လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၉၅ - ‘ကျွန်မရှင့်ကိုအရမ်းချစ်တယ်'
ချန်ရှု့ ခေါင်းငြိမ့်လိုက်သည်။
သူက ယဲ့ဆွေ လက်ချောင်းတွေက အနည်းငယ် လှုပ်ရှားနေတာကို ရုတ်တရက် ခံစားလိုက်ရပြီး နူးညံ့တဲ့ထိတွေ့မှုက သူ့အသားကို ညင်ညင်သာသာ ပွတ်တိုက်လာသည်။
သူက ယဲ့ဆွေ လက်ချောင်းတွေကို ယှက်ထားပြီး သူမခန္ဓာကိုယ်မှ သိမ်မွေ့တဲ့ လှုပ်ရှားမှုမှန်သမျှကို သူတစ်ပြိုင်နက် သတိပြုမိသည်။
သူရုတ်တရက်ခေါင်းမော့လိုက်ပြီး ယဲ့ဆွေ မျက်နှာကိုကြည့်လိုက်သည်။
ချန်ရှု့ စက္ကန့်အနည်းငယ်အကြာမှာ မှင်တက်သွားသည်။
ဖြစ်ပျက်ခဲ့သည့်အရာက အမှန်လို့သူမယုံကြည်ရဲပေ။ ယဲ့ဆွေ လက်ချောင်းတွေက လှုပ်ရှားသွားတာကို အမှန်လို့ သတိမပြုနိုင်ခင် မိနစ်ဝက်လောက်ကြာသွားသည်။
ချန်ရှု့ မျက်လုံးတွေက တောက်ပလာပြီး အိပ်ရာမှချက်ချင်းထလိုက်သည်။
သူ့ထိတ်လန့်မှုကြောင့် ချန်ရှု့က ဆရာဝန်ကိုခေါ်ဖို့ ခေါင်းလောင်းကိုတောင် မေ့သွားသည်။
အဲဒီအစားသူက အခန်းထဲကနေ ဖြောင့်ဖြောင့်တန်းတန်း လျှောက်သွားပြီး ဆရာဝန်ကိုအမြန်ရှာခဲ့သည်။
ချန်ရှု့ - "ယဲ့ဆွေ ရဲ့လက်လှုပ်သွားတာကို ငါခံစားရတယ်"
ထိုစကားကိုကြားရချိန်မှာ
ဆရာဝန်က အခန်းထဲ အမြန်သွားလိုက်သည်။ ယန်လန်နဲ့ ရှောင်လျိုတို့ကလည်း
နောက်မှ လိုက်လာပြီး ယဲ့ဆွေ နိုးလာဖို့မျှော်လင့်နေကြသည် ။
ယန်လန် - "ယဲ့ဆွေ နိုးလာလိမ့်မယ်"
"ယဲ့ဆွေရဲ့လက်ချောင်းက အစောကလှုပ်သွားတယ်။
သူမမကြာခင်နိုးလာမှာလား?
" ချန်ရှု့ကစိုးရိမ်ပူပန်စွာနဲ့ ဆရာဝန်ကိုမေးခဲ့သည်။
ဆရာဝန်က အတည်မပြုနိုင်တဲ့အဖြေကို မပေးခဲ့ဘူး။
သူကနိဂုံးမချုပ်ခင် စစ်ဆေးမှုအချို့ ပြုလုပ်ခဲ့သည်။ "ယဲ့ဆွေက နိုးလာမယ့်လက္ခဏာတွေ ပြပေမယ့် ၎င်းကို ရှင်းရှင်းလင်းလင်းမသိရသေးဘူး"
မေ့မြောနေခြင်းက ရောဂါရှာဖွေဖို့ ခက်ခဲသည်။ လူနာက ချက်ချင်းနိုးလာတာ (သို့) တစ်ချိန်လုံး အိပ်ပျော်နေတာ ဖြစ်နိုင်သည်။
ဆရာဝန်က ဤကဲ့သို့သော ကိစ္စများစွာကို မြင်ဖူးသည်။
သူကမိသားစုဝင်တွေရဲ့ မျှော်မှန်းချက်ကို မဖြည့်ဆည်းဘဲ အဖြစ်နိုင်ဆုံး ကောက်ချက်တွေထုတ်ပြီး သူတို့ကိုမလိုအပ်တဲ့ မျှော်လင့်ချက်တွေပေးလိမ့်မည်။
ယန်လန်နဲ့ ရှောင်လျို့တို့က ဆရာဝန်စကားကို ကြားချိန်မှာ ချက်ချင်းငိုကြွေးကြသည်။
သို့သော်လည်း သူတို့က ကျယ်လောင်စွာ အော်ဟစ်ဖို့မဝံ့ရဲကြဘဲ တိတ်တဆိတ်မျက်ရည်များသာ စီးကျနေကြသည်။
ချန်ရှု့ရဲ့ မျက်လုံးတွေက ခဏမှိန်ကျသွားသည်။
သူကအများကြီး ပြောဖူးတယ်၊ ဒါပေမယ့် ဒါကထင်ယောင်ထင်မှားဖြစ်ပုံရသည်။ သူ့အရင်ကတိတ်ဆိတ်မှုကို ပြန်လည်ရရှိခဲ့သည်။
ရှေ့ဆက်ရမည့်လမ်းက အကန့်အသတ်မရှိ၊ အရာခပ်သိမ်းကို မသိခဲ့သလို အဆုံးမရှိတဲ့ စောင့်ဆိုင်းမှုနှင့်မျှော်လင့်ချက်မဲ့မှုက ကြောက်စရာအကောင်းဆုံးဖြစ်သည်။
ချန်ရှု့က ကုတင်ဘေးတွင်ထိုင်ပြီး ယဲ့ဆွေကို မျက်တောင်မခတ်ဘဲကြည့်ကာ သူမရဲ့ နောက်ဆက်တွဲလှုပ်ရှားမှုအား စောင့်နေသည်။
ဤရက်များတွင် ချန်ရှု့က ယဲ့ဆွေရဲ့ အိပ်ရာနားတွင်ရှိနေပြီး သူကအခြားအရာများကို လုပ်ဖို့အချိန်မရှိပေ။ ဝမ်ချွမ်းက သူ့ဖုန်းတောင် ကူဖြေပေးခဲ့သည်။
ဝမ်ချွမ်း ဟိုတယ်မှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ ချန်ရှု့ ဘိုကင်တင်ထားတဲ့အခန်းက မနက်ဖြန်သက်တမ်းကုန်မှာဖြစ်ပြီး ၎င်းကိုသက်တမ်းတိုးမှာလား မတိုးဘူးလားဆိုတာ ဟိုတယ်မန်နေဂျာက သူ့ကိုပြောလာခဲ့သည်။
ဝမ်ချွမ်းက အစတုန်းကသူ့ကိုပြောပြချင်ခဲ့ပေမဲ့ ချန်ရှု့ရဲ့ဒီပုံကို မြင်လိုက်ရတဲ့အခါ သူ့မှာသူ့ကိုနှောက်ယှက်ဖို့စိတ်မရှိခဲ့ဘူး။ ဒါကြောင့် ဝမ်ချွမ်းက ဟိုတယ်ကို ကိုယ်တိုင်သွားခဲ့သည်။
ဝမ်ချွမ်း အခန်းထဲရောက်တာနဲ့ ကြမ်းပြင်ပေါ်မှာရော နေရာတိုင်းမှာပါ နှင်းဆီပန်းတွေကို သူဂရုတစိုက်ထားပုံရသည်။
ဒါပေမယ့် အခုတော့ သူတို့အားလုံးက လေထဲမှာလွင့်မျောသွားပြီး နှင်းဆီပွင့်ဖက်တွေရဲ့ပုံစံက ခွဲခြားလို့မရတော့ဘူး။
ဝမ်ချွမ်းက ဤအရာက ယဲ့ဆွေအတွက် ချန်ရှု့
ပြင်ဆင်ပေးခဲ့သည့် အံ့အားသင့်စရာဆိုတာကို သိသည်။
ဒါပေမယ့် သူမယာဉ်မတော်တဆမှုမဖြစ်ခင်မှာ ယဲ့ဆွေက ဒါကိုမမြင်ခဲ့ရဘူး။
ထို့ပြင် သူ့သူဌေးက သူမတုံ့ပြန်မှုကိုမမြင်ရသော်လည်း မိမိကိုယ်ကို အပြစ်တင်ခြင်းနှင့် နာကျင်ခြင်းတို့၌ ရှိနေခဲ့သည်။
ဝမ်ချွမ်း တစ်ယောက်ယောက်ကိုခေါ်ပြီး သူ့ခရီးဆောင်အိတ်ကို ဟိုတယ်ကိုယူသွားဖို့လုပ်လိုက်သည်။
ထို့နောက် သူချန်ထားမိခဲ့တဲ့ အရာကိုကြည့်ဖို့ အခန်းပတ်လည်ကို လျှောက်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူ့အကြည့်က စားပွဲပေါ်မှဘူးသေးသေးလေးတစ်လုံးပေါ်ကျသွားသည်။
ဝမ်ချွမ်းက ဘူးကိုဖွင့်လိုက်သောအခါ ဘူးအတွင်း၌ လက်စွပ်တစ်ကွင်းရှိနေတာကို တွေ့လိုက်ရသည်။
ဒီလက်စွပ်သည် ယဲ့ဆွေ အတွက်သာဖြစ်နိုင်သည်။
ဝမ်ချွမ်းက လက်စွပ်ကို ဂရုတစိုက် ယူပြီး ဆေးရုံသို့အမြန်ပြန်လာခဲ့သည်။
သူကတံခါးကို တွန်းဖွင့်လိုက်ချိန်မှာ ချန်ရှု့က သူ မထွက်သွားခင်က မူလအနေအထားအတိုင်း ဆက်လက်ထိန်းထားလျက် ယဲ့ဆွေ ဘေးနားမှာ မလှုပ်မယှက်ထိုင်နေသည်။
ချန်ရှု့ အကြည့်က ယဲ့ဆွေ အပေါ်တွင်သာ အမြဲရှိနေပြီးသူမရဲ့ သိမ်မွေ့တဲ့ တုံ့ပြန်မှုမှန်သမျှကို ဂရုစိုက်သည်။
သူမနိုးလာတာနဲ့ သူက ပထမဆုံးသိသူ ဖြစ်လာလိမ့်မည်။
“ဥက္ကဌ” ဝမ်ချွမ်းက ခက်ခက်ခဲခဲ ခေါ်လိုက်ရသည်။
ဝမ်ချွမ်းက သူ့ကိုခေါ်နေတာ ချန်ရှု့တုံ့ပြန်ဖို့ စက္ကန့်အနည်းငယ်ကြာခဲ့သည်။ သူကဖြည်းဖြည်းချင်းလှည့်လာပြီး သူ့ကိုကြည့်လာတယ်၊ သူ့မျက်လုံးတွေ လွတ်သွားပြီး အာရုံမစိုက်ထားဘူး။
ဝမ်ချွမ်းက ရှေ့ကိုတစ်လှမ်းတိုးလိုက်ပြီး သူ့အိတ်ထဲမှလက်စွပ်ဘူးကိုထုတ်ကာ ယဲ့ဆွေရဲ့ ခြေရင်း၌ထားလိုက်သည်။
"ဒါကငါဟိုတယ်ကနေ ပြန်ယူလာတဲ့အရာပဲ"
ဝမ်ချွမ်းက သူဌေးအားသူမနိုးလာသည်အထိရှိချင်တဲ့ ဆန္ဒရှိတာကိုသိတာကြောင့် အနားယူဖို့မတောင်းဆိုခဲ့ပေ။
ဝမ်ချွမ်းက လက်စွပ်ကိုချလိုက်ပြီး အခန်းထဲက ထွက်သွားသည်။
အခန်းတွင်းလေထုက တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြီး အအေးဓာတ်တူရိယာများကသာ အဆက်မပြတ်ဆူညံလာစေခဲ့သည်။
ခဏအကြာမှာ ချန်ရှု့က ကုတင်ဘေးရှိဘူးကိုကောက်ယူပြီး အဖုံးကိုဖွင့်လိုက်သည်။
၎င်းကို ချန်ရှု့စိတ်ကြိုက် ပြုလုပ်ခဲ့သည်။
သူက ယဲ့ဆွေ လက်အရွယ်အစားကို မှန်းဆခဲ့သော်လည်း ၎င်းနှင့်လိုက်ဖက်မှုရှိ၊ မရှိကိုမသိခဲ့ပါ။
ယဲ့ဆွေ ကိုဆေးရုံကုတင်ပေါ်တွင် ကြည့်နေရင်း ချန်ရှု့ မျက်လုံးများက မှေးမှိန်သွားပြီး ရုတ်တရက် စိတ်ကူးတစ်ခုပေါ်ထွက်လာသည်။
ချန်ရှု့က ဘူးကိုဖွင့်လိုက်ပြီး ကုတင်ဘေးက စားပွဲသေးသေးလေးပေါ်တွင် တင်လိုက်သည်။
ယဲ့ဆွေ လက်ကိုဂရုတစိုက် ကောက်ယူလိုက်ချိန်မှာ သူ့လက်ချောင်းတွေက အေးစက်လာသည်။ ချန်ရှု့က လက်စွပ်ကိုထုတ်လိုက်ပြီး ယဲ့ဆွေ ရဲ့လက်သူကြွယ်ကို စွပ်လိုက်သည်။
ယဲ့ဆွေရဲ့ လက်ချောင်းတွေက အလွန်သေးသွယ်တာကြောင့် လက်စွပ်က အလွယ်တကူ လျှောကျသွားသည်။
ချန်ရှု့နဲ့ ယဲ့ဆွေတို့ လက်ကိုကိုင်ချိန်တိုင်း အာရုံစိုက်မှုကိုသာ အဓိကထားလိမ့်မည်။ သူမက သူ့လက်ကို အကြွင်းမဲ့ဆုပ်ကိုင်ထားတာကို သူခံစားလိမ့်မည်။
သူကလက်စွပ် အရွယ်အစားက မှန်ကန်ကြောင်း၊ ၎င်းလက်စွပ်ကို ယဲ့ဆွေ လက်သူကြွယ်တွင်သာ ဝတ်ဆင်နိုင်ကြောင်း ပြောခဲ့သည်။
သို့သော်လည်း ယဲ့ဆွေက မတုံ့ပြန်လာပေ။
ချန်ရှု့က မှိန်ဖျော့နေတဲလ အလင်းအောက်တွင် ထိုင်လိုက်သည်။
အမှောင်က အဆုံးမဲ့ရှိတယ်လို့ သူအမြဲခံစားခဲ့ရပြီး ၎င်းမှထွက်၍ မရပါ။
ယဲ့ဆွေက တစ်နေ့မနိုးဘူးဆိုရင် သူက ဒီအမှောင်ထဲမှာအမြဲရှိနေလိမ့်မည်။
ခဏနေတော့ သူက လက်စွပ်ကိုချွတ်လိုက်သည်။
"ကိုယ်အခု မင်းကို လက်စွပ် မစွပ်ပေးသေးဘူး " စကားမပြောတာကြာပြီဖြစ်တာကြောင့် သူ့လည်ချောင်းက ရေပြတ်ခါနီးငါးတစ်ကောင်လို ခြောက်သွေ့နေသည်။ သူက လတ်ဆတ်တဲ့ လေကိုရှူရှိုက်ဖို့သာ ရုန်းကန်နိုင်သည်။
"ကိုယ် မင်းကို လက်စွပ်မဝတ်ပေးခင် မင်းနိုးလာတာ ကိုယ်စောင့်မယ်"
ချန်ရှု့က ကြောက်နေသည်။ ဆိုးဆိုးဝါးဝါးဖြစ်သွားမှာ သူကြောက်သည်။ သူက ယဲ့ဆွေကို ဤလက်စွပ်ကို စွပ်ပြီးနောက်မှာ သူမပျောက်ကွယ်သွားမှာကို သူစိုးရိမ်ခဲ့သည်။
ဒါကြောင့် သူက ယဲ့ဆွေနိုးလာတာ စောင့်ပြီးမှ သူမကို ထပ်ပြီးလက်ထပ်ခွင့်တောင်းလိမ့်မည်။
"ယဲ့ဆွေ ကျေးဇူးပြုပြီး နိုးလာပါတော့နော် "
ချန်ရှု့ အသံက ဆေးရုံအခန်း၏ တိတ်ဆိတ်မှုထဲသို့ ကျဆင်းသွားသော်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာမရလာပေ။
ယဲ့ဆွေက မေ့မြောနေဆဲဖြစ်သော်လည်း သူမ ရုပ်ပိုင်းဆိုင်ရာအခြေအနေက တိုးတက်ကောင်းမွန်လာခဲ့သည်။
ဆရာဝန်က နိုးထဖို့အလားအလာ မြင့်မားကြောင်းပြောခဲ့သည်။
ချန်ရှု့ ယဲ့ဆွေ အိပ်ပျော်နေသလိုဟန်ဆောင်ခဲ့ပြီး သူမနဲ့ တစ်ခန်းတည်းအတူနေခဲ့သည်။ သူကအနီးအနားရှိဆေးရုံကုတင်၌ ညဘက်အိပ်ခဲ့ပြီး သူနိုးလာတာနဲ့ ချက်ချင်း သူမအနားမှာရှိနေလိမ့်မည်။
ချန်ရှု့ လက်စွပ်ပြန်ယူခဲ့သည်မှာ လေးရက်မြောက်ရှိပြီဖြစ်သည်။ ခေါင်မိုးပေါ်မှ သူ့စီစဉ်မှုများက သူ့စိတ်ထဲတွင်ပြန်ပေါ်လာသည်။
ချန်ရှု့က ယဲ့ဆွေ မကြာခင် နိုးလာလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်သည်။
သူမနိုးလာပြီးနောက်မှာ မပြီးဆုံးသေးတဲ့ လက်ထပ်ခွင့်တောင်းတာကို
ဆက်လုပ်လိမ့်မည်။ ဒါပေမယ့်လည်း လူနာခန်းကို အရင်လိုဂရုတစိုက် အလှဆင်လို့မရပေ။
ချန်ရှု့က နှင်းဆီပန်းများ မ၀ယ်ခဲ့ပါ။
သူက သူတို့ကိုကောင်းကောင်းဂရုမစိုက်နိုင်မှာ ကြောက်သည်။
သူက ယခုအခြေအနေဆိုးဝါးနေသည့် ယဲ့ဆွေ နိုးလာပြီးနောက်မှာ ပန်းနံ့ကိုအနံ့ရချိန် မသက်မသာခံစားရမှာကို ကြောက်သည်။
ပြတင်းပေါက် အပြင်ဘက်ရှိ နေရောင်က တောက်ပနေပြီး ယဲ့ဆွေ ပါးပြင်ပေါ် ကျဆင်းလာသည်။
ဖြူဖျော့သောမျက်နှာ၊ နူးညံ့သိမ်မွေ့လှတဲ့ သူမက အပြင်ဘက်ရှိ တောက်ပတဲ့ နေထက်ပိုနုနယ်သည်။
ချန်ရှု့က ယဲ့ဆွေ မျက်နှာကိုကြည့်ပြီး မေးခဲ့သည်။ "ယဲ့ဆွေ မင်းနှင်းဆီပန်းကြိုက်လား? "
ဒါက သူ့ရဲ့စိတ်ကူးယဉ်မှုလားဆိုတာ သူမသိဘူး၊ ဒါပေမယ့် ယဲ့ဆွေရဲ့ မျက်တောင်ရှည်တွေက အနည်းငယ် လှုပ်သွားသည်။
ချန်ရှု့ မျက်တောင်ခတ်လိုက်ချိန်မှာ ယဲ့ဆွေက
သူမ၏မူလငြိမ်သက်ခြင်းကို ပြန်ရောက်သွားခဲ့သည်။
သူခေါင်းအနည်းငယ် ညိမ့်ပြလိုက်ပြီး ယဲ့ဆွေနဲ့ စကားစပြောခဲ့သည်။ "ဒါဆို ကိုယ်မင်းအတွက် နှင်းဆီပန်းတွေပေးမယ် အိုကေလား?
"
ချန်ရှု့က browser ကိုဖွင့်ပြီး အွန်လိုင်းသင်ခန်းစာတစ်ခုကို စစ်ဆေးခဲ့သည်။ သူ့လိုလူတွေအတွက် စက္ကူခေါက်ခြင်းက အရမ်းရှုပ်ထွေးသည်။
သူကအရူးအမူးဖြစ်ပြီး သူ့ပထမဆုံးနှင်းဆီကို နောက်ဆုံးမခေါက်မီ တစ်နာရီခန့်အလိုတွင် လှန်ပစ်လိုက်သည်။
ချန်ရှု့က အံဆွဲကိုဖွင့်လိုက်ပြီး နှင်းဆီပန်းကို ထည့်လိုက်သည်။ သူခဏလောက်စဉ်းစားဖို့ ခဏရပ်လိုက်ပြီး ထိုလက်စွပ်သေတ္တာကို အံဆွဲအလယ်၌ထားလိုက်သည်။
မွန်းလွဲပိုင်းမှ ညနေအထိ ချန်ရှု့က ယဲ့ဆွေ ကုတင်ရှေ့တွင်ထိုင်ပြီး သူမအတွက် နှင်းဆီပန်းများခေါက်သည်။
ယဲ့ဆွေ ပျင်းမှာကိုကြောက်နေသလိုပဲ သူကအလုပ်ရှုပ်နေရင်းနဲ့ သူမနဲ့စကားပြောခဲ့သည်။
ကုတင်ဘေးကစားပွဲသေးသေးလေးရဲ့ အံဆွဲထဲမှာ တစ်ခုပြီးတစ်ခု ခေါက်ထားတဲ့ နှင်းဆီပန်းတွေကို ထားထားသည်။
ချန်ရှု့ရဲ့ လက်ရှိအပြုအမူက ကလေးတစ်ယောက်လိုပင်။
သူ့ရဲ့လက်ထပ်ခွင့်တောင်းတာက တိုးတက်လာသည်နှင့်အမျှ ယဲ့ဆွေက အနည်းငယ်လောက် ပိုရှိသတိရှိလာလိမ့်မည်။
ငါးရက်မြောက်နေ့တွင်
ထိုညတွင် ချန်ရှု့က ဆန်ပြုတ် နည်းနည်းသောက်ပြီး ယဲ့ဆွေ ဘေးတွင်ပြန်ထိုင်ခဲ့သည်။
ယခင်နေ့များနည်းတူ ချန်ရှု့က ယဲ့ဆွေကို စောင်ခြုံပေးပြီး လှုပ်ရှားတဲ့
သဲလွန်စရှိ၊ မရှိစစ်ဆေးခဲ့သည်။
ချန်ရှု့က ယဲ့ဆွေ လက်ကို ယူပြီး မရေတွက်နိုင်အောင် မြင်နေရတဲ့ သူမမျက်နှာကို ကြည့်ဖို့မတ်တတ်ရပ်လိုက်သည်။
သူမ၏ထူးခြားချက်များကို သူ့နှလုံးသားတွင်နက်နက်ရှိုင်းရှိုင်းပုံသွင်းခဲ့သည်။
ယဲ့ဆွေ မျက်တောင်များက အနည်းငယ်ရွေ့သွားပြီး မျက်တောင်ခတ်လာသည်။
ချန်ရှု့က တောင့်တင်နေပြီး ယဲ့ဆွေမျက်နှာကိုကြည့်နေခဲ့သည်။ သူက မရဲတရဲနဲ့
"ယဲ့ဆွေ?" လို့ခေါ်လိုက်သည်။
သူမက ချန်ရှု့ ခေါ်တာကို ကြားရသလိုမျိုး ချန်ရှု့လက်ထဲက သူမလက်က အနည်းငယ် လှုပ်ရှားသွားပြီးသူမလက်သည်းများက သူ့အရေပြားကိုကုတ်လိုက်သည်။
ချန်ရှု့က ဒါကတစ်ကယ့်ကို ထင်ယောင်ထင်မှား မဟုတ်ဘူးဆိုတာကို သိသည်။
ယဲ့ဆွေ မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့ ချန်ရှု့ရဲ့ အကြည့်ကိုတွေ့လိုက်ရသည်။
သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေက အခုချိန်မှာ ခြေကုန်လက်ပန်းကျနေသလိုပဲ။
သူမကချူချာတဲ့ အသွင်အပြင်ရှိပေမယ့် သူမက လှပနေဆဲဖြစ်သည်။
သူမ ချန်ရှု့ကိုတွေ့တဲ့အခါမှာ စကားပြောဖို့အတွက် ပါးစပ်ကိုဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် လည်ချောင်းကခြောက်လွန်းလို့ ဘာအသံမှထွက်မလာခဲ့ဘူး။
“ဒေါက်တာ!”ချန်ရှု့ကို အပြင်ဘက်ကိုအော်လိုက်သော်လည်း ယဲ့ဆွေရဲ့ အိပ်ရာနားက သူ မခွာရဲပေ။
ချန်ရှု့က ယဲ့ဆွေ လက်ကိုမလွှတ်ချင်ဘဲ လွှတ်လိုက်ရသည်။ သူလွှတ်လိုက်ရင် သူမအရင်လို မျက်လုံးပြန်မှိတ်ပြီး မလှုပ်ဘဲကုတင်ပေါ် လှဲအိပ်မှာကို သူကြောက်သည်။
ချန်ရှု့က ဘဲလ်ကိုနှိပ်ပြီးတာနဲ့ ဆရာဝန်ကချက်ချင်းပြေးလာခဲ့သည်။
ဆရာဝန်ကြီးက ယဲ့ဆွေကို ခဏလောက် စစ်ဆေးပြီးနောက်မှာ အသေးစိတ်စမ်းသပ်မှုတွေ လုပ်လိမ့်မည်။
"မင်းရဲ့ခန္ဓာကိုယ်မှာ ဘာမှမဖြစ်တော့ဘူး။ ဒါပေမယ့် မင်းဒဏ်ရာကနေ ပြန်ကောင်းလာဖို့လိုသေးတယ်။"
ယဲ့ဆွေ လုံးဝသတိ ပြန်လည်သွားပြီဖြစ်ကြောင်း သေချာပြီးနောက် ရက်အနည်းငယ်လောက် လည်ချောင်းထဲ ပိတ်မိနေတဲ့ ချန်ရှု့၏နှလုံးက နောက်ဆုံးတွင် သက်သာရာရသွားသည်။
သို့မှသာ ချန်ရှု့က ယဲ့ဆွေ လက်ကိုလွှတ်လိုက်သည်။
သူ့လက်ဖဝါးက ချွေးများစို့နေပြီး စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုကြောင့်
ခံစားချက်များက ရောထွေးနေသည်။
ချန်ရှု့က သူမကိုရေနွေး နည်းနည်း တိုက်ကျွေးနေချိန်မှာ ယဲ့ဆွေက ဆေးရုံကုတင်ပေါ်ကို မှီလိုက်သည်။
ရေကသူမလည်ချောင်းကို ပြေလျော့စေပြီး လည်ချောင်းမှတဆင့်လျှောကျသွားသည်။
ယဲ့ဆွေ စကားပြောနိုင်တဲ့နောက်သူမက ချန်ရှု့နာမည်ကို ခေါ်ခဲ့သည်။
"ချန်ရှု့"
သူမ စကားမပြောရတာကြာပြီ ဖြစ်တာကြောင့် ယဲ့ဆွေရဲ့ မူလက သာယာချိုသာပြီး လှပတဲ့ အသံက ကွဲအက်နေကာ သူမရဲ့ လည်ချောင်းက နာလာခဲ့သည်။
"ကိုယ်ဒီမှာရှိတယ်" ချန်ရှု့က ယဲ့ဆွေ ကုတင်ဘေးတွင်ထိုင်လိုက်တာနဲ့ သူမမျက်လုံးများကို မှိတ်ထားလိုက်သည်။
သူက သူမကို မြင်လိုက်ရတဲ့ အရာကအမှန်ဖြစ်ကြောင်း သေချာစေရန် သူမလက်ချောင်းများကိုညင်သာစွာတို့ထိလိုက်သည်။
ယဲ့ဆွေက အကူအညီမဲ့စွာ ရယ်မောလိုက်သည်။
"ကျွန်မ အဆင်ပြေနေပါပြီ"
သူမခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာက နာကျင်နေဆဲဖြစ်ပြီး ယဲ့ဆွေက သူမခန္ဓာကိုယ်ပေါ်က ကားမတော်တဆမှုကြောင့်ကျန်ခဲ့တဲ့ အမှတ်အသားများကို ခံစားနိုင်ခဲ့သည်။
နာကျင်မှုက သူမကို အစစ်အမှန်ကမ္ဘာကို ပြန်လာခဲ့တာကို သတိရစေသည်။
အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ယန်လန်က လျင်မြန်စွာဝင်လာကာ မျက်ရည်များက ထိန်းမနိုင်သိမ်းမရကျဆင်းလာသည်။
"ယဲ့ဆွေ"
ယဲ့ဆွေက အပြုံးကိုဖျစ်ညှစ်လိုက်သည်။ "အမေ၊ စိတ်မပူပါနဲ့၊ အခု သမီးအဆင်ပြေပါတယ်"
သူတို့အားလုံးက ဒီအခိုက်အတန့်ကို အကြာကြီးစောင့်ခဲ့ရသည်။
ဝမ်ချွမ်းနဲ့ အခြားသူတွေလည်းလာပြီး ယဲ့ဆွေ လုံခြုံတာကို မြင်ပြီးနောက်မှာ သူတို့တစ်ဦးကိုတစ်ဦး မျက်တောင်ခတ်ကာ ထွက်ခွာသွားကြသည်။ ယန်လန်က သူနှင့်အတူ တံခါးကိုပိတ်ပြီး သူတို့စုံတွဲကို အခန်းထဲမှာချန်ခဲ့သည်။
အခုချိန်က ညဉ့်နက်နေပြီဖြစ်သည်။
ယဲ့ဆွေက ချန်ရှု့ကို ကြည့်လိုက်သည်။
ဒါကသူမရဲ့ထင်ယောင်ထင်မှား မဟုတ်ခဲ့ဘူး။ ချန်ရှု့က သူမ၏ရှေ့တွင် အမှန်ကို လုံခြုံစွာထိုင်နေသည်။
ထိုမြင်ကွင်းများက သူမစိတ်ထဲတွင် ထင်ဟပ်နေဆဲဖြစ်သည်။ ချန်ရှု့ သူ့အသက်သုံးဆယ်မတိုင်မီတွင် ဖြစ်ပျက်မည့် ကြီးမားတဲ့ ဘေးဒုက္ခကိုခံရလိမ့်မည်။
ယခုသူက ထိုအကျပ်အတည်းကနေ လွတ်မြောက်သွားပြီလား?
ယဲ့ဆွေ မေ့မြောနေတာက ကြာပြီ ဖြစ်၍ သူမစိတ်တွေလေးလံနေခဲ့သည်။
ခဏမျှမှီပြီးနောက်မှာ သူမအတွေးများက ရှင်းသွားသည်။
ဗေဒင်ဆရာမပြောတဲ့ စကားက သူမနားထဲတွင် ယနေ့ထိကြားနေရဆဲဖြစ်သည်။
သူမသေခြင်းမှကျဉ်းမြောင်းစွာ လွတ်မြောက်ခြင်းက သူမစကားများကိုအတည်ပြုလိုက်တာလား?
ယဲ့ဆွေ သတိမေ့မြောခြင်းမှနိုးလာပြီးနောက် သူမပထမဆုံးစဉ်းစားမိသူမှာ ချန်ရှု့ဖြစ်သည်။
တိတ်ဆိတ်တဲ့ အခန်းထဲ ချန်ရှု့နဲ့ယဲ့ဆွေက တစ်ယောက်ကိုတစ်ယောက်တွေးတောရင်း သော့ခတ်ထားလိုက်သည်။
ယဲ့ဆွေက မတော်တဆမှုမတိုင်ခင် ချန်ရှု့ကို သူမပြောခဲ့တဲ့စကားကို မှတ်မိနေသေးသည်။
သူမမျက်လုံးပြူးသွားပြီး တိုးတိုးလေးပြောပေမယ့် သူမ မမျှော်လင့်ထားတဲ့အရာက .....
သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာ ပြောလာခဲ့သည်။ “ မှတ်မိသေးလား မတော်တဆမှုမဖြစ်ခင်က......”
သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားပြီး မျက်လုံးတွေက မသိစိတ်က တွေ့ဆုံသွားခဲ့သည်။
သူတို့နှစ်ဦး စလုံးက အခြားသူဘာပြောချင်လဲဆိုတာကို ခန့်မှန်းမိပုံရသည်။ ယဲ့ဆွေက အဝေးကိုအမြန်ကြည့်လိုက်ပြီး ချန်ရှု့ ပထမဆုံးစကားပြောလာတာကို စောင့်နေခဲ့သည်။
ချန်ရှု့က ယဲ့ဆွေ ကိုကြည့်ပြီး ပြောခဲ့သည်။ "အဲဒီအချိန်တုန်းက ကိုယ် မင်းကို ဝန်ခံဖို့အဆင်သင့်ဖြစ်နေပြီ"
ယဲ့ဆွေ လန့်သွားသည်။ သူမနှုတ်ခမ်းကို ကွေးလိုက်ပြီး ချန်ရှု့ကို မော့ကြည့်ပြီး ပြောခဲ့သည်။ "ကျွန်မကောပဲ "
သူမ ချန်ရှု့ မျက်လုံးတွေကို တိုက်ရိုက်ကြည့်လိုက်ချိန် သူမအကြည့်က ပူလောင်လာသည်။ "ကုတင်ဘေးမှာ ရှင်ပြောသမျှကို ကျွန်မကြားတယ်"
ချန်ရှု့ -"မင်းသတိရှိနေခဲ့တယ် ဟုတ်တယ်မဟုတ်လား?
မင်းမထချင်သေးတာ ကိုယ်သိတယ် ... "
ချန်ရှု့က စာကြောင်းအလယ်၌ ရပ်လိုက်ကာတစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။
"ကိုယ် မင်းကို ပြစရာတစ်ခုရှိတယ် "
ယဲ့ဆွေ ခေါင်းညိတ်လိုက်သည်။ သူမထိုင်လိုက်ပြီး ချန်ရှု့ကို စောင့်နေခဲ့သည်။
အိပ်ရာရှေ့မှာ မီးသီးသေးသေးလေးတစ်လုံး ထွန်းထားပြီး ဘေးကစားပွဲဝိုင်းက အလင်းရောင်က လင်းလာသည်။
ချန်ရှု့က ခေါင်းငုံပြီး စားပွဲခုံအံဆွဲကို ဖွင့်လိုက်သည်။
အလင်းရောင်က မှောင်နေတဲ့ အံဆွဲပေါ် ပြန့်ကျဲသွားပြီး ၎င်းကိုထွန်းလင်းစေခဲ့သည်။
ယဲ့ဆွေ အံ့သြသွားသည်။
ခေါက်ထားတဲ့ နှင်းဆီပန်းများကို အံဆွဲအတွင်း၌ သပ်ရပ်စွာစီစဉ်ထားတာကိုကြည့်ပြီး
သူမမျက်လုံးများက တဖြည်းဖြည်းရွေ့လျားသွားသည်။
နှင်းဆီပန်းအလယ်၌ သူမတစ်ခါမှ မမြင်ဖူးတဲ့ အနီရောင်ကတ္တီပါ သေတ္တာတစ်လုံးရှိနေသည်။
ယဲ့ဆွေ ထပ်မံတုန်လှုပ်သွားသည်။ သူမသေတ္တာဘေးက စက္ကူနှင်းဆီပန်းတွေကို ကြည့်ပြီးသူမရဲ့အမူအရာက ပိုနူးညံ့လာသည်။
သူ့လက်ဖြင့်ခေါက်ထားတဲ့ စက္ကူနှင်းဆီပန်းများက နေရာတိုင်းမှ နှင်းဆီပန်းများ အများကြီး ၀ယ်တာထက်ပိုရိုးသားမှုရှိခဲ့သည်။
"မင်းအိပ်ပျော်နေချိန်က...... " ချန်ရှု့က မေ့မြောနေတယ်ဆိုတဲ့ စကားလုံးကို မသုံးခဲ့ဘူး။ သူက ယဲ့ဆွေ အိပ်ပျော်နေတာ ရက်အနည်းငယ်ကြာပြီး အိပ်ရာကမထဘူးလို့သာ သူပြောခဲ့သည်။
"ကိုယ်ဒီနှင်းဆီပန်းတွေကို ခေါက်ပြီး မင်းနိုးတဲ့အခါမင်းသူတို့ကို တွေ့လိမ့်မယ်လို့မျှော်လင့်ခဲ့တယ်"
ယဲ့ဆွေက သူမလက်များကိုဖြန့်ပြီး ချန်ရှု့ မျက်လုံးတွေကိုကြည့်ကာ သူတို့ကို ဆုပ်ကိုင်ထားချင်ကြောင်းညွှန်ပြသည်။
နှင်းဆီပန်းတစ်ပွင့်ကို ကောက်ယူပြီး ယဲ့ဆွေရဲ့လက်ဖဝါးထဲ ထည့်လိုက်တဲ့အခါမှာ သူနည်းနည်းရှက်သွားသည်။
ယဲ့ဆွေက နှင်းဆီပန်းများကို ချန်းရှု့ခေါက်ထားတယ်ဆိုတာသိသည်။ မျက်ခုံးများတွန့်သွားပြီး သူမကရယ်လာသည်။
"ရှင်အခုလက်မှုပညာတွေ လုပ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး"
သူမမျက်လုံးပြူးကာ သူ့ကိုတည့်တည့်ကြည့်ပြီး အလေးအနက်ပြောခဲ့သည်။ "ကျွန်မ အဲဒါကို ကြိုက်တယ်။ ကျွန်မတကယ်ပြောတာ ”
ပြတင်းပေါက် အပြင်ဘက်တွင် အမှောင်ထုက ကြီးစိုးလာပြီးလရောင်က အခန်းထဲကို တိတ်ဆိတ်စွာကျဆင်းလာသည်။
နူးညံ့သောလရောင်၊ နှင်းဆီပန်းအနီရောင်နှင့် ကတ္တီပါလက်စွပ်ဘူး အနီရောင်ဘူးက ... အသင့်တော်ဆုံးအချိန်ကို ရောက်လာခဲ့ပုံရသည်။
ချန်ရှု့က နှင်းဆီပန်းတွေ ဝိုင်းထားတဲ့ လက်စွပ်ဘူးကိုထုတ်လိုက်သည်။
သူက ဂရုတစိုက် ပြုမူပြီးအတွင်းမှစိန်လက်စွပ်ကို ထုတ်ဖို့ ဘူးကို ဖွင့်လိုက်သည်။
သူ့ကြည်လင်တဲ့ အသံက သူ့ပတ်၀န်းကျင်ကလေထုကိုပူစေခဲ့သည်။ "ကိုယ် ဒီဘူးကို တစ်နေ့မှာမင်းကိုကိုယ်တိုင်ပေးမယ်လို့ စိတ်ကူးခဲ့တယ် "
စိန်လက်စွပ်ကို ယဲ့ဆွေရဲ့ လက်ကိုစွပ်ပေးခဲ့သည်။ ၎င်းကကြီးလည်းမကြီးသလို သေးလည်းမသေးပေ။ ကွက်တိဖြစ်ခဲ့သည်။
ယဲ့ဆွေ မျက်လုံးမှ မျက်ရည်များစီးကျလာသည်။ သူမအရမ်းစိတ်ထိခိုက်သွားပြီး ဘာမှမပြောနိုင်တော့ဘူး။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့အချစ်ကိုဝန်ခံဖို့ အချိန်မရှိပေမယ့် အခုတော့ သူနောက်ဆုံးလုပ်နိုင်ခဲ့ပြီ။
အသံမထွက်သည့် ဝန်ခံချက်များက သဘာဝမကျသော်လည်း သူ့ထံသို့လိမ္မာပါးနပ်စွာရောက်လာသည်။
ချန်ရှု့က ပထမဆုံး စကားပြောချိန်မှာ ရှုံးနိမ့်ခြင်းနှင့်ပျော်ရွှင်ခြင်းကို သယ်ဆောင်ပြီး ပြောလာသည်။ "ယဲ့ဆွေ ကိုယ် မင်းကိုကြိုက်တယ်"
ယဲ့ဆွေက မျက်ရည်ကြောင့်မှုန်ဝါးနေတဲ့ မျက်လုံးတွေကိုဖွင့်လိုက်ပြီး ချန်ရှု့ရဲ့ မျက်လုံးတွေကို ကြည့်လာခဲ့သည်။ သူမအသံက အနည်းငယ် ဆို့နင့်နေသေးသည်။
"ချန်ရှု့ ကျွန်မရှင့်ကို အရမ်းကြိုက်တယ် "
တစ်ခါမှမချစ်ခဲ့ဖူးဘဲ ငယ်ရွယ်ပြီးနုံအတဲ့ လူငယ်နှစ်ဦးက 'ကြိုက်တယ်' ဟူသောစကားကို ဂရုတစိုက် ထပ်ခါတလဲလဲပြောခဲ့သည်။ သူတို့က ဘယ်လောက်ပဲပြောပြော ပျင်းပုံမပေါ်ဘူး။
ချန်ရှု့ အလေးထားပြီးပြောလာသည်။ "ကိုယ်မင်းကိုအကြိုက်ဆုံးဘဲ"
ယဲ့ဆွေက ရယ်လိုက်မိသည်။
" ရှင် ကျွန်မကို ကြိုက်တာထက် ကျွန်မက ရှင့်ကို ပိုကြိုက်တယ်
"
ချန်ရှု့ အသံက နိမ့်ကျသွားပြီး သူက ယဲ့ဆွေ လက်ကိုဆုပ်ကိုင်ကာ သူမအနားကို တဖြည်းဖြည်းနီးကပ်သွားသည်။
"ဒါဆို ကိုယ်တို့ အခုကစပြီး အတူတူနေကြမယ်နော် "
ချန်ရှု့ ခေါင်းငုံ့ပြီးနမ်းလာချိန်မှာ ယဲ့ဆွေက စကားမပြောသေးပေ။
သူ့လက်က သူမကျောကိုဆုပ်ကိုင်ထားပြီး သူမလက်ချောင်းထိပ်များမှ ပြန့်နှံ့နေသည့် ထုံကျင်တဲ့ ခံစားချက်ကိုပေးခဲ့သည်။
သူမနှုတ်ခမ်းကို သူဖိကပ်လိုက်သောအခါ သူတို့နှာခေါင်းတွေက ထိမိသွားသည်။
သူ့အသက်ရှုသံက အလွန်နီးကပ်နေပြီး သူမရှေ့တွင်ညင်ညင်သာသာရှိနေလေသည်။
ပြတင်းပေါက်အပြင်ဘက်တွင် လရောင်ကအေးစက်လာသည်။
တိမ်တွေကလကို ဖုံးလွှမ်းသွားပြီး အလင်းပျောက်သွားသည်။
နူးညံ့သောည၌ လေထုသည်မှုန်ဝါးဝါးတိုးလာသည်။
ယဲ့ဆွေက သူမမျက်လုံးများကို ပိတ်လိုက်ပြီးသူမနှလုံးခုန်သံပိုမြန်လာတာကို ခံစားမိသည်။ ချန်ရှု့ရဲ့ ရနံ့ကသူမကိုဝန်းရံထားသည်။
ချန်ရှု့က သတိကြီးစွာစုံစမ်းနေသည်။
သူက သူမနှုတ်ခမ်းကို အသာအယာတို့ထိလိုက်သည်။ သူ့အနမ်းများက ပေါ့ပါးပြီးလေးလံလာကာ တစ်ခုပြီးမှတစ်ခုသွားခဲ့သည်။
သူ့နှုတ်ခမ်းများက တစ်ဖန်ပြန်ကျဆင်းလာချိန်မှာ သူမပါးစပ်ကိုဖွင့်ပြီး အထဲကိုဝင်လိုက်တာနဲ့ သူမလျှာအစွန်အဖျားတစ်ဝိုက်ကို ညင်ညင်သာသာ ထိလိုက်သည်။
နူးညံ့သောလေနုအေးလို သူကနူးညံ့ပြီး အတွေ့အကြုံမရှိတဲ့ အနမ်းကိုပြီးမြောက်စေခဲ့သည်။
ယဲ့ဆွေက လက်လှမ်းပြီး ချန်ရှု့ရဲ့လည်ပင်းကိုဖက်လိုက်သည်။
သူမနှုတ်ခမ်းများက နူးညံ့နွေးထွေးသွားသည်။
သူတို့နှစ်ဦးက တင်းကျပ်စွာပွေ့ဖက်ထားကြပြီး သူတို့၏နွေးထွေးမှုက သူတို့မတွေ့ဆုံခင်က ရှည်လျားအေးခဲတဲ့ နှစ်များကိုအရည်ပျော်စေခဲ့သည်။
'ကျွန်မ ရှင့်ကိုအရမ်းချစ်တယ် '
'ဒါဆို ကိုယ်တို့က တကယ့် စုံတွဲဖြစ်ခွင့်ရပြီနော်။ ဟုတ်ပြီလား? '