လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၁၂၂ - မြင်ဖူးခဲ့ပြီ
ယဲ့ဆွေက ထူးဆန်းစွာ တွေ့လိုက်ရသည်။
ယုတ္တိဗေဒအရ ရှကျုံး နန်းတော်ကဲ့သို့ နေရာများတွင် မတရားသောဝိညာဉ်များစွာ ရှိသင့်သည်။
သူတို့အားလုံးပုန်းနေတာလား?
ပြတိုက်မှူး ရှက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
"ဒီကိုမလာခင် မင်းတို့ ရှကျုံး မင်းဆက်အကြောင်းကို ယေဘုယျတော့ နားလည်ပြီလို့ ငါထင်တယ်။ "
တောက်ပသော မီးရောင်များနှင့်အတူ အရှေ့မှသူ့အသံက ထွက်လာခဲ့သည်။
ဒီအသံက လူတိုင်းရဲ့နှလုံးသားကို ရိုက်ခတ်တဲ့အထိ ကျယ်လောင်တဲ့ ခေါင်းလောင်းသံလိုပဲ။
ရှကျုံး မင်းဆက်ရဲ့ ဧကရာဇ်အားလုံးက တိုက်ခိုက်ရေးနဲ့ သူတို့ရဲ့နယ်မြေကို ချဲ့ထွင်တဲ့နေရာမှာ အလွန်တော်ကြတယ်......" ပြတိုက်မှူးရှ ရှင်းပြသည့်အတိုင်းပဲ ဧည့်သည်များက မြေပြင်ကို လှည့်ပတ်နေသော တောက်ပသောလှံများနှင့် သံချပ်ကာမြင်းများကိုမြင်ရသည်ဟု ခံစားရသည်။
ပြတိုက်မှူး ရှက မိတ်ဆက်စကားပြောတာ မပြီးမချင်း ဧည့်သည်များက မေးခွန်းမမေးဘဲ ငြိမ်နေခဲ့သည်။
သူတို့က ထောင့်တစ်ကွေ့ကို လှည့်လိုက်ပြီး တံခါးပေါ်မှာတရုတ်စာလုံး ၃ လုံးနဲ့ ရေးထားတဲ့ တံခါးဆိုင်းဘုတ်တစ်ခုကို ဖြတ်သွားလိုက်သည်။ မော့ကြည့်လိုက်သောအခါ ယဲ့ဆွေက ဤကဲ့သို့စာမျိုးကို အရင်က တစ်ခါမှမမြင်ဖူးပေ။
ချန်းယွီ - "ဒါကဘာလဲ?"
မေးခွန်းတစ်ခုထွက်လာပြီးနောက် စက္ကန့်ပိုင်းတွင် ယဲ့ဆွေ၏စိတ်ထဲတွင် တစ်စုံတစ်ခု ပေါ်လာခဲ့သည်။
၎င်းသည်စကားလုံး၏ အဓိပ္ပာယ်ဖြစ်ပုံရသည်။
သူမက "အင်ပါယာ ဥယျာဥ်တော်လား?" ဟု ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
လေပြင်းက နန်းတော်လမ်းတစ်လျှောက်ကို တိုက်ခတ်သွားပြီး ခဏမျှတိတ်ဆိတ်သွားသည်။
"ရှကျုံး မင်းဆက်ရဲ့ တရုတ်စာလုံးတွေကို မင်းနားလည်နိုင်တာလား?" ပြတိုက်မှူး ရှက အံ့သြသွားသည်။
"ဒီအက္ခရာတွေကို နားလည်ဖို့က လုံး၀မလွယ်ဘူး။ "
ယဲ့ဆွေ ပြုံးလိုက်မိသည်။
"ကျွန်မ ခန့်မှန်းကြည့်တာပါ" သူမ ဒီအက္ခရာတွေရဲ့အဓိပ္ပါယ်ကို ဘာကြောင့်နားလည်လဲဆိုတာ သူမ မရှင်းပြနိုင်ခဲ့ဘူး။ ဒါကြောင့် သူမက ဒါကိုရှင်းပစ်လိုက်သည်။
ဟုတ်ပါတယ်၊ လူတိုင်းက ယဲ့ဆွေ၏စကားများကို ယုံကြည်ပြီး ရှေ့သို့ဆက်လျှောက်ခဲ့ကြသည်။
ရှကျုံး နန်းတော်တစ်ဝိုက်ကို လမ်းလျှောက်သွားနေစဥ် ယဲ့ဆွေ မျက်လုံးများက တောက်ပသွားပြီး သူမ၏နှလုံးသားက ရုတ်တရက် ခုန်ထွက်သွားသည်။
ထိုရင်းနှီးသောခံစားချက်က ရုတ်တရက် သူမကို ထပ်မံရိုက်ခတ်ခဲ့သည်။
တံခါးကမ္ဗည်းပေါ်ရှိသုတ်ဆေးက ဟောင်းနွမ်းနေပြီဖြစ်သောကြောင့် စာလုံးများက မကြည်လင်တော့ပါ။
ထိုနေရာတွင် တံခါးကို ဝှက်ထားပြီး တစ်ချိန်ချိန်တွင် တစ်စုံတစ်ယောက်က ဖွင့်ခဲ့သည်။
အဝါဖျော့ဖျော့ ကြွေပြားများဖြင့် နန်းတော်၏ ခမ်းနားထည်ဝါမှုကို လူတိုင်းရှေ့တွင်တင်ပြခဲ့သည်။
ယဲ့ဆွေက သူမ၏လမ်းကြောင်းတွင် မသိမသာရပ်တန့်သွားသည်။
"ဒါက ဘယ်နေရာလဲ?"
ယဲ့ဆွေ အသံကို ကြားရသောအခါ လူတိုင်းက လိုက်ပြီးလျှောက်လာကာ ရှေ့သို့မတိုးတော့ပေ။ ပြတိုက်မှူး ရှက
မီးအိမ်ကိုမြှင့်၍ သူတို့၏ပတ်၀န်းကျင်ကို တောက်ပစေခဲ့သည်။
"အတိတ်ရဲ့အရှေ့နန်းတော်"
ရှကျုံး မင်းဆက်နန်းတော်တွင် ခြံဝင်းများစွာရှိ၍ ၎င်းတို့နှစ်ခုသည် အိမ်ရှေ့မင်း၏အိမ်တွေဖြစ်သည်။
“ ဟုတ်တယ်၊ အခုကျွန်မမှတ်မိပြီ။
ကျွန်မဝယ်ထားတဲ့စာအုပ်ထဲမှာ အဲ့ဒါကို ရေးထားပုံရတယ်။ ”
ကျောက်ဟွေ့က သူမ၏လွယ်အိတ်ကို အချိန်ကြာမြင့်စွာလှန်လိုက်ပြီး "ရှေးဟောင်းဖြစ်ရပ်မှန်ဇာတ်လမ်းတို " ကိုထုတ်လိုက်သည်။
ကျောက်ဟွေ့ က အဲဒီစာမျက်နှာကို လှန်လိုက်ပြီး ချန်းယွီ ကို စာအုပ်ပေးလိုက်သည်။ သူက ထိတ်လန့်စရာဇာတ်ကားတွေကို အရင်က အသံသွင်းခဲ့ဖူးတာမို့ သူဖတ်တဲ့အခါအကျိုးသက်ရောက်မှုက ပိုကောင်းလိမ့်မည်။
ချန်းယွီရဲ့ နူးညံ့သောအသံက ကြောက်ရွံ့စရာကောင်းလာသည်။
တိတ်ဆိတ်သောည၏အနားသို့ရောက်သောအခါ ပို၍ ပို၍ မည်းမှောင်လာပြီး ကြောက်စရာကောင်းလာသည်။
"ရှကျုံး မင်းဆက်တည်ထောင်ကတည်းက ဒီနေရာကအမြဲတမ်း မင်းသားရဲ့အရှေ့နန်းတော်ပဲ။
အိမ်ရှေ့ မင်းသားတစ်ပါး သေဆုံးပြီးတဲ့နောက်မှာ သူကအလွန်အကျွံသတ်ဖြတ်ခဲ့တာကြောင့် အဲ့မှာသရဲခြောက်တယ်လို့ ကောလဟာလတွေထွက်ခဲ့တယ် "
“ နောက်ပိုင်း မင်းသားတွေက ဒီမှာမနေတော့ဘူး။
အတွင်းအပြင် အလှဆင်ပစ္စည်းတွေက အဲ့အချိန်ကအိမ်ရှေ့မင်းသားသုံးခဲ့တဲ့ ပစ္စည်းတွေပဲ။"
ယဲ့ဆွေ မျက်လုံးများက တောက်ပသွားပြီး သူမစကားမပြောချေ။
နွေဦးလေက ဖြတ်သွားတာကြောင့် လူတိုင်းကိုအေးချမ်းစေခဲ့သည်။ မည်သို့ပင်ဆိုစေ သူမလက်ချောင်းများက တုန်ယင်သွားသည်။
သူမရဲ့လည်ချောင်းထဲမှာ စကားလုံးထောင်ချီရှိနေတယ်လို့ ထင်ရပေမယ့် ဘာစကားမှထွက်မလာခဲ့ဘူး။
ဇာတ်လမ်းဆုံးသွားသောအခါ ချန်းယွီရဲ့ အသံက ရပ်တန့်သွားသည်။ လွန်ခဲ့သောနှစ်ပေါင်းရာချီက ရှေးဟောင်းနှင့် ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်များတွင် တည်ရှိနေသော ဧည့်သည်များက အထိတ်တလန့်မဖြစ်ဘဲ မနေနိုင်ကြတော့ပေ။
ကျင်းကွမ်း မျက်နှာက ဖျော့တော့သွားသည်။
"ပြတိုက်မှူး ရှ၊ အရှေ့နန်းတော်မှာ သရဲတစ္ဆေတွေရှိနေတာ အမှန်ပဲလား?"
ပြတိုက်မှူး ရှက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ဒါပေမယ့် သူက ဒီမေးခွန်းကို တိုက်ရိုက်မဖြေခဲ့ဘူး။
“ မင်းအဲ့ဒါကိုယုံတယ်ဆိုရင် အဲဒါကရှိလိမ့်မယ်။
မင်းမယုံရင် ဘာမှမရှိဘူးပေါ့ ”
စကားသံဆုံးသည်နှင့် ဧည့်သည်များက အေးစက်လာသည်။
ဥက္ကဌ ရှ က မီးအိမ်ကို ကောက်ကိုင်လိုက်ပြီး "မင်းတို့ အရှေ့နန်းတော်ကို သွားလည်ချင်လား?"လို့ မေးလိုက်သည်။
ရှကျုံး မင်းဆက်၏ နန်းတော်ကို အများပြည်သူအား တစ်စိတ်တစ်ပိုင်းသာဖွင့်လှစ်ခဲ့ပြီး ဤအရှေ့နန်းတော်ကို ယခင်က တစ်ခါမှမဖွင့်ခဲ့ဖူးပေ။
ပရိုဂရမ်အဖွဲ့နှင့် ပြတိုက်မှူးရှ တို့က ပရိသတ်များအတွက် ခြံဝင်းအချို့ကို ဖွင့်လှစ်ရန် ဆွေးနွေးခဲ့ကြပြီး အဲ့တာက ၎င်းတို့ထဲမှတစ်ခုဖြစ်သည်။ ၀န်ထမ်းများက ထိုနေရာကို သန့်ရှင်းရေးလုပ်ခဲ့ပြီး အိမ်ရှေ့ခန်းမ၏ အလင်းရောင်သည်လည်း အဆင်သင့်ဖြစ်ခဲ့သည်။
ပြတိုက်မှူး ရှက တံခါးဖွင့်လိုက်သည်နှင့် အသံတစ်ခုထွက်ပေါ်လာသည်။
သူတို့က လှေကားမှတက်ပြီး အရှေ့နန်းတော်သို့ ၀င်လာကြသည်။
အိမ်ရှေ့ခန်းမရဲ့မီးကလင်းနေပြီး ဝန်ထမ်းတွေက အထဲမှာစောင့်နေပြီ။
ဤနေရာတွင် ယဉ်ကျေးမှုအမွေအနှစ်များက လက်ရာမြောက်လှသည်။
အိမ်ရှေ့မင်းသားက အရသာကောင်းမှန်း သိသာသည်။
ပြတိုက်မှူး ရှ ၏ ရှင်းပြချက်အရ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုစီတွင် ကိုယ်ပိုင်ဇာတ်လမ်းရှိသည်ဟု ထင်ရသည်။
ယဲ့ဆွေမှလွဲ၍ အခြားဧည့်သည်များက ဂရုတစိုက်နားထောင်ကြသည်။ အဲဒီအစား သူမရဲ့အာရုံက အပြင်ဘက်မှာဖြစ်သည်။ သူမကပြတင်းပေါက်မှဖြတ်သွားသည့် ပုံရိပ်တစ်ခုကို သူမမြင်ခဲ့ဖူးသည်။
သရဲက ခရမ်းရောင် နန်းတွင်းဝတ်စုံကို ၀တ်ထားပြီး တတိယတန်းအဆင့်ထက် မြင့်ပုံရသည်။
၎င်းသည် အိမ်ရှေ့ခန်းမအတွင်းသို့ ချောင်းကြည့်ပြီး ထွက်ပြေးသွားသည်။
သူတို့ခန်းမရှေ့မှ ထွက်လာသောအခါ ယဲ့ဆွေကထိုနေရာကို အလျင်အမြန်ကြည့်လိုက်သည်။
ဝန်ကြီးသရဲမရှိတော့ဘူးဆိုပေမယ့် မကြာခင်မှာ သူမက ၎င်း၏ပုံရိပ်ကိုတွေ့လိုက်ရသည်။
ဝန်ကြီးသရဲက စာကြည့်ဆောင်တည်ရှိရာ အရှေ့ခေါင်မိုးထပ်တွင် ပုန်းအောင်းနေခဲ့သည်။
ဟိုဘက်မှာမှောင်မည်းနေပြီး သူ့အပေါ်က ခရမ်းရောင်နန်းတွင်းအ၀တ်အဟောင်းကိုသာ မြင်နိုင်သည်။
လူတိုင်း ယောင်ပေပေလုပ်နေတုန်း၊ ယဲ့ဆွေက မင်းသား၏စာကြည့်ဆောင်ကို တစ်ချက်ကြည့်လိုက်သည်။
သူမကဝန်ကြီးသရဲကို တည့်တည့်စိုက်ကြည့်လိုက်သည်။
ဝန်ကြီးသရဲက တစ်စုံတစ်ခုကို စိတ်ပူနေသကဲ့သို့ ဤနေရာကိုမလာခဲ့ပေ။ သူဒီနေရာကို ကြည့်တဲ့အခါ သူကတုံ့ဆိုင်းနေသည်။
သူကရုတ်တရက်ထပြီး ခြေတစ်လှမ်းလှမ်းလိုက်သည်။
သူ၏ခြေလှမ်းတိုင်းက လေးလံနေပြီး တောင်ကြီးရဲ့အလေးချိန်က သူ့ပခုံးပေါ်မှာ ကျနေသကဲ့သို့ဖြစ်နေသည်။
ဝန်ကြီးသရဲက လေထဲမှလွင့်ပျံနေသည့် သူ၏နန်းတွင်းဝတ်စုံနဲ့ စာကြည့်ဆောင်မှထွက်လာခဲ့သည်။
သူကကြောက်ရွံ့ထိတ်လန့်ဟန်နှင့် ကြည့်လိုက်သည်။
သူဒူးထောက်ထိုင်လိုက်ပြီး သူ့လက်တွေကို မြေပေါ်သို့တင်လိုက်ပြီး ဒီဘက်သို့ဦးညွှတ်ချလိုက်သည်။
“ ဒါကအရှေ့နန်းတော်ပဲ တော်တော်လေးလှတယ်။ အားလုံးပဲ
သွားကြစို့၊
" ပြတိုက်မှူး ရှက သူတို့ကို ဦး ဆောင်ခေါ်သွားခဲ့သည်။
ဒါပေမယ့် ယဲ့ဆွေ ခြေလှမ်းများက မြေပြင်ပေါ်တွင်စွဲကပ်နေပြီး သူမလှုပ်ရှားနိုင်တော့ပေ။
ချန်ရှု့က ယဲ့ဆွေ အခြေအနေကို ချက်ချင်းသတိပြုမိလိုက်သည်။
သူက ဦးထုပ်ကိုနိမ့်ပြီးဆောင်းလိုက်ကာ သူမဘေး လျှောက်သွားခဲ့သည်။ သူမလက်ကို ဂရုမစိုက်ဘဲ တိုက်မိသလို ဟန်ဆောင်လိုက်သည်။
ယဲ့ဆွေ အာရုံများက ပြန်ဆွဲယူခံလိုက်ရပြီး ချန်ရှု့ကို တစ်စက္ကန့်ကြည့်ပြီး အားလုံးနှင့်ထွက်သွားလိုက်သည်။
အရှေ့နန်းတော်၏တံခါးက အတွင်းမှအဆောက်အဦးများကို ဖုံးကွယ်ပြီး ပိတ်ထားသည်။
သို့သော် ခရမ်းရောင်နန်းတွင်းဝတ်စုံနဲ့ ၀န်ကြီးက သူ၏မူလပုံစံကို ထိန်းသိမ်းခဲ့သည်။
သူကထိုနေရာတွင်ဒူးထောက်နေပြီး အချိန်အတော်ကြာမထခဲ့ပေ။
ယဲ့ဆွေနဲ့ သူမ၏အဖွဲ့က အခြားခန်းမတစ်ခုသို့ရောက်လာသည်။
ဤနေရာမှ ရှေးဟောင်းပစ္စည်းများက အခြားနန်းတော်များထက် ပို၍ ထူးခြားသည်။
“ ဝိုး၊ ဒီအပိုင်းက အရမ်းလှတယ်” ကျင်းကွမ်း ၏အကြည့်က သူ့ဘေးမှရှေးဟောင်းပန်းအိုးပေါ်ကျသွားပြီး သူအံ့သြသွားသည်။
ကျင်းကွမ်းက ကြမ်းတမ်းသူတစ်ယောက်ဖြစ်ပြီး သူသည် အမြဲလိုလို မဆင်မခြင်လုပ်ခဲ့သည်။
ထို့ကြောင့် သူ့ရဲ့မသိစိတ်က လက်ကို ထုတ်လိုက်ပြီး အဲ့တာကိုနူးနူးညံ့ညံ့လေး ထိလိုက်ချင်သည်။
ပြတိုက်မှူး ရှက သူ့အားတားရန်အချိန်မမီခင်မှာ ကျင်းကွမ်းက သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
ဒီအချိန်မှာ ကျင်းကွမ်း ရှေ့က ပြတင်းပေါက်က ရုတ်တရက် ရွေ့သွားပြီး ကျွီကနဲဖြစ်သွားသည်။
အခြားတစ်ဖက်၌ မည်သူမျှမရှိသော်လည်း ၎င်းသည်အပြင်ဘက်သို့ ဖြည်းဖြည်းချင်း ပွင့်သွားသည်။
ပြတင်းပေါက်ကို သစ်သားဖြင့် ပြုလုပ်ထားသည်။
၎င်း၏ဘောင်က မျက်နှာပြင်ကိုကျော်ဖြတ်သောအခါ ကြမ်းတမ်းသော ပွတ်တိုက်သံတစ်ခုရှိခဲ့သည်။
အထူးသဖြင့် တိတ်ဆိတ်ပြီး လူသူကင်းမဲ့သောနန်းတော်၌ အထူးထင်ရှားသည်။
နောက်စက္ကန့်တွင် ရှည်လျားသောစင်္ကြံကို ဖြတ်၍ ညရဲ့လေပြင်းက တိုက်ခတ်သွားပြီး လေထုသည်ပင် အေးစက်လာသည်။
ဒါက ကြိုတင်သတိပေးချက်တစ်ခုလိုပဲ။
ကျင်းကွမ်းရဲ့ လက်က လေထဲမှာရပ်တန့်သွားသည်။
ရှေးဟောင်းပန်းအိုးရဲ့အစွန်းကိုတောင် မထိတော့ဘဲနဲ့သူ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။
ယခုအချိန်တွင် ကျင်းကွမ်းက အပြစ်ဒဏ်အဖြစ် သူ၏လက်ကို အကြိမ်ကြိမ် ရိုက်ချင်နေခဲ့သည်။
ပန်းအိုးကိုထိဖို့ သူ့လက်ကို မဆန့်လိုက်ရင် သူ့လက်ကသေသွားမှာလား?
ထိတ်လန့်ကြောက်ရွံ့နေသည့် ကျင်းကွမ်းက ခြေလမ်းများစွာကို လျင်မြန်စွာ ယဲ့ဆွေ ဘက်လျှောက်သွားခဲ့သည်။
ယဲ့ဆွေ၏ မျက်လုံးများက စောနက ပွင့်နေတဲ့ ပြတင်းပေါက်ပေါ်တွင် ရှိနေဆဲဖြစ်သည်။
သူမက အခြားတစ်ဖက်မှ အမှောင်ရိပ်များကို မမြင်ခဲ့သလို ခန်းမ၏ဟိုဘက်ခြမ်းတွင် မှားနေတဲ့ဟာ ဘာကိုမှမတွေ့ခဲ့ပါ။
သူမက သရဲတစ္ဆေတွေရှိနေရင်တောင် သူတို့ကလူတွေကို မထိခိုက်စေမှာ သေချာတယ်လို့ သူမယူဆခဲ့သည်။
သူတို့က ကျင်းကွမ်းရဲ့မရည်ရွယ်တဲ့ အမှားမျိုးကိုပဲ သတိပေးလိမ့်မည်။
ယဲ့ဆွေက ချန်ရှု့ကို မသိမသာကြည့်လိုက်သည်။
သူမက အရှေ့နန်းတော်မှာ သူမမြင်ဖူးခဲ့တဲ့မြင်ကွင်းကို သတိရလိုက်သည်။
သူမခဏစဉ်းစားလိုက်သောအခါ သူမမျက်ခုံးများကို အနည်းငယ်ကျုံ့လိုက်သည်။ ကမ္ဘာမြေပေါ်မှာ ဘယ်သူကို ဒီဝန်ကြီးသရဲက ကိုးကွယ်နေတာလဲ?
ပြတိုက်မှူး ရှက ပြုံးလိုက်သည်။
သူကဤကဲ့သို့သောမြင်ကွင်းမျိုးကို မြင်ဖူးပြီးသားဖြစ်သည်။
“ ငါတို့အရှေ့နန်းတော်ကိုဖွင့်တာက ဒါပထမဆုံးပဲ။
အဲ့တာက အချို့နေရာတွေကို သတိမပြုမိဘဲသွားလိမ့်မယ်။
ငါပြတင်းပေါက်တွေကို ပိတ်လိုက်ပါ့မယ် "
ပြတိုက်မှူး ရှက ပြတင်းပေါက်ကိုပိတ်နေစဉ် အင်တာနက်ရှိ သွမ့်မု စခရင်က ယခုအဖြစ်အပျက်ကို ဆွေးနွေးနေသည်။
“ ငါ့ မျက်စိမှုန်တယ်လို့ မထင်မိဘူး။
ပြတင်းပေါက်ကသူ့အလိုလိုပွင့်သွားတယ်။ ပြတင်းပေါက်တွေကို တင်းကျပ်စွာပိတ်ထားပြီးတော့ နှစ်တွေလည်းအတော်ကြာနေပြီဖြစ်တာကြောင့် ပွင့်သွားပုံလိုမျိုးမဟုတ်ဘူး ”
“ ဒါကနှစ်ပေါင်းများစွာသမိုင်းရှိခဲ့တဲ့ ရှကျုံး နန်းတော်ပြတိုက်ပဲ။
နည်းနည်းလေးပဲ သရဲခြောက်တာက ဘယ်လိုမှမဖြစ်နိုင်ပါဘူး”
"ကျင်းကွမ်းရဲ့ မျက်နှာဖြူဖျော့သွားတာကို ငါသတိထားမိလိုက်တယ်။ သူထိတ်လန့်နေပုံရတယ်ဟ။
ငါ့အခန်းထဲမှာတောင် ကြက်သီးထမိတယ်။ နတ်ဘုရားမ ယဲ့ နောက်ကို မြန်မြန်လိုက်ပြီး အမှားတွေထပ်မလုပ်ပါနဲ့တော့ ”
ကျင်းကွမ်း၊ စုန့်ပိုင်၊ ကျောက်ဟွေ့ နှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ စုန့်ပိုင် ကသူမရဲ့လက်ကို ယဲ့ဆွေ ရဲ့ပုခုံးပေါ်မှာတင်ထားပြီး ကျောက်ဟွေ့ က သူမရဲ့လက်ကို စုန့်ပိုင် ရဲ့ပုခုံးပေါ်မှာ တင်လိုက်သည်။
ကောင်မလေးတွေကို ကြည့်တဲ့အခါ ကျင်းကွမ်းက မနာလိုဖြစ်သွားခဲ့သည်။
သူကချက်ချင်း ကျောက်ဟွေ့ အား“ ညီမလေး၊ ငါ့ကိုလည်းစီးခွင့်ပြုပေး။
ငါမင်းကိုနောက်ဆုံးအနေနဲ့ ကာကွယ်နိုင်တယ် "လို့ပြောလိုက်သည်။
ကျောက်ဟွေ့က ကျင်းကွမ်း၏ အဓိပ္ပါယ်ကို နားလည်သည်။
သူမက ကျင်းကွမ်းကို ယောက်ျားတစ်ယောက်အဖြစ် မည်သို့မျှမမြင်ခဲ့သလို ကျင်းကွမ်းသည်လည်း သူမအားအမျိုးသမီးတစ်ဦးအဖြစ် လုံးဝမမြင်ခဲ့ပါ။
နောက်ဆုံးတွင် ကျောက်ဟွေ့ က ရက်ရက်ရောရောခေါင်းညိတ်လိုက်သည်။
ကျင်းကွမ်းက ပြုံးဖြဲဖြဲလုပ်လိုက်ပြီး သူ့လက်ကို ကျောက်ဟွေ့ ရဲ့ပုခုံးပေါ်တင်လိုက်သည်။
သူချက်ချင်းသက်သာသွားသည်။
ထိုအချိန်မှစ၍ သူသည် ဘယ်နေရာမှမပြေးဘဲ ယဲ့ဆွေ နောက်သို့သာ လိုက်သွားလိမ့်မည်။
ကျင်းကွမ်းက သူ၏နောက်က ချန်းယွီအား ချိုသာသောအကြည့်ပေးရန် ခေါင်းကိုလှည့်လိုက်သည်။
"မင်းငါ့ပခုံးကို ကိုင်ချင်လား?"
ချန်းယွီက မီးရထားဂိမ်းကို ကစားနေပုံပေါက်သော ဤဧည့်သည်အနည်းငယ်အား ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်သည်။
သူကအဆင်ပြေတယ်လို့ ပြောချင်တယ် ဒါပေမယ့် ရှေ့ကဧည့်သည်သုံးယောက်က သူ့ကိုတစ်ချိန်တည်းပြန်ကြည့်နေကြသည်။
ယဲ့ဆွေ၏ တည်ငြိမ်သောမျက်နှာမှအပ အခြားနှစ်ဦး၏မျက်လုံးများက ရိုးသားစွာသတိပေးနေသည်။
ကျောက်ဟွေ့ က ချက်ချင်းဆိုသလို ပြောခဲ့သည်။ “ ရုပ်ရှင်ဘုရင်ကြီး ချန်း ဒီနေရာက အရမ်းကြောက်စရာကောင်းတယ်။
လူတိုင်းလက်ကို ကိုင်ထားတာက ကောင်းပါတယ်။
ဒီနည်းနဲ့ ရှင် လမ်းပျောက်မှာမဟုတ်ဘူး ”
ပူလောင်နေသောမျက်လုံးအစုံနှင့် ရင်ဆိုင်နေရသော ချန်းယွီ မငြင်းဆန်နိုင်ခဲ့ပေ။ သူက သူတို့၏စံနမူနာကို လိုက်၍ သူ၏လက်ကို ကျင်းကွမ်း ပခုံးပေါ်တင်လိုက်သည်။
ဒါရိုက်တာ စွင်းက ဧည့်သည်များ၏ လုပ်ဆောင်ချက်ကြောင့် ရှုံးနိမ့်ခဲ့သည်။
သူတို့အားလုံး စည်းစည်းလုံးလုံးရှိကြတယ်၊ ဒါပေမယ့်ပုံရိပ်ကကော? သူတို့ *အိုင်ဒေါခရီးဆောင်အိတ်ကကော?
*အိုင်ဒေါ တစ်ယောက်ရဲ့ခရီးဆောင်အိတ် - အင်တာနက်ဘန်းစကားအသုံးအနှုန်းပါ။ ပရိသတ်များဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း၊ အနုပညာရှင်များ သို့မဟုတ် နာမည်ကျော်များအား သူတို့၏စစ်မှန်သောစိတ်ထားကို လူအများရှေ့တွင် ဖုံးကွယ်စေသည်။
အဓိကအချက်မှာ ယဲ့ဆွေနဲ့ အခြားသူများက ၎င်းအားစိတ်မ၀င်စားသောကြောင့် သူတို့က အံ့သြဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေကြသည်။
ယခုချက်ချင်းပြတင်းပေါက်က ရုတ်တရက် ပွင့်လာသောကြောင့် ဧည့်သည်များက စကားပြောရန် အလွန်ကြောက်လန့်သွားကြသည်။
လေထုကို ရှင်သန်စေလိုသောကြောင့် ယဲ့ဆွေက သူမ၏ပါးစပ်ကိုဖွင့်လိုက်သည်။
“ အခု ငါတို့အားလုံး စွန့်စားရမယ့်အဖွဲ့မှာ ရှိနေတယ်။
လူတိုင်းက ဒီမှာရှိနေတယ်ဆိုတာကို ငါတို့အတည်မပြုနိုင်ဘူး၊ ဒါကြောင့် လူဦးရေနဲ့ကိုက်ညီမှုရှိ၊ မရှိစစ်ဆေးဖို့ နံပါတ်ရွတ်ရအောင်။ ”
စုန့်ပိုင်က ငယ်ရွယ်သေးတာကြောင့် သူမကဤကစားနည်းများကို သဘာဝကျကျစိတ်ဝင်စားခဲ့သည်။
"ကပတိန် ယဲ့၊ ရှင်ဒီနံပါတ်ကို အရင်ဆုံးသတင်းပို့နိုင်တယ် "
ကျောက်ဟွေ့က အသစ်တွေ့ရှိခဲ့သည်။
“ အရာအားလုံးက ကပတိန် ယဲ့ရဲ့ကွပ်ကဲမှုအောက်မှာပဲ။
ယနောက်ကအသင်းဖော်တွေက မှားတဲ့နံပါတ်ကို သတင်းမပို့ရဘူး။ ”
ကျင်းကွမ်းက ခဏအတွင်း ၀င်ဂျွိုင်းခဲ့သော်လည်းသူ၏လေသံမှာ အနည်းငယ်တွန့်ဆုတ်နေဆဲဖြစ်သည်။
"လာ၊ ငါအဆင်သင့်ဖြစ်ပြီ"
ချန်းယွီက သူတို့လိုအရှက်မရှိနိုင်ပါ။ ထို့ကြောင့် သူကခေါင်းကိုလှည့်လိုက်ပြီး ( ဟင်း) ကနဲ သက်ပြင်းချလိုက်သည်။
ယဲ့ဆွေက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။ “ ကောင်းပြီ။
အခုငါစပြီးရေတွက်မယ်နော်။ တစ် ”
စုန့်ပိုင် - "နှစ်"
ကျောက်ဟွေ့ - "သုံး"
သူ့အလှည့်ရောက်သောအခါ ကျင်းကွမ်းက ရုတ်တရက်စိတ်လှုပ်ရှားသွားပြီး သူ၏အသံက အနည်းငယ်မတည်မငြိမ်ဖြစ်လာသည်။
“ လေး...…ငါး…”
တင်းမာနေသော ကျင်းကွမ်းက သူအလွန်ကြောက်ရွံ့နေသောကြောင့် ချန်းယွီရဲ့ နံပါတ်ကိုပါတင်ပြခဲ့တာကို မသိခဲ့ပေ။ သူ့အလှည့်ပြီးသွားတဲ့နောက် သူအလွန်စိတ်သက်သာရာရခဲ့သည်။
ချန်းယွီက ကျင်းကွမ်းကို တစ်ချက်ကြည့်ပြီး အခက်အခဲတစ်ခုနဲ့ "ခြောက်"လို့ဖွင့်ဟလိုက်သည်။
လေထုက ခဏမျှတိတ်ဆိတ်သွားသည်။
"ဘာလို့ အပိုလူတစ်ယောက်ရှိနေတာလဲ?" ယဲ့ဆွေ
ရပ်တန့်လိုက်သောအခါ စုန့်ပိုင်က သူမနောက်သို့လိုက်လာသည်။
ကျောက်ဟွေ့ သည်လည်း ကျင်းကွမ်းကိုလှည့်ကြည့်လိုက်သည်။
ချန်းယွီရဲ့ မျက်လုံးတွေက အလွန်စိတ်ရှုပ်ထွေးနေသည့် ကျင်းကွမ်း ပေါ်တွင်သာ ရှိနေသည်။
လူပေါင်းများစွာက တစ်ပြိုင်နက်တည်း ငေးမောကြည့်နေသောအခါ ကျင်းကွမ်း စိတ်ရှုပ်လာသည်။
“ ငါ…ငါ…ငါရေတာမှားသွားတာ ”
ကျင်းကွမ်းက သူတို့၏မျှော်လင့်ချက်များကို မလိုက်လျောနိုင်ခဲ့သဖြင့် ကျောက်ဟွေ့က
နောင်တရခဲ့သည်။
“ နင့်ရဲ့ကိုယ်ပိုင်နံပါတ်ကိုတောင် သတင်းမပို့နိုင်ဘူး။
ငါအရမ်းကြောက်သွားပြီး ငါ့ခြေထောက်တွေတောင် အားနည်းသွားလုနီးနီးပဲ ”
မူလကတင်းမာနေသောလေထုကို ယဲ့ဆွေနဲ့ ကျင်းကွမ်းတို့က ပိုမိုသက်တောင့်သက်သာဖြစ်စေခဲ့သည်။
လူတိုင်းက ပင်မခန်းမသို့ လမ်းပြန်လျှောက်လာကြသည်။
ထုံးစံအတိုင်း ဧည့်သည်တွေ အားလုံးက နန်းတော်၌တစ်ညတာအိပ်ခဲ့ရသည်။
ယဉ်ကျေးမှုအမွေအနှစ်များကို မပျက်စီးစေဘဲ သူတို့ကအတူတကွမစုရုံးမီ နေရာလွတ်တွင် သူတို့အိပ်ယာများကို ခင်းခဲ့ကြသည်။
ဧည့်သည်အမျိုးသားနှစ်ဦးက တစ်ဘက်တွင်အိပ်ကြပြီး အမျိုးသမီးများက အခြားထောင့်တွင်အိပ်ကြသည်။
နောက်ပိုင်းမှာ ရှိုးသေးသေးလေး တစ်ခုရှိလိမ့်မယ်လို့ ကနဦးထင်ခဲ့တဲ့ ဒါရိုက်တာ စွင်းက မှားယွင်းမှန်းဆမိခဲ့သည်။
စုန့်ပိုင်မှစတင်၍ အားလုံးက ခေါင်းအုံးကိုထိလိုက်သောအခါ လူတိုင်းအိပ်ပျော်သွားကြလေသည်။
စုန့်ပိုင်က များသောအားဖြင့် ကျောင်းသွားလေ့ရှိသည်။
ဤအချိန်၌ သူမက အိပ်ပျော်နေသည်မှာကြာပြီဖြစ်သည်။
ယဲ့ဆွေက အိပ်ပျော်သွားမယ့် နောက်ထပ်တစ်ယောက်ဖြစ်လာသည်။ သူမက အလုပ်တွေရှုပ်နေခဲ့ပြီး မကြာခင်က အနားမယူရသေးဘူး။ သူမဘေးတွင် စုန့်ပိုင် အိပ်နေသည်ကို မြင်လိုက်ရသောအခါ သူမမျက်ဝန်းများကိုပိတ်ပြီး ဘာကိုမှမသိတော့ဘဲ အိပ်ပျော်သွားသည်။
တက်ရောက်လာသော ဧည့်သည်များအားလုံးက လွန်ခဲ့သောရက်အနည်းငယ်အတွင်း အထူးကြပ်မတ်သောခရီးတစ်ခုရှိခဲ့သည်။
ရယ်စရာကောင်းတာကတော့ တစ်ယောက်ပြီးတစ်ယောက် အိပ်ပျော်သွားခဲ့ကြသည်။
ချန်းယွီတောင်မှ သူ့မျက်လုံးများကို တိတ်ဆိတ်စွာမှိတ်လိုက်သည်။
နန်းတော်က တိတ်ဆိတ်သွားတာကြောင့် လက်ရှိ၀န်ထမ်းများက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
ဒီရှိုးဟာလွတ်လပ်မှုမြင့်မားခဲ့သည်။
ပရိုဂရမ်အဖွဲ့က ဧည့်သည်တို့၏ အပြုအမူကို မကန့်သတ်ဘဲ ယေဘူယျလမ်းညွှန်ချက်များကိုသာ ပေးခဲ့သည်။
ဧည့်သည်တွေဘာလုပ်ရမယ်လို့ သူတို့မသတ်မှတ်ထားဘူး။ ဒါကြောင့်သူတို့ကို စောစောအိပ်ခွင့်ပေးထားသည်။
သို့သော် ၀န်ထမ်းများက ဤဧည့်သည်များအား ဒီလောက်ကြီးမားသောနှလုံးသားရှိရန် အမှန်တကယ်မမျှော်လင့်ခဲ့ပေ။
နန်းတော်က ယခုအချိန်တွင် အန္တရာယ်မဖြစ်သော်လည်း တစ္ဆေသရဲရှိခဲ့သောနေရာတစ်ခုဖြစ်ခဲ့သည်။
သူတို့ကတကယ် ဒီလိုသရဲခြောက်တဲ့နေရာမှာ အေးအေးဆေးဆေးနဲ့အိပ်ရဲကြတယ်!
အင်တာနက်သုံးစွဲသူများသည်လည်း ဧည့်သည်များ၏အခြေအနေကို နားလည်သဘောပေါက်ပြီး သွမ့်မုစခရင်တွင် စာနာသောမှတ်ချက်များနဲ့ ပြည့်နှက်နေသည်။
"ဆွေဆွေ အရမ်းပင်ပန်းနေတာဖြစ်ရမယ်။ အဲဒါကြောင့်သူမ မြန်မြန်အိပ်ပျော်သွားတာပဲ "
“ပြီးတော့ ငါ့ရဲ့ရုပ်ရှင်ဘုရင်ကြီး ချန်းက သူ့ပုံရိပ်ကို သေသေချာချာမစဥ်းစားဘဲ ချက်ချင်းအိပ်ပျော်သွားနိုင်တယ်။
သူ့အချိန်ဇယားက အရမ်းပြည့်နေပုံရတယ်။
သနားစရာကောင်လေး ”
“ ငါ့ရဲ့အာရုံစူးစိုက်မှုက တခြားသူတွေနဲ့မတူဘူးထင်တယ်။
ကျင်းကွမ်းက သူအိပ်ပျော်သွားတဲ့အခါမှာ အတော်လေးသိမ်မွေ့တယ် "
“ ပရိုဂရမ်အဖွဲ့၊ ကျေးဇူးပြု၍ သူတို့ကိုမနှိုးပါနဲ့နော်။
သူတို့ကိုအိပ်ခွင့်ပေးလိုက်ပါ။ သူတို့အိပ်ပျော်နေတာကိုကြည့်ရတာ ပျော်ဖို့ကောင်းတယ်။ ”
ပရိုဂရမ်အဖွဲ့က အင်တာနက်သုံးစွဲသူများ၏ ထင်မြင်ယူဆချက်များကို လိုက်နာခဲ့ပြီး ဧည့်သည်များအားမနှိုးခဲ့ပေ။ ဘာပဲဖြစ်ဖြစ် နာရီအနည်းငယ်အကြာတွင် အရုဏ်တက်တော့မည်။
ယဲ့ဆွေက ပထမဆုံးနိုးလာသည်။
သူမမျက်လုံးဖွင့်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရတာကတော့ သူမရဲ့ ဦးခေါင်းထက်က သံတန်းများနှင့်ပန်းပုများဖြစ်သည်။
သူမက သူမ၏အသိဥာဏ်ကို ပြန်လည်မရရှိသေးဘဲ သူမဘယ်မှာလဲဆိုတာကို မမှတ်မိတော့ပေ။
သူမခေါင်းကို နည်းနည်းစောင်းလိုက်တော့ ချန်ရှု့က အဝေးကြီးမှာမဟုတ်တာကို မြင်လိုက်ရသည်။
ယဲ့ဆွေက နာရီအနည်းငယ် အိပ်ပျော်နေစဉ် ချန်ရှု့က သူမနှင့်တချိန်လုံးနေခဲ့သည်။
သူမကိုစောင့်ရှောက်ရန် သူကမနီးမဝေးတွင် ရပ်နေသည်။
ယဲ့ဆွေက ချန်ရှု့ကို မသိမသာ ပြုံးပြလိုက်သည်။
နောက်စက္ကန့်ပိုင်းမှာတော့ သူမကရှိုးကို ရိုက်ကူးနေတုန်းဆိုတာကို ရုတ်တရက် သတိရသွားပြီး ချက်ချင်း ခုတင်ပေါ်ကနေ ထလိုက်သည်။
ကံကောင်းထောက်မစွာ ရှောင်လျို့က ချန်ရှု့ အနီးတွင်ရပ်နေခဲ့သည်။
မဟုတ်ရင် သူမက အခြေအနေကို ဘယ်လို ရှင်းပြရမှန်းမသိဘူး။
ယဲ့ဆွေက သူမမျက်လုံးများကိုပွတ်ကာ သူမကိုယ်သူမနိုးထရန် ကြိုးစားနေသည်။
ဘယ်ဘက်အစွန်ဆုံးက ချန်းယွီလည်း နိုးလာသည်။
သူအရမ်းပင်ပန်းတာကြောင့် ဒီမှာအိပ်ပျော်သွားတာကို သူအံ့သြသွားမိသည်။
သူ့ပထမဆုံးတုံ့ပြန်မှုက ယဲ့ဆွေကိုကြည့်တာဖြစ်သည်။
အင်တာနက်သုံးစွဲသူများနှင့်နှိုင်းယှဉ်ပါက သူကပိုမိုရှင်းလင်းစွာမြင်နိုင်ပြီး ယဲ့ဆွေအပြုံးကိုသဘာဝအတိုင်းသတိပြုမိခဲ့သည်။
ရှောင်လျို့က ထိုနေရာတွင်ရပ်နေသည်ကို သူမြင်သောအခါ သူအများကြီးမတွေးခဲ့ပေ။
ယဲ့ဆွေနဲ့ ချန်းယွီ နိုးလာသကဲ့သို့ အခြားဧည့်သည်များလည်း တစ်ယောက်ပြီးတစ်ယောက် ထထိုင်လာကြသည်။
ကျောက်ဟွေ့က သမ်းဝေလိုက်သည်။ “ ဝိညာဉ်ရေးရာနေရာက ငါ့ကိုပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပုံရတယ်”
ကျင်းကွမ်းလည်း သူမ၏ထင်မြင်ချက်ကို သံယောက်လိုက် လိုက်သည်။ “ အိပ်ပျော်သွားပြီးတဲ့နောက်မှာ အဲ့တာက ငါ့ကိုလန်းဆန်းစေတယ်”
ဒါရိုက်တာ စွင်း - ".......... "
ဒါဟာအရုဏ်တက်နေပါပြီ။ ရှိုးမှတ်တမ်းတင်ခြင်းကပြီးဆုံးသွားပြီး ဧည့်သည်များက အိမ်ပြန်ရန် အသင့်ဖြစ်နေကြသည်။
ယဲ့ဆွေက ချန်ရှု့ နောက်သို့သဘာဝအတိုင်းလိုက်သွားပြီး ထွက်သွားလိုက်သည်။
ယဲ့ဆွေ၏ နာနီကားကို အနည်းငယ်ဝေးတဲ့နေရာမှာ ရပ်ထားပြီး နေရာကအခြားဧည့်သည်များနှင့် အလွန်ဝေးသည်။
ဒါပေမယ့် ဒါက ချန်းယွီ ရဲ့ကားနဲ့ တော်တော်လေးနီးသည်။
ယဲ့ဆွေ နိုးလာခဲ့ပြီးတော့ အနည်းငယ်ရှုပ်ထွေးနေဆဲဖြစ်သည်။
သို့သော် သူမက သူမ၏ပတ်၀န်းကျင်မှ လူများကို အာရုံထားရန်သိသေးသည်။
ယဲ့ဆွေက သူမမျက်လုံးများကို အရင်ဝှေ့ဝိုက်ကြည့်လိုက်ပြီး တိတ်တဆိတ်နဲ့ လက်ကို ဆန့်ထုတ်လိုက်သည်။
ယဲ့ဆွေဘေးတွင် လမ်းလျှောက်နေသော ချန်ရှု့က ရုတ်တရက် သူ၏လက်ချောင်းများတွင် တစ်စုံတစ်ခုကိုခံစားလိုက်ရသည်။
နွေးထွေးတဲ့ထိတွေ့မှုက သူ့လက်ချောင်းထိပ်တွေမှာ ရှိနေခဲ့သည်။
သူကခေါင်းကိုလှည့်ကာ သူ့ကိုပြုံးပြနေသောယဲ့ဆွေကိုကြည့်လိုက်သည်။
သူမက ချန်ရှု့ ၏လက်ကိုကောင်းမွန်စွာနဲ့ လှုပ်ခါလိုက်သည်။
"မနက်စာ ဘာစားချင်လဲ?"
ယဲ့ဆွေက ခုမှနိုးလာသည်။ သူမ မနေ့ညက ညစာမစားထားဘူး၊ ဒါကြောင့် သူမအရမ်းဆာလောင်နေခဲ့သည်။
ချန်ရှု့က ယဲ့ဆွေကို သူ့လက် ကိုင်ခွင့်ပြုလိုက်သည်။ ယဲ့ဆွေ၏ စကားများကိုကြားရသောအခါ သူကချက်ချင်းပင် သူ၏လက်ကိုင်ဖုန်းကိုထုတ်ကာ အနီးအနားရှိစားသောက်ဆိုင်များကို စစ်ဆေးခဲ့သည်။
ယဲ့ဆွေခေါင်းကိုအနည်းငယ် ရွှေ့လိုက်ပြီး ဖုန်း စခရင်ကို အတူတူကြည့်လိုက်သည်။
"ရှင် ဒီစားသောက်ဆိုင်ကိုကြိုက်လား?"
“ မင်းကြိုက်တာရွေးလေ။ ကိုယ်
ဂရုမစိုက်ဘူး ”
“ ဒီတစ်ဆိုင်လည်းကောင်းတယ်။
ကျွန်မတို့ ထုတ်သွားပြီး နောက်တစ်ကြိမ် အိမ်မှာစားလို့ရတယ်။ ”
ယဲ့ဆွေနှင့်ချန်ရှု့တို့က ခေါင်းကိုစောင်းကာ နံနက်စာကို အတူတူအလေးအနက် ဆွေးနွေးနေကြသည်။
သူတို့နောက်က တစ်စုံတစ်ယောက် ထွက်သွားတာကို သူတို့သတိမထားမိခဲ့ဘူး။
အဲဒါက ချန်းယွီပဲ။
ချန်းယွီရဲ့ လက်ထောက်က ကျန်ခဲ့တဲ့အချို့အရာများကိုယူရန် ထွက်ခွာသွားသည်။
သူကကားပါကင်တွင်တစ်ယောက်တည်းနေခဲ့ပြီး လက်ထောက်ပြန်လာတာကို စောင့်နေခဲ့သည်။
ချန်းယွီရဲ့ ပထမဆုံးတုံ့ပြန်မှုက သူ့ဦးခေါင်းကိုလှည့်၍ ကားပါကင်တစ်ခုလုံးကို ကြည့်ရန်ဖြစ်သည်။
အရမ်းစောလွန်းတဲ့အတွက် ကားပါကင်မှာ သူကလွဲပြီးဘယ်သူမှမရှိချေ။
ထိုအချိန်၌ ချန်းယွီ သက်ပြင်းချလိုက်သည်။
သူ့ရဲ့အကြည့်ကို ယဲ့ဆွေနဲ့ ချန်ရှု့တို့ဘက်ကို တစ်ဖန်လှည့်ကြည့်လိုက်သည်။
စုံတွဲက အတူတကွကားပေါ်တက်သွားခဲ့ကြသည်။
ယဲ့ဆွေနှင့်ချန်ရှု့တို့မှာ အလွန်ရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်ကိုမြင်ရန် မခက်ခဲဘူး။
ချန်းယွီက ယဲ့ဆွေ ၌ သူမနှစ်သက်သောသူ တစ်ဦးရှိသည်ဟု ပြောခဲ့သည်ကိုသတိရသွားသည်။ အဲ့တာက ဒီလူဖြစ်နိုင်သည်။
ဒီနေ့နံနက်က ယဲ့ဆွေအပြုံးကို သူမှတ်မိခဲ့သည်။ အဲ့တာက ထိုသူ့ဆီကိုပြုံးပြတာလည်း ဖြစ်နိုင်တာပဲ။
ကံကောင်းထောက်မစွာနဲ့၊ ဤမြင်ကွင်းထဲသို့ ပြေးဝင်သွားသူမှာ ချန်းယွီ ဖြစ်သည်။
သူက စကားပြောကောင်းသူတစ်ယောက်မဟုတ်ပေ။ ယဲ့ဆွေနဲ့ ချန်ရှု့တို့လျှို့ဝှက်ချက်များနဲ့ ပတ်သက်ပြီး သူ့ပါးစပ်ကိုပိတ်ထားလိမ့်မည်။