အပိုင်း ၈၆
Viewers 10k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၈၆ - လူတွေကိုလိုက်ရှာခြင်း

 

 

 

 

ကျီစယ်တတ်တဲ့သရဲတွေက ပြင်းထန်တဲ့နာကျင်မှုကိုခံစားခဲ့ရပြီး ယဲ့ဆွေ အကြောင်းကို မကောင်းပြောရန်မဝံ့တော့ပါ။ ချန်ရှု့ကို ရှောင်ရှားဖို့ သူတို့က လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြသည်။

 

 

ရှင်သန်ရန် စိတ်အားထက်သန်တဲ့ သူတို့က ချန်ရှု့ဆီမှ အဝေးဆုံး ပုံတူပန်းချီဆီသို့ အပြေးအလွှား သွားကြပြီးချိန်ထိ တုန်ယင်နေဆဲပင်။

 

 

ချန်ရှု့က သူ့ဖုန်းကိုချလိုက်ပြီး ယဲ့ဆွေကို ကြည့်လိုက်သည်။  "သူတို့စကားပြောနေတုန်းလား?"

 

 

ယဲ့ဆွေပြုံးလိုက်သည်။  "သူတို့က စကားမပြောရုံတင်မကဘူး။ ရှင့်ကိုလည်းကြောက်နေကြတယ်။ "  သူတို့ရဲ့စိတ်ထဲမှ ကြောက်ရွံ့ခြင်းပင် ဖြစ်နိုင်သည်။

 

 

ယဲ့ဆွေနဲ့ ချန်ရှု့တို့က ဘေးချင်းယှဉ်ပြီး ဆက်လျှောက်လာခဲ့သည်။ ပန်းချီကားတစ်ချပ်ရဲ့ရှေ့မှာ လူများစွာကို သတိထားမိတဲ့အတွက် သူမကဘာကြောင့် လူတော်တော်များများက အဲ့တာကိုစိတ်ဝင်စားနေခဲ့တာလဲဆိုတာကို သိချင်ခဲ့သည်။

 

 

ဒါပေမယ့် အဲ့ဒီမှာ လူအုပ်စုလိုက်ကြီးရှိနေတာကြောင့် ယဲ့ဆွေက ရှေ့တစ်လှမ်းမတိုးဘဲ အနောက်ကနေရပ်ပြီး ငေးကြည့်နေရုံသာ လုပ်နိုင်သည်။

 

 

ပန်းချီကားရဲ့ ခြုံငုံထားတဲ့လေသံက နောက်ခံ၌ နေရောင်ခြည်နှင့် ပန်းပင်လယ်တို့နှင့်အတူ ပွင့်လန်းနေသည်။

 

 

ဒါပေမယ့် အလယ်က အမျိုးသမီးက ငိုနေတယ်။

 

 

သူမဟာ ပန်းပင်လယ်ထဲမှာရပ်ပြီး အရှေ့ဘက်ကိုကြည့်နေသည်။ လှပသောပန်းများဖြင့် ဝန်းရံထားသော သူမရဲ့မျက်လုံးအောက်၌ ဝမ်းနည်းမှုများ ရှိနေသည်။ ဝမ်းနည်းကြေကွဲသော အမူအရာဖြင့် တောက်ပပြီးလှပသောရှုခင်းနဲ့ ဆန့်ကျင်ဘက် ပုံစံဖြစ်တဲ့ ဒီအရာနှစ်ခုလုံး ပန်းချီကား တစ်ချပ်တည်းတွင် အမှန်တကယ်တည်ရှိသည်။

 

 

ယဲ့ဆွေက ထူးဆန်းစွာ ခံစားလိုက်ရသည်။

 

 

မိန်းကလေးငယ်တစ်ယောက်က ယဲ့ဆွေရှေ့မှာရပ်နေသည်။  သူမက သူမအမေရဲ့အ၀တ်ကိုဆွဲပြီး ဓာတ်ပုံထဲက အမျိုးသမီးကိုညွှန်ပြပြီး “အမေ၊ ဒီအစ်မက ဘာလို့မပျော်ရတာလဲ?” လို့မေးလိုက်သည်။

 

 

 ကောင်မလေးရဲ့အမေက ခေါင်းခါပြလိုက်သည်။ "ဘယ်သူသိနိုင်မှာလဲ? "

 

 

ယဲ့ဆွေက ထိုသို့ခံစားခဲ့ရတာက သူမတစ်ယောက်တည်းမဟုတ်ဘူးလို့ ထင်ခဲ့သည်။

 

 

 အဲဒီအချိန်မှာ ဆွေးနွေးတဲ့အသံက ထွက်လာခဲ့သည်။  လူတစ်ယောက်က ပြောလာသည်။ “ ဒီပန်းချီကားကို ငါလွန်ခဲ့တဲ့ဆယ်နှစ်ကမြင်ခဲ့ဖူးတယ်။ ပြီးတော့ ပန်းချီကားထဲက အဲဒီ့အမျိုးသမီးက အခုလိုမျိုး ဝမ်းနည်းနေတဲ့ပုံမဟုတ်ဘူး အဲ့အချိန်တုန်းက ပြုံးနေတယ်ဆိုတာကို ငါရှင်းရှင်းလင်းလင်း မှတ်မိတယ်။ ”

 

 

ဒါပေမယ့်၊ ငါအမှားလုပ်မိတာဖြစ်နိုင်တယ်။  ယပန်းချီကားထဲက လူတွေက သူတို့ရဲ့အမူအရာတွေကို ဘယ်လိုပြောင်းလဲနိုင်မှာလဲ? အကြောင်းပြချက်မရှိတဲ့အတွက် ပြုံးနေတာကနေ ငိုနေတာကို ပြောင်းဖို့က မဖြစ်နိုင်ဘူး ”

 

 

ယဲ့ဆွေက ချန်ရှု့ ကိုကြည့်လိုက်သည်။  “ ပုံတူပန်းချီက သူ့ဘာသာသူ ဘယ်လိုငိုနိုင်မှာလဲ? ဒါကထူးဆန်းလွန်းတယ် ”

 

 

ချန်ရှု့က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။  “ အချိန်ကအရမ်းကြာနေပြီ။ သူ တကယ် အဲ့တာကို မှားပြီး သတိရတာဖြစ်နိုင်တယ် ”

 

 

အခြားသူတစ်ဦးက အော်ဟစ်လိုက်သည်။ -“ မကြာသေးခင်က ကြားဖူးတာ ဆရာဝေ့ရဲ့အိမ်မီးလောင်တယ်သွားတယ်ဆိုဘဲ။ ပြီးတော့ သူမီးထဲကိုအသည်းအသန် ပြေးဝင်သွားတယ်။ သူ့ကိုကယ်ဆယ်ခဲ့တဲ့အချိန်က သူ့လက်ထဲမှာ ပန်းချီကားတွေ အများကြီးရှိတယ်

 

 

ဆရာဝေ့က ပန်းချီကားတွေကို တကယ်ရူးသွပ်တဲ့ပုံပဲ ”

 

 

ယဲ့ဆွေ နူးညံ့သော ငိုရှိုက်သံကို ရုတ်တရက် ကြားလိုက်တော့ ကြည့်ကာစစ်ဆေးလိုက်သည်။ တစ်ချိန်ချိန်တွင် ပုံတူပန်းချီဘေး၌ အမျိုးသမီးတစ်ဦး ရပ်နေသည်။  သူမက ပန်းချီကားကို တိတ်ဆိတ်စွာကြည့်ပြီး မျက်ရည်ကျနေသည်။

 

 

ဒီလူက ဝေ့ကျီရဲ့ပရိတ်သတ်ဖြစ်နိုင်လား?  ဆရာဝေ့တစ်ခုခုဖြစ်သွားတာကို ကြားရတော့ သူမအရမ်းဝမ်းနည်းသွားတာလား?

 

 

ယဲ့ဆွေရဲ့ စိတ်ကူးစိတ်သန်းက ရိုင်းပျလာသည်။ သူမကပုံထဲက အမျိုးသမီးကိုကြည့်ပြီးတော့ အဲ့ဒီဘေးမှာငိုနေတဲ့ အမျိုးသမီးကို ကြည့်လိုက်သည်။ ဒီလူနှစ်ယောက်က ဘာကြောင့်တူနေတာလဲ?

 

 

သူမက ချန်ရှု့ရဲ့  အင်္ကျီလက်ကို ဆွဲလိုက်ပြီး ပြောလိုက်သည်။ "ရှင်အဲ့ဒါကိုမြင်လား?  အဲဒီ အမျိုသမီးက ပန်းချီကားထဲက အမျိုးသမီး အတိအကျကိုတူတယ်။ ”

 

 

ချန်ရှု့က ကြည့်ရှု့စစ်ဆေးပြီး စိတ်ရှုပ်ထွေးစွာနဲ့ ပြောလိုက်သည်။ “ ဘယ်သူမှမရှိပါဘူး

 

 

ယဲ့ဆွေက အဲ့တာကိုမယုံဘူး။ ဒါကြောင့် သူမက ချန်ရှု့ကို ထပ်ဆွဲလိုက်သည်။ “ သူမက အဲဒီမှာရှင်းရှင်းလင်းလင်းရှိနေတယ်....” သို့သော် သူမရဲ့စကားများက သူမလည်ချောင်းထဲမှာ စွဲကျန်သွားခဲ့သည်။  သူမတစ်ယောက်တည်းသာလျှင် ထိုအမျိုးသမီးကိုမြင်နိုင်ပြီး အခြားသူများက မမြင်နိုင်ပေ။

 

 

ဟုတ်ပါတယ်၊ အဲ့တာက သရဲပါပဲ။

 

 

ယဲ့ဆွေက အလျင်အမြန်လှည့်ကာ ထွက်သွားဖို့အသင့်ဖြစ်နေသည်။  "သွားကြရအောင်"  ပြပွဲတစ်ခုမှာ သူမကသရဲတွေကို တစ်ယောက်ပြီးတစ်ယောက်တွေ့ခဲ့သည်။ ဒါကကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။

 

 

ချန်ရှု့က အဲ့တာကို ခဏစဉ်းစားလိုက်သည်။  သူက သူ့ဖုန်းကို တိတ်တဆိတ် ထုတ်လိုက်ပြီး မီး ဖွင့်လိုက်သည်။  သူ့ရဲ့လှုပ်ရှားမှုများကို ကြည့်ရင်း ယဲ့ဆွေက သူ့လက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။  "ရှင်ဘာလုပ်နေတာလဲ?"

 

 

"သရဲကမင်းကိုအနိုင်ကျင့်နေလား? အဲ့တာကိုမောင်းထုတ်ဖို့ ကိုယ်ကူညီမယ်။ "

 

 

 ယဲ့ဆွေက အလျင်အမြန် ငြင်းလိုက်သည်။  "ကျွန်မကိုဘယ်သူမှ အနိုင်မကျင့်ပါဘူး"

 

 

ချန်ရှု့က သံသယ၀င်နေသည်။  "တကယ်လား?"

 

 

ပုံတူပန်းချီထဲကသရဲက သူဘာလုပ်မလဲဆိုတာသိရင် သူမပိုပြီးတောင် ငိုလိမ့်မည်။

 

 

ပုံတူသရဲ - ငါငိုနေတယ်လေ။ မင်းဘာဖြစ်နေတာလဲ!  ဝါးဝါး!

 

 

ယဲ့ဆွေက ချန်ရှု့ သူမကိုမယုံဘူးဆိုတာကို သတိပြုမိလိုက်သည်။  သူမစိုးရိမ်တကြီးနှင့် ရုတ်တရက်ကြီး သူမရဲ့လက်ကိုမြှောက်ကာ သူမရဲ့လက်ဖဝါးဖြူဖြူလေးကို သူ့နားရွက်နဲ့ ကပ်လိုက်ပြီး သူနဲ့ရင်ဆိုင်လိုက်သည်။

 

 

 ထို့နောက်သူမက ချန်ရှု့ရဲ့ မျက်လုံးတွေကိုကြည့်ပြီး "ဘယ်သူကမှ ကျွန်မကိုအနိုင်မကျင့်ခဲ့ပါဘူးလို့ ကျွန်မကတိပေးတယ် " လို့ကျိန်ပြောလိုက်သည်။

 

 

 

 ချန်ရှု့က အတင်းမပြောတော့ဘူး။

 

 

 ယဲ့ဆွေနဲ့ ချန်ရှု့တို့ ထွက်သွားရန်အကြောင်းရှိသော်လည်း ဆရာကြီးဝေ့ အကြောင်းတစ်ခုခုကို သူတို့ရုတ်တရက် အမှတ်ရသွားသည်။

 

 

 ယခုပန်းချီကားသည် ငယ်စဉ်က ဝေ့ကျီရဲ့ ပန်းချီကားတစ်ချပ်ဟုဆိုကြသည်။ ဝေ့ကျီသည် သူ့ဘ၀တွင်အမျိုးသမီးများအကြောင်းအဖြစ် ဤပန်းချီကားတစ်ချပ်ကိုသာ ရေးဆွဲခဲ့သည်ကို ဖော်ပြရကျိုးနပ်သည်။

 

 

 သတင်းထောက်တစ်ဦးက ဝေ့ကျီ၏နောက်ကွယ်တွင်အဓိပ္ပာယ်ရှိသလားဟုမေးခဲ့သည်။ ဒါပေမယ့် ဆရာကြီးဝေ့ကမဖြေခဲ့ဘူး။ သူသည် အမျိုးသမီး၏အမည်၊ အမှတ်သညာနှင့် အခြားအရာများနှင့် ပတ်သက်၍လည်း တိတ်ဆိတ်နေခဲ့သည်။

 

 

 ထို့ကြောင့် ပန်းချီကား၌ ပါသောအမျိုးသမီးသည် သူနှင့်ရာဇဝင်ရှိမည်ဟု လူတိုင်းက ခန့်မှန်းကြသည်။  သူမက ဝေ့ကျီရဲ့ သူ့နှလုံးသားထဲမှာ မြှုပ်နှံထားတဲ့လျို့ဝှက်ချက်တစ်ခုဖြစ်ခဲ့သည်။

 

 

 သူက သူမကိုမပြောပေမယ့် သူမကိုမမေ့ခဲ့ဘူး။

 

 

 သို့သော် ကောလဟာလများ၏ စစ်မှန်မှုကို အတည်မပြုနိုင်ပါ။  နောက်ဆုံးတော့ သူကဘာမှပြန်မဖြေတဲ့အတွက် ဘယ်သူမှ အမှန်တရားကို မသိခဲ့ဘူး။

 

 

 ဒီပန်းချီကားက နောက်ပိုင်းမှာ ဆရာကြီးဝေ့ရဲ့အကျော်ကြားဆုံးလက်ရာတွေထဲက တစ်ခုဖြစ်လာပြီး အဲဒါကိုမရေမတွက်နိုင်အောင် လူတွေလာပြီးကြည့်ကြသည်။

 

 

 ပြပွဲကြည့်ပြီးသွားချိန်မှာ ယဲ့ဆွေနဲ့ချန်ရှု့တို့က အိမ်သို့ပြန်လာခဲ့ကြသည်။

 

 

 တစ်ချိန်က မအောင်မြင်ခဲ့သော ယဲ့ဆွေက လက်မလျှော့သေးပေ။  ချန်ရှု့က သူမနှင့်အမိုးတစ်ခုတည်းအောက်တွင်နေထိုင်ခဲ့သဖြင့် သူမ၌အခွင့်အရေးများစွာရှိနေသေးသည်။

 

 

 သူမက နည်းဗျူဟာအချို့ကို ရှာဖွေဖို့အွန်လိုင်းကို သွားခဲ့တယ်။  များစွာသောနှိုင်းယှဉ်မှုများအပြီး နောက်ဆုံးတွင် သူမသည် အခြားအစီအစဉ်တစ်ခုကို ဆုံးဖြတ်ခဲ့သည်။ နောက်တစ်နေ့တွင် ယဲ့ဆွေ တစ်ယောက်ကုန်တိုက်သို့ တစ်ယောက်တည်း ထပ်သွားခဲ့သည်။ သူမကောင်တာကို ရောက်တာနဲ့ သူမစျေး၀ယ်လမ်းညွှန်ကိုတောင်းခဲ့သည်။

 

 

 "ဘယ်ရေမွှေးက ရောင်းအားအကောင်းဆုံးလဲ? "

 

 

 ဈေးဝယ်လမ်းညွှန်သည် ယဲ့ဆွေက သူမမျက်နှာကိုမပြဘဲအဝတ်များဖြင့် ထုပ်ထားသည်ကိုမြင်သည်။ မည်သို့ပင်ဆိုစေ သူမက ရောင်းအားကောင်းတဲ့ ရေမွှေးကို သူမအား မိတ်ဆက်ပေးခဲ့သည်။

 

 

 “ ဒီရေမွှေးက ခုတလော ရောင်းအားအကောင်းဆုံးဘဲ  မိန်းကလေးတော်တော်များများက သူတို့ရဲ့ရည်းစားတွေနဲ့ ချိန်းတွေ့တာမှာ ဆွတ်ဖို့ရွေးကြတယ် ”

 

 

 ဈေးဝယ်လမ်းညွှန်က ယဲ့ဆွေ၏ မျက်လုံးများကိုတောက်ပစေခဲ့ပြီး သူမ မဆိုင်းမတွ ရွေးချယ်လိုက်သည်။ သူမက ချန်ရှု့နဲ့ မတွဲရသေးပေမယ့် အနာဂတ်မှာသူမရဲ့ ချိန်းတွေ့ဖို့လေ့ကျင့်မှုက မတားဆီးခဲ့ဘူး။

 

 

 "ကျွန်မအတွက် အဲဒါကိုထုပ်ပေးပါ"  ယဲ့ဆွေက ကောင်းမွန်သောရေမွှေးကို ယူ၍ အိမ်သို့ပြန်လာခဲ့သည်။

 

 

 ဒီတစ်ခါတော့ ယဲ့ဆွေက ယောဂအတွက် စိတ်ပူစရာမလိုတော့ဘူး။ အခုတော့ သူမက မတူညီတဲ့အသွင်အပြင်အတွက်မိတ်ကပ်ကို လိမ်းနိုင်ပြီ။

 

 

 မှန်ရှေ့တွင်ထိုင်နေတဲ့ ယဲ့ဆွေက သူမမျက်လုံးများကိုပါးလွှာစွာကြည့်လိုက်သည်။ သူမ၏ eyeliner ကိုမျက်ခွံ၏ အဆုံးသို့ဆွဲသောအခါ သူမ၏လက်ကညင်ညင်သာသာ အပေါ်သို့တက်လာသည်။

 

 

 ယဲ့ဆွေက မှန်၌အနည်းငယ် စောင်းငဲ့ကြည့်လိုက်သည်။  သူမမျက်လုံးထောင့်များက အနည်းငယ်မှေးမှိန်သွားပြီးထိုခဏ၌ ပို၍ ဆွဲဆောင်မှုရှိသည်။

 

 

 ယခင်က ယဲ့ဆွေသည် သူမအိမ်မှာရှိနေစဉ် မိတ်ကပ်ဖျက်လိမ့်မည်။ အခုသူမက ချန်ရှု့ ပြန်လာတာ စောင့်နေရင်း ရည်ရွယ်ချက်ရှိရှိ မိတ်ကပ်လိမ်းခြယ်လိုက်သည်။

 

 

 ပြီးသွားပြီးနောက်မှာ ယဲ့ဆွေက ရေမွှေးကိုကောက်ယူလိုက်ပြီး ဆွတ်လိုက်သည်။ မှန်ကိုကြည့်ရင်း ချန်ရှု့က သူမကိုယ်သင်းရနံ့ကို နမ်းမိ.....

 

 

 ယဲ့ဆွေက အတွေးထဲတွင် ပျောက်ကွယ်သွားသော်လည်း သူမလှုပ်ရှားမှုများမှာ ရပ်တန့်မသွားချေ။  မှန်၌ထင်ဟပ်နေသော သူမမျက်နှာက ပြုံးနေဆဲဖြစ်သည်။  မသိစိတ်အရ သူမကအလွန်အကျွံကို ရေမွှေးဖြန်းမိလိုက်သည်။ ထို့နောက် သူမ မျက်နှာပေါ်ကအပြုံးက အေးခဲသွားသည်။  သူမက ချန်ရှု့ နှာခေါင်းကိုနှိပ်စက်ဖို့ မဟုတ်ဘဲ ရေမွှေးဆွတ်ထားသလိုပင်။

 

 

 ဖြတ်လျှောက်သွားသော အမျိုးသမီးတစ်ဦး၏ သင်းရနံ့သည် ဆွဲဆောင်မှုရှိသည်ဟု ယူဆကြသည်။  သို့သော် ၎င်းသည် ရွေ့လျားနေသော ရေမွှေးပုလင်း (သို့) အခြားမွှေးရနံ့တစ်မျိုးဖြစ်လျှင် ချန်ရှု့ကြောက်လန့်သွားနိုင်သည်။

 

 

 ယဲ့ဆွေက ရေမွှေးပုလင်းကို စားပွဲပေါ်ချက်ချင်းပစ်ချလိုက်ပြီး အလင်းရောင်အရှိန်နှင့် ရေချိုးခန်းထဲ အမြန်ပြေးဝင်ကာ ရေချိုးတော့သည်။ သူမက ထပ်ခါထပ်ခါသန့်ရှင်းတယ်၊ ဒါပေမယ့် ရေမွှေးက အရမ်းပြင်းတာကြောင့် သူမအသက်ရှူကျပ်လုမတတ်ဖြစ်သွားခဲ့သည်။

 

 

 သူမက သူမခန္ဓာကိုယ်ကို အလွန်အကြူးပွတ်တိုက်လိုက်ပြီး ရေမွှေးတွေကို ဆေးဖို့ကြိုးစားနေချိန်မှာ ချန်ရှု့က ဓာတ်လှေကားပေါ်ကဆင်းပြီး တံခါးအပြင်ဘက်ကိုရောက်လာခဲ့သည်။

 

 

 ချန်ရှု့ တံခါးကိုဖွင့်လိုက်ချိန်မှာ အခန်းကမှောင်မိုက်လာသည်။  ယဲ့ဆွေ အိမ်မပြန်သေးဘူးလား? သူမအိမ်မှမထွက်ခင်မနက်၌ သူမပြောသောစကားကို ချန်ရှု့ကမှတ်မိသည်။

 

 

 ချန်ရှု့ အောက်ကိုငုံ့ကြည့်လိုက်သည်။ ယဲ့ဆွေက ဖိနပ်များကို ဘေးတိုက်သပ်ရပ်စွာချထားသည်။  သူမအိမ်မှာရှိပုံရတယ်။

 

 

 သူပြန်လာတဲ့အခါမှာ ယဲ့ဆွေက သူ့ကိုနှုတ်ဆက်လေ့ရှိသည်။  အခုဘာကိစ္စရှိလို့လဲ?  ချန်ရှု့က မကူညီနိုင်ဘဲမျက်မှောင်ကြုတ်လိုက်မိသည်။  သူမဖျားနေတာလား?

 

 

 ဒါကိုတွေးပြီး ချန်ရှု့က ယဲ့ဆွေရဲ့အခန်းဆီကို လျှောက်သွားလိုက်သည်။  သူ့မျက်လုံးများက သူမအိမ်တွင်နေမကောင်းဖြစ်မည်ကို ကြောက်ရွံ့ခြင်းနှင့်ပြည့်နှက်နေသည်။

 

 

 ယဲ့ဆွေ တံခါးက တစ်ဝက်ပိတ်ထားသည်။ အတွင်းမှအလင်းရောင် ဟထားတဲ့တံခါးမှဖြတ်ပြီး အရိပ်ကျနေသည်။

 

 

 ချန်ရှု့က တံခါးကိုတိုက်ရိုက်မဖွင့်ဘဲ ပထမဆုံးသုံးကြိမ်ခေါက်လိုက်သည်။ တုံ့ပြန်မှုမရှိခဲ့ပါ။

 

 

 သူ.မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။  သူကတံခါးကိုတွန်းဖွင့်တော့မယ့်အချိန်မှာ ရုတ်တရက် ဆွဲဖွင့်ခံလိုက်ပြီး ယဲ့ဆွေက တံခါးနားမှာပေါ်လာသည်။

 

 

 "ချန်ရှူ့?"

 

 

 ယဲ့ဆွေက စားပွဲပေါ်ကနာရီကို တစ်ချက်ကြည့်လိုက်သည်။  ရှစ်နာရီတောင်ကျော်နေပြီ။ သူမခဏခဏရေချိုးပြီး ချန်ရှု့ အိမ်ပြန်လာတဲ့အချိန်ကို မေ့သွားသည်။

 

 

 သူမတံခါးဖွင့်၍ သူ့ကိုအထဲဝင်ခွင့်ပေးလိုက်သည်။  ယဲ့ဆွေက သူမကိုယ်ပေါ်က ပြင်းထန်တဲ့အနံ့အသက်ကိုဖုံးကွယ်ချင်ပြီး ချန်ရှု့ကိုမသိစေချင်ဘူး။  ဒါကြောင့် သူမက ကျွန်မအဝတ်အစားလဲနေတာ လို့လိမ်ပြောခဲ့သည်။

 

 

 ချန်ရှု့က ယဲ့ဆွေကို လုံးဝသံသယမ၀င်ဘဲ သူမစကားများကို ချက်ချင်း ယုံကြည်လိုက်သည်။

 

 

 ရေချိုးချိန် အလွန်ကြာသောကြောင့် ယဲ့ဆွေရဲ့ အသားကနီရဲပြီး ငိုနေသကဲ့သို့ သူမ၏မျက်လုံးထောင့်များကလည်း အနီရောင်ဖြစ်နေသည်။

 

 

 ချန်ရှု့က ယဲ့ဆွေကို စက္ကန့်အနည်းငယ်ကြည့်လိုက်ပြီးရုတ်တရက် မေးလာသည်။  "မင်းမှာအဖျားရှိနေတာလား? "

 

 

သူမရဲ့နီမြန်းနေတဲ့မျက်နှာ၊ နောက်ကျမှ တံခါးဖွင့်ခြင်းနှင့် အချက်အလက်မျိုးစုံက ပြီးပြည့်စုံသောဇာတ်လမ်းတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။ ယဲ့ဆွေမှာအဖျားရှိတယ် ဒါကြောင့် သူမအနားယူဖို့ အိပ်ရာပေါ်မှာလှဲနေတာ။ တံခါးခေါက်သံကိုကြားလိုက်ရတဲ့အခါ သူမရုန်းထွက်ပြီး သူ့အတွက် တံခါးဖွင့်ပေးခဲ့တာ။

 

 

ယဲ့ဆွေက စိတ်ရှုပ်ထွေးနေသည့် အမူအရာကို ဖြစ်သွားသည်။  "ကျွန်မနေကောင်းပါတယ်"

 

 

ချန်ရှု့လည်း ထပ်တူထိတ်လန့်သွားသည်။  "မင်းအဆင်ပြေရဲ့လား?"

 

 

သတင်းအချက်အလက် မညီမျှသော လူနှစ်ဦးက တူညီသောချန်နယ်တစ်ခုသို့ ဝင်ရန် ပျက်ကွက်ခဲ့သည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ တစ်ဖက်သတ်စကားများကို မယုံဘဲသူမရဲ့ ခန္ဓာကိုယ်ကို ဂရုမစိုက်ဘူးလို့သာ တွေးလိုက်သည်။ ရလဒ်အနေနဲ့ သူကသက်သေနဲ့ အခိုင်အမာပြောခဲ့သည်။  "အရင်ဆုံး မင်းရဲ့အပူချိန်ကိုတိုင်းလိုက် "

 

 

ယဲ့ဆွေက သူမရဲ့နီမြန်းနေတဲ့မျက်နှာကို တို့ထိလိုက်ပြီး အကြောင်းရင်းကို ခန့်မှန်းလိုက်မိသည်။  ဒါပေမယ့်အမှန်တရားကို ဖုံးကွယ်ဖို့အတွက် သူမကရိုကျိုးစွာနဲ့ သာမိုမီတာကိုင်ပြီး သူမရဲ့ပါးစပ်ထဲထည့်လိုက်သည်။

 

 

ချန်ရှု့က ဆိုဖာပေါ်တွင်ထိုင်ကာ ရလဒ်ကိုစောင့်နေသည်။ သူ့ခန္ဓာကိုယ်ကို အနည်းငယ်သက်တောင့်သက်သာဖြစ်အောင်လုပ်ရင်း ရနံပြင်းတဲ့ ပန်းနံ့ကိုသူရလိုက်သည်။  မွှေးရနံ့က အတော်ပင်ကြည်နူးစရာကောင်းသော်လည်း ရနံ့ပြင်းလွန်းသည်။

 

 

ဒီမှာရှိတဲ့ပန်းရဲ့အနံ့ကဘာလဲ?

 

 

ချန်ရှု့သံသယနှင့် ခေါင်းကိုလှည့်ပြီး ကြည့်လိုက်သောအခါ ယဲ့ဆွေက တစ်ခုခုမှားနေပြီလို့ ခံစားမိနေပြီ။

 

 

တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးက မိတ်ကပ်မှန်ရှေ့ရှိ ရေမွှေးကို ကြည့်လိုက်ကြတဲ့အခါ ယဲ့ဆွေက အိပ်ရာပေါ်မှခုန်ဆင်းပြီး အိပ်ရာအောက်၌ ရေမွှေးကိုဝှက်ထားလိုက်သည်။

 

 

ချန်ရှု့ ကိုလှည့်စားရန် ယဲ့ဆွေက ရေမွှေးပုလင်းတစ်ဝက်ကို ဖြန်းထားပြီး N ကြိမ်တောင်ရေချိုးခဲ့ပြီး သူမအသားအရေကို ပွတ်တိုက်ခဲ့သည်။ အဆုံးမှာတော့ သူမအဖျားရှိနေတယ်လို့ အထင်မှားနေတုန်းဘဲ။

 

 

ယဲ့ဆွေက ချန်ရှု့နဲ့ ဤဆွဲဆောင်မှုရှိသော လုပ်ငန်းစဉ်များကို မည်သို့ရှင်းပြရမည်ကိုမသိခဲ့ပါ။

 

 

သူမက သူမရဲ့ဂုဏ်သိက္ခာကို ကယ်တင်နိုင်တယ်လို့ ခံစားမိရင်း ယဲ့ဆွေက ပါးစပ်ကိုဖွင့်လိုက်ပေမယ့် သူမပါးစပ်ထဲမှာ သာမိုမီတာရှိနေတာကို မေ့သွားတယ်။  “အွန်း-အွန်၊အွန်း-အွန်၊ အွန်း-အွန်၊အွန်း-အွန်၊အွန်း-အွန်....”

 

 

 အဓိပ္ပါယ် - ရှောင်လျို့က ကျွန်မကို ဒီရေမွှေးပုလင်းပေးထားတာ။

 

 

ယဲ့ဆွေရဲ့ အပြုအမူက ချန်ရှု့ရဲ့ မျက်လုံးများကို ထပ်မံစွဲဆောင်နိုင်ခဲ့သည်။ သူက သူ့အကြည့်တွေကို ရေမွှေးပုလင်းကနေ သူမခန္ဓာကိုယ်ဆီကို ပြောင်းလိုက်သည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ ဂြိုလ်သားဘာသာစကားကို သူ့စိတ်ထဲတွင်ဘာသာပြန်ခဲ့ပြီး ၎င်းအားအခြားအဓိပ္ပာယ်တစ်ခုပေးခဲ့သည်။

 

 

"မင်းကိုယ့် ရေနွေးနည်းနည်းထည့်ခိုင်းစေချင်တာလား" ချန်ရှု့ရဲ့ အာရုံကြောလမ်းကြောင်းကိုခွင့်လွှတ်ပါ။ သူတို့ရဲ့ကမ္ဘာကြီးမှာ ရေနွေးသောက်ခြင်းက ရုပ်ပိုင်းဆိုင်ရာပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်သည်။

 

 

ယဲ့ဆွေက ချက်ချင်းပဲ ခေါင်းယမ်းလိုက်သည်။  "အွန်း အွန်၊ အွန် အွန် အွန် အွန် အွန် အွန် "

 

 

အဓိပ္ပာယ် - မဟုတ်ဘူး၊ ကျွန်မရေမွှေးမ၀ယ်ခဲ့ဘူး။

 

 

သတင်းအချက်အလက် ဖြည့်သွင်းမှု မအောင်မြင်သောအခါ ချန်ရှု့က ဆိုဖာမှ တိုက်ရိုက်ထလိုက်ကာ ယဲ့ဆွေရဲ့ ဦးတည်ရာအတိုင်း လျှောက်လာခဲ့သည်။ သူမဒီနည်းအတိုင်း စကားပြောခဲ့တာကို သူကြောက်တယ် ပြီး​တော့ အပူချိန်မတိကျဘူး။

 

 

ယဲ့ဆွေက ချန်ရှု့ အနားသို့ရောက်လာတာကိုမြင်တော့ သူမကိုယ်ပေါ်တွင် အနံ့စူးရှတဲ့ ရေမွှေးနံရှိနေတာကို ချက်ချင်းတွေးမိလိုက်သည်။ သူမကမသိမသာ နောက်ကိုပြန်ရွေ့သွားခဲ့သည်။

 

 

အကယ်၍ သူမ တစ်မီတာသာ နောက်ဆုတ်လိုက်လျှင် ချန်ရှု့ အဲ့တာကို အနံ့ရနိုင်မှာမဟုတ်ဘူး။

 

 

ယဲ့ဆွေက တိတ်ဆိတ်စွာနဲ့ ပြန်ဆုတ်သွားသော်လည်း ချန်ရှု့က သူမကို ဆုတ်ခွာဖို့ အခွင့်အရေး မပေးခဲ့ပေ။  သူက အိပ်ရာဆီ တိုက်ရိုက်လမ်းလျှောက်လာပြီး သူမရဲ့သာမိုမီတာကို ထုတ်ဖို့ လက်လှမ်းလိုက်သည်။

 

 

အချိန်ကျပြီ

 

 

ချန်ရှု့က သာမိုမီတာကိုကိုင်ပြီး အပေါ်က အပူချိန်ကို သေချာစစ်ဆေးခဲ့သည်။  ယဲ့ဆွေက သူမ နေမကောင်းမဖြစ်ဘူးဆိုတာကို သိသောကြောင့် သူမမျက်လုံးများကို အပြစ်ရှိစိတ်နဲ့ရွှေ့လိုက်သည်။

 

 

သုံးဆယ့်ခုနစ်ဒီဂရီ၊ အဖျားမရှိဘူး ”  ချန်ရှု့က ခေါင်းငုံ့နေတဲ့ ယဲ့ဆွေကို ကြည့်လိုက်သည်။ သူမရဲ့မျက်နှာပေါ်ရှိ နီမြန်းခြင်းမှာ မှေးမှိန်သွားပုံရသည်။

 

 

ယဲ့ဆွေက ယခုတွင်ပူလောင်နေသော်လည်း အဖျားမရှိသောကြောင့် ချန်ရှု့ စိတ်လျှော့လိုက်သည်။

 

 

သူမ အဆင်ပြေကြောင်း အတည်ပြုပြီးနောက် သူအခန်းထဲမှထွက်သွားရန် အဆင်သင့်ဖြစ်ခဲ့သည်။  အစမှအဆုံးထိ ချန်ရှု့က ရေမွှေးနှင့် ပတ်သက်၍ ဘာမှမပြောခဲ့ပါ။

 

 

ချန်ရှု့ အမွှေးနံ့ကြောင့် လေဖြတ်သွားတာဖြစ်နိုင်သည်။ ဒါမှမဟုတ် ဒီလောက် အနံပြင်းတဲ့အမွှေးနံကြောင့် သူဘာအမှားမှမတွေ့တာဖြစ်နိုင်တယ်လို့ ယဲ့ဆွေ ထင်ကြေးပေးလိုက်သည်။

 

 

မဟုတ်ရင် သူမ အရမ်းရှက်သွားလိမ့်မည်။

 

 

ယဲ့ဆွေ စိတ်သက်သာရာရသောအခါ ချန်ရှု့က အခန်းထဲမှတိုက်ရိုက်မထွက်သွားဘဲ ယဲ့ဆွေရဲ့ မှန်တင်ခုံဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။

 

 

ယဲ့ဆွေရဲ့နှလုံးသားက သူမရဲ့လည်ချောင်းထဲကို ချက်ချင်းခုန်တက်လာသည်။ ချန်ရှု့ လက်လှမ်းလိုက်ပြီး သူမရဲ့ယခင်က ရေမွှေးပုလင်းကို မလိုက်တာကို သူမကြည့်နေခဲ့သည်။

 

 

ချန်ရှု့ ကရေမွှေးကိုဖယ်လိုက်ပြီး လှည့်ကြည့်လိုက်ကာ ယဲ့ဆွေအား "မင်းရေမွှေးကိုအရမ်းကြိုက်ရင် ကိုယ်မင်းအတွက်ဝယ်ပေးနိုင်တယ်"လို့ပြောလိုက်သည်။

 

 

ပုလင်းတဝက်အလွတ်နဲ့ အခန်းထဲက ရေမွှေးနံ့ကို ယဲ့ဆွေ အရမ်းသဘောကျတာဖြစ်နိုင်တယ်လို့ သူကောက်ချက်ချလိုက်သည်။

 

 

ယဲ့ဆွေက အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ပြီး ချန်ရှု့ နှင့်အတူစကားပြောခဲ့ူည်။ "မလိုပါဘူး။  ဒီနေ့ကစပြီး ကျွန်မရေမွှေးမကြိုက်တော့ဘူး "

 

 

ယဲ့ဆွေရဲ့ အဖြေကို ချန်ရှု့ ကျေနပ်တဲ့ပုံမပေါ်ပေ။  သူ့ရဲ့မျက်လုံးများကမှေးမှိန်သွားပြီး ပါးစပ်သည်လည်း ကျဆင်းသွားခဲ့သည်။ စိတ်ပျက်လက်ပျက်ဖြင့် သူက ကောင်းပြီ လို့ပြောလိုက်သည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ ဝါသနာတစ်ခုကို တွေ့ခဲ့ပြီဟုထင်ခဲ့သည်။  အိမ်မှာ သူမကြိုက်နှစ်သက်တဲ့ ရေမွှေးများစွာကို သူ၀ယ်နိုင်သည်။

 

 

 ထိုအချိန်တွင် ယဲ့ဆွေက သူမလိုချင်တာကို ဆွတ်နိုင်သည်။  မမျှော်လင့်ဘဲသူ့ရဲ့အစီအစဉ်က ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။  သူမမှာ ဒီလိုဝါသနာမရှိဘူး။

 

 

ချန်ရှု့က အခန်းထဲမှ တစ်လှမ်းချင်းထွက်လာပြီး သူ့နောက်ကျောကိုကြည့်ရတာ နာကျင်နေသည်။ ဒါပေမယ့်ယဲ့ဆွေက သူ့ရဲ့စိတ်အခြေအနေပြောင်းလဲမှုကို သတိမပြုမိချေ။  အခန်းတံခါးပိတ်လိုက်သည်နှင့်တပြိုင်နက် သူမရဲ့ခန္ဓာကိုယ်ကို ချက်ချင်းအနောက်ဘက်သို့ လှန်ချလိုက်ကာ အိပ်ရာပေါ်သို့လဲကျသွားခဲ့သည်။

 

 

ယဲ့ဆွေက သူမရဲ့မျက်နှာတစ်ခုလုံးကို ခေါင်းအုံးထဲ၌ မြှုပ်ထားခဲ့သည်။  ချန်ရှု့ သူမရဲ့အသံကို မကြားရစေရန် ကာကွယ်ဖို့အတွက် သူမကစကားအနည်းငယ်ကို တိတ်တဆိတ်အော်လိုက်သည်။

 

 

ဂါးးး၊ အဲဒါကမအောင်မြင်ပြန်ဘူး။

 

 

နောက်တစ်နေ့တွင် ယဲ့ဆွေက ရိုက်ကူးရေးစတူဒီယိုသို့သွားသောအခါ သူမမှာ မနေ့ကလိုမျိုးရေမွှေးနံရှိနေဆဲဖြစ်သည်။  သို့သော် သူမအကြိမ်ကြိမ် ရေချိုးလိုက်တော့ အနံ့က ပို၍ပျော့လာသည်။

 

 

ရှောင်လျို့က ယဲ့ဆွေဆီသို့လျှောက်သွားလိုက်ပြီး သူမရဲ့ခန္ဓာကိုယ်ပေါ်ရှိ ရေမွှေးနံ့သင်းသင်းလေးကို အနံ့ရလိုက်သည်။ သူမအနည်းငယ် အံ့သြသွားသည်။  ယဲ့ဆွေက ယခင်က ဘယ်ချိန်တုန်းကမှ ရေမွှေးမဆွတ်ခဲ့ဖူးဘူး။

 

 

ဆွေဆွေ၊ နင်ရေမွှေးဆွတ်ထားလား? ”

 

 

ယဲ့ဆွေက ​ရှောင်လျို့ကို ကျောပေးထားသည်။  သူမရဲ့စကားများကို ကြားရသောအခါ ယဲ့ဆွေက သူမကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်။

 

 

ရှောင်လျို့ ထပ်ပြီးအံသြသွားပြန်သည်။ သူမက ယဲ့ဆွေရဲ့ နာကျင်နေသောမျက်နှာကို သတိထားမိလိုက်သည်။  သေသေချာချာပြန်စဉ်းစားကြည့်လိုက်တော့ သူမအခုတလော ဘာမှမှားနေပုံမပေါ်ဘူး။

 

 

အနားယူရမည့်အချိန်ဖြစ်သောကြောင့် လော့ဒ်ကာ အခန်း၌ ဘယ်သူမှမရှိပေ။  "နင်နဲ့နင့်အတန်းဖော်ဟောင်းက ဘယ်လိုလဲ?"  ယဲ့ဆွေက ရှောင်လျို့အား မေးရန် အခွင့်ကောင်းယူခဲ့သည်။

 

 

ရှောင်လျို့ မျက်နှာက နီမြန်းသွားသည်။  “ မနေ့ကငါတို့ရဲ့ဆက်ဆံရေးကို ငါတို့အတည်ပြုပြီးသွားပြီ ”

 

 

ယဲ့ဆွေရဲ့နဖူးပေါ်တွင် အနက်ရောင်မျဉ်းကြောင်းတစ်ခုပေါ်နေသည်။ သူမက မကူညီနိုင်ဘဲ ရှောင်လျို့ရဲ့ လက်ကိုဆုပ်ကိုင်ကာ 'လူတွေကိုလိုက်ဖို့ ဘာကြောင့်ဒီလောက်ခက်ခဲရတာလဲ?' ဟု ပြောချင်ခဲ့သည်။

 

 

ဒါပေမယ့် ကံကောင်းစွာနဲ့ ယဲ့ဆွေက သူမပါးစပ်ကိုမဖွင့်ဟခဲ့ဘူး။  သူမကမနာလိုစွာနဲ့ပဲ နင်ကအရမ်းကံကောင်းတာပဲ ”လို့ပြောလိုက်သည်။

 

 

ရှောင်လျို့က ယဲ့ဆွေအားစိတ်ရှုပ်စွာနဲ့ကြည့်လိုက်ပြီး ချက်ချင်းပင် ဆွေဆွေ၊ နင်နဲ့နင့်ယောကျ်ားက စံပြဇနီးမောင်နှံလို့ ငါပြောပါရစေ။ ငါ့ရဲ့ပန်းတိုင်က အနာဂတ်မှာနင့်နဲ့တူဖို့ပဲ ”လို့ပြောလိုက်သည်။

 

 

မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ အဲ့လိုမလုပ်ပါနဲ့။  ကံကြမ္မာပြောပြခြင်းကြောင့် သူမနှင့် ချန်ရှု့တို့ကလက်ထပ်ခဲ့ကြသည်။  သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုလုပ်ချစ်ခင်မှုတွေရှိနိုင်မှာလဲ?

 

 

ယဲ့ဆွေ  သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမရဲ့ဖုန်းကို စတင်ကြည့်လိုက်သည်။ ပျင်းစရာကြီး၊ သူမက သူမသူငယ်ချင်းတွေရဲ့ update တွေကို အသာထိလိုက်သည်။ အများစုက ရန်ကျဲရဲ့ နေ့စဉ်ဘ၀ဖြစ်သည်။ ဒါက ရိုးရှင်းစွာနဲ့ ပြင်းထန်လွန်းသည်။

 

 

ထိုအခိုက်အတန့်တွင် ယဲ့ဆွေက လွန်ခဲ့သောတစ်စက္ကန့်က ပို့လာသော သူငယ်ချင် အသိုင်းအဝိုင်းအသစ်တစ်ခုကို ရုတ်တရက် ဖတ်လိုက်ရသည်။  ၎င်းသည် ​ရှောင်လျို့ဆီမှဖြစ်သည်။

 

 

 ပရိုဖိုင်ပုံက လက်တစ်ဖက်ထဲမှာ နောက်လက်တစ်ဖက်ရှိနေတဲ့ပုံဖြစ်သည်။ 

 

 

ယဲ့ဆွေ စူးစမ်းလိုစိတ်ရှိခဲ့သည်။ "နင်ဘယ်တုန်းက ဒီပုံရိုက်ခဲ့တာလဲ? "  သူမဟာ ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘဲ ရှောင်လျို့ရဲ့အရှိန်ကို သူဘယ်လိုဖမ်းနိုင်လဲလို့ မေးချင်ခဲ့သည်။

 

 

သူမလည်း ဒီလိုမျိုးလက်တွေကို ဆုပ်ကိုင်ထားပြီး အထိမ်းအမှတ်အနေနဲ့ ဓာတ်ပုံရိုက်ချင်တယ်။ ပြီးတော့ သူမနဲ့ ချန်ရှု့တို့ ချစ်နေကြတဲ့အကြောင်းကို လူသိရှင်ကြားအနေနဲ့ သူမရဲ့သူငယ်ချင်းအသိုင်းအဝိုင်းဆီကို ပို့ချင်သည်။

 

 

"မနေ့က။  ငါတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်သိခဲ့တာ နှစ်အတော်ကြာပြီ။  ဟုတ်ပါတယ်၊ ငါတို့ဒါကိုမြန်မြန်သိအောင်လုပ်မှရမယ်လေ ”  ရှောင်လျို့က "လူတိုင်းသိအောင်ပြောရတာပေါ့ "လို့ပြောလိုက်သည်။

 

 

ယဲ့ဆွေက သူမကို တကယ် အားကျမိသည်။

 

 

ယဲ့ဆွေက ဓာတ်ပုံကိုငေးကြည့်နေတာက ဖန်သားပြင်၌ အပေါက်တစ်ခုပေါက်သွား လုနီးပါးဖြစ်နေသည်။  သူမနဲ့ချန်ရှု့တို့က လူအများရှေ့မှာ ဘယ်အချိန်ကျမှ ဒီလိုချပြရမှာလဲ?

 

 

မဟုတ်ဘူး၊ ခဏလေး!

 

 

ယဲ့ဆွေရဲ့ ခေါင်းထဲတွင် စကားလုံးအနည်းငယ်က ရုတ်တရက် ပေါ်လာခဲ့သည်။

 

 

ချန်ရှု့ ကျွန်မလက်ကိုင်ထားချင်တယ်"

 

 

"ကျွန်မဒီအတိုင်းကိုင်ထားချင်တယ်"

 

 

စကားအနည်းငယ် ပေါ်လာပြီးနောက် ယဲ့ဆွေရဲ့စိတ်က ပြန်လည်သတိရမိသွားသည်။ ဒီမှတ်ဉာဏ်အပိုင်းအစတွေက လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့တာဖြစ်သည် - တိတိကျကျဆိုရရင် သူမအရက်မူးပြီး ချန်ရှု့ကို  သူမလုပ်ခဲ့တဲ့အရာတွေဖြစ်သည်။

 

 

ဓာတ်လှေကား၌ သူမက ချန်ရှု့ထံသို့ချဉ်းကပ်လာပြီး သူ့လက်တွေကို ဆုပ်ကိုင်လိုက်ပြီးတော့ နောက်ကနေလိုက်သွားခဲ့သည် ......

 

 

အဲဒီနောက် ဘာဖြစ်ခဲ့တာလဲ?  ဓာတ်လှေကားမှ ထွက်လာပြီးနောက် မှတ်ဥာဏ်က ပျောက်ကွယ်သွားသော်လည်း ဓာတ်လှေကားရှိမြင်ကွင်းမှာ ရှင်းလင်းနေဆဲဖြစ်သည်။

 

 

 ဒါကြောင့် အဲ့ဒီမရိုမသေပြောခဲ့တဲ့စကားတွေက သူမပြောခဲ့တာဖြစ်တယ်!