အပိုင်း ၁၁၉
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၁၉ - အစမ်းသရုပ်ဆောင်ခြင်း

 

 

 

သခင်ကြီး ချန်ရှီက အင်တာနက်က ယဲ့ဆွေရဲ့ သတင်းကိုမြင်သောအခါ သူကတရားခံအကြောင်းကို အံ့သြလျက် ဒေါသထွက်လာသည်။

 

 

 ချန်အိမ်တော်က ချန်မိသားစုဝင်များကိုသာ အမြဲဝင်ခွင့်ပြုခဲ့သည်။ ပါပါရာဇီက ယဲ့ဆွေရဲ့ ဓာတ်ပုံတွေကို ဘယ်လိုရိုက်လို့ရသွားတာလဲ?  ဒီသတင်းအချက်အလက်ကို ပါပါရာဇီဆီကို ပေါက်ကြားစေတဲ့သူတစ်ယောက်ရှိရမည်။

 

 

 ချန်ရှီရဲ့ ပထမဆုံးတုံ့ပြန်မှုက ချန်ရှို့ ပြုလုပ်ခဲ့တယ် ထင်တာဖြစ်သည်။

 

 

 ချန်ရှို့က ချန်ရှု့ကို အမြဲရန်စခဲ့သည်။  သူ ချန်ရှု့ရဲ့  တည်ရှိမှုကိုကြေညာပြီးနောက်မှာ ချန်ရှို့က ချန် မိသားစုထံလာပြီး ချန် မိသားစု၏ ဆက်ခံသူအကြောင်းမေးမြန်းခဲ့သည်။

 

 

 ချန်ရှီ မျက်နှာပျက်သွားသည်။  သူက ချန်ရှို့ ကိုသတိပေးခဲ့ပေမယ့် ယဲ့ဆွေနဲ့ ချန်ရှု့ကို အရှက်ရစေချင်တဲ့ သူ့နှလုံးသားထဲမှာ မကောင်းတဲ့အတွေးတွေရှိနေသေးသည်။

 

 

 ချန်ရှီက ထိုအကြောင်းကို ပိုတွေးလေလေ သူပိုစိတ်ဆိုးလေဖြစ်သည်။  အဆုံးမှာတော့သူက ချန်ရှို့ကို ချက်ချင်းဖုန်းဆက်ပြီး ချန်အိမ်တော်ကို ချက်ချင်းလာခဲ့ဖို့ပြောခဲ့သည်။

 

 

 ဖုန်းလက်ခံရရှိပြီးနောက်မှာ ချန်ရှို့က သူ့နှလုံးသားထဲ ဆိုးရွားသော ခံစားချက်ရရှိခဲ့သည်။  သူ့အဖိုးကသူ့ကိုဘာလို့ရှာနေတာလဲ? သူ့လေသံက ကျေနပ်ပုံမပေါ်ဘူး။

 

 

 ချန်ရှို့က ခက်ခက်ခဲခဲ စဉ်းစားပြီးတာတောင် အကြောင်းပြချက်ကို မဖော်ထုတ်နိုင်ခဲ့ပေ။  သူကတစ်လှမ်းပြီးတစ်လှမ်း သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိချေ။

 

 

 ချန်ရှို့ ချန်အိမ်တော်ကို ရောက်တာနဲ့ ချန်ရှီက  "ခွေးကောင်" လို့အော်လာသည်။ လက်ဖက်ရည်ခွက်သည်ဝေါခနဲအတူလိုက်ပါသွားပြီး တံခါးဆီသို့ ဦး တည်သွားသည်။

 

 

 ချန်ရှို့က တချိန်လုံး သတိထားနေသူဖြစ်တာကြောင့် အမြန် ရှောင်တိမ်းခဲ့သည်။  လက်ဖက်ရည်ခွက်က သူ့နံဘေးကကျော်ဖြတ်ပြီး တံခါးဘောင်ကိုရိုက်သွားသည်။

 

 

 သူ့နှလုံးသားက သက်တောင့်သက်သာရှိသော်လည်းအနည်းငယ် ကြောက်ရွံ့နေဆဲဖြစ်သည်။

 

 

 ချန်ရှီက ချန်ရှို့ကိုစိုက်ကြည့်လိုက်သည်။  "ဟို ခွေးကောင်၊ ဒီကိုလာခဲ့!"

 

 

 ချန်ရှို့ စိတ်ထိခိုက်သွားသည်။  "အဖိုး ကျွန်တော့်ကို ဘာလို့ ဆူပူနေတာလဲ?  အနည်းဆုံးတော့ အကြောင်းပြချက်ပေးဦး "  ဘယ်လိုဘဲပြောပြော ချန်ရှို့က မသွားဘဲတံခါးကို ဆွဲဖွင့်သော နေရာ၌ အမြစ်တွယ်နေသည်။

 

 

 ချန်ရှီက ကျိန်ဆဲလျက် ရှေ့မဆက်မီအနည်းငယ်အသက်ပြင်းပြင်းရှူလိုက်ပြီး မင်းဘာတွေလုပ်ခဲ့လဲကြည့်ဦး ယဲ့ဆွေက ချန်အိမ်တော်ကို ရောက်လာတဲ့ပုံက   အင်တာနက်မှာ ဓာတ်ပုံတွေရှိနေပြီး ယဲ့ဆွေက ချန်  မိသားစု၀င်တစ်ဦးနဲ့ ချစ်ကြိုက်ကြောင်း ပြောနေခဲ့တယ်။ ဒီလိုကောလဟာလတွေ အပြင်မှာပျံသန်းဖို့ မင်းကလွဲရင်ဘယ်သူဖြစ်နိုင်မှာလဲ?"

 

 

 "မင်းက မင်းရဲ့ ဦးလေးကို အမြဲပစ်မှတ်ထားတာ ငါမသိဘူးလို့မထင်နဲ့။ "

 

 

 ချန်ရှို့ အံ့သြသွားသည်။  သူဘာမှမလုပ်ခဲ့ပေ။  သူဘာကြောင့် အပြစ်တင်ခံရတာလဲ?  သူက သူ့လက်ကိုအလျင်အမြန် ဝှေ့ယမ်းလိုက်သည်။  "မှားသွားပြီ အဖိုး ကျွန်တော် ဒီလိုနှလုံးသားမဲ့တဲ့ အမှုကို မလုပ်ဖူးဘူး!

 

 

 “ တတိယဦးလေးက ဟွာရွေ့ ရဲ့ ဥက္ကဌချန် ဆိုတာကိုကျွန်တော် သိတာကြာပြီ။  ကျွန်တော် တတိယဦးလေး၊ဒေါ်လေးတို့နဲ့  ညစာစားခဲ့တယ်။ အခုကျွန်တော် တို့မှာအရမ်းကောင်းတဲ့ဆက်ဆံရေးရှိတယ်။ ကျွန်တော် သူ့ကိုပိုကျေနပ်ဖို့မစောင့်နိုင်တော့ဘူး "

 

 

 ချန်ရှီရဲ့ အမူအရာက သူ့ကိုမယုံကြောင်းပြလာသည်။

 

 

 ချန်ရှို့က အသံကိုမြှင့်လိုက်ပြီးသူ၏လက်ကိုမြှောက်လိုက်သည်။  “ ကျွန်တော် ကတိတည်တယ်၊ အမှန်အတိုင်းပြောတာ။  လိမ်ညာမှုရှိရင်မိုးကြိုးပစ်ခံရပါစေ"

 

 

 “ အဖိုး ကျွန်တော့်ကို မယုံသေးဘူးဆိုရင် ဖုန်းဆက်ပြီး ဒေါ်လေးကို မေးလိုက် အဖိုးကို ကျွန်တော် တကယ်မလိမ်ခဲ့ဘူး။ "

 

 

 ချန်ရှီ အံ့သြသွားသည်။  "မင်းဘာပြောလိုက်တာလဲ ? ချန်ရှု့က ဟွာရွေ့ရဲ့ ဥက္ကဌချန် လား? "

 

 

 ချန်ရှို့ - "ဟုတ်တယ်။  ဦးလေးက အရမ်းအံ့သြဖို့ကောင်းတယ်။  ဟွာရွေ့ကို သူတစ်ဦးတည်း တည်ထောင်ခဲ့ပြီး ကျွန်တော်လည်း အဲဒါကိုမကြာသေးခင်ကမှ သိခဲ့ရတာ "

 

 

 ချန်ရှီက အလွန်ထိတ်လန့်တုန်လှုပ်သော အခြေအနေတွင်ရှိနေဆဲဖြစ်သည်။ အချိန်အတော်ကြာစဉ်းစားပြီးနောက် သူ၏တိမ်ဖုံးနေသော အမြင်အာရုံသည်ကြည်လင်လာသည်ကို သူခံစားရသည်။

 

 

 ချန်ရှု့က သူရင်းနှီးမြုပ်နှံမှုတွေ လုပ်နေတယ်လို့ သူ့ကိုယ်ပြောခဲ့သည်။ ဒါပေမယ့် သူဘာလုပ်နေလဲဆိုတာကို သူ မရှင်းပြခဲ့ဘူး။

 

 

 ကိုယ်ပိုင်ဂျက်လေယာဉ်၊ လျှို့ဝှက်ဆန်းကြယ်သောလက္ခဏာနှင့် ဥက္ကဌချန်လို အဓိကအချက်ကျတဲ့   ...

 

 

 ချန်ရှီက ခါးသီးစွာပြုံးလိုက်သည်။  ချန်ရှီက ချန်  မိသားစု အရိုက်အရာကို ဆက်ခံသူဖြစ်လာမယ်လို့ ပြောသောအခါ သူလုံးဝမတုန်လှုပ်ခဲ့ပါ။  နောက်ဆုံးတော့ ချန်မိသားစုက ဟွာရွေ့နဲ့ နှိုင်းယှဉ်စရာ ဘာတစ်ခုမှမရှိခဲ့ပေ။

 

 

 ချန်ရှီက သူမပြောခင် ခဏလောက်စဉ်းစားလိုက်သည်။ "မင်း မလုပ်ရင် ဒါက ချန်မိသားစုထဲကတစ်ယောက်ယောက် နောက်မှာရှိနေတာကိုဆိုလိုတာဘဲ"  သူကိုယ်တိုင် ဒီကိစ္စကို စုံစမ်းစစ်ဆေးလိမ့်မည်။

 

 

 ချန်ရှီက လေးနက်စွာကြည့်လိုက်သည်။  "ဒါပေမယ့် မင်းမလုပ်ခဲ့ရင်တောင်၊ တစ်ချို့လူတွေရဲ့အတင်းအဖျင်းတွေကို ရှောင်ဖို့၊ ဒီအချိန်မှာ မင်းဒီကိုမလာသင့်ဘူး"

 

 

မဟုတ်ရင် လူတွေက ယဲ့ဆွေနဲ့ ချန်ရှို့မှာ အချစ်ဇာတ်လမ်းရှိတယ်လို့ ကောလဟာလတွေဖြန့်ပြီး ယဲ့ဆွေကို ဒုက္ခရောက်စေသည်။

 

 

 ချန်ရှို့ကပခုံးတွန့်ပြပြီး ပြောလာသည်။ "အိုကေ"

 

 

 ချန်ရှို့ပြန်သွားပြီးနောက်မှာ သူကချက်ချင်းဘဲ သူ့အဖွဲ့အား စုံစမ်းမှုစတင်ဖို့နဲ့ အင်တာနက်ပေါ်က ဆွေးနွေးချက်များအားလုံးကို ဖယ်ရှားခဲ့သည်။

 

 

 ဟွာရွေ့၏ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အင်တာနက်ပေါ်တွင်သတင်းများကို နှိမ်နင်းရန်စီစဉ်ခဲ့သော်လည်း ၎င်းတို့ကို မလုပ်ဆောင်ခင် ယဲ့ဆွေက ချန်အိမ်တော်ထဲကို ၀င်ရောက်ခဲ့သည်ဟူသော သတင်းမှာပျောက်ကွယ်သွားတာကို သူတို့တွေ့ရှိခဲ့သည်။

 

 

 ၀န်ထမ်းများက အလွန်ထူးဆန်းသွားသည်။  ဘယ်သူက ၀င်လုပ်ခဲ့တာလဲ?

 

 

 ယခုတစ်စုံတစ်ဦးက သူတို့ကိုကူညီခဲ့သဖြင့် သူတို့အချိန်အများကြီး သက်သာခဲ့သည်။  ထို့နောက် သူတို့သည် အခြားသတင်းများကို တွန်းထုတ်ပြီး လူတိုင်း၏ အာရုံကိုလွှဲပြောင်းပေးခဲ့သည်။

 

 

 ဆောင်းပါးများကို ဖယ်ရှားပြီးနောက်မှာ ချန်ရှို့က ချန်ရှု့ကိုခေါ်ခဲ့သည်။  “ ဦးလေး၊ ငါ မင်းအတွက် အင်တာနက်ပေါ်က သတင်းတွေကို ဖြေရှင်းပြီးပြီ။  မင်းနဲ့ဒေါ်လေး အတွက် စိတ်မပူနဲ့တော့ ”

 

 

 “ ကျေးဇူးပြုပြီး မင်း ငါ့အကူအညီလိုရင်ပြောပါ။  ငါအကောင်းဆုံးကြိုးစားမယ်။ ”

 

 

 ချန်ရှု့နဲ့ယဲ့ဆွေတို့က ချန်ရှို့ရဲ့ အကျင့်ကိုသိပြီးနောက် သူတို့အံ့သြသွားကြသည်။ နောက်ဆုံးတော့ ချန်ရှို့က သူနဲ့ပတ်သတ်တဲ့သတင်းတွေကို ကိုင်တွယ်နေရင်တောင် ဒါကို လူအများကြီးက ဂရုမပြုမိခဲ့ဘူး။

 

 

 အရင်ကနဲ့ယှဉ်ရင် ချန်ရှို့က ခုချိန်မှာပိုပျော်ဖို့ကောင်းနေပြီ။

 

 

 ချန်ရှီက အင်တာနက်ပေါ်တွင် သတင်းပျောက်သွားသည်ကိုမြင်သောအခါ နောက်ဆုံး သူစိတ်သက်သာရာရသွားခဲ့သည်။  သို့သော်လည်း သူနောက်ထပ်လုပ်စရာတစ်ခုရှိသေးသည်။ ချန်ရှု့ရဲ့အမေ ရှန်းယွင် တရုတ် ပြန်လာတာကို သူသိသည်။

 

 

 ရှန်းယွင်က ချန်ရှု့ကို အရင်သွားတွေ့မှာဖြစ်ပြီး သူက သူမကို တွေ့ချင်မှာမဟုတ်ဘူး။ ချန်ရှီက ရှန်းယွင်ကို ချန်ရှု့အားထပ်မံနှောင့်ယှက်ဖို့ခွင့်မပြုပေ။  သူကဒီပြဿနာကိုဖြေရှင်းဖို့ ချန်ရှု့ကိုကူညီလိမ့်မည်။

 

 

 ဒါက ချန်ရှု့အတွက် သူလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်ပြီး သူ့ကိုအပြစ်ဖြေဖို့ အခွင့်အလမ်းလည်း ပေးခဲ့တာဖြစ်သည်။

 

 

 ချန်ရှိက ရှန်းယွင်ရဲ့ဖုန်းကို ခေါ်လိုက်သည်။  ဖုန်းမဆက်မီ သူ့စကားက ရှုပ်ထွေးနေဆဲဖြစ်သည်။  စက္ကန့်အနည်းငယ်အကြာတွင် ရှန်းယွင်ရဲ့ အသံက လိုင်း တစ်ဖက်မှထွက်လာသည်။  "ရှင်က ?"

 

 

 ချန်ရှီက အသက်ရှူချောင်သွားသည်။  “ မင်းအရမ်းမေ့တက်နေပြီပဲ။ မင်း ငါ့အသံတောင်မမှတ်မိဘူးလား?"

 

 

 ရှန်းယွင်က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးသူမက ပြောခဲ့သည်။  "ရှင် ကျွန်မကို ဘာလို့ရှာတာလဲ? "

 

 

 ချန်ရှီ - "ချန်ရှု့ အကြောင်း ငါ မင်းနဲ့ စကားပြောချင်တယ်။  လူချင်းတွေ့ကြရအောင် "

 

 

 ရှန်းယွင်က သဘောတူလိုက်ပြီး သူတို့နှစ်ယောက်တွေ့ဆုံဖို့ အချိန်ကို ဆုံးဖြတ်လိုက်သည်။  ထိုနေ့တွင် ချန်ရှီသည် သီးသန့်အခန်းကို ပထမဆုံးရောက်လာပြီး ရှန်းယွင်ကို စောင့်နေသည်။

 

 

 ခဏအကြာ ရှန်းယွင် တံခါးကို ဖွင့်လိုက်သောအခါ ချန်ရှီက ထိုလှုပ်ရှားမှုကို ကြားလိုက်ရပြီး အပေါ်သို့ကြည့်လိုက်သည်။  သူမက သူ့အနား လျှောက်လာပြီးသူနှင့်ဆန့်ကျင်ဘက်မှာထိုင်လိုက်သည်။

 

 

 ရှန်းယွင်က ချန်ရှီ ရှေ့တွင်ထိုင်နေသည်။  ဤသည်မှာနှစ်ပေါင်းများစွာကြာပြီးမှ သူတို့နှစ်ဦး၏ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။

 

 

 ချန်ရှီက ရှန်းယွင်ကို ကြည့်လိုက်သည်။  ဒီတစ်ကြိမ် သူမကိုပြန်တွေ့တာနဲ့ သူ့စိတ်တွေတည်ငြိမ်သွားပြီး လှိုင်းတွေမရှိတော့ဘူးလို့သူထင်ခဲ့သည်။

 

 

 သူမည်မျှဒေါသထွက်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေအရာအားလုံးက အတိတ်မှာဖြစ်ခဲ့သည်။

 

 

 ဒါပေမယ့် ချန်ရှီက ရှန်းယွင်နဲ့ တကယ်တွေ့သောအခါသူ့ဒေါသက ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့သည်။

 

 

 ချန်ရှီက သူ့ပြင်းထန်သော စိတ်ခံစားမှုများကို ငြိမ်းချမ်းစေဖို့ အသက်ပြင်းပြင်း ရှူလိုက်သည်။  ထို့နောက် သူက လက်ဖက်ရည်တစ်ခွက်ကို ယူလိုက်ပြီး ရှန်းယွင် ရှေ့တွင် အသာအယာချထားလိုက်သည်။  ထို့နောက် သူက ရှန်းယွင်ကို မကြည့်ဘဲ သူ့လက်ကိုပြန်ရုတ်လိုက်သည်။

 

 

ရှန်းယွင်က ထိိုအချိန်တုန်းက ချန်ရှီနဲ့ ချန်ရှု့တို့ကို စွန့်ပစ်ခဲ့သည်ကိုသိသည်။  သူမမှားတာကို သူမနားလည်တယ်၊ ဒါကြောင့် ရေခဲကို ဘယ်လိုချိုးရမှန်းမသိဘူး။ ချန်ရှီ ပေးလိုက်သော လက်ဖက်ရည်ခွက်ကို သူမမြင်လိုက်ရသောအခါ သူမအနည်းငယ်အံ့သြသွားသည်။

 

 

 ချန်မိသားစုရှိ လက်ဖက်ရည်ရနံ့သည် သူမနှာခေါင်း၌လွှမ်းမိုးခဲ့သည်။ သူကဒီလက်ဖက်ရည်ကိုအကြိုက်ဆုံးဆိုတာကိုတောင် မှတ်မိသေးသည်။

 

 

 ရှန်းယွင် အလွန်ရှက်သွားသည်။ သူမ ချန်ရှီကိုမရင်ဆိုင်ဝံ့ဘဲ မေးလာသည်။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘယ်လိုနေလဲ? "

 

 

 ရှန်းယွင် တရုတ်ကို ပြန်လာပြီးနောက် သူမသည်လည်း ချန်ရှီအကြောင်းကို စုံစမ်းမေးမြန်းခဲ့သည်။  သူမထွက်သွားပြီးနောက် ချန်ရှီက ဘယ်တော့မှ နောက်အိမ်ထောင်မပြုကြောင်း သူမသိသည်။

 

 

 ခဏအကြာ ချန်ရှီက အေးစက်စွာပြောခဲ့သည်။ " ငါအဆင်ပြေတယ်လို့ မင်းထင်လား? "

 

 

 ရှန်းယွင် တိတ်ဆိတ်သွားသည်။

 

 

 ချန်ရှီက မျက်မှောင်ကြုတ်လိုက်သည်။  “ မင်းမှာငါ့အတွက် ခံစားချက်မရှိဘူးဆိုတာ ငါသိတယ်။  ငါမင်းကိုကောင်းကောင်းသိလောက်ပြီလို့ ထင်ခဲ့ပေမယ့် မင်း ဒီလောက် ရက်စက်လိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး "

 

 

 ရှန်းယွင်သည် ထိုအချိန်က ချန်ရှု့ကို စွန့်ပစ်လိုက်သည်။  သူက သူမကိုနေဖို့ ဘယ်လိုပဲတိုက်တွန်းနေပါစေ သူမကမားမားမတ်မတ် ထွက်ခွာသွားဆဲပဲ။

 

 

 ရှန်းယွင် - “ အဲဒီတုန်းကကျွန်မ အမှားလုပ်ခဲ့တယ်။  ကျွန်မ ရှင့်ကိုမတရားလုပ်ခဲ့မိတယ် "

 

 

 ချန်ရှီက အတိတ်မှ အကြောင်းအရာများကို မဖော်ပြချင်ဘဲမျက်လုံးများကို မှိတ်ထားလိုက်သည်။  ဒီနေ့သူလာရတဲ့ရည်ရွယ်ချက်ကို သူမှတ်မိသည်။  “ မင်းအခုပြန်လာတာကြာပြီ။  မင်း ချန်ရှု့နဲ့တွေ့ပြီးပြီလား?"

 

 

 ရှန်းယွင် လန့်သွားပြီးအနည်းငယ်ပျော်သွားသည်။  "ချန်ရှု့ ရှင့်ကိုပြောဖူးတာလား? "ဒါဆို ချန်ရှု့က သူမကိုဖော်ပြနေဆဲဖစ်လိမ့်မည်။

 

 

 ချန်ရှိက ရှန်းယွင်ကို အကြင်နာမဲ့စွာဓားနဲ့ထိုးလာသည်။  "ချန်ရှု့က မင်းအကြောင်းဘာမှမပြောဘူး။ ချန်ရှု့ ရဲ့နှလုံးသားထဲမှာ မင်းက သူ့အမေဖြစ်နေတုန်းဘဲလို့ မင်းထင်နေတာလား? "

 

 

 ရှန်းယွင်ရဲ့ မျက်နှာက ဖြူဖျော့သွားပြီး သူမခေါင်းက ဖြည်းဖြည်းချင်း ငုံ့သွားသည်။

 

 

 ချန်ရှီက ရှန်းယွင်ကို ရှုပ်ထွေးသော အမူအရာဖြင့်ကြည့်လိုက်သည်။  “ ငါတို့က အနည်းဆုံးနှစ်အနည်းငယ်ကြာအောင် လင်နဲ့မယားဖြစ်ခဲ့တယ်။  မင်းရဲ့စရိုက်ကိုနည်းနည်းနားလည်မယ်ထင်ခဲ့တယ် "

 

 

 “ မင်းက အကြောင်းပြချက်တစ်ခုနဲ့လုပ်နေတာ။  အကြောင်းပြချက်မရှိရင် ချန်ရှု့ဆီကို မပြောနဲ့မင်းတရုတ်ကိုတောင် ပြန်လာမှာမဟုတ်ဘူး "

 

 

 ချန်ရှီက တည်ငြိမ်စွာကြည့်လိုက်ပြီး ပြောခဲ့သည်။ "​ပြောပါ  မင်းဒီကို ဘာအတွက်လာတာလဲ?" ရှန်းယွင်ရဲ့ ရည်ရွယ်ချက်ကို သိတာနဲ့ သူက ဤကိစ္စကိုဖြေရှင်းနိုင်သည်။ 

 

 

 ရှန်းယွင်က ပြောခဲ့သည်။ “ ဒီအချိန်တရုတ်ကိုပြန်ရောက်လာတာ ကျွန်မလက်ထဲမှာ ပိုက်ဆံအများကြီးရှိတယ်။  ဒါတွေ အားလုံးကို ချန်ရှု့ ကိုပေးချင်တယ် "

 

 

 "ဒါက ချန်ရှု့အတွက် ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုနေရာကိုပေးနိုင်တယ်။  ဒီရန်ပုံငွေတွေနဲ့ လုပ်ငန်းတစ်ခုစလုပ်ရင် သူကပိုကောင်းတဲ့ အနေအထားမှာရှိလိမ့်မယ် ”

 

 

 ချန်ရှီက ရှန်းယွင်ကို စက္ကန့်အနည်းငယ်ကြည့်ပြီးရုတ်တရက်ပြုံးလိုက်သည်။   "ဒါဆိုဒီအချိန်အားလုံးပြီးသွားရင် မင်းနောက်ဆုံးသူ့ကိုစဉ်းစားမိတာလား? မင်းအသက်ကြီးရင် မင်းဘေးမှာ ဘယ်သူမှမရှိမှာကို မကြောက်ဘူးလား? ”

 

 

 ရှန်းယွင်ရဲ့ မျက်နှာက ပိုမိုကြည်လင်လာသည်။  သူမက သူမရဲ့အမှားတွေကို ဖြေရှင်းဖို့ သားဖြစ်သူကို ရှာချင်ခဲ့သည်။

 

 

 ချန်ရှီက ခေါင်းတလား၌ နောက်ဆုံးကိုထားလိုက်သည်။ "ချန်ရှု့က ဟွာရွေ့ရဲ့ ဥက္ကဌချန်ဆိုတာ မင်းသိလား? သူ့လက်ချောင်းတွေကနေ နည်းနည်းယိုစိမ့်လာတာတောင် မင်းဘ၀မှာ မင်းစိတ်ကူးလို့မရတဲ့အရာပဲ! "

 

 

 ရှန်းယွင်က မယုံသင်္ကာဖြင့်ခေါင်းကို မော့လိုက်သည်။  ဘာ?

 

 

 ချန်ရှီက အေးစက်စွာပြောခဲ့သည်။ “ ချန် မိသားစုပိုင်ဆိုင်မှုတွေနဲ့ မင်းလက်ထဲက ရန်ပုံငွေတွေက ဟွာရွေ့နဲ့ နည်းနည်းမှတောင် နှိုင်းယှဉ်လို့မရဘူး ”

 

 

 "ချန်ရှု့ကို မင်းရဲ့ပိုက်ဆံအားလုံးကို ပေးချင်တာလား?  ဟမ့် မင်းက မင်းရဲ့မိုက်မဲတဲ့စိတ်ကူးကို အခုထိစွဲမြဲနေသေးတယ်လား? ”

 

 

 သူ့စကားလုံးတိုင်းက မထင်မှတ်ဘဲ ရှန်းယွင်ရဲ့ ရယ်စရာစိတ်ကူးယဉ်မှုများအား လှောင်ပြောင်လာသည်။

 

 

 ရှန်းယွင်က သူ့ကိုမယုံနိုင်ခဲ့ပေ။  "ရှင်ဘာပြောလိုက်တာလဲ?  ချန်ရှု့က ဟွာရွေ့ရဲ့ ဥက္ကဌချန် လား? "

 

 

 ဒါကဘယ်လိုဖြစ်နိုင်မှာလဲ?   ဒါဘယ်လိုဖြစ်တာလဲ?

 

 

 ချန်ရှီ - "ငါ မင်းကို လိမ်စရာမလိုဘူး။  မင်းသိတဲ့အတိုင်းပဲ ငါတို့ရဲ့လျစ်လျူရှုခြင်းကို ခံရတဲ့သားက မတိုင်းတာနိုင်တဲ့အဆင့်ကို ရောက်သွားပြီ ”

 

 

 ချန်ရှီက သူမအား လိမ်ညာမည်မဟုတ်ကြောင်း ရှန်းယွင် သိသည်။  သူမ၏ ဤဒဏ်ချက်သည် ပြင်းထန်လွန်းသည်။  သူမထိုင်ခုံပေါ်တွင် အားနည်းစွာမှီလိုက်သောအခါ သူမ၏ စိတ်ဝိညာဉ်ပျောက်သွားသလိုပဲ။

 

 

 သူမက ဖျော်ဖြေရေးလောကထဲက ဟွာရွေ့ရဲ့အခြေအနေကို သိသည်။

 

 

 ရှန်းယွင်က ချန်ရှု့အတွက် ဂုဏ်ယူသော်လည်း တစ်ချိန်တည်းမှာပင် သူမ၏နှလုံးသားထဲ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။  ပထမတော့ သူမက သူမရဲ့အပြစ်တွေလျှော်ဖို့ ငွေကိုသုံးချင်ခဲ့ပေမယ့်အခုတော့ ...

 

 

 ရှန်းယွင်က ညည်းညူရင်းပြောခဲ့သည်။ “ အခုကျွန်မမှာပိုက်ဆံရှိတယ်၊ ဒါပေမယ့် သူကမလိုအပ်ဘူး။  ကျွန်မသားကို ဘယ်လိုရွေးနိုင်မလဲ?  ကျွန်မ သူ့ကို ဘယ်လိုပြန်ရနိုင်မလဲ?  "

 

 

 ရှန်းယွင်က သူမမျက်နှာကို ဖုံးအုပ်လိုက်ပြီး မျက်ရည်များစီးကျလာသည်။  “ ကျွန်မ သူ့အတွက် အရမ်းဝမ်းနည်းတယ်။ ကျွန်အမှားလုပ်ခဲ့မိတာ ... "ဒီအချိန်မှာ ရှန်းယွင်က မျှော်လင့်ချက်မဲ့ပြီး အမှောင်ထဲကိုကျသွားတယ်လို့ခံစားရသည်။

 

 

 ချန်ရှီ သက်ပြင်းချလိုက်သည်။  “ သူက အရမ်းကောင်းပါတယ်။  မင်း ချန်ရှု့ကို မင်းရဲ့သားအဖြစ် သတ်မှတ်နေသေးရင် အခုကစပြီး သူ့ကို မရှာသင့်တော့ဘူး။  မင်းနိုင်ငံခြားကို ပြန်သွားနိုင်တယ်

 

 

 ရှန်းယွင် ငိုနေတာကို ရပ်လိုက်ပြီးသူမရဲ့အမူအရာကသစ်သားတုံးလိုပဲ။

 

 

ချန်ရှီ - "မင်းက အမေတစ်ယောက်အနေနဲ့မင်းရဲ့တာဝန်ကိုမကျေပွန်ခဲ့ဖူးဘူး။ ဒါကြောင့် အနာဂတ်မှာ မင်းကို သူက သူစိမ်းတစ်ယောက်လို ဆက်ဆံလိမ့်မယ်"

 

 

 ချန်ရှီ၏ မျက်လုံးထဲတွင် အပြစ်ရှိသလို ခံစားလိုက်ရသည်။  “ အဲဒီတုန်းက ငါတို့အားလုံးမှားခဲ့တယ်။ တူညီတဲ့အမှားတွေကို ထပ်မလုပ်ပါနဲ့တော့ ”

 

 

 "ချန်ရှု့ကို လွှတ်လိုက်ပြီး ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ"

 

 

 ရှန်းယွင်က သူမခေါင်းမမော့ခင် အတန်ကြာတိတ်ဆိတ်နေခဲ့သည်။

 

 

​ ယဲ့ဆွေနဲ့ ချန်မိသားစု၏ သားအငယ်ဆုံးဖြစ်သူရဲ့ သတင်းတွေကို ကြားရပြီးချိန်မှာ ချန်မိသားစုက  ဖိနှိပ်ပြီးနောက် ကောလဟာလများ ထပ်မထွက်လာတော့ပါ။

 

 

 မည်သည့်နောက်ဆက်တွဲမှ မရှိခဲ့သလို၊ အင်တာနက်သုံးစွဲသူများကလည်း ထိုကိစ္စကို တဖြည်းဖြည်းမေ့လျော့သွားခဲ့သည်။  ချန်မိသားစုသည် အ၀င်အထွက်နှင့်လူများအား ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ခဲ့သည်။ ပါပါရာဇီက ယခုအခါ လျှို့ဝှက်စွာ ဓာတ်ပုံရိုက်ဖို့ မည်သည့် အခွင့်အလမ်းကို ရှာမတွေ့ခဲ့ပါ။

 

 

 တစ်ချိန်တည်းမှာပင် [ဘက်ပေါင်းစုံမှ ဝန်းရံထားသည် ] ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ကြသည်။

 

 

 ဒါကခိုင်မာတဲ့အဖွဲ့နဲ့ ဟောလိဝုဒ်ပရောဂျက်ကြီးတစ်ခုဖြစ်ခဲ့သည်။  ဒါရိုက်တာကျို့က မကြာသေးမီနှစ်များအတွင်း တရုတ်တွင် ထိပ်တန်းစီးပွားရေးဒါရိုက်တာများထဲမှတစ်ဦး ဖြစ်သည်။

 

 

 ဟွာရွေ့၏ အမျိုးသမီးစတားနှစ်ဦးဖြစ်တဲ့ ယဲ့ဆွေနဲ့ ဖိန်နင်တို့က ဝင်ဖြေဖို့ အခွင့်အရေးရခဲ့သည်။

 

 

 ဒါရိုက်တာကျို့က ကိုယ်ပိုင်အသိစိတ်ပြင်းထန်သည်။  သရုပ်ဆောင်နှစ်ဦးက စမ်းသပ်ကြည့်ရှု့ခြင်းတွင်သာ ပါဝင်နိုင်ခဲ့သည်။  အမျိုးသမီးဇာတ်ကောင်ကို သူတို့ရနိုင်မလားဆိုတာက လေထဲမှာလွင့်နေတုန်းဘဲ။

 

 

 အစမ်းသရညပ်ဆောင်မည့်နေ့၌ ယဲ့ဆွေက အရမ်းစောစောထသည်။  သူမက ပထမဆုံးဖြေရမှာ ဖြစ်သည်။

 

 

 ယဲ့ဆွေ ဝင်လာတာနဲ့ ထိုနေရာတွင်ထိုင်နေသောဒါရိုက်တာကျို့က သူမကို တစ်ချက်ကြည့်လိုက်သည်။  ယဲ့ဆွေရဲ့ ပင်ကိုယ်ဆန္ဒသာမှန်လျှင် သူ့မျက်လုံးများက အနည်းငယ် ရန်လိုနေပုံရသည်။

 

 

 ဒါရိုက်တာကျို့ သိသည်မှာမကြာသေးမီက ယဲ့ဆွေက အလွန်နာမည်ကြီးခဲ့သည်။  သူမက ဘာလင်ရုပ်ရှင်ဘုရင်မဆုကို အသစ်တစ်ယောက်အနေဖြင့် ဆွတ်ခူးခဲ့သည်။  ထို့ကြောင့် သူမ၏သရုပ်ဆောင်မှုနှင့် ကျွမ်းကျင်မှုနှစ်ခုလုံးကို အာမခံခဲ့သည်။

 

 

 နင်းလင်၏ အတ္ထုပ္ပတ္တိတွင် ယဲ့ဆွေရဲ့ သရုပ်ဆောင်မှုက စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း ဒါရိုက်တာကျို့က သူမအား ပထမရွေးချယ်မှုအဖြစ် မသတ်မှတ်ခဲ့ပေ။

 

 

 [နင်းလင်] ကို ရှီကျောက်က ဦးဆောင်သည်။

 

 

 ရှီကျောက်ရဲ့ ဦးဆောင်မှုအောက်တွင် လူတစ်ဦး၏ သရုပ်ဆောင်မှုစွမ်းရည်က အလွန်တိုးတက်လာလိမ့်မယ်ဆိုတာကို ဖျော်ဖြေရေးလုပ်ငန်းထဲက လူတိုင်းသိသည်။  သူကပိုင်းခြားသိမြင်သော မျက်လုံးတစ်စုံရှိပြီးအကျင့်ပျက်ခြစားမှုကို မှော်အတတ်တစ်ခုအဖြစ် ပြောင်းလဲသွားစေနိုင်သည်။

 

 

 ရှီကျောက်က သရုပ်ဆောင်တစ်ဦးစီ၏ ထူးခြားသောဆွဲဆောင်မှုကို တူးဖော်ပြီး ဖန်သားပြင်ပေါ်တွင် အမြင့်ဆုံးတင်နိုင်ခဲ့သည်။

 

 

 ဒါရိုက်တာကျို့ရဲ့ မျက်လုံးထဲ ယဲ့ဆွေမှာ ပင်ကိုယ်စွမ်းရည် အနည်းငယ် ရှိကောင်းရှိသော်လည်း သူမ၏အခန်းကဏ္ဌတိုင်းကို ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ပေ။

 

 

အဲ့တာထက်တောင် ယဲ့ဆွေက  သတင်းပေါ်တွင်သုံးရက်ရှိခဲ့တာကြောင့် ဒါရိုက်တာကျို့က သူမရဲ့စိတ်က သရုပ်ဆောင်မနေဘူးလို့ ယုံကြည်ခဲ့သည်။  လက်ရှိ အစမ့းသရုပ်ဆောင်ခွင့်က ဟွာရွေ့အားမျက်နှာအနည်းငယ်ပေးရန်ဖြစ်သည်။

 

 

 ယဲ့ဆွေက သူ့ရွေးချယ်မှုများ အစပိုင်း၌ မပါ၀င်ဘူးဟုဆိုနိုင်သည်။

 

 

 နာရီဝက်နီးပါးကြာပြီးနောက် အစမ်းသရုပ်ဆောင်ဖို့ရောက်လာသော မင်းသမီးအားလုံးတက်ရောက်ခဲ့သည်။  သူတို့ကအုပ်စုနှစ်စုခွဲပြီး သရုပ်ဆောင်ဖို့ အပိုင်းတစ်ခုရခဲ့ကြသည်။

 

 

 ယဲ့ဆွေနဲ့ ဖိန်နင်တို့က တစ်စုတည်းဖြစ်ခဲ့ကြသည်။  သူတို့မှာ အလုပ်များတဲ့အချိန်ရှိလို့ နေ့လည်ပိုင်းကြေငြာကိုဖမ်းရတယ်၊ ဒါကြောင့် သူတို့က ပထမဆုံးဖျော်ဖြေခွင့်ရသည်။

 

 

 ယဲ့ဆွေက အမျိုးသမီးသူခိုးတစ်ဦး၏ အခန်းကဏ္ဌာကိုရရှိခဲ့ပြီး ဖိန်နင်က အမျိုးသမီးလုပ်ကြံသူအဖြစ်သရုပ်ဆောင်သည်။ အစကတည်းက ဒါရိုက်တာကျို့က အဓိကအမျိုးသမီး ဇာတ်ကောင်ကို ဖိန်နင်ဆီ ပေးခဲ့သည်။

 

 

 ယဲ့ဆွေက ဒါရိုက်တာကျို့ သူမကိုမကျေနပ်ကြောင်းနှင့် အစမ်းသရုပ်ဆောင်၌ အခက်အခဲများ ပိုများလာသည်ကို သူမနှလုံးသား၌သိသည်။

 

 

 အခင်းဖြစ်ပွားရာတွင် အမျိုးသမီးလုပ်ကြံသူသည်အခန်းထဲတွင် ရေချိုးနေသည်ကိုတွေ့ရပြီး အမျိုးသမီးသူခိုးက သူမထံမှခိုးယူခဲ့သည်။  ထို့နောက် သူတို့နှစ်ဦး ထိပ်တိုက်တွေ့ခဲ့ကြသည်။

 

 

 ဝန်ထန်းများက ပေးသောဇာတ်ညွှန်းတွင် ၎င်းတို့အားလွတ်လွတ်လပ်လပ်ပြုရန် ခွင့်ပြုသောဇာတ်ကောင်စရိုက်တစ်ခုအကြောင်း မပြောပါ။

 

 

 ယဲ့ဆွေက အနက်ရောင်ဝတ်စုံကို လဲလိုက်သည်။  သူမသည် မြင်ကွင်းပေါ်ရှိ ပရိဘောဂများကိုကြည့်ပြီး ရှင်းရှင်းလင်းလင်းမှတ်မိသည်။

 

 

 သစ်သားစည်တစ်လုံး၊ ကုတင်တစ်လုံးနှင့်ဝိုင်အိုးတစ်လုံးပါသော စားပွဲတစ်လုံးသာရှိခဲ့သည်။  သူမကဝိုင်ကို စက္ကန့်အနည်းငယ်ကြည့်ပြီး စိတ်ကူးတစ်ခုရခဲ့သည်။

 

 

 စစ်ဆေးမှုစတင်ခဲ့သည်။

 

 

ဖိန်နင်က အဖြူရောင်အဝတ်စကို ၀တ်ထားပြီးသစ်သားစည်တစ်ခုတွင်ထိုင်နေသည်။ သူမ၏ပုံစံသည် စွဲမက်ဖွယ်ကောင်းသော်လည်း မျက်ခုံးများက အေးစက်နေပြီးသူမ၏လေသံက ဂရုမစိုက်သလိုပင်။  "အဲဒီမှာဘယ်သူလဲ?"

 

 

ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်နှင့် လေအေးတစ်ချက်တိုက်ခတ်လာပြီး သူမက ထိုင်နေသော လူတစ်ယောက်ကို အနီးကပ် ကြည့်လိုက်သည်။

 

 

 ယဲ့ဆွေက ပြတင်းပေါက် ဘောင်ပေါ်တွင် ပျင်းရိစွာထိုင်နေပြီး သူမ၏လက်များကို သူမရင်ဘတ်တွင် ရစ်ပတ်ထားပြီး သူမ၏ခါးပတ်ပတ်လည်ရှိဓားက အသုံးမ၀င်သလိုဖြစ်နေသည်။

 

 

 ဖိန်နင်ရဲ့ မျက်ခုံးများက ဒေါသကြောင့်မြှင့်တက်လာသည်။ သူမလက်ကို ဆန့်ပြီး သူမ၏အဝတ်အစားကို ၀တ်လိုက်သည်။  "မင်းဒီမှာရှိနေတာကြောင့် မင်းလွယ်လွယ်ကူကူထွက်သွားနိုင်တယ်လို့မင်းထင်တာလား?  "

 

 

 ယဲ့ဆွေက သူမကို အေးအေးဆေးဆေးကြည့်လိုက်သည်။  သူမက ဖိန်နင်ရဲ့ လှုပ်ရှားမှုတွေကို တစ်ချက်ကြည့်လိုက်ပြီးဖျတ်ခနဲပြုံးလိုက်သည်။  "ငါကသူခိုးတစ်ယောက်ပဲ မဟုတ်တော့ဘူး"

 

 

 ဖိန်နင်၏ အဝတ်လဲခန်းတွင် ဓားရှည်တစ်ချောင်းရှိခဲ့သည်။  သူမသည် ၎င်းကိုဆွဲထုတ်လိုက်ပြီး သူမလက်ထဲတွင်ကိုင်ပြီး ကစားနေသည်။  "ငါ ဘယ်သူလဲ မင်းသိလား? "

 

 

 ယဲ့ဆွေရဲ့ မျက်လုံးများ မှိတ်သွားပြီး ဖိန်နင်၏ လက်ချောင်းများကို ဂရုတစိုက် ကြည့်လိုက်သည်။  “ မင်းရဲ့လက်တွေ အရမ်းလှတယ်။  မင်းကိုသတ်ရတာရှက်စရာကောင်းလိမ့်မယ်

 

 

 ဖိန်နင်က အေးစက်စွာပြောခဲ့သည်။ "ငါ ဒီလက်နဲ့သတ်တဲ့ဝိညာဉ်တွေကို ငါဘယ်တုန်းကမှ မရေတွက်ခဲ့ဘူး "

 

 

 "အိုး?" ယဲ့ဆွေက မျက်လုံးလေးများပြူးကာ စဉ်းစားနေပုံရသော်လည်း စိတ်မ၀င်စားချေ။

 

 

 ဖိန်နင်က သူမ၏ဓားမြှောင်နှင့် ရိုက်တော့မည်။  သူမဟာသူမရဲ့အရောင်ကိုချိုးနှိမ်ဖို့အတွက် ယဲ့ဆွေ ကာကွယ်ဖို့လက်နက်ကိုသုံးချင်ခဲ့သည်။

 

 

 ယဲ့ဆွေက ဖိန်နင်ဘက်ကို မရွေ့ဘဲ စားပွဲပေါ်ရှိ ဝိုင်အိုးသို့ရွေ့သွားသည်။

 

 

 ယဲ့ဆွေက သူမနှုတ်ခမ်းများကို မသိမသာကွေးညွှတ်လိုက်သည်။  "ငါဒီမှာအရက်သောက်ဖို့လေ။ နင် ဘာလို့ဒေါသထွက်နေတာလဲ?"

 

 

 သူမလက်ထဲတွင် ဝိုင်အိုးကို ကိုင်ထားသည်။  ပွဲကြည့်စင်ပေါ်က ကျားကန်တွေက ဘာမှမရှိပေမယ့် ဝိုင်ကတကယ်ကို အေးပြီးကောင်းတယ်လို့ ခံစားရသည်။

 

 

နောက်ခဏတွင် ဖိန်နင်က ဆိုးရွားသော အခြေအနေတစ်ခုတွင် ရုတ်တရက် လဲကျသွားသည်။ အဲ့တာ မပြီးဆုံးမီ ကျန်ကစားပွဲကို ရပ်ဆိုင်းခဲ့သည်။

 

 

 ဖိန်နင် အံ့သြသွားသည်။ ယခု သူမကိုယ်တိုင်အနည်းငယ် အပြောင်းအလဲများ လုပ်ပြီးပြီ။ မူလကသူမသည် ယဲ့ဆွေကို ကျော်ဖြတ်လိုသော်လည်း ၎င်းကိုအခြားတစ်ဖက်မှ လွယ်ကူစွာ ဖြေရှင်းခဲ့သည်။

 

 

 ယဲ့ဆွေရဲ့လုပ်ရပ်တွေကို ဇာတ်ညွှန်းထဲမှာ ရေးမထားဘူး၊ ဒါပေမယ့် အဲဒါတွေက နောက်တစ်ကြောင်းနဲ့ဆက်စပ်နေသည်။

 

 

 "ဖိန်နင် မင်းရဲ့ဘာသာပြန်ချက်က ကောင်းတယ်"  ဒါရိုက်တာကျို့က ပုံကြီးချဲ့လာသည်။  သို့သော် ဖိန်နင်ရဲ့ လုပ်ဆောင်ချက် သူ့မျှော်လင့်ချက်နှင့် အနည်းငယ်သာ ကျော်ဖြတ်နိုင်သောကြောင့် သူ၏မျက်လုံးများအနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သို့သော်သူ၏မျှော်မှန်းချက်များနှင့် မကိုက်ညီတော့ပေ။

 

 

 ဒါရိုက်တာကျို့က သူ့အမြင်အာရုံကို ပြောင်းလိုက်ပြီး ယဲ့ဆွေ ဘက်သို့လှည့်လိုက်သည်။ သူက ယဲ့ဆွေကို မချီးကျူးခဲ့ဘူး။  သူမက သူခိုးဇာတ်ကောင်ကို ကောင်းစွာသရုပ်ဆောင်နိုင်ခဲ့သည်ဟု မဆိုလိုသော ထူးခြားသော ဇာတ်ကောင်ကို သူမ ရွေးချယ်နိုင်ခဲ့သောကြောင့် သူခိုးအမျိုးသမီး အခန်းကဏ္ဌကို ယခုပင်ကစားနိုင်ခဲ့သည်။

 

 

 ဒါရိုက်တာကျို့က ထပ်ပြောလာပြီး သူ့လေသံကနည်းနည်းပျော့နေပြီ။ သူသည် ရဲရင့်လျောက်ပတ်သောသရုပ်ဆောင်စွမ်းရည်ကို လူတစ်ဦးအဖြစ်အသိအမှတ်ပြုခဲ့သော်လည်း သူမအား အဓိကဇာတ်သကောင်ဖြစ်ရန် အရည်အချင်းရှိသူအဖြစ် မသတ်မှတ်သေးပါ။

 

 

 "မင်းတို့နှစ်ယောက်က မင်းရဲ့အခန်းကဏ္ဌတွေကိုဖလှယ်ပြီးတော့ ငါ့ကိုပြန်ပြပါ။ "

 

 

 ဖိန်နင်မျက်နှာက ဖျော့တော့သွားသည်။ ကျို့ထောင်ရဲ့ မျက်လုံးများတွင် သူမက အဓိကဇာတ်ကောင်ကို ယှဉ်ပြိုင်ဖို့ အရည်အချင်း မရှိတော့ကြောင်း သူမရှင်းရှင်းလင်းလင်းသိသည်။

 

 

 ယဲ့ဆွေ ပြုံးလိုက်သည်။ သူမက ဒါရိုက်တာကျို့ရဲ့ အထင်အမြင်ကို ယာယီပြောင်းပြန်လှန်လိုက်သော်လည်း ၎င်းသည်လုံလောက်သည်။

 

 

 နောက်ထပ် အခန်း တစ်ခုကသာ အောင်ပွဲအတွက်သော့ချက်ဖြစ်သည်။