အပိုင်း ၁၁၇
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၁၇ - လိုအင်ဆန္ဒ

 

 

 

  ယဲ့ဆွေ တစ်ယောက်တည်းကလွဲပြီး အခြားဧည့်သည်များနှင့် ၀န်ထမ်းများပင် ချန်းယင်၏ တုံ့ပြန်မှုကြောင့်အံ့အားသင့်သွားသည်။

 

 

 ယဲ့ဆွေ ပွဲဦးထွက်ကတည်းက သူမက ချန်းယင်နဲ့ တွယ်ကပ်နေခဲ့သည်။ မည်သည့်ပွဲစဉ်ကိုတက်ရောက်သည်ဖြစ်စေ၊ ထောက်ခံသည်ဖြစ်စေ ၎င်းတို့ကို နှိုင်းယှဉ်လိမ့်မည်။ သူတို့နှစ်ဦးလုံးကောင်းကောင်းမနေခဲ့ရတာက လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ဘူး။

 

 

  သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဒီနေ့ကောင်းတယ်လို့ထင်ရပေမယ့် ချန်းယင်က ဒီလိုလုပ်ဖို့မလုံလောက်ဘူး။

 

 

  ချန်းယင်က ကုတင်ပေါ်မှ ခုန်ဆင်းပြီး ယဲ့ဆွေ အနားကိုအမြန်ပြေးသွားလိုက်သည်။ သူမက ကျောက်ဟွေ့ ကိုတစ်ဖက်တွန်းလိုက်ပြီး ယဲ့ဆွေ လက်မောင်းကို ဆွဲယူလိုက်သည်။

 

 

  "သရဲ ရှိတယ် " ချန်းယင်က ဆန့်ကျင်ဘက် ကုတင်ပေါ်ကို တုန်တုန်ယင်ယင်ညွှန်ပြရင်း သူမ မျက်နှာကထိတ်လန့်ဖျော့တော့သွားသည်။

 

 

 ထောင့်၌ညှပ်နေတဲ့ ကျောက်ဟွေ့က ဒေါသတကြီးရယ်မောလိုက်သည်။ ချန်းယင်က ယဲ့ဆွေကို အရမ်းချစ်တယ်ဆိုတာကို သူမဘာလို့မမြင်တာလဲ? ယဲ့ဆွေလည်းအံ့သြသွားပြီး ခဏလောက် တုန့်ပြန်နိုင်ခြင်းမရှိခဲ့ပေ။

 

 

 ချန်းယင်ရဲ့လုပ်ရပ်တွေကိုမြင်တဲ့အခါ အင်တာနက်သုံးစွဲသူတွေ အားလုံးက ရယ်ကြသည်။

 

 

 "ချန်းယင် ဘာဖြစ်နေတာလဲသူမက သူ့အမေကိုရှာနေတဲ့ကြက်ကလေးလိုဘဲ၊ သူမ တကယ်ကြောက်စရာတစ်ခုခုကို တွေ့လိုက်ပုံရတယ် "

 

 

  "အခု ချန်းယင်တောင်မှ နတ်ဘုရားယဲ့ရဲ့ဘွဲ့ကိုအတည်ပြုဖို့အစပျိုးနေပြီလား? ဒါက ချန်းယင်လားသူမနဲ့ ယဲ့ဆွေက အမြဲအငြင်းပွားနေတာ မဟုတ်ဘူးလား?"

 

 

 "ဟဟာားး၊ ရုတ်တရက် ငါ ယဲ့ဆွေနဲ့ ချန်းယင်တို့ကြားမှာ ခင်မင်မှုတစ်ခုရှိနေတယ်လို့ ခံစားရတယ်။ ငါဘာလုပ်ရမလဲ? တစ်ယောက်ယောက် ကျေးဇူးပြုပြီး ငါ့ကိုလာနှိုးပေးပါ "

 

 

 "အပေါ်ထပ်ကသူရေ မင်းတစ်ယောက်တည်းမဟုတ်ဘူး။ ယဲ့ဆွေနဲ့ ချန်းယင်တို့ကြားက ပြန်လည်သင့်မြတ်ရေးက ဒီမှာ ငါတို့က သမိုင်းမှာသက်သေခံနေတယ်လို့ ငါသံသယရှိတယ် "

 

 

 လှေတစ်စင်းတည်းမှာ ရှိနေသောလူနှစ်ဦးကြား ပြန်လည်သင့်မြတ်ရေးထက် ပိုစိတ်လှုပ်ရှားစရာက ဘာလဲ?   ယခုအချိန်တွင် ရုပ်သံလွှင့်ကြည့်ရှုသူဦးရေသည်စံချိန်ကို ချိုးဖျက်သွားခဲ့သည်။

 

 

  ယဲ့ဆွေ မတုံ့ပြန်တာကို သတိပြုမိပြီး ချန်းယင်က သူမကို အကြိမ်ကြိမ် အလျင်အမြန် ဆွဲထုတ်လိုက်သည်။  "ယဲ့ဆွေ သွားကြည့်ကြည့် အဲဒီမှာသရဲရှိတယ်ယခုအခိုက်အတန့်တွင် ချန်းယင်က ယဲ့ဆွေကို သူမအဒေါ်အဖြစ်အသိအမှတ်ပြုခဲ့ပြီး အငယ်ဖြစ်တဲ့ သူမ တူမကိုကူညီရသည်မှာ သဘာဝကျသည်။

 

 

  ယဲ့ဆွေက ချန်းယင်ကို ရယ်လိုက်မိသည်။  သူမ ချန်ရှု့ကို တစ်ချက်ကြည့်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး စိတ်ရှုပ်နေတဲ့အရာကိုကြည့်ဖို့မတ်တပ်ရပ်လိုက်သည်။

 

 

 ယဲ့ဆွေ ရှေ့ဆက်ဖို့ သူမတကယ်မလှုပ်ရှားနိုင်မှန်း သူမသဘောပေါက်လိုက်သည်။  သူမလက်ကို ချန်းယင်က ဆုပ်ကိုင်ထားသည်။

 

 

  ယဲ့ဆွေက ချန်းယင်ကို အကူအညီမဲ့စွာကြည့်လိုက်သည်။  "နင် ငါ့ကို ဆွဲထားရင် ငါဘယ်လိုသွားရမှာလဲ? "

 

 

 ချန်းယင်က သူမလက်ကို မလျှော့ဘဲ လွှတ်လိုက်သည်။  ယဲ့ဆွေ လျှောက်သွားနေစဉ် ချန်ရှု့က သူမဘက်ကိုခြေလှမ်းအနည်းငယ် လှမ်းလာသည်။

 

 

  ဒီတစ်ခါတော့ ချန်ရှု့က ကင်မရာသမားတစ်ယောက်အသွင်နဲ့ ယဲ့ဆွေကို အနီးကပ်ရိုက်ဖို့လာခဲ့သည်။

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ ကြောက်ရွံ့မှုကို ခန့်မှန်းနိုင်သည်။  သူနှင့်အတူရှိနေလျှင် သူမက ပို၍ ရဲရင့်လိမ့်မည်။ ဒါ့အပြင် ပရိတ်သတ်သရဲက မဆိုးဘူးဆိုတာ သူသိသည်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာဖိအားမရှိဘူး။

 

 

  သို့သော် ပရိတ်သတ်သရဲက ချန်ရှု့ အနားရောက်လာတာကိုမြင်သောအခါ သူမကချက်ချင်း နံရံကိုခိုင်မြဲစွာဆုပ်ကိုင်ထားပြီး မလှုပ်ရဲတော့ပေ။ ပြတင်းပေါက်မှ ထွက်သွားလုမတတ်ကြောက်ရွံ့နေသည်။

 

 

  ချန်းယင်၏အိပ်ယာပေါ်မှ ဓာတ်ပုံများကြောင့်အားလုံးက အာရုံစိုက်ခံရသည်မို့ ချန်ရှု့ကို လျစ်လျူရှုလိုက်သည်။

 

 

  ယဲ့ဆွေက ကုတင်ပေါ်က ပြုတ်ကျသွားတဲ့ ဓာတ်ပုံကိုကောက်ယူလိုက်သည်။ ချန်းယင် ကြောက်ရွံ့နေသည်မှာမထူးဆန်းပေ။  ၎င်းသည် ပရိတ်သတ်တစ်ဦး ၏ရှုထောင့်မှ လွန်ခဲ့သော နှစ်အနည်းငယ်က ချန်းယင်၏ ဓာတ်ပုံဖြစ်ခဲ့သည်။

 

 

  ယဲ့ဆွေ သူမ၏ဓာတ်ပုံကို ကိုင်ကြည့်သောအခါ ပရိတ်သက်သရဲက ၎င်းကိုပြန်ယူချင်သော်လည်း သူမမှာသတ္တိမရှိဘူး။  အဆုံး၌သူမက ယဲ့ဆွေ ထွက်သွားတာကိုသာကြည့်နေခဲ့သည်။

 

 

 ယဲ့ဆွေက ဓာတ်ပုံနှင့်အတူ ချန်းယင်ဆီလျှောက်သွားသောအခါ ချန်းယင်က ခြေလှမ်းအနည်းငယ်ကို အမြန်ပြန်ဆုတ်လိုက်ပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်။

 

 

  "နင် ဘာလို့ ဒီဓာတ်ပုံကိုယူလာတာလဲ?" ချန်းယင်က သူမရင်ဘတ်ကို ဆုပ်ကိုင်ထားပြီး သူမနှလုံးက ခုန်ထွက်လုနီးပါးဖြစ်နေသည်။

 

 

 ယဲ့ဆွေက ချန်းယင်ကို လျစ်လျူရှုလိုက်သည်။  သူမက စုန့်ပိုင်နဲ့ အခြားသူများကို ရှင်းရှင်းလင်းလင်းမြင်နိုင်စေဖို့ ဓာတ်ပုံကိုလွှဲပြောင်းပေးခဲ့သည်။

 

 

 ကျင်းကွမ်းက အပေါ်ထပ်ရှိအစွန်းမှ စူးစူးစိုက်စိုက်ကြည့်နေသည်။  "ဒါက ချန်းယင် မဟုတ်ဘူးလား? ဘာလို့ ဒီမှာပေါ်လာတာလဲ? "

 

 

  စုန့်ပိုင်ရဲ့ သတ္တိက ချန်းယင်ထက်တောင်ကြီးမားသည်။  သူမကဓာတ်ပုံကို ကြည်လင်ပြတ်သားစွာကြည့်လာသည်။  "ဒါက တကယ့်ကို အစ်မချန်းယင်ပဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထင်တယ်  "

 

 

ကျောက်ဟွေ့လည်း အပေါ်ကိုကြည့်လိုက်သည်။  ဧည့်သည်များက ကြောက်ရွံ့ခြင်းမရှိဘဲ ဓာတ်ပုံကိုတန်ဖိုးထားရန် ဤကဲ့သို့ပင်စုဝေးခဲ့ကြသည်။

 

 

 ချန်းယင်က ဒီလူတွေကို အံ့သြတကြီးကြည့်လိုက်သည်။  သူမက သူတို့ဦးနှောက်ဆားကစ်များကို အမီမလိုက်နိုင်ခဲ့သဖြင့် သူမမှလွဲ၍ မည်သူမျှပုံမှန်မဟုတ်ဟုခံစားမိသည်။

 

 

  ယဲ့ဆွေနဲ့ မိတ်ဆွေဖွဲ့နိုင်သူများက သာမန်မဟုတ်ဟုထင်ရသည်။  ကံကောင်းထောက်မစွာနဲ့ သူမအမှားကို ၀န်ခံခဲ့သည်။  မဟုတ်ရင် ယဲ့ဆွေ ဘာလုပ်မလဲ သူမ မသိခဲ့ဘူး။

 

 

  ဒါရိုက်တာစွင်းလည်း ဒုက္ခရောက်နေသည်။ ချန်းယင် ဓာတ်ပုံက ရုတ်တရက် ဘာကြောင့်ပေါ်လာလဲဆိုတာကို သူမသိဘူး။ ဆရာမကြီးကျူးက ဤအပိုင်းတွင်မပါ၀င်ပါ။  နောက်ဆုံး သူက ဒဏ္ဌာရီထဲက နတ်ဘုရားမယဲ့ကို  မသိမသာတိုင်ပင်ခဲ့သည်။

 

 

  "ယဲ့ဆွေ ဒီပုံကို မင်းဘယ်လိုထင်လဲ? "

 

 

 ယဲ့ဆွေက ကုတင်ပေါ်က ပရိတ်သတ်သရဲကို ကြည့်လိုက်သည်။  "ဒီကုတင်ပိုင်ရှင်က ချန်းယင်ရဲ့အမာခံပရိတ်သတ်ဖြစ်ရမယ်။ ဒီဓာတ်ပုံက ချန်းယင်ပွဲဦးထွက်မတိုင်ခင်မှာရိုက်ထားတာမို့ သူမက သူမကိုအကြာကြီးကြိုက်ခဲ့တာဖြစ်မယ် "

 

 

  ယဲ့ဆွေက သူမ အိုင်ဒေါရှေ့တွင် ဤစကားကိုပြောသောအခါ ပရိတ်သတ်သရဲက မျက်ရည်ကျလုမတတ်ဖြစ်သွားခဲ့သည်။  သူမစောစောမသေဘူးဆိုရင် ချန်းယင်ရဲ့ပရိတ်သတ်ဖြစ်ခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီ။

 

 

  ဒါကိုကြားတော့ ချန်းယင်ကအရာအားလုံးမှားနေတယ်လို့ခံစားရသည်။  သူမဟာ ဖန် တစ်ယောက်လိုချင်ရင်တောင် သူမသရဲဖန်ကိုတော့ မလိုချင်ပေ။

 

 

 ယဲ့ဆွေက ချန်းယင်၏အတွေးများကို တစ်ချက်ကြည့်ရုံနဲ့သိလိုက်ပြီး သူမဓာတ်ပုံကိုပေးလိုက်သည်။

 

 

  "နင်က သူမကို ဘာလို့ လက်မှတ်မထိုးပေးတာလဲ? "

 

 

 ကင်မရာရှေ့တွင် ချန်းယင်က သူမပရိတ်သတ်များကိုမနှိမ်နင်းနိုင်သဖြင့် သူမက ယဲ့ဆွေဘက်ကို ကြည့်ကာ တီကောင်လို တွန့်လိန်ပြီးပြောခဲ့သည်။   "ဒါဆိုကျေးဇူးပြုပြီး ငါ့ကိုကိုင်ထားပေးပါ"

 

 

 ချန်းယင်က လက်မှတ်ထိုးနေချန်မှာ ယဲ့ဆွေက  ဘာမှတ်ချက်မှမပေးခဲ့ဘူး။

 

 

 သူမဓာတ်ပုံကို ခေါင်းအုံးအောက် ပြန်ထည့်လိုက်ချိန်မှာ ယဲ့ဆွေကို ကြည့်နေတဲ့ ပရိတ်သတ်သရဲရဲ့ မျက်လုံးများက ကြယ်များလို လင်းလက်သွားသည်။

 

 

  "ဒီမိန်းမပျိုက ဘယ်သူလဲအရမ်းလှတယ်၊ ကြီးစိုးတယ်!" သရဲက သူမသည် အခြား အိုင်ဒေါတစ်ဦး ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။

 

 

 ပရိတ်သက်သရဲက လူ့အသိုင်းအဝိုင်းမှထွက်သွားသည်မှာကြာပြီ။ ဒါကြောင့် သူမက ယဲ့ဆွေ နာမည်ကို မသိသော်လည်း သူမ(ယဲ့ဆွေ) ၏အသွင်အပြင်ကို သူမမှတ်မိသည်။

 

 

 ယဲ့ဆွေက သူမမှာ အခြားဖန်သရဲ ရရှိခဲ့သည်ကိုမသိခဲ့ပါ။

 

 

  ချန်းယင်က ဒီအဆောင်မှာ မနေချင်တော့ဘူး။  သူမက "ဒါရိုက်တာစွင်း ဒီမှာဘယ်သူမှ အိပ်နိုင်မှာမဟုတ်ဘူး ကျောင်းကို ပြန်ကြရအောင်" လို့ အကြံပေးခဲ့သည်။

 

 

 ဒီ ရသစုံရှိုးက လူတိုင်းအတွက် လွတ်လပ်သည်။  အခြားဧည့်သည်များက အဆင်ပြေတာကြောင့်အဖွဲ့ကအဆောင်ခန်းမှ ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။

 

 

  မူလက စုန့်ပိုင်နဲ့ ကျောက်ဟွေ့တို့က ယဲ့ဆွေရဲ့ တစ်ဖက်တစ်ချက်မှာ ရပ်နေကြပြီး ကျင်းကွမ်းက သူတို့နောက်တွင်ရပ်လိမ့်မည်။ ဒါပေမယ့် ချန်းယင်က ရုတ်တရက် ရှေ့တိုးလာပြီး ယဲ့ဆွေ အနားကပ်လာသည်။

 

 

  ကျောက်ဟွေ့နဲ့ ကျင်းကွမ်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။  သူတို့က ချန်းယင်နဲ့ အရင်တုန်းက အဆက်အသွယ်မရှိခဲ့ဘူး။ ဒါကြောင့် သူမအများကြီးအသုံးချနိုင်တာကို သူတို့မသိခဲ့ဘူး။

 

 

  ချန်းယင်က ယဲ့ဆွေကို အခြားသူများနှင့် ခွဲကာ သူမ၏အသံကိုနှိမ့်ပြီး ပြောခဲ့သည်။ "ယဲ့ဆွေ နင် ငါ့ကိုကာကွယ်ရမယ်"

 

 

 ချန်းယင်က သူမအသံကိုနှိမ့်ထားသော်လည်း သူမအသံကို မှတ်တမ်းတင်ထားဆဲဖြစ်သည်။  ကံကောင်းထောက်မစွာနဲ့  သူမနောက်ဆုံးစကားသုံးခွန်းမှာ နှုတ်ပိတ်သွားခဲ့သည်။

 

 

 အခြားသူများက မမြင်ခဲ့လျှင်ပင် ယဲ့ဆွေက ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။  ချန်းယင်က သူမကိုဒေါ်လေးငယ်လို့ ခေါ်ခဲ့သည်။ သူမက သရဲ တစ္ဆေတွေကို ရှောင်ဖို့အတွက် တကယ်ကို ကွေးညွှတ်နိုင်ခဲ့သည်။

 

 

  ချန်းယင် စကားပြောအပြီး သူမခေါင်းမော့လိုက်ချိန်မှာ မဝေးတဲ့နေရာမှ ချန်ရှု့ကို တွေ့လိုက်ရသည်။

 

 

 ချန်းယင် လန့်သွားသည်။ ချန်ရှို့ ဦးလေးက ဒီနေရာမှာဘယ်လိုလုပ်ရှိနေတာလဲသူမ ဦးနှောက်က ယခုချိန်မှာ အချိန်ပို အလုပ်လုပ်နေဆဲဖြစ်ပြီး မကြာခင်မှာဘဲ သူမအကြောင်းပြချက်ကို ရှာတွေ့ခဲ့သည်။

 

 

 သူမက ယဲ့ဆွေကို အံ့သြသော အကြည့်ဖြင့် ကြည့်လိုက်သည်။  ယဲ့ဆွေက ချန်းယင်ရဲ့ အကြည့်ကို သတိပြုမိပြီးသူမ၏မယုံကြည်မှုကို လျစ်လျူရှုကာ အပြုံးကြီးကြီးဖြင့် သူမကိုကြည့်လိုက်သည်။

 

 

 ယဲ့ဆွေက အများကြီးမခံစားရပေမဲ့ ချန်းယင်ရဲ့စိတ်တွေက ၀မ်းနည်းသွားခဲ့သည်။ ယဲ့ဆွေရဲ့ ရဲရင့်မှုကတော့ ချန်ရှု့ကိုသူမနားမှာထားဖို့ ဘယ်လိုတောင်သတ္တိရှိနေတာလဲ?

 

 

  ထိုအရာက ဟွာရွေ့၏ ဥက္ကဌ ဖြစ်သည်။ လွယ်ကူစွာတွေ့ဆုံနိုင်သောသူ မဟုတ်ပါ။  သူက သူ့အသက်သုံးဆယ်ပြည့်မွေးနေ့ကို ကျော်ဖြတ်နိုင်ခဲ့သည်။  သူမက အနည်းအကျဥ်း ထိခိုက်ဒဏ်ရာရမှာ မစိုးရိမ်ဘူးလား?  

 

 

  ချန်ရှု့၏ထိတွေ့မှုသည် ယဲ့ဆွေကို လူထုဖိအားပေးမှုကိုဖြစ်စေရုံသာမက သူမနဲ့ ချန်ရှို့ကိုပါ ထိခိုက်စေလိမ့်မည်။  သူမ ဘာလုပ်နိုင်သေးလဲသူမ သူတို့ကိုဖုံးကွယ်ရန်သာ ကူညီနိုင်ခဲ့သည်။

 

 

  ယဲ့ဆွေက ကျောင်ဟွေ့နဲ့ စုန့်ပိုင်တို့ကိုခေါ်လိုက်သည်။  "သွားကြရအောင်"

 

 

သူတို့ စာသင်ခန်းကို ရောက်နေပြီ။ ယဲ့ဆွေက ရှိုးကို   အစီအစဥ် အချို့ထည့်ရန် အခွင့်အလမ်းယူဖို့ စဉ်းစားမိလိုက်သဖြင့် ဓာတ်ခွဲခန်းကိုသွားဖို့ သူမကအကြံပေးခဲ့သည်။

 

 

 အခြားမည်သူကမှ မှတ်ချက်မပေးခဲ့ပါ၊ ချန်းယင်လည်းမကန့်ကွက်ခဲ့ပေ။

 

 

 ယဲ့ဆွေက ချန်းယင်ကို ကြည့်လိုက်သည်။  "နင် ဓာတ်ခွဲခန်းထဲ သွားမလား? "

 

 

 ချန်းယင်က ချန်ရှု့ကို ရှာတွေ့သွားမှာကို စိုးရိမ်နေခဲ့ကာ  သူမက ယဲ့ဆွေပြောတာကို မကြားလိုက်ဘဲ ချက်ချင်းသဘောတူလိုက်သည်။

 

 

 ယဲ့ဆွေက ချန်ရှု့အားကြည့်ပြီးနောက် ချန်းယင်က ရဲရင့်စွာ သတ္တိရှိလာတာလားဟု တွေးကာမျက်ခုံးကို ပင့်လိုက်သည်။

 

 

 ဓာတ်ခွဲခန်းက ကျောင်း၏အခြားတစ်ဖက်တွင်ရှိသည်။  ဧည့်သည်များသည် လှေကားရှည်များနှင့်စင်္ကြံများကို ဖြတ်၍ လမ်းလျှောက်လာကြပြီး ရိုက်ကူးရေးအဖွဲ့သားများက သူတို့ဘေးတွင်ရှိသည်။

 

 

 ထိတ်လန့်ဖွယ်ရာ လေထုကို ဖန်တီးနိုင်ရန် သင်ကြားရေးအဆောက်အအုံတစ်ခုလုံး၏ အလင်းရောင်သည် မှေးမှိန်သွားပြီး အပေါ်မှမီးသီးများက အခါအားလျော်စွာ တောက်ပနေခဲ့သည်။  ယဲ့ဆွေက ချန်ရှု့ဘက်ကို မတော်တဆ လဲကျသလို ဟန်ဆောင်လိုက်သည်။  

 

 

 ယဲ့ဆွေ ရွေ့သွားတာနဲ့ ချန်းယင်က  ကြောက်မက်ဖွယ်ကောင်းသောရန်သူနှင့် ရင်ဆိုင်ရသည်နှင့်တူသည်။  သူမချက်ချင်းကြောက်ရွံ့သောအကြည့်ဖြင့် ယဲ့ဆွေကို ပြန်ဆွဲခေါ်ဖို့ သူမနဲ့ချန်ရှု့ကြားအကွာအဝေးတစ်ခုကိုလုပ်ယူခဲ့သည်။

 

 

 ချန်ရှု့က နောက်ဆုံးမှာ ယဲ့ဆွေနဲ့ နီးစပ်ဖို့ကြိုးစားနိုင်ခဲ့သော်လည်း ချန်းယင်က သူ့ကိုတားခဲ့သည်။  သူ့မျက်လုံးများက မှေးမှိန်သွားပြီး ချန်းယင်အား မသိမသာကြည့်လိုက်သည်။

 

 

 ချန်းယင်ကတောင်းပန်တဲ့ အပြုံးကို ဆင်ထားပေမယ့် ယဲ့ဆွေကို သူမရဲ့ဆုပ်ကိုင်မှုက တင်းကျပ်လာသည်။

 

 

 ယဲ့ဆွေ စိတ်ပူသွားသည်။ သူမက သူမရဲ့လက်မောင်းကိုဆွဲထုတ်ချင်ပေမယ့် လုံးဝမလှုပ်သွားခဲ့ဘူး။

 

 

 "နင်ဘာလို့ ငါ့ကိုဒီလောက်တင်းကျပ်အောင်ဆုပ်ကိုင်ထားတာလဲဘာက ကြောက်စရာကောင်းလို့လဲ?  " ယဲ့ဆွေက တစ္ဆေများအကြောင်းမေးဖို့ ဟန်ဆောင်သော်လည်း ဟုတ်ပါတယ်၊ သူမက ချန်ရှု့ကိုအရိပ်အမြွက်ပြောခဲ့သည်။

 

 

 ချန်းယင်က သူမအဓိပ္ပါယ်ကို နားလည်သည်။  သူမ ယဲ့ဆွေကို သူမဘက်ဆွဲခေါ်သွားသည်။  "ငါကြောက်တယ်။ ငါ နင့်ကိုမှီထားလို့မရဘူးလား?  "

 

 

 ယဲ့ဆွေနဲ့ ချန်ယင်တို့ကြားက အပြန်အလှန် ဆက်သွယ်မှုက ဒါရိုက်တာနှင့်အဖွဲ့အား ရှုပ်ထွေးစေခဲ့သည်။  သူတို့ဆက်ဆံရေးက သဟဇာတမဖြစ်ဘူးလို့ ပြောကြတယ်မဟုတ်ဘူးလား?

 

 

 သွမ့်မုစခရင် ပေါ်တွင်လည်း အလားတူဆွေးနွေးမှုများပြုလုပ်လာခဲ့သည်။

 

 

 "ယဲ့ဆွေနဲ့ ချန်းယင်တို့ရဲ့ဆက်ဆံရေးကဘာလဲ? လက်တွေကို ဆုပ်ကိုင်ထားရင်း သရဲ တစ္ဆေကျောင်းကို သူတို့လမ်းလျှောက်နိုင်တာလား? ”

 

 

 "ချန်းယင်က ယဲ့ဆွေကို ဆွဲခေါ်နေတာကို မင်းမမြင်ဖူးဘူးလားသူမကြောက်ပြီး ယဲ့ဆွေကို မှီခိုနေတာ။ သဘာဝလွန် အရာတွေရှေ့မှာ အခြားအရာတွေဖြစ်တဲ့ ကျေးဇူးတင်မှုနှင့် နာကြည်းမှုအားလုံးကို ရှောင်ရှားနိုင်ပုံရတယ်

 

 

 "သူတို့အချင်းချင်း ကိုက်ဖြတ်တာကို မမြင်ရဘူး၊ သူတို့နှစ်ယောက် အရမ်းခင်မင်တာကိုမြင်ရတော့ စိတ်ဝင်စားဖို့ကောင်းတယ်"

 

 

 သူတို့ဓာတ်ခွဲခန်းကို ရောက်တော့ ယဲ့ဆွေကို ချန်းယင်က ဆွဲခေါ်သွားသည်။ ချန်းယင်က ယခုအချိန်မှာ ယဲ့ဆွေနဲ့ ချန်ရှု့တို့ကိုသာ ဂရုပြုခဲ့သည်။  သူမခေါင်းမော့ကာ တစ္ဆေကျောင်းမှာရှိနေတာကိုမေ့သွားပြီး သူမချက်ချင်းပဲတံခါးကိုဖွင့်လိုက်သည်။

 

 

 ယဲ့ဆွေနဲ့ မိန်းကလေးများက ရှေ့ကိုလျှောက်သွားကြသည်။  ကျန်တဲ့ဧည့်သည်တွေက သူတို့နောက်ကလိုက်ခဲ့ပေမဲ့ သူတို့ဝင်မသွားသေးဘူး။

 

 

 ဓာတ်ခွဲခန်းရှိ မီးများမှိန်သွားပြီး လိုက်ကာများကိုတင်းကျပ်စွာပိတ်လိုက်သည်။  ချန်းယင် ခဏလောက်မျက်စောင်းထိုးလိုက်သည်။  "ငါတို့ဘယ်ရောက်နေတာလဲ?"

 

 

 ထိုစကားနှင့်အတူ ချန်းယင်က မီးကိုဖွင့်လိုက်သည်။

 

 

 သူမရှေ့တွင် ပုံစံခွက်တစ်ခုရှိနေခဲ့သည်။

 

 

 အဖွဲ့သားတွေက ကြိုတင်ပြင်ဆင်ထားပေမယ့်ဧည့်သည်တွေက သူတို့မျှော်မှန်းတဲ့အတိုင်း ဒီနေရာကိုမသွားခဲ့ဘူး။  သူတို့ရဲ့ ကြိုးစားအားထုတ်မှုက အလဟသဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ချန်းယင်က သုံးလိုက်လိမ့်မယ်လို့ ဘယ်သူသိမှာလဲ?

 

 

 ချန်းယင်က အလွန်ထိတ်လန့်သွားပြီး သူမဘေးနားရှိတဲ့သူမှာ ယဲ့ဆွေဆိုတာတောင် ဂရုမစိုက်တော့ဘဲ သူမလည်ပင်းကို ချက်ချင်းပွေ့ဖက်လိုက်ပြီး အော်ဟစ်လိုက်သည်။

 

 

 ယဲ့ဆွေက သူမနားပင်းသွားတယ်လို့ ထင်လုနီးပါးဖြစ်သွားသည်။  သူမက ချန်ရှု့ရဲ့ ဦးတည်ဘက်ကို အကူအညီတောင်းသလို ကြည့်လိုက်သည်။

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ အဓိပ္ပာယ်ကို စက္ကန့်ပိုင်းအတွင်းနားလည်လိုက်သည်။  သူကအမှတ်တမဲ့နဲ့ မီးခလုတ်နားကို လျှောက်သွားသလို ဟန်ဆောင်လိုက်ပြီး ကျောကိုညင်ညင်သာသာမှီခဲ့သည်။  အလင်းရောင်ကမှိန်သွားပြန်သည်။

 

 

ချန်ရှု့က သူ့လက်ကိုဖုံးရန် ပစ္စည်းကိရိယာကိုသုံးကာ ယဲ့ဆွေကို ပြန်ဆွဲရန် သူလက်ကိုဆန့်ထုတ်လိုက်သည်။  သူက ချန်းယင်ရဲ့ လက်များမှ သူမကိုအောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။

 

 

ချန်ရှု့ရဲ့ လုပ်ရပ်များက တိတ်ဆိတ်စွာပြီးဆုံးသွားပြီးဘယ်သူမှ သတိမပြုမိခဲ့ပေ။ ယဲ့ဆွေက လွတ်မြောက်လာပြီးသည်နှင့် ချက်ချင်း သူမလက်ကိုဆန့်ကာ ချန်းယင်၏ ပါးစပ်ကိုအုပ်လိုက်သည်။

 

 

 "လုံလောက်ပြီ သရဲမရှိဘူး "

 

 

အဖွဲ့သားတွေတောင် အခုထိမထွက်သေးပေမဲ့ ချန်းယင်ကတော့ ဆက်မနေနိုင်တော့ဘူး။  သူမချက်ချင်းထွက်သွားသည်။

 

 

 ချန်းယင်က အိပ်ဆောင်ကို မပြန်ဘဲ စာသင်ခန်းမှာ နေဖို့ငြင်းဆိုခဲ့သည်။ သူမက အလွတ်နေရာ၌နေရန် သူမ၏စိတ်ကို တင်းထားခဲ့သည်။ ထို့ကြောင့် သူမသည်အလွတ်ကစားကွင်းကို ရွေးချယ်ခဲ့သည်။

 

 

 ဧည့်သည်များအားလုံးက ကစားကွင်းကိုအကြိမ်ကြိမ်လှည့်ပတ်ကြသည်။  ကံကောင်းစွာဖြင့် ဆောင်းရာသီမဟုတ်ခဲ့ပေ။  မဟုတ်ရင် သူတို့ကသေမှာမကြောက်ရင်တောင် သူတို့ကအေးခဲသေသွားလိမ့်မည်။

 

 

 ယဲ့ဆွေက ချန်းယင်ကို တကယ်မေးချင်ခဲ့သည်။  နေရာပိုကြီးလေ၊ သရဲတွေပိုများလေ ဆိုတာ သူမမသိခဲ့ဘူးလား ဆိုပြီး။

 

 

 ချန်းယင် လမ်းလျှောက်ထွက်စဉ် ညဉ့်သန်းခေါင်ယံ ကစားကွင်း၌ လှည့်လည်နေပြီး သူမကို စိတ်၀င်စားတဲ့ သရဲများစွာက သူမကို လိုက်ဖက်နေကြသည်။

 

 

 ညဉ့်နက်လာသည်နှင့်အမျှ ချန်းယင်က သူမ၏ နာနီကားပေါ်တက်ကာ ထွက်ခွာသွားသည်။  သူမက နောက်အပိုင်းမှာ ပါဝင်ဖို့ရည်ရွယ်ချက်မရှိခဲ့ဘူး။

 

 

 ယဲ့ဆွေလည်း ကားပေါ်တက်လိုက်သည်။ ချန်းယင်က သူမကို ကပ်တွယ်နေတာကို စဥ်းစားပြီး သူမ မရယ်ဘဲမနေနိုင်ခဲ့ပေ။

 

 

 အလုပ်ပြီးတဲ့အခါ သူတို့သတ်ဖို့အားလပ်ချိန်ရသွားပြီ။  ချန်ရှု့နဲ့ ယဲ့ဆွေတို့က အိမ်ရွေ့ဖို့ဆုံးဖြတ်လိုက်သည်။  သူတို့သည် ဤအသိုင်းအဝိုင်းတွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့သည်။ ချန်ရှု့က သူ့ပုံရိပ်အစစ်အမှန်ကို ယဲ့ဆွေကို  ဝန်ခံပြီးနောက်မှာ သူတို့ပြောင်းရွှေ့ရန် စိတ်ကူးရှိခဲ့သည်။

 

 

 ယဲ့ဆွေ ဒီမှာနေတယ်ဆိုတာ ပါပါရာဇီကသိသည်။  သူမ၏အသက်မွေးဝမ်းကျောင်းက တိုးတက်လာတာကြောင့် ထိုလူများက ရပ်ကွက်အပြင်ဘက်ကနေ မကြာခဏလိုက်လာပြီး ထိုနေရာတွင် ပုန်းအောင်းနေခဲ့သည်။  ဟုတ်ပါတယ်၊ ဘာကိုမှဓာတ်ပုံမရိုက်ခဲ့ဘူး။

 

 

 ပါပါရာဇီကမဝင်နိုင်ပေမယ့် အနာဂတ်မှာသူတို့နှစ်ယောက်ကို ဓာတ်ပုံရိုက်ဖို့ စိတ်ကူးတစ်ချို့တွေ့မယ်လို့အာမခံဖို့ခက်သည်။

 

 

 ချန်ရှု့က အလွန်နိမ့်ကျသော အသွင်အပြင်ရှိတဲ့ အနက်ရောင်ကားသို့ပြောင်းခဲ့သည်။ နောင်တွင်မီဒီယာများက ၎င်းတို့အား ရှာဖွေတွေ့ရှိမည်မဟုတ်ကြောင်း သေချာစေရန် ၎င်းတို့သည် ကားများကိုအခါအားလျော်စွာပြောင်းလဲနိုင်သည်။

 

 

 ချန်ရှု့က ကျော်ကြားသောနေရာတစ်ခုက ဗီလာတစ်ခုကို ၀ယ်ခဲ့သည်။  ထိုနေရာတွင် နာမည်ကြီးများစွာနေထိုင်ခဲ့သည်။  လုံခြုံရေးအစီအမံများ ကောင်းမွန်ခဲ့ပြီးပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်သည်။

 

 

 ပြုပြင်မွမ်းမံပြီးသောအခါ ပြောင်းရွေ့တဲ့ ကုမ္ပဏီက အရာအားလုံးကို ဗီလာသို့ပို့ခဲ့ပြီးဖြစ်သည်။ ယဲ့ဆွေက လွတ်လွတ်လပ်လပ်နဲ့ သူတို့ရဲ့အိမ်အသစ်ကိုသွားမယ့်နေ့ကို သူတို့ရွေးခဲ့သည်။

 

 

 ကားကဗီလာရှိတဲ့ ရပ်ကွက်ကိုမောင်းလာသည်။  ထိုနေရာသို့ ဦးတည်သောလမ်းသည် အသွားအလာနည်းတာကြောင့် တိတ်ဆိတ်ခဲ့သည်။  သူတို့နောက်မှာကားတစ်စီးရှိခဲ့ရင် နောက်ကြည့်မှန်မှာရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

 

 

 ရှည်လျားသော လမ်းမကြီးတစ်ခုကို ဖြတ်၍ ကားသည်ထောင့်တစ်ကွေ့သို့သွားကာ အိမ်ရှေ့၌ရပ်လိုက်သည်။  ၎င်းကအပြင်ဘက်က ပန်းဥယျာဉ်ကြီးနှင့်အတူ လက်ရာမြောက်ပြီး မိသားစုတစ်စုနေလို့ရတဲ့ လှပသောဗီလာကြီး ဖြစ်သည်။

 

 

 ၎င်းသည်နွေဦးအစောပိုင်းဖြစ်၍ ဥယျာဉ်ထဲတွင် ပန်းတွေအပင်တွေနဲ့ပြည့်နေပြီး ချုံနိမ့်နိမ့်လေးနဲ့ ဝန်းရံထားသည်။

 

 

 ယဲ့ဆွေ အချိန်ဇယားများ ပြည့်သွားပြီဖြစ်တာကြောင့် ချန်ရှု့က အိမ်ရွေးချယ်ရန် အချိန်ကို ယူလိုက်သည်။  ယဲ့ဆွေကို အံ့အားသင့်စေဖို့အတွက်ပဲ။ ဒါကသူတို့ရဲ့အိမ်အသစ်ကို သူမ ပထမဆုံးမြင်ဖူးတာ။

 

 

 "ချန်ရှု့ ရှင့်အရသာက ကောင်းတယ်" ယဲ့ဆွေက တံခါးဖွင့်၍ သူမ၏ချီးမွမ်းခြင်းကို မတွန့်တိုဘဲ ပြောလိုက်သည်။

 

 

 ယဲ့ဆွေက ခရေရွန်ရှင်းချန်းရဲ့ မျက်ခုံးတွေနဲ့(မျက်ခုံးမွှေးအထူကြီးတဲ့ ခရေရွန်ရှင်းချန်ပါ) ချန်ရှု့သူမကိုလုပ်ပေးတဲ့  အသက်ရှူကျပ်ပြီး သေသွားတဲ့ဘာဘီ မိတ်ကပ်ကိုနောက်မှာထားလိုက်သည်။

 

 

 ချန်ရှု့ ခေါင်းညိတ်ပြီး ယဲ့ဆွေကို ကြည့်လိုက်သည်။  သူက သူမပြောခဲ့သောအရာကို စဉ်းစားရင်းသူမ၏မျက်နှာသွင်ပြင်ကို သေချာစစ်ဆေးခဲ့သည်။ ယဲ့ဆွေ ပြောတာမှန်တယ်။ သူ၏အနုပညာက အလွန်ကောင်းမွန်သည်၊ သူ့ဇနီးတစ်ယောက်တည်းသာမြင်နိုင်သည်။

 

 

 အိမ်ထဲကို ၀င်လာတော့ ဧည့်ခန်းက ကျယ်ဝန်းပြီးတောက်ပကာ အလင်းရောင် အရမ်းကောင်းသည်။  မကိုက်ညီဘူးဟုထင်ရသည့် တစ်ခုတည်းသောအရာက ဧည့်ခန်းမှာ ချိတ်ထားတဲ့ ယဲ့ဆွေရဲ့ ဧရာမပိုစတာဖြစ်သည်။

 

 

 သူမ၏ရှည်လျားသော ဆံပင်များကို အပင်ရဲ့အမြစ်တွေလို ကောက်ထားပြီး သူမ၏မေးစေ့ကိုမော့ထားသည်။ ဆံပင်အနည်းငယ်က သူမ၏ပါးပြင်ပေါ်တွင်ဖြတ်၍ကျနေပြီး ရှုပ်ထွေးနေသည့်အလှကို မီးမောင်းထိုးပြနေသည်။

 

 

 ယဲ့ဆွေ - "... "

 

 

 သူမဓာတ်ပုံကို အထင်ရှားဆုံးနေရာ၌ထားခဲ့ပြီး ယဲ့ဆွေက ထိုအရာအားမြင်သောအခါ အနည်းငယ်ရှက်သွားခဲ့သည်။  သေချာတာကတော့ ချန်ရှု့က သူမရဲ့ ချန်ရှု့ ဖြစ်နေတုန်းဘဲ။

 

 

 ပိုစတာက မီးဖိုချောင်နှင့်ထမင်းစားခန်းကို မျက်နှာမူထားသည်။  သူမနေ့စဉ်နေ့တိုင်း သူ့မျက်နှာမှာ လွှမ်းမိုးခံရနိုင်တယ်လို့ သူမခံစားရသည်။

 

 

 ဤအိမ်တွင်နှစ်ယောက်သာ ရှိပြီး အထပ်တိုင်းတွင်အိပ်ခန်းများရှိသည်။  စုစုပေါင်းအိပ်ခန်းသုံးခန်းသည် ၎င်းတို့အတွက် ရွေးချယ်ဖို့ လုံးဝကွဲပြားခြားနားသောပုံစံသုံးမျိုးရှိသည်။

 

 

 ကျန်အခန်းများကို ဧည့်ခန်းအဖြစ် အသုံးပြုခဲ့သည်။

 

 

ပထမထပ်ရှိ အိပ်ခန်းစားပွဲပေါ်တွင် အနက်ရောင်လက်ဆောင်သေတ္တာတစ်လုံးရှိနေသည်။  ယဲ့ဆွေက အခန်းထဲလမ်းလျှောက်သွားပြီး ဖွင့်လိုက်သည်။  သူမအထဲမှာ အ၀တ်တစ်ထည်တွေ့သည်။

 

 

 "ကိုယ်မင်းကိုကူညီရမလား?" ချန်ရှု့ကမေးခဲ့သည်။  ဒါကသူ့ရဲ့ဂရုတစိုက် ရွေးချယ်ထားတဲ့လက်ဆောင်ဘဲ။

 

 

 ယဲ့ဆွေက တံခါးကိုညွှန်ပြလိုက်သည်။  "ရှင်ဟိုဘက်လှည့် "

 

 

 ချန်ရှု့က စိတ်ပျက်တဲ့ပုံရိပ် တစ်ခုပေးလိုက်ပြီး ယဲ့ဆွေကို နောက်ကျောပေးလိုက်ကာ သူ့နောက်ကလှုပ်ရှားမှုတွေကိုနားထောင်လိုက်သည်။ အ၀တ်များကို ဝတ်နေတာက အသံထွက်နေပြီး ခဏအကြာတွင်အသံကရပ်တန့်သွားသည်။

 

 

 ချန်ရှု့ လှည့်ကြည့်လိုက်ချိန်မှာ ယဲ့ဆွေ ရဲ့ဇစ်ကတစ်ဝက်မှာ ညှပ်နေတာကို တွေ့လိုက်ရသည်။ သူက သူ့လက်ကိုဖြန့်လိုက်ပြီး ညင်သာစွာနဲ့ ဇစ်ကိုဆွဲလိုက်သည်။

 

 

 သူကခေါင်းညိမ့်လိုက်ပြီး သူ့နှုတ်ခမ်းပေါ်ကိုညင်ညင်သာသာဖိလိုက်သည်။ သူ၏ဂနာမငြိမ်သောလက်ချောင်းများက သူမ၏ဇစ်နှင့်ကစားနေဆဲဖြစ်သည်။

 

 

 ခဏကြာတော့ ဖြဲလိုက်တဲ့အသံထွက်လာပြီး စကတ်ပြဲသွားတဲ့အသံကိုကြားလိုက်ရသည်။

 

 

 သူတို့ခန္ဓာကိုယ်များက အေးခဲသွားပြီး အနမ်းများကရပ်တန့်သွားသည်။  သူတို့နှုတ်ခမ်းများကို ဖြည်းဖြည်းချင်းခွာလိုက်ပြီး အောက်ကိုငုံ့ကြည့်ကြသည်။  ပိုးဇာရဲ့ အပိုင်းအစလေးတစ်ခုက ကြမ်းပြင်ပေါ်သို့ညင်သာစွာကျဆင်းသွားလေသည်။

 

 

 လင်မယားနှစ်ယောက်သား ကြည့်ပြီးသူတို့မျက်လုံးချင်းဆုံသွားသည်။

 

 

 ချန်ရှု့အကြည့်က အလွန်အပြစ်ကင်းစင်သည်။  သူကနှုတ်ခမ်းကို ပိတ်ပြီး ဘာမှမပြောလာဘူး။

 

 

 စကတ်ကိုစုတ်ဖြဲခဲ့သော ရာဇ၀တ်မှုက လူနှစ်ဦးဆီမှအတူတကွဖြစ်တာဖြစ်သည်။

 

 

 ချန်ရှု့က ခေါင်းငြိမ့်လိုက်ပြီး ယဲ့ဆွေရဲ့ မျက်နှာသွင်ပြင်ကိုငေးကြည့်နေသည်။  မကြာခင်မှာပဲ သူကနိဂုံးချုပ်ခဲ့သည်။  "ဘာကြောင့်လဲဆိုတော့ မင်းကအရမ်းလှတာမလို့ "

 

 

 ဤဆင်ခြေက အလွန်ကျိုးကြောင်းဆီလျော်သည်။  သူ့ချီးမွမ်းမှုက ယဲ့ဆွေ အပေါ်ဆွဲဆောင်မှုရှိခဲ့ပြီးသူမငြင်းဆန်နိုင်ခဲ့ပါ။

 

 

 ယဲ့ဆွေက သူမနှုတ်ခမ်းကို အားမရဘဲကိုက်လိုက်သည်။ "အင်း၊ အဲဒါက ပြဲသွားပြီဆိုတော့ထားလိုက်ပါတော့ "

 

 

 သူမအသားက ပုလဲကဲ့သို့ဖြူဖွေးကာ ပွင့်လင်းလုနီးပါးရှိသည်။  ယခုအချိန်တွင် သူမနှုတ်ခမ်းများက နေရောင်ခြည်ကြောင့် တောက်ပလာပြီး သွေးဆောင်လွှာတစ်ခုက ဆန္ဒအလျောက် ဖိတ်ကြားခြင်းကဲ့သို့ ဖုံးလွှမ်းသွားသည်။

 

 

 ချန်ရှု့က ယဲ့ဆွေကို ကြည့်လိုက်သည်။  သူ့မျက်လုံးများက လောင်မြိုက်နေသော်လည်း သူလေသံမှာ သတိကြီးစွာရှိနေသည်။  "ကိုယ် နောက်တစ်ခါ ထပ်လုပ်လိုက်ရင် မင်းစိတ်ဆိုးမှာလား? "

 

 

 သူမငြိမ်သက်နေတာကိုကြည့်ပြီး ချန်ရှု့က နှုတ်ခမ်းကိုကွေးကာ ပြုံးလိုက်သည်။  သူက ညင်ညင်သာသာကွေးလိုက်ပြီး သူမထက် ခြေတစ်လှမ်းပိုမြန်သည်။

 

 

 ယဲ့ဆွေ အံ့သြသွားသည်။ သူမအဓိပ္ပါယ်ကိုနားမလည်ခင်စက္ကန့်အနည်းငယ်ကြာအောင်သူမစိတ်ကိုထိန်းထားလိုက်သည်။  "ချန်ရှု့ ရှင် ... " 'မကောင်းတဲ့အရာတစ်ချို့ကိုသင်ယူခဲ့တာပဲ။'

 

 

 ယဲ့ဆွေ စကားမဆုံးခင် သူမ၏နှုတ်ခမ်းကို ချန်ရှု့က  အလုံပိတ်လိုက်ပြီး ကျန်စကားလုံးအနည်းငယ်က သူမပါးစပ်ထဲမှ လျှောထွက်သွားသည်။  အဆုံး၌သူတို့သည်နူးညံ့ပျော့ပျောင်းသောရေလို ညည်းညူသံအဖြစ်ပြောင်းလဲသွားကြသည်။

 

 

 ချန်ရှု့ကဇစ်ကိုညင်ညင်သာသာ ဖွင့်လိုက်ချိန် သူမခန္ဓာကိုယ်ပေါ်မှ ဂါဝန်ရှည်က တဖြည်းဖြည်းလျှောကျသွားလေသည်။