လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၉၃ - မေ့မြောနေခြင်း
ယဲ့ဆွေက ဖုန်းကိုကိုင်ထားပြီး
တံတားအောက်တွင်ရပ်ကာ ချန်ရှု့ ရောက်လာတာကို တိတ်တဆိတ်စောင့်နေခဲ့သည်။ အခုအချိန်မှာ
သူမစိတ်က ထိတ်လန့်နေခဲ့သည်။ ခဏနေ ချန်ရှု့ရောက်လာချိန်မှာ သူမ သူ့ကိုဘာပြောသင့်လဲ?
မနက်ဖြန် သူတို့အပြင်မထွက်သင့်ဘူးမလား?
ချန်ရှု့နေဖို့ သူမဘာအကြောင်းပြချက်ရှာရမလဲ? သူတို့ကဒီကိုလာလည်တာ။ သူမက အကြောင်းပြချက်မရှိပဲ
ဟိုတယ်မှာနေဖို့ သူ့ကိုမေးခဲ့ရင် သူသံသယ၀င်မလား .....?
သူမစိတ်ထဲတွင်
ပြသနာတစ်ခုပြီးတစ်ခု ပေါ်လာပြီးအားလုံး ချန်ရှု့နဲ့ ဆက်စပ်နေသည်။ သူမ ဦးနှောက်က အတွေးများပြည့်နှက်နေပြီး
သူမ မျက်ခုံးများကိုညင်ညင်သာသာပွတ်လိုက်မိသည်။
ယဲ့ဆွေက အစောက
မင်္ဂလာဆောင်က ရရှိခဲ့တဲ့ ပန်းစည်းကို ကိုင်ထားဆဲဖြစ်သည်။ ပန်းအချို့က မိုးကြောင့်စိုစွတ်နေပြီး ယဲ့ဆွေ လက်ချောင်းတွေက
ပန်းများကိုတစ်ခုပြီးတစ်ခု မသိစိတ်က ဖိညှစ်လိုက်မိသည်။
သူမခေါင်းကိုငုံ့လိုက်မိပြီး
အလွန်စိတ်ရှုပ်နေခဲ့ကာ ကားတစ်စီးရပ်သွားတာကို သတိမထားမိခဲ့ပေ။ တံခါးပွင့်သွားပြီး စိုစွတ်တဲ့ မြေပြင်ပေါ်မှာ ခြေတံရှည်ရှည်တစ်စုံကခြေချလာသည်။
ချန်ရှု့က ယဲ့ဆွေကို
မြင်ချိန်မှာ သူ့နှုတ်ခမ်းက အပြုံးတစ်ခုနဲ့အတူ ကွေးသွားသည်။ ထီးတစ်ချောင်းကို ကိုင်ပြီး
ယဲ့ဆွေဆီ လျှောက်သွားသည်။ မိုးကသူ့ဘောင်းဘီကို စိုနေပေမယ့် သူဂရုမစိုက်ဘူး။ သူ့မျက်လုံးထဲမှာ ယဲ့ဆွေ တစ်ယောက်သာရှိသည်။
ယဲ့ဆွေက အရာအားလုံးကို
စဉ်းစားနေပြီး မြေကြီးအားစိုက်ကြည့်နေစဉ် သူမစိတ်က စူးစိုက်မှုမရှိပေ။ ရုတ်တရက် သူမခေါင်းထက်မှာ
ကြည်လင်တဲ့ အသံတစ်ခုက ထွက်ပေါ်လာသည်။
"မင်းဘာတွေတွေးနေတာလဲ?"
ယဲ့ဆွေက သူမအတွေးများကို
ချက်ချင်းဖယ်ရှားပစ်လိုက်သည်။ တစ်စုံတစ်ယောက်က ရုတ်တရက်စကားပြောလာချိန်မှာ သူမအနည်းငယ်
ထိတ်လန့်သွားပြီး သူမလက်များက ပြေလျော့သွားကာ ပန်းစည်းကိုပစ်ချလိုက်မိသည်။
"အားးးး!"
ယဲ့ဆွေက အော်လာခဲ့သည်။ ပန်းစည်းက မြေပေါ်ကျသွားပြီး
ရွှံ့တွေပေသွားခဲ့သည်။
ဒါပေမယ့် စက္ကန့်ပိုင်းအတွင်းမှာ
သွယ်လျတဲ့ လက်တစ်စုံက အောက်ကိုရောက်သွားပြီး ပန်းစည်းကိုအခိုင်အမာ ဖမ်းလိုက်သည်။ သူကလက်ဝါးဖြန့်လိုက်ပြီး သူ့လက်မှမျဉ်းကြောင်းများက
ရှင်းလင်းနေသည်။ ပန်းစည်းက သူ့လက်ဖဝါးထဲ၌ ငြိမ်သက်စွာလဲလျောင်းနေသည်။
ယဲ့ဆွေ အပေါ်ကိုမော့ကြည့်လိုက်ချိန်မှာ
ချန်ရှု့ရဲ့ မျက်လုံးများကို တွေ့လိုက်ရသည်။ သူကထီးတစ်ချောင်းကိုင်ထားပြီး သူမရှေ့မှာရပ်နေသည်။
ချန်ရှု့ကိုဖုံးအုပ်ထားတဲ့ မှိန်ဖျော့သောအလင်းတွင် သူကအလင်း၏ တစ်ခုတည်းသော နေရာဖြစ်ပုံရသည်။
ယဲ့ဆွေက ချန်ရှု့ကို
အနီးကပ်ကြည့်လိုက်သည်။ အမှောင်ညထဲတွင် သူ၏အရပ်ရှည်ပြီး
အသံတိတ်ပုံကိုဖော်ပြထားသည်။ ချန်ရှု့၏ မျက်ခုံးများအေးစက်နေပြီး
သူမျက်လုံးများက ကြည်လင်နေသည်။
သူမကမျက်လုံးကို
ပိတ်လိုက်တာတောင်မှ သူ့ပုံရိပ်ကိုကောက်ကြောင်း ဆွဲနိုင်သည်။ နေရာတစ်ခုစီနှင့် အချက်တစ်ခုစီက
သူမနှလုံးသားကို တုန်လှုပ်စေခဲ့သည်။
ချန်ရှု့က ယဲ့ဆွေရှေ့မှာ
ရပ်လိုက်ချိန် သူမစိုးရိမ်မှုများနှင့် အချဉ်ဓာတ်တို့က ပိုပြင်းထန်လာသည်။ ယဲ့ဆွေက မျက်တောင်ခတ်လိုက်ပြီး သူမမျက်လုံးထဲက မျက်ရည်များကို
ထိန်းထားသည်။
ချန်ရှု့ ယဲ့ဆွေဆီမှာ
အမှားတစ်စုံတစ်ရာကို မတွေ့ခဲ့ပေ။ သူကပန်းစည်းကို
သူမအားကမ်းပေးလိုက်သည်။ သူက အသာအယာ ပြုံးလိုက်ရင်း လေသံလေးနဲ့ပြောလာသည်။ "မင်းကဘာလို့ ဒီလောက်ဂရုမစိုက်ရတာလဲ?
"
ယဲ့ဆွေက ပန်းစည်းကိုယူလိုက်ပြီး
"ကျွန်မ အစောက မင်္ဂလာဆောင်တာ မြင်လိုက်ရတယ် " ထိုနွေးထွေးမှုမျိုးနဲ့ သူမလည်း ချန်ရှု့နဲ့မင်္ဂလာဆောင်ချင်သည်။
ချန်ရှု့ရဲ့ မျက်လုံးများက
ရွေ့လျားသွားသည်။ "ဟုတ်လား? သူတို့မင်္ဂလာဆောင်က ကြည့်လို့ကောင်းလား? ”
ယဲ့ဆွေ ခေါင်းညိတ်လိုက်သည်။ “ အင်း ကောင်းတယ် ”
ချန်ရှု့က ယဲ့ဆွေကို လေးလေးနက်နက်ကြည့်လာသည်။ သူက အရာအားလုံးကို ပြင်ဆင်ထားသည်။ နှင်းဆီပန်းများကို
ကျဲထားပြီး လက်ရာမြောက်တဲ့ စိန်လက်စွပ်လည်းရှိသည်။
သူတို့ဟိုတယ်ပြန်ရောက်တာနဲ့
သူမကိုလက်ထပ်ခွင့်တောင်းမှာဖြစ်သည်။ ဒီနေ့ကစပြီး
သူတို့နှစ်ယောက်ရဲ့ လမ်းကြောင်းအသစ်တစ်ခုကို စတင်ချင်သည်။
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို
ထိန်းသိမ်းဖို့ စက္ကူကိုသုံးထားတာဖြစ်တဲ့ အရင်ကနဲ့မတူတော့ဘူး။ အဲဒီအစား သူတို့ကတစ်ယောက်နဲ့တစ်ယောက်
ရိုးသားရလိမ့်မည်။
ယဲ့ဆွေက သူ့လိုမျိုး
တစ်ယောက်နှင့်တစ်ယောက် တူညီတဲ့ ခံစားချက်ရှိတယ်လို့ သူယုံကြည်သည်။
ချန်ရှု့ -
"ကိုယ်တို့ပြန်ရအောင်"
ယဲ့ဆွေက ထီးအောက်ရပ်ပြီး
ကားထဲကို အတူတက်သွားခဲ့သည်။
ကားစက်မနိုးခင်မှာ
ယဲ့ဆွေက ချန်ရှု့ကို ကြည့်လိုက်ပြီး ပြောခဲ့သည်။
"ချန်ရှု့ ကျွန်မတို့ ဟိုတယ်ပြန်ရောက်ရင် မနက်ဖြန် အပြင်မထွက်လို့ မရဘူးလား?
"
ချန်ရှု့ ဟိုတယ်မှ
မထွက်သွားသရွေ့တော့ အန္တရာယ်ကိုအနည်းဆုံးဖြစ်အောင် လျှော့ချနိုင်သင့်သည်။
ချန်ရှု့က အနည်းငယ်လန့်သွားသည်။ "ဘာဖြစ်လို့လဲ?"
ယဲ့ဆွေက ဆင်ခြေတစ်ခုပေးခဲ့သည်။ "ကျွန်မ နည်းနည်းပင်ပန်းလို့ ဟိုတယ်မှာ ရက်အနည်းငယ်လောက်
နေချင်တယ်"
ချန်ရှု့က ယဲ့ဆွေကို စက္ကန့်အနည်းငယ် ကြည့်လိုက်ပြီး“ ကောင်းပြီ” လို့ပြန်ဖြေလာသည်။
"မနက်ဖြန်
ရှင် တစ်ခုခုလုပ်ချင်ရင် ကျွန်မကိုပြော ကျွန်မ ရှင်နဲ့လိုက်ခဲ့ပေးမယ် "
သူမနှလုံးသားထဲက စိုးရိမ်ပူပန်မှုတွေက တစ်ဖန်ပြန်လည်မြင့်တက်လာခဲ့သည်။
သူမ သူနဲ့အတူနေပြီး မနက်ဖြန်ကို လုံခြုံစွာနေနိုင်လျှင်
ချန်ရှု့က ထိုကပ်ဘေးကို သေချာပေါက်လွတ်မြောက်လိမ့်မည်။
ချန်ရှု့က ယဲ့ဆွေရဲ့
မပျော်ရွှင်မှုများကို မသိမသာသတိထားမိပြီး သူမတစ်ခုခုကိုစိုးရိမ်နေပုံရသည်။ ဒါပေမယ့် သူကဆက်ပြီးမစုံစမ်းခဲ့ဘူး။ “ ကောင်းပြီ
”
ချန်ရှု့က ရုတ်တရက်
သူ့လက်ကို ယဲ့ဆွေ လက်ပေါ်အုပ်မိုးလိုက်ပြီး သူမလက်ကိုဆုပ်ကိုင်လိုက်သည်။ အေးစက်တဲ့ ထိတွေ့မှုက သူ့လက်ကိုနှုတ်ဆက်လာခဲ့တာကြောင့်
ချန်ရှု့ မျက်မှောင်ကြုတ်လိုက်မိသည်။ “ မင်းလက်တွေအေးခဲနေတယ်။
မင်းအအေးမိနေတာလား? ”
ယဲ့ဆွေ -
"အဆင်ပြေပါတယ်။ ကျွန်မတို့ပြန်တဲ့အခါ
ရေနွေးပိုသောက်လိုက်မယ် "
ချန်ရှု့လက်က သူမလက်နဲ့
ထိလိုက်ချိန်မှာ နွေးထွေးတဲ့ လေက သူမကိုဝန်းရံခဲ့သော်လည်း သူမစိတ်သက်သာရာမရဘဲ ကြောက်ရွံ့နေပြီး
သူမ နှလုံးသားထဲမှာ အေးစက်နေဆဲဖြစ်သည်။
သူမက ချန်ရှု့
တစ်ခုခုဖြစ်သွားမှာကိုကြောက်ပြီး သူ့ဘေးအန္တရာယ်ကျရောက်သွားမှာကို ကြောက်သည်။
ချန်ရှု့က သူ့လက်ကိုဖယ်သွားတော့မှာဖြစ်သည်။
ဒါပေမယ့် ယဲ့ဆွေက သူလက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူတို့လက်တွေက ကွာဟမှုမရှိဘဲယှက်ထားခဲ့သည်။
ထို့အတွက်ကြောင့်
သူမ နှလုံးသားထဲက စိုးရိမ်သောကများက အနည်းငယ် ပျောက်သွားပုံရသည်။
ချန်ရှု့က ယဲ့ဆွေမှာ
တစ်ခုခုမှားနေပြီဟု ခံစားမိသဖြင့်သူက "ဘာဖြစ်လို့လဲ? " လို့စိုးရိမ်တကြီးမေးလာသည်။
ထိုမှသာ ယဲ့ဆွေက
ချန်ရှု့ရဲ့ လက်ကိုလွှတ်လိုက်သည်။ သူမက သူ့ကိုပြုံးပြလိုက်သည်။ “ ကျွန်မလက်ကအရမ်းအေးတယ်။ နည်းနည်းနွေးသွားအောင် ရှင့်လက်ကို ဆုပ်ကိုင်ထားချင်တယ်
"
ယဲ့ဆွေ ဖျားမှာစိုးရိမ်လို့
သူကသူမကိုစိုက်ကြည့်နေသည်။ “ မင်းပင်ပန်းရင်
ဒီနေရာမှာ ခဏလောက်အနားယူလိုက် ကိုယ်တို့ ဟိုတယ်ကိုရောက်ရင် ကိုယ် မင်းကို နိုးလိုက်မယ်
”
ယဲ့ဆွေက ခေါင်းငြိမ့်လိုက်သည်။ သူမဘယ်လိုအိပ်ပျော်နိုင်မှာလဲ? သူမက မျက်လုံးများကို
ဖွင့်ကာနေရာတိုင်းကို အလေးအနက်ထားကြည့်ရမည်။
သူမက မည်သည့်ထိခိုက်နစ်နာမှုကိုမှ ခွင့်မပြုနိုင်ပေ။
မတူညီတဲ့စိတ်ထားရှိတဲ့
လူနှစ်ယောက်က ကားစထွက်ပြီး အမှောင်ထဲ မိုးရွာညမှာ ဆွဲငင်လာသည်။ သူတို့နှစ်ယောက်စလုံး
စကားမပြောကြဘူး။
ပြတင်းပေါက်အပြင်ဘက်တွင်
မိုးကအဆက်မပြတ်ရွာသွန်းနေပြီး မြေပြင်ကို အဆက်မပြတ် ရိုက်ခတ်လာသည်။ တိတ်ဆိတ်နေတဲ့ လေထုထဲတွင် စိတ်ပျက်စရာကောင်းတဲ့
မိုးသံကိုသာကြားရသည်။
ယခုအချိန်တွင်
အမှောင်ညကို ဖြတ်သန်းသွားတဲ့ အဖြူရောင်လျှပ်စီးကြောင်းတစ်ခုက
ဖြတ်သွားသည်။ အမှောင်ထုက နှစ်ခြမ်းကွဲသွားပြီး
လေနှင့်မိုးသံတို့ကြား ဖြတ်သန်းသွားသည်။
မုန်တိုင်းထန်ပြီး
အေးတယ်။ အကြောင်းတစ်ခုခုကြောင့် ယဲ့ဆွေရဲ့ စိတ်မသက်မသာဖြစ်မှုက ပြင်းထန်လာသည်။ သူမက ချန်ရှု့ကိုကြည့်ပြီး "ဂရုစိုက်မောင်းဦး
" လို့သတိပေးလိုက်သည်။
ချန်ရှု့ရဲ့ ဘေးဘက်မျက်နှာက
တည်ကြည်နေခဲ့သည်။ သူက“ ကောင်းပြီ” လို့ညင်ညင်သာသာပြောခဲ့သည်။
ကားကဆက်ရွေ့သွားသည်။
ခဏအကြာတွင် အဝေးမှအခြားကားတစ်စီးရောက်လာခဲ့ပြီး ကောင်းကင်က အုံ့မှိုင်းနေသည်။ အမှောင်ထဲတွင် ကားရှေ့မီးများက အနည်းငယ် ဖျော့တော့သွားသည်။
ကားက မိုးသည်းထန်စွာရွာမှာကို
ဖြတ်လာပြီး သူတို့ဦးတည်ဘက်ကို တည့်တည့်ရောက်လာသည်။
ချန်ရှု့က တစ်ခုခုမှားနေပြီလို့
ခံစားမိလိုက်သည်။ သူကအခြားကားမောင်းသူကို သတိပေးဖို့ သူ့ဟွန်းကို တီးလိုက်သည်။ ဒါပေမယ့်
ကားက ဦးတည်ချက်လုံးဝမပြောင်းခဲ့ဘူး။ ဒါက သူတို့ဆီကို
ရွေ့လျားလာနေဆဲဘဲ။
သူ့မျက်ခုံးများက
တွန့်သွားသည်။ ကားက အရှိန်လွန်နေပြီး သူတို့က
အချိန်မီမရှောင်နိုင်လောက်ဘူး။ စက္ကန့်အနည်းငယ်အတွင်း
ကားနှစ်စီးတိုက်မိနိုင်သည်။
ဒါပေမယ့် ယဲ့ဆွေက
သူ့ဘေးမှာ သူမကို သူ ဘာမှမဖြစ်စေရဘူး။
ချန်ရှု့ရဲ့ မျက်ခုံးများက
ကျုံ့သွားသည်။ စတီယာရင်ဘီးပေါ်က သူလက်က သူကားကိုတိုက်မည့်နေရာသို့လှည့်လိုက်သည်။ ဤနည်းအားဖြင့် သူကသက်ရောက်မှုအများစုကို ခံရလိမ့်မည်။
ယဲ့ဆွေက ချန်ရှု့ရဲ့
လုပ်ရပ်တိုင်းကိုမြင်သည်။ သူကသူမကို သူ့အသက်နဲ့ကာကွယ်ပေးချင်သည်။ ဒါက ချန်ရှု့ရဲ့ သေဆုံးခြင်းလား?
မဟုတ်ဘူး ချန်ရှု့ကို
မတော်တဆမှုဖြစ်ခွင့်မပေးနိုင်ဘူး။
တစ်ခဏချင်းတွင်
စာရွက်ပေါ်က စကားတွေက ယဲ့ဆွေ စိတ်ထဲပေါ်လာခဲ့သည်။ ဘဝတစ်ခုအတွက်
တစ်ယောက်က အသက်ရှင်ပြီး တစ်ယောက်က သေလိမ့်မည်။
ယဲ့ဆွေက ချက်ချင်း
ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ဤအရေးကြီးတဲ့
အချိန်မှာ သူမနှလုံးက ပုံမှန်ထက် တိတ်ဆိတ်နေခဲ့သည်။ သူမ ရုတ်တရက် "ချန်ရှု့" လို့ သူ့နာမည်ကို
တီးတိုးခေါ်ခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
ယဲ့ဆွေက အသံက ဝမ်းနည်းမှုအချို့၊ ပျော်ရွှင်မှုအချို့နှင့်အတူ သိသာထင်ရှားလာသည်။ "ကျွန်မ ရှင့်ကိုကြိုက်တယ်"
'ကျွန်မရှင့်ကိုကြိုက်တယ်၊ ဘယ်သူကမှ ကျွန်မကိုဒီလိုခံစားချက်မျိုး
မဖြစ်စေဖူးဘူး။ ရှင့်အတွက် ကျွန်မအသက်ကို အလဲအလှယ်လုပ်ဖို့
ကျွန်မဆန္ဒရှိတယ် '
ယဲ့ဆွေက စကားသံထွက်လာချိန်မှာ
ချန်ရှု့က အံ့သြသွားပြီး သူ့မျက်ဝန်းနက်များက ခံစားချက်တို့ဖြင့် ပြည့်နေသည်။ သူမဝန်ခံချက်ကြောင့်
ယခုအချိန်တွင် သူ့နှလုံးသားက ရှုပ်ယှက်ခတ်နေသည်။
ချန်ရှု့ရဲ့ လှုပ်ရှားမှုတွေလည်း
နှေးကွေးသွားသည်။ ယဲ့ဆွေက သူ့စိတ်ရှုပ်ထွေးမှုကို အခွင့်ကောင်းယူပြီး သူမလက်များက စတီယာရင်ကို
ဆုပ်ကိုင်လိုက်ကာ သူမဘက်ကို သိသိသာသာ လှည့်လိုက်သည်။
ဘန်း!
ဆန့်ကျင်ဘက်ကားက
ယဲ့ဆွေရဲ့ နံဘေးကို တိုက်ရိုက်တိုက်မိသွားသည်။
ကားက မလှုပ်မယှက် စိုစွတ်တဲ့ မြေပြင်မှာ ပွတ်တိုက်သွားပြီး ညည်းတွားသံကိုပြုလာသည်။ ထို့နောက် ၎င်းက တဖြည်းဖြည်း ရပ်တန့်သွားသည်။
ယဲ့ဆွေက သူမခန္ဓာကိုယ်မှာ
ပြင်းထန်တဲ့ နာကျင်မှုကိုခံစားခဲ့ရပြီး သူမလှုပ်ရှားနိုင်ချေ။ သူမအသိစိတ်က အနည်းငယ်
ရှုပ်ထွေးလာသည်။ သူမခေါင်းကိုလှည့်လိုက်ပြီး ချန်ရှု့ရဲ့ ဦးတည်ချက်ကို ခက်ခက်ခဲခဲကြည့်လိုက်ကာ
သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ဖို့ကြိုးစားခဲ့သည်။
ဒါပေမယ့် အင်အားက
ယဲ့ဆွေရဲ့ ခန္ဓာကိုယ်မှတဖြည်းဖြည်းထွက်ခွာသွားပြီး သူမ မျက်လုံးများကို ဖွင့်လိုက်သည့်တိုင်
ပင်ပန်းလာသည်။ ချန်ရှု့က သူမအနားမှာရှိပေမယ့် သူ့ကိုရှင်းရှင်းလင်းလင်းမမြင်ရဘူး။
'ချန်ရှု့ အခုလုံခြုံနေပြီလား?
သူ နာကျင်နေလား? နောက်ဆုံးတော့ ငါ့ခံစားချက်ကို
သူ့ကိုပြောပြနိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီခဏမှာပဲ
ငါခံစားလိုက်ရတယ်။'
ထိုအခိုက်အတန့်တွင် ယဲ့ဆွေရဲ့ စိတ်ကိုကျော်လွန်သွားသည့်
မြင်ကွင်းများမှာ - သူ့ရဲ့တိတ်ဆိတ်မှု၊ သူ့ရဲ့အကူအညီမဲ့မှု နဲ့ သူ့ရဲ့ သည်းခံနိုင်မှုတို့ဖြစ်သည်။
မြင်ကွင်းများအားလုံးက
သူမစိတ်ထဲတွင် ပေါင်းစပ်သွားသည်။ ချန်ရှု့မျက်နှာက ပို၍ ဖြူစုတ်လာသည်။
ယဲ့ဆွေ မသေဆုံးခင်
သူမက နောက်ဆုံး ချန်ရှု့အား သေခြင်းတရားမှ ကူညီပေးနိုင်ခဲ့ပြီလို့ သူမထင်ခဲ့သည်။ သို့သော်လည်း သူမက သူမအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကိုတော့
အမှန်တကယ်ဖြစ်စေခဲ့သည်။
သူမက မင်္ဂလာဝတ်စုံနဲ့
ချန်ရှု့ရှေ့မှာ ရပ်ပြီးပန်းစည်းကို ကိုင်ကာ သူ့ကိုစိတ်အားထက်သန်စွာပြောခဲ့သည်။
'ကျွန်မ ရှင့်ကိုလက်ထပ်ဖို့လာခဲ့တာ
'
ကံမကောင်းစွာဖြင့်
သူမက ထိုအခွင့်အရေးကို ထပ်မရခဲ့ပေ။
ယဲ့ဆွေ သတိလစ်သွားချိန်မှာ
ကြောက်ရွံ့ခြင်းက ချန်ရှု့ရဲ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။
သူကနာကျင်နေပြီး
သူ့နှလုံးသားထဲက ဝမ်းနည်းမှုတွေက မျက်လုံးတွေထဲ ပြန့်ကျဲနေသည်။ သူကကားကိုဘယ်ဘက်လှည့်ချင်ပေမယ့်
အဲဒီအချိန်မှာ ယဲ့ဆွေရဲ့ စကားတွေကို ကြားလိုက်ရသည်။ -ကျွန်မ ရှင့်ကို ကြိုက်တယ်။
ချန်ရှု့က သတိလစ်ဟင်းသွားချိန်မှာ
ယဲ့ဆွေက စတီယာရင်ဘီးကို သူမဘက်လှည့်လိုက်ပြီး တိုက်ရိုက်တိုက်မိသွားသည်။ သူမက သူ့ကိုကာကွယ်ဖို့ သူမအသက်ကိုစတေးခဲ့သည်။
ချန်ရှု့ မျက်နှာက
ဖြူဖျော့သွားပြီး သူလည်ချောင်းထဲမှာ သွေးအရသာများဖြင့် ပြည့်နေသည်။ သူ့နှလုံးသားထဲမှာ
ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုတစ်ခုက ပေါ်လာသည်။
'ယဲ့ဆွေ အခု ဘယ်လိုနေလဲ?
သူမအသက်ရှင်သေးလား? သူမ ဒီလောက်ထိ သွေးမထွက်ဖူးဘူး ... '
ချန်ရှု့က ယဲ့ဆွေကို
ကြည့်လိုက်သည်။ သူက ပါးစပ်ကိုဖွင့်လိုက်ပြီး သူမရဲ့နာမည်ကို ခေါ်လိုက်ချင်သည်။ ဒါပေမယ့်
အသံမထွက်နိုင်အောင်ထိ သူ့လည်ချောင်းက ခြောက်သွေ့လွန်းနေသည်။
ချန်ရှု့သည် စက္ကန့်အနည်းငယ်မျှရပ်ပြီး
“ ယဲ့…ဆွေ…” လို့ ခက်ခက်ခဲခဲ အော်ခေါ်လိုက်သည်။
သူက ယဲ့ဆွေကို
မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ပုံမှန်အားဖြင့်
သူမက နှုတ်ခမ်းကိုကွေးပြီး ခေါင်းကိုလှည့်ကာ "ဘာဖြစ်လို့လဲ? " လို့ သူ့ကိုပြန်ပြောကာ
ပြုံးပြလိမ့်မည်။
ယခုမူ ယဲ့ဆွေက
ထိုနေရာတွင် အေးစက်စွာ အိပ်နေလေသည်။ လေထုက
တိတ်ဆိတ်နေဆဲ ဖြစ်ပြီး သူမမျက်လုံးမဖွင့်သလို ပြန်လည်းမဖြေခဲ့ပေ။
ချန်ရှု့ရဲ့ နှလုံးသားထဲ
ကြောက်ရွံ့မှုက တစ်ဖန်ပြန်လည်တောက်ပလာပြီး သူ့ကျောပြင်ရဲ့ တစ်လက်မပြီး တစ်လက်မ ဖြည်းဖြည်းချင်းပျံ့နှံ့လာသည်။
သူကများသောအားဖြင့်
ယဲ့ဆွေကို မည်သည့်ထိခိုက်နစ်နာမှုနှင့် နာကျင်မှုများမခံစားစေခဲ့ပေ။ ဒါပေမယ့်အခုတော့ သူက သူမကိုပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
သူ သူမကို ပြောစရာတွေ
အများကြီးရှိသေးသည်။ ယဲ့ဆွေက သူခံစားချက်နဲ့
သူတို့နှစ်ဦးရဲ့ အနာဂတ်ကိုမသိခဲ့ပေ။
ချန်ရှု့က သူ့စိတ်ခံစားချက်ကို
တည်ငြိမ်စေပြီး သူမကိုသာ“
ယဲ့ … ဆွေ …” လို့ထပ်ခါတလဲလဲ ခေါ်နေခဲ့သည်။
သူ့အသံက နောက်စက္ကန့်ပိုင်း၌
ပြိုကွဲသွားမည့် သံကြိုးလို ဖြစ်နေသည်။
ပြတင်းပေါက်များဆီမှ
မိုးစက်သံများနှင့်အတူ ကားကတိတ်ဆိတ်နေခဲ့သည်။ ယဲ့ဆွေက စကားမပြောလာပေ - သူမက မျက်လုံးမှိတ်ထားခဲ့ပြီး
အသက်မဲ့နေခဲ့သည်။
ချန်ရှု့ နှလုံးသားက
ချောက်ထဲကျသွားပြီး အဆုံးမဲ့ကြောက်ရွံ့မှုက သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ ဆောင်းက အေးသော်လည်း သူ့နှလုံးသားက ပိုအေးလာသည်။
သူကထိတ်လန့်ကြောက်ရွံ့တယ်
_ ယဲ့ဆွေ သေဆုံးသွားမှာကို ကြောက်သည်။
သူ့လက်က ဂရုတစိုက်ဆုပ်ကိုင်ရင်း
သူမခန္ဓာကိုယ်နားရောင်သွားတာနဲ့ တုန်လှုပ်သွားခဲ့သည်။ သူက ယဲ့ဆွေ မျက်နှာကိုလက်ဖြင့်
တို့ထိချင်သည်။ သူမခေါင်းမှာသွေးတွေ အများကြီးထွက်နေပြီး
သူဒါကိုရှင်းပစ်ချင်သည်။
ချန်ရှု့က သူ့လက်မောင်းကို
ခက်ခက်ခဲခဲမြှောက်လိုက်သော်လည်း အကွာအဝေးတစ်ဝက်ကိုပင် မဖုံးနိုင်ခဲ့ပေ။
ယဲ့ဆွေ သူ့အနားမှာရှိနေတာ
သိသာသည်။ သူကအနည်းငယ် မြှောက်ဖို့သာ လိုအပ်ပြီး
သူမသူ့ကိုထိနိုင်သည်။ ဒါပေမယ့် ဒီအနီးကပ်အကွာအဝေးမှာတောင်မှ သူကအခုရွှေ့ဖို့ တော်တော်ခက်ခဲနေသည်။
ချန်ရှု့က သူ့လက်ကိုဆက်မြှင့်လိုက်ပြီး
၎င်းက ယဲ့ဆွေနဲ့ ပိုနီးကပ်လာသည်။
သူက ယဲ့ဆွေပါးကို
မထိခင်ဒုတိယအကြိမ်မှာ သူ့ခွန်အားက ကုန်သွားပြီး သူ့လက်ကအားနည်းသွားသည်။ ပင်ပန်းနွမ်းနယ်ခြင်းနှင့် နာကျင်ခြင်းတို့က သူ့ကိုရိုက်ခတ်သွားပြီး
မျက်လုံးများကိုမှိတ်ကာ အမှောင်ထုထဲသို့ကျသွားလေသည်။
ဤမှောင်မိုက်သောည၌
မိုးကသည်းထန်စွာရွာသွန်းခဲ့ပြီး ရပ်တန့်မသွားခဲ့ပေ။ နံနက်စောစောတွင် ပေ့ထန် လမ်း၌ ပြင်းထန်သော ကားမတော်တဆမှုတစ်ခု
ဖြစ်ပွားခဲ့သည်။
သံသယဖြစ်ဖွယ် ပြစ်မှုကျူးလွန်သူက
သြဇာလွှမ်းမိုးမှုအောက်တွင် မောင်းနှင်နေခဲ့တယ်လို့ သံသယရှိခဲ့ပြီးဒဏ်ရာရသူနှစ်ဦးမှာ
အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး နှစ်ဦးလုံးက ယခုအခါသတိမေ့နေခဲ့သည်။
ခဏအကြာတွင် လူနာတင်ယာဉ်က
ရပ်တန့်သွားပြီး တံခါးများပွင့်လာကာ သုံးယောက်လုံးကို ကယ်ဆယ်ဖို့ ဆေးရုံကိုခေါ်ဆောင်သွားသည်။
ချန်ရှု့နဲ့ ယဲ့ဆွေတို့က လုမြို့ကို သွားချိန်မှာ ဝမ်ချွမ်းက သူတို့နှင့်နီးတဲ့ မြို့၌စီးပွားရေးခရီးတစ်ခု သွားနေခဲ့သည်။ လုံ့လရှိတဲ့ ၀န်ထမ်းတစ်ဦးလို သူကဤမြို့၏သတင်းများကို
အခါအားလျော်စွာ အာရုံစိုက်ခဲ့သည်။
ယဲ့ဆွေနဲ့ အခြားသူများက
သတိကြီးစွာထားကြသော်လည်း သတင်းအချို့ပေါက်သွားပါက ဝမ်ချွမ်းက သတင်းကို မြန်မြန်ဆန်ဆန်
ပိတ်ပစ်လိုက်နိုင်သည်။
သတင်းတွင် ဘာမျှမရှိတာကြောင့်
ချန်ရှု့နဲ့ ယဲ့ဆွေတို့က သူတို့ခရီးတွင် အတော်လေး ပျော်ရွှင်သင့်သည်။
ဝမ်ချွမ်းက ညနေစာအတွက်
သူကိုယ်တိုင် လူပျိုကြီးရဲ့ အသင့်စားခေါက်ဆွဲခြောက်တစ်ခွက်ကိုပြုတ်ဖို့ ပြင်ဆင်တော့မည့်အချိန်၌
သူ့ရဲ့ဖုန်းကမြည်လာခဲ့သည်။
တိုင့်ကျီ ဖုန်းခေါ်လာတာကို
မြင်တာနဲ့ သူကဖုန်းကိုကောက်ကိုင်လိုက်ပြီး မီးဖိုချောင်ကို ဦးတည်လိုက်သည်။ "ဘာမှားလို့လဲ? ငါ့ကိုတစ်ခုခုကြောင့် ရှာနေတာလား? "
တိုင့်ကျီရဲ့ လေသံက
စိုးရိမ်ပူပန်နေခဲ့သည်။ " ချန်ရှု့နဲ့ ယဲ့ဆွေတို့ ကားမတော်တဆမှုဖြစ်ခဲ့တယ်"
ဝမ်ချွမ်းရဲ့ ခြေလှမ်းက
ရပ်တန့်သွားပြီး သူ့ဖုန်းကိုချလုနီးပါးဖြစ်သွားသည်။ "ဘာ? ဘာတွေဖြစ်နေတာလဲ? ငါ့ကိုပြောဦး!"
တိုင့်ကျီက ယဲ့ဆွေရဲ့ကိုယ်စားလှယ်ဖြစ်သည်။
ယဲ့ဆွေ မတော်တဆမှုတစ်ခုဖြစ်တဲ့ ထိုအချိန်က ပါပါရာဇီ တစ်ယောက်က ဓာတ်ပုံတစ်ပုံရိုက်ခဲ့သည်။
ပါပါရာဇီက ထိုသတင်းကို
ချက်ချင်းထုတ်ဖော်ခဲ့ခြင်းမရှိပေ။ အဲဒီအစားသူက
တိုင့်ကျီနဲ့ညှိနှိုင်းခဲ့ပြီးအမြတ်ရမယ့် အခွင့်အရေးကို အခွင့်ကောင်းယူချင်ခဲ့သည်။
ဒါပေမယ့် ပါပါရာဇီက
ယဲ့ဆွေ လူတစ်ယောက်နဲ့ချိန်းတွေ့နေတယ်လို့ ထင်ခဲ့သည်။ ထိုသူက ဟွာရွေ့ရဲ့ဥက္ကဌ ချန်ရှု့ ဖြစ်တာကို သူမသိခဲ့ဘူး။ သို့ဆိုလျှင် သူလူသိရှင်ကြား
ကြေငြာဖို့က သေချာလိမ့်မည်။
ဝမ်ချွမ်း အသံက
နိမ့်သွားခဲ့သည်။ “ ငါ အဲဒီလူနဲ့ဆက်သွယ်လိုက်မယ်။
ငါတို့ပိုက်ဆံဘယ်လောက်ပဲသုံးရသုံးရ ငါတို့ဒီသတင်းကို နှိမ်နင်းရမယ် ”
ဝမ်ချွမ်းက ပါပါရာဇီကို
စကားအနည်းငယ်ဖြင့် ငြိမ်သက်စေပြီး နှုတ်ပိတ်ကြေး တစ်ခုပေးခဲ့သည်။ သူကသတ်မှတ်ထားတဲ့ပမာဏကို လူကိုယ်တိုင်ညှိနှိုင်းလိမ့်မည်။
သူက ပါပါရာဇီကို
အလားတူ သတင်းအရင်းအမြစ်များမှ ကူညီတားဆီးဖို့လည်း တောင်းဆိုခဲ့သည်။ မဟုတ်ရင် သူက တခြားသူတွေကို ဝေမျှဖို့လိုလိမ့်မည်။
ဝမ်ချွမ်းနဲ့ တိုင်ကျီတို့က
လေယာဉ်လက်မှတ်များကိုချက်ချင်း ၀ယ်ခဲ့ပြီး လုမြို့ကို အလျင်မြန် ပြေးခဲ့ကြသည်။ သူတို့က ဆေးရုံတံခါးနားမှာ တွေ့ဆုံပြီးအဆောက်အဦးထဲကို
အတူတူ ၀င်သွားခဲ့သည်။
ပါပါရာဇီများက
ဆေးရုံကို ၀န်းရံထားသော်လည်း ဝမ်ချွမ်းက အုပ်ချုပ်ရေးကို အကြောင်းကြားပြီးဖြစ်သည်။ မသက်ဆိုင်တဲ့ ဝန်ထမ်းများကို ချန်ရှု့နဲ့ယဲ့ဆွေရဲ့
လူနာခန်းထဲဝင်ခွင့်မပြုပေ။
ပါပါရာဇီက ဝမ်ချွမ်းကို
တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း နှုတ်ဆက်လာသည်။ "စီနီယာဝမ်"
ဝမ်ချွမ်းက စိတ်ပူနေပြီး
ချန်ရှု့ရဲ့ အခြေအနေကိုကြည့်ချင်ပေမဲ့ သူကအပြုံးကို ဖျစ်ညှစ်ပြဖို့ လိုသေးသည်။
“ ငါတို့က ငါတို့ရဲ့စကားကို
စောင့်ထိန်းပြီး သတင်းကို ၀ယ်မယ်။ မင်းမလိုအပ်ဘဲနဲ့
တခြားအရာတွေကို မလုပ်မိဖို့ ငါမျှော်လင့်ပါတယ်။ ” ဝမ်ချွမ်းရဲ့ နောက်ဆုံးစကားက ပါပါရာဇီအား
အခြားသူများကို သတင်းမရောင်းဖို့ သတိပေးခြင်းနှင့်ညီမျှသည်။
ပါပါရာဇီက ငွေပေါင်းများစွာစုထားပြီး၊
ဟွာရွေ့၏ လူများအား ဤသေးငယ်သော အကျိုးကျေးဇူးများအတွက် သူဒေါသထွက်မည်မဟုတ်ပေ။ သူသဘာဝအတိုင်းသဘောတူလိုက်ပြီး နှုတ်ပိတ်ခကို ယူပြီး
ထွက်သွားသည်။
ပါပါရာဇီ ထွက်သွားချိန်မှာ
ဝမ်ချွမ်းရဲ့ တစ်ကိုယ်လုံးငြိမ်သက်သွားပြီး ဓာတ်လှေကားကို တက်လိုက်သည်။ အထပ်အရေအတွက်များလာသည်နှင့်အမျှ သူ့နှလုံးခုန်သံက
ပိုပြင်းထန်လာသည်။
ဓာတ်လှေကားတံခါးပွင့်လာသည်နှင့်အမျှ
ဝမ်ချွမ်းသည် အမြန်ထွက်လာခဲ့သည်။ သူကအခန်းကို
ပထမဆုံးရောက်သွားတဲ့ တိုင့်ကျီကိုကြည့်လိုက်သည်။
"အခြေအနေဘယ်လိုလဲ? ပြဿနာတစ်ခုခုရှိလား?
"
တိုင့်ကျီက ခေါင်းယမ်းလိုက်သည်။ “ သူတို့ကမေ့မြောနေတုန်းဘဲ။ ချန်ရှု့အခြေအနေက အနည်းငယ် ပိုကောင်းတယ်။ နောက်ဆုံးတော့
ယဲ့ဆွေက စတီယာရင်ကိုလှည့်လိုက်ပြီး ကားကို သူမဆီ တိုက်ရိုက်တိုက်စေခဲ့တာ "
"ဒါဆို ယဲ့ဆွေ
အခြေအနေက သိပ်မကောင်းဘူးပေါ့။ သူမက ခွဲစိတ်မှုလုပ်ရနိုင်ချေ
ရှိတယ်လား ”
ဝမ်ချွမ်းက သူ့စိတ်ကိုတည်ငြိမ်အောင်
ထိန်းထားပေမယ့် သူ့လက်ကမလွှဲမရှောင်သာ တုန်နေဆဲပဲ။ "ငါ ယဲ့ဆွေ အမေကို အရင်ခေါ်ပြီး လာဖို့သူ့ကိုအကြောင်းကြားလိုက်မယ်"
တိုင့်ကျီက ဝမ်ချွမ်းရဲ့
ရည်ရွယ်ချက်ကိုအနည်းနှင့်အများခန့်မှန်းမိသည်။ သူ့အသံက ဆူညံသွားသည်။ "ကောင်းပြီ၊ မင်းသွားလိုက် "
ဝမ်ချွမ်းက စင်္ကြံထောင့်
လျှောက်သွားပြီး ရှောင်လျိုရဲ့ ဖုန်းကိုခေါ်ကာ ယဲ့ဆွေ အမေကိုအကြောင်းကြားဖို့ တောင်းဆိုခဲ့သည်။
သူက ယဲ့ဆွေနဲ့
ချန်ရှု့ရဲ့ ဆက်ဆံရေးကို ဖိနှိမ့်ခဲ့သော်လည်း မတော်တဆမှုကို သူ တမင်တကာနှိမ်နင်းလို့
မရပေ။
မကြာခင်အင်တာနက်ပေါ်တွင်
သတင်းတစ်ပုဒ်ပေါ်လာခဲ့သည်။
[ယဲ့ဆွေက လုမြို့တွင်
ဆိုးရွားသောကားမတော်တဆမှုတစ်ခုခံစားခဲ့ရပြီး မေ့မြောနေခဲ့ကာ သူမအသက်အန္တရာယ်စိုးရိမ်ရသည်
]
စာရဲ့အောက်ခြေမှာ ကားမတော်တဆမှုရဲ့ ဓာတ်ပုံတစ်ပုံရှိသည်။ ထိုအချိန်တွင် မတော်တဆမှုက အလွန်ကြေကွဲဖွယ်ကောင်းပြီး
ကားတိုက်ခံရပြီး ပုံပျက်နေသည်။
ဒီသတင်းရဲ့တွန်းအားကြောင့်
အင်တာနက်ပေါ်ကထင်မြင်ချက်တွေက ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။ ကွန်ယက်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
ဤအဖြစ်အပျက်၏ အသွားအလာ
ပမာဏကကြီးလွန်းပြီး ကွန်ယက်တစ်ခုလုံး၌ အပူအပင်မဲ့ဆွေးနွေးမှုဖြစ်စေခဲ့သည်။ အင်တာနက်သုံးစွဲသူများက
ဝေ့ပေါ်ရှိဆက်စပ်အကြောင်းအရာများကို ကလစ် နှိပ်၍ ဝေ့ပေါ်စနစ်ကိုကျဆင်းစေသည်။
"အို ဘုရားသခင်
ယဲ့ဆွေက သူမရဲ့ရုပ်ရှင်ကို ပြီးအောင်မလုပ်ခဲ့ဘူးလား? စတူဒီယိုက သူမကိုအားလပ်ရက်တောင်ပေးတယ်။
သူမရဲ့ ရုတ်တရက် ကားမတော်တဆမှုက ဘာလို့လဲ?"
"ဘုရားရေ။ ကျေးဇူးပြုပြီး ယဲ့ဆွေကို ကာကွယ်ပေးပါ။ မင်းရဲ့ဇာတ်ကားသစ်ဖြန့်ချိဖို့ ငါစောင့်နေတုန်းပဲ။
အနာဂတ်မှာ မင်းရဲ့လက်ရာတွေကို ပိုပိုပြီးမြင်ရလိမ့်မယ်။ အစစအရာရာ အဆင်ပြေလိမ့်မယ်လို့
ငါ့ကိုကတိပေးပါ! "
"တောင်းပန်ပါတယ်။
ယဲ့ဆွေ ငါမင်းကို အရင်ကဲ့ရဲ့ခဲ့တာမဖြစ်သင့်ဘူး။ ငါမင်းအတွက် နေ့တိုင်းဆုတောင်းပေးမယ်၊ မင်းလုံခြုံစွာနိုးထလာလိမ့်မယ်လို့
ငါမျှော်လင့်ပါတယ် ”
အင်တာနက်သုံးစွဲသူများကလည်း
ယဲ့ဆွေ အတွက်နေ့တိုင်းဆုတောင်းလျက် ဖိုရမ်၌အထူး ပိုစ့် တစ်ခုတင်ခဲ့သည်။ သူတို့က သူမရဲ့ကုမ္ပဏီ
ဝေ့ပေါ် ရဲ့အကောင့်ကနေ ယဲ့ဆွေ ရဲ့အခြေအနေကိုနေ့တိုင်းမေးကြလိမ့်မည်။
ဟွာရွေ့ ပြည်သူ့ဆက်ဆံရေးဌာနက
အွန်လိုင်းတုံ့ပြန်မှုကိုမြင်ပြီး တရားဝင် ဝေ့ပေါ်တွင် ၎င်းတို့၏ ကြေငြာချက်ကို ချက်ချင်းထုတ်ပြန်ခဲ့သည်။
“ ဆရာဝန်တွေက သူမကိုကယ်ဆယ်ဖို့
အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ သတင်းရှိရင် ငါတို့ ဟွာရွေ့ ကုမ္ပဏီက မင်းတို့ကို အမြန်ဆုံးပြောပေးပါ့မယ်
”