လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၁၀၀ - သရဲခြောက်တဲ့အိမ်
ဒီ၀န်ထမ်းက အတော်လေးနုနယ်သည်။ အသားအရေက
အနည်းငယ်မှုန်နေပုံရသော်လည်း လေးနက်သောအမူအရာက အလွန်စွဲမက်ဖွယ်ကောင်းသည်။
စုန့်ပိုင်က ယခင်က ရသစုံရှိုး တစ်ခုတွင် ယဲ့ဆွေနှင့်ပူးပေါင်းခဲ့သည်။
သူမက ယဲ့ဆွေ နောက်ကိုလိုက်ပြီး သူမကိုအစ်မကိုခေါ်လိမ့်မည်။
သူတို့ကနောက်ပိုင်း အခြားပွဲတွေမှာတွေ့ခဲ့ကြပေမယ့် သူမက ချန်ရှု့ကိုအရင်တုန်းက မတွေ့ဖူးဘူး။
စုန့်ပိုင် အိမ်ထဲကို၀င်လာတာနဲ့ သူမက ယဲ့ဆွေရဲ့ ဘေးနားကိုပြေးသွားလိုက်သည်။
ယဲ့ဆွေ ကားမတော်တဆဖြစ်ပြီးနောက် သူမကို နေပြန်ကောင်းလာပါစေလို့ သူမဆုတောင်းပေးခဲ့သည်။
"အစ်မ ယဲ့ဆွေ၊ အရမ်းသတိရနေခဲ့တာ ” လို့ စုန့်ပိုင်ကပြောလိုက်သည်။ "ကျွန်မ အစ်မကို အင်တာနက်ပေါ်မှာ လိုက်ကြည့်နေခဲ့တာ"
စုန့်ပိုင်က ယဲ့ဆွေရဲ့ လက်ကိုဆုပ်ကိုင်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်ထဲသို့ ပျော်ရွှင်စွာနဲ့ပွတ်သီးပွတ်သပ်လုပ်နေခဲ့သည်။
အေးဂျင့်က စုန့်ပိုင် သူမရဲ့မိတ်ကပ်တွေကို ပျက်အောင်လုပ်မိသွားမှာကို စိုးရိမ်နေပြီး ဘေးကနေသတိပေးချက် အနည်းငယ်ပေးခဲ့သည်။
ယဲ့ဆွေက ပြုံးပြီး သူမလက်ကိုဆန့်ကာ စုန့်ပိုင်ရဲ့ ခေါင်းကိုပွတ်သပ်လိုက်သည်။
"အခုတလော မင်းရဲ့အဆင့်တွေဘယ်လိုနေလဲ? "
“ ကျွန်မကနောက်ဆုံးစာမေးပွဲရဲ့ top 50 မှာရှိနေတယ် ပြီးတော့ ညဘက်မှာ ရေးဖို့ သင်္ချာစာရွက်ယူခဲ့တယ်” လို့ စုန့်ပိုင်က ယဲ့ဆွေ ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ပြောလိုက်သည်။
ယဲ့ဆွေ ဘေးတွင်ရပ်နေသော ချန်ရှု့က မသိမသာမျက်မှောင်ကြုတ်လိုက်သည်။ လုပ်ရပ်ကနည်းနည်းရင်းနှီးလွန်းတယ်မဟုတ်ဘူးလား? နောက်ပြီး
... ယဲ့ဆွေက သူ့ရဲ့ခေါင်းကို ဘယ်သောအခါမှ မထိခဲ့ပေ။ သူမက ဒီကလေးမလေးနဲ့ ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ?
ချန်ရှု့က စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး အဲ့တာက ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ပဲဆိုပြီး သူ့ကိုယ်သူပြောပြနေခဲ့သည်။ သူကသာ သူမ ခင်ပွန်းအစစ်ဖြစ်ပြီး အရင်ကလိုမျိုး မနာလိုရုံဘဲမဟုတ်တော့ပေ။
ယဲ့ဆွေက မသိမသာငေးကြည့်နေတာကို သတိထားမိလိုက်သည်။
သူမက ကူညီနိုင်ဘဲခေါင်းကိုစောင်းကာ ချန်ရှု့ကိုကြည့်လိုက်သည်။
ချန်ရှု့ရဲ့ မျက်နှာက မည်းမှောင်နေဆဲဖြစ်နေတာကို မြင်သောအခါ ယဲ့ဆွေက ရယ်စရာကောင်းတယ်လို့ ခံစားခဲ့ရသည်။ သူက မနာလိုဖြစ်နေရင်တောင် ရုပ်ကချောနေသေးတယ်။
" ရှောင်လျို့ဘေးက ဝန်ထမ်းအသစ်လား? " စုန့်ပိုင်ကတည်ငြိမ်စွာမေးလိုက်သည်။ သူမက ထိုလူထံမှထူးဆန်းပြီး ချဥ်းကပ်ဖို့ခတ်တဲ့ အရှိန်အဝါကို ရှင်းမပြတတ်လောက်အောင် မခံစားနေရသည်။
'ဒါကငါ့ရဲ့ထင်ယောင်ထင်မှားပဲလား၊ ဒါမှမဟုတ် ဒီလူက ငါ့အပေါ် နည်းနည်းရန်လိုနေတာလား? '
ယဲ့ဆွေက ပုတ်လိုက်ပြီး စုန့်ပိုင်ကို ဂရုတစိုက်ပြောခဲ့သည်။ "သူက ရှောင်ချန်တဲ့ "
ယဲ့ဆွေကသူ့ကို "ရှောင်ချန် " ဟုခေါ်သောအခါ ချန်ရှု့ရဲ့ နှုတ်ခမ်းထောင့်များက
ကွေးတက်သွားသည်။
သူကပူးပေါင်းဆောင်ရွက်မှုကိုပြရန် ခေါင်းညိတ်လိုက်ပြီး ဘာမျှမပြောဘဲ ငြိမ်နေလိုက်သည်။
“အော် ”
ချန်ရှု့ဆီမှ ထွက်လာသော အမှောင်ထုကိုခံစားရင်း သူမရဲ့လက်ကိုင်ဖုန်းနဲ့ ကစားဖို့ ဒါရိုက်တာအနားတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
ဧည့်သည်တွေ တစ်ယောက်ပြီး တစ်ယောက်ရောက်လာခဲ့သည်။
အချိန်ကညရှစ်နာရီဖြစ်နေပြီ။
လူတိုင်းက ဧည့်ခန်း၌ရပ်နေပြီး ရှိုးကို အချိန်မီရိုက်ကူးကာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
ဒီသရဲခြောက်တဲ့အိမ်ကို ရိုက်ကူးရေးနေရာအဖြစ် သုံးခဲ့သည်။
မြို့ပြဒဏ္ဍာရီတွေရှိခဲ့ပေမဲ့ ဘယ်တုန်းကမှ အသက်မသေခဲ့ဘူး။
ဒါကြောင့် ပရိုဂရမ်အဖွဲ့က ဒီနေရာကိုရွေးလိုက်သည်။
နာမည်ကြီး အမျိုးသား၊ အမျိုးသမီး ဧည့်သည်တွေကြားမှာ ၀န်ထမ်းတွေထဲ၌ ယောက်ျားတွေအများကြီးရှိသည်။
ရိုက်ကွင်းတစ်ခုလုံးက ယန်စွမ်းအင်အပြည့်နှင့် ပရော်ဖက်ရှင်နယ်လုံခြုံရေးနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များလည်းရှိခဲ့သည်။ သူတို့က လုံးဝမကြောက်ခဲ့ဘူး။
အသက် ၄၀ ခန့်ရှိတဲ့ ထူးဆန်းသောအမျိုးသမီးတစ်ဦး ထောင့်တစ်နေရာမှာ ငြိမ်သက်စွာထိုင်နေတာကို ယဲ့ဆွေ ရုတ်တရက် မြင်လိုက်ရသည်။ သူမကိုယ့်ဟာကိုယ် မိတ်ဆက်လိုက်သောအခါ သူမရဲ့မျိုးရိုးနာမည်မှာ ကျူး ဆိုတာကိုသာ ဖော်ပြခဲ့သည်။
ရှိုးရဲ့အစမှာ ဒါရိုက်တာက ဒီသရဲခြောက်တဲ့အိမ်အကြောင်း လူတိုင်းအား ပထမဆုံးပြောပြခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း ဒီလမ်းပေါ်မှာ ပြဇာတ်ရုံတစ်ခုရှိခဲ့သည်။ နာမည်ကြီးတွေအများကြီး သီဆိုမယ့်နေရာလို့ပြောကြပြီး
ဒီအိမ်မှာနေထိုင်တဲ့သူက ဇာတ်လမ်းတွဲ နားထောင်တာ နှစ်သက်သောသခင်မတစ်ဦး ဖြစ်သည်။
စစ်ပွဲအတွင်း အမြှောက်လက်နက်ကြီးများက မြေတစ်ပြင်လုံးကို ပေါက်ကွဲစေပြီး မြေပြင်ပေါ်သို့ ကျလုနီးပါးဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် လမ်းကိုပြန်လည်တည်ဆောက်သောအခါ ဒီအိမ်မှာပထမနေထိုင်သူက ညဉ့်လယ်၌သီချင်းဆိုသံနှင့် ခြေသံကို မကြာခဏကြားရသော်လည်း မည်သူမျှ ထွက်မသွားချေ။
ယာဉ်မတော်တဆမှုတွေမရှိခဲ့ပေမယ့် အထဲကို၀င်လာတဲ့သူတွေက ကြောက်ရွံ့မှုကြောင့် ထွက်သွားလိမ့်မည်။
အချိန်ကြာလာတာနဲ့အမျှ ဘယ်သူမှ ဒီမှာမနေကြတော့ဘူး။
ဒါရိုက်တာရဲ့ပြောပြချက်က အစစ်အမှန်လို ကွက်ကွက်ကွင်းကွင်းနဲ့ သင့်တင့်လျောက်ပတ်သည်။
နာမည်ကြီးဧည့်သည်များက ဆိုဖာပေါ်တွင် ထိုင်နေကြသည်။
တိတ်ဆိတ်သော အိမ်ကြီးရှိ နာရီကြီးက မှိုင်းညို့သောအသံကိုပြုနေပြီး ဒါရိုက်တာ စွင်းရဲ့ ကွဲအက်သောအသံနဲ့ တုန်ယင်နေသော လက်ကို လိုက်၍ လူတိုင်း၏နှလုံးသားကို တစ်ချက်ပြီးတစ်ချက်ခုန်စေသည်။
ဒါရိုက်တာ စွင်းက ထူးဆန်းစွာပြုံးလိုက်သည်။
“ဒီနေရာက ဒီညမှာလူတိုင်းနေရမယ့်နေရာပဲ။ အားလုံးပဲကံကောင်းကြပါစေ "
ကျင်းကွမ်း အမည်ရှိ ကြွက်သားရှိပြီးတောင့်တင်းသန်မာတဲ့ယောကျ်ားတစ်ဦးက မထီမဲ့မြင်ပြုတဲ့လေသံဖြင့်ပြောခဲ့သည်။
"ဒါရိုက်တာ၊ ခင်များရဲ့ပရိုဂရမ်အဖွဲ့ကလည်း ညဘက် ဒီမှာ နေရမှာမဟုတ်လား? "
ဒါရိုက်တာ စွင်း ခင်းကျင်းထားသည့် ကြောက်စရာကောင်းသောလေထုက ချက်ချင်း ပျက်စီးသွားခဲ့သည်။
“ .........…”
တစ်ချိန်တည်းမှာပင် အင်တာနက်၌ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေသော အင်တာနက်သုံးစွဲသူတွေက အိပ်မပျော်နိုင်တဲ့ထိ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
"ညဉ့်နက်တဲ့အချိန်မှာ သရဲခြောက်တဲ့အိမ်ထဲမှာ အိပ်ရမယ်၊ ငါ ဒီညမအိပ်ချင်တော့ဘူး!"
"ထောင့်မှာထိုင်နေတဲ့ လူစိမ်းတစ်ယောက်ကို မင်းတို့မြင်လား? တခြားစတားတွေအားလုံးကို ငါသိပါတယ်။
အဲဒီပုဂ္ဂိုလ်က ဘယ်သူများလဲ? ဒါက သရဲခြောက်တဲ့အိမ်ဘဲ ....... ဟူးဟူး ငါအရမ်းကြောက်တယ်! "
"မင်းကိုယ့်ကိုယ်ကို မခြောက်ပါနဲ့!
ပရိုဂရမ်အဖွဲ့က ပြောတဲ့စကားကို မင်းမေ့သွားပြီလား? သူတို့က ပရော်ဖက်ရှင်နယ်တွေကို ဖိတ်လိမ့်မယ်! ဒီလူရဲ့အရှိန်အဝါက အရမ်းကျွမ်းကျင်တယ်လို့ ငါထင်မိတယ်။
ငါတို့ရဲ့မသေမျိုးမဟာယဲ့က ဆရာနဲ့တွေ့ခဲ့တယ်.......…ဟားဟားဟား ”
ဒါရိုက်တာ ထွက်သွားပြီးနောက် ဧည့်သည်များထိုင်ခြင်း၊ စောစောအိပ်ခြင်း (သို့) သူတို့ကိုယ်ပိုင်လုပ်စရာများလုပ်ခြင်းကို စတင်ခဲ့သည်။
ယဲ့ဆွေက သူမရဲ့အိတ်ထဲမှ ခေါက်ဆွဲခြောက်ကို ထုတ်လိုက်သည်။
" ဗိုက်ဆာတဲ့သူရှိလား? ညစာစားချင်လား?"
ကျင်းကွမ်းက သူ့လက်ကိုမြှောက်လိုက်သည်။
"ငါ့ကိုနှစ်ထုပ်ပေးပါ"
ကိုယ်အလေးချိန်ထိန်းရန် အမျိုးသမီးဧည့်သည်တစ်ယောက်ကမှ မအိပ်ခင်ညစာစားသည့် အလေ့အထမရှိခဲ့ပါ။
စုန့်ပိုင်က သူမရဲ့အိမ်စာဖြစ်တဲ့ သင်္ချာစာရွက်ကို ထုတ်ယူလိုက်သည်။
“ ကျွန်မအိမ်စာလုပ်ပြီးသွားရင် ခေါက်ဆွဲခြောက်တွေ ပြုတ်မယ် ”
ကျင်းကွမ်းက စုန့်ပိုင်ရဲ့ အိမ်စာမှ ကွက်လပ်ဖြစ်နေတဲ့ မေးခွန်းများကိုကြည့်ပြီး သူမအားသင်ကြားရန် စေတနာ့ဝန်ထမ်းလုပ်ခဲ့သည်။ သူ့မှာကြွက်သားတွေရှိပေမဲ့ သူ့ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်က ထူးချွန်သည်။
လူကောင်ကြီးပြီး ကြွက်သားတွေရှိတဲ့ ကျင်းကွမ်းက ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသူလေး စုန့်ပိုင်ရဲ့ ဘေးမှာထိုင်လိုက်သည်။
စိတ်ရှည်သည်းခံစွာဖြင့် သူက သူမ၏ သင်္ချာပုစ္ဆာများကို စတင်သင်ကြားပေးခဲ့သည်။
ကျောက်ဟွေ့ က သူမအိတ်ထဲမှ mask တစ်ခုကို ဆွဲထုတ်လိုက်သည်။
သူမမျက်နှာကိုဆေးကြောပြီးနောက် သူမက maskတပ်ပြီး သူမရဲ့ဖုန်းနဲ့ ကစားခဲ့သည်။
လေထုသည်ငြိမ်းချမ်းပြီး ဒီစတားတွေရဲ့ ငြိမ်သက်မှုက ဒါရိုက်တာ စွင်း အားအလွန်ကျေနပ်စေခဲ့သည်။
ဒါကသူလိုချင်တာနဲ့ အတိအကျပဲ။ ' အခုသူတို့ငြိမ်နေကြတယ်။
ဒါပေမယ့် ညဉ့်နက်သန်းခေါင်မှာ တာဝန်ကျအုပ်စုက သူတို့ကိုကြောက်တဲ့အခါ သူတို့က သူတို့ရဲ့ဘောင်းဘီကို လုံးဝချွတ်ပစ်လိမ့်မယ်'
“ ဒီစတားတွေက သရဲခြောက်တဲ့အိမ်တွေမှာ နေဖို့လာတာမဟုတ်ဘူးလို့ ငါခံစားနေရတယ်။ သူတို့က ဘ၀အတွေ့အကြုံယူဖို့ ဒီနေရာမှာ ရှိနေတာ တစ်ကယ် မဟုတ်ဘူးလား?”
"သရဲခြောက်အိမ်တဲ့အိမ်မှာ ခေါက်ဆွဲခြောက်ချက်ပြုတ်တယ်၊ သင်္ချာပုစ္ဆာတွေဖြေရှင်းတယ်၊ မျက်နျဖာပေါင်းတင်တယ် အဲ့တာကလွဲပြီး သူတို့တခြားဘယ်အရာတွေလုပ်နိုင်သေးလဲ?
အဲဒါတွေအားလုံးကိုငါတို့ကိုပြပေးပါ
ဟားဟားဟားဟား ဒါရယ်စရာကောင်းတယ် မဟုတ်လား?"
ခေါက်ဆွဲခြောက်ရဲ့ရနံ့က ဧည့်ခန်းအလွတ်၌ လွင့်ပျံလာခဲ့သည်။
နောက်ဆုံးမှုတော့ ဧည့်သည်တွေထဲက တစ်ယောက်က သူတို့သဘာဝလွန် ရသစုံရှိုး တစ်ခုမှာပါ၀င်နေတယ်ဆိုတာကို သဘောပေါက်သွားခဲ့သည်။
ကျင်းကွမ်း - “ အနံ့ကအရမ်းမွှေးတယ်။
သရဲတွေကိုဆွဲဆောင်မိမှာ မကြောက်ဘူးလား?"
သွမ့်မု စခရင်၌ နောက်ထပ်ရယ်သံတစ်ခုရှိလာခဲ့သည်။
ဒီကအိမ်ကိုသရဲခြောက်တယ်လို့ ဘယ်သူမှမယုံကြည်ခဲ့ဘူး။
ဟောခန်းထဲမှာ ရယ်သံတစ်ခုကြားလိုက်ရသည်။
တစ်ချိန်တည်းတွင် မီးဖိုချောင်၌ ယဲ့ဆွေက မီးကိုပိတ်လိုက်ပြီး အဖုံးကိုဖွင့်ကာ ခေါက်ဆွဲပြုတ်ကျွေးဖို့ ပြင်ဆင်လိုက်သည်။
ဆရာမကြီးကျူးက အလွန်တိတ်ဆိတ်သွားသည်။
သူမက တည်ကြည်တဲ့အမူအရာနဲ့ ထောင့်စွန်းမှာထိုင်ပြီး နာမည်ကြီးဆယ်လီအဖွဲ့ကို အေးစက်စွာကြည့်လိုက်ပြီး ခေါင်းကိုခါလိုက်ကာ သက်ပြင်းချလိုက်ပြန်သည်။
တိတ်ဆိတ်နေသောအခန်းထဲတွင် သက်ပြင်းရှည်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်နှင့် လူတိုင်းကချွေးအေးတွေထွက်လာခဲ့သည်။
သူတို့ကအသံနောက်ကိုလိုက်၍ ဆရာမကြီးကျူးကို အာရုံစိုက်နေကြသည်။
ဆရာမကြီးကျူး ဘာကြောင့်ရုတ်တရက်သက်ပြင်းချလိုက်တာလဲ?
တစ်ခုခုရှိလို့လား?
သူတို့က မေ့လုနီးပါးဖြစ်သွားခဲ့သည်။
ပရိုဂရမ်အဖွဲ့က ဆရာမကြီးကျူးကို ဒီနေရာဖိတ်ခဲ့သည်။
သူမရဲ့ထူးဆန်းတဲ့အပြုအမူက ဒီအခန်းထဲမှာ ထူးဆန်းတဲ့အရာတစ်ခုရှိနေတယ်လို့ ဆိုလိုတာလား?
နာမည်ကြီးဆယ်လီတွေက သူတို့ အဲ့အကြောင်းကိုတွေးနေရင်းနဲ့ ပိုပိုပြီးကြောက်လာကြသည်။
ယဲ့ဆွေက အသံတိတ်မနေဘဲ လေးလေးနက်နက် မေးသောတစ်ဦးတည်းသောသူဖြစ်သည်။“ ဆရာမကြီး ကျူး၊ ဆရာမကြီးလည်း ခေါက်ဆွဲစားချင်လား?”
ဆရာမကြီးကျူးက ခဏစဉ်းစားလိုက်ပြီး လက်ညှိုးကိုဖြည်းဖြည်းဆန့်လိုက်ပြီး "ပန်းကန်လုံးသေးသေးလေးနဲ့ဆိုလောက်ပြီ" လို့ပြောလိုက်သည်။
ကျူးထျန်းရှီက ပုံမှန်မဟုတ်တဲ့အရာတွေကို ရှာမယ့်အစား ဗိုက်ဆာနေတယ်ဆိုတာ သိသာထင်ရှားသည်။
လူတိုင်းအံ့သြသွားကြသည်။ သူတို့က ခေါက်ဆွဲပြုတ်တွေကို ပန်းကန်လုံးထဲထည့်နေပြီး သူမဆီကို ယူသွားပေးမယ့် ယဲ့ဆွေ ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုတွင် စိတ်မ၀င်စားသော ဆရာမကြီး ကျူးက တူများကိုကောက်ပြီး ခေါက်ဆွဲကိုညှပ်လိုက်သည်။
အမူအရာက ပြင်းထန်နေဆဲဖြစ်သော်လည်း .........
ဆရာမကြီး ကျူး၊ မင်းရဲ့အဆင့်မြင့်ဆုံး၊ ကြော့ရှင်းပြီး အဆင့်အတန်းရှိတဲ့အမူအရာတွေက ဘယ်ရောက်သွားတာလဲ?
“ ဒီအစီအစဉ်ရဲ့ဧည့်သည်တွေအားလုံးက ရယ်စရာကောင်းတယ်။ ဆရာမကြီးကျူးက ဘာကြောင့်ဒီလောက်လေးနက်နေရတာလဲ? "
“ သူမဟာ မြောင်ရှန်းရဲ့ရှေးရိုးစွဲတပည့်တစ်ယောက်ဖြစ်ပြီး လေးနက်တဲ့ကောင်းကင်သခင်တစ်ယောက်ပါ။
သူမရဲ့စိတ်နေစိတ်ထားက တိတ်ဆိတ်နေပေမယ့်လည်း သူမက အတွင်းမှာနက်ရှိုင်းပြီး စိတ်အားထက်သန်တယ်။
ဒါပါပဲ။
အိုး၊ အဲဒါကိုမေ့လိုက်တော့!
ငါအဲ့တာကိုရှင်းပြလို့မရနိုင်ဘူး "
ဒီအစီအစဉ်ကို တစ်လျှောက်လုံးမှတ်တမ်းတင်ထားပြီး ဒီနေရာမှာတစ်ညတာနေထိုင်ခဲ့တဲ့ စတားတွေရဲ့ဘဝတွေကိုပြသဖို့ အိမ်ထောင့်တိုင်းမှာ ကင်မရာတွေတပ်ဆင်ထားသည်။
ဟုတ်ပါတယ်၊ ရေချိုးခန်းထဲမှာ ကင်မရာမရှိပါဘူး။
စတားတွေက အဝတ်အစားလဲဖို့ ၀င်လာကျတဲ့အခါမှာ မှတ်တမ်းတင်ခံရမှာမဟုတ်ပေ။
ဧည့်သည် ဦးရေက အတော်ပင်ကြီးမားပြီး ပြီးတော့တစ်ခန်းတည်းသုံးဖို့ အလှည့်အပြောင်းက မဖြစ်နိုင်ဘူး။
အခြားအမျိုးသမီးအနုပညာရှင်များက သီးခြားအခန်းများသို့သွား၍ ကင်မရာကို အဝတ်အစားများဖြင့်ဖုံးအုပ်ခဲ့သည်။
ယဲ့ဆွေက ကင်မရာမပါဘဲ ရေချိုးခန်းထဲ၀င်လာခဲ့သည်။
သူမက ညအိပ်ဝတ်စုံကိုလဲလိုက်ပြီး သူမရဲ့သွားတွေကို သွားတိုက်ပြီး မျက်နှာသစ်တော့မည်။
"ယဲ့ဆွေကော?
သူမဖန်သားပြင်ကနေ ပျောက်နေတယ်။ တစ်ခုခုမှားနေတာလား? သူမမှာသဘာဝလွန်စွမ်းအားတွေရှိနေပေမဲ့ ငါစိတ်ပူတယ် "
“ သူမရေချိုးခန်းထဲ ခဏဝင်သွားတာ ဟုတ်ပြီလား?
ညဘက်မှာ ပေါက်ကရစကားတွေ မပြောပါနဲ့။
နောက်ပြီး ရိုက်ကွင်းမှာ ၀န်ထမ်းများစွာနဲ့ တစ်ခုခုမှားနေတာဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ”
ရေချိုးခန်းထဲက ရေကျသံထွက်လာခဲ့တယ်။ ယဲ့ဆွေက
သွားတိုက်နေစဉ် ခေါင်းကိုငုံ့ထားသည်။
ခဏအကြာတွင် သူမရဲ့ကျောပြင်က အေးစက်လာပြီး တစ်စုံတစ်ခုကို ခံစားမိပုံရသည်။
ယဲ့ဆွေက သူမ၏လှုပ်ရှားမှုများကိုရပ်လိုက်ပြီး အပေါ်ကို ကြည့်လိုက်သည်။ မှန်ပေါ်မှာ ရေးထားတဲ့စာလုံးသုံးလုံးရှိနေသည်။
- အနောက်ဘက် အဆောင်ခန်း
သူမကခွက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ဘာမှမဖြစ်သလိုဟန်ဆောင်ကာ ပါးစပ်ကိုဆေးလိုက်သည်။
မှန်ထဲကိုပြန်ကြည့်လိုက်တော့ အဲ့ပေါ်မှာပြထားတဲ့ စကားလုံးတွေက ပျောက်သွားသည်။
ယဲ့ဆွေရဲ့မျက်နှာက မှန်၌ရောင်ပြန်ဟပ်ခဲ့ပြီး အဲ့ဒီမှာ ရေခိုးရေငွေ့အရိပ်အယောင်မရှိချေ။
ယဲ့ဆွေက ပတ်ချာလည်လိုက်ပြီး ရေချိုးခန်းကလွတ်နေတာကို တွေ့လိုက်ရတယ်။
ဘာမှမရှိဘူး။
အကယ်၍ ဒီမှာသရဲရှိနေရင် သူမမျက်လုံးတွေက ဘာကြောင့်မမြင်နိုင်ရမှာလဲ?
အခု ခေါက်ဆွဲခြောက်ကို အေးအေးဆေးဆေးပြုတ်နေဆဲဖြစ်တဲ့ ယဲ့ဆွေက
ဖြည့်စွက်စာစားပြီး သွားတိုက်ပြီးတဲ့နောက်မှာ သူမရဲ့တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်ခဲ့တော့ဘူး။
သူမရေချိုးခန်းမှထွက်လာသောအခါ ယဲ့ဆွေရဲ့မျက်နှာက အနည်းငယ် ဖျော့တော့သွားသည်။
သူမရဲ့မျက်လုံးတွေက ရှိုးအပြင်ဘက်က ချန်ရှု့ ကိုအမှတ်တမဲ့ကြည့်လိုက်သည်။
ချန်ရှု့က ကင်မရာနောက်တွင် ထိုင်နေပြီး ယဲ့ဆွေကို ငေးကြည့်နေသည်။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်နေပြီး သူက သူမကိုစကားပြောဖို့ပါးစပ်ကိုဟလိုက်သည်။ - မကြောက်နဲ့။
ကိုယ်ဒီမှာရှိတယ်။
ယဲ့ဆွေ ခေါင်းညိတ်လိုက်သည်။
သူမ ချန်ရှု့ ကိုမြင်လိုက်ရသည့်အခါ သူမ ပိုစိတ်သက်သာရာရသွားသည်။
စူးရှသောမျက်လုံးတွေရှိတဲ့ အင်တာနက်သုံးစွဲသူတွေကလည်း ယဲ့ဆွေရဲ့ထူးခြားမှုကို သတိပြုမိသွားသည်။
"ယဲ့ဆွေရဲ့ မျက်နှာအမူအရာက နည်းနည်းတော့မှားနေပုံရတယ်။
ရေချိုးခန်းထဲမှာ တစ်ခုခုရှိလို့လား? ဟိုမှာက ကင်မရာမရှိဘူး၊ ဒါကြောင့် ငါဘာမှမမြင်နိုင်ဘူး "
"ယဲ့ဆွေ ဘယ်သူကို ကြည့်နေတယ်လို့ထင်လဲ? သူမကအခုအချိန်မှာ သီးခြားလမ်းကြောင်းတစ်ခုကို ကြည့်နေသည်။
ဟိုဘက်မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်ရှိလို့လား? "
“ သူမ ဒါရိုက်တာကို ကြည့်နေတာပဲဖြစ်ရမယ်။ တခြားဘယ်သူ့ကို ကြည့်ဖို့ရှိသေးလို့လဲ?
မြင်ကွင်းက ၀န်ထမ်းတွေနဲ့ပြည့်နေတယ်။
အများကြီးမတွေးပါနဲ့။ "
ဒီသရဲခြောက်တဲ့အိမ်ထဲမှာ အခန်းတွေ အများကြီးရှိပေမဲ့ ဝန်ထမ်းတွေက စတားတွေရဲ့လုံခြုံမှုကို သေချာအောင်လုပ်ပေးရမည်။ ဒါကြောင့် သူတို့အားလုံးက လူတိုင်းရဲ့မြင်ကွင်းမှာ ပေါ်လာလိမ့်မည်။
ယနေ့ညတွင် အမျိုးသားနှင့်အမျိုးသမီး ဧည့်သည်သရုပ်ဆောင်များက ထောင့်နှစ်ထောင့်၌စုရုံးနေကြသည်။ ဧည့်ခန်းကြီးထဲ၌ လူတိုင်းက ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေကြသည်။
ဧည့်ခန်းကို သန့်ရှင်းရေးလုပ်ထားတာကြာပြီ။
စတားတွေက ထူထပ်တဲ့ ကုတင်တွေပေါ်လှဲနေတာနဲ့ အထဲကို ဝင်လာကြတာနဲ့ အလုပ်ရှုပ်နေကြသည်။
ယဲ့ဆွေက ချန်ရှု့အား မလှမ်းမကမ်းမှ တစ်ချက်ကြည့်လိုက်ပြီးနောက် လှဲချလိုက်သည်။
လူတိုင်း စကားစမြည်ပြောနေကြတဲ့အတိုင်းပဲ၊ မျက်နှာကျက်ပေါ်ရှိ အလင်းရောင်က
အနည်းငယ်မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပြီးနောက် ပြန်လင်းလာသည်။
လေထုက နည်းနည်းလေး ဆွဲယူလိုက်သော တင်းမာသော ကြိုးတစ်ချောင်းကဲ့သို့ ဖြစ်နေသည်။
ယခုအချိန်တွင် လူတိုင်းစကားမပြောကြတော့ဘဲ တစ်ခန်းလုံးက တိတ်ဆိတ်လွန်းသဖြင့် ပြတင်းပေါက်အပြင်ဘက်မှ လေသံသာ ကြားရတော့သည်။
ယဲ့ဆွေက လက်ရှိမှာရှိနေတဲ့ လူတိုင်းကိုတစ်ချက်ကြည့်လိုက်သည်။ သူမမှလွဲ၍ လူတိုင်းထိတ်လန့်ကြောက်ရွံ့ခဲ့ကြပြီး ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်နေခဲ့တဲ့ ကျင်းကွမ်းတောင် ကြက်သေသေသွားသည်။
ယဲ့ဆွေဘက် အလျင်အမြန် ပြောင်းရွှေ့သွားပြီး သူမအနားမှာရှိနေတဲ့ စုန့်ပိုင် ယကိုတော့ ပြောစရာမလိုတော့ပါဘူး။
သို့မှသာ သူမအနည်းငယ် သက်သာသွားသည်။
ယဲ့ဆွေက ချန်ရှု့ကို မသိမသာကြည့်လိုက်သည်။
သူကမျက်နှာကို မပြောင်းလဲဘဲ မတ်တပ်ရပ်လိုက်တယ်၊ လုံးဝမထိခိုက်ဘူး။
ငြိမ်းချမ်းသောလေထုကို ပထမဆုံးချိုးဖျက်သူမှာ ကျင်းကွမ်း ဖြစ်သည်။ သူက နှစ်ကြိမ်ပြုံးလိုက်စဉ် ထိတ်လန့်မှုမှ ပြန်လည်သက်သာသွားပုံရသည်။
“ မကြောက်ပါနဲ့။ ဒီအိမ်အဟောင်းကြီးရဲ့ ဝါယာကြိုးတွေက သက်တမ်းတော်တော်ကြာနေလို့ပါ။ မီးတွေက အနည်းငယ်ပဲ မှိတ်တုတ်မှတ်တုတ်ဖြစ်နေတာပါ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး ”
ယဲ့ဆွေသည်လည်း စုန့်ပိုင်ပခုံးပေါ် လက်တင်၍ နှစ်သိမ့်လိုက်သည်။
စုန့်ပိုင်က ညင်ညင်သာသာမေးလိုက်သည်။ "အစ်မ၊ ဒီအိမ်မှာ တကယ် သရဲတွေရှိတယ်လို့ ထင်လား?"
ယဲ့ဆွေက ဒီအိမ်က သရဲခြောက်တယ်ဆိုတာကို သေချာသိသည်။
ဒါပေမယ့် သူမက စုန့်ပိုင်ကို ပြောလိုက်ပြီး အချိန်ရောက်လာတဲ့ လူတွေကို ငရဲကို ကြောက်လန့်အောင်မလုပ်နိုင်ဘူး။
စုန့်ပိုင်ရဲ့ အသံက မကျယ်လောင်သော်လည်း တိတ်ဆိတ်သောအိမ်ထဲသို့ အသံကျသွားသည်နှင့် အတော်လေးရှင်းသွားပုံရသည်။ သူမစကားပြောသောအခါ ဧည့်သည်များအားလုံးက အဖြေပြပေးလာမယ့် ယဲ့ဆွေကို စောင့်ပြီး ကြည့်နေကြသည်။
ယဲ့ဆွေပြုံးလိုက်သည်။ “ ဒီမှာလူတွေအများကြီးရှိနေတာပဲ။
သရဲတွေရှိတယ်ဆိုရင်တောင် သူတို့ကြောက်သွားကြလိမ့်မယ်။ ”
ယဲ့ဆွေက ဟာသလေးတစ်ခုလုပ်လိုက်ပြီး စုန့်ပိုင်ရဲ့မေးခွန်းကို တိုက်ရိုက်မဖြေခဲ့ဘူး။
လူတိုင်းစိတ်သက်သာရာရသွားသည်။
ကျင်းကွမ်းလည်း ယဲ့ဆွေရဲ့ စကားကိုထပ်တူပြုခဲ့သည်။
သူကသရဲပုံပြင်ကို သတ္တိရှိရှိပြောပြခဲ့သည်။ “ ဒီအချိန်မှာကြောက်စရာပုံပြင်တွေ မပြောပြရတာ သနားစရာကောင်းတယ်”
"ငါရယ်စရာဗားရှင်းတစ်ခုပြောပြမယ်။ ပြီးတော့ မင်းတို့တွေ ရယ်လိမ့်မယ်ဆိုတာကို ငါကတိပေးတယ်။ "
သူပုံပြင်တစ်ပုဒ်ကို ပြောပြလိမ့်မယ်လို့ သူတို့ကြားလိုက်တဲ့အခါ အားလုံးက သူ့ကိုဝိုင်းထားပြီးထိုင်လိုက်ကြူည်။
ကျင်းကွမ်းက လေထုကို ရှင်သန်စေနိုင်ပြီး သူပြောသောပုံပြင်များသည် လူများကိုရယ်မောစေလိမ့်မည်။
“ ဟိုးရှေးရှေးတုန်းက ဒီအိမ်ကြီးက သရဲခြောက်တယ်ဆိုတာကို တစ်စုံတစ်ယောက်ကမယုံခဲ့ဘူး။ ဒါကြောင့် သူ့မှာနေဖို့သတ္တိရှိခဲ့တယ်။ ပထမညမှာ အိမ်ထဲမှာမီးတွေအားလုံးပျက်နေတာကို သူတွေ့ခဲ့တယ်။ ပြီးတော့ သူဘာပဲလုပ်လုပ် သူတို့မဖွင့်နိုင်ခဲ့ဘူး။ သူကကြောက်ရွံ့သွားပြီး ဆရာကို ရှာဖို့သွားခဲ့တယ် "
“အဲဲဒါက တစ်ဝက်တစ်ပျက်ဆရာပဲ။
ဒါပေမယ့် သူကအခန်းအားလုံးကို စစ်ဆေးပြီးတော့
ဝါယာကြိုးတွေက ကြွက်တွေကိုက်တာခံထားရတာကြောင့် မီးတွေမလင်းတာပါလို့ အကူအညီမဲ့စွာနဲ့ ပြောပြလိုက်တယ်။ အဲဒါကြောင့် လူငယ်တွေက ရှေးအယူသီးမှုတွေကို မယုံသင့်ဘူး”
“ အဲဒီလူက ဝါယာကြိုးကို ပြန်လည်ပြင်ဆင်ပေးပြီးတဲ့နောက်မှာ မီးလင်းသွားခဲ့တယ်။ ပြီးတော့ နောက်ရက်အနည်းငယ်မှာ ဘာမှမဖြစ်ခဲ့ဘူး။
စတုတ္ထနေ့မှာ ......... "
ကျင်းကွမ်း ပုံပြင်ကိုစလိုက်သည်နှင့်အမျှ ခေါင်းပေါ်က အလင်းရောင်က သင့်တော်သလို အကြိမ်အနည်းငယ်လောက် လင်းလာပြီးနောက် လုံးဝမီးပျက်သွားခဲ့သည်။
တစ်အိမ်လုံး အမှောင်ကျသွားတော့သည်။
လေထုက တစ်ဖန်ပြန်လည်ငြိမ်သက်သွားသည်။
ယဲ့ဆွေက သူမနေရာမှ တည်ငြိမ်စွာနဲ့မတ်တပ်ရပ်လိုက်ပြီး မီးခလုတ်ခုံရှိရာကို သွားခဲ့သည်။ သရဲရဲ့နောက်ပြောင်မှုကြောင့် မီးခလုတ်ပိတ်သွားတာကို သူမ မြင်ခဲ့ဖူးသည်။
ယဲ့ဆွေ မီးခလုတ်ကိုဖွင့်လိုက်သည်နှင့် မီးပြန်လင်းလာပြီး ဧည့်သည်များရဲ့ အနည်းငယ်တင်းမာသောမျက်နှာများကို တောက်ပစေခဲ့သည်။ ဖြစ်ရပ်မှန်များကိုသိနေရင်း ယဲ့ဆွေက လူတိုင်းရဲ့စိတ်ခံစားချက်ကို တည်ငြိမ်စေရန် မတ်တတ်ထရပ်လိုက်သည်။
"ကျင်းကွမ်း၊ ရှင့်ရဲ့ပုံပြင်ကမှန်တယ်။ ခလုတ်ပိတ်မိသောကြောင့် မီးပျက်သွားတာ”
ဒီအချိန်မှာ လူတိုင်းရဲ့အကြည့်တွေက ယဲ့ဆွေအပေါ်ကိုကျရောက်နေသည်။ သူမရဲ့တည်ငြိမ်သောအမူအရာကြောင့် သူတို့စိတ်ကလည်း တဖြည်းဖြည်း အနယ်ထိုင်သွားသည်။
ဒါရိုက်တာအဖွဲ့က ဧည့်သည်များအားကြောက်ရွံ့စေရန် နောက်ပြောင်မှုအချို့ ပြုလုပ်လိုသော်လည်း သူတို့မဆောင်ရွက်ခင်မှာ မီးတွေလင်းလာမယ်လို့ မမျှော်လင့်ခဲ့ပေ။
"မင်းအခုအဲ့တာကို ဆွဲလိုက်တာလား။
ငါဘာလို့မမြင်လိုက်တာလဲ?"
“ မင်းလုပ်လိုက်တယ်လို့ ငါထင်ပါတယ်။
အခြားသူတစ်ဦးလည်းဖြစ်နိုင်တာပဲ။
ငါတို့အဲ့တာကိုမမြင်လိုက်ဘူး။ ”
၀န်ထမ်းများစွာက မြင်ကွင်းကဘယ်လိုဖြစ်သွားလဲဆိုတာကို
စတင်တီးတိုးပြောပြီး ဆွေးနွေးနေကြသည်။
ဒါရိုက်တာက ၀န်ထမ်းတွေလုပ်ခဲ့တာလို့ထင်ပြီး သူတို့အားအချိန်မီ မီးဖြတ်တောက်ခြင်းအတွက် ချီးကျူးရန်အဆင်သင့်ဖြစ်နေသည်။ မမျှော်လင့်ဘဲ အဖွဲ့ကစိတ်ရှုပ်ထွေးသွားသောကြောင့် သူကဒီအတွက်သင့်တော်သော အကြောင်းပြချက်တစ်ခုကို ရှာတွေ့ခဲ့သည်။
ယဲ့ဆွေက သူမရဲ့မျက်လုံးထောင့်ကနေ ချန်ရှု့ရဲ့မျက်လုံးတွေကို ဖမ်းမိလိုက်သည်။ ဘာကြောင့်မှန်းတော့ သူမ မသိပေမယ့် သူ့အကြည့်၌ဂုဏ်ယူနေတယ်ဆိုတာကို သူမခံစားမိသည်။
သူမက ချန်ရှု့ရှေ့မှာ သူရဲဘောကြောင်သူတစ်ယောက်ဖြစ်ပေမယ့် အခုတော့သူမရဲ့ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီ။
သူမလည်း မကူညီနိုင်ခဲ့ဘူး။
ရောက်ရှိလာကြတဲ့ ဧည့်သည်တွေအားလုံးက ကြောက်ရွံ့ကြသောကြောင့် သူမကကျည်ဆံကိုကိုက်ပြီး သူကိုယ်တိုင်ထိန်းထားရမည်။
ယဲ့ဆွေက သူမရဲ့ခေါင်းကိုငုံ့ပြီး သူမရဲ့နှုတ်ခမ်းကိုဖိလိုက်ကာ ပြုံးလိုက်သည်။ ကင်မရာကို သူမရဲ့ပုံရိပ်ကို ဖမ်းခွင့်ပြုဖို့မရဲဘူး။
ယဲ့ဆွေရဲ့ စကားများကြောင့် ကျင်းကွမ်းက မပြီးဆုံးသေးတဲ့ ဇာတ်လမ်းကို ဆက်ခဲ့သည်။ အခြားဧည့်သည်များလည်း နှစ်သက်စွာနဲ့ နားထောင်ခဲ့ကြသည်။
ဒါကထိတ်လန့်စရာ ဇာတ်လမ်းဖြစ်သည်။
သင်ပိုကြောက်လေလေ နောက်ထပ်ဇာတ်ကွက်တစ်ခုကို ကြားချင်လေလေပဲ။
“ စတုတ္ထမြောက်ညမှာ ယောက်ျားတစ်ယောက်က တစ်ခုခုမှားနေပြီလို့ ထပ်ပြီးခံစားလိုက်ရတယ်။
ညဉ့်နက်သန်းခေါင်ယံကျရင် ပြတင်းပေါက်အပြင်ဘက်မှာ တစ်စုံတစ်ယောက်က အမြဲတမ်းတံခါးခေါက်နေတယ် ... "
ဒေါက်၊ ဒေါက်!
ကျင်းကွမ်းရဲ့ ပုံပြင်က နောက်တစ်ဖန်ထိရောက်စေခဲ့သည်။
သူနဲ့အနီးဆုံးပြတင်းပေါက်ကို ဘယ်သူခေါက်တာလဲဆိုတာ သူမသိဘူး၊ ဒါကြောင့်သူ့ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
တစ်ချိန်တည်းမှာ ယဲ့ဆွေက စိတ်ဝိညာဉ်ကို နှိမ်နင်းနိုင်ပြီး သူတို့ကို ဖယ်ရှားပစ်နိုင်တဲ့ ဆရာတစ်ဦးဖြစ်ကြောင်း ကောလဟာလများကို လူတိုင်းတွေးခဲ့ကြသည်။
သူတို့က ယဲ့ဆွေကို ခေါင်းဆောင်အဖြစ် မသိစိတ်က မှတ်ယူထားပြီး သူတို့အားလုံး သူမနောက်ကို ပြေးလိုက်ကြသည်။
သူတို့အထဲမှာ ကျင်းကွမ်းက အပြေးအမြန်ဆုံးဖြစ်သည်။
သူတို့အများကြီးတုန်လှုပ်သွားပြီး စစ်မှန်တဲ့ကောင်းကင်သခင်ကို လုံးလုံးမေ့သွားခဲ့သည်။
ဆရာမကြီးကျူး - “........…”
ဒေါက်၊ ဒေါက်၊ ဒေါက်.......
နောက်ထပ်အသံသုံးခု။
ယဲ့ဆွေက ပြတင်းပေါက်အပြင်ဘက်က ကျီစယ်နေတဲ့သရဲကို မြင်ဖူးသည်။ သူက ကျင်းကွမ်းရဲ့
ဇာတ်လမ်းကိုအတည်ပြုဖို့ ရောက်လာခဲ့တာ။
ယဲ့ဆွေက တစ်စုံတစ်ယောက်ကို ကျပန်းခေါ်နေသကဲ့သို့ သူမလက်ကို ချန်ရှု့ ဆီသို့ ဝှေ့ယမ်းပြလိုက်သည်။
"ရှင်ကျွန်မအတွက် ပြတင်းပေါက် ဖွင့်ပေးနိုင်မလား?"
ချန်ရှု့က ကင်မရာကိုရှောင်လိုက်ပြီး သူ့ ဦးထုပ်ကိုဖိလိုက်သဖြင့် မျက်နှာကို ကွယ်ထားလုနီးပါးဖြစ်သွားသည်။
သူကခေါင်းငုံ့လိုက်ပြီး ယဲ့ဆွေရဲ့အနားကိုရောက်လာခဲ့သည်။
ထို့နောက်နှစ်ယောက်သား ပြတင်းပေါက်ဆီသို့အတူ လျှောက်သွားလိုက်ကြသည်။
ချန်ရှု့ ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ သရဲက ရုတ်တရက် အားကြီးနဲ့ ရိုက်မိသွားပြီး မြေပြင်ပေါ်သို့ကျသွားသည်။ ပြတင်းပေါက်နားက သူ့မျက်နှာက ပြန်ကန်ထွက်သွားပြီး အဲ့အပေါ်မှာ အမှတ်အသားတစ်ခုကျန်ရစ်ခဲ့သည်။
ကျင်းကွမ်းက တုန်နေသောလက်ညှိုးနဲ့ ပြတင်းပေါက်သို့ညွှန်ပြလိုက်သည်။
"ယဲ့ဆွေ၊ ဒါကမျက်နှာပုံသဏ္ဍာန်ဖြစ်ပုံရတယ် ဟုတ်တယ်မလား? "
ယဲ့ဆွေက သူမရဲ့လက်ကိုင်ပုဝါကို တည်ငြိမ်စွာနဲ့ထုတ်လိုက်ပြီး ပြတင်းပေါက်ကို သန့်ရှင်းလိုက်သည်။
“ ဘယ်မှာလဲ?”
လက်ရှိလူများက အံ့အားသင့်သွားကြသည်။
'ယဲ့ဆွေ၊ ငါတို့ကို မျက်မမြင်တွေလို မလုပ်ပြနဲ့!
မင်း ညစ်ပတ်တဲ့အရာတွေကို သုတ်ပစ်လိုက်တာ လူတိုင်းမြင်တယ်! '