လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၈၈ - ကျေးဇူးရှင်
ယဲ့ဆွေရဲ့ ရုတ်တရက်လှုပ်ရှားမှုကြောင့် ချန်ရှု့ ကြောင်သွားပြီး အချိန်ကြာကြာ မတုံ့ပြန်နိုင်ခဲ့ပေ။
အရက်မူးတဲ့အခြေအနေမှာရှိနေပြီး စိတ်အခြေအနေမမှန်တဲ့ယဲ့ဆွေက
ချန်ရှု့ သူမကိုအကြာကြီးမကိုင်ထားတာကို သတိပြုမိခဲ့သည်။
မကျေနပ်ချက်တွေနဲ့ သူမပါးစပ်ကိုဖွင့်လိုက်ပြီး "ချန်ရှု့ ကျွန်မကိုဖက် "လို့ထပ်ပြောလိုက်သည်။
သူမရဲ့မူးနေသော အသွင်အပြင်က ခါတိုင်းနှင့် လုံးဝမတူပေ။ အရင်က သူမက သူ့ရှေ့မှာနူးညံ့စွာပြုမူလိမ့်မည်။ ဒါပေမယ့် အခုတော့သူမမျက်လုံးထဲမှာ မကျေမနပ်ဖြစ်နေသည်။
သူက ဘာလို့ သူမကို မကိုင်ထားတာလဲလို့ သူမစူးစမ်းချင်နေတဲ့ပုံရသည်။
ချန်ရှု့က ဘာဖြစ်နေတာလဲဆိုတာကို စဥ်းစားမရဘူး။
သူက ယဲ့ဆွေရဲ့ စကားများကိုသာ လိုက်နာနိုင်ခဲ့သည်။
သူကလက်ကိုဆန့်ထုတ်လိုက်ပြီး သူမရဲ့နောက်ကျောကို ပုတ်လိုက်သည်။
"ယဲ့ဆွေ၊ နာခံပါ "
ချန်ရှု့ ဒီလိုလုပ်တဲ့အခါ ယဲ့ဆွေရဲ့ စိတ်အခြေအနေက ချက်ချင်းတိုးတက်လာသည်။ သူမရဲ့မျက်လုံးတွေက အပြုံးတစ်ခုနဲ့ ကွေးညွှတ်သွားပြီး သူမကအလွန်အကျွံတောင်းဆိုမှုများကို ရှေ့တန်းတင်ခဲ့သည်။
“ချန်ရှု့၊ ကျွန်မကို ကျောပိုးပေး ”
ချန်ရှု့ - “......…”
ချန်ရှု့က သူမကို ကျောမပိုးခင်အထိ ယဲ့ဆွေရဲ့ ဘယ်တော့မှ လက်မလျှော့မယ့်ပုံစံကိုကြည့်ပြီး အကူအညီမဲ့စွာသက်ပြင်းချလိုက်ပြီး ကုန်းပေးလိုက်သည်။ "လာခဲ့ "
ယဲ့ဆွေက ချန်ရှု့ရဲ့ နောက်ကျောကိုအမြန်တက်လိုက်သည်။
သူမရဲ့လက်တွေက သူ့လည်ပင်းမှာ ချိတ်ထားပြီး သူမရဲ့ခေါင်းကို ချန်ရှု့ရဲ့ဘေးတစ်ဖက်ကမျက်နှာမှာထားလိုက်ပြီး သူမရဲ့အသက်ရှုသံက သူ့နားသို့ရိုက်ခတ်လုနီးပါးဖြစ်နေသည်။
ယဲ့ဆွေက သူမရဲ့ပါးစပ်ကိုဖွင့်ဟလာပြီး စကားပြောဖို့ သူ့ရဲ့နားရွက်နားဆီသို့ကပ်သွားတော့ သူတောင့်တင်းသွားခဲ့သည်။
“ချန်ရှု့၊ မောင်းတော့!”
ချန်ရှု့က သူမရဲ့လုပ်ရပ်များအတွက် ရယ်ရခက်၊ ငိုရခက်ဖြစ်နေသည်။
ယဲ့ဆွေက အရက်မူးနေသောကြောင့် သူမက သူမရဲ့လုပ်ရပ်များကို မသိဘဲနေခဲ့သည်။ သူမသူ့ကျောကုန်းပေါ်မှာ ထိုင်နေတာကိုသေချာအောင်လုပ်လိုက်ပြီး သူဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။
ယဲ့ဆွေက အလွန်ပေါ့ပါးသည်။ ချန်ရှု့ ခြေလှမ်းစလှမ်းလိုက်တဲ့အခါ သူကကိုယ်အလေးချိန်ကို သိပ်မခံစားရဘူး။
တစ်စက္ကန့်တွင် ယဲ့ဆွေက စိတ်မချမ်းမသာဖြစ်လာပြန်သည်။ လောကကြီး၌
သူမက ချန်ရှု့ကိုဂရုမစိုက်ဘဲ အမိန့်ပေးလိုက်သည်။ “ လိမ္မော်သီးစားချင်တယ်။ ကျွန်မကို မီးဖိုခန်းထဲခေါ်သွား "
ချန်ရှု့က နာခံစွာနဲ့ သူမကိုကျောပိုးပြီး မီးဖိုချောင်ထဲကို ဂရုတစိုက်သွားလိုက်သည်။ ယဲ့ဆွေ ဆင်းသွားပြီး လိမ္မော်သီးတစ်လုံးကို အခွံခွာလိုက်သည်။
"ချန်ရှု့၊ အာ လို့ပြော " ယဲ့ဆွေက ပထမဦးစွာအခွံနွှာထားတဲ့ လိမ္မော်သီးစိတ်ကို ချန်ရှု့ရဲ့ ပါးစပ်ဆီသို့ရွှေ့လိုက်သည်။
ချန်ရှု့ ပါးစပ်ကိုဟလိုက်သည်နှင့် ယဲ့ဆွေက လိမ္မော်သီးကိုထည့်လိုက်ပြီး သူ့ကိုမသိစိတ်က မြည်းစမ်းစေခဲ့သည်။
လိမ္မော်သီးက ချိုတယ်။
ချန်ရှု့ စားလိုက်တာကိုမြင်တော့ ယဲ့ဆွေက "ကျွန်မ အဲ့ဒီကိုသွားချင်တယ်၊ ကျွန်မကိုကျောပိုး " လို့ညွှန်ကြားရင်း လိမ္မော်သီးတွေကို စတင်စားလိုက်သည်။
"ပြီးတော့ ဟိုဘက်ကိုရော "
ယဲ့ဆွေရဲ့လက် ညွှန်ပြတဲ့နေရာကို ချန်ရှု့က သွားလိမ့်မည်။ သူက သူမကို အိမ်ပတ်ပတ်လည်ကို ကျောပိုးနေချိန်မှာသူကအထွတ်မတက်ခဲ့ပေ။
ယဲ့ဆွေက ရုတ်တရက် "ချန်ရှု့" လို့ အော်လိုက်သည်။
"ကိုယ်တို့ဘယ်နေရာကို သွားကြမလဲ?" ချန်ရှု့ ကမေးလိုက်သည်။
ယဲ့ဆွေ စကားမပြောဘူး။
ထိုအစား သူမကခေါင်းကိုပြန်လှည့်လာပြီး ချန်ရှု့ရဲ့ ပုခုံးပေါ်မှာ သူမရဲ့မျက်နှာကိုတင်လိုက်ပြီး တိတ်ဆိတ်သွားခဲ့သည်။
ချန်ရှု့က ခဏလောက် စောင့်သော်လည်း ယဲ့ဆွေ စကားပြောတာကို မကြားရတော့ချေ။ ထူးဆန်းတယ်လို့ခံစားမိပြီး သူမကိုကြည့်လိုက်တော့ သူမရဲ့မျက်လုံးတွေနဲ့ဆုံသွားခဲ့သည်။
အပေါ်မှမီးရောင်တွေက ကောင်းကင်၌အရောင်စုံလင်သော မှိတ်တုတ်မှိတ်တုတ်ကြယ်လေးတွေလိုမျိုး ယဲ့ဆွေရဲ့မျက်လုံးထဲသို့ ကျဆင်းသွားခဲ့သည်။ ချန်ရှု့ကိုတိတ်တဆိတ်ကြည့်ရင်း သူမမျက်လုံးများက တောက်ပလာသည်။
ချန်ရှု့ အသက်ရှူရပ်သွားသည်။
"ယဲ့ဆွေ၊ ဘယ်လို....."
သူ့စကားမဆုံးခင် ယဲ့ဆွေက ရုတ်တရက် ချဉ်းကပ်လာပြီး သူတို့နှစ်ယောက်ကြားက အကွာအဝေးက ပျောက်ကွယ်သွားခဲ့သည်။
သူမရဲ့နှုတ်ခမ်းတွေက သူ့နှုတ်ခမ်းဆီမှာထိကပ်လျက်ရှိနေပြီး နူးညံ့သော အထိအတွေ့ရှိနေခဲ့သည်။
ယဲ့ဆွေက အရက်မူးပြီး သူမရဲ့အင်အားကိုထိန်းချုပ်နိုင်စွမ်းမရှိပေ။
နမ်းဖို့ကြံရွယ်သော်လည်း ဒါကသူ့နှုတ်ခမ်းကိုရိုက်တာထက် ပိုနာကျင်စေသလို သူမမျက်မှောင်ကြုတ်လိုက်မိသည်။
သူမအခုမှ နောင်တရစရာတွေအတွက်ပြင်ဆင်ဖို့ အနားကို တိုးကပ်လာသည်။
သူမနှုတ်ခမ်းကို ရွှေ့လိုက်ပြီး အဆင်မပြေစွာနဲ့ သူ့ကိုနမ်းရှိုက်လိုက်သည်။
ချန်ရှု့က သူအရင်တုန်းက ယဲ့ဆွေနဲ့နမ်းဖူးတာကို မမှတ်မိဘူး။ ဒါကြောင့် ဒါဟာ သူတို့ရဲ့ပထမဆုံးအနမ်းလို့ သူထင်သွားခဲ့သည်။
သူက လုံးဝအေးခဲသွားပြီး သူ့ရဲ့အသက်ရှူသံက အဆုတ်၌ပိတ်မိသွားကာ ပတ်ဝန်းကျင်တစ်ဝိုက်မှာ အငွေ့ပျံသွားခဲ့သည်။
နောက်ထပ်တစ်စက္ကန့်ကုန်သွားရင် သူအသက်ရှူကျပ်ပြီး သေသွားလိမ့်မည်။
ချန်ရှု့ရဲ့ အသံကပြာသွားပြီး ယဲ့ဆွေရဲ့နာမည်ကို "ယဲ့ဆွေ " လို့ခက်ခက်ခဲခဲနဲ့ ခေါ်လိုက်ရသည်။
သူစကားပြောပြီးတာနဲ့ ယဲ့ဆွေက သူမရဲ့ခေါင်းကို သူ့ပခုံးပေါ်မှာတင်လိုက်ပြီး မျက်လုံးတွေကိုမှိတ်ကာ ဖြည်းဖြည်းချင်း အသက်ရှုသံညင်သာလာတာကို ချန်ရှု့တွေ့သွားခဲ့သည်။
ချန်ရှု့ကို နမ်းပြီးနောက်မှာ ယဲ့ဆွေ တကယ် အိပ်ပျော်သွားခဲ့သည်။
ချန်ရှု့က အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ သူက သူမအခန်းထဲ ချီသွားပြီး စောင်ကိုဟလိုက်ကာ သူမကိုဂရုတစိုက်နဲ့ အိပ်ရာပေါ်တင်ပေးလိုက်သည်။
စောင်ခြုံပေးပြီးနောက် သူကချက်ချင်း မထွက်သွားခဲ့ပေ။ သူက ကုတင်အစွန်းမှာထိုင်ပြီး သူမကိုခဏကြည့်ပြီးနောက် မတ်တပ်ရပ်ပြီး အခန်းထဲက ထွက်သွားခဲ့သည်။
ယဲ့ဆွေနိုးလာသောအခါ သူမရဲ့ပထမဆုံးတုံ့ပြန်မှုမှာ ပြင်းထန်လှတဲ့ ခေါင်းကိုက်ခြင်းသာဖြစ်သည်။
သူမရဲ့အရက်နာကျခြင်းက သူမကိုကြောက်စရာကောင်းအောင် ခံစားရစေသည်။
ယဲ့ဆွေထထိုင်လိုက်ပြီး သူမရဲ့နှုတ်ခမ်းကိုတို့ထိလိုက်သည်။ 'ဒီနားမှာစူးရှတဲ့ နာကျင်မှုရှိနေတယ်။ ဘာကြောင့်ထပ်ပြီးနာနေရတာလဲ?'
အိပ်ရာမှမထမီ ရန်ကျဲထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို သူမလက်ခံရရှိခဲ့သည်။ ပွဲအချိန်ကိုရွှေ့လိုက်တာကြောင့် ပွဲတက်ဖို့စောစောလာရန်လိုကြောင်း သူမကိုအသိပေးတာဖြစ်သည်။
ယဲ့ဆွေ အခန်းထဲက ထွက်လာသောအခါ ချန်ရှု့ ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူမမြေကြီးပေါ်ကို လှဲကျလုနီးနီးဖြစ်သွားသည်။
ချန်ရှု့ နေ့လည်မှပြန်လာမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား? သူဘာလို့ မနက်စောစောစီးစီး ရောက်လာရတာလဲ?
ယဲ့ဆွေရဲ့ လှုပ်ရှားမှုသံကို ကြားရသောအခါ ချန်ရှု့သူမကိုမော့ကြည့်လိုက်သည်။ ယဲ့ဆွေက နံရံပေါ်ရှိရုပ်ပုံကားချပ်ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းရှင်းပြလိုက်သည် “ကျွန်မ ကြောက်နေလို့။ အဲ့ဒါကြောင့် ရှင့်ရဲ့ပုံကို နံရံမှာကပ်ထားတာ "
ယဲ့ဆွေရဲ့ တုံ့ပြန်မှုက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကိုမြင်သောအခါ ချန်ရှု့ရဲ့ မျက်လုံးတွေက အနည်းငယ်မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့သည်။ "ကိုယ်စိတ်ထဲမထားပါဘူး "
ချန်ရှု့ရဲ့ရှေ့တွင် ယဲ့ဆွေက သူခိုးလိုမျိုးပြုမူနေသည်။ သူမကကင်မရာတွေအားလုံးကို ဖြုတ်ပြီး ဗီရိုထဲမှာသော့ခတ်ထားခဲ့သည်။
အခု သူမမှာအချိန်မရှိဘူး၊ ဒါကြောင့် သူမပြန်လာတဲ့အခါမှ အဲ့တာကိုကြည့်လိမ့်မည်။
ချန်ရှု့က မနေ့ညက အဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ပြီး ၎င်းကိုကြည့်ဖို့မလိုအပ်တော့ဘူးဆိုတာကို ယဲ့ဆွေမသိခဲ့ပေ။
မကြာသေးမီရက်များအတွင်း ဝေ့ကျီရဲ့ပြခန်းထဲက ပန်းချီကားတွင် အမျိုးသမီးတစ်ဦးရဲ့ ပန်းချီကားပျောက်သွားသည်ဟူသော သတင်းက တစ်စတစ်စနဲ့ ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။
၎င်းသည် ဝေ့ကျီရဲ့ အကျော်ကြားဆုံး ပန်းချီကားများအနက်မှ တစ်ခုဖြစ်ပြီး ၎င်း၏ဆုံးရှုံးမှုက ကြီးမားသောဆွေးနွေးမှုကိုဖြစ်စေခဲ့သည်။
ရဲများက ချက်ချင်းပဲ စောင့်ကြည့်ဗီဒီယိုကို ကြည့်ခဲ့သော်လည်း ထူးဆန်းစွာပင် ဗီဒီယိုက အဖြူရောင်သို့ပြောင်းသွားခဲ့သည်။
ဒီပန်းချီကားကို ဘယ်သူခိုးခဲ့တယ်ဆိုတာကို ရှာဖွေဖို့က မဖြစ်နိုင်ဘူး။
ထို့ပြင်ပြခန်းရဲ့လုံခြုံရေးက အမြဲတင်းကျပ်နေသဖြင့် ပန်းချီကားဘယ်လိုပျောက်သွားလဲဆိုတာကို ဘယ်သူမှမပြောနိုင်ကြပေ။
တစ်ချို့လူတွေက ဒီပန်းချီကားက ပထမတော့နည်းနည်းထူးဆန်းတယ်လို့ပြောကြသည်။
တခါတရံမှာ သိသာထင်ရှားတဲ့ ရယ်မောသံနဲ့ အခြားအချိန်တွေမှာ ငိုနေတဲ့ပုံနဲ့တူတယ်လို့ပြောကြသည်။
ဒီပျောက်ကွယ်မှုက သဘာဝလွန်ဖြစ်စဉ်တစ်ခု ဖြစ်နိုင်လား?
အချို့လူများက ဝေ့ကျီက ပန်းချီကိုစိတ်ခံစားမှုနှင့်တွယ်တာနေ၍ ၎င်းကိုပြန်ရှာရန် ငွေအမြောက်အများသုံးစွဲဖို့ မတွန့်ဆုတ်ဘူးလို့ ပြောကြသည်။
အိမ်အပြန်လမ်းတွင် ယဲ့ဆွေသည်လည်း ထိုသတင်းကိုမြင်ခဲ့သော်လည်း သူမအများကြီးမတွေးခဲ့ပေ။ သူမကားမောင်းနေတဲ့ ချန်ရှု့ အနားမှာ သူမရဲ့ဖုန်းကိုဆက်ကြည့်နေခဲ့သည်။
ကားပါကင်၌ ယဲ့ဆွေက လက်ဆွဲအိတ်ကို ဖွင့်လိုက်ပြီး သူမရဲ့မျက်လုံးများက အံ့သြစွာနဲ့ပြူးကျယ်သွားသည်။
ပျောက်ကွယ်သွားသော ပန်းချီကားက ထိုနေရာတွင်ရှိနေသည်။
ယဲ့ဆွေက ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်သည်။
ယခုအခိုက်အတန့်၌ ပန်းချီကားပေါ်တွင်
ပန်းချီဆွဲတဲ့ ပတ္တူစပေါ်၌ အမျိုးသမီးရဲ့ အရိပ်တစ်ခုကပေါ်နေခဲ့သည်။
သရဲက ယဲ့ဆွေကို ကြည့်လိုက်သည်။
“ မစ္စစ် ယဲ့၊ ရှင် ကျွန်မကို မြင်နိုင်တာကို ကျွန်မသိတယ်။
တစ်ခုလောက်ကူညီပေးလို့ရမလား?"
ချန်ရှု့လည်း အနောက်မှရောက်လာပြီး
"ဘာကိစ္စလဲ? " လို့မေးလိုက်သည်။
ယဲ့ဆွေ စကားပြောတော့မည်အချိန်မှာ သရဲက အနူးအညွတ်တောင်းဆိုနေခဲ့သည်။
"ဝေ့ကျီကို ငါတွေ့ချင်တယ်။
ကျေးဇူးပြုပြီး ငါ့ကိုကူညီပေးပါ ”
ယဲ့ဆွေက ချန်ရှု့ကို သူမရဲ့လက် ဝှေ့ယမ်းပြလိုက်သည်။
သူမကသရဲကို ကြည့်ပြီး "ရှင်ကဝေ့ကျီရဲ့ဇနီးလား?" လို့ သံသယ၀င်တဲ့လေသံနဲ့ ထုတ်ပြောခဲ့သည်။
"မဟုတ်ပါဘူး"
ယဲ့ဆွေ ထူးဆန်းစွာ ခံစားလိုက်ရသည်။ ဒါဆိုရင် ဝေ့ကျီကသူ့ရဲ့တစ်လုံးမှာ ဘာကြောင့် ဒီအမျိုးသမီးကိုပဲ ပန်းချီဆွဲနေရတာလဲ?
သရဲကဆက်ပြီးတော့ ပြောလာသည်။ “ ငါတို့ခိုးပြေးဖို့ ချိန်းထားခဲ့ကြတယ် ဒါပေမယ့် သူလွတ်သွားခဲ့တယ် ”
"ငါ သူ့ကို စိတ်ပူနေခဲ့တာကြောင့် ဝေ့ကျီကို သွားတွေ့တယ်။
အဲဒီနှစ်မှာ သူငါ့ကိုဘာကြောင့် စွန့်ပစ်ခဲ့တာလဲဆိုတာ ငါသိချင်ခဲ့တယ်။ တကယ်လို့ ငါအဲဒါကိုငြိမ်းချမ်းရေးမယူဘူးဆိုရင် ငါသက်တောင့်သက်သာရှိမှာမဟုတ်ဘူး” လို့ သူမက အေးစက်စွာနဲ့ ဆက်ပြောခဲ့သည်။
သရဲရဲ့အသံက ဝေ့ကျီကို လုံးဝဂရုမစိုက်သလို ထင်ရပေမယ့် သူမရဲ့မျက်လုံးထဲမှာ သူ့အတွက်စိုးရိမ်ပူပန်မှုတွေ ရှိနေသေးတယ်လို့ ယဲ့ဆွေ ထင်မိသည်။
လျစ်လျူရှုခြင်းဖြင့် သူမရဲ့ခံစားချက်များကို ဖုံးကွယ်ဖို့ကြိုးစားနေသည်။
"ကောင်းပြီ၊ ကျွန်မ ရှင့်ကိုခေါ်သွားမယ်"
ပန်းချီသရဲက ယဲ့ဆွေကို ဦးညွှတ်လိုက်သည်။
“ မင်းကိုစိတ်အနှောင့်အယှက်ဖြစ်စေမိတာ တောင်းပန်ပါတယ်” အဲဒီနောက် သူမကပန်းချီကားထဲကို ပြန်၀င်သွားခဲ့သည်။
ချန်ရှု့မှာ
မန့်ဟန့်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိသည်။
သူက သူ့ကိုယ်ပိုင်ဆရာဝန်တစ်ဦးဖြစ်ပြီး ဆေးပညာနယ်ပယ်မှာ လူသိများသည်။
ဝေ့ကျီ ဒဏ်ရာအကြောင်းကို ချန်ရှု့က သူ့ကိုမေးလိုက်သည်။
မန့်ဟန့်က ဝေ့ကျီမှာ ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်းနဲ့ ယခုအခါပုဂ္ဂလိက ဘိုးဘွားရိပ်သာတစ်ခုတွင် ရှိနေကြောင်းကို ပြောခဲ့သည်။
ချန်ရှု့က မန့်ဟန်ကို ဝေ့ကျီအား သူ့ရဲ့ပန်းချီကား ပြန်ရှာတွေ့ခဲ့ပြီဆိုတာကို ပြောပြဖို့တောင်းဆိုခဲ့ပြီး သူတို့ကသူ့ကိုလူကိုယ်တိုင်ပေးချင်သည်။
ဝေ့ကျီက ထိုစကားကိုကြားတာနဲ့ ချက်ချင်းသဘောတူလိုက်သည်။
ယဲ့ဆွေနဲ့ ချန်ရှု့က ပန်းချီကားကို ယူပြီး ကိုယ်ပိုင်ဘိုးဘွားရိပ်သာကို ရောက်လာသည်။ သူမက အခန်းတံခါးကို ခေါက်လိုက်သည်။ ခဏအကြာမှာ တံခါးပွင့်လာပြီး ဝေ့ကျီက ထိုနေရာမှာရပ်နေခဲ့သည်။ "ကျေးဇူးပြုပြီးဝင်ခဲ့ပါ"
ဝေ့ကျီလက်က ပိတ်ကျဲစဖြင့်ရစ်ပတ်ထားပြီး စိုးရိမ်တကြီးမေးလာခဲ့သည်။“ ငါ့ပန်းချီကားဘယ်မှာလဲ? ”
ယဲ့ဆွေက ပန်းချီကို ဝေ့ကျီကို ပေးလိုက်ချိန်မှာ သူ့မျက်လုံးတွေက တောက်ပသွားသည်။
ပန်းချီကားကိုနမ်းရှုံ့နေစဉ် သူ့လက်တွေက တုန်ရီနေပြီး သူ့အဖိုးတန်ဆုံးအရာလို့ ထင်ရသည်။
“ နောက်ဆုံးတော့ မင်းကိုတွေ့ပြီ” သူကညည်းညည်းညူညူပြောလိုက်သည်။
ယဲ့ဆွေက ရုတ်တရက် ပြောလာခဲ့သည်။ "ဆရာကြီးဝေ့ ကျွန်မပန်းချီကားထဲက အမျိုးသမီးကိုသိတယ်"
ဝေ့ကျီ မော့ကြည့်လိုက်သည်။
"မစ္စယဲ့ မင်းဘာကိုဆိုလို ... "
"သူမ သေသွားပြီ "
ဝေ့ကျီက သူမစကားများကို မယုံသလိုကြည့်လိုက်တာကြောင့် ယဲ့ဆွေက “ကျွန်မ ရှင့်ကို သက်သေပြမယ်” ဟုပြောခဲ့သည်။
သူမကပန်းချီသရဲကို မော့ကြည့်လိုက်သည်။
ထို့နောက်ပန်းချီကားထဲမှ အမျိုးသမီးသည် လေထုထဲမှလွင့်မျောလာသည်။
ဝေ့ကျီက သူ့ရှေ့တွင်ဖြစ်ပျက်နေတဲ့ ဤထူးဆန်းသောအဖြစ်အပျက်ကို မြင်ချိန်မှာ သူက “ အခုပန်းချီကားထဲမှာ သူမပါနေတယ်မဟုတ်လား? ” ဟုမေးလာသည်။
ယဲ့ဆွေ ခေါင်းညိတ်လိုက်သည်။
"သူမက ရှင့်ကိုမေးစရာရှိတယ်"
"အဲ့ဒိနှစ်က ရှင်ဘာလို့ချိန်းထားတာကိုလွဲချော်ခဲ့တာလဲ?" သရဲက မေးလာသည်။
ယဲ့ဆွေက ပန်းချီသရဲရဲ့ အဓိပ္ပာယ်ကို ပြောပြခဲ့သည်။ ဝေ့ကျီအမူအရာက ရှုပ်ထွေးသွားသည်။
သူစကားပြောခါနီးမှာပဲ သရဲက စကားဆက်ပြောလာခဲ့သည်။ “ ငါတို့တွေ့ဖို့သဘောတူခဲ့တယ်၊ ဒါပေမယ့် ငါမထွက်ရအောင် ငါ့မိသားစုက သော့ခတ်ထားတယ်။ သူတို့က ငါတို့အတူရှိနေတာကိုကန့်ကွက်တယ် ”
“ ငါ့မိသားစုနဲ့ တိုက်ခိုက်ဖို့ ငါအတတ်နိုင်ဆုံးကြိုးစားခဲ့တယ်၊ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။
ပြီးတော့ ရှင်က တစ်ယောက်ယောက်နဲ့ လက်ထပ်စာချုပ်ရှိတယ် ပြောတယ်။
ငါစိတ်ပျက်သွားခဲ့ပြီး အဲဒါကိုမယုံချင်ခဲ့ဘူး ”
"ကျွန်မရှင့်ဆီကို ချက်ချင်းသွားခဲ့တယ်။ ဒါပေမယ့် ရှင်က အဝေးကိုထွက်ပြေးပြီး ကျွန်မကိုရှောင်ခဲ့တယ်"
သူမက သူတို့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ရုန်းကန်နေရသော်လည်း သူက သူတို့ခံစားချက်များကို ရက်စက်စွာစွန့်ပစ်ခဲ့ပြီး သူမကို လုံးလုံးလျားလျား စိတ်ပျက်စေခဲ့သည်။
ဒီစကားတွေကိုကြားတော့ ဝေ့ကျီအံ့သြသွားသည်။
ဒါက သူစိတ်ကူးထားတဲ့အတိုင်း မဖြစ်ခဲ့ဘူး။
သရဲက သက်ပြင်းချလိုက်သည်။ “ ဝေ့ကျီက သူ့ချစ်သူပုံတူဆွဲခဲ့တာလို့ လူတွေကပြောကြတယ်။ ငါ ဒေါသထွက်ခဲ့တယ်။
အဲဒီအချိန်မှာ သူကဒီအမျိုးသမီးအတွက် ငါ့ကိုစွန့်ပစ်ခဲ့တယ်လေ။
ငါ သူမ ဘယ်သူလဲဆိုတာကိုကြည့်ချင်ခဲ့တယ် "
ဒါပေမယ့်ပန်းချီကားကို မြင်လိုက်တဲ့အခါ သူမမျက်နှာကိုမြင်လိုက်ရသည်။
သရဲက ရယ်နေပေမယ့် သူမဝမ်းနည်းပုံရသည်။
"ဆရာကြီးဝေ့ ရှင်ဘာလုပ်တာလဲ?
ရှင်အပြစ်ရှိတယ်လို့ခံစားရလို့လား? ရှင်ကဒီနည်းနဲ့ ရှင့်ကိုယ့်ကို ပြန်ရွေးနိုင်မယ်လို့ ထင်နေတာလား?
"
အခြားသူများက သူမကို ဝေ့ကျီရဲ့ ချစ်သူလို့ထင်ခဲ့ကြသော်လည်း သူမက သူ သူမကိုမချစ်ကြောင်းရှင်းရှင်းလင်းလင်းသိသည်။ မဟုတ်ရင် သူတို့ချိန်းထားတာကို သူဘယ်လိုလွဲချော်နိုင်မှာလဲ?
"ငါက ဝေ့ကျီချစ်တဲ့သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်လှည့်စားသလိုပါပဲ၊ ငါ နေ့တိုင်းပန်းချီကားကို မခွာချင်ဘဲ ထွက်သွားခဲ့တယ် "
“ အခြားသူတွေက ဒီပန်းချီကားကို လာကြည့်တဲ့အခါ သူတို့အားလုံးက ငါ့ကိုထောက်ပြပြီး ဒါကဆရာကြီးဝေ့ရဲ့ချစ်သူဖြစ်ရမယ်လို့ ပြောကြတယ်။ ဒါပေမယ့် ဒါအားလုံးလိမ်တယ်ဆိုတာငါသိတယ် ”
သူမအချစ်သည် တစ်ဖက်သတ်ဆန်ပြီး သူမကိုယ်တိုင်ပြုလုပ်ခဲ့သော လိမ်ညာမှုအားလုံးကို သူမသိသော်လည်းသူမထွက်ခွာဖို့ ငြင်းဆန်ခဲ့သည်။
သူမသရဲဖြစ်လာပြီးနောက်မှာတောင် သူ့ကိုအရင်လိုချစ်နေဆဲဖြစ်သည်။
အစောပိုင်းတွင် ပန်းချီဆရာက အမျိုးသမီးသည်အဘယ်ကြောင့် ငိုခဲ့သည်ကိုမသိသော်လည်း ယခုအမှန်တရားကို ကြားလိုက်ရသည်မှာ သိသာလာသည်။
သူကသူမကိုပိုချစ်တယ်လို့ပြောလေလေ သူမ ပိုပြီးစိတ်ဓာတ်ကျလာလေလေဘဲ။
အချိန်ကြာလာသည်နှင့်အမျှ သူမခံစားချက်များက ပန်းချီကားထဲတွင် ထင်ဟပ်လာသည်။ အစပိုင်းမှာပြုံးနေတဲ့ ပုံတူတစ်ခုက ဝမ်းနည်းမှုအဖြစ် တဖြည်းဖြည်းပြောင်းသွားသည်။
ပန်းချီသရဲက သူမမျက်လုံးထောင့်မှာ မျက်ရည်များကိုဝှက်ထားသည်။
"သူ့အိမ်ဘယ်မှာလဲ ငါသိတယ်၊ ဒါပေမယ့် ငါသူ့ကိုမုန်းခဲ့တယ်၊ ဘာပဲဖြစ်ဖြစ် ငါကနှစ်ပေါင်းများစွာ ကြာသွားတာတောင် ဘာတစ်ခုမှဖြစ်မလာဘူး "
ဒါပေမယ့် ဝေ့ကျီ တစ်ယောက် မတော်တဆထိခိုက်တယ်ဆိုတာကို သူမသိတဲ့အခါ သူမက သူ့ဆီကိုအမြန်ပြန်လာပြီး သူ့ကိုဂရုစိုက်ပေးချင်သေးသည်။
နှစ်ပေါင်းများစွာ နာကြည်းမှုသည် သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင်အရေးမကြီးခဲ့ပေ။
ဝေ့ကျီက ထိုစကားကိုကြားပြီးနောက်မှာ သက်ပြင်းချလိုက်သည်။
“ အဲဒီအချိန်တုန်းက မင်းက ငါနဲ့အတူမနေချင်ဘူးလို့ ငါအမြဲထင်ခဲ့တာ"
“ ငါတို့ချိန်းထားတဲ့နေရာမှာ မင်းကိုမတွေ့ဘူး။ အဲဒီအစား မင်းဆီက စာတစ်စောင်ဘဲ ရောက်လာတယ်။
မင်းမိသားစုက မင်းနဲ့အတူနေရတာ အရမ်းဆင်းရဲတယ်လို့ မင်း ငါ့ကို ပြောတယ်လို့ပြေတယ် "
ပန်းချီသရဲက အံ့သြသွားသည်။
သူမ ဒီလိုစာမျိုးတစ်ခါမှမရေးဖူးဘူး။
ဝေ့ကျီက ဖြည်းဖြည်းချင်းပြောပြသည်။ “ ဒါပေမယ့် ငါလက်မလျှော့ခဲ့ဘူး။ ငါနောက်ထပ်တစ်ရက်စောင့်ခဲ့ပေမယ့် ညကို မင်းမလာခဲ့ဘူး။
ငါ့မိသားစုက ငါ့ကိုအတင်းခေါ်သွားတာ။
ငါပြန်လာတဲ့အခါ 'ငါဆင်းရဲတယ်လို့ မင်းမထင်ခဲ့ဘူးလား' လို့ငါဆက်တွေးခဲ့တယ်၊ ဒါဆို ငါမင်းကိုသက်သေပြမယ်"
"နောက်ပိုင်းမှာ ငါနာမည်ကြီး ပန်းချီဆရာတစ်ယောက်ဖြစ်လာပြီး လူတိုင်းကငါ့ပန်းချီကားရဲ့တန်ဖိုးကို အနက်ကို ပြောကြတယ်" ဝေ့ကျီပြုံးလိုက်သည်။
"ဒါပေမယ့်အဲဒါဘာအဓိပ္ပါယ်လဲ? မင်းကငါနဲ့မဆိုင်တော့ဘူး "
ဝေ့ကျီက လေထဲကိုကြည့်ပြီး ပြောခဲ့သည်။ “ ငါမင်းကိုမုန်းတယ်၊ ဒါပေမယ့် ငါ့ကိုယ်ငါ ပိုမုန်းတယ်။
မင်းအရမ်းရက်စက်ခဲ့ပေမဲ့ ငါမင်းအကြောင်းကို နှစ်ပေါင်းများစွာစဉ်းစားနေခဲ့တာ "
သရဲရဲ့ မျက်လုံးတွေကတောက်ပလာသည်။
ဝေ့ကျီက ဆက်ပြောခဲ့သည်။ “ နှစ်တိုင်း ငါမင်းရဲ့ပုံတူကိုဆွဲခဲ့တယ်။ အဲ့ဒိ ပန်းချီကားတွေကို ဘယ်တုန်းကမှ မပြသခဲ့ဘူး။
အဲဒီအစား သူတို့ကို အိမ်ထဲမှာငါထားခဲ့တယ်။ ”
ပန်းချီကားတစ်ချပ်စီနှင့် သူမအတွေးများသည်အနည်းငယ် ပိုနက်ရှိုင်းလာခဲ့သည်။
သို့သော် သူမကိုပိုလွမ်းလေ သူမ ရက်စက်မှုကို ပိုသတိရလေဖြစ်ပြီးသံသရာလည်နေဦးမည်ဖြစ်သည်။
ထို့ပြင် ဝေ့ကျီ အိပ်ရာ၌ အရာများစွာပါရှိသော်လည်း ၎င်းတို့ကိုအ၀တ်များဖြင့် ဖုံးအုပ်ထားသည်။ ယဲ့ဆွေ တံခါးဝကို ရောက်တာနဲ့ သူမသတိထားမိခဲ့သည်။
ဝေ့ကျီက လက်ကိုဆန့်ပြီး အ၀တ်ကိုဆွဲလိုက်သည်။
အောက်တွင် ပန်းချီကားအချို့ရှိပြီး အမျိုးသမီးတစ်ဦး ၏ အပြုံးနှင့်ဒေါသကို သရုပ်ဖော်ထားသည်။
သူမ၏ပျော်ရွှင်မှုများနှင့် ဝမ်းနည်းမှုများကို သူ့ပန်းချီကားများတွင် ထင်ဟပ်ပြခဲ့သည်။ ဒီပန်းချီကားတွေကသူတို့လွမ်းခဲ့တဲ့နှစ်တွေကို ပြသထား သလိုပါပဲ။
သရဲက ယခုအချိန်မှာ ကြောက်လန့်နေပြီး သူမမျက်ရည်များက ရေတံခွန်ကဲ့သို့ ကျဆင်းလာသည်။
ပန်းချီတွင် အနီရောင်အမည်းစက်များပါ၀င်သည်ကို ယဲ့ဆွေ မြင်နိုင်သည်။
အဲဒါဖြစ်နိုင်လား…
ဒီအချိန်မှာ ဝေ့ကျီရဲ့အသံထွက်လာသည်။
“ လွန်ခဲ့တဲ့အချိန်က ငါ့အိမ်ကမမျှော်လင့်ဘဲ မီးလောင်ခဲ့တယ်။
ငါ့ပထမဆုံးတုံ့ပြန်မှုက ပန်းချီကားတွေကို သိမ်းဆည်းဖို့ဘဲ ”
"သူမက ငါနဲ့မနေတော့ဘူး၊ ဒါကြောင့် ငါဒီပန်းချီကားတွေကို ဆုံးရှုံးမခံနိုင်ဘူး"
ယဲ့ဆွေက ချန်ရှု့ကို တစ်ချက်ကြည့်လိုက်ပြီး နှစ်ယောက်စလုံး၏ မျက်လုံးများ၌ အကူအညီမဲ့နေသည်ကိုတွေ့လိုက်ရသည်။ သူတို့နှစ်ဦးကြား နားလည်မှုလွဲမှားမှုသည် အလွန်နက်ရှိုင်းတာကြောင့် သူတို့ကတစ်ခြားသူတစ်ဦး၏ မျှော်လင့်ချက်များကို မအောင်မြင်ဘူးလို့ ထင်ခဲ့ကြသော်လည်း တစ်ယောက်ကိုတစ်ယောက်ချစ်နေဆဲဖြစ်သည်။
အခုသူတို့ထဲကတစ်ယောက်က သရဲ ဖြစ်သွားခဲ့ပေမယ့်သူမအဖြေကို အခိုင်အမာတောင်းဆိုနေဆဲပဲ။
တစ်ယောက်က အသက်ရှင်နေသော်လည်း သူ့ဘ၀ တစ်လျှောက်လုံး နာကျင်မှုကြောင့် သရဲခြောက်ခံရသည်။
အထင်အမြင်လွဲမှားမှုများအားလုံးကို ဖြေရှင်းပြီးတာနဲ့ သရဲက “ ရှင်ဘာကြောင့်ဒီလောက်မိုက်ရတာလဲ? ”လို့ အော်ဟစ်လာခဲ့သည်။ သူ့ပန်းချီကားတွေကို ကာကွယ်ဖို့ သူ့အသက်ကို မစဉ်းစားဘဲ မီးထဲသို့အမြန်ပြေးဝင်ခဲ့သည်။
"အဲဒီတုန်းက ကျွန်မ စာမရေးခဲ့ဘူး"
ဝေ့ကျီက ပြောခဲ့သည်။ “ ကိုယ်သိပါတယ်” သူကလေသံမာမာနဲ့ဆက်ပြီး ပြောလာခဲ့သည်။ “ ကိုယ်တစ်သက်လုံးတစ်ကိုယ်တည်းနေခဲ့တယ်။
ကိုယ်တခြားဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဖူးဘူး "
ပန်းချီသရဲက ပြုံးပြီးပြောလိုက်သည်။
"ကျွန်မသိပါတယ်"
ခဏအကြာမှာ
ဝေ့ကျီနဲ့ ပန်းချီသရဲက "ငါ့ကိုခွင့်လွှတ်နိုင်လား" ဟုတစ်ပြိုင်နက်မေးခဲ့ကြသည်။
သူတို့မှာတူညီတဲ့စိတ်ကူးရှိတယ်ဆိုတာ သူတို့သိတဲ့အခါသူတို့ရယ်ကြသည်။
ဝေ့ကျီနဲ့သရဲက ယဲ့ဆွေကို ကျေးဇူးတင်ကြသည်။
ခဏအကြာတွင် ယဲ့ဆွေနဲ့ ချန်ရှု့တို့က အခန်းထဲကထွက်သွားကြသည်။
ယဲ့ဆွေက သူမနှလုံးသားထဲက ခံစားချက်များစွာဖြင့် ရှေ့သို့လျှောက်လာခဲ့သည်။
သူမက ချန်ရှု့ကိုကြည့်ပြီး ရုတ်တရက် ပြောခဲ့သည်။
"ချန်ရှု့ ကျွန်မတို့ အနာဂတ်မှာ ပြောစရာရှိရင် ဒီအကြောင်းကို ချက်ချင်းပြောရမယ်နော်"
နားလည်မှုလွဲတာကြောင့် သူမတစ်သက်လုံး နောင်တမရချင်ဘူး။
ချန်ရှု့က ယဲ့ဆွေ ဘာတွေတွေးနေသည်ကို သိတာကြောင့် သူပြုံးလိုက်သည်။
“ ကောင်းပြီ”
ယဲ့ဆွေက ဆက်ပြောလာသည်။.“ ကျွန်မတို့ထဲက တစ်ယောက်ယောက်မှာ အခက်အခဲရှိရင် အဲဒါကိုတစ်ပြိုင်နက် ဖြေရှင်းရမယ်၊ နောက်နေ့ကို မယူသွားနဲ့”
“ မဟုတ်ဘူး”
ယဲ့ဆွေက အာမခံချက်မရသေးသဖြင့်သူမက ချက်ချင်းပင် "နေ့တစ်ဝက်တောင် ဆွဲလို့မရဘူး" ဟု နောက်ထပ်စာကြောင်းတစ်ကြောင်း ထပ်တိုးလိုက်သည်။
ချန်ရှု့ မျက်လုံးတွေက နက်မှောင်သွားပြီး ယဲ့ဆွေကို
ပြင်းပြင်းထန်ထန်စိုက်ကြည့်နေသည်။
"အိုကေ"
ယဲ့ဆွေ ခဏလောက်စဉ်းစားလိုက်ပြီး ချန်ရှု့ရှေ့မှာ သူမရဲ့လက်သန်းလေးကို ထုတ်လိုက်သည်။
“ ကောင်းပြီ၊ ရှင်နဲ့ကျွန် မလက်သန်းနဲ့ကတိတစ်ခုလုပ်မယ်။
ကျွန်မတို့ကတိပေးထားတဲ့အတိုင်းပြန်မသွားသင့်ဘူး "
ချန်ရှု့က သူ့မျက်လုံးတွေကို လျှော့ချလိုက်ပြီး ယဲ့ဆွေ ရဲ့လက်ကိုကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် ချန်ရှု့သည် သူ့လက်ကိုဆန့်ကာ သူမနားကိုဖြည်းဖြည်းချင်းချဉ်းကပ်လာသည်။
သူကယဲ့ဆွေ လက်ကို တို့ထိလိုက်သောအခါ သူမလက်က အနည်းငယ်ကွေးသွားပြီး ချန်ရှု့ရဲ့ လက်ကိုတင်းတင်းကြပ်ကြပ် ချိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင်သူမက ပြောခဲ့သည်။ “ ကြည့်ပါဦး။ ကျွန်မတို့ကလက်သန်းနဲ့ကတိလုပ်လိုက်ပြီ ”
ချန်ရှု့ နှုတ်ခမ်းလည်း ကွေးညွတ်သွားသည်။
"ဒါဆိုကိုယ်တို့ စကားပြန်ရုတ်သိမ်းလို့ မရတော့ဘူး "
သူမလက်ချောင်းတွေက သေးသွယ်ပြီး သူ့လက်ချောင်းများက ရှည်လျားသည်။ သူတို့သည်.တစ်သက်တာကတိကဝတ်တစ်ခုလို ညင်ညင်သာသာ တွယ်ချိတ်ထားကြသည်။
ရက်အနည်းငယ်အကြာတွင် ပျောက်ဆုံးသွားသောပန်းချီကားအား တွေ့ရှိပြီလို့ ရဲကကြေငြာခဲ့သည်။
ဒါပေမယ့်ပန်းချီက ပြောင်းသွားပုံရသည်။
အမျိုးသမီး မျက်နှာတွင် ဝမ်းနည်းနေတာမျိုး မရှိတော့ပါ။ အဲဒီအစားသူမကပြုံးနေခဲ့သည်။
ကောလဟာလများက တောမီးလို ထပ်ပျံ့နှံ့သွားခဲ့ပြီးကြေငြာချက်တစ်ခုကလည်း လူအများ၏အာရုံကိုလွှဲပြောင်းပေးခဲ့သည်။
ပန်းချီဆွဲခြင်းကို ရပ်နားထားသော ပန်းချီဆရာဝေ့ကျီက သုံးရက်အကြာတွင် ပန်းချီပြပွဲ၌ပြသမည့် အနုပညာသစ်တစ်ခုကိုပြီးစီးခဲ့သည်။
ဒီသတင်းက အင်တာနက်သုံးစွဲသူတွေကို အံ့အားသင့်စေခဲ့သည်။
ဆရာကြီးဝေ့က တစ်ကျော့ပြန်လာခဲ့ပြီဖြစ်သည်။ သူ့ပန်းချီကားများက ရှာရခက်သည်။ ထို့ကြောင့် မြို့ရှိ လွှမ်းမိုးနိုင်တဲ့ မိသားစုတိုင်းက လက်ရာသစ်ကိုပုံဖော်ထားသည်ကိုအံ့ကြသည်။
ဒီသုံးရက်လုံးကို လူတိုင်းက စိုးရိမ်တကြီးစောင့်နေကြသည်။
အချိန်ရောက်သောအခါ ထိုပန်းချီကားကို လူတိုင်းရှေ့တွင်ပြသသောအခါ သူတို့အံ့သြတုန်လှုပ်သွားကြသည်။
ပန်းချီကားထဲမှ အမျိုးသမီးသည် သူမ၏ဘေးတိုက်ပရိုဖိုင်းကိုသာ ပြထားခဲ့သော်လည်း သူမ၏မျက်နှာသွင်ပြင်နှင့်ကောက်ကြောင်းများသည် လူတစ်ဦးနှင့်တူညီသည်။
၎င်းသည် ယဲ့ဆွေ ဖြစ်သည်။
အင်တာနက်ပေါ်မှာ ပေါက်ကွဲသွားသည်။
လူများစွာတို့က ဝေ့ကျီကို ပုံဆွဲပေးဖို့ တောင်းဆိုခဲ့ကြသော်လည်း သူကသဘောမတူခဲ့ပေ။ သူ့ရဲ့သီးသန့်ခွဲခြားထားခြင်းကနေထွက်လာပြီးတဲ့နောက်မှာ သူက ယဲ့ဆွေကို ဘာကြောင့် ပန်းချီဆွဲရတာလဲ?
မေးခွန်းများစွာနှင့် ရင်ဆိုင်ရချိန်မှာ ဝေ့ကျီက စာကြောင်းတစ်ကြောင်းသာပြောခဲ့သည် - "ယဲ့ဆွေက ငါ့ရဲ့ကျေးဇူးရှင်"
ထိုစာကြောင်းတစ်ကြောင်းသည် အခြားသံသယအားလုံးကို ပိတ်ပစ်လိုက်သည်။
ဝေ့ကျီသည် ယဲ့ဆွေကို သူမ ကူညီမှုကြောင့် ပန်းချီဆွဲပေးခဲ့သည်။
လူတိုင်းစိတ်ကူးနှင့် လွဲချော်သွားခဲ့သည်။ မျဉ်းကြောင်းတစ်လျှောက်၌ ယဲ့ဆွေအတွက် မဖြစ်နိုင်သည့်အရာများသည် တဖြည်းဖြည်းဖြစ်နိုင်လာသည်နှင့် တူသည်။
မည်သူမျှမခန့်မှန်းနိုင်တဲ့ ယဲ့ဆွေမှာ အခြားအရာရှိသေးတာလား?
အဖြေကိုဘယ်သူမှ မသိပေမယ့် အချိန်ကအရာအားလုံးကို သက်သေပြသွားလိမ့်မည်။