လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၉၄ - ခံစားချက်
ထိုညတွင် မိုးကသည်းထန်စွာရွာသွန်းခဲ့သည်။
ထူထပ်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေသောကောင်းကင်က ကြယ်များ၊ လများမပါဘဲ မဲမှောင်နေသည်။
မိုးကသည်းထန်စွာရွာသွန်းပြီး မြေပြင်ကို ရိုက်ချလိုက်သည်။
ကောင်းကင်တစ်ပြင်လုံး၌ မိုးကကန့်လန့်ကာလို ဖုံးလွှမ်းသွားသည်။
ရာသီဥတုက ပိုပိုပြီးမှောင်လာပြီး လူတွေရဲ့နှလုံးသားကို အောက်ကို ညွှတ်ကျစေသည်။
အကြောင်းပြချက် မရှိဘဲ သူတို့ကိုအာရုံလွဲစေခဲ့ပြီး သူတို့ အတွေးများကိုလည်း ကမောက်ကမဖြစ်ခဲ့သည်။
ဆေးရုံအပြင်ဘက်တွင် သတင်းထောက်များက ဝန်းရံထားတာကြောင့် ဟွာရွေ့ ကုမ္ပဏီက လုံခြုံရေးအစောင့်များ ချထားပြီးဖြစ်သည်။ သူတို့က ပါပါရာဇီတွေ ဝင်မလာအောင် ဆေးရုံရဲ့အပေါ်ဆုံးထပ်ကို အလုံပိတ်ထားသည်။
ညဉ့်နက်ချိန်၌ ဆေးရုံက ငြိမ်သက်သွားသည်။ ကြီးမားတဲ့ တံခါးကြီးတစ်ခုက ဆူညံသောလေနှင့် မိုးကိုပိတ်လိုက်သည်။
လူနာအားလုံး အိပ်ပျော်သွားကြသည်။
ရံဖန်ရံခါ ညတာဝန်ကျဆရာဝန်များနှင့် သူနာပြုဆရာမအချို့ကို တွေ့မြင်နိုင်သည်။
လူနာခန်းတစ်ခုတွင် ပိုးသတ်ဆေးနံ့တစ်ခုနှင့် ပြည့်နေပြီး ကန့်လန့်ကာများကြောင့် လရောင်ကိုမှုန်ဝါးဝါးသာမြင်ရသည်။
လူနာအ၀တ်ကို ဝတ်ထားတဲ့ အမျိုးသားက ခုတင်ပေါ်တွင်အိပ်နေကာ မီးအိမ်သေးသေးလေးကိုသာ ဖွင့်ထားခဲ့သည်။
မှိန်ဖျော့သောအလင်းရောင်က သူ့မျက်နှာကိုတောက်ပစေခဲ့သည်။
ချန်ရှု့ သတိလစ်သွားခဲ့သည်။ သူ့မျက်လုံးများကို ပိတ်ထားပြီး မျက်ခုံးများကကြုတ်နေကာ အိပ်မက်ဆိုးမက်နေပုံရသည်။
မိုးက ပြတင်းပေါက်ဘောင်ကို ရိုက်ခတ်နေပြီး ပျော့ပျောင်းတဲ့ အမှုန်အမွှားကိုဖြစ်စေသည်။
သတိမေ့မြောနေတဲ့ ချန်ရှု့က သူငယ်စဉ်က စွန့်ပစ်ခံရခဲ့တဲ့ ညကိုပြန်ရောက်သွားခဲ့သည်။
ချန်ရှု့လေးကို သူ့အမေ ရှန်းယွင်က အခန်းထဲမှာပိတ်လှောင်ထားပြန်သည်။
တံခါးကိုအပြင်ဘက်မှ သော့ခတ်ထားပြီး အခန်းထဲရှိအလင်းရောင်က မှိန်နေသည်။ ချန်ရှု့လေးက သေးငယ်သည့် ဘောလုံးတစ်လုံးလို ကောက်ကွေးသွားပြီး ထောင့်၌ပုန်းအောင်းနေခဲ့သည်။
ပြင်းထန်တဲ့ လေပြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မုန်တိုင်းက ပြတင်းပေါက်ကိုထိလာခဲ့သည်။
ပြတင်းပေါက်ဘောင်မှ အသံထွက်လာချိန်မှာ ချန်ရှု့လေးက ပိုကြောက်ရွံ့လာသော်လည်း အသံမထွက်ရဲသလို စကားလည်းမပြောရဲပေ။
ဤအချိန်၌ အပြင်ဘက်မှ အငြင်းအခုံသံထွက်လာသည်။ ၎င်းက ရှန်းယွင်နဲ့ သူ့အဖေ ဖြစ်သည်။ ရှန်းယွင်ရဲ့ အသံကမြင့်မားလာပြီး သူမရဲ့ စူးရှတဲ့ အသံက သူတို့အိမ်ထောင်ရေး၌ မကောင်းသောအရာမျိုးစုံကို ဝေဖန်ခဲ့သည်။
ခရီးဆောင် သေတ္တာတစ်လုံးကို ကြမ်းပြင်ပေါ်ဆွဲတင်သံနှင့် မြေပြင်အနှံ့ဘီးခနဲ မြည်သံများကြားမှ ရှန်းယွင်က နောက်ဆုံးစာကြောင်းတစ်ကြောင်းကို ချန်ထားခဲ့သည်။
"သွားတော့မယ် ကျွန်မကို ဘယ်တော့မှလာမရှာနဲ့! "
ချန်ရှု့လေးက ကြမ်းပြင်ပေါ်မှထကာ ပိတ်ထားတဲ့ တံခါးဆီသွားလိုက်သည်။ သူကတံခါးကို တွန်းလိုက်ပြီး“ မသွားပါနဲ့။ သားကိုထားမသွားပါနဲ့ ”လို့ပြောနေခဲ့သည်။
သူ့အိမ်မက်ဆိုးကို ခေါင်းကိုပြန်မြှင့်လာစေပြီး ချန်ရှု့ရဲ့ တစ်ကိုယ်လုံးက အေးစက်လာသည်။ သူ့လေးလံတဲ့ မျက်ခွံများက သူ့အားဖိကပ်ထားသည်။
ထိုချမ်းအေးတဲ့ ဆောင်းရာသီမှာ ချန်ရှု့က
သူမည်မျှကြာအောင် တံခါးခေါက်ခဲ့သည်ကို မမှတ်မိပေ။ အေးခဲနေသော အအေးဓာတ်က သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။
အိပ်မက်ဆိုးက သူ့ကိုခြောက်လှန့်နေပြီး မျက်လုံးတွေကိုမဖွင့်နိုင်ခဲ့ဘူး။
ရုတ်တရက် ချန်ရှု့က ယဲ့ဆွေ မျက်နှာကို သတိရသည်အထိပဲ။
ယဲ့ဆွေရဲ့ သတ္တိက အလွန်သေးငယ်သည်။ သရဲတစ္ဆေများကို မြင်နိုင်စွမ်းရှိတာကြောင့် သူမသူတို့ကိုမြင်ရသည်ကို အကြောက်ဆုံးဖြစ်ခဲ့သည်။ သူမကြောက်ရွံ့တဲ့အခါတိုင်း သူ့အနားမှာရှိနေမှာ။
သရဲခြောက်တဲ့
ပြည်သူ့ကုန်တိုက်ကြီးထဲမှာ၊ သရဲတစ္ဆေတွေပြည့်နေတဲ့ ဘတ်စ်ကားအလွတ်တွေ၊ ရေသရဲဒဏ္ဌာရီတွေရှိတဲ့မြို့… ယဲ့ဆွေ သူ့ဆီကိုချဉ်းကပ်လာတဲ့အခါတိုင်း သူမလုပ်ရပ်တွေကို သူနားလည်မှုလွဲခဲ့သည်။
ယဲ့ဆွေရဲ့ ဇာတိမြို့က မြို့၏ ရှုပ်ထွေးပွေလီမှုနှင့်ဝေးပြီး တိတ်ဆိတ်အေးချမ်းသည်။
ညနေခင်းလမ်းမပေါ်၌ ဆည်းဆာအလင်းရောင်က အိမ်အပြန်လမ်းကိုဖုံးလွှမ်းနေသည်။
သူတို့နှစ်ယောက်အတူတူ လမ်းလျှောက်ရင်း နေရောင်က ဖြည်းဖြည်းချင်းကျလာသည်။
ယဲ့ဆွေက သူ့အတိတ်ဒဏ်ရာများကို ပြန်လည်ပြုပြင်ပေးခဲ့ပြီး ချန်ရှု့က တကယ့်အိမ်ဆိုတာဘာလဲဆိုတာနောက်ဆုံးတော့ သိလိုက်သည်။
အတိတ်က သူ့ကိုမထိခိုက်နိုင်တော့ဘူး။
ချန်ရှု့ ဦးနှောက်က နာကျင်လာသည်။ နှစ်ယောက်စလုံးအရက်မူးနေတဲ့ညက အစိတ်စိတ်အမွှာမွှာတွေ ပြန်ပေါ်လာခဲ့သည်။
အရက်သောက်နိုင်စွမ်းအားနည်းခဲ့တဲ့ သူတို့ဇနီးမောင်နှံက သူတို့အတွေးများကို အရက်မူးနေချိန်၌ ပြောခဲ့သည်။ ကိုယ် မင်းကိုကြိုက်သည်။
ကောင်းတဲ့ အမှတ်တရများက တစ်ခုပြီးတစ်ခုပြန်လည်တောက်ပလာသည်။
သူတို့က ပြန်လည်ပြသခြင်းနှင့်တူသည်မဟုတ်ဘဲ ရှည်လျားတဲ့ နှုတ်ဆက်မှူလိုမျိုး ။ ရုတ်တရက် ပြင်းထန်တဲ့ နာကျင်မှုတစ်ခုက သူ့နှလုံးသားကို သတိပေးနေပြီး သူတစ်ခုခုကိုမေ့သွားသလိုမျိုးပဲ။
ချမ်းအေးတဲ့ညမှာ သူတို့ကားက လမ်းပေါ်မှာမောင်းလာသည်။ ဆူညံသံများနှင့်အတူ ချန်ရှု့ရဲ့ စိတ်ထဲတွင် ချိုမြိန်ပြီးအေးမြတဲ့ ယဲ့ဆွေရဲ့ အသံက သူ့စိတ်ထဲတွင်ပေါ်ထွက်လာသည်။
"ချန်ရှု့ ကျွန်မ ရှင့်ကို ကြိုက်တယ်"
မငြိမ်မသက်ဖြစ်နေချိန်တွင် ချန်ရှု့က သူ့ မျက်လုံးများကို ပြင်းပြင်းထန်ထန်ဖွင့်လိုက်သည်။
သူ့မှုန်ဝါးနေတဲ့ အမြင်အာရုံက တဖြည်းဖြည်းကြည်လင်လာသည်။ သူ့ ဦးခေါင်းအထက်၌ အဖြူရောင်မျက်နှာကျက်ရှိနေပြီး မရေမတွက်နိုင်တဲ့ အဖြူရောင် ရောင်ခြည်များဖြင့် ဝန်းရံနေပုံရသည်။
နိုးလာတော့ ရေငတ်တဲ့ဝေဒနာက သူ့တစ်ကိုယ်လုံးကိုပြည့်သွားပြီး နာကျင်နေခဲ့သည်။
ဒါပေမယ့် ချန်ရှု့ကသူ့ကိုယ်သူဂရုမစိုက်ဘူး။ သူက သူ့ကိုယ်သူ ထောက်ခံပြီးထထိုင်လိုက်သည်။
ယဲ့ဆွေ ကော?
အခု သူမဘယ်လိုနေလဲ?
ချန်ရှု့ လှည့်ပတ်ကြည့်လိုက်ရာ ထိုအကျွမ်းတဝင်ပုဂ္ဂိုလ်ကို ရှာရန်ပျက်ကွက်ခဲ့သည်။ သူ့ရင်ဘတ်က တင်းကျပ်လာပြီး သူ့နှလုံးသားကလည်း နာကျင်လာသည်။
အခန်းအပြင်ဘက်တွင် ရပ်စောင့်နေတဲ့ တိုင့်ကျီက မှန်ပြတင်းပေါက်မှ ချန်ရှု့ကိုမြင်လိုက်ရသည်။ သူကသူ့ဆီကို အလျင်အမြန်သွားပြီး စကားပြောဖို့လုပ်နေသည်။ ဒါပေမယ့် ချန်ရှု့ရဲ့စိတ်ကူးကို ချက်ချင်းနားလည်လိုက်သည်။
"ယဲ့ဆွေက အရေးပေါ်ခန်းထဲမှာ ရှိနေတုန်းပဲ။
သူမက ခွဲစိတ်ဖို့လိုကောင်းလိုနိုင်တယ် ” တိုင့်ကျီ မျက်မှောင်ကြုတ်လိုက်သည်။
"ငါ သူ့အမေကို ဆက်သွယ်ပြီး ဒီနေရာကိုခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားတယ်"
ချန်ရှု့ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာမရှိသဖြင့် သူက ယာယီသတိလစ်သွားရုံသာဖြစ်သည်။
ယဲ့ဆွေက အခုလောလောဆယ် ပဏာမစစ်ဆေးမှုတစ်ခုလုပ်ထားသည်။ ချန်ရှု့ နိုးလာချိန်မှာ သူမကိုစစ်ဆေးတာကပြီးသွားပြီး ဆရာဝန်က ခွဲစိတ်ရန်လိုတယ်လို့ ပြောလာသည်။
ချန်ရှု့က ချက်ချင်း အိပ်ရာမှထလိုက်သည်။
"အရေးပေါ်ခန်း ဘယ်မှာလဲ? "
"ချန်ရှု့ ဆရာဝန်က မင်းကောင်းကောင်းအနားယူသင့်တယ်လို့ ပြောထားတယ်" တိုင့်ကျီ လေသံက စိုးရိမ်နေသည်။
"ဝမ်ချွမ်းက အရေးပေါ်ခန်းမှာ နေနေတယ်"
ချန်ရှု့က နောက်လှည့်မကြည့်ဘဲ အခန်းထဲမှ ထွက်လာစဉ် ဘာမှမကြားလိုက်ပုံရသည်။
တိုင့်ကျီက အမြန်လိုက်လာသည်။ သူတို့နှစ်ဦးအရေးပေါ်ခန်းတံခါးကို ရောက်ချိန်မှာ ဆရာဝန်က ဝမ်ချွမ်းနဲ့
စကားပြောနေတာကို တွေ့လိုက်ရသည်။
အဖြူရောင်အကျီနှင့် နှာခေါင်းစည်းကို ၀တ်ထားသောဆရာဝန်က ထွက်လာပြီး မျက်မှောင်ကြုတ်ထားသည်။
"ခွဲစိတ်မှုလုပ်ဖို့ ယဲ့ဆွေရဲ့ မိသားစုဝင် လက်မှတ်ထိုးမှရမယ်"
ဝမ်ချွမ်း အံ့သြသွားသည်။ သူတို့က ယဲ့ဆွေရဲ့ မိသားစုကိုဆက်သွယ်ခဲ့ပေမဲ့ သူမရဲ့အမေက ဒီလိုအချိန်တိုလေးအတွင်းမှာ ဆေးရုံကိုမလာနိုင်ဘူး။ အခုသူတို့ဘာလုပ်သင့်လဲ?
ဆရာဝန်ကဆက်ပြီး မေးလာသည်။
"ယဲ့ဆွေ ရဲ့မိသားစုဒီမှာရှိလား?"
ဝမ်ချွမ်းက ခေါင်းကိုခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်ချိန် သူ့နောက်မှရင်းနှီးတဲ့ အသံတစ်ခုရုတ်တရက်ရုတ်တရက် ထွက်ပေါ်လာသည်။
"ကျွန်တော်ဒီမှာပါ" တိတ်ဆိတ်နေသည့် စင်္ကြံလမ်းကြား၌အသံက ကြည်လင်နေသည်။
ဝမ်ချွမ်းက အံ့သြသွားသည်။ သူလှည့်ကြည့်လိုက်ရာ နိုးနေပြီဖြစ်တဲ့ ချန်ရှု့က ထိုနေရာတွင်ရပ်နေတာကိုတွေ့လိုက်ရသည်။ ဝမ်ချွမ်း သက်ပြင်းချလိုက်သည်။
"ဥက္ကဌ နောက်ဆုံးတော့ မင်းနိုးလာပြီ"
ချန်ရှု့က ဆရာဝန်ကိုကြည့်လိုက်ပြီး သူ့ရဲ့ပြတ်သားတဲ့အသံနဲ့ ဆက်ပြောလာသည်။
"ငါက ယဲ့ဆွေ ရဲ့ခင်ပွန်းပါ"
ဆရာဝန်ရဲ့ မျက်မှောင်ကြုတ်ထားမှုက အနည်းငယ်သက်သာသွားပြီး ချန်ရှု့ကိုပြောလာသည်။
"ငါနဲ့အတူ လိုက်ပြီး ဖောင်ကို လက်မှတ်ထိုးပေးပါ "
ချန်ရှု့က ဆရာဝန်နောက် လိုက်သွားပြီး ဝမ်ချွမ်းနဲ့တိုင့်ကျီကို အပြင်မှာထားခဲ့သည်။
နောက်ဆုံးတွင် သူတို့က အသိဝင်လာပြီး မျက်လုံးကျယ်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
ဝမ်ချွမ်းက မယုံကြည်နိုင်ဖြစ်နေသည်။
"မင်းအစောက ရှင်းရှင်းလင်းလင်း ကြားလိုက်လား?"
တိုင့်ကျီ ခေါင်းညိတ်လိုက်သည်။
“ မင်း နားက ပြဿနာမရှိဘူး။
ချန်ရှု့ နဲ့ ယဲ့ဆွေတို့ လက်ထပ်ထားတယ်လို့ ငါကြားလိုက်တယ် "
ထို့ကြောင့် အရေးပေါ်ခန်းတွင် အိပ်နေတဲ့သူက ဟွာရွေ့၏ အကျော်ကြားဆုံး အနုပညာရှင်သာမက ဟွာရွေ့၏ သူဌေးကတော်လည်းဖြစ်သည်။
ဒီအဖြစ်အပျက်သာ ပေါက်ကြားခဲ့ရင် ဒါကအာရုံခံစားမှုကိုဖြစ်စေလိမ့်မည်။ သူတို့က ဒီကိစ္စကို ပြင်ပကမ္ဘာက သိမှာမဟုတ်တာ သေချာဖို့အတွက် လက်ရှိဆရာဝန်တွေနဲ့သူနာပြုတွေကို ဆက်သွယ်ရမည်။
ယဲ့ဆွေနဲ့ ချန်ရှု့တို့ရဲ့ ပြန်လည်ထူထောင်ရေးကာလတွင် လူထုကြားဝင်နှောင့်ယှက်ခြင်းမှ ရှောင်ကြဉ်ရမည်။
ချန်ရှု့က ဆရာဝန် ရုံးခန်းမှထွက်လာခဲ့သည်။ ဒါပေမယ့် ဝမ်ချွမ်းနဲ့ တိုင့်ကျီတို့က ဘာမှမမေးခဲ့ပေ။
သူတို့က သူ့ကိုအဖော်လုပ်ပြီး ခွဲစိတ်ခန်းတံခါးနားမှာ အတူတူထိုင်ကြသည်။
အချိန်တွေ မိနစ်တွေ စက္ကန့်တွေက ကုန်လွန်လာသည်။
သူမည်မျှကြာအောင် စောင့်ခဲ့သည်ကို သူမသိသော်လည်း အခန်းတံခါးက ဖွင့်မလာသေးပေ။
ခွဲစိတ်ခန်းအပြင်ဘက်တွင် ချန်ရှု့ကစိုးရိမ်တကြီးစောင့်နေသည်။
သူကပါးလွှာတဲ့ လူနာ၀တ်စုံကို ၀တ်ထားပြီးညဉ့်နက်နေပြီဖြစ်သည်။
လေအေးများတိုက်ခတ်မှုက စင်္ကြံကိုရံဖန်ရံခါ ဖြတ်သန်းသွားလိမ့်မည်။
ဝမ်ချွမ်းက ချန်ရှု့ဆီ အင်္ကျီတစ်ထည်ယူလာသည်။
"ဥက္ကဌ မင်းရဲ့ခန္ဓာကိုယ်ကို မပင်ပန်းစေနဲ့"
သူ့နောက်ဝါကျမှာ ယဲ့ဆွေ အဆင်ပြေမှာပါ။
ဝမ်ချွမ်းက ပြောချင်ပေမယ့် ရပ်လိုက်တယ်။
ယခုလိုအခိုက်အတန့်တွင် ချန်ရှု့ကို နှစ်သိမ့်မှုက ယဲ့ဆွေ
ပြင်းထန်စွာဒဏ်ရာရထားတယ်ဆိုတဲ့ သတိပေးချက်တစ်ခုသာဖြစ်သည်။
ယန်လန်က သူမအိမ်နီးချင်းများနှင့် ညစာစားနေစဉ်သူမဖုန်းကိုလက်ခံရရှိခဲ့သည်။ ယဲ့ဆွေက အိမ်ကိုမကြာခဏ မလာနိုင်သဖြင့် သူမက တစ်ခါတစ်ရံအိမ်နီးချင်းများကို စကားပြောဖို့ ဖိတ်ခေါ်ထားသည်။
ယန်လန်က အစားအစာနှင့် အဝတ်အစားများအတွက်စိတ်မပူရတော့ချေ။ ယဲ့ဆွေ သူမကိုပေးတဲ့ ငွေကိုသူမအပြည့်အဝမသုံးနိုင်ပါ။ ယန်လန်က သူမအားငွေမပို့ဖို့ ပြောချိန်တိုင်း ယဲ့ဆွေက နောက်ဆုံးအကြိမ်လို့ ပြောလိမ့်မည်။
သူမအကြိမ်အနည်းငယ် ညည်းညူသော်လည်း သူမက ယဲ့ဆွေရဲ့ စိုးရိမ်မှုကိုသူမသိသည်။ သူမအားလပ်ချိန်တိုင်း ယဲ့ဆွေက ချန်ရှု့နဲ့ သူမအား တွေ့ဖို့လာလိမ့်မည်။
ဘာမှစိတ်ပူစရာမလိုဘူး၊ အခု သူမကတော်တော်ငယ်လာပုံရသည်။
“ မင်းမှာကောင်းတဲ့ဘဝရှိတယ်။ မင်းရဲ့သမီးက မင်းအတွက် အရမ်းတာဝန်ကျေတယ်” လို့အိမ်နီးချင်းကသိသာထင်ရှားစွာပြောသည်။
ယန်လန်က ပြုံးပြီးထပ်ခါထပ်ခါခေါင်းညိတ်သည်။
ညစာမစားခင် သူမဖုန်းက ရုတ်တရက် မြည်လာသည်။
ယန်လန်က ခေါ်ဆိုလာသူရဲ့ ID ကိုတစ်ချက်ကြည့်လိုက်ပြီး "ရှောင်လျို့ ဘာကိစ္စလဲ? " လို့အပြုံးလေးနဲ့ ပြောခဲ့သည်။
ရှောင်လျို့က အသက်ပြင်းပြင်းရှူလိုက်သည်။
“ အန်တီ၊ စိတ်အေးအေးထားပြီး စကားကိုအရင်နားထောင်လိုက်ပါ။ အရမ်းစိတ်မပူပါနဲ့ ”
ယန်လန်က ထိတ်လန့်သွားပြီး သူမခြေထောက်များက ချက်ချင်းထရပ်မိသွားသည်။ သူမက စိတ်ချင်ဆက်သွယ်နိုင်နေသလိုပဲ။
"ယဲ့ဆွေ တစ်ခုခုဖြစ်နေလို့လား? "
ရှောင်လျို့ရဲ့ လေသံကလေးလံနေသည်။
"အင်း ယဲ့ဆွေ ကားမတော်တဆမှုဖြစ်ပြီး သတိလစ်နေတုန်းပဲ"
ယန်လန်ရဲ့ မျက်လုံးများက မည်းမှောင်သွားပြီး သူမခန္ဓာကိုယ်က ပျော့ခွေသွားသည်။ သူမက သူ့ကိုယ်သူတည်ငြိမ်နိုင်ဖို့ စားပွဲအစွန်းကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး သူမအသံက တုန်ယင်နေကာ မျက်ရည်များလည်း စီးကျလာခဲ့သည်။
"သူမဘယ်ဆေးရုံမှာလဲ? ငါသူမကိုသွားတွေ့မယ် "
ရှောင်လျို့က ဆေးရုံနာမည်ကို ပြောလာသည်။
“ အခု သမီး အန်တီ့ဆီ ရောက်ခါနီးပြီ။
တစ်ယောက်ယောက်က သမီးတို့ကိုလာခေါ်ပြီး ဆေးရုံခေါ်သွားလိမ့်မယ် ”
ဖုန်းကိုချပြီးနောက်မှာ ယန်လန်က သူမစိတ်ကပျောက်ဆုံးသွားပြီး အပြင်ကိုထွက်လာခဲ့သည်။
"မြန်မြန်လုပ်၊ မြန်မြန်လုပ် ငါ့သမီးဆေးရုံရောက်နေတယ် "
ကံကောင်းထောက်မစွာနဲ့ အိမ်နီးနားချင်းက သူတို့စကားပြောသံကို အနည်းငယ်ကြားရပြီး ယန်လန်ရဲ့ ထူးဆန်းတဲ့ အသွင်အပြင်ကို သတိပြုမိသည်။ သူမချက်ချင်း ယန်လန်ကို ဆုပ်ကိုင်ထားလိုက်ပြီး ရှောင်လျိုနဲ့ ထွက်မသွားခင် သူမနှင့်အတူစောင့်နေခဲ့သည်။
ရှောင်လျို့နဲ့ယန်လန်တို့က ချန်ရှု့ရဲ့ ကိုယ်ပိုင်လေယာဉ်ဖြင့် တိုက်ရိုက်ထွက်ခွာသွားသည်။ ယန်လန်က အာရုံပြောင်းနေတာကြောင့် ကိုယ်ပိုင်ဂျက်လေယာဉ် ဘယ်ကလာလဲ၊ ဘယ်သူ့ဟာလဲ ဆိုတာကို သတိမပြုမိခဲ့ပေ။
ယန်လန်ရဲ့ စိတ်က ယဲ့ဆွေရဲ့ လုံခြုံမှုအပေါ်တွင်သာ ရှိနေပြီး သူမဘာဖြစ်နေလဲသိချင်သည်။
ယန်လန်က မကြာခင်မှာပဲ လုမြို့ရှိဆေးရုံကို ရောက်လာသည်။
ပါပါရာဇီက ဆေးရုံအပြင်ဘက်တွင် ထိုင်နေသည်။ ယန်လန်ကိုမြင်တာနှင့်တပြိုင်နက် သူမကိုဓာတ်ပုံရိုက်လိုက်ကြသည်။
တည်ငြိမ်တဲ့ မျက်နှာနဲ့ ရှောင်လျို့က ယန်လန်ကိုခက်ခက်ခဲခဲဖြင့် ဆေးရုံထဲ၀င်စေသည်။
ယန်လန်က အထဲကိုဝင်လိုက်တာနဲ့ ချက်ချင်းပဲ ပါပါရာဇီက ဝေ့ပေါ်မှာပို့စ်များစွာတင်ခဲ့သည်။
[ယဲ့ဆွေကြောင့် အသည်းကွဲနေတဲ့ သူမအမေက သူမကိုနောက်ဆုံးအကြိမ်လာတွေ့တယ်။ ]
[နာမည်ကျော်မင်းသမီး ယဲ့ဆွေက စိုးရိမ်ရတဲ့ အခြေအနေတွင်ရှိနေသည်။
သူမဒီညရှင်သန်နိုင်ပါ့မလား? ]
ယဲ့ဆွေနဲ့ ပတ်သက်တဲ့ ဘယ်လိုအကြောင်းအရာမဆို ယခုတွင်အစွန်းရောက်တဲ့ ဆွေးနွေးမှုတစ်ခုဖြစ်စေနိုင်ကြောင်း ပါပါရာဇီကသိသည်။
ဤဆွဲဆောင်မှုရှိတဲ့ ဝေ့ပေါ်၏ပို့စ်များကို ဖြန့်ချီလိုက်တာနဲ့ တပြိုင်နက် အင်တာနက်သုံးသူများစွာက လျင်မြန်စွာ ၀င်လာပြီး ဤမရိုးသားသော ပါပါရာဇီကို စတင်ဝေဖန်ကြသည်။
"ယဲ့ဆွေက သတိလစ်နေတယ်။ ဒါပေမယ့် သူတို့ကဒီသတင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ တင်နေတယ် "
"ဆရာဝန်က ဘာမှမပြောသေးဘူး၊ ဒါပေမယ့် ဒီ ပါပါရာဇီတွေက ယဲ့ဆွေကို ကျိန်ဆဲဖို့မစောင့်နိုင်တော့ဘူး။
သူတို့မှာ သမာဓိမရှိကြတော့ဘူးလား?
"
“ သူတို့က ယဲ့ဆွေရဲ့အမေကို ဓါတ်ပုံရိုက်ရဲတယ်။
သူမသမီးက မတော်တဆမှုတစ်ခုဖြစ်တာကြောင့် သူမစိုးရိမ်နေတယ်လေ။
ဒါအပြင် သူမနောက်ကျနေပေမယ့် ဒီအရာကို သူမရင်ဆိုင်ခဲ့ရတယ်။ ဒါကတကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ ”
“ ကိုယ်ကျင့်တရားချို့တဲ့ရင်တောင် ဒါကိုမင်းမလုပ်နိုင်ဘူး။ ယဲ့ဆွေက စိုးရိမ်ရတဲ့အခြေအနေမှာ ရောက်နေပြီဖြစ်ပေမယ့် စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက်ကို ရိုက်ဖို့ မင်းမစောင့်နိုင်တော့ဘူးပေါ့လေ ”
အင်တာနက်သုံးစွဲသူ အားလုံးက ယဲ့ဆွေ ဘက်မှာရပ်ပြီး ဒီဓာတ်ပုံတွေကိုရိုက်တဲ့ ပါပါရာဇီကို ဆူပူကြိမ်းမောင်းကြသည်။
လူအချို့က ယဲ့ဆွေ ရဲ့ကားမတော်တဆမှုကိုအခွင့်ကောင်းယူချင်ကြသည်။
သို့သော်လည်း trolls (ပေါချောင်ချောင်) များ ဖန်တီးတဲ့ ကောလာဟလများကို အင်တာနက်သုံးစွဲသူများက မှောက်လှန်ခဲ့သည်။
သူတို့က ယဲ့ဆွေကို ဘယ်သူ့မှ ပစ်မှတ်ထားဖို့ ခွင့်မပြုခဲ့ဘူး။
ဆန့်ကျင်ဘက်အနေနဲ့ ယဲ့ဆွေက မမျှော်လင့်ဘဲ စာနာမှုမဲများစွာကို ဆွဲထုတ်နိုင်လိုက်သည်။
သူမကိုမနှစ်သက်သူများက ယဲ့ဆွေ သရုပ်ဆောင်သည့် အစီအစဉ်များနှင့်တီဗီဇာတ်လမ်းတွဲများကို သွားကြည့်ပြန်သည်။
“ သရုပ်ဆောင်” တွင် ယဲ့ဆွေရဲ့ ဖျော်ဖြေတင်ဆက်မှုက ပြီးပြည့်စုံမှုရှိတာကို သူတို့တွေ့ရှိခဲ့သည်။
သူမသရုပ်ဆောင်တာကို မမြင်ဘဲသူတို့က သူမကိုမသိမသာရိုက်နှက်ခဲ့သည်။
ယဲ့ဆွေရဲ့ ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များတွင် ပြသသောဖျော်ဖြေမှုများက ကနဦးထင်ခဲ့သည့် အရာများနှင့်ကွဲပြားခြားနားသည်။
သူတို့ရဲ့ပင်ကိုယ်စရိုက်ကို သူတို့နားလည်တဲ့အခါ သူမကဇာတ်ရုပ်ရော၊ သရုပ်ဆောင်ပိုင်းမှာပါ တကယ်ကိုကောင်းတယ်ဆိုတာကို သူတို့တွေ့ရှိခဲ့သည်။
ဒီလောက်ကောင်းတဲ့သရုပ်ဆောင် တစ်ယောက်သာ ဒီအတိုင်းသေသွားရင် ယဲ့ဆွေ အတွက် သူတို့လုပ်ခဲ့တဲ့ပျက်စီးမှုတွေကို ကုစားလို့မရတော့ဘူး။
သူမကြောင့် အကြီးအကျယ် အနှောင့်အယှက်ဖြစ်ခဲ့တယ် ဆိုတာကို ယန်လန်ကမသိခဲ့ဘူး။ သူမအနေနဲ့အဲဒါကို စိတ်ပူဖို့အချိန်မရှိသလို ခွဲစိတ်ခန်းအပြင်ဘက်ကိုသာ တစ်လမ်းလုံး လက်တွေ့ကျကျပြေးခဲ့သည်။
ခွဲစိတ်ခန်းတွင် မီးများလင်းနေဆဲဖြစ်ပြီး ခွဲစိတ်မှုက ဆက်လက်လုပ်ဆောင်နေသည် ယဲ့ဆွေက အန္တရာယ်မရှိတော့ပေ။
ယန်လန်၏ ခြေထောက်များက အားနည်းသွားပြီးမြေပြင်ပေါ်တွင် ဒူးထောက်လုနီးပါးဖြစ်သွားသည်။ ချန်ရှု့က သူမကို ဆုပ်ကိုင်ဖို့ ရှေ့တစ်လှမ်းတိုးလာပြီး ခွဲစိတ်ခန်းအပြင်ဘက် ထိုင်ခုံ၌ သူမကိုထိုင်ဖို့ကူညီခဲ့သည် ။
ချန်ရှု့ လက်ကို ယန်လန်က ဆွဲယူလိုက်ချိန် သူမရဲ့ အေးစက်နေတဲ့ အပူချိန်ကို သူခံစားလိုက်ရသည်။
"ဆရာဝန်က ဘာပြောသေးလဲ?"
ချန်ရှု့က အဆုံးမရှိတဲ့အပြစ်ကြောင့် ရေနစ်လုမတတ်ဖြစ်ခဲ့သည်။
အကယ်၍ နောက်ဆုံးတွင် ယဲ့ဆွေက သူ့ကိုကယ်တင်ဖို့ ကြိုးစားခဲ့ခြင်းမဟုတ်လျှင် အခြေအနေဖိုမျှ ဆိုးဝါးလိမ့်မည် မဟုတ်ပေ။
ယဲ့ဆွေက သူ့ကိုဝန်ခံတဲ့အချိန်မှာ သူကအာရုံမထားမိဘူးဆိုရင် ယဲ့ဆွေက ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။
ချန်ရှု့က ရုန်းကန်ပြီး ပြောလိုက်ရသည်။ “ ဆရာဝန်ကအစွမ်းကုန်ကြိုးစားနေပါတယ်။
အခြေအနေတွေပေါ်မှာမူတည်တယ် ”
တစ်စက္ကန့်အကြာတွင် ချန်ရှု့က ထပ်ပြောလာသည်။
"တောင်းပန်ပါတယ်။ ကျွန်တော် ယဲ့ဆွေကို မကာကွယ်နိုင်ခဲ့ဘူး။"
ယန်လန်ရဲ့ မျက်ရည်များက ကျဆင်းလာပြီး သူမခေါင်းယမ်းလိုက်သည်။
“ ကိုယ့်ကိုကိုယ်အပြစ်မတင်နဲ့
မင်းအလုပ်ကောင်းကောင်း လုပ်ပြီးပြီဆိုတာ ငါသိတယ်။ ”
ချန်ရှု့ခေါင်းက ဒဏ်ရာကို ယန်လန် သတိပြုမိသည်။
ချန်ရှု့ ဒဏ်ရာရတာကို သူမသိသည်။
သူ့ကိုယ်ပိုင်အခြေအနေရှိနေသော်လည်း သူက ဒီမှာရှိနေသေးသည်။
သူမက ချန်ရှု့ လက်ကိုပုတ်လိုက်သည်။
“ ကိုယ့်ကိုကိုယ်မတွန်းပို့ပါနဲ့။ အရင်အနားယူ
မားဒီမှာစောင့်နေမယ်။"
ချန်ရှု့က သဘောမတူဘူး။
သူက ခေါင်းကိုခါပြီးအခိုင်အမာပြောခဲ့သည်။ "ယဲ့ဆွေ ထွက်လာတဲ့အချိန်ထိ ကျွန်တော်ဒီမှာစောင့်နေမယ်။ သူမ အဆင်ပြေမှာသေချာပါတယ် "
ခွဲစိတ်ခန်းထဲမှာ မီးတွေလင်းနေတုန်းပဲ၊ ခွဲစိတ်မှုက မပြီးသေးဘူး။
လူအနည်းစုက ခွဲစိတ်ခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေကြပြီး ခွဲစိတ်မှုက အားလုံးကောင်းမွန်လိမ့်မယ်လို့ မျှော်လင့်နေကြကာ ယဲ့ဆွေ ပြန်ကောင်းလာပြီးဘေးကင်းလုံခြုံလိမ့်မယ်လို့ ထင်ရသည်။
နောက်ဆုံးတွင် ယဲ့ဆွေကို ခွဲစိတ်ခန်းမှ တွန်းထုတ်လာသည်။
သူမရဲ့ဖြူဖျော့ပြီး သွေးမရှိတဲ့ မျက်နှာကိုကြည့်လိုက်ချိန်မှာ ချန်ရှု့အသက်ရှူရပ်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးက နာကျင်မှုသည် ယခုပြန့်နှံ့နေသော နာကျင်မှုနှင့်မယှဉ်နိုင်ပါ။
ယဲ့ဆွေကို အခန်းထဲတွန်းပို့လိုက်ပြီး ချန်ရှု့က သူမနဲ့ အနီးကပ်လိုက်ခဲ့သည်။
တိတ်ဆိတ်တဲ့ ည၌နံရံပေါ်တွင် တွဲလောင်းကျနေတဲ့ နာရီကဆယ့်နှစ်ချက်ကို ရိုက်ခတ်သွားသည်။
ယနေ့က ချန်ရှု့ရဲ့ အသက်၃၀ ပြည့်မွေးနေ့ဖြစ်သည်။
ယဲ့ဆွေက ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေပြီး ထိုသေဆုံးခြင်းကံကြမ္မာမှ လွတ်မြောက်ဖို့ ကူညီပေးခဲ့သည်။
ယဲ့ဆွေရဲ့ ခွဲစိတ်မှုက အလွန်အောင်မြင်တယ်လို့ ဆရာဝန်က ပြောပေမယ့် သူမကို ရက်အနည်းငယ်လောက် စောင့်ကြည့်ရဦးမှာဖြစ်သည်။
သူမ မနိုးနိုင်ရင် သူမက ဟင်းသီးဟင်းရွက် ဒါမှမဟုတ်..........တောင် ဖြစ်လာနိုင်တယ်။
ချန်ရှု့က စကားလုံးများနှင့် စိတ်ခံစားမှု အနည်းငယ်သာ ရှိတဲ့ လူတစ်ယောက်ဖြစ်သည်။ ဒါပေမယ့် သူ့သူငယ်ချင်းတွေက သူပထမဆုံးအကြိမ် ထိန်းချုပ်တာကို တွေ့လိုက်ရသည်။
ချန်ရှု့ အသက်သုံးဆယ်ပြည့်တဲ့ ပထမနေ့မှာ
ယဲ့ဆွေ နိုးမလာဘူး။
သူကမစားဘူး မအိပ်ဘူး။
သူက ယဲ့ဆွေ လက်ကိုဆုပ်ကိုင်ထားပြီး စကားတစ်လုံးမှမပြောဘဲ ဆေးရုံကုတင်ဘေးတွင် လွတ်လွတ်လပ်လပ်ထိုင်နေသည်။
ချန်ရှု့ အသက်သုံးဆယ်ပြည့်ပြီး နောက်တစ်နေ့တွင်လည်း ယဲ့ဆွေ မနိုးလာသေးပေ။
လူတော်တော်များများက သူ့ကိုဖျောင်းဖျခဲ့ပေမယ့် သူက နားမထောင်ခဲ့ဘူး။ ယဲ့ဆွေ အမေရဲ့တွန်းအားကြောင့် ချန်ရှု့ နောက်ဆုံးတော့ တစ်ခုခုစားခဲ့သည်။
ထို့နောက် သူက ယဲ့ဆွေကို စောင့်ရှောက်ပြီး ဆေးရုံကုတင်ဘေးတွင် ဆက်ထိုင်နေသည်။
ယဲ့ဆွေ သတိလစ်မေ့မျောသွားသော ရက်အနည်းငယ်အတွင်း ချန်ရှု့၏အခြေအနေက အလွန်ထိတ်လန့်စရာကောင်းလာသည်။
ချန်ရှု့ အသက်သုံးဆယ်ပြည့်ပြီး တတိယနေ့တွင်လည်း ယဲ့ဆွေ နိုးမလာသေးပေ။
ယဲ့ဆွေက မှုန်မှိုင်းသောအမှောင်၌ရှိနေပြီးသူမပတ်ပတ်လည်တွင် အနက်ရောင်များသာရှိသည်။
သူမမျက်လုံးဖွင့်လိုက်သောအခါ ညကဲ့သို့အမှောင်ထုက သူမ၏အမြင်အာရုံကို ဖုံးလွှမ်းသွားသည်။
သူမက သူမယခင်ဘ၀ကို ပြန်သွားဖို့အလွန်ရှည်လျားတဲ့ အိပ်မက်တစ်ခုမက်ခဲ့ပုံရသည်။
ဘယ်မိဘ၊ ဘယ်ဆွေမျိုးမှမရှိပဲ သူမတစ်ယောက်တည်းသာဖြစ်ပြီး သူမကိုလွမ်းတဲ့သူဘယ်သူမှမရှိပေ။
အမှောင်ထဲမှာ၊ ရင်းနှီးကျွမ်းဝင်တဲ့အသံတစ်ခုက ညမှာရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
အေးစိမ့်စိမ့်၊ သန့်ရှင်းတဲ့လေလိုမျိုး။
"ယဲ့ဆွေ မင်းကိုယ့်အသံကိုကြားနိုင်လား?"
သူမကို ဘယ်သူခေါ်တာလဲ?
"ယဲ့ဆွေ ဒါကသုံးရက်မြောက်နေပြီ။
မင်းဘာလို့မနိုးသေးတာလဲ?"
ယဲ့ဆွေက သူမလက်နောက်ဘက်မှ မျက်ရည်များစီးကျလာသည်ကို ခံစားလိုက်ရသည်။ သူမရဲ့ အေးစက်တဲ့ လက်နဲ့ဆန့်ကျင်ဘက်က မျက်ရည်တွေက ပူနွေးနေသည်။
ချန်ရှု့ သူမကိုစောင့်နေတာလား?
ချန်ရှု့ အသံကအနည်းငယ် ဆို့နင့်နေသည်။
သူကအောက်ကို ငုံ့လျက် ပုခုံးတွေက အလိုအလျောက် တုန်ယင်နေခဲ့သည်။
"ယဲ့ဆွေ အဲဒီညက မင်းပြောခဲ့တဲ့စကားကို ကိုယ်မှတ်မိတယ်"
“ ကိုယ်တို့ အရက်မူးတဲ့အချိန်က မင်းကိုယ့်ကိုကြိုက်တယ်လို့ပြောခဲ့တယ် ကိုယ်လည်း မင်းကိုပြန်ပြောခဲ့တယ်။ ဒါပေမယ့် ကိုယ်တို့ အရက်ကြောင့် မမှတ်မိခဲ့ကြဘူး
”
“ ကိုယ်က ဒီလောက်မြန်မြန် မမှတ်မိတဲ့သူတစ်ယောက်ဘဲ။
ဒါကြောင့် မင်း မမှတ်မိရင် ကိုယ်မင်းကိုနောက်ထပ်အကြိမ်အနည်းငယ်ပြောမယ်၊ ဟုတ်ပြီလား "
ချန်ရှု့က ယဲ့ဆွေရဲ့ လက်ကိုယူလိုက်သည်။ သူမရဲ့ဖြူဖွေးပြီး သေးသွယ်တဲ့ လက်ချောင်းများက မသိမသာကွေးညွတ်သွားသည်။ သူက သူမလက်ချောင်းများကိုဆန့်ထုတ်လိုက်ပြီး လက်နှစ်ဖက်ကိုယှက်လိုက်သည်။
"ကိုယ်လည်း မင်းကိုသဘောကျတယ်"
"ယဲ့ဆွေ ကိုယ် မင်းကို အချစ်ဆုံးဘဲ "
"မင်းက ကိုယ့်ရဲ့ အရေးကြီးဆုံးလူပါ"
သူက သူမကို ဘယ်လောက်ချစ်ကြောင်းနဲ့ သူမ မရှိရင်ဘယ်လိုမမှ မနေနိုင်ဘူးဆိုတာကို သူမကိုဖြည်းဖြည်းပြောခဲ့သည်။
“ မင်းမျက်လုံးကိုဖွင့်လိုက်ရင် ကိုယ်မင်းအတွက် အမြဲရှိနေပေးမှာ။"
ချန်ရှု့ရဲ့အသံက တောင်းပန်နေသလိုပဲ။ သူက ယဲ့ဆွေရဲ့ လက်ကိုဆုပ်ကိုင်ထားပြီး သူ့မြင့်မားတဲ့ ခန္ဓာကိုယ်က ဆေးရုံကုတင်အစွန်းတွင် ကွေးညွှတ်လျက် တောင်းပန်ခဲ့သည်။
"မင်းနိုးလာမှာလား? "
ယဲ့ဆွေ မျက်လုံးဖွင့်ပြီး ချန်ရှု့မျက်နှာကို ကြည့်ချင်သော်လည်း သူမမျက်ခွံများက တောင်များလို လေးလံနေသည်။
သူမက သူတို့ကို မမနိုင်ခဲ့ပေ။
သူမလက်လှမ်းပြီး သူလုံခြုံပြီးတာ သေချာအောင် ချန်ရှု့ကိုထိချင်သည်။
ဒါပေမယ့် တစ်ခုခုက ယဲ့ဆွေ ဆွဲခေါ်ပြီး သူမကိုအမှောင်ထဲကို တွန်းပို့နေပုံရသည်။
သူမကသူမရဲ့လက်တွေကို ဆန့်ထုတ်ဖို့အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့်သူမရဲ့လက်ချောင်းတွေကို ညင်ညင်သာသာဘဲ လှုပ်ရှားနိုင်ခဲ့သည်။
ယဲ့ဆွေက အလွန်ပင်ပန်းနေသော်လည်း ချန်ရှု့ကို ဖြေဖို့ သူမပါးစပ်ကိုဖွင့်ရအောင် ကြိုးစားခဲ့သေးသည်။
'ချန်ရှု့ ရှင်သိလား?'
'လောကမှာ ကျွန်မ အကြိုက်ဆုံး လူကလည်း ရှင်ပဲ'