လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၉၉ - ရှက်ကြောက်တတ်တဲ့စိတ်
ယဲ့ဆွေရဲ့ သဝန်တိုနေတဲ့ အပြုအမူက ချန်ရှု့အရင်က ဖြစ်ဖူးတာနဲ့အတူတူပဲ။
ဒါပေမယ့် သူ့ထင်မြင်ချက်အရ သူမက သူမရဲ့အသွင်အပြင်ကို ဂရုစိုက်သည်။
သူကဖျော့တော့စွာပြုံးလိုက်ပြီး သူ့ပါးစပ်ကိုတွန့်လိုက်ကာ "မင်း သဝန်တိုနေတဲ့ပုံစံကို ကိုယ်ကြိုက်တယ်" လို့ပြောဖို့မကူညီနိုင်ခဲ့ဘူး။
အစပိုင်းမှာယဲ့ဆွေက သူမရဲ့ခံစားချက်တွေကို ဘယ်လိုဖော်ပြရမှန်းမသိပေမယ့် ချန်ရှု့ရဲ့ ရုတ်တရက် ပြောလာတဲ့ ဒီစကားတွေက သူမကို ရှက်သွားစေသည်။
သူမရဲ့ရှက်ကြောက်တတ်တဲ့စိတ်ကို ဖုံးကွယ်ရန် ယဲ့ဆွေက ချန်ရှု့ရဲ့
ခေါင်းပေါ်မှ ဦးထုပ်ကို မြှောက်လိုက်သည်။
“ အချိန်နီးနေပြီ။ ရှင့်ရဲ့မိတ်ကပ်ကို သွားဖျက်လိုက်ဦး ”
ဤသို့ပြောနေစဉ် သူမစိတ်ထဲတွင် အခြားစိတ်ကူးများရှိခဲ့သည်။ နောက်တစ်ကြိမ်ကျရင် သူမက ချန်ရှု့ရဲ့ မျက်ခုံးတွေကိုထူသွားစေဖို့၊ သူ့ရဲ့မျက်နှာကို ညိုမည်းစေဖို့နဲ့ အခြားမျက်နှာ အသွင်အပြင်များကို ချိန်ညှိရလိမ့်မည်။ သူမ သူတို့ကို ပိုကြမ်းတမ်းအောင်လုပ်လေပိုကောင်းလေပဲ။
ယဲ့ဆွေ စကားပြောပြီးသည်နှင့်တပြိုင်နက် ချန်ရှု့ရဲ့ မျက်လုံးများက အရောင်တောက်လာသည်။
"မင်းကိုယ့်ကိုကူညီပေးလေ "
ယဲ့ဆွေက သူမရဲ့ခြေထောက်ကို ဖုံးလိုက်သည်။
"ကျွန်မခြေထောက်ကနာနေတယ်။
ရှင်ကိုယ်တိုင် ဖျက်လိုက်ပါ”
ချန်ရှု့က ယဲ့ဆွေရဲ့ဒဏ်ရာအကြောင်း ယဲ့ဆွေ ကိုယ်တိုင်ထက် သူပိုသိသည်။ သို့သော် သူမရဲ့လိမ်ညာခြင်းကို သူမထုတ်ဖော်ခဲ့ပေ။ သို့သော်လည်း သူ့မျက်လုံးထဲတွင် လေးနက်သော အဓိပ္ပာယ်ပေါ်လာခဲ့သည်။
"ဒါဆို ကိုယ် မင်းကို ချီထားပေးမယ်၊ မင်းက ကိုယ့်အတွက်အဲဒါကိုဖျက်ပေး "
ယဲ့ဆွေက ချန်ရှု့ကိုအခန်းထဲသွားပြီး ဖျက်ဆေးအဆီကို
ယူဖို့တောင်းဆိုခဲ့ပေမယ့် ချန်ရှု့က ဒီလိုအရာမျိုးတွေကိို ဘာကိုမှမသိခဲ့ဘူး။
နောက်ဆုံးတော့ သူကသူမကိုအိပ်ခန်းထဲခေါ်သွားပြီး ဖျက်ဆေး အဆီပုလင်းကဘယ်ဟာလဲဆိုတာကို သိလိုက်ရသည်။
ချန်ရှု့က ယဲ့ဆွေကို ရေချိုးခန်းထဲတွန်းပို့လိုက်သည်။
"ရှင့်ရဲ့ခေါင်းကိုအောက်စိုက်ထား" ယဲ့ဆွေက ရှောင်လျို့ သူမကို အရင်ကပေးခဲ့သော နားရွက်လေးနှစ်ဖက်ပါတဲ့ ဘီးကုတ်ကိုယူလိုက်သည်။
ချန်ရှု့က "ဒါက ......... မလိုအပ်သင့်ဘူး" ဟုအကျပ်ရိုက်လျက်ပြောလိုက်သည်။
ချန်ရှု့က ဒီလောက်ချစ်စရာကောင်းတဲ့ အရာမျိုးကို ဘယ်တုန်းကမှ မယူခဲ့ဖူးပေ။ သူကအနည်းငယ် ခံနိုင်ရည်ရှိခဲ့သည်။
ဒါပေမယ့် ယဲ့ဆွေက သူ့ကိုငြင်းဖို့အခွင့်အရေး မပေးခဲ့ဘူး။
"ရှင့်ဆံပင်တွေ စိုသွားတဲ့အချိန်မှာ ကျွန်မကို အပြစ်မတင်နဲ့" ယဲ့ဆွေက ဟန်ဆောင် သက်ပြင်းချလိုက်ကာ ဘီးကုတ်ကို ဘေးသို့ဖြည်းဖြည်းချင်း ချထားလိုက်သည်။
"အဲဒါကိုမေ့လိုက်တော့၊ ရှင်မကြိုက်ရင်ကျွန်မအတင်းတွန်းအားပေးမှာမဟုတ်ဘူး။ "
ယဲ့ဆွေ စကားပြောပြီးရုံသာရှိသေးတယ် ချန်ရှု့က "တပ်ပေး ”လို့ ချက်ချင်း တုံ့ပြန်လိုက်သည်။
ယဲ့ဆွေရဲ့ ဘီးကုတ်ကို သူမလက်ထဲ၌ ကိုင်ထားဆဲဖြစ်ပြီး သူမကထိုစကားများကိုကြားရသောအခါ ဘေးတိုက်ကနေ အမြန်လှည့်ကာ လျှပ်စီးကဲ့သို့ရွေ့လျားသွားသည်။
ချန်ရှု့က ယဲ့ဆွေရဲ့ သေးငယ်သည့် လုပ်ရပ်များမှ တဆင့် မြင်ခဲ့ဖူးသော်လည်း သူလည်း သူမကိုနှစ်သိမ့်ခဲ့သည်။
ယဲ့ဆွေက ချန်ရှု့အားကွပ်မျက်ရန်မြေပြင်သို့ သွားနေသကဲ့သို့ ရယ်မောလျက် သူမရဲ့ဘီးကုတ်ကို သူ့ခေါင်းပေါ်တင်လိုက်သည်။
မမျှော်လင့်ဘဲ ချန်ရှု့မှာ နားရွက်အပိုတစ်စုံရှိခဲ့ပြီး တော်တော်ချစ်စရာကောင်းသည်။ ယဲ့ဆွေက မှန်ကိုညွှန်ပြလိုက်သည်။
"ကြည့်လိုက်ပါဦး၊ အရမ်းကောင်းတယ်မဟုတ်လား?"
ချန်ရှု့က အသက်မရှိတော့ဘဲ မှန်ကိုတစ်ချက်ကြည့်ပြီး ဝိညာဥ်မပါစွာဘဲ
ခေါင်းညိတ်လိုက်ပြီးနောက် ယဲ့ဆွေ အား သူ့ရဲ့မိတ်ကပ်ကို ဖျက်ခိုင်းဖို့ နာခံစွာနဲ့ ခေါင်းကိုငုံ့လိုက်သည်။
သူကမသိဘူး၊ ဒါကြောင့် ယဲ့ဆွေက သူ့ကိုလက်တွဲသင်ပေးတယ်။
သူမက သူ့မျက်နှာပေါ်တွင် ဖျက်ဆေး အဆီကိုသုတ်လိုက်ပြီး အဲ့တာကိုအနည်းငယ် ပျစ်ရွှဲလာအောင် လုပ်လိုက်သည်။
သူမဟာ ချန်ရှု့ ရဲ့မျက်နှာအစိတ်အပိုင်းကို ဂရုတစိုက်နဲ့ပွတ်ပေးသောအခါ ယဲ့ဆွေရဲ့ လှုပ်ရှားမှုများက အလွန်ပေါ့ပါးသည်။
သူမက ဒီလောက်ကောင်းတဲ့ အသားအရေကို ပိုဆိုးမလာစေချင်ဘူး။
ချန်ရှု့က အရပ်ရှည်တာကြောင့် ဝှီးချဲပေါ်မှာထိုင်နေတဲ့ သူမရဲ့အရပ်နဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့ ယဲ့ဆွေရဲ့ အရှေ့မှာ သူ့မျက်နှာကို ငုံ့ကိုင်းပေးထားရသည်။
ယဲ့ဆွေက ရေခလုတ်ကိုဖွင့်လိုက်ပြီး ချန်ရှု့ရဲ့မျက်နှာကို ရေနွေးနွေးဖြင့် ဆေးကြောပေးလိုက်သည်။ သူမအရင်က မိတ်ကပ်ဖျက်ဖို့ ဘယ်သူ့ကိုမှ မကူညီပေးဖူးဘူး။ ပြီးတော့ ချန်ရှု့ရဲ့ နှာခေါင်းထဲသို့မတော်တဆနဲ့ အကြိမ်များစွာရေဖြင့်ပက်မိတာကြောင့် အဲ့တာက သူ့ကိုချောင်းဆိုးစေခဲ့သည်။
သူမက အပြစ်ကင်းတဲ့ အသိစိတ်ဖြင့် မျက်နှာသုတ်ပုဝါကို ကိုင်ကာ ချန်ရှု့ရဲ့မျက်နှာကို သုတ်ပေးဖို့
ရှက်ရွံ့စွာနဲ့ ညင်သာစွာ ကူညီပေးခဲ့သည်။
သူမရဲ့အသံကလည်း ပျော့ပျောင်းသွားသည်။
"ချန်ရှု့၊ ရှင်အဆင်ပြေရဲ့လား?"
ချန်ရှု့ရဲ့ မျက်လုံးတွေက ရေကြောင့် နီရဲနေသည်။
သူကမျက်နှာသုတ်ပုဝါကို ယူလိုက်ပြီး သူ့မျက်နှာကို သုတ်လိုက်သည်။
မိတ်ကပ်ဖျက်ခြင်းက အလွန်နာကျင်လိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့သလို ၎င်းကဒဏ်ရာတွေဖြစ်လုနီးပါး ဖြစ်စေခဲ့သည်။
ချန်ရှု့က နှစ်ကြိမ်ချောင်းဆိုးလိုက်ပြီး ယဲ့ဆွေကို နှစ်သိမ့်လိုက်သည်။ "အဆင်ပြေပါတယ်။ ဒါကလုံးဝအဆင်မပြေမဖြစ်ဘူး”
သူ့မျက်နှာကို မျက်နှာသုတ်ပုဝါသုတ်တာကို ခံလိုက်ရသောအခါ အဲ့တာက ယဲ့ဆွေမှလွဲ၍ အခြားသူမဟုတ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
သူ့ရဲ့အဆင်မပြေမှုက ယခုပင်ပျောက်ကွယ်သွားသည်။
ချန်ရှု့ရဲ့ နှုတ်ခမ်းထောင့်များက ကော့တက်သွားသည်။
ယဲ့ဆွေက ထူးဆန်းတယ်လို့ ခံစားသွားရသည်။ ချန်ရှု့ရဲ့
စိတ်အခြေအနေက ရုတ်တရက်ကြီး ဘာကြောင့်တိုးတက်လာတာလဲ?
"ရှင်ဘာဖြစ်သွားတာလဲ?"
ထိုလုပ်ရပ်ကို ဖမ်းမိသွားခံရတဲ့ ချန်ရှု့က ချက်ချင်းပဲပြုံးနေတာကို ရပ်လိုက်သည်။ သူ့မှာ မူမမှန်တဲ့ စိတ်ရှိတယ်လို့ ယဲ့ဆွေပြောလာမှာကို သူကြောက်တာကြောင့် သူကမျက်နှာသုတ်ပုဝါကို တွန့်ဆုတ်စွာနဲ့ ပြန်ယူလိုက်သည်။
——-
ညနေခင်းတွင်
အိပ်ရာမဝင်မီ ယဲ့ဆွေနဲ့ ချန်ရှု့တို့ တစ်ဦးနှင့်တစ်ဦး စကားစမြည်ပြောခဲ့ကြသည်။ ယဲ့ဆွေက လက်ဖက်ရည်ကို ယူလိုက်ပြီး သူမလက်ပေါ်ကို မတော်တဆ ဖိတ်စင်သွားခဲ့သည်။
လက်ဖက်ရည်က နည်းနည်းပူသည်။
ယဲ့ဆွေရဲ့ ဖြူဖွေးသောအသားအရည်က အနည်းငယ်နီနေပုံရသော်လည်း ပြင်းထန်ခြင်းမရှိပေ။ သူမကအဲ့တာကို စိတ်ထဲမထားသော်လည်း ချန်ရှု့က စိတ်ပူသွားခဲ့သည်။
သူကယဲ့ဆွေရဲ့လက်ကိုဆုပ်ကိုင်ပြီး အနီရောင်ကိုမမြင်နိုင်တော့တဲ့အထိ ရေအေးအောက်၌ အကြိမ်ကြိမ်ဆေးပေးခဲ့သည်။
ဤသည်မှာသေးငယ်တဲ့ ကိစ္စတစ်ခုသာဖြစ်သည်။ ထို့ကြောင့် ယဲ့ဆွေက မြန်မြန်မေ့သွားသည်။
ယဲ့ဆွေ ဒါကို မသိတာကြောင့် ချန်ရှု့ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
သူမကအခန်းထဲပြန်လာပြီး ရေချိုးဖို့ပြင်လိုက်သည်။သူမအဝတ်စားတွေကို ကောက်ယူနေတဲ့အချိန်မှာ
သူမရဲ့အနောက်မှ ဖျော့တော့သောအကြည့်တစ်ခုက်ု သတိပြုမိခဲ့သည်။
ယဲ့ဆွေ ခေါင်းကိုလှည့်လိုက်တော့ ချန်ရှု့ရဲ့ မျက်ဝန်းနက်နက်တွေကို တွေ့လိုက်ရသည်။ သူက တံခါးအပြင်ဘက်မှာရပ်နေပြီး သူမကိုစိုက်ကြည့်နေသည်။ သူမရှော့ခ်ရသွားသည်။ သူဘာလို့ ငါ့ကိုဆက်ကြည့်နေတာလဲ?
ယဲ့ဆွေက "ရှင့်အခန်းထဲကို သွားမအိပ်ဘူးလား?" လို့မေးလိုက်သည်။
ချန်ရှု့က စကားပြောနေစဥ်မှာ ခြေထောက်ကိုမြှောက်လိုက်ပြီး သူမဆီကိုလျှောက်လာခဲ့သည်။ "မင်းအခုဘာလုပ်မလို့လဲ?"
ယဲ့ဆွေက လန့်သွားပေမယ့်
သူမ မသိစိတ်ကနေ “ ရေချိုးမလို့လေ။ ဘာဖြစ်လို့လဲ?”လို့ပြောလိုက်သည်။
ချန်ရှု့က ယခုအချိန်တွင် ယဲ့ဆွေနား လမ်းလျှောက်လာနေပြီဖြစ်သည်။ သူက သူမလက်ထဲက အ၀တ်တွေကို ကြည့်လိုက်ပြီး "ကိုယ်ကူညီပေးမယ် "လို့ပြောလာခဲ့သည်။
ချန်ရှု့က ကုတင်တစ်ဖက်သို့ လျှောက်သွားလိုက်သည်။ ထိုအပေါ်တွင် ယဲ့ဆွေရဲ့ ညအိပ်ဝတ်စုံလို့ ထင်ရတဲ့ အဝတ်အချို့ရှိခဲ့သည်။
ယဲ့ဆွေက ချန်ရှု့ရဲ့ နောက်ဆုံးစာကြောင်း၌ နှစ်မြုပ်နေဆဲဖြစ်သည်။
သူက ငါ့အတွက် ညအိပ်ဝတ်စုံဝတ်ပေးဖို့ ကူညီချင်တာလား?
ခဏနေဦး၊ သူက ငါ့ရဲ့ဝတ်စုံအတွက် ကူညီချင်တာလား?
ယဲ့ဆွေ သတိပြန်ဝင်လာချိန် ချန်ရှု့က အိပ်ရာရဲ့အခြားတစ်ဖက်သို့ရောက်ရှိသွားပြီး သူ့ရဲ့သေးသွယ်သောလက်များက ပထမအ၀တ်ကို ဖုံးလွှမ်းနေပြီဖြစ်သည်။
နောက်တစ်စက္ကန့်တွင် သူက သူမရဲ့ဂါဝန်ကို ကောက်ယူလိုက်သည်။
ယဲ့ဆွေရှော့ခ်ရသွားပြီး ချက်ချင်းပဲ"ခဏလေး! "လို့အော်လိုက်သည်။
ဒီဂါဝန်ရဲ့အောက်မှာရှိတာက သူမရဲ့အတွင်းခံဖြစ်သည်။ အ၀တ်များကိုသာ ဖယ်လိုက်ပါက၊ သူမရဲ့အတွင်းခံကို သူမြင်သွားလိမ့်မယ်။
မဟုတ်ဘူး၊ သူမ ချန်ရှုကို မြင်ခွင့် ပေးလို့မရဘူး!
ယဲ့ဆွေက ချိုင်းထောက်များကိုပင် ဂရုမစိုက်တော့ပေ။
သူမဟာ ချန်ရှု့ ရဲ့လက်ကိုဆုပ်ကိုင်ဖို့ ချန်ရှု့ရဲ့ ဘက်ကိုအမြန်သွားလိုက်သည်။
ဒါပေမယ့် သူမရဲ့လှုပ်ရှားမှုတွေက ပြင်းထန်လွန်းတာမို့ သူမရဲ့ခန္ဓာကိုယ်က ဟန်ချက်ပျက်သွားပြီး ကုတင်ပေါ်သို့ တည့်တည့်ကျသွားသည်။
ချန်ရှု့က ယဲ့ဆွေ လဲကျတော့မည်ကိုမြင်သည်နှင့် သူမရဲ့ခါးကို ချက်ချင်း လှမ်းဖမ်းလိုက်သည်။
ချန်ရှု့က သူ့ရဲ့လက်ကို ယဲ့ဆွေရဲ့ခါးပေါ်မှာထားထားပြီး
"သတိထားလေ " လို့စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။
ဒါကသာမာန်အချိန်ဖြစ်လျှင် ယဲ့ဆွေရဲ့မျက်နှာက နီရဲလာလိမ့်မည်။
ဒါပေမယ့် အခုတော့ ရှက်သွေးဖြာစွာနဲ့ပဲ ယဲ့ဆွေက ဒီကိစ္စကို နောက်မှာထားလိုက်သည်။ သူမက ညဝတ်အင်္ကျီများပေါ်တွင် သူမလက်ကို အမြန်တင်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
ဒါက အရမ်းအန္တရာယ်များတယ်။ ကံကောင်းစွာနဲ့ပဲ ချန်ရှု့က သူမရဲ့အတွင်းခံကို မမြင်လိုက်ဘူး။
ယဲ့ဆွေက သူမရဲ့ပစ်မှတ်ထားရာနေရာသို့ ရောက်သွားတဲ့အခါ ချန်ရှု့က သူမကိုသွားခွင့်ပြုပေမယ့် သူကတော့ ထွက်မသွားခဲ့ဘူး။ သူက သူမရဲ့အဝတ်အစားများကို ဆက်ယူခဲ့သည်။
ယဲ့ဆွေရဲ့လက်က တင်းကျပ်စွာဖိထားပြီး ချန်ရှု့အားအ၀တ်ကိုထိခွင့်မပြုပေ။ သူမနားရွက်တွေက အနီရောင်သို့ပြောင်းသွားပြီး သူမက "ကျွန်မရဲ့ အ၀တ်တွေကို ကျွန်မပဲယူလိုက်မယ်"လို့ အသားပေး ပြောလိုက်သည်။
ချန်ရှု့က စကားမပြောဘဲ ယဲ့ဆွေကို တိတ်တဆိတ်ကြည့်နေခဲ့သည်။ သူ မထွက်သွားချင်ဘူးဆိုတာ သိသာထင်ရှားသည်။
ယဲ့ဆွေ သက်ပြင်းချလိုက်သည်။
သူမက ချန်ရှု့ ကိုလှည့်ကြည့်လိုက်သည်။
"ရှင့်အရင်ဆုံးဟိုဘက်လှည့်လိုက်" သူမရဲ့ အတွင်းခံကိုဝှက်ထားဖို့ သူ့ကိုဟိုဘက်လှည့်စေချင်သည်။
ချန်ရှု့က မလှုပ်သေးဘဲ သူ့မျက်လုံးများမှာ နားမလည်မှုဖြင့်ပြည့်နေသည်။ ယဲ့ဆွေက ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။
"ရှင် ကျွန်မ စကားနားမထောင်ဘူးလား?"
ချန်ရှု့ မျက်လုံးပြူးသွားပြီး သူ့အသံက တိုးသွားခဲ့သည်။ သူ့လေသံက စိတ်မကောင်းဖြစ်သွားသလို ပြောင်းသွားသည်။ "မင်းဒဏ်ရာရမှာကို ကိုယ်စိုးရိမ်တယ်"
ချန်ရှု့က သူမကို ဂရုစိုက်တယ်ဆိုတာကို ယဲ့ဆွေ သိသည်။ ဒါပေမယ့်.......သူမက "ကျွန်မလက်က မနာတော့ဘူး။ ရှင်မြင်လား ကျွန်မအဲ့တာကို ကိုယ်တိုင်လုပ်နိုင်တယ်" လို့စိတ်ရှည်ရှည်နဲ့ပြောလိုက်သည်။
ယဲ့ဆွေက သူမရဲ့နောက်လက်တစ်ဖက်ကို ချန်ရှု့ ရှေ့မှာယမ်းပြလိုက်သည်။ သူမသဘောထားရဲ့ပုံစံကိုမြင်လိုက်တော့ သူကအလျှော့ပေးပြီး နာခံစွာနဲ့လှည့်လိုက်သည်။
ချန်ရှု့ လှည့်လိုက်တဲ့အချိန်မှာပဲ ယဲ့ဆွေက ချက်ချင်းပဲ ညဝတ်အင်္ကျီကို ကောက်ယူလိုက်သည်။ အတွင်းခံကို ညဝတ်အင်္ကျီအောက်ထဲ ထိုးထည့်လိုက်ပြီးအဲ့တာတွေကို သူမရဲ့ရင်ခွင်ထဲမှာ တင်းကျပ်စွာဖက်ထားလိုက်သည်။
ယဲ့ဆွေက "ရပြီ"လို့ပြောလိုက်သည်။
ချန်ရှု ပြန်လှည့်လိုက်သည်။
သူက ယဲ့ဆွေရဲ့ရင်ခွင်ထဲမှာရှိတဲ့ဟာကို အမှတ်တမဲ့ကြည့်လိုက်ပြီးတော့ ထူးထူးခြားခြား ဘာမှမတွေ့ရပေ။ ယဲ့ဆွေက သူမရဲ့ချိုင်းထောက်တွေနဲ့ အရှေ့သို့လျှောက်လာခဲ့သည်။
"ကျွန်မ အခု ရေသွားချိုးတော့မယ်။
ရှင်အခန်းထဲ အရင်ပြန်သွားသင့်တယ် "
ချန်ရှု့က ခေါင်းမမော့ခင် စက္ကန့်အနည်းငယ်မျှတိတ်ဆိတ်နေခဲ့ပြီး "မင်းရေသွားချိုးလိုက်။ ကိုယ်ဒီမှာစောင့်နေမယ်။ "လို့ပြောခဲ့သည်။
ယဲ့ဆွေကတော့ ကြက်သေသေသွားခဲ့ပေမယ့် ချန်ရှု့က
"မင်းခြေထောက်တွေ နာနေတယ်လေ။ မင်းပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ?"လို့ သူက သူမကို သတိပေးလိုက်သည်။
ချန်ရှု့ရဲ့ မျက်လုံးတွေက ယဲ့ဆွေအတွက် စိုးရိမ်ပူပန်မှုများနှင့်ပြည့်နေသည်။
အဆုံးမှာတော့ သူမ မငြင်းဆန်နိုင်ခဲ့ပေ။
“ကောင်းပြီ၊ ဒါဆိုရှင်ကျွန်မကုတင်ပေါ်မှာထိုင်ပြီးစောင့်နိုင်တယ်”
"ကျွန်မ ရေချိုးပြီးတာနဲ့ ချက်ချင်းထွက်လာခဲ့မယ်။
ရှင့်ကို အကြာကြီးမစောင့်စေရပါဘူး "
သူမစကားဆုံးသည်နှင့်တစ်ပြိုင်နက် တစ်ခုခုမှားနေပြီဆိုတာကို ယဲ့ဆွေသဘောပေါက်လိုက်သည်။
ငါဘာပြောလိုက်တာလဲ? သူ့ကိုကုတင်မှာ စောင့်ခိုင်းတာက ဘာကိုဆိုလိုတာလဲ?
သူမရေချိုးဖို့အတွက် သူ့ကိုအကြာကြီးမစောင့်စေရဘူးဆိုတာက ဘာကိုဆိုလိုတာလဲ?
သူမရဲ့စကားများနောက်ကို လိုက်နေတဲ့ ခြေလှမ်းကဘာလဲ?
သူတို့နှစ်ယောက်က နည်းလမ်းတစ်ခုခုဖြင့် အတူတကွလှုပ်ရှားဖို့ အချိန်ရောက်ပြီလား?
ယဲ့ဆွေရဲ့ပါးပြင်တွေကပူလာခဲ့သည်။ သူမ အဲ့လိုဆိုလိုတာမဟုတ်ဘူး။ သူတို့နှစ်ယောက်က ဝန်ခံပြီးပြီဆိုပေမယ့် ကျန်တာတွေကို ဖြည်းဖြည်းချင်းလုပ်ရမယ်။
ယဲ့ဆွေက ချန်ရှု့ကို တစ်ချက် ကြည့်လိုက်သည်။
သူ့အမူအရာက ပုံမှန်အတိုင်းဘဲ၊ သူ့မျက်လုံးတွေက သန့်ရှင်းနေသည်။
ယဲ့ဆွေ စိတ်သက်သာသွားသည်။
ကံကောင်းထောက်မစွာနဲ့ သူက ရိုးရှင်းပြီး ဖြူစင်သည်။
ယဲ့ဆွေက သူမရဲ့လည်ချောင်းကို ရှင်းလိုက်ပြီး သူမလက်ကို ကုတင်ဆီဦးတည်လိုက်သည်။
"အဲ့မှာသွားထိုင်နေ "
ချန်ရှု့က သူမရဲ့စကားအတိုင်းသွားခဲ့သည်။ သူက ယဲ့ဆွေရဲ့ အိပ်ရာဘက်သို့လှည့်လိုက်ပြီး ညင်ညင်သာသာထိုင်ချလိုက်သည်။ ထို့နောက် သူက ယဲ့ဆွေကို ဆက်ကြည့်လိုက်သည်။
ချန်ရှု့ရဲ့အကြည့်အောက်တွင် ယဲ့ဆွေက ရေချိုးခန်းထဲ လျှောက်သွားခဲ့သည်။ တံခါးကို ပိတ်လိုက်ပြီးတော့ သူမက ချိုင်းထောက်ကို ဘေးမှာထားလိုက်ပြီး ရေအပူချိန်ကို ချိန်ညှိလိုက်သည်။
ခဏအကြာတွင် ရေချိုးခန်းထဲမှ ရေချိုးနေတဲ့ အသံထွက်လာခဲ့သည်။
ပိတ်ထားသော ရေချိုးခန်း တံခါးမှအသံဟာ မြူတွေထူနေတဲ့ အလွှာတစ်ခုမှ ဖြတ်သန်းလာသကဲ့သို့ အသံကသဲသဲကွဲကွဲမကြားရပေ။ ဒါတောင် အခန်းထဲမှာအဲ့အသံကရှင်းရှင်းလင်းလင်း ကြားနေရတုန်းပဲ။
ချန်ရှု့ အနည်းငယ် ပျင်းသွားပြီး သူ့မျက်လုံးများက အမှတ်မဲ့ ရေချိုးခန်း တံခါးကို ကြည့်လိုက်သည်။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူ့မျက်နှာက နီရဲလာခဲ့သည်။
ချန်ရှု့က သူ့ရဲ့နှာခေါင်းကို တို့ထိလိုက်ပြီး အခြားတစ်နေရာသို့ ကြည့်လိုက်သည်။ သူကသူ့မျက်လုံးများကိုပိတ်ပြီး သူ့ရဲ့စိတ်ထဲ၌ နှလုံးသားကျမ်းဂန်ကို ရွတ်ဆိုလိုက်သည်။
မကြာခင်မှာပဲ သူ့နှလုံးသားကနောက်ဆုံးမှာ ငြိမ်သက်သွားခဲ့သည်။ ယခုအချိန်တွင် သူကကြမ်းပြင်ပေါ်သို့တစ်စုံတစ်ခုကျသွားသကဲ့သို့ “ ဘန်း” ဆိုတဲ့အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။
ရေချိုးနေတဲ့အသံများကလည်း ရုတ်တရက် ရပ်တန့်သွားသည်။
ချန်ရှု့ရဲ့နှလုံးသားက သူ့လည်ချောင်းဆီသို့ ခုန်လာခဲ့သည်။
ယဲ့ဆွေ လဲကျသွားတာဖြစ်နိုင်လား?
သူချက်ချင်းထရပ်လိုက်ပြီး ရေချိုးခန်းတံခါးဆီ တစ်ဟုန်ထိုးပြေးသွားလိုက်ပြီး "ယဲ့ဆွေ၊ ဘာဖြစ်တာလဲ?" လို့ စိုးရိမ်တကြီးနဲ့ အော်လိုက်သည်။
သူကလက်ကိုမြှောက်လိုက်ပြီး နောက်စက္ကန့်၌ တံခါးကိုတွန်းဖွင့်ဖို့ အဆင်သင့်ဖြစ်နေသည်။
သူ့ရဲ့လက်က တံခါးမှတစ်လက်မသာ ကွာတော့သည်။
ဒါပေမယ့် ယဲ့ဆွေရေချိုးနေတယ်ဆိုတာကို စဉ်းစားလိုက်သောအခါ သူ့ရဲ့လက်က ရုတ်တရက်ရပ်တန့်သွားပြီး ရှေ့သို့မတိုးတော့ချေ။
သူကသူ့ခံစားချက်တွေကိုချိုးနှိမ်လိုက်ပြီး“ ဘာဖြစ်တာလဲ” လို့မေးလိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် ယဲ့ဆွေရဲ့အသံက“ ဘာမှမဖြစ်ပါဘူး၊ ချိုင်းထောက်တွေကြမ်းပြင်ပေါ် ပြုတ်ကျသွားတာ”
ချန်ရှု့ရဲ့ တောင့်နေသောခန္ဓာကိုယ်က နောက်ဆုံးတွင်အနည်းငယ် သက်သာသွားသော်လည်း သူလုံးဝမလွှတ်သေးပေ။
"မင်းဒဏ်ရာရသွားလား?"
ယဲ့ဆွေ - "ဟင့်အင်း၊ စိတ်မပူပါနဲ့"
ချန်ရှု့ သက်ပြင်းချလိုက်သည်။
ယဲ့ဆွေက သူစိုးရိမ်မှာကို ကြောက်တာကြောင့် သူမက "ကျွန်မတကယ်အဆင်ပြေတယ်၊ စိတ်မပူပါနဲ့နော် "လို့ထပ်ပေါင်းပြောလိုက်သည်။
"ကုတင်ဆီပြန်သွားပြီးထိုင်နေလိုက် "
“ ကောင်းပြီ”
ချန်ရှု့က ပြန်ပြောလိုက်ပေမယ့် သူက မလှုပ်ဘဲ ရေချိုးခန်းတံခါးနားမှာ ရပ်နေတုန်းပဲ။
သူထွက်သွားဖို့ အစီအစဉ်မရှိခဲ့ဘူး။ နောက်ပိုင်းမှာ ယဲ့ဆွေပြုတ်ကျမှာကို သူကြောက်တာကြောင့် တံခါးနားမှာရပ်ရတာက ပိုပြီးသက်တောင့်သက်သာဖြစ်သည်။
ယဲ့ဆွေက ချန်ရှု့ ရဲ့အတွေးတွေကိုမသိခဲ့ဘူး။
သူမကရေပန်းကိုပြန်ဖွင့်လိုက်သည်။ ရေကျလာတာနဲ့ အခန်းထဲမှာ အသံထွက်လာခဲ့သည်။
ချန်ရှု့က ထိုနေရာ၌မှီနေပြီး သူ့ရဲ့အရပ်ရှည်ရှည်ခန္ဓာကိုယ်က နံရံနှင့်ကပ်လျက်ရှိသည်။
ရှည်လျားသောခြေတံတစ်စုံတို့က ဂရုမစိုက်ဘဲ ကာယားကြီးနေနေခဲ့သည်။ တိတ်ဆိတ်နေသောအခန်းထဲတွင် သူကရေကျသံကိုနားထောင်နေခဲ့သည်။
စောစောတုန်းက သူကရေချိုးခန်းနှင့်ဝေးသော ကုတင်ပေါ်တွင်ထိုင်နေသည်။
ယခုဒီလောက်နီးကပ်ပြီး ရပ်နေတာကြောင့် ဆူညံသံက ပို၍သိသာလာသည်။
ချန်ရှု့က သူ့မျက်လုံးတွေက အောက်ကို စိုက်ကြည့်လိုက်ပြီး သူ့ရဲ့အကြည့်တွေက ကြမ်းပြင်ပေါ်ကျသွားခဲ့သည်။
တံခါးကအောက်ခြေတွင် ကျဉ်းမြောင်းသောကွာဟချက်နဲ့ တင်းကျပ်စွာပိတ်ထားသည်။
ရေချိုးခန်းမှအလင်းရောင်က အတွင်းမှ အပြင်ဘက်သို့ ထွက်နေပြီး တံခါးမှတဆင့် ဖြည်းဖြည်းချင်း ကြမ်းပြင်ပေါ်သို့ကျလာသည်။
အလင်းရောင်က ဖယောင်းတိုင်မီးကဲ့သို့ မှိန်တုတ်မှိတ်တုတ်ဖြစ်နေသည်။
ချန်ရှု့ အသက်ပြင်းပြင်းရှူလိုက်သည်။ သူက ကြမ်းပြင်ဆီငေးကြည့်နေတာကို ရပ်တန့်လိုက်ပြီး
အာရုံစိုက်မနေဘဲ အဝေးကိုကြည့်လိုက်တယ်၊ သူ့အတွေးတွေက ပိုပိုပြီးရှုပ်ထွေးလာသည်။
ယဲ့ဆွေက ရေချိုးခန်းသုံးဂျယ်လ်ကို စတင်ပွတ်တိုက်လိုက်သည်။
သင်းပျံ့သောရနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့သည်။
ချန်ရှု့ရဲ့ အသက်ရှူသံက သူ့လည်ချောင်းထဲတွင် ကျပ်နေသည်။ ယဲ့ဆွေရဲ့ သဘာဝရနံ့က တဖြည်းဖြည်းပြန့်နှံ့လာပြီး ပိုမိုစုစည်းလာခဲ့သည်။
သူကရုတ်တရက် သူ့ရဲ့လက်ကိုမြှောက်လိုက်ပြီး သူ့မျက်နှာကိုပုတ်လိုက်သည်။
ထို့နောက်သူကမျက်လုံးတွေကို မှိတ်လိုက်ပြီး သူ့ရဲ့ပါးလွှာသောနှုတ်ခမ်းများက အနည်းငယ်လှုပ်ရှားသွားသည်။
ယနေ့ညတွင် သူ နှလုံးသားကျမ်းဂန်ကို ဒုတိယ အကြိမ်ရွတ်ဆိုလိုက်သည်။
ချန်ရှု့က သူ့ကိုယ်တွင်းမှအသံများ ရပ်တန့်သွားသည်အထိ ရွတ်ဆိုနေခဲ့သည်။
ယဲ့ဆွေက အဝတ်အစားများဝတ်ပြီးသွားတော့ သူမရဲ့ချိုင်းထောက်များဖြင့် ထွက်လာခဲ့သည်။ သူမအပြင်ကိုကြည့်လိုက်သည်။ မျက်လုံးတွေကို သူ့ဆီမှာသော့ခတ်ထားလိုက်ပြီး "ရှင်ဘာလို့ဒီမှာရှိနေတာလဲ" ဟုထူးဆန်းစွာပြောခဲ့သည်။
ချန်ရှု့ကမဖြေခဲ့ဘူး။ အဲဒီအစားသူက သူမရဲ့ချိုင်းထောက်တွေနဲ့ လမ်းလျှောက်နေတဲ့ ယဲ့ဆွေကိုသာအာရုံစိုက်ခဲ့သည်။ သူမ ခြေထောက်မသက်သာသေးသောကြောင့် ဖြည်းဖြည်းချင်း သွားနေခဲ့သည်။
ယဲ့ဆွေ လမ်းလျှောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ချန်ရှု့ ဆီမှာပဲရှိနေသေးသည်။ အဲ့တာက သူမတစ်နေရာတည်းမှာပဲ ရှိနေပုံနဲ့တူသည်။ သူမဒီအတိုင်းသာ ဆက်သွားနေမယ်ဆို သူမ အိပ်ရာဆီရောက်ဖို့ အချိန်ကြာလိမ့်မည်။
ချန်ရှု့ရဲ့ အတွေးတွေက အရှိန်ရလာသည်နှင့်အမျှ သူ့ရဲ့လုပ်ရပ်များက သူ့ ဦးနှောက်ထက်အရင်ရှိနေပြီး အရိုးသားဆုံး တုန့်ပြန်မှုလုပ်ခဲ့သည်။
သူကရှေ့သို့တစ်လှမ်းလှမ်းလိုက်ပြီး အနည်းငယ် ငုံ့ကာ ယဲ့ဆွေကို ကောက်ချီလိုက်သည်။
သူ့ရဲ့လက်ချောင်းတွေက အနည်းငယ်ကပ်သွားပြီး ပေါ့ပါးသောစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
သူက သူမရဲ့နူးညံ့သောခန္ဓာကိုယ်ကို သူ့လက်နှစ်ဖက်ထဲတွင် ဆုပ်ကိုင်ထားသည်။
ယဲ့ဆွေအံ့သြသွားသည်။ သူမရဲ့နားရွက်တွေက နီမြန်းလာကာ သူမက "ရှင်၊ ရှင် ဘာလုပ်နေတာလဲ?"လို့အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည်။
ယဲ့ဆွေရဲ့ စကားများကိုဂရုမစိုက်ဘဲ သူကရှေ့ဆက်သွားခဲ့သည်။
ဤအချိန်၌ သူ့ရဲ့ပြတ်သားသောအသံက အနည်းငယ် ကွဲအက်နေသည်။ "မင်းက အရမ်းနှေးလွန်းတယ်"
ယဲ့ဆွေက "ကျွန်မက ချိုင်းထောက်နဲ့ပဲ တစ်ယောက်တည်း လမ်းလျှောက်နေရတာကို ” လို့ညင်ညင်သာသာနဲ့ ငြင်းဆန်လိုက်သည်။
ချန်ရှု့က သူမကို တစ်ချက်ကြည့်လိုက်သည်။ သူမမျက်နှာက ရှုံ့မဲ့နေပြီး ခေါင်းကိုသာငုံ့ထားသည်။
"ဘာမှမဖြစ်ပါဘူး၊ ဆက်သွားလေ "
ရေချိုးခန်းကနေ ကုတင်အထိအကွာအဝေးက သိပ်မဝေးပေမယ့် ယဲ့ဆွေက အဆုံးမရှိနေသလိုခံစားနေရသည်။ သူမနှလုံးက အရမ်းခုန်နေသဖြင့် အဲ့တာကသူမလည်ချောင်းထဲက ခုန်ထွက်လုနီးနီးပဲ။
ယဲ့ဆွေကို ချီထားစဉ် သူကရှေ့တည့်တည့်ကိုသာ ကြည့်နေသော်လည်း ချန်ရှု့ရဲ့နားရွက်တွေက နီရဲနေခဲ့သည်။
သူကုတင်ဘေးသို့ ရောက်သောအခါ ချန်ရှု့က စောင်ကိုဟလိုက်ပြီး ယဲ့ဆွေကို ကုတင်ပေါ်သို့ ဂရုတစိုက်ချပေးလိုက်သည်။ သူမလှဲချလိုက်တဲ့အခါ သူကစောင်ခြုံပေးဖို့ သူ့လက်ကိုထပ်မြှောက်လိုက်သည်။
ယဲ့ဆွေက သူမရဲ့မေးစေ့ကို စောင်ထဲတွင်မြှုပ်ထားသည်။
အခန်းထဲကမီးတွေက မှိန်နေတာကိုတော့ သူမဝမ်းသာသွားသည်။ ပြီးတော့ ချန်ရှု့က သူမရဲ့မျက်နှာနီမြန်းနေတာကို မမြင်ရနိုင်ပေ။
ချန်ရှု့က ရေချိုးခန်းထဲပြန်ဝင်သွားပြီး ချိုင်းထောက်ကိုယူကာ ယဲ့ဆွေရဲ့အိပ်ရာဘေးမှာ ထားပေးလိုက်သည်။
ယဲ့ဆွေက သူမရဲ့မျက်နှာကို စောင်နှင့်ဖုံးလိုက်သည်။
သူမက ချန်ရှု့ကို မကြည့်ရဲဘဲ
"Good night"လို့တိုးတိုးလေးပြောလိုက်သည်။
ချန်ရှု့က ယဲ့ဆွေကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းတွေက အနည်းငယ် ကော့တက်လာသည်။
"Good night”
သူထွက်သွားပြီးနောက် ယဲ့ဆွေက ယခုလေးတင်ဖြစ်ခဲ့တဲ့ဟာကို ပြန်တွေးလိုက်သည်။ သူမရဲ့ခါးတွင်ရှိနေခဲ့တဲ့ ချန်ရှု့ရဲ့ နွေးထွေးသော ထိတွေ့မှုကို ခံစားရသေးသည်။
ယဲ့ဆွေက သူမရဲ့ခေါင်းကိုစောင်ထဲတွင်မြှုပ်လိုက်ပြီး ပတ်ပတ်လည်လည်ကို လှိမ့်လိုက်သည်။
သူမစိတ်ထဲမှ အော်ဟစ်လိုက်သည်မှာ 'အား, အား, အား, အား!
ငါညဘက်အိပ်လို့မရတော့ဘူး! '
ချန်ရှု့ သူ့အခန်းထဲသို့ ပြန်လာခဲ့သည်။
အပေါ်ယံအားဖြင့် သူကငြိမ်သက်နေပုံရသော်လည်း သူ့နှလုံးသားကတော့ ခုန်နေသည်။
သူကအိပ်ရာပေါ်ပေါ်လှဲချလိုက်ကာ ခေါင်းနောက်မှာ လက်တစ်ဖက်ကိုထားပြီး မျက်နှာကျက်ကိုကြည့်နေသည်။
သူက အခုလေးတင် ယဲ့ဆွေကို ချီထားတဲ့အချိန်မှာတုန်းက အဝတ်အစားအလွှာတစ်ခုက သူမကိုခွဲထားပေမယ့် သူမခါးကအရမ်းသေးသွယ်ပြီး သူအဲ့တာကိုကိုင်ဖို့သည်းမခံနိုင်ဘူး။
တိတ်ဆိတ်နေတဲ့ အမှောင်ထဲမှာသူက "ချန်ရှု့၊ မင်းကသားရဲတိရိစ္ဆာန်ပဲ " လို့ညည်းညူနေလေသည်။
ဤအချိန်၌ စင်ကြယ်သောနှလုံးသားကျမ်းဂန်ကတောင် အသုံးမဝင်တော့ပေ။
ပြန့်ကျဲနေသောကြယ်များနှင့်ပြည့်နေသော မှိန်ပျပျကောင်းကင်၌ ဒီချမ်းအေးသောဆောင်းညကပို၍ အထီးကျန်ဆန်သည်။
ညကပိုနက်လာသော်လည်း သူနှင့်ယဲ့ဆွေတို့ အိပ်ပျော်မသွားခဲ့ချေ။
သူတို့နှစ်ဦးစလုံး အိပ်ရေးပျက်ခဲ့သည်။
ယဲ့ဆွေက ရသစုံရှိုးတွင် ပါဝင်ခဲ့သည်။ သူမရဲ့ခြေထောက်တွေက အပြည့်အဝပြန်လည်ကောင်းမွန်သွားပြီဖြစ်သောကြောင့် သူမဝှီးချဲမလိုတော့ဘူး။ ချန်ရှု့က ယဲ့ဆွေကို နီးနီးကပ်ကပ်ကိုင်ထားဖို့ သူ့ရဲ့အခွင့်အလမ်းများ ကုန်ဆုံးသွားပြီဟု ယုံကြည်လိုက်သည်။
ရသစုံရှိုး မရိုက်ကူးခင် ရက်အနည်းငယ်မှာ ယဲ့ဆွေက ချန်ရှု့ရဲ့ပုံမှန်စတိုင်နဲ့ လုံးဝမတူတဲ့အဝတ်အစားအနည်းငယ်ကို၀ယ်ခဲ့သည်။
ယဲ့ဆွေက ချန်ရှု့အတွက် သူ့ကိုမဖော်ထုတ်မိဖို့အတွက် သူ့ကိုလောကကြီးကနေ ဖုံးကွယ်လုနီးပါးဖြစ်အောင်အကြိမ်ကြိမ်မိတ်ကပ်လိမ်းပေးခဲ့သည်။
ရှောင်လျို့က ချန်ရှု့ကို မိတ်ကပ်နဲ့ ပထမဆုံးအကြိမ်တွေ့တာတောင် သူမအတော်ကြာကြာစွဲမက်ခဲ့သည်။
သူမက သူယဲ့ဆွေနဲ့အတူ ပါလာသည်ကို သတိမပြုမိခဲ့ပေ။
ယဲ့ဆွေက သူမရဲ့မိတ်ကပ်ကျွမ်းကျင်မှုများကြောင့် ပျော်ရွှင်သွားသည်။ စရိုက်ကူးတဲ့နေ့မှာ သူတို့နှစ်ယောက်က စောစောစီးစီး ထခဲ့ကြသည်။
သူမက ချန်ရှု့ကိုဆင်ယင်ပေးပြီး အပြင်ထွက်ခဲ့သည်။
ဒီတခေါက် ဧည့်သည်ကတော့ အရင်
ရှိုးမှာ ရိုက်ကူးလုပ်နေစဥ် ယဲ့ဆွေနဲ့ဆုံတွေ့ခဲ့တဲ့ စုန့်ပိုင်ဖြစ်သည်။
သူမစတူဒီယိုသို့ရောက်သောအခါ စုန့်ပိုင် ရောက်မလာသေးတာကို သူမတွေ့ရှိခဲ့သည်။
အခုယဲ့ဆွေ ရှိနေသောအိမ်က သူတို့တစ်ညလုံးအိပ်ရမည့် ထိတ်လန့်စရာကောင်းတဲ့ အိမ်ဖြစ်သည်။
ဧည့်သည်တွေ မလာခင်နဲ့ ရိုက်ကူးရေးမစခင် ယဲ့ဆွေက တစ်ခန်းလုံးကိုစကင်ဖတ်ခဲ့သည်။
ထူးဆန်းသည်မှာ အခန်းထဲတွင်လွင့်မျောနေတဲ့ သရဲတစ္ဆေများမရှိဘဲ ဗလာဖြစ်နေခဲ့သည်။
အရိပ်တောင်မမြင်ရဘူး။
ယဲ့ဆွေက စိတ်ကူးနဲ့ဆက်ပြီး ရူးမနေတော့ဘူး။
ချန်ရှု့ ဒီမှာရှိနေကတည်းက သူမမှာကြောက်စရာဘာမှမရှိဘူး။
သူမကမျက်လုံးလေးမှေးပြီး သူမရဲ့ခင်ပွန်းကိုကြည့်လိုက်သည်။
မကြာခင်မှာ သူမတစ်ခုခုလွဲမှားနေတာကို တွေ့လိုက်ရသည်။
ချန်ရှု့ကိုဗဟိုအဖြစ်ထားပြီး သူ့ဘေးကအမျိုးသမီးဝန်ထမ်းတွေက သူ့ကိုမကြာခဏကြည့်ကြည့်နေပြီး အတင်းအဖျင်းပြောနေကာ စကားစမြည်ပြောနေကြသည်။
ယဲ့ဆွေနောက်မှာ ရပ်နေတဲ့ ၀န်ထမ်းအဖွဲ့ဝင်တွေတောင် ချန်ရှု့ အကြောင်းပြောနေကြသည်။
သူမထိုအကြောင်းအရာကိုကြားသောအခါ သူမက ချန်ရှု့ကို သန့်ရှင်းရေးလုပ်ပေးပြီး သူ့ကိုအိမ်ပြန်ပို့ချင်လာခဲ့သည်။
နောက်ဘက်မှအမျိုးသမီး၀န်ထမ်းနှစ်ဦးက တစ်ချိန်တည်းမှာပဲ စကားပြောခဲ့သည်။
"အဲဒီ ၀န်ထမ်းအသစ်က အရမ်းချောတာပဲ"