အပိုင်း ၁၂၆
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၂၆ - ချန်ရှု့ရဲ့ ဒေါသ

 

 

 

 

ချန်ရှု့ရဲ့ မှတ်ချက်တွေက ရုတ်ရုတ်သဲသဲဖြစ်စေသည်။

 

 

သတင်းထောက်တစ်ဦးက မေးခဲ့သည်။  “ ဥက္ကဌချန်၊ ဒီလက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ရက်က မပြောင်းထားဘူးဆိုတာကို ငါတို့ဘယ်လိုသိနိုင်မလဲ?”

 

 

ချန်ရှု့ ပြုံးလိုက်သော်လည်း သူ့မျက်လုံးများက အေးစက်နေသည်။  "ဟွာရွေ့ကို မေးခွန်းထုတ်နေတာလား?"

 

 

ထို့နောက်သူက အသိအမှတ်ပြုထားသောစာချုပ်ကို ချက်ချင်းထုတ်လိုက်သော ဝမ်ချွမ်းကို တစ်ချက်ကြည့်လိုက်သည်။  သူတို့က အဲ့ဒါကိုအစောကြီးကတည်းကပြင်ဆင်ထားပြီးသား။ ဤအရာသည် ချန်ရှု့နှင့် ယဲ့ဆွေ တို့ရဲ့ တရားဝင် အသိအမှတ်ပြုထားတဲ့ လက်ထပ်စာချုပ်ဖြစ်သည်။

 

 

စာချုပ်၏စကင်ဖတ်ထားသောမိတ္တူကို ဖန်သားပြင်ကြီးပေါ်တွင် လူတိုင်းအားပြသထားလိုက်သည်။

 

 

 "ယဲ့ဆွေရဲ့မုန်းတီးသူတွေကို ငါထပ်ပြီး မြင်နိုင်စွမ်းမရှိတော့ဘူး။  ဒီသတင်းထောက်က ဥပဒေဗဟုသုတမရှိဘူးလားလက်ထပ်စာချုပ်ပေါ်က ရက်စွဲကို ဘယ်လိုလုပ်အတုလုပ်လို့ရမှာလဲ?”

 

 

"ချန်ရှု့က ဟွာရွေ့ ရဲ့ သူဌေးဖြစ်ကတည်းက ချန်ရှို့ကို ဟွာရွေ့ရဲ့ အရင်းအမြစ်တွေကို ရသင့်တယ်လို့ အကြောင်းပြချက်ရှိပေမယ့်လည်း သူက ဟွာရွေ့နဲ့ ဘယ်သောအခါမှ ပူးပေါင်းခဲ့ခြင်းမရှိဘူး "

 

 

"ယဲ့ဆွေက ဟွာရွေ့နဲ့စာချုပ်ချုပ်ထားတယ်ဆိုတာကို မမေ့လိုက်နဲ့။ ပြီးတော့ သူမကအရင်းအမြစ်တွေ ကောင်းကောင်းရလာတဲ့အချိန်ပဲ

 

 

 “ ဟွာရွေ့က အများပြည်သူကို ပုဂ္ဂလိကအကျိုးစီးပွားနဲ့မခွဲနိုင်ဘူး။ ရိုးရိုးသားသားပြောရရင် ယဲ့ဆွေကို ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံသုံးပစ်ရုံနဲ့ လုံလောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူကအရမ်းချမ်းသာတာမို့ သူမ လိုချင်တာကို ရိုက်ကူးနိုင်တယ်။

 

 

ဒီလမ်းကိုလူတွေက တစ်ဆင့်ပြီး တစ်ဆင့်လျှောက်ကြတယ်။ ဟွာရွေ့က အစကတည်းက ဒါကိုတကယ်လုပ်ရင် သူတို့လှောင်ပြောင်တာကိုခံရပြီးပြီပဲ။ လောကမှာနာမည်ကျော်ကြားဖို့ မလိုတော့ဘူးလား? အခု ယဲ့ဆွေက စိတ်ဆင်းရဲမှု မျိုးစုံကို ရင်ဆိုင်ခဲ့ရပြီးပြီ

 

 

သတင်းထောက်များမှာ ပြောစရာမရှိတော့ပေ။ ချန်ရှု့ လက်ထပ်သည့် ရက်စွဲရောက်မှသာ ယဲ့ဆွေက သူမရဲ့နေရာတက်ရန် မရေးထားသော စည်းမျဉ်းများကို အားမကိုးကြောင်း အဲ့တာကသက်သေပြခဲ့သည်။ သူမကို မုန်းနိုင်သည့် တစ်ခုတည်းသောအရာမှာ လျို့ဝှက်ထားသော အိမ်ထောင်ရေးသာဖြစ်သည်။

 

 

သတင်းထောက် - "ဥက္ကဌ ချန်၊ ခင်များတို့နှစ်ယောက်စလုံး ဘာလို့စောစောစီးစီး လူသိရှင်ကြားမပြရတာလဲ?"

 

 

ချန်ရှု့- "အိမ်ထောင်ရေးက လူနှစ်ယောက်ရဲ့ကိစ္စပါ။ ကျွန်တော် ခင်များကို ရှင်းပြစရာမလိုဘူး"

 

 

သူနှင့်ယဲ့ဆွေရဲ့ ငြိမ်းချမ်းနေတဲ့ ဘဝက ကြေမွသွားပြီးပြီ။ ဒါကြောင့် ဘယ်လိုမုန်တိုင်းမဆို နောက်ထပ်ကြုံတွေ့ရရင်တောင် ၎င်းတို့ကိုအတူတကွ ရင်ဆိုင်လိမ့်မည်။

 

 

 “ ကျွန်တော့်ဇနီး ယဲ့ဆွေက ကြင်နာတတ်တဲ့သူတစ်ယောက်ပါ။ အင်တာနက်ပေါ်က အတင်းအဖျင်းတွေနဲ့ ရင်ဆိုင်ရပေမယ့်လည်း သူမကဘာကိုမှ ရှင်းပြခြင်းမရှိခဲ့ဘူး ”  ချန်ရှု့က ဒါပေမယ့် ကျွန်တော် သူမကိုယ်စားစကားအချို့ပြောချင်တယ်

 

 

"ကားမတော်တဆမှုဖြစ်တဲ့အချိန်တုန်းက ယဲ့ဆွေက ငါ့ရှေ့မှာပိတ်ပေးထားတဲ့သူပဲ။ သူမ ကိုမာဝင်သွားလုနီးပါးတောင်ဖြစ်သွားခဲ့တယ် "

 

 

"ယဲ့ဆွေက သူမထက် သူမကိုပိုဂရုစိုက်တဲ့လူတွေကို စဉ်းစားပေးတယ်။ သူမကပရိတ်သတ်တိုင်းကို ဂရုစိုက်တယ်။ သေချာတာပေါ့၊ မင်းသူ့ကိုမကြိုက်ဘူးဆိုရင်တောင် မင်းကို သူမက ပိုကောင်းတဲ့အကျင့်တွေကို ဆက်ပြီးပြပေးလိမ့်မယ် "

 

 

သူ့ပြောဆိုချက်များကို မှတ်တမ်းတင်နေစဉ် သတင်းထောက်များက သူတို့ကိုခွေးစာတစ်လုတ် အဝကျွေးခံခဲ့ရတယ်လို့ ခံစားလိုက်ရသည်။

 

 

ဤသတင်းစာရှင်းလင်းပွဲတွင် ချန်ရှု့က အခြားကိစ္စတစ်ခုကိုလည်း ထုတ်ဖော်ခဲ့သည်။

 

 

သူက ချန် အုပ်စု ကိုစိတ်မဝင်စားခဲ့ပေ။  သူက ဟွာရွေ့ကို တိုးတက်စေလိုပြီးအနာဂတ်မှာ ချန် အုပ်စုကို အမွေဆက်ခံမည်မဟုတ်ပေ။

 

 

ချန်ရှီက သူ့ကို လွှဲပြောင်းဖို့ ရည်ရွယ်ချက်ရှိသည်ကို ချန်ရှု့သိသည်။  ဒီအခွင့်အရေးနဲ့ သူကမီဒီယာနဲ့ ချန်ရှီ တို့ကိုရှင်းရှင်းလင်းလင်းပြောခဲ့သည်။

 

 

ဒါကို အင်တာနက်သုံးစွဲသူတွေ ကြားတဲ့အခါပထမတော့သူတို့စိတ်ရှုပ်သွားပြီးနောက် နားလည်လာကြသည်။  ဟွာရွေ့ရဲ့ တန်ဖိုးက ချန်အုပ်စုထက် ဆယ်ဆဖြစ်သည်။  ဥက္ကဌ ချန်က ချန် မိသားစု၏ငွေကို ဘယ်လိုဂရုစိုက်မှာလဲ?

 

 

 "ဥက္ကဌချန်က အရမ်းချောတယ်! ယဲ့ဆွေက ဒီလောက်ကောင်းတဲ့ ခင်ပွန်းရှိဖို့အတွက် သူမရဲ့အရင်ဘဝမှာ နဂါးငွေ့တန်းတစ်ခုလုံးကို ကယ်တင်ခဲ့တာ ဖြစ်မယ်ထင်တယ်။ "

 

 

"ရသစုံရှိုးမှာ ကောယွဲ့ကို ဖျော်ဖြေဖို့ ယဲ့ဆွေ ငြင်းခဲ့တာကို မင်းမှတ်မိသေးလား? သူမရဲ့ခင်ပွန်းက အရမ်းချောတယ်။ သူမက အခြားသူကို ဘယ်လိုကြည့်နိုင်မှာလဲအခု ငါတွေးနိုင်တာက ယဲ့ဆွေနဲ့ ချန်ရှု့ရဲ့ချိုမြိန်မှုပဲ "

 

 

"ယဲ့ဆွေမှာ သူမအတွက် ပြောနေတဲ့ ပရိသတ်တွေရှိနေသေးမယ်လို့ ငါမထင်ထားဘူး။ သူမက မင်းတို့အားလုံးကိုလှည့်စားခဲ့ပေမယ့် မင်းတို့က သူမကိုတာဝန်ယူဖို့မတောင်းဆိုဘူး။ နောက်တစ်ခုက မင်းတို့က သူမအကြောင်း ကောင်းကောင်းပြောကြသေးတယ်။ မင်းတို့မှာ တကယ့်ကို ကြီးမားတဲ့နှလုံးသားရှိတယ်။ လေးစားစရာပဲ

 

 

ချန်ရှု့က ဒီသတင်းစာရှင်းလင်းပွဲမှာ သူပြောချင်တဲ့အရာကို ပြောပြီးသွားပြီ။ သူတို့မမျှော်လင့်ထားတဲ့အရာတစ်ချို့က ချန်ရှို့ ရဲ့ပါးစပ်ကနေ တကယ်ထွက်လာတဲ့အရာပဲ။

 

 

ထိုညကအဖြစ်အပျက်တွင်ပါ၀င်သော ချန်ရှို့က အခင်းဖြစ်ပွားရာ၌ သတင်းထောက်များနှင့် ဝန်းရံနေပြီး ထွက်ပြေးရန်လည်း မဖြစ်နိုင်တော့ပေ။

 

 

သတင်းထောက်တစ်ဦးက သူ၏မျက်နှာရှေ့တွင် မိုက်ခရိုဖုန်းကို ထားလိုက်သည်။  "ချန်ရှို့၊ ဟွာရွေ့ ရဲ့သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဌချန်က သူက ချန် မိသားစုကို အမွေဆက်ခံမှာမဟုတ်ဘူးလို့ ပြောခဲ့တာကို မင်းသိလား? "

 

 

ချန်ရှို့ လန့်သွားသည်။  "ဘာရီး?"

 

 

ချန်ရှု့က ဟွာရွေ့ ဥက္ကဌ ချန် ဖြစ်ကြောင်းသိပြီးနောက် ချန်ရှို့က ဒီနေ့ရောက်လာလိမ့်မည်လို့ မျှော်လင့်ခဲ့သည်။  သို့သော် ချန်ရှု့က ဒီလောက်မျှရိုးရှင်းပြီး ဒီကိစ္စကိုမီဒီယာရှေ့တွင်ဖွင့်ချလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

 

 

ချန်ရှို့က ကိစ္စတစ်ခုလုံးကို စဉ်းစားနေခဲ့သည်။ ယနေ့ညတွင်ဖြစ်ပျက်ခဲ့သောအရာသည် ချန်ရှု့နဲ့ ယဲ့ဆွေတို့သာမက ချန် မိသားစုနှင့်ပါ သက်ဆိုင်သည်။  သူစကားအနည်းငယ် ပြောသင့်သည်။

 

 

 "ကျွန်တော့်ရဲ့တတိယဦးလေး မွေးတဲ့အချိန်မှာ ဗေဒင်ဆရာက သူကအသက်သုံးဆယ်အထိ အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ ဟောခဲ့တယ် " လို့ ချန်ရှို့က ပြောလိုက်သည်။ဒါကြောင့် ချန် မိသားစုက သူ့ရဲ့တည်ရှိမှုကို အပြင်လူတွေဆီ ဖုံးကွယ်ထားခဲ့တယ် "

 

 

 "ခန့်မှန်းထားတဲ့ အသက် ၃၀ဆိုတဲ့ ကပ်ဆိုးကြီးကိုကျော်ဖြတ်ပြီး သူနဲ့အတူ လိုက်ပါတဲ့သူကတော့ ယဲ့ဆွေပဲ "

 

 

 “ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းကောင်းပါတယ်။  လူတိုင်း ပိုပြီးခံနိုင်ရည်ရှိပြီးတော့ သူတို့ကိုငြိမ်းချမ်းတဲ့ဘဝပေးနိုင်မယ်လို့ ကျွန်တော်  မျှော်လင့်ပါတယ်

 

 

ချန်ရှို့က တရုတ် ဇာတာခွင်ကို မယုံသော်လည်း ချန် မိသားစုက ပြင်ပကမ္ဘာအကြောင်းကို မပြောပြပေမဲ့ သတင်းထောက်က မေးမြန်းတဲ့အခါ ချန်ရှို့က သူတို့ကိုနည်းနည်း ကူညီဖို့လိုသည်။

 

 

အင်တာနက်ပေါ်တွင် ယဲ့ဆွေနှင့်ပတ်သတ်သော အပျက်သဘောဆောင်သော ဆောင်းပါးများက အလွန်အားရစရာကောင်းလှသည်။  ဒီဟာက ချန်ရှု့ရဲ့ ပါးစပ်မှထွက်လာသကဲ့သို့ ဟွာရွေ့က သူတို့၏ဆက်ဆံရေးကို တမင်တကာအလှဆင်နေသည်ဟု ထင်လိမ့်မည်။

 

 

မီဒီယာများက ချန်ရှု့နဲ့ ယဲ့ဆွေကို တိုက်ခိုက်သောအခါ သူတို့သည် ချန် မိသားစုသို့ သွားနေသည်ဟု ဆိုလိုသည်။

 

 

ချန်ရှို့ ၏စကားအနည်းငယ်က ယဲ့ဆွေ၏ ဖုံးကွယ်ထားတဲ့ အိမ်ထောင်ရေးအကြောင်းများကို ရှင်းပြရန် ဖြစ်ပျက်ခဲ့သည်။ ချန်ရှု့က အသက် ၃၀ တွင် သူ၏သေဆုံးခြင်းဆိုတဲ့ ဟောကိန်းကြောင့် သူ၏ကိုယ်ပိုင်လက္ခဏာနှင့် သူ၏အိမ်ထောင်ရေးအခြေအနေကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

 

 

သတင်းထောက်များ၏ အမြန်နှုန်းက အလွန်မြန်ဆန်ပြီး မူကြမ်းကို ချက်ချင်းစီစဉ်ခဲ့သည်။

 

 

 [ ဗေဒင်ဆရာတစ်ဦးပြောကြားချက်အရ ချန်ရှု့မှာ ခက်ခဲတဲ့ဘဝရှိတယ်လို့ ကောလဟာလသတင်းတွေထွက်ပေါ်နေတယ်။  ချန်မိသားစုက သူ့ကိုဒီနေ့ထိတိုင်ဖုံးကွယ်ထားသည်]

 

 

 [ထိုနှစ်၌ကားမတော်တဆမှုနှင့် ပတ်သက်သော နောက်ထပ်ဝှက်ထားသော ဇာတ်လမ်းထွက်ပေါ်လာခဲ့ပါပြီ။ လင်မယားနှစ်ဦးတို့မှာ အလွန်နက်ရှိုင်းတဲ့ချစ်ခင်တွယ်တာမှုရှိကြတယ် ]

 

 

 မီဒီယာ၏ပုံကြီးချဲ့သည့် အလှဆင်မှုတွင် ချန်ရှု့နဲ့ ယဲ့ဆွေတို့က မသေနိုင်သော ချစ်သူစုံတွဲတစ်တွဲဖြစ်လာသည်။  ဒါတောင်မှယဲ့ဆွေရဲ့ဂုဏ်သတင်းက ပြောင်းပြန်မဖြစ်လာဘူး။

 

 

ယဲ့ဆွေရဲ့ ကျော်ကြားမှုက ဒီလိုမျိုးကျဆင်းသွားမှာလား?

 

 

 ယဲ့ဆွေက သူမ၏စိတ်နှလုံးအတွင်း၌ နက်ရှိုင်းသောအိပ်မက်ကို ဝှက်ထားခဲ့ပြီး သူမက ထိုအကြောင်းကို ထပ်မတွေးတော့ချေ။  ဒါ့အပြင် မကြာသေးမီက အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့သည်။  သူမလည်းထိုအိပ်မက်ကို တဖြည်းဖြည်း မေ့သွားခဲ့သည်။

 

 

မကြာသေးမီရက်များအတွင်း သူမ၏လှုပ်ရှားမှုက သိပ်မများချေ။ သူမအလုပ်တွေပြီးသွားပြီးနောက် မျက်လုံးမှိတ်ပြီး နာနီကားပေါ်မှာ အနားယူနေသည်။ ကားထဲတွင် သူမ တစ်ဦးတည်းသာရှိနေပြီး အလွန်တိတ်ဆိတ်နေခဲ့သည်။

 

 

တစ်စုံတစ်ယောက်က ကားတံခါးကိုဖွင့်လိုက်သည်နှင့် ယဲ့ဆွေက တစ်ယောက်ယောက်ဝင်လာသည်ကို သတိပြုမိလိုက်သည်။ သူမ မျက်လုံးမဖွင့်မီ ရှောင်လျှို့ ၏အသံကိုကြားလိုက်ရသည်။

 

 

"ဆွေဆွေ၊ ရှကျုံး မင်းဆက်ရဲ့ တူးဖော်တွေ့ရှိထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြသမယ့်ပြတိုက်က အနီးအနားမှာရှိတယ်။ " ရှောင်လျှို့က ယဲ့ဆွေ  ဒါကိုစိတ်ဝင်စားတယ်လို့ ထင်တဲ့အတွက်ကြောင့် သူမက သူမကိုပျော်ရွှင်စေချင်လို့ အထူးအနေနဲ့ ပြောပြခဲ့သည်။

 

 

မှော်ဓားရှည်တစ်ချောင်း ရှိတယ်လို့ ကြားတယ်။ အဲ့တာကိုနှစ်ပေါင်းများစွာ မြေကြီးထဲမှာ မြှုပ်နှံခဲ့ပေမယ့် လုံးဝမပျက်စီးသွားဘူး

 

 

ယဲ့ဆွေ အံ့သြတကြီးဖြစ်သွားသည်။  သူမ မူလက ရှောင်လျှို့ကို ထွက်သွားစေလိုသော်လည်း ယခုချိန်တွင် ခဏတုန့်ဆိုင်းသွားသည်။  သူမစိတ်ပြောင်းသွားပြီ။

 

 

"အဲ့ဒီနေရာကိုသွားရအောင်။ ငါကြည့်ချင်တယ်။ "

 

 

ထုံးစံအတိုင်း ရှောင်လျှို့က ငြင်းမှာမဟုတ်ဘူး။  သူမကားနောက်ခန်းမှ mask နှင့် ဦးထုပ်ကိုယူကာ ယဲ့ဆွေအားအခြားဝတ်စုံကို ပြောင်းဝတ်ခိုင်းလိုက်သည်။

 

 

ကားကပြတိုက်ဘက်ကို မောင်းနှင်ခဲ့သည်။  ပိုမိုနီးကပ်လာလေ ယဲ့ဆွေနှလုံးသားက ပို၍ခုန်လာသည်။

 

 

 ရှာဖွေတွေ့ရှိသွားမှာကို ကြောက်ရွံ့သောကြောင့် ရှောင်လျှို့က ကားကို ပိုဝေးတဲ့နေရာမှာ ရပ်လိုက်သည်။  နှစ်ယောက်သား အပြင်ကိုထွက်လာပြီး လမ်းလျှောက်ခဲ့ကြသည်။

 

 

ကံကောင်းထောက်မစွာနဲ့ ဤအချိန်၌ လူများစွာမရှိပေ။ ယဲ့ဆွေကို တွေ့သွားဖို့ လွယ်ကူသည်။

 

 

လေတိုက်တာရပ်သွားသည်နှင့်အမျှ ပြတိုက်ကအလွန်တိတ်ဆိတ်သွားသည်။ အနည်းငယ်ချမ်းအေးမှုတောင်ရှိခဲ့သည်။ အပူချိန်က အပြင်မှာထက် နည်းနည်းနိမ့်နေသည်။

 

 

ပထမပြပွဲပစ္စည်းရဲ့အစမှစ၍ ယဲ့ဆွေက အရာအားလုံးကို ဂရုတစိုက်ကြည့်ရှု့ခဲ့သည်။ သူမက ပစ္စည်းတစ်ခုစီကို အနီးကပ်ကြည့်ရှုခဲ့သည်။

 

 

ယဲ့ဆွေက သူမအာရုံစိုက်လေလေ သူမနဲ့ပိုရင်းနှီးလာလေလေဆိုတာကို သိလိုက်ရသည်။ သူမက ဝေးလံသောအိပ်မက်၌ ဤယဉ်ကျေးမှုအမွေအနှစ်များပေါ်က ပုံစံများကိုမြင်ဖူးပုံရသည်။

 

 

အကျွမ်းတဝင်ရှိသော်လည်း သူမ မေ့လျော့နေခဲ့သည်။

 

 

ယဲ့ဆွေက လမ်းတစ်လျှောက်လုံး လျှောက်သွားလိုက်ပြီး နောက်ဆုံးတွင် ပြပွဲ၏အလယ်၌ ရပ်ခဲ့သည်။  ဒီပြပွဲရဲ့ပစ္စည်းက ရှောင်လျှို့ ပြောခဲ့တဲ့စကားနဲ့ကွက်တိပဲ။

 

 

နှစ်ပေါင်းရာချီ ဖြတ်သန်းလာခဲ့ပေမယ့် ဒီဓားရဲ့ထိပ်မှာ သံချေးတက်တာမတွေ့ရချေ။ ၎င်းသည် တောက်ပြောင်ပြီး သန့်ရှင်းနေသည်။ ခဏလောက်ကြာပြီးနောက် ယဲ့ဆွေ ရှေ့၌ ပေါ်လာသောအခါ ၎င်းသည်ယခင်အတိုင်းပင်ရှိနေသေးသည်။

 

 

ယဲ့ဆွေက ဓားတစ်လက်ကို ငေးစိုက်ကြည့်နေသည်။  သူမခန္ဓာကိုယ်တစ်ဝိုက်ရှိ လေထုက အေးစက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမကုတ်အင်္ကျီ ၀တ်ထားပေမယ့် အနည်းငယ် အေးနေသေးသည်။  သူမ၏အသားအရေက အေးစက်သော အရိပ်အယောင်များဖြင့် နီမြန်းလာသည်။

 

 

 ရုတ်တရက် ဓားရှည်ပေါ်တွင် အမှောင်ရိပ်တစ်ခုပေါ်လာပြီး ဤအချိန်၌ တိတ်ဆိတ်သွားသည်။ ဓားမှအနက်ရောင်အရိပ် ထွက်လာသည်ကို ယဲ့ဆွေရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

 

 

သူမက ချက်ချင်း ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ချိန်မှာ သူမကလွဲပြီး မည်သူမျှသတိမပြုမိကြောင်း တွေ့သွားခဲ့သည်။

 

 

အနက်ရောင်အရိပ်က တစ္ဆေဖြစ်သည်ကို ယဲ့ဆွေသိသည်။ သူမကသာ အဲ့တာကိုမြင်နိုင်သည်။

 

 

စက္ကန့်အနည်းငယ်ကြာပြီးနောက် အမှောင်ရိပ်က ဖောက်ထွင်းမြင်နေရာမှ အစစ်အမှန်သို့ တဖြည်းဖြည်းပြောင်းလဲသွားသည်။  ၎င်းသည် လူသားအသွင်သို့ပြောင်းသွားပြီး ယဲ့ဆွေရှေ့တွင် ရပ်လိုက်သည်။

 

 

ယဲ့ဆွေက အမှောင်ရိပ်၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ၏ဆံပင်များက ကောက်ကွေးပြီး အသေးစိတ်ညှပ်ထားသည်။  သူသည်သွေးအနည်းငယ်နှင့် ဖုံးလွှမ်းထားသော သံချပ်ကာဝတ်စုံကို ၀တ်ထားသည်။

 

 

ဤသရဲက စစ်သူကြီး ဖြစ်နိုင်သည်။

 

 

စစ်သူကြီးသရဲက မတ်မတ် ရပ်နေသည်။ သူ၏မျက်နှာက တည်ကြည်သည်။ သူ၏စိတ်သဘောထားက အေးစက်နေပြီး သူ့တစ်ကိုယ်လုံးကို အရိုးများခိုက်ခိုက်တုန်စေတဲ့နေရာ၌ နှစ်မြုပ်ခံထားရပုံရသည်။ သူသည် ယဲ့ဆွေနှင့် နှစ်မီတာအကွာတွင် ရပ်နေသည်။

 

 

ယဲ့ဆွေ ခန္ဓာကိုယ်က တောင့်တင်းလာသည်။  သူမခြေလှမ်းများ ရပ်တန့်သွားပြီး မသိမသာနောက်သို့ဆုတ်လိုက်မိသည်။ သူမ လှုပ်ရှားမှုကို မြင်လျှင် စစ်သူကြီးသရဲက ပိတ်ပင်တားဆီးမှုတစ်ခုကို ပြုလုပ်ခဲ့သည်။

 

 

ယဲ့ဆွေ ရှော့ခ်ရသွားသည်။ သူမအသက်ရှူနေတာတောင်မှ သတိကြီးလာသည်။ သူမက သရဲတစ္ဆေများစွာကို မြင်ဖူးသော်လည်း သူမဒီလိုမျိုးသရဲကို မမြင်ဖူးခဲ့ပေ။

 

 

သူမရှုံးနိမ့်သွားသလိုပဲ။ နောက်စက္ကန့်တွင် တစ္ဆေက တကယ်ပဲဒူးကိုကွေးလိုက်ပြီး ယဲ့ဆွေဘက်ကို ဦးညွှတ်လိုက်သည်။

 

 

စစ်သူကြီးသရဲက လေးနက်သောအမူအရာရှိသော်လည်း ယဲ့ဆွေကို မြင်သောအခါ သူ့မျက်လုံးထဲ၌ သက်သာရာရမှုနှင့် မျှော်လင့်ချက်ရှိခဲ့သည်။

 

 

ယဲ့ဆွေက သူ၏ရုတ်တရက် အပြုအမူကြောင့် အံ့အားသင့်သွားသည်။  ရှကျုံး မင်းဆက်တွင် သူမနောက်ဆုံးတွေ့ခဲ့သော ဝန်ကြီးတစ္ဆေကို သူမသတိရမိသွားသည်။  ထိုအချိန်တွင် ဝန်ကြီးတစ္ဆေသည်လည်း ဦးညွှတ်ခဲ့သည်။

 

 

ဒါဆို သူတို့က သူမကိုဒူးထောက်နေကြတာလား? ဒီနှစ်ယောက်ကြား ဆက်စပ်မှုကဘာလဲ?

 

 

ယဲ့ဆွေက စစ်သူကြီးသရဲမှာ မကောင်းသောရည်ရွယ်ချက် မရှိကြောင်းကို ခံစားမိခဲ့သည်။ သူမရှေ့ကသရဲက သူမအကူအညီကို လိုအပ်လား၊ မလိုအပ်ဘူးလားဆိုပြီး သူမအတွေးတွေကို သူမစူးစမ်းကြည့်နေသည်။

 

 

ပြတိုက်မှာ လူသိပ်မရှိပေမယ့် လူတိုင်းက ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ လျှောက်လာခဲ့သည်။  တိတ်ဆိတ်လွန်းတာကြောင့် သူတို့၏အသက်ရှုသံကိုပင်ကြားနိုင်သည်။

 

 

အခြားသူများရဲ့သံသယကို မပြန့်ပွားစေရန် ယဲ့ဆွေက သူမအိတ်ထဲမှ စာရွက်နှင့်ဘောပင်ကို ထုတ်ယူလိုက်သည်။ သူမက ဒီသရဲနဲ့ဆက်သွယ်ဖို့ ဒါကိုသုံးဖို့စီစဉ်ခဲ့သည်။

 

 

အဖြူရောင်စက္ကူဖြူတွင် ယဲ့ဆွေက စကားအနည်းငယ်ချရေးလိုက်သည်။  "ရှင့်မှာ ပြောစရာရှိလို့လား?"

 

 

တစ်နည်းတစ်ဖုံနဲ့ ယဲ့ဆွေက ဒီစာကြောင်းကို ဖြတ်၍ နောက်စာတစ်ကြောင်းကို ရေးချလိုက်သည်။

 

 

အခု စာလုံးတွေက အရင်ကနဲ့မတူတော့ဘူး။  သူတို့က ရှကျုံး မင်းဆက်၏ စာလုံးများဖြစ်လာသည်။

 

 

ယဲ့ဆွေ ခဏလောက် မှင်သက်သွားသည်။  သူမက ရှကျုံး  မင်းဆက်၏ စာလုံးကို ဘယ်လိုသုံးနိုင်မှာလဲ?နောက်ဆုံးအကြိမ်တုန်းက သူမရသစုံရှိုးမှာ ဒီစကားတွေကို တွေ့ခဲ့မိတာနဲ့ သူမလည်း မသိစိတ်က ဖတ်မိလိုက်သည်။

 

 

ယဲ့ဆွေက သူမ ရှကျုံး မင်းဆက်နှင့် ဆက်နွယ်မှုရှိကြောင်း ပိုသေချာလာသည်။

 

 

ယခုအချိန်တွင် သူမက အလွန်စိုးရိမ်ရန် မတတ်နိုင်ပေ။ယဲ့ဆွေက သံသယဖြစ်ခြင်းမှ ရှောင်ရှားရန် စက္ကူကို စစ်သူကြီးသရဲအား တမင်တကာမလွှဲမရှောင်ပြုမူခဲ့သည်။

 

 

 ဤစကားလုံးများကိုမြင်သောအခါ စစ်သူကြီးသရဲက စိတ်လှုပ်ရှားလာသည်။  သူက ယဲ့ဆွေကိုပိုပြီးလေးလေးစားစား ကြည့်လာပြီး သူ့မျက်လုံးအောက်မှာ မျက်ရည်တွေ စီးကျလာခဲ့သည်။

 

 

စစ်သူကြီးသရဲက တစ်ခုခုပြောချင်သော်လည်း သူမ၏နားထဲတွင် တိတ်ဆိတ်သော လေသံသာကြားရသည်။ သူပြောချင်တဲ့စကားတွေကို လေက မျိုချလိုက်သလိုပဲ။

 

 

ယဲ့ဆွေ အံ့သြသွားပြီး ဘာမှမတုံ့ပြန်နိုင်ခဲ့ပေ။

 

 

နောက်စက္ကန့်ပိုင်းတွင် စစ်သူကြီးသရဲက သူ့လည်ပင်းကို စိတ်ဆိုးစွာနဲ့ ညွှန်ပြလာသည်။  စစ်သူကြီးသရဲ၏ လည်ချောင်းတွင် နက်ရှိုင်းပြီး ရှည်လျားသောအမာရွတ်တစ်ခုရှိနေကြောင်းကို ယဲ့ဆွေသတိပြုမိသွားခဲ့သည်။ ဓါးထက်ထက်ဖြင့် ဖြတ်ထားခံရတဲ့ပုံရသည်။

 

 

စစ်သူကြီးသရဲက ယဲ့ဆွေအား အဖြစ်အပျက်တစ်ခုလုံးကို ပြောပြချင်သော်လည်း သူအဲ့တာကိုမပြောနိုင်ပေ။

 

 

ယဲ့ဆွေ သက်ပြင်းချလိုက်သည်။ သူမစာရွက်ပေါ်မှာ တစ်ခုခုရေးဖို့ လုပ်ခါနီးမှာ ယဲ့ဆွေဘက်ကိုထပ်ခါထပ်ခါကြည့်နေတဲ့ တစ်စုံတစ်ယောက်ရှိခဲ့သည်။

 

 

ယဲ့ဆွေက ယခုအချိန်တွင် အလွန်ဆွဲဆောင်နေပြီး သူမမျက်နှာကို ဖုံးထားသောပိုးပုဝါက အနည်းငယ်လျှောကျသွားသည်။  သူမ မျက်နှာပေါ်တွင် maskတပ်ထားသော်လည်း သူမမျက်လုံးများက မှတ်မိနိုင်လွန်းသည်။

 

 

ပြတိုက်ထဲသို့ ဝင်ပြီးနောက် ယဲ့ဆွေက ပြပွဲပစ္စည်းများကို ရှင်းရှင်းလင်းလင်း မြင်ရအောင် သူမနေကာမျက်မှန်ကို ချွတ်ထားသည်။

 

 

 မကြာသေးမီက ယဲ့ဆွေက သူမ၏ကွယ်ဝှက်ထားသော အိမ်ထောင်ရေးကြောင့် အထင်အရှား ရှိနေခဲ့သည်။  လူတိုင်းနီးပါးက သူမ၏သတင်းကို အာရုံစိုက်နေကြသည်။  သူမမျက်နှာကို တစ်ဝက်သာပြထားသော်လည်း ၎င်းကိုမှတ်မိနေဆဲဖြစ်သည်။

 

 

ပြတိုက်မှ လူအနည်းစုသည် အချင်းချင်းတီးတိုးပြောနေကြသည်။ အချို့က ယဲ့ဆွေ ပုံကိုရိုက်ရန် သူတို့ ဖုန်းများကိုထုတ်ခဲ့ကြသည်။

 

 

ယခုအချိန်တွင်ရှောင်လျှို့ ထိုနေရာတွင် မရှိနေပေ။  သူမဖုန်း ဖြေရန် အပြင် ထွက်သွားခဲ့သည်။ ထို့ကြောင့် ယဲ့ဆွေက ဒီမှာတစ်ယောက်တည်းရှိနေခဲ့သည်။

 

 

ယဲ့ဆွေက သူမစိတ်ကို တည်ငြိမ်စေခဲ့သည်။  သူမက ရှောင်လျှို့ထံသို့ မက်ဆေ့ခ်ျတစ်ခု အရင်ပို့ပြီးနောက် သူမနေကာမျက်မှန်ကို တပ်လိုက်သည်။  သူမက စစ်သူကြီးသရဲအား ခေါင်းညိတ်ကာတောင်းပန်ပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

 

 

 ယဲ့ဆွေ ရွှေ့သွားသောအခါ ထိုလူများက သူမက ယဲ့ဆွေဟုတ်၊ မဟုတ်ဆိုတာကိုကြည့်ချင်တာကြောင့် ချက်ချင်းပင်လိုက်လာခဲ့ကြသည်။

 

 

ယဲ့ဆွေက လှည့်ကြည့်ပြီး ထွက်ခွာတော့သည်။ သူမက စစ်သူကြီးသရဲရဲ့တုန့်ပြန်မှုကို မမြင်ခဲ့ပေ။  သူမနောက်ကို လိုက်သွားသည်ကို မြင်သောအခါ သူ့မျက်နှာကဒေါသဖြစ်သွားသည်။

 

 

စစ်သူကြီးသရဲလက်ရဲ့ လက်ဝှေ့ယမ်းခြင်းနှင့်အတူ ပိတ်ထားသောပြတိုက်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်လာသည်။  ၎င်းသည် ပြပွဲအခန်းလွတ်ကို ဖြတ်၍ တိုက်ခတ်သွားပြီး လူတွေ၏ခြေလှမ်းများက တောင့်တင်းလာသည်။ သူတို့က ရေခဲမြေအောက်ခန်းထဲသို့ကျသွားသကဲ့သို့ ယဲ့ဆွေ  နောက်သို့လိုက်ရန် မေ့လျော့သွားဟန်တူသည်။

 

 

ယဲ့ဆွေက သူမနောက်မှာ ဘာဖြစ်နေသလဲဆိုတာတကိုသတိမထားမိပေ။ သူမက ပြတိုက်မှ အမြန်ထွက်ခဲ့သည်။  သူမမျက်စိရှေ့တွင် မီးရောင်က ရုတ်တရက်လင်းလာသည်။

 

 

ပြတိုက်အပြင်ဘက်တွင် သတင်းထောက်များနှင့် မီဒီယာပုဂ္ဂိုလ်များ အများအပြားရှိနေသည်။  ဒီသတင်းကြားပြီးတဲ့နောက်မှာ သူမရဲ့ပရိတ်သတ်တွေတောင် ရောက်လာကြသည်။

 

 

 ၎င်းသည် ယဲ့ဆွေ၏ ဓာတ်ပုံများကို အင်တာနက်၌တင်ပြီး ပြတိုက်ကိုလာရန် မီဒီယာကိုအကြောင်းကြားခဲ့တဲ့ ပြတိုက်မှတစ်စုံတစ်ဦး ဖြစ်နိုင်သည်။

 

 

သတင်းထောက်များက ယဲ့ဆွေထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ဝိုင်းအုံလာကြသည်။  မိုက်ခရိုဖုန်းများနှင့် ကင်မရာများစွာက ယဲ့ဆွေအားသူမ၏ လှုပ်ရှားမှုတိုင်းနှင့် စကားတိုင်းကို မှတ်တမ်းတင်ရန် အဆင်သင့်ဖြစ်နေသည်။

 

 

 "ယဲ့ဆွေ၊ မင်းက မင်းရဲ့ပရိတ်သတ်တွေကို လက်ထပ်ထားခဲ့တယ်ဆိုတဲ့အချက်ကို မင်းဖုံးကွယ်ထားတယ်။  မင်းက တုံ့ပြန်မှုကို လျှော့ချဖို့ ဒီမှာရှိနေတာလား? "

 

 

 "ယဲ့ဆွေ၊ ရှကျုံးပြတိုက်ကိုလာဖို့ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ?"

 

 

"ယဲ့ဆွေ၊ မင်းဘာလို့တစ်ယောက်တည်းလာတာလဲမင်းခင်ပွန်းကော ဘယ်မှာလဲ? "

 

 

သတင်းထောက်များက မေးခွန်းများကို စက်သေနတ်ကဲ့သို့ မေးလာသည်။  သူတို့က ယဲ့ဆွေ၏ ပါးစပ်မှ စကားလုံးအချို့ကို ထုတ်ဖော်လိုကြပြီး မနက်ဖြန်သတင်းခေါင်းစဉ်များဖြစ်အောင် လုပ်ချင်ကြသည်။

 

 

မီဒီယာတွေက ဒီလိုပဲ။ ယဲ့ဆွေ  နာမည်ကြီးလာသောအခါ သူတို့က သူမအားအမြင့်ကို မြှင့်တင်ပြီး သူမအားကောင်းကင်ထိအောင် ချီးကျူးခဲ့ကြသည်။  ဒါပေမယ့် သူမအပေါ်မကောင်းတဲ့ အရာတစ်ခုခုဖြစ်လာတဲ့အခါ သူမကို ချက်ချင်းအာရုံစိုက်ဖို့ သူတို့က လက်နက်ဖြစ်လာခဲ့သည်။

 

 

ယဲ့ဆွေက စကားတစ်ခွန်းမှမပြောဘဲ မျက်လုံးကိုအောက်စိုက်ထားလိုက်သည်။ သူမ မူလက ပြတိုက်မှာ ပုန်းနေချင်ခဲ့ပေမယ့် ဒီလူတွေကို အထဲမှာ နှောင့်ယှက်တာကို မဖြစ်စေချင်ဘူး။

 

 

ပြတိုက်ကို ထိခိုက်စေတာထက် သူမကိုယ်တိုင် ဒါကိုပခုံးချင်းယှဥ်ချင်သည်။

 

 

သို့သော်လည်း သူမ၏ကားက အကွာအဝေးအနည်းငယ်တွင် ရပ်ထားသဖြင့် ယဲ့ဆွေ ကားထဲသို့ ချက်ချင်းမတက်နိုင်ခဲ့ပေ။ သူမက သတင်းထောက်များနှင့် ကင်မရာများဖြင့် ဝန်းရံထားသော ပြတိုက်အ၀င်၌ရပ်နေခဲ့သည်။  မကြာခင်မှာပဲ တစ်ယောက်ယောက်က ဓာတ်ပုံတွေကို အွန်လိုင်းမှာတင်ခဲ့သည်။

 

 

ပတ်ဝန်းကျင်မှလူများကြောင့် တွန်းအားအနည်းငယ်ရှိမည်မှာ မလွဲဧကန်ပင်။ ယဲ့ဆွေ ခန္ဓာကိုယ်က မတည်မငြိမ်ဖြစ်လာကာ သူမအကြိမ်ကြိမ် လဲကျလုနီးပါးဖြစ်ခဲ့သည်။ သူမက အလွန်ခက်ခဲသော အနေအထားတွင်ရှိနေသည်။

 

 

ဒီဓာတ်ပုံတွေကို အင်တာနက် ပေါ်တင်လိုက်တဲ့အခါ အင်တာနက်သုံးစွဲသူ အချို့က ယဲ့ဆွေရဲ့အမူအရာကိုကြည့်ပြီး သူမကိုသနားလာသည်။ သူတို့က မရိုးသားတဲ့ မီဒီယာတွေကိုတောင် တိုက်ခိုက်ခဲ့ပြီး လူထုရဲ့ထင်မြင်ယူဆချက်က သူမကို နည်းနည်းမျက်နှာသာ ပေးလာခဲ့သည်။

 

 

 "ယဲ့ဆွေက အမှားကြီး မှားခဲ့လို့လားမီဒီယာက အရမ်းရန်လိုတာမို့ ဒီအခြေအနေမှာ တစ်ယောက်ယောက်ထိခိုက်ဒဏ်ရာရဖို့က လွယ်ကူတယ်။

 

 

"ယဲ့ဆွေက ပရိသတ်တွေကို လှည့်စားရင်တောင် ဝမ်းနည်းရတဲ့သူတွေက သူတို့ပဲ။  ဒီသတင်းထောက်တွေက ဘာကိစ္စရှိလို့လဲ? သူတို့က ယဲ့ဆွေရဲ့ကိစ္စတွေကို သူတို့ကိုယ်ပိုင်ကိစ္စလို တကယ်ပဲ စောင့်ကြည့်နေကြတယ်!"

 

 

အင်တာနက်ပေါ်မှာ မတူညီတဲ့အမြင်တွေရှိခဲ့ကြသည်။  အချို့သော အင်တာနက်သုံးစွဲသူများက ယဲ့ဆွေက သူတို့ကို ကိုယ်ချင်းစာတရားကို ပြသစေရန် လုပ်နေသည်ဟုထင်ခဲ့သည်။

 

 

ကံကောင်းထောက်မစွာနဲ့ ရှောင်လျှို့ ပေါ်လာပြီး သတင်းထောက်များကို ရပ်တန့်အောင် ယဲ့ဆွေအား ကူညီပေးခဲ့သည်။  “ ငါတို့ကားပေါ်တက်ရအောင်။ နည်းလမ်းရှာလိုက်။ ဘယ်မေးခွန်းမဆိုနောက်မှ အဖြေပေးမယ်။

 

 

သို့သော် ရှောင်လျှို့က အင်အားအနည်းငယ်သာရှိသော တစ်ဦးတည်းသော မိန်းကလေးဖြစ်သည်။  သူမနှင့် ယဲ့ဆွေက ကားဆီသို့ မသွားနိုင်ကြပေ။  သူတို့ဒုက္ခရောက်နေစဉ် ကားများစွာက ရုတ်တရက် ဖြတ်ကျော်လာသည်။

 

 

တံခါးပွင့်သွားပြီး ချန်ရှု့က ကားထဲမှထွက်လာသည်။

 

 

ဝမ်ချွမ်းနှင့် ဟွာရွေ့ပ လူများလည်း ထွက်၍ ယဲ့ဆွေဆီ ကိုသွားခဲ့သည်။

 

 

ယဲ့ဆွေက ခက်ခဲသောအနေအထား၌ ရှိနေသည်ကိုမြင်သောအခါ ချန်ရှု့ မျက်လုံးများက ဒေါသများဖြင့်ပြည့်သွားသည်။  သူ့အမူအရာက မှုန်ဝါးဝါးပဲ။

 

 

ချန်ရှု့က သူမီဒီယာကို စော်ကားခဲ့သည်ဖြစ်စေ၊ မစော်ကားခဲ့သည်ဖြစ်စေ ဂရုမစိုက်ဘူး။ သူကအခြားသူတွေရဲ့ ထင်မြင်ချက်ကို ဂရုမစိုက်ချေ။ ဟွာရွေ့က ဒီလူတွေကို တောင်းဆိုဖို့လိုလို့လား?

 

 

သူမပရိသတ်များ၏ မျှော်လင့်ချက်များကို မပျက်စေလိုတဲ့သူက ယဲ့ဆွေ ဖြစ်သည်။  ဒါပေမယ့် သူ့အတွက် ဖျော်ဖြေရေးလုပ်ငန်းက ဘာမှမဟုတ်ဘူး။ သူမ အချိန်မရွေး အလုပ်ထွက်နိုင်သည်။ သူက ယဲ့ဆွေ ရွေးချယ်မှုကိုသာ လိုက်နာခဲ့သည်။

 

 

ချန်ရှု့က ယဲ့ဆွေဆီ လျှောက်သွားပြီး သူ့ကုတ်အင်္ကျီကိုသူမကိုခြုံပေးလိုက်ကာ သူမ၏ရှုပ်ပွနေသောဆံပင်များကို သပ်ရပ်အောင် ကူညီပေးခဲ့သည်။

 

 

သတင်းထောက်အချို့က ဟွာရွေ့အား စော်ကားရန် အန္တရာယ်နှင့် ရဲရင့်စွာမေးလိုက်သည်။ "ဥက္ကဌ ချန် မင်းက ဘာလို့ ရုတ်တရက် ဒီကိုရောက်လာတာလဲ?"

 

 

ချန်ရှု့က ကင်မရာကို အေးစက်စွာကြည့်လိုက်သည်။  “ငါ့မိန်းမကိုခေါ်ဖို့ဒီကိုလာတာ။ ပြဿနာရှိလို့လား?"

 

 

ချန်ရှု့က ယဲ့ဆွေ ပုခုံးကိုပွေ့ဖက်လိုက်ပြီး သူ၏ဒေါသကိုမထိန်းနိုင်တော့ချေ။  ထို့နောက် သူကမေးခွန်းထုတ်သူကို ကြည့်လိုက်သည်။  "မင်းအခု လမ်းဖယ်နိုင်ပြီလား?"

 

 

ချန်ရှု့ စကားပြောပြီးသည်နှင့် သတင်းထောက်များနှင့်ကင်မရာမင်းများက မသိမသာနောက်ဆုတ်သွားကြသည်။ သူတို့က ဟွာရွေ့ နဲ့ပြဿနာမတက်ရဲဘူး။

 

 

ဟွာရွေ့ ဥက္ကဌထံမှ စကားအချို့က သူတို့အားလုံးကိုအလုပ်လက်မဲ့ ဖြစ်စေနိုင်သည်။ သူတို့နောက်ကွယ်ကစတူဒီယိုမှာတောင် နောက်ထပ်အလုပ်အကိုင်တွေရှိမှာမဟုတ်ဘူး။

 

 

ချန်ရှု့က ယဲ့ဆွေကို အထစ်အငေါ့မရှိ သူ့ကားဆီသို့ခေါ်သွားခဲ့သည်။ သူက သူမအထဲကို ၀င်နိုင်အောင် ကူညီပြီး တံခါးကို ပိတ်လိုက်သည်။

 

 

သူကမီဒီယာကို လုံးဝဂရုဏာတရားမပြခဲ့ဘူး။ သူက သူတို့ကို နှုတ်ဆက်စကားတောင်မဆိုခဲ့ဘဲ သူတို့ရဲ့မျက်နှာတွေပေါ်ကို မီးခိုးငွေ့တွေ မှုတ်ထုတ်ခဲ့သည်။

 

 

 သတင်းထောက်များက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြသည်။ သူတို့၏လုပ်ရပ်များက ဟွာရွေ့ ဥက္ကဌချန်အား ဒေါသထွက်စေခဲ့သည်။