အပိုင်း ၈၉
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၈၉ - မှတ်မိသွားခြင်း

 

 

 

 ချန်ရှို့က ချန်ရှု့ နောက်ကိုလိုက်သွားတဲ့နေ့က သူ မအောင်မြင်ခဲ့ပေ။ ဘာကြောင့်လဲဆိုတော့  ကုန်တိုက်၌ သူပေါ်လာသောအခါ သူ့ပရိသတ်များက ဝိုင်းရံနေတာကြောင့်ဖြစ်သည်။  အင်တာနက်ပေါ်တွင် လမ်းသွားလမ်းလာများက သူ့အားဓာတ်ပုံများနှင့် ဗွီဒီယိုများစွာတင်ခဲ့သည်။

 

 

 ချန်းယင်က သူမ Tiktok အကောင့်ကို ကြည့်နေစဉ် ချန်ရှို့ရဲ့ ဗွီဒီယိုများကို သူမတွေ့လိုက်ရသည်။ သူမပို့စ်တင်ချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ချန်ရှို့မှာ ထိုနေ့တုန်းကအစီအစဉ်မရှိကြောင်းကို သတိရသွားသည်။ သူက ရှော့ပင်းမောလ်မှာ ဘာလို့ရုတ်တရက်ပေါ်လာတာလဲ ?

 

 

 ပုံမှန်အားဖြင့် ချန်ရှို့က သူ့နေ့စဉ်အချိန်ဇယားကိုသတင်းပို့လိမ့်မည်။ ဒါပေမယ့် ဤစျေး၀ယ်ခရီးစဉ်အတွင်း သူသည် သူမကို လုံးဝမအသိပေးခဲ့ပါ။  ချန်ရှို့က ဘယ်သူနဲ့ကုန်တိုက်ကိုသွားတာလဲ? သူတစ်ခုခုကိုဖုံးကွယ်ထားတာလား?

 

 

 ချန်းယင်က ချန်ရှို့ရဲ့နံပါတ်ကိုခေါ်ပြီး "ရှင်အဲဒီနေ့က ကုန်တိုက်မှာဘာလုပ်နေတာလဲ? " လို့ချက်ချင်းမေးခဲ့သည်။

 

 

 အရင်တုန်းက လူနှစ်ယောက်ချစ်ခဲ့ကြပေမယ့် သူတို့တစ်ခါကွဲခဲ့ဖူးသည်။ နောက်ပိုင်းတွင် သူတို့ပြန်လည်သင့်မြတ်ခဲ့သည်။ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် သူမက  ပို၍ အကဲဆတ်လာသည်။ ဘာပဲဖြစ်ဖြစ် သူမကကိစ္စရဲ့အောက်ခြေကိုသိဖို့လိုသည်။

 

 

 ချန်ရှို့ ခဏလောက်တုံ့ဆိုင်းသွားသည်။  ချန်ရှု့က ဟွာရွေ့ ရဲ့ ဥက္ကဌလို့ သံသယ၀င်ခဲ့သည်။ ဒါပေမယ့် သူ့မှသက်သေမရှိဘူး။ အဲ့ဒါက ခန့်မှန်းချက်တစ်ခုဘဲ။ သူမကို ပြောပြသင့်လားဆိုတာ သူမသိဘူး။

 

 

 ချန်းယင်က ဆက်ပြောလာသည်။  "ကျွန်မတို့နှစ်ယောက်ကြားမှာ ပြောစရာစကားမရှိဘူးလား? "

 

 

 ချန်ရှို့ သက်ပြင်းချလိုက်သည်။ သူကဒီကိစ္စကို ချန် မိသားစုကိုမပြောခဲ့ဘူး။ ဒါ့အပြင် သူလုပ်ချင်ရင်တောင် သူ့စိတ်ထဲမှာရှိနေတဲ့အရာတွေကို မပြောဖို့ရဲဘူး။ ဒါပေမယ့်လည်း ချန်းယင်က ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် ကျော်ကြားသူတစ်ဦးဖြစ်သည်။ သူတို့အတူလုပ်ရင် အမှန်တရားကိုရှာတွေ့နိုင်သည်။

 

 

 "ချန်ရှု့က ဟွာရွေ့နဲ့ဆက်ဆံရေးရှိလိမ့်မယ်လို့ကိုယ်သံသယရှိတယ်"

 

 

 ချန်းယင်က သူမမျက်လုံးတွေကိုမှိတ်လိုက်မိသည်။  "ဘာကိုဆိုလိုတာလဲ?"

 

 

 "မင်းမှတ်မိလား? ကိုယ်တို့စားသောက်ဆိုင်မှာ ချန်ရှု့နဲ့ ယဲ့ဆွေကို တွေ့တဲ့အချိန်ကိုလေ။ ဟွာရွေ့ရဲ့အမှုဆောင်တွေလည်းရှိနေခဲ့တဲ့အချိန်ကိုချန်ရှို့က ဆက်ပြောလာသည်။ဒါက ကိုယ့်ရဲ့ဦးလေးက ခုနကမှပေါ်လာတာက မတော်တဆ ဟုတ်ရဲ့လား? ”

 

 

 ချန်းယင်က စကားမပြောပေ။ ဖုန်း၏အခြားတစ်ဖက်မှထွက်လာတာက သူမတည်ငြိမ်သောအသက်ရှူသံဖြစ်ပြီး  သူမကအဖြစ်အပျက်ကို ပြန်မှတ်မိအောင်လုပ်နေချိန်မှာ ချန်ရှို့ရဲ့ ပုံပြင်ကို နားထောင်ခဲ့သည်။

 

 

 ချန်ရှို့က ဆက်ပြောလာသည်။  "ဒီနှစ်မှာ ယဲ့ဆွေ ရဲ့အရင်းအမြစ်တွေက ကောင်းလွန်းတယ်လို့ မင်းမထင်မိဘူးလား? "

 

 

 ဝေရှိ အုပ်စုရဲ့ <ကျို့ယွမ်>” ရှိကျောက်ရဲ့နင်းလင် နဲ့ Dior ရဲ့ ထောက်ခံချက်အသစ်ပရောဂျက်တစ်ခုစီက အဆင့် (၁၈)သရုပ်ဆောင် [ နောက်ခံရှိတဲ့သရုပ်ဆောင် (အနည်ငယ်မျှသာကျော်ကြားသူ)  ] ယဲ့ဆွေ လက်လှမ်းမမီနိုင်တာတွေဖြစ်သည်။

 

 

 သူတို့မသိတာက ယဲ့ဆွေက သရဲတစ္ဆေတွေနဲ့ ပြောဆိုဆက်ဆံနိုင်တဲ့အရည်အချင်းရှိလို့ ဒီအခွင့်အလမ်းတွေကိုရခဲ့တယ်ဆိုတာဘဲ။

 

 

 “ ယဲ့ဆွေက ဟွာရွေ့နဲ့ မကြာခင်တုန်းက စာချုပ်ချုပ်ခဲ့တယ်။  ဒါကတိုက်ဆိုင်လွန်းတယ်။ နောက်ပြီး ဟွာရွေ့ ဥက္ကဌက တစ်ခါမှမပေါ်လာဘူး၊ သူဘယ်သူလဲဆိုတာ ကိုယ်တို့မသိဘူး " ချန်ရှို့က ထောက်ပြခဲ့သည်။

 

 

 ချန်ရှို့က သူ့စိတ်ကူးတွေအားလုံးကို သူ့ကောင်မလေးကိုပြောပြလိုက်သည်။

 

 

 "ရှင့်ရဲ့ ဦးလေးက ဟွာရွေ့ရဲ့ဥက္ကဌလား?"  ချန်းယင်က အံ့သြသွားသည်။

 

 

 သူမရဲ့ပထမဆုံးအတွေးက မဖြစ်နိုင်ဘူးဆိုတာပဲ။  ချန်မိသားစုက ချန်ရှု့ကို ခက်ခဲကြမ်းတမ်းပြီး စွမ်းရည်မရှိသော လူသားတစ်ဦးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား?

 

 

 ချန်ရှု့သာ တကယ်အရည်အချင်းရှိရင် ချန် မိသားစုကို သက်သေမပြဘဲ ကောလဟာလတွေကို မဖြိုခွင်းလိုက်တာလဲ?

 

 

 ဒါပေမယ့် သူမက ယဲ့ဆွေရဲ့ တဖြည်းဖြည်းအောင်မြင်လာတဲ့ သရုပ်ဆောင်လမ်း၊ ပြီးပြည့်စုံသော လူထုဆက်ဆံရေးနှင့် ဟွာရွေ့၏ ပံ့ပိုးမှုတို့ကို စဉ်းစားမိသောအခါ ဤအရာအားလုံးထဲမှ တစ်ခုမှတ်မိသွားခဲ့သည်။  သူမကိုထောက်ခံတဲ့သူတွေနောက်မှာ ရှိကောင်းရှိနိုင်ပါတယ်၊ ဒါမှမဟုတ်ရင် ဒီလိုခန့်မှန်းချက်မျိုးတွေကို ချက်ချင်းရှင်းပြလို့မရဘူး။

 

 

 ချန်ရှု့က တကယ်ပဲ ဥက္ကဌချန်လားသူတို့ဘယ်လိုသက်သေပြနိုင်လဲ?

 

 

 သူတို့ခန့်မှန်းချက်ကို ချန်ရှို့က ဟွာရွေ့ရဲ့ အကြီးတန်းအမှုဆောင်များနှင့် စတင်ရန်ဆုံးဖြတ်ခဲ့သည်။  သူသည်ရုပ်ရှင်ဌာနရဲ့ ဝမ်ချွမ်းနဲ့ စဖို့ကြိုးစားခဲ့သည်။ ဝမ်ချွမ်းက ညစာအတွက် အထူးစားသောက်ဆိုင်တစ်ခုကို မကြာခဏသွားခဲ့သယတယ်လို့ ပြောတာကြောင့် ချန်ရှို့က သူ့ကိုထိုနေရာတွင် "တိုက်ဖို့" ရွေးချယ်ခဲ့သည်။

 

 

 ချန်ရှို့က သူ့ ကိုယ်စားလှယ်ကို  ဝမ်ချွမ်းကိုစောင့်ကြည့်နေခဲ့စေသည်။ သူဝင်လိုက်တာနှင့် ချန်ရှို့က သတင်းကို ချက်ချင်းလက်ခံရရှိခဲ့သည်။

 

 

 ချန်ရှို့က သူ့ကိုနှုတ်ဆက်လိုက်သည်။  "စီနီယာဝမ်လည်း ဒီမှာစားတာလား? "

 

 

 သံသယကင်းစွာနဲ့ ဝမ်ချွမ်းက ယဉ်ယဉ်ကျေးကျေးပြုံးလိုက်သည်။  "တကယ်ပါပဲ  တိုက်ဆိုင်လိုက်တာ"

 

 

"ကျွန်တော် ဒီကိုတစ်ယောက်တည်းလာခဲ့တာ ကျွန်တော်တို့ ဘာလို့တူတူ မစားရမှာလဲ? "

 

 

 သီးသန့်ခန်းမှာထိုင်ပြီးနောက် သူတို့က စကားနည်းနည်းပြောပြီး ဟင်းအနည်းငယ်စားလိုက်သည်။  ဤနေရာတွင် အစားအစာက ထူးခြားသည်။ ဟင်းတိုင်းက အလွန်လက်ရာမြောက်သည်။ ဒါပေမယ့် ချန်ရှို့ရဲ့ စိတ်ကအခြားတစ်နေရာတွင် ရှိနေခဲ့သည်။

 

 

 ဝမ်ချွမ်း - "မင်းမကြာခင်က ဟောလိဝုဒ်ရုပ်ရှင်တစ်ခုအတွက် ကမ်းလှမ်းမှုတစ်ခုရခဲ့တယ်ဆိုတဲ့ သတင်းကို ငါဖတ်လိုက်ရတယ် "

 

 

 "ဒါက ဆရာတို့ ဟွာရွေ့ နဲ့မယှဉ်နိုင်တဲ့ အဆင်တန်ဆာ တစ်ခုပါပဲ" ချန်ရှို့က ကျိုးနွံစွာပြောခဲ့သည်။

 

 

 ဒီနောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ တည်ရှိမှုကြောင့်တစ်ယောက်နဲ့တစ်ယောက် သက်တောင့်သက်သာဖြစ်သွားသည်။  သူတို့ထမင်းစားနေချိန် တစ်ဝက်မှာ ချန်ရှို့က သူ့ထမင်းစားတူကိုချလိုက်ပြီး မေးခဲ့သည်။ကျွန်တော့်ရဲ့ တတိယဦးလေးအကြောင်းကို ကြားဖူးလား? ”

 

 

ဝမ်ချွမ်းက ချန်ရှု့အကြောင်းကို ဘာကြောင့်ပြောလာမှန်းမသိဘူး။ လျှပ်တပြက်အတွင်းမှာ သူက မသိနားမလည်သလို ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။ "ငါမေးရဲတယ်၊ ချန် အုပ်စုရဲ့ အမွေခံနှစ်ယောက်စလုံး မရှိတော့ဘူးမလား? "

 

 

 ပြင်ပမိသားစုက ချန် မိသားစု၏ အမွေဆက်ခံပိုင်ခွင့်သည် ချန်ရှို့ အပေါ်အလိုအလျောက် ကျဆင်းသွားပြီဟုခံစားမိကြသည်။ ဟုတ်ပါတယ်။ ချန်ရှို့တောင်ဒီလိုထင်ခဲ့ဖူးသည်။

 

 

 “ အမှန်အတိုင်းပြောရရင် ကျွန်တော့် ဦးလေးက ကံဆိုးတယ်။  သူမွေးလာတုန်းက မကောင်းတာတစ်ခုခုဖြစ်ခဲ့တယ် ”  ချန်ရှို့က ရှင်းရှင်းလင်းလင်း မပြောခဲ့ပေမဲ့ ချန်ရှု့ရဲ့မွေးဖွားခြင်းကို တမင်တကာရှုတ်ချခဲ့သည်။

 

 

 ချန်ရှု့ မိခင်က ရုတ်တရက် ထွက်သွားတာကြောင့် ချန်ရှု့ တည်ရှိမှုကို ပြင်ပကမ္ဘာကနေ ဖုံးကွယ်ခဲ့သည်။ ချန် မိသားစုနှင့် နီးစပ်သူများသာ သူ့အကြောင်းသိကြသည်။

 

 

 ချန်ရှို့က သူ့လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီး ချန်ရှု့ ဓာတ်ပုံကိုဖွင့်လိုက်သည်။  "ဒါက ကျွန်တော့်ရဲ့တတိယဦးလေးလေ"

 

 

 ဓာတ်ပုံပေါ်ကို ဝမ်ချွမ်းရဲ့ မျက်လုံးများသည်တဖြည်းဖြည်းကျဆင်းသွားပြီး ချန်ရှု့ရဲ့ ရင်းနှီးသောမျက်နှာကိုသူကြည့်လိုက်သည်။ အချိန်က တစ်ခဏလောက် ရပ်သွားပြီး ဝမ်ချွမ်းက စကားမပြောခဲ့ပေ။

 

 

 ချန်ရှို့က အစမ်းသဘောဖြင့်ပြောလာခဲ့သည်။ " စီနီယာဝမ်က ကျွန်တော့်ဦးလေးကို သိတာလား? "

 

 

 ဝမ်ချွမ်း ခေါင်းမော့လိုက်ချိန် သူ့မျက်လုံးထဲက ခံစားချက်တွေက ငြိမ်သက်သွားသည်။  သူ ခေါင်းခါလိုက်သည်။  “ မဟုတ်ဘူး၊ ငါမသိဘူး။  သူကချောတယ်။ ရုပ်ရှင်လောကမှာ ပွဲဦးမထွက်တာက သနားစရာဘဲ"

 

 

 သူနဲ့ချန်ရှို့တို့က တစ်ယောက်နှင့်တစ်ယောက် သိပ်မရင်းနှီးကြပေ။ ဘယ်လိုဘဲဖြစ်ဖြစ်  အကြောင်းပြချက်မရှိဘဲ မိသားစုရေးရာများအကြောင်းတွေ ပြောဆိုဖို့ သူ့ကိုဆွဲခေါ်ခဲ့သည်။  သူ့စိတ်ထဲတွင်တစ်ခုခုဖြစ်လာနေသည်။

 

 

 “ အမ်း ”  ချန်ရှို့ရဲ့ လေသံက အနည်းငယ် နောင်တရနေသလိုပင်။

 

 

 ချန်ရှို့ ထွက်ခွာသွားပြီးနောက်မှာ ဝမ်ချွမ်းက သက်ပြင်းချလိုက်သည်။ သူ့မှာသာ လျင်မြန်တဲ့ အသိဥာဏ်မရှိလျှင် သူဖော်ထုတ်ခံရလိမ့်မည်။ အော်စကာဆုအတွက် ဆန်ခါတင်စာရင်းဝင်နိုင်တယ်လို့တောင် သူခံစားခဲ့ရသည်။

 

 

 သူနဲ့ချန်ရှု့တို့က တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာသိခဲ့ကြပြီး ဝမ်ချွမ်းက သူ့အလုပ်နှင့် ပတ်သက်တဲ့ လျှို့ဝှက်ချက်များကို ဘယ်သောအခါမှမထားခဲ့ချေ။ ဝမ်ချွမ်က  ချက်ချင်းဘဲ ချန်ရှု့ကိုခေါ်ပြီးစားသောက်ဆိုင်မှာ ချန်ရှို့နဲ့တွေ့ခဲ့တဲ့အကြောင်း သူ့ကိုပြောပြသည်။

 

 

 "ဥက္ကဌ ချန်ရှို့က ငါမင်းကို သိလားလို့ မေးလာတယ်လို့ ဝမ်ချွမ်းက ပြောခဲ့သည်။ငါငြင်းခဲ့တယ်။  သူကမင်းရဲ့အထောက်အထားကို သံသယရှိနေတယ် ထင်တယ် "

 

 

 ချန်ရှု့ မျက်လုံးတွေက တောက်ပသွားပြီး သူက အေးဆေးဘဲပြောလာသည်။ "မင်းကောင်းကောင်းလုပ်ခဲ့တယ်။  ဒီလအတွက်ဆုကြေးက နှစ်ဆတိုးသွားပြီ

 

 

 ဝမ်ချွမ်း - "ချန်ရှို့က မင်းကိုစောင့်ကြည့်နေနိုင်တယ်။  မင်းသတိထားရင် ပိုကောင်းမယ် "

 

 

 “ အင်း ချန်ရှု့က အများကြီးမပြောဘူး။ ချန်ရှို့က ချန် မိသားစု၏ ကံကြမ္မာကို ပြင်ပကမ္ဘာမှ အမွေဆက်ခံသူဖြစ်သည်။ သူကသူ့ကံကြမ္မာကို ယှဉ်ပြိုင်မယ့်သူတစ်ယောက်အတွက် စိတ်ပူနေတာလား?

 

 

 ချန် မိသားစု အမွေ... ချန်ရှု့က ထိုအရာကို လုံးဝဂရုမစိုက်ဘူး။

 

 

 ယဲ့ဆွေက ထိုညကကင်မရာဖြင့် မှတ်တမ်းတင်ထားသောဗွီဒီယိုကို ကြည့်ဖို့ အချိန်အခက်အခဲရှိခဲ့သည်။

 

 

 ချန်ရှု့ အဖမ်းခံရမည်ကို ကြောက်တာကြောင့် သူမအိမ်တွင်မကြည့်ရဲပေ။ သူမအရက်မူးနေသည့် အခြေအနေကိုမှတ်တမ်းတင်ထားပြီး သူမကိုရူးသွပ်တယ်လို့ ထင်ကောင်းထင်လိမ့်မည်။

 

 

 ယဲ့ဆွေက ကင်မရာကို စတူဒီယိုသို့ ယူလာပြီးသူမအဝတ်လဲခန်းအတွင်း ပုန်းအောင်းနေဖို့ အားယူလိုက်သည်။

 

 

 အဝတ်လဲခန်းက တိတ်ဆိတ်နေခဲ့သည်။  ယဲ့ဆွေက ဆိုဖာထောင့်၌ ကျုံ့ဝင်သွားပြီး ဗီဒီယိုကို စဖွင့်လိုက်သည်

 

 

 အစပိုင်းတွင် ဗီဒီယိုက အတော်လေးပုံမှန်ဖြစ်သည်။  သူမက တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်သည်။ ဒါပေမယ့်  မူးပြီးနောက်မှာ တစ်ခုခုမှားသွားခဲ့သည်။ သူမက နံရံပေါ်မှာကပ်နေပြီး ချန်ရှု့ရဲ့ ဓာတ်ပုံကို မှိတ်တုတ်မှိတ်တုတ်နဲ့ကြည့်နေတယ်!

 

 

ယဲ့ဆွေ မျက်နှာက နီနေပြီး သူမနားရွက်များက ပူလောင်နေသည်။ ကံကောင်းစွာနဲ့ ချန်ရှု့က အိမ်မှာမရှိပေ။ မဟုတ်ရင် သူမကရှက်လွန်းလို့ သတ်သေဖို့ရွေးချယ်မိလိမ့်မည်။

 

 

 ယဲ့ဆွေက အပူကိုဖြေဖျောက်ဖို့အတွက် သူမမျက်နှာကိုလက်ဖြင့်ဖွင့်လိုက်သည်။ သူမက မျက်တောင်မခတ်ဘဲဗီဒီယိုကို ငေးကြည့်ပြီး တစ်ခုခုလွတ်သွားမှာကိုစိုးရိမ်မိသည်။

 

 

 ယဲ့ဆွေက အခန်းတစ်ဝိုက်တွင် သူမကိုယ်သူမကြည့်လိုက်ပြီး ချန်ရှု့ ဓါတ်ပုံများကို ပြင်းထန်သော အမူအရာများဖြင့်ရင်ဆိုင်လိုက်သည်။  အဆုံး၌သူမသည် ရှုံးလုနီးနီးဖြစ်ခဲ့သည်။

 

 

 သူမက ချန်ရှု့ကို အချစ်ကြောင့် အရူးတစ်ယောက်လိုသဘောထားသည်အထိ တိုင်တန်းခဲ့သည်။ ဗီဒီယို  ကြည့်နေစဉ်မှာ ယဲ့ဆွေက ဤအရာက သူမလုပ်လိုက်သည့်အရာလို့ ထင်ခဲ့ပြီး ထူးထူးခြားခြားဘာမှလုပ်ခဲ့ဘူးလို့ ထင်သွားခဲ့သည်။

 

 

 ဤအချက်ကို တွေးလိုက်သောအခါ ယဲ့ဆွေ သက်သာရာရသွားသည်။  မမျှော်လင့်ဘဲ စက္ကန့်ပိုင်းအတွင်း ပိတ်ထားသောတံခါးက ရုတ်တရက် ပွင့်လာပြီး ချန်ရှု့က တံခါးဝ၌ ပေါ်လာသည်။

 

 

 ယဲ့ဆွေလက်ထဲမှ ကင်မရာက သူမလက်ထဲမှ ကျလုနီးပါးဖြစ်သွားပြီး သူမမျက်လုံးများကို စိုက်ကြည့်လိုက်သည်။

 

 

 စီးပွားရေး ခရီးသွားနေတဲ့ ချန်ရှု့က ဘာလို့ အိမ်ပြန်လာတာလဲဆိုတာ သူမကို ဘယ်သူပြောပြနိုင်မလဲ

 

 

 ယဲ့ဆွေ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမကိုယ်သူမ ငြိမ်သက်သွားအောင်လုပ်လိုက်သည်။  "ချန်ရှု့ အိမ်ပြန်လာတော့ ဘာဖြစ်လဲ? အလွန်ဆုံးအနေနဲ့ ငါကဒေါသနည်းနည်းထွက်ရုံလောက်ပါဘဲ။  ငါ့ကိုယ်ငါ ပစ်ဖို့ကတော့ မဖြစ်နိုင်.... "

 

 

 နောက်တစ်စက္ကန့်တွင်.......

 

 

 ယဲ့ဆွေက မဆုံးသေးတဲ့ သူမစကားကို လည်ချောင်းထဲတွင်အတင်းမျိုချလိုက်ရသည်။ 

 

 

 သူမဗီဒီယိုကိုကြည့်နေစဉ်မှာ ရုတ်တရက် သူမက ချန်ရှု့ ရင်ခွင်ထဲ၀င်သွားပြီး "ချန်ရှု့ ကျွန်မကိုဖက် " လို့အရှက်မဲ့စွာပြောခဲ့သည်။

 

 

 ယဲ့ဆွေက သူမ မျက်မမြင်ဖြစ်ဖို့ မျှော်လင့်မိသွားသည်။   ဒီမြင်ကွင်းကို သူမ မခံနိုင်ဘူး။

 

 

 “ ဒါကဒီလိုဖြစ်သင့်တယ်။ သူငယ်ချင်းတွေက တစ်ယောက် တစ်ယောက်ပွေ့ဖက်ကြတယ် နောက်ပြီး ငါကအရက်မူးပြီး မသိစိတ်က ဒါကိုလုပ်မိခဲ့တာ။ ဒါကြောင့်လက်တွေ့မှာ ငါ့အမှားမဟုတ်ဘူး "

 

 

 ချန်ရှု့ကို သူမက မြင်းတစ်ကောင်လိုစီးဖို့ အမိန့်ပေးပြီး  တစ်အိမ်လုံးခေါ်သွားသည်အထိ သူမကိုယ်သူမ နှစ်သိမ့်ခဲ့သည်။

 

 

 ယဲ့ဆွေ နှုတ်ခမ်းက တုန်လာခဲ့သည်။ငါကတစ္ဆေသရဲတစ်ကောင်ဖြစ်ရမယ်။ ချန်ရှု့က ငါ့ကိုနားလည်ပေးသင့်တယ်

 

 

 သူမရဲ့လှုပ်ရှားမှုတွေ ရပ်တန့်နေတာကို ရုတ်တရက် သူမမြင်လိုက်ရပြီး ဗီဒီယိုထဲမှာ သူမက ခေါင်းကိုလှည့်ပြီး ချန်ရှု့ ကိုနမ်းလိုက်သည်။

 

 

 သူ့ကိုမဖက်နေဘူး၊ သူ့ကျောပေါ် တက်မစီးနေဘူး။ ဒါပေမဲ့ သူ့နှုတ်ခမ်းတွေကိုတော့ နမ်းနေတယ်!

 

 

 ယဲ့ဆွေက ဗီဒီယိုကို ချက်ချင်းပိတ်လိုက်သည်။  ကြီးမားသော ရိုက်နှက်မှုကိုခံရပြီးနောက်မှာ သူမကိုယ်တိုင် ရင်မဆိုင်နိုင်ခဲ့ပေ။ ရုတ်တရက် ထိုနေ့မနက်က ချန်ရှု့ သူမကို ကြည့်နေသည်ကို သူမသတိရလိုက်သည်။

 

 

 ချန်ရှု့ သူမ အရက်မူးနေစဉ်တွင် သူ့ကိုတမင်တကာ အခွင့်ကောင်းယူခဲ့တယ်လို့ ထင်သွားလိမ့်မည်။  ဒါ့အပြင် သူမက ဒါကိုဝန်မခံသေးဘူး။

 

 

 ​ရှောင်လျို့က တံခါးကိုတွန်းဖွင့်ပြီး ဝင်လာချိန် ယဲ့ဆွေ ဆိုဖာပေါ်မှာ ထိုင်နေသည်ကို သူမမြင်လိုက်ရသည်။  သူမခန္ဓာကိုယ်တစ်ခုလုံးက မှုန်မှိုင်းနေသည့် ခံစားချက်ဖြင့်ဖုံးလွှမ်းနေပြီး သူမအတွက် အသက်ရှင်ဖို့ ဘာတစ်ခုမှမကျန်တော့ပုံရသည်။

 

 

 "ဆွေဆွေ အဆင်ပြေရဲ့လား? " ရှောင်လျို့က စိုးရိမ်တကြီး သူမအနားကို ရောက်လာသည်။

 

 

 ယဲ့ဆွေက ဆိုဖာပေါ်မှထရပ်ပြီး ရှောင်လျို့ရဲ့ ရင်ခွင်ထဲပစ်ဝင်လိုက်သည်။  “ တစ်ခုခုဖြစ်သွားတယ်၊ ကြီးကြီးမားမားဖြစ်သွားတယ်။  ငါကြီးမားတဲ့အမှားတစ်ခုကိုလုပ်ခဲ့တယ် "

 

 

 ရှောင်လျို့က အံ့သြသွားခဲ့သည်။  "အစ်မ ဝေ့ပေါ်ရဲ့ပိုစ့်မှားသွားတာလားဒါမှမဟုတ် မင်းတစ်ယောက်ယောက်နဲ့ ရန်ဖြစ်ထားလို့လား?  " ရှောင်လျို့က ချန်ရှု့နဲ့ ယဲ့ဆွေတို့ကြားက ကိစ္စကို မစဥ်းးစားခဲ့ဘဲ ယဲ့ဆွေရဲ့ အသက်မွေးဝမ်းကျောင်းအတွက်သာ စိတ်ထဲထားခဲ့သည်။

 

 

 ယဲ့ဆွေက ရှောင်လျို့ရဲ့ ပုခုံးပေါ်ခေါင်းကိုမှီပြီး "ချန်ရှု့ကို ငါနမ်းမိသွားတယ်" ဟုအသံနိမ့်လေးနဲ့ ပြောခဲ့သည်။

 

 

 ရှောင်လျို့က အံ့သြသွားပြီး ချက်ချင်းနားလည်သွားခဲ့ကာ ယဲ့ဆွေရဲ့ကြောက်စရာကောင်းတဲ့ အပြုအမူကို မကျေမနပ်နဲ့ စိုက်ကြည့်ပြီးပြောခဲ့သည်။ချီးပဲညီမတကယ်ကို တစ်ခုခုဖြစ်ခဲ့တယ်လို့ ထင်နေတာ "

 

 

 ယဲ့ဆွေက ခေါင်းမော့ပြီး ပြောခဲ့သည်။ "ငါက ချန်ရှု့ကိုနမ်းဖို့အစပြုခဲ့တာဘဲ "

 

 

 ရှောင်လျို့က ပျော်သွားခဲ့သည်။  " ချန်ရှု့က နင့်ယောက်ျားဘဲ။ နင် သူ့ကို နမ်းတာဖြစ်ဖြစ် သူကနင့်ကိုနမ်းတာဖြစ်ဖြစ် သူကနင်အစပြုတာကို သူအပြစ်တင်မှာမဟုတ်ဘူး

 

 

 ထိုသို့ပြောပြီးနောက်မှာ သူမထပ်ပြောဘာခဲ့သည်။  “ ဆွေဆွေ၊ ငါမင်းကို လူအများရှေ့မှာ ချစ်ခင်မှုပြတာကို သတိပေးချင်တယ်။  အဲဒါကို အလွန်အကျွံမလုပ်နဲ့

 

 

 ဒီအချိန်မှာ ယဲ့ဆွေက သူမနှလုံးသားထဲ ငိုနေမှန်း ဘယ်သူမှနားလည်မှာ မဟုတ်ပေ။  လင်နှင့်မယားကြားမှာ အနမ်းက ကျိုးကြောင်းဆီလျော်သော်လည်း သူမတို့က တကယ့် စုံတွဲမဟုတ်ပါ။

 

 

 ယဲ့ဆွေက စိတ်မသက်မသာ ဖြစ်နေခဲ့သည်။  ဇာတ်လမ်းတွဲ၏ အမှားများစွာအပြီးမှာ ဒါရိုက်တာက သူမအခြေအနေမကောင်းဘူးထင်ပြီး သူမကိုအရင်အနားယူဖို့ အိမ်ပြန်ခိုင်းလိုက်သည်။

 

 

 ဒါပေမယ့် သူမ အိမ်ကို လုံးဝမပြန်ရဲချေ။  သူမချက်ချင်း စိတ်တည်ငြိမ်သွားပြီး ဒါရိုက်တာကို တောင်းပန်ခဲ့သည်။ သူမက နောက်ထပ် ရှုတင် အတွက် သူမကိုယ်သူမ မြှုပ်နှံထားလိုက်သည်။

 

 

 နောက်ပိုင်းတွင်လည်း ယဲ့ဆွေက အိမ်ပြန်ဖို့တွန့်ဆုတ်နေဆဲဖြစ်သည်။ ချန်ရှု့ အိမ်ပြန်လာပြီး အိပ်ပျော်သည်အထိ သူမနောက်ကျချင်သည်။

 

 

 ယဲ့ဆွေက အဲ့ဒါကိုကောင်းမွန်တဲ့ အစီအစဉ်တစ်ခုလို့ ယူဆခဲ့သည်။ သိပ်မကြာခင်မှာဘဲ ချန်ရှု့က သူမကို ဖုန်းခေါ်လာခဲ့သည်။

 

 

 “ ငါကိုင်သင့်လား မကိုင်သင့်ဘူးလား? ” ယဲ့ဆွေက တွန့်ဆုတ်နေသော်လည်း ရုတ်တရက် သူမနောက်မှလက်တစ်ဖက်က ဖြေးဖြေးချင်းထွက်လာကာ ကူညီလိုက်ပြီး ယဲ့ဆွေဖုန့်ရဲ့ ဖုန်းကိုင်တဲ့ခလုတ်ကို ဆွဲလိုက်သည်။ ခေါ်ဆိုမှုက ချိတ်ဆက်သွားပြီဖြစ်သည်။

 

 

 ယဲ့ဆွေက ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်သည်။  “ ကျိန်စာသင့်သော လက်ထောက် ရှောင်လျို့က သူမကိုအပြုံးနှင့်ကြည့်ပြီး ပြောလာတယ်အားမနာပါနဲ့!”

 

 

 "ငါ့ကိုမီးထဲကို တွန်းပို့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်တယ် '

 

 

 ယဲ့ဆွေက သူမလက်ကိုင်ဖုန်းကို နားနားကပ်လိုက်ချိန်မှာ တုန်လှုပ်သွားသည်။  သူမအပြစ်ရှိကတည်းက သူမအသံက မသိမသာကျဆင်းသွားသည်။  "ဟယ်လို"

 

 

 ချန်ရှု့ အသံက အခြားတစ်ဖက်က ထွက်လာခဲ့သည်။ "ကိုယ်မင်းကိုလာကြိုမယ်"

 

 

 ယဲ့ဆွေ ချက်ချင်းငြင်းလိုက်သည်။  "မလိုပါဘူး ရှောင်လျို့က ကျွန်မကို ပြန်ပို့လိမ့်မယ်"

 

 

 နောက်တစ်စက္ကန့်မှာဘဲ ချန်ရှု့က ယဲ့ဆွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးပစ်လိုက်သည်။  “ ကိုယ်ရောက်ခါနီးပြီ။ ရှောင်လျို့က မင်းရဲ့ ရှုတင် ပြီးသွားပြီလို့ ကိုယ့်ကိုပြောပြီးပြီ"

 

 

 ရှောင်လျို့က တကယ် ကျေးဇူးကန်းပြီး အကြင်နာမဲ့စွာနဲ့ ချန်ရှု့ ဘေးကို မဆိုင်းမတွရပ်ခဲ့သည်။

 

 

အခုကိစ္စတွေရဲ့ အဓိကအချက်ကို သိသွားပြီဖြစ်တာကြောင့် ယဲ့ဆွေက သူရောက်ရှိလာခြင်းအတွက် သူမကိုယ်ကိုသာ ထိန်းထားနိုင်ခဲ့သည်။

 

 

 ချန်ရှု့ ကားက သူမရှေ့ရပ်လိုက်ချိန်မှာ သူမကားဘေးကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး တံခါးဖွင့်လိုက်သည်။

 

 

 "အာ့" အာရုံစိုက်မှုမရှိတာကြောင့် ယဲ့ဆွေခေါင်းက ကားတံခါးနဲ့ တိုက်မိသွားခဲ့သည်။ ဒါပေမယ့် သူမအမြန်ခေါင်းငုံ့ပြီး ကားပေါ်တက်လိုက်သည်။

 

 

 ယဲ့ဆွေက ကားတံခါး ပိတ်ဖို့လုပ်နေချိန်မှာလည်း သူမက " နာလိုက်တာ" လို့ထပ်အော်လာခဲ့သည်။

 

 

 ယဲ့ဆွေရဲ့ ခြေထောက်က ကားအပြင်ဘက်တွင် ရှိနေသေးသည်။ ဒါပေမယ့် သူမက တံခါးပိတ်လိုက်တာကြောင့် ညိုသကြီးကို ရိုက်သလိုဖြစ်သွားခဲ့သည်။ သူမနာကျင်နေတဲ့ ခြေထောက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်သည်။

 

 

 ယဲ့ဆွေရဲ့ ကျောကတောင့်တင်းနေပြီး သူမ၏လက်များက ဒူးကိုပွတ်လျှက် ငြိမ်သက်နေဟန်နှင့် အရှက်ကွဲတာကို ချေဖျက်ဖို့ ကြိုးစားနေသည်။

 

 

 ဒါပေမယ့် နောက်တစ်စက္ကန့်မှာတော့ ချန်ရှု့က ရုတ်တရက် အနားကပ်လာပြီး သူမတံခါးဘက်ကို ရောက်လာသည်။ သူမကျောပြင်က တင်းကျပ်သွားပြီး အထိတ်တလန့်နဲ့ မေးလိုက်သည်။  "ဘာဖြစ်လို့လဲ ? "  သူ အရင်က ကိစ္စတွေကို ဖြေရှင်းမလို့လား?

 

 

ချန်ရှု့က စက္ကန့်အနည်းငယ်မျှ အံ့သွားပြီး ခေါင်းညိမ့်ကာရယ်လိုက်သည်။  သူက ယဲ့ဆွေ ဘေးကိုညွှန်ပြလိုက်သည်။  "မင်းထိုင်ခုံ ခါးပတ်ပတ်ဖို့ မေ့နေတယ် "

 

 

 ယဲ့ဆွေ စိတ်သက်သာရာရသွားသည်။  သူမက ခါးပတ်ကိုသော့ခတ်ဖို့ ကြိုးစားခဲ့ပေမယ့် သူမလက်ကအနည်းငယ် တုန်နေခဲ့သည်။  သူမက အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အဆုံးထိ မအောင်မြင်သေးပေ။

 

 

 သူမလက်ကိုဖြတ်ဖို့ စိတ်ကူးပေါ်လာတာနဲ့အမျှ ချန်ရှု့က သူ့လက်ကိုဆန့်ထုတ်လာပြီး သူမလက်နောက်ဘက်ကိုအုပ်ကာ အင်အားအနည်းငယ်ထုတ်လိုက်သည်။

 

 

 ကလစ်တစ်ချက် နှိပ်၍ လုံခြုံရေးခါးပတ်ကို ပတ်ခဲ့သည်။

 

 

 ယဲ့ဆွေရဲ့ သွေးက သူမမျက်နှာပေါ် တက်လာပြီးမက်မွန်သီးအဖြစ် ပြောင်းလဲသွားသည်။ သူမလက်ကိုချက်ချင်းပြန်ရုတ်လိုက်ပြီး သူမရဲ့အသံက ခြင်သံလေးလိုထွက်လာသည်။  "ကျေးဇူး"

 

 

 ယဲ့ဆွေရဲ့ ထူးခြားချက်ကို သတိမပြုမိဘဲ ချန်ရှု့က ကားစမောင်းလိုက်သည်။

 

 

 ကားထဲတွင် သေဆုံးသွားသလို တိတ်ဆိတ်မှုက ကြီးစိုးလာသည်။ ယဲ့ဆွေက ပင်ပန်းနွမ်းနယ်ဟန်ဆောင်ပြီး ခေါင်းကိုကားထိုင်ခုံပေါ်တွင် တင်လိုက်သည်။  အမှန်တော့ သူမလုံးဝမအိပ်ဘူး၊ သူမမျက်ခွံများက အနည်းငယ်တွန့်သွားသည်။

 

 

 ယဲ့ဆွေက သူနှင့်စကားမပြောရဲချေ။ သူမပါးစပ်ကို ဖွင့်လိုက်တာနဲ့ သူမ မပြောသင့်တာတွေကို ပြောမိမှာကြောက်ရွံ့ခဲ့သည်။

 

 

 ညဘက်တွင်ကားက လူစည်ကားတဲ့ လမ်းတွေကို ဖြတ်ပြီး မောင်းနှင်နေသဖြင့် ပတ်ဝန်းကျင်က အမြဲတိတ်ဆိတ်နေသည်။

 

 

 ယဲ့ဆွေက ထိုပုံစံအတိုင်း ဆက်ထိန်းသိမ်းထားပြီး မလှုပ်ရဲပေ။  သူမခန္ဓာကိုယ်က တောင့်တင်းနေပြီး သူမအိပ်ချင်ယောင်ဆောင်နေသည့် အချိန်မှစ၍ သူမအဆုံးစွန်ထိ ထိုအရာကို လုပ်ဆောင်ခဲ့ရသည်။

 

 

 ယဲ့ဆွေက သူမမျက်လုံးတွေကို ခိုးကြောင်ခိုးဝှက် ဖွင့်လိုက်ပြီး ပြတင်းပေါက်မှ ရောင်ပြန်ဟပ်မှုကို ကြည့်လိုက်သည်။

 

 

 ချန်ရှု့က ကားကိုအမြန်မောင်းနေပြီး သူ့မျက်လုံးတွေက လမ်းပေါ်တွင်သာရှိနေခဲ့သည်။

 

 

 ယဲ့ဆွေရဲ့ ပါးစပ်ထောင့်က အနည်းငယ် မြင့်တက်လာသည်။ ချန်ရှု့ကို အဲ့လိုမျိုးလုပ်ခဲ့လို့ သူမရှက်ပေမယ့်သူမကိုတကယ်နမ်းခဲ့သည်။  သူမထိုအကြောင်းကို တွေးမိသည့်အခါ သူမတော်တော်ကျေနပ်သွားသည်။

 

 

 ဒါ့အပြင် သူမဘာအမှားမှမလုပ်ခဲ့ဘူး။ ချန်ရှု့က အရက်မူးပြီးလုပ်တဲ့ အမှားတစ်ခုလို့ ထင်ခဲ့တာဖြစ်မယ်။

 

 

 "ကျွန်မရှင့်ကို အရမ်းသဘောကျတယ် ထင်တယ်။  ကျွန်မရှင့်ကိုအရမ်းကြိုက်တယ်။ ကျွန်မ ရှင်ထင်တာထက်ကို ပိုကြိုက်တယ်" ယဲ့ဆွေ စိတ်ထဲတွင် ရုတ်တရက်အသံတစ်ခုက ထွက်ပေါ်လာသည်။

 

 

 ယဲ့ဆွေက လန့်သွားပြီး သူမခေါင်းက ပြတင်းပေါက်နဲ့ မတော်တဆ ခိုက်မိသွားသည်။ ထိုလှုပ်ရှားမှုက ချန်ရှု့အား သူ့ရဲ့အသိဉာဏ်ကို ကြောက်ရွံ့စေခဲ့သည်။ သူကချက်ချင်းပဲ ကားကိုလမ်းဘေးမှာရပ်ပြီး သူမကိုကြည့်လာသည်။

 

 

 ချန်ရှု့ရဲ့ မျက်လုံးတွေက သူ့စိုးရိမ်မှုကိုဖော်ပြနေသည်။  "မင်းအားလုံးအဆင်ပြေရဲ့လား? "

 

 

အစမှစ၍ ယဲ့ဆွေရဲ့တုံ့ပြန်မှုက ပုံမှန်မဟုတ်ဘဲ အမြဲတစေမှားတတ်ပြီး သူမပုံမှန်လုပ်လေ့ရှိသော အရာတစ်ခုကိုအမြဲလုပ်သည်။  ဘာဖြစ်သွားတာလဲ?

 

 

 ယဲ့ဆွေက သူမခေါင်းကိုမော့လိုက်ပြီး ရှုပ်ထွေးတဲ့ အမူအရာနဲ့ ချန်ရှု့ကြည့်လိုက်သည်။  သူမကအရက်မူးပြီးနောက် နောက်ဆုံးအပိုင်းကို သတိရလိုက်သည်။  သူမ သူ့ကို တကယ်ဝန်ခံခဲ့သည်။

 

 

 သူမအချစ်ကြော်ငြာတာကို သူမစဉ်းစားမိတဲ့အခါ သူ့အဖြေကို သူမမှတ်မိတော့ပါ။ ချန်ရှု့ကို သူမဝန်ခံတာကိုသာ သူမမှတ်မိသည်။

 

 

 ဒါပေမယ့် သူမစိတ်ထဲမှာ ချန်ရှု့က သူမစကားတွေကို အလေးအနက်မထားခဲ့ပါ။  မဟုတ်ရင် သူကအရင်အတိုင်း ငြိမ်နေမှာမဟုတ်ဘူး။

 

 

 ယဲ့ဆွေက မကူညီနိုင်စွာ အရက်မူးပြီး ဝန်ခံဖို့ အလွန်ရဲရင့်ခဲ့ကြောင်းကို မှတ်မိသွားခဲ့သည်။  သူမသတိရလာတဲ့အခါမှာ ဒီလိုစကားတွေ သူ့ကိုသတ္တိရှိရှိနဲ့ ရိုးသားစွာပြောပြချင်သည်။

 

 

 သူမ ချန်ရှု့ကိုတရားဝင်ဝန်ခံရင် ဘာဖြစ်မှာလဲသူ့တုံ့ပြန်မှုကဘယ်လို ဖြစ်မလဲ?

 

 

ယဲ့ဆွေက ဒါကိုစဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်တဲ့အခါမှာ သူမရဲ့ရူးသွပ်နေတဲ့ နှလုံးသားက ရုတ်တရက်တိတ်ဆိတ်သွားသည်။  တစ်ယောက်ယောက်ကို ကြိုက်ရတာက အံ့သြဖို့ကောင်းတာပဲ။  သူမ ချန်ရှု့ကိုပြောဖို့အချိန်ရှာသင့်တယ်လို့ သူမခံစားရသည်။

 

 

 ယဲ့ဆွေက ချန်ရှု့ကိုပြုံးပြလိုက်သည်။  "ကောင်းပါတယ် အိမ်ပြန်ရအောင် "

 

 

 ချန်ရှု့က သူမကိုထပ်မမေးခဲ့ဘူး။ သူက အိမ်ကိုမမောင်းခင်မှာ ယဲ့ဆွေ အမှန်တကယ်ကို ကောင်းမွန်ကြောင်း အတည်ပြုခဲ့သည်။

 

 

 နောက်တစ်နေ့နံနက် ဟွာရွေ့ အဆောက်အအုံတွင်....

 

 

 ချန်ရှု့က သူရုံးခန်းရဲ့ ပြင်သစ်ပြတင်းပေါက်ရှေ့မှာ ရပ်ပြီး သူ့အောက်မှ ဖြတ်သွားတဲ့ ကားများကို ကြည့်နေသည်။  လူအုပ်ကြီးက အလျင်စလိုဖြစ်နေသော်လည်း ဤသာမန်ပျော်ရွှင်မှုကို သူမြင်ယောင်နိုင်သည်။

 

 

 ယခုအလုပ်မှာရှိနေစဉ်မှာ သူမူးနေတဲ့အချိန်ကို ရုတ်တရက် မှတ်မိလာသည်။ 

 

 

 သူနဲ့ယဲ့ဆွေတို့က ချန်မိသားစုအိမ်ရာမှာ ဝိုင်အပြင်းစားကိုသောက်ပြီး မူးသွားခဲ့သည်။  

 

 

 ထိုအချိန်တွင် နှစ်ယောက်စလုံး မူးသွားသည်။  နောက်တစ်နေ့တွင် ထိုညကအရာအားလုံးကို မေ့သွားခဲ့ပြီး အခု သူကဇွတ်အတင်းသတိရနေခဲ့သည်။

 

 

 ဒါပေမယ့် တစ်ခြားမှတ်ဉာဏ်တွေကတော့ မှုန်ဝါးဝါးဘဲ။  ချန်ရှု့က ယဲ့ဆွေ သူ့ကို နမ်းဖို့လုပ်တာကို ပြန်မှတ်မိသွားခဲ့သည်။ 

 

 

 ယဲ့ဆွေက သူ့ကိုနှစ်ကြိမ်နမ်းဖူးသည်။ ဒါကြောင့် သူမလည်း သူ့လို တူညီတဲ့ ခံစားချက်ရှိနိုင်သည်။

 

 

 သူတို့အချင်းချင်းကြိုက်ကြတယ်၊  သူတို့က တစ်ယောက်ကို တစ်ယောက် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အရာအားလုံးကို တစ်ယောက်ကိုတစ်ယောက် ပေးချင်ကြသည်။

 

 

 ချန်ရှု့ နှုတ်ခမ်းက တွန့်ကွေးသွားပြီး သူ့အပြုံးတွေက သက်တောင့်သက်တာဖြစ်နေခဲ့သည်။ အပြင်ဘက်နေရောင်ခြည်က အခါအားလျော်စွာ ပိတ်ဆို့ထားခဲ့သည်။  အလင်းနဲ့အရိပ်က သူ့နှလုံးသားလိုမျိုး တစ်ခုနဲ့တစ်ခု ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနေခဲ့သည်။

 

 

 ချန်ရှု့က ယဲ့ဆွေပြောခဲ့တဲ့ စကားတိုင်းနဲ့ သူမအတွက် သူပေးခဲ့တဲ့ ကတိအားလုံးကို သတိရသည်။

 

 

 ဝေ့ကျီရဲ့ကိစ္စကို သူတို့ဖြေရှင်းတဲ့အခါမှာ ယဲ့ဆွေနဲ့သူသဘောတူညီချက်တစ်ခု ရခဲ့သည်။  သူတို့က အရာအားလုံးကို ချက်ချင်းပြောရမည်။ သူတို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲစေမယ့်  လျှို့ဝှက်ချက်ကို မလိုချင်ဘူး။

 

 

 ချန်ရှု့က ယဲ့ဆွေနဲ့ စကားပြောဖို့နဲ့ သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို သူမကိုပြောပြဖို့ အခွင့်အလမ်းရှာရမယ်လို့ ခံစားခဲ့ရသည်။

 

 

 သူမကို သူ ကြိုက်နေတာအပါအဝင်ပေါ့။