အပိုင်း ၈၅
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၈၅ - လျှို့ဝှက်ဆန်းကြယ်တဲ့ပန်းချီကား

 

 

 

 

ယဲ့ဆွေ ကိုယ်တိုင်က ပန်းအိုးအတုဖြစ်ကြောင်း အတည်ပြုခဲ့သည်။

 

 

သူမသည် ၎င်းအား ထောက်ခံပြီးသားဖြစ်သောကြောင့် သွမ့်မုစခရင်၌ မည်သူမျှအနှောင့်အယှက်မပေးချေ။ ထို့အပြင် အင်တာနက်သုံးစွဲသူတွေက အဲ့တာက တကယ့်ရှေးဟောင်းပစ္စည်းဟု မထင်ခဲ့ပေ။

 

 

 "ဟားဟားဟား၊ ရုတ်တရက်ကြီး ယဲ့ဆွေက အရမ်းလက်တွေ့ကျတယ်လို့ ငါထင်မိတယ်။ သူမပစ္စည်းအစစ်ကို မတတ်နိုင်ဘူးဆိုတာ သိသာတယ်"

 

 

ဒီပန်းအိုးက တကယ့်အစစ်လိုမျိုးပဲ။  စျေးလည်းသက်သာတာကြောင့် ငါလည်းဆင်တူတစ်လုံးဝယ်ပြီး အိမ်မှာထားချင်တယ်။  ရှေးဟောင်းစျေးကွက်ထဲမှာ ဒီလို ပန်းအိုးတွေ အများကြီးရှိရမယ်။

 

 

 ဒီခေါင်းစဉ်ပြီးဆုံးသွားပြီဟု တွေးကာ ချန်ရှု့သက်ပြင်းချလိုက်သည်။  ဒါပေမယ့် မကြာခင်မှာပဲ မျက်စိကိုဖမ်းစားတဲ့ ကောမန့်တစ်ခုက ထွက်ပေါ်လာခဲ့သည်။

 

 

 “ ဟုတ်ပါတယ်၊ ယဲ့ဆွေရဲ့ပန်းအိုးက ပစ္စည်းအစစ်မဟုတ်ဘူး။  ငါအရင်က ရှေးဟောင်းပစ္စည်းအစစ်ကို မြင်ဖူးတယ်။

 

 

အသုံးပြုသူနာမည် မစ္စ ပြီးပြည့်စုံသူ  ” ရဲ့ကောမန့်က သွမ့်မု စခရင် တွင်ပေါ်လာသည်။  မစ္စ ပြီးပြည့်စုံသူ ဟုခေါ်သောသူက ယဲ့ဆွေရဲ့ မိတ်ကပ်ထုတ်ကုန်များကိုကြည့်ရန် တိုက်ရိုက် live သို့ဝင် join ခဲ့သည်။  ယဲ့ဆွေရဲ့ ကြော်ငြာခြင်းကြောင့် သူမစိတ်၀င်စားသွားပြီး အခြား အင်တာနက်သုံးစွဲသူများကဲ့သို့ ယနေ့ည live stream ကို သူမတက်ရောက်ခဲ့သည်။

 

 

ချန်ရှု့ရဲ့ လက်ကရပ်တန့်သွားခဲ့သည်။ ယဲ့ဆွေက တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ပြီး သူ့ရဲ့ဦးတည်ရာဖက်ကို မကြည့်ခဲ့ပေမဲ့ အပြစ်မကင်းသေးသော ချန်ရှု့က သူမကို မကြည့်ဘဲမနေနိုင်ခဲ့ပေ။

 

 

ယခု အခိုက်အတန့်တွင် ယဲ့ဆွေက သူမရဲ့မေးစေ့ကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး သူမရဲ့မေးခွန်းတွေကို ဘယ်သူမှမမေးကြောင်း သတိပြုမိခဲ့သည်။  သူမက သွမ့်မုစခရင်ကို ကြည့်ပြီး စကားမပြောခဲ့ဘူး။

 

 

မစ္စ ပြီးပြည့်စုံသူအဲဒါကိုဘယ်မှာတွေ့တာလဲ? ”

 

 

 “ မစ္စ ပြီးပြည့်စုံသူကိုအပြစ်မရှာပါဘူး၊ ဒါပေမယ့် ဒီရှေးဟောင်းပစ္စည်းက ၀ယ်ဖို့ အရမ်းစျေးကြီးတယ်။ ပြီးခဲ့တဲ့အချိန်က ငါ့ဦးလေးနဲ့ လေလံပွဲကိုသွားကြည့်တော့ အဲ့ပန်းအိုးကိုရောင်းနေတာ တွေ့လိုက်ရတယ်။

 

 

ဝယ်သူရဲ့ပုံရိပ်ကို ငါမသိဘူး၊ ဒါပေမယ့် အဲ့တာကစျေးကြီးတယ်။ ဒီညီမက ငါတို့ကို ဝေမျှချင်တာဖြစ်နိုင်တယ်။ ငါအဲ့လူနဲ့တွေ့ချင်တယ်

 

 

အချိန်ကြာမြင့်စွာ သွမ့်မု စခရင်ကငြိမ်သွားခဲ့သည်။  ချန်ရှု့က အေးခဲသွားပြီး မလှုပ်မယှက်နဲ့အကြာကြီးနေခဲ့သည်။  ဒီ အင်တာနက်သုံးစွဲသူလည်း လေလံပွဲမှာရှိနေတာကို သူကောင်းကောင်းသိသည်။

 

 

မျှော်လင့်ချက်အားလုံးရဲ့အလယ်၌ မစ္စ ပြီးပြည့်စုံသူက သွမ့်မုစခရင်၌ နောက်ဆုံးတွင် ပြန်လည်ဖြေကြားခဲ့သည်။

 

 

 “ အဲဒီတုန်းကလေလံဆွဲတဲ့သူတွေ အများကြီးရှိတယ်။  စျေးနှုန်းက ကောင်းကင်ကိုမထိခင်အထိ ဆက်လက်တိုက်ပွဲဝင်ခဲ့တာ။  နောက်ဆုံးတော့ အဲဒါက ဟွာရွေ့ ရဲ့ဥက္ကဌက ရသွားခဲ့တယ်

 

 

မစ္စ ပြီးပြည့်စုံသူက လေလံပွဲရဲ့မြင်ကွင်းကို အသေးစိတ်ပြန်လည်ပြောပြခဲ့သည်။

 

 

 “ ဥက္ကဌချန်က ဒီလေလံပွဲမှာအမြင့်ဆုံး လေလံတင်ခဲ့တယ်။  ဒါ့အပြင် သူက သူ့ရဲ့လက်တွေနဲ့ အခြားအရာတွေလည်း ရယူခဲ့တယ်။  သူဘာကြောင့် ဒီလောက်အခိုင်အမာဖြစ်နေလဲဆိုတာ ငါမသိဘူး။ သူကစုဆောင်းတဲ့သူ ဖြစ်ကောင်းဖြစ်နိုင်တယ်။

 

 

'ငါကရှေးဟောင်းပစ္စည်းတွေကို မကြိုက်ပေမယ့် အဲ့တာတွေကို ငါ့ကိုပေးတဲ့သူကဘဲ 'ချန်ရှု့က သူ့နှလုံးသား၌ သုံးမိနစ်ခန့်ငိုကြွေးမြည်တမ်းနေတယ်။

 

 

ဒီတခါတော့ အဲဒါကိုသူကြိုမစဉ်းစားမိတာ သူ့အမှားဘဲ။  သူ့ရဲ့ချမ်းသာမှုက လူတွေကိုဆွဲဆောင်နိုင်တယ်လို့ သူ မထင်ခဲ့ဘူး။ သူက အလွန်မြင့်မြတ်တဲ့သူ မဟုတ်သင့်ပါ၊ သို့မဟုတ်ပါက သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ပြသသွားနိုင်လိမ့်မည်။

 

 

လေလံပွဲအပြီးတွင် နာမည်ကြီးသော လေလံတင်ရောင်းချတဲ့ ပစ္စည်းအစစ်များကို ချန်ရှု့က အိမ်သို့ယူဆောင်လာခဲ့သည်။  ဝမ်ချွမ်းက ထိုရှေးဟောင်းပန်းအိုးများကိုယူရာတွင် ကူညီခဲ့သောကြောင့် ဝမ်ချွမ်းသာလျှင် အမှန်တရားကိုသိသည်။

 

 

ထို့အပြင်ချန်ရှု့ရဲ့ ရုံးခန်းရှိ ပန်းအိုးက အတုဖြစ်သည်ကို မည်သူမျှ သံသယမ၀င်ခဲ့ပါ။  ဒေါ်လာဘီလျံပေါင်းများစွာတန်တဲ့ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်တစ်ယောက်အနေနဲ့ အတုအယောင် ထုတ်ကုန်တစ်ခုက ဘယ်လိုပေါ်လာမှာလဲ?

 

 

တိုက်ရိုက်ထုတ်လွှင့်မှုအပြီးတွင် ချန်ရှု့က ယဲ့ဆွေကို အမှန်အတိုင်းပြောရမလား၊ မပြောရဘူးလားဆိုတာကို တွန့်ဆုတ်နေခဲ့သည်။ ဒီအဖြစ်အပျက်က ရုတ်တရက်ပြင်ဆင်ဖို့ အချိန်မရှိဘဲ ဖြစ်ပျက်သွားခဲ့သည်။

 

 

ယဲ့ဆွေက လက်ဖက်ရည်စားပွဲကို သန့်ရှင်းရေးလုပ်ပြီး သူမရဲ့ကျောနှင့်လည်ပင်းကို ဆန့်လိုက်သည်။  အချိန်ကြာမြင့်စွာ တူညီသောအနေအထားကို ထိန်းသိမ်းပြီးနောက် သူမအနည်းငယ် နာကျင်လာသည်။

 

 

ထောင့်၌ ချန်ရှု့က ယဲ့ဆွေရဲ့မျက်လုံးတွေကို သူ့ရဲ့အမြင်အာရုံတွင်မြင်ရုံသာဖြစ် သွားသည်။ သူမက မတ်တပ်ရပ်လိုက်ပြီး သူ့ဆီကိုရောက်လာခဲ့သည်။

 

 

 “ ရှေးဟောင်းဈေးမှာ ကျွန်မ၀ယ်ခဲ့တဲ့ပန်းအိုးက ဥက္ကဌချန်ဝယ်ခဲ့တဲ့ဟာနဲ့ အတူတူပဲ လို့ ယဲ့ဆွေက သူမပါးစပ်ကိုဖွင့်ဟကာ ပြောခဲ့သည်။

 

 

ချန်ရှု့ရဲ့ အသက်ရှူသံက ရပ်တန့်သွားပြီး သူကအသက်ပြင်းပြင်းရှူရင်း သူမရဲ့စကားများကိုနားထောင်ခဲ့သည်။ 'သူမက ငါ့ကိုပြောနေတာလား? ဒါမှမဟုတ် ငါကိုမေးတာလား?'

 

 

'အမ်း၊ ငါသူမကိုရှင်းပြဖို့ အတတ်နိုင်ဆုံးကြိုးစားသင့်တယ်လို့ ထင်တယ်။'

 

 

ထို့နောက် ချက်ချင်း ယဲ့ဆွေက သူမရဲ့နှုတ်ခမ်းထောင့်ကို ကွေးလိုက်ကာ တောက်ပသောအပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။  "ပြောကြည့်ပါ။ ကျွန်မမှာ ထူးခြားပြောင်မြောက်တဲ့ မျက်စိရှိတယ်လို့ ရှင်ထင်လား? "

 

 

ချန်ရှု့ ကြက်သေသေသွားခဲ့တယ်။ “ ….........”

 

 

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ယဲ့ဆွေရဲ့ မျှော်လင့်ချက်နဲ့ တောက်ပနေသော မျက်လုံးများကိုကြည့်ပြီး "မင်းကအမြော်အမြင်အရှိဆုံးပဲ" ဟုရိုးသားစွာပြောခဲ့သည်။

 

 

*****

 

"ယွဲ့ချုံး ကျို့ယွမ်" ပြီးစီးပြီးနောက် ယဲ့ဆွေက ရသစုံရှိုး များစွာမှ ပထမဆုံး အထူးဧည့်သည် သတိပေးချက်များကို လက်ခံရရှိခဲ့ပြီး အနှောင့်အယှက်မရှိဘဲ "နင်းလင်"ရဲ့ အဖွဲ့သားများဆီ ဝင်joinခဲ့သည်။

 

 

 အရင်တုန်းက ယဲ့ဆွေက ဒါရိုက်တာ ရှီကျောက်ကို နင်းလင်းသရဲနဲ့ ဆက်သွယ်ဖို့ကူညီခဲ့သည်။  ထို့ကြောင့် သူမက ရှီကျောက်ရဲ့ ရုပ်ရှင်တွင် အမျိုးသီးဇာတ်ဆောင်အဖြစ် လူသစ်တစ်ယောက်အနေနဲ့ ပထမဆုံး အနိုင်သူဖြစ်လာသည်။

 

 

ပထမအခန်းတွင် ယဲ့ဆွေက ဝူယုနဲ့သရုပ်ဆောင်ရသည်။ ယဲ့ဆွေ သရုပ်ဆောင်သော နင်းလင်ရဲ့ ဇာတ်ကောင်က ပွဲဦးထွက်သောအခါ သူမရဲ့ရုပ်ရည်ကြောင့် နာမည်ကြီးစတားများ၏ အနိုင်ကျင့်ခြင်းကိုခံခဲ့ရသည်။

 

 

ဝူယုက နာမည်ကြီးကြယ်ပွင့်အဖြစ် သရုပ်ဆောင်ထားသည်။

 

 

ရှီကျောက်က "စမယ် " လို့အော်လိုက်သည်။

 

 

ယဲ့ဆွေက မိတ်ကပ်မှန်ရှေ့တွင်ထိုင်ပြီး သူမရဲ့နားကပ်များကို ချွတ်ရန်အသင့်ဖြစ်နေသည်။ သူမနားကိုလက်ဖြင့်အုပ်လိုက်ပြီး နားကပ်ကိုထိိလိုက်သည်။ လက်ဝတ်ရတနာအစိတ်အပိုင်းက တောက်ပနေသော်လည်း လက်တွေက ပို၍တောက်ပနေခဲ့သည်။

 

 

ဒီအချိန်မှာ ဝူယုက ယဲ့ဆွေရဲ့ နောက်မှာရပ်နေသည်။  သူမဟာ ယဲ့ဆွေရဲ့မျက်နှာကို မှန်ထဲမှာကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းကွေးချလိုက်ပြီး သူမရဲ့နားရွက်မှာရပ်လိုက်သည်။

 

 

နင် ဖျော်ဖြေရေးလောကမှာ နာမည်ကြီးဖို့ဘယ်လောက်ကြာမယ်လို့ထင်လဲတစ်နှစ်လားငါးနှစ်လားလူသစ်တစ်ယောက်အနေနဲ့ အပြင်ထွက်ရပ်တာက အိပ်မက်တစ်ခုပဲ

 

 

ဤအရာက ဇာတ်ညွှန်းရဲ့စာကြောင်းဖြစ်သော်လည်း ဝူယုရဲ့အတွင်းစိတ်ကိုဖော်ပြနေသည်။  ယဲ့ဆွေက လှပပြီးအရင်းအမြစ်ကောင်းရှိသူဖြစ်သည်။ ဘယ်ဆယ်လီမဆို  သူမကို အားကောင်းသော ပြိုင်ဘက်အဖြစ် သတ်မှတ်လိမ့်မည်။

 

 

ထို့ကြောင့် သူမက မသက်မသာခံစားရပြီး ခြိမ်းခြောက်ခဲ့သည်။

 

 

ဝူယုရဲ့သရုပ်ဆောင်မှုက ကောင်းမွန်သည်။ ဒါ့အပြင်သူမက ယဲ့ဆွေကိုအစကတည်းက နှိပ်ကွပ်ချင်ခဲ့တာကြောင့် သူမပါးစပ်ကို ဖွင့်လိုက်သောအခါ သူမရဲ့ဇာတ်ကောင်က လုံးလုံးလျားလျား ပေါ်လွင်သွားခဲ့သည်။

 

 

ယဲ့ဆွေရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်က အရာမထင်ခဲ့ရင် သူမကအံ့သြသွားပြီး တုံ့ပြန်ဖို့မေ့သွားလိမ့်မည်။

 

 

ထို့နောက် ဝူယုက ရယ်စရာကောင်းသော လေသံဖြင့်ပြောခဲ့သည်။ "နင့်မျက်နှာဘယ်လောက်ပဲလှနေပါစေ၊ အဲဒါကိုပြန်ထောက်ဖို့ ကျွမ်းကျင်မှုလိုတယ်။ နင် လူကြိုက်များချင်ရင် နင့် တစ်သက်လုံး ဖြည်းဖြည်းချင်းခံနိုင်ရည်ရှိရလိမ့်မယ်။

 

 

ဝူယုက ဒုတိယစာကြောင်းကို ပြောသောအခါ ယဲ့ဆွေကထိုင်နေကာ သူမက ရပ်နေသည်။ သူမ ခေါင်းငုံ့ထားသော်လည်း သူမကရှုထောင့်အမြင့်မှ ယဲ့ဆွေကို ငုံ့ကြည့်နေဆဲဖြစ်သည်။

 

 

ဒီရှုထောင့်က ယဲ့ဆွေကို အားနည်းသွားစေသည်။ ဝူယုရဲ့ မေးစေ့က အနည်းငယ်ပင့်ထားကာ သူမရဲ့နှလုံးသား၌ ဖုံးကွယ်ထားသော မထီမဲ့မြင်ပြုခြင်းကို ထုတ်ပြနေသည်။

 

 

ယဲ့ဆွေက ဝူယု ရဲ့စွမ်းရည်တွေကို သိသည်။  ထို့ကြောင့်သူမက ဇာတ်ညွှန်းကို ဖတ်သည့်အခါ သူမရဲ့နှလုံးသား၌ အကြိမ်ကြိမ်လေ့ကျင့်ထားခဲ့သည်။  သူမက သူမရဲ့စိတ်ပိုင်းဆိုင်ရာအတွက် ပြင်ဆင်ထားပြီးပြီ။

 

 

သူမက ဝူယုရဲ့မျက်လုံးတွေကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ သူမက သူမရဲ့နားကပ်ကို လက်ဖြင့်ကိုင်လိုက်ပြီး ၎င်းတို့ကိုဖြည်းဖြည်းချင်း ဆက်ချွတ်လိုက်သည်။  ထို့နောက် သူမက နားဆွဲကို စားပွဲပေါ်တွင် ညင်သာစွာတင်လိုက်သည်။

 

 

တစ်ချိန်လုံး သူမမျက်လုံးတွေက ဝူယုကိုကြည့်နေခဲ့သည်။  သူမက ဖြည်းညင်းစွာပြောလိုက်သည်။ "စီနီယာ၊ အဖြေကို တကယ် သိချင်တာလား?"

 

 

ဝူယုက စကားမပြောပေ။

 

 

မည်သို့ပင်ဆိုစေ ယဲ့ဆွေရဲ့အသံက ထွက်လာခဲ့သည်။ရှင်ခုနကပြောသလိုဘဲ၊ ရှင့်ရဲ့မျက်နှာက ဘယ်လောက်ပဲလှနေပါစေ၊ အဲဒါကိုပြန်ထောက်ဖို့ ကျွမ်းကျင်မှုလိုတယ်။ အဲ့တာကို ကျွန်မ ရှင့်ကို ပြန်ပေးလိုက်မယ် "

 

 

 ယဲ့ဆွေက ဒီမှတ်ချက်ရဲ့နောက်ကွယ်မှ အဓိပ္ပါယ်ကို တိုက်ရိုက်ထောက်ပြခြင်းမရှိပေ။  အဓိပ္ပာယ်မှာ ဝူယု ဒီမှာခြောက်နှစ်နီးပါးရှိနေခဲ့စဥ်မှာ ယဲ့ဆွေက သူမရဲ့ပွဲဦးထွက်ကိုသာလုပ်ခဲ့သည်။

 

 

ခြောက်နှစ်ကမကြာပါဘူး။ ဒါပေမယ့် အမျိုးသမီးစတားတစ်ဦးအတွက် ရှင်းလင်းတဲ့မျဉ်းကြောင်းဆွဲဖို့ လုံလောက်သည်။  ဒီအချက်တစ်ခုတည်းနဲ့ ဝူယုက သူမနဲ့ယှဉ်လို့မရနိုင်ပေ။

 

 

အစွမ်းအစများ ထွက်ပေါ်လာသောအခါ ယဲ့ဆွေကို သူမရဲ့အနုပညာအလုပ်စတင်ခဲ့ချိန်က ဒါရိုက်တာက အသိအမှတ်ပြုခဲ့သည်။ ဝူယုက သူမအသက်အရွယ်တွင် သူမက မထင်ရှားသေးတဲ့ ဖျော်ဖြေတင်ဆက်သူတစ်ဦးသာဖြစ်သည်။

 

 

အနာဂတ်မှာ ဘယ်သူက ပိုအစွမ်းထက်လာမလဲဆိုတာကတော့ သဘာဝအတိုင်း ယဲ့ဆွေဘဲ။

 

 

ယဲ့ဆွေက သူမနှုတ်ခမ်းကိုဖိလိုက်သည်။  “ စီနီယာ၊ ဒါက ကျွန်မအဖြေပဲ။  ရှင်ကျေနပ်ရဲ့လား?"

 

 

တိုက်တိုက်ဆိုင်ဆိုင်ပင် ယဲ့ဆွေနဲ့ဝူယုတို့ရဲ့ အတွေ့အကြုံက ပြဇာတ်တွင် ဇာတ်ကောင်တွေရဲ့ နောက်ခံနှင့်မမျှော်လင့်ဘဲ ဆင်တူနေသည်။  စကားတွေကို ယဲ့ဆွေရဲ့ပါးစပ်ကနေ ပေါ့ပေါ့ပါးပါး ပြောနေပေမယ့် အဲ့တာတွေက ဝူယု မျက်နှာကို ပြင်းပြင်းထန်ထန် လာထိသည်။

 

 

ယဲ့ဆွေရဲ့ မျက်နှာက တစ်လျှောက်လုံး ငြိမ်သက်နေပြီး သူမရဲ့သဘောထားက နှိမ့်ချတာလည်း မဟုတ်သလို ကိုယ့်ကိုယ်ကို ယုံကြည်လွန်းနေတာလည်း မဟုတ်ပေ။

 

 

ယဲ့ဆွေက သူမရဲ့စာကြောင်းများကိုပြောသောအခါ သူမရဲ့မျက်လုံးတွေက မှန်ထဲတွင် ဝူယုကို စိုက်ကြည့်နေခဲ့သည်။ ဝူယုက သူမရဲ့လုပ်သက်ကို သုံး၍ လူတွေကို ဖိအားပေးခဲ့သော်လည်း ယဲ့ဆွေ  ရှေ့တွင်သူမကသနားကြင်နာမှုမရှိဘဲ ပြန်လည်ရိုက်နှက်ခံခဲ့ရသည်။

 

 

ဝူယုက စိတ်မရှည်တော့ပေ။ သူမက ဒီဇာတ်လမ်းတွဲကနေ ယဲ့ဆွေကို သူမရဲ့အခြေအနေကို နားလည်စေချင်သည်။

 

 

ယဲ့ဆွေက ဖျော်ဖြေရေးလောကမှာ စတင်ပေါ်ထွက်လာခါစသာ ရှိသေးသောကြောင့် သူမကတမင်တကာ ယဲ့ဆွေကို ထိတ်လန့်အောင်လုပ်ခဲ့သည်။  ဤနည်းအားဖြင့် ယဲ့ဆွေက သူမနဲ့ သရုပ်ဆောင်တဲ့အခါ သူမရဲ့ဖိအားကိုအမြဲ သတိရနေလိမ့်မည်။

 

 

မထင်မှတ်ပဲ ယဲ့ဆွေ ထံမှ မှတ်ချက်အချို့ကြောင့် သူမအရှိန်လျော့သွားပြီး သူမရဲ့စာကြောင်းများကိုမေ့သွားခဲ့သည်။

 

 

ဝူယုက ထိုအကြောင်းကို ထပ်မတွေးဝံ့တော့ပါ။  သူမကချက်ချင်းပဲ သူမရဲ့ခံစားချက်တွေကိုချိန်ညှိပြီး ကျန်တဲ့စာကြောင်းတွေကို အဆုံးသတ်လိုက်သည်။

 

 

 ရှီကျောက် - "ကဒ်!"

 

 

အရှိန်ပျက်သွားခြင်းကြောင့် ဝူယုက သရုပ်ဆောင်နေတာကို ရပ်လိုက်သော်လည်း ယဲ့ဆွေက သူမရဲ့ဇာတ်ကောင်ထဲ၌ နစ်မြုပ်နေဆဲဖြစ်သည်။  သူမပြန်ကောင်းဖို့ နှစ်စက္ကန့်ကြာခဲ့သည်။

 

 

ဒါရိုက်တာရှီရဲ့ လေသံကပြင်းထန်ပြီး ထေ့ငေါ့နေသည်။  "ဝူယု မင်းတကယ် အကောင်းဆုံး ကြိုးစားနေတာလားငါ့ ဇာတ်လမ်းတွဲမှာ နာမည်ကြီးတဲ့ စတားကိုတောင် ထုတ်လို့မရဘူး

 

 

ဒီစကားကိုကြားတော့ ဝူယုက ဒေါသထွက်သွားသည်။  သူမ ဘယ်တုန်းကမှ ဆုမရခဲ့ပေမယ့် အကယ်ဒမီဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သည်။  သူမရဲ့အေးဂျင့်က ဒါရိုက်တာရှီရဲ့ ရုပ်ရှင်၌ သူမရဲ့မျက်နှာကို ပြသဖို့ အခွင့်အရေးနဲ့ ကူညီပေးခဲ့သည်။ ဒါရိုက်တာရှီက အငြိမ်းစားယူခြင်းမှ ပြန်လာသည်ကို ဝူယု သိသည်။ ဒါကြောင့် ဖြတ်တောက်ဖို့အတွက် သူမရဲ့အဆက်အသွယ်ကို သုံးခဲ့သည်။

 

 

အကယ်ဒမီဆုအတွက် အမည်စာရင်းတင်သွင်းခံရသောမင်းသမီးဖြစ်တဲ့ သူမက ယဲ့ဆွေလိုမျိုးတစ်စုံတစ်ယောက်နဲ့ ဘာကြောင့်တွဲလုပ်ရမှာလဲ?

 

 

ယခုအချိန်တွင် ဒါရိုက်တာ ရှီက ဝူယုရဲ့ အရည်အချင်းများနှင့် ပတ်သက်၍ မပြောခဲ့ပါ။ သူကရုပ်ရှင်တွေကို နှစ်ပေါင်းများစွာလုပ်လာခဲ့ပြီးပြီ။ သူမြင်ဖူးတဲ့သရုပ်ဆောင်တွေအားလုံးက ကောက်ပဲသီးနှံသာဖြစ်သည်။  ဝူယုရဲ့သရုပ်ဆောင်စွမ်းရည်က သူ့ စာရင်းထဲ၌ မပါ၀င်ပါ။

 

 

 သူက ဝူယုကို ဇာတ်ညွှန်းနှင့်အတူ ညွှန်ပြလိုက်သည်။  "မင်း၊ ဒီကိုလာခဲ့"

 

 

 ဝူယုက ဒါရိုက်တာ ဘာလုပ်ချင်မှန်း မသိတဲ့အတွက်ကြောင့် သူမက သူ့အမိန့်ကို လိုက်နာခဲ့သည်။ ဒါရိုက်တာရှီက သူမအားစခရင်ကို ကြည့်ဖို့ တောင်းဆိုလိုက်သည်။  ထို့နောက် သူက ကင်မရာမင်းကို သူရိုက်ခဲ့တဲ့ဟာကို ပြန်ပြပေးဖို့ တောင်းဆိုခဲ့သည်။

 

 

ရှီကျောက်က စိတ်ခံစားမှု မပေါ်လွင်ဘူး။  “ မင်းမျက်လုံးကိုဖွင့်ထားပြီး မင်းရဲ့သရုပ်ဆောင်ချက်ကိုကြည့်လိုက်

 

 

ထိုအခန်းကို အပြည့်ပြန်ကြည့်ပြီးနောက် ဝူယုက ကြက်သေသေသွားပြီးတော့ အံ့သြသွားခဲ့သည်။ နောက်ဆုံး သူမရဲ့မျက်နှာပေါ်၌ ရှုပ်ထွေးမှုအရိပ်အယောင်များ ပေါ်လာသည်။

 

 

ဗွီဒီယိုအဆုံးတွင် ဒါရိုက်တာ ရှီ က "မင်းကိုဆူပူကြိမ်းမောင်းတာ ငါအမှားလုပ်ခဲ့တယ်လို့ မင်းထင်လား?" လို့ပြောလိုက်သည်။

 

 

ဝူယုရဲ့မျက်နှာက ဖြူဖျော့သွားပြီး ရှက်ရွံ့သွားခဲ့သည်။  သူမရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းသည်။  သူမက ဒါရိုက်တာရှီရဲ့ ရွေးချယ်မှု မှားယွင်းကြောင်းသက်သေပြဖို့ ယဲ့ဆွေကို နှိပ်စက်ချင်ခဲ့သည်။  သို့သော်လည်း သူမက ယဲ့ဆွေအနေနဲ့ ကြောက်စရာအဆင့်ကို ရောက်နေမယ်လို့ မမျှော်လင့်ခဲ့ပေ။

 

 

အပိုင်းတစ်ခုလုံးကိုကြည့်ပြီးနောက် ဝူယုရဲ့ခံစားချက်က ပို၍ ပြင်းထန်လာသည်။  သူမတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုတွေကို သူမကိုယ်တိုင်မျက်လုံးနဲ့မြင်ခဲ့ပြီး သူတို့နှစ်ယောက်ကြားက ကွာဟချက်ကပိုသိသာလာသည်။

 

 

ဝူယုက ဇာတ်ညွှန်းတွင် မပါ၀င်သော သူမရဲ့အလွှာစွမ်းဆောင်ရည်ကို တမင်တကာပြသခဲ့သည်။ သူမကအဲ့တာဟာ ယဲ့ဆွေအတွက်  သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို ရယူဖို့မဖြစ်နိုင်ဘူးလို့ သူမထင်ခဲ့သည်။

 

 

 သို့သော် ဝူယုရဲ့စွမ်းဆောင်မှုကြောင့် ယဲ့ဆွေရဲ့စိတ်နေစိတ်ထားသည်လည်း ပြုပြင်ပြောင်းလဲခဲ့သည်။ အချိန်တိုင်း သူမက ဝူယုရဲ့စကားပြောဟန်နှင့် တသမတ်တည်းရှိနေခဲ့သည်။

 

 

ကွဲပြားခြားနားသော အပြုအမူများနှင့် လုပ်ရပ်များကြောင့် ယဲ့ဆွေက ကွဲပြားသော စိတ်ခံစားမှုများကို ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့သည်။ သူမရဲ့အခန်းကဏ္ဍက ပရိတ်သတ်နဲ့ ထပ်တူကျစေနိုင်သည်။

 

 

ဝူယု မနာလိုဖြစ်လျှင်ပင် သူမဒါကိုမြင်လိုက်ရတဲ့အချိန် သူမက ယဲ့ဆွေကို တကယ်ရှုံးသွားပြီဆိုတာကို ၀န်ခံဖို့လိုသည်။

 

 

ဝူယုရဲ့သရုပ်ဆောင်စွမ်းရည်က အရည်အချင်းမရှိပေ။၎င်းတို့က ဖျော်ဖြေရေးတွင် နှစ်ပေါင်းများစွာ သရုပ်ဆောင်ခြင်းဖြင့် ဂုဏ်တင်ခြင်းခံခဲ့ရသည်။  ၎င်းသည် ပြဇာတ်မျိုးစုံမှတဆင့်ရရှိသော အတွေ့အကြုံပေါ်တွင် အခြေခံသည်။

 

 

ဤအကျိုးသက်ရောက်မှုကိုရရှိရန် အခြားသရုပ်ဆောင်များက ဘယ်လောက်ကြာအောင်နေခဲ့ရမလဲ? ယဲ့ဆွေအတွက်  ပွဲဦးထွက်ဖို့ နှစ်နှစ်သာကြာခဲ့ပြီး သူမကသူမရဲ့အခန်းကဏ္ဍကို ပြီးပြည့်စုံစွာ စွမ်းဆောင်နိုင်ခဲ့သည်။  သူမရဲ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ တွေးကြည့်ဖို့ခက်သည်။

 

 

ယဲ့ဆွေက "အိမ်ရှေ့စံမင်းသား" နဲ့ ရသစုံရှိုးဖြစ်တဲ့ "သရုပ်ဆောင်" တို့မှ ဖျော်ဖြေတင်ဆက်မှုနဲ့ ချီးမွမ်းခြင်းအချို့ရရှိခဲ့သောကြောင့် ယခုနှစ်တွင်ပေါ်ထွက်လာခဲ့သည်။  ထိုမတိုင်မီက သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို အခြားသူများက ဖွတ်ကျားဆိုတဲ့ စကားတစ်ခွန်းနဲ့ တသမတ်တည်းအကဲဖြတ်ခဲ့တယ်!

 

 

ယခု ယဲ့ဆွေရဲ့ လုပ်ဆောင်ချက်က အစွမ်းထက်မှုအရိပ်အယောင်မရှိဘဲ သန့်ရှင်းပြီး သဘာဝကျသည်။  သူမ ဒီလိုမျိုး အပြောင်းအလဲဖြစ်စေဖို့ ဤကာလအတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ?

 

 

 

********

 

တိုင့်ကျီက အနုပညာပြပွဲအတွက် ယဲ့ဆွေကို လက်မှတ်နှစ်စောင်ပေးခဲ့သည်။  ပြပွဲရှိပန်းချီကားများက သူ့ရဲ့နာမည်ကိုတံဆိပ်ခတ်ထားပြီးဖြစ်သော ပန်းချီဆရာ ဝေ့ကျီ ရဲ့ လက်ရာတွေဖြစ်သည်။ ထို့ကြောင့် ဤပန်းချီကားများသည် ပို၍ပင် အဖိုးတန်ပြီး လက်မှတ်တစ်စောင်ကိုပင် ရှာဖို့ခက်သည်။

 

 

ယဲ့ဆွေလက်မှတ်တွေကို မြင်တဲ့အခါ သူမရဲ့ပထမဆုံးတုံ့ပြန်မှုမှာ ချန်ရှု့နဲ့ သွားဖို့ဖြစ်သည်။

 

 

သူ့အတွက် သူမရဲ့ခံစားချက်များကို ပိုင်းခြားသိမြင်ပြီးနောက် သူမက ချန်ရှု့နဲ့အတူရှိနေဖို့နဲ့ သူမကိုဖြည်းဖြည်းချင်း ကြိုက်လာစေဖို့ အခွင့်အလမ်းကို အမြဲရှာဖွေချင်ခဲ့သည်။

 

 

ချန်ရှု့လည်း အတူတူပဲ အဲ့လိုဖြစ်ချင်တာကို ယဲ့ဆွေ မသိခဲ့ဘူး။ ယဲ့ဆွေက သူ့ကိုအနုပညာပြပွဲကိုဖိတ်တဲ့အခါ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက သူတို့ရဲ့ခံစားချက်တွေကို မွေးမြူဖို့ အခွင့်အလမ်း ဖြစ်နိုင်တာကိုသာ တွေးခဲ့သည်။

 

 

သူတို့နှစ်ယောက်က တစ်ယောက်ရဲ့ခံစားချက်တွေကို မသိခဲ့ဘူး။  သူတို့က တစ်ယောက်ကို တစ်ယောက် စဉ်းစားပြီး ညဘက်မှာ အတူတူထွက်ခဲ့ကြသည်။

 

 

ညကမှောင်စပြုလာပြီဖြစ်သော်လည်း ပြပွဲတွင်လူများစွာက ဆရာကြီးဝေ့ရဲ့ လက်ရာကို ချီးကျူးနေကြသည်။

 

 

ယဲ့ဆွေက ပန်းချီကားများစွာကိုမြင်ပြီး ဆရာကြီးဝေ့ ရဲ့ ထူးချွန်သော ခေါင်းစဥ်ကို အနုပညာလက်ရာတစ်ခုစီက အံ့သြဖွယ်ပုံပြင်တစ်ပုဒ်ကဲ့သို့ လူအများကိုထင်မြင်စေသည်။

 

 

ယဲ့ဆွေတစ်ယောက် ပန်းချီကားတစ်ချပ်ကို ဖြတ်လိုက်သွားတဲ့အခါ သူမရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရူည်။  “ ဒီကလေးမလေးက mask တပ်ထားတယ်။  ပထမအကြည့်တစ်ချက်မှာ သူမကြည့်ကောင်းဘူးဆိုတာ ငါပြောနိုင်တယ်။

 

 

 

ဒီအချိန်မှာ နောက်ထပ်အသံတစ်ခုက ထပ်ထွက်လာူည်။ လေသံက အတော်လေးဆွတ်ပျံ့နေသည်။  "ဖြစ်နိုင်တာက သူမမျက်နှာက ၀က်ခြံတွေနဲ့ဖုံးနေပြီး သူမ mask ကို ချွတ်လိုက်တာက လူများစွာကိုသေစေနိုင်လောက်တယ် "

 

 

 ယဲ့ဆွေ များများနားထောင်လေလေ အနံ့ပိုထွက်လာလေဘဲ။  သူမပတ်ပတ်လည်ကို ကြည့်လိုက်သည်။  သူမမှလွဲ၍ ဘယ်သူမှ နှာခေါင်းစည်းကို ၀တ်ထားခြင်းမရှိတာကြောင့် ထိုလူနှစ်ဦးက သူမအကြောင်းပြောနေကြတာ ဖြစ်နိုင်သည်။

 

 

 ယဲ့ဆွေ ခေါင်းကို လှည့်ကြည့်လိုက်သော်လည်း သူမနောက်မှာဘယ်သူမှမရှိပေ။  သူမ ထူးဆန်းသလို ခံစားလိုက်ရူည်။  အစောက ဘယ်သူပြောနေတာလဲယဲ့ဆွေ ပြန်လှည့်ကြည့်သော်လည်းဘာမှမတွေ့ခဲ့ရချေ။

 

 

 ဒါကအရမ်းကြောက်စရာကောင်းခဲ့သည်။  လူနှစ်ဦး စကားပြောပြီးတာနဲ့ ယဲ့ဆွေလှည့်ကြည့်သော်လည်း သူမဘာမှမမြင်ရပေ။ သူတို့က လေထုထဲသို့သာပျောက်ကွယ်သွားသည်။

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ လှုပ်ရှားမှုများကိုသတိပြုမိပြီး "မင်းဘာကိုရှာနေတာလဲ? " လို့မေးလာသည်။

 

 

 သူမက သူမ မကောင်းကြောင်းပြောနေတဲ့ သူတစ်ဦးကိုရှာဖွေနေတာလို့ မပြောနိုင်ဘူး ဟုတ်တယ်မလားထို့ကြောင့် သူမခေါင်းသာခါလိုက်သည်။  “ ဘာမှမဟုတ်ပါဘူး

 

 

 ထိုစုံတွဲက ရှေ့ဆက်လျှောက်သွားပြီး အခြားပန်းချီကားတစ်ချပ်ကို ကျော်ဖြတ်ခဲ့သည်။ အသံနှစ်ခုက ထပ်ထွက်လာသည်။ကောင်မလေးအနားက လူငယ်လေးကတော်တော်ချောတယ်။ မိန်းကလေးတော်တော်များများက သူ့ကို တစ်လမ်းလုံး ကြည့်နေကြတယ်

 

 

 ယဲ့ဆွေက ချက်ချင်းဘဲ ပြောနေတာ ဘယ်သူလဲဆိုတာကို ကြည့်ဖို့လှည့်လိုက်သည်။ သို့သော်လည်းသူမ၏နောက်တွင် အရိပ်တစ်ခုမျှမရှိချေ။

 

 

 ယဲ့ဆွေ စေ့စေ့ကြည့်လိုက်သည်။ သူမမျက်လုံးက နံရံပေါ်ရှိပုံတူပေါ် ကျဆင်းသွားပြီး ကိန်းဂဏန်းနှစ်ခုကိုသတိပြုမိလိုက်သည်။

 

 

 သူတို့ကပန်းချီကားကို ညင်ညင်သာသာမှီပြီး အဲဒါကိုပေါင်းစည်းဖို့လုပ်နေသည်။  ဤထူးဆန်းသော အမူအရာသည် သာမန်လူများ၏ စိတ်ကူးယဉ်မှုထက်သာလွန်သည်။

 

 

 စကားပြောနေတဲ့သူနှစ်ယောက်က သရဲတွေဖြစ်နေတာကို ယဲ့ဆွေ ရုတ်တရက်သဘောပေါက်လိုက်သည်။

 

 

 သူတို့နှစ်ဦးက စိတ်ညစ်ဖို့ကောင်းပြီး သူတို့အသက်ရှင်သန်နေတုန်းမှာလည်း ပါးစပ်ကညစ်ပတ်သည်။ သရဲဖြစ်နေတာတောင် ညစ်ပတ်တုန်းဘဲ။  

 

 

 သူတို့ရဲ့အားလပ်ချိန်တွေမှာ သူတို့နဲ့ပေါင်းပြီး ဒီပန်းချီကားတွေကို သူတို့ရဲ့အိမ်တွေလိုသဘောထားကြပြီး  ပြပွဲကိုလာကြည့်တဲ့သူတွေကို သူတို့ကမှတ်ချက်ပေးကြသည်။

 

 

 ဆိုးသွမ်းသောသရဲနှစ်ကောင်က ဆရာကြီးရဲ့ ပန်းချီကားများကို အမြဲစွဲလမ်းခဲ့သည်။ လူများစွာက ပြပွဲကိုကြည်ညိုလေးစားစွာဖြင့် လာရောက်ကြည့်ရှုခဲ့ကြသည်။  သူတို့မျက်လုံးတွေက ပန်းချီကားကိုစိုက်ကြည့်ပြီး သူတို့ရဲ့ချီးကျူးသံတွေက ဘယ်တော့မှရပ်တန့်မသွားဘူး။

 

 

 အချိန်ကြာလာသည်နှင့်အမျှ ဆိုးသွမ်းတဲ့သရဲတွေက သူတို့၏အဆင့်အတန်းသည် မြင့်မြတ်လာကြသည်ဟုခံစားခဲ့ရသည်။ သူတို့က မျက်စိကွယ်သွားနိုင်သဖြင့် သူတို့ပြောချင်ရာကို ပြောရန်ကြောက်ရွံ့ခြင်းမရှိပေ။

 

 

 ဤအချိန်တွင်လည်း အတူတူပင်ဖြစ်သည်။ သူတို့နှစ်ယောက်စပြီး စကားပြောဖြစ်ကြသည်။

 

 

 “ လူငယ်လေးက မျက်စိမကောင်းဘူး။ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေ အများကြီးရှိတယ်။  ရုပ်ရည်မချောတဲ့ ကောင်မလေးတစ်ယောက်နဲ့ နေဖို့မလိုပါဘူး

 

 

 “ Mask ပါတဲ့ကောင်မလေးက မျက်လုံးလှတယ်၊ ဒါပေမယ့် ပုံမှန်အနေနဲ့ သူမပိုမကောင်းသင့်ဘူး။  သူ့ကို ဒီကောင်နဲ့ခွဲရအောင် "

 

 

 ယဲ့ဆွေက သူမ မပျော်ကြောင်း ၀န်ခံလိုက်ပြီး သူမနှုတ်ခမ်းကိုစူလိုက်သည်။ သရဲ နှစ်ယောက်က သူမအဆင်ပြေတယ်လို့ ပြောသော်လည်း ချန်ရှု့ကို အခြားသူများအတွက် ပိုသင့်တော်တယ်လို့ပြောချိန်မှာ သူမစိတ်မသက်မသာခံစားလိုက်ရသည်။

 

 

 ယဲ့ဆွေ ခေါင်းညိတ်လိုက်ပြီး သူမခြေလှမ်းများကလည်း နှေးကွေးသွားသည်။ ခဏအကြာမှာ သူမကရပ်တန့်သွားသည်။  ချန်ရှု့က သူမကိုကြည့်ပြီး မေးခဲ့သည်။ "ဘာဖြစ်လို့လဲ? "

 

 

 ယဲ့ဆွေ နှုတ်ဆိတ်နေတာကြောင့် သူသတိကြီးစွာထားခဲ့သည်။  သူမက ချန်ရှု့ကိုကြည့်ပြီး အကြံတစ်ခုရလိုက်သည်။

 

 

 ယဲ့ဆွေက ရုတ်တရက် ခြေဖျားထောက်ပြီး မတ်တပ်ရပ်လိုက်ကာ သူ့ဆီကိုမှီလိုက်သည်။  သူတို့နှစ်ယောက်ကြားအကွာအဝေးက ကျဉ်းမြောင်းလာပြီး သူမခန္ဓာကိုယ်မှရနံ့လေးက မြင့်တက်လာသည်။

 

 

 ချန်ရှု့က ယဲ့ဆွေကိုကြည့်လိုက်သည်။ သူ့မျက်လုံးတွေကမည်းမှောင်ပြီးမသဲကွဲဘူး။

 

 

 ယဲ့ဆွေက ချန်ရှု့ရဲ့နားနှင့်နီးကပ်နေသည်။ သူမ အသံက  မပြင်းထန်ပါ။ နှာခေါင်းစည်းကနေ သူ့နားထဲ ရှင်းလင်းစွာရောက်ရှိခဲ့သည်။  သူမလေသံက အနည်းငယ်စိတ်ပျက်နေသည်။  "ချန်ရှု့ တစ်ယောက်ယောက်က ကျွန်မတို့ကို အနိုင်ကျင့်နေတယ်"

 

 

 ယဲ့ဆွေက နှာခေါင်းစည်းဝတ်ထားပြီး လှပတဲ့ မျက်လုံးတစ်စုံကိုသာပြထားသည်။ ပုံမှန်အားဖြင့် တောက်ပနေတဲ့ သူမမျက်လုံးများက ယခုအခါမှာ စိတ်ဓာတ်ကျနေသည်။  သိသာထင်ရှားတာက သူမမ ပျော်ခဲ့ဘူး။

 

 

 ချန်ရှု့ မျက်မှောင်ကြုတ်လိုက်သည်။ "ဘယ်သူလဲ?"  သူမအခုတလောစိတ်တွေ အနည်းငယ် မတည်ငြိမ်တာက မထူးဆန်းပေ။

 

 

 ယဲ့ဆွေက ချန်ရှု့နောက်က ပန်းချီကားကိုညွှန်ပြလိုက်သည်။  "ရှင့်နောက်က ပန်းချီကားပေါ်က သရဲတွေက ကျွန်မတို့အကြောင်း မကောင်းပြောနေတယ်"

 

 

 ချန်ရှု့ ပါးစပ်ထောင့်သည် အနည်းငယ်နစ်သွားသည်။  "သူတို့ဘာပြောတာလဲ?"

 

 

 "သူတို့က ကျွန်မကရုပ်မချောဘူး၊ ရှင့်အတွက် ကောင်းတဲ့သူမဟုတ်ဘူးလို့ပြောကြတယ်"

 

 

 အေးစက်မှုက ချန်ရှု့မျက်နှာကို တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။  သူစကားမပြောဘဲ သူ့ဆဲလ်ဖုန်းကို ထုတ်လိုက်ကာ မီးကိုဖွင့်လိုက်သည်။

 

 

 ယဲ့ဆွေက ချန်ရှု့ ဘာလုပ်မယ်ဆိုတာ မသေချာတဲ့အတွက် သူမဘေးကနေသာ ကြည့်နေခဲ့သည်။

 

 

 ချန်ရှု့က ရုတ်တရက် "သရဲက ဘယ်မှာလဲ? " လို့မေးလာသည်။

 

 

 ယဲ့ဆွေ လက်ညှိုးနောက်လိုက်ပြီး ချန်ရှု့က ဖုန်းကိုယူကာမီးကို ပန်းချီကားတည့်တည့်သို့ညွှန်ပြလိုက်သည်။

 

 

 ဖုန်းမီးမှ အလင်းရောင်က ကွယ်သွားခဲ့သည်။ ၎င်းသည်ပန်းချီကားကို တောက်ပစေပြီး ပြိုးပြိုးပြက်ပြက်အလင်းရောင်များ ကျန်ရစ်စေသည်။ ဘာကြောင့်လဲဆိုတော့ ချန်ရှု့ရဲ့ ထူးခြားသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် ဒီအလင်းရောင်က သရဲကို သိသိသာသာပျက်စီးစေလိမ့်မည်။

 

 

  ကျီစားတက်တဲ့သရဲတွေက ပထမတော့ ဘာကိုမှလုပ်နိုင်လိမ့်မှာ မဟုတ်ဘူးလို့ ထင်ခဲ့သည်။  ဒါပေမယ့် အဲဒီ့အလင်းရောင်က ပေါ်ထွက်လာတဲ့အခါမှာ သူတို့ကမခံနိုင်ဘဲနဲ့ သူတို့တစ်ကိုယ်လုံးမှာ ဆို့နင့်တဲ့နာကျင်မှုကိုခံစားခဲ့ရသည်။

 

 

 သူတို့ကကြောက်လန့်တကြား အော်ဟစ်လာခဲ့ကြသည်။ခွင့်လွှတ်ပေးပါ၊ မင်းအကြောင်း မကောင်းတာတွေပြောနေတာကို ငါရပ်လိုက်ပါ့မယ်၊ ဝူးးးးးးးးး!”

 

 

 ဒါပေမယ့် ချန်ရှုက သူတို့ရဲ့ငိုကြွေးသံကို မကြားနိုင်ပေ။  သူက ပုံတူပန်းချီ ပေါ်မှာ အလင်းကို ဆက်ထွန်းပြီးအေးစက်စွာပြောခဲ့သည်။သူတစ်ပါးအကြောင်း ပြောနေတာကိုရပ်လိုက်ပါ၊ နားလည်လား? ”

 

 

 သူက ယဲ့ဆွေ မကောင်းကြောင်းကို ဘယ်သူမှပြောတာ မလိုချင်ပေ။ သရဲတွေဆိုရင်တောင် မရဘူး။