အပိုင်း ၁၁၆
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၁၆ - ချန်းယင်၏ အကူအညီတောင်းခံမှု

 

 

 

 

ယဲ့ဆွေက ဒီနေ့မှာတစ်နေရာ၌ ကြော်ငြာတစ်ခုရိုက်ကူးနေသည်။ အဲဒီနောက် သူမ အဝတ်လဲခန်းမှာထိုင်ပြီး သူမရဲ့မိတ်ကပ်တွေကိုဖျက်ဖို့ ပြင်ဆင်နေသည်။

 

 

 ယခုအခိုက်အတန့်တွင် ရှောင်လျို့က သူမလက်ထဲတွင်ပန်းတစ်စည်းနှင့် ရုတ်တရက် လမ်းလျှောက်လာခဲ့သည်။  သူမက ယဲ့ဆွေဆီသွားပြီး ပန်းစည်းကို သူမဆီပေးခဲ့သည်။  "ဆွေဆွေ၊ တစ်ယောက်ယောက်က နင့်ဆီကိုပန်းတွေပို့ခဲ့တယ်"

 

 

 ယဲ့ဆွေ ရပ်တန့်သွားပြီး မော့ကြည့်လိုက်သည်။ ပန်းတွေကလှပပြီး တစ်ခုစီတိုင်းက ပွင့်လန်းနေလေသည်။ သူမက ရှောင်လျို့ကို မော့ကြည့်လိုက်သည်။ "ဘယ်သူပို့လာတာလဲ?"

 

 

 ရှောင်လျို့က ခေါင်းကိုခါလိုက်သည်။  "ငါမသိဘူး၊ လာပို့တဲ့သူက ငါ့ကို ဘယ်သူဆိုတာကို မပြောခဲ့ဘူး။ ဒါပေမယ့် ဒီမှာကဒ်တစ်ခုရှိတယ်။"

 

 

 ရှောင်လျို့က ပန်းတွေထဲမှ ကဒ်တစ်ခုကို ထုတ်ယူလိုက်သည်။ ယဲ့ဆွေက အဲဒါကိုအမြန် ဖတ်ပေးလိုက်သည်။  ကဒ်ပေါ်တွင် လက်မှတ်မရှိပေ။ ပေးပို့သူက အမည်မသိဖြစ်ခဲ့သည်။

 

 

  ကဒ်ပေါ်တွင် "လှပတဲ့ မစ္စ ယဲ့ဆွေအတွက် " ဆိုတဲ့စကားလုံးအနည်းငယ်သာ ရေးထားသည်။

 

 

 လက်ရေးမူက အလွန်ယဉ်ကျေးသောလေသံဖြင့် ထက်မြက်ပြီး ပြေပြစ်လှသည်။

 

 

 ယဲ့ဆွေက သက်ပြင်းချလိုက်သည်။  ဒီပေးပို့သူက သူ့နာမည်တောင်မချန်ထားဘဲ လျှို့ဝှက်ထားတဲ့လူတစ်ယောက်ဖြစ်ခဲ့သည်။  ဒီပန်းစည်းကို ပရိတ်သတ်တစ်ယောက်က ပေးခဲ့တာဖြစ်နိုင်တယ်လို့ သူမထင်ခဲ့သည်။

 

 

 ရှောင်လျို့လည်း ထို့နည်းတူစွာ စဉ်းစားလိုက်ပြီး ပြောလာခဲ့သည်။  "ဆွေဆွေ ယဲ့ဆွေ  ခဏစဉ်းစားကြည့်လိုက်။ အဲ့တွေကိုဖန်တစ်ယောက် ပို့လိုက်တာကြောင့် သူတို့ကို ကောင်းကောင်း ထိန်းသိမ်းထားသင့်တယ်။ " သူမ စကားပြောခါနီးမှာ သူမရဲ့နှာခေါင်းထဲမှာယားယံသလိုခံစားလိုက်ရသည်။  ချက်ချင်းပဲ သူမက နှာခေါင်းကိုအုပ်လိုက်ပြီး အနောက်ဘက်လှည့်ကာ နှာချေလိုက်သည်။

 

 

ယဲ့ဆွေပြန်လည်သက်သာလာပြီးနောက် သူမလှည့်လိုက်ပြီး ထိုပန်းများကို ကြည့်လိုက်သည်။  သူမစကားပြောခါနီးမှာ ပန်းရဲ့ရနံ့က သူမနှာခေါင်းကို ပြည့်လာစေပြီး ယားယံလာစေပြန်သည်။

 

 

ယဲ့ဆွေ  နှာခေါင်းရှုံ့လိုက်ပြီး အကြိမ်ကြိမ်နှာချေခဲ့သည်။

 

 

ရှောင်လျို့က ဤမြင်ကွင်းကို မြင်ပြီး ယဲ့ဆွေက ပန်းများကြောင့်နှာချေနေသည်ကို သတိပြုမိသွားခဲ့သည်။  သူမက သူတို့ကို လျင်မြန်စွာ ယူသွား၍ ဝေးဝေးမှာထားလိုက်သည်။

 

 

ထို့နောက် သူမက "ဆွေဆွေ၊ အဆင်ပြေရဲ့လား?"လို့ စိုးရိမ်စွာနဲ့မေးလိုက်သည်။

 

 

ယဲ့ဆွေက သူမ၏နှာခေါင်းကို အုပ်ထားသဖြင့် သူမရဲ့အသံက ပိတ်နေသည်။  "ငါအအေးမိတာက မသက်သာသေးဘူး။ ဒီပန်းက ငါ့အတွက် အရမ်းမွှေးလွန်းတယ်"

 

 

သူမပန်းပွင့်တွေကို ဆက်လက်ရင်ဆိုင်နေရရင် သူမကဆက်ပြီး နှာချေနေလိမ့်မည်။

 

 

ရှောင်လျို့ - "ငါပန်းတွေကို အခုအပြင် ထုတ်လိုက်မယ်နော် "

 

 

ရှောင်လျို့က ပန်းများကိုယူ၍ အပြင်သို့ထွက်လာခဲ့သည်။  လမ်းတွင်သူမက ချန်ယွိနဲ့ သူ့အေးဂျင့်ထံသို့ သူမပြေးသွားခဲ့သည်။

 

 

ပန်းကို ချန်ယွိက ယဲ့ဆွေ  အတွက် မှာပေးခဲ့သည်ဟု အေးဂျင့်ကအသိအမှတ်ပြုထားသည်။ သူက ယဲ့ဆွေကို အတော်လေးနှစ်သက်သည်။ ထို့ကြောင့် သူက ယဲ့ဆွေဆီကို ပန်းတွေအား အမည်ဖော်ပြခြင်းမရှိဘဲ ပို့လိုက်သည်

 

 

 ချန်ယွိက ပန်းများကို ရွေးချယ်ရန် အချိန်အတော်ကြာခဲ့သည်။ ဒါပေမယ့် ဘာကြောင့် အခု သူတို့ကို ပို့လိုက်ရတာလဲ?

 

 

အေးဂျင့်က ချန်ယွိကိုကြည့်လိုက်သည်။ သူလည်းအနည်းငယ် အံ့သြမိပေမယ့် သူက စကားမပြောဘဲ ရှေ့သို့ တည့်တည့်လျှောက်သွားခဲ့သည်။ ချန်ယွိက အဝတ်လဲခန်းသို့ ရောက်လာပြီး ယဲ့ဆွေနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။

 

 

 ချန်ယွိ ပြုံးပြလိုက်သည်။  " ကျွန်တော် အခုအလုပ်ပြီးသွားပြီ "ယဲ့ဆွေက ချန်ယွိကိုမြင်သွားပြီး "ရှင်လည်း ဒီမှာပဲပေါ့လို့ ပြောလိုက်သည်။

 

 

 ယခုဖြစ်ပျက်ခဲ့သောအရာများကိုတွေးရင်း ချန်ယွိက အနည်းငယ် ဝမ်းနည်းသွားသည်။  သူက ယဲ့ဆွေနဲ့ အကြိမ်ကြိမ် အဆက်အသွယ်ရခဲ့ပြီး သူမက လူကောင်းတစ်ယောက်ဖြစ်ကြောင်း သူခံစားခဲ့မိသည်။

 

 

 အစပိုင်း၌ ယဲ့ဆွေအပေါ် သူ့ရဲ့ လေးမြတ်မှုက တဖြည်းဖြည်းနဲ့ ခိုင်မာသော ချစ်ခင်မှုသို့ ပြောင်းလဲသွားသည်။

 

 

 ချန်ယွိက ယဲ့ဆွေကို ဖြည်းဖြည်းချင်း လိုက်ရန် ရည်ရွယ်ထားသည်။ ဒါကြောင့်မို့ ဒီနေ့မှာ ပန်းတွေကိုမှာခဲ့သည်။ သို့သော် သူကပန်းများကို အမည်ဖော်ပြခြင်းမရှိဘဲ ပေးပို့ခဲ့သည်။ တိုက်ရိုက်ဖော်ပြလျှင် ယဲ့ဆွေ အလန့်တကြားဖြစ်မှာကို သူကြောက်သည်။ သူငယ်ချင်းဖြစ်ဖို့ သူ့မှာအခွင့်အရေးတောင် မရှိနိုင်တော့ဘူး။

 

 

  ချန်ယွိက ယဲ့ဆွေကိုကြည့်ပြီး "မင်းရဲ့လက်ထောက်က ပန်းတွေကိုထုတ်လာတာ ကျွန်တော်မြင်ခဲ့တယ်။ မင်းအဲ့တာတွေကိုမကြိုက်ဘူးလား?" လို့ မဝံ့မရဲနဲ့ မေးလိုက်သည်။

 

 

ယဲ့ဆွေက သူမနှာခေါင်းကို ပွတ်လိုက်သည်။  "ကျွန်မအအေးမိထားတာ မကြာသေးဘူး။ ပြီးတော့ ပန်းတွေရဲ့အနံ့တွေကို ကျွန်မနည်းနည်း sensitive ဖြစ်နေတယ်။ကျွန်မ သူတို့နဲ့ နီးနီးကပ်ကပ်နေလို့မဖြစ်လို့ "

 

 

 ချန်ယွိ - "..... " အာ။ သူ့မျက်နှာပေါ်မှာ အနည်းငယ်နာကျင်နေတယ်လို့ သူဘာလို့ခံစားမိနေတာလဲ?

 

 

ချန်ယွိက သူ၏အတွေးများကို စုစည်းပြီး ယဲ့ဆွေကိုကြည့်လိုက်သည်။  "လာမယ့်ရက်တွေမှာ ကျွန်တော် 'ကမ္ဘာပေါ်မှာ သရဲတွေ တကယ်ရှိလား " ဆိုတဲ့ အပိုင်းမှာပါရမှာ။ ပရိုဂရမ်အဖွဲ့က ဒါကိုပြည်သူတွေဆီ မကြေညာရသေးဘူး

 

 

ယဲ့ဆွေက ချန်ယွိသည်လည်း ပါဝင်သူတစ်ဦး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။  သူမက "ဒီအစီအစဉ်က တော်တော် ကြောက်စရာကောင်းတယ်နော်။ ရှင်သရဲတစ္ဆေတွေကို ကြောက်တတ်လား?"လို့မေးလိုက်သည်။

 

 

 ချန်ယွိ မပြုံးမီစက္ကန့်အနည်းငယ်အလိုတွင် ယဲ့ဆွေကို ကြည့်လိုက်သည်။

 

 

ယဲ့ဆွေက လေးနက်ချင်ယောင်ဆောင်ခဲ့သည်။  "ရှင့်ရဲ့နှလုံးသားထဲမှာ သရဲတွေမရှိဘူးဆိုရင် ရှင်သရဲတစ္ဆေတွေကို သဘာဝအတိုင်းမြင်မှာမဟုတ်ဘူး။ နောက်ပြီး ကျွန်မကို ပြောရမယ်ဆိုရင် ရှိုးကပျင်းစရာကောင်းလာလိမ့်မယ် "

 

 

 ချန်ယွိက ခေါင်းတညိတ်ညိတ်ဖြင့် ပူးပေါင်းလိုက်သည်။  "ကျွန်တော် နားလည်ပါတယ်။ သရဲတွေရှိ၊ မရှိဆိုတာကို ကျွန်တော်ကိုယ်တိုင် ဖော်ထုတ်ကြည့်ရတာပေါ့ "

 

 

ထို့နောက်သူက "မသေမျိုး ယဲ့၊ မင်းက အတွေ့အကြုံအရမ်းရှိတယ်၊ ဒါပေမယ့် ကျွန်တော်က အသစ်တစ်ယောက်ပါ။ အချိန်ကျရင် မင်းဆီကပိုပြီး သင်ယူရမှာပေါ့ "လို့ အရွှန်းဖောက်ပြီး ပြောလိုက်သည်။

 

 

ချန်ယွိက ဤအရာကို ပြောလိုက်တာက သူနဲ့ ယဲ့ဆွေ  ကြားအကွာအဝေးကို ကျဉ်းမြောင်းစေခဲ့သည်။ ဤနည်းအားဖြင့် သူကအစီအစဉ်တွင် ပါ၀င်သောအခါ ယဲ့ဆွေနဲ့ စကားပြောနိုင်သည်။

 

 

 ယဲ့ဆွေက စကားမပြောခင် ခဏလောက်စဉ်းစားလိုက်သည်။ "ဒါဆို ရှင်အစီအစဉ်မှာ ဆရာမကြီးကျူးကို ပိုပြီး အာရုံစိုက်သင့်တယ်။ သူမက ပရော်ဖက်ရှင်နယ်တစ်ယောက် ပြီးတော့ ကျွန်မထက် အများကြီးသာတယ်"

 

 

  ချန်ယွိက စကားမပြောဘဲ ယဲ့ဆွေကို ကြည့်လိုက်သည်။  သူက ယဲ့ဆွေကို သူ့အားကူညီခိုင်းစေချင်ပေမဲ့ သူကသရဲတွေကို တကယ် မကြောက်ဘူး။

 

 

ချန်ယွိ ဘာကြောင့်စကားမပြောတာလဲဆိုတာကို ယဲ့ဆွေ တွေးမိနေသည်။  သူမက စက္ကန့်အနည်းငယ်မျှစဉ်းစားလိုက်ပြီး နိဂုံးချုပ်ခဲ့သည် - ဆရာမကြီးကျူးက အမျိုးသမီးဖြစ်နေတာကို ချန်ယွိ စိုးရိမ်နေတာလား?သူက ယောက်ျားကြီးတစ်ယောက်လေ။ သူက ဆရာမကြီး ကျူးကို အလွန်အကျွံမှီခိုမိရင် အခြားသူတွေကအတင်းပြောကြလိမ့်မည်။

 

 

ယဲ့ဆွေက အခြားအကြံတစ်ခုရလာပြီး သူမ၏ မျက်လုံးများက အရောင်တောက်လာသည်။  ချန်ယွိက သူမ၏အမူအရာကို မြင်သောအခါ သူ၏မျက်လုံးများသည်လည်း တောက်ပလာသည်။

 

 

သူက  'ကျွန်မတို့က သူငယ်ချင်းတွေပဲ၊ ကျွန်မ ရှင့်ကိုဖုံးကွယ်ပေးမယ်' လို့ ယဲ့ဆွေပြောလာမှာကို စောင့်နေခဲ့သည်။

 

 

 ဒါပေမယ့် နောက်စက္ကန့်မှာ ယဲ့ဆွေက "ရှင်ဘာလို့ ကျင်းကွမ်းနဲ့မထိုင်ရမှာလဲ" လို့ပြောလိုက်သည်။

 

 

 ချန်ယွိ ကြောင်အသွားသည်။ ဒါမမှန်ဘူး။  ကျင်းကွမ်းက ဘယ်လိုဖြစ်လို့ရောက်လာတာလဲဒီအချိန်မှာယဲ့ဆွေရဲ့အသံက ကျယ်လောင်လာသည်။  "ကျင်းကွမ်းရဲ့ ခန္ဓာကိုယ်က သန်မာပြီးကြွက်သားတွေရှိတယ်။ ယန် စွမ်းအင်ကလည်း အများကြီးရှိတယ်။ သရဲတွေက သူ့ဆီကို မချင်းကပ်ရဲဘူး"

 

 

"ရှင် သူ့ဘေးမှာထိုင်ရင် ရှင့်ရဲ့လုံခြုံရေးကို အာမခံတယ်"

 

 

 ချန်ယွိ အသံတိတ်သွားသည်။  "..... " သူ ရုတ်တရက်စကားမပြောချင်တော့ဘူး။

 

 

 အေးဂျင့်က ချန်ယွိ၏ နောက်တွင်ရပ်နေသည်။  သူ၏စိတ်ပျက်နေတဲ့ နောက်ကျောကိုကြည့်နေရင်း ချန်ယွိရဲ့ ပခုံးကို မပုတ်ခင် သူ့အား သနားကြင်နာသောအကြည့်ကို ပေးခဲ့သည်။

 

 

ယဲ့ဆွေက အေးဂျင့်၏ လုပ်ဆောင်ချက်ကိုမြင်ပြီး ချန်ယွိကို ကြည့်လိုက်သည်။  "ရှင်ပခုံးက အဆင်မပြေဘူးလား? အလုပ်ကိုအရမ်းကြီး မလုပ်ပါနဲ့။ ရှင့်ရဲ့ကျန်းမာရေးက အရေးအကြီးဆုံးဘဲ"

 

 

 ချန်ယွိက ယဲ့ဆွေက သူနဲ့မတူဘဲ ကွဲပြားခြားနားသော ကြိမ်နှုန်းရှိသည်ကို သတိပြုမိသောကြောင့် ရှုပ်ထွေးသောစိတ်ထားဖြင့် "..... အမ်း" လို့သာပြောခဲ့သည်။

 

 

 သူက အဝတ်လဲခန်းမှထွက်လာပြီး ကားပေါ်တက်လိုက်သည်။ လမ်းတစ်လျှောက်တွင် ချန်ယွိ စကားမပြောခဲ့ဘူး။ သူကသေစေလောက်သော ထိုးနှက်ခြင်းကို ခံခဲ့ရပုံရသည်။

 

 

ချန်ယွိက သူလိုက်နေသော မိန်းကလေးက သူ၏အတွေးများကို လုံး၀နားမလည်သောကြောင့် စိတ်ဓာတ်ကျနေကြောင်းကို အေးဂျင့်ကသိသည်။ အေးဂျင့်က ချန်ယွိကိုနောက်ကြည့်မှန်ကနေ ကြည့်လိုက်ပြီး "မနက်ဖြန် မင်းပန်းတွေကို ပို့ပေးမှာလား?" လို့မေးလိုက်သည်။

 

 

ချန်ယွိက ယဲ့ဆွေအား ပန်းတစ်စည်းစီ အမည်ဖော်ပြခြင်းမရှိဘဲ ပေးပို့ရန် မူလက ရည်ရွယ်ခဲ့သော်လည်း ယခုသူမက အအေးမိထားသောကြောင့် ဤအစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားခဲ့သည်။

 

 

ချန်ယွိ စိတ်ဓာတ်ကျသွားသည်။ "အဲ့ဒါကို ရက်အနည်းငယ်ကြာမှ ပြောရအောင်သူ့လူငယ်နှလုံးသားက နာကျင်နေ၍ သူ၏အသက်ရှုသံကို နှေးစေရန် လိုအပ်သည်။

 

 

 'ကမ္ဘာပေါ်မှာ သရဲတွေတကယ်ရှိလား ' ဆိုတဲ့ နောက်ဆုံးထွက် အပိုင်းကို လွှင့်ခဲ့သည်။ အဲ့တာကို မစတင် တစ်နာရီတွင် အသစ်ရောက်လာတဲ့ ဧည့်သည်က ချန်းယင်ဆိုတာကို လူတိုင်းသိလာကြသည်။

 

 

 ရှိုးစသောအခါ တိုက်ရိုက်ထုတ်လွှင့်ခန်း၌ လူဦးရေကမိနစ်ပိုင်းအတွင်း တစ်သန်းကျော်သွားခဲ့သည်။

 

 

သူမက ဒီရသစုံရှိုးမှာ ပါ၀င်မယ်ဆိုတာ သိရတာနဲ့ ချန်းယင်က မိတ်ကပ်ကို ပေါ့ပေါ့ပါးပါးလိမ်းခဲ့သည်။ သူမရှက်ရွံ့နေဖို့မလိုဘူး။  ရှိုးတွေမှာ ကြောက်စရာကောင်းတဲ့ လုပ်ဆောင်ချက်တွေရှိခဲ့ပြီး အချိန်ကျလာတော့ သူမက သူမရဲ့မိတ်ကပ်တွေကို ဖျက်ဆီးပစ်ဖို့မလိုဘူး။

 

 

ချန်းယင် စောစောရောက်လာခဲ့သည်။ ယဲ့ဆွေရောက်လာသောအခါ သူမက သူမရဲ့ဒေါ်လေးကို နှုတ်ဆက်ဖို့အစပြုခဲ့သည်။  "ယဲ့ဆွေ၊ နင့်ရဲ့မိတ်ကပ်ကဒီနေ့ကြည့်ကောင်းတယ်။ "

 

 

 ယဲ့ဆွေက သူမရဲ့မျက်ခုံးကိုပင့်၍ ချန်းယင်၏ အကြံအစည်ကို အကြမ်းဖျင်းသိနေသည်။  သူမက "မဟုတ်ပါဘူး၊ နင့်ရဲ့မိတ်ကပ်က ပိုကြည့်ကောင်းတယ်" ဟုသူမကို ပြုံးပြလိုက်သည်။

 

 

  သူတို့နှစ်ဦး၏ပြောဆိုမှုက အပြင်ဘက် လေအေးထက် ပို၍အဆင်မပြေသော်လည်း သူတို့နှစ်ဦးကြား လေထုက မသက်မသာနဲ့ သဟဇာတဖြစ်နေပုံရသည်။

 

 

  ယဲ့ဆွေနဲ့ ချန်းယင်တို့ကို တူညီသောဘောင်၌ မြင်နိုင်ရန် အိမ်သို့စောစောပြန်လာပြီး သူတို့၏ကွန်ပျူတာများ သို့မဟုတ် ဖုန်းများကိုသုံး၍ ရှိုးကိုကြည့်နေကြသောပရိသတ်များမှာ အံ့အားသင့်သွားသည်။  ဒီအခြေအနေမှာဘာလဲ?

 

 

ဒီပြိုင်ဘက်ဟောင်းနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မျက်နှာချိုသွေးနေကြတာလား?

 

 

"ယဲ့ဆွေက ဘာလင်ရုပ်ရှင်မှာ ဘုရင်မတစ်ယောက်ဖြစ်နေပြီ။ ချန်းယင်က သူမရဲ့ ပြိုင်ဘက်မဖြစ်သင့်ဘူး။ စီးပွားရေးတန်ဖိုးက တစ်ဖက်တည်းပဲ"

 

 

  "ဝိုး! ယဲ့ဆွေရဲ့ပရိသတ်တွေမှာ ဒီလောက်ကြီးမားတဲ့နှလုံးသားရှိတယ်။ တစ်နှစ်ကျော်လောက်နာမည်ကြီးလာပြီးတဲ့နောက်မှာ အခုမင်းပြန်ရောက်နေပါလား

 

 

"အိုင်ဒေါ နှစ်ယောက်က လက်ရှိမှာအရမ်းလိုက်ဖက်ညီနေတယ်။ မင်းတို့ပရိတ်သတ်တွေက သူတို့ကိုခွဲမပစ်သင့်ဘူး"

 

 

 ဧည့်သည်တွေ အားလုံးရောက်လာပြီးတဲ့နောက်မှာ သူတို့က စွန့်ပစ်ထားတဲ့ကျောင်းတစ်ခုရဲ့ တံခါးရှေ့မှာရပ်နေကြသည်။ ကျောင်းဆိုင်းဘုတ်ပေါ်က ဆေးသုတ်ထားတဲ့ဟာကပျောက်နေပါပြီ စာသင်တဲ့အဆောက်အအုံထဲမှာ လမ်းမီးတစ်လုံးပဲရှိသည်။

 

 

 ယနေ့အစီအစဉ်၏ အဓိကအကြောင်းအရာမှာ စွန့်ပစ်ထားတဲ့ကျောင်းတွေဖြစ်သည်။ ကျောင်းပိတ်လိုက်ပြီးတဲ့နောက်မှာ ဒီကောလဟာလက စတင်ခဲ့သည်။ ကျောင်းအလွတ်များ၏ နံရံများတွင်  လက်ဆော့၍ရေးခြစ်ထားသော စာ၊ပုံ များနှင့်ပြည့်နှက်နေသည်။ ထို့ကြောင့်နောက်ပိုင်းတွင် "စွန့်စားခန်း" သို့သွားခဲ့သောသူများက အနီရောင်ဆေးသုတ်ထားသော စကားလုံးများကိုမြင်ခဲ့သည်။

 

 

အဖွဲ့သားများက တစ်ပတ်ကြာစစ်ဆေးပြီးနောက် ထိုနေရာကလုံခြုံကြောင်းကို တွေ့ရှိခဲ့သည်။

 

 

 ဒါရိုက်တာက အဖွဲ့အား စာသင်တဲ့အဆောက်အအုံး တံခါးကို ဦးဆောင်ခေါ်သွားပြီး ဧည့်သည်များကို သူတို့ကိုယ်တိုင် ၀င်ခွင့်ပြုခဲ့သည်။

 

 

လွတ်နေတဲ့လှေကားများပေါ်တွင် သီချင်းက ရုတ်တရက် ပေါ်ထွက်လာသောအခါ သာယာနာပျော်ဖွယ်လေသံက လေထဲတွင်လွင့်ပျံလာခဲ့သည်။  ထိတ်လန့်တဲ့ ခံစားချက်က ပိုပြင်းထန်လာခဲ့သည်။

 

 

 လူတိုင်းက သူတို့၏နှလုံးသားထဲရှိ ကြောက်ရွံ့မှုကိုတွန်းလှန်ပြီး ဆက်တက်ခဲ့ကြသည်။ ထောင့်ကိုဖြတ်သွားပြီးတဲ့နောက်မှာ လှေကားထိပ်တွင် လှပသောပခုံးများနှင့် လှပတဲ့လည်ပင်းရှိသော မိန်းကလေးတစ်ဦးကို သူတို့တွေ့လိုက်ရသည်။

 

 

 သူမက အဖြူရောင်ဘဲလေးဂါဝန်ကို ၀တ်ထားသည်။  ဧည့်သည်များတက်လာနေသည်ကို သူမမြင်လိုက်သောအခါ သူမကဒါရိုက်တာ၏တောင်းဆိုချက်အတိုင်း ချက်ချင်းကခဲ့သည်။

 

 

သူမ၏လှုပ်ရှားမှုများက သော့နဲ့လှည့်ဖွင့်ရတဲ့ အရုပ်ကဲ့သို့ တပ်မက်ဖွယ်ကောင်းပြီး နှေးကွေးသည်။  ခြေလှမ်းတိုင်းက သင့်တင့်လျောက်ပတ်ပြီး လှပနေသော်လည်း အတော်လေး ထူးဆန်းသည်။

 

 

 "အား!" ကျောက်ဟွေ့ အော်ဟစ်သံက ဖန်သားပြင်ကိုဖြတ်ပြီး လုံးဝကွဲထွက်သွားသည်။ ကြောက်စရာကောင်းတဲ့မြင်ကွင်းက သူမကိုအကြီးအကျယ်ထိခိုက်စေခဲ့သည်။

 

 

ယဲ့ဆွေက ကနေတဲ့မိန်းကဘေး၏ နှုတ်ခမ်းများတွန့်ကွေးနေသည်ကိုမြင်လိုက်သည်။  ဧည့်သည်တွေကိုကြောက်ရွံ့သွားစေတဲ့အတွက် သူမဂုဏ်ယူနေပုံရသည်။

 

 

  ဧည့်သည်များအား ဆက်လမ်းလျှောက်ဖို့ ဒါရိုက်တာက တိုက်တွန်းလိုက်သည်။  ပထမဆုံးဘဲလေးမိန်းကလေးကို ကျော်ဖြတ်ကာ သွားလိုက်တော့ ရှည်လျားသောစင်္ကြံတစ်ခုက ပုံတစ်ပုံလုံးကို တဖြည်းဖြည်း ပေါ်လွင်စေခဲ့သည်။

 

 

 စင်္ကြံမှာဘဲလေးအကကတဲ့ မိန်းကလေးလေးယောက်ရှိတယ်!

 

 

ဖျော်ဖြေရေးအဖွဲ့မှ မိန်းကလေးတွေက အနီးအနားရှိအကအကယ်ဒမီမှ ထိပ်တန်းကျောင်းသူများဖြစ်သည်။  သူတို့က ငယ်စဉ်ကတည်းက ဘဲလေးပညာကို သင်ယူခဲ့တာ။

 

 

 လူကြိုက်အများဆုံး အွန်လိုင်း ရသစုံရှိုးတွင် ပါ၀င်ရန် ရွေးချယ်ခံရပြီးနောက် ကျောင်းအုပ်ဆရာမကြီးက သူတို့အားအစီအစဉ်တွင် ကောင်းစွာဖျော်ဖြေရန်နှင့် ကျောင်းအတွက် ဂုဏ်တင်ရန် အထူးပြောခဲ့သည်။

 

 

 စင်္ကြံ မှနေ၍ ဖျော်ဖြေတင်ဆက်သူ မိန်းကလေးလေးဦး က အလယ်၌ဖွင့်ထားသောနေရာတွင် စုရုံးကာ လက်ချင်းချိတ်လျက် "ငန်းလေး လေးကောင် " ကို စတင်ကခုန်ခဲ့ကြသည်။

 

 

သူတို့ကကောင်းကောင်းကကြသည်။  ဘယ်သူ့စကတ်ကို ချိတ်မိမှန်းမသိပေမယ့် ငန်းလေးကောင်က တစ်ယောက်ပြီးတစ်ယောက် လဲကျသွားခဲ့သည်။

 

 

ကျင်းကွမ်းက ဟာသလုပ်လိုက်သည်။ "ဒါရိုက်တာ စွင်း၊ ခင်များရဲ့ဖျော်ဖြေတင်ဆက်မှုအဖွဲ့ရဲ့ အရည်အသွေးကမကောင်းဘူး"

 

 

ဒါရိုက်တာ စွင်း - "..... "

 

 

ဘဲလေးမိန်းကလေးများက မြင်ကွင်းမှထွက်ခွာသွားခဲ့သည်။  ကျင်းကွမ်း၏သတ္တိက နှစ်ဆတိုးလာပြီး သူကစာသင်ခန်းထဲသို့ ပထမဆုံးလျှောက်သွားခဲ့သည်။  သူကတံခါးကိုတွန်းလိုက်သည်နှင့်တပြိုင်နက် တံခါးအထက်မှ ရေပုံးကပြုတ်ကျလာတော့ သူကလျင်မြန်စွာနဲ့ နောက်သို့ပြန်ဆုတ်လိုက်သည်။

 

 

ကံကောင်းထောက်မစွာ သူကကိုယ်ခံပညာရဲ့ အခြေခံဗဟုသုတရှိခဲ့သည်။  မဟုတ်ရင် သူရေစိုသွားလိမ့်မယ်။

 

 

 "ပရိုဂရမ်အဖွဲ့သားတွေမှာ အနည်းဆုံးတော့ ယုံကြည်ချက်တစ်ချို့ရှိတယ်။ ရေက ပူတယ်နော်ယဲ့ဆွေက မပြောင်းလဲသော အမူအရာဖြင့် ကြမ်းပြင်ပေါ်ရှိရေကိုတို့ထိလိုက်သည်။

 

 

 ဒါရိုက်တာ စွင်းက တစ်ခစ်ခစ်နဲ့ ရယ်လာသည်။  နွေဦးအစောပိုင်းမှာ ဧည့်သည်တွေ ဖျားသွားရင်မကောင်းဘူးလေ။  သူတို့ရဲ့ရှိုးကတော့ လူသားဆန်တဲ့စိုးရိမ်မှုအပြည့်နဲ့ပေါ့။  သူတို့က တက်ရောက်သူတွေရဲ့ လုံခြုံရေးကိုအာမခံပေးရုံသာမက သူတို့ရဲ့ကျန်းမာရေးကိုလည်း အာမခံပါတယ်။

 

 

ဒါရိုက်တာပေးတဲ့လမ်းကြောင်းအတိုင်းလိုက်ပါလာသော ဧည့်သည်များက စာသင်ခန်းအဆောက်အအုံး တစ်ခုလုံးကို ပတ်လည်ဝိုင်းထားသည်။

 

 

စာသင်တဲ့အဆောက်အအုံတွင် ကြောက်စရာအကောင်းဆုံးအရာက ဓာတ်ခွဲခန်းဖြစ်သည်။ အထဲမှာရှိတဲ့ စမ်းသပ်ခံအရုပ်များက အသစ်ဝယ်ထားတဲ့အတိုင်းပဲ အလွန်လက်တွေ့ကျသည်။

 

 

ယဲ့ဆွေက ဤအရာသည် ဒါရိုက်တာအဖွဲ့၏ လုပ်ဆောင်မှုဖြစ်သည်ကို တစ်ချက်တည်းနဲ့ ပြောနိုင်သည်။  ထို့ကြောင့်ဒီကျောင်းကို တကယ့် သရဲရှိတဲ့ကျောင်းလို့ မထင်ခဲ့ပေ။

 

 

စာသင်ခန်းမှထွက်လာပြီးနောက် ဒါရိုက်တာကဧည့်သည်များကို အဓိပ္ပါယ်ရှိစွာ  ရပ်တန့်ခိုင်းလိုက်သည်  သူက သူ့လက်ကောက်ဝတ်ရှိ နာရီကိုညွှန်ပြလိုက်သည်။  "ညဉ့်နက်နေပြီ၊ အားလုံးအနားယူနိုင်ပြီ"

 

 

 အနားယူမယ်ဘယ်မှာလဲ?

 

 

ထို့ကြောင့် ည၏ဒုတိယတစ်ဝက်ကို အဆောင်၌ကုန်ဆုံးစေခဲ့သည်။

 

 

ကြောက်စရာရုပ်ရှင်များတွင် စာသင်ခန်းမှလွဲ၍ သဘာဝလွန်ဖြစ်ရပ်များအတွက် အသုံးအများဆုံးနေရာက အဆောင်ဖြစ်သည်။

 

 

သဘာဝလွန်ဇာတ်လမ်းတွေက တစ်ယောက်တည်းရဲ့ စိတ်ကူးစိတ်သန်းတွေကို ထကြွစေနိုင်သည်။

 

 

ယဲ့ဆွေနှင့်အခြားသူများကို အဆောင်ရှေ့သို့ခေါ်ဆောင်သွားခဲ့သည်။ ၎င်း၏တံခါးကို တင်းကျပ်စွာပိတ်ထားပြီး ကြမ်းပြင်ပေါ်တွင် အသစ်စက်စက် ဖြုတ်ထားသောသော့များရှိနေသည်။

 

 

ဧည့်သည်တွေက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး တံခါးဖွင့်ဖို့ ဘယ်သူမှ ရှေ့တိုးမလာခဲ့ကြဘူး။ ယဲ့ဆွေက စေတနာ့ဝန်ထမ်း လုပ်ခါနီးမှာ ချန်းယင်က သူမပါးစပ်ကိုဖွင့်လိုက်သည်။

 

 

  "လူတိုင်းကြောက်နေတယ်ဆိုရင်ရင် ကျွန်မကိုတံခါးဖွင့်ခွင့်ပေးပါ "

 

 

 ချန်းယင်က ပန်းအိုးသရဲကို အရင်ကကြုံဖူးသည်။  သူမက ယခုအချိန်တွင် သေရမှာကို ကြောက်ရွံ့နေသော်လည်း ယဲ့ဆွေကို မီးမောင်းထိုးပြတာကို သူမ မလိုချင်ပေ။

 

 

သူမကြောက်ရင်တောင် သူမအံကိုကြိတ်ပြီး ဒီရေကိုဖြတ်ဖို့အဆင်သင့်ဖြစ်ခဲ့သည်။  ဘာပဲဖြစ်ဖြစ် သူမဘေးမှာ လူအများကြီးရှိနေတာပဲလေ ဘာဖြစ်နိုင်မှာမလို့လဲ?

 

 

 ချန်းယင်က မထင်မှတ်ဘဲ ယဲ့ဆွေရှေ့ကို အတင်းဖျစ်ညှစ်ပြီးသွားကာ ကင်မရာကို ပိတ်ဆို့လိုက်သည်။  အခုတော့ ကင်မရာအားလုံးဟာ သူမကိုသာ အာရုံစိုက်နေကြသည်။

 

 

 သူမအသက်ပြင်းပြင်းရှူလိုက်ပြီး သူမရဲ့လက်ကို တံခါးလက်ကိုင်ဘုပေါ်တင်လိုက်သည်။

 

 

တိတ်ဆိတ်သောည၌ ကလစ်တစ်ချက်နှိပ်လိုက်သည်။  သို့သော်တံခါးမပွင့်လာခဲ့ပေ။ အဲဒီအစား တံခါးလက်ကိုင်ကို ချန်းယင်က ဆွဲလိုက်သည်။

 

 

ချန်းယင်က အလွန်ကြောက်ရွံ့သောကြောင့် သူမလက်ထဲက လက်ကိုင်ကို ပစ်လုနီးနီးဖြစ်နေသည်။  ကံကောင်းထောက်မစွာ၊ သူမက ကင်မရာရှေ့တွင် ရှိနေကြောင်းကို သတိရသွားသောကြောင့် သူမရဲ့အော်ဟစ်ပြီး ကြောက်စရာကောင်းပြီး ရုပ်ဆိုးတဲ့အခြေအနေကို မှန်ဘီလူးကိုဖမ်းမိဖို့ခွင့်မပြုခဲ့ပေ။

 

 

 သူမကဖျစ်ညှစ်ပြီး ပြုံးလိုက်သည်။  "ဒါက ကျွန်မတို့ဧည့်သည်တွေကို ကြောက်ဖို့ရည်ရွယ်ချက်ရှိရှိလုပ်ထားထားတာဖြစ်ရမယ်။ "

 

 

ဒီတခါတော့ ဒီဟာကို အစီအစဉ်အဖွဲ့က မလုပ်ခဲ့ပေ။  သူတို့က ဒါကိုအပြစ်တင်ဖို့လည်း မရွေးချယ်ခဲ့ပေ။

 

 

 ဒါရိုက်တာ စွင်းက "ငါတို့ မနေ့က ရောက်တော့ လက်ကိုင်က ကောင်းနေတုန်းဘဲ"လို့ ရှင်းပြလိုက်သည်။

 

 

 ဒါကဘာကိုဆိုလိုတာလဲ? ဒီလက်ကိုင်ကို ချန်းယင်ကိုယ်တိုင်မတော်တဆ ဆွဲထုတ်ခဲ့သလိုပဲ။ ဒါမှမဟုတ် သရဲတစ်ကောင်ကြောင့် ကျိုးသွားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။  ဒါကပရိုဂရမ်အဖွဲ့ကြောင့် မဟုတ်တာတော့ သေချာသည်။

 

 

ဒါရိုက်တာက ဒါကိုပြောလာချိန်မှာ ချန်းယင် အနည်းငယ် ရှက်သွားသည်။  သူမကလက်ကိုင်ကို ဆုပ်ကိုင်ထားပြီး ရှုံးသွားသလို ခံစားလိုက်ရသည်။  သူမအဲ့တာကို ကိုင်လည်း မကိုင်ထားနိုင်ဘူး။ ပစ်လည်းမပစ်နိုင်ဘူး။

 

 

ချန်းယင်က မိမိကိုယ်ကို ရဲဆေးတင်းလိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။ အဆောင်ထဲရှိ အိပ်ရာသေးသေးလေးပေါ်တွင် မီးအိမ်ငယ်လေးကိုသာ ဖွင့်ထားသည့်အတွက် အိပ်ဆောင်ထဲရှိ အလင်းရောင်က အလွန်မှေးမှိန်နေခဲ့သည်။

 

 

 ပြတင်းပေါက်များက ဖွင့်ထားခဲ့သည်။  လေတိုက်လိုက်သောအခါ ကန့်လန့်ကာများ လွင့်နေတာက တနည်းအားဖြင့်တော့ တိတ်ဆိတ်သောနေရာ၌ ဆူညံသံအချို့ကိုပြုလုပ်စေလိမ့်မည်။  ဘယ်သူမှရှေ့ကိုခြေတစ်လှမ်းမတိုးရဲကြဘူး။  အခု စေတနာ့ဝန်ထမ်းလုပ်နေသော ချန်းယင်မှာတောင် သတ္တိမရှိတော့ပေ။

 

 

 ယဲ့ဆွေက အတွင်းဘက်ဆုံးအပိုင်းရှိ ကုတင်ဆီသို့ ဦးဆောင်သွားပြီး ထိုင်ချလိုက်သည်။

 

 

 သူမက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး တစ်ခန်းလုံးကို ကြည့်လိုက်သည်။  သူမဒီကုတင်ကို ရွေးချယ်ရတဲ့အကြောင်းရင်းက ဆန့်ကျင်ဘက် ကုတင်ပေါ်မှာ အမည်းရောင်အရိပ်တစ်ခုရှိနေတာကြောင့်ဖြစ်သည်။

 

 

ယဲ့ဆွေက ကျန်ဧည့်သည်များကို "ဒီဘက်မှာအိပ်ရအောင်" လို့ သတိပေးလိုက်သည်။

 

 

 ဧည့်သည်များက ယဲ့ဆွေ၏စကားများအပေါ် ယုံကြည်မှု အနည်းငယ်ရှိခဲ့သည်။  ကျင်းကွမ်း၊ စုန့်ပိုင်နှင့် ကျောက်ဟွေ့တို့က ချက်ချင်း.သူမဆီ လျှောက်လာကြသည်။  စုန့်ပိုင်နဲ့ ကျောက်ဟွေ့ တို့က အခြားအိပ်ရာသို့မသွားရဲဘဲ၊ သူတို့က ယဲ့ဆွေနဲ့အတူ ဖျစ်ညှစ်ပြီးနေကြသည်။

 

 

ကျင်းကွမ်းက လူကောင်းကြီးသည့်သူတစ်ယောက်ဖြစ်သည့်အတွက် သဘာဝအားဖြင့် သူကသူတို့နှင့်အတူမနေနိုင်ပေ။  အဆုံး၌ သူကယဲ့ဆွေ၏ အပေါ်ထပ်ကအိပ်ရာကိုယူရန် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။

 

 

 အိပ်ဆောင်၌ကုတင်ရှစ်လုံးရှိပြီး သူတို့ထဲက ကုတင်နှစ်လုံးက အသုံးပြုပြီးသားဖြစ်သည်။

 

 

ချန်းယင်က အစကတည်းက ယဲ့ဆွေနဲ့ အတူမထိုင်ချင်ပေ။  မည်သို့ပင်ဆိုစေကာမူ သူမ၏ဒေါသကိုမျိုသိပ်လိုက်ပြီး သူတို့၏ယခင်ကိစ္စများကြောင့် ယဲ့ဆွေကို နည်းလမ်းပေါင်းစုံဖြင့် ကျေနပ်စေခဲ့သည်။

 

 

 သို့သော် ချန်းယင်က အမှန်ပင်ဝန်လေးနေခဲ့သည်။  သူမက အခုရှိုးတွင်ရှိနေပြီး ယဲ့ဆွေကို ထပ်ပြီးမီးမောင်းထိုးပြစရာမလိုတော့ပေ။

 

 

" ယဲ့ဆွေရဲ့ကုတင်ပေါ်မှာထိုင်စရာနေရာမရှိဘူး။ ဒါကြောင့် မျက်နှာချင်းဆိုင်ဘက်ကို ကျွန်မယူလိုက်မယ်"

 

 

 ယဲ့ဆွေက အနက်ရောင် အရိပ်အချို့ရှိတဲ့ အိပ်ရာဘက်သို့သွားနေသော ချန်းယင်ကို အကူအညီမဲ့စွာ စောင့်ကြည့်နေသည်။ သူမက တံခါးနားမှာရပ်နေသော ချန်ရှု့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ အဓိပ္ပါယ်ကို နားလည်လိုက်သည်။  ချန်းယင် ရွေးသောကုတင်ပေါ်တွင် သရဲရှိနေသည်။

 

 

ယဲ့ဆွေက ချန်းယင်အား "ကုတင်တစ်ခုကျန်ပါသေးတယ်။ နင်ဒီမှာအိပ်ချင်လား? "  လို့ သူမက ဘေးကလွတ်နေတဲ့ ကုတင်ကိုညွှန်ပြပြီး သတိပေးလိုက်သည်။

 

 

ချန်းယင်က ယဲ့ဆွေရဲ့ကြင်နာမှုကို ဘယ်လိုလက်ခံနိုင်မှာလဲ? သူမက ကင်မရာများအားလုံးကို သူမကိုရိုက်ဖို့ ခွင့်မပြုနိုင်ဘူး။ သူမ ဒီမှာ တစ်ယောက်တည်းရှိနေကတည်းက ကင်မရာက သူမကိုပိုအာရုံစိုက်လိမ့်မည်။

 

 

 ချန်းယင်က အပေါ်ယံတွင် ဟန်ဆောင်ကောင်းသည်။  "မအိပ်ချင်ဘူး။ ကျွန်မ ရှင်နဲ့မျက်နှာချင်းဆိုင် စကားပြောနိုင်ဖို့ ရှင့်ရဲ့မျက်နှာချင်းဆိုင်ဘက်မှာထိုင်မလို့ "

 

 

 ချန်းယင်က ဒီလိုမျိုးပဲ ဆိုတာကို မြင်လိုက်ရတော့ ယဲ့ဆွေက မငြင်းဆန်တော့ပေ။ ဘာပဲဖြစ်ဖြစ် သူမအကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ။ နောက်ဆုံးတော့ သူမက သူမကို တစ်ချက်ပြုံးပြလိုက်သည်။  "ကောင်းပြီလေ။ ဒါဆို နင်အဲ့မှာထိုင်လို့ရပြီ"

 

 

ယဲ့ဆွေ၏ ကြင်နာသောအမူအရာက အင်တာနက်သုံးစွဲသူများအား ထင်ကြေးပေးစေခဲ့သည်။

 

 

"ယဲ့ဆွေရဲ့စကားတွေက အဓိပ္ပါယ် ပိုနက်ရှိုင်းတယ်လို့ ငါဘာလို့ထင်မိတာလဲ? ချန်းယင်ဘက်မှာ တစ်ခုခုရှိတာလား? သူမ(ယဲ့ဆွေ)က သူမ(ချန်းယင်)ကိုခေါ်ခဲ့တယ်နော် "

 

 

 "အပေါ်ထပ်က အရမ်းတွေးနေတာလား? ပရိသတ်တွေက ယဲ့ဆွေကို သရဲ၊ တစ္ဆေတွေ မြင်နိုင်တယ်လို့ ပြောကြတယ်။ ဒါဆို သူမက သူတို့ကိုတကယ်မြင်ရတာလား? အဓိပ္ပါယ်မရှိလိုက်တာ။ ချန်းယင်က သူမအလိုရှိတဲ့နေရာမှာထိုင်နိုင်တယ်။ ယဲ့ဆွေက အဲ့ဒါကိုအရမ်းဂရုစိုက်တာဘာကြောင့်လဲ? သူမရဲ့ ကြီးမားတဲ့ ပစ်ခတ်မှုကို တကယ်တွေးနေတာလား? "

 

 

 သဘာဝအတိုင်းပါပဲ ချန်းယင်ရဲ့ပရိသတ်တွေက ယဲ့ဆွေကို မကြိုက်ဘူး။  ထိန်းသိမ်းထားတဲ့ ညီညွတ်မှုဟာ ချက်ချင်းပျက်သွားခဲ့သည်။

 

 

 "မင်းက ဘာလို့ ဒီလောက်ရန်လိုနေတာလဲ? ဒါက ခန့်မှန်းချက်ဘဲ။ ချန်းယင် အကြောင်း မကောင်းတာကို ငါမပြောခဲ့ဘူး။ မင်းက အဲ့တာကို ယဲ့ဆွေနဲ့ဘာလို့ချိတ်ဆက်နေရတာလဲ?!"

 

 

 "မှန်တယ်၊ ဆွေဆွေပြောတာက အဓိပ္ပါယ်မရှိဘူးတဲ့လားဆွေဆွေက နောက်ပိုင်းမှာ သူ့(ချန်းယင်)မျက်နှာကို ဘယ်လိုရိုက်မလဲဆိုတာကို ကြည့်ကြတာပေါ့ "

 

 

 ယဲ့ဆွေနဲ့ချန်းယင်တို့အတွက် အချင်းချင်း ရန်ဖြစ်ကြစဉ် သွမ့်မုစခရင်က ချက်ချင်းဖုံးလွှမ်းသွားသည်။

 

 

ချန်းယင်က ယဲ့ဆွေ၏ သတိပေးချက်ကို ဂရုမစိုက်ချေ။  သူမကနံရံကိုမှီပြီး ဒူးကိုကွေးညွှတ်လိုက်သည်။ ယဲ့ဆွေက ချန်းယင်ဘေးမှ အနက်ရောင်ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်ပြီးနေပြီ။

 

 

ချန်းယင်၏ လုပ်ရပ်ကြောင့် အရိပ်က သူမရှေ့ကိုင်းညွတ်လာပြီး "ယင်ယင် ဒီကိုလာတာက ဘာကြောင့်လဲဆိုတော့ ငါနဲ့ အတူတူထိုင်ချင်လို့လား? "လို့ပြောလိုက်သည်။

 

 

ဟုတ်ပါတယ်၊ ဒီသရဲဟာ ချန်းယင်ရဲ့ပရိတ်သတ်တွေထဲက တစ်ယောက်ဖြစ်တဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။

 

 

 နောက်စက္ကန့်မှာတော့ အိုင်ဒေါ အစစ်ကိုမမြင်ဖူးတဲ့ ပရိသတ်သရဲက စိတ်လှုပ်ရှားသွားသည်။  သူမရဲ့ပထမဆုံးလုပ်ရပ်က ချန်းယင်ဆီသွားပြီး သူမကအစစ်အမှန်ဟုတ်၊ မဟုတ်ဆိုတာကို သေချာအောင်လုပ်တာဖြစ်သည်။

 

 

ပရိသတ်သရဲက ချန်းယင် ဆံပင်အရှည်ကြီးကြီး  ဆွဲဆန့်လိုက်ပြီးတော့ ချန်းယင်၏ ဆံပင်ရှည်များ လွင့်တက်လာသည်ကို ယဲ့ဆွေ  သတိပြုမိလိုက်သည်။

 

 

စုန့်ပိုင်က ချန်းယင်အား ထူးဆန်းစွာကြည့်လိုက်သည်။  "ရှင့်ဆံပင်က ဘာဖြစ်နေတာလဲ?"

 

 

 ချန်းယင် ကြက်သေသေသွားသည်။ သူမ၏ စိတ်ထဲတွင် မှားယွင်းမှုများ ရှိနေသော်လည်း သူမက သူမ၏ဆံပင်ကိုချက်ချင်း သပ်ချခဲ့သည်။  သူမက အစ်မတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့အသံနဲ့ စုန့်ပိုင်ကို ရှင်းပြခဲ့သည်။ "ဘာမှမဟုတ်ပါဘူး။ မကြောက်ပါနဲ့။ "

 

 

  ယဲ့ဆွေက ပရိတ်သတ်သရဲရဲ့ နောက်ထပ်လှုပ်ရှားမှုကိုစောင့်ကြည့်နေသည်။  သရဲက ခေါင်းအုံးအောက်မှ တစ်စုံတစ်ခုကို ယူနေသည်။  အဲ့တာက ပုံသေးသေးလေးတစ်ခုလို့ ထင်ရသည်။

 

 

သူမက ချန်းယင်ကို စာနာစွာနဲ့ တစ်ချက်ကြည့်လိုက်သည်။ "ချန်းယင်၊ နင် ဒီကိုလာထိုင်တာက ပိုကောင်းမယ်နော် "

 

 

 ချန်းယင်က ငြင်းဆန်ရန်သာ ရည်ရွယ်သော်လည်း ရုတ်တရက် သူမလက်ထဲက တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။  သူမ အောက်ကိုငုံ့ကြည့်လိုက်တော့ ပုံတစ်ပုံကိုမြင်လိုက်ရသည်။

 

 

ပုံထဲမှာက သူမဖြစ်နေခဲ့သည်။

 

 

 ချန်းယင်က သူမ၏ပုံကိုဂရုမစိုက်ဘဲ အော်ဟစ်ကာပစ်လိုက်သည်။ သူမက ဓာတ်ပုံကို ဘေးပစ်လိုက်ပြီး သရဲ၊ တစ္ဆေများကို မောင်းထုတ်နိုင်တယ်လို့ပြောကြတဲ့ သူမ၏အဒေါ်ရှိရာဘက်သို့ ပြေးသွားခဲ့သည်။

 

 

  "ယဲ့ဆွေ၊ ကယ်ပါဦး!"