အပိုင်း ၁၁၄
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၁၄ - ကတိတစ်ခု

 

 

 

ဟူအန်း စတူဒီယိုက ယဲ့ဆွေ နောက်သို့ လိုက်နေသည်မှာ အချိန်တစ်ချို့ကြာခဲ့ပြီ ဖြစ်သည်။ ဖျော်ဖြေရေး အသိုင်းအဝိုင်းမှာ နာမည်ကြီးတဲ့ ပါပါရာဇီလိုမျိုး ဟူအန်း စတူဒီယိုက ယခင်ကသတင်းဦးသတင်းထူးများစွာကို စုဆောင်းခဲ့သည်။

 

 

 သို့သော်လည်း ယဲ့ဆွေ  နောက်သို့ လျှို့ဝှက်စွာလိုက်နေသော်လည်း သူတို့၏ ပါပါရာဇီက မည်သည့်အဖိုးတန်သည့်အကြောင်းအရာကိုမှ မရခဲ့ပေ။

 

 

  အရင်တစ်ခေါက် ရင်းရှီကမ္ဘာ့စတူဒီယို၌ ပါပါရာဇီထဲက တစ်ဦးက သရဲ၏ဓာတ်ပုံကို မတော်တဆရိုက်မိခဲ့သည်။ ယဲ့ဆွေရဲ့ အကြီးမြတ်ဆုံးမသေမျိုးထဲကို ပေါင်းထည့်ပြီး စတူဒီယိုထဲသို့ ၀င်လာသောလူသစ်လေးက ယဲ့ဆွေ နောက်သို့ မလိုက်ဝံ့တော့ချေ။

 

 

  ဟူအန်းက ဒီအသုံးမကျသော သင်တန်းသားများကို ဒေါသထွက်ခဲ့သည်။ အဆုံး၌ သူက အလုပ်သို့ကိုယ်တိုင်ထွက်ပြီး အလုပ်လုပ်ရတော့သည်။  သူကလူသားတစ်ယောက်ဖြစ်နေသ၍ အလျဉ်းအသင့်အတင့်ရှိလိမ့်မည်ကိုသူသိသည်။

 

 

သူငရဲကိုဖြတ်သွားရင်တောင် ဒီဓာတ်ပုံကိုရတုန်းဘဲ။

 

 

 အကြာကြီးစောင့်ပြီးမှ နောက်ဆုံးတော့ အခွင့်အရေးကရောက်လာခဲ့သည်။

 

 

 ၎င်းသည်ဆောင်းရာသီ ဖြစ်၍ အပူချိန်ကအလွန်နည်းသည်။  ယဲ့ဆွေက ယနေ့တွင် ပြင်ပကြော်ငြာတစ်ခုရိုက်ကူးတော့မည်။ ရိုက်ကူးနေစဉ် ယဲ့ဆွေက အအေးမိပြီး နေမကောင်းဖြစ်နေသော်လည်း သူမကအလုပ်ကိုပြီးအောင်လုပ်ရန် အခိုင်အမာပြောသေးသည်။

 

 

 သူမက အားလုံးရဲ့အမြင်ကနေထွက်သွားသည်နှင့်တပြိုင်နက် ယဲ့ဆွေက နာနီ ကား အတွင်း၌ မူးဝေသွားခဲ့သည်။

 

 

 ရှောင်လျို့က အဖျားပျောက်စေတဲ့ကပ်ခွာကို ထုတ်ပြီး ယဲ့ဆွေရဲ့ နဖူးပေါ်မှာ ကပ်ပေးလိုက်သည်။ သူမက ချန်ရှု့ဆီကို အမြန်ဖုန်းခေါ်လိုက်ပြီး သူမရဲ့အခြေအနေကို သူ့အား အကြောင်းကြားလိုက်သည်။

 

 

ဖုန်းလက်ခံရရှိပြီးနောက် ချန်ရှု့က ယနေ့အတွက် ကျန်ရှိနေသောအလုပ်များကို ဖျက်၍အမြန်သွားလိုက်သည်။

 

 

 ရှောင်လျို့ရဲ့စိတ်က ယဲ့ဆွေ အခြေအနေနှင့် မအားလပ်နေသကဲ့သို့ ချန်ရှု့နဲ့ ဆေးရုံကို ဆက်သွယ်နေစဉ် သူမနောက်မှလိုက်လာသော ပါပါရာဇီတစ်ဦးကို သတိမပြုမိခဲ့ပေ။

 

 

ရှူတင်ရိုက်တဲ့နေရာက ဆင်ခြေဖုံးရပ်ကွက်ဖြစ်သည်။  ကားက ဆေးရုံကိုမောင်းလာတဲ့အချိန်မှာ ညရောက်နေပြီ။

 

 

ချန်ရှု့ ရောက်လာချိန်မှာ ရှောင်လျို့ရဲ့ ကားကို ကားပါကင်၌တွေ့ခဲ့သည်။

 

 

ထိုအချိန်တွင် ယဲ့ဆွေနိုးလာသော်လည်း သူမ၏ခေါင်းက မူးနောက်နောက်ဖြစ်နေတုန်းပဲ။

 

 

ကားတံခါးပွင့်သွားပြီး ယဲ့ဆွေ မော့ကြည့်လိုက်တော့ ချန်ရှု့ရဲ့ မျက်နှာကိုမြင်လိုက်ရသည်။  သူမစိတ်ရှုပ်ထွေးနေသည့်ကြားမှပင် သူ့ကို maskပေးဖို့ သူမ မမေ့လျော့ခဲ့ပေ။

 

 

   ယဲ့ဆွေက ချန်ရှု့ကို mask တပ်ရန် တောင်းဆိုပြီးနောက် သူမက ကားပေါ်မှဆင်းခဲ့သည်။

 

 

သူမခေါင်းကမူးဝေနေပြီး သူမခန္ဓာကိုယ်က နာကျင်ကိုက်ခဲနေသည်။ ယဲ့ဆွေက မတည်မငြိမ်ဖြစ်ပြီး လဲကျလုနီးပါးဖြစ်သွားခဲ့သော်လည်း ချန်ရှု့က သူမကို ကားထဲမှ ထွက်ဖို့အတွက် ကူညီပေးခဲ့သည်။

 

 

ဟူအန်းက ကင်မရာကိုအမြန်ကောက်ယူပြီး ဓာတ်ပုံရိုက်လိုက်သည်။

 

 

 မူလက ရှောင်လျို့ ကားမှထွက်လာခဲ့ပြီး ယဲ့ဆွေ  နောက်၌ရှိနေခဲ့သည်။ ဒါပေမယ့် ဓာတ်ပုံထဲတွင် ဟူအန်းက သူမကိုဖြတ်၍ ချန်ရှု့နဲ့ ယဲ့ဆွေတို့ကိုသာ ကျန်ရစ်စေခဲ့သည်။

 

 

ဤဓာတ်ပုံများက ခိုင်မာသောအထောက်အထားများဟု မယူဆသော်လည်း ၎င်းတို့သည် တကယ့်အမှန်တရားနှင့် အနီးဆုံးတွင် ရှိနေပြီဖြစ်သည်။

 

 

 ဟူအန်းက ထိုပုံများကိုစတူဒီယို၏ ဝေ့ပေါ်တွင် ထိုည၌ပင်တင်ခဲ့သည်။ ၎င်းသည် ချက်ချင်းပင် ရှာဖွေမှုအမြင့်ဆုံးပို့စ် ဖြစ်လာခဲ့သည်။

 

 

[ယဲ့ဆွေနဲ့လျှို့ဝှက်ပုဂ္ဂိုလ်တစ်ဦးက ညဘက်တွင်သီးသန့်တွေ့ဆုံမှုရှိခဲ့သည်။  သူက သူမရဲ့ဝှက်ထားတဲ့ ရည်းစားလို့သံသယရှိတယ်။ ]

 

 

 ဓာတ်ပုံကိုးပုံတွင် ယဲ့ဆွေနဲ့ maskတပ်ထားတဲ့ ထူးဆန်းသောအမျိုးသားတစ်ဦးက ဆေးရုံကားပါကင်၌ပေါ်လာသည်။ ထိုလူက ယဲ့ဆွေကိုကားပေါ်မှဆင်းရန်ကူညီပေးခဲ့သည်။ ထို့နောက် သူတို့က တစ်ယောက်ပြီးတစ်ယောက် ဆေးရုံသို့သွားခဲ့ကြသည်။  သူ၏မျက်နှာသွင်ပြင်အများစုကို ဖုံးကွယ်ထားသဖြင့် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။  သူ့အထောက်အထားကို ဘယ်သူမှ မသိခဲ့ဘူး။

 

 

 ဓါတ်ပုံများကို အဓိကဖိုရမ်များသို့ပို့ခဲ့ပြီး အွန်လိုင်းမှကောမန့်များက အလွန်ကြီးထွားလာသည်။  ထိတ်လန့်ဖွယ်သတင်းထွက်လာသည်နှင့်တပြိုင်နက် အင်တာနက်သုံးစွဲသူများက အိပ်ချင်စိတ်မရှိတော့ပေ။

 

 

"ယဲ့ဆွေမှာ တကယ်ဝှက်ထားတဲ့ ရည်းစားရှိတာလား?! ဒီည ငါ့အသည်းတော့ကွဲပါပြီ၊ ဒါကြောင့် အရမ်းဝမ်းနည်းသွားလို့ ငါအိပ်မပျော်တော့ဘူး။ ငါတစ်ညလုံးအိပ်မပျော်သလိုခံစားရတယ်။ "

 

 

 "နာမည်ကြီး အမျိုးသမီး အနုပညာရှင်တွေက ငယ်ရွယ်ပြီးလှပကြတယ်။ ပြီးတော့ သူတို့က ပရိသတ်တွေကို မှီခိုနေစရာမလိုဘူး။ သူတို့ဘာကြောင့်မချစ်နိုင်ကြတာလဲ? ယဲ့ဆွေက ထက်မြက်တဲ့မင်းသမီးတစ်ယောက်လေ။ သူမကဒီ ဖန်ရည်းစားတွေကို လိုအပ်လို့လား? "

 

 

  "ကျွတ် ကျွတ် ကျွတ်စ် သူမရဲ့အလုပ်အကိုင်က မြင့်တက်နေတယ်လေ။ သူမက အလုပ်တွေနဲ့အရမ်းရှုပ်နေပြီး အချစ်ရေးမှာ ကြွေနေတုန်းလား? ယဲ့ဆွေက အခုမှနာမည်ကြီးလာတာနော်။ သူမမှာ ကွယ်ဝှက်ထားတဲ့ အိမ်ထောင်တစ်ခုရှိပြီး အနာဂတ်မှာကလေးမွေးဦးမှာလား?"

 

 

"ဂါး! ဒီလောက်ထိရန်လိုမနေပါနဲ့။ ဓာတ်ပုံက နောက်ခံကိုမင်းသတိမပြုမိဘူးလား? အဲ့တာကရှင်းနေတာပဲ သူတို့ဆေးရုံမှာရှိနေတယ်လေ။ ယဲ့ဆွေ  ဖျားနေတယ်။ ဒါပေမယ့် ပါပါရာဇီက သူမနောက်ကနေ ဆေးရုံကိုလိုက်လာတယ်။ ဒါက အရမ်းများလွန်းသွားပြီ! "

 

 

  "အား၊ အား၊ maskတပ်ထားတဲ့ယောက်ျားက အရမ်းချောတယ်လို့ထင်တဲ့သူက ငါတစ်ယောက်တည်းလား?သူတို့နှစ်ယောက်က အရမ်းကြည့်ကောင်းတယ်!"

 

 

 အင်တာနက်သုံးစွဲသူများသည်စိတ်လှုပ်ရှားစွာနဲ့ ဆွေးနွေးခဲ့ကြပြီး တစ်ဦးစီက သူတို့၏ ကိုယ်ပိုင်အမြင်များနှင့်သာ တွယ်ကပ်နေကြသည်။  သို့သော်လည်း ပရိသတ်အချို့က ယဲ့ဆွေရဲ့  တုံ့ပြန်မှုအတွက် သူမရဲ့ ဝေ့ပေါ်သို့သွားနေဆဲဖြစ်သည်။

 

 

ဟုတ်တာပေါ့။ ဟွာရွေ့၏ ၀န်ထမ်းတွေက အလွန်သတိကြီးကြသည်။ သတင်းပေါက်လာသည့်အခါ သူတို့ကတန်ပြန်တိုက်ခိုက်မှုများကို စဉ်းစားနေပြီဖြစ်သည်။

 

 

ယဲ့ဆွေ နေမကောင်းဖြစ်နေတဲ့အချိန်မှာ ဆေးရုံကိုသွားလိုက်တော့ ပါပါရာဇီက သူတို့ရဲ့အခွင့်အလမ်းကိုရှာတွေ့သွားခဲ့သည်။ ဒါပေမယ့် အဲဒီ့ဓာတ်ပုံထဲက လူက ဟွာရွေ့ ရဲ့သူဌေးဆိုတာကို ဘယ်သူကမှ ခန့်မှန်းနိုင်မှာမဟုတ်ဘူး။

 

 

 ဒါကြောင့် ပါပါရာဇီ တော်တော်များများက ဥက္ကဌချန်  ရဲ့ဝိသေသလက္ခဏာကို ရှာချင်ကြသည်။ အခုသူတို့ကဖွင့်ဟပြီး ချန်ရှု့ ရဲ့ဝိသေသလက္ခဏာကို ဖော်ထုတ်လိုက်ရင် ယဲ့ဆွေကို သေချာပေါက်ထိခိုက်လိမ့်မည်။

 

 

ယဲ့ဆွေရဲ့ အသက်မွေးဝမ်းကျောင်းက အခုမှစနေတာ။  သူမက ယခုတွင် အတော်လေး နာမည်ကြီးနေပေမယ့် အဲ့ဒါက မလုံလောက်သေးဘူး။ ပြီးတော့ သူမ၏ box office တန်ဖိုးကိုမသတ်မှတ်ခဲ့ပေ။  ဟွာရွေ့၏ ဥက္ကဌ ချန်နဲ့ ဆက်ဆံရေးရှိပါက ဤအရာကိုစိတ်ပါဝင်စားသူများက ဒီဟာတစ်ခုတည်းကိုပဲ ကြီးမားတဲ့ရေးကြီးခွင်ကျယ်အဖြစ် သုံးလိမ့်မည်။

 

 

 ယခုလူသိရှင်ကြားထုတ်လွှင့်ရန် အလွန်အန္တရာယ်ကြီးလွန်းသည်။  ဟွာရွေ့က သူတို့ သူဌေးနဲ့ သူတို့မဒမ် ကို အခြားသူတွေ အရှက်ခွဲကြတာကို ဘယ်တော့မှခွင့်ပြုလိမ့်မည်မဟုတ်ပေ။

 

 

 ချန်ရှု့နဲ့ ယဲ့ဆွေတို့က အနာဂတ်မှာမီဒီယာတွေကို ထိုကိစ္စကို ဘယ်လို ထုတ်ဖော်ပြောကြားမယ်ဆိုတာကို ဘယ်လောက်ကြာအောင် ဆွေးနွေးနေရသေးတာလဲ?

 

 

နာရီဝက်အကြာတွင် ယဲ့ဆွေရဲ့ စတူဒီယိုက ဖျားနာခြင်းမှပြန်လည်နာလန်ထူရန်ဆိုတဲ့ စကားလုံးနှစ်လုံးကိုသာ ဝေ့ပေါ်တွင်တင်ခဲ့သည်။

 

 

  အောက်တွင်ပူးတွဲထားသောလက်ထောက် ရှောင်လျို့နဲ့ ယဲ့ဆွေတို့ ဓာတ်ပုံများလည်းရှိသည်။  နောက်ခံက တူညီတဲ့ဆေးရုံပါပဲ။

 

 

တစ်နည်းအားဖြင့် ပါပါရာဇီက ယဲ့ဆွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ယောကျ်ားတစ်ဦးတို့၏ ပုံများကိုသာရိုက်ခဲ့သည်။ သူက ယဲ့ဆွေနဲ့ဒီလူသာ ဆေးရုံမှာရှိတယ်လို့ လူတွေ အထင်အမြင်လွဲအောင် ဓာတ်ပုံကို ရိုက်ထားသည်။

 

 

 တုံ့ပြန်မှု အချိန်စောလာသည်နှင့် ၎င်းသည်တုံ့ပြန်မှု၏ စစ်မှန်မှုကို သက်သေပြနိုင်လေဖြစ်သည်။

 

 

 ဒါပေမယ့် ဟွာရွေ့ရဲ့တုံ့ပြန်မှုမှာ ယဲ့ဆွေက အချစ်ရေးဟုတ်၊ မဟုတ်ဆိုတဲ့ မေးခွန်းကိုရှောင်ကြသည်။

 

 

 ပရိသတ်တွေရဲ့မှတ်ချက်တွေကို တုန့်ပြန်နေတုန်း ယဲ့ဆွေက နေမကောင်းဖြစ်နေတာကြောင့် သူမရဲ့အလုပ်ကိုသိပ်မကြာခင်မှာ အနည်းငယ် ပြုပြင်ပြောင်းလဲသွားမယ်လို့ ကုမ္ပဏီက ပြောခဲ့သည်။  သူတို့က လူတိုင်းကိုစိတ်ရှည်ဖို့တောင်းဆိုထားသည်။

 

 

 ဟွာရွေ့က ရိုးသားသောနည်းဖြင့် တုံ့ပြန်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင် သူမနှင့်အတူရှိနေသော အခြားဝန်ထမ်းများရှိနေကြောင်းပြောပြီး ရှောင်တိမ်းလိုက်ကြသည်။  သူတို့က သူမရဲ့ဝှက်ထားတဲ့ချစ်သူကိစ္စကို တိုက်ရိုက်ရှင်းမပြခဲ့ဘူး။

 

 

  ဒါကအနာဂတ်မှာ ယဲ့ဆွေနဲ့ ချန်ရှု့ရဲ့လူသိရှင်ကြား လမ်းခင်းပေးတာမလို့လား?

 

 

အမှန်တရားကို ဖော်ထုတ်ရန် အကောင်းဆုံးအချိန်ကတော့ ယဲ့ဆွေ ဖျော်ဖြေရေးလောကတွင် ခြေကုပ်ယူပြီးသည့်အချိန်က အမှန်ပဲဖြစ်လိမ့်မည်။

 

 

ယနေ့ ကောင်းရှန် ဥယျာဥ်၏တရားဝင် ဝေ့ပေါ်၌ပိုစ့်တင်ခဲ့သည်မှာ ဧည့်သည်တစ်ယောက်က သူ့ချစ်သူအတွက်ထာဝရပန်းပွင့်လက်ဆောင်တစ်ပုံးကို မှာကြားထားတယ်။ သူ့ရဲ့စိတ်ကြိုက်တောင်းဆိုချက်က သူ့ဘ၀မှာတစ်ဦးတည်းသော သူရဲ့ချစ်ခြင်းမေတ္တာကို ထင်ဟပ်ဖို့ပါတဲ့ ”

 

 

 "ဧည့်သည်ကလည်း ပန်းစည်းမှာ ရှန်ပိန်နှင်းဆီပန်းနဲ့ အခြားဘာမှမပါဖို့ တောင်းဆိုထားတယ်။ ဒါကငါတို့ရဖူးသမျှထဲမှာ ဈေးအကြီးဆုံးအော်ဒါပဲ။ အဲ့တာကိုငါတို့ရဲ့နှလုံးသားနဲ့လုပ်ပေးမှာပါ "

 

 

ဒါပြီးတဲ့နောက်မှာ ကောင်းရှန် ဥယျာဥ်က အခြားမည်သည့်အရာကိုမျှ မထုတ်ဝေခဲ့ပေ။ ဒါပေမယ့် ဒီပို့စ်ကိုမြင်ပြီးတဲ့နောက်မှာ အင်တာနက်ပေါ်က လူတွေက အဲဒါကိုစပြီးဆွေးနွေးကြသည်။

 

 

အင်တာနက်သုံးစွဲသူများသည် ဤ ဝေ့ပေါ်ရှိ အဓိက စာတိုနှစ်စောင်ကို လျင်မြန်စွာ ဆုပ်ကိုင်ထားကြသည်။ စျေးအကြီးဆုံး မှာယူမှုနှင့် ပန်းများတွင် ရှန်ပိန်နှင်းဆီများပါ၀င်ရမည်။

 

 

 သတင်းအချက်အလက်နှစ်ခုစလုံးက စိတ်ဝင်စားဖွယ်ကောင်းသည်။

 

 

  ပထမဆုံးတစ်ခုက၊ ဈေးအကြီးဆုံးအော်ဒါ။

 

 

 လူတိုင်းသိတဲ့အတိုင်း ကောင်းရှန် ဥယျာဥ်ရှိ ပန်းများက အမြဲငွေကုန်ကြေးကျများပြီး သူတို့၏ဖောက်သည်များမှာ အလယ်အလတ်မှ အဆင့်မြင့်ဝင်ငွေရှိသူများဖြစ်သည်။

 

 

ဝယ်သူတွေက ပန်းစည်းရဲ့နောက်ကွယ်မှာ ဘာကိုဆိုလိုချင်တာလဲဆိုတာကို ရှာခဲ့ကြသည်။ ပြီးတော့  ဈေးနှုန်းကအရေးမကြီးဘူး။

 

 

သို့သော် ကောင်းရှန် ဥယျာဥ်က ဤအရာဟာ သူတို့ရရှိခဲ့ဖူးသမျှထဲမှာ ဈေးအကြီးဆုံးအော်ဒါဖြစ်သည်ဟုဆိုထားသည်။  ဒီအဆိုပြုချက်ကဘာလဲ?

 

 

 စျေးမကြီးဘူး။ ဒါပေမယ့် စျေးအကြီးဆုံး၊ ဒီဧည့်သည်ရဲ့စိတ်ကြိုက်လုပ်ထားတဲ့ ပန်းစည်းက အရင်ကတခြားသူရဲ့ဟာတွေထက် ပိုကုန်ကျသည်။

 

 

 အဲဒီ့နောက်မှာ ဘယ်သူကမှစံချိန်ကိုချိုးနိုင်လိမ့်မယ်လို့ အာမခံချက်မရှိခဲ့ဘူး။

 

 

  လူထုက အရမ်းသိချင်ခဲ့သည်။ သူတို့က သူ့ချစ်သူကို ပန်းတစ်စည်းပေးဖို့ ဒီလောက်ဈေးကြီးတဲ့ဟာပေးရတဲ့ လူတစ်ယောက်ရဲ့ဝိသေသလက္ခဏာအကြောင်းကို အားလုံးကခန့်မှန်းခဲ့ကြသည်။

 

 

ဒီလောက်ချမ်းသာပြီး အရမ်းကြင်နာတတ်တာပဲ!

 

 

လူအချို့က မစ္စတာ ပြီးပြည့်စုံသူနဲ့ဘမစ္စ ပြီးပြည့်စုံသူ တို့ကြား အချစ်ဇာတ်လမ်းတစ်ခုကိုပင် ဖန်တီးခဲ့ကြသည်။

 

 

သူတို့ရဲ့အချစ်တွေက အလှည့်အပြောင်းတွေနဲ့ပြည့်နှက်နေသည်။  အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်နဲ့တစ်ယောက် ခွဲခွာခဲ့ကြရသည်။  နောက်ဆုံးမှာတော့သူတို့ဟာ အခက်အခဲမျိုးစုံကိုကျော်ဖြတ်ပြီး အတူတကွစုရုံးရောက်ရှိလာခဲ့သည်။  ဒါဟာသူတို့ရဲ့ဘ၀ တစ်လျှောက်လုံး အတူတကွ လိုက်ပါဖို့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ လှပတဲ့အချစ်ဇာတ်လမ်းဖြစ်ခဲ့သည်။

 

 

ဒုတိယမက်ဆေ့ခ်ျကိုဘကြည့်လျှင် အတွင်းရှိပန်းများတွင် ရှန်ပိန်နှင်းဆီများပါရမည်။  ယဲ့ဆွေက  ကောင်းရှန် ဥယျာဥ် ကုန်အမှတ်တံဆိပ်ရဲ့ သံတမန် ဖြစ်ကြောင်း လူတိုင်းသိပြီး သူမက ရှန်ပိန်နှင်းဆီပန်းကို ထောက်ခံခဲ့သည်။

 

 

ဖောက်သည်ရဲ့ချစ်သူက ယဲ့ဆွေရဲ့ဖန်ဖြစ်တာကြောင့် ရှန်ပိန် နှင်းဆီပန်းကို သုံးဖို့ သတ်မှတ်ခဲ့တာလား?

 

 

  ဒါမှမဟုတ် ယဲ့ဆွေ ကိုယ်စားပြုထားတဲ့ ရှမ်ပိန်နှင်းဆီပန်းတွေက အမြင့်ဆုံးအဆင့်ဖြစ်ပြီး သူ့ရဲ့ရည်ရွယ်ချက်ကို အပြည့်အဝ ဖော်ပြနိုင်တာလား?

 

 

ရှန်ပိန်နှင်းဆီပန်းများ တစ်ဟုန်ထိုးကျော်ကြားလာခြင်းကြောင့် တိုက်ရိုက်အကျိုးသက်ရောက်မှုများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ရသည်။  အရောင်းအ၀ယ်ကြီးဖြစ်နေသော ကုန်ပစ္စည်းက တစ်ဖန်ရောင်းကုန်သွားခဲ့ပြီး ဝယ်လိုအားက ရောင်းလိုအားထက် ကျော်လွန်ခဲ့သည်။

 

 

  ယဲ့ဆွေလည်း ဒီပို့စ်ကိုမြင်သည်။  သူမက ဖောက်သည် မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းဖို့မကြိုးစားခဲ့ပေ။  အဲဒီအစား သူမက ဒီလောက်စျေးကြီးတဲ့ပန်းစည်းက ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို ပိုသိချင်ခဲ့သည်။

 

 

  ယဲ့ဆွေက ချန်ရှု့ဆီက ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် ချက်ချင်းမစဉ်းစားတော့ဘဲ ရပ်တန့်သွားရသည်။  သူက ဒီညစောစောအိမ်ပြန်လာမယ်လို့ပြောပြီး သူမအတွက် လက်ဆောင်တစ်ခုလည်းရှိသည်။

 

 

  ချန်ရှု့က ဘာလင်ရုပ်ရှင်ပွဲတော်မှာ ယဲ့ဆွေ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးပြီးတဲ့နောက်မှာ သူက သူမကို ဂုဏ်ပြုလက်ဆောင်မပေးခဲ့ဘူး။  အချိန်အကြာကြီးဆွေးနွေးပြီးနောက် ဒီညလက်ဆောင်ကိုပို့လိမ့်မည်။

 

 

 ချန်ရှု့ စကားများကြောင့် ယဲ့ဆွေက တစ်နေ့လုံးစိတ်ကောင်းဝင်နေခဲ့သည်။

 

 

 ယဲ့ဆွေက သူမအလုပ်များပြီးစီးသွားတာကြောင့် အိမ်သို့ပြန်လာခဲ့သည်။  တံခါးဖွင့်လိုက်တာနဲ့ ချန်ရှု့ ဧည့်ခန်းမှာထိုင်နေတာကို သူမမြင်လိုက်ရတယ်။  တံခါးဖွင့်သံကြားသောအခါ သူက ယဲ့ဆွေကို ပြုံးကြည့်သည်။

 

 

  ချန်ရှု့က မတ်တပ်ရပ်ပြီး ပြောလာသည်။ "ကိုယ်နဲ့လိုက်ခဲ့"

 

 

 သူမဗိုက်ထဲတွင် လိပ်ပြာလေးများရှိနေစဉ် ယဲ့ဆွေက သူ့နောက်သို့လိုက်သွားသည်။  သူတို့က ချန်ရှု့ အခန်းကိုသွားခဲ့ကြသည်။  တံခါးကိုပိတ်လိုက်ပြီးချိန်တွင် အထဲ၌အလင်းရောင်မရှိပုံရသည်။

 

 

 ချန်ရှု့က တံခါးကို ဖွင့်လိုက်ချိန် ယဲ့ဆွေက အပေါ်ကိုကြည့်လိုက်သည်။  အခန်းက အလွန်မှောင်နေပြီး ညဘက်၌ စားပွဲပေါ်တွင်သေးငယ်သောအလင်းရောင်တစ်ခုသာ ရှိသည်။  မှိန်ဖျော့သောအလင်းရောင်က ထောင့်တစ်နေရာ၌တောက်ပနေသည်။

 

 

 ယဲ့ဆွေက ကောင်းရှန် ဥယျာဥ်၏ လိုဂိုရိုက်နှိပ်ထားတဲ့ စားပွဲပေါ်က သေတ္တာတစ်လုံးကို သတိပြုမိသည်။ ယဲ့ဆွေရဲ့ နှလုံးက တချက်ခုန်သွားသည်။ ချန်ရှု့က ကောင့းရှန် ဥယျာဥ်က ပန်းတွေကိုဘာကြောင့်ပို့ခဲ့တာလဲ?

 

 

  ယဲ့ဆွေ မကြာသေးမီက အင်တာနက်တွင် ဆွေးနွေးခဲ့သောကောင်းကင်တမျှဈေးကြီးတဲ့ ပန်းတစ်ပွင့်ကိုလည်းစဉ်းစားမိလိုက်သည်။  ဖြစ်နိုင်မလား ......

 

 

  ဤအချိန်တွင် ချန်ရှု့၏နက်ရှိုင်းသော အသံက အမှောင်ခန်းထဲတွင် ညဉ့်အခါ၌စွဲမက်ဖွယ်ကောင်းသောလေသံနှင့်အတူ ထွက်လာသည်။ "ဖွင့်ကြည့်လိုက်လေ "

 

 

  ယဲ့ဆွေ စဉ်းစားနေတာကို ရပ်လိုက်သည်။  သူမက သူမ၏စိတ်ကို ထိန်းညှိကာ ရှေ့တိုးပြီး သေတ္တာကိုဖွင့်လိုက်သည်။  သူမအောက်ကိုငုံ့ကြည့်လိုက်သောအခါသူမထိတ်လန့်နေဆဲဖြစ်သည်။

 

 

 သေတ္တာထဲတွင်ပန်းမျိုးစုံအရောင်မျိုးစုံပါရှိသည်။  ပထမတစ်ချက်တွင် သူမ၏ရှေ့တွင်ပန်းပင်လယ်သေးသေးလေးပေါ်လာသည်နှင့်တူသည်။  မယုံကြည်နိုင်လောက်အောင်အနုပညာလက်ရာများသည်ဆွဲဆောင်မှုရှိပြီးအံ့သြဖွယ်ရာဖြစ်သည်။

 

 

 ယဲ့ဆွေ ပန်းစည်းကိုအနီးကပ်မကြည့်ဘဲ ပန်းများကိုမီးလုံးလေးများဖြင့်အလှဆင်ထားသည်ကိုသတိပြုမိသည်။

 

 

 မီးလုံးများက သေးငယ်ပြီးပန်းများကြား၌ ပြန့်ကျဲနေသည်။  ဆီမီးခွက်က သူ့ဘေးနားမှာရှိနေတာကြောင့်ပန်းစည်းပေါ်က မီးတွေက မထင်ရှားဘူး။

 

 

  တစ်ချိန်တည်းမှာ ချန်ရှု့က ယဲ့ဆွေရှိရာဘက်ကို လမ်းလျှောက်လာသည်။  သူက ရုတ်တရက် သူ့လက်ကိုဆန့်လိုက်ပြီး မီးခလုတ်ပေါ်တင်လိုက်သည်။  တစ်ချက်နှိပ်ရုံနှင့် စားပွဲပေါ်ရှိမီးခွက်က မှိန်သွားသည်။

 

 

 ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် အမှောင်အတိကျသွားသည်။

 

 

  ပန်းတစ်စည်းကိုသာ မှုန်ဝါးဝါး၊ သေးငယ်သောမီးများဖြင့်ထွန်းညှိထားပြီး ပန်းတိုင်းတွင်မီးသီးတစ်လုံးစီရှိလေသည်။  အမှောင်ထုထဲတွင် အလင်းရောင်က ကျယ်ပြန့်သော စကြာဝဠာ၌ ကြယ်သေးသေးလေးများကဲ့သို့ တွေ့ရသည်။

 

 

 ပန်းစည်းကိုအလင်းရောင်ဖြင့် ဝန်းရံထားပြီးအမှောင်ထုထဲတွင် ဤရှုခင်းက အထူးသဖြင့် အနုပညာဆန်ပြီးအိပ်မက်ဆန်သည်။

 

 

 ယဲ့ဆွေ၏ နှလုံးက တုန်လှုပ်သွားသည်။ သူမပန်းစည်းကို အပြည့်အ၀တောင် မချီးကျူးနိုင်ခင် သူမ၏ပါးစပ်ထောင့်တွင် အပြုံးတစ်ပွင့်ပေါ်လာသည်။  သူမခေါင်းကိုငုံ့ထားပြန်သည်။  ဒီတခါတော့ သူမရဲ့အကြည့်ကပန်းစည်းပေါ်ကျသွားပြီး သူမဒါကိုဂရုတစိုက် သတိထားကြည့်သည်။

 

 

 ပန်းစည်း၏ အပြင်ဘက်အဝိုင်းသည် အပြာရောင်နှင့်ခရမ်းရောင်ပန်းများဖြင့် ဖုံးလွှမ်းသွားသည်။  ခရမ်းရောင်နှင့်ကြည်လင်ပြတ်သားသောအပြာရောင်သည် ကြော့ရှင်းပြီးဝိုးတဝါးခံစားမှုကိုဖော်ပြသည်။

 

 

 ပန်း၏ အပြင်ဘက် အဝိုင်းဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော အလှတရားကိုမြင်နိုင်သည်။

 

 

 ပန်းများသည် ရိုးရိုးအရောင်ဖြင့် အတွင်းသို့ဆက်လက်ပျံ့နှံ့ခဲ့သည်။  သူတို့သည် နူးညံ့သိမ်မွေ့ပြီးလှပခဲ့ကြသည်။  ၎င်းတို့အနက် အချို့ကို အပြာရောင်ပန်းပွင့်အောက်၌ ဖုံးအုပ်ထားပြီး အဖြူရောင်ပွင့်ချပ်များကိုသာပြထားသည်။

 

 

 ၎င်းတို့အနက်အချို့သည် ခရမ်းရောင်ပန်းများကိုဖုံးအုပ်ထားပြီး လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်ကို ဖျတ်ခနဲဆုပ်ကိုင်ထားသည်။

 

 

ယဲ့ဆွေက အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏အကြည့်ကို အလယ်သို့ရွှေ့လိုက်သည်။  သူမအံ့သြသွားသည်။  အလယ်ကအားလုံးက ရှန်ပိန်နှင်းဆီ၊ အရောင်အဝါ၊ မြင့်မြတ်ပြီးစွဲမက်ဖွယ်ကောင်းသည်။

 

 

နှင်းဆီတစ်ပွင့်သာရှိသော်လည်း ယဲ့ဆွေက စွဲလမ်းနေဆဲဖြစ်သည်။  ဤထာဝရရှန်ပိန်နှင်းဆီသည် ဆောင်းဦး ၏အစ ပထမဆုံးနှင်းနှင့်တူသည်။

 

 

  ဤအရောင်များသည် အလွန်ရှုပ်ထွေးပြီး ထူးခြားဆန်းပြားကာ လှပမှုကိုပြသသည်။  သူတို့ကသူတို့ရဲ့ကြော့ရှင်းမှုကြောင့်အချစ်ရေးနဲ့ သူတို့ရဲ့ချစ်ဖို့ကောင်းပြီးချိုမြိန်ကြသည်။

 

 

 ယဲ့ဆွေအနေနဲ့ ပန်းစည်းက စကားလုံးများဖြင့်မဖော်ပြနိုင်လောက်အောင် လှပလွန်းသောကြောင့် သူမအသက်ရှုသံကိုပင် နှေးကွေးစေကာ အလွန်တရာခမ်းနားထည်ဝါမှုကို အနှောင့်အယှက်ပြုမည်ကိုစိုးရိမ်သည်။

 

 

  ချန်ရှု့ရဲ့ ပြတ်သားသောအသံက ယဲ့ဆွေ နောက်တွင်ထွက်ပေါ်လာသည်။  "မင်းဒီထာဝရပန်းလက်ဆောင်သေတ္တာကို ကြိုက်လား?"

 

 

 ယဲ့ဆွေက သူမအာရုံများကိုပြန်ယူလိုက်သည်။  ဒါဆို အွန်လိုင်းမှာဆွေးနွေးနေတဲ့ အထူးပန်းစည်းက ချန်ရှု့ရဲ့ သူမအတွက်လက်ဆောင်လား?

 

 

  သူမတိတ်ဆိတ်စွာတွေးနေစဉ် ချန်ရှု့ကသူမကို ထာဝရပန်းလက်ဆောင်သေတ္တာကို ဘာကြောင့်ပေးခဲ့သည်ကိုသူမနားလည်လိုက်သည်။

 

 

  ထာဝရပန်းသည် အချိန်ကြာရှည်လိမ့်မည်။.ပန်းပွင့်ချိန်လည်း ကြာရှည်လိမ့်မည်။ အရောင်တောက်ပမှုသည်လည်း အတူတူရှိနေလိမ့်မည်။  ရှန်ပိန်နှင်းဆီသည် တစ်ဦးတည်းနှင့် စိတ်တူကိုယ်တူချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသည်။

 

 

  ဒီလိုလုပ်ခြင်းအားဖြင့် ချန်ရှု့က သူတို့ရဲ့ဆက်ဆံရေးက အတူတူပဲဖြစ်ပြီး သူတို့ရဲ့သွေးနဲ့အရိုးတွေကိုတစ်သက်လုံးအရည်ပျော်သွားစေမယ်လို့သူမကိုပြောခဲ့သည်။

 

 

  ဒီဘဝမှာ သူတို့ ဘယ်တော့မှခွဲခွာမှာမဟုတ်ဘူး။

 

 

 ယဲ့ဆွေ နှလုံးသားက ဖော်ပြ၍ မရသောခံစားချက်များဖြင့်ပြည့်နှက်နေသည်။ သူမ ချန်ရှု့ကိုလှည့်ကြည့်လိုက်ချိန်မှာ သူ့မျက်ဝန်းနက်နက်တွေကို တွေ့လိုက်သည်။  အလင်းရောင်က သူ့မျက်လုံးတွေကို လွှမ်းမိုးသွားပြီးအားလုံးသည် အရန်အဖြစ် သိုလှောင်ထားသော အရိပ်နှင့်အရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

 

 

 ဒီလိုလူမျိုး၊ ဒီလိုလက်ဆောင်၊ ဒီလိုမျိုးည။

 

 

  ချန်ရှု့ကိုကြည့်ရင်း ယဲ့ဆွေက နှာခေါင်းကိုရှူံ့လိုက်သည်။  သူမအသံက အနည်းငယ်မာကျောပြီး လေးနက်ပြီးလေးနက်သောလေသံဖြင့် ပြောလိုက်သည်မှာ "ကျွန်မ အရမ်းကြိုက်တယ်"

 

 

 ချန်ရှု့ကိုစိုက်ကြည့်နေပြီး သူမကထပ်ပြီးအလေးအနက်ပြောခဲ့သည်။  "တကယ် ကျွန်မအရမ်းသဘောကျတယ် "

 

 

 သူမအလွန်ကြိုက်တာကြောင့် ယခုအချိန်တွင် သူမမည်သို့ခံစားနေရသည်ကို ဖော်ပြရန်စကားလုံးများရှာမတွေ့ပါ။

 

 

 ချန်ရှု့ နှုတ်ခမ်းများက အပြုံးတစ်ခုနဲ့ တွန့်ကွေးသွားသည်။  သူရှေ့သို့တိုးပြီး စကားပြောခါနီးမှာ ယဲ့ဆွေက ရုတ်တရက် သူမလက်ကိုဆန့်၍ သူ့ခါးကိုပွေ့ဖက်လိုက်သည်။

 

 

 ယဲ့ဆွေက ခေါင်းကို ချန်ရှု့၏ပခုံးပေါ်တွင် မြှုပ်ထားလိုက်သည်။  သူမက ချန်ရှု့ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူမအသံက အနည်းငယ်နှာခေါင်းရှုံ့သံနှင့်အတူတုန်ယင်နေသည်။

 

 

  "ချန်ရှု့ ကျွန်မ ရှင့်ကိုအရမ်းချစ်တယ်"

 

 

  သူမက သူ့အတွက် အရာအားလုံးကို စွန့်လွှတ်ရမယ်ဆိုရင်တောင် သူမဆန္ဒရှိသည်။

 

 

  တိတ်ဆိတ်သောညမှာ ယဲ့ဆွေ အသံက ချန်ရှု့နားထဲမှာ သိသာထင်ရှားနေသည်။ ယဲ့ဆွေကို ကြည့်လိုက်တဲ့ သူ့အမူအရာက ပို၍ ပို၍ လေးနက်လာသည်။

 

 

 ချန်ရှု့သည်လည်း သူ့လက်များကိုဆန့်ကာသူမ၏ပွေ့ဖက်ခြင်းကို ပြန်ပေးလိုက်သည်။ ယဲ့ဆွေရဲ့ နူးညံ့သောကိုယ်သင်းရနံ့က သူ့နှာခေါင်း၌ပျံ့နှံ့သွားသည်။

 

 

  မည်သို့ပင်ဆိုစေ ချန်ရှု့၏မျက်လုံးများသည် ဖြူစင်နေဆဲဖြစ်ပြီး ယဲ့ဆွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခုမှားနေသည်ကိုသူသတိပြုမိသည်။

 

 

  သူတို့ကတစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးကြသည်။ တစ်ယောက်နဲ့ တစ်ယောက်သေးငယ်တဲ့ စကားအသုံးအနှုန်းတိုင်းကို မြင်နိုင်ကြသည်။

 

 

  ချန်ရှု့က ယဲ့ဆွေကို ငုံ့ကြည့်လိုက်သည်။  သူမခေါင်းကိုပင့်လိုက်ပြီး သူမမျက်လုံးများကို အနည်းငယ် ဆွဲယူလိုက်သည်။ သူမမျက်တောင်များက တုန်လာပြီး နှုတ်ခမ်းများကပါးလွှာသော မျဉ်းကြောင်းတစ်ခုဆီသို့ရောက်သွားသည်။

 

 

  ပန်းစည်းကိုမြင်သောအခါ ယဲ့ဆွေ ဝမ်းသာသွားသည်ကို သူမှတ်မိသည်။  ဒါပေမယ့် ခုတော့ သူမကြောက်နေပုံရသည်။

 

 

  သူ့စိတ်ထဲတွင် အမှတ်တမဲ့ ရုတ်တရက် ပေါ်လာသည်။  ထိုနေ့ သူတို့ယာဉ်မတော်တဆမှုဖြစ်ချိန်တုန်းက ယဲ့ဆွေ  ပန်းစည်းတစ်ခုကို ကိုင်ထားသည်ကို သူမှတ်မိသည်။

 

 

 ထိုပန်းစည်း၏အရောင်သည် ယဲ့ဆွေကို သူပေးသောပန်းစည်းနှင့် အနည်းငယ်ဆင်တူသည်။ ယဲ့ဆွေက အဲဒီနေ့မှာဖြစ်ခဲ့တာတွေကို မှတ်မိသေးတာလား?

 

 

 ၀မ်းနည်းခြင်းနှင့် ထိတ်လန့်ခြင်းတို့ကို ဖုံးကွယ်နေသော ချန်ရှု့ရဲ့ နက်ရှိုင်းတဲ့အသံက ထွက်ပေါ်လာသည်။"ကိုယ်အဲဒီနေ့က မင်းကိုဆုံးရှုံးရမှာအရမ်းကြောက်ခဲ့တယ်"

 

 

  ထိုအဖြစ်အပျက်သည် သူတို့အတွက်မခံစားနိုင်သောနာကျင်မှုဖြစ်ခဲ့သည်။ သူတို့စုံတွဲက ကားမတော်တဆမှုဖြစ်ခဲ့သည်။ ချန်ရှု့က ဒဏ်ရာရခဲ့ပြီး ယဲ့ဆွေက သေဆုံးမလိုဖြစ်ခဲ့သည်။

 

 

  ယနေ့ညသည် ဤကိစ္စကို သူတို့ပထမဆုံးအကြိမ်ထုတ်ဖော်ပြသခြင်းဖြစ်သည်။

 

 

  ချန်ရှု့က ယဲ့ဆွေကို ပွေ့ဖက်လိုက်သည်။ ထိုသို့လုပ်ခြင်းဖြင့် ယဲ့ဆွေက သူနှင့်တကယ်ရှိနေကြောင်းကို သေချာစေနိုင်သည်။

 

 

သူကခေါင်းကိုညိမ့်လိုက်ပြီး ယဲ့ဆွေ လည်ပင်းကိုပွေ့ဖက်ကာ သူမ၏ခန္ဓာကိုယ်အပူချိန်ကို ထိန်းလိုက်သည်။  " မင်းစဉ်းစားဖူးလား။ မင်းအဲ့လိုဖြစ်သွားရင် ...."

 

 

သူ့အသံကအနည်းငယ်တုန်လှုပ်သွားသည်။  "ကိုယ်ဘာလုပ်ရမလဲ?"

 

 

  သူ့ကမ္ဘာက အလွန်သေးငယ်သည်။ သူမ တစ်ယောက်တည်းကိုသာ ဆုပ်ကိုင်ထားဖို့ လုံလောက်သည်။  သူမထွက်သွားလျှင် သူ့ဘ၀မှာရှိတဲ့ တောက်ပမှုနှင့်အရောင်အားလုံးကို ဖယ်ရှားပစ်လိမ့်မည်။

 

 

  ထိုနေ့ကလိုမျိုး သူက စိတ်ပျက်အားငယ်ခြင်းကို မခံစားနိုင်တော့ပါ။  သူမက အရမ်းလဲနီးကပ်နေသလို အရမ်းလဲဝေးနေသည်။ ပြီးတော့ သူက သူမကိုပင် မထိနိုင်ခဲ့ပေ။

 

 

 ယဲ့ဆွေက အချဉ်ဓာတ်ကို ခံစားလိုက်ရသည်။  သူမခေါင်းကိုမော့လိုက်ပြီး ချန်ရှု့၏မျက်လုံးများကိုမော့ကြည့်လိုက်သည်။  "ကျွန်မ.... "

 

 

 သူမက သူ့ကိုကတိတစ်ခုပေးချင်သည်။ သူတို့နှစ်ဦးက ဘယ်တော့မှ ခွဲခွာမည်မဟုတ်ဘူးဆိုတဲ့ ကတိတစ်ခုဖြစ်သည်။

 

 

 နောက်တစ်စက္ကန့်မှာ ချန်ရှု့က သူမကိုပြောဖို့ အခွင့်အရေး မပေးဘဲ ယဲ့ဆွေကို နမ်းလိုက်သည်။  နူးညံ့ပြီးသတိထားနေတဲ့ သူ့နှုတ်ခမ်းက ယဲ့ဆွေ နှုတ်ခမ်းကိုဖုံးအုပ်ထားသည်။

 

 

 သူတို့နှုတ်ခမ်းများက ထိမိနေသော်လည်း ချန်ရှု့က နက်ရှိုင်းမသွားဘဲ ယဲ့ဆွေကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။  သူ့မျက်လုံးများက ပိုနက်ရှိုင်းလာပြီး ပိုမိုပြင်းထန်လာကာ စိတ်ခံစားမှုများမြင့်တက်လာသည်။

 

 

 ချန်ရှု့၏မျက်လုံးများက ညဉ့်ထက်ပိုနက်ရှိုင်းလာပြီးသူ၏အသံက အနည်းငယ်မာကျောလာသည်။  "မင်းကိုယ့်ဘာသာကိုယ်ထပ်ပြီး အန္တရာယ်ဖြစ်အောင်မလုပ်ရတော့ဘူးနော် "

 

 

  သူမနာမည်ကို သူ့အသွေးအသားထဲ တိတ်တဆိတ်ထွင်းထုထားခဲ့သည်မှာကြာလှပြီ။

 

 

 ချန်ရှု့ကိုစူးစိုက်ကြည့်ရင်း ယဲ့ဆွေက သူမမျက်လုံးများအောက်တွင် စိုစွတ်မှုကိုဖုံးကွယ်ထားပြီး "အိုကေ"လို့ လေးနက်စွာပြန်ဖြေခဲ့သည်။

 

 

 သူမ ချန်ရှု့ရဲ့အကြည့်ကို တည့်တည့်ကြည့်လိုက်သည်။  ယဲ့ဆွေက သူ့မျက်လုံးများတွင် သူမသာ ရှိသည်ကိုသိသည်။

 

 

  ချန်ရှု့က သူမကိုလွှတ်လိုက်ပြီး ယဲ့ဆွေနဲ့ အနည်းငယ်ဝေးကွာသွားသည်။  သို့သော် သူ့နှုတ်ခမ်းများထွက်သွားသည်နှင့် နောက်စက္ကန့်ပိုင်း၌ထပ်မံကျဆင်းသွားသည်။

 

 

 သူ့အနမ်းကအရင်ကထက်ပိုပူလာပြီး နွေးထွေးသောအသက်ရှူသံသည် ယဲ့ဆွေရဲ့ နှုတ်ခမ်းများနှင့်ထိကပ်သွားသည်။  အမှောင်ထဲမှာ မသဲကွဲတဲ့လေထုတစ်ခုပျံ့နှံ့လာသည်။

 

 

  ချန်ရှု့ အသံကနိမ့်ကျသွားပြီး အသံတိုးတိုးလေးထွက်လာသည်။  "လောကကြီးမှာ ကိုယ့်​ကို တစ်ယောက်တည်းမထားခဲ့ပါနဲ့ "

 

 

 ယဲ့ဆွေက "ကောင်းပြီ"လို့တိုးတိုးပြောခဲ့သည်။

 

 

  ချန်ရှု့က စကားတစ်ခွန်းပြောပြီးတိုင်း သူနမ်းပစ်လိုက်သည်။

 

 

  ချန်ရှု့ အနမ်းများက သူမဆုံးရှုံးမည်ကို ကြောက်ရွံ့တာကြောင့်အလွန်နူးညံ့ခဲ့သည်။  သူကထပ်ခါထပ်ခါမေးပြီး ယဲ့ဆွေက အချိန်တိုင်း ပြန်ဖြေခဲ့သည်။

 

 

  ညဉ့်နက်လာသည်နှင့်အမျှ လသည်လည်း တိမ်တိုက်များနောက်၌ ပုန်းကွယ်နေသည်။  အရာအားလုံးက ဒီတိတ်ဆိတ်နေတဲ့ အမှောင်ထဲမှာဖုံးလွှမ်းနေသည်။

 

 

  ချစ်သူစုံတွဲကို ဘယ်သူကမှ အနှောက်အယှက် မပေးနိုင်ပေ။