အပိုင်း ၈၇
Viewers 8k

 

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၈၇ - လက်ပူးလက်ကြပ် ဖမ်းမိခြင်း

 

 

 

 

ယဲ့ဆွေက အလွန်ထိတ်လန့်သွားပြီး သူမရဲ့လက်ကိုင်ဖုန်းကို ပစ်ချလုနီးပါးဖြစ်သွားခဲ့သည်။ သူမချက်ချင်းပဲ စခရင်ကို လော့ခ်ချလိုက်ပြီး သူမရဲ့လက်ကိုင်ဖုန်းကို စားပွဲပေါ်တင်လိုက်သည်။  လူတွေလက်ထဲမှာကိုင်ထားတဲ့ပုံကို သူမ မမြင်ရတဲ့အခါ သူမအနည်းငယ်ငြိမ်သက်သွားသည်။

 

 

ယဲ့ဆွေရဲ့ တုံ့ပြန်မှုကြောင့် ရှောင်လျို့ ရှော့ခ်ရသွားသည်။  "ဆွေဆွေ၊ နင်အဆင်ပြေရဲ့လား? "

 

 

ယဲ့ဆွေက ခေါင်းကိုခပ်ပြင်းပြင်းခါလိုက်သည်။ဘာမှမဖြစ်ပါဘူး ”  အံ့သြစရာပဲ၊ ဘာဖြစ်မလဲဆိုရင် ........

 

 

 

ယဲ့ဆွေက အဝတ်လဲခန်းတွင် စိတ်ရှုပ်စွာဖြင့် တစ်ဘက်မှတစ်ဘက်သို့ ယိမ်းယိုင်လိုက်တယ်။  ရှောင်လျို့ရဲ့ ခေါင်းကမူးဝေလုနီးပါးဖြစ်သွားသည်။  သို့သော်လည်း ယဲ့ဆွေက ပြင်းပြင်းထန်ထန် စဉ်းစားနေခဲ့သည်။  အဲဒါဘာလဲဖြစ်နိုင်တာက ငါ့စိတ်ကူးသက်သက်ဘဲ ဟုတ်တယ်မဟုတ်လား?

 

 

ယဲ့ဆွေက ထိုညက မြင်ကွင်းကိုမှတ်မိရန် ကြိုးစားရင်း ပတ်ပတ်လည်၌ ဝိုင်းဝိုင်းလည်နေခဲ့သည်။

 

 

သူမနှင့် ချန်ရှု့က ပါတီတွင် မှားယွင်းသောဝိုင်ကို ပထမဆုံးသောက်ပြီးနောက် ချန်ရှု့ရဲ့အဖေကို အတူတူနှုတ်ဆက်လိုက်ကြပြီး ကားပေါ်သို့တက်ခဲ့သည်။

 

 

ယဲ့ဆွေက ကားပေါ်တက်တုန်းက ချန်ရှု့ နဲ့ အရမ်းဝေးတဲ့နေရာမှာထိုင်ပြီး တံခါးကိုပိတ်လိုက်သည်။ သူမ သူ့ကိုမကြည့်ရဲဘူး။

 

 

ဘာကြောင့်လဲဆိုတော့ သူမအရက်မူးနေတဲ့ အခြေအနေတွင် သူမ သူ့ကိုတစ်ခုခုလုပ်မှာကို စိုးရိမ်သောကြောင့်ဖြစ်သည်။ သူတို့ ဗီလာ အဆောက်အဦးရှေ့ကို လုံခြုံစွာရောက်ရှိလာတဲ့အခါ သူတို့နှစ်ယောက်က ဓာတ်လှေကားပေါ်ကိုတက်ခဲ့ကြသည်။

 

 

ဒါပေမယ့် ဓာတ်လှေကားထဲမှာ ဘယ်သူမှမရှိတဲ့အခါ သူမကရဲရင့်စွာနဲ့ လှည့်ကြည့်လိုက်သည်။ သူမက ချန်ရှု့နဲ့ လက်ကိုဆုပ်ကိုင်ထားချင်ပြီးတော့ နောက်ဆုံးမြင်ကွင်းမှာ ဓာတ်လှေကားထဲကနေ သူမက သူနဲ့ လက်ချင်းတွဲပြီးထွက်သွားခဲ့သည်။

 

 

 အဲ့နောက်ပိုင်း ဘာဖြစ်သွားလဲ!?  ဘာဖြစ်သွားတာလဲ!?

 

 

 ယဲ့ဆွေရဲ့ ခေါင်းကဘာမှခံစားမိပုံမရပေ။ နောက်တစ်နေ့မနက်မှာ ချန်ရှု့က သူ့ဖာသာသူရှိနေစဥ်မှာ သူမက သူမရဲ့အခန်းထဲမှာရှိနေတာကို သတိရလိုက်သည်။

 

 

သူတို့နှစ်ယောက်ကြားမှာ ဘာမှမဖြစ်ခဲ့တဲ့ပုံရသည်။  မည်သို့ပင်ဖြစ်စေ ချန်ရှု့က အလွန်တည်ငြိမ်နေပြီး သူမကို ပုံမှန်အတိုင်း နှုတ်ဆက်ခဲ့သည်။

 

 

ခဏမျှစဉ်းစားပြီးနောက် ယဲ့ဆွေက ချန်ရှု့ အားဖုန်းခေါ်ပြီး သူ့ကိုတိုက်ရိုက်မေးဖို့ ဆုံးဖြတ်လိုက်သည်။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ နံပါတ်ကိုခေါ်လိုက်ပြီး ကံကောင်းစွာနဲ့ ကိုင်ခဲ့သည်။ သူမက အသံကို လျှော့ချလိုက်သည်။  "ချန်ရှု့"

 

 

ချန်ရှု့က "ဟမ်" ဆိုတဲ့ တူညီတဲ့ လေသံဖြင့် ပြောလာခဲ့သည်။

 

 

ယဲ့ဆွေက စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီး မေးဖို့အခြားနည်းလမ်းတစ်ခုကို ရွေးလိုက်သည်။ "ချန်ရှု့၊ ရှင်အများအားဖြင့် သောက်လေ့ရှိလား? အရက်ပမာဏ ဘယ်လောက်သောက်ဖြစ်လဲ? "

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိသော်လည်း သူက "ကိုယ်အများကြီးမသောက်ဘူး၊ နည်းနည်းလေးပဲသောက်တာ " ဟု အမှန်အတိုင်း ပြောပြခဲ့သည်။

 

 

အမှန်မှာ ချန်ရှု့ရဲ့ ဝိုင်သောက်နိုင်စွမ်းက ပျမ်းမျှဖြစ်သော်လည်း ထိုည၌သူအများကြီး သောက်ခဲ့သည်။ ဖြစ်နိုင်သည်မှာ သူကသူမအား အရူးအမူးစွဲလမ်းပြီး သူမလုပ်ခဲ့တာကို မမှတ်မိတော့ပေ။

 

 

 "ဘာကိစ္စရှိလို့လဲ?"  ချန်ရှု့က ထူးဆန်းစွာနဲ့ မေးလိုက်သည်။

 

 

 

"ရှင့်ရဲ့သောက်နိုင်စွမ်းက မကောင်းရင် အပြင်မှာအများကြီးမသောက်နဲ့လို့ ကျွန်မသတိပေးချင်လို့ပါလို့ ယဲ့ဆွေက မြန်မြန်ပြန်ဖြေလိုက်သည်။

 

 

 "ကျွန်မ မကြာခင် အသံသွင်းရတော့မယ်၊ ကျွန်မ အရင်ဖုန်းချလိုက်မယ်နော်ထိုဖုန်းခေါ်ဆိုမှု အပြီးတွင် ယဲ့ဆွေက ထိုညကို ချန်ရှု့မမှတ်မိဖို့ကိုသာ မျှော်လင့်ခဲ့ရသည်။

 

 

အနားယူချိန်အပြီးတွင် ယဲ့ဆွေက သူမရဲ့စိတ်ကိုထိန်းညှိလိုက်ပြီး သူမရဲ့အခန်းကို ထပ်မံရိုက်ကူးရန်စတင်ခဲ့သည်။

 

———-

 

 

ချန်ရဲ့မိသားစုပါတီပွဲတွင် ယဲ့ဆွေက သူမရဲ့အလုပ်များနှင့် မအားလပ်သောကြောင့် ချန်ရှု့ တစ်ယောက်တည်းရောက်လာခဲ့သည်။

 

 

ချန်ရှို့က ချန်ရှု့အားနှုတ်ဆက် စကားမပြောခဲ့ပေ။  သူက သူ့ရဲ့နောက်ဆုံးလက်ရာများကိုပြသဖို့ အလုပ်များနေခဲ့သည်။ ထွက်ခွာသွားသောအခါ ချန်ရှု့က ချန်ရှို့ရဲ့ ရှေ့သို့လျှောက်သွားခဲ့သည်။

 

 

သူက အေးစက်သောစိတ်ထားနှင့် ချန်ရှု့ရဲ့ ဖြောင့်မတ်တဲ့ နောက်ကျောကို ကြည့်လိုက်သည်။

 

 

ချန်ရှု့ရဲ့ ပုံသဏ္ဍာန်ကို သတိပြုမိရင်း ချန်ရှို့က ခဏမျှအေးခဲသွားပြီး ဟွာရွေ့ရဲ့ဥက္ကဌတစ်ယောက်ကိုပင် စဉ်းစားမိလိုက်သည်။

 

 

ထိုနေ့တွင်သူက ဟွာရွေ့ရဲ့ဥက္ကဌအား ဝေရှီအုပ်စုတွင်ပြန်မြင်ခဲ့သည်။ ပုံသဏ္ဍာန်နှစ်ခုလုံးက ဆင်တူသည်။  ထို့ပြင် ယဲ့ဆွေရဲ့ မကြာသေးမီက အောင်မြင်မှုများသည် လူတိုင်းအတွက် အံ့အားသင့်စရာဖြစ်ခဲ့သည်။  သူမတောင်မှ ဟွာရွေ့နဲ့စာချုပ်ချုပ်ခဲ့သေးသည်။

 

 

မည်သည့်ရှုထောင့်ကဘဲဖြစ်ဖြစ် သူမှာရိုင်းတဲ့ စိတ်ကူးရှိလာခဲ့သည်။ ချန်ရှု့က ဟွာရွေ့ရဲ့ဥက္ကဌဖြစ်ခဲ့တာလား?

 

 

ချန်ရှို့က ဟာသတစ်ခုလို ခံစားနေရသည်။ ' အဲဒါကဘယ်လိုဖြစ်နိုင်မှာလဲ?'

 

 

A'ချန်ရှု့လိုလူက ပိတ်ရက်အားလပ်ရက်မှာ အသက်ရှင်ဖို့ လုံလောက်တဲ့ငွေမရှိသဖြင့် ချန် မိသားစုရဲ့ ယုံကြည်မှုကိုအားကိုးနေတာ ဟွာရွေ့ရဲ့ဥက္ကဌ ချန်နဲ့ ကမ္ဘာခြားနေတာကြီးကို။'

 

 

ဟွာရွေ့က စက်မှုလုပ်ငန်းတစ်ခုလုံးတွင် အင်အားအကြီးဆုံး ဖျော်ဖြေရေးကုမ္ပဏီဖြစ်ခဲ့သည်။  ချန်ရှု့က ဟွာရွေ့ကို တစ်ဦးတည်း တည်ထောင်ခဲ့လျှင် သူကမည်သည့်အခါမျှ သူ့ကိုယ်သူဖုံးကွယ်မှာမဟုတ်ဘူးလို့ ချန်ရှို့ခံစားမိသည်။

 

 

သူက ချန်ရှို့ကဲ့သို့ဖြစ်လျှင် သူရရှိခဲ့တဲ့အရာတွေကို ချန်  မိသားစုအား အသိပေးလိမ့်မည်။

 

 

သို့သော် ချန်ရှို့က ထိတ်လန့်ဖြစ်နေဆဲပင်။ အခုစိတ်ကူးက အဓိပ္ပာယ်မဲ့သော်လည်း သူကအဲ့တာကို အတည်ပြုဖို့ ဆုံးဖြတ်ခဲ့သည်။

 

 

လျှို့ဝှက်ချက်အတွက် ချန်ရှို့က မည်သူ့ကိုမျှမပြောခဲ့ပါ။  သူကကားသစ်တစ်စီးဝယ်ပြီး တစ်ရက်အတွက် အားလပ်ချိန်ကိုရှာရင်း သူ့ရဲ့ဦးလေးနဲ့ ယဲ့ဆွေရဲ့ အိမ်အစွန်အဖျားဝင်ပေါက်တွင် နေခဲ့သည်။

 

 

ချန်ရှု့ နှင့် ယဲ့ဆွေတို့က သူ့ရဲ့ကားကိုမမြင်ပေ။ သူတို့က သူ့ကိုဘယ်သောအခါမှ သတိမထားမိကြပေ။

 

 

မနေ့ညက သူနောက်ကျမှထွက်လာခဲ့တာမို့ သူအိပ်မပျော်ခဲ့ဘူး။ မည်သို့ပင်ဆိုစေ ချန်ရှို့က မနက်စောစောရောက်လာခဲ့သည်။ သူကကားပေါ်မှာထိုင်နေပြီး အိပ်ပျော်သွားသည်အထိ စောင့်နေခဲ့သည်။

 

 

အခုချိန်က မွန်းတည့်ခါနီးနေပြီ။  ချန်ရှို့ရဲ့ ခေါင်းက စတီယာရင်ဘီးကို ခဏခဏခေါက်မိနေခဲ့သည်။  နာကျင်စွာနဲ့မျက်လုံးဖွင့်ကြည့်သောအခါ ချန်ရှု့ ကားထွက်သွားသည်ကို သူမြင်လိုက်ရသည်။ သူကချက်ချင်းပဲ အဲ့ကားနောက်ကိုလိုက်ခဲ့သည်။

 

 

သူမှန်တယ်ဆိုရင် ယဲ့ဆွေက ခရီးသည်ထိုင်ခုံတွင် ထိုင်သင့်သည်။  သူတို့နှစ်ယောက်ရဲ့ မျက်နှာအစစ်အမှန်ကို မကြာမီတွင် သူထုတ်ဖော်ပြလိမ့်မည်။

 

 

သိပ်မကြာပါဘူး ချန်ရှု့ရဲ့ကားက လမ်းဘေးမှာရပ်လိုက်သည်။  ယဲ့ဆွေက ကားထဲမှာကျန်ခဲ့သည်။ ချန်ရှု့ ကားပေါ်မှဆင်းကာ စူပါမားကတ်ထဲ လမ်းလျှောက်ဝင်သွားတာကို ချန်ရှို့ က ငေးကြည့်နေခဲ့သည်။

 

 

ချန်ရှို့က ပလတ်စတစ်အိတ်ကို မျက်စိမှေးပြီး ကြည့်လိုက်သည်။  ချန်ရှု့ဘာဝယ်တာခဲ့လဲ?

 

 

 သန့်ရှင်းတဲ့လက်သုတ်ပုဝါ အထုပ်ကြီးတစ်ထုပ်!

 

 

ချန်ရှို့က သူ့မျက်လုံးတွေကို မလှန်ဘဲမနေနိုင်တော့ဘူး။ဘယ်အချိန်တုန်းက သူဒီလောက်ရက်စက်တဲ့ ခင်ပွန်းဖြစ်လာခဲ့တာလဲသူက သူ့မိန်းမအတွက် သန့်ရှင်းတဲ့လက်သုတ်ပုဝါတွေတောင် ၀ယ်ခဲ့ပြီး ရှက်လည်းမရှက်ခဲ့ဘူး။

 

 

 မွန်းတည့်ချိန်တွင် သူတို့ခေါင်းတွေပေါ်၌ နေရောင်ရောက်လာချိန်မှာ ချန်ရှု့က အဆင့်မြင့်စားသောက်ဆိုင်တစ်ခုကိုမောင်းသွားခဲ့သည်။ သူတို့က နှာခေါင်းစည်းတွေတပ်ထားပြီး ကားပေါ်မှဆင်းလာကြသည်။ သူတို့အထဲကို ရောက်တဲ့အခါမှာ သူကတခြားဘာမှမမြင်ရတော့ဘူး။

 

 

 ချန်ရှို့က သူ့လက်ကိုင်ဖုန်းကိုထုတ်ပြီး ထိုနေရာကိုရှာဖွေခဲ့သည်။ ထိုစားသောက်ဆိုင်က လူတစ်ဦးလျှင် ၂၀၀၀ ဖြစ်ပြီး အဲ့တာကအလွန်စျေးကြီးသည်။ ချန်ရှု့မှာ ငွေအများကြီးရှိတယ်ဆိုတာကို သက်သေမပြနိုင်သေးဘူး။

 

 

 ခဏစောင့်ပြီးနောက်မှာ ချန်ရှို့ဗိုက်ဆာလာသည်။  သူကသူ့အိတ်ကို အမှတ်မထင်ကြည့်လိုက်ပြီး သူ့လက်ထောက်ဟောင်း ဝယ်ထားပေးတဲ့ အသားညှပ်ပေါင်မုန့်ကိုထုတ်လိုက်ကာ ကိုက်လိုက်သည်။ 'ချီးပဲ အရသာက ချဥ်တယ်ဟ!'

 

 

 ချန်မိသားစု၏ ဆက်ခံသူအနေနဲ့ အသစ်ဝယ်ထားသော ကားတစ်စီးတွင်ထိုင်ပြီး သက်တမ်းကုန်နေတဲ့ အသားညှပ်ပေါင်မုန့်ကို စားရခြင်းက ၎င်းကို ပိုမိုဆိုးရွားစေသည်။

 

 

 ချန်ရှို့က ဆာလောင်မွတ်သိပ်စွာနဲ့ ဆက်စောင့်နေသည်။  သူကပုံထဲက အရသာရှိတဲ့ အစားအစာတွေကို ကြည့်ပြီးနေ့လည်စာ စားနေဟန်တူသည်။ ချန်ရှု့နဲ့ ယဲ့ဆွေတို့  ဘယ်ချိန်စားလို့ပြီးမှာလဲ?

 

 

 မင်းတို့ဘာစားနေတာလဲအရမ်းနှေးတာဘဲ!

 

 

 တစ်ခုခုမှားနေပြီ။ သူ့ ဦးလေးက သန့်ရှင်းတဲ့ လက်သုတ်ပုဝါတွေ ၀ယ်လာပြီး စားသောက်ဆိုင်တစ်ဆိုင်ကိုသွားစားတယ် ...အဲ့ဒါ သူနဲ့ဘာဆိုင်လို့လဲ? ချန်ရှို့က သူ့မူလရည်ရွယ်ချက်ကို မေ့လုနီးပါးဖြစ်သွားခဲ့သည်။

 

 

 ချန်ရှို့က ချန်ရှု့နဲ့ ဟွာရွေ့က ဥက္ကဌချန် တို့အကြားဆက်ဆံရေးကိုရှာဖွေလိုသည်။ သူငြိမ်သက်သွားပြီး ချန်ရှု့ ထွက်ခွာသွားတဲ့နောက်မှာ သူတို့ကားနောက်ကို ဆက်လိုက်သွားသည်။

 

 

 ဗိုက်ပြည့်နေတဲ့ ယဲ့ဆွေက ထိုင်ခုံကိုမှီလိုက်ပြီးပြတင်းပေါက်ဘက်ကို အမှတ်မထင် ကြည့်လိုက်သည်။  သူမကားရွေ့သွားတဲ့နောက်မှာ နောက်ကြည့်မှန်၌ သူမတို့နောက်ကနေ အနက်ရောင် ကားတစ်စီးလိုက်လာတာကို တွေ့လိုက်ရသည်။ 

 

 

 ယဲ့ဆွေ သူမမျက်လုံးကို မှေးလိုက်သည်။ သူမတို့ မစားခင်ကလည်း သူတို့နောက်မှာရှိနေတာကို သူမမှတ်မိသည်။  အဲ့ဒါကပါပါရာဇီလား?

 

 

 ကားထဲမှာ သူမရဲ့အသံက ထွက်လာသည်။  "ချန်ရှု့ ကျွန်မတို့ အလွတ်တန်း ဓာတ်ပုံဆရာ တစ်ယောက်ရဲ့ပစ်မှတ်ဖြစ်နေတယ်လို့ ထင်တယ်"

 

 

 သူမအရင်မြင်ဖူးတဲ့ အလွတ်တန်း ဓာတ်ပုံဆရာက သတိကြီးစွာထားခဲ့သည်။  ဤသူသည် အတွေ့အကြုံမရှိသေးသူဖြစ်ကောင်း ဖြစ်လိမ့်မည်။  ဤသူသည် ဤမျှနီးကပ်နေခြင်းကြောင့် ရှာဖွေတွေ့ရှိခြင်းကို မကြောက်ဘူးဆိုတဲ့ သဘောလား?

 

 

 သူမဓာတ်ပုံများရိုက်ခြင်းက သူမအတွက်ကြီးမားသောအရာ မဟုတ်သော်လည်း ယဲ့ဆွေက ချန်ရှု့ကို ဖျော်ဖြေရေးအသိုင်းအဝိုင်တွင် မပါဝင်စေချင်ပေ။

 

 

 ရှေ့တွင်မီးနီတစ်ခုရှိ၍ ချန်ရှု့ရဲ့ ကားအရှိန်လျော့သွားသည်။  သူတို့နောက်ကွယ်က ပါပါရာဇီတွေကို ဘယ်လိုကိုင်တွယ်ရမှန်း သူတို့မသိခဲ့ဘူး။

 

 

 ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ချန်ရှို့က သူတို့ကို မျက်ခြေမပြတ်သွားချင်ပေ။  သူကကားကိုအရှိန်မြှင့်လိုက်ပြီး ချန်ရှု့ရဲ့ကားကိုဆက်ထိန်းလိုက်သည်။

 

 

 အချက်ပြ မီးအနီရောင်ပြောင်းသွားပြီး ကားများအားလုံးညရပ်လိုက်ပြီးသောအခါ ချန်ရှို့ကားကလည်း သူတို့နောက်မှာရပ်လိုက်သည်။

 

 

 ယဲ့ဆွေ နောက်လှည့်ကြည့်လိုက်ချိန်မှာ ကားနောက်ခန်းပြတင်းပေါက်မှ မောင်းသူထိုင်ခုံ၌ ထိုင်နေသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူမက သေချာ စိုက်ကြည့်လိုက်သည်။

 

 

 ဒါက ပါပါရာဇီ လုံးဝမဟုတ်ဘူး ... အဲဒါက ချန်ရှို့ပဲ! သူရူးသွားပြီလား!?

 

 

 ယဲ့ဆွေ - "ချန်ရှု့ ကျွန်မတို့နောက်က ဘယ်သူလဲခန့်မှန်းမိလား? "

 

 

 ချန်ရှု့ ခေါင်းညိတ်လိုက်သည်။

 

 

 "ချန်ရှို့က ကျွန်မတို့နောက်ကို ဘာလို့လိုက်နေတာလဲ? "  ယဲ့ဆွေက ခပ်တိုးတိုးစကားပြောလာသည်။  "ဒီနေ့ သူ့ဦးနှောက်က ဖောရောင်နေတာလား? "

 

 

 ချန်ရှို့က အလွန်နာမည်ကြီးသည်။ ဟုတ်ပါတယ်၊ သူကလမ်းပေါ်မှာ အပြင်ထွက်တဲ့အခါ Mask တပ်ဖို့နားလည်သည်။ ဒါပေမယ့် ဒီတခါသူ့ IQ ဘယ်ရောက်သွားလဲ သူမမသိဘူး။ နေ့ခင်းကြောင်တောင် သူမတို့နောက်ကိုလိုက်လာပြီး ပါပါရာဇီ တွေ့သွားမှာကို သူမကြောက်ဘူးလား?

 

 

 ချန်ရှု့က ယဲ့ဆွေကိုပြန်မဖြေခဲ့ဘူး။  သူက ချန်ရှို့ကိုအရင်တုန်းက အကြိမ်ကြိမ်တွေ့ဖူးတာကို မှတ်မိသည်။  ထို့အပြင် ချန်ရှို့က ဟွာရွေ့ ရဲ့ လှေပေါ်ကို အမြဲတက်ချင်သော်လည်း သူ(ချန်ရှု့)က သူ(ချန်ရှို့ )နဲ့ဘာမှမဆိုင်ချင်ပေ။

 

 

 ချန်ရှို့က သူ့ဝိသေသလက္ခဏာကို သံသယဝင်သွားခဲ့တာလား?

 

 

 ဒီအချိန်မှာ ယဲ့ဆွေက ရုတ်တရက် အကြံတစ်ခုရလိုက်ပြီး သူမနှုတ်ခမ်းကို ကွေးလိုက်ကာ သိမ်မွေ့စွာပြုံးလိုက်သည်။ "အိမ်ကိုမြန်မြန် မသွားရအောင်"

 

 

 ချန်ရှု့က ယဲ့ဆွေကို သူ့မျက်လုံးထောင့်မှ ကြည့်လိုက်သည်။  သူမကခေါင်းငုံ့ပြီး mobile browser တစ်ခုကိုဖွင့်ကြည့်နေသည်။  သူမက အင်တာနက်မှာ အနီးဆုံးဈေးဝယ်စင်တာကိုတွေ့သွားပြီး ဒီလိပ်စာကိုမောင်းဖို့သူ့ကိုပြောခဲ့သည်။

 

 

ကားရပ်သွားချိန်မှာ ယဲ့ဆွေက mask နဲ့ လည်စည်းပုဝါကိုထုတ်ပြီး သူ့ကိုပေးခဲ့သည်။  သူမလမ်းညွှန်မှုအောက်မှာ ချန်ရှု့က သူ့မျက်နှာကို ကျွမ်းကျင်စွာဖုံးအုပ်ခဲ့သည်။

 

 

 ကုန်တိုက်အပြင်ဘက်တွင် စည်ကားသော စီးပွားရေးလမ်းမကြီးတစ်ခုရှိခဲ့သည်။ ယဲ့ဆွေနဲ့ ချန်ရှု့တို ကားပေါ်မှဆင်းပြီးနောက်မှာ ချန်ရှို့က သူတို့နောက်မှချက်ချင်းလိုက်လာသည်။ သူတို့ကလူအုပ်ထဲကို အလျင်အမြန်ပေါင်းစည်းသွားပြီး သူလည်းသူတို့နောက်က လိုက်နေသည်။

 

 

 

 ချန်ရှို့က mask နဲ့ ဦးထုပ်ကိုသာ ဝတ်ထားခဲ့သည်။  သူ့စိတ်နေစိတ်ထားကြောင့် နေကာမျက်မှန်က နေ့စဉ်မရှိမဖြစ် လိုအပ်သောအရာတစ်ခုဖြစ်သည်။ နေကာမျက်မှန်အမည်းရောင်နဲ့ mask ကိုဝတ်ပြီး သူသည်အခြားသူတွေ  သူ့ကိုဖော်ထုတ်မှာကို စိုးရိမ်သောကြောင့် လူရှုပ်သောလမ်းပေါ်သို့ လျှောက်သွားခဲ့သည်။

 

 

 ဘယ်လိုဘဲဖြစ်ဖြစ်  တစ်စုံတစ်ယောက်က ချန်ရှို့ကို မှတ်မိနေဆဲဘဲ။အိုဘုရားသခင် အဲ့ဒါက ချန်ရှို့ပဲ!  "

 

 

 “ ဘယ်မှာလဲအား အား အား!”  စူးရှတဲ့ အော်ဟစ်သံတွေက သူ့ပတ်ဝန်းကျင်မှာ ထွက်ပေါ်လာပြီး ချန်ရှို့ကို မကြာမီတွင် သူ့ပရိတ်သတ်များနဲ့ လမ်းသွားလမ်းလာများဖြင့် ဝန်းရံလာသည်။

 

 

 ချန်ရှို့ - "... "

 

 

 သူ့လည်ပင်းကို ဆန့်ကာရှေ့ကို စစ်ကြည့်လိုက်သည်။  ယဲ့ဆွေနဲ့ ချန်ရှု့တို့ ဘယ်မှာလဲ? သူတို့ဘယ်ရောက်သွားတာလဲ?

 

 

 ချန်ရှို့က ယဲ့ဆွေလည်း ဒီမှာရှိတယ်ဆိုတာ လူတိုင်းကိုတကယ်ပြောပြချင်ခဲ့သည်။  မင်းတို့ သူမနောက်ကို လိုက်နိုင်မလား?

 

 

 ဖျော်ဖြေရေးလောကမှာ အချိန်အတော်ကြာနေခဲ့ပြီးနောက်မှာ ချန်ရှို့က သူ့စိတ်ကိုထိန်းထားနိုင်ခဲ့သည်။  မနက်ဖြန် သူနဲ့ယဲ့ဆွေတို့ ကုန်တိုက်မှာချိန်းတွေ့တဲ့သတင်းတစုံတရာရှိလာခဲ့ရင် သူက PR ကိုထပ်ရှင်းပြဖို့လိုလိမ့်မည်။

 

 

 ဤနေ့တွင် သူဘယ်လိုသဲလွန်စကိုမှ မရရှိခဲ့ဘူး။ အဲဒီ့အစား သူတို့နှစ်ယောက်ရဲ့ နေ့စဉ်ဘ၀ကို ပုံမှန်စုံတွဲတစ်တွဲအဖြစ်သာမြင်ခဲ့ရသည်။

 

 

 သူကဒီစုံတွဲကိုတွေ့တဲ့အခါတိုင်း သူ့မှာကောင်းတာဘာမှမရှိခဲ့ဘူး။

 

 

 ယဲ့ဆွေက ဒီနေ့အချိန်မတိုင်ခင်မှာ အလုပ်ကိုပြီးစီးခဲ့သည်။  အချိန်စောနေသေးသော်လည်း သူမအိမ်ပြင်ကိုဦးတည်ပြီး အိမ်ပြင်မထွက်ခဲ့ပါ။

 

 

 ချန်ရှု့ အိမ်ပြန်လာဖို့အချိန်မရောက်သေးပေ။ ယဲ့ဆွေက ထိုညကမြင်ကွင်းကို ပြန်လည်သုံးသပ်ဖို့ ဤအခွင့်အရေးကို အခွင့်ကောင်းယူခဲ့သည်။

 

 

 ဓာတ်လှေကားပေါ်တက်တော့ ချန်ရှု့ သူမဘေးမှာရပ်နေတာကိုစိတ်ကူးလိုက်သည်။ ထို့နောက် သူမကသူ့လက်ကိုဆုပ်ကိုင်ဖို့  လှမ်းခဲ့သည်။

 

 

 ဒင်!

 

 

 ဓာတ်လှေကားရောက်သွားချိန်မှာ ယဲ့ဆွေက အိမ်ကိုတစ်လှမ်းချင်းလှမ်းသွားပြီး သူ့လက်ကိုတစ်လမ်းလုံးကိုင်ထားခဲ့သည်။

 

 

 သူမတံခါးဖွင့်ပြီးဝင်သွားသည်။ နောက်ပြီး သူမနဲ့ချန်ရှု့ ဒီမှာဘာလုပ်ခဲ့သည်ကို ပြန်ပြောင်းမကြည့်ဘဲ အဝင်ဝတွင်ရပ်လိုက်သည်။

 

 

 သူမတို့သည် သူတို့အခန်းကို ပြန်သွားပြီးကတည်းက သူတို့လက်ကိုလွှတ်လိုက်သည်ဟု ဆိုလိုသည်။

 

 

 လမ်းလျှောက်နေစဉ်မှာ ချန်ရှု့က သူမလက်ကိုကိုင်ထားပြီး အခုကဖြုတ်လိုက်တာဖြစ်နိုင်သည်။ သူမကိုကောင်းသောညပါဟုပြောပြီးနောက် သူတို့ခွဲခွာပြီး သူတို့အခန်းသို့ ပြန်လာခဲ့ကြသည်။

 

 

 သူမစိတ်ထဲတွင် မြင်ကွင်းတစ်ခုကို ပြန်လည်သတိရလိုက်သောအခါ မူးနေသောအရာတစ်ခုလုံးကို မေ့သွားပြီး တံခါးဝရှိ မီးခလုတ်ကို ရုတ်တရက် ကြည့်လိုက်သည်။

 

 

 "ချန်ရှု့ ကျွန်မရေဆာနေတယ် ရေသောက်ချင်တယ်"

 

 

 သူမစိတ်ထဲတွင် မှတ်ဉာဏ်အပိုင်းအစတစ်ခု ပေါ်လာသည်။ ယဲ့ဆွေက သူမနှုတ်မှထွက်လာသော စကားများမယုံနိုင်ခဲ့ပေ။

 

 

 သူမတံခါးမှာ သူမလက်ကိုတင်လိုက်ပြီး ခြေထောက်များက ပျော့ခွေသွားသည်။ 'ဟုတ်တယ် ငါ ချန်ရှု့ကို ဒီလိုမျိုးလုပ်ခဲ့တယ်'

 

 

' နောက်ပြီးတော့ကော?'

 

 

 ယဲ့ဆွေက မှတ်ဥာဏ်နောက်လိုက်ပြီး သူမရေရှိတဲ့ နေရာကို လိုက်သွားခဲ့သည်။  သူမနဲ့ချန်ရှု့တို့ရဲ့လက်က  ဆုပ်ကိုင်ထားပြီး ရေသန့်စက်ရှေ့တွင် ရပ်နေပုံရသည်။

 

 

 ယဲ့ဆွေက သူမခေါင်းကို သူမ ခေါက်လိုက်သည်။  "လာပါ ဆက်စဉ်းစားစမ်း "

 

 

 သူမရဲ့ကြီးကြီးမားမားနဲ့ ကိုးယိုးကားယား နိုင်သော လှုပ်ရှားမှုများကြောင့် သူမအနားရှိခွက်ကို တိုက်မိလိုက်သည်။  ယဲ့ဆွေက အဲ့တာကိုကိုင်ဖို့ သူမရဲ့လက်ကို ချက်ချင်းလှမ်းလိုက်သည်။  ဒီခွက်ရဲ့ပုံစံက အနည်းငယ်ရင်းနှီးပုံရသည်။

 

 

 'ထိုနေ့က သူမနဲ့သူက ခွက်တစ်ခွက်ထဲအတူသောက်ခဲ့တာလား? '

 

 

 ယဲ့ဆွေ ရဲ့လက်က တုန်သွားနေကာ  သူမကခွက်ကိုပြန်ချထားလိုက်ပြီး ဆိုဖာပေါ်ကိုအမြန်ပြေးသွားပြီး ထိုင်ချလိုက်သည်။

 

 

 ယဲ့ဆွေက သူမနှလုံးအသေးလေးကို နမ်းလိုက်ပြီးနှစ်သိမ့်လိုက်သည်။ "ဒီကိစ္စ နောက်ဆက်တွဲက မဖြစ်သင့်ဘူးမဟုတ်ဘူးလား? "  သို့သော်လည်း သူမကိုယ်တိုင် သူ့စကားကိုမယုံခဲ့ပါ။

 

 

 သူမကဆိုဖာကို ကြည့်လိုက်သည်။ မနက်မိုးလင်းချိန်မှာ ယဲ့ဆွေက ဤနေရာတွင် မသိစိတ်ကရပ်တန့်သွားမိခဲ့သည်။  'ဆိုဖာပေါ်မှာ ဘာဖြစ်ခဲ့တာလဲ?'

 

 

ယဲ့ဆွေက သူမဘေးနားမှာထိုင်နေတဲ့ ချန်ရှု့ကိုသတိရသွားပြီး လမ်းလျှောက်ရင်း ရေသောက်နေတယ်လို့စိတ်ကူးမိသွားသည်။

 

 

 “ ကျွန်မအအေးမိတာမဟုတ်ဘူး…”ယဲ့ဆွေရဲ့ မှတ်ဥာဏ်ကရှင်းလင်းလာသည်။  ချန်ရှု့ မျက်လုံးများကိုကြည့်ပြီးခဏလောက်တုံ့ဆိုင်းသွားရင်း ဒီစကားကို သူမ မှတ်မိလာသည်။

 

 

 အဲဒီအချိန် သူမဘာပြောခဲ့လဲ?

 

 

ယဲ့ဆွေက သူမ မှတ်ဥာဏ်ထဲတွင်နစ်မြုပ်နေပြီး ပါးစပ်ကို ဖွင့်ထားကာ စကားပြောရန် အဆင်သင့် ဖြစ်နေသော်လည်း ရုတ်တရက် တံခါးဖွင့်သံကြားလိုက်ရသည်။

 

 

 ယဲ့ဆွေရဲ့ မှတ်ဉာဏ်လမ်းခရီးက ရုတ်တရက်ရပ်တန့်သွားသည်။ သူမထိတ်လန့်တကြားနှင့် တံခါးကိုလှည့်ကြည့်လိုက်သည်။

 

 

 တံခါးနားမှာလူတစ်ယောက်ရပ်နေသည်။  ဤကိစ္စရဲ့ အရှင်သခင် ချန်ရှု့ ပြန်လာတာဖြစ်သည်။

 

 

 "အိုး ဘုရားရေ !"  ယဲ့ဆွေက သူမသရဲကို မြင်လိုက်သလိုလိုအော်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူမနောက်ကျောက ဆိုဖာပေါ်ကိုလဲကျသွားသည်။

 

 

 ချန်ရှု့က သူမဘာလုပ်နေလဲတောင် မသိလိုက်ဘူး။ ယဲ့ဆွေက သူ့ကိုမြင်လိုက်ချိန်မှာ သူမကကြောက်စရာကောင်းတဲ့အရာတစ်ခုကို လုပ်မိသလိုမျိုးဖြစ်သွားသည်။

 

 

 ချန်ရှု့ မတုံ့ပြန်နိုင်ခင် စက္ကန့်အနည်းငယ် အလိုတွင်အံ့သြသွားသည်။  တံခါးကိုပိတ်လိုက်ပြီး သူက ယဲ့ဆွေရှိရာကို အမြန်သွားလိုက်သည်။ သူလမ်းခုလတ်တွင် ရှိနေစဉ်မှာဘဲ ယဲ့ဆွေက သူမခါးကို ကိုင်ပြီး ကြမ်းပြင်ပေါ်ထိုင်လိုက်သည်။

 

 

ချန်ရှု့ - "မင်းဆိုဖာပေါ်မှာယောဂလေ့ကျင့်ခဲ့လား? "

 

 

 ယဲ့ဆွေက ငြင်းချင်သော်လည်း စက္ကန့်ပိုင်းအကြာတွင်သူမသတိရသွားပြီး ခေါင်းညိတ်လိုက်သည်။  ယောဂကျင့်တာက လဲကျတာပိုကောင်းသည်။

 

 

 ချန်ရှု့ မျက်မှောင်ကြုတ်လိုက်မိသည်။  "နောက်တစ်ခါမလုပ်နဲ့။  အရမ်းအန္တရာယ်များတယ် "

 

 

 ယဲ့ဆွေက ချန်ရှု့ရဲ့ ကြင်နာမှုကိုရှုပ်ထွေးတဲ့ မျက်နှာဖြင့်လက်ခံလိုက်ပြီး အခန်းထဲပြန်ရောက်ချိန်တွင် သူမခါးကိုဆုပ်ကိုင်လိုက်သည်။

 

 

 သူမတစ်ညလုံးနီးပါး မအိပ်ရဘူး။  ယဲ့ဆွေက သူမ ချန်ရှု့ကို ဘာပြောခဲ့လဲဆိုတာ တကယ်သိချင်သည်။ သူမ ဒါကို မှတ်မိနိုင်တာမို့ သူလည်းဒါကို သေချာစဉ်းစားလိမ့်မည်။

 

 

 ယဲ့ဆွေက သူမစိတ်ကိုတစ်ညလုံး ကုန်လွန်စေခဲ့ပြီး နောက်ဆုံးတွင် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။  သူမရဲ့အရက်မူးနေတဲ့ တုံ့ပြန်မှုကို စမ်းသပ်ဖို့ အချိန်တစ်ခုကိုရွေးခဲ့ရသည်။

 

 

 ဒါကြောင့် ချန်ရှု့ အိမ်မှာမရှိသည့်အချိန်ကို သူမရွေးချယ်ခဲ့သည်။  ထို့နောက် သူမ သူ့ပုံများကို အခန်းထဲထည့်လိုက်သည်။  သူမ သူတို့ကို မြင်လိုက်ရလျှင် သူမစကားပြောချင်စိတ်ကို ကျိန်းသေဖြစ်စေလိမ့်မည်။

 

 

 မူးနေသောအခြေအနေတွင် ယဲ့ဆွေက သူမပြောမည့်အရာကိုစောင့်ကြည့်နေလိမ့်မည်။

 

 

 ကံကောင်းထောက်မစွာနဲ့ ယဲ့ဆွေက ဤမျှအကြာကြီးမစောင့်ခဲ့ရပေ။  ချန်ရှု့က တစ်နေ့တာစီးပွားရေးအတွက် အိမ်မှထွက်ခွာဖို့ပြောခဲ့ပြီး နောက်နေ့မွန်းလွဲပိုင်းအထိပြန်မလာနိုင်ပေ။

 

 

 ယဲ့ဆွေက သူမပျော်ရွှင်မှုကို မထိန်းနိုင်တာကြောင့်  သူမနှုတ်ခမ်းထောင့်စွန်းက အနည်းငယ်တက်လာသည်။  "သွားလေ။ လုံခြုံဖို့ကို သတိရနော် "

 

 

 သူမတုံ့ပြန်မှုက ပုံမှန်ထက် အတော်လေးကွဲပြားနေသည်။ အရင်တုန်းက သူထွက်ခွာသွားတာကို သူမသိရင် သူမအဝေးကိုရောက်တဲ့အခါ သူမသရဲမြင်ရမှာကို ကြောက်လိမ့်မည်။

 

 

 သူမရဲ့ထူးဆန်းတဲ့တုံ့ပြန်မှုကို သတိပြုမိပြီး သူက ပြောခဲ့သည်။မင်းကြောက်ရင် ကိုယ့်ကိုဖုန်းခေါ်လို့ရတယ်။  ဗွီဒီယိုကောလ်ခေါ်လည်း ရတယ်

 

 

 ယဲ့ဆွေက ချက်ချင်း သူမလက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။မလိုပါဘူး။ ကျွန်မချိန်းထားတာရှိတယ်၊ ဒါကြောင့် ကျွန်မအိမ်မှာမရှိလောက်ဘူး "

 

 

 ချန်ရှု့ - “ …” သူစိတ်ကူးတာနဲ့ဘယ်လို့ကွာခြားရတာလဲ?

 

 

 ချန်ရှု့က သူ့အထုပ်အပိုးများကို မှိုင်းညို့စွာထုပ်ပိုးလိုက်သည်။  သူသည်အကြောင်းပြချက်ကို ခန့်မှန်းရန်ပျက်ကွက်ပြီး သံသယများဖြင့် ထွက်သွားသည်။

 

 

 သူထွက်သွားတာနဲ့ ယဲ့ဆွေက ၎င်းတို့၏အိမ်တွင်ကင်မရာများစွာကို ချက်ချင်းတပ်ထားကာ ရှုထောင့်ပေါင်းစုံမှ သူမ၏အရက်မူးနေချိန် တုံ့ပြန်မှုကိုမှတ်တမ်းတင်ထားသည်။

 

 

 ညဘက်တွင် ယဲ့ဆွေက ဝိုင်ခွက်အတန်းလိုက်ကို သူမရှေ့တွင်ချထားသည်။  သူမကအသက်ပြင်းပြင်းရှူလိုက်ပြီး ဝိုင်ကိုသေလုမျောပါးမျိုချလိုက်သည်။

 

 

 ခဏကြာတော့ ယဲ့ဆွေရဲ့ ခေါင်းကမူးဝေလာသည်။  သို့သော် သူမနှိမ်နင်းလိုက်ပြီး ဆိုဖာပေါ်တွင်သက်တောင့်သက်သာထိုင်လိုက်သည်။

 

 

 ယဲ့ဆွေ အရက်မူးနေပြီ၊ သူမမျက်လုံးတွေက နံရံပေါ်မှာရှိနေတဲ့ ချန်ရှု့ပုံကိုဝှေ့ကြည့်လိုက်သည်။ သူမက ချက်ချင်းပဲဆိုဖာပေါ်မှထကာ ရုပ့ပုံကားချပ်ရှိတဲ့နေရာဆီသို့ ခြေလှမ်းစိပ်စိပ်နဲ့သွက်သွက်ကလေး သွားလိုက်ပြီး နံရံကိုတင်းတင်းကြပ်ကြပ်ကိုင်လိုက်သည်။

 

 

"ချန်ရှု့ ရှင်နံရံမှာဘာလုပ်နေတာလဲလာပါ ကျွန်မနဲ့တူတူလာသောက် "

 

 

 ထုံးစံအတိုင်း နံရံပေါ်က ရုပ်ပုံကားချပ်တွေက မတုံ့ပြန်ဘူး။

 

 

 ယဲ့ဆွေရဲ့ မျက်လုံးတွေက နံရံအခြားတစ်ဖက်ကို ရောက်သွားတယ် သူမချန်ရှု့ဓာတ်ပုံကို ဘယ်မှာတင်ခဲ့တာလဲ။ သူမရွှင်လန်းနေတဲ့ ခြေလှမ်းများဖြင့် ထိုနေရာသို့ ကျော်သွားလိုက်သည်။

 

 

 "ချန်ရှု့ သူက ကျွန်မကို လျစ်လျူရှုနေတယ်" ယဲ့ဆွေက ချက်ချင်းနံရံပေါ်က ပုံကိုအပြစ်တင်ရှုတ်ချလိုက်ပြီးတိုးတိုးလေးပြောလာသည်။

 

 

 ရုပ်ပုံကားချပ်များတွင် ချန်ရှု့က တိတ်ဆိတ်နေခဲ့သည်။ ယဲ့ဆွေက ဓာတ်ပုံများနှင့်စကားပြောနေစဉ် တစ်ချိန်တည်းမှာ နံရံတစ်ခုစီကို လှည့်ပတ်သွားနေခဲ့သည်။

 

 

 ကင်မရာက ယဲ့ဆွေရဲ့ပုံစံကိုမှတ်တမ်းတင်ထားသည်။

 

 

 ဟွာရွေ့ အဆောက်အအုံ၌...

 

 

 လေယာဉ်ပေါ်တွင် ရှိနေမယ်လို့ ယူဆရတဲ့ ချန်ရှု့က ကုမ္ပဏီ၌ရှိနေဆဲဖြစ်သည်။ နောက်ဆုံးမိနစ်၌ တစ်စုံတစ်ရာဖြစ်ပျက်လာခြင်းကြောင့် သူသည်ခရီးစဉ်ကို ဖျက်၍ ရွှေ့ဆိုင်းခဲ့သည်။

 

 

သူကဒီကိစ္စကိုဖြေရှင်းပြီးမှ ယဲ့ဆွေကို ခေါ်ပြီးဒီညအခြေအနေအကြောင်း သူမကိုပြောရမည်။

 

 

 ချန်ရှု့က သူမရဲ့နံပါတ်ကိုခေါ်ချင်ပေမယ့် သူမသူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာကို သူသတိရသွားသည်။ သူအဲ့ဒါကိုစဥ်းစားလိုက်ပြီး သူ့ဖုန်းကိုအဝေးမှာထားလိုက်ကာ အင်္ကျီကိုကောက်ပြီး အိမ်ပြန်လိုက်သည်။

 

 

 ချန်ရှု့ တံခါးဖွင့်လိုက်ချိန်မှာ အခန်းကမှောင်မဲနေသည်။  ထမင်းစားပွဲပေါ်တွင် ခွက်တွေအတန်းလိုက်ရှိနေပြီး ၎င်းတို့ထဲမှ အတော်များများကလွတ်နေ၏။

 

 

 ချန်ရှု့က မျက်မှောင်ကြုတ်ပြီးလမ်းလျှောက်လာသည်။ သူ့အတွင်းပိုင်းကို ရောက်လေလေ တစ်ခုခုမှားနေပြီဆိုတာကို ပိုခံစားရလေလေဘဲ။

 

 

 နံရံပေါ်မှာဒီလောက်များပြားတဲ့ အရာတွေဘယ်တုန်းကရှိခဲ့လဲ။  နောက်ပြီး ၎င်းတို့အားလုံးက သူ့ဓာတ်ပုံတွေဖြစ်ပြီး အဲ့တာတွေကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရိုက်ထားပုံရသည်။

 

 

 'ယဲ့ဆွေ အိမ်မှာရှိနေတာလား? သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်လို့ သူမ ပြောခဲ့တာမဟုတ်ဘူးလားဒါပေမယ့် အခုသူမဘာလို့ အိမ်ပြန်လာတာလဲ? '

 

 

 ချန်ရှု့က ယဲ့ဆွေ အိမ်မှာရှိမရှိကြည့်ဖို့ ဒုတိယထပ်ကို သွားချင်သည်။ ဒါပေမယ့် ရုတ်တရက်တစ်ယောက်ယောက်က သူ့ရင်ခွင်ထဲကို ပြေးဝင်လာပြီး သူ့ရဲ့လက်တွေကို ချန်ရှု့ရဲ့လည်ပင်းမှာရစ်ပတ်လိုက်သည်။

 

 

 သူခေါင်းငုံ့လိုက်တော့ ယဲ့ဆွေ သူ့ကိုမော့ကြည့်နေတာကိုမြင်လိုက်ရသည်။ သူမရဲ့မျက်နှာပေါ်တွင် အရက်သောက်ထားသောကြောင့် နီမြန်းနေခဲ့သည်။ သူမက ချန်ရှု့ကို ပြုံးပြလာသည်။  "ချန်ရှု့၊ ဖက်ပေး "