အပိုင်း ၁၁၃
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၁၃ -တန့်ကျွီအား သင်ခန်းစာတစ်ခုပေးခြင်း

 

 

 

  ချန်ရှု့က ယဲ့ဆွေရဲ့ နူးညံ့လှသော ခန္ဓာကိုယ်ကိုခံစားမိပြီးသူ့ရဲ့ရင်ခွင်ထဲ၌ သူမရဲ့အသံက ငှက်မွေးလေးတွေနဲ့ သူ့ရဲ့ရင်ဘက်ကို ယားယံလာအောင်ပြုလုပ်နေသကဲ့သို့ သူ့ကိုယားယံနေစေသည်။

 

 

 သူကတံခါးကိုတွန်းပြီး အထဲကို ၀င်လိုက်ပြီးနောက်မှာ သူ့နောက်က တံခါးကိုခြေထောက်နဲ့ ညင်ညင်သာသာပိတ်လိုက်သည်။

 

 

 မီးများပိတ်ထားပြီးတော့ ပြတင်းပေါက် အပြင်ဘက်မှ မှုန်ဝါးဝါးလရောင်သာ အခန်းထဲမှာလင်းနေခဲ့သည်။ ချန်ရှု့က သူမကို သူ့ကုတင်ပေါ်တင်လိုက်သောအခါ ယဲ့ဆွေက သူမခန္ဓာကိုယ်မှ ထုံကျင်လာသည်ကို ခံစားလိုက်ရသည်။

 

 

  အခန်းထဲမှာ ချန်ရှု့ ရဲ့အနံ့အသက်တွေပြည့်နေသည်။  သူမခေါင်းကို အနည်းငယ် ငုံ့ကြည့်လိုက်သည်။

 

 

  ဝိုင်၏ပြင်းထန်သော အာနိသင်သည် ရုတ်တရက်ရိုက်ခတ်လာပြီး ယဲ့ဆွေကို ခေါင်းမူးသွားစေသည်။  သူမ ချန်ရှု့ကို ကြည့်လိုက်ချိန်မှာ သူမအနည်းငယ်မှေးမှိန်သွားသလို ခံစားလိုက်ရသည်။  သူ့မျက်နှာသည်မှုန်ဝါးဝါး အုံ့မှိုင်းနေပုံရပြီး သူမကိုထပ်မံဆွဲဆောင်ခဲ့သည်။

 

 

 သူမခင်ပွန်းသည် တကယ်ချောမောပြီး ကြည့်ကောင်းသည်။  သူကအရမ်းချောတယ်။ သူကလက်တွေ့မဆန်ဘူး။  သူ့လိုလူတစ်ယောက်ရှိနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

 

 

 ယဲ့ဆွေက အံ့သြနေပြီး ချန်ရှု့က သူမနာမည်ခေါ်တာကို ကြားလိုက်ရသည်။ "ယဲ့ဆွေ"

 

 

  လူတွေမနိုးချင်တဲ့ အိပ်မက်ရှည်ကြီးလို သူ့ရဲ့အသံကအမှောင်ထဲမှာရှိနေသည်။

 

 

  ယဲ့ဆွေ အရက်မူးနေပုံရသည်။ သူမက ရယ်လိုက်ပြီး ချန်ရှု့ရဲ့လည်ပင်းကို နည်းနည်းဆွဲယူပြီးပွတ်သပ်လိုက်သည်။  "ချန်ရှု့ "

 

 

 သူမတုံ့ပြန်နိုင်မီ သူမက သူ့အင်္ကျီကို ဆွဲချွတ်လိုက်ပြီး သူ့တစ်ကိုယ်လုံးက သူမအနားမှာရှိနေသည်။

 

 

  ယဲ့ဆွေက လှိမ့်ချလိုက်ကာ ချန်ရှု့ရဲ့ ခန္ဓာကိုယ်ကို ဆွဲယူပြီးတော့ နှုတ်ခမ်းကို တိုက်ရိုက်ဖွင့်ပြီး လျှာဖျားနဲ့သူ့ကိုနမ်းစပြုလာသည်။

 

 

 သူတို့၏နှုတ်ခမ်းများက တစ်ယောက်ကို တစ်ယောက်ဖိကပ်ထားပြီး သူတို့၏လှုပ်ရှားမှုများက ပို၍ ကျွမ်းကျင်လာသည်။

 

 

  ခဏလောက်နမ်းပြီးတဲ့နောက် သူမက သူ့နှုတ်ခမ်းကို စွန့်ခွာလိုက်ပြီး သူ့ခါးပတ်ကိုဖြုတ်လိုက်သည်။  သူမစိတ်ထဲတွင် ကြက်သေသေသွားပြီး သူမ၏လက်တွေက သူမစကားကိုနားမထောင်တာလား။ ခါးပတ်က အရမ်းတင်းနေတာလားမသိဘူး။

 

 

  သူမက အချိန်ကြာမြင့်စွာ ခါးပတ်ကို ဖယ်ရှားဖို့ စိတ်ရောကိုယ်ပါ ကြိုးစားခဲ့သော်လည်း အားလုံးက အချည်းနှီးဖြစ်ခဲ့သည်။ သူမမျက်ခုံးများတွန့်သွားပြီး သူ့ကို မကျေမနပ်ကြည့်လိုက်သည်။  "​ဖြုတ်ဖို့က ဘာကြောင့် ဒီလောက်ခက်ရတာလဲ?  "

 

 

 ချန်ရှု့က သူ့လက်ကိုဆန့်ပြီး ယဲ့ဆွေရဲ့ ပါးကိုတို့ထိလိုက်သည်။  သူမက သူ့ကိုအကူအညီမဲ့စွာငုံ့ကြည့်ပြီး သူ့ခါးပတ်က သူမကိုဘယ်လို အနိုင်ကျင့်နိုင်ရတာလဲလို့ ပြောပုံရသည်။

 

 

 သူကရယ်ရယ်မောမောနဲ့ သူမကိုကြည့်ပြီး သူ့အောက်၌ဖိထားလိုက်သည်။  "မင်း ကိုယ့်ကို ကူညီစေချင်လား?  "

 

 

  သူမက သူ့ကိုကြည့်ဖို့ ခေါင်းကိုစောင်းကာ သူမ၏နှုတ်ခမ်းကို အနည်းငယ်ဟလိုက်သော်လည်း သူမဘာမှမပြောပေ။ ချန်ရှု့က အောက်သို့ငုံ့လာပြီး နှုတ်ခမ်းနှင့် သွားများကို တစ်ပြိုင်နက်တည်း နမ်းလိုက်သည်။

 

 

 ယဲ့ဆွေ မျက်လုံးမှိတ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်ပေါ်၌ တဖြည်းဖြည်း ပူလောင်လာသော အပူချိန်ကြောင့်သူမ၏အာရုံငါးပါးက မှုန်ဝါးသွားသည်။  ခါးပတ်ပတ်ကြိုးကိုဖြုတ်လိုက်သောအခါ ထွက်လာတဲ့ ပြတ်သားသောအသံကိုပင် သူမ မကြားခဲ့ပေ။

 

 

 မသိလိုက်စွာနဲ့ သူမ၏ညအိပ်ဝတ်စုံကိုလည်း ချွတ်လိုက်သည်။ သူ့လက်ချောင်းများက သူမ၏အရေပြားကိုညင်ညင်သာသာ လျှောလျှောရှူရှူ ပွတ်တိုက်လာသည်။  နူးညံ့သောခံစားမှုက သူမ၏ဗိုက်ထဲထိ ပျံ့နှံ့သွားသည်။

 

 

 အဆင့်မြင့်သတိပေးချက်တစ်ခုအနေနှင့် သူ၏လက်က သူမ၏လက်ချောင်းများကို ရုတ်တရက်ယှက်ပြီး သူမကို ခုတင်ပေါ်တွင် ခိုင်မြဲစွာဖိထားသည်။

 

 

  အမှောင်ထုနှင့်ညက တဖက်၌ စွဲမက်ဖွယ်နူးညံ့သောအနမ်းများနှင့် အခြားသူတို့၏လက်ချောင်းများကိုရောယှက်ထားသောလက်များဖြင့် ပြည့်နေသည်။

 

 

 သူတို့ရဲ့လှုပ်ရှားမှုက နည်းနည်းကြီးလွန်းပုံရသည်။  ဆူညံသောအသံများနှင့်အတူ သူတို့၏အဝတ်များကလည်း ကြမ်းပြင်ပေါ်ကျသွားသည်။

 

 

 သူ့ကျောကဖြောင့်တန်းနေပြီး ပိုနက်ရှိုင်းလာခဲ့သည်။  သူတို့နှစ်ဦးသည်တင်းကျပ်စွာ အံကိုက်ဖြစ်နေပြီးကွာဟချက်မကျန်ခဲ့ပေ။

 

 

  သူမခန္ဓာကိုယ်က ရုတ်တရက် အေးခဲသွားပြီးသူမ၏ရှုပ်ထွေးနေသော ဦးနှောက်သည် ကြည်လင်လာပြီး ပြင်းထန်သော နာကျင်မှုများက သူမ၏ပတ်၀န်းကျင်ရှိအရာအားလုံးကို သိသာထင်ရှားစေပြီး အစစ်အမှန်ဖြစ်စေသည်။

 

 

 သူမကတင်းကျပ်စွာပွေ့ဖက်လိုက်ခြင်းမပြုမီ ညည်းသံကို မထုတ်ဘဲမနေနိုင်ခဲ့ပေ။

 

 

 နက်နဲချောမွေ့သော အနမ်းများနှင့်မတူဘဲ သူမကသူ့ရဲ့ကျောကို သူမ၏လက်ဖြင့်ကုတ်လာခဲ့သည်။  ၎င်းသည်လေနှင့်မိုးကဲ့သို့ တိုက်ခတ်ခဲ့သည်။ သူမယခုခံစားနေရသောနာကျင်မှုက ကြာရှည်ခံသော ချိုမြိန်မှုနှင့်အတူလိုက်ပါလာသည်။

 

 

 သူမလှုပ်ရှားဖို့ အလွန်အားနည်းခဲ့သည်။  သူမက ခေါင်းကိုမော့ပြီး ကုတင်ပေါ်တွင်သာအိပ်နိုင်ပြီး သူအလိုရှိရာကိုသာ လုပ်ခွင့်ပြုထားရသည်။

 

 

 မိုးသည်းထန်စွာရွာသွန်းတာတောင် သူတို့စုံတွဲရဲ့ပူလောင်တဲ့အပူချိန်ကို ထိခိုက်ပုံမပေါ်ပေ။

 

 

မှိန်ဖျော့သောလရောင်အောက်၌ သူတို့စိတ်အားထက်သန်မှုနှင့် ခံစားချက်တို့ကို ကြိမ်ဖန်များစွာ ထိုးဖေါက်ခဲ့ကြသည်။

 

 

တစ်ညတာ ကုန်ဆုံးသွားခဲ့သည်။

 

 

 သူအရမ်းပင်ပန်းနေလို့ဖြစ်နိုင်သည်။ ချန်ရှု့၏ ဇီဝနာရီသည် ယခင်ကထက် အနည်းငယ် နောက်ကျနေခဲ့သည်။  သူနိုးလာသောအခါ သူ့အလုပ်ချိန်ကို ကျော်လွန်သွားသည်။

 

 

ချန်ရှု့  မျက်လုံးဖွင့်လိုက်ချိန် သူ့ရင်ခွင်ထဲက နူးညံ့တဲ့အထိအတွေ့ကို ခံစားလိုက်ရသည်။  သူငုံ့ကြည့်လိုက်ချိန်ယဲ့ဆွေရဲ့ ဆံပင်ရှည်များက ခေါင်းအုံးပေါ်တွင် ကြုံသလိုပြန့်ကျဲနေပြီး သူမ၏နို့ရည်လို အသားအရည်က နီမြန်းနေသည်။

 

 

 ယဲ့ဆွေက အေးအေးဆေးဆေး အိပ်ပျော်နေပြီးသူမ၏ပါးလွှာသောခန္ဓာကိုယ်က သူ့ရင်ခွင်ထဲတွင်ငြိမ်သက်နေသည်။ ချန်ရှု့က သူမကိုမနှိုးချင်ဘူး။ ဒါကြောင့်သူ့လက်ကို သေသေချာချာ ရွှေ့ဖို့ကြိုးစားလိုက်သည်။

 

 

 နောက်တစ်စက္ကန့်တွင် ယဲ့ဆွေ မျက်မှောင်ကြုတ်လာသည်။  သူမက သူ့ကိုထပ်ပြီး ပွေ့ဖက်ထားပေမယ့် နိုးမလာဘဲ "ချန် ... ရှု့ ...."လို့ခေါ်လိုက်သည်။

 

 

 "လိမ္မာတယ် " ချန်ရှု့က ယဲ့ဆွေ ခေါင်းကိုပွတ်လိုက်သည်။  ထို့နောက် သူမက မိန်းမောတွေဝေစွာနဲ့ ထွက်ခွာသွားခဲ့သည်။  သူမထလာသည့်အခါ သူမခန္ဓာကိုယ်အားစောင်နှင့်ဖုံးလိုက်ပြီး သူ့နှုတ်ခမ်းများက ကွေးညွတ်သွားသည်။

 

 

  အရမ်းနောက်ကျနေပြီဆိုပေမယ့် ချန်ရှု့က အင်္ကျီအသစ်ကိုထုတ်နေတုန်းဘဲ။  သူ အင်္ကျီလဲပြီးနောက် ကုမ္ပဏီကိုအမြန်ဆုံးသွားချင်ခဲ့သည်။

 

 

  သူမှန်ရှေ့တွင်ရပ်လိုက်ချိန် သူ့လည်ပင်း၌အနီရောင်အမှတ်အသားကိုမြင်လိုက်ရသည်။  ကိုက်ရာအမှတ်အသားလားဒါကဘယ်တုန်းကဖြစ်တာလဲ?

 

 

  ချန်ရှု့က အံ့အားသင့်သွားပြီး သူ၏စိတ်ထဲတွင် ရုတ်တရက် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

 

 

 "ချန်ရှု့ယဲ့ဆွေရဲ့ နူးညံ့သောအသံက သူ့နာမည်ကိုခေါ်လိုက်သဖြင့် သူ့အားသက်တောင့်သက်သာဖြစ်စေသည်။  သူမသည် အဓိပ္ပါယ်မဲ့သောအကြည့်တစ်ချက်ကို သူမ၏လည်ပင်းနား၌မတင်မီ သူ့နှုတ်ခမ်းကိုအသာအယာကိုက်လိုက်သည်။

 

 

  ဆောင်းနေရောင်သည် ပြတင်းပေါက်များမှတစ်ဆင့် ၎င်း၏ရောင်ခြည်ကိုဖြာကျစေပြီး တစ်အိမ်လုံးကိုတောက်ပစေခဲ့သည်။ နေ့ခင်းဘက်ဖြစ်နေသော်လည်းသူ့စိတ်တွေရှုပ်ထွေးနေပြန်သည်။

 

 

  နောက်ဆုံးတွင် ချန်ရှု့က သူ့အ၀တ်များကို လဲလိုက်ပြီးလည်ပင်းကိုဖုံးအုပ်ကာ ကုမ္ပဏီကိုမောင်းသွားသည်။

 

 

 ဟွာကွေ့၏ အကြီးတန်း အမှုဆောင် အရာရှိများသည် သူတို့၏ဥက္ကဌသည် ပုံမှန်အတိုင်းအဖြူရောင်ရှပ်အင်္ကျီနှင့်ဝတ်စုံကို ၀တ်ဆင်ထားခြင်းမရှိကြောင်းသတိပြုမိပြီး အစည်းအဝေးကိုလည်း စောစောမလာခဲ့ပေ။

 

 

 ဥက္ကဌချန်သည် ခြွင်းချက်တစ်ခုပြုလုပ်ခဲ့သည်။  သူသည်အပတ်စဉ်အစည်းအဝေးကို နောက်ကျရုံတင်မကဘဲ ထူးဆန်းလွန်းသည့် ကော်လာရှပ်ကိုလည်း ၀တ်ထားသည်။

 

 

 သူတို့တစ်ခုခုဖြစ်သွားပြီလို့ခံစားရသည်။ ချန်ရှု့ အမူအရာကို ကြည့်ရလျှင် သူ့စိတ်ကောင်းဝင်နေပုံရသည်။

 

 

 ဝမ်ချွမ်း၊ ချန်ရှင်းနဲ့ တိုင့်ကျီတို့က အရာအားလုံးကိုစေ့စေ့စပ်စပ်နားလည်ကြကာ သူတို့၏ထိုင်ခုံများတွင်ထိုင်ပြီး ဘာစကားမှမပြောဘဲ အပြန်အလှန် ကြည့်နေကြသည်။

 

 

 ဒါကခြွင်းချက်ဖြစ်ခဲ့သည်။  ကိုယ့်ကိုယ်ကို ချုပ်တည်းနေသော သူဌေးက စည်းမျဉ်းများကို ချိုးဖောက်လိမ့်မည်လား။

 

 

 တိုင့်ကျီ ကျော်ကြားလိုသောကြောင့် သူသည်အွန်လိုင်းသတင်းနှင့်လူထုထင်မြင်ချက်ကိုအိမ်တွင်အမြဲမှတ်သားထားခဲ့သည်။

 

 

 သို့သော် နာမည်ကျော်ကြားမှုရရှိဖို့ ကော်ဇောနီပေါ်တွင်တမင်တကာလဲချခဲ့သော တန့်ကျွီရဲ့ကြိုးစားမှုက မအောင်မြင်ခဲ့ပါ။  ယင်းအစား၎င်းက ယဲ့ဆွေရဲ့ ဂုဏ်သတင်းကို အမြင့်သစ်သို့တက်စေခဲ့သည်။  ပြည်တွင်းသတင်းတွေမှာတော့ ယဲ့ဆွေ ရဲ့မကောင်းတဲ့စကားတွေကိုမဖော်ပြဘဲ လူတိုင်းက တန့်ကျွီကို ကျော်ကြားမှုကိုရှာဖွေသူလို့ပြောခဲ့သည်။

 

 

 ဟွာရွေ့က ပို၍ ပင်ဝေးသွားခဲ့သည်။  သူတို့ရဲ့ကိုယ်ပိုင်အနုပညာရှင်ကို မကောင်းတဲ့အလင်းရောင်မှာမထားဖို့ သတင်းတွေမှာ တန့်ကျွီ ဆိုတဲ့နာမည်ကိုမဖော်ပြဘဲ တရုတ်မင်းသမီးတစ်ယောက်လို့သာ ဖော်ပြထားသည်။

 

 

  ပြည်ပမီဒီယာများမှလည်း သူမသည် တကယ့်ငန်းမကြီးဖြစ်ကြောင်းဖော်ပြခဲ့သည်။

 

 

  တန့်ကျွီက အိမ်မှာအရမ်းဒေါသထွက်ပြီး နှာခေါင်းသွေးလျှံခဲ့ပေမယ့် အကျိုးမရှိခဲ့ဘူး။ ယဲ့ဆွေရဲ့ ကျော်ကြားမှုက လုံးဝမထိခိုက်ပါ။  သူမကသာ ကျော်ကြားမှုရှာဖွေသူအဖြစ် အပျက်သဘောဆောင်သော ဂုဏ်သတင်းဖြင့်သာအဆုံးသတ်ခဲ့သည်။

 

 

 တန့်ကျွီက အရာခပ်သိမ်းကြောင့် ကျော်ကြားမှုအနည်းငယ်ရခဲ့သော်လည်း နာမည်ကျော်ကြားမှုနှင့်ထိစပ်ခဲ့သည်။  သို့သော်လည်း အချို့အစီအစဉ်အုပ်စုများက သူမအား ပါ၀င်ရန်ဖိတ်ခဲ့သည်။

 

 

  ရက်အနည်းငယ်အကြာတွင် ဖက်ရှင်ရှိုးတစ်ခုရှိခဲ့ပြီး တန့်ကျွီ ကိုဖိတ်ကြားခဲ့သည်။  သူမအေးဂျင့်က ယဲ့ဆွေလည်း ထိုနေရာတွင် ပေါ်လာလိမ့်မယ်လို့ သူမ၏အေးဂျင့်က အကြောင်းကြားခဲ့သည်။

 

 

  တန့်ကျွီက ယဲ့ဆွေကို အသုံးချချင်ပေမဲ့ သူတစ်ပါးရဲ့ပါးစပ်ထဲမှာ ဟာသတစ်ခုမဖြစ်ချင်ခဲ့ဘူး။  အထူးသဖြင့်သူမအပေါ် ယေဘုယျအထင်အမြင်ကိုပြောင်းဖို့ သူမက အဆင့်မြင့် ဝတ်စုံကိုငှားလိုက်သည်။

 

 

 အရင်တုန်းက ယဲ့ဆွေလည်း ကျော်ကြားမှုကိုရှာဖွေသူတစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ သူမရဲ့နာမည်ဂုဏ်သတင်းဆိုးက လုံး၀ပျောက်ကွယ်သွားခဲ့ပြီပင်။ ယဲ့ဆွေတောင် လုပ်နိုင်လျှင် သူမဘာကြောင့်မလုပ်နိုင်ရမှာလဲ?

 

 

ခမ်းနားကြီးကျယ်သောနေ့တွင် ယဲ့ဆွေက စောစောရောက်လာသည်။ ရှောင်လျို့က သူမဘေးရှိဆိုဖာပေါ်တွင်ထိုင်နေစဉ် မိတ်ကပ်ပညာရှင်က သူမအတွက်မိတ်ကပ်လိမ်းခြယ်ပေးနေသည်။  သိပ်မကြာခင်မှာ အဝတ်လဲခန်းတံခါး ခေါက်သံတစ်ခုကြားလိုက်ရသည်။  အဲဒါ တန့်ကျွီပဲ။

 

 

 အဝတ်လဲခန်းထဲမှ ၀န်ထမ်းများအားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ တန့်ကျွီက ယဲ့ဆွေကို ကျော်ကြားမှုရရှိဖို့ ပစ်မှတ်ထားသည့် အခါတိုင်း အမြဲရှုံးနိမ့်ခဲ့တာ မဟုတ်ဘူးလား? နောက်ထပ်ထပ်ပေါ်လာပြီး ကိုယ့်ဘာသာ နောက်တစ်ကြိမ်အရှက်ရစေမလို့လား?

 

 

 တန့်ကျွီ မျက်နှာက အလွန်ထူသည်။  သူမကဝန်ထမ်းရဲ့အကြည့်တွေကို မျက်ကွယ်ပြုလိုက်သည်။  သူမ မမြင်လိုက်သလိုပဲ သူမက ယဲ့ဆွေကိုသာ အာရုံစိုက်နေသည်။

 

 

  "အစ်မ ဆွေဆွေ အခြားအဝတ်လဲခန်း အားလုံးက ပြည့်နေပြီ။ ညီမ ဒီမှာခဏနေလို့ရမလား?"

 

 

  ရှောင်လျို့က ဤစကားများကိုကြားသောအခါ သူမပါးစပ်ထဲရှိ ရေကိုလျှံထွက်လုနီးပါးဖြစ်သွားခဲ့သည်။  ဘာကို အစ်မကြီး ဆွေဆွေလဲ! သူမသိသလောက်တော့ တန့်ကျွီနဲ့ ယဲ့ဆွေတို့က တစ်နှစ်တည်းမှာ မွေးဖွားခဲ့ပြီး သူတို့၏မွေးနေ့က ရက်အနည်းငယ်သာ လိုတော့သည်။

 

 

တန့်ကျွီက အပြင်မှာလူအရမ်းများနေတဲ့အချိန်ကို တမင်ရွေးခဲ့သည်။  သူမက ယဲ့ဆွေ ငြင်းမှာ စောင့်နေသည်။ ပြီးတော့ အသစ်ရောက်လာသူကို အနိုင်ကျင့်တယ်ဆိုတဲ့ ကောလာဟလတွေဖြန့်လိမ့်မည်။

 

 

 ယဲ့ဆွေက သူမ၏သေးနုပ်သော လှည့်ကွက်များကို မြင်ပြီးပြီ။ တန့်ကျွီ ဒီလိုလုပ်ခဲ့ရင်တောင် ယဲ့ဆွေ မှာ ငြင်းဖို့ ဆင်ခြေတစ်ခုရှာနိုင်သည်။ ဒါပေမယ့် တန့်ကျွီ ဘေးကမှောင်နေတဲ့ပုံရိပ်ကို မြင်တဲ့အခါ သူမသဘောတူခဲ့သည်။

 

 

"ဒါဆို၊ မင်းဝင်လာခဲ့ "

 

 

သူမ၏အကြံအစည်အောင်မြင်ပြီဟု ထင်ပြီး တန့်ကျွီက သူမ၏မိတ်ကပ်ပညာရှင်ကို အထဲ ချက်ချင်းဆွဲခေါ်လိုက်သည်။

 

 

 တန့်ကျွီက ယဲ့ဆွေ  ဘေးရှိမှန်တင်ခုံရှေ့တွင် ထိုင်လိုက်သည်။  သူမကယဲ့ဆွေ၏ ဦးတည်ရာအတိုင်း လျှောက်လေလေ သူမပိုပြီး မနာလိုဖြစ်လာလေပဲ။

 

 

ယခုအချိန်တွင် ယဲ့ဆွေက သူမမျက်နှာပေါ်တွင် အောက်ခံ တစ်ခုတည်းကိုသာ လိမ်းထားပြီး မိတ်ကပ်ကိုအပြည့်အဝ မလိမ်းထားခဲ့ပေ။ အဲ့ဒီတိုင်အောင် တန့်ကျွီက ယဲ့ဆွေ၏အသားက အခြေအနေကောင်းနေသည်ကိုမြင်နိုင်ခဲ့သည်။

 

 

 ပေါ့ပါးသောမိတ်ကပ်နှင့်တောင် ယဲ့ဆွေရဲ့ မျက်နှာသွင်ပြင်က အလွန်နူးညံ့သိမ်မွေ့သည်။  ယဲ့ဆွေကို မကြိုက်ဖူးတဲ့သူတွေက သူမ၏ပြောင်မြောက်သော အသွင်အပြင်ကို ချီးကျူးခဲ့ကြသည်မှာ မဆန်းတော့ပေ။

 

 

 ယဲ့ဆွေက လူနုံမဟုတ်ဘူး။  သူမက တန့်ကျွီ၏ မျက်လုံးတွေဟာ သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်ကို သဘာဝအတိုင်း ခံစားလိုက်မိသည်။  သူမဟာဒီအခွင့်အလမ်းကိုယူပြီး တန့်ကျွီ ရဲ့အနောက်က အမှောင်ရိပ်ကိုတစ်ချက်ကြည့်လိုက်သည်။

 

 

"ရှင်ဘာကြည့်နေတာလဲ?"  ယဲ့ဆွေက တန့်ကျွီကို ကြည့်ရန် ခေါင်းကိုလှည့်လိုက်သော်လည်း သူမ၏မျက်လုံးများက သူမ(တန့်ကျွီ)ရဲ့နောက်ဘက်သို့ စူးစိုက်ကြည့်နေလေသည်။

 

 

တန့်ကျွီက ဘယ်လိုပြန်ပြောရမှန်းမသိဘဲ ခဏလောက်တိတ်ဆိတ်သွားသည်။

 

 

 ယဲ့ဆွေက တန့်ကျွီရဲ့အနောက်ဘက်မှ အနက်ရောင်ပုံရိပ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။  ဒါက လူသားတစ်ယောက်မဟုတ်တာတော့ သေချာသည်။  သရဲကအရပ်ရှည်ပြီး ကောင်းကောင်းမွန်မွန်ဝတ်စားထားသည်။ ကြည့်ရတာ မော်ဒယ်တစ်ယောက်ဖြစ်ပုံရသည်။

 

 

 ဒီမော်ဒယ်သရဲက သူမရဲ့မျက်လုံးတွေကို  တန့်ကျွီ၏ နားဆွဲတွေဆီမှာသာ ရှိနေခဲ့သည်။

 

 

ဒီနားဆွဲတွေက ဘာကြောင့်ရင်းနှီးနေတဲ့ပုံရနေတာလဲ?

 

 

ယဲ့ဆွေရဲ့ မှတ်ဥာဏ်က ကောင်းမွန်ခဲ့သည်။  သရဲခြောက်တဲ့မော်ဒယ်ကုမ္ပဏီမှာ ဒီနားဆွဲတွေကို သူမ မြင်ဖူးခဲ့တာကို ချက်ချင်းပဲ သတိရလိုက်သည်။

 

 

 သူမက အဲ့တာတွေကို ထောင့်တစ်နေရာမှာ ကျနေတာကို သူမ သတိပြုမိခဲ့သည်။ ဒါပေမယ့် သူမနှင့်မဆိုင်သောအရာများကို သူမ မရွှေ့ခဲ့ပေ။  ထုံးစံအတိုင်း သူမကထိုအဖြစ်အပျက်ကို လျစ်လျူရှုခဲ့သည်။

 

 

 မမျှော်လင့်ဘဲ အဲ့တာတွေကို တန့်ကျွီက ယူဆောင်သွားခဲ့သည်။  သူမက ဒီသရဲရဲ့ပစ္စည်းတွေကို ခိုးပြီးကတည်းက ဒီသရဲက သူမနောက်ကို ဘာလို့လိုက်မသွားနိုင်ရမှာလဲ?

 

 

ဤအချက်ကိုစဉ်းစားရင်း ယဲ့ဆွေက ရုတ်တရက် ပြုံးလိုက်သည်။

 

 

 ဒီအပြုံးက တန့်ကျွီကို မှင်သက်စေခဲ့သည်။  မိတ်ကပ်ပညာရှင်က အခုမှ ယဲ့ဆွေကို နှုတ်ခမ်းနီဆိုးပေးထားတာ။  ယဲ့ဆွေပြုံးလိုက်သောအခါ အေးခဲနေတဲ့နှင်းတွေက အရည်ပျော်ကျသွားသလိုပဲ။  သူမ၏မျက်လုံးထောင့်များက အနည်းငယ်မြင့်တက်လာပြီး စွဲမက်ဖွယ်ကောင်းသော ခံစားချက်ကိုပေးခဲ့သည်။

 

 

ယခုအချိန်တွင် တန့်ကျွီက ယဲ့ဆွေအပေါ် အင်တာနက်သုံးစွဲသူတွေရဲ့ အကဲဖြတ်ခြင်းကိုနားလည်သွားပုံရသည်။ ယဲ့ဆွေ၏ အလှက ဖျော်ဖြေရေးလောကတွင်ထူးခြားသည်။ သူမက တော်တော်လှနေပြီလို့ မင်းထင်လိုက်တာနဲ့ နောက်စက္ကန့်ပိုင်းမှာ သူမက သူမရဲ့မတူညီတဲ့ဘက်အခြမ်းကိုပြလိမ့်မည်။

 

 

သူမဟာ တန့်ကျွီရဲ့ အနောက်ကသရဲကို စောင့်ကြည့်နေတဲ့အတွက် ယဲ့ဆွေက အဲ့ဘက်ကို အချိန်အတော်ကြာကြည့်နေခဲ့သည်။ ဒါပေမယ့် တန့်ကျွီက ကွဲပြားစွာအဓိပ္ပာယ်ဖွင့်ခဲ့သည်။

 

 

တန့်ကျွီ၏မျက်လုံးထဲတွင် သူမ၏ အပြုံးကျဆင်းသွားသောအခါ ယဲ့ဆွေက သူမကိုရယ်လိမ့်မည်ဟု သူမတွေးမိသည်နှင့် သူမ၏စွမ်းရည်များကို မတန်တဆတွက်ချက်လိုက်သည်။

 

 

  သို့သော်လည်း တန့်ကျွီက သူမကို မငြင်းဆန်နိုင်ခဲ့ပေ။  သူမရဲ့အကြံအစည်ကို အကောင်အထည်ဖော်ခင် ယဲ့ဆွေက သူမအားနှင်ထုတ်မှာကို သူမကြောက်သည်။ ယဲ့ဆွေနဲ့ သူမဆက်ဆံရေးက ထင်သလောက်မဆိုးကြောင်းကို သူမက အခြားသူများအား မြင်စေလိုသည်။

 

 

တန့်ကျွီက သူမကိုယ်သူမ ဖုံးဖိဖာထေးရန် ဖျစ်ညှစ်ပြီးသာပြုံးနိုင်ခဲ့သည်။

 

 

 "ရှင်က အရမ်းလှတယ်လို့ ကျွန်မထင်တယ်၊ အဲဒါကြောင့် ကျွန်မ ရှင့်ကို ငေးကြည့်နေတာတန့်ကျွီက ဒီအမှန်တရားတစ်ဝက်နဲ့ အမှားတစ်ဝက်ပါတဲ့စကားလုံးတွေကို ပြောရန်အလွန်ခက်ခဲခဲ့သည်။

 

 

  "အိုး၊ ကျွန်မသိပါတယ်ယဲ့ဆွေ၏နှုတ်ခမ်းများက တွန့်ကနဲကွေးသွားပြီး တန့်ကျွီအား ကြင်နာစွာနဲ့ သတိပေးလိုက်သည်။ "ရှင့်ရဲ့နားဆွဲတွေက လှနေတာပဲ "

 

 

တန့်ကျွီက စက္ကန့်ပိုင်းလောက် လန့်ဖျန့်သွားသည်။  ထို့နောက် သူမက ဂုဏ်ယူစွာဖြင့် သူမ၏နားဆွဲကိုတို့ထိလိုက်သည်။ သူမကအဲ့တာတွေကို ကောက်ယူခဲ့သော်လည်း ၎င်းတို့သည် အလွန်လှပသောကြောင့် သူမအဲ့တာကိုပြုလုပ်ခဲ့မိသည်။

 

 

"ကျွန်မက ဒီနားကပ်တွေကို အထူးအနေနဲ့အပ်ခဲ့တာလေ။ ဒီရဲ့စတိုင်လ်က အရမ်းထူးခြားတာကြောင့် ဒါတွေကိုယူဖို့ အလုပ်အများကြီးလုပ်ခဲ့ရတယ်။ "

 

 

တန့်ကျွီ က မျက်တောင်မခတ်ဘဲ လိမ်ပြောနေသည်။

 

 

ယဲ့ဆွေက ရယ်ပြီး အဓိပ္ပါယ်ရှိရှိနဲ့ ပြောခဲ့သည်။ "အဲ့လိုလား? ဒါပေမယ့် ဒါတွေကို နည်းနည်းရင်းနှီးနေတာကို ကျွန်မတွေ့လိုက်ရတယ်။ ဒါပေမယ့်လည်း အဲ့တာတွေကို ကျွန်မတစ်နေရာရာမှ တွေ့ဖူးတာပဲဖြစ်မှာပါ "

 

 

သူမက အထူးဝါကျတစ်ခုကိုလည်း ထည့်သွင်းခဲ့သည်။  "ဒါကဒီလတ်တလော ကာလအတွင်းမှာဘဲ "

 

 

 တန့်ကျွီရဲ့ နှလုံးကခုန်ပေါက်လာသည်။  အဲ့တော့ ယဲ့ဆွေ ဒီနားဆွဲတွေကိုမြင်သွားတာလား? သူမလည်း ဒါတွေကို သူမကိုယ်တိုင် မြင်ဖူးခဲ့တာလားသူမက အခု ငါ့ကိုစမ်းသပ်နေတာလား?

 

 

တန့်ကျွီက သူမအပြုံးကို မထိန်းထားနိုင်တော့ချေ။  "ရှင်က တကယ်ကို ဟာသလုပ်နိုင်တာပဲ။ ကျွန်မရဲ့နားဆွဲတွေမှာ အထူးစတိုင်တစ်ခုရှိတယ်။ ပြီးတော့ ဒါတွေကို တခြားသူတွေ ဝတ်တာကို ကျွန်မတွေ့ရခဲတယ် "

 

 

စကားများပြောပြီးသည်နှင့်တပြိုင်နက် တန့်ကျွီ၏နောက်က မော်ဒယ်သရဲက မကျေမနပ်ဖြစ်ခဲ့သည်။ ထိုနားကပ်တွေက အဲ့အချိန်တုန်းက နာမည်ကြီးခဲ့သည်။  ဒီလိုပြောလိုက်တာက တန့်ကျွီက သူမရဲ့အရသာကို စော်ကားတာမဟုတ်ဘူးလား?

 

 

 ယဲ့ဆွေက တန့်ကျွီ၏ နားကပ်ကို ဒေါသတကြီးနဲ့ မျက်လုံးတွေထဲက မီးတောက်လောက်အောင်ကြည့်နေတဲ့ မော်ဒယ်သရဲကို စောင့်ကြည့်နေခဲ့သည်။ နားဆွဲတွေက ဘယ်သူကမှ ထိတွေ့ခြင်းမရှိဘဲ နားဆွဲတွေက ပြင်းထန်စွာ လှုပ်ခါသွားသည်။

 

 

လျှပ်တစ်ပြက်ရိုက်ချက်က တန့်ကျွီရဲ့ မျက်နှာတစ်ဖက်ကိုထိသွားသည်။  ရုတ်တရက် လှုပ်ရှားမှုများကြောင့် သူမထိတ်လန့်နေချိန်တွင် သူမ၏တင်းမာသော အပြုံးကရှိနေဆဲဖြစ်သည်။

 

 

အစောက ငါ့ရဲ့နားဆွဲက လှုပ်ရှားပုံမပေါ်ဘူး။ ငါလုပ်လိုက်တာလားတန့်ကျွီက အခြားအရာများကိုမစဉ်းစားဘဲ သူမ၏လက်များကို စတင်သံသယ၀င်လာသည်။

 

 

 တန့်ကျွီက သူမစိတ်ကိုတည်ငြိမ်စေပြီး ယဲ့ဆွေ ကိုကြည့်လိုက်ပြန်သည်။  သူမရဲ့ရည်ရွယ်ချက်က ယဲ့ဆွေနဲ့ဒီညမှာ ဖက်ရှင်ရှိုးကို တက်ဖို့ဘဲ။

 

 

 သူမက ကောင်းစွာစီစဉ်ခဲ့သည်။ သူမနဲ့ ယဲ့ဆွေ  ကြားက ကောလဟာလတွေကို ချိုးဖျက်ဖို့ သူမ အခွင့်အရေးယူလိမ့်မည်။  သူတို့နှစ်ဦးစလုံးက ပူးပေါင်းပါဝင်နိုင်ခဲ့ပြီး ယဲ့ဆွေနှင့်သူမ၏ ယခင်တွေ့ဆုံမှုက အခြားသူများ၏မနာလိုသော ထင်ကြေးပေးမှုများသာ ဖြစ်လာလိမ့်မည်။

 

 

 "အစ်မ ဆွေဆွေ၊ ရှင် ဒီညပွဲကို တစ်ယောက်တည်းတက်မှာပေါ့။ ရှင်အထီးကျန်တယ်လို့ ခံစားရတယ်ဆိုရင် ကျွန်မ ရှင်နဲ့ ပူးပေါင်းပေးနိုင်ပါတယ် "

 

 

ယဲ့ဆွေအဖြေမပေးမီ ရှောင်လျို့က ငြင်းဆန်ပြီးပြီဖြစ်သည်။  သူမရဲ့စိတ်ထားကောင်းကောင်းနဲ့ ယဲ့ဆွေမှာ နူးညံ့သောနှလုံးသားရှိမှာကို သူမကြောက်သည်။  ထို့ကြောင့် သူမက ယဲ့ဆွေအစားတိုက်ရိုက်တုံ့ပြန်ခဲ့သည်။

 

 

 ယဲ့ဆွေက ပြုံးပြီးခိုင်မာစွာပြောလိုက်သည်။  "မလိုပါဘူး"

 

 

 တန့်ကျွီက အားတင်းပြုံးထားတာမပျက်ခင် စက္ကန့်အနည်းငယ်အလိုတွင် ကြောင်အသွားလေသည်။  "ဘာလို့လဲ? ကျွန်မတို့က သူငယ်ချင်းတွေလို့ ကျွန်မထင်ခဲ့တာ"

 

 

 ယဲ့ဆွေက သူမကို တိုက်ရိုက်မညွှန်ပြခဲ့ဘူး။  "ဘာလို့လဲဆိုတော့ ကျွန်မက ပစ္စည်းတွေကို ယူခဲ့တဲ့ လူတွေနဲ့ သူငယ်ချင်းမဖြစ်ချင်ဘူး။ "

 

 

ရှောင်လျို့နှင့်အခြား ၀န်ထမ်းများရဲ့ ချက်ချင်းတုံ့ပြန်မှုကတော့ တန့်ကျွီက "ယဲ့ဆွေလေး "အဖြစ် ကျော်ကြားချင်နေတာပဲဖြစ်သည်။

 

 

ဒါပေမယ့် တန့်ကျွီမှာ အခြားအတွေးများရှိခဲ့သည်။   တန့်ကျွီက သူတစ်ပါး၏ နားဆွဲကို ယူထားခဲ့တာကို ယဲ့ဆွေသိသည်။

 

 

တန့်ကျွီက သူမ၏နားရွက်ရှိနားဆွဲတွေကို မသိစိတ်နှင့်ထိလိုက်သည်။  နားဆွဲတွေကို လွှင့်ပစ်ခဲ့ပြီးပြီ။.အဲ့တာက သူတို့မှာပိုင်ရှင်မရှိတော့ဘူးဆိုတာပြနေသည်။  သူမက အဲ့တာတွေကို ကောက်ယူလိုက်သောအခါ အဲ့တာတွေက သူမရဲ့အပိုင်ဖြစ်နေပြီ။

 

 

 "ကျွန်မ တခြားသူတွေရဲ့ပစ္စည်းတွေကို ဘယ်တော့မှမယူဘူး။ "

 

 

 ယဲ့ဆွေရဲ့ သဘောထားက ဤကဲ့သို့ဖြစ်နေကတည်းက တန့်ကျွီက ယဲ့ဆွေ သူမအား အနိုင်ကျင့်ခဲ့သည်ဟူသော ကောလဟာလလှိုင်းကို စီးသွားချင်သည်။

 

 

မနက်ဖြန်ရဲ့ကောက်နှုတ်ချက်စာသား အကြောင်းအရာများအားလုံးကို တန့်ကျွီ ကစဉ်းစားခဲ့သည်။အသစ်ရောက်လာတဲ့သူတစ်ဦးအား ရှေ့သို့မရောက်အောင် တားဆီးရန်ကြိုးစားနေသော အသစ်ဖြစ်တဲ့နာမည်ကျော်ပန်းတစ်ပွင့်က အသစ်ရောက်လာတဲ့သူအား နှိမ်နင်းရန်ကြိုးစားနေသည်။

 

 

တန့်ကျွီ  အတွေးများစုစည်းလိုက်သောအခါ နားဆွဲတွေက တစ်စုံတစ်ခုကြောင့် ဆောင့်ဆွဲသလိုဖြစ်သွားသည်။

 

 

 မော်ဒယ်သရဲက စိတ်ဆိုးပြီးတော့ နားကပ်ကိုဆောင့်ဆွဲပစ်လိုက်သည်။  "ဒီလူကဘာလို့အမြဲတမ်း လိမ်နေတာလဲ? နင့်ရဲ့နားရွက်က နားဆွဲတွေက ငါ့ဟာတွေပဲ။ ငါပိုက်ဆံစုပြီး ဝယ်ထားတဲ့ စျေးအကြီးဆုံးနားဆွဲတစ်ရံပဲ ဘာလို့ အဲ့တာတွေကို ငါ့ကိုပြန်မပေးရတာလဲ?"

 

 

 တန့်ကျွီက ယခုအကြိမ်တွင် လှုပ်ခါခြင်းက နောက်ဆုံးအကြိမ်နှင့်မတူဘဲ သိသာထင်ရှားစွာ ခံစားနိုင်ခဲ့သည်။

 

 

 နောက်ဆုံးအကြိမ်မှာ သူမက အဲ့တာတွေကို မတော်တဆထိမိခဲ့တာလို့ ရှင်းပြနိုင်သည်။ ဒါပေမယ့်အခုဘယ်လိုရှင်းပြမလဲ? သူမရဲ့ဆံပင်နဲ့ငြိသွားတာလို့ပြောရမှာလား?

 

 

တန့်ကျွီက မှန်ထဲကို ကြည့်လိုက်သည်။  သူမက အနီရောင်ကော်ဇောများထဲမှ တစ်ခုကနေ ယဲ့ဆွေ၏ အသွင်အပြင်ကို အတုခိုးခဲ့သည်။  သူမ၏ဆံပင်တွေအားလုံးကို လိပ်တင်ထားပြီး ခေါင်းတစ်ချောင်းမှမကျစေဘဲ ခေါင်းနောက်မှာ မြင့်မြင့်စည်းထားသည်။

 

 

 သူမငှားထားတဲ့ဂါဝန်ကိုလည်း ပြောမနေပါနဲ့တော့ သူမရဲ့ပခုံးတွေကိုဖော်ထားသည်။  ထို့ကြောင့်သူမ၏အဝတ်အစားက နားဆွဲကိုဖမ်းရန်မဖြစ်နိုင်ပေ။

 

 

 တန့်ကျွီ  စိတ်ရှုပ်ထွေးသွားသော်လည်း သူမကမသိမသာနဲ့ သူမရဲ့အတွေးတွေကို ငြင်းချင်သည်။

 

 

ယဲ့ဆွေ အဲ့တာကိုထပ်ပြီး သည်းမခံနိုင်တော့ဘူး။  သူမက မျက်လုံးအနီကြီးနဲ့ မော်ဒယ်သရဲကိုကြည့်ပြီး တန့်ကျွီကို ထပ်ပြီးဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။  "ရှင်ယူထားတဲ့ ပစ္စည်းကို ပြန်ထားလိုက်။  အခြားသူတစ်ဦးရဲ့ ပစ္စည်းကို ယူတာက အမြဲတမ်းမကောင်းဘူး "

 

 

 ၀န်ထမ်းများနှင့် ရှောင်လျို့တို့က ယဲ့ဆွေက သူမရဲ့ ကျော်ကြားမှုကိုသုံးရန်မစဉ်းစားဘဲ တန့်ကျွီ အားကြင်နာစွာဖြားယောင်းသွေးဆောင်နေသည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။  ကိုယ့်ကိုကိုယ်အားကိုးဖို့အရေးကြီးတာလား?

 

 

ယဲ့ဆွေ အဲ့တာကို အသံမထွက်သရွေ့ အရာအားလုံးကကောင်းသည်။ ဒါပေမယ့် သူမဒါကိုပြောလိုက်တဲ့အခါမှာ တန့်ကျွီက အဲ့တာကိုယခုဖြစ်ပျက်ခဲ့သောအရာနဲ့ ယှဥ်တွဲလိုက်သည်။  သူမကကြောက်ရွံ့သောမျက်နှာဖြင့် ယဲ့ဆွေကိုကြည့်လိုက်သည်။

 

 

ဖျော်ဖြေရေးအသိုင်းအဝိုင်းမှကောလာဟလများက အမှန်ဖြစ်သည်။  ယဲ့ဆွေက စိတ်ပညာရှင်ဖြစ်ပြီး အချိန်မရွေးနေရာမရွေးကူညီပြီး သရဲတစ္ဆေများကိုမောင်းထုတ်နိုင်သည်။ ရလဒ်အနေနဲ့ သူမ၏ အသက်မွေးဝမ်းကျောင်းက အလွန်ချောမွေ့စွာနဲ့ရွက်လွှင့်နိုင်ခဲ့သည်။

 

 

 တန့်ကျွီက သူမ၏နားဆွဲများကို ချွတ်ချင်သော်လည်း သူမအတွက် အရေးတကြီးဖြစ်လေလေ သူတို့ကိုမဖယ်နိုင်လေဖြစ်လာသည်။ သိသာထင်ရှားတာက အဲ့တာက သူမရဲ့လက်တွေတုန်နေလို့ဖြစ်ပေမယ့် သူမကသရဲကိုအပြစ်တင်ခဲ့သည်။

 

 

သူမကဒီနားကပ်ကိုအမြဲ ၀တ်ထားမှာမလို့လား?

 

 

  တန့်ကျွီမျက်နှာက စက္ကန့်အနည်းငယ်တွင် ပြောင်းလဲလာသည်ကို အ၀တ်လဲခန်းမှ လူတိုင်းကကြည့်နေကြသည်။ သူမရဲ့ မျက်လုံးများကနီရဲလာပြီး သူမက ယဲ့ဆွေအား သနားစရာကောင်းစွာ ကြည့်လိုက်သည်။ ဒီတစ်ခါတော့ သူမဟာ သူမရဲ့အစ်မဖြစ်သူ ဆွေဆွေကိုပြန်ခေါ်ဖို့မရဲတော့ဘူး။

 

 

"မသေမျိုး ယဲ့၊ ကျွန်မကိုကူညီပါကျွန်မရှင့်ကိုနောက်ထပ် မသုံးရဲတော့ပါဘူး။ "

 

 

တန့်ကျွီ၏လေးစားမှုနှင့် လေးနက်သောလေသံကြောင့်သာမဟုတ်ခဲ့လျှင် ရှောင်လျို့က တန့်ကျွီ လှည့်ကွက်အချို့ကို ထပ်လုပ်နေတယ်လို့ တွေးမိလိမ့်မည်။

 

 

ယဲ့ဆွေ - "....."

 

 

  သူမရဲ့အသနားခံနေတဲ့ အကြည့်အောက်တွင် ယဲ့ဆွေက သူမရဲ့လက်ကိုလှမ်းပြီး တန့်ကျွီနားဆွဲကို ချွတ်ဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိပေ။ တန့်ကျွီ၏ တစ်ကိုယ်လုံး ပြေလျော့သွားသည်။ ယဲ့ဆွေက ပေါ့ပေါ့ပါးပါးနေနိုင်သော်လည်း သူမ မလုပ်နိုင်ခဲ့ပေ။ သူမ၏ကနဦးခန့်မှန်းချက်၌ သူမမှန်ကန်ခဲ့သည်။ ယဲ့ဆွေက နားဆွဲကို တန့်ကျွီ အားပေးလိုက်သည်။ "ဒါတွေကို သူတို့ရဲ့မူလနေရာမှာပြန်ထားလိုက်။ ပစ္စည်းတွေကို လက်လွတ်စပယ်မယူနဲ့။ "

 

 

 တန့်ကျွီက ကြောက်ရွံ့ပုံရပြီး နားကပ်ကိုလက်မခံရဲပါ။  "ဆွေဆွေ.."

 

 

  "အစ်မ"လို့ မပြောမီ တန့်ကျွီက ယဲ့ဆွေကို ထိခိုက်စေမှာကို ကြောက်ရွံ့သောကြောင့် သူမစကားကို ပြောင်းလိုက်သည်။  "ကြီးမြတ်လှသောမသေမျိုး ယဲ့၊ ကျွန်မကိုကူညီပေးမှာလား? ကျွန်မကြောက်တယ်"

 

 

ယဲ့ဆွေက ရုန်းကန်နေသည့် တန့်ကျွီကို ကြည့်ပြီး လက်သုတ်ပုဝါအနည်းငယ်ကို ဆွဲထုတ်လိုက်ပြီး နားဆွဲကိုထုပ်လိုက်သည်။  "အခုအားလုံးအဆင်ပြေသွားပြီ "

 

 

 တန့်ကျွီက ယဲ့ဆွေ သူမကို အကြံဥာဏ်ကိုပေးနေသည်ဟု ထင်သောကြောင့် ၎င်းကိုအလေးအနက်နဲ့ယူလိုက်သည်။  "ကျွန်မရဲ့အကျင့်တွေကို ပြောင်းလဲပစ်ပြီး မိန်းမကောင်းတစ်ယောက်ဖြစ်စေရပါမယ်။ "

 

 

တန့်ကျွီက ဖက်ရှင်ရှိုးကို မတက်ရောက်ခဲ့ပေ။  ထိုအချိန်မှစ၍ သူမက လေးလေးနက်နက်နဲ့ အလုပ်ကိုစတင်လုပ်ဆောင်ခဲ့ပြီး မည်သည့်ကောက်ကျစ်သောအတွေးများကိုမှ မတွေးရဲတော့ပေ။

 

 

 ကြီးမြတ်လှသောမသေမျိုး ယဲ့ ကိုလိမ်ဖို့အရမ်းလွယ်လားသူမ လေးလေးစားစား ဆက်ဆံဖို့လိုတယ်။