လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၉၁ - ဝန်ခံချက်
ယဲ့ဆွေက အခန်း
တစ်ခုကို ရိုက်ကူးဖို့လိုသေးသည်။ ဒါကြောင့် သူမက အတော်လေးနီးတဲ့ နေရာကိုရွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် နှစ်ယောက်စလုံးက တစ်ယောက်ရဲ့စိတ်ထဲမှာ
တစ်ယောက် ဝန်ခံဖို့ဆိုတဲ့ တူညီတဲ့အရာတစ်ခုရှိခဲ့သည်။
မထွက်ခွာခင်တစ်ပတ်အလိုမှာ
ယဲ့ဆွေက အရာများစွာအတွက် စိုးရိမ်စပြုလာသည်။ ရှုတင် ပြီးတာနဲ့ သူမက ရှောင်လျို့ကို
ကုန်တိုက်ဆီ အလျင်စလိုခေါ်သွားခဲ့သည်။
"ဒီအ၀တ်ကို
နင် ဘယ်လိုထင်လဲ? ဒီတစ်ခုကော ဘယ်လိုလဲ?
" ယဲ့ဆွေက တစ်ထည်ပြီးတစ်ထည် လဲခဲ့သည်။ ထိုအချိန်တွင် သူမဘေးမှာ ထိုင်နေတဲ့ ရှောင်လျို့က
အိပ်ပျော်လုနီးပါးဖြစ်နေပြီဖြစ်သည်။
"ဆွေဆွေ အစ်မ
ဘာလို့ ရုတ်တရက်ကြီး ဒီလောက်များတဲ့အ၀တ်တွေကို ဝယ်ခဲ့တာလဲ? " ရှောင်လျို့က ထူးဆန်းစွာမေးလိုက်သည်။
ယဲ့ဆွေက အ၀တ်အစားများစွာကို
ရွေးထုတ်လိုက်ပြီးမှန်ရှေ့တွင်ရပ်ကာ ၎င်းတို့အားတစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ကြည့်နေသည်။ "ချန်ရှု့နဲ့ငါ ခရီးသွားမလို့။ ဒါပေမယ့်ကောင်းတဲ့အဝတ်အစားတွေကို
ငါမတွေ့ဘူး"
ယဲ့ဆွေက အခြားစတိုးဆိုင်များမှ
အဝတ်များစွာကို ၀ယ်ခဲ့ဖူးသော်လည်း သူမကျေနပ်သေးပေ။
တကယ်တော့ သူမမှာအဝတ်အစားတွေ
အများကြီးရှိခဲ့သည်။ နာမည်ကျော် အမျိုးသမီးတစ်ဦး
အနေနဲ့ သူမပုံရိပ်ကို မည်သည့်အချိန်၌မဆို ထားရှိရမည်။ ထို့ကြောင့်သူမမိတ်ကပ်က မပျက်သင့်ပေ။
ထို့ပြင် ယဲ့ဆွေက
ပင်ကိုယ်အားဖြင့်လှပသည်။ သူမက အိတ်တစ်လုံးကို ၀တ်ထားလျှင်ပင် အံ့မခန်းကြည့်ကောင်းနေဆဲဖြစ်သည်။
ဒါပေမယ့် သူမက ရှောင်လျို့ကို အလှဆုံးရွေးပေးဖို့ တောင်းဆိုခဲ့သည်။
ရှောင်လျို့က ဝတ်စုံတစ်ခုကိုညွှန်ပြခဲ့သည်။
"ဒီတစ်ခု"
ယဲ့ဆွေက အပြဲပါတဲ့အဝတ်စားကို
ကြည့်လိုက်သည်။ "မေ့လိုက်တော့။ ငါထပ်ရွေးမယ်။"
ဤအချိန်၌ ယဲ့ဆွေ
အရေးကြီးလွန်းတဲ့ အရာတစ်ခုကိုလုပ်ခဲ့ရသည်။ သူမ ချန်ရှု့ရဲ့ အသက် ၃၀ ပြည့်မွေးနေ့မတိုင်ခင်
သူ့ကိုဝန်ခံဖို့လိုသည်။
သူမက ချန်ရှု့ရှေ့မှာ
အကောင်းဆုံးပုံဖြင့် ပေါ်လာတာကို သေချာစေရမည်။ ဆံပင်တစ်ချောင်းချင်းစီတာတောင်မှ ပြီးပြည့်စုံနေရမည်။
နောက်ဆုံးမှာ ယဲ့ဆွေက
သူမအဝတ်အစားများကိုရွေးထုတ်လိုက်သော်လည်း သူမဆံပင်ကို မကြိုက်တော့ပေ။ "ငါ့ဆံပင်က
မကောင်းဘူးမလား? ငါ အဲ့ဒါကိုပြောင်းချင်တယ် "
ယဲ့ဆွေက အိမ်မပြန်ခင်
အလှပြင်ဆိုင်၌ နာရီပေါင်းများစွာ ခေါင်းကိုလှန်လှော်ခံခဲ့ရသည်။
သူမအိမ်ပြန်ရောက်တော့
မှောင်နေပြီ။ လမ်းနှစ်ဘက်စလုံးတွင် လမ်းမီးများထွန်းညှိထားပြီး တစ်မြို့လုံးက ကြယ်များကဲ့သို့တောက်ပနေသည်။
ယဲ့ဆွေက ချန်ရှု့
အိမ်ပြန်ရောက်နေပြီဆိုတာသိသည်။ သူမအထဲသို့
၀င်လာစဉ် သူမတံခါးကို တိတ်တဆိတ်ဖွင့် ပိတ်လိုက်ပြီး သူမသခိုးလိုလှုပ်ရှားပြီး ဝင်သွားခဲ့သည်။
ချန်ရှု့ကို သူမဝယ်ခဲ့တဲ့ဟာတွေကို
မမြင်စေချင်တာကြောင့် သူမခေါင်းကိုငုံ့ပြီး အပေါ်ထပ်ကို ဖြည်းဖြည်းချင်းတက်သွားခဲ့သည်။
ယဲ့ဆွေ အခန်းထဲကိုရောက်တာနဲ့
ချန်ရှု့က အပြင်ဘက်မှ အသံ သေးသေးလေးတစ်ခုကို ကြားလိုက်ရပြီးချောင်းကြည့်ဖို့ သူ့တံခါးကို
အမြန်ဖွင့်လိုက်သည်။ သူတံခါးဖွင့်လိုက်တာနဲ့
ယဲ့ဆွေ အခန်းထဲကို ဝင်သွားတာကိုသူမြင်လိုက်ရသည်။
သူမျက်မှောင်ကြုတ်လိုက်ပြီး
အနည်းငယ် ထူးဆန်းသွားသည်။ သူမဒီနေ့ဘာလို့ အခန်းထဲကို တိုက်ရိုက်ပြန်သွားခဲ့တာလဲ?
ယဲ့ဆွေက သူမအဝတ်အစားသစ်များကို ဝှက်ထားပြီးနောက် ရေချိုးကာ
Mask ကိုကပ်လိုက်သည်။ သူမက မကြာခင်တုန်းက စိတ်ဆင်းရဲစရာ
အခြေအနေတွင် ရှိနေတယ်လို့ သူမခံစားခဲ့ရသည်။ ဒါကြောင့် ဝန်ခံတဲ့နေ့မှာ သူမကပြီးပြည့်စုံတဲ့
အခြေအနေကို ရောက်ရန်လိုသည်။
ယဲ့ဆွေ Mask ကပ်ပြီးချိန်မှာ
သူမအစာအိမ်က အဆက်မပြတ်မြည်လာခဲ့သည်။ သူမသာ ထပ်မဖြည့်လျှင် ဆန္ဒပြခြင်းကို ရပ်တန့်မယ်လို့မထင်ပေ။
သူမသာ တိုက်ရိုက်အိပ်လိုက်လျှင်
သူမအစာအိမ်က ထွက်လာတဲ့အသံက ရပ်တန့်မည်မဟုတ်ပေ။ ဒါကြောင့်သူမက စားဖို့အတွက် တစ်ခုခုရှာဖို့
ဆုံးဖြတ်လိုက်သည်။
အခြားရွေးချယ်စရာမရှိပေ။
ယဲ့ဆွေက တစ်ခုခုစားဖို့အတွက် အောက်ထပ်ကိုဆင်းခဲ့ရသည်။
အိမ်မီးများပိတ်ထားသဖြင့်
သူမမီးဖိုချောင်မီးလုံးကိုသာ ဖွင့်နိုင်ခဲ့သည်။
ချန်ရှု့ရဲ့တံခါးပိတ်ထားတာကို
မြင်တာနဲ့ သူအိပ်ရာဝင်သွားပြီလို့ သူမထင်ခဲ့သည်။
ယဲ့ဆွေက ရေခဲသေတ္တာထဲမှ
ဟင်းလျာအချို့ကိုတွေ့ခဲ့တာကြောင့် ၎င်းတို့အားအပူပေးပြီး ချက်ပြုတ်ထားတဲ့ ထမင်းနှင့်ရောလိုက်သည်။
ထို့နောက် သူမသည်ချက်ချင်းဆန်ကို မိုက်ခရိုဝေ့ဗ်တွင်ထည့်လိုက်သည်။ မိနစ်အနည်းငယ်အတွင်း ချက်ပြုတ်ပြီးသွားလိမ့်မည်။
ဒင်-
ထမင်းကို အပူပေးပြီးသွားသည်။
ယဲ့ဆွေက မိုက်ခရိုဝေ့ဖ်ရှေ့ကို လျှောက်သွားခဲ့ပြီး သူမဖွင့်ချင်သည့်အတိုင်း မိုက်ခရိုဝေ့ဖ်တွင်
ရောင်ပြန်ဟပ်ခြင်းကို သူမမျှော်လင့်ခဲ့ပေ။
သူမကကြည့်နေရင် အော်လိုက်မိပြီး တုန်ယင်သွားသည်။
မီးဖိုချောင် တံခါးဝတွင်ရပ်နေတဲ့
ချန်ရှု့က ယဲ့ဆွေရဲ့ ရုတ်တရက် အော်သံကြောင့် လန့်ဖျပ်သွားပြီး ထိုနေရာတွင်တောင့်သွားသည်။
သူမက သူမခင်ပွန်းဖြစ်ကြောင်းသိရပြီးနောက်
စိတ်သက်သာရာရသွားသည်။ "ချန်ရှု့ ရှင်မအိပ်သေးဘူးလား?
"
ချန်ရှု့ ခေါင်းညိတ်ပြီး ဖြေချင်ခဲ့သည်။ ဒါပေမယ့် ယဲ့ဆွေက
ရုတ်တရက် ထပ်မေးလာသည်။ "ရှင်ဗိုက်ဆာနေတာလား? စားစရာတစ်ခုခုရှာဖို့ မီးဖိုချောင်ကို
လာတာလား? "
သူမစကားများကိုကြားချိန်မှာ
ချန်ရှု့က ခေါင်းခါဖို့ပြင်လိုက်ပေမယ့် သူမ ညစာစားဖို့အတွက် မီးဖိုချောင်ဆီ ရောက်လာတာကို
ရုတ်တရက် သူသတိပြုမိသည်။ သူငြင်းလျှင် သူနေဖို့ဆင်ခြေမရှိတော့ပေ။ 'ယဲ့ဆွေ တစ်ယောက်တည်းစားဖို့ ကျန်ခဲ့လိမ့်မယ်။'
'သူ လုံးဝဗိုက်မဆာပေမယ့်
သူ မထွက်သွားချင်သေးဘူး။'
ချန်ရှု့က စက္ကန့်ပိုင်းလောက်
တုံ့ဆိုင်းသွားပြီး "ကိုယ်စားရင် စားစရာက လောက်ရဲ့လား? " လို့မေးလိုက်သည်။
ယဲ့ဆွေက ချက်ချင်း
ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့ အများကြီးရှိတယ်"
သူမတစ်ယောက်တည်း စားရတာမကြိုက်ဘူး။ သူက သူမနဲ့ အတူစားရင် ပိုကောင်းလိမ့်မည်။
ယဲ့ဆွေက ချန်ရှု့ကိုပြုံးပြပြီး
စားပွဲကိုညွှန်ပြလိုက်သည်။ “ ရှင်ဒီမှာထိုင်ပြီး
ကျွန်မကိုစောင့်နေ။ မကြာခင်အဆင်သင့်ဖြစ်တော့မှာ
”
ယဲ့ဆွေရဲ့ စကားများကိုလိုက်နာမည့်အစား
ချန်ရှု့က ရှေ့ကိုတစ်လှမ်းတိုးလာသည်။
"လက်တစ်စုံလိုအပ်လား?" သူ မချက်ပြုတ်နိုင်ပေမယ့် နည်းနည်းကူညီနိုင်သည်။
ယဲ့ဆွေက ချက်ချင်းငြင်းလိုက်သည်။ "ကျွန်မ တစ်မိနစ်ပဲလိုတော့တာ "
ချန်ရှု့ မယုံပေမဲ့ သူကစားပွဲဝိုင်းမှာ နာခံစွာထိုင်လိုက်သည်။
တစ်မိနစ်အတွင်း ချက်ပြုတ်နိုင်တဲ့အရာရှိလား?
တစ်မိနစ်အကြာမှာ
ယဲ့ဆွေက အလွန်ကြီးမားတဲ့ ဇလုံတစ်လုံးနဲ့ ထွက်လာသည်။
သူမက ချန်ရှု့
ရှေ့မှာ ဇလုံအကြီးကြီးချထားပြီး သူ့ကိုဇွန်းတစ်ချောင်း ပေးလိုက်သည်။ ထို့နောက် သူမကသူ့ပန်ကန်ထဲ ဖြည့်လိုက်သည်။ "အိုကေ ရှင်စားလို့ရပြီ "
ချန်ရှု့ရဲ့ မျက်လုံးတွေက
ပန်းကန်ပေါ်တွင် ရပ်တန့်သွားသည်။ အကြောင်းအရာများက ကြွယ်ဝသော်လည်း ၎င်းတို့အားလုံးက
ကျန်ရှိနေတဲ့စားစရာတွေဖြစ်သည်။ သူက မီးဖိုချောင်ကို
တစ်ချက်ကြည့်လိုက်တာနဲ့ ချက်ချင်း အသင့်စားဆန်တွေကို တွေ့လိုက်ရသည်။
ယဲ့ဆွေက စားစရာအကျန်တွေ
အားလုံးကို ချက်ပြုတ်ထားပုံရသည်။ ထို့ကြောင့် ၎င်းသည် တစ်မိနစ်သာကြာခဲ့သည်။
ယဲ့ဆွေက ချန်ရှု့
ရှေ့မှာ ဂုဏ်ယူစရာလိုပြောလာသည်။ “ ရှင်ဗိုက်ဆာမှာကို
စိုးလို့ ကျွန်မ ထမင်းတချို့ကို ထပ်အပူပေးခဲ့တယ်။
မရှက်ပါနဲ့၊ စားလေ "
အဲ့ဒါကြောင့် ယဲ့ဆွေက
ဦးဆောင်ခဲ့သည်။ သူမက ဆာနေတာကြောင့် သူမအတွက် ဘာမဆိုအရသာရှိခဲ့သည်။ အခြားတစ်ဖက်တွင်မူ ဤအခြေအနေက ချန်ရှု့ အတွက်နာကျင်စေခဲ့သည်။
ချန်ရှု့က ဗိုက်မဆာရုံတင်မကဘဲ
သူကတော်တော်လေးပြည့်နေပြီ။ ယဲ့ဆွေ ပျော်ပျော်ပါးပါးစားနေတာကို ကြည့်ပြီး ဇွန်းကိုကောက်ယူပြီး
သူ့ကိုယ်သူအတင်းစားခိုင်းလိုက်သည်။
ယဲ့ဆွေရဲ့ အားတက်သရော
ဆွဲဆောင်မှုအောက်တွင် ချန်ရှု့က အသင့်စားဆန်ရဲ့ ထက်ဝက်ကျော်ကို စားခဲ့သည်။ သူမရဲ့ အစား စားချင်စိတ်က သေးငယ်တာကြောင့် ယဲ့ဆွေက ပန်းကန်လုံးတစ်လုံးနှင့်သာပြည့်သွားခဲ့သည်။ ကျန်တာကတော့
ချန်ရှု့ရဲ့ဗိုက်ထဲကိုရောက်သွားသည်။
ယဲ့ဆွေက အစာစားပြီးနောက်မှာ
ပျော်ရွှင်စွာနဲ့ တူကိုချလိုက်ပြီးပန်းကန် ဆေးကြောဖို့ မီးဖိုချောင်ဆီသွားလိုက်သည်။
ဒါပေမယ့် ချန်ရှု့က သူမကို ချက်ချင်း တားလိုက်သည်။ "ကိုယ်လုပ်မယ် "
ချန်ရှု့က ပန်းကန်လုံးကိုယူပြီး
မီးဖိုချောင်ဆီ လျှောက်သွားသည်။ ဇလုံတစ်ခုစီကို
ဂရုတစိုက် ဆေးကြောနေစဉ် ရေသံထွက်လာသည်။
ဤအချိန်၌ ပန်းကန်ဆေးခြင်းက
ချန်ရှု့ အတွက်အခွင့်ကောင်းတစ်ခုဖြစ်သည် - အစာကြေခြင်း
ချန်ရှု့က သူ့ဗိုက်ကို
မထိန်းနိုင်တော့ဘူး။ သူလမ်းလျှောက်ချိန်တိုင်း သူအော့အန်မည်ကို စိုးရိမ်သည်။ ဒီအချိန်မှာ
တစ်ယောက်ယောက်က သူ့ကိုစားမယ့်အကြောင်းပြောလာရင် သူက သူ့ထိပ်ကို မှုတ်မိသွားမှာကြောက်သည်။
ချန်ရှု့ ပန်းကန်ဆေးနေချိန်မှာ
ယဲ့ဆွေက ချက်ချင်းထွက်မသွားခဲ့ချေ။ သူမကသူ့အနားမှာရပ်ပြီး
သူ့ကိုစိုက်ကြည့်နေသည်။
"ထမင်းသုတ်က
တော်တော်ကောင်းတယ် ဟုတ်တယ် မလား? ရှင်အရမ်းကြိုက်တာကြောင့်
ကျွန်မနောက်တစ်ခါ ရှင့်အတွက်ထပ်လုပ်ပေးမယ် " ယဲ့ဆွေက ချန်ရှု့ အလွန်စားတာကိုသတိပြုမိပြီး
သူကြိုက်တယ်လို့ထင်ခဲ့သည်။
ချန်ရှု့က အော့အန်ချင်နေတဲ့
သူ့အတွေးတွေကို မေ့သွားပြီး "အရမ်းအရသာရှိတယ်"လို့ပြန်ဖြေခဲ့သည်။
သူ့ခံစားချက်တွေကို
ထုတ်ဖော်ခြင်းမရှိခဲ့ပေ။ ယဲ့ဆွေက သူမူမမှန်မှုကို မတွေ့တာထိ သူ့သရုပ်ဆောင်မှုက အနည်းငယ်ကောင်းလွန်းခြင်းကြောင့်
ဖြစ်နိုင်သည်။
ယဲ့ဆွေက သင့်တော်သောပမာဏကိုစားခဲ့သည်။ နာရီဝက်အကြာတွင် သူမအိပ်ပျော်သွားသော်လည်း ချန်ရှု့နှင့်
ဆန့်ကျင်ဘက်ဖြစ်သည်။ နာရီဝက်ခန့်ငြိမ်သက်စွာထိုင်ခြင်းက
အစာကိုမချေဖျက်နိုင်ရုံသာမက ပိုပြည့်လာသည်ဟု သူခံစားခဲ့ရသည်။
ယဲ့ဆွေ မနိုးစေချင်တဲ့
စိတ်နဲ့ သူကအောက်ထပ်ကို ညင်ညင်သာသာသွားခဲ့ပြီး ဆေးသေတ္တာအတွင်းမှ အစာချေဖျက်ဆေးကို
တွေ့တာနဲ့ ဆေးတစ်လုံးသောက်လိုက်ပြီးနောက်မှာ ပိုကောင်းလာသည်။
နောက်တစ်နေ့ ယဲ့ဆွေထလာချိန် ချန်ရှု့ရဲ့ ပုံစံကိုမြင်တာကြောင့်
အံ့သြသွားခဲ့သည်။ "ချန်ရှု့ ရှင် မနေ့ညကအိပ်ရေးမ၀ဘူးလား?"
သူမျက်လုံးတွေက
တစ်ညလုံး မအိပ်ရသလိုမျက်လုံးပတ်ပတ်လည်၌ အမည်းရောင် စက်ဝိုင်းများဝန်းရံနေပြီး နီရဲနေသည်။
ယဲ့ဆွေ ပုံစံက စိုးရိမ်နေပုံရသည်။ "ရှင်အဆင်ပြေရဲ့လား? အဖျားရှိနေတာလား?"
ချန်ရှု့က ဘာမှမဖြစ်သလိုနေလိုက်ပြီး
အဝေးကိုကြည့်လိုက်ရသည်။ ယဲ့ဆွေရဲ့အကြည့်တွေကို မြင်ရဖို့သူမရဲရင့်ဘူး။ မနေ့ညကသူမနဲ့အတူနေဖို့ သူ့ကိုယ်သူအတင်းစားခိုင်းခဲ့တယ်လို့
သူ မပြောနိုင်ဘူး။
သူခေါင်းခါလိုက်သည်။ "ကောင်းပါတယ်။"
ချန်ရှု့ အလုပ်သွားခါနီးတွင်
ယဲ့ဆွေက သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။
"ရှင်ဒီနေ့နည်းနည်း နောက်ကျရင်ကိစ္စမရှိဘူးမဟုတ်လား? "
သူက ယဲ့ဆွေရဲ့
ရည်ရွယ်ချက်ကို မသိပေမယ့် သူကပြန်ဖြေခဲ့သေးသည်။
"မဟုတ်ဘူး၊ အဲဒါနည်းနည်းစောသေးတယ်"
ချန်ရှု့က ဟွာရွေ့၏
သူဌေးဖြစ်သည်။ သူနောက်ကျခဲ့ရင်တောင်မှ အဲ့ဒါက အရေးမပါဘူး။
ယဲ့ဆွေက မီးဖိုချောင်ဆီ
ချက်ချင်းသွားပြီး ဆန်ဆေးလိုက်သည်။ သူမ ချန်ရှု့ ရဲ့ဆိုးရွားတဲ့ အခြေအနေကိုသတိထားမိတဲ့အတွက်
သူ့ကုမ္ပဏီကိုယူသွားဖို့ ဆန်ပြုတ်လုပ်ပေးချင်ခဲ့သည်။
ယဲ့ဆွေက လျင်မြန်စွာ
လုပ်သွားသည်။ သူမက ဆန်ပြုတ်ကို အနွေးဓာတ်ဘူးထဲမှာထည့်ပြီး
ချန်ရှု့ကို ပေးလိုက်သည်။ “ ဒီထဲမှာက ဆန်ပြုတ်ပါတယ်။ ရှင်အဆင်မပြေဘူးဆိုရင် သောက်လို့ရတယ်”
ချန်ရှု့ကလန့်သွားသည်။
ဒါပေမယ့် သူက အနွေးဓာတ်ဘူးကိုယူလိုက်သည်။ နက်ရှိုင်းတဲ့ မျက်လုံးများဖြင့် သူကအလေးအနက်ခေါင်းညိတ်ပြီး“ ကောင်းပြီ” ဟုပြောခဲ့သည်။
ယဲ့ဆွေက ဆန်ပြုတ်ကို
ကိစ္စကြီးကြီးမားမားလို့ လုံးဝမထင်ဘူး။
"ကျွန်မ ရှင့်ကို အတူစားခိုင်ခဲ့ပြီး အိပ်မပျော်အောင်ဖြစ်စေတဲ့အတွက်
"
"ဒါ မင်းအပြစ်မှမဟုတ်တာ
"
ချန်ရှု့က အနွေးဓာတ်ဘူးကို
ယူလိုက်ပြီး ကုမ္ပဏီကိုသွားခဲ့သည်။ ပန်းရောင်ရေနွေးဓာတ်ဘူးနဲ့ သူ့ပုံရိပ်က လုံးဝမကိုက်ညီဘဲ
ဝမ်ချွမ်းနဲ့ ချန်းရှန့်ကို ချန်ရှု့ရုံခန်းဆီ အကြိမ်ကြိမ်ဆွဲဆောင်မိခဲ့သည်။
ပြောစရာမလိုပါဘူး။
ဒီဆန်ပြုတ်က ယဲ့ဆွေ လုပ်ခဲ့တာဖြစ်ရမယ်။ သူတို့ရဲ့ဆက်ဆံရေးက ဘယ်အချိန်က ဒီအဆင့်ထိ တိုးတက်သွားခဲ့တာလဲ?
ဝမ်ချွမ်းရဲ့ စူးရှသော မျက်လုံးများအောက်တွင် ချန်ရှု့က
ပန်းရောင်ရေနွေးဓာတ်ဘူးကို ကိုင်လျက် ရုံးခန်းထဲသို့၀င်သွားသည်။
ချန်ရှု့က အလုပ်ကိုအလျင်စလိုမလုပ်ဘူး။ သူက ရေနွေးခွက်ထဲသို့ ဆန်ပြုတ်ကို လောင်းထည့်ပြီး ဖြည်းဖြည်းချင်း
သောက်လိုက်သည်။
၎င်းကိုနူးညံ့ပြီး ကောင်းမွန်စွာ ချက်ပြုတ်ထားသည်။ အနည်းငယ်ပူသော ဆန်ပြုတ်က သူ့ရဲ့လည်ချောင်းထဲကို
ကျဆင်းသွားစေသောကြောင့် ၎င်းသည် အစပိုင်းက မသက်မသာဖြစ်နေတဲ့ အစာအိမ်ကို ချက်ချင်းသက်သာသွားစေသည်။
အရသာရှိသော အစားအစာများကို မြည်းစမ်းရသကဲ့သို့ သူကတည်ကြည်သောမျက်နှာနဲ့
ဆန်ပြုတ်ကို ပါးစပ်အပြည့်စားခဲ့သည်။
အရင်က သူ့ကိုဘယ်သူကမှ ဒီလိုမျိုးမလုပ်ပေးဖူးပေ။ သူနေမကောင်းဖြစ်ချိန်မှာ သူကသူနေမကောင်းဖြစ်နေတာကိုအမြဲသည်းခံပြီး
ဘယ်တော့မှ အလေးအနက်မထားခဲ့ဘူး။
ယဲ့ဆွေရဲ့ တည်ရှိမှုကြောင့် ချန်ရှု့က အမြဲတမ်းဂရုစိုက်ပေးတာကိုခံရပြီး
စိတ်ပူပေးတာကိုခံရသည်။
ယဲ့ဆွေကတော့ သူမရဲ့အပြုအမှုသေးသေးလေးက ချန်ရှု့အား အိမ်ရဲ့နွေးထွေးမှုကို
ထပ်မံခံစားစေနိုင်တယ်ဆိုတာကို မသိခဲ့ချေ။
သူတို့မထွက်ခွာခင်တစ်ရက်တွင် ယဲ့ဆွေက သူမရဲ့ခရီးဆောင်အိတ်ကို
အခန်းထဲတွင် စစ်ဆေးခဲ့သည်။ သူမမှာဒီလိုမရှိဘူးလို့ သူမ အမြဲခံစားပြီး အိမ်ကိုဖြတ်ကာ
အပြန်ပြန်အလှန်လှန်ပြေးနေသည်။ အဆုံး၌ သူမရဲ့ခရီးဆောင်အိတ်က
ပစ္စည်းတွေနဲ့ ပြည့်နှက်သွားခဲ့သည်။
ယဲ့ဆွေလည်း ချန်ရှု့ရဲ့တံခါးကိုခေါက်လိုက်ပြီး သူ့ရဲ့အထုပ်အပိုးများကို
စစ်ဆေးခဲ့သည်။ သူ့ရဲ့ပြင်ဆင်မှုများပြီးစီးကြောင်း အတည်ပြုပြီးနောက် နောက်ဆုံးတွင်
သူမစိတ်သက်သာရာရသွားခဲ့သည်။
သူမအလွန်စိတ်ပူပန်နေသည်ကိုမြင်တော့ သူကသူမအားနှစ်သိမ့်ရန်
ကြိုးစားလိုက်သည်။ “ပစ္စည်းနည်းနည်းပဲရှိလည်း ကိစ္စမရှိဘူး။ ကိုယ်တို့ အဲ့ဒီမှာဝယ်လို့ရတယ်
"
ယဲ့ဆွေက ချက်ချင်းပဲငြင်းခဲ့သည်။ "ဒါဘယ်လိုလုပ်ရမလဲ?
ကျွန်မမှာ အချိန်မရှိတော့ဘူး " ယဲ့ဆွေက
အမှန်တရားကို မှုန်ဝါးသွားစေခဲ့သည်။ သူမက သူမရဲ့ဝန်ခံခြင်းအတွက် အစီအစဉ်များစွာကို
ပြုလုပ်ခဲ့ပြီးဖြစ်သောကြောင့် သူမက သေးငယ်သည့်အရာများအတွက် သူမရဲ့အချိန်ကိုမဖြုန်းနိုင်ခဲ့ပေ။
ချန်ရှု့ သံသယဖြစ်လာမှာကိုကြောက်တဲ့ ယဲ့ဆွေက သူ့အမူအရာကို
ခဏကြည့်လိုက်သည်။ သူ့ကိုပုံမှန်အတိုင်းရှာတွေ့သွားတော့ သူမစကားပြောင်းလိုက်သည်။
သို့သော်လည်း ယဲ့ဆွေရဲ့ စီရင်ချက်က သူ့ကိုယ်ပိုင်အတွေးများကို
ဖော်ပြခဲ့သည်။ သူက သူမနဲ့ တူတဲ့ စိတ်ကူးကိုဝေမျှခဲ့သည်။ သူက သူမအား၀န်ခံရန်နှင့် အခြားအရာများရဲ့ဖမ်းစားခြင်းကိုမခံရဘဲ
ဤခရီးကိုသွားလိုခဲ့သည်။
လူနှစ်ယောက်ရဲ့စိတ်ကူးတွေက တစ်ထပ်တည်းကျနေခဲ့သည်။ ထို့နောက် သူတို့က လာမယ့် အံ့ဩစရာအကြောင်းကို အလေးအနက်
စဥ်းစားနေကြကာ သူတို့ရဲ့ကိုယ်ပိုင်အခန်းဆီကို ပြန်သွားခဲ့ကြသည်။
ထွက်ခွာသည့်နေ့၌ပင် မိုးလေဝသခန့်မှန်းချက်တောင် ပျက်သွားသည်။ တိမ်ထူမယ်လို့ ထင်ထားသော်လည်း နေရောင်က စောစောထွက်လာခဲ့သည်။
ရောက်ရှိသွားကြတဲ့အခါ သူတို့ကသူတို့ရဲ့ခရီးဆောင်အိတ်တွေကို
ဟိုတယ်မှာထားခဲ့ပြီး ညစာစားခဲ့ကြသည်။ခုချိန်က မှောင်နေပြီ။
လု မြို့က သင့်တော်တဲ့အပူချိန်ရှိတဲ့
အပူပိုင်းမြို့တော်ဖြစ်သည်။
ဤနေရာတွင်ပန်းဈေးက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သော
နာမည်ကြီးရှုခင်းတစ်ခုဖြစ်ခဲ့သည်။ နေ့ဘက်တွင်ပန်းများက
မွှေးကြိုင်နေပြီး ညအချိန်တွင် နတ်သမီးပုံပြင်တွေထဲကလို အလင်းရောင်အောက်၌ အရောင်အသွေးစုံလင်လှသည်။
ယဲ့ဆွေက မနက်ဖြန်မှာကျရောက်မယ့် ချန်ရှု့ရဲ့ မွေးနေ့အတွက်
အံ့သြစရာကို ပြင်ဆင်ချင်ပြီး သူ့ကိုကြို မသိစေချင်ခဲ့ပေ။
ထို့ကြောင့် သူမက ပန်းဈေးသို့သွားရန် ဆင်ခြေတစ်ခုရှာခဲ့ပြီး
သူမ အဲ့ကို သွားလည်းချင်ကြောင်းပြောခဲ့သည်။
သို့သော်လည်း အဲ့နေရာက လူစည်ကားလွန်းပြီး သူမရဲ့ဆယ်လီဆိုတဲ့ဂုဏ်ကို ရှာဖွေတွေ့ရှိသွားခဲ့ရင်
ဆိုးသွားလိမ့်မည်။
ချန်ရှု့က အတူတူဓာတ်ပုံရိုက်ခံဖို့ အဆင်မပြေတာကြောင့် အရင်ဆုံးဆုံးပြန်လာခဲ့သည်။
သူတို့က ကားငှားပြီး ဘယ်နေရာကိုပဲသွားသွား ကိစ္စမရှိဘူး။
ချန်ရှု့က သူ့ဘာသာသူမောင်းခဲ့သည်။
"ကျွန်မ ပန်းဈေးတစ်ဝိုက်မှာ ခဏလမ်းလျှောက်မယ်၊ ပြီးရင်တစ်ခုခု၀ယ်ပြီးပြန်လာမယ်" ယဲ့ဆွေက ချန်ရှု့ကိုပြောပြလိုက်သည်။ "ရှင် ကျွန်မကို လာကြိုမှာလား?"
ချန်ရှု့က "ကောင်းပြီ" လို့ ပြောကာ သဘောတူလိုက်သည်။
ပြင်ဆင်ဖို့ အခွင့်အရေး မရှာနိုင်မှာကို သူစိုးရိမ်ခဲ့သည်။ ယဲ့ဆွေရဲ့ တောင်းဆိုချက်က အချိန်မီရောက်လာပြီး သူ့ကို
ပြတင်းပေါက် အနည်းငယ်ဖွင့်လျက် ချန်ထားခဲ့သည်။
သူတို့နှစ်ယောက်ဟာ ကားထဲမှာထိုင်နေပေမယ့် တစ်ယောက်နဲ့တစ်ယောက်ရဲ့
ထူးဆန်းတဲ့အပြုအမူတွေကို ရှာမတွေ့ခဲ့ဘူး။
သူတို့ပန်းဈေးသို့ရောက်လာတဲ့အခါ ချန်ရှု့က ကားကိုဘေး၌ရပ်လိုက်သည်။
မထွက်ခွာခင်ယဲ့ဆွေက သူ့ကိုလက်ပြနှုတ်ဆက်လိုက်သည်။
တိတ်ဆိတ်သောည၌ လေတိုက်ခတ်မှုက ကျဉ်းမြောင်းသောလမ်းကိုဖြတ်၍
ပန်း၏ရနံ့များဖြင့် ပြည့်နေသော လေကဝှေ့ဝိုက်၍ တိုက်ခတ်နေခဲ့သည်။ ရနံ့က ယဲ့ဆွေရဲ့ နှာခေါင်းထဲသို့တိုးဝင်သွားပြီး
သူမရုတ်တရက် အသက်ရှူကျပ်လာသည်။
မနက်ဖြန် ဝန်ခံမှာကို စဉ်းစားရင်း ယဲ့ဆွေရဲ့နှလုံးသားက
ဆက်ခနဲ ခုန်နေတာက ပိုမြန်လာခဲ့သည်။
မဝေးလှသော၊ ပန်းဈေးက
စိတ်ကူးယဉ်နတ်သမီးပုံပြင်ကဲ့သို့ တောက်ပသောမီးများဖြင့် ထွန်းညှိထားသည်။ သူမအရှိန်ကိုမြန်စေပြီး လူအုပ်ထဲသို့လျှောက်သွားခဲ့သည်။
ချန်ရှု့က ယဲ့ဆွေရဲ့နောက်ကျောကိုကြည့်နေစဉ် ကားထဲမှာထိုင်နေခဲ့သည်။
သူ့ရဲ့မျက်လုံးတွေက စူးစိုက်နေခဲ့ပြီး သူမအားဖုံးကွယ်ထားခြင်းမရှိသော ချစ်ခြင်းမေတ္တာကို
ပြသနေသည်။
အဲ့တာက ယဲ့ဆွေ ပန်းဈေးသို့ မ၀င်သွားခင်အထိဘဲ။ ချန်ရှု့က
အင်ဂျင်ကိုစတင်နှိုးလိုက်ပြီး ဖြည်းဖြည်းချင်းထွက်ခွာသွားခဲ့သည်။
ဟိုတယ်ကိုပြန်တဲ့လမ်းမှာ ချန်ရှု့က ပန်းဆိုင်ကိုဖုန်းဆက်ပြီး
နှင်းဆီပန်းတွေကို အမြန်ဆုံးပို့ပေးဖို့တောင်းဆိုခဲ့သည်။
သူတို့က လွန်ခဲ့သော ရက်အနည်းငယ်က အဆက်အသွယ် ရှိခဲ့ကြသောကြောင့်
ပန်းရောင်းသူတွေက အလျင်အမြန်လုပ်ပေးခဲ့သည်။ ချန်ရှု့ ဟိုတယ်ကိုရောက်တဲ့အခါ သူတို့က
ပန်းတွေကို ဟိုတယ်ကို ပို့ပေးလိုက်ကြပြီ။
ယဲ့ဆွေက ဝန်ခံဖို့အတွက် အဆင်သင့်ဖြစ်နေပြီ။
သို့သော် ချန်ရှု့ ပြင်ဆင်ဖို့ လိုအပ်သောအရာက တကယ့်လက်ထပ်ခွင့်တောင်းခြင်းဖြစ်သည်။
သူတို့ရဲ့အိမ်ထောင်ရေးကို
ချန် မိသားစုက စီစဉ်ခဲ့ပြီး သူတို့က ရိုးရိုးရှင်းရှင်းပဲ လက်ထပ်လက်မှတ် ထိုးခဲ့ကြသည်။ ယဲ့ဆွေရဲ့ လက္ခဏာရှစ်ခုက ချန်ရှု့နဲ့ လိုက်ဖက်တဲ့
ယင် အားလုံးဖြစ်သည်။
အရင်က ဒီအကြောင်းတွေကို ပြောဖို့မလိုပါဘူး။ ဒါပေမယ့် အခုက
အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်တာကြောင့် ချန်ရှု့နဲ့ ယဲ့ဆွေတို့လည်း ဘဝသစ်တစ်ခုဆီသို့
ဦးတည်သင့်နေပြီ။
အမျိုးသမီးတိုင်းက တရားဝင်လက်ထပ်ခွင့်ကိုလိုချင်ကြတယ်ဆိုတာ
ချန်ရှု့ သိသည်။
ယနေ့ညက စမှတ်တစ်ခုဖြစ်လိမ့်မည်ဟု သူမျှော်လင့်သည်။
ပန်းရောင်းသူက နှင်းဆီပန်းများကို ခေါင်မိုးထပ်သို့ပို့လိုက်သည်။
ဤနေ့ရက်များတွင် ချန်ရှု့ အတွက် ခေါင်မိုးထပ်ကို သီးသန့်ထားခဲ့သည်။ စိတ်အနှောင့်အယှက်မဖြစ်စေရန်
သူက ဟိုတယ်အပေါ်ထပ်အားလုံးကို ကြိုတင်ဘိုကင်မှာထားခဲ့သည်။
ချန်ရှု့က ပန်းရောင်သူကို ကူညီခွင့်မပေးခဲ့ဘူး။ အဲဒီအစားသူက နှင်းဆီပန်း ပွင့်ချပ်တွေကို ကြမ်းပြင်ပေါ်တင်လိုက်ပြီး
သူ့ကိုယ်တိုင် လေးလေးနက်နက်နဲ့ အလုပ်လုပ်ခဲ့သည်။
သူ့မှာအရင်က ရိုမန့်တစ် အတွေ့အကြုံမရှိခဲ့ပေမယ့် လက်ထပ်ခွင့်တောင်းဖို့
နှင်းဆီပန်းသုံးဖို့လိုတယ်ဆိုတာကိုတော့ ချန်ရှု့ သိသည်။
နှင်းဆီပွင့်ချပ်များက ပြန့်ကျဲနေပြီး သူတို့ရဲ့တောက်ပသောအရောင်များက
ကော်ဇောနီကဲ့သို့ စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် တည်ရှိနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အချိန်တော်တော်ကြာကြာ ကုန်သွားပုံရသည်။
ချန်ရှု့က သူ့အလုပ်ကို တဖြည်းဖြည်းပြီးစီးသွားစေခဲ့သည်။ ကြမ်းပြင်ပေါ်ရှိအနီရောင်ပွင့်ချပ်တွေကို
S ဆိုတဲ့ စာလုံးဖြင့်ပြုပြင်ထားသည်။
သူတို့ရဲ့ pinyin နာမည်တွင် S ပါသည်။
ခရီးမထွက်မီ တည်ငြိမ်အေးဆေးနေသော ချန်ရှု့က သူ့ကိုယ်သူ
အနားမယူနိုင်ခဲ့ပေ။ ယဲ့ဆွေကို ပန်းစျေးတွင်ချပေးပြီးနောက် သူချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။
သူ မတ်တပ်ရပ်ပြီး နှင်းဆီပွင့်ချပ်တွေ အနားမှာရပ်နေခဲ့သည်။
သူ ဒီညလက်ထပ်ခွင့်တောင်းမယ့်အကြောင်းကို သူရုတ်တရက် သတိထားမိသွားတဲ့အခါ သူ့လက်တွေကအနည်းငယ်
တုန်ယင်လာပြီး အချိန်တော်တော်ကြာ ဆောင့်ကြောင့်ထိုင်နေခဲ့တဲ့ သူ့ခြေထောက်တွေက နာကျင်လာသည်။
ဒါပေမယ့် ချန်ရှု့က လက်ထပ်ခွင့်တောင်းဖို့ ပြင်ဆင်တာကို
သူကိုယ်တိုင်ပဲလုပ်ရမယ်လို့ အခိုင်အမာပြောခဲ့သည်
မဟုတ်ရင် အဲ့တာက အဓိပ္ပါယ်မဲ့သွားလိမ့်မည်။
ချန်ရှု့ကို ချန် မိသားစုမှ ဆိုးဝါးသောပုဂ္ဂိုလ်တစ်ဦး အဖြစ်
သတ်မှတ်ထားကြသည်။ သူက သူ့ကိုယ်ပိုင်ကမ္ဘာတွင် နေထိုင်ခဲ့သည်။ သူကခံစားချက်နှင့် ပတ်သက်၍
ဘာကိုမှမသိခဲ့သလို ဂရုစိုက်ခံရခြင်းရဲ့ အရသာကိုလည်း သူမခံစားခဲ့ရပေ။
ယဲ့ဆွေ ပေါ်လာသည်အထိ ထိုအတိုင်းသာ ရှိနေခဲ့သည်။ သူမဟာ ချန်ရှု့ရဲ့ဘဝထဲကို ဖောက်ထွင်းဝင်လာပြီး သူ့ကို
သတိလက်လွတ်ဖြစ်သွားစေခဲ့သည်။ အခုတော့ အိမ်မှာရှိတဲ့သေးငယ်တဲ့အရာတိုင်းမှာ သူမရဲ့အရိပ်ရှိနေသည်။
ယဲ့ဆွေရဲ့ ဇာတ်ကောင်က
ချန်ရှု့နဲ့ ဆန့်ကျင်ဘက်ဖြစ်သည်။ သူမကတောက်ပပြီး ရွှင်လန်းတက်ကြွတယ်၊ အမြဲတမ်းပူလောင်မနေဘူး။
သူမဘယ်နေရာပဲရောက်ရောက် အလင်းရောင်ကတောက်ပနေလိမ့်မည်။
ချန်ရှု့ ရဲ့ကမ္ဘာကြီးက ယဲ့ဆွေ နောက်ကိုနေ့တိုင်းလိုက်နေသည်။
နေထွက်လာတာနဲ့ နေဝင်သွားတာနဲ့တူတယ်။ သူမရဲ့အလင်းရောင်က သူ့နေရာကို ထွန်းလင်းစေခဲ့သည်။
နောက်ဆုံးတော့ မင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့
သူတစ်ယောက်ရှိနေသရွေ့သူတို့နဲ့နေ့သစ်တိုင်းက ရှေ့ကိုမျှော်လင့်ဖို့ထိုက်တန်သည်။ ကမ္ဘာကြီးကို လူတစ်ယောက်ရဲ့ နှလုံးသားကဲ့သို့ တောက်ပသောအရောင်များဖြင့်
ခြယ်သလိမ့်မည်။
ချန်ရှု့က ပွင့်ချပ်များကို ဖြတ်လျှောက်သွား၍ နှင်းဆီပန်းစည်းနဲ့
စားပွဲတစ်လုံးနဲ့ရောက်လာကာ ဒီနှင့်ဆီပွင့်ချပ်တွေပေါ်မှာထားလိုက်သည်။
မဖွင့်ရသေးသော ဝိုင်နီပုလင်းနှင့် စားပွဲပေါ်တွင် ဝိုင်ခွက်နှစ်ခွက်ရှိသည်။ ယဲ့ဆွေ အရမ်းအများကြီး မသောက်နိုင်ဘူးဆိုတာကို သူသိသည်။
ထို့ကြောင့် ဂုဏ်ပြုရန် သူမကို တစ်ငုံစာလောက်သာ ခွင့်ပြုလိမ့်မည်။
ချန်ရှု့က လက်စွပ်ဘူးကိုထုတ်ပြီး ပျက်စီးသွားမှာကို စိုးရိမ်တာကြောင့်
ဂရုတစိုက် ဖွင့်လိုက်သည်။
ချန်ရှု့က အတွင်းထဲမှာ အလွန်လှပသော စိန်လက်စွပ်ထည့်ထားတဲ့
အနီရောင်ကတ္တီပါဘူးကို ဖွင့်လိုက်သည်။ အစောပိုင်းတွင်
သူကယဲ့ဆွေရဲ့လက်ကိုယူ၍ သူမရဲ့အရွယ်အစားကို သူ့လက်ညှိုးနှင့်တိုင်းပြီး အဲ့တာကို မှတ်သားထားခဲ့သည်။
ချန်ရှု့က ယဲ့ဆွေ
အတွက်စိန်လက်စွပ်တစ်ကွင်းကို စိတ်ကြိုက်ပြင်ဆင်ထားခဲ့သည်။ သူမနဲ့ပဲ ဆိုင်တဲ့ထူးခြားတဲ့
လက်စွပ်တစ်ကွင်းပေါ့။
ယဲ့ဆွေရဲ့ပုံရိပ်က သူ့ရဲ့မီးခိုးရောင် ကမ္ဘာမှာ တောက်ပနေတဲ့
နှင်းတွေနဲ့တူသည်။ သူကဒီနေရာကနေ ခဏတာတိုင်းဟာ သူမအတွက် မမေ့နိုင်တဲ့အရာ ဖြစ်လိမ့်မယ်လို့
သူ မျှော်လင့်သည်။
အဖုံးကိုပိတ်ပြီးနောက် ချန်ရှု့က လက်စွပ်ဘူးကို အကြည့်တစ်ချက်မှာမြင်နိုင်မယ့် နှင်းဆီပန်းစည်းရဲ့
အလယ်၌ထားခဲ့သည်။
ဟိုတယ်ခေါင်မိုးပေါ်တွင် ကြမ်းပြင်တစ်လျှောက်၌ နှင်းဆီပွင့်ချပ်များရှိနေခဲ့သည်။
တိတ်ဆိတ်ပြီးအေးချမ်းတဲ့ ညနေခင်းလေကြောင့် ပွင့်ချပ်တွေကလွင့်သွားပြီး လေထဲမှာပန်းရဲ့
မွှေးကြိုင်တဲ့ရနံ့တွေနဲ့ပြည့်နေခဲ့သည်။
ဒီနေရာမှာ ချန်ရှု့ရဲ့အတွေ့အကြုံမရှိတာနဲ့ ပြည့်နေပေမယ့်
သတိကြီးတဲ့အတွေးတွေနဲ့တော့ ပြည့်နေသည်။
၎င်းကိုကမ္ဘာပေါ်မှာ သူ ဂရုစိုက်ခဲ့တဲ့သူ တစ်ဦးတစ်ယောက်တည်းအတွက်
ရည်စူးထားသည်။