အပိုင်း ၁၁၂
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၁၂ - အဲ့ဒါက စျေးကြီးတယ် မခွဲပစ်လိုက်နဲ့

 

 

 

 

 ချန်ရှို့က ချန်ရှု့ ဟွာရွေ့ ဥက္ကဌဖြစ်ကြောင်းသိလာသောအခါ သူထိတ်လန့်သွားပြီး အကြောင်းအရာတစ်ခုကို စတင်တွေးတောလိုက်သည်။  ချန်ရှု့နဲ့ သူ့ရဲ့ဆက်ဆံရေးကို ဘယ်လိုပိုကောင်းအောင်လုပ်နိုင်မလဲ?

 

 

 ချန်ရှု့နဲ့ သူ့ဆက်ဆံရေးက ဝေးကွာခဲ့သည်။  သူက ဥက္ကဌချန်နှင့် အဆက်အသွယ်ရဖို့ အိပ်မက်မက်ခဲ့သည်။ အခုတော့ ချန်ရှု့က ဟွာရွေ့၏ ဥက္ကဌဖြစ်မှန်း သူသိလာသောကြောင့် ဒါကိုအခွင့်ကောင်းယူရမည်။

 

 

 ချန်ရှို့နဲ့ ချန်းယင်တို့က အချင်းချင်းဆွေးနွေးကြပြီး ယဲ့ဆွေနဲ့ ချန်ရှု့ကို ထမင်းစားဖိတ်ကျွေးဖို့ အခွင့်အလမ်းတစ်ခုကိုရှာဖို့ အစီအစဉ်ဆွဲခဲ့သည်။ ညစာစားပွဲတွင် သူက သူ့ရဲ့ကောင်းမွန်သော ကြင်နာမှုကို ဦးစွာပြသပြီး စုံတွဲ၏ မျက်နှာသာပေးမှုကို ရယူလိမ့်မည်။

 

 

 အဲဒီနောက် သူကစကားကောင်းတွေ အများကြီးပြောပြီး ယဲ့ဆွေနဲ့ချန်ရှု့ရဲ့သတိရှိမှုကို လျှော့ချဖို့ဆက်လုပ်ဆောင်မည်။ နောက်ဆုံးမှာတော့ သူက သူတို့နဲ့ပြန်လည်ညှိနှိုင်းဖို့ ကမ်းလှမ်းလိမ့်မယ်၊ ပြီးရင်တော့ ချန်ရှု့က သဘောတူလိမ့်မည်။

 

 

 ချန်ရှို့ရဲ့ ကြီးမားသော အစီအစဉ်က သိသိသာသာလေးနက်ခဲ့ပြီး အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်ခဲ့သည်။

 

 

ထို့ကြောင့် ချန်ရှို့က ချန်ရှု့ နံပါတ်ကို ခေါ်ပြီး သူ၏ကြီးကျယ်သော အစီအစဉ်ကို စတင်ခဲ့သည်။  "တတိယ ဦးလေး၊ ကျွန်တော် ခင်များကိုတွေ့ချင်တယ်။ ကျွန်တော်တို့ လူကိုယ်တိုင် ပြောဖို့လိုတဲ့အရာတွေရှိတယ်။ "

 

 

ချန်ရှု့ ကသဘောမတူခင် စက္ကန့်အနည်းငယ်လောက် ရပ်တန့်လိုက်သည်။ ချန်ရှို့ သက်ပြင်းချလိုက်သည်။

 

 

 ညစာစားပွဲနေ့တွင် ချန်ရှို့နဲ့ ချန်းယင်တို့က စားသောက်ဆိုင်၏ သီးသန့်အခန်းသို့ စောစောစီးစီးရောက်ရှိလာခဲ့သည်။  သူတို့ကအဲ့မှာထိုင်ပြီး တံခါးကိုစေ့စေ့ကြည့်နေကြသည်။

 

 

ခဏအကြာတွင် တံခါးကပွင့်လာခဲ့ပြီး ချန်ရှု့နဲ့ ယဲ့ဆွေတို့ ဝင်လာခဲ့သည်။

 

 

ယဲ့ဆွေက ချန်ရှို့နဲ့ ချန်းယင်တို့ကို တစ်ချက်ကြည့်လိုက်သည်။ ထိုနေ့က လေလံပွဲအပြီးတွင် ချန်းယင်က ချန်ရှု့ရဲ့ ဝိသေသလက္ခဏာကို သဘောပေါက်သွားခဲ့တာပဲ ဖြစ်ရမည်။ သူမက ဒီနေ့ရဲ့ထမင်းစားချိန်၌ သူတို့ဘာလုပ်မှာလဲဆိုတာကို မြင်ချင်သည်။

 

 

  ချန်ရှို့က သူတို့ကိုမြင်သည်နှင့် သူက ချန်းယင် ကိုဆွဲလိုက်ပြီး နှစ်ယောက်သားမတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်ကြသည်။

 

 

 ချန်ရှို့က ချန်ရှု့ရဲ့ မျက်နှာကိုကြည့်လိုက်ပြီး ကြင်နာသောအပြုံးကို ပြသနေလေသည်။  "တတိယ ဦးလေး"

 

 

 ထို့နောက် ချန်ရှို့က ယဲ့ဆွေကို ကြည့်ပြီး "ဒေါ်လေး" ဟုရိုးသားစွာခေါ်ခဲ့သည်။

 

 

 သူ့မျက်နှာပေါ်မှ အပြုံးက အရင်ကထက် ပိုတောက်ပလာသည်။

 

 

ယဲ့ဆွေက မျက်ခုံးမပင့်မီ စက္ကန့်အနည်းငယ်အလိုတွင် သူ့ကိုအံ့သြသွားခဲ့သည်။  ချန်ရှို့ရဲ့ ယနေ့သဘောထားက ခါတိုင်းနှင့်မတူပေ။

 

 

အရင်တုန်းက သူမကိုတွေ့တဲ့အခါမှာ သူကအေးစက်တဲ့မျက်နှာ ဒါမှမဟုတ် ကြွစောင်းစောင်းပုံစံနဲ့လူလို ဖြစ်လိမ့်မည်။  သူ့မျက်လုံးထဲမှာတော့ သူမက ဘာမှမဟုတ်ခဲ့ပေ။

 

 

ယဲ့ဆွေ တုန့်ပြန်မှုမရှိတာကို သတိထားမိသောအခါ ချန်ရှို့က ချန်းယင်၏ လက်ကိုဆုပ်ကိုင်ကာ "နှုတ်ဆက်လိုက် " ဟု တိုးတိုးလေး ပြောလိုက်သည်။

 

 

  ချန်းယင်က သူမပါးစပ်ကို ဖွင့်လိုက်သော်လည်း အသံမထွက်ခဲ့ပေ။  ယဲ့ဆွေကို ဒေါ်လေးအဖြစ်ပြောရန် သူမရဲ့မျက်နှာက မတင်းနိုင်သေးပေ။

 

 

ချန်းယင်က သူနဲ့ပူးပေါင်းခြင်းမရှိတာကို မြင်သောအခါသူအနည်းငယ် စိုးရိမ်ပူပန်လာပြီး သူမရဲ့နားထဲသို့တိုးတိုးလေးပြောလိုက်သည်။ "ကိုယ်တို့အရင်ကသဘောတူထားတယ် မဟုတ်လား?"

 

 

ယဲ့ဆွေက သူမနှလုံးသားထဲတွင် လှောင်ပြောင်သရော်လိုက်သည်။  သူမက ချန်ရှု့ကို ကြည့်ပြီး သူ့ကိုမသိမသာပြုံးပြလိုက်သည်။ ထို့နောက် သူမက တမင်တကာပြောခဲ့သည်။ "ဒီနေ့ထမင်းစားဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်။ ကျွန်မတို့ အရင်ထွက်သွားရတာပေါ့ "

 

 

ချန်ရှု့က ယဲ့ဆွေ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်သည်။  "ဒါက လေးနက်မှုမရှိဘူး" သူ့လေသံက အတော်လေး လေးလံနေခဲ့သည်။

 

 

ယဲ့ဆွေက ထွက်သွားရန် ဟန်ဆောင်လိုက်သည်။  ချန်ရှု့လည်း သူမနှင့်ပူးပေါင်းပြီး လှည့်လိုက်သည်။

 

 

  ချန်ရှို့က ပူနေတဲ့အုတ်ခဲတွေပေါ်မှ ကြောင်တစ်ကောင်ကဲ့သို့ စိတ်ပူနေခဲ့သည်။ သူက ချန်းယင် လက်ကို အားထည့်ပြီး ဖျစ်လိုက်ကာ သူမကို နာကျင်အောင်လုပ်ပြီး အော်ဟစ်လုနီးပါး ဖြစ်စေခဲ့သည်။

 

 

ချန်းယင်လည်း ယဲ့ဆွေနဲ့ ချန်ရှု့တို့ တကယ်ထွက်သွားတော့မယ်လို့ ထင်ခဲ့သည်။ ပြီးတော့  သူတို့ထွက်သွားခဲ့ရင် ဒီနေ့ထမင်းစားဖို့ရဲ့ထူးခြားချက်ကဘာလဲ?

 

 

ချန်းယင်က သူမ၏ပါးစပ်ကို အလျင်အမြန်ဖွင့်ဟလိုက်သော်လည်း အနည်းငယ်တော့ အဆင်မပြေသေးပေ။  သူမအသံက ခြင်ရဲ့အသံလိုမျိုးပဲ ကြားနိုင်ဖို့ခဲယဥ်းသည်။  "ဒေါ်လေး"

 

 

ယဲ့ဆွေက ခြေလှမ်း အနည်းငယ် လှမ်းလိုက်သည်။  ထို့နောက် သူမက လှည့်ကြည့်လာပြီး ချန်းယင်ကို စိမ်ပြေနပြေစိုက်ကြည့်ရင်း သူမနှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားသည်။  "နင်ဘာပြောလိုက်တာလဲ? ငါ နင်ပြောတာကို မကြားလိုက်ဘူး"

 

 

ချန်းယင်က သုန်မှုန်သွားသလို ခံစားလိုက်ရသည်။  သူမဟာ ယဲ့ဆွေကို ဒေါ်လေးခေါ်ဖို့ သူမရဲ့မာနကိုဖယ်ထားဖို့ ဆန္ဒရှိပေမယ့် တစ်ဖက်လူက သူမရဲ့နှုတ်ဆက်မှုကို လက်ခံဖို့ မကျေနပ်နေပေ။ တစ်ခုခုမှားယွင်းနေတာကိုမြင်တော့ ချန်ရှို့က ချန်းယင်၏ လက်ကိုညှစ်လိုက်ကာ သူမကိုအသံထွက် ပိုကြီးလာရန် သတိပေးလိုက်သည်။

 

 

ချန်းယင်က သူမအားထပ်ပြီး နှုတ်ဆက်ဖို့ မကူညီနိုင်ခဲ့ပေ။ ဒီတခါတော့ သူမအသံကတော်တော်ရှင်းနေသည်။  "ဒေါ်လေး "

 

 

  ထိုမှသာ ယဲ့ဆွေက သူမမျက်နှာပေါ်တွင်အပြုံးတစ်ပွင့်ကိုဆင်မြန်းလိုက်ပြီး ချန်ရှု့နဲ့အတူ ထိုင်ဖို့ပြန်လာလိုက်သည်။

 

 

ချန်းယင်ရဲ့အပြုအမူနှင့် ပတ်သက်၍ ချန်ရှို့က အကြောင်းပြချက်ရှာခဲ့သည်။ "ချန်းယင်က မကြာသေးခင်က အအေးမိပြီးလည်ချောင်းက နည်းနည်းမကောင်းနေလို့ပါ။ ဒါကြောင့် သူမ အစောက စကားအသံတိုးသွားတာ။ ဒေါ်လေးက သူမကို ခွင့်လွှတ်ပေးလိုက်ပါနော် "

 

 

ယဲ့ဆွေက "ရပါတယ်၊ ကျွန်မကစိတ်ရှည်ပါတယ်" ဟုဂုဏ်ယူစွာပြောခဲ့သည်။

 

 

 ချန်းယင်က တစ်ဖန်ဒေါသထွက်လာခဲ့သည်။  သူမကစိတ်ရှည်တာလား? အခုချက်ချင်းထွက်သွားဖို့ လုပ်နေတာကဘယ်သူလဲ? ဒါပေမယ့်လည်း သူမကသူတို့ကိုကျေနပ်စေခဲ့သည်။  သူမက ရင်ထဲတွင်ပူလောင်နေသော ဒေါသကို မျိုသာချနိုင်ခဲ့သည်။

 

 

 ဒီအချိန်မှာ စားပွဲထိုးကထလာပြီး သူတို့တစ်ဦးစီကို လက်ဖက်ရည်လက်ဆောင်ပေးလိုက်သည်။

 

 

 ချန်ရှို့က ချန်ရှု့ လက်ဖက်ရည်ခွက်ကို မြင်သောအခါသူက "တတိယ ဦးလေး၊ အကြာကြီးထိုင်ထားတော့ ရေဆာနေတယ် မဟုတ်လား?" ဟုဂရုတစိုက် ပြောလိုက်သည်။

 

 

 "လက်ဖက်ရည် သောက်လိုက်ပါဦး၊ အဲ့တာက လည်ချောင်းအတွက် ကောင်းတယ်။ "

 

 

 ချန်ရှို့ရဲ့ ယဉ်ကျေးပျူငှာသော အပြုအမူက သူ့ရဲ့အခွံထဲ အခြားသူတစ်ဦးရှိ၊ မရှိကို လူအများအားသံသယဖြစ်စေသည်။

 

 

ချန်ရှု့ က ချန်ရှို့ကို တစ်ချက်ကြည့်လိုက်ပြီး လက်ဖက်ရည်ခွက်ဘေးက ရေကိုကောက်လိုက်ကာ "မသောက်တော့ဘူး။ ငါက ရိုးရိုးရေသောက်ရတာကို ကြိုက်တယ်" လို့ပြန်ဖြေလိုက်သည်။

 

 

သူက ချန်ရှို့ကို နှုတ်နဲ့တိုက်ခိုက်ခဲ့ပြီး သူ့ကိုမည်သည့်မျက်နှာသာမှမပေးခဲ့ပေ။

 

 

ချန်ရှို့ မျက်နှာက ဖျော့တော့သွားသည်။  တစ်ဖက်မှာ ယဲ့ဆွေကရယ်စရာကောင်းသည်ကို တွေ့သော်လည်း အဲ့တာကိုသူမမျက်နှာပေါ်တွင်မပြခဲ့ပေ။

 

 

"ကျွန်မတို့နဲ့ပြောစရာရှိတယ်လို့ရှင်ပြောတယ်နော်။ အဲဒါကဘာလဲ? "  လို့ ယဲ့ဆွေက တည့်မေးလိုက်သည်။

 

 

ချန်ရှို့က ချန်ရှု့ကို အမြန်ကြည့်လိုက်သည်။ သူက သူတို့ရှေ့တွင် ယဉ်ကျေးပျူငှာစွာ ပြုမူခဲ့တာက လုံလောက်နေပြီဟု သူခံစားရပြီး ခေါင်းစဉ်အကြောင်းပြောရန် အချိန်ရောက်လာပါပြီ။

 

 

 "တတိယ ဦးလေး၊ ခင်များကဥက္ကဌ ချန်  ဖြစ်တယ်ဆိုတာကျွန်တော် သိတယ်။ အရင်က ကျွန်တော် ခင်များကိုရှာတုန်းက ကျွန်တော့်ကို ဘာလို့မတွေ့ခဲ့တာလဲ?ကျွန်တော်တို့က မိသားစုလေ။ ပြီးတော့ ကျွန်တော်တို့ အချင်းချင်း ဆက်သွယ်သင့်တယ်။"

 

 

ယဲ့ဆွေက လှောင်ပြောင်သရော်လိုက်သည်။ ချန်ရှို့ရဲ့  ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

 

 

 ချန်ရှု့က ဟွာရွေ့ ဥက္ကဌဖြစ်ကြောင်း သိပြီးနောက်မှာ ချန်ရှို့က အလွန်လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။  အခုသူက ချန်ရှု့ကို မိသားစုအဖြစ် သတ်မှတ်လိုက်ပေမယ့် အရင်တုန်းကကျတော့ကော?

 

 

 အရင်တုန်းက မီးတောက်တွေကို လောင်စာဆီထပ်ဖြည့်ပြီး ချန်ရှု့ရဲ့အသက်ကို ကျိန်ဆဲပြီး သူကသူ့အစ်ကိုအရင်းတွေကိုသတ်ခဲ့တာလို့ ပြောခဲ့တာကျတော့ကော သူ(ချန်ရှို့)မဟုတ်တော့ဘူးလား?

 

 

 ယဲ့ဆွေ ပြောမည့်အတိုင်းပဲ ချန်ရှု့က "ငါမင်းကိုတွေ့သင့်တယ်လို့ထင်လား?" ဟုတည်ငြိမ်စွာ ပြောလိုက်သည်။

 

 

ချန်ရှို့ ကြောင်အသွားသည်။  ထို့နောက် သူကအံသြစွာနဲ့ရယ်လိုက်သည်။  "မထင်ပါဘူး၊ တကယ်မထင်ပါဘူး။ တတိယ ဦးလေးက အလုပ်များနေပြီး ကျွန်တော့်ကိုတွေ့ဖို့အချိန်မရှိဘူး"

 

 

ထို့နောက် ချန်ရှု့က တည်ငြိမ်သောလေသံဖြင့် တည်ငြိမ်စွာပြောခဲ့သည်။  "ငါက တကယ်အလုပ်များတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် တစ်ချို့လူတွေက တွေ့ဆုံဖို့မလိုအပ်ဘူးလေ "

 

 

 ချန်ရှု့ရဲ့လျစ်လျူရှုမှုက ချန်ရှို့အား နောက်ထပ်ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။

 

 

 ချန်ရှု့ရဲ့ တည်ငြိမ်အေးချမ်းပြီး ဥပေက္ခာပြုထားတဲ့ အသွင်အပြင်ကို ကြည့်ရင်း ချန်ရှို့က ခပ်တည်တည်နဲ့ ပြုံးလိုက်သည်။  သူဘယ်လောက်ပဲ ထက်မြတ်နေပါစေ သူဘာပြန်ဖြေရမှန်း မသိဘူး။

 

 

  ယဲ့ဆွေက ချန်ရှို့ မကျေမနပ်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ပျော်ရွှင်နေသော်လည်း သူမကမီးထဲသို့ လောင်စာများ ထပ်ထည့်နေသေးသည်။ "ချန်ရှို့၊ ရှင်ကျွန်မတို့နဲ့ စကားပြောချင်ကတည်းက ကျွန်မမှာ ရှင့်ကို မေးစရာရှိတယ်။ "

 

 

ယဲ့ဆွေက ချန်ရှို့ကို စိုက်ကြည့်လိုက်ပြီး သူမရဲ့လေသံက မြန်လည်းမမြန်သလိုနှေးလည်းမနှေးဘူး။  "မကြာသေးမီက ကျွန်မအင်တာနက်မှာ သတင်းအချို့ကို တွေ့လိုက်ရတယ်။ ပြီးတော့ အဲဒါကကျွန်မကိုအရမ်းစိတ်မသက်မသာဖြစ်စေတယ်။ ရှင်ကျွန်မကို ဒေါ်လေးလို့ခေါ်လိုက်တဲ့အတွက် ရှင့်ရဲ့ဒေါ်လေးတစ်ယောက်အနေနဲ့ ဒီနေ့ ဒီအကြောင်းကို ကျွန်မပြောပြမယ် "

 

 

 သူမအသံက အနည်းငယ်အေးစက်လာသည်။  "ကျွန်မတို့ဖြေရှင်းရမယ့်  ကိစ္စတွေရှိတယ် "

 

 

  ချန်ရှို့နဲ့ ချန်းယင်တို့ နှလုံးသားထဲ မကောင်းတာဖြစ်တော့မှာကို ကြိုတင်ခံစားလာရသည်။

 

 

ယဲ့ဆွေက သူမပါးစပ်ကို ဖွင့်ဟလာသည်။  "လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီဆောင်းပါးတွေကို ရှင်ကျွန်မကိုရှင်းပြနိုင်မလား? " အဲဒီအသရေဖျက်တဲ့ ဆောင်းပါးတွေရဲ့အရင်းအမြစ်က သူတို့ရှေ့မှာထိုင်နေသည်။ ​​ဒါကြောင့်သူမကဘာပဲဖြစ်ဖြစ် သူတို့ကိုအလွဲသုံးစားလုပ်ခဲ့သည်။

 

 

 ချန်ရှို့၏ နှလုံးသားက အသူရာချောက်နက်ရဲ့ အောက်ဆုံးသို့ကျသွားခဲ့သည်။ ဒါပေမယ့် သူက မသိချင်ယောင်ဆောင်ဖို့ ဆုံဖြတ်နေဆဲဖြစ်သည်။ "ဘယ်ဆောင်းပါးတွေလဲ?"

 

 

 ယဲ့ဆွေ  နှာမှုတ်လိုက်သည်။  သူမရဲ့ခေါင်းကိုမမော့ထားဘဲ သူမရဲ့လက်ချောင်းသုံးချောင်းကို ဖြည်းဖြည်းချင်းဆန့်လိုက်သည်။  "ကျွန်မ သုံးအထိ ရေတွက်မယ်။ ကျွန်မကိုရှင်းပြချက်ပေး "

 

 

သူမရဲ့အောက်ခြေကိုလိုင်း ကျော်ဖြတ်ခဲ့သော သူတို့နှစ်ဦးစလုံးက ချန်ရှု့အား အသေရေဖျက်ရဲခဲ့ကြသည်။

 

 

ယဲ့ဆွေကပထမနံပါတ်ကို ရေတွက်နေစဉ်  ချန်ရှို့  အားတွေးဖို့အချိန်မပေးခဲ့ပေ။  "သုံး"

 

 

  နောက်တစ်စက္ကန့်တွင် ယဲ့ဆွေက  "နှစ်" ဟုဆက်ပြောလိုက်သည်။

 

 

"........"

 

 

ချန်ရှို့က ယဲ့ဆွေကို ဒေါသထွက်အောင်ဘယ်လိုလုပ်ရဲနိုင်ရတာလဲသူမ တစ် လို့မပြောခင် သူကပါးစပ်ကိုဖွင့်လိုက်ပြီး "အရင်ဆောင်းပါးတွေအားလုံးကို ငါ့ရဲ့အေးဂျင့်က ဖြန့်လိုက်တာ။ ပြီးတော့ အဲ့ဒါက ချန်းယင်နဲ့ ငါနဲ့ ဘာမှမဆိုင်ဘူး"လို့ ပြောလိုက်သည်။

 

 

အပြစ်ကိုလုံးလုံးလျားလျား ပြောင်းလဲပစ်လိုက်သည်။

 

 

 ယဲ့ဆွေက "ကျွန်မက လိမ်တဲ့သူတွေကို မကြိုက်ဘူး" လို့အပြုံးနဲ့ပြောလိုက်သည်။

 

 

ထို့နောက် သူမက "အထူးသဖြင့် ငါ့မျက်နှာကိုရှေ့မှာ လိမ်တဲ့သူတစ်ယောက်ကိုပေါ့။ ရှင်ရဲ့ဒေါ်လေးကို အလေးအနက်ထားပြီး မပြောပြတော့ဘူးလား? "လို့ဖြေးဖြေးချင်း ပြောလိုက်သည်။

 

 

 စကားလုံးတစ်လုံးချင်းစီက ရှင်းရှင်းလင်းလင်းရှိပြီး ချန်ရှို့နှင့် ချန်းယင်တို့၏ နှလုံးသားကို ရိုက်ခတ်ခဲ့သည်။

 

 

ချန်ရှို့၏ မျက်နှာက ရှက်ရွံ့မှုနှင့်ပြည့်နေသည်။  "ငါအဲ့တာကိုလိုက်ပို့တယ်။ ဒါပေမယ့် ..... "

 

 

ယဲ့ဆွေ ရုတ်တရက် ရယ်လိုက်သည်။ ပြီးတော့ နောက်တစ်စက္ကန့်တွင် သူမက "အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောနေတာကို ရပ်လိုက်တော့။ တောင်းပန် "လို့ရိုးရိုးတန်းတန်း ပြောလိုက်သည်။

 

 

ယဲ့ဆွေရဲ့အကြည့်က ချန်ရှို့နဲ့ ချန်းယင်  အပေါ်ရောက်သွားသည်။  "အမှားတစ်ခုခုလုပ်မိရင် တောင်းပန်သင့်တယ်။ ဒီအခြေခံအသိတရားကို နားမလည်ဘူးလား?  "

 

 

  ချန်ရှို့နဲ့ ချန်းယင်တို့က အံ့အားသင့်သွားကြသည်။  သူတို့ရှေ့မှာ လူတစ်ယောက်က ဒီလိုပြုမူလိမ့်မယ်လို့ သူတို့မမျှော်လင့်ခဲ့ဘူး။ ယဲ့ဆွေက ချစ်ခင်မှုအရိပ်အယောင်ကိုမထားခဲ့ပါ၊ သူမ၏သဘောထားက အလွန်ခက်ခဲသည်။

 

 

  ဒီနေ့သူတို့မတောင်းပန်ရင် ကိစ္စကအဆုံးမရှိဘူးဆိုတာ ချန်ရှို့ သိသည်။  သူကအသက်ပြင်းပြင်းရှူလိုက်ပြီး ယဲ့ဆွေကို စိုက်ကြည့်လိုက်သည်။  "တောင်းပန်ပါတယ်။ ငါမလုပ်သင့်....."

 

 

  ယဲ့ဆွေက ရုတ်တရက် ချန်ရှို့ကိုကြားဖြတ်ပြောလိုက်သည်။  "ခဏနေဦး!"

 

 

  ထို့နောက် သူမက ချန်ရှို့ကို ပြုံးကြည့်လိုက်ပြီး ချန်ရှု့ကို ညွှန်ပြလိုက်သည်။  "ကျွန်မကို တောင်းပန်သင့်တာ မဟုတ်ဘူး။ ရှင့်ရဲ့တတိယဦးလေးကို"

 

 

  ချန်ရှို့က ခေါင်းကိုလှည့်လိုက်ပြီ ချန်ရှု့ကိုကြည့်လိုက်သည်။  မကျေမနပ်ဖြစ်ပြီးသူက "တတိယဦးလေး ကျွန်တော် တောင်းပန်ပါတယ်" ဟုပြောခဲ့သည်။

 

 

  ချန်ရှု့က စကားမပြောခဲ့ပေ။

 

 

 ယဲ့ဆွေက ချန်းယင်လို ဟန်ဆောင်ပန်ဆောင်လူလို အစီအစဥ်ထဲတွင် ချန်ထားဖို့ မရှိချေ။ "ချန်းယင် နင့်မှာ ပြောစရာမရှိဘူးလား? "

 

 

  ချန်းယင် - "တတိယဦးလေး ကျွန်မ တောင်းပန်ပါတယ်"

 

 

  ယဲ့ဆွေ ပြုံးလိုက်သည်။  "ဒါပိုကောင်းတယ်။"

 

 

  နောက်ဆုံးတော့ သူတို့စပြီးစားကြသည်။ ဒါပေမယ့် ချန်ရှို့ နဲ့ ချန်းယင်တို့က စားချင်စိတ်မရှိဘူး။ ချန်ရှို့ မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့ဆွေက သူ့ထက်နှာတစ်ဖျားသာပြီး ဘာလို့ဦးဆောင်နေရတာလဲ? သူတို့ရဲ့မူလအစီအစဉ်ထက်ပိုတဲ့ အရာတွေပိုပိုပြီး ဘယ်လိုလုပ်ရမှာလဲ?

 

 

 ယဲ့ဆွေက သူမဗိုက်ကို နည်းနည်းသာ ဖြည့်လိုက်သည်။  သူမဗိုက်ပြည့်သွားသောအခါ သူမ တူများကို ချလိုက်ပြီး ချန်ရှို့နဲ့ချန်းယင်တို့ကို ကြည့်လိုက်သည်။  သူမဒါကိုသည်းမခံနိုင်တော့ဘူး။  ချန်ရှု့နဲ့နီးစပ်ဖို့သတ္တိရှိသေးတာလား?

 

 

  ဟားဟားနောင်ဘဝဆိုရင်တော့ ဖြစ်နိုင်လိမ့်မယ်။

 

 

 ယဲ့ဆွေက သူမပါးစပ်ကို တစ်သျှူးဖြင့်သုတ်လိုက်သည်။  သူမအသံက တိတ်ဆိတ်သောလေထဲတွင်ပျံ့လွင့်သွားပြီး ချန်ရှု့ နာမည်ကို ခေါ်လိုက်သည်။ "ချန်ရှို့"

 

 

  ချန်ရှိူ့ လက်က တုန်ယင်သွားပြီး သူ့နှလုံးသား၌ ညည်းတွားနေသည်။ ငါ့ကို ဘာလို့ ပစ်မှတ်ထားတာလဲကျေးဇူးပြုပြီး ငါ့ကိုတစ်ယောက်တည်းထားလိုက်ပါ။ အကြီးဆုံးဒေါ်လေးရဲ့!

 

 

  ယဲ့ဆွေက တမင်တကာပြောလာခဲ့သည်။ "ကျွန်မ ရုတ်တရက် တစ်ခုခုကိုသတိရသွားတယ်။ ဆောင်းပါးမှာ ရှင်က ချန်ရှု့ထက် ပိုကောင်းတယ်လို့ ပြောထားတာမလား? "

 

 

  ချန်ရှို့က ချက်ချင်းငြင်းလိုက်သည်။ "ဒါဘယ်လိုဖြစ်နိုင်မှာလဲဦးလေးချန်ရဲ့ လက်ချောင်းလေးတွေက ငါ့ထက်တောင် အစွမ်းထက်တယ် "

 

 

 ချန်းယင်မကြည့်မီ ယဲ့ဆွေက ကျေနပ်စွာခေါင်းညိတ်လိုက်သည်။  "ချန်းယင်"

 

 

 ​ဖြူစင်သလို ဟန်ဆောင်နေတဲ့ ချန်းယင်က အနည်းငယ်တုန်လှုပ်သွားပြီး သူမရဲ့တူများကို လွှတ်ချလိုက်မိသည်။

 

 

 ဖျော့တော့သွားပြီး သူမက ပြောလာသည်။ "တတိယဦးလေးက ဘယ်လို ကံမကောင်းတာလဲသူကံကောင်းတယ်ဆိုတာသိသာပါတယ်။ ပြီးတော့ ဒီညမှာဒေါ်လေးကလည်း ထူးချွန်ပြောင်မြောက်လှပါတယ် "

 

 

 ချန်ရှို့က ဘေးမှထပ်ပြောလာသည်။  "မင်းတတိယဦးလေးနဲ့ လက်ထပ်ပြီးကတည်းက သူ့ကျန်းမာရေးက ပို ပိုပြီး ကောင်းလာတယ်"

 

 

 ချန်ရှို့က သူ့မျက်နှာအမူအရာကို မပြောင်းလဲဘဲ ချန်ရှု့နဲ့ ပိုမိုနီးကပ်စေဖို့ သက်သက်သာသာ ပြောခဲ့သည်။

 

 

 နောက်ဆုံးတော့ ထမင်းစားတာက ပြီးသွားပြီ။ ယဲ့ဆွေနဲ့ချန်ရှု့တို့ ထွက်သွားသည်။ ချန်ရှို့နဲ့ ချန်းယင်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး တစ်ချိန်တည်းတွင်သက်ပြင်းချလိုက်သည်။

 

 

  ညစာစားပွဲမတိုင်မီတွင် ချန်ရှို့က အခြေအနေများစွာကိုစိတ်ကူးယဉ်ခဲ့သည်။ သို့သော် လက်တွေ့မှာ ဘာလို့ကွဲပြားရတာလဲ

 

 

 သူက ချန်ရှု့ကို အများကြီးတောင်းပန်ပြီး ချော့မော့ခဲ့ပေမယ့် သူတို့နှစ်ယောက်လုံးက ဒါကိုတန်ဖိုးမထားခဲ့ဘူး။

 

 

 ညစာစားပြီးနောက်မှာ သူ၊ ချန်ရှု့နဲ့ ယဲ့ဆွေ ကြားကဆက်ဆံရေးက ဘယ်လိုမှမပြောင်းလဲခဲ့ဘူး။  ဒီတခါတော့ သူလုပ်တာက အလကားပဲ။  သူတွေးမိတဲ့အရာတွေအားလုံးက ယဲ့ဆွေ ရှေ့မှာဘာလို့ လုံး၀မအောင်မြင်ရတာလဲ?

 

 

  ချန်းယင်က အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။  သူမက မေးခဲ့သည်။ "ကျွန်မတို့က အခုကစပြီးတော့ ယဲ့ဆွေရဲ့ အရှေ့မှာ အားလုံးကိုလုပ်ရမှာလား?"

 

 

 ချန်ရှို့က အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။  "ကိုယ်တို့က လက်ရှိအခြေအနေကို ထိန်းသိမ်းနိုင်ရင် သက်သာရာရလိမ့်မယ် "

 

 

  သူတို့အားလုံးမှာ တူညီတဲ့အလားအလာရှိတယ်ဆိုတာပြောစရာမလိုပါဘူး။  ယခုမူ ယဲ့ဆွေက  ဆောင်းပါး၏ မူလအစကို ရှာဖွေတွေ့ရှိပြီ ဖြစ်တာကြောင့် အပေါ်ယံဆက်ဆံရေးကို ထိန်းသိမ်းထားခြင်းက ကောင်းပေလိမ့်မည်။

 

 

  ချန်ရှို့ ကံကောင်းတယ်လို့ ခံစားရတဲ့တစ်ခုတည်းသောအရာက ချန်ရှု့ရဲ့ချမ်းသာမှုပဲ။  သူက ချန် မိသားစုရဲ့ကြွယ်ဝမှုတွေကို သေချာကြည့်လိမ့်မယ်။ ဒါကြောင့် ချန်ရှို့က ချန် မိသားစု၏ အမွေခံဖြစ်ဖွယ်ရှိသည်။

 

 

 ဒါပေမယ့် သူဘာလို့မပျော်သေးတာလဲ ?

 

 

ယဲ့ဆွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်က ရပ်တန့်သွားသည်။  သူတို့အတူရှိနေကတည်းက ကိစ္စတွေအတော်များများ ချောချောမွေ့မွေ့ဖြစ်ခဲ့သည်။ သို့သော်အရာအားလုံး ပြေလည်သွားသလို ခံစားနေရသော်လည်း တစ်စုံတစ်ခု ပျောက်ဆုံးနေဆဲဖြစ်သည်။

 

 

 ဘာလင်မှပြန်လာပြီးနောက် ဟွာရွေ့က ယဲ့ဆွေကို အားလပ်ရက်ပေးခဲ့သည်။ ဟုတ်ပါတယ်၊ ဒီလိုအနားယူမှုမျိုးကို ချန်ရှု့က တောင်းဆိုခဲ့တာ။  ယဲ့ဆွေက အလွန်အလုပ်များနေသဖြင့် သူမကိုယ်တိုင်အနားယူဖို့ အချိန်ပေးခဲ့ရသည်။

 

 

  ယဲ့ဆွေက အိမ်မှာအလွန်ပျင်းရိနေပြီး ရိုက်ကူးဖို့ ရုပ်ရှင်သစ်များမရှိချေ။ သူမက ရုပ်ရှင်တွေကြည့်ပြီး မဂ္ဂဇင်းတွေလှန်ကြည့်သည်။

 

 

 ရှောင်လျို့က ကုမ္ပဏီသို့ရောက်လာသော မဂ္ဂဇင်းများအားလုံးကို ယဲ့ဆွေ အိမ်ကိုပို့လိုက်သည်။  သူမကဆိုဖာပေါ်မှာ ထိုင်နေပြီး ကော်ဖီစားပွဲပေါ်မှ မဂ္ဂဇင်းများအားလုံးက သူမနှင့်သက်ဆိုင်သည်။

 

 

 ယဲ့ဆွေက ချန်ရှု့ကို တစ်ချက်ကြည့်လိုက်ပြီး ထိပ်ဆုံးမှတစ်ခုကို ယူလိုက်သည်။

 

 

  ထိပ်ဆုံးမှတစ်ခုက ယဲ့ဆွေရဲ့ပုံကာဗာ အဖြစ်ရှိပြီး ဘလော့ဒ် တင်ထားတဲ့ စာကြောင်းနှင့်အတူတွဲထားသည်။ "အနမ်းပေးဖို့  မဲအများဆုံးရရှိသူ"

 

 

  ဆက်စပ်မှုက အလွန်သိသာထင်ရှားခဲ့သည်။

 

 

  ယဲ့ဆွေ မဂ္ဂဇင်းကို ဖြည်းဖြည်းချင်း လှန်ကြည့်နေစဉ်မှာ ချန်ရှု့က ရုတ်တရက် ရောက်လာပြီး မဂ္ဂဇင်းကိုသိမ်းလိုက်သည်။

 

 

  ချန်ရှု့ တုံ့ပြန်မှုက ယဲ့ဆွေ မျက်လုံးထဲ ရောက်သွားပြီး  သူမနှလုံးသားထဲ သက်ပြင်း မှုတ်ထုတ်လိုက်သည်။  သူမခင်ပွန်း၏ မနာလိုမှုသည် သူ့ဘ၀တစ်လျှောက်လုံးထိန်းသိမ်းထားမည့်ပုံရသည်။

 

 

 သူတို့နှစ်ယောက်ကြားက လွဲမှားနေတဲ့အရာတွေကို မှန်းဆနိုင်ပေမဲ့ တစ်စုံတစ်ယောက်က ပထမခြေလှမ်းကိုစလှမ်းမှရမည်။

 

 

  ချန်ရှု့က လှည့်လိုက်ပြီး ဝိုင်သေတ္တာရှိရာကို လျှောက်သွားကာ ပုလင်းကိုထုတ်လိုက်သည်။  သူတို့မှာ အရက်ကောင်းကောင်း သောက်နိုင်စွမ်းမရှိပေမယ့် အိမ်မှာအဖိုးတန်ဝိုင်တွေ အများကြီးရှိသည်။

 

 

  ချန်ရှု့ရဲ့ လေသံက ပရိယာယ်သုံးထားခဲ့သည်။ "မင်းသောက်ချင်လား?  "

 

 

  ယဲ့ဆွေက လန့်သွားပြီး "ဘာလို့ သောက်မှာလဲ? " လို့အံ့သြစွာမေးလိုက်သည်။

 

 

 အဘယ်ကြောင့်ဆိုသော် သူအရက်သောက်လျှင် သူကစိတ်ရှုပ်ထွေးသွားပြီး ယဲ့ဆွေလည်း ထို့အတူဖြစ်လိမ့်မည်။

 

 

 သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် နမ်းတုန်းကလိုပဲ။

 

 

  ချန်ရှု့က မဖြေဘဲခေါင်းကို ခါလိုက်သည်။ သူမ မဖြေဘဲ ယဲ့ဆွေကို မေးလာသည်။  "မင်းဘယ်လိုထင်လဲ? "

 

 

  ယဲ့ဆွေက ချန်ရှု့ရဲ့ မျက်လုံးများကို ကြည့်လိုက်ပြီးရုတ်တရက် နားလည်သွားသည်။ သူမမျက်ခွံများက တွန့်သွားပြီး နှုတ်ခမ်းထောင့်စွန်းများက အပြုံးတစ်ခုဖြစ်လာသည်။  "ကျွန်မက လွယ်လွယ်ကူကူ မူးတတ်လို့ နည်းနည်းချင်းစီဘဲ သောက်မယ်"

 

 

 သူမစိတ်ထဲ ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ သူမတစ်လမ်းလုံးသွားနေခဲ့ရသည်။  မဟုတ်ရင် ယဲ့ဆွေလို လူတစ်ယောက်နဲ့ ညကပိုနက်လာရင် သူမရဲ့သတ္တိတွေပျောက်သွားနိုင်သည်။

 

 

 သူမက ပုလင်းကို ကောက်ယူလိုက်ပြီး ဝိုင်တစ်ခွက်ကိုထည့်လိုက်ကာ သူမပါးစပ်ထဲ ထည့်လိုက်တယ်။  သူမက တစ်ငုံသောက်လိုက်ပြီး သူမကို ဆို့နင့်စေခဲ့သည်။

 

 

 ယဲ့ဆွေက သူမမှီထားတဲ့ ချန်ရှု့ကို နက်ကတိုင်ကို ဆွဲကာသူ့ခန္ဓာကိုယ်ကို သူမနဲ့ ပိုမိုနီးကပ်လာစေခဲ့သည်။ နောက်တော့ သူမမျက်လုံးများကို မှိတ်လိုက်ပြီး မကြာမီ သူမနှုတ်ခမ်းများက သူ့အားဖုံးလွှမ်းသွားသည်။

 

 

  ချန်ရှု့က မျက်လုံး ဖွင့်ကြည့်လိုက်သေးသည်။ ယဲ့ဆွေ မျက်နှာသွင်ပြင်ကို သူအနီးကပ်မြင်ရသည်က သိသာထင်ရှားသည်။ သူမက သူ့နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး၊ သူ့ပါးစပ်ကို စူးစမ်းကြည့်ပြီး ဝိုင်တစ်ဝက်တိုက်လိုက်သည်။

 

 

  စုံတွဲ၏နှုတ်ခမ်းများကြားမှ စူးရှသောဝိုင်ရဲ့ရနံက စွဲကျန်နေခဲ့သည်။ အာရုံစိုက်မှုမရှိခြင်းကြောင့် ဝိုင်အချို့က ချန်ရှု့ရဲ့ အဖြူရောင် ကော်လာပေါ်ကျသွားသည်။

 

 

  ချန်ရှု့က ယဲ့ဆွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သူ့လက်များက သူမ၏သေးသွယ်သောခါးကို ဝန်းရံထားသည်။  ညအိပ်ဝတ်စုံ၏ နူးညံ့ချောမွေ့သောအရာက သူ့လက်ဖဝါးကိုကျော်ဖြတ်သွားသည်။

 

 

 ချန်ရှု့ရဲ့ နွေးထွေးသောအသက်ရှုသံက ယဲ့ဆွေကို  လွှမ်းခြုံသွားသည်။  သူမက သူ့အားနမ်းရှိုက်လိုက်သောအခါ သူ၏ခိုင်မာသောလက်များကို သူမခံစားနိုင်သည်။

 

 

 သူမူးနေလို့လား?

 

 

  ခါတိုင်းနှင့်မတူဘဲ၊ ဒါက သူမအား ကျူးကျော်တိုက်ခိုက်နေတဲ့ အနမ်းဖြစ်နေသည်။ သူမကိုအဆက်မပြတ်တိုက်ခိုက်ပြီး ဖျက်ဆီးနေသည်။

 

 

  ယဲ့ဆွေက တစ်ခွက်သာသောက်လိုက်တာကြောင့် သူမက အရက်မမူးသည်မှာ သိသာထင်ရှားသည်။ သို့သော်သူနမ်းလိုက်သောအခါ သူမမူးသွားပုံရသည်။  ချစ်သူ၏  ရနံ့ကဲ့သို့ ဝိုင်၏ရနံ့က ၎င်းတို့နှစ်ဦးကို အချစ်ရေတွင်းနက်ထဲ ကျသွားစေခဲ့သည်။

 

 

  ချန်ရှု့ လက်လှမ်းလိုက်ပြီး ခလုတ်ကို နှိပ်လိုက်သည်။  အခန်းထဲရှိအလင်းရောင်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။  မရေမတွက်နိုင်သောလေထုက လရောင်အေးလာသည်နှင့် ဖုံးကွယ်ဖို့နေရာမရှိချေ။

 

 

သူတို့နှစ်ဦးစလုံးက သူတို့ခန္ဓာကိုယ် တဖြည်းဖြည်း ပိုပူလာသည်ကို ခံစားခဲ့ရပြီးညဘက်တွင် နက်ရှိုင်းသောအနမ်းတစ်ခုပြီးတဲ့နောက်မှာ ရှည်လျားလာခဲ့သည်။

 

 

အမှောင်ထုကြောင့် သူတို့စိတ်တွေ ထိန်းလို့မရနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။

 

 

သူတို့ကအလွန်အကျွံရွေ့လျားပြီး ဧည့်ခန်းရှိပရိဘောဂများကိုဂရုမပြုဘဲ သူတို့နောက်က မာကျောသောနံရံနဲ့တိုက်မိလိုက်သည်။

 

 

 ချန်ရှု့က ယဲ့ဆွေကို သူ့အနားကို ညင်သာစွာခေါ်ဆောင်လိုက်သည်။  သူ၏ကျောပြင်က နံရံနှင့်နီးကပ်သွားပြီး ၎င်းနဲ့ခိုင်းမိခဲ့သော်လည်း ယဲ့ဆွေကို  သူ၏လက်မောင်းထဲ၌ အပြည့်အဝ ကာကွယ်ပေးခဲ့သည်။

 

 

  ယဲ့ဆွေက ရပ်လိုက်ပြီး သူမ၏မှုန်ဝါးနေသော မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်ပြီး သူမက မေးခဲ့သည်။ "ချန်ရှု့ ကြည့်ရအောင် နာသွားလား? "

 

 

 သူက ယဲ့ဆွေနဲ့ အတူရှိနေသရွေ့ နာကျင်မှုမရှိပေ။  အဲ့ အစား ပိုချိုလာသည်။ ချန်ရှု့က ခေါင်းကိုခါလိုက်ပြီး ပြောခဲ့သည်။ "မနာပါဘူး"

 

 

  သူတို့ခန္ဓာကိုယ်များက ယိမ်းယိုင်လာသောအခါ သူတို့ဘေးမှစားပွဲငယ်လေးသည်လည်း နောက်မှလိုက်လာခဲ့သည်။  ၎င်းပေါ်တွင်ထားရှိသည့် ရှေးဟောင်းပန်းအိုးကလည်း ၎င်း၏ ပိုင်ရှင်နှစ်ဦးလို ဂနာမငြိမ်ဖြစ်လာခဲ့သည်။

 

 

 စိတ်ထက်သန်နေတဲ့ ယဲ့ဆွေက ပန်းအိုးအစွန်းကိုတို့ထိလိုက်သည်။ ချန်ရှု့က ပန်းအိုးကိုယူပြီး ရေလိုနူးညံ့သော ယဲ့ဆွေရဲ့ ခါးကို ကိုင်ဖို့မမေ့ပေ။

 

 

  ယဲ့ဆွေက "အဲ့ဒါက စျေးကြီးတယ် မခွဲပစ်လိုက်နဲ့ " လို့ကြက်သေသေပြီး ပြောခဲ့သည်။

 

 

  ချန်ရှု့က ကျယ်လောင်စွာရယ်လာသည်။  "ရပါတယ် တစ်ခုကွဲသွားရင် ဆယ်လုံး၀ယ်နိုင်တယ်"

 

 

  ယဲ့ဆွေက ချန်ရှု့ရဲ့ ခန္ဓာကိုယ်ကို ခေါင်းမှီပြီး ကြောင်လိုငြိမ်သက်နေကာ သူမအသံက ပျော့ပျောင်းလာသည်။  "ချန်ရှု့ ကျွန်မပင်ပန်းနေပြီ။ ရှင် ကျွန်မကို ကိုင်ထားနော်"

 

 

 ချန်ရှု့က ခေါင်းငြိမ့်လိုက်သည်။ သူမဆံပင်ကို နမ်းလိုက်သည်။  "အင်း ဒါဆို ကိုယ့်ကိုနမ်း"

 

 

 ချစ်သူစုံတွဲက မသိဘဲရယ်လိုက်မိကာ အရူးစက်ရုပ်နှစ်ကောင်လို ဖြစ်သွားသည်။

 

 

  ယဲ့ဆွေက ရှေ့သို့ကိုင်းလိုက်ပြီး ချန်ရှု့ ပါးပြင်ကိုညင်သာစွာ ဖိကပ်လိုက်သည်။  သူတို့နှစ်ဦးက ကွာဟမှုမရှိသလို အလွန်ရင်းနှီးခဲ့ကြသည်။

 

 

  ချန်ရှု့သည်လည်း သူ့ကတိကိုပြည့်စုံစေခဲ့သည်။ သူကယဲ့ဆွေကို လေးနက်စွာပွေ့ဖက်လိုက်ပြီး သူမကိုပြုံးပြလိုက်ပြီး အခန်းထဲကို တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။ ထို့နောက် သူက တံခါးဝတွင် ရပ်လိုက်သည်။

 

 

  ချန်ရှု့က "မင်းအခန်းလား ကိုယ့်အခန်းလား? " လို့အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

 

 

 "ရှင့်အခန်း" ယဲ့ဆွေက ချန်ရှု့၏ ပွေ့ဖက်မှုတွင် အသိုက်အ၀န်းနှင့် သူ့အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။