဒီအချိန်တုန်းကသူမဟာ သာမန်အချိန်တွေမှာ သူမလုပ်ဝံ့တဲ့အရာတွေကိုအများကြီးလုပ်ခဲ့သည်။  ဒီညသူမ ချန်ရှု့ကိုပြောမယ့်အရာကို သူမကြောက်တာကြောင့် သူ့ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြောလိုက်သည်။

 

 

 "ချန်ရှု့ ကျွန်မထင်တယ် ...... " ယဲ့ဆွေက စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားသည်။  "ကျွန်မမူးသွားနိုင်တယ်"