အပိုင်း ၉၇
Viewers 10k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၉၇ - ကိုယ်က ဟွာရွေ့ရဲ့ ဥက္ကဌပဲ

 

 

 

 

ချန်ရှု့က ယဲ့ဆွေကို သူမရဲ့ထိုင်ခုံတွင် ဂရုတစိုက်တင်ပေးလိုက်သည်။ ယန်လန်၊ ဝမ်ချွမ်းနဲ့ အခြားသူတွေက အဝေးမှာထိုင်နေပြီး သူတို့စုံတွဲအတွက် နေရာများစွာချန်ထားခဲ့သည်။

 

 

ချန်ရှု့ ထိုင်ပြီးသည်နှင့် ယဲ့ဆွေရဲ့ မျက်လုံးတွေက သူ့ကိုတည့်တည့်စိုက်ကြည့်နေသည်။  သူက ရယ်ရယ်မောမောဖြင့်သာ တုံ့ပြန်လိုက်သည်။  "မင်းမှာမေးခွန်းတွေ အများကြီးရှိနေတာပဲ ဖြစ်ရမယ် "

 

 

ယဲ့ဆွေခေါင်းညိတ်လိုက်သည်။ သူမမှာ မေးခွန်းများစွာရှိနေခဲ့ပြီး ဘယ်ကနေစရမှန်းတောင် မသိခဲ့ဘူး။

 

 

ချန်ရှု့ - “ ကိုယ့်တို့အသေးစိတ်တွေကို နောက်မှပြောကြမယ်။  ဒီမှာလူတွေ အရမ်းများနေတယ် "

 

 

ယဲ့ဆွေစက္ကန့်အနည်းငယ်စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်ကာ သူမရဲ့လက်သုံးချောင်းကို ထောင်ပြလိုက်သည်။  "ကျွန်မ မေးခွန်းသုံးခုလောက်မေးမယ်၊ အဲဒါက အဆင်ပြေရဲ့လား?"

 

 

ချန်ရှု့က "မေးလေ "လို့ သဘောတူလိုက်သည်။

 

 

ယဲ့ဆွေက သူမရဲ့နှုတ်ခမ်းကိုဖိလိုက်ပြီး ပထမမေးခွန်းကိုမေးလိုက်သည်။ "ရှင်နဲ့ ကျွန်မကို ယှဉ်လိုက်ရင် ဘယ်သူကပိုချမ်းသာလဲ?"

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ စံနမူနာကိုလိုက်၍ လက်ညှိုးတစ်ချောင်းကို ဆန့်တန်းလိုက်သည်။  သူ့ရဲ့သေးသွယ်သောလက်ချောင်းက သူ့ဘက်သို့ တဖြည်းဖြည်းကွေးသွားပြီး သူ့ရဲ့ပါးလွှာသောနှုတ်ခမ်းတို့က အနည်းငယ်ဟသွားသည်။  "ကိုယ်"

 

 

ယဲ့ဆွေက နောက်ထပ်မေးခဲ့သည်။  "ဒါဆို ရှင်နဲ့ ရှန်ရှို့ ကြားမှာ ဘယ်သူက ပိုချမ်းသာလဲ?"

 

 

ချန်ရှု့က ရယ်လိုက်သည်။  "ချန် အိမ်တော်မှာရှိတဲ့လူအားလုံးရဲ့ ငွေကိုပေါင်းလိုက်ရင်တောင် ကိုယ့်ထက်မပိုသေးဘူး "

 

 

ယဲ့ဆွေရဲ့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ချန်ရှု့ က ချန်ရှို့ထက်ပိုပြီး ချမ်းသာလိမ့်မယ်လို့ သူမ ခန့်မှန်းခဲ့ပေမယ့် ဒီလောက်များမယ်လို့တော့ သူမ မျှော်လင့်မထားခဲ့ဘူး။

 

 

ထိုစကားထွက်လာသကဲ့သို့ သူမရဲ့ခင်ပွန်းက အလွန်ချမ်းသာသဖြင့် သူမဒါကို နားမလည်နိုင်ခဲ့ပေ။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ တိတ်ဆိတ်မှုကို သတိပြုမိသဖြင့်သူက "တတိယမေးခွန်းရှိသေးတယ်မလား? "လို့မေးလိုက်သည်။

 

 

ယဲ့ဆွေ ခေါင်းခါလိုက်သည်။  "ကျွန်မမှာ နောက်ထပ်မေးစရာ ဘာမှမရှိတော့ပါဘူးထို့ပြင် ချန်ရှု့က ချမ်းသာကြွယ်ဝတာထက် ကျော်လွန်တယ်ဆိုတဲ့အချက်ကို ချေဖျက်ဖို့ သူမအတွက် အချိန်လိုသေးသည်။

 

 

သူမခဏစဉ်းစားပြီးနောက် ပင်ပန်းလာခဲ့သည်။ ယဲ့ဆွေကအားနည်းနေသေးတာကြောင့် သူမတဖြည်းဖြည်း အိပ်မောကျသွားခဲ့သည်။

 

 

အချိန်တော်တော်ကြာပြီးနောက် ချန်ရှု့က သူမကိုနှိုးလိုက်သည်။  ယဲ့ဆွေက သူတို့ရဲ့ဗီလာရှေ့တွင်ရှိနေကြောင်းကိုမြင်တွေ့ဖို့အတွက် မျက်လုံးဖွင့်လိုက်သည်။  သူမပတ်ပတ်လည်ကိုကြည့်လိုက်သည်။  "အမေကော? ” ယန်လန် သွားလိုက်ရုံတင်သာမကဘူး။ ဝမ်ချွမ်းနဲ့ ရှောင်လျို့တို့လည်းထိုနည်းတူပင်။

 

 

ချန်ရှု့ - "သူတို့ကအစောကြီးကသွားလိုက်ကြပြီ။ " ယဲ့ဆွေအိပ်နေတဲ့အချိန်မှာ သူအရာအားလုံးကို စီစဉ်ထားခဲ့သည်။

 

 

သူကဝှီးချဲကိုတွန်းပြီး သူတို့အတွဲက ဓာတ်လှေကားပေါ်တက်သွားခဲ့ကြသည်။ တံခါးဝသို့ ရောက်သောအခါ ချန်ရှု့ ကအဲ့တာကိုဖွင့်လိုက်ပြီး မီးခလုတ်ကိုနှိပ်လိုက်ရာ နေရာတစ်ခုလုံးကို တောက်ပသွားစေခဲ့သည်။

 

 

ယဲ့ဆွေ ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ချန်ရှု့ကို ကြည့်လိုက်ကာ သူမဘေးနားကနေရာကို ပုတ်ပြလိုက်သည်။  "စကားပြောရအောင်"

 

 

ချန်ရှု့ ထိုင်ပြီးနောက် သူမက ချန်ရှု့ရဲ့မျက်လုံးထဲကို စိုက်ကြည့်နေသည်။  "ရှင် ဘာ အလုပ်လုပ်တာလဲ?"

 

 

 သူက ဟွာရွေ့ အုပ်စုရဲ့ဥက္ကဌ ချန်ဆိုတာကို ယဲ့ဆွေအား တိုက်ရိုက်ပြောပြလိုက်ရင် ဒီအရာက သတင်းအချက်အလက် အလွန်များလိမ့်မည်ဟု သူတွေးလိုက်သည်။ သူမအဲ့တာကို လက်ခံဖို့ အချိန်ပိုလိုလိမ့်မည်။

 

 

ဒီည ယဲ့ဆွေ  ကောင်းကောင်းအိပ်ပျော်လိမ့်မယ်လို့ သူမျှော်လင့်သည်။

 

 

ချန်ရှု့က "မနက်ဖြန် ကိုယ်အလုပ်လုပ်တဲ့နေရာကို မင်းကိုခေါ်သွားပေးမယ်" လို့လှည့်ပတ်တဲ့ပုံစံဖြင့် ဖြေဖို့ကိုရွေးချယ်လိုက်သည်။

 

 

ထို့နောက် သူကဆက်ပြီး ပြောခဲ့သည်။ကိုယ် မင်းကို ပေးစရာတစ်ခုရှိတယ်

 

 

ချန်ရှု့က အခန်းထဲပြန်သွားလိုက်ပြီး အာ့ဟိုင် ဗီလာရဲ့ပိုင်ဆိုင်မှုစာချုပ်တွေကို ထုတ်ယူလာခဲ့သည်။ သူကစာရွက်စာတမ်းများကို မော့ကြည့်နေသောယဲ့ဆွေအား လွှဲပြောင်းပေးခဲ့သည်။ "ဒါတွေက ရှင် ယူနန်မှာ ကျွန်မကိုနောက်ဆုံးအကြိမ်တုန်းကပြခဲ့တဲ့ ပိုင်ဆိုင်မှုစာချုပ်တွေ  မဟုတ်လား? "

 

 

 ထိုအချိန်တွင် ချန်ရှု့က သူထိုနေရာကို မတော်တဆ ၀ယ်ယူခဲ့သည်ဟု သူမအားပြောပြခဲ့ဖူးသည်။ ယခုအချိန်တွင် သူက သူ့ရဲ့ဝှက်ထားတဲ့ကြွယ်ဝမှုတွေအကြောင်းကို အရိပ်အမြွက်များ ပြနေပုံရသည်။

 

 

ချန်ရှု့ - "ကိုယ်မင်းကိုပေးမယ်လို့ ရည်ရွယ်ထားတာ အတော်ကြာနေပြီ

 

 

ယဲ့ဆွေအသက်ပြင်းပြင်းရှူလိုက်သည်။ "ဒါဆိုရှင့်မှာအိမ်ဘယ်နှစ်လုံးရှိလဲ?"  ချန်ရှု့ရဲ့ ငွေကြေးအရင်းအမြစ်များအရ ဒီအိမ်တစ်လုံးတည်းရှိတယ်ဆိုတာက မဖြစ်နိုင်တော့ပေ။

 

 

ချန်ရှု့က ရိုးသားစွာပြန်မဖြေခင် စဉ်းစားလိုက်သည်။ "အများကြီးပဲ၊ ကိုယ်မမှတ်နိုင်ဘူး"

 

 

ယဲ့ဆွေ - “!!!”

 

 

ထို့ကြောင့် ချန်ရှု့တွင် ကိုယ်ပိုင်လေယာဉ်တစ်စင်းသာရှိသော်လည်း သူ့နာမည်မှာ မရေမတွက်နိုင်သော ဂုဏ်သတ္တိတွေလည်း ရှိတယ်ယဲ့ဆွေက သူမရဲ့နဖူးကိုပွတ်ကာ စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်သည်။  ရုတ်တရက်ထုတ်ဖော်ပြောဆိုမှုကြောင့် သူမအနည်းငယ်စိတ်ရှုပ်သွားသည်။

 

 

ယဲ့ဆွေရဲ့ တုံ့ပြန်မှုကိုသူမြင်တဲ့အခါ မနက်ဖြန်သူ့အလုပ်အကြောင်း သူမကိုပြောပြမယ်ဆိုတဲ့ သူရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ သူခံစားမိလိုက်ူည်။

 

 

ယဲ့ဆွေရဲ့မျက်လုံးတွေက ဆိုဖာဘေးရှိစားပွဲပေါ်က ပန်းအိုးကို အမှတ်မထင် မြင်လိုက်သည်။

 

 

သူမကပန်းအိုးကိုအတုလို့ အမြဲထင်ခဲ့တယ်။  တစ်ခါတုန်းက သူမတိုက်ရိုက်ထုတ်လွှင့်မှု လုပ်တဲ့အချိန်တုန်းက ပန်းအိုးကို ကြည့်ရတာအစစ်နဲ့တူကြောင်းကို ကြည့်ရှုသူအချို့က ထပ်ခါတလဲလဲပြောခဲ့သည်။

 

 

ယဲ့ဆွေက ချန်ရှု့ကိုမေးလိုက်သည်။  "ဒီပန်းအိုးက ...... "

 

 

ချန်ရှု့က ကိုယ်လေလံပွဲမှာ အစစ်တစ်ခုကို ၀ယ်လာခဲ့ပြီး အဲ့တာကို အိမ်ကို ယူလာခဲ့တယ်။ မင်းအဲ့တာကိုကြိုက်ရင် ကိုယ် နောက်ထပ်နည်းနည်း ယူလိုက်မယ်လေ " လို့ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

 

 

ယဲ့ဆွေ - “….......”

 

 

ယဲ့ဆွေရဲ့မျက်လုံးများက လက်ဖက်ရွက်တွေရှိတဲ့ ကြောင်အိမ်(ဗီရို)ပေါ်သို့ တစ်ဖန်ကျသွားခဲ့သည်။  သူမက သူ့အတွက် လက္ဖက် ကြက်ကင် နဲ့ လက္ဖက်ကိတ်တွေ  လုပ်ခဲ့တာကို သူမပြန်သတိရသွားသည်။

 

 

သူမရဲ့မျက်လုံးတွေက ရုတ်တရက် ဝမ်နည်းညှိုးငယ်သွားခဲ့သည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ အကြည့်နောက်သို့လိုက်သွားခဲ့သည်။  သူမကရှေးဟောင်းလက်ဖက်ရည်သေတ္တာကို ငေးစိုက်ကြည့်နေတာကို သူမြင်လိုက်ရသည်။  "အိမ်မှာလက်ဖက်ရည်တွေ အများကြီးရှိတယ်၊ အဲဒါတွေကိုသုံးလိုက် "

 

 

ယဲ့ဆွေ အတွေးလွန်နေမှာကို စိုးရိမ်သဖြင့် ချန်ရှု့ က "မင်းမှာ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မဖြစ်သင့်ဘူး"လို့ အရေးတကြီး ထပ်ပေါင်း ပြောလိုက်သည်။

 

 

ယဲ့ဆွေက သူမရဲ့နဖူးကို ထပ်ကိုင်လိုက်သည်။ ' ဘာဒါက ရှားပါးလက်ဖက်ရည် မဟုတ်ဘူးလား? ငါက ရှားပါးတဲ့ဟာနဲ့ လက္ဖက်ကြက်ကင်ကို တကယ်ကြီး လုပ်ခဲ့တယ်!'

 

 

သူမကအိမ်ကိုတစ်ဖန်ပြန်ကြည့်လိုက်ပြီး မူလကရိုးရှင်းသောပရိဘောဂများက ရုတ်တရက်သူမရဲ့မျက်လုံးထဲတွင် တောက်ပလာသည်။  သူမက အိမ်ထဲမှာစစ်မှန်တဲ့ထုတ်ကုန်တွေ ဘယ်လောက်ရှိလဲ?” လို့ခက်ခက်ခဲခဲနဲ့မေးလိုက်ရသည်။

 

 

ချန်ရှု့ရဲ့ မျက်လုံးများက လေးနက်သောအဓိပ္ပါယ်ကို ဖုံးကွယ်ထားသည်။  "မင်းတကယ် သိချင်တာလား?"

 

 

ယဲ့ဆွေကသူမရဲ့လက်ကို ကြိမ်ဖန်များစွာ ဝှေ့ယမ်းလိုက်သည်။  " မသိချင်တော့ဘူး"

 

 

အဖြေကအတူတူပဲဖြစ်မည်ဖြစ်သောကြောင့် သူမက ချန်ရှု့ထံသို့သွားဖို့မရည်ရွယ်ခဲ့ပေ။ အိမ်မှာရှိတဲ့အရာအားလုံးက အဖိုးမဖြတ်နိုင်ဘူး။

 

 

ယဲ့ဆွေက ကောင်းကင်ကို မကြည့်ဘဲမနေနိုင်ခဲ့ပေ။  သူမရဲ့ခင်ပွန်းမှာ ပိုင်ဆိုင်မှု ဘယ်လောက်တောင်ရှိတာလဲ?

 

 

နောက်နေ့နံနက်တွင် ယဲ့ဆွေက နံနက်စောစောအိပ်ရာမှထခဲ့သည်။ သူမဟာ ချန်ရှု့ရဲ့ပုံရိပ်ကို တစ်ညလုံးတွေးနေခဲ့သည်။

 

 

သူမကဖြစ်နိုင်ခြေတစ်သန်းကို မှန်းကြည့်ခဲ့သော်လည်း အဲ့တာက ပိုရှိနေတယ်လို့ခံစားခဲ့ရသည်။

 

 

ယဲ့ဆွေက ထိုအကြောင်းကို မတွေးတော့ချေ။  ဘာပဲဖြစ်ဖြစ် သူမဒီနေ့အဖြေကိုသိရလိမ့်မည်။ သူတို့ မနက်စာစားပြီးသွားချိန်မှာ ချန်ရှု့က သူမကို ကားဆီခေါ်သွားခဲ့သည်။

 

 

သူကားမောင်းနေစဉ် ယဲ့ဆွေက ချန်ရှု့ကိုကြည့်လိုက်သည်။  "ကျွန်မတို့ အခုဘယ်သွားမလို့လဲ?"

 

 

ချန်ရှု့က သူ့ခေါင်းကိုမလှည့်လာဘူး၊ သူ့လေသံက နည်းနည်းတော့ အဓိပ္ပာယ်တွေနဲ့ပြည့်နေသည်။  "ကိုယ့်အလုပ်ကို သွားမလို့ "

 

 

ယဲ့ဆွေက ကားထဲတွင်စိတ်ရှည်ရှည်နဲ့ထိုင်နေခဲ့ပြီး ဟွာရွေ့ရဲ့ ကားပါကင်သို့  ချန်ရှု့မောင်းလာသည်ကိုကြည့်နေခဲ့သည်။  သူမအံ့သြသွားခဲ့သည်။  "ရှင်က ဟွာရွေ့မှာအလုပ်လုပ်တာလား?"

 

 

ချန်ရှု့က ချန်ဆွေကို ကားပေါ်မှချပေးလိုက်ပြီး သူမကိုဝှီးချဲပေါ်တင်လိုက်သည်။  “ အင်း

 

 

ချန်ရှု့က မရှင်းပြသေးပေ။  သူက သူမရဲ့ဝှီးချဲကိုတွန်းလိုက်ပြီး နှစ်ယောက်တည်းသာရှိနေတဲ့ သီးသန့်ဓာတ်လှေကားရှေ့သို့ လျှောက်သွားခဲ့သည်။

 

 

ယဲ့ဆွေက ပတ်ပတ်လည်ကြည့်လိုက်သည်။  "အခုက အလုပ်ချိန်မဟုတ်ဘူးလားဘာလို့ဒီမှာဘယ်သူမှမရှိတာလဲ? "

 

 

ချန်ရှု့က ယဲ့ဆွေကို ကြည့်လိုက်သည်။  "ဒါက ကိုယ့်ရဲ့သီးသန့်ဓာတ်လှေကား"

 

 

 ယဲ့ဆွေရှော့ခ်ရသွားပြီး သူမရဲ့မေးရိုးအောက်ပြုတ်ကျသွားပြီလို့ ခံစားလိုက်ရသည်။ သီးသန့်ဓာတ်လှေကား!?  သူမရဲ့ခင်ပွန်းမှာ သီးသန့်ဓာတ်လှေကားရှိတယ်ဆိုတာက ဘယ်လိုအခြေအနေမျိုးလဲ?

 

 

ဒါကမယုံနိုင်စရာပဲ!

 

 

 သူတို့ဓာတ်လှေကားထဲသို့ ၀င်လာစဉ် ယဲဆွေ ခေါင်းမူးနေဆဲဖြစ်သည်။ ချန်ရှု့က သူမရဲ့တိတ်ဆိတ်နေမှုကို ကြည့်နေခဲ့သည်။  သူနဲ့ယဲ့ဆွေတို့က သူတို့ရဲ့ပုံရိပ်တွေအကြောင်းကို ပြောပြနေကြတဲ့အခါ သူမအဆင်သင့်ဖြစ်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။

 

 

မနေ့ညကတည်းက ယဲ့ဆွေက မမျှော်လင့်ထားတဲ့အရာတွေကို လက်ခံခဲ့ပေမယ့် ရှော့ခ်အရဆုံးအရာက နောက်ဆုံးမှာ ကျန်ခဲ့တယ်ဆိုတာကို သူမ မသိခဲ့ဘူး။

 

 

အပေါ်ဆုံးထပ်တွင် ဓာတ်လှေကားတံခါးကပွင့်သွားပြီး ချန်ရှု့က ယဲ့ဆွေကို အပြင်ဘက်ကို တွန်းပေးလိုက်သည်။ အစောပိုင်းတုန်းက  စာချုပ်ကို လက်မှတ်ထိုးဖို့ ယဲ့ဆွေ ရောက်လာတဲ့အချိန်တုန်းက ဝမ်ချွမ်းက သူမအားကုမ္ပဏီသို့ အလည်အပတ် ခေါ်သွားခဲ့သည်။  သူကသူမကို ဒီနေရာကိုခေါ်လာပြီး သူမကို သူတို့ရဲ့ဥက္ကဌနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောခဲ့သည်။

 

 

ယဲ့ဆွေက အံ့သြသွားသည်။  "ကျွန်မတို့ ဘာလို့ဒီကိုလာတာလဲ?"

 

 

ချန်ရှု့ စကားမပြောသေးပေ။  ဒီအချိန်မှာ လူတစ်ယောက်က သူတို့ဆီလျှောက်လာခဲ့သည်။  အဲ့တာက ဝမ်ချွမ်း ဖြစ်သည်။  ချန်ရှု့နဲ့ ယဲ့ဆွေတို့ အတူတူလာတာကို တွေ့သောအခါ ယဲ့ဆွေက ချန်ရှု့ရဲ့ပုံရိပ်ကို သိပြီးသွားပြီလို့ သူထင်ခဲ့သည်။

 

 

ဝမ်ချွမ်းက အရင်ဆုံး ယဲ့ဆွေကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ချန်ရှု့ကို ကြည့်လိုက်ပြီး "ဥက္ကဌ ချန် " လို့ခေါ်လိုက်သည်။

 

 

ချန်ရှု့မှာ ဝမ်ချွမ်းရဲ့ ပါးစပ်ကိုပိတ်ဖို့ အချိန်မရှိလိုက်ပေ။သူက သူ့နှလုံးသား၌ သက်ပြင်းသာ ချနိုင်ခဲ့သည်။

 

 

ယဲ့ဆွေက ချန်ရှု့ ကိုမယုံနိုင်စွာနဲ့ကြည့်လိုက်သည်။  ချန်၊ ချန်၊ ချန်ဥက္ကဌချန်လား။  ငါနားကြားမှားသွားတာလား?

 

 

ဝမ်ချွမ်းက ယဲ့ဆွေရဲ့စိတ်ထဲကပြင်းထန်တဲ့ ကမောက်ကမကို မသိခဲ့ပေ။ သူကဆက်ပြီး ပြောခဲ့သေးသည်။နေ့လည်ဘက် အစည်းအဝေးရှိတယ်

 

 

ချန်ရှု့က "ကောင်းပြီ" လို့တိတ်ဆိတ်စွာ ပြောလိုက်သည်။

 

 

ဝမ်ချွမ်း ထွက်သွားချိန်မှာ ချန်ရှု့က ရှော့ခ်ရနေဆဲဖြစ်တဲ့ ယဲ့ဆွေကို ကြည့်လိုက်သည်။  သူကအကူအညီမဲ့စွာနဲ့  "အထဲကိုသွားရအောင်၊ ပြီးရင် ကိုယ် မင်းကို ရှင်းပြမယ်"လို့ပြောလိုက်သည်။

 

 

သူတို့နှစ်ယောက်ရုံးခန်းထဲ၀င်လာပေမယ့် လေထုက တိတ်ဆိတ်နေသည်။ ဝမ်ချွမ်းက ချန်ရှု့အားဥက္ကဌလို့ခေါ်သည့်အချိန်၌ ယဲ့ဆွေက နှစ်မြှုပ်နေဆဲဖြစ်သည်။

 

 

ယဲ့ဆွေက သူမရဲ့လက်ညှိုးကို သူ့ဆီကိုထိုးပြီး "ရှင်၊ ရှင် ... "ဗလုံးဗထွေးနဲ့ ပြောလိုက်သည်။

 

 

ချန်ရှု့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ယဲ့ဆွေ ကိုတည့်တည့်ကြည့်လိုက်သည်။ သူက သူ့ရဲ့လက်ကိုဆန့်၍ သူ့ရဲ့သေးသွယ်သော လက်ချောင်းများက သူမရဲ့လက်ကိုရစ်ပတ်လိုက်ပြီး သူ့အသံက တဖြည်းဖြည်းနဲ့ ထွက်လာခဲ့သည်။

 

 

 "ဟုတ်တယ်၊ ကိုယ်က ဟွာရွေ့ရဲ့ဥက္ကဌပဲ"

 

 

ချန်ရှု့ရဲ့ကြည်လင်ပြတ်သားသောအသံက သူမနားဆီခဲ့သို့ရောက်လာသည်။ ယဲ့ဆွေ နားထောင်ခဲ့တာကတကယ်ပဲ မမှားခဲ့ဘူး။ သူမရဲ့ခင်ပွန်းက တကယ်ကို ဟွာရွေ့ အုပ်စုရဲ့ ဥက္ကဋ္ဌ ချန် ဖြစ်သည်။

 

 

ခပ်လျှိုလျှိုနေနေခဲ့တဲ့ ဥက္ကဌ ချန်က လူသိရှင်ကြားပေါ်လာခြင်း ရှောင်ရှားခဲ့ပြီး လူတိုင်းမြင်ချင်နေကြတဲ့သူက သူမရဲ့ခင်ပွန်းဖြစ်နေခဲ့တယ်တဲ့!

 

 

အရင်တုန်းက ပဟေဠိဆန်နေတဲ့ အရာများက အနည်းငယ် ရှင်းလင်းသွားသည်။  ချန်ရှု့နဲ့ ဥက္ကဌ ချန်တို့ နှစ်ဦးစလုံးရဲ့  ချန် ဆိုတဲ့မျိုးရိုးနာမည်က မထူးဆန်းတော့ပေ။ ချန်ရှု့ ဒီလောက်ချမ်းသာတာက မဆန်းပါဘူး။ နောက်ဆုံးမှာတော့ သူကတိုင်းပြည်ရဲ့ အကျော်ကြားဆုံး ဖျော်ဖြေရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်နေတာပဲ။

 

 

သူမနှင့် ချန်ရှု့ တို့က အမိုးတစ်ခုတည်းအောက်တွင် နေထိုင်ခဲ့သော်လည်း ဒါကိုသူမ သတိမပြုမိခဲ့ပေ။  သူကတကယ်ကို ပုန်းတာတော်သည်။

 

 

ယဲ့ဆွေက သူမရဲ့ရင်ဘတ်ကိုပွတ်သပ်ရင်း သူမ၏စိတ်ကို တည်ငြိမ်စေရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။  "ချန်ရှု့၊ ရှင် ကျွန်မဆီကနေ အဲဒါကို အကြာကြီးသိမ်းထားခဲ့တယ်ပေါ့ "

 

 

ချန်ရှု့ရဲ့ နှလုံးသားက တုန်ယင်သွားခဲ့သည်။ သူက ယဲ့ဆွေရဲ့ လက်ကိုဆုပ်ကိုင်ကာ ကမန်းကတန်းပြောလိုက်သည်။ "ကိုယ် မင်းကို ပြောပြဖို့ အခွင့်အရေးကို အမြဲရှာဖွေချင်ခဲ့တာ ဒါပေမယ့် .......... "

 

 

နောက်စက္ကန့်ပိုင်းတွင် ယဲ့ဆွေပြုံးလိုက်သောအခါ သူမရဲ့မျက်လုံးထောင့်များကကျဉ်းသွားပြီး နှုတ်ခမ်းများက ကွေးညွတ်သွားသည်။  "ချန်ရှု့၊ ရှင်ကအံ့သြစရာကောင်းတာပဲ "

 

 

ချန်ရှု ကြောင်သွားတဲ့ ပုံစံကိုကြည့်ရင်း သူမကသူ့မျက်လုံးတွေထဲကို ကြည့်ပြီးတော့ စိတ်ထက်သန်စွာနဲ့ ထပ်ခါတလဲလဲပြောလိုက်သည်။ "တကယ်၊ ရှင်ကအရမ်းအံ့သြဖို့ကောင်းတယ်

 

 

"လူတစ်ယောက်က ဒီလိုလုပ်နိုင်တယ်ဆိုတာကို ကျွန်မစိတ်ကူးတောင်မယဉ်နိုင်ဘူး"

 

 

ယဲ့ဆွေက လူတိုင်း၌ ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေတာကြောင့် ထိုကိစ္စအားဖုံးကွယ်ထားသည့်အတွက် သူ့ကို အပြစ်မတင်ပေ။ ချန်ရှု့နဲ့ သူမရဲ့ဆက်ဆံရေးကလည်း ယခုကဲ့သို့မဟုတ်သေးပေ။  သူ့မှာသူမကိုဖုံးကွယ်ဖို့ အကြောင်းပြချက်အားလုံးရှိသည်။

 

 

ချန်ရှု့က ယဲ့ဆွေကိုကြည့်ပြီး သူ့မျက်လုံးများက အလွန်နက်သထက်နက်လာကာ တစ်ယောက်ယောက်က သူတို့ရဲ့နက်နဲသော အရာတွေကို နားမလည်နိုင်ဘူး။

 

 

လွန်ခဲ့သောအနှစ်နှစ်ဆယ်က ချန်ရှု့ရဲ့ဘဝ၌ သူ့စိတ်ကိုမတည်မငြိမ်နဲ့ပြောင်းလဲစေနိုင်သောအရာတစ်ခုမှမရှိခဲ့ပေ။  သူ့မိသားစုတောင်မှ တစ်ယောက်နဲ့တစ်ယောက်အတွက် သူတို့ရဲ့ခံစားချက်တွေဟာ စက္ကူတစ်ခုလိုပါးလွှာသည်။

 

 

ချန်ရှု့ရဲ့မျက်လုံးများတွင် ငွေကဂဏန်းရဲ့ကြိုးတစ်ချောင်းသာဖြစ်သည်။  ဒီအရေအတွက်က နောက်ဆုံးမည်မျှပင်တိုးလာစေကာမူ သူ့ရဲ့စိတ်ခံစားမှုကို ထိခိုက်စေမှာ မဟုတ်ဘူး။

 

 

 သူကသူ့ဘ၀တစ်လျှောက်လုံး ဒီပုံစံအတိုင်းနေခဲ့ပြီး သူကဒီအတိုင်းထာဝစဉ်တည်ရှိနေလိမ့်မည်ဟု သူထင်ခဲ့သည်။  ထိုအချိန်ထိပဲ........

 

 

သူက ယဲ့ဆွေနဲ့ တွေ့ဆုံဖို့ ဖြစ်လာခဲ့သည်။

 

 

လမ်းတစ်လျှောက်၌ ယဲ့ဆွေက သူ့ဘ၀ထဲသို့၀င်လာခဲ့သည်။

 

 

သူမသည် တောက်ပလွန်းပြီး သူ့သေမင်းမီးခိုးရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။  ဒါပေမယ့် နည်းနည်းချင်းစီ  သူ့ဘဝကိုဖြည့်ဆည်းပေးခဲ့ပြီး သူ့ရဲ့မဲမှောင်နေတဲ့ နေ့ရက်များကို အရောင်တွေ ကြွယ်ဝစေခဲ့သည်။

 

 

ဒီနေ့ဒီအချိန်ထိ အဲ့တာနဲ့ထပ်ခွဲဖို့ခက်လိမ့်မည်။

 

 

သူမ၏ပျော်ရွှင်မှု၊ မျက်ရည်တွေ၊ ရယ်မောခြင်း၊ ချီးမွမ်းခြင်း ... သူမရဲ့စကားတိုင်းသည်ပင် သူ့ရဲ့တည်ငြိမ်ပြီး ပုံမှန်ဖြစ်နေတဲ့နှလုံးသား၌ လှိုင်းများဖန်တီးရန် လုံလောက်သည်။

 

 

သူက ယဲ့ဆွေကို အကောင်းဆုံးအရာတွေပေးချင်သည်။

 

 

 ဒီနေ့မှာယဲ့ဆွေက သူကအရမ်းအံ့သြစရာကောင်းတယ်လို့ သူ့ကိုပြောခဲ့သည်။  ဒါက သူမ ပထမဆုံးအကြိမ်ပြောခဲ့တာ မဟုတ်ပေမယ့် ဒီနေ့တော့ကွဲပြားသွားသလို ခံစားလိုက်ရသည်။  သူမက သူတကယ့်ကို အံ့သြစရာကောင်းကြောင်း သူ့ကိုအလေးအနက်ပြောဖို့ တူညီတဲ့ရိုးသားတဲ့လေသံကိုသုံးခဲ့သည်။

 

 

ထိုနွေးထွေးသောခံစားချက်များက သူ့နှလုံးသားထဲသို့ ဖြည်းဖြည်းချင်းစီးဆင်းသွားပြီး သူ့သွေးကြောထဲသို့စီးဆင်းသွားကာ ထိန်းမနိုင်သိမ်းမရစိတ်များသို့ တရွေ့ရွေ့စုဆောင်းလာခဲ့သည်။

 

 

ချန်ရှု့က ယဲ့ဆွေကို လေးလေးနက်နက်ကြည့်လိုက်ပြီးနောက် ဒုတိယတစ်စက္ကန့်တွင် သူကရုတ်တရက် သူ့လက်ကိုဆန့်ထုတ်ပြီး ယဲ့ဆွေကို သူ့လက်မောင်းထဲသို့ဆွဲသွင်းလိုက်သည်။  သူကသူမခန္ဓာကိုယ်ကို သူ့လက်မောင်းတွေထဲ၌ ပွေ့ဖက်ထားပြီး အသံတိုးတိုးလေးဖြင့်စကားပြောခဲ့သည်။

 

 

"ယဲ့ဆွေ၊ မင်း ကိုယ့်ကို ဒီလိုချီးမွမ်းတာကိုကြားရတော့ကိုယ်အရမ်းပျော်တာပဲ"

 

 

 နွေးထွေးသောဝင်သက်ထွက်သက်က ယဲ့ဆွေကို ဝန်းရံလိုက်ပြီး သူမရဲ့နှလုံးခုန်သံကို မြန်လာစေသည်။  သူမရဲ့ရှက်သွေးဖြာခြင်းကိုဖုံးကွယ်ရန် ယဲ့ဆွေက တမင်တကာဟာသလုပ်ခဲ့သည်။ "ချန်ရှု့၊ ရှင်နဲ့ယှဉ်ရင်ကျွန်မကအရမ်းဆင်းရဲတယ်"

 

 

တိတ်ဆိတ်မှု၌ယဲ့ဆွေက အသံတိုးတိုးလေးနဲ့ပြောလိုက်တဲ့ အသံကိုကြားလိုက်ရသည်။ကိစ္စမရှိပါဘူး။ ကိုယ်မင်းကိုပံ့ပိုးပေးမယ်

 

 

ယဲ့ဆွေက သူမ၏နှုတ်ခမ်းကို ကွေးပြီး ပြုံးလိုက်သည်။

 

 

 “ ကျို့ယွမ် ရုပ်ရှင်ကိုတည်းဖြတ်ပြီးတော့ ကြော်ငြာခြင်း ဇာတ်ရုံထဲ၀င်ရောက်လာခဲ့သည်။  ရုပ်ရှင်ပြသချိန်တွင် ယဲ့ဆွေက ဝှီးချဲနဲ့ဇာတ်စင်သို့ရောက်လာခဲ့သည်။

 

 

အင်တာနက်သုံးစွဲသူတွေက ယဲ့ဆွေအတွက် ရက်ပေါင်းများစွာ ဆုတောင်းခဲ့ကြပြီးနောက်ဆုံးတွင် သူမကျန်းမာစွာနေခဲ့သည်ကို တွေ့လိုက်ရသည်။

 

 

 ဖီးနစ်ကဲ့သို့ဘဝနှင့် သေခြင်းကိုတွေ့ကြုံခဲ့တဲ့ အမျိုးသမီးက လူတိုင်း၏အမြင်အာရုံ၌ တစ်ဖန်ပြန်လည်ပြီးပေါ်ပေါက်လာခဲ့သည်။

 

 

သူမပြန်လည်မသက်သာသေးဘဲ ဝှီးချဲပေါ်မှာထိုင်နေပေမယ့် ယဲ့ဆွေရဲ့အမူအရာက တည်ငြိမ်ပြီး ဘာမှမကွာခြားဘူး။  သူမရဲ့မျက်လုံးတွေက အရင်လိုတောက်ပပြီး ကြည်လင်နေဆဲဖြစ်သည်။ သူမက ကင်မရာကိုကြည့်လိုက်သောအခါ သူမရဲ့နှုတ်ခမ်းတွေက အပြုံးတစ်ခုသို့ပြောင်းသွားသည်။

 

 

 "အားးး၊ ငါအရမ်းငိုချင်နေတယ်။  ငါ့တစ်သက်မှာ ယဲ့ဆွေ ရဲ့သရုပ်ဆောင်မှုကို ငါမြင်နေရတုန်းပဲငါပွဲဦးထွက်လက်မှတ်တွေ၀ယ်မယ်၊ အတူတူကြည့်ဖို့သူငယ်ချင်းတွေကိုဖိတ်မယ်! ”

 

 

 "အပေါ်ထပ်က အရမ်းစိတ်လှုပ်ရှားနေတယ်ဆိုတာကို ငါသိပါတယ်၊ ဒါကြောင့် မတိုက်ခိုက်ပါနဲ့၊ ဒါပေမယ့် မင်းလေသံကိုကြည့်ရမယ် ........ ယဲ့ဆွေ လုံခြုံနေသမျှကာလပတ်လုံး သူမက ပိုပိုပြီးကောင်းမွန်တဲ့လက်ရာတွေကို သေချာပေါက် လုပ်နိုင်လိမ့်မယ်"

 

 

ဆွေဆွေတစ်ယောက် ဝှီးချဲပေါ်မှာလည်း အရမ်းလှတာပဲ။  မင်းကနတ်သမီးလေးလား?! "

 

 

ယဲ့ဆွေရဲ့ ပြန်ဝင်ရောက်ခြင်း ပြီးသွားတဲ့နောက် သူမရဲ့ပထမဆုံးရုပ်ရှင်က ဖြန့်ချီတော့မည် ဖြစ်၍ အကြောင်းအရာက အင်တာနက်၌ပေါက်ကွဲသွားသည်။  ကြိုတင်ရောင်းချတဲ့ လက်မှတ်ရောင်းသည့်နေရာက သန်း ၂၀၀ကို ကျော်လွန်သွားခဲ့သည်။

 

 

ဟုတ်ပါတယ်၊ အချို့သောအင်တာနက်သုံးစွဲသူတွေက သံသယဝင်ခဲ့ကြသည်။

 

 

ယဲ့ဆွေက ကားမတော်တဆမှုတစ်ခုကြောင့် နာမည်ကျော်ကြားသောမင်းသမီးတစ်ဦးသာဖြစ်သည်။  သူမသေခြင်းမှပြန်လာခဲ့သည်မှာ အမှန်ပင်အံ့သြစရာကောင်းသည်။ ဒါပေမယ့် အဲ့တာက သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို သက်သေပြခဲ့တာလား?

 

 

 ရုပ်ရှင်ကြည့် ပြန်လာသောပရိသတ်များက ၎င်းအားကြယ် ပွင့်တွင် ကြယ် ပွင့်ပေးခဲ့သည်။  *Douban တွင် ကနဦး အကဲဖြတ်မှုထွက်လာသောအခါ ၎င်းသည် . ကိုချိုးခဲ့သည်။

*Douban.com ( တရုတ် : 水白 ; pinyin : Dòubàn ) သည် 2005 ခုနှစ် မတ်လ 6 ရက်နေ့တွင် စတင်ခဲ့ပြီး တရုတ်လူမှုရေးကွန်ရက်ဝန်ဆောင်မှုဝဘ်ဆိုဒ်သည် စာရင်းသွင်းအသုံးပြုသူများအား ရုပ်ရှင်၊ စာအုပ်များ၊ ဂီတ၊ မကြာသေးမီက အဖြစ်အပျက်များနှင့် လှုပ်ရှားမှုများနှင့်ပတ်သက်သည့် အချက်အလက်များကို မှတ်တမ်းတင်ရန်နှင့် ဖန်တီးနိုင်စေမည့် တရုတ်လူမှုကွန်ရက် ၀ဘ်ဆိုဒ်တစ်ခုဖြစ်သည်။

 

 

ဇာတ်ညွှန်းရေးသူနှင့် ဒါရိုက်တာက ဤလုပ်ငန်းတွင်နာမည်ကြီးပုဂ္ဂိုလ်များဖြစ်သည်။  ဇာတ်လမ်းက အတက်၊ အကျနဲ့ ကောင်းကောင်းမွန်မွန်ရေးသားထားသည်။  ဒါပေမယ့် ဒီ ချက်တည်းနဲ့ . မြင့်တဲ့ရမှတ်ကိုမရနိုင်ဘူး။

 

 

အရေးအကြီးဆုံးကတော့ ယဲ့ဆွေရဲ့သရုပ်ဆောင်မှုစွမ်းရည်က ရုပ်ရှင်ကိုမြှင့်တင်လိုက်ပြီး ဇာတ်လမ်းတစ်ခုလုံးကို ပိုပြီးယုံကြည်လာအောင်လုပ်ခဲ့သည်။

 

 

အင်တာနက်ပေါ်တွင် တညီတညွတ်တည်း ချီးမွမ်းခြင်းကို မြင်ရသောအခါ သံသယဖြစ်နေတဲ့ အင်တာနက်သုံးစွဲသူတွေက "ကျို့ယွမ်"ကိုကြည့်ဖို့ ရုပ်ရှင်ရုံသို့ မသွားမီ ယဲ့ဆွေက အလွန်ကောင်းမွန်စွာလုပ်ဆောင်ခဲ့သည်ကို မယုံသေးပေ။

 

 

 ယဲ့ဆွေက ကျို့ယွမ်တွင် ရဲအရာရှိအဖြစ် သရုပ်ဆောင်ထားသည်။ ရဲဌာနတွင်အသစ်ရောက်လာတဲ့ ရဲအရာရှိအဖြစ်မှ ကြီးပြင်းလာခဲ့ကာ အလယ်၌ဘောင်ခတ် ခံရ၍ ပြန်ထလာခဲ့တယ်......

 

 

ဇာတ်ကောင်က တည်ကြည်ခိုင်မြဲပြီး မုန်တိုင်းကြားမှ ယုံကြည်မှုအပြည့်ရှိသည်။

 

 

ဇာတ်ကြောင်းက ယဲ့ဆွေရဲ့အတွေ့အကြုံနှင့် အလွန်ဆင်တူသည်။  ဤအချက်ကြောင့်လည်း ရုပ်ရှင်ကကြည့်ရှုသူများအတွက် စိတ်ခံစားမှုကိုဖြစ်ပေါ်စေခဲ့သည်။

 

 

ယဲ့ဆွေရဲ့ပရိသတ်များက သူမကိုဘာလို့ကြိုက်နှစ်သက်ကြတာလဲဆိုတာကို  အင်တာနက်သုံးစွဲသူတွေက ရုတ်တရက် နားလည်သွားကြသည်။

 

 

ယဲ့ဆွေ ပွဲဦးထွက်တဲ့အခါ အေဂျင်စီငယ်တစ်ခုက သူမနဲ့လက်မှတ်ထိုးခဲ့သည်။  စီမံခန့်ခွဲမှုအဖွဲ့က အတွေ့အကြုံနည်းသောကြောင့် အင်တာနက်သုံးစွဲသူတွေက ယဲ့ဆွေ အား သူမရဲ့အရှုပ်တော်ပုံအတွက် အမြဲသတိရနေခဲ့သည်။

 

 

သို့ရာတွင် ယဲ့ဆွေကို ဒရာမာဇာတ်ကားကြီးတစ်ကားပေးလာတဲ့အချိန်ကတောင် သူမဇာတ်ပို့နေရာမှာ သရုပ်ဆောင်ရပြီး  သူမ၏သရုပ်ဆောင်မှုစွမ်းရည်ကို အပြည့်အ၀ပြသနိုင်ခဲ့သည်။

 

 

အမျိုးသမီးဇာတ်လိုက် ချန်းယင်နဲ့ ယဲ့ဆွေတို့ တူညီသောရိုက်ကွင်းတွင်ရှိနေတဲ့အချိန်ကတောင် ယဲ့ဆွေက မီးမောင်းထိုးပြနိုင်ခဲ့သည်။

 

 

တစ်ချိန်က အင်တာနက်တစ်ခုလုံး၏ ဝိုင်းပယ်ခြင်းခံရသော ယဲ့ဆွေကဲ့သို့လူတစ်ဦးက စိန်ကဲ့သို့တောင်ပြောင်ဖို့  အခွင့်အရေးကိုစောင့်မျှော်နေပြီးဘယ်တော့မှ လက်မလျှော့ခဲ့ပေ။

 

 

 reality ရှိုးတွေမှာ သူမရဲ့တကယ့်ဇာတ်ကောင်အစစ်ကိုပြသပြီး ဒရမ်မာမှာ သူမရဲ့သရုပ်ဆောင်တဲ့အခန်းကဏ္ဍကို တိုးချဲ့ခဲ့သည်.......

 

 

ယခင် ယဲ့ဆွေရဲ့ထက်မြက်မှုကို ချန်းယင် အသေးစားလေးဆိုတဲ့ အမည်ဖြင့်ဖုံးကွယ်ထားသည်။ သူမက သူမရဲ့ကိုယ်ပိုင်ထူးခြားတဲ့ အရှိန်အဝါကို ဖြန့်ဝေတဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် လူအများရဲ့ရှေ့မှောက်ကိုမရောက်သေးဘူး။

 

 

 ယဲ့ဆွေက ဘယ်တုန်းကမှ ဘယ်သူ့အရိပ်မှမဖြစ်ခဲ့ဘူး။သူမက သူမကိုယ်တိုင်သာ ဖြစ်သည်။

 

 

အပြင်လောကက ယဲ့ဆွေတစ်ယောက်သာ မတော်တဆမှုဖြစ်ခဲ့တယ်လို့ ထင်ခဲ့ပေမယ့် ချန်မိသားစုက ခင်ပွန်းနဲ့ဇနီးနှစ်ယောက်လုံး ပါဝင်ခဲ့တယ်ဆိုတာကို သိသည်။

 

 

ချန်ရှု့ရဲ့ကျန်းမာရေးက အလွန်ကောင်းမွန်ခဲ့သော်လည်း ယဲ့ဆွေက ပြန်လည်သက်သာဖို့ လိုသေးသည်။  ခြေထောက်ဒဏ်ရာက မကြာခင်မှာ သက်သာလာလိမ့်မည်။

 

 

ယဲ့ဆွေကို ဆေးရုံတင်လိုက်ရသောအခါ ချန် မိသားစုက အရာများစွာကို ပို့ပေးခဲ့သည်။  သခင်ကြီးချန်က အလုပ်များနေပြီး သူမကိုတွေ့ဖို့ လေယာဥ်နဲ့ မလာနိုင်ခဲ့ပေမယ့် သူက ယဲ့ဆွေ ကိုစစ်ဆေးဖို့ ချန်ရှု့ကို ဗီဒီယိုကောလ်ခေါ်တုန်းပဲ။

 

 

သူတို့နှစ်ဦး ပြန်လာတဲ့အခါ ချန်ရှု့ရဲ့အဖေက ပါတီတစ်ခုကို ချက်ချင်းစီစဉ်ခဲ့သည်။ သူက ချန်ရှု့ နဲ့ ယဲ့ဆွေတို့အတွက် ရည်ရွယ်ပြီး ချန် မိသားစုဝင်များကို ဖိတ်ကြားထားသည်။

 

 

ယဲ့ဆွေက ဝှီးချဲပေါ်၌ ထိုင်ပြီး ချန်ရှု့က ချန် အိမ်တော်ထဲ တွန်းပို့ပေးခဲ့သည်။

 

 

သူတို့နှစ်ဦး ရောက်လာပြီးနောက် သခင်ကြီးချန်က သူတို့ကို နှုတ်ဆက်ဖို့ ကိုယ်တိုင်ထွက်လာခဲ့သည်။  ချန်ရှု့က သူ့ရှေ့တွင် လုံခြုံစွာရပ်နေသည်ကို မြင်သောအခါ ချန်ရှီက ရုတ်တရက် သက်ပြင်းချလိုက်သည်။

 

 

 ဤပါတီကို သူ့ရဲ့သုံးဆယ်ပြည့်မွေးနေ့အတွက် ပွဲအဖြစ် သတ်မှတ်နိုင်သည်။

 

 

ချန်ရှု့ရဲ့ အသက် ၃၀ ပြည့်မွေးနေ့က စိုးရိမ်သောကများနှင့် ကုန်ဆုံးခဲ့သည်။  ထို့ကြောင့် သခင်ကြီးချန်က သူတို့ရဲ့နောင်တများအတွက် ဖြေရှင်းပေးဖို့ မျှော်လင့်ခဲ့သည်။

 

 

ချန်ရှီက ချန် မိသားစုရဲ့ အကြီးအကဲဖြစ်ပြီး သူက ချန်  မိသားစုအားလုံးကိုခေါ်ထားခဲ့သည်။  သူတို့အလုပ်များရင်တောင်သူတို့အားလုံးက ချန်ရှု့ရဲ့မွေးနေ့ပွဲကျင်းပဖို့ ပြန်လာခဲ့ကြသည်။

 

 

ထိုသို့သောမြင်ကွင်းက အလွန်တရာမှကြီးလွန်းပြီး ချန်ရှု့ရဲ့ မျက်လုံးများကိုမှေးမှိန်သွားစေသည်။ ငယ်စဉ်ကတည်းက ချန်မိသားစုက သူ့မွေးနေ့ကိုသိပ်ပြီးဂရုမစိုက်ခဲ့ဘူး။ ဒါကြောင့် ၃၀နှစ်ပြည့်မွေးနေ့ပါတီကို ဘာလို့ကြီးကျယ်ခမ်းနားစွာ ကျင်းပသင့်တာလဲ?

 

 

သူတို့ဘာကိုကျင်းပနေတာလဲ? သူ့ရဲ့ရှင်သန်မှုကိုလား?

 

 

ချန်ရှု့ရဲ့ မျက်နှာ၌ပုံမှန်မဟုတ်သော လျစ်လျူရှုမှုက ယဲ့ဆွေကို ကြည့်လိုက်တဲ့ခဏတာမှာ နူးညံ့သိမ်မွေ့မှုသို့ပြန်ရောက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်က ဆူညံနေသော်လည်း သူက သူမကိုသာ အာရုံစိုက်ထားခဲ့သည်။

 

 

ယဲ့ဆွေက ဝှီးချဲပေါ်၌ထိုင်ပြီး လက်ဆောင်ပေးဖို့ တစ်ယောက်ပြီးတစ်ယောက်ရောက်လာသော ချန် မိသားစုဝင်များကို စူးစမ်းမှုနဲ့ကြည့်ရှု့စစ်ဆေးနေသည်။

 

 

သူမက ချန်ရှု့ ရဲ့အတိတ်ကံကြမ္မာကို လှောင်ပြောင်တဲ့ဆွေမျိုးတွေကို သူမ မကြိုက်ဘူး။  ဒီတခါတော့ သူကသူမကိုဝှီးချဲဆွဲလိုက်ပြီး သူတို့အပြစ်တွေအတွက် ယဉ်ယဉ်ကျေးကျေးဆက်ဆံပေးခဲ့သည်။

 

 

သူမ မတွေ့ရတာကြာပြီဖြစ်တဲ့ ပညာရှင်သရဲတစ်ကောင်တောင်မှ ချန်အိမ်တော်ဆီ လွင့်မျောလာပြီး ယဲ့ဆွေကို ဦးညွှတ်ခဲ့သည်။ သူက သူမကို ဦးညွှတ်နေတာလား။ ချန်ရှု့ကို ဦးညွှတ်နေတာလားဆိုတာကို သူမ မသိခဲ့ပေ။

 

 

အရေးကြီးပွဲတစ်ခုအတွက် နောက်ထပ်မြို့တစ်မြို့ကိုရောက်နေတဲ့ ချန်ရှို့နဲ့ ချန်းယင်တို့ကို အလုပ်အပြီးမှာ ချန်အိမ်တော်ဆီ ချက်ချင်း ပြန်လာဖို့ကို သူ့အဘိုးကအမိန့်ပေးခဲ့သည်။

 

 

ချန်ရှို့က ကျန်းမာသန်စွမ်းမှုကို တိုးတက်စောတဲ့ လက်ဆောင်အိတ်၊ သမင်ဦးချို၊ ချုံးစောင် ( တရုတ်ပေါက်ဖက်ပုံစံမှို) လင်ဇီးကို လက်ဆောင်ပေးနေစဥ် ချန်းယင်က စျေးအကြီးဆုံးဂျင်ဆင်းကို ယူလာခဲ့သည်.......

 

 

ယဲ့ဆွေ  - “….........”

 

 

 ဒီနေ့ပါတီက ကြီးကျယ်ခမ်းနားသော အခမ်းအနားဖြစ်ခဲ့သည်။ သူမ မဖျားနာရင်တောင် ဖြည့်စွက်စာတွေအများကြီးကို စုဆောင်းခဲ့ရသည်။ သူမ ဟန်ဆောင်ဖို့ လိုလိမ့်မယ်။