အပိုင်း ၂၃
Viewers 23k

ဖုကျန်းလက်သီးကိုဆုပ်၊ ခေါင်းကိုစောင်းကာ screen ကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။ ဒါရိုက်တာ၏ ခန္ဓာကိုယ်အကြီးကြီးမှာ screenshot ၏ အစိတ်အပိုင်းတော်တော်များများကို ပိတ်ဆို့ထားသည်။ ရုပ်ရှင်မှာ မထုတ်လွှင့်ရသေးသည့်အပြင် အကြောင်းအရာမှာလည်း ဝိုးတဝါးသာဖြစ်၍ ဖုကျန်းသည် သူဖန်တီးခဲ့သော ရုပ်ရှင်ဖြစ်ကြောင်း အပြည့်အဝ မပြောနိုင်ချေ။
ဖုကျန်းက မိသားစုချစ်ခြင်းမေတ္တာကို ဖော်ကျူးသည့် ရုပ်ရှင်ကို ရိုက်ကူးခဲ့သည်ဆိုသည့်အချက်မှာ မယုံကြည်နိုင်စရာကောင်းလှသည်။ ထိုရုပ်ရှင်မှာ အဖေများနေ့အမှတ်တရအဖြစ် ဖုကျန်းချန်ကို လက်ဆောင်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သော်ငြား နောက်ပိုင်းတွင် သူ့ဖခင်၏ တားမြစ်ပိတ်ပင်ခြင်းကို ခံခဲ့ရသည်။ ထိုရုပ်ရှင်သည် ရုပ်သံလွှင့်ရန် အခွင့်အရေးတစ်ခုမျှပင် မရရှိခဲ့ချေ။
ဖုကျန်း ဖုန်းကိုပိတ်လိုက်၍ မပြီးဆုံးသေးသော ပုံတူပန်းချီကိုသာ ဆက်လက် အချောသတ်နေခဲ့သည်။ မကြာခဏဆိုသလို အတွေးထဲတွင် Shazhou Chronicle, ရုပ်ရှင်တို့နှင့် သက်ဆိုင်သည့် ဓာတ်ပုံများမှာတော့ လျှပ်တပြတ် ပေါ်ပေါ်လာပေသည်။
သူ့တွင် လုပ်ပိုင်ခွင့် အများကြီး မရှိသော်ငြား ထိုအချက်ကြောင့် အခြားသူများ အနိုင်ကျင့်သည်ကိုတော့ ခေါင်းငုံ့ခံနေမည်မဟုတ်ပေ။
အကယ်၍ ရုပ်ရှင်သည် အမှတ်တရ သိမ်းဆည်းထားခြင်းသာဖြစ်ပါက ကိစ္စမရှိပေ။ သို့သော် အခြားသူတစ်ဦး၏အမည်ဖြင့် ထုတ်လွှင့်လာခဲ့လျှင်မူ သူ့တွင် ပြိုင်ဘက်ကိုချေမှုန်းရန် နည်းလမ်းရှိပေသည်။
သူနှင့် ဖုကျန်ချန်း၊ ဖုထင်းတို့အကြား ပြောစရာစကားမရှိသော်ငြား သူတို့သည်လည်း သူတို့၏ အားထုတ်မှု သဲထဲရေသွန်ဖြစ်မည်ကို မလိုလားချေ။
ဖုကျန်း စုတ်တံကို လက်ထဲမှချလိုက်ပြီး ကွန်ပျူတာscreenပေါ်ရှိ သူဆွဲထားသော ပုံတူပန်းချီကို ကြည့်လိုက်သည်။ ခါးသက်သက်အပြုံးတစ်ခုက နှုတ်ခမ်းထောင့်စွန်းမှ ထွက်ပေါ်လာသည်။ ကွန်ပျူတာမျက်နှာပြင်မှတစ်ဆင့် သူ့ရဲ့အပြုံးကို ကြည့်လိုက်ည်။
"...ကြည့်မကောင်းဘူး ...."
နှုတ်ခမ်းကိုမဲ့လိုက်ရာ အပြုံးသည် ပျောက်ကွယ်သွားသည်။
ပုံတူပြီးသွားပြီးနောက် လက်ချောင်းများကို ပွတ်သပ်ကာ သရုပ်ပြပုံအတွက် ပုံကြမ်းဆွဲရန် ပြင်ဆင်ခဲ့သည်။
ကျန်းဟန်ရှုသည်တော့ ပုံမှန်အတိုင်းပင် မိုးချုပ်မှသာ လုပ်ငန်းခွင်မှ ပြန်လာခဲ့သည်။
ထုံးစံအတိုင်း သူ့အခန်းသို့ ပြန်ရမည့်အစား လက်ကိုမြှောက်၍ ဖုကျန်း၏အခန်းတံခါးကို ခေါက်လိုက်သည်။
တံခါးဖွင့်လိုက်ပြီးနောက် ဖုကျန်းက အဝတွင် ရပ်နေသော ကျန်းဟန်ရှုကိုတွေ့လိုက်သည်။ ဟန်ရှုပြန်လာပြီ။
ကျန်းဟန်ရှု သူ့ကိုကယ်တင်ပြီးနောက်ပိုင်းတွင် ကျန်းဟန်ရှု၏ သူ့အပေါ် သဘောထားသည် ယခင်လို ပြန်ဖြစ်လာသည်။ မဟုတ်ဘူး။ ပိုကောင်းလာသည်ဟု ဆိုရမည်။
ကျန်းဟန်ရှု က သူ၏အိတ်ကပ်ထဲမှ စာအိတ်ကိုထုတ်ပေးလိုက်သည်။
".အလုပ်သမားခေါင်းဆောင်က မင်းအတွက်ပေးလိုက်တဲ့ လစာ.... လျော့နေတာရှိလား စစ်ကြည့် လိုက်ဦး ...."
ဖုကျန်း ကျန်းဟန်ရှု၏ရှေ့တွင်ပင် စာအိတ်ကိုဖွင့်၍ သွက်သွက်လက်လက် စစ်ကြည့်လိုက်သည်။
စုစုပေါင်းပမာဏမှာ ၁၈ ဖြစ်ပြီး သူ့အကောင့်ထဲတွင် မှတ်ထားသည်ထက် ယွမ် ၄၀ ပိုနေသည်။
ဖုကျန်းသည် ဒဏ်ရာကို ဆေးကြောရန်သွားစဉ်က အဖမ်းခံခဲ့ရသည်ကို သတိရလိုက်သည်။ ခေါင်းဆောင်မှာ သူ၏လုပ်အားခကို အချိန်အတော်ကြာနှုတ်ယူခဲ့သူဖြစ်ပြီး သူ၏ ကပ်စီးနှဲသောစရိုက်အရ ယွမ်လေးဆယ်ကို ပေးမည့်သူမဟုတ်ချေ။
".ထားလိုက်ပါ ယွမ်လေးဆယ်ပဲကို ငါ ပြန်ပေးဆွဲခံရတယ်လို့‌ကြားတော့ စိတ်မကောင်းဖြစ်လို့နေမှာပါ ..."
ဖုကျန်းသည် ရှည်ရှည်ဝေးဝေး မတွေးခဲ့ပေ။ ငွေကို လက်ခံပြီး ကျန်းဟန်ရှုကို ကျေးဇူးတင်စကားပြောလိုက်သည်။
ကျန်းဟန်ရှု ခေါင်းငြိမ့်လိုက်သည်။ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဘာမှ မပြောခဲ့။
ဖုကျန်း၏အတွေးမှာ မှန်သည်။ ခေါင်းဆောင်မှာ တကယ်ကို ကပ်စေးနှဲသူဖြစ်၍ သဘာဝကျကျပင် ဖုကျန်းကို ထောက်ပံ့မည်မဟုတ်ချေ။
ဖုကျန်း ငွေနှင့်စာအိတ်ကို အိပ်ယာပေါ်သို့ ပစ်တင်လိုက်သည်။
အစောပိုင်းက ဖုကျန်းသည် ကျန်းဟန်ရှု၏ ဂရုစိုက်မှုများကို ကျေးဇူးတုံ့ပြန်ရန်အတွက် ခရစ္စမတ်လက်ဆောင် ရွေးရန် တွေးနေခြင်းဖြစ်သည်။ သို့သော် ခရစ္စမတ်မှာ ပြီးသွားပြီဖြစ်ပြီး ကျန်းဟန်ရှုမှာ သူနှင့်မတူသည့်အတွက် ဖုကျန်းရွေးထားသော လက်ဆောင်မှာ အံဆွဲထဲတွင်ပင် ရှိနေပြီး အပြင်ကို မထုတ်ထားနိုင်သေးချေ။
ကျန်းဟန်ရှုက မနေ့ကလည်း ထပ်ကယ်ခဲ့ပြန်ပြီ ဘယ်လို ကျေးဇူးဆပ်ရပါ့မလဲ ...အပေါစားခေတ်ဟောင်းဇာတ်လမ်းတွေမှာဆို အန္တရာယ်ကြုံလာရင် ပြန်ကယ်ပါမယ်ဆိုပြီး ကတိပေးကြတာ ..ဒါပေမယ့် ကျန်းဟန်ရှုက သူ့ကြင်နာမှုကို ဒီလိုမျိုး ပြန်တုံ့ပြန်မယ်ဆို ကြိုက်မှာမဟုတ်ဘူး.
ဒီနေ့လစာရလာခဲ့တာဆိုတော့ ...
ဖုကျန်း ထိုသို့တွေးပြီးနောက် ကျန်းဟန်ရှုကို မေးလိုက်သည်။
".မနက်ဖြန်ည အားလား ..."‌
"...ကိစ္စရှိလို့လား...." ကျန်းဟန်ရှုက မေးလိုက်သည်။
ဖုကျန်းသည် ခေါင်းမော့၍ ကျန်းဟန်ရှုကို ပြောလိုက်သည်။
".တစ်နပ်လောက် လိုက်ကျွေးချင်လို့ ..."
သူ၏ မျက်ဝန်းနက်ထဲတွင် ဖုကျန်း၏ ခပ်ဖျော့ဖျော့နှုတ်ခမ်းပုံရိပ်မှာ ထင်ဟပ်နေသည်။ ကျန်းဟန်ရှု အေးစက်စက်ဖြင့် ခေါင်းညိတ်လိုက်သည်။
"...ကောင်းပြီလေ ..."
ကျန်းဟန်ရှု သဘောတူလိုက်ပြီးမှ နောင်တရမိသည်။ တကယ်တမ်း သူ့တွင် အားလပ်ချိန်ဟူ၍ မရှိပေ။ လုပ်ငန်းခွင်တွင် ဖြစ်ပွားခဲ့သည့် ပျောက်ဆုံးမှုမှာ ရလဒ်သိရလုနီးပါးဖြစ်နေသော်လည်း သူ့အမေသည် အိမ်သို့ မကြာခဏလာရန် တွန်းအားပေးနေသည်။
ထိုအခိုက်အတန့်တွင် ဖုကျန်းသည် ရယ်မောနေခဲ့သည်။ သူ့မျက်ဝန်းများမှာ မြူးကြွတောက်ပနေပြီး စိတ်ချမ်းသာဖွယ်လေထုကို ဖန်တီးနေသည်။ ကျန်းဟန်ရှုသည် သူ့ကိုကတိမပေးနိုင်စရာအကြောင်းမရှိဟု ခံစားရသည်။
ကျန်းဟန်ရှု အခန်းပြန်ရောက်ပြီးနောက် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။ မနက်ပိုင်းက သူစုံစမ်းခိုင်းထားသောလူထံမှ ဖြစ်သည်။ ကျန်းဟန်ရှုက မေးလိုက်သည်။
".သုံးရက်နေမှ သိရမှာဆို ..."
"...ငါခန့်မှန်းခဲ့တဲ့ ပဟေဠိလူသားက ဖုကျန်းမလား .."
".ဆက်ပြော..."
"ဖုကျန်းချန် , သူ့ကိုသိလား ..." ဖုန်းထဲကလူက မေးလိုက်သည်။
".ကြားဖူးတယ်..."
"...ဖုကျန်းက ဖုကျန်းချန်ရဲ့ အငယ်ဆုံးသား .. လွန်ခဲ့တဲ့၂နှစ်လောက်က ဖုကျန်းချန်က တရားမဝင်သမီး ထန်ဝမ်ဝမ်ကို ပြန်ခေါ်လာတယ်... ဖုကျန်းချန်နဲ့ ထန်ဝမ်ဝမ်က တစ်ယောက်နဲ့တစ်ယောက် မတည့်ကြဘူး ခဏခဏ စကားများကြတယ် ဘာလို့လဲဆိုတော့ ဇာတ်လမ်းရိုက်တုန်းက Diaoweiya ကနေ ပြုတ်ကျအောင် ထန်ဝမ်ဝမ်ရဲ့ကြိုးကို ပြောင်းထားလို့
ဖုကျန်းချန် အဲဒါကို ရှာတွေ့တော့ သူနဲ့ဖုကျန်းကဲ့ သားအဖဆက်ဆံရေးကိုဖျက်ပြီး ဖုမိသားစုကနေ ကန်ထုတ်လိုက်တယ် ..."
".ငါ အဲဒီ့ကိစ္စကို စုံစမ်းကြည့်သေးတယ် အဲ့တုန်းက ဖုကျန်းက ဝန်ထမ်းထဲကိုထည့်ဖို့ တစ်ယောက်ယောက်ကိုရှာခဲ့ပေမယ့် လှုပ်ရှားခဲ့တာက Diaoweiya မဖြစ်နိုင်ဘူး ..."
".အခုတလော ဖုကျန်းချန်နဲ့ ဖုထင်းတို့က ဖုကျန်းဆီ ခဏခဏ ချဉ်းကပ်နေတယ် ကြည့်ရတာ Shazhou Chronicle ရဲ့ မူပိုင်ခွင့်ကြောင့်ဖြစ်မယ် လွီညီအစ်ကိုကလည်း ဖုကျန်းချန် ဖုကျန်းကိုချဉ်းကပ်နေတာမြင်တော့ သူတို့ပြန်ပြေလည်နိုင်မယ်ထင်ပြီး ပြန်ပေးဆွဲချင်ခဲ့တာ ဖုကျန်းချန်ကို ငွေညှစ်ချင်ပေမယ့် သူတို့မသိခဲ့တာက ဖုကျန်းချန်က ဖုကျန်းကို ဖုမိသားစုထဲပြန်ခေါ်ဖို့အတွေး လုံးဝမရှိတာပဲ ....."
ဖုန်းတစ်ဖက်ကလူသည် အသံတိတ်သွားပြီးမှ ဆက်ပြောလာခဲ့သည်။
".ထန်ဝမ်ဝမ်က ဖုကျန်းချန်ဖုန်းကနေ ဓာတ်ပုံပို့ထားတယ်... ငါထင်တယ် ဖုကျန်းက သေသွားပြီ..."
ကျန်းဟန်ရှု : "...နားလည်ပြီ..."
"...ဖုကျန်းနဲ့မင်းက ဘယ်လိုပတ်သက်တာလဲ ဝမ်ထုံပြောတာကြားတာတော့ မနေ့က သူ့ကို US ကိုကယ်မယ့် သူရဲကောင်းဆီကနေ တမင်တကာကို ဆွဲထားတာဆို...."
"..... မင်းနဲ့ မဆိုင်ဘူး...."ကျန်းဟန်ရှုက အေးစက်စွာ ပြောလိုက်သည်။
ဖုန်းတစ်ဖက်မှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။
".မြစ်ကိုဖျက်ပြီးတော့ တံတားကိုဖျက်တယ် ကုန်ထုပ်ချပြီးတော့ မြည်းကိုသတ်တယ် ဆိုတာ မင်းပဲ...." (ဘုရားပြီးငြမ်းဖျက်ဆိုတဲ့သဘောမျိုးပါ)
ကျန်းဟန်ရှုက စိတ်အနှောင့်အယှက်ဖြစ်သည်ဟု မခံစားရဘဲ တည်ငြိမ်စွာ မေးလိုက်သည်။
"...ဝမ်ထုံဆီကနေ ဗန်းစကားတွေသင်လာတယ်ပေါ့ ဟုတ်လား ..."
"...ဘာဖြစ်လဲ..."
"...ဘာမှမဖြစ်ဘူး ဖုန်းချတော့မယ်..." ကျန်းဟန်ရှု အနီရောင်ခလုတ်ကို ဘေးသို့ရွှေ့လိုက်သည်။
သူ ဖုန်းကို ဘေးသို့ချလိုက်သည်။ "အိပ်မက်များ ခွဲခြမ်းစိတ်ဖြာခြင်း" မိတ္တူကို ကိုင်ရင်း ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ နှစ်ကြောင်းခန့်ဖတ်ပြီးနောက် ကျန်းဟန်ရှု၏အတွေးများသည် အခြားနေရာသို့ ပျံ့လွင့်သွားသည်။
မနေ့ညက ထိုအခန်းကျဉ်းထဲတွင် ဖုကျန်းသည် သူ၏ မျက်လုံးများကိုမှိတ်ရင်း အိပ်ရာပေါ်တွင် နာခံစွာ လဲလျောင်းနေပြီး စကားလုံးအချို့ကို မသဲမကွဲ ရေရွတ်နေသည်။ သူ၏မျက်လုံးထောင့်စွန်းမှ မျက်ရည်များ စီးကျလာသောအခါ ကျန်းဟန်ရှု၏နှလုံးသားသည် အပ်ချည်ကြိုးဖြင့် တင်းတင်းအချည်ခံထားရသကဲ့သို့ နာကျင်လာသည်။
ထိုအခိုက် တံခါးခေါက်သံကြားလိုက်ရသည်။ ကျန်းဟန်ရှု စာအုပ်ကိုပိတ်၊ စားပွဲပေါ်တင်၍ တံခါးဖွင့်ရန် မတ်တပ်ရပ်လိုက်သည်။ အပြင်ဘက်တွင် ရပ်နေသူမှာ ဖုကျန်းဖြစ်ပြီး ကျန်းဟန်ရှုက မေးလိုက်သည်။
"...ဘာဖြစ်လို့လဲ..."
ဖုကျန်းက သူ့ကွန်ပျူတာကို သယ်လာသည်။ ဆံပင်မှာ အနည်းငယ်ရှုပ်ပွနေပြီး နဖူးတွင် ချွေးစက် အနည်းငယ်သီးနေသည်။ သူသည် ကျန်းဟန်ရှုကို ရှက်ရွံ့စွာဖြင့် မေးလိုက်သည်။
"...ငါ့ကွန်ပျူတာပျက်သွားလို့ တစ်ချက်လောက် ကြည့်ပေးပါလား ..."
"...ပြဦး..."
ဖုကျန်းသည် ကျန်းဟန်ရှုလက်ထဲသို့ ကွန်ပျူတာကို ထည့်လိုက်ပြီး ကျန်းဟန်ရှု၏ အခန်းထဲသို့ တလိုက်ဝင်လာသည်။ ကျန်းဟန်ရှုကို ဘေးမှ ရှင်းပြလိုက်သည်။
"...ပုံဆွဲနေတုန်း ကီးဘုတ်က ရပ်သွားတာ restart လုပ်ပေမယ့် ပြန်ပွင့်မလာတော့ဘူး ..."
ကျန်းဟန်ရှု ခေါင်းညိတ်ပြလိုက်သည်။ ဖုကျန်း၏ ကွန်ပျူတာသည် နှစ်အကြာကြီးသုံးထားမှန်း သိနိုင်သည်။ ကွန်ပျူတာကို ဖွင့်ပြီးနောက် အဝိုင်းလည်နေသည်။ ကျန်းဟန်ရှုသည် ဝမ်ထုံမဟုတ်၍ ကွန်ပျူတာအစိတ်အပိုင်းများ၊ ပြုပြင်ခြင်းများနှင့် မရင်းနှီးပေ။ ကွန်ပျူတာက ဘာမှတုန့်ပြန်မလာ။
"...ထားလိုက်တော့..."
ကျန်းဟန်ရှုသည် ဖုကျန်းအား ကွန်ပျူတာ ပြန်ပေးလိုက်သည်။
"...ငါ့ဟာသုံးလိုက်..."
ဖုကျန်း : "....ဟမ်.."
ကျန်းဟန်ရှုက တစ်ဖက်သို့လှည့်ကာ ကိုယ်ကို ငုံ့လိုက်ပြီး အိပ်ရာအောက်မှ ထိုနေ့က သူနှင့်အတူ ယူလာခဲ့သည့် ဆိုဒ်လွန်လက်ဆွဲအိတ်ကို ဆွဲထုတ်လိုက်သည်။ လက်ဆွဲအိတ်မှာ သော့ဖွင့်ပြီးသားဖြစ်သည်။ အဖုံးကိုဖွင့်ပြီးနောက် အပေါ်ပိုင်းတွင် အဝတ်အစားအချို့နှင့် အောက်ပိုင်းတွင် စာရွက်စာတမ်းအချို့နှင့် ဘဏ်ကဒ်များရှိသည်။ အသင်းဝင်ကဒ်လိုအရာမျိုးမှာတော့ ဖုကျန်းနှင့် အလှမ်းဝေးနေသည့်အတွက် ကဒ်ပေါ်မှစာများကို မမြင်ရပေ။
ကျန်းဟန်ရှုက ဒူးထောက်၍ ပစ္စည်းများကို လှန်လှောလိုက်ပြီးနောက် Innermost မှ ငွေရောင် notebook ကို ရှာတွေ့ခဲ့သည်။ မတ်တပ်ရပ်ပြီး ဖုကျန်းကို လှမ်းပေးလိုက်သည်။
"...ဒီမှာ..."
ဖုကျန်း အနည်းငယ်ကြောင်အနေဆဲဖြစ်သည်။ သူ့ကိုပေးလိုက်သော notebook ကိုကြည့်လိုက်သည်။ ဖုမိသားစုမှ ကန်ထုတ်ခံရသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး သူ့တွင် ပိုက်ဆံလုံးဝမရှိလျှင်တောင် ကွန်ပျူတာတံဆိပ်ကို သိနေဆဲဖြစ်သည်။ ကျန်းဟန်ရှု သူ့ကိုငှားလိုက်သောကွန်ပျူတာမှာ ရှားပါးပြီး ယွမ်ငါးသောင်းခန့်တန်သည်။
ကျန်းဟန်ရှုက သူ့မှာငွေပြတ်လပ်မနေဘူးဆိုတာ တကယ်ပဲကိုး။
ဖုကျန်း၏နှလုံးသားထဲတွင် ထိုအရာကို မည်သို့အမည်တပ်ရမည်မသိချေ။ တစ်နေ့တွင် ကျန်းဟန်ရှုတစ်ယောက် ဇနီး၊သားသမီးများနှင့် ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ရန်မျှော်လင့်ပြီး သူသည် ကျန်းဟန်ရှုကိုကူညီနိုင်ရန် မျှော်လင့်သည်။
ဒါပေမယ့် ကြည့်ရတာ ငါလုပ်ပေးနိုင်တာ မရှိဘူးပဲ။
"....ကျေးဇူးပဲ..." ဖုကျန်းက ပြုံး၍ပြောလိုက်သည်။
"....မနက်ဖြန်မှ ပြန်ပေးမယ်..."
ဖုကျန်းပြုံးနေခြင်းဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှာ အသက်ရှုမဝနေခြင်းကို ကျန်းဟန်ရှို့ နားမလည်နိုင်ခဲ့။
"....မင်း အရင်သုံးလိုက်ပါ ငါက မလိုအပ်သေးဘူး ..."
ဖုကျန်းသည် ကွန်ပျူတာနှစ်လုံးကိုပိုက်၍ အခန်းပြန်လာခဲ့သည်။ ပြန်ရောက်ပြီးနောက် ပုံဆွဲသင်ပုန်းနှင့် ကျန်းဟန်ရှု၏ ကွန်ပျူတာကို ချိတ်ဆက်ခဲ့သည်။ ကံကောင်းစွာပဲ ကွန်ပျူတာပိတ်မသွားခင် cloud ထဲတွင် အချောမသတ်ရသေးသည့် ပုံကြမ်းမိတ္တူကို သိမ်းထားပြီးဖြစ်သည်။ ဖုကျန်းသည် cloud မှ ပြန် download လုပ်လိုက်ပြီး SAI ဖြင့် ဖွင့်ကာ ဆက်လက်ရေးဆွဲခဲ့သည်။
ကျန်းဟန်ရှု၏ကွန်ပျူတာသည် ဖုကျန်း၏ တစ်ပတ်ရစ်စက်အဟောင်းထက် များစွာပိုကောင်းသည်။ မလွှဲမရှောင်သာပဲ ဖုကျန်း၏ အမြန်နှုန်းသည် တဖြေး‌ဖြေး နှေးလာသည်။ ကျန်းဟန်ရှုက တကယ်ပဲ ဘယ်လိုလူလဲ။
သူဘာကြောင့် အသက်မွေးဝမ်းကျောင်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရမှန်း ဖုကျန်း တကယ် နားမလည်ခဲ့။
ဖုကျန်းသည် ကျန်းဟန်ရှုကို ဘားတွင်တွေ့ဖူးကြောင်း အမှတ်ရလိုက်သည်။ ဘားမန်နေဂျာမှာ နောက်ခံတောင့်သူဖြစ်သော်လည်း ကျန်းဟန်ရှု၏ရှေ့တွင်မူ ထိုနောက်ခံမှာ အရိပ်အယောင်ပင်မတွေ့ရ။ သူ(ဖုကျန်း)နှင့် ကျန်းဟန်ရှုကြား ကွာဟချက်မှာ သူထင်သည်ထက် ပိုကြီးနိုင်သည်။
သက်ပြင်းအရှည်ကြီးချလိုက်ပြီးနောက် သူသည် နောက်ထပ်အများကြီးတွေးရန် မလိုအပ်တော့ချေ။ ကျန်းဟန်ရှုတွင် အနာဂတ်ကောင်းတစ်ခုရှိလိမ့်မည်ဟု သိလိုက်ရခြင်းသည်ပင်လျှင် လုံလောက်ပေပြီ။
"...သူ့ကို မနက်ဖြန် ညစာဝယ်ကျွေးမှာ‌ဆိုတော့ မတည့်တာရှိလား မေးခဲ့သင့်တာကို..."
ဖုကျန်းသည် သူ၏ခေါင်းကိုကုတ်လိုက်သည်။
"...အခုမှ သူ့အခန်းထဲက ထွက်လာတာကို အရမ်းနှောင့်ယှက်သလိုများဖြစ်နေမလား..."
"....ဒါမှမဟုတ် ဆိုင်နည်းနည်းရွေးထားပြီး မနက်ဖြန်မှ ကျန်းဟန်ရှုကို စိတ်ကြိုက်ရွေးခိုင်းလိုက်ရမလား..."
ဖုကျန်းက ထိုဟာသည် အကြံကောင်းဟု ထင်ခဲ့သည်။ ရှုပ်ထွေးနေသော အတွေးစများကို သိမ်းဆည်းလိုက်ပြီး ခေါင်းငုံ့ကာ ပုံဆက်ဆွဲနေလိုက်သည်။
ဆေးရောင်ခြယ်ခြင်းသည် သူထင်ထားသည်ထက် ပိုမိုခက်ခဲသည်။ အကြိမ်ပြောင်းများစွာ ပြောင်းလဲပြီးသည်အထိ စိတ်တိုင်းမကျခဲ့ပေ။ ဘောပင်ကိုချ၍ သက်ပြင်းရှိုက်လိုက်သည်။ အကယ်၍ အချိန်လောက်ပါက တစ်ဖက်လူ၏ မူရင်းပုံကို အရင်ကြည့်မည်ဖြစ်သော်လည်း အခု သူ့မှာ အချိန်သိပ်မကျန်တော့။
ဖုကျန်း Weibo ကိုဖွင့်၍ မူရင်းပုံနှင့်ပတ်သက်သည့် အကြောင်းအရာကိုရှာခဲ့သော်လည်း အကြောင်းအရာဆယ်ခုတွင် ငါးခုမှာ ညစ်ညမ်းစာပေ၊ သုံးခုမှာ မယုံနိုင်ဖွယ်အလွန်အကြူးချဲ့ကားပြောထားခြင်းများနှင့် နှစ်ခုမှာ ပြည်သူ့ဆက်ဆံရေးအကောင့်များ၏ ကြော်ငြာများဖြစ်သည်။
T/N :
ပုံဆွဲသင်ပုန်းလို့ပြန်ထားပေမယ့် သူက digital artဆွဲဖို့အတွက်သုံးတာပါ tabletသဘောမျိုးဖြစ်မယ်ထင်ပါတယ်
cloud က Google drive လိုမျိုးပဲ ဖိုင်တွေသိမ်းထားလို့ရတဲ့ app တစ်ခုပါ
SAI statement for additional information (အပိုသိမ်းထားလို့ရတဲ့နေရာ) တိုက်ရိုက်ကြီးပြန်လို့မလှလို့ SAIလို့ပဲသုံးထားပါတယ်