အပိုင်း ၁၀၃
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၀၃ - ဘယ်လိုချစ်တာလဲ?

 

 

 

 

 ချန်ရှု့က သူ့မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သူ့မျက်ခွံများကို ဖွင့်လိုက်ပြီး ယဲ့ဆွေနဲ့ အတူမျက်တောင်ခတ်လိုက်သည်။

 

 

 ယဲ့ဆွေက မျက်နှာနီရဲနေကာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ချန်ရှု့က မိနစ်ဝက်ခန့်စောင့်ကြည့်ခဲ့သော်လည်း သူမ၏မတည်မငြိမ် စကားများမှတစ်ခွန်းတစ်လေမျှ မပြောနိုင်ခဲ့ပေ။

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ ရည်ရွယ်ချက်ကို နားမလည်သော်လည်း သူမ၏နှလုံးခုန်သံသည် သူမ၏လျှို့ဝှက်ချက်အများစုကို ဖော်ပြနေသည်။

 

 

 ချန်ရှု့ရဲ့ အကြည့်က အောက်သို့တဖြည်းဖြည်း ပြောင်းသွားပြီး ယဲ့ဆွေရဲ့  အနည်းငယ် ဖရိုဖရဲဖြစ်နေတဲ့ လည်ပင်းပေါ် ကျဆင်းသွားသည်။

 

 

 သူ့လက်က ပုခုံးပေါ်ကနေ လျှောကျသွားသည်။  သူမက သူမရဲ့အရေပြားပေါ်က နွေးထွေးတဲ့ထိတွေ့မှုကို ခံစားနိုင်ခဲ့သည်။ ပြီးတော့ လက်က သူမရဲ့ကော်လာအတွင်းကိုဖြည်းဖြည်းချင်း ဆန့်ထုတ်လာသည်။

 

 

 သူက သူမ၏သေးသွယ်ပြီး ထိခိုက်လွယ်တဲ့ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ပွတ်ကာသူမ၏အရေပြားကို လက်ချောင်းထိပ်ဖြင့် ထိတွေ့သွားပြီး နောက်ဆုံးမှာ တစ်ခြားလက်တစ်ဖက်က သူမနှလုံးပေါ်မှာ ရပ်သွားခဲ့သည်။ 

 

 

 ယဲ့ဆွေရဲ့ အသက်ရှူသံက နှေးကွေးသွားသည်။  သူမခန္ဓာကိုယ်က အေးခဲသွားပြီး ဘာလုပ်ရမှန်းသူမမသိတော့ပေ။ သူမက ဆိုဖာပေါ်မှီနေပြီ သူ့လက်ဖျားများက သူမ၏အပူချိန်ကို မြင့်တက်စေပုံရသည်။

 

 

 ညကတိတ်ဆိတ်လွန်းသဖြင့် ချန်ရှု့က ယဲ့ဆွေရဲ့ နှလုံးခုန်သံကို ကြားနေခဲ့ရသည်။ 

 

 

 အချိန်တွေကြာလာသည်နှင့်အမျှ ယဲ့ဆွေရဲ့ နှလုံးခုန်သံက ပိုမြန်လာသည်။ သူမအသက်ရှူနှုန်းက ရပ်သွားပြီး ချန်ရှု့ကို စိတ်ရှုပ်ထွေးနေတဲ့ မျက်လုံးတွေနဲ့ကြည့်နေသည်။

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ မျက်လုံးများကိုကြည့်လိုက်ပြီး "ယဲ့ဆွေ မင်းရဲ့နှလုံးက အရမ်းခုန်နေတယ်" လို့ လေးလေးနက်နက် ပြောခဲ့သည်။

 

 

 ဘာသူက အခု သူမနှလုံးခုန်သံကို အမှန်တကယ်နားထောင်နေခဲ့တာပေါ့။

 

 

 ယဲ့ဆွေက စက္ကန့်ဝက်မျှလန့်သွားပြီး သူမခန္ဓာကိုယ်က သူမစိတ်ထဲတွင် တုံ့ပြန်နေမိသည်။  သူမလက်က အပေါ်ဘက်ကိုရောက်သွားပြီး ချန်ရှု့ ရဲ့လက်ကိုဖမ်းလိုက်သည်။  သူမ သူ့ပုံစံအတိုင်း သူ့လက်ကောက်ဝတ်ကိုတင်းကျပ်စွာ ဖိလိုက်သည်။

 

 

 ပြီးတာနဲ့ ယဲ့ဆွေက ချန်ရှု့ကို သူမဘေးကို ညင်သာစွာဆွဲခေါ်လိုက်သည်။ သူမက ချန်ရှု့ရဲ့ ရင်ဘတ်ကိုမှီပြီးသူမခေါင်းတစ်ခုလုံးက သူ့နှလုံးသားနှင့်ကပ်လျက်ရှိနေသည်။

 

 

 ပြင်းထန်သောနှလုံးခုန်သံက ယဲ့ဆွေရဲ့ နားဆီရောက်သွားပြီး သူမကဖြည်းညင်းစွာ ရယ်မောလိုက်သည်။  "ချန်ရှု့ ရှင့်ရဲ့နှလုံးခုန်သံ အရမ်းမြန်နေတယ်"

 

 

 တစ်ဖန် ...ယဲ့ဆွေရဲ့ ဆံပင်များက ရှုပ်ပွလာသည်။ ချန်ရှု့ရဲ့ရှပ်အင်္ကျီရဲ့ အပေါ်မှာ သူမရဲ့ဆံပင်ရှည်တွေက သူ့ရင်ဘတ်ကိုပွတ်သပ်နေသည်။

 

 

 အချိန်တွေက ရပ်တန့်သွားပုံရသည်။  လောလောဆယ်တွင် ယဲ့ဆွေက ချန်ရှု့ လက်ကို သူမရင်ဘတ်ပေါ်မှာတင်ပြီး ကိုင်ထားသည်။

 

 

 ချန်ရှု့က ယဲ့ဆွေကို ငုံ့ကြည့်လိုက်သည်။  သူကသူမဆံပင်ရှည်တွေကို နမ်းရှိုက်လိုက်ပြီး သူမခေါင်းကိုပွတ်လိုက်သည်။

 

 

 သူ့လက်တစ်ဖက်က ယဲ့ဆွေရဲ့ ခေါင်းနောက်ကိုထောက်ထားပြီး သူမဆံပင်ကို အခြားလက်တစ်ဖက်နှင့်ခွဲလိုက်သည်။  ထို့နောက်သူကသူမ၏အစပြုမှုကိုစောင့်ဆိုင်းသကဲ့သို့ သူမနှုတ်ခမ်းများပေါ် ညင်သာစွာနမ်းလိုက်သည်။

 

 

 ယဲ့ဆွေက မျက်လုံးတွေမှိတ်လိုက်လိုက်ပြီး ချန်ရှု့ကိုတင်းကြပ်စွာဖက်လိုက်သည်။

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ နှုတ်ခမ်းကို ထပ်ခါထပ်ခါ နမ်းရင်းသူမ၏ကိုယ်သင်းရနံ့ကို စိတ်ရောကိုယ်ပါ စုပ်ယူလိုက်သည်။  သူမနှလုံးခုန်သံ မမှန်ခဲ့သလို မျက်လုံးများလည်းမှိတ်ထားခဲ့သည်။

 

 

 ယခုအချိန်တွင် အချိန်အခါမဟုတ်ဘဲ ဖုန်းသံတစ်ခုက ထွက်ပေါ်လာသည်။

 

 

 အကြိမ်ကြိမ် အသံမြည်ပြီးနောက်မှာ ချန်ရှု့က ရပ်ပြီးဖုန်းကိုသာ ကောက်ကိုင်လိုက်ရသည်။  "ဘာလို့ မနက်ဖြန်မနက်မှ ပြောလို့မရတာလဲ? "

 

 

 "ပြဿနာအချို့ရှိနေတဲ့ ငွေကြေးကွင်းဆက်တစ်ခုရှိတယ်"လို့ ဝမ်ချွမ်းက ပြောလာသည်။  "ဥက္ကဌ ငါ မင်းရဲ့ အိမ်အောက်ထပ်မှာ ရောက်နေပြီ"

 

 

 ယဲ့ဆွေ - "... "

 

 

 ချန်ရှု့နဲ့ ယဲ့ဆွေတို့က တစ်ယောက်ကို တစ်ယောက်ငေးကြည့်နေမိကြသည်။  ထို့နောက် သူက သက်ပြင်းချလိုက်သည်။  "ကောင်းပြီ၊ ငါချက်ချင်း ပြင်လိုက်မယ်"

 

 

 ယဲ့ဆွေက ချန်ရှု့ရဲ့ ကြေမွနေတဲ့ အင်္ကျီကိုတစ်ချက်ကြည့်လိုက်ပြီး အစမ်းသဘောနဲ့မေးလိုက်သည် "ဘာလို့လဲ ... တစ်ခုခုဖြစ်လို့လား?"

 

 

 “ ဟုတ်တယ် ချန်ရှု့က ခေါင်းညိတ်ပြပြီး အခန်းထဲကို ၀င်သွားသည်။  သူဝတ်ဖို့ဗီဒိုထဲက အင်္ကျီအသစ်ကို ထုတ်ပြီးအရင်က ကြေမွနေတဲ့ ခြေရာတွေအားလုံးကိုဖယ်ရှားပစ်လိုက်သည်။

 

 

 ချန်ရှု့ အိမ်မှမထွက်ခင်မှာ သူကတစ်စုံတစ်ခုကိုစဉ်းစားလိုက်ပြီး ယဲ့ဆွေကို မေးလိုက်သည်။  "မင်းတစ်ယောက်တည်း အိမ်မှာနေရမှာကြောက်လား? "

 

 

 ယဲ့ဆွေ ခေါင်းခါလိုက်သည်။  "မကြောက်ဘူး၊ မကြောက်ဘူး။ စိတ်မပူနဲ့ သွားလိုက်ပါ "

 

 

  ယဲ့ဆွေ မတုံ့ပြန်ခင်မှာ ချန်ရှု့က ခန္ဓာကိုယ်ကို ကိုင်းလာပြီး သူမကိုပွေ့ဖက်လိုက်သည်။  သူ့ရဲ့ပူပြင်းတဲ့အသက်ရှူသံက လည်ပင်းကို ညင်ညင်သာသာ ပွတ်သပ်သွားပြီး သူမရဲ့နားရွက်ကို နမ်းလိုက်သည်။

 

 

 ချန်ရှု့ရဲ့ အသံခပ်နိမ့်နိမ့်က ယဲ့ဆွေ နားထဲတွင်မြည်လာသည်။  “ မင်းကိုယ့်ကိုထိရင် သရဲတွေကို မင်းမမြင်ရဘူးလို့ပြောခဲ့တယ် "

 

 

ဒါဆိုခဏလောက် ဒီလိုနေကြတာပေါ့ တံခါးပိတ်ပြီးတာနဲ့ ချက်ချင်း သွားအိပ်တော့၊ အဆင်ပြေရဲ့လား?”  ချန်ရှု့ရဲ့ ပြတ်သားသောအသံက ယဲ့ဆွေရဲ့နှလုံးသားကိုလှုပ်ခတ်စေသည်။

 

 

ပါးလွှာသောအ၀တ်အစားဖြင့် ခွဲထားခံရတဲ့ လူနှစ်ဦး၏နှလုံးခုန်သံက တူညီတဲ့ ကြိမ်နှုန်းတွင်ခုန်နေသည်။

 

 

 မမြင်နိုင်သော ဒေါသက အသေရဆုံးဖြစ်သည်။  သူမကနောက်ပိုင်းမှာ ချန်ရှု့ရဲ့ရနံ့နဲ့အတူ အိပ်ပျော်သွားဖူးတဲ့အတွက် ယဲ့ဆွေက ဒါကိုနားလည်သည်။

 

 

 သူတို့ပွေ့ဖက်တာ ဘယ်လောက်ကြာခဲ့မှန်း သူတို့မသိခဲ့ဘူး။  ချန်ရှု့က သူ့လက်ကိုလွှတ်လိုက်ပြီး ကောင်းသောညပါလို့ သူမကိုပြောခဲ့သည်။

 

 

 ချန်ရှု့က လှည့်ပြီးတံခါးဆီ လျှောက်သွားခဲ့သည်။ တံခါးက ဖြည်းဖြည်းချင်း ပိတ်သွားပြီး ယဲ့ဆွေက အိမ်မှာတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

 

 

 ယဲ့ဆွေက ချန်ရှု့ရဲ့ ကိုယ်အပူချိန်ကို သူမရင်ထဲတွင်ခံစားလိုက်ရသည်။ သူမ နောင်တရလွန်းလို့ နံရံကိုတိုက်လိုက်ချင်သည်။

 

 

 သူမဒီလိုဖြစ်လာမယ်ဆိုတာ သိခဲ့ရင်သူမ စောစောထဲကအစပြုလိမ့်မည်။  ညဉ့်သန်းခေါင်၌ ချန်ရှု့ကိုအဝေးသို့ခေါ်သွားခဲ့သည်။  ယခုတော့ သူမတစ်ယောက်တည်း သူ့အခန်းသို့သာ ပြန်လာနိုင်ခဲ့သည်။

 

 

 အခြားတစ်ဖက်တွင် ချန်ရှု့က ဓာတ်လှေကားပေါ်တက်ပြီး သူ့ကုတ်အင်္ကျီကို ဝတ်လိုက်သည်။  သူတစ်ယောက်တည်း အထီးကျန်ဆန်သောအခါ နောင်တအကြီးအကျယ် ရသွားသည်။

 

 

 သူသာအမြင်အာရုံသာရှိခဲ့ရင် ဒီညအစောပိုင်းမှာ သူ့ဖုန်းကိုပိတ်လိုက်လိမ့်မယ်။

 

 

 ယဲ့ဆွေနဲ့ချန်ရှု့တို့က သူတို့၏ မနှစ်မြို့ဖွယ်စိတ်များကိုနှိမ်နင်းဖို့ကြိုးစားခဲ့သည်။  ထို့ကြောင့် ဤဝမ်းနည်းခြင်းသည် သဘာဝအားဖြင့် လေထုကို ပျက်စီးစေသောသူဖြစ်ရမည်။

 

 

 ဝမ်ချွမ်းက ယခုအချိန်တွင် တစ်ယောက်ထဲသမားဖြစ်ပြီး သူ့အလုပ်အတွက် ရည်စူးထားသောကားပေါ်တွင်ထိုင်နေသည်။  သူကအချိန်တွေက တဖြည်းဖြည်းကုန်လွန်လာတယ်လို့ခံစားလိုက်ရသည်။ ဥက္ကဌက ဘာကြောင့် မထွက်လာသေးတာလဲ?

 

 

 တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်ချိန်မှာ သူက ချန်ရှု့ကို နောက်ထပ်ဖုန်းခေါ်ဖို့လုပ်နေသည်။  ရှည်လျားသောည၏တိတ်ဆိတ်မှုကို ဖြတ်၍ တံခါးဖွင့်သံက ဖြတ်တောက်လိုက်သည်။

 

 

 ဝမ်ချွမ်းက မော့ကြည့်ပြီးနှုတ်ဆက်ချင်သည်။  ဒါပေမယ့် ချန်ရှု့ကိုသူမြင်လိုက်တဲ့အခါ သူ့နှုတ်ခမ်းထောင့်က သူ့အပြုံးက အေးခဲသွားခဲ့သညိ။

 

 

 သေချာတာပေါ့၊ ဒါက သူတို့ ဥက္ကဌချန်ရဲ့ မျက်နှာဘဲ၊ ဒါပေမယ့် သူက ဘာလို့ အေးစက်တဲ့မျက်လုံးတွေ ရှိနေရတာလဲ?

 

 

 'အဲ့ဒါက အိပ်ရေးမ၀တာနဲ့ ဆက်စပ်တဲ့စိတ်ညစ်စရာကိစ္စတစ်ခုဖြစ်နိုင်တယ်။ ...  သူ့ကိုညဘက်မှာနှိုးဖို့ခေါ်လိုက်တာကြောင့်လား? '

 

 

 ချန်ရှု့ရဲ့အမူအရာနဲ့ ဖုန်းကိုခုနကဖြေခဲ့တဲ့အသံကို နားထောင်ရသလောက် သူလုံးဝအိပ်မပျော်ခဲ့ဘူး။ ဒါကြောင့်သူက အိပ်ပျော်နေရာမှသူ့ကို ဘယ်သောအခါမှမနိုးစေခဲ့ပေ။

 

 

 ဝမ်ချွမ်းက သူ့ဥက္ကဌ၏ လစ်လျူရှုထားတဲ့ အချက်တစ်သောင်းကိုထိမှန်ခဲ့တာကို နားမလည်နိုင်လောက်အောင်ခံစားခဲ့ရသည်။

 

 

 ကျန်သည့် ညများနှင့် နောက်နေ့များတွင် ဝမ်ချွမ်းက ချန်ရှု့ရဲ့ နူးညံ့တဲ့ မျက်နှာထားကို တစ်ဖန်မတွေ့ရတော့ပေ။

 

 

 'သူဌေး၊ ငါဘာမှားသွားလို့လဲ? ငါ့ကိုပြောပါ၊ ငါပြောင်းလဲလိုက်မယ် '

 

 

 ကြော်ငြာရိုက်ကူးတဲ့နေ့မှာ ယဲ့ဆွေက စတူဒီယိုကိုရောက်သွားသည်။ သူမက အဲဒီမှာထိုင်ပြီးစောင့်နေသည်။  ခဏအကြာမှာ ဖိန်နင်က ဝင်လာသည်။

 

 

 ဖိန်နင်က ယဲ့ဆွေကို မြင်တာနဲ့ ယဲ့ဆွေက ဟွာရွေ့ ဥက္ကဌရဲ့ဇနီးဆိုတာကို သူမသတိရသွားသည်။ ဖိန်နင် အမူအရာက ရုတ်တရက် အေးစက်သွားပြီး ယဲ့ဆွေဆီ လျှောက်သွားခဲ့သည်။

 

 

 ယဲ့ဆွေက သူမလက်ကိုင်ဖုန်းကိုကြည့်နေစဉ်မှာ အေးစက်နေတဲ့ အသံက အပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။  "ယဲ့ဆွေ"

 

 

 ယဲ့ဆွေက မော့ကြည့်လိုက်ချိန်မှာ ဖိန်နင်ဆိုတာကို  တွေ့လိုက်ရသည်။ ဖိန်နင်က ဆက်ပြောလာသည်။ "နင့်မှာအရင်းအမြစ်ကောင်းတွေရှိရင်တောင် နင်ငါ့ကိုအနိုင်ရနိုင်တယ်လို့ ထင်နေတာလား?  "

 

 

 ဖိန်နင်အနေနဲ့ ယဲ့ဆွေက ဟွာရွေ့ ဥက္ကဌ၏ ဇနီးဖြစ်သည်ကို လူထုအားမပြနိုင်ပါ။  သို့သော်လည်း သူမစကားတစ်ခွန်းမှ မပြောလျှင် သူမအလွန်တရာမှ မနာလိုဖြစ်ပြီးသွေးချောင်းဆိုးမိလိမ့်မည်။

 

 

 ဖိန်နင်ရဲ့ သူမအပေါ် ရန်လိုမုန်းတီးမှုကို ယဲ့ဆွေက မသိခဲ့ဘူး။  သူမ လေသံကလည်း အေးစက်လာသည်။  "ငါနင့်ကို အနိုင်ယူမလားဆိုတာ ငါမစဉ်းစားခဲ့ဖူးဘူး"

 

 

 သူမအလေးအနက်ထားသရွေ့ သူမကရက်စက်သောနှလုံးသားရှိသူအချို့ထက် သူမပိုကောင်းနိုင်ကြောင်းသူမယုံကြည်သောကြောင့်ဖြစ်သည်။

 

 

 ဖိန်နင်က ဒေါသတကြီးပြန်ပြောလိုက်သည်။နင်စောင့်နေလိုက်။ ငါဒီကြော်ငြာအတွက် အကောင်းဆုံးကြိုးစားပြမယ်။

 

 

 ယဲ့ဆွေက ခပ်တိုးတိုးရယ်လိုက်မိသည်။  "ငါနင့်ကိုစောင့်နေမယ်"

 

 

 လေထုက လေးလံနေခဲ့သည်။  ခဏအကြာ ကောင်းရှန် ဥယျာဥ် တည်ထောင်သူ ရင်းဟိုင် ရောက်လာသည်။ ဒါပေမယ့် သူဘာမှားတာကို ရှာမတွေ့ခဲ့ဘူး။

 

 

 ရင်းဟိုင်က ယဲ့ဆွေနဲ့ ဖိန်နင်တို့ကို ခေါ်လိုက်သည်။  သူက ဖိန်နင်ကို ပထမဆုံးကြည့်လိုက်သည်။  "ဖိန်နင် မင်းရဲ့အကြောင်းအရာ အရူးအမူးချစ်ရတဲ့ဟာ ဖြစ်လိမ့်မယ် "

 

 

 "မင်းရဲ့ရိုက်ကူးရေးအတွက် နှင်းဆီပန်းအနီကို ငါသုံးမယ်"

 

 

 ဖိန်နင်က သူမစိတ်ထဲတွင် ပျော်ရွှင်လာသည်။  သူမအတွက် လွယ်ကူလွန်းခဲ့သည်။  အနီရောင်က သူမအလှကို အကောင်းဆုံး ဖော်ပြနိုင်ကြောင်း သူမသိသည်။ သူမက ဤကြော်ငြာတွင် ယဲ့ဆွေကို အနိုင်ရခဲ့ပြီဖြစ်သည်။

 

 

ရင်းဟိုင်က ယဲ့ဆွေဘက်ကို ကြည့်လိုက်သည်။   "ယဲ့ဆွေ မင်းရဲ့အကြောင်းအရာက တစ်စုံတစ်ယောက်နဲ့တိတ်တိတ်လေးချစ်နေဖို့ဘဲ။ မင်းရဲ့မြင်ကွင်းက ရိုးရှင်းပေမယ့် ကြော့ရှင်းတဲ့ပုံစံနဲ့သတ်မှတ်ပြီး ငါဒိုင်ယာရီတစ်အုပ်ပေးပါမယ်"

 

 

 ယဲ့ဆွေ - "ကောင်းပြီ"

 

 

 ရင်းဟိုင်မှာ သူ့ကိုယ်ပိုင်စိတ်ကူးရှိသည်။  ကြော်ငြာတွေရိုက်ကူးတဲ့အခါ သူကဇာတ်ဆောင်တွေကိုသာ ဇာတ်ကြောင်းပြောလိမ့်မည်။  တိကျတဲ့ အကြောင်းအရာများနှင့် ပတ်သက်ပြီး သူကစတားတွေကို သူတို့ဘာသာသူတို့ရိုက်ခွင့်ပေးခဲ့သည်။

 

 

 ပထမဆုံးရိုက်ကူးတာက ဖိန်နင် ဖြစ်သည်။  သူမ၏အနီရောင်စကတ်က အလွန်တောက်ပပြီး သူမ၏မိတ်ကပ်က အလွန်ချစ်စရာကောင်းသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖိန်နင် ကြော်ငြာကိုစရိုက်ကူးကတည်းက ရင်းဟိုင် မျက်နှာကလုံးဝမပြုံးခဲ့ပေ။

 

 

 ဖိန်နင်က လှပသော်လည်း သူမမှာခံစားချက်မပါရှိပေ။ သူမလက်ထဲတွင် နှင်းဆီပန်းအနီရောင်ကို ဆုပ်ကိုင်ထားပြီး ရင်းဟိုင်က ပန်းတောင် ဖိန်နင်ဆီက ဖယ်ခွာသွားတယ်လို့ခံစားမိသည်။

 

 

 ဖိန်နင်ရဲ့အပိုင်း ပြီးသွားချိန်မှာ ရင်းဟိုင်ရဲ့ အမူအရာက နောက်ဆုံးတွင် ပြောင်းလဲသွားသည်။  သူက ဖိန်နင်ကို ကြည့်ပြီးသက်ပြင်းချလိုက်သည်။

 

 

 "မင်းဘယ်သူ့ကို တကယ့်အချစ်စစ်နဲ့ ချစ်ခဲ့ဖူးလဲအရူးအမူးချစ်တာက ဘာလဲဆိုတာသိရဲ့လား?  ”

 

 

ဖိန်နင် အံ့သြသွားသည်။  ရင်းဟိုင်ရဲ့ နောက်စကားများက ပိုပြတ်သားသည်။  "ငါ မင်းကို အနီရောင်ဝတ်စုံ ၀တ်ခိုင်းခဲ့လို့ နည်းနည်းတော့ တောင်းပန်တယ်"

 

 

 ဖိန်နင်ကို လူတိုင်းရဲ့အထင်အမြင်က အမြဲတောက်ပပြီးတောက်ပသည်။  အခြားတစ်ဖက်တွင် ယဲ့ဆွေက စင်ကြယ်ပြီးတောက်ပတဲ့ မြင်ကွင်းနှစ်ခုလုံးကို စီမံခန့်ခွဲနိုင်သည့်ခံစားချက်ကိုပေးသည်။

 

 

 ထို့ကြောင့် စဉ်းစားပြီးနောက်မှာ ရင်းဟိုင်က ဖိန်နင်ကို  နှင်းဆီကြော်ငြာရိုက်ကူးဖို့ ရွေးချယ်ခဲ့ပြီး သူမအသင့်တော်ဆုံး နယ်ပယ်၌နေခွင့်ပြုခဲ့သည်။

 

 

 ရင်းဟိုင်၏စကားက အလွန်ရိုင်းစိုင်းတယ်လို့ဆိုနိုင်သည်။  "ဒီအကြောင်းအရာကို ဘယ်လိုဖော်ပြရမလဲဆိုတာကို ပြန်စဉ်းစားလိုက်ဦး"

 

 

 ဖိန်နင်က စိတ်ဝိညာဥ် ပျောက်ဆုံးသွားသလို စင်မြင့်မှထွက်ခွာသွားသည်။ နောက်တစ်ခုမှာ သေးသွယ်သောခါးနှင့်နူးညံ့သိမ်မွေ့တဲ့ အပြာရောင်ဂါဝန်ကိုဝတ်ထားသော ယဲ့ဆွေ ဖြစ်သည်။

 

 

 ယဲ့ဆွေရဲ့ ဖိနပ်များက ပုလဲဖြူရောင်ဖြစ်နေသော်လည်း သူမခြေထောက်ပေါ်ရှိ အသားက ဤပုလဲဖြူရောင်ထက် ပိုမိုနူးညံ့ဖြူဝင်းသည်။ အသွင်အပြင်ကို ကြည့်လိုက်ရုံနဲ့သူမကပြီးပြည့်စုံသည်။  သူမက အလွန်လှပတာကြောင့် အခြားသူများ၏ အာရုံကိုချက်ချင်းဆွဲဆောင်နိုင်ခဲ့သည်။

 

 

သာမန်ကျောက်စိမ်းထက်ပိုပြီး လှပသည်။

 

 

 မီးများက အဆင်သင့်ဖြစ်နေပြီး။ ယဲ့ဆွေက ပန်းစည်းများနှင့်ပြည့်နေတဲ့ စင်ကိုပထမဆုံးသွားခဲ့သည်။  ပန်းများက အရောင်မျိုးစုံပဲ မီးရောင်အနီရောင်၊ နှင်းကဲ့သို့အဖြူ၊ ပြေပြစ်သောခရမ်းရောင်နှင့်ငြိမ်သက်သောအပြာရောင်တို့ဖြစ်သည်။

 

 

 ပန်းတစ်ပွင့်စီ၏ ရှေ့တွင်သူမချစ်တဲ့ ကောင်လေးတစ်ယောက်လို သူမငိုနေသည်၊ ရယ်သည်၊ ပျော်သည်၊ ဝမ်းနည်းသည်။

 

 

 ပန်းတစ်ပွင့်စီက ကွဲပြားခြားနားပြီး မတူညီတဲ့ ခံစားချက်များကိုဖော်ပြခဲ့သည်။  ၎င်းကသူမ၏ပျော်ရွှင်မှု၊ ဒေါသနှင့်ဝမ်းနည်းခြင်းကို ပုံဆောင်ခဲ့ပြီး၎င်းတို့အားလုံးက သူမနှင့်ဆက်စပ်ခဲ့သည်။

 

 

 ယဲ့ဆွေက ပထမဓာတ်ပုံသို့ လျှောက်သွားပြီးပန်းကို သူမလက်နှင့် ညင်သာစွာတို့လိုက်သည်။  သူမလက်ချောင်းများက ဖြူသွယ်သွယ်လေးနဲ့  တဖြည်းဖြည်း ပေါ့ပါးစွာ ရွေ့လျားသွားသည်။  သူမလက်ကိုမဖယ်ရှားခင် ပန်းပွင့်လေးတွေကို အသာအယာနမ်းလိုက်သည်။

 

 

 အဲ့ဒိနောက်မှာ ယဲ့ဆွေက ပထမပန်းစည်းကို တို့ထိပြန်သည်။ ယဲ့ဆွေရဲ့ လုပ်ဆောင်ချက်က ပန်းမျိုးစုံ၏ထူးခြားချက်များကို မီးမောင်းထိုးပြရုံသာမက တစ်စုံတစ်ယောက်နှင့် တိတ်တဆိတ်ချစ်မိခြင်း၏ စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်ကိုပြောပြနေသည်။

 

 

 မမျှော်လင့်သော အချစ်မျိုးစေ့က တိတ်ဆိတ်စွာကြီးပြင်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။  လမ်းတစ်လျှောက်၌ ထိုအစေ့က ပန်းတစ်ပွင့်ပေါက်လာသလိုပဲ။

 

 

 ရင်းဟိုင်က ယဲ့ဆွေရဲ့ လုပ်ရပ်တွေကို သူ့နှုတ်ခမ်းမှာအပြုံးနဲ့ကြည့်နေခဲ့သည်။ ယဲ့ဆွေ အခုဘာလုပ်မယ်ဆိုတာကို ကြည့်ဖို့ သူတော်တော် စိတ်မရှည်တော့ဘူး။

 

 

 ယဲ့ဆွေက မှတ်စုစာအုပ်ကိုယူပြီး စားပွဲပေါ်တွင်ထိုင်ကာဖွင့်လိုက်သည်။ ပထမစာမျက်နှာအချို့တွင် စကားလုံးအချို့ကိုရေးခဲ့သည်။ အခြေခံအားဖြင့် ဤအရာက သူမဒိုင်ယာရီဖြစ်သည်။

 

 

 ယဲ့ဆွေက စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီး ဒိုင်ယာရီ၏ အလယ်ကို လှန်လိုက်သည်။  သူမက သူမ ကလောင်အမည်ကို ယူပြီး စာကြောင်းအနည်းငယ်ကို ညင်ညင်သာသာရေးခဲ့သည်။ အရေးအသားက ရှင်းရှင်းလင်းလင်းနှင့် အံဝင်ခွင်ကျဖြစ်ခဲ့သည်။

 

 

 “ ဒီနေ့သူပြန်လာတာ သုံးဆယ်ရက်မြောက်နေ့။ ငါသူ့ကိုပြောခဲ့တယ် ဒီမှာရာသီဥတုအရမ်းကောင်းတယ် ... "

 

 

 သူမစာရေးပြီးချိန်မှာ စာမျက်နှာခြောက်ပေါ်တွင်ပန်းခြောက်တစ်စည်းကို တင်လိုက်သည်။ ထို့နောက်အချိန်ကြာလာသည်နှင့်အမျှ သူမကနောက်ထပ်စာမျက်နှာ အနည်းငယ်ကို လှန်လိုက်ပြီးနောက်ထပ်စာကြောင်းအနည်းငယ်ကို ရေးခဲ့သည်။

 

 

 “ ဒီနေ့သူပြန်လာတာ ငါးဆယ့်သုံးရက်မြောက်နေ့။  ငါက အကအသစ်တစ်ခုကို သင်ယူပြီး သူ့ကိုပြဖို့အခွင့်အလမ်းရှိတယ်လို့ ငါသူ့ကိုပြောခဲ့တယ်

 

 

 ယဲ့ဆွေက သူမဒိုင်ယာရီရေးနေချိန်မှာ သူမနှုတ်ခမ်း၌ အပြုံးကအမြဲရှိခဲ့သည်။ အသစ်ထွက်တိုင်း သူမကကောင်လေးအပေါ် သူမရဲ့ခံစားချက်တွေကိုချရေးခဲ့သည်။

 

 

 ယဲ့ဆွေက ရေးသည့်အတိုင်း သူမမျက်တောင်များက မှေးစင်းသွားပြီး ကောင်လေးကြောင့် သူမမျက်လုံးများတောက်ပလာသည်။

 

 

 အစေ့ကနေ ပန်း တစ်ပွင့်ဖြစ်လာဖို့ အချိန်ဘယ်လောက်ကြာလဲ? ၎င်းကညှိုးနွမ်းပြီး မြေမှုန့်အဖြစ်ကို မရောက်ခင်မှာ ဘယ်လောက်ကြာသယလဲ?

 

 

 နေထွက်ချိန် ပန်းတို့ကပွင့်၍ ညှိုးနွမ်းကြ၏။ သို့သော်သူမနှလုံးသား၌ သူ့အတွက် သိုဝှက်ထားသော ခံစားချက်များမှာ အချိန်ကြာမြင့်စွာရှိနေခဲ့သည်။

 

 

 ဒါကိုမြင်တော့ ရင်းဟိုင်ရဲ့မျက်လုံးတွေက အံ့အားသင့်သွားခဲ့သာ်။  သူက ကင်မရာမင်းကို ယဲ့ဆွေ မျက်နှာကိုသေချာအာရုံစိုက်ဖို့ ညွှန်ကြားခဲ့သည်။

 

 

 သူတို့အားလုံး တိတ်ဆိတ်စွာဘဲ ယဲ့ဆွေကို ကြည့်နေကြသည်။

 

 

ကင်မရာ မှန်ဘီလူးက ယဲ့ဆွေရဲ့ သိမ်မွေ့တဲ့ အမူအရာတိုင်းကိုဖမ်းစားနိုင်ခဲ့သည်။  ဒီလောက်အဓိပ္ပါယ်ရှိတဲ့ မှန်ဘီလူးအောက်မှာ သူမမျက်နှာတစ်ခြမ်းလုံး မီးတွေလင်းနေသည်။  ၎င်းသည်တိတ်ဆိတ် ငြိမ်းချမ်းပြီး လှပသည်။

 

 

 ထိုအချိန်တွင် ယဲ့ဆွေက နောက်ဆုံးစာကြောင်းတစ်ကြောင်းကိုရေးလိုက်သည်။

 

 

သူထွက်သွားတယ်။  မနက်ဖြန် ငါသူ့ကိုဝန်ခံမယ် "

 

 

ယဲ့ဆွေက စာရေးခြင်းကို ရပ်လိုက်သည်။  သူမမျက်လုံးများတွင် မျှော်လင့်ချက်နှင့် စိုးရိမ်စိတ်တို့ဖြင့် ရှေ့ကိုမျှော်ကြည့်နေသည်။

 

 

 ဒါကိုကြည့်ပြီးလူတွေက ယဲ့ဆွေနဲ့ အတူတင်းမာနေခဲ့သည်။ ထိုအချိန်တွင် ဖုန်းမြည်လာသည်။ ယဲ့ဆွေ မတ်တပ်ရပ်ပြီးဖုန်းကို ကောက်ကိုင်လိုက်သည်။

 

 

 ဖုန်းလာတာက ယဲ့ဆွေ အရူးအမူးစွဲလမ်းခဲ့သော ကောင်လေးထံမှဖြစ်သည်။  သူမမျက်နှာတွင် ရှက်ပြုံးလေးနဲ့ရှိနေပြီး ကောင်လေးကဆက်ပြောလာသည်။  “ ငါကောင်မလေးတစ်ယောက်ကို ဝန်ခံခဲ့တယ်၊ သူမက ငါ့ကိုအရမ်းကြိုက်တယ်တဲ့ "

 

 

 "ငါတို့ အခု ချိန်းတွေ့နေပြီ"

 

 

  ယဲ့ဆွေ အပြုံးက ရပ်တန့်သွားပြီး ဖုန်းကိုင်ထားတဲ့ သူမလက်က အနည်းငယ် တုန်သွားသည်။ နောက်ထပ်ကတော့ သူမမျက်ဝန်းတွေက ရုတ်တရက် စိုစွတ်လာခဲ့ပြီး နောက်စက္ကန့်ပိုင်းအတွင်း မျက်ရည်များက နှင်းရည်ပုလဲလေးလို ကျဆင်းလာသည်။

 

 

 ယဲ့ဆွေ မျက်နှာပေါ် အလင်းရောင်ကျလာသည်။ သူမပါးစပ်ဖွင့်သော်လည်း သူမမျက်လုံးများက ဝမ်းနည်းနေဆဲပဲ။  သူမအသံက နူးညံ့နေပြီး မဖော်ပြနိုင်တဲ့ ခံစားချက်တစ်ခုကို ဖုံးကွယ်ထားသည်။  “ ဒါအရမ်းအံ့သြဖို့ကောင်းတယ်။  ဂုဏ်ယူပါတယ်။

 

 

 ယဲ့ဆွေက စားပွဲဝိုင်းကိုပြန်လာခဲ့သည်။  သူမက သူမဒိုင်ယာရီကိုဖွင့်ပြီး နောက်ဆုံးစာမျက်နှာကို လှန်ကာစာကြောင်းတစ်ကြောင်းထပ်ထည့်လိုက်သည်။

 

 

 "ဒီနေ့ ငါ အရူးအမူးချစ်တဲ့ ကောင်လေးက ငါ့ကိုသူတစ်ခြားတစ်ယောက်နဲ့ အတူရှိနေပြီလို့ပြောခဲ့တယ်"

 

 

 ယဲ့ဆွေ ဤသို့ရေးပြီးနောက်မှာ သူမနှုတ်ခမ်းထောင့်များက ညင်ညင်သာသာ ကွေးသွားသည်။  သူမက ရှင်းရှင်းလင်းလင်းကို ပြုံးနေသော်လည်း သူမမျက်လုံးမှမျက်ရည်အနည်းငယ်က ကျဆင်းလာသည်။

 

 

 ပန်းပွင့်ပေါ်၌ မျက်ရည်များက စီးကျသွားသည်။  ပန်းပွင့်များက သူမ၏ တစ်ဖက်သတ်ချစ်ရသူကို နှုတ်ဆက်စကားဆိုသလို နူးနူးညံ့ညံ့ ယိမ်းနွဲ့သွားသည်။

 

 

 ယဲ့ဆွေက သူမအခနကို ပြီးစီးအောင်လုပ်ခဲ့သော်လည်း ကင်မရာမင်းနှင့် ၀န်ထမ်းများက စကားမပြောနိုင်ခဲ့ချေ။  ကင်မရာက သူမအပေါ်မှာရှိနေသေးသည်။ သူတို့အကြည့်များက ယဲ့ဆွေ အပေါ် အာရုံစိုက်ထားသည်။

 

 

 ယခုအချိန်တွင် သူတို့စိတ်ခံစားချက်က ယဲ့ဆွေနဲ့ လိုက်လျောညီထွေစွာ ပြောင်းလဲနေသည်။ သူတို့က သူမရဲ့လျှို့ဝှက်အချစ်အတွက် ပျော်ရွှင်တယ်၊ သူမဝန်ခံတာကို ၀မ်းနည်းသလို၊ သူမငြင်းပယ်ခံရတဲ့အတွက်ဝမ်းနည်းသည်။

 

 

 ရှင်းရှင်းပြောရရင် ဒါကကြော်ငြာတစ်ခု သက်သက်ပဲ၊ ဒါပေမယ့် သူတို့က အထက်မြက်ဆုံး သရုပ်ဆောင်မှုကိုမြင်ဖူးခဲ့ကြသည်။  သူမကပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ကို တင်ဆက်ဖို့ သူမ၏ လက်ရာမြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို အသုံးပြုခဲ့သည်။

 

 

 ရင်းဟိုင်က ယဲ့ဆွေကို ကြည့်နေစဉ်မှာ စိတ်ခံစားချက်အချို့လည်းရှိသည်။  "ယဲ့ဆွေ မင်းရဲ့ကြော်ငြာကအရမ်းကောင်းတယ်၊ ထိထိမိမိရှိတယ်"

 

 

 ယဲ့ဆွေ စိတ်သက်သာရာရသွားသည်။  "ကျေးဇူးတင်ပါတယ်"

 

 

 ယဲ့ဆွေရဲ့ သရုပ်ဆောင်မှုက ရင်းဟိုင်ရဲ့ နှလုံးသားကိုအလွန်ထိမိသွားခဲ့သည်။  သူကဒီကြော်ငြာ ဖြန့်ချိပြီးတဲ့နောက်မှာ လူတွေရဲ့နှလုံးသားကို ပိုပြီးလှုပ်စေလိမ့်မယ်လို့ အခိုင်အမာယုံကြည်သည်။

 

 

 ကောင်းရှန် ဥယျာဥ်ရှိ ပန်းများက အားလုံးထဲတွင်အကောင်းဆုံးဖြစ်သည်။ ဒါပေမယ့် ဒီပန်းတွေဘယ်လောက်ပဲ လှနေပါစေ၊ သူတို့က အလှဆင်ဖို့အတွက်သာထားနိုင်ပြီး သူတို့က နောက်ဆုံးညှိုးလိမ့်မည်။

 

 

 အံ့သြဖွယ်ဖော်ပြမှုနှင့် တင်းမာမှုများကသာလျှင် ဤပန်းများကို သူတို့စိတ်ဝိညာဉ်ကို ပေးစွမ်းနိုင်သည်။  သိသာထင်ရှားသည်က ယဲ့ဆွေက ထိုအတိုင်း လုပ်ခဲ့သည်။

 

 

 ယဲ့ဆွေ ကြေငြာကို ကြည့်ပြီးနောက်မှာ ဖိန်နင်က အတွေးလွန်သွားသည်။

 

 

 သူမအမြဲမှားခဲ့တာဖြစ်နိုင်သည်။ ယဲ့ဆွေက အရင်းအမြစ်များကို ဟွာရွေ့ မှမဟုတ်ဘဲ သူမကိုယ်တိုင်ရရှိခဲ့တာဖြစ်နိုင်သည်။

 

 

 ဟွာရွေ့၏ သြဇာအရှိန်အဝါကြောင့် အခြားသူများရဲ့ ယဲ့ဆွေကို အကဲဖြတ်ခြင်းသည် အတုအယောင်မဖြစ်နိုင်ပါ။

 

 

 ယဲ့ဆွေ ရိုက်ကူးနေစဉ်မှာ ဖိန်နင်က သူမကိုအစမှအဆုံးထိကြည့်နေသည်။  သူမက ဤကဲ့သို့သော ပြင်းထန်တဲ့ စိတ်ခံစားမှုများ ကူးစက်ခံရသည်မှာလည်း မငြင်းနိုင်ပေ။

 

 

 ရင်းဟိုင်က ဖိန်နင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့လေသံက အလွန်ပေါ့ပါးသည်။  "ဖိန်နင် ယဲ့ဆွေလို ငါတို့ရဲ့ခံစားချက်တွေကို မင်းနားလည်ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ် "

 

 

 ဖိန်နင်က စကားမပြောလာဘူး။

 

 

 ရက်အနည်းငယ်အကြာတွင် ကောင်းရှန် ဥယျာဥ်သည် ဤကြော်ငြာနှစ်ခုကို ဖြန့်ချိခဲ့သည်။  ပထမဆုံးသောအင်တာနက်ကို နှိပ်သူမှာ ဖိန်နင်၏ ကြော်ငြာဖြစ်သည်။

 

 

 ဖိန်နင်က အနီရောင် ၀တ်စုံကိုဝတ်လျက် နှင်းဆီပန်းအနီရောင်ကို ကိုင်ဆောင်ကာလူတိုင်းအား အထင်ကြီးစေသောအရာကို ပို့ခဲ့သည်။ လူတွေက သူမရဲ့အ၀တ်ကိုလှတယ်ထင်ကြပေမယ့် ကြော်ငြာကိုကြည့်ပြီးတဲ့နောက်သူတို့ဘာမှမမှတ်မိဘူး။

 

 

 တစ်ခုခုပျောက်ဆုံးနေသလို ခံစားရူည်။

 

 

 ထို့နောက် သူတို့က ယဲ့ဆွေ ကြော်ငြာကိုနှိပ်လိုက်သည်။  သူမက အပြာရောင်ဝတ်စုံနှင့် ပုလဲဖြူရောင်ဖိနပ်ကို ၀တ်ထားပြီးအလွန်ပေါ့ပါးပြီး ကြော့ရှင်းတဲ့ပုံစံကို ၀တ်ထားသည်။ သူမက နှလုံးသားထဲကို အနည်းငယ်ပိုနက်ရှိုင်းပြီး စတိုင်ကျတဲ့ အလှတရားတစ်ခု၏ အထင်အမြင်ကိုပေးခဲ့သည်။

 

 

အင်တာနက်သုံးစွဲသူတွေက ယဲ့ဆွေရဲ့ ကြော်ငြာကိုမြင်သောအခါ သူတို့အားလုံးမှာ တူညီတဲ့ စိတ်ကူးရှိကြသည်။ ထို့ကြောင့် တစ်ဖက်သတ်ချစ်ရသူက ပျော်ရွှင်သော်လည်း သူမ၀မ်းနည်းခဲ့ရသည်။

 

 

ယဲ့ဆွေက ၎င်းကို အလွန်တိကျစွာ ထုတ်ဖော်ပြောကြားခဲ့သည်။

 

 

 အင်တာနက်သုံးစွဲသူတွေက တစ်ဦးပြီး တစ်ဦး မှတ်ချက်ပေးဖို့ ၀င်လာကြသည်။

 

 

 "ယဲ့ဆွေရဲ့ ငိုတာက လှပစွာပြီးမြောက်ခဲ့တယ်။  ဒီအရာက ရုပ်ရှင်မဟုတ်ဘဲ ကြော်ငြာတစ်ခုဆိုတာ ဟုတ်ကောဟုတ်ရဲ့လား? ယဲ့ဆွေရဲ့ ပုံရိပ်တိုင်းက အရမ်းလှပတယ်။  ငါ အဲဒါကို စခရင်ကာဗာ အဖြစ်သုံးရမယ်! "

 

 

 “ ကြော်ငြာကြည့်နေရင်းနဲ့တောင် ငိုမိတယ်။  ငါတစ်စုံတစ်ယောက်ကို တိတ်တဆိတ်ချစ်မိသွားပြီ။ ဒါကတကယ်ကို ကြေကွဲစရာကောင်းပြီး ထိထိမိမိဖြစ်စေတယ်။  ဒါကဘယ်လို ထူးခြားတဲ့ကြော်ငြာမျိုးလဲ? ”

 

 

 "ဖိန်နင်က လှတယ်၊ ဒါပေမယ့် သူမက ငါ့ကိုသူ့ခံစားချက်တွေကို မခံစားမိစေဘူး"

 

 

 "ဖိန်နင်ကို ငါအရမ်းမျှော်လင့်ထားသလောက်ဘဲ။ အခုငါအရမ်းစိတ်ပျက်နေရပြီး မယုံနိုင်ဘူး။ အို အချစ်ရေ ငါအခုကစပြီး ယဲ့ဆွေရဲ့ပရိတ်သတ်ပဲ "

 

 

 ယဲ့ဆွေ ကြော်ငြာဖြန့်ချိပြီးသည်နှင့် နာရီဝက်အတွင်းကလစ်နှိပ်မှု့က တစ်သန်းကို ချိုးဖောက်သွားခဲ့သည်။  ဆန့်ကျင်ဘက်အနေနဲ့ ဖိန်နင် ကြော်ငြာကို ကြည့်ရှု့မှုက ယဲ့ဆွေထက် ထက်ဝက်ကျော်နည်းသည်။

 

 

 ဖိန်နင်ကိုမေးခွန်းထုတ်နေစဉ်မှာ  အင်တာနက်သုံးစွဲသူတွေက ယဲ့ဆွေကို ချီးကျူးကြသည်။

 

 

 အနီရောင် အဝတ်အစားများ၊ အနီရောင်နှင်းဆီများနဲ့ ဖိန်နင်က အမြင်အာရုံ၌ အားသာချက်ရှိသည်။ ဒါတောင်မှ သူမက ယဲ့ဆွေကို ဘယ်လိုလုပ်ရှုံးသွားရတာလဲ?

 

 

 ၎င်းက ကလစ်များ (သို့) လူအများချီးမွမ်းခြင်းဖြစ်စေ ဖိန်နင်က ၎င်းတို့အားလုံးကို ဆုံးရှုံးခဲ့ရသည်။

 

 

 ယဲ့ဆွေ ကြော်ငြာက အခြားသူတစ်ဦးအား နှိပ်စက်ခံခဲ့ဖူးသော မိန်းကလေးများစွာကို ထိုနည်းတူခံစားစေခဲ့သည်။

 

 

 တစ်ချိန်တည်းမှာပင် ယဲ့ဆွေရဲ့ # တစ်ဖက်သတ်ချစ်ရသူသည် ဝေ့ပေါ်၏ထိပ်ပိုင်းကို အလျင်အမြန်ရောက်သွားပြီး အဆင့်အနည်းငယ် မြင့်တက်နေဆဲဖြစ်သည်။

 

 

 သူမ ပွဲဦးထွက်ကတည်းက ယဲ့ဆွေက အလွန်လျင်မြန်စွာရင့်ကျက်လာပြီး ဝေဖန်မှုများစွာကိုလည်း ရရှိခဲ့သည်။  နောက်ဆုံးတော့ သူမက အရမ်းကောင်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့ပြီး အကောင်းဆုံး ချီးကျူးမှုကို ရထိုက်သည်။