အပိုင်း ၁၁၈
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၁၈ - ပါပါရာဇီ

 

 

 

ပုခုံးသိုင်းကြိုးများဖြင့်စတင်ခြင်း၊ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့သော ပါးလွှာသောအင်္ကျီရဲ့ ပခုံးတွေက လျှောကျနေကာ ယဲ့ဆွေ၏ ဖြူဖွေးသောအသားအရေကို ဖော်ထုတ်ပြသလျက်ရှိသည်။

 

 

ရှည်လျားသောဂါဝန်ရှည်က တစ်လက်မပြီးတစ်လက်မချင်း လျှောကျလာသည်နှင့်အမျှ ယဲ့ဆွေရဲ့ အသားအရေကလည်း တဖြည်းဖြည်းပေါ်ထွက်လာသည်။  ၎င်းက မျက်စိကျိန်းသွားအောင် လုပ်လုနီးနီးပဲ။

 

 

ယဲ့ဆွေ၏ ခါးကိုကိုင်ကာ ချန်ရှု့က သူမဂါဝန်က သူ့လက်ထဲသို့လျှောကျလာသည်ကို  သတိပြုမိခဲ့သည်။  သူက သူမ၏နှုတ်ခမ်းများကို လျင်မြန်စွာနဲ့ လွှတ်ပေးလိုက်ပြီး သူမရဲ့ ပခုံးပေါ်သို့ နမ်းလိုက်ကာ သူမကိုနူးညံ့စွာ ကိုက်လိုက်သည်။

 

 

ယဲ့ဆွေရဲ့  ရှည်လျားသောဂါဝန်က အောက်ကိုပုံကျသွားပြီး သူမခန္ဓာကိုယ်ကို ချန်ရှု့အားပြသနေလေသည်။ ၎င်းသည် အနည်းငယ်အေးသော်လည်း သူ၏နှုတ်ခမ်းရှိအပူချိန်က ပူလောင်နေပြီး သူမ၏အေးစက်သောအသားအရေနှင့် သိသိသာသာဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။

 

 

 သူကဆက်ပြီး နမ်းရှိုက်နေသည်။  နွေးထွေးသောအပူအရင်းအမြစ်တစ်ခုကဲ့သို့ သူကသူမ၏အသားအရေကို ဂရုတစိုက်ပွတ်သပ်ကာ သူမ၏ခန္ဓာကိုယ်ကို ပိုပူလာစေသည်။

 

 

ခဏလောက်နမ်းပြီးနောက် သူမ၏ခန္ဓာကိုယ်ပေါ်မှ ဂါဝန်ရှည်က ပျောက်ကွယ်သွားတော့သည်။

 

 

 သူ၏အဖြူရောင်ရှပ်အင်္ကျီနှင့် သူမ၏ရှည်လျားသောဂါဝန်က ကြမ်းပြင်ပေါ်ပုံကျသွားပြီး မီးတောက်နှလုံးခုန်သံနှင့်အတူ ရောယှက်နေသော မရေရာသောပုံရိပ်နှစ်ခုကဲ့သို့ အချင်းချင်း ရောနှောသွားလေသည်။

 

 

အိပ်ခန်းရဲ့လိုက်ကာတွေကို ဆွဲချခဲ့တာကကြာပြီ။  သူတို့ကတစ်ယောက်ကိုတစ်ယောက် အရမ်းအာရုံစိုက်နေကြပြီး တံခါးပိတ်ဖို့ကိုမေ့နေကြသည်။  ဘာပဲဖြစ်ဖြစ် အိမ်ရှေ့တံခါးကို လော့ခ်ချထားပြီးပြီ အပြင်ဘက်က  ဧည့်ခန်းထဲမှာလည်း ဘယ်သူမှမရှိဘူး။

 

 

ခန္ဓာကိုယ်နှစ်ခုက အနောက်ဘက်ကို ပြိုကျသွားသည်။  တစ်ယောက်ကို တစ်ယောက်ထပ်ပြီး နူးညံ့တဲ့ကုတင်ပေါ်ကို အတူ ပြုတ်ကျသွားလေသည်။

 

 

ယဲ့ဆွေက ချန်ရှု့၏ ခန္ဓာကိုယ်ပေါ်မှာ လဲလျောင်းနေပြီး သူ့ရဲ့ခါးနှင့်ဝမ်းဗိုက်ကို ထပ်လျက်ဖိကပ်ထားသည်။  သူမက ရုတ်တရက် တစ်ခစ်ခစ်ရယ်လိုက်ပြီး သူ့အနက်ရောင်ဆံပင်ကို ပွတ်သပ်ဖို့ လက်လှမ်းလိုက်သည်။

 

 

ချန်ရှု့ရဲ့ အနက်ရောင်ဆံပင်များက ရှုပ်ထွေးလာသည်နှင့်အမျှ ယဲ့ဆွေ၏ဆံပင်ရှည်က သူ့ကိုရိုက်မိနေပြီး  နောက်စက္ကန့်ပိုင်း၌ သူ့ရဲ့လက်ထဲ၌ ပျော့ခွေသွားသကဲ့သို့ သူမရဲ့ခန္ဓာကိုယ်က ပျော့ပျောင်းလာပြီး သက်တောင့်သက်သာဖြစ်စေသည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ သတိကင်းမဲ့မှုကို အခွင့်ကောင်းယူ၍ သူမအားလက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး သူမကိုသူ့လက်မောင်းတွေထဲ ထည့်ထားလိုက်သည်။ သူက ညင်ညင်သာသာ လှည့်လိုက်ပြီး သူမကိုသူ့ရဲ့အောက်မှာဖိထားလိုက်သည်။

 

 

သူမကို တုံ့ပြန်ဖို့ အခွင့်အရေးမပေးတော့ဘဲ သူကရုတ်တရက် သူမရဲ့ နှုတ်ခမ်းကို ထိကပ်လိုက်သည်။  နူးညံ့သောအနမ်းက ယခုအခါစိတ်အားထက်သန်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့ကို စက္ကန့်တိုင်းမှာ နှလုံးခုန်မြန်လာစေခဲ့သည်။

 

 

ချန်ရှု့၏အနမ်းက ပြင်းထန်ပြီး ကြမ်းကြုတ်လှသည်။သိပ်မကြာဘူး ယဲ့ဆွေက သူမအသက်ရှူကျပ်ခါနီးနေပြီဟု ခံစားလိုက်ရသည်။ သူမအသက်ရှုမြန်လာသည်။

 

 

သူက နမ်းခြင်းကို တဖြည်းဖြည်းချင်း နက်ရှိုင်းစေခဲ့ပြီး သူမ၏ပါးစပ်ထဲတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်စေခဲ့သည်။

 

 

သူ့ရဲ့နွေးထွေးတဲ့ခန္ဓာကိုယ်က သူမကိုထိမိသလို သူ့နှလုံးသားကလည်း သူမလိုပဲ ပြင်းထန်စွာခုန်နေတာကို သူမခံစားနိုင်သည်။

 

 

ယဲ့ဆွေက ချန်ရှု့၏လည်ပင်းကို ကိုင်လိုက်ပြီး သူ့ကိုတိုက်ရိုက်နမ်းလိုက်သည်။  ထို့နောက်သူမက အနေအထားကို ဧည့်သည်မှ အိမ်ရှင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။

 

 

သူမအသက်ရှူမြန်လာသည်နှင့်အမျှ သူမ၏သေးသွယ်သောခါးကို သူဆုပ်ကိုင်ထားလိုက်သည်။ ရုတ်တရက် လေအေးတစ်ချက်က အခန်းထဲသို့ တိုက်ခတ်လာပြီး အခန်းပတ်၀န်းကျင်က အေးစက်လာသည်။

 

 

 ယဲ့ဆွေမှီပြီး သူ့ကိုပွေ့ဖက်ထားကာ မျက်လုံးများကိုမှိတ်လိုက်သည်။ ချန်ရှု့က တစ်ယောက်နှင့်တစ်ယောက်နွေးထွေးစေရန် သူမကိုသူ့ခန္ဓာကိုယ်ထဲမှာ အရည်ပျော်အောင်လုပ်ပြီး အတင်းကျူးကျော်လာသကဲ့သို့ သူမကိုပွေ့ဖက်လိုက်သည်။

 

 

ခက်ထန်ပြီးပျော့ပျောင်းသော၊ ညည်းညူသံနှင့် ညည်းတွားသံတို့က မသင်္ကာဖွယ်အသံများဖြစ်ပြီး တစ်ခါပြီးတစ်ခါ မြင့်တက်လာသည်။  ဤနေရာတွင်ဖြတ်သန်းနေသောစက္ကန့်တိုင်းက ရေကဲ့သို့နူးညံ့လှသည်။

 

 

ဤကြီးစိုးထားတဲ့ကြင်နာမှု၌ ထိုစုံတွဲက အတူတကွပွေ့ဖက်ကာ အိပ်ပျော်သွားခဲ့ကြသည်။

 

 

 သူတို့ရဲ့အိမ်အသစ်၌ သူတို့ရဲ့ပထမဆုံးမနက်ခင်းမှာ သူတို့က အိပ်ရာထဲမှာလှဲပြီး အိပ်ရုံကလွဲလို့ ဘာမှမလုပ်ခဲ့ဘူး။  သူတို့မျက်လုံးများပွင့်လာသောအခါ သူတို့ကလုံးဝ လန်းဆန်းသွားသည်။

 

 

ဒီအချိန်က နေဝင်ရီတရောဖြစ်နေပြီ။

 

 

ကန့်လန့်ကာများကို တင်းကျပ်စွာ ပိတ်ထားပြီး ပြတင်းပေါက်ကလည်း မှောင်မိုက်နေသည်။ ဒါပေမယ့်အိပ်ခန်းတံခါးက မပိတ်ထားဘူး၊ ဧည့်ခန်းပြတင်းပေါက်က ကျယ်ကျယ်ဖွင့်ထားတယ်၊ နေဝင်ချိန်ရဲ့အလင်းရောင်က လွတ်နေတဲ့ဧည့်ခန်းကိုဖြတ်ပြီး အိပ်ခန်းဆီကို တိုက်ရိုက်ရောက်လာခဲ့သည်။

 

 

ကုတင်ပေါ်တွင်လဲနေသော လူနှစ်ယောက်က နေဝင်ချိန်ရဲ့အလင်းရောင်ကြောင့် ယောင်ဝါးဝါးဖြစ်နေကြသည်။  သူတို့၏လက်နှစ်ဖက်ကိုဖြတ်၍ ခေါင်းနှစ်လုံးက တစ်ခုနှင့်တစ်ခုကပ်လျက်ရှိသည်။

 

 

ယဲ့ဆွေက သူမရဲ့မျက်လုံးများကိုဖွင့်ကာ ကြက်သေသေသွားသည်။  အနည်းငယ် မသက်မသာခံစားရပြီး သူမကသူမရဲ့ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်သည်။

 

 

သူမလှည့်ကြည့်လိုက်သောအခါ ပျက်စီးနေသောအဂါဝန်က ကြမ်းပြင်ပေါ်တွင်ကြေမွပျက်စီးသွားပြီး ရှုံ့တွနေသည်ကို တွေ့လိုက်ရသည်။

 

 

ရှည်လျားသောဝတ်စုံက အလွန်လှသည်။  ချန်ရှု့ ရဲ့အရသာက တကယ်ကောင်းတယ်။ ယဲ့ဆွေက သူမရဲ့မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ကျန်ရှိတဲ့ဂါဝန်၏အစကိုကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။

 

 

ချန်ရှု့က နိုးလာပြီး "ဘာဖြစ်နေတာလဲ?"လို့မေးလိုက်သည်။

 

 

ယဲ့ဆွေက သူ့ကိုပြန်ကြည့်လိုက်ပြီး သူမနောက်ကကြမ်းပြင်ကို ညွှန်ပြလိုက်သည်။  "ရှင် ကျွန်မကို ဂါဝန်ဖိုးလျော်ကြေးပေးရမယ်"

 

 

သေချာတာပေါ့ ”  ချန်ရှု့ရယ်လိုက်ပြီးဘာကိုမှမတွေဘဲ သဘောတူလိုက်သည်။ “ မင်းလိုချင်သလောက် ကိုယ်ဝယ်ပေးမယ်

 

 

ချန်ရှု့က စကားတစ်ခွန်းကို ပေါ့ပေါ့ပါးပါးပဲပြောခဲ့သည်။ ဒါပေမယ့် ယဲ့ဆွေအတွက် အဲ့တာကဒွိဟဖြစ်စေသည်။

 

 

 ဘာကြောင့်ဂါဝန်တွေ အများကြီးဝယ်မှာလဲ?  သူကအဲ့ဂါဝန်တွေကို တစ်ထည်ပြီးတစ်ထည် ဖြဲပစ်မို့လား? ယဲ့ဆွေသည် နူးညံ့သောကုတင်ကြီးပေါ်တွင်လှဲပြီး မျက်နှာကျက်ကိုကြည့်လိုက်သည်။  သူမ၏စိတ်ထဲတွင် ရုတ်တရက် ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။

 

 

နေဝင်ရီတရောအချိန်တွင်  နေဝင်ချိန်ရဲ့ရောင်ခြည်က တစ်အိမ်လုံးကို လိမ္မော်ရောင်ဖျော့ဖျော့ဖြင့် ဖုံးလွှမ်းသွားစေသည်။ သူတို့အိမ်အသစ်၏ ကြမ်းပြင်တွင် စုတ်ဖြဲထားတဲ့ဂါဝန်နဲ့ အမျိုးမျိုးသောပစ္စည်းအစုများဖြင့်ပြည့်နှက်နေသည်။

 

 

သူမမြေကြီးပေါ်မှာ ဘာတွေတွေးနေတာလဲ?  ချန်ရှု့က ပုံမှန်မဟုတ်တဲ့သူ မဟုတ်ဘူး။ ဒါပေမယ့် သူမကတော့ ပုံမှန်မဟုတ်တဲ့ပုံဘဲ။

 

 

 ယဲ့ဆွေက သူမ၏ခေါင်းထဲတွင် မကောင်းသောအတွေးတွေးနေမိတာကို အံ့သြသွားပြီး သူမရဲ့ခေါင်းကိုခါလိုက်သည်။  “ မဟုတ်ဘူး၊ မလိုပါဘူး။ ကျွန်မမှာ ဂါဝန်တွေ အလုံအလောက်ရှိတယ် "

 

 

ချန်ရှု့ - “…........”

 

 

ယဲ့ဆွေ ရုတ်တရက် ထိတ်လန့်ရခြင်း၏ အကြောင်းရင်းကို သူ မသိချေ။ အချိန်အတော်ကြာစဉ်းစားပြီးနောက် သူက "မင်းအခုဘာတွေ တွေးနေတာလဲ?" ဟု သူမကိုမေးလိုက်သည်။

 

 

ယဲ့ဆွေက သူမ၏မလျော်ကန်သောအတွေးကို လုံးဝထုတ်မပြချင်ပေ။ သူမက အမှတ်တမဲ့နဲ့ မျက်လုံးများကို အဝေးကိုလွှဲရန် ဟန်ဆောင်လိုက်သည်။  “ ဘာမှမဟုတ်ပါဘူး။ ”

 

 

ချန်ရှု့၏ စူးစမ်းလိုစိတ်က မရပ်တန့်ဘဲ သူကဆက်ပြီးတော့ "ဂါဝန်နဲ့က ဘာမှားနေလို့လဲ?" လို့ ဆက်မေးခဲ့သည်။

 

 

ယဲ့ဆွေ၏ပါးပြင်က အနီရောင်သို့ပြောင်းသွားပြီး သူမမျက်နှာပေါ်ရှိ နွေးထွေးမှုများက တဖြည်းဖြည်းတက်လာသည်ကို သူမခံစားလိုက်ရသည်။

 

 

သူမကလက်ကိုဆန့်ထုတ်လိုက်ပြီး နောက်ထပ်မေးခွန်းတွေ ထပ်မမေးရအောင် ချန်ရှု့ ရဲ့ပါးစပ်ကိုဖုံးအုပ်လိုက်သည်။  ချန်ရှု့ရဲ့နှုတ်ခမ်းလှုပ်လိုက်ခြင်းကြောင့် သူမ၏လက်ဖဝါးပေါ်တွင် နူးညံ့သောထိတွေ့မှုတစ်ခုထွက်ပေါ်လာပြီး သူ၏ပူနွေးသောအသက်ရှူသံက သူမလက်ကို ကြင်နာစွာပွတ်သပ်နေသည်။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ကြည်လင်တဲ့ မျက်လုံးတွေကို ကြည့်ပြီး "ကျွန်မဗိုက်ဆာတယ်။  ညစာစားရအောင်လေ "လို့လေးလေးနက်နက် ပြောလိုက်သည်။

 

 

ချန်ရှု့က ယဲ့ဆွေကို အကြာကြီးငေးကြည့်နေသည်။  သူက အပေါ်ကနေအောက်ကို စုန်ချီဆန်ချီကြည့်ပြီး အပြန်ပြန်အလှန်လှန် ကြည့်နေသည်။ သူမရဲ့မျက်နှာမှ ဘာကိုမှမဖတ်နိုင်တော့တာမို့ အဆုံး၌ သူအရှုံးပေးနိုင်ခဲ့သည်။

 

 

ဝေယွဲ့က ချန်  မိသားစုရဲ့ သွေးဝေးဆွေမျိုးတစ်ဦးဖြစ်ပြီး သူကအကျိုးအမြတ်ကို ရှာဖွေရန် ဆက်ဆံရေးကိုအခွင့်ကောင်းယူခဲ့သည်။

 

 

သို့သော်လည်း ဝေယွဲ့ က အကျိုးကျေးဇူးတွေဘယ်လောက်ပဲရရှိပါစေ ကိစ္စမရှိဘူး။ အဲ့တာကသူ၏အလွန်အကျွံလုပ်နေတဲ့ လောင်းကစားမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူ့မှာအကြွေးတွေအများကြီးရှိသည်။  နေရာတိုင်းမှာ ငွေစုပြီးရင်တောင် သူပြန်မဆပ်နိုင်သေးဘူး။

 

 

 သူ၏စိတ်ပျက်အားလျော့မှုတွင် ဝေယွဲ့က ငွေရှာရန်အကောင်းဆုံးနည်းလမ်းတစ်ခုကို စဉ်းစားခဲ့ပြီး ယဲ့ဆွေရဲ့ သတင်းအချက်အလက်ကို ပါပါရာဇီထံသို့ ရောင်းခဲ့သည်။

 

 

ယဲ့ဆွေက ယခုအချိန်မှာ အကျော်ကြားဆုံးအမျိုးသမီးအနုပညာရှင်များထဲမှ တစ်ဦးဖြစ်သည်ကို ဝေယွဲ့သိသည်။ သူမနှင့်ပတ်သက်သော သတင်းမှန်သမျှက အင်တာနက် အာရုံခံစားမှုအတွက် လုံလောက်သည်။

 

 

အဲ့တာတောင်သူက ချန် မိသားစုရဲ့ စုဝေးပွဲသို့သွားခဲ့ပြီး ယဲ့ဆွေနဲ့ ချန်ရှု့တို့ အတူတကွ လာတာကို သူ့မျက်လုံးများနှင့် မြင်ခဲ့ရသည်။

 

 

ဝေယွဲ့အတွက် ဤသတင်းကို ထုတ်ဖော်ရန်လွယ်ကူသည်။

 

 

ဝေယွဲ့က ဟူအန်းစတူဒီယိုကို ဆက်သွယ်ပြီး "ငါ့လက်ထဲမှာ ယဲ့ဆွေနဲ့ပတ်သတ်တဲ့ သတင်းတွေရှိတယ် "လို့ပြောလိုက်သည်။

 

 

ဟူအန်းက ယဲ့ဆွေနှင့်ပတ်သက်တဲ့အကြောင်းကိုကြားသောအခါ သူအလွန်စိတ်လှုပ်ရှားသွားသည်။  "ငါတို့ဒီကိစ္စကို မျက်နှာချင်းဆိုင် ဆွေးနွေးကြမယ်"

 

 

ဟူအန်းက ဤသတင်းအချက်အလက်က ဘယ်လောက်အစွမ်းထက်လိမ့်မလဲဆိုတာကို သိသည်။  သူကမနှောင့်နှေးဝံ့တာကြောင့် ဝေယွဲ့ကို လူကိုယ်တိုင်လာတွေ့ခဲ့တယ်။  ဟူအန်းက "မင်းဘာသိတာလဲ?" ဟုမေးလိုက်သည်။

 

 

ဝေယွဲ့က မဖြေဘူး။  သူကပထမဆုံး "မင်းငါ့ကိုဘယ်လောက်ပေးနိုင်လဲ?"လို့ မေးလိုက်သည်။

 

 

ဟူအန်းက နံပါတ်တစ်ခုကို ကိုးကားရန် ခဏစဉ်းစားလိုက်သည်။  ဝေယွဲ့ အလွန်ကျေနပ်သွားသည်။  "ယဲ့ဆွေ ချန် မိသားစုထဲကို မကြာခဏ ဝင်လိုက်ထွက်လိုက်လုပ်နေတာကို ငါသိတယ်။  သူမမှာ ချန် မိသားစုထဲကတစ်ယောက်ယောက်နဲ့ ဆက်ဆံရေးရှိတယ်

 

 

ဝေယွဲ့က မူလက ချန်ရှု့နဲ့  ဇာတ်လမ်းကို ချက်ချင်းပြောပြချင်သော်လည်း ဤသတင်းတစ်ခုတည်းကို သန်းပေါင်းများစွာနှင့် လဲလှယ်နိုင်သည်ကို မြင်သောအခါ အနာဂတ်၌ ငွေကြေးရှားပါးလာသောအခါ သူကဤအကြောင်းကို ပြောရန် ဆုံးဖြတ်ခဲ့သည်။

 

 

ဟူအန်း၏ မျက်လုံးများတောက်ပလာသည်။  "ချန် မိသားစု?  ယဲ့ဆွေက ချန်  မိသားစုနဲ့ အမှန်တကယ်ပဲ ပတ်သက်တာလား? အဲ့လူက ချန်ရှို့လား? "

 

 

ဝေယွဲ့ ခေါင်းယမ်းလိုက်သည်။  "မဟုတ်ဘူး၊ ဒါပေမယ့် အဲ့လူက ဘယ်သူလဲဆိုတာကို ငါမင်းကိုမပြောနိုင်ဘူး"

 

 

ဟူအန်းက မျက်လုံး ကစားလိုက်သည်။  ဝေယွဲ့က ငွေဆက်လက်တောင်းခံခြင်းထက် ဘာကိုမှမယူချင်ကြောင်းကို သူသိသည်။ သို့သော် ဤအချက်အလက်တစ်ခုတည်းက အင်တာနက်ကိုထိတ်လန့်စေလောက်သည်။

 

 

ဟူအန်း - "ဒါဆို မင်း ငါ့ကို တိကျတဲ့ဓာတ်ပုံတွေပေးရမယ်။ ဒါမှ မင်းကို ငါပိုက်ဆံပေးနိုင်မယ်"  သူက ချန်  မိသားစုထဲသို့ မ၀င်နိုင်သောကြောင့် ဝေယွဲ့ကိုသာအားကိုးနိုင်သည်။

 

 

ဝေယွဲ့ သဘောတူလိုက်သည်။ ရက်အနည်းငယ်အတွင်းမှာ ချန် မိသားစု၌ စုဝေးမှုတစ်ခုရှိလိမ့်မည်။  ထိုအချိန်တွင် သူကဓာတ်ပုံအနည်းငယ်ရိုက်နိုင်ပြီး သန်းအနည်းငယ်က သူ၏လက်ထဲတွင် ရှိလာလိမ့်မည်။

 

 

ချန်မိသားစု စုဝေးသည့်နေ့တွင် ဝေယွဲ့က စောစောထပြီး ကားကိုထောင့်တစ်နေရာမှာ ရပ်လိုက်သည်။  သူကအနေအထားကနေ ချန်အိမ်တော် ကိုရောက်လာတဲ့သူအားလုံးကို မြင်နိုင်လောက်သည်။

 

 

ယဲ့ဆွေ၏ကားရောက်လာသည်နှင့် သူက သူမကိုချက်ချင်းမြင်နိုင်သည်။ ဝေယွဲ့က ကင်မရာကိုဖွင့်ထားပြီးပြီ ဖြစ်သည်။ သူမရောက်လာသောအခါ သူဓာတ်ပုံရိုက်လိမ့်မည်။

 

 

ခဏအကြာတွင် ကားများတစ်စီးပြီးတစ်စီး ရပ်တန့်သွားသည်။  ဝေယွဲ့က လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ်စောင့်ကြည့်နေသော်လည်း ကားတွေထဲမှ မည်သည်ကားကမှ ချန်  မိသားစုနဲ့ မသက်ဆိုင်ခဲ့ပေ။

 

 

ယဲ့ဆွေနဲ့ ချန်ရှု့တို့က ချန်  မိသားစုဆီသို့လာတဲ့အချိန်တိုင်း ချန်ရှု့က သူတို့ကိုခေါ်ရန် ကားတစ်စီးပို့လိမ့်မည်ကို သူသိသည်။ အခုတော့ ကားကရောက်မလာသေးဘူး။

 

 

အချိန်အတော်ကြာပြီးနောက် အနက်ရောင်ကားတစ်စီးက ရပ်တန့်သွားခဲ့သည်။ ၎င်းသည် ချန် မိသားစု၏ကားဖြစ်သည်။  ဝေယွဲ့၏ စိတ်များက တက်ကြွလာသည်။ သူကခေါင်းကိုမဆန့်ဘဲ ကားထိုင်ခုံပေါ်မှာမှီပြီး တံခါးကိုအာရုံစိုက်ထားကာ လက်ကိုင်ဖုန်းကိုတိတ်ဆိတ်စွာ မြှောက်လိုက်သည်။

 

 

ယဲ့ဆွေ  ကားပေါ်မှဆင်းလာသည်ကို သူမြင်လိုက်သည်နှင့် ဓာတ်ပုံများစွာကို ဆက်တိုက်ရိုက်လိုက်သည်။  သို့သော်လည်း အဲ့မှာယဲ့ဆွေတစ်ယောက်သာရှိနေပြီး ချန်ရှု့ကို မည်သည့်နေရာမှ ရှာမတွေ့ပေ။

 

 

ယဲ့ဆွေ ကားပေါ်မှဆင်းပြီးနောက် ဝေယွဲ့ လည်း မိနစ်အနည်းငယ်အကြာတွင် ထွက်သွားလိုက်သည်။  သူက ယဲ့ဆွေ နောက်လိုက်သလို ဟန်ဆောင်လိုက်ပြီး ချန်အိမ်တော် ထဲသို့၀င်တော့မည်။

 

 

ယဲ့ဆွေက ရှေ့လျှောက်သွားသည်။  သူမက သူ ဟွာရွေ့မှာ တစ်ခုခုလုပ်နေတယ်ဆိုတော့ ချန်ရှု့ကနောက်မှလာလိမ့်မယ်လို့ သူမထင်ခဲ့သည်။  သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာက ခဏပဲရှိသေးသော်လည်း သူမက သူ့ကို နည်းနည်းလွမ်းနေပြီ။

 

 

သူမ ချန်ရှု့ကို စဉ်းစားနေစဉ်တွင် ပါပါရာဇီက ချန် မိသားစု၏ လူများအား လာဘ်ထိုးပြီး သူမကိုဓာတ်ပုံရိုက်ရန် ဤနေရာတွင်ခိုးကြောင်ခိုးဝှက်ရှိနေမည်ကို သူမ မမျှော်လင့်ထားခဲ့ပေ။

 

 

ဝေယွဲ့က သူ၏ဆဲလ်ဖုန်းကိုမြှောက်ပြီး ယဲ့ဆွေ နောက်ကျောကို ရွယ်ထားသည်။  သူကနောက်ထပ်ပုံအနည်းငယ်ရိုက်လိုက်သည်။  တစ်ချိန်တည်းမှာပင် သူက ချန်အိမ်တော်၏ ဓာတ်ပုံများကိုလည်း ရိုက်ခဲ့သည်။

 

 

ဤဓာတ်ပုံသည် ယဲ့ဆွေ  ချန် မိသားစုဆီသို့ရောက်လာသည်ကို အခိုင်အမာသက်သေပြနေသည်။

 

 

ဝေယွဲ့ အလွန်ဝမ်းသာသွားသည်။  သူက သူ့ဖုန်းကိုထည့်ပြီး ထွက်သွားတော့မည်။ ဒီအချိန်မှာ သူ့နောက်ကနေရုတ်တရက် အသံတစ်ခုကထွက်ပေါ် လာခဲ့သည်။  "မင်းဘာလုပ်နေတာလဲ?"

 

 

ဝေယွဲ့ အံ့အားသင့်သွားသည်။  သူက အိမ်တော်ထိန်းကျောက် ဆိုတာကိုသိဖို့ သူခေါင်းကိုလှည့်လိုက်သည်။  သူကမျက်မှောင်ကြုတ်နေပြီး ဝေယွဲ့က ယဲ့ဆွေအား သူ၏လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်နေသည်ကို သတိထားမိပုံရသည်။ သို့တိုင်အောင် သူအနည်းငယ်မသေချာပေ။

 

 

ဝေယွဲ့က စိတ်ရှုပ်ထွေးနေသော်လည်း သူက အပေါ်ယံမှာတော့ ငြိမ်သက်နေခဲ့သည်။  "ငါ ဘာမှမလုပ်ဘူး"

 

 

အိမ်တော်ထိန်းကျောက်က ယခုချိန်တွင် ယဲ့ဆွေနဲ့ ချန်ရှု့ အပေါ် အလွန်သစ္စာစောင့်သိခဲ့သည်။  သူကဝေယွဲ့ကိုအေးစက်စွာကြည့်လိုက်ပြီး "မစ္စ ယဲ့ဆွေက စတားတစ်ယောက်။  တစ်ချို့အရာတွေက ပြည်သူလူထုကိုပြောပြလို့ မရဘူးဆိုတာ မင်းသိထားသင့်တယ် ”လို့သတိပေးလိုက်သည်။

 

 

ဝေယွဲ့ မျက်နှာက ဖျော့တော့သွားသည်။  အိမ်တော်ထိန်းကျောက်၏ အာရုံများက ဤမျှထက်သန်သည်ကို သူမမျှော်လင့်ခဲ့ပေ။  သူကအပြစ်ရှိတဲ့ခံစားချက်တွေကို ဖုံးကွယ်ဖို့ အဆင်မပြေတဲ့ရယ်မောသံကိုပေးလိုက်သည်။  "ဟုတ်တာပေါ့၊ ငါ အဲ့ဒါကို သိပါတယ်။ "

 

 

အိမ်တော်ထိန်းကျောက် ထွက်သွားပြီးနောက် ဝေယွဲ့က ကားဆီ ချက်ချင်းပြန်လာပြီး ချန်အိမ်တော် မှမောင်းထွက်ကာ ဟူအန်းကို ဓာတ်ပုံပေးပြီးငွေရရှိခဲ့သည်။

 

 

ထိုနေ့ညတွင် ဟူအန်းက ပုံများကိုရယူပြီး စတူဒီယိုက ဆောင်းပါးများကို အွန်လိုင်း၌တင်ခဲ့သည်။

 

 

[သက်သေနှင့်တကွ! ယဲ့ဆွေက ချန်  မိသားစုထဲကို ညဉ့်နက်မှဝင်သွားခဲ့တယ်။ ချန် မိသားစုထဲက တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခဲ့တယ်လို့ သံသယရှိ!]

 

 

 [ယဲ့ဆွေမှာ ချန် မိသားစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ ချန် မိသားစုမှ သံသယရှိတာက ရွှေပေါင်လုံးပဲ  ]

 

 

 [ယဲ့ဆွေ အရင်းအမြစ်များပေါက်ကွဲထွက်လာပြီး ချန် မိသားစုက အဲ့တာရဲ့နောက်ကွယ်မှာရှိနေတယ်! ]

 

 

 ဆောင်းပါးတစ်ခုစီ၏ ခေါင်းစဉ်နှင့်အကြောင်းအရာက အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး ယဲ့ဆွေနဲ့ ချန်မိသားစုကြား မဖော်ပြနိုင်သောဆက်ဆံရေးကို ညွှန်ပြထားသည်။

 

 

ဆောင်းပါးများတွင် ဓာတ်ပုံများစွာ ပါ၀င်သည်။  ပထမအနည်းငယ်တွင် ယဲ့ဆွေ ကားမှထွက်လာတဲ့ပုံဖြစ်သည်။ အခြားပုံအနည်းငယ်က ချန်အိမ်တော် ထဲသို့၀င်ရောက်ခဲ့သည်ကိုပြထားသည်။  ချန်အိမ်တော်၏ ပုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

 

 

ဆောင်းပါးများ အွန်လိုင်းမှာ ပေါ်လာသည်နှင့်တပြိုင်နက် ၎င်းတို့သည် လူကြိုက်များလာသည်။

 

 

ဘာလင်ရုပ်ရှင်ဘုရင်မဆုကို မကြာသေးမီက ဆွတ်ခူးခဲ့သော ယဲ့ဆွေကို မီးမောင်းထိုးပြထားသည်။  သူမရဲ့နာမည်ကိုဖော်ပြပြီးတဲ့နောက်မှာ ကောမန့် အရေအတွက်က အဆများစွာတိုးလာလိမ့်မည်။

 

 

 ဒီသတင်းကလည်း ယောကျ်ားတစ်ယောက်အကြောင်းဆိုတာကို ပြောစရာမလိုတော့ဘူး။  ပရိတ်သတ်တွေမပေါက်ကွဲဘူးဆိုရင် အဲ့တာကထူးဆန်းလိမ့်မည်။  ထို့ပြင်ဤကြေငြာက ယဲ့ဆွေနဲ့သာမက ချန် မိသားစုနှင့်လည်းသက်ဆိုင်သည်။

 

 

အိမ်အတွင်း၌ ယဲ့ဆွေ၏ အသေးစိတ်အချက်များကို ဓာတ်ပုံမရိုက်ရသော်လည်း ဓာတ်ပုံများက သူမ ချန်အိမ်တော်ထဲသို့ ၀င်ရောက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းပြထားသည်။

 

 

ချန်မိသားစုက ချမ်းသာကြွယ်ဝမှုနှင့် စွမ်းအားများပြည့်ဝခဲ့သည်။  ချန် မိသားစုထဲသို့ အမျိုးသမီးတစ်ဦး၀ င်လာပြီး ထွက်ခွာသွားသောအခါ ၎င်းသည် ပို၍ ပင်စဉ်းစားစရာဖြစ်စေသည်။

 

 

 မိနစ်အနည်းငယ်အတွင်း အင်တာနက်သုံးစွဲသူများ၏ ကောမန့်များက သန်းတစ်ထောင်သို့ ရောက်ရှိခဲ့ပြီး ၎င်းတို့သည် ကြောက်စရာကောင်းသော နှုန်းဖြင့် ကြီးထွားနေဆဲဖြစ်သည်။

 

 

"ဒီဓာတ်ပုံက ဖိုတိုရှောခ့်လုပ်ထားတာလား?  ယဲ့ဆွေမှာ ချန်မိသားစုနဲ့ ဘယ်လိုလုပ် တစ်ခုခုရှိနိုင်မှာလဲ? ပါပါရာဇီရဲ့စိတ်ကို မြည်းတစ်ကောင်က ကန်ပစ်လိုက်တာပဲဖြစ်ရမယ်

 

 

 “ ယဲ့ဆွေနဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်အကြောင်း မကြာသေးခင်က ကောလာဟလတွေ ဘယ်လိုပေါ်ထွက်လာတာလဲ? ငါ အဲဒါကို အကြိမ်ပေါင်းများစွာမြင်ခဲ့ပြီးပြီ။  ဒါက အမှန်ဘဲလို့ သံသယရှိတယ်! "

 

 

"ဟေး မင်း!  မင်းက အရူးလား? တစ်စုံတစ်ယောက်က ယဲ့ဆွေကို လိမ်လည်နေတယ်ဆ်ိုတာ သိသာနေတာပဲ။  သူမက အရမ်းကျော်ကြားတယ်။ လူအချို့က လမ်းကို ပိတ်ဆို့နေတယ် ”

 

 

အချို့သော အင်တာနက် သုံးစွဲသူတွေက အတွေ့အကြုံရှိတယ်လို့ ပြောဆိုခဲ့ပြီး ထိုဓာတ်ပုံကို အတုမဖြစ်နိုင်ကြောင်း ကြေငြာခဲ့သည်။  ဓာတ်ပုံက အစစ်အမှန်ဖြစ်သောကြောင့် ယဲ့ဆွေက ချန်အိမ်တော် ဘာကြောင့် ၀င်လာသလဲဆိုတာကို စဉ်းစားရန်လိုသည်။

 

 

ဟုတ်ပါတယ်၊ ယဲ့ဆွေပရိသတ်များက ၎င်းသည်အမှန်ဆိုတာကို မယုံကြည်ကြပေ။ သူတို့က သူတို့ရဲ့အကြောင်းပြချက်တွေအတွက် တိုက်ခိုက်ကြပြီး သူတို့အိုင်ဒေါရဲ့အပြစ်ကင်းစင်မှုကို ခုခံကာကွယ်ခဲ့သည်။  ယဲ့ဆွေ က ချန်အိမ်တော်ထဲကို ၀င်ခဲ့ရင်တောင် သူမကအခုအရမ်းနာမည်ကြီးနေသည်။  ချန် မိသားစုနဲ့ ယဲ့ဆွေတို့၌ တူညီသော အကျိုးစီးပွားအချို့ရှိသည်မှာ အံ့သြစရာမဟုတ်ပေ။

 

 

ယဲ့ဆွေက ကျော်ကြားလာတာကြောင့် အဲ့လိုမျိုးဖြစ်ပျက်ခဲ့သည်။  သတင်းကို ဖြန့်ဝေသူက အချိန်ကိုက်မလို့ သံသယဖြစ်စရာပဲ၊ ရည်ရွယ်ချက်ရှိရှိ စိတ်ပါဝင်စားလာအောင်လုပ်ခဲ့ပြီး ပို၍ပင်သံသယ ဖြစ်စရာကောင်းသည်။

 

 

သို့သော် အနက်ရောင်သူလျှိုအချို့နှင့် ပေါ့ပေါ့ပါးပါးပရိတ်သတ်အချို့က ယဲ့ဆွေက ဘာကြောင့် ချန်အိမ်တော်ထဲကို ဝင်သွားရတာလဲဆိုတာကို အံ့သြနေကြသည်။ ချန်မိသားစုထဲတွင် တစ်စုံတစ်ယောက်က ယဲ့ဆွေနှင့်ရင်းနှီးသော ဆက်ဆံရေးရှိသည့်ပုဂ္ဂိုလ်ဖြစ်နိုင်သည်။

 

 

ချန်ရှို့ လူတိုင်း၏ သံသယဖြစ်တာကို ခံရသော ပထမဆုံးတစ်ယောက်ဖြစ်သည်။

 

 

 နောက်ဆုံးတော့ ယဲ့ဆွေနဲ့ ချန်ရှိူ့ ကြားက အရှုပ်တော်ပုံကို အင်တာနက်မှာအရင်က ပိုစ့်တင်ခဲ့သည်။  နောက်ဆုံးတွင် ယဲ့ဆွေက ချန်ရှို့ကို ဂရုမစိုက်ကြောင်းအတည်ပြုခဲ့သော်လည်း၊ အနက်ရောင်သူလျှိုများက ယဲ့ဆွေနဲ့ ချန်ရှို့တို့သည် ယခင်ကဆက်ဆံရေးမရှိကြောင်းကို ဆင်ခြင်ခဲ့သည်။ ၎င်းသည် နောက်ပိုင်းတွင် သူတို့အချင်းချင်း ဘာမျှမဆိုင်ဘူးလို့မဆိုလိုပါ။

 

 

ဖြစ်နိုင်တာက သူတို့နှစ်ယောက်က အဲဒါကို အဖုံးအောက်မှာထားဖို့ဆုံးဖြတ်ခဲ့တာဘဲ။

 

 

အနက်ရောင်သူလျှိုတွေရဲ့ အသုံးမကျတဲ့သြဇာက ယဲ့ဆွေရဲ့ပရိသတ်တွေကို ပျက်စီးစေခဲ့ပြီး သူတို့ချက်ချင်းသက်သေရှာဖို့သွားခဲ့ကြသည်။ ပရိသတ်များက လွန်ခဲ့သောခြောက်လအတွင်းက ယဲ့ဆွေနဲ့ ချန်ရှို့ ၏ခရီးစဉ်ကိုပုံကိုတစ်ပုံချင်း၊ ဗီဒီယိုတစ်ခုစီနှင့်အသေးစိတ်များအားလုံးမှ စတင်ရှာဖွေခဲ့ကြသည်။

 

 

ရှုထောင့်မျိုးစုံမှ ခွဲခြမ်းစိတ်ဖြာပြီးနောက် ယဲ့ဆွေ  နှင့် ချန်ရှို့တို့တွေ့ဆုံရန် အခွင့်အလမ်း အလွန်နည်းသည်ကို တွေ့နိုင်သည်။  သူတို့အတူရှိနေခဲ့တဲ့ ဖြစ်စဥ်တစ်ခုလည်းမရှိခဲ့ဘူး။

 

 

ယဲ့ဆွေနဲ့ချန်းယင်တို့ကြား ဆက်ဆံရေးက ပြီးခဲ့တဲ့ သဘာဝလွန်ရှိုးတွင် သူတို့နှစ်ဦးပြန်လည်သင့်မြတ်နေပုံရသည်။ ယဲ့ဆွေနဲ့ ချန်ရှို့မှာသာ တစ်ခုခုရှိခဲ့လျှင် ယဲ့ဆွေ နဲ့ ချန်းယင်တို့က ဒီလောက် သဘာဝကျပါ့မလား?

 

 

ဤခြားနားမှုနှင့် ဘာမှမထူးခြားသည့် သဘောထားကိုကြည့်ခြင်းဖြင့် ယဲ့ဆွေနဲ့ ချန်ရှို့တို့က တစ်ဦးနှင့်တစ်ဦး လုံးဝ မသက်ဆိုင်ကြောင်းကို အချက်အလက်များက သက်သေပြခဲ့သည်။  သူတို့ကတတ်နိုင်သမျှ သူစိမ်းများဖြစ်ခဲ့ကြသည်။

 

 

ချန် မိသားစုမှ ပုဂ္ဂိုလ်တစ်ဦးက ချန်ရှို့ မဟုတ်သောကြောင့် အင်တာနက် သုံးစွဲသူတွေက ထင်ကြေးပေးမှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။  ယဲ့ဆွေက ဘယ်သူနဲ့တွေ့ဖို့အတွက် ချန်အိမ်တော်ကိုသွားခဲ့တာလဲ?

 

 

 “ လူတိုင်းသိကြတဲ့အတိုင်းပဲ ချန်ရှို့ရဲ့အစ်ကိုနှစ်ယောက်က မရှိကြတော့ဘူး။ ပြီးတော့ ချန်ရှီ ကိုဖယ်ထုတ်ပစ်ရမယ်။  ယဲ့ဆွေက ချန် မိသားစုနဲ့ ဆက်စပ်နေတာလား?"

 

 

"ယဲ့ဆွေကငယ်ရွယ်ပြီးလှတယ်။  သူမနဲ့ လိုက်ဖက်တဲ့သူက ထူးချွန်တဲ့သူဖြစ်ရမယ်။ အိုးမိုင်ဂေါ့၊ ငါ့မှာရဲရင့်တဲ့ခန့်မှန်းချက်ရှိတယ်။ အဲ့လူက ချန်မိသားစုရဲ့ အငယ်ဆုံးသားဖြစ်နိုင်တယ်။ ”

 

 

 “ အပေါ်ထပ်က အရမ်းသွက်တယ်။ အဲ့တာကိုစဉ်းစားပြီးနောက်မှာ ချန်မိသားစုရဲ့ အငယ်ဆုံးသားက သံသယဖြစ်ဖွယ်အကောင်းဆုံးပဲ။ သူ့အသက်က အရမ်းလိုက်ဖက်ပုံရတယ်။ ”

 

 

ဟုတ်တယ်၊ ချန်မိသားစုမှာ နှစ်ပေါင်းများစွာမဖော်ထုတ်ခဲ့တဲ့ အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့ သားငယ်တစ်ယောက်ရှိတယ်ဆိုတာကို လူတိုင်းမေ့နေပုံရသည်။

 

 

ချန်ရှီက သူ့မှာသားငယ်လေးရှိတယ်ဆိုတာကို ကြေငြာကတည်းက သူ့အကြောင်းထင်ကြေးတွေအများကြီးရှိသည်။  သို့သော် ယခုအချိန်ထိ ချန်ရှီက ချန် မိသားစု၏ အငယ်ဆုံးသားနှင့် ပတ်သက်၍ အခြားမည်သည့်သတင်းမျှမထုတ်ပြန်သေးပေ။

 

 

 သူ့နာမည်ကို ဘယ်သူမှတောင်မသိကြဘူး။  သူပိုပြီး လျှို့ဝှက်ထားလို့မရတော့ဘူး။

 

 

ဒါပေမယ့် ချန်ရှီက သူ့သားအငယ်ဆုံးက ငယ်ရွယ်ပြီးအလားအလာကောင်းတယ်လို့ပြောခဲ့သည်။  ဒီအချက်အလက်တွေအရ ယဲ့ဆွေ  ဟာ ချန် မိသားစုထဲက တစ်ယောက်ယောက်နဲ့ တကယ်ပဲ ဆက်ဆံရေးရှိခဲ့ရင် သူမနဲ့သူက ဆက်စပ်နေလိမ့်မည်။

 

 

လူတိုင်းဤအဆင့်သို့ရောက်ခဲ့ကြသော်လည်း ဟွာရွေ့၏ ဥက္ကဌချန်က ချန် မိသားစု၏ အငယ်ဆုံးသားဆိုတာကို အဘယ်သူမှ မချိတ်ဆက်မိခဲ့ကြပေ။

 

 

အကြောင်းပြချက်မှာလည်း သိသာထင်ရှားသည်။ ချန်ရှီက ဘီလျံပေါင်းများစွာသောကုမ္ပဏီတစ်ခုဖြစ်ခဲ့ပြီး ဟွာရွေ့၏ဥက္ကဌ ချန်က အစကတည်းက အဆင့်မီပြီး နောက်ခံမရှိသောသူတစ်ဦး ဖြစ်သည်။  သူကအကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီကို သူကိုယ်တိုင်တည်ဆောက်ခဲ့သည်။

 

 

 သူတို့နှစ်ယောက်လုံးက လုံးဝမသက်ဆိုင်သလိုပဲ။

 

 

ဤအချိန်တွင် အနက်ရောင်သူလျှိုတစ်ဦး က အခြားရှုထောင့်တစ်ခုကိုတင်ပြခဲ့သည် - ယဲ့ဆွေရဲ့ အရင်းအမြစ်တွေက ချန်  မိသားစုကြောင့် ဒီလောက်ကောင်းနိုင်လား?

 

 

ယဲ့ဆွေ ပွဲဦးထွက်ကတည်းက သူမအရမ်းပြောင်းလဲသွားခဲ့သည်။  သူမရဲ့အပြုအမူကနေ သရုပ်ဆောင်စွမ်းရည်အထိ၊ ဖက်ရှင်အရင်းအမြစ်တွေ ပေါက်ကွဲလာတာကို ဘယ်သူမှ အသိအမှတ်ပြုတာမရှိသလို အရာအားလုံးက သီးခြားစီဖြစ်နေသည်။

 

 

တစ်ယောက်က ယဲ့ဆွေ၏ အောင်မြင်မှုကို ကျောထောက်နောက်ခံရှိတဲ့သူတစ်ဦးကြောင့်လို့ သံသယ၀င်ခဲ့သည်။  ဒီကျောထောက်နောက်ခံက ချန် မိသားစုသာဖြစ်ခဲ့ရင် အရာအားလုံးက အဓိပ္ပာယ်ရှိလိမ့်မည်။

 

 

ဤကြေညာချက်က အလွန်ဆိုးရွားပြီး ယဲ့ဆွေ၏ ကြိုးစားအားထုတ်မှုအားလုံးကို ဆန့်ကျင်လုနီးပါးဖြစ်ခဲ့သည်။

 

 

ပရိသတ်တွေက အရမ်းဒေါသထွက်ပြီး သူတို့က သူတို့ရဲ့ခြေထောက်ပေါ်ခုန်တက်ပြီး ပြင်းပြင်းထန်ထန် ပြန်ပြောခဲ့ကြသည်။  ယဲ့ဆွေက ချန် မိသားစု၏ တံခါးထဲသို့ ၀င်ခဲ့သည်။ တူညီသောပုံထဲ၌ ယောက်ျားတစ်ယောက်ပုံပင်မပါချေ။ ရွှေသခင်ကြီးက ဘယ်မှာလဲ? ကျောထောက်နောက်ခံက ဘယ်မှာလဲ?

 

 

တူညီသောဘောင်ထဲတွင် ယဲ့ဆွေနဲ့ ယောကျ်ားတစ်ယောက်ရဲ့ပုံမပါဘဲ သူတို့ကသတင်းကိုမယုံကြပေ။

 

 

ယဲ့ဆွေ၏ သရုပ်ဆောင်စွမ်းရည် အားလုံးက သိသာထင်ရှားသည်။  တစ်ဦးကိုတစ်ဦး ကျောထောက်နောက်ခံပြုခြင်းဖြင့် ဤအလွန်ကောင်းမွန်သော အရည်အချင်းတွေကို ဘယ်လိုပျိုးထောင်နိုင်မှာလဲ? လူတိုင်းရဲ့မျက်လုံးတွေ ကန်းသွားကြတာများလား?

 

 

ထားပါတော့ ယဲ့ဆွေ ရရှိခဲ့သောဆုက ဘာလင်ရုပ်ရှင်ဘုရင်မဖြစ်ခဲ့ပြီး အခြားသူများက တစ်သက်တာလုံးအတွက် ဂုဏ်ယူဝံ့ကြွားရန် လုံလောက်သည်။  ချန်မိသားစု၏ သားအငယ်ဆုံးသားက မည်မျှပင်အစွမ်းထက်နေပါစေ သူ့ကျော်ကြားမှုက ပြည်ပကိုရောက်နိုင်လား?

 

 

အတိုချုပ်အားဖြင့် ဤကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုက ဆက်လက်မြင့်တက်လာပြီး အကြောင်းအရာသစ်များက ပေါ်ထွက်လာသည်။

 

 

ယဲ့ဆွေနဲ့ချန်မိသားစု အငယ်ဆုံးသား၊ တစ်ယောက်ကပူပူနွေးနွေးမင်းသမီးတစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်က မိသားစုထဲမှာ အဆန်းကြယ်ဆုံးအဖွဲ့ဝင်ဖြစ်သည်။ သူတို့ထဲက တစ်ယောက်တည်းရဲ့သတင်းဟာ မီဒီယာကို ဇောက်ထိုးလှန်ဖို့ လုံလောက်သည်။

 

 

ပြီးတော့အခုလည်း ဤမြင့်မြတ်သော ဆွေးနွေးခံရသူနှစ်ဦးက ပေါင်းစည်းခဲ့ကြပြီး ရင်းနှီးသော ဆက်ဆံရေးမျိုးရှိကောင်းရှိနိုင်သည်။  လူထုရဲ့ထင်မြင်ယူဆချက်က စွဲမြဲနေတုန်းပဲ။