အပိုင်း ၁၀၁
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၀၁ - အိပ်မပျော်တဲ့ည

 

 

 

စုန့်ပိုင်နဲ့ ကျင်းကွမ်းတို့နှစ်ဦးက တစ်ချိန်တည်းမှာ သူတို့ရဲ့မျက်လုံးတွေကို ပွတ်လိုက်ကြသည်။ ယဲ့ဆွေရဲ့ ဆုံးဖြတ်ထားသည့် အမူအရာကိုမမြင်လျှင် သူတို့မြင်ခဲ့တဲ့အရာက ထင်ယောင်ထင်မှားတစ်ခုဟု တွေးကောင်းတွေးနိုင်သည်။

 

 

အခုချက်ချင်းဆိုသလို မျက်နှာကိုရိုက်မိခဲ့တဲ့ သရဲက ပြတင်းပေါက်ကနေ ပြုတ်ကျသွားခဲ့သည်။ ချန်ရှု့က ယဲ့ဆွေ ဘေးတွင်ရပ်နေပြီး ဤလှည့်ကွက်ကြောင့် မကြောက်ခဲ့ပေ။

 

 

သရဲက ဘုရင့်နိုင်ငံခေတ်က အဝတ်အစားများကို ၀တ်ဆင်ထားသည်။  သူကသူ့မျက်နှာကို မတရားမှုဖြင့် မြှုပ်ထားသော်လည်း ချန်ရှု့ကိုကြောက်သည်။  သူက ချန်ရှု့နဲ့နီးကပ်ဖို့မရဲတော့ဘူး။  သူကနံရံထောင့်၌သာ ကျုံ့နေနိုင်ပြီး တိတ်တဆိတ် ကွန်ပလိန်းတက်နေလေသည်။

 

 

ယဲ့ဆွေက လူတိုင်းကြောက်ရွံ့သွားမှာကို စိုးရိမ်သဖြင့် သူမဟာ ပြတင်းပေါက်ကို လက်ကိုင်ပုဝါဖြင့် အကြိမ်များစွာသုတ်ခဲ့သည်။ သဲလွန်စတစ်ခုမှ မကျန်ခဲ့တော့ဘူး။

 

 

ကျင်းကွမ်းက ပြတင်းပေါက်ဆီသို့ ခြေလှမ်းအနည်းငယ်ဖြင့် သတ္တိရှိရှိ လျှောက်သွားခဲ့ပေမယ့် သူက ယဲ့ဆွေနဲ့ မီတာအနည်းငယ်ဝေးသေးသည်။  ထို့နောက်သူက သူတို့ယခုလေးတင် မြင်ခဲ့ရတဲ့ သရဲရဲ့မျက်နှာအမှတ်သားရှိခဲ့တဲ့ ပြတင်းပေါက်သို့ ညွှန်ပြလိုက်သည်။

 

 

"အခုဒီမှာတစ်ခုခုရှိလို့လား?"

 

 

ကျင်းကွမ်းရဲ့ ကြောက်ရွံ့ခြင်းကို ဖယ်ရှားပစ်ရန်နှင့် အခြားသူများအား ထိတ်လန့်မသွားစေရန် ယဲ့ဆွေက သူမ၏မြေပေါ်မှာသာ ရပ်တည်နိုင်ခဲ့သည်။

 

 

"ရှင်မှားတာပဲဖြစ်ရမယ်။ " ယဲ့ဆွေက ချန်ရှု့ကိုကြည့်လိုက်သည်။  “ ဒီ၀န်ထမ်းက ကျွန်မနဲ့အနီးဆုံးပဲ။  ရှင်အဲ့တာကိုမြင်ခဲ့လား? "

 

 

ချန်ရှု့က ခေါင်းကိုငုံ့ထားပြီး သူ့ ဦးထုပ်က သူ့မျက်နှာအများစုကို ဖုံးအုပ်ထားသည်။ ယဲ့ဆွေက ကားပေါ်တွင်ရှိနေစဉ်မှာ သူ့ကိုအထူးအနေနဲ့ မိတ်ကပ်လိမ်းခြယ်ပေးခဲ့သည်။  ထို့ကြောင့် ချန်ရှု့ရဲ့ အသွင်အပြင်က သူ့ရဲ့ပုံမှန်အသွင်အပြင်နှင့် သိသိသာသာကွဲပြားသည်။

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ မေးခွန်းကိုကြားသောအခါ သူစကားမပြောခဲ့ပေ။ အဲဒီအစားသူက ခေါင်းကိုငုံ့ထားပြီး ခေါင်းခါပြလိုက်သည်။ သူက ယဲ့ဆွေဘက်၌သဘာဝအတိုင်းရပ်ခဲ့သည်။

 

 

ယဲ့ဆွေက အဲဒီမှာတစ်ယောက်ရှိတယ်လို့ပြောခဲ့ရင်တောင်မှ သူမရဲ့အဖြေနဲ့ အကြောင်းပြချက်တစ်ခုအတွက် သူမဘက်မှာပဲ သူရပ်တည်ပေးလိမ့်မည်။ သူမမရှိဘူးလို့ပြောရင် တစ်ယောက်မှမရှိဘူးပဲ။  သူကသံသယတွေကိုရှင်းဖို့ သက်သေတွေကိုဖျက်ဆီးဖို့ ကူညီလိမ့်မည်။

 

 

ကျင်းကွမ်းက သူ့မျက်လုံးတွေကို သံသယဝင်လာသည်။  'ငါအမြင်မှားတာဖြစ်နိုင်တယ်'

 

 

ဤဖြစ်စဉ်ကိုမြင်သော အင်တာနက်သုံးစွဲသူတွေက ရယ်မောခြင်းဖြင့် ရူးမတတ်ဖြစ်သွားသည်။

 

 

"ယဲ့ဆွေက ချစ်စရာကောင်းလွန်းတယ်။ ကျင်းကွမ်းနဲ့ စုန့်ပိုင်တို့ရဲ့ တုန့်ပြန်မှုနဲ့အတူ ငါရယ်မောပစ်လိုက်တာ ထိုင်ခုံပေါ်ကနေတောင် ပြုတ်ကျသွားတယ်။ အိုး နိုး! ငါ့အကြွေစေ့ကျသွားပြီထင်တယ်! တစ်ယောက်ယောက်! ကျေးဇူးပြုပြီး ငါ့ကိုကူညီပြီးရှာပေးလို့ရမလား?"

 

 

"သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ ယဲ့ဆွေရဲ့ ကောလဟာလကမှန်နေပုံရတယ်။ ဒီလိုမှမဟုတ်ရင် ယဲ့ဆွေက ဒီညရှိုးမှာဘာကြောင့်ပါမှာလဲ? "

 

 

ငါ စခရင်ရှောခ့် ရိုက်ခဲ့တယ်။ ယဲ့ဆွေ အခုသုတ်လိုက်တဲ့ပြတင်းပေါက်မှာ မျက်နှာအရာကြီး တစ်ခုရှိတယ်။ "

 

 

စောင့်ကြည့်နေသည့် အင်တာနက်သုံးစွဲသူတစ်ဦးက ဗီဒီယိုကို အကြိမ်များစွာရပ်ခဲ့ပြီး နောက်ဆုံးတွင် သူက ထိုမြင်ကွင်းကို ဖမ်းယူနိုင်ခဲ့သည်။  ပုံသေဖြစ်သွားတဲ့ဓာတ်ပုံမှာ ပြတင်းပေါက်ပေါ်တွင် မျက်နှာအရာကြီးကို လူတိုင်းကို သဲသဲကွဲကွဲမြင်နိုင်သည်။

 

 

ဒီသရဲခြောက်တဲ့အိမ်ထဲမှာ သရဲရှိနေတာအမှန်ပဲ။  ရုတ်တရက် ငါ့ကျောပေါ်က အေးစက်သွားသလို ခံစားရတယ်။

 

 

 “ ဒါဆိုဆွေဆွေက တကယ့်ကို ဝိညာဉ်ရေးရာသခင်ပဲ။  ခုနက သူမနဲ့တွေ့တဲ့အခါမှာ သရဲကကြောက်သွားတာလား? "

 

 

တကယ်တော့ အင်တာနက်သုံးစွဲသူတွေရဲ့ ခန့်မှန်းချက်ဟာ တစ်ဝက်မှန်သည်။ ယဲ့ဆွေရဲ့ တည်ရှိနေခြင်းက  ချန်ရှု့ ကိုခေါ်ခြင်းအားဖြင့် သရဲကိုကြောက်လန့်စေတဲ့ နည်းလမ်းများကို ပံ့ပိုးပေးရန်သာဖြစ်သည်။

 

 

ယဲ့ဆွေက သူမရဲ့နာမည်က အကြီးမြတ်ဆုံး အင်မော်ဒန်ယဲ့ အဖြစ် တဖြည်းဖြည်းနဲ့ ပို၍ ပို၍ တည်တံ့လာသည်ကို မသိခဲ့ပေ။ သူမက ချန်ရှု့ အနားမှာခဏရပ်ပြီး ယန် စွမ်းအင်အနည်းငယ်ကို ယူလိုက်ပြီး သူမရဲ့နှလုံးသားထဲမှာ ကြောက်ရွံ့မှုက အနည်းငယ်လျော့ကျသွားသည်။

 

 

ယဲ့ဆွေက စုန့်ပိုင်နဲ့ ဘေးချင်းယှဉ်ထိုင်ပြီး သူမ၏မူလအနေအထားသို့ တည်ငြိမ်စွာ ပြန်သွားလိုက်သည်။အားကောင်းမောင်းသန်တဲ့  ကျင်းကွမ်းက သူတို့အနားမှာနေဖို့ အရမ်းရှက်လွန်းလို့ သူကသူ့နေရာကိုဖြည်းဖြည်းချင်း ပြန်လျှောက်သွားခဲ့သည်။

 

 

 ပြီးတော့ ကျောက်ဟွေ့က သူမမိန်းကလေးတစ်ယောက်ဖြစ်ရတာ ကံကောင်းတယ်လို့တွေးလိုက်သည်။ သူမက ယဲ့ဆွေရဲ့ဘက်ကို ပြောင်ပြောင်တင်းတင်း ကပ်နိုင်ခဲ့သည်။

 

 

ကျင်းကွမ်းက စကားတစ်လုံးမှမပြောဘဲ ဆရာမကြီးကျူးကိုကြည့်လိုက်သည်။  'ဆရာမကြီး ကျူးက ဝိညာဉ်ရေးရာသခင်မဟုတ်လားသူမဒါကိုမြင်ဖူးရမယ် ဟုတ်တယ်မဟုတ်လား?'

 

 

ကျင်းကွမ်းက ယဲ့ဆွေကိုအသက်ကယ်တဲ့အဆောင်အဖြစ်ယူနေစဉ် သူကတကယ့်သခင်ကို ဘာကိုမှမစွမ်းဘူးဆိုတဲ့အဖြစ် ဆက်ဆံခဲ့သည့်အချိန်ကိုလုံးဝမေ့ပစ်လိုက်သည်။

 

 

"ဆရာမကြီး ကျူး၊ ဆရာမကြီးရဲ့အဆိုအရ၊ အခုပြတင်းပေါက်မှာ သရဲရှိပါသလား?"

 

 

ဆရာမကြီးကျူးရဲ့ စွမ်းရည်များက အလွန်ကောင်းမွန်သော်လည်း သူမ၏ကောင်းကင်မျက်လုံးတစ်ဝက်ကိုသာ ဖွင့်နိုင်ခဲ့သည်။  သူမကသရဲရဲ့ ထက်ဝက်ကိုသာမြင်နိုင်ခဲ့ပြီး ကျန်တစ်ဝက်မှာ မမြင်နိုင်သောအရာဖြစ်သည်။

 

 

သူမက ပြတင်းပေါက်မှ သရဲကို မမြင်ဖူးသော်လည်း အိမ်အနီးအနားတွင် သရဲအများအပြားရှိသည်။

 

 

တစ်စုံတစ်ယောက်က မေးလာခဲ့သောကြောင့် သူမသဘာဝကျကျဖြေဆိုရန် လိုအပ်သည်။ သို့သော် သူမက အခြားနည်းဖြင့်လုပ်ခဲ့သည်။

 

 

"မင်းကြောက်ရင် မင်းရဲစွမ်းသတ္တိကိုမြှင့်တင်ဖို့ဒီ အဆောင် တွေကိုယူလိုက်ပါဆရာမကြီး ကျူးထျန်း က သူမ၏အိတ်ကပ်ထဲမှ အဆောင် များစွာကိုထုတ်လိုက်ပြီး ကျင်းကွမ်းရဲ့ လက်ထဲထည့်လိုက်သည်။

 

 

ကျင်းကွမ်း ပြောမပြတတ်အောင်ဖြစ်ခဲ့ရသည်။ 'ဒီလောက်များပြားတဲ့ အဆောင်တွေနဲ့ ဘယ်တစ်ခုကိုအရင်ဆုံးသုံးသင့်လဲ?'

 

 

အဆောင်များကိုပေးပြီးသောအခါ ဆရာမကြီး ကျူးက မမြင်နိုင်သောလူတစ်ယောက်ကဲ့သို့ထိုင်လျက် မူလအနေအထားသို့ တိတ်တဆိတ် ပြန်သွားခဲ့သည်။

 

 

"ဟားဟားဟား၊ ကျင်းကွမ်းရဲ့ ထိတ်လန့်နေတဲ့ အမူအရာကို မင်းမြင်ရဲ့လား? ဒီလောက်များပြားတဲ့အဆောင်တွေကိုမြင်ရတာ ဒါပထမဆုံးအကြိမ်မဟုတ်လား? ”

 

 

 “ မင်းငါ့ကိုမေးရင် ဆွေဆွေနောက်လိုက်တာ ပိုကောင်းတယ်။ သူမကနတ်ဆိုးဝိညာဥ်တွေကို ဖျက်ဆီးနိုင်ပြီး လူတွေကိုလည်း သက်တောင့်သက်သာဖြစ်အောင်လုပ်ပေးနိုင်တယ်။ မိန်းမငယ်လေးက အရမ်းချိုပြီး ပွေ့ဖက်ဖို့နူးညံ့တယ်။

 

 

 "ဟေ့မင်းဒီအကြောင်းအရာကို စိတ်မ၀င်စားဘူးလား? "

 

 

ယဲ့ဆွေရဲ့ သရဲခြောက်တဲ့အိမ်ကို ခရီးဆက်ခဲ့ပေမယ့် ကျင်းကွမ်းက သရဲပုံပြင်တွေကို ထပ်မပြောရဲတော့ဘူး။  သူပုံပြင်တွေပြောပြတဲ့အခါမှာ ထိုသဘာဝလွန်အရာများဖြစ်ပျက်ခဲ့သည်။ ထို့ကြောင့် သူက ယခုပြောဖို့သတ္တိမရှိတော့ပေ။

 

 

လူတိုင်းအိပ်ရာပေါ်ပြန်လှဲပြီးနောက် စုန့်ပိုင်ကရုတ်တရက်ဆိုသလို "အစ်မ ယဲ့ဆွေ၊ အစ်မဘာလို့ပုံပြင်တချို့ကို မဝေမျှတာလဲ?"လို့ပြောလိုက်သည်။

 

 

လက်ရှိဧည့်သည်များ အားလုံးနှင့် နှိုင်းယှဉ်လျှင် သရဲပုံပြင်များကို မဖော်ပြလျှင်တောင် ယဲ့ဆွေက ဆန့်ကျင်ဘက် သရဲတိုက်ပွဲများစွာကို တွေ့ကြုံခဲ့ဖူးသည်။ သူမဒီအကြောင်းကို မထပ်စေရဘဲ ရက်ပေါင်းများစွာပြောနိုင်သည်။

 

 

ကျင်းကွမ်းက ယဲ့ဆွေရဲ့ ကောလဟာလများကို သိထားပြီး ဤအဆိုပြုချက်က အလွန်ကောင်းတယ်လို့ ထင်တာကြောင့် သူခေါင်းညိတ်လိုက်သည်။

 

 

 "ယဲ့ဆွေ၊ နင်ပြောပြတာက ကျင်းကွမ်း ထက်ပိုကောင်းမှာသေချာတယ်ကျောက်ဟွေ့ က mask ကို အစကတည်းက တပ်ထားပြီး ထပ်ပေါင်းပြောလိုက်သည်။သူပုံပြင်ပြောပြတာက ကြောက်စရာမကောင်းဘူး။ ဒါကြောင့် သရဲက အဲ့တာကို မခံနိုင်တော့တာ။

 

 

ကျောက်ဟွေ့ နဲ့ ကျင်းကွမ်းတို့က ဖျော်ဖြေရေးလောကထဲသို့မ၀င်မီ အတန်းဖော်များ ဖြစ်ခဲ့ကြသည်။  သူမကသူ့ကိုလှောင်ပြောင်ဖို့ အခွင့်အရေးယူခဲ့သည်။

 

 

ဒါရိုက်တာက ရဲတင်းသောဧည့်သည်အုပ်စုကိုကြည့်လိုက်သည်။ သူမှားယွင်းတဲ့လူတွေကို ဖိတ်ခေါ်ခဲ့တယ်လို့ အမြဲခံစားခဲ့ရသည်။  သူတို့မအော်သင့်ဘူးလား? သူတို့မကြောက်သင့်ဘူးလား?

 

 

လူထု၏မျှော်လင့်ချက်ဖြင့် ယဲ့ဆွေက သရဲပုံပြင်များကိုစတင်ပြောပြခဲ့သည်။

 

 

ယဲ့ဆွေလည်း ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ သူမသရဲတစ္ဆေတွေကို ကြောက်ခဲ့တာအတော်ကြာပြီ။ အခြားသူတွေကိုကြောက်အောင်လုပ်ရမယ့် သူမရဲ့အလှည့်ကဘယ်အချိန်လဲ?

 

 

ယဲ့ဆွေက မီးခလုတ်ရှေ့တွင်ရပ်နေသော ချန်ရှု့ကိုမော့ကြည့်လိုက်သည်။ သူမကသူ့ကိုပြုံးပြလိုက်ပြီး ကင်မရာအစ်ကို၊ ကျွန်မကိုကူညီပြီး မီးလေးတွေပိတ်ပေးပါ " ဟုတမင်တကာ ကျီစယ်ခဲ့သည်။

 

 

ချန်ရှု့က စိတ်ဓာတ်မြင့်မားသော ယဲ့ဆွေကို ကြည့်လိုက်ပြီး အကူအညီမဲ့စွာ ပြုံးလိုက်သည်။ ထို့နောက် သူက မီးကိုနာခံစွာနဲ့ ပိတ်လိုက်သည်။

 

 

 ယဲ့ဆွေက ချန်ရှု့နဲ့ တစ်ညလုံး စကားမပြောဖြစ်ခဲ့သောကြောင့် သူနဲ့စကားပြောဖို့ အခွင့်ကောင်းယူခဲ့သည်။  "ရှင့်ဆီမှာ သရံပုံပြင်အတွက် လေထုကိုအသက်၀င်စေနိုင်တဲ့ မီးရောင်များရှိလား? "

 

 

ချန်ရှု့က အလွန်ပူးပေါင်းစွာနဲ့ ဓာတ်မီးကိုပစ်လိုက်ပြီး ၎င်းအား ယဲ့ဆွေရဲ့ လက်ထဲသို့ တိုက်ရိုက်ပေးအပ်ခဲ့သည်။

 

 

ဧည့်သည်များနှင့် ၀န်ထမ်းများက ယဲ့ဆွေနဲ့ ချန်ရှု့ရဲ့လုပ်ရပ်များကို ဆက်တိုက်မမြင်ခဲ့ပေ။ ယဲ့ဆွေရဲ့လှုပ်ရှားမှုများက သူတို့ အဆင်သင့်မဖြစ်သေးကတည်းက စတင်ပြီး သူတို့ကိုကြောက်လန့်စေခဲ့သည်။

 

 

ယဲ့ဆွေ ဓာတ်မီးကို ဖွင့်လိုက်သည်နှင့် ဖြူဖတ်ဖြူရော်အလင်းရောင်က သူမ၏မျက်နှာအောက်ပိုင်းသို့ ကျဆင်းသွားသည်။  သူမကဆံပင်ရှည်ကို ဆွဲလှန်လိုက်ပြီး ခေါင်းကိုငုံ့ထားလိုက်သည်။

 

 

"ဟီးဟီး "

 

 

တိတ်ဆိတ်နေတဲ့အခန်းထဲမှာ လှောင်ပြောင်ရယ်မောသံတစ်ခုက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

 

 

 စုန့်ပိုင်နဲ့ ကျင်းကွမ်းတို့ နှစ်ဦးစလုံးက အသက်ရှူသံကိုမသိမသာအောင့်အည်းထားပြီး သူတို့တွေရဲ့ရှော့ခ်ရနေတဲ့မျက်နှာတွေနဲ့ ယဲ့ဆွေရဲ့ ရုတ်တရက် ပြောင်းလဲသွားသောပုံစံကိုကြည့်နေခဲ့သည်။

 

 

လူတိုင်းတိတ်ဆိတ်နေချိန်တွင် ကျင်းကွမ်းက "ယဲ့ဆွေ?" ဟုပြောရန် သူ၏ရဲစွမ်းသတ္တိကို ဖြည့်စွက်လိုက်သည်။

 

 

ယဲ့ဆွေက သူ့အသံကိုကြားပုံမပေါ်ပေ။ သူမသူ့ကိုဖြည်းဖြည်းချင်းကြည့်ရင်း တုံ့ပြန်ဖို့စက္ကန့်အနည်းငယ်ကြာခဲ့သည်။

 

 

 "ရှင်ကျွန်မကိုခေါ်လိုက်တာလား?"

 

 

ယခုအခိုက်အတန့်တွင် ယဲ့ဆွေ၏အသံက ခါတိုင်းနှင့်မတူဘဲကွဲပြားနေသည်။  ၎င်းသည် အော်ပြောနေတာကြောင့်အသံပျက်သွားသလို ကွဲအက်အက်အသံမျိုးကြီးဖြစ်နေသည်။  သူမရဲ့တောင့်တင်းတဲ့လှုပ်ရှားမှုတွေနဲ့တွဲလိုက်တာက သူမက လုံးဝကို လူသစ်တစ်ယောက်ဖြစ်သွားခဲ့သည်။

 

 

ယဲ့ဆွေရဲ့ သရုပ်ဆောင်စွမ်းရည်က အလွန်ကောင်းမွန်သောကြောင့် လူတိုင်းက သူမ၏ပုံပြင်ပြောခြင်းတွင် စိတ်ပါ၀င်စားလာကြသည်။ အပြုံးနဲ့ကြည့်နေသော ချန်ရှု့မှလွဲ၍ လူတိုင်းက ယဲ့ဆွေ ဖန်တီးထားသောလေထုထဲသို့ ခေါ်ဆောင်သွားတာကိုခံခဲ့ရသည်။

 

 

ကျင်းကွမ်းရဲ့မျက်ရည်တွေက ကျလုနီးပါးဖြစ်နေသည်။  သူကတုန်တုန်ယင်ယင်နဲ့ "မင်း၊ မင်း၊ မင်း ... မင်းကဘယ်သူလဲ?"လို့ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည်။

 

 

အခြားအားရပါးရ ရယ်သံတစ်ခုနှင့် ယဲ့ဆွေရဲ့ပါးစပ်က ထူးဆန်းစွာ ထွက်လာသည်။  "ငါက ဒီနေရာရဲ့ပိုင်ရှင်ဘဲ"

 

 

စုန့်ပိုင်နဲ့ ကျောက်ဟွေ့တို့က အလွန်ကြောက်လန့်၍ ယဲ့ဆွေထံမှ ရုတ်တရက် ခုန်ထွက်သွားကြသည်။  ကျန်တဲ့ဧည့်သည်တွေက စုပြုံသွားပြီး ဒါကသရဲပုံပြင်သာဖြစ်တယ်ဆိုတာကို မေ့သွားခဲ့သည်။

 

 

အသန်မာဆုံးအနေနှင့် ကျင်းကွမ်းက ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သည်။  "ငါတို့က......ငါတို့က မင်းကို နှောင့်ယှက်ဖို့ မရည်ရွယ်ခဲ့ပါဘူး"

 

 

ယဲ့ဆွေက ချောက်သွေ့သွေ့ ချောင်းဆိုးသံကို ပေးခဲ့သည်။  “ ငါသိတယ်၊ ဒါကြောင့် ငါ့သီချင်းဆိုသံကိုနားထောင်ခိုင်းပြီး မင်းကိုအပြစ်ပေးမယ်"

 

 

"အစောပိုင်းနှစ်တွေမှာ ငါ့လည်ချောင်းကို နာကျင်စေခဲ့တယ်၊ ဒါကြောင့် ငါသီဆိုခဲ့တဲ့ သီချင်းက မကောင်းနိုင်ဘူး"

 

 

ယဲ့ဆွေက သူတို့အဖြေမပေးမီ သီချင်းဆိုခြင်းကို စတင်ခဲ့သည်။  "လရောင်က ညကိုပျော်ဝင်စေတယ်၊ ပန်းတွေရဲ့အရိပ်မှာ နွေဦးက အထီးကျန်ဆန်တယ်လေ။ လရောင်တွေ တောက်ပနေတာကို ငါအရိပ်ခိုမယ်။စူးစမ်းမိပါတယ် လမင်းအိမ်အကူရေ မင်းဘယ်မှာလဲကွယ်......."

 

 

ဒီစာသားတွေကို ယဲ့ဆွေ ကဝမ်းနည်းကြေကွဲစွာနဲ့သီဆိုခဲ့သည်။  အထူးသဖြင့် သူမ၏ကွဲအက်သောအသံ၌ သာယာသောတေးသွားမပါဘဲ သူတို့အားလုံးကို ကြောက်ရွံ့စေခဲ့သည်။

 

 

ယဲ့ဆွေက ဒီစာကြောင်းတွေပြီးတဲ့နောက်မှာ သီချင်းဆိုခြင်းကိုရပ်ခဲ့သည်။ သူမပြုံးပြီး ကြက်သေသေနေတဲ့လူတွေကိုကြည့်လိုက်သည်။  "မင်းတို့ ဒါကို မကြိုက်တဲ့ပုံရတယ်။ ဒါဆိုရင် မင်းတို့ ငါနဲ့အတူ ဒီမှာအမြဲတမ်းနေလိုက်တော့ "

 

 

ဇာတ်လမ်းထဲမှာ နှစ်မြှုပ်ထားတဲ့လူတွေအားလုံး မတ်တပ်ရပ်လိုက်ကြပြီး ယဲ့ဆွေရဲ့ဆန့်ကျင်ဘက်အရပ်ဆီသို့ တလမ်းလုံးအော်ဟစ်ပြေးလွှားသွားကြသည်။

 

 

 “ အမေရေ အိမ်ပြန်ချင်တယ်။  အဲ့တာက အရမ်းကြောက်စရာကောင်းတယ်

 

 

ယဲ့ဆွေက သူမ၏ဆံပင်ကို ချက်ချင်း ပြန်လှန်လိုက်ပြီး သူတို့အား ဟေ့ ဟေ့ ငါအခုထိဇာတ်လမ်းမပြီးသေးဘူးလေ? ”လို့ပြောလိုက်သည်။

 

 

အိမ်ထဲကတကယ့်သရဲ - “ ....…” ‘သူတို့(သရဲ)ထွက်လာတဲ့အချိန် သူတို့ဒီလောက်မကြောက်ရွံ့တာ ဘယ်လိုလုပ်ရမလဲသေချာတာက သရဲဖြစ်ဖို့ ခက်ခဲတယ်။ '

 

 

ထို့နောက် အပေါ်မှမီးများက လင်းလာခဲ့သည်။  ယဲ့ဆွေရဲ့ ရိုးသားသောအမူအရာကို မြင်သောအခါ ဧည့်သည်များက နူးညံ့သော ခြေထောက်များဖြင့် ပြန်လာခဲ့သည်။  သရဲက ယဲ့ဆွေကို ဝင်ပူးထားလား၊ မပူးထားဘူးလားဆိုတာကို အတည်ပြုဖို့ စုန့်ပိုင်က သူမအားအကြိမ်ကြိမ်တို့ခဲ့သည်။

 

 

ကျင်းကွမ်းက အထဲသို့ဝင်မလာခင် ဘာကိုမှကြောက်ရွံ့နေသူမဟုတ်ပါ။  ရဲရင့်စွာနဲ့ရှေ့တန်းတင်ချိန်မှာ သူ့ရဲ့နုနယ်သေးသော နှလုံးသားကိုငြိမ်သက်စေခဲ့သည်။ဆွေဆွေ ငါတို့ကိုခြောက်လှန့်မယ်ဆိုရင် ကျေးဇူးပြုပြီး ငါတို့ကိုကြိုပြောပါ......... ”

 

 

ယဲ့ဆွေရဲ့ အပြုအမူကြောင့် ယခု အိုင်လိုင်းကောမန့်များက ပေါက်ကွဲသွားခဲ့သည်။

 

 

 "ယဲ့ဆွေကို တကယ် ပူးနေတယ်လို့ ငါထင်ခဲ့တာ၊ အဲ့တာက ငါ့လက်ကိုင်ဖုန်း ပြုတ်ကျသွားလုမတတ် ငါ့ကိုခြောက်လန့်ခဲ့တယ် "

 

 

 "ယဲ့ဆွေရဲ့ သရုပ်ဆောင်စွမ်းရည် မကောင်းဘူးလို့ ဘယ်သူပြောရဲလဲ? သူမရဲ့သရုပ်ဆောင်စွမ်းရည်က လူတိုင်းကိုမျက်ရည်ကျသွားအောင် ကြောက်လန့်စေခဲ့တယ် "

 

 

 “ ယဲ့ဆွေက သူမရဲ့အသံကို လုံးလုံးလျားလျား ပြောင်းလဲပစ်လိုက်တာ။  ခုနကပြောခဲ့တဲ့သူက ယဲ့ဆွေ  ဆိုတာကို ငါတောင်မေ့သွားတယ်။  ဒါကတကယ်ကိုထိတ်လန့်စရာပဲ

 

 

ယဲ့ဆွေ မူလက သူတို့ကိုသာကြောက်လန့်စေလိုသော်လည်း သူမ မမျှော်လင့်ထားသောတုံ့ပြန်မှုတစ်ခုကိုရခဲ့သည်။  သူမရဲ့သရုပ်ဆောင်မှုစွမ်းရည်ကို အင်တာနက်သုံးစွဲသူ အများစုက အသိအမှတ်ပြုခဲ့ကြပြီးအခု ယဲ့ဆွေ  ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကိုဖြန့်ချဖို့ မျှော်လင့်နေကြသည်။

 

 

ယဲ့ဆွေက သူမရဲ့ရုပ်ရှင်အတွက် အခမဲ့ပရိုမိုးရှင်းတစ်ခုကို အမှတ်တမဲ့လုပ်ခဲ့သော်လည်း သူမ အဲ့ဒါကို ဘာမှမသိခဲ့ဘူး။

 

 

ယဲ့ဆွေကို ကြောက်ရွံ့သွားသော စတားများအပြင် ဝန်ထမ်းများက ယဲ့ဆွေရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အံ့သြသွားကြသည်။ သူမက သူမရဲ့မူလအသံကိုပြန်လည်ရယူသည့်အခါ သူတို့သည်လည်း သူတို့ရဲ့အာရုံများသို့ ပြန်ရောက်ရှိလာကြသည်။

 

 

အစီအစဉ်၏ ပထမအပိုင်းက အလွန်အောင်မြင်ခဲ့သည်။  ဒါရိုက်တာ စွင်းက သူယဲ့ဆွေကို ဖိတ်ကြားခဲ့မိတာကို ဂုဏ်ယူမိသည်။  ဒီလိုမှမဟုတ်ရင် ဒီအစီအစဉ်ရဲ့ကျော်ကြားမှုက ဆက်ပြီးမြင့်တက်လာမှာ မဟုတ်ဘူး။  ပထမနေ့တွင် ကြည့်ရှုသူအရေအတွက်က သန်း ၂၀၀ ချိုးသွားခဲ့သည်။

 

 

နောက်တစ်နေ့တွင် သရုပ်ဆောင်အားလုံးက အိမ်မှထွက်လာခဲ့သည်။  သူတို့က ဒီသရဲခြောက်တဲ့အိမ်ကို အထင်ကြီးတာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကြောက်စရာကောင်းတာပဲ။ ဒါပေမယ့် ယဲ့ဆွေက အထဲမှာရှိသည်။

 

 

သူတို့အားလုံးမှာ တူညီတဲ့စိတ်ကူးရှိသည်။ နောက်တစ်ကြိမ်တွင် ယဲ့ဆွေက သရဲပုံပြင်များကို သာမန်ကာလျှံကာ မပြောပြသင့်ပါ။

 

 

ဒီညပြီးသွားတဲ့နောက်မှာ သရုပ်ဆောင်အားလုံးရဲ့ကြားက ဆက်ဆံရေးဟာ ပိုပိုပြီးရင်းနှီးလာသည်။  မထွက်ခွာမီ ယဲ့ဆွေက ကျင်းကွမ်း အားလေးနက်သောပုံစံဖြင့်ရယ်မောလှောင်ပြောင်ခဲ့သည်။

 

 

"ရှင် ပုံပြင်နားထောင်ချင်သေးရင် ကျွန်မကို ရှာဖို့သတိရနော် "

 

 

ကျင်းကွမ်း ရုတ်တရက် ဝမ်းနည်းလာပြီး ခေါင်းကိုအမြန်ခါယမ်းလိုက်သည်။  "ဆွေဆွေ၊ ငါတို့သရဲခြောက်တဲ့အိမ်ကို နောက်တစ်ခေါက်သွားရင် မင်းသရဲပုံပြင်ကိုထမ်မပြောပြပါနဲ့။ ပြီးတော့ ငါတို့ကိုလည်းမခြောက်လှန့်ပါနဲ့။"

 

 

သရဲခြောက်တဲ့ အိမ်နဲ့ယှဉ်ရင် ယဲ့ဆွေက ကျင်းကွမ်းရဲ့စိတ်ထဲမှာ ပိုကြောက်စရာကောင်းနေတဲ့ပုံရသည်။

 

 

ယဲ့ဆွေက သူမရဲ့ကားထဲသို့ဝင်သွားသည်။ ချန်ရှု့က အထဲမှာ သူမကို စောင့်နေပြီဖြစ်သည်။ သူမအထဲကိုရောက်တာနဲ့ သူမက ချန်ရှု့အား သူမရဲ့ဖျော်ဖြေမှုအကြောင်းကို မေးလိုက်သည်။

 

 

"ချန်ရှု့ ကျွန်မကောင်းကောင်းလုပ်ခဲ့တယ်မလား? ကျွန်မတို့က တကယ့်သရဲဖမ်းတဲ့ မုဆိုးစုံတွဲပဲနော် "

 

 

ချန်ရှု့က ပြုံးပြီးခေါင်းညိတ်လိုက်သည်။ သူ့မိန်းမပြောတဲ့စကားက သူ့ရဲ့အဖြေပဲဖြစ်သည်။

 

 

ရှောင်လျို့က သူတို့ရဲ့ပရောပရည်လုပ်နေတာကို မကြည့်ချင်သောကြောင့် သူမမြန်မြန်သာ လှည့်နိုင်ခဲ့သည်။

 

 

————–

 

ချန်ရှု့ရဲ့ မွေးနေ့ပါတီပွဲအတွင်း ယဲ့ဆွေက ချန်မိသားစုရှေ့တွင် ချန်ရှု့၏ချမ်းသာမှုကို တမင်ဖော်ပြခဲ့သည်။ ချန် မိသားစုကို ချန်ရှု့အားမထီမဲ့မြင်မပြုတော့ဖို့ သူမလုပ်ခဲ့သည်။

 

 

ဒီကိစ္စက ယဲ့ဆွေ အတွက် ရှောင်တခင် ပြောစရာတစ်ခုသာဖြစ်ပေမယ့် သူမက ချန်ရှို့အတွက် သူ့ရဲ့အရင်ခန့်မှန်းချက်ကို အတည်ပြုခဲ့သည်။

 

 

ကနဦးတွင် ချန်ရှု့က ချန် မိသားစုတွင် အနှိမ့်ချခံရဆုံးဖြစ်သော်လည်း သူက ရုတ်တရက် ကံကောင်းခြင်းနှင့် ငွေအမြောက်အများရခဲ့သည်။

 

 

ချန်ရှို့က သူ့ရဲ့ ဦးလေး ရုတ်တရက် ဘာမှမရှိတာကနေ အပေါ်ဆုံးကို ဘယ်လိုတက်သွားလဲဆိုတာကို နားမလည်နိုင်ခဲ့ပေ။ သူနဲ့ ယဲ့ဆွေ  လက်ထပ်ပြီးသွားခါမှ ဒီဟာကဖြစ်ပျက်ခဲ့တာလား? ယဲ့ဆွေရဲ့ကံကောင်းခြင်းကြောင့်လား အဲ့တာကတကယ်လား?

 

 

ချန်ရှို့က ဒီပဒေသရာဇ်အယူသီးမှုများကို မယုံခဲ့သလို သူ့ရဲ့ဦးလေးက အသက် ၃၀ ကျော်ပြီး အသက်မရှင်နိုင်ဘူးလို့ ယခင်ကသူတို့ပြောခဲ့သည်။ သူတို့အားလုံးက လှည့်စားသောလှည့်ကွက်များဖြစ်သည်ဟု သူခံစားခဲ့ရသည်။

 

 

အရေးအကြီးဆုံးအရာမှာ ချန်ရှု့ရဲ့ကြွယ်ဝမှုက သူ့အားသိသိသာသာ ထိခိုက်စေနိုင်သည်။

 

 

ချန်ရှို့ကို ချန် မိသားစုရဲ့ မျှော်လင့်ချက်အဖြစ် အမြဲမှတ်ယူ၍ အနာဂတ်၌ ဆက်ခံသူဖြစ်လာရန် လေ့ကျင့်ပေးခဲ့သည်။  သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် ချန်ရှု့က ကိုယ်ပိုင်လေယာဉ် ၀ယ်ရန်ငွေကြေးတတ်နိုင်နေပြီဖြစ်သည်။

 

 

သူ့ရဲ့ဦးလေးနှင့် နှိုင်းယှဉ်ပါက သူကဖျော်ဖြေရေးလောကတွင် ငွေအလုံအလောက်မရခဲ့ပေ။

 

 

ချန်ရှို့ကို စကားတစ်ခွန်းတည်းနှင့် အရှက်ရစေနိုင်သည်။

 

 

ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်ခြင်းက မျက်နှာပြင်ပေါ်တွင်တောက်ပနေသည်ဟု ထင်ရသော်လည်း ၎င်းသည်နောက်ကွယ်မှာတော့ ဝမ်းနည်းဖွယ်အဖြစ်မှန်တစ်ခုဖြစ်သည်။  သူတို့ရဲ့စတားတွေကို ထောက်ခံတဲ့ ပရိတ်သတ်တွေရှိခဲ့ပေမယ့် အင်တာနက်ပေါ်မှာ လူထုရဲ့ထင်မြင်ချက်က လူတွေကိုအိမ်မှာစိတ်ကောက်စေတာနဲ့ လုံလောက်သည်။

 

 

လွန်ခဲ့သောနှစ်ရက်က ချန်ရှို့ရဲ့စိတ်အခြေအနေက အလွန်ဆိုးရွားခဲ့သည်။  သူ့ရဲ့အားလပ်ရက်ကို အခွင့်ကောင်းယူ၍ တစ်ယောက်တည်းသောက်ဖို့ အပြင်ထွက်ခဲ့သည်။

 

 

စကားမစပ်၊ စတားတစ်ယောက်ဖြစ်သည့်အတွက် သူကနိုက်ကလပ်သို့မဟုတ် ဘားသို့မသွားနိုင်ခဲ့ပေ။ ချန်ရှို့ကသူ့ရဲ့ ပြည်သူ့ပုံရိပ်ကို မဖျက်ဆီးနိုင်ပါ။  ထို့ကြောင့်သူက ဟိုတယ်၏ဘားအတွက် တည်းခိုခဲ့ရသည်။

 

 

မထင်မှတ်ပဲ သူဟိုတယ်ကိုရောက်သွားတဲ့အခါ ချန်ရှို့ က ချန်ရှု့နဲ့ထပ်တွေ့ဖို့ဖြစ်လာခဲ့သည်။

 

 

ချန်ရှု့က တစ်ယောက်တည်းလာခဲ့တာမဟုတ်ပေ။ သူ့ဘေးနားမှာ အခြားလူတစ်ယောက်ရှိခဲ့တယ်။  သူပြောတာမှန်လျှင် သူက ကွမ်ဟဲ ရုပ်ရှင်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ နျို ဖြစ်သည်။

 

 

ချန်ရှို့က သူ့နှလုံးသားကို တကယ် ကျိန်ဆဲချင်ခဲ့သည်။  သူနှင့်ဥက္ကဌ နျိုရဲ့ကုမ္ပဏီက ရုပ်ရှင်တစ်ခုတည်းတွင် ပူးပေါင်းခဲ့သော်လည်း အနာဂတ် ပူးပေါင်းဆောင်ရွက်မှုကို တစ်ခါမှမဆွေးနွေးခဲ့ပေ။

 

 

 ဒါပေမယ့် ထိုသူက သူ့ ဦးလေးနဲ့အတူ ပူးပေါင်းဆောင်ရွက်နေသည်။ ဥက္ကဌ နျိုက သူ့ကိုတကယ်ပြုံးပြတာလား? သူတို့နှစ်ဦးက ပျော်ရွှင်စွာစကားစမြည်ပြောခဲ့ပြီး သူတို့နှစ်ယောက်ကြားကလေထုက အလွန်ကိုလိုက်ဖက်ညီခဲ့သည်။

 

 

ချန်ရှု့က ဟွာရွေ့ ဥက္ကဌဖြစ်သည်ကို သူသံသယ၀င်လုနီးနီးဖြစ်နေသည်။ ဒါပေမယ့် ချန်ရှု့ကို ဘယ်ပြန်ညာပြန်ကြည့်လိုက်သောအခါ သူ့မှာချမ်းသာတဲ့ သန်းကြွယ်သူဌေးတစ်ယောက်ရဲ့ အရှိန်အဝါမရှိနေဘူး။

 

 

ချန်ရှို့က သူ့ ဦးလေးနဲ့ ဥက္ကဌ နျို တို့ ဓာတ်လှေကားထဲ ၀င်သွားတာကိုကြည့်လိုက်သည်။ ဓာတ်လှေကားက အလွတ်ကြီး ပြီးတော့ အထဲမှာတစ်ယောက်မှမရှိဘူး။

 

 

အကျိုးအမြတ်တွေကြောင့် လူတွေဟာအရှက်မရှိဖြစ်သွားလိမ့်မည်။  ချန်ရှို့က ကြီးမားသောခြေလှမ်းတစ်ခုဖြင့် ရှေ့သို့အမြန်ပြေးသွားပြီး ဓာတ်လှေကားခလုတ်ကို ဘန်းဆိုတဲ့အသံတစ်ခုနှင့် နှိပ်လိုက်သည်။ ပိတ်နေတဲ့ ဓာတ်လှေကားတံခါးက တဖြည်းဖြည်း ပြန်ပွင့်လာခဲ့သည်။

 

 

ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် ဓာတ်လှေကားထဲသို့ လျှောက်ဝင်သွားခဲ့သည်။  "ဥက္ကဌ နျို?"

 

 

 လူတစ်ယောက်က ဤကဲ့သို့ဖော်ရွေတဲ့ပုံစံဖြင့် သူတို့ရှေ့မှာရုတ်တရက် ဘယ်လိုပေါ်လာရတာလဲ? ဓာတ်လှေကားပေါ်က လူနှစ်ယောက်က ချန်ရှို့ကို တစ်ပြိုင်နက်ကြည့်လိုက်ကြသည်။

 

 

တီဗီစီးရီးတစ်ခုတွင် အကောင်းဆုံးသရုပ်ဆောင်ဆုအတွက် တစ်စုံတစ်ဦးကို အမည်စာရင်းတင်သွင်းခြင်းခံရခြင်းက သူ့အတွက်အဆင်ပြေစေသည်။ ချန်ရှို့ရဲ့အမူအရာက အစစ်အမှန်ပဲ၊ အလွန်အံ့အားသင့်ခြင်းနှင့်  အံ့သြခြင်းတို့ဖြင့် ပြည့်နှက်နေသည်။

 

 

ချန်ရှု့ ရယ်ချင်လာခဲ့သည်။ သူ့ရဲ့ပါးစပ်ထောင့်များကို ဖြောင့်တန်းသောအနေအထားတွင် ဖိထားပြီးနောက် သူကအဝေးကိုကြည့်လိုက်သည်။ ဥက္ကဌ နျို ရဲ့ သဘောထားက ယဉ်ကျေးသော်လည်း ကင်းကွာနေသည်။ "မတွေ့ရတာကြာပြီ "

 

 

"ကျွန်တော်အခုမှဖြတ်လာတာ " ချန်ရှို့က ဥက္ကဌ နျိုကို ကြည့်လိုက်သည်။ ထို့နောက် ချန်ရှု့ကို ကြည့်လိုက်ပြီး "ဒါက?"လို့ပြောလိုက်သည်။

 

 

ချန်ရှု့ - “…..........”

 

 

ဥက္ကဌနျိုနဲ့  ချန်ရှု့တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။  သို့သော်ဥက္ကဌ နျို က ချန်ရှု့ရဲ့ ပုံရိပ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။  "သူက ငါ့သူငယ်ချင်းပါ"

 

 

သူအဖြေကိုကြားသည်နှင့် ချန်ရှို့ရဲ့စိတ်က အတွေးစိတ်ကူးများစွာဖြင့် ရုတ်တရက်လင်းလာခဲ့သည်။  သူငယ်ချင်းလားချန်ရှု့က ရုပ်ရှင်ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ ဥက္ကဌ  နျို နဲ့ မကြာသေးခင်က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်နိုင်မလား?

 

 

 သူကနှစ်ပေါင်းများစွာ ဒရာမာများစွာကို ရိုက်ကူးခဲ့တာကြောင့် ဖြစ်နိုင်သည်။ ချန်ရှို့ရဲ့ စိတ်ထဲတွင် သူ့ ဦးလေးက အကြံအစည်များနှင့်အတူ နောက်ကွယ်မှကြီးမားသော သူဌေးတစ်ဦးအဖြစ်ပုံဖော်ခဲ့သည်။

 

 

ယဲ့ဆွေသာ ချန်ရှို့ရဲ့ အတွင်းစိတ်က အတွေးများကိုကြားလျှင် သူမအပြင်းအထန် အော့အန်ပစ်လိမ့်မည်။  ချန်ရှု့က ဒီလောက် နူးညံ့သိမ်မွေ့တာ။ သူကအကြံအစည်တစ်ခုနဲ့ မျက်နှာနှစ်ခုဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

 

 

ချန်ရှို့ရဲ့ မိုက်မဲသော အတွေးများက စာအုပ်တစ်အုပ်အဖြစ်သို့ ပြောင်းလုနီးပါးဖြစ်သွားနိုင်သည်။

 

 

ချန်ရှို့ရဲ့အကြည့်နဲ့ လေးလေးနက်နက် ပြုံးနေတာကို ကြည့်ဖို့ ချန်ရှု့က ခေါင်းကိုလှည့်လိုက်ပြီး သူနဲ့တွေ့ဆုံလိုက်သည်။ သူ့ကိုပြောနေသလိုပဲ၊ မခန့်မှန်းနေနဲ့၊ မင်းအမှန်တရားကိုသိမှာမဟုတ်ဘူး။

 

 

ချန်ရှို့က ဥက္ကဌ နျို ကိုကြည့်ပြီး တစ်ခုခုပြောချင်နေသည်။  "မစ္စတာ နျိုနဲ့ သူက ဒီမှာညစာစားဖို့လာတာလား? "

 

 

ချန်ရှု့က မျက်ခုံးပင့်လိုက်ပြီး ချန်ရှို့ကိုသာမန်ကာလျှံကာ ကြည့်လိုက်သည်။  သူ့အမူအရာက ဘာမှမထူးခြားဘူး။ ပြီးတော့သူ အများကြီးတော့မပြောဘူး။

 

 

ဥက္ကဌ နျိုက အလွန်ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ချန်ရှို့ရဲ့ အစီအစဉ်ကို ရိုးရှင်းသော ဝါကျတစ်ခုဖြင့် နှောက်ယှက်ခဲ့သည်။  “ ဒါက အလုပ်ချိန်မဟုတ်ဘူး။  ငါနဲ့ ငါ့သူငယ်ချင်းက ကိုယ်ရေးကိုယ်တာကိစ္စအချို့ကို ဆွေးနွေးနေကြတာ။ ငါတို့အရင်သွားလိုက်ပါဦးမယ် "

 

 

'သူ့အဓိပ္ပာယ်က ရှင်းပါတယ်၊ သူက သူတို့ကိုမနှောက်ယှက်သင့်တော့ဘူး။'

 

 

ချန်ရှို့ရဲ့ ပြုံးနေသောပါးစပ်က အနည်းငယ်တင်းမာသွားသည်။  "ကျွန်တော်က အခုတစ်ယောက်ယောက်ကိုရှာဖို့လာတာပါ။ ဒါကြောင့် ကျွန်တော် ခင်များတို့ကိုမနှောင့်ယှက်တော့ပါဘူး"

 

 

ချန်ရှို့က ခလုတ်တစ်ခုကို သာမန်ကာလျှံကာ နှိပ်လိုက်သည်။  ဓာတ်လှေကားတံခါး ပွင့်သွားသော်လည်း သူဘယ်ရောက်နေမှန်းကို မသိသောကြောင့် maskနှင့် ဦးထုပ်ကိုဝတ်ကာ တိုက်ရိုက် ထွက်သွားလိုက်သည်။  သို့သော် သူ့မျက်နှာက မှုန်မှိုင်းနေသည်။

 

 

အခန်းတစ်ခန်းကို သန့်ရှင်းရေးလုပ်နေတဲ့ သန့်ရှင်းရေးသမားက ဤနေရာတွင် မသက်မသာရပ်နေသော လူတစ်ယောက်ကိုတွေ့လိုက်ရပြီး သူ့ရဲ့မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

 

 

သန့်ရှင်းရေးသမားက အေးစက်သောလေသံဖြင့် တောင်းပန်ပါတယ်၊ ဆရာ  ဆရာကဘယ်အခန်းယူထားတာပါလဲ?"

 

 

ချန်ရှို့က အလွန်ဒေါသထွက်ကာ အခြားဓာတ်လှေကားထဲသို့ ဝင်သွားခဲ့သည်။  သူက မည်သည့်အစားအသောက်ကိုမှတောင် မစားတော့ဘဲ လှည့်ထွက်သွားခဲ့သည်။

 

 

နှစ်ပေါင်းများစွာအတွက် ချန် မိသားစု၌ ချန်ရှို့တစ်ဦးတည်းကသာ ကုမ္ပဏီကိုအမွေရနိုင်သည်ဟု လူတိုင်းခံစားခဲ့ရသည်။  ဤအရာကိုအားကိုး၍ သူကစီးပွားရေးကိုနှလုံးသားဖြင့်စီမံရန် မလေ့လာဘဲ ကြီးမားသောရေပက်ဖြန်းဖို့ ဖျော်ဖြေရေးလောကထဲသို့၀င်ခဲ့သည်။

 

 

ချန်မိသားစုတွင် မျိုးရိုးဗီဇကောင်းများနှင့် ကောင်းမွန်သော မျက်နှာသွင်ပြင်များရှိသည်။ သူ့မှာ သူ့မိသားစု၏ ထောက်ပံ့မှုရှိသည်ဟု မဖော်ပြခဲ့ပါ။  ထို့ကြောင့် သူ့ရဲ့ဖျော်ဖြေရေးအလုပ်က တစ်ဟုန်ထိုးတိုးတက်လာသည်။

 

 

ချန် မိသားစုက ချန်ရှို့အား အမွေဆက်ခံသူအဖြစ် လက်ခံခဲ့တာကြောင့်ဖြစ်နိုင်သည်။ သူတို့က ချန်ရှို့ငယ်စဉ်ကတည်းက တန်ဖိုးထားခဲ့သည်။ ချန်ရှို့က စတားတစ်ယောက်ဖြစ်လာရန် ကြီးပြင်းခဲ့သော်လည်း ချန်ရှီးက သူ့ကိုဘယ်သောအခါမှ မထိန်းချုပ်ခဲ့ပေ။

 

 

အဲဒါကအခုချိန်အထိသာဖြစ်သည်။  နောက်ဆုံးတွင် ချန်ရှို့ ထိတ်လန့်လာသည်။

 

 

ချန်ရှု့က ယခင်ကနှင့် ယခုမတူတော့ပါ။  သူက သူ့ရဲ့အသက်မွေးဝမ်းကျောင်း၌ တစ်ခုခုအောင်မြင်ခဲ့ရုံသာမက ပိုမိုကျယ်ပြန့်နက်နဲသော ကွန်ယက်တစ်ခုလည်းရှိကောင်းရှိလိမ့်မည်။

 

 

ချန်ရှု့က ချန် အုပ်စုကိုလိုချင်ရင် သူ့မှာဘာအခွင့်အလမ်းရှိမလဲ?