အပိုင်း ၁၁၅
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း၁၁၅ - ကပ်ဆိုက်မှု

 

 

 

 ဝမ်ချွမ်းက သူဌေးရှေ့တွင်ရပ်နေစဉ် ချန်ရှု့က  တစ်စုံတစ်ခုကို သတိရသွားပြီး ပါးစပ်ကိုဖွင့်လိုက်သည်။   "ရက်အနည်းငယ်လောက်ကြာပြီးရင် White Day မဟုတ်လား? "

(White Day က Valentine's Day အပြီးတစ်လအကြာမတ်လ ၁၄ ရက်၊ Valentine's Day တွင် သူတို့အားလက်ဆောင်များပေးသောသူများအား အပြန်အလှန်လက်ဆောင်များပေးသောနေ့ဖြစ်သည်။  ၎င်းကို ၁၉၇၈ တွင် ဂျပန်၌စတင်ခဲ့သည်။  ထိုအချိန်မှစ၍ ၎င်း၏စောင့်ထိန်းမှုသည်အခြားအာရှနိုင်ငံများသို့ပျံ့နှံ့ခဲ့သည်။)

 

 

 "ဟုတ်ပါတယ်ဝမ်ချွမ်းက အနည်းငယ်အံ့သြသွားပြီး တုံ့ပြန်လိုက်သည်။  သူက ထူးဆန်းစွာခံစားခဲ့ရသည်။ ဥက္ကဌချန်က ဘာလို့ ရုတ်တရက် ဒီလိုပြောခဲ့တာလဲ? ဥက္ကဌချန်က ယဲ့ဆွေကို အံ့အားသင့်စေချင်တာ ဖြစ်နိုင်မလား?

 

 

  ဒီအချိန်မှာဘဲ ချန်ရှူ့ရဲ့အသံက ထွက်လာသည်။  "White Day မှာ အမျိုးသမီး ဝန်ထမ်းအားလုံးကို ရှန်ပိန်နှင်းဆီပေးလိုက်"

 

 

 ဝမ်ချွမ်းက အေးခဲသွားသည်။  ဘာ?

 

 

  သို့သော် သူသည် ချန်ရှု့၏နောက်ကွယ်မှ ရည်ရွယ်ချက်များကို လျင်မြန်စွာ သဘောပေါက်ခဲ့သည်။

 

 

 အမျိုးသမီး ၀န်ထမ်းတိုင်း ရှန်ပိန်နှင်းဆီကို လက်ခံရရှိလျှင် ဤကိစ္စသည် တောမီးကဲ့သို့ ပျံ့နှံ့မည်မှာသေချာသည်။

 

 

 ဤအရေးကြီးနေ့တွင် ဟွာရွေ့က ယဲ့ဆွေ ထောက်ခံထားသောပန်းများကို ၎င်း၏အမျိုးသမီး ၀န်ထမ်းများအားပေးတာကို အပြင်၌သိသွားလိမ့်မည်။

 

 

  ချန်ရှု့က ကြေငြာဖို့ကြိုးစားနေသည်။ ဟွာရွေ့က ယဲ့ဆွေကို တန်ဖိုးထားသည်။ သူမက သူတို့အကြိုက်ဆုံးအနုပညာရှင်ဖြစ်ခဲ့သည်။ ဝမ်ချွမ်းက သူ့ဘာသာသူခေါင်းညိတ်လိုက်သည်။  ဒါက စိတ်ကူးကောင်းတစ်ခုပဲ။

 

 

  ဝမ်ချွမ်းက စက္ကန့်အနည်းငယ် စဉ်းစားလိုက်ပြီး ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် စဉ်းစားမိလိုက်သည်။ သူက "ရှန်ပိန်နှင်းဆီပန်းတွေ မလုံလောက်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ? " လို့အစမ်းသဘောမေးလိုက်သည်။

 

 

 ပုံမှန်အားဖြင့် ယဲ့ဆွေရဲ့ ရှန်ပိန်နှင်းဆီက စတော့ရှယ်ယာဝင်နေချိန်မှာ အဲ့နေ့က White Day ဖြစ်သည်။  နောက်ဆုံးတော့ လူတိုင်းက အထူးအခါသမယမှာ ၀ယ်ဖို့အပြေးအလွှားသွားလိမ့်မည်။

 

 

  သူတို့က အမျိုးသမီး ၀န်ထမ်းအားလုံးကို တစ်ခုပေးချင်ရင် အဲဒါကခက်လိမ့်မယ်။

 

 

  ချန်ရှု့ရဲ့ မျက်ခုံးများက အနည်းငယ် တွန့်သွားသည်။ပျော့ညံ့တဲ့လေသံနဲ့ ပြောလိုက်တာသလိုဘဲ သူ့ရဲ့အမူအရာက အတော်လေး မကျေမနပ်ဖြစ်နေခဲ့သည်။ "တကယ်လို့ အဲ့တာက မလုံလောက်ဘူးဆိုရင် ခြားနားတာကို ဖန်တီးဖို့ အနီရောင်နှင်းဆီပန်းကို သုံးကြည့်လိုက်"

 

 

  ခြားနားတာကို ဖန်တီးရမည်။

 

 

 ဝမ်ချွမ်းက ချက်ချင်းပင် နားလည်လိုက်သည်။ ဥက္ကဌချန်ရဲ့ မျက်လုံးထဲတွင် ဖိန်နင် ထောက်ခံသော အနီရောင်နှင်းဆီပန်းများသည် ယဲ့ဆွေ၏ ပန်းများမလုံလောက်သောအခါ သူတို့နဲ့ ပြည့်ကျပ်စေသည်။ ထို့ကြောင့် ဟွာရွေ့က ဖိန်နင် ထောက်ခံသောပန်းများကို ယဲ့ဆွေရဲ့ ပန်းများလို သိုလှောင်ထားခြင်း မရှိတာကြောင့် ပန်းများကို ၀ယ်ခဲ့ရသည်။

 

 

  ဖိန်နင်က ယဲ့ဆွေအတွက် အဖြည့်ခံတစ်ယောက်သာဖြစ်ခဲ့သည်။

 

 

  ဝမ်ချွမ်း - "စိတ်ချပါ ဥက္ကဌချန်။ ဒီဟာကို ငါသေချာကိုင်တွယ်ပါ့မယ်"

 

 

  နောက်ဆုံးတော့ White Day ရောက်လာခဲ့သည်။ ရှောင်လျို့က  ဟွာရွေ့၏ ၀န်ထမ်းတစ်ဦးဖြစ်ပြီး ယနေ့တွင်သူမကပုံမှန်အတိုင်း ကုမ္ပဏီကိုရောက်လာသည်။ သူမတံခါးကိုဖွင့်လိုက်ပြီး သူမရဲ့ အလုပ်ခန်းကိုသွားခဲ့သည်။

 

 

  ရှောင်လျို့က စားပွဲဝိုင်းကိုကြည့်ပြီးအံ့သြသွားသည်။ သူမမှားခဲ့ဘူးဆိုရင် ဒါက ကောင်းရှန်ရဲ့ ရှန်ပိန်နှင်းဆီမဟုတ်လား? ဒါပေမယ့် ဘာကြောင့် သူမစားပွဲပေါ်မှာရှိနေရတာလဲ? ရှောင်လျို့က သူမမျက်လုံးတွေကို ပွတ်ပြီး ပြန်ကြည့်လိုက်သည်။

 

 

  ရှန်ပိန်နှင်းဆီက အခုထိရှိသေးသည်။ သေသပ်စွာထုပ်ပိုးထားပြီး တက်ကြွလန်းဆန်းစွာ ပွင့်လန်းနေသည်။ အိုက်ယား! အဲ့ဒီတစ်ခဏမှာ သူမကမင်းသမီးတစ်ယောက်လိုခံစားခဲ့ရသည်။

 

 

  ရှောင်လျို့က လှည့်ပတ်ကြည့်လိုက်သောအခါ ရုံးရှိအမျိုးသမီး ၀န်ထမ်းအားလုံးက သူတို့လက်ထဲတွင် ရှန်ပိန်နှင်းဆီတွေကို တွေ့လိုက်ရသည်။ ထို့ကြောင့် ၎င်းသည်အမျိုးသမီး ၀န်ထမ်းများအတွက် လက်ဆောင်တစ်ခုဖြစ်သည်။

 

 

 ဘယ်လောက် ဂရုစိုက်တတ်တဲ့ ကုမ္ပဏီလဲ?

 

 

  ရှောင်လျို့ ဘေးက အမျိုးသမီး ဝန်ထမ်းတစ်ဦးက ဘေးဘယ်ညာလှည့်ကြည့်ပြီး တိုးတိုးလေးပြောလာသည်။  "ငါပတ်ဝန်းကျင်ကို စုံစမ်းကြည့်တော့ ဌာနတွေအများကြီးကို ရှန်ပိန်နှင်းဆီပန်းတွေ ပို့ပေးတာတွေ့ခဲ့တယ်။ ဌာနအနည်းငယ်က အနီရောင်နှင်းဆီပန်းတွေ ရခဲ့တယ်"

 

 

" နှင်းဆီပန်းနီကို ရတဲ့သူတွေက ငါတို့ကို မနာလိုဖြစ်ပြီး ဒီလိုရှန်ပိန်နှင်းဆီကို ရခဲ့တာ ကံကောင်းတယ်လို့ ပြောကြတယ် "ရှောင်လျို့က ထူးဆန်းသော အနံ့တစ်ခုခုရလိုက်သည်။

 

 

  အနီရောင်နှင်းဆီကို ဖိန်နင်က ထောက်ထားခံပြီး ရှန်ပိန်နှင်းဆီကို ယဲ့ဆွေက ထောက်ခံထားသည်။  ဒါပေမယ့် ရှန်ပိန်နှင်းဆီပန်းအရေအတွက်က အနီရောင်နှင်းဆီပန်းတွေထက် ဘာကြောင့်ပို ပို့ခဲ့တာလဲ?

 

 

  ယဲ့ဆွေ ဟွာရွေ့ မရောက်မီ ဖိန်နင်က ဟွာရွေ့၏ အကျော်ကြားဆုံး စတားတစ်ယောက်ဖြစ်ခဲ့သော်လည်းယခုပြောင်းလဲသွားပြီလား?

 

 

ဟွာရွေ့၏ အမျိုးသမီး ၀န်ထမ်းများသည် ၀မ်းသာအားရဖြစ်ပြီး အချို့က ပန်းများကို အင်တာနက်၌ တင်ခဲ့သည်။ "White Day မှာ ဟွာရွေ့ဆီက ပန်းတွေရတဲ့အတွက် ငါအရမ်းပျော်တယ်"

 

 

ပို့စ်များတွင် ပုံများစွာပါရှိပြီး အများစုမှာရှန်ပိန်နှင်းဆီများနှင့် အနီရောင်နှင်းဆီပန်းလေးများဖြစ်သည်။

 

 

  သူတို့တင်တဲ့ပို့စ်က ဟွာရွေ့နဲ့ဆက်စပ်နေတာကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ အင်တာနက်သုံးစွဲသူတွေက အရှိန်တက်လာသည်။  ဤအကြောင်းအရာကို မြင်လျှင် မှတ်ချက်များသည် တစ်ဟုန်ထိုး မြင့်တက်သွားသည်။

 

 

 "အခြားသူတွေက ချစ်သူများနေ့မှာ ချောကလက်တွေပို့ကြတယ်။ ဒါပေမယ့် ဟွာရွေ့ ရဲ့ ဥက္ကဌချန်က တန်ဖိုးကြီးပန်းတွေပို့တယ်။ ကျေးဇူးပြုပြီး ငါ့ကိုဒီလို ရိုမက်တစ်ဆန်တဲ့ ဥက္ကဌကိုပေးပါ!  "

 

 

 "ဟွာရွေ့ကို ဘယ်လိုဝင်နိုင်မလဲ ကျေးဇူးပြုပြီး ငါ့ကိုအသိပေးပါ?  " 

 

 

"ဥက္ကဌချန်က ရက်ရောတယ်။ ရှန်ပိန်နှင်းဆီပန်းတွေအများကြီး ၀ယ်တယ်။ အဲဒါက သူ အခု ယဲ့ဆွေကိုချော့မော့တာလား? "

 

 

  "အနီရောင်နှင်းဆီပန်းတွေ ဘာလို့ဒီလောက်တောင်နည်းနေရတာလဲ?   ဟွာရွေ့က ဖိန်နင်ရဲ့ ပန်းတွေကို ၀ယ်ဖို့အစီအစဉ်မရှိဘူးလားဖိန်နင်က အိမ်သာထဲမှာငိုနေလိမ့်မယ် "

 

 

 ဖိန်နင်က လူကြိုက်များပြီး ဆုများစွာဆွတ်ခူးခဲ့သော်လည်း အခြားသူတစ်ဦးဖြစ်တဲ့ ယဲ့ဆွေရဲ့  ဆုကသူမထက်ပိုယုံကြည်ထိုက်သည်။

 

 

 ယဲ့ဆွေရဲ့ ဘာလင်ရုပ်ရှင်ဘုရင်မ၏ တစ်ခုတည်းသောဆုသည် ဖိန်နင်ရဲ့ ဆုများအားလုံးထက် သာလွန်ရန်လုံလောက်သည်။

 

 

 ဟွာရွေ့က ဖိန်နင်အား ထိပ်တန်းအရင်းအမြစ်များစွာပေးခဲ့သော်လည်း သူမက ယဲ့ဆွေလို မကောင်းခဲ့ပေ။ ယဲ့ဆွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အလွန်မြန်သည်။  သူမကိုဘယ်သူက တန်ဖိုးမထားမှာလဲ?

 

 

  ဒါကိုကြည့်ခြင်းအားဖြင့် ဟွာရွေ့ရဲ့ ဦးတည်ချက်ပြောင်းသွားသလားဆိုတာ လူတိုင်းတွေးမိကြသည်။ ယဲ့ဆွေက အခုအနှစ်သက်ဆုံး အနုပညာရှင်ဖြစ်နေပြီလား?

 

 

 အင်တာနက်ပေါ်မှာ ဆွေးနွေးမှုတွေ အများကြီးရှိခဲ့သည်။  အခြားတစ်ဖက်တွင် ဖိန်နင်၏အေးဂျင့်က သူမကို ပြောလာသည်။ "ဟွာရွေ့က ဒီနေ့အမျိုးသမီး ၀န်ထမ်းတွေဆီ နှင်းဆီပန်းအနီရောင်တွေ ပို့ခဲ့တယ်"

 

 

  ဖိန်နင်က အလွန်ပျော်ရွှင်နေခဲ့သည်။ သူမ၏အနီရောင်နှင်းဆီက ရောင်းအားကောင်းတဲ့ ယဲ့ဆွေရဲ့ ရှန်ပိန်နှင်းဆီမဟုတ်ပေ။ ကုမ္ပဏီက သူမရဲ့ကုန်ပစ္စည်းတွေကို မြှင့်တင်ရာမှာကူညီနေပုံရသည်။

 

 

 ဟွာရွေ့က သူမကိုအရမ်းအလေးထားဆဲပင်။

 

 

  နောက်တစ်စက္ကန့်တွင် အေးဂျင့်က ဖိန်နင်ရဲ့ စိတ်သက်သာမှုကို ငြိမ်းသတ်ခဲ့သည်။  “ ဒါပေမယ့် ဌာနအနည်းငယ်ကသာ နှင်းဆီပန်းအနီကို လက်ခံရရှိခဲ့တာ "

 

 

  "လူအများစုက ရှန်ပိန်နှင်းဆီပန်းများကို ရရှိခဲ့ကြတယ်ဖိန်နင်က လုံးဝအံ့သွားပြီး ချက်ချင်းပြန်ပြောခဲ့သည်။  "မဖြစ်နိုင်ဘူး! ဟွာရွေ့က ဘယ်လိုကူညီတာလဲ?" သူမ စကားမဆုံးခင် ဖိန်နင်က ရပ်တန့်လိုက်သည်။

 

 

 ယဲ့ဆွေက ဟွာရွေ့ရဲ့ မဒမ်ဆိုတာကို သူမဘယ်လိုလုပ် မေ့နေရတာလဲ? သံသယဖြစ်စရာမလိုဘဲ ဟွာရွေ့က ယဲ့ဆွေဘက်မှာ ရှိနေလိမ့်မည်။

 

 

 ကိုယ်စားလှယ်က သက်ပြင်းချသည်။  "သေချာပြန်စဉ်းစားပါ။ မင်းသာ တိုးတက်အောင်လုပ်ရင် ဟွာရွေ့က မင်းကိုထိန်းထားလိမ့်မယ်"

 

 

  ဖိန်နင် တိတ်ဆိတ်နေသည်။  အသွင်အပြင်နှင့်သရုပ်ဆောင်မှုအရ ယဲ့ဆွေက သူမကိုကျော်ဖြတ်ဖို့တောင် အလားအလာရှိသည့်တိုင် သူမထက်မနိမ့်ခဲ့ပါ။ ယဲ့ဆွေက ဟွာရွေ့၏ မဒမ်မဟုတ်ခဲ့လျှင်တောင် ဖိန်နင်က ကဏ္ဍတိုင်းမှာ ရှုံးနိမ့်နေဆဲဖြစ်သည်။

 

 

 သူမက ယဲ့ဆွေနဲ့ အခြားမည်သည့်နေရာမှာ ယှဥ်နိုင်မှာလဲ?

 

 

  လွန်ခဲ့သောတစ်လက ယဲ့ဆွေဆီ ကြော်ငြာတစ်ခု၀င်လာသည်။  ယခုတစ်ကြိမ်တွင် ဖန် အမှတ်တံဆိပ်၏ ထုတ်ကုန်သစ်တစ်ခုကို ရှကျုံး မင်းဆက်ပြတိုက်နှင့် ပူးပေါင်း၍ ဖြန့်ချိခဲ့သည်။

 

 

  ကြော်ငြာရိုက်ကူးဖို့ နာမည်ကြီးဒါရိုက်တာတစ်ဦး ဖိတ်ကြားခြင်းခံရသည်။ သူ့ထူးခြားချက်မှာ သူက ဖိုတိုရှောခ့် ရိုက်ထားသော ဓာတ်ပုံများကို မကြိုက်ဘဲ လက်တွေ့ဘဝကိုသာ ပိုနှစ်သက်သည်။

 

 

  ထို့ကြောင့် ကြော်ငြာတစ်ခုလုံး၏ အရည်အသွေးတိုးတက်စေဖို့ ၎င်းတို့က အစစ်အမှန်နန်းတော်၌ ရိုက်ကူးခဲ့သည်။

 

 

 ဟုတ်ပါတယ်။ ရှကျုံး မင်းဆက် နန်းတော်သည်အမျိုးသားပြတိုက်တစ်ခုဖြစ်ခဲ့ပြီး အဖွဲ့သားများကအငိုက်ဖမ်းပြီး စတင်ရိုက်ကူးရန် ခွင့်မပြုပေ။ ယဲ့ဆွေအဖွဲ့က ရင်းရှီမြို့ကိုသာ ပျံသန်းနိုင်သည်။ ဘယ်နေရာမှာကြော်ငြာရိုက်ရမှာလဲ?

 

 

 ယဲ့ဆွေက စောစောထပြီး ရှောင်လျို့နဲ့ အတူ လေယာဉ်ဖြင့်ထွက်ခွာသွားသည်။

 

 

  ယဲ့ဆွေရဲ့ မနေ့ညကအလုပ်က နောက်ကျလို့သူမလေယာဉ်ပေါ်မှာခဏနားလိုက်သည်။  သူမနိုးလာသောအခါ သူမက ရင်းရှီမြို့၌ရှိနေသည်။ ယဲ့ဆွေက  စီစဉ်ထားသောကားဆီသွားပြီး ရိုက်ကူးရေးနေရာသို့ခေါ်ဆောင်သွားသည်။

 

 

  ဆင်းပြီးနောက် အနီရောင်နံရံများနှင့် အဝါရောင်ကြွေပြားများသည် နေရာတိုင်းတွင်ရှိနေသည်။ ခမ်းနားထည်ဝါသောနန်းတော်သည် ရုပ်ပုံလွှာတစ်ခုနှင့်တူပြီး ၎င်းတို့ရှေ့တွင် ဖြည်းဖြည်းနှင့် ကြီးကျယ်ခမ်းနားစွာ ဖြန့်ပြလာသည်။

 

 

ယဲ့ဆွေက ရုတ်တရက် မိန်မောတွေဝေသွားသည်။ အဲ့ဒီတစ်ခဏမှာ သူမဘာလို့ ဒီမှာရှိနေလဲဆိုတာတောင်မေ့သွားခဲ့သည်။  "ဒါကဘယ်နေရာလဲ? "

 

 

  သူမအသံက အလွန်နူးညံ့သည်။ သူမက သူမဘာသာစကားပြောနေပုံရပြီး တစ်ချိန်တည်းမှာတစ်စုံတစ်ယောက်ကို မေးနေပုံရသည်။

 

 

  ရှောင်လျို့က မသိလိုက်စွာဘဲ ပြန်ဖြေလာသည်။ "ဆွေဆွေ ဒါက ရှကျုံးမင်းဆက်က နန်းတော်"

 

 

ရင်းရှီမြို့၏ ရှုခင်းသာဖြစ်သော ရှကျုံး မင်းဆက်နန်းတော်ကို  မူလ ရှကျုံး မင်းဆက်နန်းတော်အတိုင်းတည်ဆောက်ခဲ့သည်။ အတွင်းပိုင်းတည်ဆောက်ပုံသည်ပင် တကယ့်အစစ်အမှန်နှင့် တူညီသည်။

 

 

  ၎င်းသည်နွေဦးအစောပိုင်း ဖြစ်၍ နေရောင်က လင်းလက် တောက်ပနေသည်။  သို့သော် နေရောင်အောက်၌ အနည်းငယ် အေးစက်နေခဲ့သည်။

 

 

 ရုတ်တရက် လေပြင်းတစ်ခုကတိုက်ခတ်လာပြီး နွေဦးရဲ့အေးစက်မှုက ပြင်းထန်သွားလေသည်။  မနေ့ညက ဒီမှာမိုးရွာတယ်၊ လေကစိုထိုင်းပြီးအေးတယ်၊ သူမကုတ်အင်္ကျီထဲကို တိုးဝင်ပြီးနေလိုက်သည်။

 

 

 ရှောင်လျို့က ယဲ့ဆွေ မိတ်ကပ်လိမ်းရအောင် အတွင်းထဲသို့ ဦးဆောင်လိုက်သည်။  သူတို့အဆောက်အအုံထဲကိုရောက်တာနဲ့ သိပ်မအေးတော့ဘူး။

 

 

 ဝတ်စုံဒီဇိုင်နာက ယဲ့ဆွေရဲ့ ခန္ဓာကိုယ် ပုံသဏ္ဌန်နှင့်အညီ ရှေးခေတ်ဝတ်စုံများစွာကို ပြင်ဆင်ခဲ့သည်။  ဖန် အမှတ်တံဆိပ်သည် သူမကိုပြောရေးဆိုခွင့်ရှိသူအဖြစ် ဆုံးဖြတ်ပြီးနောက် ယဲ့ဆွေရဲ့ ကိုယ်ခန္ဓာကို တိုင်းတာပြီးနောက် ကြော်ငြာတွင် များစွာရင်းနှီးခဲ့သည်။

 

 

 ယဲ့ဆွေက သူမ၏ပထမဆုံး ၀တ်စုံဝတ်ပြီးထွက်လာသောအခါ၊ အဝါရောင်မှိုင်းမှိုင်းရှိတဲ့ မှန်ကိုဗိမာန်၌ထားထားပြီး အဲ့မှန်ထဲ၌ သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

 

 

  သူမက ရှကျုံး မင်းဆက်၏ ၀တ်စုံကို သူတစ်ခါမှမမြင်ဖူးပါ။ သို့သော် သူမကိုမထင်မှတ်ဘဲ သင့်တော်စေပြီးသူမ၏တောက်ပသော မျက်နှာသွင်ပြင်ကို အနည်းငယ်ပျော့ပြောင်းစေခဲ့သည်။

 

 

 ယဲ့ဆွေရဲ့ခေါင်းက အနည်းငယ် နာကျင်သွားပြီး သူမ၏အမြင်အာရုံက မှုန်ဝါးဝါးဖြစ်သွားသည်။

 

 

 နာကျင်မှုများနှင့်အတူ လိုက်ပါလာသော မျက်ရည်များသည် သူမ၏မျက်လုံးထောင့်မှ မသိစိတ်ကြောင့် ကျဆင်းလာသည်။

 

 

  သူမမျက်လုံးထဲမှာ သဲတွေမရှိသလို နေရောင်ခြည်ကသူ့မျက်လုံးတွေကို မတောက်လောင်စေခဲ့ဘူး။ သို့သော်သူမ၏မျက်လုံးများက သူမစကားကို နားမထောင်ခဲ့ပေ။  အကြောင်းတစ်ခုခုကြောင့် ယဲ့ဆွေက သူမဒီမှာရပ်နေရင်း ငိုချင်စိတ်ကို ဖြစ်ပေါ်စေသည်။

 

 

  သူမက ရှကျုံး မင်းဆက် နန်းတော်အပြင်ဘက်၌ အရင်တစ်ခေါက်ရပ်နေစဉ်ကနဲ့ ၎င်းနဲ့ ခံစားချက်တူပုံရသည်။

 

 

  အေးစက်သောခံစားမှုတစ်ခုသည် လွတ်နေသောခန်းမအတွင်းသို့ ပျံ့နှံ့သွားပြီး သူမ၏နှလုံးသားကို ရိုက်ခတ်သွားသည်။

 

 

 "ဆွေဆွေ၊ ဒါရိုက်တာက အစ်မကိုခေါ်နေတယ်" ရှောင်လျို့က အပြေးရောက်လာပြီး သူမအတွေးများကို ဖြတ်တောက်လိုက်သည်။

 

 

 ယဲ့ဆွေ ခေါင်းကိုလှည့်လိုက်ပြီး မျက်လုံးမှမျက်ရည်များကို လက်ဖြင့်သုတ်လိုက်သည်။ ရှောင်လျို့က သူမကုတ်အင်္ကျီကိုဝတ်ကာ အတူတကွရိုက်ကူးသည့်နေရာသို့သွားခဲ့သည်။ ဒါက ပထမအစပဲရှိသေးပေမယ့် ရှုတင်က မွန်းတည့်ချိန်ထိဆွဲခေါ်သွားသည်။

 

 

  အကြောင်းပြချက်ယဲ့ဆွေက စိတ်ရှုပ်ထွေးနေခဲ့သည်။

 

 

ဒါရိုက်တာက ရိုက်ကူးရေးအစီအစဉ်ကို အကြမ်းဖျင်းအားဖြင့် လမ်းကြောင်းများစွာခွဲထားပြီး၊ ကျန်တာက သူ့အတွက်ပဲကျန်ခဲ့သည်။  အလင်းရောင်ပစ္စည်းများလည်းနေရာယူခဲ့ပြီး ရှုတင်ကို စတင်ခဲ့သည်။

 

 

 ယဲ့ဆွေက ဆိုဖာပေါ်တွင် လဲလျောင်းကာ သူမ၏လက်၌ ကိုင်ထားသော မှန်တစ်ချပ်ကို ယူလိုက်ပြီးသူမမျက်နှာကို သေချာကြည့်လိုက်သည်။  သူမမျက်မှောင်ကြုတ်လိုက်တိုင်းနှင့် အပြုံးတိုင်းက သူမကိုပြည့်စုံစေသည်။

 

 

  မူလကနောက်တစ်ဆင့်တက်ရန်လိုသော်လည်း ယဲ့ဆွေ အမြင်အာရုံအနည်းငယ်မှုန်ဝါးသွားပြီး သူမမျက်လုံးများက မသက်မသာဖြစ်လာသည်။

 

 

  သူမမျက်မှောင်ကြုတ်မိသော်လည်း ဇာတ်ညွှန်းကို အမီမလိုက်နိုင်ခဲ့တာကြောင့် သူမအစမှစလုပ်ခဲ့ရသည်။  ယခင်ရိုက်ချက်များကို အသုံးမပြုတော့ပါ။

 

 

  ပထမအသုတ်ဝတ်စုံများကို ရိုက်ကူးပြီးသောအခါ အစုအဖွဲ့ရှိသူများအားလုံး နေ့လယ်စာစားကြသည်။ ယဲ့ဆွေက သစ်ပင်ရိပ်အောက်တွင်ထိုင်ပြီး နေရောင်ပျောက်သည်ကိုကြည့်နေသည်။

 

 

  မနက်မိုးလင်းတော့ ရာသီဥတုက သာယာနေပေမယ့်မွန်းတည့်မှာတော့ တိမ်ကအုံ့ဆိုင်းနေသည်။  မီးခိုးရောင်ကောင်းကင်က ရှကျုံး နန်းတော်ကိုဖုံးလွှမ်းသွားပြီးမုန်တိုင်းတစ်ခုတိုက်ခတ်လာသလိုပဲ။

 

 

 ယခုအချိန်တွင် အနီရောင်နံရံက ညို့မှိုင်းနေပြီးမည်းမှောင်နေသည်။ အရိပ်များအောက်၌ ယခင်က တောက်ပသော အနီရောင်သည် သံချေးတက်လာသလို အုံ့မှိုင်းနေသည့် ရောင်ခြည်တစ်မျိုးကို ခံစားလိုက်ရသည်။

 

 

 ၀န်ထမ်းတွေ အားလုံး စားဖို့သွားကြသည်။ အနားမှာဘယ်သူမှမရှိဘူး။  သံချေးတက်နေတဲ့ အနီရောင်နံရံပေါ်တွင် မီးခိုးရောင် အရိပ်တစ်ခုက ဖြတ်ကျော်သွားခဲ့သည်။

 

 

  ယဲ့ဆွေက သူမမြင်လိုက်ရသည့်အရာကို နားလည်မှုလွဲမှားနေလားဟုတွေးမိသည်။  သူမပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်ချိန် ဘာတစ္ဆေ၊သရဲ မှမတွေ့ခဲ့ပေ။

 

 

 ဒါပေမယ့် သူမနံရံကိုကြည့်လိုက်တဲ့အခါ အရိပ်ကထပ်ပေါ်လာပြီး ရှကျုံး အ၀တ်ကို ၀တ်ထားတဲ့ လူတစ်ယောက်ကို သူမမြင်လိုက်ရသည်။  သူမသည်အခြားအင်္ဂါရပ်များကို ပိုင်းခြားနိုင်စွမ်းမရှိပေ။

 

 

  နန်းတော်အိမ်ဖော်၏ အရိပ်ကဲ့သို့အနားသို့လွင့်ပျံလာခဲ့သည်။  အတိတ်က အိပ်မက်ဟောင်းများနှင့်အတိတ်၏ အရိပ်များသည် လွင့်ပျံလာသည်။

 

 

 ၎င်းသည် မီးခိုးရောင်ဖြစ်ပြီး မြူလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသကဲ့သို့ဖြစ်သည်။  ၎င်းသည် အစစ်အမှန်မဟုတ်သလို အလွန်ဝေးကွာပုံရသည်။

 

 

 ယဲ့ဆွေက သူမနှင့်တစ်နေရာရာမှာ တွေ့ဖူးလားဟု တွေးမိကာ အံ့သြမိသော်လည်း ထိုအကြောင်း တွေးလိုက်တိုင်း သူမခေါင်းကိုက်လာသည်။

 

 

  သူမခေါင်းကိုက်ပြီး လက်တုန်ခြင်းကြောင့် သူမကိုင်ထားသောခွက်သည် မြေကြီးပေါ်ကျသွားသည်။ ရေကကြမ်းပြင်တစ်ပြင်လုံးကို စိုရွဲသွားစေခဲ့သည်။

 

 

 "ဆွေဆွေ၊ နင်ဒီနေ့အဆင်မပြေဘူးလား? " ရှောင်လျို့က ထူးဆန်းစွာခံစားနေရပြီး စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။"မနေ့ညက နင်ကောင်းကောင်း အိပ်မပျော်ဘူးလား? "

 

 

  ရှောင်လျို့ ပြန်လာတာနဲ့ ယဲ့ဆွေရဲ့ခွက်ကွဲနေတာကို သူမမြင်လိုက်ရသည်။ သူမက ယဲ့ဆွေကို ကူညီပြီး ရေနွေးတစ်ခွက်ကို သူမအားကမ်းပေးလိုက်ပြန်သည်။

 

 

 ယဲ့ဆွေက ပြုံးပြီး ရှောင်လျို့ကို အမှန်အတိုင်း မပြောဘဲ "ငါအရမ်းပင်ပန်းနေပြီ" ဟုသာပြောခဲ့သည်။

 

 

  သူမမနက်က ရင်းရှိမြို့ကို ပထမဆုံးရောက်တဲ့အခါစိတ်မသက်မသာဖြစ်ခဲ့သည်။  သူမကြာကြာနေလေလေပိုသိသာလာလေလေဘဲ။

 

 

  ဒါက ယဲ့ဆွေ ရှကျုံး နန်းတော်ကို မြင်ရတာဒုတိယအကြိမ်မြောက်ဖြစ်သည်။ ထူးခြားချက်မှာ သူသည်ထိုအချိန်က နံရံအပြင်ဘက်ကို ကြည့်လိုက်ရုံသာ ရှိသေးသော်လည်း ယခုအချိန်၌ ရှကျုံး နန်းတော်ကိုတစေ့တစောင်း ကြည့်ရုံသာရှိသည်။

 

 

  နန်းတော်နဲ့ ဝတ်စားဆင်ယင်မှုဘဲဖြစ်ဖြစ် နေရာတိုင်းကရင်းနှီးနေသလိုပဲ။

 

 

 ဒါပေမယ့် ယဲ့ဆွေ ဒီလောကကို မလာခင် ဒီရှကျုံး နန်းတော်အကြောင်းကို သူမဘယ်တုန်းကမှ မသိခဲ့ဘူး။  ဒီရင်းနှီးတဲ့ခံစားချက်က ဘယ်ကလာတာလဲ?

 

 

 ---------

 

  မနက်စောစောတွင်။

 

 

 မတ်လ၏ လေတိုက်ခတ်မှုက အေးစက်နေဆဲဖြစ်၍ တစ်မြို့လုံးကို အဖြူရောင်အခိုးအငွေ့များဖြင့်ဖုံးလွှမ်းထားသည်။

 

 

 ယဲ့ဆွေက မြို့ပြင်သို့ သွား၍ စောစောထွက်သွားလိုသည်။ သူမအိပ်ရာမ၀င်ခင် နှိုးစက်နာရီကို ထားလိုက်သည်။

 

 

  ခြောက်နာရီတွင် နှိုးစက်ပိတ်သွားသည်။ တိတ်ဆိတ်နေတဲ့အခန်းထဲမှာ တောက်လောင်နေတဲ့အသံဟာအထူးသဖြင့် အိပ်မက်အလယ်မှာ စိတ်အနှောင့်အယှက်ဖြစ်စေသည်။

 

 

 သူမရဲ့လက်ကိုင်ဖုန်းကို ကုတင်ဘေးမှာချထားလိုက်သည်။  သူမနှိုးစက်ကို ကြားလိုက်သည်နှင့်တပြိုင်နက်သူမ မသိစိတ်က သူမ၏လက်ကိုဆန့်ထုတ်လိုက်ပြီး ပိတ်ပစ်လိုက်သည်။  သူမ အိပ်မောကျနေတဲ့အတွက်သူပြန်အိပ်ပျော်သွားခဲ့သည်။

 

 

  နှိုးစက်နာရီက ယဲ့ဆွေကို မနှိုးသော်လည်း ချန်ရှု့ နိုးလာသည်။ ယဲ့ဆွေက နံနက်ခင်းထွက်ခွာရမည်ကို သိ၍ အလွန်နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဘူး။  နှိုးစက်နာရီမြည်လာတာနဲ့ သူနိုးလာသည်။

 

 

 အပြင်မှာ သိပ်မတောက်ပသေးဘူး။  ကောင်းကင်သည်ပြာဖျော့ဖျော့ ဖြစ်၍ မှုန်မှိုင်းနေသည့်နေရာတိုင်းတွင်ရှိနေသည်။

 

 

 ချန်ရှု့ ကကုတင်ပေါ်မှာထိုင်ပြီး ကုတင်ဘေးကမီးအိမ်လေးကိုဖွင့်လိုက်ပြီးအိပ်ပျော်နေတဲ့ ယဲ့ဆွေကို ကြည့်လိုက်သည်။

 

 

ယဲ့ဆွေက အိမ်မက်ထဲသို့ ပြန်ဝင်နေပြီဖြစ်သည်။ သူမရဲ့မျက်နှာတစ်ခုလုံးက စောင်ထဲတွင် နစ်မြုပ်နေလေသည်။ လုံးဝစိတ်မချတဲ့ပုံရသည်။ ချန်ရှု့က သူမကိုနှိုးဖို့စိတ်မ၀င်စားဘဲ ပြုံးနေသည်။

 

 

  ချန်ရှု့က အောက်ဘက်ကို နည်းနည်းငုံ့လိုက်ပြီး ယဲ့ဆွေရဲ့ ပခုံးကိုပုတ်လိုက်သည်။  "ထဖို့အချိန်ရောက်ပြီ"

 

 

 ယဲ့ဆွေ အသက်ရှူကျပ်လာသည်။  သူမ မျက်လုံးမဖွင့်ဘဲ စောင်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ သူမ လုံးဝမထချင်ဘူး။

 

 

 ဤအချိန်၌ ဒုတိယအချက်ပေးသံထွက်ပေါ်လာသည်။  မျက်လုံးမှိတ်ထားတာကြောင့် ယဲ့ဆွေက အချက်ပေးစက်ကိုပိတ်ဖို့ လက်လှမ်းလိုက်သော်လည်း ချန်ရှု့က ဖုန်းကိုအရင်ယူလိုက်သည်။

 

 

  ဆူညံသော အချက်ပေးသံကို နားထောင်ရင်း ယဲ့ဆွေက မျက်လုံးကို ဖွင့်လိုက်ရသည်။  သူမ ချန်ရှု့ကို ငေးကြည့်နေစဉ် သူမတစ်ကိုယ်လုံး မှင်တက်သွားသည်။

 

 

 ချန်ရှု့က အိပ်ရာမှထကာ ရေချိုးခန်းသွားပြီး မျက်နှာသုတ်ပုဝါကို စိမ်လိုက်ကာ ယဲ့ဆွေ အိပ်ယာဘေးတွင်ထိုင်နေသည်။

 

 

 နွေးထွေးသော မျက်နှာသုတ်ပုဝါနဲ့ ယဲ့ဆွေ မျက်နှာကိုသုတ်လိုက်သောအခါ သူမက တဖြည်းဖြည်းနိုးလာသည်။ သူမနိုးလာကတည်းက သူမ၏အသံကအနည်းငယ် အက်နေဆဲဖြစ်သည်။

 

 

  "ဘယ်နှစ်နာရီရှိပြီလဲ?"

 

 

 ချန်ရှု့က ထိုအချိန်မှာ သူ့လက်ကိုင်ဖုန်းကိုကြည့်လိုက်သည်။  "အစောကြီးရှိသေးတယ်။ မင်းနောက်ထပ်ဆယ်မိနစ်လောက်အိပ်လို့ရသေးတယ်။" သူက ယဲ့ဆွေရဲ့ တောင်းဆိုချက်များကို အမြဲသည်းခံခဲ့သည်။ အိပ်ရာထဲတွင် ၁၀ မိနစ်ခန့် မှေးစက်ခြင်းက သူ့အတွက်လုံးဝပြဿနာမဟုတ်ပါ။

 

 

 ယဲ့ဆွေ တစ်ယောက်တည်းရှိနေစဉ် သူမ ဘယ်လောက်ဘဲ အိပ်ငိုက်သော်လည်း အိပ်ရာမှထလာလိမ့်မည်။  သူမနဲ့ချန်ရှု့တို့က သူမပျင်းလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

 

 

  ချန်ရှု့က ယဲ့ဆွေအတွက် အရာအားလုံးပြင်ဆင်ပေးခဲ့သည်။ ဒါကြောင့်သူမက သူ့ကို ပိုပိုပြီးမှီခိုလာသည်။

 

 

  ယဲ့ဆွေက ရေချိုးခန်းမှာ သူမမျက်လုံးကို ပွတ်လိုက်ပြီး ချန်ရှု့ကသူမအတွက် သွားတိုက်ဆေး ညှစ်နေသည်ကို တွေ့လိုက်သည်။  သူမပါးစပ်ထဲတွင် သွားပွတ်တံကို ကိုင်ထားရင်း ရေချိုးခန်းမှ ထွက်လာခဲ့သည်။

 

 

  ယဲ့ဆွေရဲ့ ပါးစပ်ထဲမှာ အမြှုပ်တွေ ကျန်နေတုန် သူမကပြောလာသည်။ "နောက်တစ်ခါ ရှင့်အတွက်သွားတိုက်ဆေးကို ကျွန်မလုပ်ပေးမယ့် .... "

 

 

 ချန်ရှု့က သူမအပေါ် အရမ်းကောင်းသည်။ ယဲ့ဆွေက တစ်နေ့တာ၏ အဆုံး၌ သူမကိုယ်တိုင် တူမကိုင်နိုင်မှာတောင် စိုးရိမ်ခဲ့ရသည်။

 

 

  တစ်ခြားသူသာဖြစ်ခဲ့လျှင် ယဲ့ဆွေ စကားများကိုမည်သူမျှ နားလည်ရန် မဖြစ်နိုင်ပေ။ ဒါပေမယ့် ချန်ရှု့က ခေါင်းကိုငုံ့ပြီး စောင်ကို ခေါက်နေသော်လည်း သူမ၏အဓိပ္ပါယ်ကို ချက်ချင်းသိလိုက်ရသည်။

 

 

 "အင်း နောက်တစ်ခါက်ပေါ့ " ချန်ရှု့က ချက်ချင်းအတည်ပြုလိုက်သည်။ ဒါပေမယ့် ယဲ့ဆွေက သူ့အတွက်အရာအားလုံးကို ပြင်ဆင်ပေးလိမ့်မယ်လို့ အမြဲခံစားခဲ့ရသည်။

 

 

 သူမသန့်ရှင်းပြီးမကြာခင်မှာ ပေါ့ပါးတဲ့ မိတ်ကပ်လိမ်းဖို့မှန်ရှေ့မှာထိုင်လိုက်သည်။

 

 

  ယဲ့ဆွေ အခန်းထဲရှိ ပစ္စည်းအားလုံးကို ချန်ရှု့နေရာသို့ရွှေ့လိုက်သည်။  သူ့နေရာမှာ ပစ္စည်းအများကြီးမရှိခဲ့ဘူး။ ဒါကြောင့် တစ်ခန်းလုံးနီးပါး သူမရဲ့ပစ္စည်းတွေနဲ့ပြည့်နှက်နေသည်။

 

 

  သူမနောက်မှာ ချန်ရှု့ပေါ်လာတဲ့အခါ ယဲ့ဆွေက မိတ်ကပ်မလိမ်းရသေးဘူး။ သူမက မှန်ကြည့်နေရင်း သူ့အကြည့်ကို သူမတွေ့လိုက်သည်။

 

 

 ယဲ့ဆွေက မျက်ခုံးမွေးခဲတံကို လက်ထဲကိုင်ထားပြီးသူမမျက်ခုံးကိုဆွဲတော့မည်။

 

 

  သူမက ချန်ရှု့၏ပူလောင်နေသော မျက်လုံးများကိုကြည့်လိုက်သည်။  သူ့စိတ်ကို နားလည်ဖို့ကြိုးစားပြီးနောက်မှာမှာ သူမက မေးလာသည်။ "ရှင် ကျွန်မကိုကူညီမှာလား? "

 

 

  နောက်တစ်စက္ကန့်တွင် ချန်ရှု့၏မျက်လုံးများက တောက်ပလာပြီး သူမလက်ထဲက မျက်ခုံးမွှေးဆွဲတံကို ယူကာ ယဲ့ဆွေ ဘေးတွင် အမြန်ထိုင်လိုက်သည်။

 

 

  ချန်ရှု့ မျက်မှောင်ကြုတ်လိုက်ပြီး ခဲတံကို အကြာကြီးကြည့်လိုက်သည်။  "ကိုယ် အဲဒါကို ဘယ်လိုသုံးရမလဲ? "

 

 

  ချန်ရှု့က သူတို့ဇနီးသည်တွေကို မိတ်ကပ်လိမ်းခြယ်ရာမှာကူညီခဲ့တဲ့ ယောက်ျားတွေကို တုပချင်ခဲ့သည်။ ဒါပေမယ့် သူနားလည်ဖို့ခက်ခဲ့သည်။

 

 

 ချန်ရှု့ရဲ့ စိတ်အားထက်သန်မှုအပြည့်ဖြစ်နေတာကို မြင်ချိန်မှာ ယဲ့ဆွေမှာ သူ့ကိုရိုက်ဖို့ နှလုံးသားမရှိခဲ့ဘူး။ သူမက သူမရဲ့မျက်ခုံးတစ်ဖက်ပေါ်တွင် နည်းလမ်းကိုသရုပ်ပြပြီးနောက် ခဲတံကို သူ့ကိုပေးလိုက်သည်။

 

 

  ချန်ရှု့က ယူဖို့လုပ်နေတုန်းမှာပဲ ယဲ့ဆွေက သူမရဲ့လက်ကိုချက်ချင်းပြန်ဆွဲလိုက်သည်။  သူမကသတိထားမိတဲ့လေသံနဲ့  "ရှင်အဲဒါကို သင်ယူပြီးပြီလား? "လို့မေးလိုက်သည်။

 

 

  ချန်ရှု့ကခေါင်းညိတ်ပြီး "ဒါပေါ့" ဟုယုံကြည်စိတ်ချစွာပြောခဲ့သည်။

 

 

  သံမဏိလို ဖြောင့်မတ်သူတစ်ဦး အနေနဲ့ ချန်ရှု့က  သူမမျက်ခုံးမွှေးဆွဲပေးဖို့ အခက်အခဲမရှိပေ။  ဒါပေမယ့် သူတကယ် စလုပ်တုန်းက သူ့မျက်ခုံးတွေက ပိုတင်းပြီးပိုတင်းကျပ်လာသည်။

 

 

  ယဲ့ဆွေက မှန်ရှေ့မှာ ဘေးစောင်းထိုင်နေသော်လည်း ဆွဲထားသောမျက်ခုံးတစ်ဖက်က အခြားတစ်ဖက်တွင်ရှိနေသည်။  သူမ မမြင်ရတာကြောင့် ချန်ရှု့ရဲ့ အမူအရာကိုသာအကဲဖြတ်နိုင်ခဲ့သည်။

 

 

 "ချန်ရှု့ ရှင်လုပ်နိုင်လား?"

 

 

  ယဲ့ဆွေရဲ့ လေသံက သံသယဖြစ်နေခဲ့သည်။ ချန်ရှု့က သူမ၏မျက်ခုံးမွှေးကို အချိန်အတော်ကြာကြာ ပွတ်သပ်ပြီးဆွဲခဲ့သည်။

 

 

ခဏအကြာမှာ ချန်ရှု့က သူ့လက်ကိုပြန်ဆုတ်ကာတည်ကြည်သောမျက်နှာဖြင့် ယဲ့ဆွေရဲ့ မျက်ခုံးများကိုကြည့်လိုက်ပြီး စကားနှစ်ခွန်းကို ဖြည်းဖြည်းချင်းပြောလိုက်သည်။ "ပြီးပြီ"

 

 

 ယဲ့ဆွေက မှန်ကိုချက်ချင်းကြည့်လိုက်ပြီး ချန်ရှု့က သူမမျက်ခုံးက မမှတ်မိနိုင်စွာ ပြောင်းလဲသွားသည်ကိုတွေ့လိုက်သည်။  သူအဲဒါကို မကျေနပ်တာဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါကြောင့် သူက သူမရဲ့မျက်ခုံးမွေးကိုအကြိမ်ကြိမ်ပြောင်းခဲ့သည်။

 

 

  သူမ၏တိတ်ဆိတ်မှုကို သတိပြုမိသောအခါ ချန်ရှု့က ရှင်းပြလာသည်။  "ကိုယ်လုပ်တာက နည်းနည်းထူမယ်ထင်တယ်"

 

 

 သို့သော် ရှင်းပြချက်က လုံး၀မကူညီနိုင်ခဲ့ပါ။ ယဲ့ဆွေက အသက်ပြင်းပြင်းရှူလိုက်သည်။  "နည်းနည်းလေးပါ "

 

 

  ယဲ့ဆွေက မိတ်ကပ်ဖျက်ဆေး ဖြင့်ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားသည်။ သူမက သူမရဲ့မိတ်ကပ်အကုန်လုံးကို သုတ်ပစ်ခဲ့ရသည်။  သူမက သူမမျက်နှာပေါ်မှာ အနက်ရောင်ကျိုင်းကောင်များနှင့် အပြင်မထွက်နိုင်ခဲ့ပေ။

 

 

 ချန်ရှု့က သူအမှားတစ်ခုခု လုပ်မိသည်ကိုသိသည်။  သူကအထဲကို ဝင်ကြည့်ချင်ပေမယ့် တုံ့ဆိုင်းနေသည်။  သူခြေတစ်လှမ်းဆုတ်ရန်ပြင်နေစဉ် ယဲ့ဆွေက ရေချိုးခန်းမှထွက်လာသည်။

 

 

  "ချန်ရှု့ အနာဂတ်မှာ ကျွန်မမျက်နှာကို ထပ်ပြီး ညစ်ပတ်အောင်လုပ်ဖို့ ခွင့်မပြုဘူး!"

 

 

  ယဲ့ဆွေရဲ့ ချီးမွမ်းမှုကိုခံရမယ့် ချန်ရှု့ရဲ့ မျှော်လင့်ချက်က ပျက်ပြားသွားခဲ့သည်။