အပိုင်း ၁၀၄
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၀၄ - ကော်ထိုက် ပြဇာတ်ရုံ နောက်ကွယ်မှ အမှန်တရား

 

 

 

 

 ကော်ထိုက် ပြဇာတ်ရုံ

 

 

 ညဆယ့်နှစ်နာရီထိုးခါနီးမှာ ပြဇာတ်ရုံကမီးတွေက ပိတ်သွားသည်။  ပရိသတ်တွေ ထွက်သွားပြီးသည်နှင့် ထူထပ်သောကန့်လန့်ကာက စင်မြင့်ပေါ်သို့ဆွဲတင်ခံရသည်။ အောက်ရှိထိုင်ခုံများ အားလုံးကလွတ်နေခဲ့သည်။

 

 

 ပြဇာတ်ရုံတစ်ခုလုံးက တောက်ပတဲ့ အလင်းရောင်မရှိသဖြင့် အမှောင်ထုထဲ ကျနေခဲ့သည်။ မည်သူမျှမရှိတာကြောင့် ၎င်းက အထူးကျယ်ဝန်းပြီး လူသူကင်းမဲ့နေခဲ့သည်။

 

 

 နာရီလက်တံက ဆယ့်နှစ်နာရီသို့ ညွှန်ပြသည်နှင့်အမျှ ပြဇာတ်ရုံ၌ ကန့်လန့်ကာက ရုတ်တရက် ရွေ့သွားသည်။  ၎င်းက နှစ်ဖက်စလုံးကို ဖြည်းဖြည်းချင်း ဆွဲဖွင့်လာပြီးဒုတိယကန့်လန့်ကာက အပေါ်သို့ တက်သွားသည်။

 

 

 ထိန်းချုပ်ခန်းထဲမှာ တစ်ယောက်မှမရှိပေမဲ့ ကန့်လန့်ကာတွေက သူတို့ဘာသာရွေ့နေသည်။  သူတို့ကိုဖွင့်ပြီးတဲ့အခါ ဇာတ်ခုံတစ်ခုလုံးပေါ်လာခဲ့သည်။

 

 

 နောက်တစ်စက္ကန့်မှာ စင်အလွတ်မှ ကောင်းကင်တမန်သီချင်းဆိုသံထွက်လာသည်။ ဂရုတစိုက်နားထောင်ပြီးနောက် ၎င်းတို့က "အနောက်ဘက် အဆောင်ခန်း " အချစ်ဇာတ်လမ်း သီချင်းစာသားများဖြစ်သည်။

 

 

 ပြဇာတ် မင်းသမီး ရှောင်ကျူံးက မထွက်သွားသေးဘူး။  ပိုလေ့ကျင့်ဖို့အတွက် သူမက အထူးသော့ကို တောင်းခဲ့ပြီးထွက်ခွာခါနီးဖြစ်သည်။

 

 

 ရှောင်ကျုံးက အ၀တ်လဲခန်း၌ သူမအ၀တ်များကိုလဲနေသည်။  သူမအဝတ်လဲခန်းထဲက ထွက်လာတာနဲ့စင်မြင့်ပေါ်ကနေ ဝိုးတဝါးသီချင်းဆိုသံကို သူမကြားလိုက်ရသည်။

 

 

 ရှောင်ကျုံးက  အလွန်မှင်သက်သွားပြီး သူမအရမ်းပင်ပန်းနေပြီလို့ ထင်ခဲ့မိသည်။ သူမအဝတ်လဲခန်း တံခါးကိုပိတ်လိုက်ပြီး သူမဆဲလ်ဖုန်းက ဓာတ်မီးဖွင့်ကာဇာတ်စင်ပေါ်ကို လျှောက်သွားလိုက်သည်။

 

 

 သူမချဉ်းကပ်လေလေ သီချင်းဆိုသံက ပိုပီသလာလေလေဘဲ။ ရှောင်ကျုံးက စင်ပေါ်မှာနှစ်ပေါင်းများစွာဖျော်ဖြေခဲ့ဖူးသည်။ ဒါကြောင့် သူမအဆိုကို ကျွမ်းကျင်သည်၊ အသံက မယုံနိုင်လောက်အောင် ထိမိသည်ကိုသူမသိသည်။

 

 

 ရှောင်ကျုံးက သူမလို သရုပ်ဆောင် ပိုလေ့ကျင့်ချင်လို့ နေခဲ့သူလို့ ထင်ခဲ့ပေမယ့် သူမဒီအသံကို အရင်ကမကြားဖူးတာ ထူးဆန်းသည်။

 

 

 ရှောင်ကျုံးက စင်မြင့်အစွန်းကို လမ်းလျှောက်လာသောအခါ သီချင်းဆိုသံက ရုတ်ခြည်းပင် ပြီးဆုံးသွားသည်။

 

 

 ရှောင်ကျုံးက ဇာတ်စင်ကိုမီးထွန်းဖို့ ဓာတ်မီးကိုသုံးလိုက်သည်။  "အခုဘယ်သူရှိလဲ? "ဘယ်သူမှမရှိတဲ့ ပြဇာတ်ရုံ၌ ပဲ့တင်သံတစ်ခုသာရှိခဲ့ပြီး အဖြေမရှိပေ။

 

 

 သူမကဖွင့်ထားတဲ့ ကန့်လန့်ကာတွေကို မျက်မှောင်ကြုတ် ကြည့်လိုက်ပြီး ဒီလူက ဘာကြောင့်မဖြေတာလဲလို့ တွေးမိခဲ့သည်။

 

 

 ရှောင်ကျုံးက သော့ကိုထုတ်လိုက်ပြီး ထိန်းချုပ်ခန်းတံခါးကိုဖွင့်လိုက်သည်။ မီးခလုတ်ကို ထိန်းချုပ်လိုက်ပြီး ကန့်လန့်ကာများကို ပိတ်လိုက်သည်။

 

 

 ဒါတွေအားလုံး လုပ်ပြီးတဲ့နောက်မှာ သူမထိန်းချုပ်ခန်းကိုသော့ခတ်ပြီး တံခါးဆီကိုသွားခဲ့သည်။  သူမတံခါးမဖွင့်ခင် ပြဇာတ်ရုံ၌ရှိသော သူအကြောင်းကို ရုတ်တရက်စဉ်းစားမိသွားသည်။ သူမထွက်သွားလျှင် ထိုလူကဤနေရာတွင် သော့ခတ်ခံရလိမ့်မည်။

 

 

 သူမတစ်ယောက်တည်းသာ သော့ကိုငှားခဲ့သည်။ ကျန်တစ်ဦးမှာ လုံခြုံရေးအစောင့်နှင့်အတူရှိနေခဲ့သည်။

 

 

 "ဟေ့ ငါထွက်သွားတော့မယ်။.မင်းငါနဲ့လိုက်ချင်လား?"  ရှောင်ကျုံးက လေထုထဲတွင်အော်နေသော်လည်း အဖြေမရသေးပေ။

 

 

 ခဏလေး သော့က တစ်ချောင်းတည်းရှိခဲ့ရင် အဲဒီလူက ထိန်းချုပ်ခန်းထဲကို ဘယ်လိုလုပ်ဝင်ခဲ့တာလဲ?

 

 

 ရှောင်ကျုံးက ရုတ်တရက် သူမ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်။ သူမခြေဖဝါးမှ အေးစက်လာသည်ကို ခံစားလိုက်ရသဖြင့် သူမ မလှုပ်ရှားနိုင်သလောက်ဖြစ်သွားသည်။

 

 

 နောက်စက္ကန့်ပိုင်းတွင် ပိတ်ထားတဲ့ ကန့်လန့်ကာမှမကြားဖူးသော သီချင်းဆိုသံက ထပ်မံထွက်ပေါ်လာသည်။

 

 

 “ လရောင်က ညကိုပျော်ဝင်စေတယ်။.ပန်းတွေရဲ့အရိပ်မှာ နွေဦးကအထီးကျန်ဆန်တယ်။ လရောင်တွေတောက်ပနေတာကို ငါအရိပ်ခိုမယ်။ စူးစမ်းမိပါတယ် လမင်းအိမ်အကူရေ မင်းဘယ်မှာလဲကွယ်......” ၎င်းက အနောက်ဘက် အဆောင်ခန်းရဲ့ အချစ်သီချင်းစာသားဖြစ်ကာ သီချင်းဆိုသံက ကြည်လင်လှသည်။

 

 

 ရှောင်ကျုံးရဲ့ နှလုံးက ပြင်းစွာခုန်နေသည်။  သူမက သူမရဲ့ နူးညံ့တဲ့ ခြေထောက်များကိုမြှောက်ပြီး အဝင်ဝမှတတ်နိုင်သမျှ မြန်မြန်ထွက်သွားသည်။  သူမနောက်မှာသီချင်းဆိုသံတစ်ခုရှိနေသေးသည်။

 

 

 ထိုနေ့မှစ၍ ကော်ထိုက် ပြဇာတ်ရုံက သရဲခြောက်တဲ့ ကောလာဟလများ ထွက်လာသည်။ ရှောင်ကျုံးက ၎င်းကို ကြုံဖူးရုံသာမက အခြားသရုပ်ဆောင်များသည်လည်း ထူးဆန်းသောဖြစ်ရပ်များကို တစ်ခုပြီးတစ်ခုကြုံတွေ့ခဲ့ရသည်။

 

 

 ကော်ထိုက် ပြဇာတ်ရုံသည် ယဲ့ဆွေ အိမ်နှင့်မဝေးသော်လည်း သရဲခြောက်သည့် နေရာတိုင်းကို စစ်ဆေးဖို့ သူမမှာ ဤမျှလောက် အားလပ်ချိန်မရှိပေ။

 

 

 ယဲ့ဆွေက ကော်ထိုက် ပြဇာတ်ရုံ၏ကောလာဟလများနှင့် ပတ်သက်ပြီး လုံးဝလျစ်လျုရှု့ထားသည်။ သူမကအိမ်မှာ ချောကလက်ပြုလုပ်ဖို့ အချိန်အနည်းငယ်ယူခဲ့သည်။

 

 

 ဒါကသာမန်ချောကလက် သက်သက်မဟုတ်ခဲ့ပါဘူး။  ထိုအစား ချန်ရှု့ကိုချစ်တဲ့ ချစ်ခြင်းမေတ္တာနှင့်ပြည့်နေခဲ့သည်။

 

 

 ယဲ့ဆွေနဲ့ချန်ရှု့တို့ အတူရှိနေစဉ်ကတည်းက ယဲ့ဆွေက ထိုအင်တာနက်သုံးစွဲသူများပြောခဲ့တဲ့ နည်းဗျူဟာများကို အလွန်ယုံကြည်ခဲ့သည်။  သူမအရင်တုန်းက လုပ်ခဲ့တာတွေက သူ့ကိုအတိုင်းအတာတစ်ခုအထိ ထိခိုက်စေရမယ်လို့ သူမခံစားခဲ့ရသည်။

 

 

ယဲ့ဆွေ မသိတာက အမှန်တော့သူမဘာပဲလုပ်လုပ် ချန်ရှု့ကိုဆွဲဆောင်မိလိမ့်မယ်ဆိုတာပဲ။

 

 

ဆန့်ကျင်ဘက်အနေနဲ့ အကယ်၍ သူမကအခြားအမျိုးသမီးတစ်ဦးဖြစ်လျှင် ချန်ရှု့က အချစ်ချောကလက်တစ်ရာကို ပြုလုပ်ခဲ့သည်ဆိုလျှင်ပင် ၎င်းအား မျက်ကွယ်ပြုလိမ့်မည်။

 

 

 ယဲ့ဆွေက အထူးသဖြင့် အလွန်ကြီးမားတဲ့ အသဲပုံ ပုံစံခွက်ကို ၀ယ်ခဲ့သည်။ တစ်ဝက်က ချန်ရှု့အတွက်ဖြစ်ပြီး ကျန်တစ်ဝက်မှာ သူမအတွက်ဖြစ်သည်။

 

 

 ယဲ့ဆွေက မီးဖိုချောင်မှာ ချောကလက်ပြုလုပ်နေစဉ် သီချင်းတစ်ပုဒ်ကို ညည်းလိုက်သည်။  ပြင်းထန်သောမွှေးရနံ့က တစ်ခန်းလုံးကိုပျံ့နှံ့သွားသည်။

 

 

 ရုတ်တရက် မြေကြီးပေါ်သို့တစ်စုံတစ်ခု ကျသွားသံကိုကြားလိုက်ရသည်။ ယဲ့ဆွေက သူမ၏မူလလှုပ်ရှားမှုကိုထိန်းထားခဲ့သည်။  သူမကအပေါ်ကိုမှီပြီး တစ်ချက်ကြည့်လိုက်သည်။

 

 

လက်ဖက်ရည်စားပွဲပေါ်မှ လက်သုတ်ပုဝါက ကြမ်းပြင်ပေါ်ကျနေသည်။ ယဲ့ဆွေက အဲ့တာက လျစ်လျူရှုခဲ့ပြီး သူမ အစောက စာရွက်မှာ ပုံဆွဲနေချိန်တွင် သူမအဲ့တာကိုမထားခဲ့ပါဘူးလို့​ တွေးနေခဲ့သည်။

 

 

 ယဲ့ဆွေက ချောကလက်ကို ဆက်မွှေလိုက်ပြီး၎င်းကို မာတော့မယ့်ထိမွှေနေသည်။ သူမက  ပလတ်စတစ်နဲ့ထုပ်ပိုးထားပြီး အပေါ်ကနေ Love ဆိုတဲ့စာလေးကို  မီးဖိုချောင်ထဲက စားပွဲပေါ်ကို ယူသွားလိုက်သည်။

 

 

 ယဲ့ဆွေက ချောကလက်ကို ပုံစံခွက်ထဲ ဂရုတစိုက်သွန်းပြီးချောကလက်ကို သူမ စောစောက ဝယ်ခဲ့တဲ့ အခွံမာသီးများဖြူးဖို့ အဆင်သင့်ဖြစ်နေသည်။

 

 

 မနေ့က သူမ ချန်ရှု့ကို သွယ်ဝိုက်ချဉ်းကပ်ပြီး မေးခဲ့ပေမယ့်  သူဘာကြိုက်လဲတော့မသိဘူး။ ဒါပေမယ့် သူကအကုန်စားတယ်။  အခွံမာသီးမပြောနဲ့၊ သူအကြိုက်ဆုံးကိုတောင် မပြောနိုင်ခဲ့ဘူး။

 

 

 ယဲ့ဆွေက ချန်ရှု့ပါးစပ်ကို မဖွင့်နိုင်သဖြင့် သူမနှစ်သက်ရာအတိုင်းသာ ရွေးချယ်နိုင်ခဲ့သည်။ ချန်ရှု့က သူမနှစ်သက်တာကိုကြိုက်မှာသေချာသည်။

 

 

 ယဲ့ဆွေက စားပွဲဝိုင်းတွင်စိတ်ရှည်စွာထိုင်ပြီး အသဲပုံချောကလက်ပေါ်တွင် အသဲပုံလေး နှစ်ခုလုပ်လိုက်သည်။

 

 

 ယဲ့ဆွေ ချောကလက်ကို အလှဆင်နေစဉ်မှာ ဧည့်ခန်းတွင်ရုတ်တရက် သီချင်းဆိုသံတစ်ခုထွက်လာခဲ့သည်။

 

 

 “ လရောင်ကညကို ပျော်ဝင်စေတယ်၊ ပန်းတွေရဲ့အရိပ်မှာ နွေဦးကအထီးကျန်ဆန်တယ်။ လရောင်တွေတောက်ပနေတာကို ငါအရိပ်ခိုမယ်။ စူးစမ်းမိပါတယ် လမင်းအိမ်အကူရေ မင်းဘယ်မှာလဲကွယ်…”

 

 

 ယဲ့ဆွေရဲ့ လုပ်ဆောင်ချက်က နှေးကွေးသွားသည်။  သူမ အရမ်းထိတ်လန့်သွားပြီး သူမကောက်ယူထားတဲ့အခွံမာသီးတွေကို ပြန်ချလိုက်သည်။ ၎င်းက ဧည့်ခန်း၏ ဦးတည်ရာကို တစ်လမ်းလုံး လှိမ့်ဆင်းသွားသည်။

 

 

 အခန်းလွတ်တစ်ခုမှာ သီချင်းသံကြားရသူတိုင်းကြောက်သွားလိမ့်မည်။

 

 

 ယဲ့ဆွေက စာသားများကို အလွန်ရှင်းလင်းစွာမှတ်မိသည်။  သူမမကြာသေးမီက ရသစုံ ရှိုးမှာ သီဆိုခဲ့သည်။

 

 

 ထိုအချိန် ယဲ့ဆွေ ရေချိုးခန်းထဲရှိနေစဉ် အနောက်ဘက်အဆောင်ခန်း ရဲ့ အချစ် စာသားအချို့ကို သူမကြေးမုံ၌မှန်၌မြင်လိုက်ရသည်။  သူမရိုက်ကူးစဉ်က ၎င်းကိုသုံးခဲ့ပြီးသီချင်းဆိုခဲ့သည်။

 

 

 သို့သော် သူမက သရဲကိုအိမ်ခေါ်မိလာဖို့ မမျှော်လင့်ခဲ့ပေ။

 

 

 သီချင်းဆိုသံက ဆက်လာသည်။ ယဲ့ဆွေက သူမတုန်လှုပ်သောလက်ကို ဆန့်ကာမဝေးတဲ့နေရာက မိုဘိုင်းဖုန်းကို ဆန့်ထုတ်လိုက်ပြီး ယဲ့ဆွေက မူလအနေအထားအတိုင်း ငြိမ်လျက်ထိုင်နေသည်။

 

 

 ယဲ့ဆွေက ချန်ရှု့ နံပါတ်ကို ခေါ်လိုက်သည်။  သူမ သူ့အသံကိုကြားရသောအခါ သူမ၏သတ္တိကို တည်ဆောက်နိုင်လိမ့်မည်။

 

 

 ဖုန်းဝင်ပြီး တစ်စက္ကန့်အကြာမှာ ချန်ရှု့ရဲ့အသံက ထွက်လာခဲ့သည်။  "ယဲ့ဆွေ"

 

 

 ဖုန်း၏အခြားတစ်ဖက်မှ ချန်ရှု့အသံထွက်လာသောအခါ ယဲ့ဆွေ ပိုသက်သာလာသည်။ "ချန်ရှု့ ကျွန်မရှင့် အသံကိုကြားချင်ခဲ့တာ"

 

 

 ချန်ရှု့က စိတ်ခံစားမှုနှင့် ပတ်သက်ပြီး အနည်းငယ်နှေးကွေးသော်လည်း သူက သူမ၏ အဓိပ္ပါယ်ကို ချက်ချင်းမှန်းဆနိုင်ခဲ့သည်။  "ဘာဖြစ်တာလဲ?  မင်းကြောက်နေတာလား? "

 

 

 နောက်တစ်စက္ကန့်တွင် ချန်ရှု့ ပြောလာသောစကားက သူမအားလုံးလုံးလျားလျား စိတ်ချစေသည်။

 

 

 "ကိုယ် အိမ်ကိုစောစောပြန်လာခဲ့တယ်၊ အခု ကိုယ် တံခါးနားရောက်နေပြီ"

 

 

 စကားသံဆုံးသည်နှင့် တံခါးပေါက်မှ အသံတစ်ခုထွက်လာသည်။  တံခါးပွင့်သွားသော်လည်း ချန်ရှု့က ဖုန်းကိုမချလိုက်ပါ။ ထိုအစား သူက ဆက်သွယ်နေဆဲဖုန်းခေါ်ဆိုမှုနှင့်အတူ လမ်းလျှောက်သွားခဲ့သည်။

 

 

 ဧည့်ခန်း၌ သီချင်းဆိုသံက စတင်ပြောင်းလဲလာသည်ကို ယဲ့ဆွေ ချက်ချင်းသိလိုက်သည်။ သာယာနာပျော်ဖွယ်ကောင်းသောအသံက စတင်တုန်လာပြီး နောက်ဆုံးတွင် သီချင်းစာသားများကို မေ့သွားသည်။

 

 

 သူမသည် မူလက ချန်ရှု့အားချောကလက် လက်ဆောင်ပေးချင်ခဲ့သည်။  သို့သော် မမျှော်လင့်ဘဲ သူမ မကြာခင်တုန်းက ​စောစောအိမ်ပြန်လာလေ့ရှိတာကြောင့် သူမကသူ့အတွက်အံ့သြစရာတစ်ခုမပြင်ဆင်နိုင်ခဲ့ပေ။

 

 

 ချန်ရှု့က ယဲ့ဆွေဆီ အလျင်အမြန် သွားလိုက်သည်။  သူဘာမှားနေလို့လဲလို့ မေးရန်ရှိသော်လည်း ချောကလက်နှင့်စားပွဲကိုမြင်သောအခါ သူအံ့သြသွားသည်။

 

 

 ချန်ရှု့နဲ့အတူ ဖြစ်နေပြီဖြစ်တာကြောင့် ယဲ့ဆွေက သဘာဝအားဖြင့် မကြောက်ပါ။  သူမက ပထမဆုံး “ တစ္ဆေအရာ ကို ခေါက်ထားလိုက်ပြီး  စားပွဲပေါ်ရှိချောကလက်ကိုညွှန်ပြကာ ကျွန်မရှင့်အတွက်လုပ်ထားတာ ရှင်ကြိုက်လား?"

 

 

 "ကြိုက်တယ် " ချန်ရှု့က ချက်ချင်းခေါင်းညိတ်လိုက်သည်။

 

 

မနေ့ညက ယဲ့ဆွေ သူ့ကိုအခွံမာသီးအကြောင်းသွယ်ဝိုက်မေးခဲ့တာ ချန်ရှု့သိသည်။  အထူးသဖြင့် သူကဘာမှမကြိုက်ဘူး၊ ဒါကြောင့် သူမကို မဖြေနိုင်ခဲ့ဘူး။

 

 

 "ကိုယ် ပီစတာချီယို(သီဟိုစေ့တစ်မျိုး )  ကိုကြိုက်တယ်၊ ကိုယ်ဒါကိုကြိုက်တယ်"  ချန်ရှု့က ချောကလက်ပေါ်က အခွံမာသီးများအကြောင်းကို ကြွားခဲ့သည်။

 

 

 ဒါတောင်မှ ယဲ့ဆွေ ပျော်နေခဲ့သည်။

 

 

 ယဲ့ဆွေက ချောကလက်ကို ရေခဲသေတ္တာထဲထည့်လိုက်တာနဲ့သူမတစ်ခုခုကိုမေ့သွားပုံရသည်။  ကြောက်စရာကောင်းတဲ့သီချင်းဆိုသံက သူမရဲ့အိမ်ထဲမှာရှိနေဆဲပဲ။

 

 

 ယဲ့ဆွေက ဧည့်ခန်းသို့သွားချိန်မှာ ဘုရင့်နိုင်ငံ၏ အဝတ်အစားများနှင့် ဧည့်ခန်းထောင့်၌ရပ်နေသော အမျိုးသမီးသရဲကိုတွေ့လိုက်သည်။

 

 

 အမျိုးသမီးသရဲက ယဲ့ဆွေ မျက်လုံးများက သူမအပေါ်ကျရောက်နေသည်ကို မြင်သောအခါ သူမ မျက်လုံးများက အရောင်တောက်လာသည်။  "မင်းကတကယ့်ကို အဖော်ကောင်း တစ်ယောက်ပဲ"

 

 

 သရဲခြောက်တဲ့ အိမ်ပိုင်ရှင်မှာ ကောကျိယွင် ဖြစ်သည်။  သူမက ထိုအချိန်တွင် ယဲ့ဆွေ  အနောက်ဘက် အဆောင်ခန်း အချစ်သီချင်းသီဆိုတာကို မြင်ဖူးပြီး သူမက နားလည်မှုရှိတဲ့ သူငယ်ချင်းတစ်ဦး ဖြစ်တယ်လို့ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူမ ယဲ့ဆွေကို တွေ့ချင်ခဲ့သည်။

 

 

 ယဲ့ဆွေက သူမကို တကယ်မြင်နိုင်လိမ့်မယ်လို့ သူမ မထင်ခဲ့ဘူး။

 

 

 ယဲ့ဆွေက ကောကျိယွင်ရဲ့ ရည်ရွယ်ချက်ကိုသိချင်သည်။  "နင် ငါ့ကို ဘာလုပ်စေချင်တာလဲ? "

 

 

 ကောကျိယွင်က နူးညံ့စွာပြုံးလိုက်သည်။  “ အနောက်ဘက်အဆောင်ခန်း ရဲ့ အချစ် သီချင်းကို ငါဆိုရတာကြိုက်တယ်။  စင်ပေါ်မှာ ထပ်ဖျော်ဖြေဖို့ အခွင့်အရေးရချင်တယ်။"

 

 

 "နင့်ကို ငါ့ပရိသတ်ဖြစ်စေချင်တယ်"

 

 

 ကောကျိယွင်က ချန်ရှု့ကို မပြောခဲ့ဘူး။  သူမ ပရိသတ်တစ်ဦးကို နားထောင်စေချင်ရင်တောင် ယန်စွမ်းအင်အပြည့်ရှိတဲ့ ချန်ရှု့ကို လာခွင့်မပေးရဲဘူး။

 

 

 ယဲ့ဆွေက တစ်ခုခုကိုစဉ်းစားနေပုံရပြီး ချန်ရှု့ရဲ့နားထဲကို ပြောလာသည်။  "ရှင်ညနေကျရင် ကျွန်မနဲ့ချိန်းတွေ့ချင်လား?  "

 

 

 ချန်ရှု့က ယဲ့ဆွေနဲ့ အချိန်ဖြုန်းဖို့ စောစောပြန်လာခဲ့တာဖြစ်သည်။ ဒါကြောင့် သူမှာ ထင်မြင်ချက်မရှိပေ။

 

 

 ယဲ့ဆွေက ကောကျိယွင်ကို ကြည့်ပြီးပြောလိုက်သည်။ "ကျွန်မရှင့်ကို ပြဇာတ်ရုံကို စီစဥ်ပေးမယ်။  ရှင့်ရဲ့သူငယ်ချင်းဟောင်းတွေအားလုံးကိုလည်း ခေါ်နိုင်တယ်၊ ဒါပေမယ့် ကျွန်မယောက်ျားက ကျွန်မနဲ့လိုက်လိမ့်မယ် "

 

 

 ကောကျိယွင်က ချန်ရှု့ကို ကြောက်ပေမဲ့ နောက်ထပ်နားထောင်သူ တစ်ယောက်ရှိတာကောင်းလိမ့်မယ်လို့သူမထင်ခဲ့မိသည်။

 

 

 ယဲ့ဆွေက ကောကျိယွင်ကို ထိုညတွင် ဘာမှမရှိတဲ့ ပြဇာတ်ရုံတစ်ခုကို ဆက်သွယ်ဖို့ ကူညီခဲ့သည်။  သူမသူငယ်ချင်းတစ်ယောက်ထံမှ တစ်ညငှားခဲ့သည်။

 

 

 ကောကျိယွင်ရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ပြဇာတ်ရုံတစ်ခုလုံး မီးတွေလင်းနေသည်။

 

 

 ကောကျိယွင်က သူမ၏ညီမငယ်များနဲ့ သူမလိုသီချင်းဆိုဝါသနာပါသူများစွာကိုဖိတ်ပြီး သူတို့အားလုံးအတူဖျော်ဖြေခဲ့ကြသည်။

 

 

 သရဲတစ္ဆေများ ၀င်လာသောအခါ သူတို့ကပြဇာတ်ရုံ၏ပထမအတန်းတွင် ယဲ့ဆွေနဲ့ချန်ရှု့တို့ ထိုင်နေသည်ကိုတွေ့လိုက်ရပြီး သူတို့ခြေထောက်များက ရုတ်တရက် ပျော့ခွေသွားသည်။

 

 

 ထိုသရဲများက ထိုင်ခုံနှစ်တန်းနဲ့ လွတ်လွတ်ကျွတ်ကျွတ်အားတင်းကာထိုင်လိုက်ပြီး ယဲ့ဆွေနဲ့ချန်ရှု့တို့အတွက် သီးသန့်နေရာအချို့ချန်ထားခဲ့သည်။

 

 

 ချန်ရှု့က တစ္ဆေများကိုမမြင်ရသော်လည်း စင်မြင့်ပေါ်မှသီချင်းသံများကို သူကြားနိုင်ခဲ့သည်။  ထို့ပြင် ယဲ့ဆွေ  သူ့ဘေးတွင်ထိုင်နေသည်။ သူမမြင်ရလျှင်တောင်မှ ဒီနေ့က ချိန်းတွေ့သည့်နေ့ဖြစ်သည်။

 

 

 ချန်ရှု့ရဲ့ မသိစိတ်က ယဲ့ဆွေ ရဲ့လက်ကိုဆုပ်ကိုင်ထားချင်ပေမယ့် မမျှော်လင့်ဘဲ သူမလက်ကို ဘေးသို့ရွှေ့လိုက်သည်။  “ ရှင် တစ်ခုခုကို မေ့နေပြီလား?  ရှင်ကျွန်မကိုထိရင် သူတို့ကို မြင်နိုင်မှာမဟုတ်တော့ဘူး ”

 

 

 ချန်ရှု့က မကျေမနပ်နှင့် သူ့လက်ကို ပြန်ရုတ်လိုက်ပြီးထိုင်ခုံတွင် နာခံစွာထိုင်လိုက်သည်။

 

 

 ကောကျိယွင်နဲ့ သူမ၏ သီချင်းဆိုဝါသနာပါတဲ့ သူငယ်ချင်းများက စင်မြင့်ပေါ်တွင် ရပ်နေကြသည်။  သူတို့က လျို့ဝှက်ဆန်းကြယ်စွာဘဲ ရှေးခတ် အ၀တ်တွေကိုဝတ်ထားခဲ့ကြသည်။  ဒါပေမယ့် သူတို့ရဲ့သီဆိုမှုက တကယ့်ကို ကြည်နူးစရာမြင်ကွင်းပါပဲ။

 

 

 ယဲ့ဆွေက ချန်ရှု့ကိုမှီလိုက်သည်။ ယခုအချိန်တွင် သူမနဲ့ချန်ရှု့က ပြဇာတ်ရုံ၌ နှစ်ယောက်တည်းရှိနေပြီး တစ္ဆေများ၏ ဖျော်ဖြေမှုကိုခံစားနေသည်။ ဒါက တကယ်ကိုထူးခြားပြီး ပြိုင်ဘက်ကင်းတဲ့နေ့လေးပဲ။

 

 

 ယဲ့ဆွေက သူမလက်ကို ထိမည်ကို ကြောက်တာကြောင့်သူ့ရင်ဘတ်ပေါ်တွင် သေသေချာချာလက်ပိုက်ထားသော ချန်ရှု့ကိုတစ်ချက်ကြည့်လိုက်သည်။  သူမကသူ့အမူအရာကိုကြည့်လိုက်သည်။ သူ့မျက်လုံးများက ဇာတ်ခုံပေါ်တွင်အာရုံစိုက်နေသော်လည်း သူ့စိတ်ကအခြားတစ်နေရာကို ပျံ့လွင့်နေတာကိုတွေ့ရှိခဲ့သည်။

 

 

 ချန်ရှု့ရဲ့ အာရုံပြောင်းသွားသော အကြည့်ကအလွန်ချစ်စရာကောင်းသည်။

 

 

 ယဲ့ဆွေက တိတ်တိတ်လေး ပြုံးလိုက်သည်။  သူမကအိတ်ထဲမှလက်အိတ်ထုတ်ပြီး သူမလက်ထဲထည့်လိုက်သည်။  သူမမထွက်လာခင်မှာ သူမကိုယ်တိုင်ပြင်ဆင်ထားပြီးပြီ။

 

 

 "ချန်ရှု့" ယဲ့ဆွေက ချန်ရှု့ရဲ့နားရွက်ကိုမှီပြီး သူ့ကိုညင်ညင်သာသာခေါ်လိုက်သည်။

 

 

 ချန်ရှု့က ယဲ့ဆွေ အသံကိုကြားရသောအခါ ချက်ချင်းသူကခေါင်းကိုလှည့်ပြီး သူမကိုကြည့်လိုက်သည်။

 

 

 နောက်တစ်စက္ကန့်တွင် ယဲ့ဆွေက သူမလက်ကိုဆန့်ထုတ်လိုက်ပြီး ချန်ရှု့လက်မောင်းကိုဖြတ်ကာ သူ့လက်ကိုကိုင်ရန်အစပြုလိုက်သည်။  "ယောက်ျား ကျွန်မတို့ချိန်းတွေ့ကြစို့ "

 

 

 ချန်ရှု့ရဲ့ မကျေမနပ်က လေထုထဲကိုပျောက်ကွယ်သွားသည်။  သူက အစောက ယဲ့ဆွေ လက်ကိုမကိုင်နိုင်ခဲ့သဖြင့် သီချင်းနားထောင်ဖို့ စိတ်၀င်စားခြင်းမရှိသော်လည်း ယခုမူ ခြားနားသွားပြီဖြစ်သည်။

 

 

 ယဲ့ဆွေက ချန်ရှု့ရဲ့တင်းကျပ်တဲ့ ဆုပ်ကိုင်မှုကိုခံစားလိုက်ရပြီး အဲ့ဒါက သူမနှုတ်ခမ်းထောင့်များကို ကွေးကောက်သွားစေသည်။ သူမခင်ပွန်းသည်ကို ချော့ရတာက အတော်လေးလွယ်ကူတာကို သူမတွေ့လိုက်ရသည်။

 

 

 ပြဇာတ်ရုံမှထွက်ပြီးနောက် ယဲ့ဆွေနှင့်ချန်ရှု့တို့က ကားမောင်းထွက်သွားကြသည်။ ယဲ့ဆွေက အနည်းငယ်ဗိုက်ဆာသလိုခံစားနေရပြီး ဖွင့်နေဆဲအနီးအနားရှိစားသောက်ဆိုင်တစ်ခုကို ၀င်လိုက်သည်။  သူမထမင်းစားဖို့ကားထဲမှာထိုင်သည်။

 

 

 ကားကလမ်းဘေး၌ရပ်ထားသည်။ သူမသန်းခေါင်ယံမှာ အစာများစားပြီးသောအခါ ယဲ့ဆွေက အစာချေဖျက်မှုကိုအထောက်အကူဖြစ်အောင် လမ်းလျှောက်ဖို့ဆင်းခဲ့သည်။

 

 

 ယဲ့ဆွေနဲ့ချန်ရှု့တို့က လမ်း၏အစွန်းတစ်လျှောက်လျှောက်လာခဲ့သည်။  ညနေကနှင်းတွေခဏကျနေပြီ အခုတော့မြေပြင်ကို အဖြူရောင်အလွှာနဲ့ဖုံးလွှမ်းထားသည်။  သူမကအနွေးထည် ၀တ်ထားပြီး ချန်ရှု့ကလည်းတင်းကျပ်စွာပွေ့ဖက်ထားသဖြင့် သူမကသဘာဝအတိုင်းပဲ အေးမနေပေ။

 

 

သူမလမ်းလျှောက်နေစဉ် ယဲ့ဆွေ မျက်တောင်များပေါ်တွင် နှင်းမှုန်လေးများက လွင့်မျောလာပြီး ရုတ်တရက်သူတို့အားအနည်းငယ်အေးစေခဲ့သည်။

 

 

 ယဲ့ဆွေက ခဏရပ်ပြီးမော့ကြည့်လိုက်ပြီး "ချန်ရှု့ နှင်းတွေကျနေတယ်" ဟုအံ့သြစွာပြောသည်။

 

 

 အမှောင်ယံည ကောင်းကင်၌ လမ်းတစ်လျှောက်လမ်းမီးများတောက်ပခဲ့သည်။  နှင်းပွင့်များက မြေပြင်သို့လွင့်သွားပြီးပတ်ဝန်းကျင်ကို အဖြူရောင်များက လွှမ်းခြုံထားသည်။

 

 

 ချန်ရှု့က မျက်မှောင်ကြုတ်ပြီး ယဲ့ဆွေကို ထီးကိုင်ထားရန်ကူညီသည်။  သူမက သူ့ရဲ့အရိပ်အောက်မှာရပ်ပြီးနှင်းပွင့်တွေကြွေကျနေတာကိုကြည့်နေခဲ့သည်။

 

 

 သူတို့ရပ်လိုက်သောအခါ ယဲ့ဆွေက သူတို့က ကန့်သတ်နယ်မြေတစ်ခုကို အမှတ်တမဲ့ရောက်လာတာကိုတွေ့လိုက်သည်။

 

 

 နှစ်ပေါင်းရာချီ သမိုင်းကြောင်းရှိခဲ့သော ဤနန်းတော်က ရှကျုံး မင်းဆက်၏ အပိုင်ဖြစ်ပြီး ယခုအခါအမျိုးသားပြတိုက်ဖြစ်လာသည်။

 

 

 ယဲ့ဆွေက ရိုက်ကူးနေစဉ် ဤကမ္ဘာ၏ သမိုင်းကြောင်းကိုတဖြည်းဖြည်းသိလာသည်။ ရှကျုံး မင်းဆက်က သူမ၏မူလကမ္ဘာတွင်မရှိခဲ့ပါ။

 

 

 အပြင်ဘက်မှ အနီရောင်နံရံနှင့် အဝါရောင်အုပ်ကြွပ်များကိုသာမြင်နိုင်သည်။  ကျဆင်းလာသောနှင်းများသည် အမိုးများကြွေပြားများအား ဖုံးလွှမ်းသွားသည်။  ပိတ်ထားသောတံခါးဖြင့် အတွင်းမှရှုခင်းကိုဖုံးကွယ်ထားသည်။  သူတို့က နန်းတော်ရှိအဆင်တန်ဆာများနှင့် အလှဆင်မှုများအတွက် သူတို့၏စိတ်ကူးစိတ်သန်းကိုသာ အားကိုးနိုင်ကြသည်။

 

 

 ယဲ့ဆွေက ဇီးပွင့်များ၏ ရနံ့ကို ရုတ်တရက် အနံ့ခံလိုက်ရသည်။  အေးစက်သောရနံ့က သူမ၏နှာခေါင်းမှတဆင့် ပျံ့နှံ့သွားပြီး အကျွမ်းတဝင်မရှိသော ခံစားချက်ကိုဖြစ်ပေါ်စေသည်။

 

 

 သူမခေါင်းကိုမော့ပြီး အနီရောင်နန်းတော်နံရံကို ကြည့်လိုက်သည်။  နှင်းပွင့်တွေကြွေကျတဲ့အခါ အဖြူရောင်အမှတ်အသားတစ်ခု ကျန်ခဲ့သည်။  တစ်နည်းနည်းဖြင့်သူမက အထဲ၀င်ပြီးကြည့်ဖို့ စိတ်ဆန္ဒကို ရုတ်တရက်ခံစားလိုက်ရသည်။

 

 

 ပြတိုက်ကို ညဘက်မှာပိတ်ပစ်ခဲ့ပြီး အပြင်မှာ ကင်းလှည့် ၀န်ထမ်းတွေသာရှိခဲ့သည်။

 

 

 ယဲ့ဆွေက ခြေဖျားထောက်ပြီး အတွင်းဘက်ကို ကြည့်လိုက်တာကြောင့် ချန်ရှု့က  ထူးဆန်းသလိုခံစားလိုက်ရသည်။ "ဘာကိစ္စလဲ?"

 

 

 "ကျွန်မ ရှကျုံး ဧကရာဇ်နန်းတော်ကို ဘယ်တုန်းကမှမရောက်ဖူးဘူး၊ ဒါကြောင့် နည်းနည်းစပ်စုတာ "  သူမရုတ်တရက် ဘာကြောင့် တိုက်တွန်းရမှန်း သူမ မသိပေ။  ယဲ့ဆွေ ခေါင်းငြိမ့်လိုက်ပြီး ထိုခဏတာ အတွေးက ချက်ချင်း ပျောက်ကွယ်သွားသည်။

 

 

 ယဲ့ဆွေက ချန်ရှု့ကိုလှည့်ကြည့်ပြီး သူတို့အိမ်ပြန်သင့်တယ်လို့ပြောပေမယ့် သူ့မျက်လုံးတွေက အဓိပ္ပါယ်တွေပြည့်နေတာကို သူသတိထားမိခဲ့တယ်။

 

 

 သူမအနီရောင်နံရံများနှင့် အဝါရောင်ကြွေအမိုးများကိုကြည့်နေစဉ် သူက သူမကိုစောင့်ကြည့်နေခဲ့သည်။

 

 

 ချန်ရှု့ သူမကို စူးစူးစိုက်စိုက် ကြည့်နေသည်။  သူကသူမအားဤကဲ့သို့သော မျက်လုံးများကိုသာပြလိမ့်မည်။ သူ့နှာခေါင်းက အလွန်ကြည့်ကောင်းသည်၊ မြင့်ပြီးဖြောင့်စင်းသည်၊ နှုတ်ခမ်းများက ကြည်လင်သောနှုတ်ခမ်းလိုင်းများနှင့်အတူ တကယ်ကိုလှပသည်။

 

 

 ယဲ့ဆွေက သူမနှလုံးသားထဲတွင် မရေမတွက်နိုင်သောချီးမွမ်းမှုများရှိခဲ့ပြီး သူမက သူ့မျက်နှာအကြောင်းနေ့နှင့်ညများစွာဝါကြွားနိုင်သည်။  သို့သော် ဤချီးမွမ်းစကားများကို ဤအချိန်၌စကားနှစ်လုံးသာ အနှစ်ချုပ်နိုင်သည်။

 

 

 'သူ့ကိုနမ်းလိုက် '

 

 

 ယဲ့ဆွေက ချန်ရှု့ဆီချဉ်းကပ်လာသည်နှင့်အမျှ အေးစက် သေးငယ်တဲ့ နှင်းပွင့်လေးများက ထီးထဲသို့လွင့်သွားသည်။  သူမက "ချန်ရှု့ ကျွန်မအေးတယ်" လို့အသံနိမ့်ဖြင့်ပြောလိုက်သည်။

 

 

 ချန်ရှု့က လက်တစ်ဖက်က ထီးကိုယူပြီး ယဲ့ဆွေရဲ့ ပဝါကိုအခြားလက်တစ်ဖက်ဖြင့် သူမ၏လည်ပင်း၌ ပတ်လိုက်သည်။  သူကမှီသောအခါ သူကယဲ့ဆွေ မျက်လုံးများကိုတွေ့လိုက်ရသည်။

 

 

 ယဲ့ဆွေက ခေါင်းကိုစောင်းပြီး ဆွဲဆောင်မှုရှိသောမိန်းမတစ်ယောက်လို နက်နဲသောအဓိပ္ပါယ်ကိုဖုံးကွယ်ထားတဲ့ မျက်လုံးဖြင့်ကြည့်လညသည်။  သူမနှုတ်ခမ်းကိုကွေးလိုက်ကာ သိမ်မွေ့စွာပြုံးလိုက်ရင်း ရုတ်တရက်ခြေဖျားထောက်ကာ မတ်တပ်ရပ်လိုက်ပြီး သူ့နှုတ်ခမ်းကိုဖိလိုက်သည်။

 

 

 သူတို့၏နှုတ်ခမ်းများအကြားအကွာအဝေးက တစ်မီလီမီတာသာရှိသည်။  သူတို့နမ်းတော့မယ့်အတိုင်းဘဲနှင်းဆီတစ်ပွင့်က သူတို့နှစ်ယောက်ရဲ့အလယ်ကိုရိုက်ခတ်သွားပြီး အချစ်ရေးအငွေ့အသက်ကို ရိုက်ချိုးပစ်လိုက်သည်။

 

 

 ယဲ့ဆွေက နှင်းဘောလုံးတစ်လုံး၏ ထိမှန်ခြင်းကိုခံစားခဲ့ရသည်။  ထို့နောက် ငွေရောင်ခေါင်းလောင်းလေးလို ကြည်လင်သောရယ်မောသံတစ်ခုက ထွက်ပေါ်လာသည်။  ဒါက ကလေးတစ်ယောက်နဲ့တူငည်။

 

 

 အဲဒီမှာသူတို့ပြန်သွားတယ်။  မနေ့က အိမ်မှာဖြစ်ပျက်ခဲ့တာတွေက ထပ်တလဲလဲဖြစ်ပုံရသည်။

 

 

 ဘာကြောင့်လဲ!  ယဲ့ဆွေက ကောင်းကင်ကို အော်ဟစ်လိုက်ချင်သည်။  ဒီရက်ပိုင်းအချစ်ရေးမှာတောင် ဒီလောက်အတားအဆီးတွေ ဘာ့ကြောင့်ရှိရတာလဲ?

 

 

 ယဲ့ဆွေက ရယ်သံရှိရာကို လှည့်လိုက်ပြီး သူမမျက်နှာကအေးစက်လာသည်။

 

 

 သွေးစွန်းနေသော ဝါဂွမ်းအင်္ကျီနှင့် ထုပ်ထားသောကလေးတစ်ယောက်က သူ့ဗိုက်ကိုသူ့လက်နှစ်ဖက်နှင့်ဖိလျက် ရယ်နေခဲ့သည်။ ပထမတစ်ချက်မှာ သူက သာမန်ကလေးတစ်ယောက်မဟုတ်တော့ဘဲ သန်းခေါင်ယံတွင်လမ်းများပေါ်တွင် ကျင်လည်နေသောသရဲဖြစ်သည်။

 

 

ပြုံးနေဆဲကလေးသရဲက ဒေါသထွက်နေတဲ့ ယဲ့ဆွေကို မြင်လိုက်ရပြီး သူမျက်နှာပေါ်က အပြုံးက ချက်ချင်းအေးစက်သွားသည်။

 

 

ချန်ရှု့ရဲ့ သြဇာလွှမ်းမိုးမှုအောက်တွင် ယဲ့ဆွေရဲ့ ရဲစွမ်းသတ္တိနှင့်သရဲများကို တိုက်ခိုက်ဖို့ စွမ်းရည်ကသိသိသာသာတိုးတက်လာသည်။

 

 

 ဆောင်းည၏နက်နဲသောအရာ၌ သွေးစွန်းသောသရဲကလေးက ကြောက်ရွံ့သောမျက်လုံးများနှင့်အတူ မျောနေသောနှင်းများ၌ရပ်နေ၏။  သူကအောက်ကိုငုံ့ပြီး နှင်းဘောလုံးတွေကိုဆက်လုပ်ကာ သူမဘက် ဦးတည်ပြီး ပစ်လိုက်သည်။

 

 

 ထူးဆန်းသောမြင်ကွင်းက ယဲ့ဆွေ မျက်လုံးထဲ ကျရောက်သွားသော်လည်း သူမကိုတစ်ချက်သာသတိရစေသည်။

 

 

 ဇီးပွင့်များ၏ရနံ့၊ အဖြူရောင်နှင်းများနှင့်တိတ်ဆိတ်သောလမ်းများက ဤကဲ့သို့သောအချစ်ရေးမြင်ကွင်းကိုဖြစ်စေပြီး သူမယခုအပြင်းအထန်ကြိုးစားဖန်တီးခဲ့သောလေထုက ဤကလေးကြောင့် ပျက်စီးသွားခဲ့သည်။

 

 

 နောက်စက္ကန့်က အနမ်းတစ်ခုဟုထင်ရသော်လည်း သူမသူ့ကိုလုံးဝမနမ်းခဲ့ပါ။  သူမတကယ်ကို စိတ်နာသွားသည်။

 

 

 ယဲ့ဆွေက သူမခြေထောက်ကို နှင်းထဲက ဆွဲထုတ်ကာနှင်းဘောလုံးတစ်လုံးကိုလုပ်လိုက်ပြီး ထိုဘက်သို့ပြန်ပစ်လိုက်သည်။  ဒေါသထွက်နေစဉ် သူမက မမှန်ကန်သောတိကျမှုဖြင့်ပစ်ခတ်လိုက်မိသည်။

 

 

 နှင်းဘောလုံး ထိမိသောကြောင့် မာရ်နတ်ကလေးသည်သူတို့ကိုဆက်လက်နှောင့်ယှက်ရန် မတတ်နိုင်တော့ပါ။

 

 

 ချန်ရှု့က နှင်းထုမှအဝေးသို့ လွင့်ထွက်သွားသောလေကိုအကူအညီမဲ့စွာကြည့်နေခဲ့သည်။ ၎င်းသည်မရေရာသောပုံသဏ္ဌာန်တစ်ခုကျန်ရစ်ခဲ့သည်။  ထိုပုံက နာကျင်နေပုံရသည်။

 

 

 ရှင်းရှင်းပြောရရင် ဒေါသထွက်နေတဲ့ ယဲ့ဆွေက ဆိုးသွမ်းနေတဲ့ ကလေးကို အော်ဟစ်လိုက်သည်။ "လူကြီးတွေရဲ့အချစ်ရေးကို နှောင့်ယှက်ရင် ဘုရားသခင်ကအပြစ်ပေးလိမ့်မယ်ဆိုတာ မင်းသိရဲ့လား?  "

 

 

 ချန်ရှု့ - "... "