အပိုင်း ၉၀
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၉၀ -  ကြိုက်တယ်

 

 

 

 ဖိန်နင်က "သရုပ်ဆောင်" တွင် ယဲ့ဆွေ ပါ၀င်တယ်ဆိုတာကိုမြင်ပြီးနောက် တုံ့ပြန်မှုက အလွန်ကောင်းသဖြင့်  လူအများက ယဲ့ဆွေအပေါ် စိတ်ပြောင်းသွားခဲ့ကြသည်။

 

 

 ဖိန်နင်က နှာမှုတ်လိုက်သည်။ ယဲ့ဆွေ ဘယ်လောက်ပဲကောင်းနေပါစေ သူမကို ငါနဲ့ နှိုင်းယှဉ်လို့ရမလား?  နိုင်ငံတကာ ရုပ်ရှင်မင်းသမီးတစ်ဦးအနေနှင့် သူမကဒီမင်းသမီးငယ်အား အနှောင့်အယှက်မပြုနိုင်ပေ။

 

 

 ဖိန်နင်က သူမက နိုင်ငံတကာ ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပေမဲ့ သူမရရှိခဲ့တဲ့ဆုက အဓိကရုပ်ရှင်ပွဲတော်သုံးခုမှမဟုတ်ဘူးဆိုတာကို မေ့နေခဲ့သည်။ သူမက သြဇာညောင်းသူတစ်ယောက်ဖြစ်ရန်ပင် မနီးစပ်ခဲ့ပေ။

 

 

ဒါပေမယ့် ယဲ့ဆွေနှင့် နှိုင်းယှဉ်လျှင် အဲ့တာကလုံလောက်သည်။

 

 

ဒါကြောင့် သရုပ်ဆောင် ပရိုဂရမ်အဖွဲ့က သူမအားဆက်သွယ်ခဲ့လာချိန်မှာ ဖိန်နင်က ချက်ချင်းသဘောတူခဲ့ပြီး အထူးဧည့်သည်ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့သည်။  ဒီသတင်းကိုအဖွဲ့က တရားဝင်ကြေငြာခဲ့သည်။

 

 

သူတို့နှစ်ယောက်လုံးမှာ Follower အများကြီးရှိကြသည်။ ထို့ကြောင့် ကောမန့်ပေးရန် အင်တာနက်သုံးစွဲသူများက စုရုံးလာကြသည်။

 

 

 "ယဲ့ဆွေက ကျွမ်းကျင့်ကို အနိုင်ရခဲ့တာမဆန်းပါဘူး၊ ဒါပေမယ့် နိုင်ငံတကာရုပ်ရှင်မင်းသမီး ဖိန်နင်နဲ့ယှဉ်ရင် ယဲ့ဆွေ ကအဝေးကြီးလိုသေးတယ်"

 

 

" ဖိန်နင်က ယဲ့ဆွေကို ဖိနှိပ်နေပုံရတယ်။ ယဲ့ဆွေရဲ့ သရုပ်ဆောင်စွမ်းရည်က သူမရှေ့မှာမလုံလောက်ဘူး

 

 

 “ သနားစရာ ယဲ့ဆွေလေး၊ သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို သက်သေပြဖို့က အရမ်းခက်တယ်။  အခုသူမထပ်ပြီး စော်ကားခံရတော့မယ်။  သူမအတွက် သုံးမိနစ်လောက် တိတ်တိတ်ဆိတ်ဆိတ်နေပေးလိုက်ပါ ”

 

 

ယဲ့ဆွေနဲ့ ဖိန်နင်ကြားမှာ ဘယ်သူကအောင်ပွဲခံနိုင်မလဲ?  ဖိန်နင် အနိုင်ရလိမ့်မည်ဟု လူတိုင်းထင်ခဲ့သည်မှာ သံသယဝင်စရာမရှိချေ။

 

 

တစ်ယောက်က နှစ်ပေါင်းများစွာကတည်းက ပွဲဦးထွက်ခဲ့ပြီး နိုင်ငံတကာ ဆုတွေရခဲ့သလို ကျန်တစ်ယောက်က အခုမှစပြီးသရုပ်ဆောင်တာ။ လူတိုင်းက ယဲ့ဆွေကို ရှုံးမယ်လို့ ထင်ထားကြသည်။

 

 

မျှော်လင့်ချက်မျိုးစုံနှင့် သရုပ်ဆောင် ကို စတင်ထုတ်လွှင့်ခဲ့သည်။

 

 

ချန်းယွီက ဒီအချိန်၌ အကြောင်းအရာကို ကြေငြာခဲ့သည်။ "ယဲ့ဆွေနဲ့ ဖိန်နင်တို့က ဒီဇာတ်အိမ်ကို ဖျော်ဖြေဖို့ရှိပါတယ်။  ပြိုင်ပွဲဝင်များခင်ဗျာ ကျေးဇူးပြုပြီး ဖန်သားပြင်ကို ကြည့်ပေးကြပါခင်ဗျ ”

 

 

ယဲ့ဆွေနဲ့ ဖိန်နင်တို့က သူ့ရဲ့ညွှန်ကြားချက်များကို လိုက်နာခဲ့ကြသည်။ နာမည်ကျော်တီဗီစီးရီးတစ်ခုမှ ဗီဒီယို ကလစ်တစ်ခုကို ဖန်သားပြင်ပေါ်တွင် ပြသနေသည်။

 

 

ထိုအကြောင်းအရာက မိဖုရားနှင့်ချစ်လှစွာသောကိုယ်လုပ်တော်တို့အကြား စကားဝိုင်းဖြစ်သည်။  မိဖုရားက မျက်နှာသာမပေးခဲ့ဘူး။ ပြီးတော့ ချစ်လှစွာသောကိုယ်လုပ်တော်က သူမကိုရန်စခဲ့သည်။

 

 

 “ ဒီတီဗီဇာတ်လမ်းတွဲက တစ်ချိန်က နာမည်ကြီးခဲ့တယ်။ အခုတော့ ယဲ့ဆွေနဲ့ ဖိန်နင်တို့က ဒီဇာတ်အိမ်ကို ပြန်လည်ဖော်ထုတ်ကြလိမ့်မယ်။ အခြားသူတွေလိုပဲ သူတို့ရဲ့ဖျော်ဖြေမှုတွေကို ကျွန်တော် မျှော်လင့်နေပါတယ် လို့ ချန်းယွီ ကပြောလိုက်သည်။

 

 

ချန်းယွီက ယဲ့ဆွေနဲ့ ဖိန်နင်တို့အား မည်သည့်အခန်းဇာတ်ကောင်တွင် ပါဝင်သရုပ်ဆောင်ရမည်ကို ဆုံးဖြတ်ဖို့ မဲနှိုက်တာကို ခွင့်ပြုထားသည်။

 

 

ဖိန်နင်က ပထမဆုံးသွားခဲ့သည်။ သူမ သရုပ်ဆောင်ချင်တဲ့ ဇာတ်ကောင်က သူမစိတ်ထဲမှာရှိပြီးသားဖြစ်ပြီး သူမစာတိုကို နှိုက်တဲ့အခါမှာ တိတ်တိတ်လေး မျှော်လင့်ခဲ့ဖူးသည်။  စက္ကူလိပ်ကိုစဖွင့်လိုက်ချိန်မှာတော့ သူမသက်ပြင်းချလိုက်မိသည်။

 

 

သူမပုံဖော်ချင်သောအရာက ချစ်လှစွာသောကိုယ်လုပ်တော် ဇာတ်ကောင်ဖြစ်သည်။ ဇာတ်ကောင်က

ခံစားချက်အပြည့်နှင့် မာနထောင်လွှားသောစရိုက်ကိုလိုအပ်လိမ့်မည်။ အဲ့တာက  လူတိုင်းအားအထင်ကြီးဖို့ လွယ်ကူစေသည်။  မိဖုရားက စိတ်ခံစားမှုကို ချုပ်တည်းထားပြီး တကယ်လို့ သူမကောင်းကောင်း သရုပ်မဆောင်ခဲ့ရင် အဓိက ကင်မရာက သူမဆီမှာရှိတော့မှာမဟုတ်ဘူး။

 

 

ဖိန်နင်က ယဲ့ဆွေကို ပျော်ရွှင်စွာနဲ့ တစ်ချက်ကြည့်လိုက်သည်။ ယဲ့ဆွေက ဒီညစ်ပတ်တဲ့စရိုက်ကို ဘယ်လိုပုံဖော်မယ်ဆိုတာ သူမမြင်ချင်သည်။

 

 

 ယဲ့ဆွေက သူမရဲ့ဇာတ်ကောင်ကို ဂရုမစိုက်ဘူး။  သူမက သူမရဲ့ဇာတ်ကောင်ကို ပုံဖော်နိုင်သရွေ့ သူမကဘယ်လိုပုံဖော်ရမလဲဆိုတာကို သိထားပြီး ၎င်းကိုလူတိုင်းက မှတ်မိသွားစေလိမ့်မည်။

 

 

ချန်းယွီက နှစ်ယောက်လုံးကို ပြင်ဆင်ဖို့ ဆင်းခိုင်းလိုက်သည်။  သူတို့ကကြော်ငြာတစ်ခုကို အရင်သရုပ်ဆောင်လိမ့်မည်။ သွမ့်မု စခရင်က ကောမန့်တွေနဲ့ ပြည့်နေသည်။

 

 

ဖိန်နင်ရဲ့အခန်းကဏ္ဍက ပထမအကြည့်တစ်ချက်မှာတင် ကောင်းနေပြီ။ ယဲ့ဆွေက အားနည်းချက်ရှိတယ်။သူမပြီးသွားရင်ဇာတ်ကောင်ကို ငါမှတ်မိလိမ့်မယ်လို့ မထင်ဘူး

 

 

"ယဲ့ဆွေ  ဒါကိုရှုံးလိမ့်မယ်။ ပြီးတော့ အရင်ဇာတ်ကွက်နဲ့ တိုက်ရိုက်နှိုင်းယှဉ်လိမ့်မယ်။ ယဲ့ဆွေ အနိုင်ကျင့်ခံလိုက်ရသလို ငါခံစားရတယ် "

 

 

 "ငါရူးသွားပြီလား?  ငါ ချန်းယွီကို ဒီပွဲမှာပါဝင်ဖို့ မျှော်လင့်ပါတယ်။  ဒီလူတွေနဲ့ အတူတူသရုပ်ဆောင်တာကို မြင်ချင်ပါတယ်။ ”

 

 

ခဏအကြာတွင် ချန်းယွီ ပါဝါပြန်ရလာသည်။  "အခုပဲဒါရိုက်တာ ဇူ က အင်တာနက်ပေါ်က အတားအဆီးများကိုဖတ်ခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူတွေက ကျွန်တော့်ကို ဧကရာဇ်ရဲ့အခန်းကဏ္ဍမှာ ပါဝင်သရုပ်ဆောင်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုနေတယ်တဲ့ "

 

 

ချန်းယွီက အကူအညီမဲ့သောအမူအရာကို တမင်တကာပြလိုက်သည်။  “ ကျွန်တော်ကတော့ ဒီဖျော်ဖြေမှုကို ပျော်ရွှင်စေချင်ပါတယ်။ လူတိုင်း ကျွန်တော့်အပေါ် အကြံဥာဏ်တွေ ထပ်ရှိလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး"

 

 

ဒါပေမယ့်လည်း မင်းရဲ့စိတ်အားထက်သန်မှုကို ကျွန်တော်မငြင်းနိုင်ဘူး။ သူတို့ရဲ့စွမ်းဆောင်ရည်တွေအရ ကျွန်တော့်ရဲ့စာကြောင်း တွေကိုအချိန်မရွေး ကျွန်တော်ညှိလိုက်ပါ့မယ် ”

 

 

ချန်းယွီ စကားပြောပြီး သည်နှင့်တပြိုင်နက် ပရိသတ်များက အော်ဟစ်ခဲ့ကြသည်။  "ငါတို့ အိုင်ဒေါက စိတ်ထားကောင်းတယ်!  ငါတို့သူတို့သရုပ်ဆောင်တာကို တကယ်ကြည့်ချင်နေပြီ ”

 

 

ယဲ့ဆွေနဲ့ ဖိန်နင်တို့က စတင်သရုပ်ဆောင်တော့မည်။  သူတို့နှစ်ယောက်က အဝတ်အစားလဲပြီး စင်မြင့်ပေါ်ကို လမ်းလျှောက်လာခဲ့ကြသည်။  ပရိသတ်တွေကလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။

 

 

ဖိန်နင်က ချစ်လှစွာသောကိုယ်လုပ်တော်ရဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့သည်။ မိဖုရားကို မြင်တဲ့အချိန်မှာ သူမက သူမကို လက်ဆောင်မပေးခဲ့ပါဘူး။  အဲဒီအစားသူမက အေးစက်နေတဲ့နန်းတော်ကိုကြည့်ရတာ မိဖုရားကို တကယ်မျက်နှာသာမပေးတဲ့ပုံရတယ်လို့ ရန်စလိုက်သည်။

 

 

 ယဲ့ဆွေက ဖိန်နင်ကိုမကြည့်ဘဲ လက်၌ပန်းထိုးထားတဲ့အဝတ်တစ်စုံကို ကိုင်ထားခဲ့သည်။  “ မြင့်မြတ်တဲ့ ကိုယ်လုပ်တော်မှာ ဘာမှလုပ်စရာမရှိဘူးဆိုရင် ပြန်သွားနိုင်တယ် ”

 

 

ဖိန်နင်က ယဲ့ဆွေရဲ့လက်ထဲက ပန်းထိုးထားတဲ့အဝတ်ကို ရုတ်တရက် ယူလိုက်သည်။ သူမရဲ့လက်သည်းတွေကို အနီရောင်တောက်တောက်ဆိုးထားပြီး သူမရဲ့လက်က ပန်းထိုးထားတဲ့အဝတ်ကို ကြင်နာစွာပွတ်သပ်လိုက်သည်။  သူမက ရယ်ရယ်မောမောနဲ့ အရမ်းလှတဲ့ပန်းထိုးအဝတ်ပဲ ” လို့ပြောခဲ့သည်။

 

 

ဖိန်နင်က ယဲ့ဆွေကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့ပါးစပ်ထောင့်က သရော်တဲ့အပြုံးနဲ့  ကွေးသွားသည်။  “ ကံမကောင်းစွာနဲ့ဘဲ ဘယ်လောက်ပဲ လှပတဲ့အရာတွေပဲဖြစ်ဖြစ် သူတို့ကညှိုးနွမ်းဖို့ ဦးတည်နေတယ်။ အရှမင်းကြီးက ဒီကိုလုံးဝမလာချင်ဘူး "

 

 

ယဲ့ဆွေက သူမကိုအပြင်းအထန် စိုက်ကြည့်နေသည်။  အခု ဖိန်နင်က သူမရဲ့လက်ထဲက ပန်းထိုးထားတဲ့အဝတ်ကို လုယူခဲ့သညိ။ ဒီမြင်ကွင်းကို မူရင်းပြဇာတ်မှာ တစ်ခါမှမမြင်ဖူးဘူး။

 

 

ဖိန်နင်က သူမရဲ့စာကြောင်းတွေကို အရင်ပြောခဲ့သည်။ ဒါကြောင့် သူမအသာစီးရခဲ့သည်။ သူမက ပန်းထိုးထားတဲ့အဝတ်ကိုယူ၍ မီးမောင်းထိုးပြနေသည်။ ယခုသူမကိုလူတိုင်း အာရုံစိုက်ကြလိမ့်မည်။

 

 

 ယဲ့ဆွေက ဖိန်နင်ရဲ့မျက်လုံးတွေနဲ့ တိုက်ရိုက်ယှဥ်ပြိုင်နေခဲ့သည်။  ဖိန်နင်က ယဲ့ဆွေကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။

 

 

သူမက သူမရဲ့လက်ထဲက ပန်းထိုးထားတဲ့အဝတ်ကို မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။ သူမက ယဲ့ဆွေကို စိုက်ကြည့်ပြီး ​အဲ့တာကိုဖြေးညှင်းစွာ နင်းချလိုက်သည်။

 

 

ဖိန်နင်ရဲ့ နှုတ်ခမ်းတွေက အနည်းငယ်ဟသွားသည်။  “ နင် ဧကရာဇ်ရဲ့မျက်နှာသာရဖို့အတွက် မဖက်ပြိုင်ဘူး။ ဒါမှမဟုတ်  မတိုက်ခိုက်ဘူးဆိုရင် ဧကရာဇ်က နင့်ကိုသနားလိမ့်မယ်လို့ ထင်နေတာလား? နင်က ဒီပန်းထိုးအဝတ်နဲ့တူတယ်။ နင် နန်းတော်ထဲမှာ ပုန်းနေတယ်ဆိုရင်တောင်မှ ဘယ်သူမှဂရုမစိုက်ဘူး "

 

 

ယဲ့ဆွေရဲ့ မျက်လုံးများက အနည်းငယ်အေးစက်သွားခဲ့သည်။ ယခု  ဖိန်နင်ရဲ့လုပ်ရပ်များနှင့် စာကြောင်းများက သူမအတွက်အသစ်အဆန်းဖြစ်နေသည်မို့ သူမကိုသူတို့ကို လုံးဝမရှောင်နိုင်ခဲ့ပေ။

 

 

ဖိန်နင်က ခွင့်ပြုချက်မရှိဘဲ ဇာတ်ကွက်တစ်ခုကိုထပ်ထည့်ခဲ့ပေမယ့် ဒါက အနုပညာ ပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက် သရုပ်ဆောင်တက်သူက ဘုရင်ပါပဲ။ အကယ်၍ သူမဒီစာကြောင်းကိုမလိုက်ရင် အခြားသူများက သူမကိုယုတ်ညံ့တယ်လို့ ပြောလိမ့်မည်။ ပြီးတော့ သူမကိုယ်တိုင်မှလွဲ၍ မည်သူ့ကိုမျှ အပြစ်တင်စရာမရှိပေ။

 

 

ယဲ့ဆွေက နှာမှုတ်လိုက်သည်။ ဖိန်နင်က တွက်ချက်တဲ့နေရာမှာ တကယ်တော်သည်။ သူမဇာတ်ကြောင်းကို ပြောင်းပြီးကတည်းက သူမလည်း လက်သီးနဲ့ထိုးလိမ့်မည်။  သူမကလူတိုင်းအတွက်ပို၍ပင် အံ့သြစေလိမ့်မည်။

 

 

 ယဲ့ဆွေ ရုတ်တရက် ထရပ်လိုက်သော်လည်း ဖိန်နင် ကိုသူမ မကြည့်ခဲ့ဘူး။ သူမက ပထမဆုံးလက်ကိုမြှောက်လိုက်ပြီး သူမရဲ့စကတ်ကို ညင်ညင်သာသာ ထိလိုက်သည်။  သူမရဲ့လှုပ်ရှားမှုတွေက အဆောတလျင်တော့လည်းမဟုတ်ဘူး။ ဒါမှမဟုတ် နှေးကွေးခြင်းလည်းမရှိဘူး။ ဒါပေမယ့် သူမက အရမ်းအံဝင်ခွင်ကျဖြစ်နေသည်။

 

 

ယဲ့ဆွေ  စကားမပြောပေမယ့်လည်း သူမရဲ့အမူအရာများနှင့် လှုပ်ရှားမှုများက ဇာတ်ကောင်အား အနည်းငယ်ကွဲပြားပုံရသည်ကို ပရိသတ်အား သိစေခဲ့သည်။

 

 

ယဲ့ဆွေက မတ်တပ်ရပ်ပြီး ဖိန်နင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ ထို့နောက် သူမက ကိုယ်လုပ်တော် ဒီ ငါက မိဖုရားဖြစ်နေတုန်းပဲနော်။  ငါကဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ဆုံးရှုံးရင်တောင် ငါကမြင့်မြတ်တဲ့ မိဖုရားတစ်ပါးဖြစ်နေတုန်းပဲ ”လို့ တိုးတိုးလေးပြောလိုက်သည်။

 

 

သူမရဲ့အမူအရာက ဘာမှမထူးခြားတဲ့အစား အထက်စီးဆန်ခဲ့သည်။  “နင်က ငါ့ကို မျက်နှာသာရဖို့အတွက် ဖက်မပြိုင်ဘဲ၊ မတိုက်ခိုက်ဘူးလို့ ပြောခဲ့တယ်နော်။ နင်မှန်တယ်။ ဟမ့် "

 

 

ငါ့ရဲ့ အဖေနဲ့အစ်ကိုက တရားရုံးရဲ့ အရေးပါတဲ့ဝန်ကြီးတွေပဲ။  ငါတစ်ခုခုလိုချင်နေသရွေ့ အဲ့တာကနောက်တစ်နေ့မှာ ငါ့နန်းတော်မှာပေါ်လာလိမ့်မယ်။  ငါက နင်နဲ့ငြင်းခုံနေဖို့လိုသေးလို့လား?"

 

 

ဖိန်နင်က ယဲ့ဆွေကို မှင်သက်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။  တစ်ချိန်တည်းမှာပင် ယဲ့ဆွေကထူးဆန်းပြီး ကြောက်စရာကောင်းသည်ဟု သူမခံစားမိသည်။

 

 

ယဲ့ဆွေက ပြုံးပြီး ပြောခဲ့သည်။ “ ငါမွေးဖွားလာတဲ့အချိန်မှာ မိဖုရားဖြစ်မယ်လို့ ကံဇာတာပါလာပြီးသား။ နင် အမြဲစွဲလမ်းနေခဲ့တဲ့အရာက ငါ့ရဲ့လက်ချောင်းထိပ်မှာရှိတယ်။ ငါ နင်နဲ့တိုက်ခိုက်နေစရာလိုသေးလိူ့လား? "

 

 

ဖိန်နင်က အံ့သြသွားခဲ့သည်။  သူမက ယဲ့ဆွေကို ထိုးနှက်ဖို့နဲ့ သူမအဖြေကိုမရသည့်အတွက် သူမကိုအရူးလုပ်ဖို့ သူမစာကြောင်းများကိုပြောင်းလိုခဲ့သည်။ ဒါပေမယ့် ယဲ့ဆွေက ဒီလောက်မြန်မြန် တုံ့ပြန်လိမ့်မယ်လို့ ဘယ်သူသိမှာလဲ?

 

 

 ဤအချိန်မှာ ယဲ့ဆွေက ဖိန်နင်ရဲ့ ဘေးကိုလျှောက်သွားခဲ့သည်။  သူမ ဖိန်နင်ရဲ့ နားနားကိုကပ်လိုက်ပြီး အေးစက်တဲ့ စကားတစ်ခွန်းကို ပြောခဲ့သည်။ “ ကိုယ်လုပ်တော် ဒီ နင်က ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ အစကတည်းက မထိုက်တန်ခဲ့ဘူး

 

 

 ယဲ့ဆွေရဲ့ အသံက တိုးလဲမတိုးသလို လေးလဲမလေးပေ။ ဒါပေမယ့် သတိပေးချက်နဲ့ အထင်အမြင်သေးမှုများပြည့်နှက်နေသည်။

 

 

 ယဲ့ဆွေ - "ငါကသူ့ထောက်ခံမှုအတွက် ယှဉ်ပြိုင်ချင်ရင် နင်ဒီရာထူးမှာ ဆက်ထိုင်နိုင်လိမ့်မယ်လို့ ထင်လား?  "

 

 

 ယဲ့ဆွေက စကားလုံးတိုင်းကို ဖော်ပြခဲ့ပြီး ဖိန်နင်က ဘယ်လိုတုံ့ပြန်ရမလဲ မသိခဲ့ပေ။  သူမက ယဲ့ဆွေ အတွက် ဇာတ်ခုံတင်ချင်ခဲ့ပေမယ့် သူမပိတ်မိနေပြီးဘဘာလုပ်ရမှန်းမသိခဲ့ဘူး။

 

 

 ဖိန်နင်က စကားမပြောခဲ့ဘဲ အဲ့ဒါက စိတ်ရှုပ်စေသည်။  ဤအချိန်မှာ ချန်းယွီက မြင်ကွင်းထဲကို ၀င်လာခဲ့သည်။

 

 

 ဖိန်နင်က နောက်သို့လှည့်ကြည့်လိုက်ချိန်မှာ အံ့အားသင့်သွားခဲ့သည်။ ချန်းယွီရဲ့ သဘောထားက အလွန်အရေးကြီးသည်။  သူမစကားပြောနေတာကို သူကူညီနေသရွေ့ သူမက ယဲ့ဆွေကို အနိုင်ရဖို့အခွင့်အလမ်းရှိလိမ့်မည်။

 

 

 ချန်းယွီက ဖိန်နင်ရဲ့ အစောပိုင်းအပြုအမူကို မျက်မြင်တွေ့ထားပြီးဖြစ်သည်။ သူမက အနိုင်ရဖို့ စာကြောင်းများထပ်ထည့်ခဲ့သော်လည်း သူ မကြိုက်ပေ။ ယဲ့ဆွေနဲ့ ဖိန်နင် တို့အကြားမှာ ဘယ်လိုကျွမ်းကျင်မှုများရှိတယ်ဆိုတာကို သူ ကောင်းစွာသိသည်။

 

 

 သူက ဖိန်နင် ကြည့်ပြီး အေးစက်စွာပြောခဲ့သည်။ "ကိုယ်လုပ်တော် ပြန်သွားလိုက်တော့ "

 

 

 ဒီစကားကိုကြားတော့ ဖိန်နင်က သူမနေရာမှာ အေးခဲနေပြီး မယုံကြည်နိုင်ဖြစ်နေခဲ့သည်။  'ဘာလို့လဲ?'

 

 

 ချန်းယွီက မျက်မှောင်ကြုတ်လိုက်သည်။  သူကဂရုမစိုက်တဲ့လေသံနဲ့ ထပ်ပြောခဲ့သည်။  “ ငါကိုယ်တော် ထပ်ပြောမှာမဟုတ်ဘူး

 

 

 ယဲ့ဆွေရဲ့ အခုအခိုက်အတန့်မှာ ရုတ်တရက် စကားပြောလာပြီး မျက်လုံးတွေက အန္တရာယ်ရှိပုံ ပေါ်လာသည်။  သူမက ချန်းယွီကို ငေးကြည့်ပြီး ဖြည်းဖြည်းချင်းပြန်ပြောလာသည်။ "အရှင်မင်းကြီး ကျွန်တော်မျိုးမရဲ့ ပန်းထိုးအထည်တွေက ညစ်ပတ်သွားပါပြီ ”

 

 

 ယဲ့ဆွေကို စက္ကန့်အနည်းငယ်ကြည့်ပြီးနောက်မှာ သူကခေါင်းကိုလှည့်လိုက်ပြီး အေးစက်စွာပြောခဲ့သည်။ “ ကိုယ်လုပ်တော် ဒီကို တစ်လအပြင်မထွက်ဖို့ တားမြစ်တယ်။ သူမက ဧကရီကို လျော်ကြေးပေးဖို့အတွက် ပန်းထိုးအတွဲ ၂၀ ကို သူမကိုယ်တိုင် လက်နဲ့ပန်းထိုးရလိမ့်မယ် "

 

 

 ဖိန်နင်က ချန်းယွီအနေနဲ့ သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ကျပန်းဖျော်ဖြေလိမ့်မည်ကိုသိသည်။  ချန်းယွီက အဲ့လိုပြောလိုက်ချိန်မှာ သူက ယဲ့ဆွေဘက်မှာရှိနေတာကိုဆိုလိုပြီး သူမလုပ်ဆောင်ချက်ကိုတောင်မှ အသိအမှတ်ပြုတာဖြစ်သည်။

 

 

 မဟုတ်ဘူး၊ သူမကို ဒီလိုဦးဆောင်လို့မရဘူး။ မဟုတ်ရင် သူမရှုံးလိမ့်မယ်။

 

 

 ဖိန်နင်က ခုခံချင်ခဲ့သည်။  “ အရှင်မင်းကြီး …”

 

 

 ချန်းယွီက ဖိန်နင်ကို တစ်ချက်ကြည့်လိုက်သည်။  သူစကားမပြောဖြစ်သော်လည်း သူ့မျက်လုံးအေးစက်နေမှုက သူ့အတွေးတွေကို ပြောနေခဲ့သည်။

 

 

 ဖိန်နင်က သူမအံသွားကို ကြိတ်ပြီးပြောလိုက်ရသည်။ “ ဒီကိုယ်လုပ်တော်က အရှင်မင်းကြီး ရဲ့အမိန့်ကိုနာခံပါ့မယ်

 

 

 ဒီ အခန်းက ပြီးသွားပြီ။  ပရိသတ်က အစပိုင်းမှာ ငြိမ်သက်သွားပြီး နောက်ပိုင်းမှာ လက်ခုပ်သံများ ထွက်ပေါ်လာခဲ့ပြီး သွမ့်မု စခရင်ပေါ်တွင် ပြင်းထန်သောဆွေးနွေးမှုများပေါ်လာခဲ့သည်။

 

 

 "ဖိန်နင်က ဘာလို့ မူလဇာတ်ကြောင်းအတိုင်းသရုပ်မဆောင်ခဲ့တာလဲ? သူမမှာ အခြားအတွေးတွေရှိနေတာလား?  ပြဿနာက ပြောင်းသွားရင်တောင်မှာ စာကြောင်းတွေက ယဲ့ဆွေလောက် မကောင်းဘူးပဲ "

 

 

 "ယဲ့ဆွေရဲ့စာကြောင်းတွေက တကယ်ကို ထက်မြက်လွန်းတယ်။ သူမက အားနည်းတဲ့ မိဖုရားကို အသက်သွင်းပေးလိုက်တယ်၊ အဲဒါက မျက်စိဖွင့်ပေးတဲ့အရာပဲ ”

 

 

 "ချန်းယွီက စကားနည်းနည်းဘဲ ပြောခဲ့ပေမယ့် သူကအလွန်ချောမောပြီး သူ့အခန်းကဏ္ဌကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ် "

 

 

 ဖိန်နင်ရဲ့ မျက်နှာက ဖြူဖျော့သွားပြီး သူမလက်ကိုဆုပ်လိုက်မိသည်။ ဖိန်နင်ရဲ့အကြည့်ကို သတိထားမိတော့သူမကိုကြည့်ပြီး ပြုံးပြလိုက်သည်။

 

 

 ဖိန်နင်က ရုတ်တရက် သူမနှလုံးသားပိတ်မိသွားသလိုခံစားလိုက်ရသည်။

 

 

 နောက်ဆုံးတွင် ချန်းယွီက ယဲ့ဆွေအနိုင်ရကြောင်း ကြေငြာခဲ့သည်။ ဖိန်နင်က စိတ်ပျက်လက်ပျက်နဲ့ မျက်လုံးကိုမှိတ်လိုက်သည်။ သူမက မင်းသမီးအသစ် ယဲ့ဆွေကို ရှုံးခဲ့ပြီးအရှက်ရခဲ့သည်။

 

 

 ဖိန်နင်က ယဲ့ဆွေကို အရှက်ရရန်ရည်ရွယ်ပြီး ဤအစီအစဉ်မှတဆင့် မျက်နှာပျက်စေလိုခဲ့သည်။ သူမကအများကြီးတွက်ချက်ခဲ့ကာ လိုင်းတွေကိုပြန်ပြင်ပြီး ဇာတ်ကြောင်းကို ပြောင်းလိုက်သည်။ ဒါပေမယ့်နောက်ဆုံးမှာတော့ သူမ ယဲ့ဆွေကို ရှုံးလိုက်ရတာပဲ။

 

 

 သူမအတွက် သူမတောင်းဆိုထားတဲ့ ပမာဏထက်ပိုရခဲ့သည်။  အင်တာနက်သုံးစွဲသူတွေက သူမကိုသမိုင်းတစ်လျှောက်အဆိုးဆုံးအဖြစ် တံဆိပ်ကပ်ခဲ့ကြသည်။ ဖိန်နင်ရဲ့ အကြံအစည်က အလွန်တရာကြီးလွန်းပြီး သူမက မကောင်းတဲ့စိတ်ထားရှိသည်။

 

 

အခြားတစ်ဖက်မှာ ယဲ့ဆွေရဲ့ လုပ်ဆောင်ချက်က နူးညံ့သိမ်မွေ့ခြင်းမှ ကြမ်းတမ်းပြင်းထန်လာတဲ့ ဧကရီရဲ့  အခန်းကဏ္ဌကို လုံးလုံးလျားလျား သက်ရောက်စေခဲ့သည်။ ယဲ့ဆွေမှာ ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အလွန်ကောင်းမွန်တဲ့ တီထွင်ဖန်တီးနိုင်စွမ်းတို့ရှိတယ်လို့ ပရိသတ်တွေက ယုံကြည်ကြသည်။

 

 

 ယဲ့ဆွေက ဖိန်နင်ဆီမှ follower အချို့ကိုလည်းရရှိခဲ့သည်။  သူတို့အားလုံးက ဖိန်နင်ရဲ့ဖျော်ဖြေမှုကို သွားကြည့်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ယဲ့ဆွေရဲ့ ဘက်ကိုလှည့်လာခဲ့သည်။  ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုစွမ်းရည်ရှိတဲ့ ဒီလောက်ကြည့်ကောင်းတဲ့စတားလေးရှိတာကို သူမကို ဘယ်သူကမှ မကိုးကွယ်ဘူး?

 

 

ယဲ့ဆွေရဲ့ ပြိုင်ပွဲပါ၀င်မှုက အဆုံးသတ်ခဲ့သည်။  လူတိုင်းက အခြားအရာတစ်ခုကို အာရုံစိုက်လာကြသည်။

 

 

 ယဲ့ဆွေက "သရုပ်ဆောင်" တွင်ပါဝင်နေစဉ် အနောက်ဘက်အခန်း၌ လူငယ်သရဲနဲ့ တွေ့ခဲ့ရသည်။  သူမက လူတိုင်တွက် ထူးဆန်းတဲ့အသံတစ်ခုထွက်လာတဲ့ ရေဒီယိုကို ပိတ်ဖို့ကူညီပေးခဲ့တဲ့ ဇာတ်လမ်းက မြန်မြန်ပြန့်သွားသည်။

 

 

 ယဲ့ဆွေရဲ့ အစီအစဉ်များတွင် သဘာဝလွန်ဖြစ်ရပ်များက ဘာလို့အမြဲပေါ်လာလဲဆိုတာကို အင်တာနက်သုံးစွဲသူများက သိချင်ကြသည်။  အစပိုင်းတွင် ပါဝင်ပစ္စည်းများက နားမလည်နိုင်လောက်အောင် ပျောက်ကွယ်သွားခဲ့ပြီး သူမရိုက်ကူးခဲ့တဲ့ သစ်ပင်အောက်၌ သရဲရှိခဲ့သည်။

 

 

 မကြာသေးခင်က ယဲ့ဆွေ “ သရုပ်ဆောင် မှာ ပါ၀င်ခဲ့ပြီး ရေဒီယိုသီချင်းသံများကိုလည်း ကြားခဲ့ရသည်။  သူမဘယ်သွားသွား သရဲခြောက်တဲ့အရာတွေ ဖြစ်လိမ့်မယ်လို့ထင်ပုံရသည်။

 

 

  အချို့ အင်တာနက်သုံးစွဲသူတွေက ယဲ့ဆွေကို စိတ်ကူးယဉ်ပရောဂျက်များတွင် ပါဝင်သင့်တယ်လို့ အကြံပြုကြသည်။ သူမ ဘာလုပ်မယ်ဆိုတာကို သူတို့မြင်ချင်ခဲ့သည်။

 

 

 <အိမ်ရှေ့စံမင်းသား> ကို TV ပွဲတော် အတွက် အမည်စာရင်းတင်သွင်းခဲ့သော်လည်း ယဲ့ဆွေကို ဧည့်သည်အဖြစ်သာ ဖိတ်ကြားခဲ့သည်။ သူမက အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပေမယ့် ပရိသတ်ရဲ့စေတနာမလုံလောက်တာကြောင့် ဆုမရခဲ့ဘူး။

 

 

 ရှိုး အဆုံးတွင် ယဲ့ဆွေက စင်နောက်ဘက်မှ အခန်း တစ်ခုကို တွေ့ခဲ့ရသည်။

 

 

 လွတ်နေတဲ့စင်္ကြံပေါ်မှာ ရပ်နေတဲ့ လူနှစ်ယောက်ရှိပြီး ဝိုးတဝါးအသံတွေ ထွက်လာသည်။ ဖိန်နင်က သူနဲ့ စကားပြောနေစဉ်မှာ ချီရှန်းကို ဆုပ်ကိုင်လိုက်သည်။

 

 

 ဒါပေမယ့် ချီရှန်းက ဖိန်နင်ကို ဂရုမစိုက်ခဲ့ဘူး။  သူကများသောအားဖြင့် ရွှင်လန်းတဲ့ လူတစ်ယောက်ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် အတော်လေးနှုတ်ဆိတ်နေခဲ့သည်။ ဖိန်နင်ရဲ့ အနှောက်အယှက်ပေးတဲ့ စကေးက ပထမတန်းစားဖြစ်တာကြောင့် သူထွက်သွားဖို့ လမ်းမရှာနိုင်ခဲ့ပေ။

 

 

 ချီရှန်းက သူ့မျက်လုံးထောင့်ကနေ စင်္ကြံမှာလျှောက်သွားနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။  ထိုအ၀တ်က အတော်ရင်းနှီးခဲ့ပြီး ၎င်းက ယဲ့ဆွေဖြစ်ပုံရသည်။

 

 

 သူကခေါင်းငုံ့ပြီး ဝီချက် ကိုနှိပ်ကာ ယဲ့ဆွေဆီကို  "ငါ့ကိုကယ်ပါ" ဆိုတဲ့ မက်ဆေ့ခ်ျကိုပို့ခဲ့သည်။

 

 

 သူကအလွန်လျင်မြန်စွာ ရွေ့လျားသွားသည်။ ဖိန်နင်က သူဘယ်သူ့ကို မက်ဆေ့ခ်ျပို့နေလဲဆိုတာကို မတွေ့လိုက်ရဘူး။ ယဲ့ဆွေက ချီရှန်းရဲ့ အော်ဟစ် အကူအညီတောင်းတာကို လက်ခံရရှိချိန်မှာ သူမက လှည့်ပြီး စင်္ကြံအဆုံး၌ ပျောက်ကွယ်သွားသည်။

 

 

 ခဏအကြာမှာ ချီရှန်းရဲ့ ဆဲလ်ဖုန်း ရုတ်တရက် မြည်လာပြီး သူက ဖုန်းကို ချက်ချင်းကိုင်လိုက်သည်။ အဲ့ဒါက ယဲ့ဆွေ အသံဖြစ်သည်။  "ချီရှန်း အစ်မရန်က မင်းသူ့ကိုမြန်မြန်လာတွေ့ဖို့ တောင်းဆိုထားတယ်"

 

 

 ချီရှန်းက အစ်မရန် ဘယ်သူလဲဆိုတာ မသိပေမယ့် သူမအသံအရ အေးဂျင့်တစ်ယောက်ဖြစ်နိုင်သည်။  'ဘယ်သူကဂရုစိုက်လို့လဲ yes လို့ပြောဖို့က အရင်ဘဲ '

 

 

 "ဘာလဲ?" ချီရှန်းကအသံမြှင့်ပြီး ပြောလိုက်သည်။ “ မင်းပြောတာ ငါ့အေးဂျင့်က ငါ့ကိုတွေ့ဖို့စိတ်စောနေတာလား?  သူက တံခါးနားမှာ ငါ့ကိုစောင့်နေတယ်ဟုတ်လား?  "

 

 

 လူနှစ်ယောက်က အဓိက အချက်ကို လုံးဝမပြောကြဘူး။

 

 

 ချီရှန်းက ဖုန်းချလိုက်ပြီး ဖိန်နင်ကို မရှင်းပြဘဲလှည့်ထွက်သွားခဲ့သည်။ ဖိန်နင်က တစ်ယောက်တည်းကျန်ခဲ့ပြီး သူမမျက်နှာက ဖြူဖျော့သွားခဲ့သည်။

 

 

 ထောင့်မှာ ချီရှန်းက ယဲ့ဆွေနဲ့တွေ့တာကြောင့် လက်ကိုဝှေ့ယမ်းပြလိုက်သည်။  "ကျေးဇူးတင်ပါတယ်"

 

 

 ယဲ့ဆွေက ဆက်လက်ရှင်သန်ရန် ဆန္ဒပြင်းပြခဲ့သည်။  "ကျွန်မအစောက ဘာမှမမြင်လိုက်ရဘူး"  နိုင်ငံတကာရုပ်ရှင်ဘုရင်မနှင့် နာမည်ကျော်အဆိုတော်ဖြစ်တဲ့ မိန်းကလေးရည်းစားဟောင်းနဲ့ ယောက်ျားလေး ရည်းစားဟောင်းတို့က ဤစိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတွေကို ပါပါရာဇီအား ထုတ်ဖော်မည်မဟုတ်ပေ။

 

 

 ခံစားချက်တွေရဲ့အနှောက်အယှက်ထဲမှာ သူက "မင်းရဲ့လက်ထောက် ဘယ်လိုလဲ?" ယဲ့ဆွေ အကြောင်းမေးဖို့မမေ့သေးဘူး။

 

 

 "ဘာလက်ထောက်လဲ? " ယဲ့ဆွေက ခဏလောက် မတုံ့ပြန်နိုင်ဘဲ ကြောင်ကိုအိတ်ထဲမှ ထုတ်လိုက်သည်။  ခဏအကြာမှာ သူမက ချီရှန်းကို သူ့အဖေနဲ့ ဆက်သွယ်ပြောဆိုရာတွင် ကူညီပေးချိန်က သူမချန်ရှု့ကိုခေါ်ပြီး  သူကသူမလက်ထောက်လို့ ပြောခဲ့တာကို သူမသတိရသွားသည်။

 

 

 ချီရှန်း အမူအရာက မသင်္ကာသလိုဖြစ်သွားခဲ့ပြီး သူကဖြည်းဖြည်းချင်း အဆုံးမှာဆွဲပြီး ပြောလာသည်။ "အိုး၊ လက်ထောက်မဟုတ်ဘူးပဲ"

 

 

 ထိုအချိန်မှာ ယဲ့ဆွေက စကားမပြောနိုင်တော့ချေ။ ချီရှန်းရဲ့နည်းလမ်းက တကယ်ကိုစွဲမက်စရာကောင်းပြီး သူမကိုသတိမပြုမိစေခဲ့ဘူး။

 

 

ချီရှန်းကပြုံးပြီး မေးလာသည်။ "မင်းသူ့ကိုကြိုက်လား? "

 

 

 ယဲ့ဆွေက ဘယ်လိုပြန်ဖြေရမလည်းကို မသိခဲ့ဘဲအံ့သြသွားခဲ့သည်။  သူမကစကားထစ်စွာ ပြောခဲ့သည်။ “ ကျွန်မကျွန်မ …”

 

 

 သဘောပေါက်မှုက ရုတ်တရက် သူ့ဆီကိုရောက်သွားပြီးသူက “ ဒါဆို မင်းသူ့ကိုကြိုက်တယ်ပေါ့ လို့မြန်မြန်ပြောခဲ့သည်။

 

 

 "ကြည့်ပါဦး၊ မင်းတို့နှစ်ယောက် အတူနေတာကြာပြီ၊ မင်းဘက်ကအစလုပ်ရမယ် " တစ်ချိန်က ချစ်ခဲ့ဖူးတဲ့ ချီရှန်းက သူမအား မျက်လုံးတမှိတ်အတွင်း ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်သူတစ်ဦး အဖြစ်သို့ပြောင်းလဲစေခဲ့သလို သူလည်း မလှုပ်မယှက်ဘဲ လွတ်မြောက်သွားခဲ့သည်။

 

 

 ယဲ့ဆွေ စိတ်ထိခိုက်သွားခဲ့သည်။  သူမဘက်ကအစလုပ်ခဲ့တယ်၊ ဒါပေမယ့် အချိန်တိုင်း ကြောက်စရာကောင်းတဲ့ အရာတစ်ခုဖြစ်သွားခဲ့သည်။

 

 

 သူမကများသောအားဖြင့် အခြားသူများအား ရင်ဖွင့်လေ့မရှိသော်လည်း ယခုအခါတစ်စုံတစ်ယောက်က သူမကိုကူညီလိုစိတ်ရှိ၍ သူမက ဘေးဘက်ကိုလှည့်ပတ်ကြည့်ပြီး ဘယ်လို စလုပ်ရမလဲ? ”လို့တိုးတိုးပြောခဲ့သည်။

 

 

 “ အမျိုးသမီးတွေက သူတို့နှစ်သက်တဲ့ ယောက်ျားကိုလိုက်ဖမ်းတာက လုံးဝကောင်းတယ်။ ” ချီရှန်းက ပြောလာသည်။  "သူဘယ်သွားသွား မင်းသူနဲ့နီးစပ်ရမယ်၊ မင်းသူ့ကိုမြင်နိုင်တဲ့ နေရာတွေမှာပေါ်လာပြီး သူ မင်းကိုကြိုက်လာတဲ့အထိလိုက် "

 

 

 ယဲ့ဆွေ - "... "

 

 

 "ချီရှန်း ရှင်ဒီနည်းတွေကို ကိုယ်တိုင်စမ်းဖူးရဲ့လား!?"

 

 

 ယဲ့ဆွေက သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။  “ အရမ်းအသုံးဝင်တာမို့ ကိုယ်တိုင်စမ်းသုံးကြည့် ”

 

 

 ယဲ့ဆွေ အိမ်ပြန်လာချိန်မှာ " စုံတွဲများ ခရီးသွားဖို့ အသင့်တော်ဆုံးနေရာ " တွေကို ချီရှန်းဆီက ဝီချက် ယမက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သည်။

 

 

 နိုင်ငံအတွင်း လူကြိုက်များတဲ့ ဆွဲဆောင်မှုများမှ ပြည်ပသို့ ဗီဇာကင်းလွတ်သော နိုင်ငံများမှအထိ အမျိုးမျိုးရှိသည် ။

 

 

 ၎င်းကို လာပါ!” ဟူသော အီမိုဂျီနှင့်တွဲထားသည်။

 

 

 ချီရှန်းက ဒီ emoji ကို ပို့လိုက်တာ ယဲ့ဆွေအတွက် စိတ်အနှောင့်အယှက် မဖြစ်စေဘူး။ သူက များသောအားဖြင့် မဆင်မခြင်နေသလို ထင်ရပေမယ့် ဒီစိတ်ကူးကတော်တော်တော့ စိတ်ချရသည်။

 

 

 အရင်တုန်းက သူမ ချန်ရှု့ နဲ့ဘယ်တုန်းကမှ မဆက်သွယ်ခဲ့သလို လက်ထပ်ပြီးနောက်မှာလဲ ပျားရည်ဆမ်းခရီး တစ်ခါမှမသွားဖူးဘူး။ တလီကိုတော့ ထည့်မတွက်ဘူး။ ငါဝန်ခံဖို့အတွက် ဘယ်နေ့ကိုရွေးရမလဲ?

 

 

 ယဲ့ဆွေက သူမဆဲလ်ဖုန်းကိုဖွင့်ကာ ပြက္ခဒိန်ကို ကြည့်နေရင်း စဉ်းစားနေသည်။ သူမက ရက်စွဲများကိုကြည့်နေရင်း ချန်ရှု့ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ကို ရောက်လာတော့မှာကို ရုတ်တရက် သတိရလိုက်သည်။

 

 

 သူ့မွေးနေ့မှာ သူ့ကို အံသြအောင် လုပ်တာက အကောင်းဆုံးဘဲ။

 

 

 30လား?  ယဲ့ဆွေက သူမတစ်ခုခုကို မေ့သွားသလို ခံစားလိုက်ရသော်လည်း သူမလက်ကိုတောင် မမြှောက်နိုင်တော့ပေ။ 

 

 

 အိမ်ကိုပြန်ရောက်ချိန်ထိ ယဲ့ဆွေက သူမမှတ်ဥာဏ်ထဲက အဖြေကို ရှာမတွေ့သေးဘူး။  သူမတံခါးဖွင့်လိုက်တာနဲ့ ချန်ရှု့ကို ဆိုဖာပေါ်မှာ ထိုင်နေတာကို တွေ့လိုက်တာမို့သူမအတွေးတွေကို နောက်မှာထားလိုက်သည်။

 

 

 ယဲ့ဆွေက သူမညှပ်ဖိနပ်ကို ပြောင်းလိုက်ပြီး သူ့ဆီပြေးလာသည်။  သူမထိုင်ချလိုက်ပြီး ချန်ရှု့ မျက်နှာကိုမော့ကြည့်လိုက်သည်။

 

 

 ချန်ရှု့က ယဲ့ဆွေ နှုတ်ခမ်းကို တစ်ချက်ကြည့်ပြီး အချိန်မီခေါင်းကို ငုံ့လိုက်သည်။ သူကစက္ကန့်အနည်းငယ်လောက် လန့်သွားပြီး သူ့ လည်ဇလုတ်က အပေါ်အောက်လှုပ်ရှားသွားခဲ့သညိ။ သူ့အကြည့်က ချက်ချင်းသူမမျက်လုံးဆီရွေ့သွားခဲ့သည်။

 

 

 ယဲ့ဆွေ မျက်လုံးတွေက ကွေးညွှတ်သွားပြီးသူမနှုတ်ခမ်းပေါ်ရှိ အပြုံးက ပိုမိုနက်ရှိုင်းလာခဲ့သည်။  "ဒီလကုန်မှာ ခရီးသွားရအောင်"

 

 

 ချန်ရှု့ရဲ့ မျက်ခွံတွေကလှုပ်လာပြီး ယဲ့ဆွေကို ကြည့်လိုက်သည်။  သူမမျက်လုံးတွေက ကြည်လင်နေပြီး လတစ်စင်းလိုတောက်ပသည်။

 

 

 ခရီးထပ်သွားမှာလား?

 

 

 ချန်ရှု့က တလီက သူ့နောင်တကို ရုတ်တရက် သတိရလိုက်သည်။ သူတို့မပျော်ရွှင်ဘဲ မြန်မြန်ပြန်ခဲ့ရသည်။ ဒီခရီးကအရင်နဲ့မတူတော့ဘူး။

 

 

 သူသဘောတူလိုက်ပြီး သူ့အခန်းဆီ ပြန်သွားကာ အိပ်ပျော်သွားသည်။

 

 

 ညကပိုမိုနက်ရှိုင်းလာပြီး ပြတင်းပေါက် အပြင်ဘက်တွင် မိုးဖွဲဖွဲကျလာသည်။ ချန်ရှု့နဲ့ ယဲ့ဆွေတို့က  ကုတင်ပေါ်တွင်လဲလျောင်းလျက် လှည့်မကြည့်နိုင်ဘဲ အိပ်ပျော်နေကြသည်။

 

 

 မိုးကသဲသဲမဲမဲရွာလာပြီး မိုးကဘယ်တော့မှမရပ်တန့်ခဲ့သလို၊  ပြတင်းပေါက်ဘောင်များပေါ် ရိုက်ခတ်လာတဲ့ မိုးသံကလူနှစ်ဦး၏ နှလုံးခုန်သံတွေလို ရှုပ်ထွေးပြတ်သားသည်။

 

 

 ချန်ရှု့နဲ့ ယဲ့ဆွေတို့က သူတို့နှလုံးသားထဲတွင် တစ်ချိန်တည်း၌ အချစ်ရေးဝန်ခံဖို့ စီစဉ်ခဲ့သည်။

 

 

 သူတို့ရဲ့သီးခြားဝန်ခံချက်တွေက တစ်ခုနဲ့တစ်ခုတိုက်ဆိုင်လိမ့်မယ်ဆိုတာ သူတို့မသိခဲ့ဘူး။