အပိုင်း ၉၆
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၉၆ - ကြွယ်ဝ ချမ်းသာသောသူ

 

 

 

 

 ယဲ့ဆွေ သတိလစ်သွားနေတဲ့ နေ့ရက်တွေမှာ အင်တာနက်သုံးစွဲသူတွေက  ဟွာရွေ့ရဲ့ တရားဝင် ဝေ့ပေါ်အောက်မှာ ယဲ့ဆွေရဲ့လက်ရှိအခြေအနေကို နေ့စဉ်အင်တာနက်မှ မေးမြန်းခဲ့ကြသည်။

 

 

 သို့သော်လည်း ယဲ့ဆွေက မေ့မြောနေပြီး ဟွာရွေ့က အမှန်အတိုင်းသာ ပြောနိုင်ခဲ့သည်။  ဒါပေမယ့်လည်း ဒီသတင်းက အင်တာနက်သုံးစွဲသူတွေအတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။

 

 

 "ယဲ့ဆွေ ဘာလို့မနိုးသေးတာလဲ? ငါ့မှာသာ ဆင်ခြင်တုံတရားမရှိခဲ့ရင် ယဲ့ဆွေ ဘယ်လိုနေလဲဆိုတာ သိရအောင် ဆေးရုံကို တိုက်ရိုက်ခိုး၀င်သွားချင်ခဲ့တယ် "

 

 

 “ ကျူးလွန်သူကို ဖမ်းမိသွားပြီ။ ယဲ့ဆွေ ရဲ့ကားကို တိုက်တဲ့ဒရိုင်ဘာက အာဏာရှိသူရဲ့အရှိန်အဝါအောက်မှာ မောင်းခဲ့တာလို့ တခြားသူတွေပြောနေတာကို ငါကြားခဲ့တယ်။ ဒါကြောင့် ကားမောင်းနေရင်း အရက်မသောက်နဲ့ အခြားသူတွေကို ထိခိုက်စေတယ် "

 

 

 "မစ္စစ် ယဲ့ဆွေ နိုးလာရမယ်။ ငါသူမကို အရင်ကတော်တော် အရှက်ခွဲခဲ့တယ်။ ပြီးတော့ သူမကို ခုထိမတောင်းပန်နိုင်သေးဘူး။ ငါ မင်း အတွက် အရမ်းကောင်းပေးပါ့လို့ကတိပေးပါတယ်  "

 

 

 ယဲ့ဆွေရဲ့ ကျော်ကြားမှုက အလွန်မြင့်မားခဲ့သည်။  သူမအကြောင်း ပို့စ်မတင်သရွေ့ အဲဒီကွန်ယက်တွေက အဲဒါကိုနှိပ်ပြီး အခြားသူတွေရဲ့စကားတွေထဲက အသုံးဝင်တဲ့သဲလွန်စတစ်ချို့ကိုရှာလိမ့်မည်။

 

 

 ဒီနေ့ ယဲ့ဆွေ နိုးလာတာကြောင့် ဟွာရွေ့၏ တရားဝင် ဝေ့ပေါ်မှ နောက်ဆုံးသတင်းကို ထုတ်ပြန်ဖို့ပျက်ကွက်ခဲ့သည်။  အင်တာနက်သုံးစွဲသူများက စက္ကန့်ပိုင်းအတွင်း သူမတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တာကြောင့် မေးခွန်းမေးဖို့ ဝေ့ပေါ်ကိုစုရုံးရောက်ရှိလာကြသည်။

 

 

 တစ်နာရီအကြာတွင် ဟွာရွေ့၏ တရားဝင် ဝေ့ပေါ် အကောင့်က သတင်းသစ်ကိုထုတ်ပြန်ခဲ့သည်။

 

 

 “ မင်းတို့ရဲ့စိတ်ပူမှုအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ယဲ့ဆွေ အခုသတိပြန်ရနေပါပြီ "

 

 

 ဝေ့ပေါ် မှာလွှင့်တင်ပြီးတာနဲ့ ကွန်ယက်တစ်ခုလုံး ပြန့်ကျဲသွားသည်။

 

 

 “ ငါသတင်းကိုမြင်တဲ့အချိန်တုန်းက ငါဝမ်းသာလွန်းလို့ငိုပြီး ဒီအမေအိုဆီက မျက်ရည်တွေကျလာတယ်။  ငါ့ကောင်မလေး နောက်ဆုံးတော့နိုးလာပြီ!!! "

 

 

 “ မြေအောက်ရထားပေါ်မှာ ခွေးတစ်ကောင်လိုငိုခဲ့တယ်။  ငါ့ဘေးနားက လူတွေက ငါ့ကိုအရူးလို့ထင်ခဲ့တာ"

 

 

 "နောက်ဆုံးတော့ ယဲ့ဆွေ နိုးလာပါပြီ။  မြန်မြန်နေကောင်းပါစေ။ ငါတို့အားလုံး မင်းပြန်လာတာကိုစောင့်နေကြတယ်။ "

 

 

 “ …”

 

 

 ပရိသတ်များက သတင်းကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ကြသည်။ ယဲ့ဆွေ နိုးလာတာကြောင့်  နောက်ဆုံး သူတို့ကောင်းကောင်း အိပ်ပျော်သွားကြသည်။

 

 

 အခြားတစ်ဖက်၌ ဆေးရုံ၌ ယန်လန်က ဟိုတယ်မှာ ပြောင်းဆန်ပြုတ်ကိုပြုလုပ်ပြီး ဆေးရုံကိုယူသွားသည်။  အဆင်ပြေလွယ်ကူစေဖို့အတွက် သူမက ဟိုတယ်ကို ဆေးရုံအနီးမှာဘဲ ငှားထားခဲ့သည်။

 

 

 ယဲ့ဆွေက သူမရှေ့စားပွဲငယ်ပေါ်က ဆန်ပြုတ်ပန်းကန်ကိုကြည့်ပြီး ကုတင်နောက်ဘက်ကိုမှီလိုက်သည်။   

 

 

 ချန်ရှု့က အခုအခန်းထဲမှာမရှိတော့ဘူး။ သူက ယဲ့ဆွေကို နာရီပေါင်းများစွာ စောင့်ရှောက်ခဲ့သည်။ ဒါကြောင့်သူမကသူ့ကို အနားယူဖို့ဖိအားပေးခဲ့သည်။  သူမနောက်ထပ် လူနာမလိုချင်ဘူး။

 

 

 ယန်လန်က ယဲ့ဆွေ မသက်မသာဖြစ်မှာကို ကြောက်တာကြောင့် သူမကဆန်ပြုတ်ကို ဖြည်းညှင်းစွာနဲ့ ပျစ်ခဲပြီး မွတ်ညက်နေအောင် နာရီပေါင်းများစွာ ကျိုခဲ့သည်။    သူမကဇွန်းကို ယဲ့ဆွေဘက် ပို့လိုက်ပြီး သူမကိုစားဖို့တိုက်တွန်းခဲ့သည်။

 

 

 ယဲ့ဆွေကို သူမရဲ့မိသားစုက အရင်တုန်းက ဒီလိုနည်းနဲ့မဆက်ဆံခဲ့ဖူးဘူး။ ယန်လန် ဒီလိုလုပ်တာကို သူမမြင်လိုက်တဲ့အခါ သူမမျက်လုံးတွေပြာဝေသွားပြီး သူမခေါင်းကို အနည်းငယ်ငုံ့လိုက်မိသည်။

 

 

 “ သတိထား အဲ့ဒါက အရမ်းပူတယ်။ အစာမစားခင် မှုတ်ဦး " ယန်လန်ရဲ့ မျက်လုံးတွေက ယဲ့ဆွေကို ဒေါက်ထောက်ကြည့်နေခဲ့သည်။ သူမက အရင်စက္ကန့်ပိုင်းကလို အေးစက်တဲ့ ကုတင်ပေါ်မှာ အိပ်သွားမှာကို စိုးရိမ်နေခဲ့သည်။  သူမက မည်သည့်လှုပ်ရှားမှုမှမရှိဘဲ အသက်ရှုသံ အနည်းငယ်သာ အပြောင်းအလဲရှိလိမ့်မည်။

 

 

 ယဲ့ဆွေက ယန်လန်ရဲ့ စကားများကိုလိုက်နာပြီး မှုတ်ခဲ့ပေမယ့် သူမမိခင်က ချက်ချင်းရပ်တန့်လိုက်သည်။

 

 

 သူမက ယဲ့ဆွေ ဇွန်းကိုယူလိုက်ချိန် ယန်လန်က ပျာယာခတ်နေခဲ့သည်။  “ သမီးမှာဒဏ်ရာရှိတယ်၊ ဒါကြောင့် ကြီးမားတဲ့လှုပ်ရှားမှုတွေ မလုပ်နဲ့ဦး။ အမေ သမီးကို ကူညီပေးမယ်  "

 

 

 ယဲ့ဆွေက တစ်ချိန်တည်းမှာ ငိုလည်းငိုချင်သလို ရယ်လည်းရယ်ချင်သည်။  ယန်လန်က သူမဇွန်းကိုလုယူလိုက်ပြီး သူမကိုပင်မထိစေဘဲ သူမကိုကြည့်လိုက်သည်။

 

 

 ယန်လန်က ပန်းကန်လုံးတစ်လုံးကိုထုတ်ယူလိုက်ပြီး ယဲ့ဆွေကို အနည်းငယ်အအေးခံပြီးမှသာ သောက်ခွင့်ပြုခဲ့သည်။  ယဲ့ဆွေလည်း သူ့အမေကို မတားဘူး။  ထိုသို့လုပ်မှသာ ယန်လန်က ပိုမိုသက်သာလာလိမ့်မယ်ဆိုတာကို သူမသိသည်။

 

 

 "အမေ သမီးစိတ်ပူအောင် လုပ်မိတာ တောင်းပန်ပါတယ်။ နောက်တစ်ကြိမ် ဖြစ်လာမှာမဟုတ်တာ သေချာတယ်။ယဲ့ဆွေက သူမလက်ကို ဆန့်ထုတ်လိုက်ပြီး ယန်လန်ရဲ့ လက်ကိုညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

 

 

 ယန်လန်က ခေါင်းကိုခါလိုက်ပြီး မျက်လုံးများနီရဲလာသည်။

 

 

 ဒီအချိန်မှာ လူတစ်ယောက်က တံခါးခေါက်လာသည်။  ဝင်လာတဲ့ သူက တိုင့်ကျီ ဖြစ်သည်။  “ ဒါက မင်းငါ့ကိုတောင်းခဲ့တဲ့ မိုဘိုင်းလ်ဖုန်းဘဲ။  မင်း live steam လုပ်ချင်တာ သေချာရဲ့လား? "

 

 

အစောပိုင်းတွင် ယဲ့ဆွေက သူမကိုအချိန်ကြာမြင့်စွာစိတ်ပူနေတဲ့ သူမပရိသတ်များနှင့် စကားပြောလိုကြောင်း တိုင့်ကျီကို ပြောခဲ့သည်။ သူမက သူတို့ကိုသက်တောင့်သက်သာဖြစ်စေဖို့ သူတို့နှင့်ပုဂ္ဂိုလ်ရေးအရဆက်သွယ်လိုသည်။

 

 

 ယဲ့ဆွေက ဖုန်းကိုယူလိုက်သည်။ "ကျွန်မပိုကောင်းလာပါပြီ "

 

 

 ယဲ့ဆွေက အရင်က တူညီတဲ့ အကောင့်ကို သုံးပြီး တိုက်ရိုက်လွှင့်တဲ့ ပလက်ဖောင်းကို ၀င်ခဲ့သည်။ အစက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ လူသိပ်မရှိပေမယ့် သိပ်မကြာခင်မှာပဲကြည့်ရှုသူအရေအတွက်က တိုးလာခဲ့သည်။

 

 

 ပရိတ်သတ်တွေက ယဲ့ဆွေ တိုက်ရိုက်လွှင့်မှန်းသိတာနဲ့  သူတို့အားလုံး ကြည့်ဖို့အပြေးအလွှားသွားကြသည်။

 

 

 "မင်းတို့အားလုံး စိတ်ပူသွားအောင် လုပ်မိတာ တောင်းပန်ပါတယ် " ယဲ့ဆွေက ကင်မရာကို ကြည့်ကာပြုံးလိုက်သည်။  သူမလုံးလုံးပြန်ကောင်းမလာသေးသလို ဖြူဖျော့နေဆဲဖြစ်ပြီး အသံကလည်းအားနည်းနေဆဲ ဖြစ်သည်။

 

 

 ယဲ့ဆွေက မိတ်ကပ် မလိမ်းထားဘူး။  ၎င်းကအားလုံးရိုးရှင်းပြီး သဘာဝကျသည်။ သူမသိပ်ကြည့်ကောင်းနေတာ မဟုတ်ဘူး။

 

 

 ပရိသတ်များအားလုံးက တစ်ပြိုင်နက်တည်း စိတ်မတင်းထားနိုင်ခဲ့ကြပေ။

 

 

 "ဆွေဆွေ သူမနိုးလာတာနဲ့ ငါတို့ကိုစဉ်းစားတယ်။ ဝူးဝူးဝူး ငါအရမ်းထိတယ်။ ဆွေဆွေ ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်တယ်။  မင်းရဲ့ကျန်းမာရေးက အရေးအကြီးဆုံးဘဲ"

 

 

 "ဘယ်တော့မှ ထပ်မနာကျင်ပါစေနဲ့။ ဒါမှမဟုတ်ရင် ငါတို့ဝမ်းနည်းလိမ့်မယ်။"

 

 

 “ မင်းမြန်မြန်နေကောင်းလာမှာ သေချာတယ်။  ငါတို့မင်းရဲ့ TV နဲ့ ရသစုံရှိုး တွေကိုစောင့်နေတယ်

 

 

 ယဲ့ဆွေက အားရစရာမှတ်ချက်များနဲ့ ပြည့်နေတဲ့ ဖန်သားပြင်ကို ကြည့်လိုက်ပြီး သူမပါးစပ်ထောင့်များက မြင့်တက်လာသည်။  သူမက အလွန် ရယ်မောလိုက်မိတာက သူမဒဏ်ရာကို ဆွဲဖြဲမိလုနီးပါးဖြစ်သွားသည်။  သူမရယ်ရယ်မောမောနှင့် နာကျင်မှုကို ကျော်ဖြတ်ဖို့ တည်ငြိမ်စွာပြုံးလိုက်သည်။

 

 

 ပရိသတ်များအားလုံးက သတိရှိ၍ ယဲ့ဆွေရဲ့ အလိုလိုနာကျင်သွားတဲ့ အမူအရာကို သူတို့ကလျင်မြန်စွာသတိပြုမိသွားသည်။  သူမရဲ့မသိစိတ်တုံ့ပြန်မှုက သူတို့အားလုံးကို ပျော်ရွှင်စေခဲ့သည်။

 

 

 “ ဆွေဆွေ၊ ဟန်ဆောင်မနေပါနဲ့။  ဒဏ်ရာက အစောကနာတာလား? "

 

 

 “ မင်းရဲ့ခန္ဓာကိုယ်က မကောင်းရင်စိတ်ကို လျှော့လိုက်ပါ။ မရယ်သင့်ဘူး "

 

 

 “ ငါတို့ကိုတွေ့တဲ့အခါ အရမ်းစိတ်မပူနဲ့။ မင်းရယ်လွန်းရင် ဒဏ်ရာပွင့်သွားလိမ့်မယ်။ အဲ့ဒါက ငါ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံပေါ် အခြေခံထားတယ်။  ဆွေဆွေဒါကိုမှတ်ထားရမယ်နော် "

 

 

 ယဲ့ဆွေက ပရိသတ်တွေက ဒီလိုစူးရှတဲ့ မျက်လုံးများရှိလိမ့်မယ်လို့ မမျှော်လင့်ဘဲ ပြန်လည်လှောင်ပြောင်ခဲ့သည်။  သူမကအနည်းငယ် ပြုံးလိုက်ရင်း ရှုံးနိမ့်ခြင်းကို ၀န်ခံသာနိုင်ခဲ့သည်။  "ဒါဆို ကျွန်မ ပြန်သက်သာလာပြီးမှ နောက်တစ်ကြိမ်ထပ်တွေ့မယ်"

 

 

 ပရိသတ်တွေက တုံ့ဆိုင်းနေခဲ့ကြပေမယ့် ယဲ့ဆွေ မြန်မြန်အနားယူဖို့ နှုတ်ဆက်ခဲ့ကြသည်။

 

 

 ယဲ့ဆွေက သူမရဲ့မရည်ရွယ်တဲ့အပြုအမူက သူတို့ကိုပျက်စီးစေတဲ့ လုပ်ရပ်တစ်ခုအဖြစ် အင်တာနက်သုံးစွဲသူတွေက အသိအမှတ်ပြုခဲ့ကြသည်။  ဒီလို အိုင်ဒေါ မျိုးရှိခဲ့ရင် မင်းသူမကို ဘယ်လိုလုပ် အလိုမလိုက်ဘဲနေနိုင်မှာလဲ?

 

 

 ယဲ့ဆွေက သူမ၏ ဖန်အဖွဲ့က မေ့မြောနေစဉ်အတောအတွင်း သူမကိုအပြစ်တင်ခဲ့သည့်တိုင် သူမပရိတ်သတ်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

 

 

 ယခုအချိန်တွင် ယဲ့ဆွေက တစ်ရေးတစ်မောအိပ်နေပြီး ချန်ရှု့က ကုတင်ဘေးတွင်ထိုင်ကာ သူမကိုတိတ်ဆိတ်စွာ ကြည့်နေသည်။  ခဏအကြာမှာ သူနာပြုတစ်ယောက်ဝင်လာပြီး စကားပြောဖို့ပြင်သည်။

 

 

 ချန်ရှု့က သူ့လက်ကိုမြှောက်လိုက်ပြီး သူ့လက်ညိုးကိုထောင်ကာ သူ့ပါးစပ်ပေါ်မှာ ထားလိုက်သည်။ သူကသူနာပြုဆရာမကို ခေါင်းယမ်းပြပြီး သူ့ရဲ့ပါးလွှာတဲ့နှုတ်ခမ်းကို ဖွင့်လိုက်ကာ တိတ်တိတ်လေးနေဆိုတဲ့အမူအရာလုပ်ပြလိုက်သည်။

 

 

 သူကပြောနေတယ်၊ ​​သူမကို မနှိုးပါနဲ့။

 

 

 ချန်ရှု့ ဆိုလိုသည်ကို သူနာပြုက ချက်ချင်းနားလည်သွားပြီး သူမကခေါင်းညိတ်ကာ တံခါးကိုညင်ညင်သာသာ ပိတ်ပြီး ထွက်သွားသည်။

 

 

 တိတ်ဆိတ်မှုက အခန်းထဲပြန်ရောက်လာသည်။ ချန်ရှု့က အိပ်ပျော်နေဆဲ ယဲ့ဆွေ ဘက်လှည့်ပြီး အစောက ဘာဖြစ်သွားသည်ကို သတိမပြုမိခဲ့ပေ။

 

 

 သူနာပြုထွက်သွားပြီးနောက်မှာ ချန်ရှု့က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ သူက ယဲ့ဆွေအိပ်ရာနား လျှောက်သွားပြီး သူမကိုငုံ့ကြည့်လိုက်သည်။

 

 

 ချန်ရှု့က ရုတ်တရက် ခေါင်းငုံ့လိုက်သည်။  သူက ကုတင်ကို မှီပြီး ယဲ့ဆွေ အနားကို တဖြည်းဖြည်းကပ်သွားသည်။  သူမကုတင်ပေါ်တွင် အရိပ်မဲ့သော အရိပ်တစ်ခုရှိနေသည်။  ၎င်းကနူးညံ့တဲ့ ပိုက်ကွန်တစ်ခုလို သူမမျက်နှာကို ဖြည်းဖြည်းချင်းဖုံးအုပ်နေသည်။

 

 

 ချန်ရှု့ရဲ့ မဲမှောင်နေတဲ့ မျက်လုံးတွေက ယဲ့ဆွေကို စိုက်ကြည့်နေခဲ့သည်။  သူကဆက်ပြီးငုံ့လိုက်ကာ ယဲ့ဆွေနဲ့ တစ်လက်မအကွာမှာဘဲ ရပ်လိုက်သည်။

 

 

 ယဲ့ဆွေက အိပ်ပျော်နေဆဲ ဖြစ်၍ သူမရဲ့ ဖြည်းဖြည်းချင်း အသက်ရှုသံက သူ့မျက်နှာပေါ် ညင်သာစွာမှုတ်ထုတ်နေခဲ့သည်။

 

 

 ချန်ရှု့က ယဲ့ဆွေကို စိုက်ကြည့်နေခဲ့သည်။ သူ့အကြည့်က သူမရဲ့ ပါးလွှာတဲ့ နှုတ်ခမ်း၊ ဖြောင့်စင်းနေတဲ့ နှာတံနဲ့  မျက်လုံးများကို တစ်လက်မချင်း ဖြတ်၍ သူမအင်္ဂါရပ်တိုင်းကို အလွတ်ကျက်စေလိုသည်။

 

 

သူ့မျက်လုံးတွေက အနည်းငယ် တောက်ပသွားပြီး ရှေ့ကိုကိုင်းလိုက်သည်။  နူးညံ့သိမ်မွေ့ပြီး တန်ဖိုးရှိတဲ့ အနမ်းက ယဲ့ဆွေ နဖူးပေါ်ကျလာသည်။  သူ့လှုပ်ရှားမှုတွေက အလွန်ပေါ့ပါးသဖြင့် သတိမထားမိနိုင်ပေ။

 

 

 အဲ့ဒိ အခိုက်အတန့်မှာပဲ ယဲ့ဆွေက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ချန်ရှု့ရဲ့ ချောမောတဲ့ မျက်နှာက သူမမျက်လုံးထဲတွင် သိသာထင်ရှားသွားသည်။

 

 

 သူတို့နှစ်ဦးက အလွန်နီးကပ်နေတာကြောင့် ချန်ရှု့ မျက်လုံးထဲက သူမပုံရိပ်ကိုတောင် မြင်နိုင်သည်။

 

 

 ယဲ့ဆွေ လန့်သွားသည်။  သူမဘာဖြစ်တာလဲမသိဘူး၊ ပါးပြင်တွေ ပူလာတယ်။  နှစ်ဦးစလုံးကသူတို့ရဲ့နှလုံးသားတွေကို ထုတ်ဖော်ပြောကြားခဲ့ပေမဲ့ သူမကဒီလောက်ရင်းနှီးတဲ့ ကိုယ်ဟန်အနေအထားကြောင့် ရှုံးနေဆဲပဲ။

 

 

 သူမတုံ့ပြန်မှုက ချန်ရှု့မျက်လုံးထဲ ရောက်သွားသည်။  သူက ယဲ့ဆွေကို စက္ကန့်အနည်းငယ် ကြည့်ပြီးရုတ်တရက် ပြုံးလိုက်သည်။  "နိုးပြီလား?"

 

 

 စကားပြောနေစဉ်မှာ ချန်ရှု့က သူ့အနေအထားကို  မထိန်းထားခဲ့ဘူး။   သူကကွေးညွှတ်နေပြီး သူ့ရဲ့မဲမှောင်နေတဲ့ မျက်လုံးတွေက ယဲ့ဆွေကိုကြည့်နေပြီး အဆင်မပြေမှုကို သတိမပြုမိသလိုပါပဲ။

 

 

 ချန်ရှု့ရဲ့ အသက်ရှုသံက ယဲ့ဆွေပါးကို ဖြတ်သွားခဲ့သည်။  သူမအသားက အေးစက်နေသော်လည်း သူ့အသက်ရှုသံက နွေးထွေးနေသည်။ ယဲ့ဆွေက သူမပါးပြင်များပူလာသလို ထပ်ခံစားလိုက်ရသည်။

 

 

 ယဲ့ဆွေက သံတွေး မျိုချလိုက်ပြီး သူမအသံကအနည်းငယ် ခြောက်ကပ်နေခဲ့သည်။  “အမ်း

 

 

 ချန်ရှု့က ယဲ့ဆွေကို စိုက်ကြည့်နေခဲ့သည်။  "မင်းခန္ဓာကိုယ်မှာ အဆင်မပြေတာ တစ်ခုခုရှိလား?  "

 

 

ယဲ့ဆွေရဲ့ နှလုံးက ပြင်းထန်စွာခုန်နေခဲ့သည်။ သူမက ချန်ရှု့ရဲ့အကြည့်တွေကို ရင်ဆိုင်လို့မရဲဝံ့တာကြောင့် မျက်လုံးတွေကို အတင်းအောက်ချထားလိုက်ပြီး သူ့ရဲ့မေးစေ့ကိုသာ စူးစိုက်ကြည့်လိုက်သည်။

 

 

 သူမအကြည့်က ချန်ရှု့ရဲ့ နှုတ်ခမ်းဆီ ရောက်သွားပြီးသူမစိတ်ထဲတွင် ဘ၀င်ကျသွားခဲ့သည်။ ချန်ရှု့ရဲ့ နှုတ်ခမ်းက အလွန်ပါးလွှာသော်လည်း သူ့နှုတ်ခမ်းသားသည် လေးနက်ပြီး သူ့အစိတ်အပိုင်းတိုင်းက ကြည့်ကောင်းသည်။

 

 

 'ချန်ရှု့ ရဲ့နှုတ်ခမ်းတွေက အရမ်းကြည့်ကောင်းတာပဲ!'

 

 

 အတွေးလွန်သွားပြီးသည်နှင့် ချက်ချင်း သူမပြန်သတိဝင်လာပြီး သူမကိုယ်သူမ ပေါ့ပေါ့ပါးပါး နေလိုက်သည်။  အခုငါဘာတွေတွေးနေတာလဲ?

 

 

 ယဲ့ဆွေက အပြစ်ကင်းတဲ့ အသိစိတ်ဖြင့် အကြိမ်ကြိမ်အခါခါ မျက်လုံးကိုဖွင့်ထားခဲ့သည်။  "ကျွန်မနည်းနည်းလောက် ရေဆာနေတယ် "

 

 

 ချန်ရှု့က ချက်ချင်းထရပ်လိုက်သည်။  ရင်းနှီးသောရနံ့က ရုတ်တရက် ပျောက်ကွယ်သွားပြီး ယဲ့ဆွေ သက်ပြင်းချလိုက်မိသည်။

 

 

 သူက ခွက်ကိုကမ်းပေးလာပြီး ယဲ့ဆွေက ခေါင်းကို နည်းနည်းမော့လိုက်ကာ ရေအနည်းငယ်သောက်လိုက်သည်။ အေးစက်တဲ့ရေက သူမလည်ချောင်းမှ ဖြည်းဖြည်းချင်းစီးဆင်းသွားပြီး သူမမျက်နှာပေါ်က အပူများပျောက်သွားတာကို သူမခံစားလိုက်ရသည်။

 

 

 ယဲ့ဆွေက ရေသောက်ပြီးပြီးချင်းသူမခေါင်းကို ငုံ့လိုက်ချိန်မှာ သူမရှေ့ကရေတစ်ခွက်ကိုကိုင်ထားတဲ့ သွယ်လျသောလက်တစ်စုံကို တွေ့လိုက်ရသည်။

 

 

 ချန်ရှု့က စိုးရိမ်စိတ်နဲ့ပြောလာသည်။  "ထပ်သောက်ဦး"

 

 

 ယဲ့ဆွေ တိတ်ဆိတ်သွားသည်။  “ .....အိုကေ ”  ' ကောင်းပြီ၊ ငါ့ရဲ့လိမ်ညာမှုတွေကို ငါခံနိုင်ရည်ရှိတယ် '

 

 

 အနည်းငယ်သောက်ပြီးနောက်မှာ ယဲ့ဆွေက ဖန်ခွက်ကိုဘေးချလိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက်တွေးလိုက်မိသည်။  သူမက ချန်ရှု့ကို ကြည့်ပြီး ပြောခဲ့သည်။ "ကျွန်မကံဇာတာတွေကြိုဟောတာ ဒါမှမဟုတ် အဲလိုအရာတွေကိုမယုံဘူး "

 

 

 "ကျွန်မ အဲဒီနေ့ ပန်းဈေးကိုသွားတုန်းက ဗေဒင်ဆရာမနဲ့ တွေ့ခဲ့ရတယ်။ ဗေဒင်ဆရာမက  ကျွန်မရဲ့အနာဂတ်ကိုကူပြီး ဟောပေးခဲ့တယ်။  "

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ ဆိုလိုရင်းကိုမှန်းဆခဲ့သည်။  "သူမက ကိုယ်နဲ့သက်ဆိုင်တဲ့ ဗေဒင်ဟောလိုက်တာမဟုတ်လား? "

 

 

 ယဲ့ဆွေက အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းညိတ်လိုက်သည်။  “ ရှင်ကဘေးဒုက္ခကြုံလိမ့်မယ်လို့ သူမကပြောတယ်။  ရှင် ရှင်သန်နိုင်ရင် ရှင်ကကျန်တဲ့ဘဝမှာ ကောင်းမွန်စွာ နေထိုင်လိမ့်မယ်။ ရှင်မလုပ်နိုင်ရင်…”

 

 

 ယဲ့ဆွေက သူမစကားကို အဆုံးထိမပြောခဲ့သလို ရှင်သန်ဖို့နည်းလမ်းကလည်း သူ့အသက်နဲ့ပေးဆပ်ဖို့ဆိုတာ ချန်ရှု့ကို မပြောခဲ့ဘူး။

 

 

 ထိုနေ့က ယဲ့ဆွေ ဘာလို့ စိတ်အနှောင့်အယှက် ဖြစ်နေလဲဆိုတာကို ချန်ရှု့ နောက်ဆုံးတော့ နားလည်လိုက်သည်။  ဒါတွေအားလုံးက သူနဲ့သက်ဆိုင်သည်။  သူက ယဲ့ဆွေကို လေးလေးနက်နက် ကြည့်လိုက်သည်။  "ကံကောင်းစွာနဲ့ ကိုယ်တို့အားလုံး အခုအသက်ရှင်နေသေးတယ်"

 

 

 ယဲ့ဆွေနဲ့ ချန်ရှု့ တစ်ယောက်ကို တစ်ယောက် ငေးကြည့်နေကြသည်။ ရုတ်တရက် ကားမတော်တဆမှုက သူတို့နှစ်ယောက်ကို ခွဲခွာလုနီးပါး ဖြစ်သွားတယ်ဆိုတာ သူတို့နှစ်ယောက်စလုံးသိသည်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲအရာအားလုံးက လမ်းကြောင်းမှန်ပေါ်ကို ရောက်နေသည်။

 

 

 သူတို့ကတစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကိုလည်း ဖွင့်ပြောပြီးပြီ  သူတို့ရဲ့ဆက်ဆံရေးက ပိုရှင်းလာသည်။

 

 

 ယဲ့ဆွေ - "ကျွန်မအဲဒီ ဗေဒင်ဟောတဲ့နေရာကို သွားချင်တယ်သူမအတွက်သာ သတိမပေးခဲ့ရင် ဒီကပ်ဘေးကိုကျော်ဖြတ်ဖို့ လွယ်မှာမဟုတ်ဘူး။

 

 

 ထုံးစံအတိုင်း ချန်ရှု့က သဘောတူခဲ့သည်။ "သူဘယ်မှာရှိလဲဆိုတာကို ကိုယ့်ကို ပြောပြ။ ကိုယ် သူမကို ရှာလိုက်မယ်"

 

 

 မမေးခင်မှာဘဲ ယဲ့ဆွေက လိပ်စာကိုပြောခဲ့သည်။ "ချန်ရှု့ ကျွန်မတို့မှာ အတိတ်ဘ၀ တကယ်ရှိတယ်လို့ ရှင်ထင်လား? "

 

 

 ချန်ရှု့ အဖြေမပေးဘဲ မေးခွန်းထပ်မေးလာခဲ့သည်။ " ကိုယ်တို့ကို အတိတ်ဘ၀တစ်ခု ရှိစေချင်လား?"

 

 

 ယဲ့ဆွေက အဘွားအိုရဲ့ စကားကိုသတိရလိုက်ပြီး ပြောလာသည်။  "အဲဒီအဖွားက ကျွန်မတို့ရဲ့အတိတ်ဘ၀တွေမှာ မကောင်းတဲ့ကံတွေရှိတယ်လို့ ပြောတယ် "

 

 

 ဒါကအရင်ဘဝက ကိစ္စတစ်ခုလိုဖြစ်နေပြီဆိုပေမယ့် ယဲ့ဆွေက ချန်ရှု့နဲ့ပတ်သက်ပြီး စိတ်ပူနေခဲ့သည်။  သူမကသူ့ကိုကြည့်ပြီး စကားတစ်ခွန်းပြောခဲ့သည်။ “  အရင်တုန်းက ကျွန်မတို့က လင်မယားနှစ်ယောက် ဖြစ်ခဲ့တယ်လို့ သူမကပြောခဲ့တယ်၊ ဒါပေမယ့် ကျွန်မတို့ဆက်ဆံရေးက နည်းနည်းတော့မကောင်းဘူး

 

 

 စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေခဲ့တဲ့ ချန်ရှု့က ယဲ့ဆွေကိုစိုက်ကြည့်ပြီး ရုတ်တရက် ပြောခဲ့သည်။အဲ့ဒါက မကောင်းတဲ့ကံဖြစ်ပေမယ့် အဲ့ဒါက အရင်ဘဝကကိစ္စတစ်ခုလိုဖြစ်နေပြီ "

 

 

 "အခုဒီဘ၀မှာ ကိုယ်တို့လုပ်ချင်တာကို ဆုံးဖြတ်ဖို့က ကိုယ်တို့အတွက်ဘဲ "

 

 

 ချန်ရှု့ အသံက အခန်းထဲမှာ ထွက်လာခဲ့ပြီး ယဲ့ဆွေက  သူမနှလုံးသားထဲမှာ လွင့်မျောနေတဲ့ တိမ်တိုက်များကိုရုတ်တရက် ခံစားလိုက်ရသည်။

 

 

 'ချန်ရှု့ ပြောတာမှန်တယ်။ ငါတို့ရဲ့အတိတ်ဘ၀တွေက မကောင်းတဲ့ကံတွေရှိခဲ့ပေမယ့် အနည်းဆုံးတော့ ငါတို့နှစ်ယောက်ကြားက နက်ရှိုင်းတဲ့နှောင်ကြိုးကို သက်သေပြခဲ့တာပဲလေ '

 

 

 အတိတ်ဘ၀မှ ယခုဘဝအထိ သူတို့လိုစုံတွဲတစ်တွဲ ရှိမနေနိုင်ဘူး။ သူတို့ကံကောင်းခဲ့သည်။

 

 

ပြီးတော့ ဒီဘဝက ရှည်လျားသည်။ သူတို့မှာသုံးစွဲဖို့တစ်သက်တာလုံး ရှိပြီ  သူတို့အတူရှိနေသရွေ့ သူတို့က အခက်အခဲမှန်သမျှကို ကြောက်မှာမဟုတ်ပေ။

 

 

 သူမနှလုံးသားရဲ့အထုံးကို ဖြည်ပြီးချိန်မှာ ယဲ့ဆွေက ချန်ရှု့ကို ကြည့်လိုက်ပြီး သူမနှုတ်ခမ်းက တွန့်ကွေးသွားသည်။

 

 

 ချန်ရှု့က မတ်တပ်ရပ်ပြီး ထွက်သွားဖို့ အဆင်သင့်ဖြစ်နေသည်။ကိုယ် အဖွားအိုကို သွားရှာလိုက်ဦးမယ်။  မင်းအရင် အနားယူလိုက်ဦး "

 

 

 ချန်ရှု့က ကားကိုစမောင်းလိုက်ပြီး ခဏအကြာမှာ ရပ်တန့်သွားကာ တံခါးကိုဖွင့်ပြီး ထွက်လာခဲ့သည်။

 

 

 ယဲ့ဆွေရဲ့ အဆိုအရ ဤလမ်းကို ရောက်ချိန်မှာ သူကဘယ်ဘက်သို့ကွေ့ရမည်။ လမ်းတစ်လျှောက်တွင် ဆိုင်အနည်းငယ်ရှိလိမ့်မည်။  အဆုံးမှာတော့ ဗေဒင်ဟောတဲ့နေရာက ထောင့်ဘက်မှာပဲ။

 

 

 အခု ချန်ရှု့က ဤနေရာတွင်ရပ်နေသော်လည်း အဘွားအို၏ အရိပ်ကိုမတွေ့ရပေ။  ဤနေရာတွင် ဘာမှမရှိသလို လူလည်းမရှိပေ။  မြေပြင်မှာတောင် အညစ်အကြေးကင်းစင်နေပြီး သဲလွန်စတစ်ခုမျှမရှိချေ။

 

 

 အေးစက်တဲ့ လေကတိတ်ဆိတ်တဲ့ လမ်းများကိုဖြတ်သန်းတိုက်ခတ်သွားသဖြင့် ဤနေရာတွင် ဘာမျှသလို ပိုသန့်ရှင်းသွားစေခဲ့သည်။

 

 

 ချန်ရှု့ မျက်ခုံးများက အနည်းငယ်တွန့်သွားသည်။  သူက မှတ်ဥာဏ်ကောင်းခဲ့သည်။  သူတစ်ခါနားထောင်ဖူးသရွေ့ သူဘယ်တော့မှ မေ့မှာမဟုတ်ဘူး။

 

 

 ယဲ့ဆွေ ပြောတဲ့စကားကို သေသေချာချာ ပြန်စဥ်းစားပြီး ဘယ်ဘက်ကိုလှည့်ကာ အဆုံးထိတည့်တည့်လျှောက်သွားသည် ... သူမှန်ကန်စွာ မှတ်မိသည်၊ ဗေဒင်ဆရာမက ဒီမှာရှိသင့်တာသေချာသည်။  ဒါပေမယ့်တကယ်တမ်းတော့ သူမအရိပ်ကိုတောင် မတွေ့ခဲ့ဘူး။

 

 

 အလွန်ထူးဆန်းတယ်။

 

 

 ချန်ရှု့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေက ရှုပ်ထွေးမှုများဖြင့်တောက်ပလာသည်။  ဘာတွေမှားသွားတာလဲ?

 

 

 အဲ့ဒီအချိန်မှာဘဲ ချန်ရှု့ အနောက်ဘက်က အသံတစ်သံ ရုတ်တရက်ထွက်လာခဲ့သည်။  "လူငယ်လေး မင်းဘယ်သူ့ကိုရှာနေတာလဲ? "

 

 

 ချန်ရှု့က လှည့်ကြည့်လိုက်သည်။  အဘိုးအိုတစ်ယောက်က သူ့နောက်မှာရပ်ပြီး သူ့ကိုကြည့်နေသည်။ ချန်ရှု့က စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီး ယဉ်ကျေးစွာမေးလိုက်သည်။ "တစ်ချက်လောက်ပါ ဒီမှာကံဇာတာဟောတဲ့ ဆိုင်ရှိလား? "

 

 

 အဘိုးအိုက ခေါင်းယမ်းလိုက်ပြီးဒီနေရာမှာ ဘယ်သူမှ ဆိုင်ကိုလာမဆောက်ဖူးဘူး လို့ထူးထူးဆန်းဆန်း ပြောခဲ့သည်။

 

 

 ချန်ရှု့က အံ့သွားခဲ့ပြီးသူက ဆက်မေးခဲ့သည်။ "ဒီမှာဆိုင်ဖွင့်ထားတဲ့ အဘွားကြီးတစ်ယောက်ရှိတယ် မဟုတ်ဘူးလား? "

 

 

 အဘိုးအိုက ခေါင်းခါပြန်သည်။  “ ဒီနေရာက နည်းနည်းဝေးတယ်။  ဆိုင်တွေအားလုံး လမ်းမရှေ့မှာ ဖွင့်ထားတယ်၊ ဒါကြောင့် လူတစ်ယောက်က ဒီမှာဘယ်လိုဆိုင်ခန်းဖွင့်မှာလဲ? ”

 

 

 ချန်ရှု့ အသံတိတ်သွားသည်။  ယဲ့ဆွေက အဘွားအိုတစ်ဦးနှင့်တွေ့ခဲ့ပြီး ထိုလူကလည်း ယဲ့ဆွေနဲ့တောင် စကားများခဲ့သည်။ သူမကိုဘယ်သူကမှ မမြင်ဖူးတာမို့ ဖြစ်နိုင်ချေအရှိဆုံးက ...

 

 

 အဘိုးအိုက စိတ်ပူပန်စွာလှည့်ပတ်ကြည့်လိုက်ပြီးဂရုတစိုက်နဲ့ ပြောခဲ့သည်။ "လူငယ်လေး မင်းသရဲတစ်ကောင်နဲ့ တွေ့ခဲ့တာများလား? "

 

 

 “ မင်းပြောနေတဲ့လူ၊ ငါသူ့ကိုတကယ်မမြင်ဖူးဘူး။  မင်းက တာအို ဘုရားကျောင်းကို သွားပြီး အဆောင် တောင်းချင်လားဒါကအရမ်းထူးဆန်းလွန်းတယ် ... "

 

 

 ချန်ရှု့ သူ့ကိုကျေးဇူးတင်ကြောင်းပြောပြီး ထွက်သွားသည်။  သူကဆေးရုံကိုပြန်သွားပြီး အဖြစ်အပျက်ကို ယဲ့ဆွေကို ပြောပြလိုက်သည်။ သူမက ထိုအမျိုးသမီးက လူသားတစ်ဦး မဟုတ်လို့ သူမထင်ခဲ့သော်လည်း သူမသတိပေးချက်အတွက် သူမကို ကျေးဇူးတင်ချင်သေးသည်။

 

 

 ရက်အနည်းငယ်အကြာတွင် ဆရာဝန်က ယဲ့ဆွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်ကောင်းမွန်လာကြောင်း ပြောခဲ့သည်။  သူမအိမ်ပြန်သွားပြီး အိမ်မှာပဲ ကုနိုင်သည်။  ချန်ရှု့မှာအိမ်ပြန်ရောက်ရင်လဲ ယဲ့ဆွေခန္ဓာကိုယ်ကို စောင့်ကြည့်ပေးမယ့် သီးသန့် ဆရာဝန်လည်း ရှိသည်။

 

 

 ချန်ရှု့က သူ့ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီးညဘက်တွင် ယန်လန်၊ ရှောင်လျို့တို့နဲ့ တွေ့ဆုံခဲ့သည်။  ထို့နောက်သူတို့နှစ်ယောက်က အတူတူထွက်ခွာသွားကြသည်။  ကားပေါ်တွင်ထိုင်နေတဲ့ ယဲ့ဆွေက ပေါ့ပေါ့ပါးပါးမေးလာသည်။  "ချန်ရှု့ ရှင်လေယာဉ်ကို ဘယ်အချိန် ဘွတ်ကင်လုပ်ထားလဲ? "

 

 

 ချန်ရှု့က သူမကိုတိုက်ရိုက်မဖြေခဲ့ပေ။  "မင်းရောက်ရင် သိလိမ့်မယ်"

 

 

 ကားက ရပ်သွားသည်။ ယဲ့ဆွေက သူမရဲ့ချိုင်းထောက်တွေနဲ့ ဆင်းခါနီးနေဖြစ်နေတဲ့အချိန်မှာ  ချန်ရှု့က ကျော်လာပြီး ချိုင်းထောက်ကိုယူလိုက်သည်။

 

 

 ထို့နောက် ချန်ရှု့က အနည်းငယ် ငုံ့လိုက်ပြီး သူမကိုချီလိုက်သည်။ ထိုနည်းတူစွာ ယဲ့ဆွေက သူ့လက်မောင်းတွေထဲ ပွေ့ချီထားခံရပြီး  သူမခန္ဓာကိုယ်က တောင့်တင်းလာသည်။

 

 

 ယဲ့ဆွေက မျက်မှောင်ကြုတ်ပြီး "ချန်၊ ချန် ...ချန်ရှု့" လို့အဆက်မပြတ်ပြောခဲ့ရသည်။

 

 

 ချန်ရှု့က တိတ်ဆိတ်စွာနဲ့ သူမကိုကြည့်လိုက်သည်။

 

 

 ယဲ့ဆွေက သူမကိုယ်တိုင် လမ်းလျှောက်နိုင်တယ်လို့ ပြောချင်သည်။ ဒါပေမယ့် ချန်ရှု့ရဲ့အကြည့်ကို မြင်လိုက်တဲ့အခါ သူမခေါင်းကို တိတ်တဆိတ် ခါပစ်လိုက်ပြီးသူ့ရင်ခွင်ထဲ မှီထားလိုက်သည်။

 

 

သူက ယဲ့ဆွေကိုရှေ့သို့သယ်လာစဉ် ချန်ရှု့ရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားသည်။  ခဏအကြာတွင် သူက ကိုယ်တို့ရောက်ပြီ လို့ပြောခဲ့သည်။

 

 

ယဲ့ဆွေက ခေါင်းငြိမ့်လိုက်သည်။  သူမရှေ့မှာကြီးမားတဲ့ လေယာဉ်တစ်စင်းရှိနေသည်။  လေယာဉ်မှူး မှလွဲ၍ အခြားခရီးသည် များမရှိပေ။ ထို့ကြောင့် ဤလေယာဉ်က သူတို့အတွက်သာ ဖြစ်သည်။

 

 

 ယဲ့ဆွေက သူမရှေ့ကလေယာဉ်ကို ငေးကြည့်ရင်း မေးခဲ့သည်။ဒါကဘာလဲ…” 'တစ်ယောက်ယောက်က ဘာဖြစ်နေတာလဲလို့ သူမကိုပြောပြနိုင်မလား?'

 

 

 ယဲ့ဆွေ သာမကဘဲ ယန်လန်နဲ့ ရှောင်လျို့လဲ စူးစမ်းလိုစိတ်အပြည့်ရှိနေကြသည်။ ဝမ်ချွမ်းသာလျှင်အမှန်တရားကိုသိသည်။  သူဌေးကသူ့ကဒ်ပြားတွေကို စားပွဲပေါ်တင်တော့မည်။

 

 

 ချန်ရှု့က အဲ့ဒါကို တစ်ချက်ကြည့်လိုက်ပြီး "ဒါက ကိုယ့်ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်" လို့ပေါ့ပေါ့ပါးပါးပြောခဲ့သည်။

 

 

 ထိုအသံထွက်လာချိန်မှာ ယဲ့ဆွေက လုံးဝမယုံနိုင်ခဲ့ပေ။  'ဘာလဲဒီကိုယ်ပိုင်ဂျက်လေယာဉ်က ချန်ရှု့ရဲ့ဟာလား?  '

 

 

 ယဲ့ဆွေက "ဒီလေယာဉ်က ရှင်ပိုင်တာလား?" လို့ချက်ချင်းမေးလိုက်သည်။

 

 

 ချန်ရှု့ ယဲ့ဆွေရဲ့ အံ့သြနေတဲ့ မျက်လုံးတွေကို မြင်လိုက်ချိန်က သူ့နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။   ယခုအခါ သူကနောက်ဆုံးတွင် "ယဲ့ဆွေ" အားကြီးပြင်းလာစေရန် မိမိကိုယ်ကို ရှင်းပစ်နိုင်ခဲ့သည်။

 

 

 သူကသူတို့ရဲ့မိသားစုကို ထောက်ပံ့ဖို့ ယဲ့ဆွေကို မလိုအပ်ဘူးလို့ ယဲ့ဆွေကို အသိပေးချင်သည်။  သူမအလုပ်မလုပ်ရင်တောင် သူတို့လိုချင်တဲ့ငွေကို ဖြုန်းဖို့ပိုက်ဆံရှိသေးသည်။

 

 

 ယဲ့ဆွေရဲ့ မယုံနိုင်စရာ အကြည့်များအောက်တွင် ချန်ရှု့က အလွန်တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

 

 

 ချန်ရှု့ရဲ့ ခိုင်လုံတဲ့ အဖြေကိုရပြီးချိန်မှာ သူမယုံရခက်နေသေးသည်။ ချန်ရှု့က ရင်းနှီးမြုပ်နှံမှုအချို့ လုပ်နေတယ်လို့ သူမကိုပြောခဲ့သည်ာယ

 

 

 ဒါပေမယ့် ချန်ရှု့က "သေးငယ်တဲ့ရင်းနှီးမြုပ်နှံမှု" လေးတွေကိုသာ တကယ်လုပ်ခဲ့တယ်လို့ သူမအမြဲတွေးခဲ့သည်။  သူမက သူမရဲ့စိတ်ကူးယဉ်ဆန်တဲ့ စိတ်ကူးတွေထက်ကျော်လွန်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။

 

 

 အခု သူက သူ့မှာကိုယ်ပိုင်ဂျက်လေယာဉ်ရှိတယ်လို့ သူမကိုပြောနေသည်။

 

 

 သူမက သူမခင်ပွန်းကို လျှော့တွက်ခဲ့ပုံရသည်။