လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၁၀၅ - မျက်နှာလိုမျက်နှာရ မြှောက်ပင့်သူ
ဆန့်ကျင်ဘက်အနေနဲ့ ယဲ့ဆွေရဲ့ ဒေါသက ယခုအခါလျော့ကျသွားပြီ ဖြစ်သော်လည်း ဝဖြိုးသောကလေးကငိုနေဆဲဖြစ်သည်။
ထွားကြိုင်းတဲ့ကလေးက လူတွေကိုအနိုင်ကျင့်ပြီး အဆုံးစွန်ထိတစ်ခါမှမရောက်ဖူးတဲ့သူတစ်ယောက်ပါ။
ဒီထူးဆန်းတဲ့ အန်တီက အလွန်ရက်စက်သည်။
သူကသေးသွယ်သောလက်များဖြင့် သူ့မျက်နှာကိုပွတ်ပြီးမြေကြီးပေါ်တွင်ထိုင်ကာ ရန်ပွဲ တစ်ခုစတင်လိုက်သည်။
သူက ကလေးအသံလေးနဲ့ ပြောလာသည်။“ အန်တီက မကောင်းဘူး။ အန်တီက သားကိုအနိုင်ကျင့်တယ်”
လူတစ်ဦးဖြစ်စေ၊ သရဲဖြစ်စေ မည်သည့်အကြောင်းပြချက်မှမရှိဘဲ ကလေးတစ်ယောက်က အမြဲတမ်း အလွန်ထိရောက်မှုရှိသည်။ ယဲ့ဆွေက အကူအညီမဲ့စွာ သူ့ဆီကိုလျှောက်သွားပြီး သူ့အိတ်ထဲမှသကြားလုံးတစ်လုံးကို ယူကာ သူ့လက်ထဲထည့်လိုက်သည်။
ကလေးက မငိုတော့ဘူး။
သူက ယဲ့ဆွေ မျက်နှာကိုသူ၏လက်ချောင်းများဖြင့် ထိကြည့်ပြီးသူမ၏နူးညံ့သိမ်မွေ့ပြီးလှပသောအကြည့်ကိုမြင်သည်။
"ကျေးဇူးတင်ပါတယ် အန်တီ" အဆီဖုံးနေတဲ့ ကောင်လေးက သကြားလုံးကိုအခွံခွာပြီး သူ့ပါးစပ်ထဲထည့်လိုက်သည်။
ဝဖြိုးသောကလေးက အသက်ငါးနှစ် သို့မဟုတ် ခြောက်နှစ်သာရှိသေးပြီး ယဲ့ဆွေကို "အန်တီ" လို့ခေါ်တာက အမှားမရှိပုံရသည်။
သို့သော် ရုတ်တရက် အန်တီလို့ခေါ်ခံရလိုက်တဲ့ ယဲ့ဆွေက သူမအသက်အရွယ်ကြီးလာကြောင်းကို နားမလည်နိုင်သော ခံစားမှုတစ်ခုရှိနေသေးသည်။
ယနေ့ညတွင် ယဲ့ဆွေက သူမ၏ အိုင်ဒေါ ပုံရိပ်ကို ထိန်းသိမ်းလိုသောကြောင့် သူမက ကလေးသရဲကို အမှန်ပြင်ခဲ့သည်။
"ငါ့ကိုအန်တီလို့မခေါ်နဲ့။
ငါ့ကိုအစ်မကြီးလို့ခေါ်”
ဝဖြိုးသောကလေးက အင်တင်တင်နဲ့ “ အစ်မကြီး” လို့ခေါ်ခဲ့သည်။
“ အစ်မကြီး” ဟူသောစကားလုံးက ယဲ့ဆွေနှလုံးသားကို ထိမိသွားသည်။
"မင်းအရမ်းတော်တယ်။ "
ချန်ရှု့ - "... "
အပြန်လမ်းတွင် ချန်ရှု့က ယဲ့ဆွေကို အခါအားလျော်စွာကြည့်ခဲ့သည်။
ကိစ္စပြီးသွားပေမယ့် သူကလမ်းပေါ်မှာ တစ္ဆေကလေးတစ်ယောက်ရဲ့နှောင့်ယှက်မှုကြောင့် ယဲ့ဆွေရဲ့ နောင်တရပုံကို မှတ်မိနေသေးသည်။
သူတို့ခရိုင်ကိုပြန်လာတဲ့အခါ အရမ်းနောက်ကျနေပြီ။
ကားပေါ်မှဆင်းပြီးနောက်မှာ ယဲ့ဆွေက ချန်ရှု့ကို မှီပြီး သူမလက်ကို သူ့လက်ဖဝါးထဲထည့်လိုက်သည်။
သူမလမ်းတစ်လျှောက်မှာ ဘာတစ္ဆေကိုမှမမြင်ရဘူး။
သူတို့အိမ်ကိုလုံခြုံစွာရောက်လာကြသည်။
ယဲ့ဆွေက တံခါးကိုဖွင့်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် အိမ်ထဲကို၀င်လာခဲ့သည်။
သူမကတံခါးနားမှာ အနွေးပါတဲ့ ဖိနပ်တစ်ရံကို ပြောင်းစီးလိုက်ပြီး သူမအခန်းထဲကို ၀င်ဖို့လုပ်နေတုန်းမှာပဲ ချန်ရှု့က ဧည့်ခန်းထဲမှာမတ်တပ်ရပ်လိုက်သည်။
နောက်ဆုံးတော့ သူကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်။
"ခဏစောင့်ဦး"
ယဲ့ဆွေက ရပ်ကာ လှည့်ကြည့်လိုက်သည်။ ချန်ရှု့ ဘာပြောမလဲဆိုတာ သူမ မသိဘူး။ သူမက ထိုနေရာတွင် ရပ်လိုက်ပြီး ချန်ရှု့ သူမဆီ လျှောက်လာသည်ကို ကြည့်နေသည်။
ချန်ရှု့က ယဲ့ဆွေ ရှေ့ကိုဖြည်းဖြည်းချင်း လျှောက်သွားပြီး သူမ၏မျက်လုံးများကို စိုက်ကြည့်နေစဉ် ခေါင်းငုံ့လိုက်သည်။ သူတို့ရဲ့အကြည့်တွေက ညရဲ့တိတ်ဆိတ်မှုမှာဆုံသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် ချန်ရှု့ကခေါင်းငုံ့လိုက်ပြီး ယဲ့ဆွေ မျက်နှာကိုပွတ်သက်လိုက်သည်။
သူတို့နှစ်ယောက်ကြားက အကွာအဝေးက နီးကပ်လာသည်။
ချန်ရှု့က သူမ၏မျက်နှာက်ကို ဖမ်းဆုပ်လိုက်ပြီး နူးညံ့စွာနမ်းလိုက်သည်။
နူးညံ့တဲ့ အထိအတွေ့က သူမနှုတ်ခမ်းကို ချိုမြိန်မှုစွာ စုပ်ယူခဲ့သည်။
သူ့ရဲ့ရုတ်တရက် အနမ်းကြောင့် သူမအံ့သြသွားသည်။
သူမလည်ချောင်းက တုန်ယင်လာပြီး နူးညံ့သောအာခေါင်သံကို ပေးလိုက်မိသည်။
သူက သူမလက်များကိုသူ၏လည်ပင်းတွင်ပတ်ပြီး လျှာဖျားကိုလှန်လိုက်ပြီးသူ့ကိုပြန်နမ်းသည်။
အချိန်အကြာကြီး နမ်းကြသည်။ ယဲ့ဆွေက မျက်လုံးလေးပြူးနေပြီး သူမကိုပွေ့ဖက်ထားတဲ့ ချန်ရှု့က "မင်းအဲဒါကိုပြီးအောင် လုပ်ချင်တာမဟုတ်လား? " ဟုနောက်ဆုံးရှင်းပြခဲ့သည်။
ဒါကြောင့် သူတို့ပြန်လာတဲ့အခါမှာ ချန်ရှု့က သူမကို ပြီးအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ယဲ့ဆွေ မျက်ခုံးများက ပင့်တက်လာသည်။ ချန်ရှု့က ဤကဲ့သို့သောပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူတစ်ယောက်ယောက်ကို နမ်းတဲ့အခါမှာတောင် သူကအရမ်းလေးနက်ပြီး စေ့စပ်သေချာတယ်။
သူမက ခြေဖျားထောက် မတ်တပ်ရပ်ပြီး သူ့မျက်နှာကို အနမ်းများဖြင့်စိုက်ကာ ကျန်နှုတ်ခမ်းနီများအားလုံးကို သူ့ပါးပေါ်သို့ ရိုက်နှိပ်လိုက်သည်။
ချန်ရှု့က သူမရဲ့ စိတ်မြန်လက်မြန် အပြုအမူကြောင့် အံ့သြသွားသည်။ သူက သူ့နေရာမှာ အမြစ်တွယ်နေပြီး မတ်တတ်ရပ်လျက် ထိတ်လန့်သွားသည်။
ယဲ့ဆွေက စစ်မှန်တဲ့ အပြုံးကိုပေးခဲ့ပြီး လှည့်ကြည့်ကာသမင်မလေးလို ပြေးသွားခဲ့သည်။ သူမအခန်းထဲရောက်ခါနီးတွင် သူမကခွဲခွာခြင်း စကားအချို့ကို ပြောခဲ့သည်။
"Goodnigh ဒါလင်" သူမရဲ့နူးညံ့တဲ့ရွေ့လျားနေတဲ့အသံက သူတို့အိမ်လေးထဲက လေထုကိုချိုမြိန်စေခဲ့သည်။
ချန်ရှု့က ယဲ့ဆွေ ကျောကိုကြည့်ပြီး သူ့ပါးကိုတို့ထိလိုက်သည်။
သူမနှုတ်ခမ်းများက သူတို့၏နွေးထွေးမှုကိုချန်ထားခဲ့ပုံရသည်။
ယဲ့ဆွေ အခန်းတံခါးကို ပိတ်လိုက်ချိန်
ဧည့်ခန်း၌ သူတစ်ယောက်တည်းသာ ကျန်တော့သည်။
ချန်ရှု့လည်း သူ့အခန်းထဲကိုဝင်ပြီး ရေချိုးဖို့ သူ့အင်္ကျီကိုချွတ်လိုက်ကာ မှန်ရှေ့မှာရပ်လိုက်သည်။
ဒါပေမယ့် သူ့မျက်နှာပေါ်ကာ နှုတ်ခမ်းနီ အမှတ်အသားတွေကို မြင်လိုက်ရတဲ့အခါသူထပ်ပြီးအံသြမိသွားသည်။
မှိန်ဖျော့ဖျော့အလင်းရောင်က အခန်းတစ်ခန်းလုံးကိုပျံ့နှံ့သွားပြီး အရင်တုန်းကမြင်ကွင်းက သူ့စိတ်ထဲတွင်လင်းလက်သွားသည်။
ချန်ရှု့ရဲ့ နှုတ်ခမ်းက အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သူကသူ့လက်ကိုဆန့်လိုက်ပြီး ရေကိုဖွင့်လိုက်သည်။ ယဲ့ဆွေ သူ့ မျက်နှာမှာ ချန်ရစ်ခဲ့သော နှုတ်ခမ်းနီအရာများကိုသုတ်ရင်း ရေနွေးက သူ့လက်ချောင်းများမှတဆင့် စီးဆင်းသွားသည်။
ပြတင်းပေါက် အပြင်ဘက်တွင် နှင်းများကနေရာအနှံ့လျှောကျနေဆဲပင်။ ကောင်းကင်တစ်ပြင်လုံးတွင် နှင်းများကျနေသောအသံ မှလွဲ၍ မငြိမ်မသက်မှုသည်တိတ်ဆိတ်မှု မှလွဲ၍ ဘာမှမရှိတော့ဘဲညက ပိုပိုပြီးနက်လာသည်။
ကောင်းသောညမှာ အိပ်မက်က ပြတင်းပေါက်အပြင်ဘက်တွင် ရေခဲနှင့်နှင်းများကိုခွဲခြားထားသည်။
နှစ်သစ်ကူးမတိုင်မီ တစ်ရက်အလို။
ညဉ့်နက်လာသည်နှင့်အမျှ ကောင်းကင်မှနှင်းများကျဆင်းလာကာ အမှောင်ကောင်းကင်၌ နှင်းဖြူများကမှုန်ဝါးဝါးဖြစ်နေသည်။
မနက်ကတည်းက ချန်ရှု့ ယဲ့ဆွေကိုမတွေ့ပေ။ သူမမှာအလုပ်များတဲ့အချိန်ရှိခဲ့ပြီး မနက်ဖြန်အထိ တရားဝင်အားလပ်ရက်ရှိမှာ မဟုတ်ဘူး။
မနေ့က ချန်ရှု့ ချန်အိမ်တော်မှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ အထူးသဖြင့် သူ့အဖေက နှစ်သစ်ကူးအကြိုအခမ်းအနားအတွက် အိမ်ပြန်လာဖို့ သူ့ကိုသတိပေးတာပဲ။
ယဲ့ဆွေမှာ လုပ်စရာရှိလို့ သဘာဝအတိုင်းအဲဒီကိုမသွားနိုင်ဘူး။
ဒါကြောင့် ချန်ရှု့က ထိုနေရာကို သူတစ်ယောက်တည်းသာ သွားနိုင်သည်။
ချန်ရှု့က ဟွာရွေ့ ကုမ္ပဏီမှ ပြန်လာပြီးနောက် အိမ်အလွတ်တစ်လုံးက သူ့ကိုနှုတ်ဆက်လာသည်။
လူတစ်ဦး ပျောက်ဆုံးခြင်းနှင့်အတူ ၎င်းကအလွန်အထီးကျန်ဆန်လာသည်။
ချန်ရှု့က သူ့အ၀တ်တွေကို မလဲခဲ့ဘူး။ သူ့အခန်းကိုလည်းပြန်မသွားဘူး။
သူကဆိုဖာပေါ်မှာပဲထိုင်ပြီး နေ့လည်က ယဲ့ဆွေ သူ့ဆီပို့ခဲ့တဲ့ မက်ဆေ့ခ်ျလေးကိုကြည့်လိုက်သည်။
ယဲ့ဆွေက ချန်ရှု့ ဒီည ချန် အိမ်တော်ကိုသွားချိန်မှာ သူတို့ကိုဂရုမစိုက်ဘဲ နောက်ဆုံးအကြိမ်ကလို သူ့ကိုအနိုင်ကျင့်တာကိုခွင့်မပြုဘူး။
ယဲ့ဆွေက သူမ၏အားလပ်ချိန်၌ ဤစာကိုပို့ခဲ့သည်။
သူမ အခု အလုပ် အလွန်အလုပ်များနေတာကြောင့် ချန်ရှု့ကို သူမဆက်သွယ်နိုင်ခဲ့ပါ။
ချန်ရှု့က မက်ဆေ့ခ်ျကို အကြိမ်ကြိမ် ထပ်ခါထပ်ခါ ဖတ်ပြီးစကားလုံးတိုင်းကို အချိန်ကြာမြင့်စွာစိုက်ကြည့်နေသည်။
နောက်တစ်စက္ကန့်တွင် တိတ်ဆိတ်နေသော အခန်းထဲတွင် သူ့ဆဲလ်ဖုန်းက ရုတ်တရက် မြည်လာသည်။
ချန်မိသားစု၏ကားက သူ့ကိုခေါ်ဖို့အောက်ထပ်သို့ရောက်လာသည်။
ချန်ရှု့ရောက်လာသောအခါ ဧည့်သည်များစွာရှိနေပြီဖြစ်သည်။
သူဝင်လာသည်နှင့်တပြိုင်နက် ချန်မိသားစုမှလူများအားလုံးက သူ့ကိုကြည့်နေကြသည်။
အသက် ၃၀ မှာဖြစ်မယ့် ချန်ရှု့၏အကျပ်အတည်းအကြောင်းကို သူတို့အချို့သိသည်၊ သို့သော် သူကလုံခြုံနေခဲ့သည်။
ချန်ရှု့အပေါ် သခင်ကြီးချန်ရဲ့သဘောထားက ယခင်ကထက် အနည်းငယ် ပိုရင်းနှီးလာသည်။
သူကလျော်ကြေးပေးတယ်လို့ ပြောပေမယ့် ဒါကအခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်ပုံရသည်။
သခင်ကြီးချန်က သူ့စိတ်ပြောင်းသွားတာလား?
ချန်မိသားစု အမွေခံနေရာကို အစားထိုးမလားဆိုတာကို လူတိုင်းကခန့်မှန်းနေကြသည်။
ချန်ရှု့ရဲ့ မကြာသေးမီက အလုပ်ကချောမွေ့တာကိုသူတို့အားလုံးသိသည်။ သူ့မှာအရည်အချင်းရှိကြောင်းပြနေသည်။
နှိုင်းယှဉ်ရမယ်ဆို ချန်ရှို့က ဖျော်ဖြေရေးလောကတွင်ကျော်ကြားသူတစ်ဦး ဖြစ်ခဲ့ပြီး မည်သည့်ကုမ္ပဏီကိုမျှလုပ်ကိုင်ဖူးခြင်းမရှိပေ။ ဒါကြောင့် ချန်ရှု့က အမွေ ဆက်ခံဖို့ အခွင့်အလမ်းပိုရှိခဲ့သည်။
လူတိုင်းမှာကိုယ်ပိုင် စိတ်ကူးစိတ်သန်းတွေရှိသည်။ ဒါကြောင့် ချန်ရှု့ အပေါ် သူတို့ရဲ့သဘောထားက ပုံမှန်ကနေ ပိုနွေးထွေးလာသည်။
"ချန်ရှု့ မင်းရဲ့အလုပ်အကိုင်က မကြာသေးခင်ကကောင်းကောင်းအောင်မြင်ခဲ့တယ်လို့ ငါကြားတယ်။
မင်းဒုက္ခရောက်ရင် ငါ့ကိုအချိန်မရွေးခေါ်နိုင်တယ်။ ”
ချန်မိသားစု အကြီးအကဲတစ်ဦးက ဆန္ဒပြုရန်အဆိုပြုချက်ကို အစပြုခဲ့သည်။
ထို့နောက် သူကသူ့၏စီးပွားရေးကတ်ကို ထုတ်ပြီး သူ့အားပေးခဲ့သည်။
ချန်ရှု့က တည်တည်ငြိမ်ငြိမ်ဘဲ စီးပွားရေးကတ်ကိုယူလိုက်သည်။
သူ့(ချန်မိသားစုအကြီးအကဲ) လုပ်ရပ်တွေကြောင့် သူ မမြှောက်သွားခဲ့ဘူး။
ဒီအကြီးအကဲအပြင် လူတွေတော်တော်များများက ချန်ရှု့နဲ့သူတို့ရဲ့ဆက်ဆံရေးကို ပြေလျော့စေချင်ကြသည်။
ချန်ရှု့သာ အမွေစား အမွေခံဖြစ်လျှင် သူနှင့်ကောင်းမွန်သော ဆက်ဆံရေးရှိဖို့ လိုအပ်သည်။
မဝေးတဲ့နေရာက ချန်ရှို့က ဤမြင်ကွင်းကို သဘာဝအတိုင်းမြင်ခဲ့သည်။
ချန်းယင်က သူ့ဘေးမှာရပ်နေပြီး သူမျက်နှာပျက်သွားသလို ခံစားမိခဲ့သည်။
အများအားဖြင့် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လူတိုင်းက သူ့ကိုပထမဆုံး ၀န်ဆောင်မှုပေးခဲ့ပေမယ့် အခုတော့လူတိုင်းက ချန်ရှု့ ကိုချီးမွမ်းနေကြသည်။
ဤဆွေမျိုးများက သူ့အားဦးတည်နေဆဲဖြစ်သော်လည်း သူတို့၏အပြုအမူ အပြောင်းအလဲများက သူ့အတွက်အတိတ်နိမိတ်တစ်ခုနှင့်ပိုတူသည်။
ဒါက သူ့ကိုသူ့ဆီကနေ ယူသွားဖို့ အရေးကြီးတဲ့အရာတစ်ခုရဲ့အစဖြစ်နိုင်သည်။
သူက ဒါကိုတွေးမိတဲ့သူ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိသာထင်ရှားသည်။
သူ့ဆွေမျိုးများပင် လေလမ်းကြောင်း၏ ပြောင်းလဲမှုကို ခံတွင်းတွေ့ကြသည်။
ချန်ရှို့က ဖျော်ဖြေရေးလောကတွင် နှစ်ပေါင်းများစွာနေခဲ့ပြီး ရုပ်ရှင်များစွာတွင် သရုပ်ဆောင်ခဲ့သော်လည်းပထမဆုံးအကြိမ်အဖြစ် သူ့စကားအသုံးအနှုန်းကိုကောင်းစွာမထိန်းချုပ်နိုင်ခဲ့ပေ။
သူ့မျက်နှာပျက်သွားသည်။
ချန်းယင်က ချန်ရှို့ အကြည့်ကို အမြဲဂရုပြုထားတာကြောင့် ချန်ရှို့ အကြည့်များ ပြောင်းလဲသွားခြင်းက သူမမျက်လုံးထဲ ရောက်သွားသည်။
ချန်ရှို့က ချန် မိသားစု၏ ကြွယ်ဝမှုကို အမွေမခံနိုင်လျှင်သူမက ယဲ့ဆွေအောက်မှာ ထာဝရရှိနေလိမ့်မည်။
ချန်ရှု့က ချန်ရှို့လိုချင်တဲ့ အရာကိုဂရုမစိုက်ဘဲ အတိတ်ကသူ့ကိုလျစ်လျူရှုထားသည့် အခြားသူများက သူ့ကိုပိုသက်တောင့်သက်သာဖြစ်စေတယ်လို့ ခံစားခဲ့ရသည်။
သို့သော်လည်း ဤလူများ၏လုပ်ရပ်များက သူတို့၏အရေခြုံမှုကို မြင်စေခဲ့ပြီးယဲ့ဆွေကို ပြန်စဉ်းစားရန် သူမကူညီနိုင်ခဲ့ပေ။
ချန်ရှု့ရဲ့
လက်ကိုင်ဖုန်းက အိတ်ကပ်ထဲက ရုတ်တရက်မြည်လာပြီး သူ့ကိုပေါင်မုန့်ကင်မည့်သူအား လက်ဟန်ပြလိုက်သည်။
"ငါ ဖုန်းအရင်ဖြေလိုက်ဦးမယ်"
နောက်ဆုံးတွင် ချန်ရှု့က အသက်ရှူကျပ်တဲ့ ညစာစားပွဲမှထွက်ခဲ့သည်။
သူကဥယျာဉ်ထဲ ၀င်သွားပြီးအေးသောလေကို ခံစားခဲ့ရသည်။ ယဲ့ဆွေ အလုပ်က သူ့ကိုခေါ်ဖို့ထိအားသွားပြီလား။ ချန်ရှု့၏မျက်လုံးများက ကြည်လင်စွာဖြင့် မိုဘိုင်းလ်ဖုန်း မျက်နှာပြင်ပေါ် ကျသွားသောအခါ ရုတ်တရက် အမှောင်ကျသွားသည်။
ဖုန်းမြည်တာကြာပြီ။
စက္ကန့်အနည်းငယ် တုံ့ဆိုင်းပြီးနောက် ချန်ရှု့က ဖုန်းမြည်သံမဆုံးခင် ဖြေမယ့်ခလုတ်ကိုနှိပ်လိုက်သည်။
"အားရှု့" ၎င်းက အခြားလိုင်းမှ ထွက်လာသော ရှန်းယွင်ရဲ့ အနည်းငယ် စိတ်လှုပ်ရှားနေတဲ့ အသံဖြစ်သည်။
သူမက မသိလိုက်ဘဲ နှိမ့်ချလိုက်သည်။
ရှန်းယွင်ရဲ့ စိတ်လှုပ်ရှားမှုကြောင့် ချန်ရှု့၏စိတ်အခြေအနေမထိခိုက်ပါ။ သူက သူ့အမေနှင့် မရင်းနှီးသလို သူမနှင့်လည်း ရင်းရင်းနှီးနှီးမနေခဲ့ပါ။
"ဘာများကူညီပေးရမလဲ?"ချန်ရှု့က ယဲ့ဆွေကိုသာ သူ့မိသားစုအဖြစ် သတ်မှတ်ခဲ့သည်။ ရှန်းယွင်နဲ့ ပတ်သက်ပြီး သူမက သူ့ကိုမွေးဖွားပေးခဲ့သူတစ်ယောက်သာဖြစ်သည်။
ရှန်းယွင် မသိတာက နှစ်ပေါင်းများစွာမိခင်အချစ်မေတ္တာကင်းမဲ့တာကို နောင်တအနည်းငယ် နှစ်သိမ့်စကားအနည်းငယ်နဲ့စာမဖွဲ့နိုင်ဘူးဆိုတာဘဲ။
ရှန်းယွင်ရဲ့ ဒုတိယခင်ပွန်းက ကွယ်လွန်သွားခဲ့သည်။
သူမက ကြီးစွာသောကံကြမ္မာကို အမွေခံခဲ့ပေမဲ့ နှစ်သစ်မှာ သူမကို လိုက်ပို့မယ့်သူကိုရှာမတွေ့ခဲ့ဘူး။
သူမအသက်ကြီးတာကြောင့် သူမကိုပြုစုစောင့်ရှောက်မယ့် သားဖြစ်သူနဲ့ နေ့ရက်တွေကိုပျော်ရွှင်ချင်သည်။
သူမကပျော်ရွှင်ပြီးနားနားနေနေ အသက်ကြီးသွားမှာကို
လိုချင်ခဲ့သည်။
"ချန်မိသားစုက မင်းအတွက်မကောင်းပါဘူး။
ဒီနှစ်မှာနှစ်သစ်ကူးအကြိုဆင်နွှဲဖို့ မင်းအမေ့ဆီကိုလာပါလား " ရှန်းယွင်က ချန်ရှု့ ယဲ့ဆွေကို ဂရုစိုက်တာကို သိတာကြောင့် သူမချက်ချင်း ထပ်ပြောခဲ့သည်။ "ယဲ့ဆွေကိုလည်း ခေါ်လာလို့ရတယ် "
ယဲ့ဆွေ နာမည်ကြောင့် ချန်ရှု့ မျက်လုံးများက အနည်းငယ် ပျော့ပျောင်းသွားသည်။
သူက တိတ်ဆိတ်နေတဲ့နှင်းပွင့်လေးတွေကို ကြည့်ပြီး သူ့နှုတ်ခမ်းကိုအေးအေးဆေးဆေး ဖွင့်လိုက်သည်။
“ မလိုပါဘူး။ စိတ်ပူပေးတဲ့အတွက် ခင်များကိုကျေးဇူးတင်ပါတယ်။
နှစ်သစ်ကူးအကြိုမှာ ခင်များဆီကိုလဲ မလာချင်ဘူး။" ချန်ရှု့က ရှန်းယွင်ရဲ့ တောင်းဆိုမှုကို ယဉ်ယဉ်ကျေးကျေးငြင်းဆိုခဲ့သည်။
ချန်ရှု့ လေသံက ပေါ့ပါးသော်လည်း ရှန်းယွင်က သူ့အသံကို သတိပြုမိကာ ဖုန်းကိုသာ ဝမ်းနည်းစွာချလိုက်နိုင်သည်။
ချန်ရှု့က ငြီးငွေ့စရာပါတီကို ပြန်မသွားဘဲ ယဲ့ဆွေ အိမ်မှာ မရှိသေးတာကြောင့် ဥယျာဉ်၌ခဏနေခဲ့သည်။
သူမနည်းနည်းနောက်ကျမှ ပြန်လာလိမ့်မည်။
ချန်ရှု့က သူတို့တိုက်အောက်ထပ်ကို ရောက်လာသည်။
တိုက်ရိုက်တက်မည့်အစား သူကရပ်ကွက်တစ်ဝိုက်ကို လမ်းလျှောက်ခဲ့သည်။ ယဲ့ဆွေနဲ့ သူလျှောက်ခဲ့သောလမ်းကြောင်းကို သူခြေရာခံမိသည်။
အပေါ်ဘက်၌ ကောင်းကင်က နှင်းများနှင့်အတူ စီးဆင်းနေပြီးနူးညံ့သောနှင်းပွင့်များလည်း ကျဆင်းနေဆဲဖြစ်သည်။
အိမ်တိုင်းအိမ်တိုင်း၌မီးများထွန်းထားပြီး လူတိုင်းနီးပါးက အပြင်မှာ လမ်းမလျှောက်ဘဲ အိမ်တွင်သာနေခဲ့သည်။
ထို့ကြောင့် ထိုနေရာက အနည်းငယ် တိတ်ဆိတ်သွားသည်။
ချန်ရှု့က လှည့်ပတ်ကြည့်ပြီးသူတို့တိုက်အောက်ကိုပြန်လာခဲ့သည်။
သူဓာတ်လှေကားပေါ်တက်ခါနီးတွင်သူ၏အမြင်အာရုံက ရုတ်တရက် မှေးမှိန်သွားသည်။
အေးစက်တဲ့ လက်တစ်စုံက သူ့မျက်လုံးများကိုအုပ်ထားသည်။
နောက်တစ်စက္ကန့်တွင် သူ့နောက်မှလူတစ်ဦးက ချန်ရှု့ ပုခုံးပေါ်မေးစေ့ကို တင်လိုက်သည်။ ရင်းနှီးသောအသက်ရှုသံတစ်ခုထွက်ပေါ်လာသည်နှင့်အမျှ သူ့ပါးစပ်ထောင့်များက ကွေးကောက်သွားသည်။
ယဲ့ဆွေက ချန်ရှု့ရဲ့ နားထံ
“ သုံး၊ နှစ်၊ တစ်” လို့နူးညံ့စွာပြောခဲ့သည်။
ရေတွက်မှု အဆုံးတွင် ယဲ့ဆွေက ရယ်လိုက်ပြီး ချန်ရှု့ကိုပြောလာသည်။
"ချန်ရှု့ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ"
ယဲ့ဆွေက သူ့ မျက်လုံးများမှ သူမလက်ကို ဖယ်လိုက်သည်။
ချက်ချင်း ထွက်သွားမယ့်အစား သူမလက်ကိုဆန့်ထုတ်လိုက်ပြီး သူ့လည်ပင်းကိုချိတ်လိုက်ပြီး ချန်ရှု့ရဲ့ပခုံးပေါ်မှာ တင်လိုက်သည်။
"ချန်ရှု့ ကျွန်မခြေထောက်တွေ အရမ်းပင်ပန်းနေပြီ" ယဲ့ဆွေက တစ်နေ့လုံးအပြင်မှာ ရပ်နေရသဖြင့် သူမပါးစပ်ထဲကို ရေတစ်ပေါက်တောင် မဝင်သေးပေ။
ချန်ရှု့က ရုတ်တရက် အောက်ထိုင်လိုက်တာကြောင့် ယဲ့ဆွေက အေးခဲသွားသည်။
သူက သူ့လည်ပင်းမှာပတ်ထားတဲ့ ယဲ့ဆွေ ရဲ့လက်ကိုပုတ်လိုက်သည်။
"ကိုယ် မင်းကိုကျောပိုးပေးမယ် "
ယဲ့ဆွေက ချန်ရှု့ရဲ့ စကားကို ကြားသောအခါသူမခဏတာတုန်လှုပ်သွားခဲ့ပြီးချက်ချင်းဆိုသလို ငြင်းဆန်ခဲ့သည်။ "မဟုတ်ဘူး ကျွန်မတို့ကိုမြင်သွားလိမ့်မယ် "
ဘယ်လိုဘဲဖြစ်ဖြစ် ချန်ရှု့က သူ့ဆုံးဖြတ်ချက်ကို မပြောင်းခဲ့ပေ။ “ ဒီမှာဘယ်သူမှမရှိဘူး။
မင်း ဦးထုပ်ဆောင်းထားလို့ရတယ်”
ယဲ့ဆွေက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးပတ်ဝန်းကျင်၌ လူအနည်းငယ်သာရှိသည်။
သို့မှသာသူမက ချန်ရှု့ ကျောပေါ်တွင်တက်ရဲသည်။
"ရှင့်ရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် ယောက်ျား"
ချန်ရှု့ရဲ့ မျက်လုံးတွေက အပြုံးတစ်ခုနှင့်အတူတောက်ပလာသည်။
သူက ယဲ့ဆွေ ကိုချလိုက်ပြီး သူမအား "ဦးထုပ်" မမေ့ဖို့ သတိပေးခဲ့သည်။
ယဲ့ဆွေက သူမမျက်နှာအများစုကို ဖုံးအုပ်ထားသော ဟူဒီ ဦးထုပ်ကို ဝတ်လိုက်သည်။
သူမက လည်ပင်းမှာပတ်ထားတဲ့ပဝါတစ်ဝက်ကိုချွတ်ပြီး ချန်ရှု့ရဲ့လည်ပင်းမှာပတ်လိုက်သည်။
ယဲ့ဆွေရဲ့ ခန္ဓာကိုယ်အပူချိန်က ခုထိကျန်နေသေးပြီး ချန်ရှု့က မျက်နှာလွှဲလိုက်သည်။
ပတ်ဝန်းကျင်မှာ လူသူကင်းမဲ့နေသည်ကို ယဲ့ဆွေမြင်သည်မို့ သူမ ပိုရဲရင့်လာသည်။
သူမက ဦးထုပ်အထူကိုဆောင်းထားသည်။
သူမဘာလုပ်နေတယ်ဆိုတာကိုဘယ်သူမှ သိမှာမဟုတ်ဘူး။
ချန်ရှု့က သူ့ဘေးနားက ယဲ့ဆွေရဲ့ နူးညံ့တဲ့ နှုတ်ခမ်းအထိအတွေ့ကို ရလိုက်သည်။
"ချန်ရှု့ ရှင့်မျက်နှာက အရမ်းအေးနေတယ်။ ကျွန်မ ရှင့်ကို နွေးအောင်လုပ်ပေးမယ် " ယဲ့ဆွေက ချန်ရှု့ကို အစောက စတွေ့တာနဲ့ သူ့စိတ်ထဲမကောင်းဘူးဆိုတာကို သူမခံစားလိုက်ရသည်။
ယဲ့ဆွေက အနည်းနှင့်အများ ခန့်မှန်းမှုများရှိသော်လည်းသူမ၎င်းတို့အား တိုက်ရိုက်ထုတ်မပြောလိုပေ။
ထို့ကြောင့် သူမက သူ့ကို ချော့ဖို့ အခြားနည်းလမ်းတစ်ခုကိုရွေးလိုက်သည်။
ချန်ရှု့က ယဲ့ဆွေကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး ရှေ့သို့မသွားမီ ပထမတော့ အံ့သြသွားသည်။
ယဲ့ဆွေက လန့်သွားပြီး ချန်ရှု့ လည်ပင်းကို သူမတင်းကျပ်စွာဆုပ်ကိုင်ထားသည်။
ချန်ရှု့ စိတ်အခြေအနေက ပြန်လည်ကောင်းမွန်လာတာကို သဘောပေါက်လိုက်သောအခါ သူမနှုတ်ခမ်းမှာ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်။
"ကောင်းပြီ ချန်ရှု့ ရှင်ဒီလိုဟာသတွေကို လုပ်နိုင်တယ်ပေါ့။
ပြော ရှင်ဘယ်သူ့ဆီကသင်ခဲ့တာလဲ?
"
ချန်ရှု့က ပြုံးလိုက်သော်လည်း ဘာမှမပြောခဲ့ပေ။ သူက တမင်တကာရှေ့ကိုပြေးတဲ့အမူအရာကို လုပ်ခဲ့သည်။
ယဲ့ဆွေက အလွန်ထိတ်လန့်သွားပြီး ချန်ရှု့၏ခါးတွင်သူမခြေထောက်များကို ချက်ချင်းချိတ်လိုက်သည်။
"မလုပ်နဲ့ ... မလုပ်နဲ့ ချန်ရှု့ မကောင်းဘူး"
နှင်းတွေက ပိုပိုထူလာပြီး နေရာအနှံ့မှာအေးစိမ့်စိမ့်ဖြစ်လာသည်။
သို့သော် ဤနှင်းများ ထူထပ်စွာကျနေချိန် ယဲ့ဆွေရဲ့ရယ်သံက အခါအားလျော်စွာဖြစ်ပေါ်ခဲ့ပြီး နှင်းများကိုတောင်မအေးစေပါ။
နောက်တစ်နေ့တွင် ယဲ့ဆွေနဲ့ ချန်ရှု့တို့က နှစ်သစ်ကူးပွဲတော်အတွက် ယန်လန် အိမ်ကို ပြန်ဖို့ပြင်ဆင်ကြသည်။
ချန်ရှု့ ရဲ့အဖေက သူတို့ကို ချန်အိမ်တော်ကို ပြန်လာစေချင်ခဲ့ပေမယ့် ယန်လန် တစ်ယောက်တည်းရှိနေတာကြောင့် သူမကိုတစ်ယောက်တည်းထားဖို့က မလျော်ကန်ပေ။
ခရီးဆောင်အိတ်ကို အရင်နေ့ကတည်းက ပြင်ဆင်ထားသည်။ ချန်ရှု့က ယဲ့ဆွေကို သူမအခန်းမှာ အနားယူခွင့်ပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူကနွားနို့တစ်ခွက်ကိုပူအောင်လုပ်ပြီး ယဲ့ဆွေကို ထသောက်ဖို့ ပြောခဲ့သည်။
ယဲ့ဆွေက မနေ့က အလွန်ပင်ပန်းခဲ့သဖြင့် ချန်ရှု့က သူမကို ကောင်းကောင်းအိပ်ပျော်စေချင်သည်။
ယဲ့ဆွေ ရေချိုးပြီးနောက် သူမကကြောင်တက်တက်ဖြစ်နေတုန်းပင်။ ချန်ရှု့က သူမကိုမနှိုးဘဲ ကားထဲမှာဆက်အိပ်ခွင့်ပေးခဲ့သည်။
ကားမထွက်ခင် ယဲ့ဆွေ ရဲ့အိတ်ထဲကဆဲလ်ဖုန်းကရုတ်တရက်မြည်လာသည်။
၎င်းက ယန်လန် ထံမှခေါ်ဆိုမှုတစ်ခုဖြစ်သည်။
ချန်ရှု့က ချက်ချင်းဖုန်းကိုယူကာ ကားပေါ်မှဆင်းသွားပြီး "ယောက္ခမ" ဟုလေးစားသော လေသံဖြင့်ပြန်ပြောသည်။
ယန်လန်က စက္ကန့်အနည်းငယ်မျှ အံအားသင့်သွားပြီးသူမကပြုံးပြီးဆက်ပြောခဲ့သည်။
"အိုး အဲဒါ ရှောင်ရှု့"
“ ယဲ့ဆွေ မနေ့ကအလုပ် အရမ်းရှုပ်ခဲ့တာမလို့ ကျွန်တော် သူမကို ကားထဲမှာဆက်အိပ်စေချင်လို့ "လို့ ချန်ရှု့က
ရှင်းပြလိုက်သည်။
ယန်လန်၏လေသံက အလွန်နူးညံ့သိမ်မွေ့သည်။
“ အမေ ပြောမှာက အရေးမကြီးပါဘူး။ မင်းကိုလမ်းမှာသတိထားစေချင်တယ်။
အခုနှင်းတွေကျနေပြီး မြေကြီးက အရမ်းချော်နေတာ။
ကားမောင်းတဲ့အခါသတိထားပြီး ဂရုတစိုက်မောင်းနော်။ အရမ်းမြန်မြန် မမောင်းလာနဲ့”
ယန်လန်က ခဏလောက် နာပူနားဆာလုပ်နေပေမယ့် ချန်ရှု့က စိတ်ရှည်ရှည်နဲ့ပြန်ဖြေခဲ့သည်။
နောက်ဆုံးတွင် ယန်လန်က သူ့အားတိုက်တွန်းနှိုးဆော်မှုကိုရပ်တန့်လိုက်သည်။
“ အစားအသောက်ကအဆင်သင့်ဖြစ်ပြီ။ မင်းတို့ကို အိမ်မှာစောင့်နေမယ် "
ဖုန်းချလိုက်ပြီးနောက်မှာ ချန်ရှု့က ကားထဲတွင်ပြန်ထိုင်လိုက်သည်။
သူကအိပ်ပျော်နေဆဲ ယဲ့ဆွေကို ကြည့်ပြီးသူ့မျက်လုံးထဲမှာ အပြုံးတစ်ခုနဲ့။ အစောက ယန်လန် ပြောခဲ့တဲ့ စကားကိုသူစဉ်းစားမိသည်။
အိမ်
၎င်းက ယဲ့ဆွေရဲ့ အိမ်သာမက အခု သူ့အိမ်လည်းဟုတ်သည်။
ချန်ရှု့က ကားကိုစမောင်းက ယန်လန်၏အိမ်ကို ဦး တည်မောင်းသွားခဲ့သည်။ ယဲ့ဆွေ နိုးလာချိန်မှာ မိုင်ဝက်ကျော်ကျော်လောက် ရောက်နေပြီ။
သူမမျက်လုံးတွေကိုပွတ်ပြီး အရှေ့ကိုကြည့်လိုက်သည်။
ယဲ့ဆွေ ပြတင်းပေါက်က ကြည့်လိုက်ချိန်ထိ သူမအသံက ရှုပ်ထွေးမှုများနှင့်ပြည့်နှက်နေဆဲပင်။
"ချန်ရှု့ နှင်း"
တစ်ညလုံးနှင်းတွေကျခဲ့ပြီး မြေကြီးပေါ်မှာ အဖြူရောင်စောင်နဲ့ ဖုံးလွှမ်းနေပြီ။
ပြတင်းပေါက်များပေါ်တွင်နှင်းပွင့်များကျပြီး မကြာမီပျောက်ကွယ်သွားသည်။ လေအေးကို ကာကွယ်ဖို့ နွေးထွေးတဲ့ လေအေးပေးစက်ကိုဖွင့်ခဲ့သည်။
သူက“ ဟုတ်တယ်” လို့ပြန်ပြောလိုက်ပြီး ဖယ်ထားသောခွက်ကို ယဲ့ဆွေအားလွှဲလိုက်သည်။
"ရေနွေး "
ယဲ့ဆွေက ခွက်ကိုနာခံစွာယူလိုက်ပြီး နည်းနည်း သောက်လိုက်သည်။
မကြာခင်မှာပဲ ကားက ယန်လန် အိမ်ကိုရောက်သွားသည်။
ယနေ့ကနှစ်သစ်၏ ပထမဆုံးနေ့ဖြစ်သည်။
နေရာတိုင်းတွင်မီးအိမ်များနှင့် အလှဆင်မှုများရှိခဲ့ပြီး လူတိုင်းနှစ်သစ်ကိုဆင်နွှဲခဲ့ကြသည်။
ချန်ရှု့နဲ့ယဲ့ဆွေတို့ ယန်လန် အိမ်ထဲသို့ ၀င်သောအခါတံခါးက ပွင့်နေပြီဖြစ်သည်။ စားပွဲပေါ်တွင် ပန်းကန်များပြည့်နေတဲ့ စားပွဲတစ်ခုရှိခဲ့ပြီး ယန်လန်က မီးဖိုချောင်၌ အလုပ်များနေဆဲဖြစ်သည်။
ယဲ့ဆွေက ယန်လန်ကိုမီးဖိုချောင်မှ တွန်းထုတ်လိုက်ပြီး ချန်ရှု့နှင့် နောက်ဆုံး ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။
ဆောင်းရာသီတွင်ညက စောစောရောက်လာပြီး ညနေခြောက်နာရီမထိုးခင် မှောင်နေပြီဖြစ်သည်။
ဤမိသားစုပြန်လည်ဆုံဆည်းမှုက ချန်အိမ်တော်နဲ့ ကွဲပြားသည်။
သူတို့သုံးယောက်သာ ရှိသော်လည်း ချန်ရှု့က အထီးကျန်ခြင်းကို လုံးဝမခံစားရပေ။
သန်းခေါင်ယံအချိန်မှာ ယဲ့ဆွေက ချန်ရှု့ကို အိမ်ထဲကနေဆွဲထုတ်ပြီးခြံထဲမှာရပ်နေသည်။
သန်းခေါင်ယံတွင် ကောင်းကင်က ရုတ်တရက် လင်းလာပြီး မီးရှူးမီးပန်းများက ထွက်လာသည်။
လှပသောမီးရှူးမီးပန်းများက ည၌ထွန်းညှိထားသည်။
ယဲ့ဆွေက ပြုံးပြီးမီးရှူးမီးပန်းများရဲ့ဆူညံသံကြောင့် အသံကို မြှင့်လိုက်သည်။
"ချန်ရှု့ နှစ်သစ်မှာပျော်ရွှင်ပါစေ။ "
အဖြူရောင်နှင်းပွင့်များနှင့်အတူ မီးတောက်များက အစွန်းဆုံး တောက်ပစွာပွင့်ထွက်လာခဲ့သည်။
ယခုနှစ်ဆောင်းရာသီက ယဲ့ဆွေနဲ့ ချန်ရှု့တို့ အတူရှိတဲ့
ပထမဆုံးနှစ်သစ်ဖြစ်သည်။
ထိုညက တစ်လအတွင်း အအေးဆုံးအပူချိန်ဖြစ်သော်လည်း သူ့အနားမှာရှိနေစဉ် နွေးထွေးဆုံးညလို ယဲ့ဆွေ ခံစားမိသည်။
သူမက ချန်ရှု့နဲ့အတူနေချင်ပြီး ဘယ်တော့မှ ခွဲခွာမှာမဟုတ်ဘူး။