အပိုင်း ၁၂၇
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၂၇ - ရှကျုံး မင်းဆက်အကြောင်း

 

 

 

 

 ယဲ့ဆွေကို ခက်ခက်ခဲခဲအနေအထားမှာ တွေ့လိုက်ရသဖြင့် ချန်ရှု့၏နှလုံးက တဒိန်းဒိန်းခုန်လာသည်။  သူနာကျင်ခံစားခဲ့ရသည်။ ယဲ့ဆွေ ကြောက်လန့်မည်ကိုသူစိုးရိမ်ခဲ့သဖြင့် သူ့လေသံကပုံမှန်ထက်ပိုမိုပျော့ပျောင်းလာခဲ့သည်။

 

 

 ချန်ရှု့ အကြည့်က ယဲ့ဆွေကိုယ်ပေါ်သို့ကျသွားပြီး သူကမလှုပ်ခဲ့ပေ။ သူမ ခံစားချက်တွေ ပိုဆိုးသွားမှာကိုသူကြောက်သည်။

 

 

 ယဲ့ဆွေရဲ့ အဝတ်အစားများကလည်း အနည်းငယ်ရှုပ်ထွေးနေသည်။ သူက ယဲ့ဆွေကို သူမအ၀တ်များကိုသန့်အောင် ကူညီပေးခဲ့ပြီး သူမ ရေနွေးသောက်ဖို့ကူညီပေးခဲ့သည်။

 

 

 "ယဲ့ဆွေ ကိုယ်တောင်းပန်ပါတယ်။ ကိုယ်အချိန်မီမရောက်ခဲ့ဘူး" ချန်ရှု့ အသံက နောင်တနဲ့ပြည့်နေကာ သူက သူမကျောကို ညင်သာစွာပုတ်လာသည်။

 

 

 ချန်ရှု့ပေါ်ထွက်လာချိန်မှာ ခုချိန်ထိ ယဲ့ဆွေရဲ့ စိတ်ကတဖြည်းဖြည်း ငြိမ်သက်သွားသည်။

 

 

 အခုအခြေအနေက တင်းမာနေပြီး သူမတကယ်ကိုထိတ်လန့်နေသော်လည်း ဤအရာများက ချန်ရှု့နဲ့ယှဥ်လျှင်အရေးမကြီးပေ။

 

 

 ထိုအချိန်က ဗေဒင်ဆရာမ သူမကိုပြောသော စကားကို ယဲ့ဆွေ မှတ်မိသည်။  သူမ(ဗေဒင်ဆရာမ)က ချန်ရှု့အနေနဲ့ သူ့ အသက် ၃၀ အတွင်းမှာ သေခြင်းကို တွေ့လိမ့်မယ်လို့ပြောခဲ့သည်။ ထိုအချိန်က သူမအပေါ် ကောင်းကင်ကြီး ကျဆင်းလာသလို ခံစားလိုက်ရသည်။

 

 

 ထိုအချိန်က ခံစားချက်များနှင့် နှိုင်းယှဉ်လျှင် ယဲ့ဆွေက လက်ရှိအခက်အခဲများကို ခံနိုင်ရည်ရှိသည်ဟု ယုံကြည်ခဲ့သည်။

 

 

 ယဲ့ဆွေက စိုးရိမ်ပူပန်နေသော ချန်ရှု့ကိုကြည့်လိုက်သည်။  သူမက သူမခန္ဓာကိုယ်ကို သူ့ဘက်ကိုမှီပြီးပိုနီးကပ်လာသည်။

 

 

 ချန်ရှု့က ယဲ့ဆွေ သူ့အနားကို ရုတ်တရက်ကပ်လာတာကို သိလိုက်ချိန်မှာ အံ့သြသွားပြီး ဘာမှပြန်မပြောခဲ့ပေ။

 

 

 ယဲ့ဆွေက ချန်ရှု့ကိုပြုံးပြလိုက်သည်။  "ရှင့်​ကိုဘယ်သူပြောလဲ? ကျွန်မ ဒီမှာရှိတယ်ဆိုတာ ရှင့်ကိုတောင်မပြောခဲ့ဘူး။ ရှင်က နတ်ဘုရားလား? ရှင် အခု ချက်ချင်း ပျံနိုင်လား?"

 

 

 ယဲ့ဆွေက သူစိတ်ပူပန်မှုမရှိစေဖို့ သူနဲ့ တမင်တကာဟာသလုပ်ခဲ့တာကို ချန်ရှု့ သိသည်။

 

 

 "မင်းဒဏ်ရာရခဲ့လား? မင်းဆေးရုံသွားချင်လား?" ချန်ရှု့က ယဲ့ဆွေ သူမဒဏ်ရာများကို ဖုံးကွယ်ထားမည်ကိုကြောက်သည်။  သူက အသေးစိတ်တိုင်းကိုရှင်းရှင်းလင်းလင်း ဖြစ်အောင်ကြိုးစားခဲ့သည်။

 

 

 ယဲ့ဆွေက သူမလက်မောင်းကို ဆန့်ထုတ်ပြီး ခြေထောက်ကို ရွေ့ပြလိုက်သည်။ "ကောင်းပါတယ်။ ရှင်စိတ်အေးအေးထားလို့ရတယ်။ ရှင် ကျွန်မကို ကြိုဖို့ အမြန်ပြေးလာတဲ့ဟာကို ဘာဖြစ်နိုင်မှာမလို့လဲ။ "

 

 

 ချန်ရှု့က ယဲ့ဆွေ သူမလက်ကို အရမ်းလှုပ်နေတာကိုမြင်တဲ့အချိန်မှာ သူကသူမကိုချက်ချင်းရပ်ခိုင်းပြီး အနီးကပ်ကြည့်ဖို့လုပ်ခဲ့သည်။

 

 

 ချန်ရှု့ မျက်မှောင်ကြုတ်ပြီး ၎င်းကိုအပေါ်အောက်ကြည့်လိုက်သည်။  သူ တစ်ခုခုပြောချင်ပေမယ့် ယဲ့ဆွေက သူမရဲ့နားတွေကို အုပ်ပြီး ပြောလာခဲ့သည်။ " ချန်ရှု့ ကျွန်မ နားတွေနာတယ်။ ကျွန်မကို ကူပြီးကြည့်ပေးလို့ရမလား? "

 

 

 ပိုင်းခြားသိမြင်နိုင်စွမ်းရှိတဲ့ သူတိုင်း ယဲ့ဆွေကိုကြည့်တဲ့ ပထမတစ်ချက်၌ပင် လိမ်နေတယ်လို့ပြောနိုင်သည်။ ချန်ရှု့ရဲ့ စကားများကို နားမထောင်ချင်တာကြောင့် သူမက ဤအသွင်အပြင်ကို တမင်တကာ လုပ်ခဲ့ခြင်း(ဟန်ဆောင်တာ)ဖြစ်သည်။

 

 

 ဒါပေမယ့် ချန်ရှု့က ဂရုမစိုက်ဘူး။ ယဲ့ဆွေ အမှန်အတိုင်းမပြောမှန်း သူသိရင်တောင် သူက သူမလက်ကိုဆွဲပြီး သူမရဲ့နားတွေကို သေသေချာချာ ကြည့်နေတုန်းပဲ။

 

 

 ရှေ့ခုံမှာထိုင်နေတဲ့ ဝမ်ချွမ်းက ပထမဆုံးအကြိမ်အနေနဲ့ ချန်ရှု့နဲ့ယဲ့ဆွေတို့က အလွန်ရင်းနှီးစွာ ဆက်ဆံနေတာကိုမြင်တော့ အံ့သြသွားသည်။

 

 

 ယဲ့ဆွေက ဒီလောက်တောင် ဆွဲဆောင်နိုင်တာလား? ဥက္ကဌချန် သူ(ချန်ရှု့)က သူ(ဝမ်ချွမ်း)မြင်နေကျအေးစက်စက်သူဌေးနဲ့ ဘာလို့ကွာခြားရတာလဲ?

 

 

 ထပ်ပြောရရင် ဥက္ကဌချန်က ဘယ်အချိန်တုန်းကဒီလောက်စကားများလာတာလဲ?  သူက ယဲ့ဆွေကို သူ့ကလေးဂရုစိုက်သလိုမျိုး ဂရုစိုက်နေတယ်။ သူမ အေးရင်လဲမဖြစ် ပူရင်လဲမဖြစ်နဲ့ သူမနည်းနည်းကိုမှ ထိခိုက်ဒဏ်ရာမရသင့်ဘူး။  

 

 

 ဥက္ကဌချန်က အရင်ထဲကဘအဲ့လိုလူမျိုးလား။ ဒါမှမဟုတ် ယဲ့ဆွေ သူ့ရှေ့မှာရှိတာကြောင့် ဒီလိုဖြစ်လာတာလား?  

 

 

 ရှောင်လျှို့က ဝမ်ချွမ်းရဲ့ ပဟေဋ္ဌိဖြစ်နေတဲ့ အမူအရာကိုမြင်သည်။  သူမက ထိုကဲ့သို့သောမြင်ကွင်းများကို ကြည့်ခဲ့ဖူးပေသည်။ အခုသူတို့ချစ်ခင်မှုကိုပြနေတာကို ကြည့်ဖို့ နောက်ထပ်လူတစ်ဦးရှိလာလေပြီ။

 

 

 သူမက ဝမ်ချွမ်းကို နှစ်သိမ့်ဖို့လှည့်လိုက်သည်။ "အဲဒါကိုကောင်းကောင်းအသုံးချပါ "

 

 

 ကားကအတားအဆီးမရှိဘဲ ပြတိုက်မှ မောင်းထွက်လာပြီးအိမ်ကိုပြန်ခဲ့သည်။

 

 

 အစောက ဖရိုဖရဲမြင်ကွင်းကို မှတ်တမ်းတင်ပြီး အင်တာနက်ပေါ်တင်ခဲ့ကြသည်။  မူလက ယဲ့ဆွေရဲ့ ဗီဒီယိုတွင် ဆူပူကြိမ်းမောင်းမှုများနှင့် ပြည့်နေသော်လည်း ချန်ရှု့ကြောင့် ယခုတွင် ကွဲပြားသော မှတ်ချက်များ ရှိလာခဲ့သည်။

 

 

 "ယဲ့ဆွေရဲ့ခင်ပွန်းက အရမ်းချောတယ်၊ ယောက်ျားဆန်လွန်းတယ်။  အိုးငါပေါက်ကွဲနေပြီ! သနားစရာကောင်းတာက သူက စတားတစ်ယောက်မဟုတ်ဘူး ”

 

 

 “ သူကစတားတစ်ယောက်ဖြစ်ဖို့ လုံးဝဂရုမစိုက်ဘူး။  သူက ဟွာရွေ့ရဲ့ ဥက္ကဌအဖြစ် ကောင်းကောင်းလုပ်နိုင်တယ်။ သူကဖျော်ဖြေရေးလောကမှာ ဘာလို့ဝေဒနာခံစားဖို့လိုမှာလဲ? ”

 

 

"မုန်းစရာကောင်းတဲ့ သတင်းထောက်တွေကို ချန်ရှု့လုပ်လိုက်တာကိုကြည့်ပြီး ရုတ်တရက် ငါ့စိတ်ထဲနေလို့ကောင်းသွားတယ်။ ငါဘာလုပ်သင့်လဲ? ပရိသတ်တွေကိုမေ့လိုက်ပါ။  ဒီသတင်းထောက်တွေက သင်ခန်းစာယူဖို့လိုတယ် ”

 

 

 မမျှော်လင့်ဘဲ ချန်ရှု့က သူ့မိန်းမကိုအကာအကွယ်ပေးသောအပြုအမူက အင်တာနက် အသုံးပြုသူတွေ ယဲ့ဆွေအပေါ် အမြင်ကောင်းကျန်စေခဲ့သည်။ 

 

 

 ချန်ရှု့က အင်တာနက်ပေါ်က သတင်းကိုအာရုံစိုက်ဖို့ ရည်ရွယ်ချက်မရှိချေ။ သူကယဲ့ဆွေကို အိမ်ခေါ်သွားပြီးနောက် သူကသူမကို အဲ့ဒီမှာ နေမလာလို့မေးခဲ့သည်။   သူမအပြင်ထွက်ချင်လျှင် သူ့ကိုအရင်ပြောရမည်။ သူက သူမကို ကိုယ်တိုင် လိုက်ပို့ပေးလိမ့်မည်။  

 

 

 ချန်ရှု့က ယဲ့ဆွေအပေါ်  မတရားမှုမှန်သမျှကို သည်းခံခွင့်လွှတ်ဖို့ တွန့်ဆုတ်နေပြီး သူတစ်ပါးအားသူမအားအနိုင်ကျင့်ခွင့်မပြုခဲ့ပေ။

 

 

 "ကမ္ဘာပေါ်မှာသရဲတွေတကယ်ရှိလား? " ဆိုတဲ့ ယဲ့ဆွေပါဝင်ခဲ့တဲ့ ရသစုံရှိုးက ခဏဆိုင်းငံ့ခံရလိမ့်မည်။

 

 

 ဒါပေမယ့် စုန့်ပိုင်၊ ကျင်းကွမ်းနဲ့ ကျောက်ဟွေ့လို ပုံမှန်ဧည့်သည်များက ယဲ့ဆွေကို ပထမဆုံးခေါ်သောသူများဖြစ်ကြပြီး သူတို့အားလုံးက သူမကိုထောက်ခံခဲ့ကြသည်။

 

 

 နောက်ဆုံးတော့ စတားတစ်ယောက်ရဲ့ကိစ္စတွေက သူတို့ထိန်းချုပ်မှုထက်ကျော်လွန်ခဲ့သည်။ ယဲ့ဆွေမှာ အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒါကသူမရဲ့ကိုယ်ပိုင်ကိစ္စဖြစ်ပြီး သူမကိုနားလည်နိုင်သည်။

 

 

 ဒါရိုက်တာစွင်းနဲ့ ပြတိုက်တာဝန်ခံရှတို့က  ကြိုတင်ညှိနှိုင်းခဲ့သည်။ ရှိုးအဖွဲ့သားများက တစ်ကြိမ်ထပ်ရိုက်ကူးဖို့ ရှကျုံးနန်းတော်သို့ လာခဲ့သည်။  တုံ့ပြန်မှုကောင်းလျှင် ရှုတင်အတွက်ကို ဆက်ဆွေးနွေးကြလိမ့်မည်။

 

 

 သို့သော်လည်း ပြတိုက်တာဝန်ခံရှက အခုစိတ်ပြောင်းသွားပြီဖြစ်သည်။ သူ့မူလရည်ရွယ်ချက်မှာ ရှကျုံး မင်းဆက်၏ ယဉ်ကျေးမှုကို လူအများသိစေရန်ဖြစ်သော်လည်း သူကဖျော်ဖြေရေးလုပ်ငန်း အငြင်းပွားမှုများတွင် မပါ၀င်လိုပါ။

 

 

 ထို့ကြောင့် ဒါရိုက်တာစွင်းက ဤနေရာတွင်ထပ်မံရိုက်ကူးဖို့ တောင်းဆိုလာတဲ့အခါမှာ ဥက္ကဌရှက ငြင်းဆိုခဲ့သည်။

 

 

 ပြတိုက်တာဝန်ခံရှက ဒါရိုက်တာစွင်းကို  ငြင်းလိုက်တဲ့အခါမှာ ထူးဆန်းတဲ့အရာတွေ ဖြစ်စပြုလာသည်။

 

 

 ပထမဆုံးအနေနဲ့ ၎င်းက အချို့သော ခန်းမများမှ စတင်ခဲ့သည်။ အချို့သော ၀န်ထမ်းများသည် ညဉ့်လယ်တွင်ခြေသံများကြားရပြီး အချို့မှာထောင့်များ၌ တီးတိုးပြောသံကိုကြားရသည်။

 

 

 ဤထူးဆန်းသော ဖြစ်ရပ်များ ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် အရှေ့နန်းတော်က ကွဲလွဲချက်များရှိလာသည်။

 

 

 ထိုနေရာတွင် ၀န်ထမ်းများ ရှိနေသရွေ့ တစ်စုံတစ်ယောက် စာဖတ်နေသံကို ကြားရလိမ့်မည်။  အသံကကြည်လင်ပြီး တိတ်ဆိတ်သောလေကိုဖြတ်သန်းသွားကာ နားထောင်သူ၏ နားထဲကို တည့်တည့်ရောက်သွားသည်။

 

 

 ထို့ကြောင့် တစ်ခါမှမကြုံဖူးသော ထူးဆန်းသောအရာများက တစ်ခုပြီးတစ်ခုဖြစ်လာသည်။

 

 

 ပြတိုက်တာဝန်ခံရှက  ဘာသာတရားကို မယုံကြည်သောကြောင့် သူက၀န်ထမ်းများအား အဓိပ္ပါယ်မဲ့တဲ့ စကားများမပြောဖို့သာ မှာကြားခဲ့သည်။ သူကိုယ်တိုင်အဲဒီ့မှာညအိပ်သည်။

 

 

 ညရောက်တော့ လူတိုင်းအိပ်ပျော်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။ ပြတိုက်တာဝန်ခံရှက ဓာတ်မီးဖြင့်ရုံးခန်းက ထွက်လာခဲ့သည်။

 

 

 ပြတိုက်တာဝန်ခံရှက လုံခြုံရေး အစောင့်နှစ်ယောက်ကို အတူခေါ်ပြီး အရှေ့နန်းတော်ကို တိုက်ရိုက်သွားခဲ့သည်။

 

 

 တိုက်ဆိုင်စွာပင် ဥက္ကဌရှ ရုံးမှပြန်ထွက်လာချိန်၌ မိုးစတင်ရွာသွန်းလာသည်။ မိုးဖွဲဖွဲသာရွာနေသော်လည်း ခဏအကြာတွင် မြေပြင်က စိုစွတ်သွားခဲ့သည်။

 

 

 ညကအေးနေပြီ၊ ဒါပေမယ့် မိုးကြောင့် အပူချိန်က ပိုတောင်ကျဆင်းသွားသည်။

 

 

 သူတို့မှာထီးယူဖို့ ရုံးကိုပြန်သွားဖို့က လွဲလို့ရွေးချယ်စရာမရှိတော့ဘူး။  မိုးသည်းထန်စွာ ရွာသွန်းသံကြောင့် ထီးကလေးပေါ်ကျသွားပြီး အသံသေးသေးလေးတစ်ခုထွက်လာသည်။

 

 

 လုံခြုံရေးအစောင့်နှစ်ဦးက အထိတ်တလန့်ခံစားရခြင်းကို မကူညီနိုင်ခဲ့ပေ။  “ ဥက္ကဌ၊ အခုမိုးရွာနေတယ်။  နောက်နေ့မှ လာကြရအောင်"

 

 

 မနေ့က မိုးလေဝသခန့်မှန်းချက်က ဒီညမိုးရွာမယ်လို့မပြောထားဘူး။ ဘာလို့ ဒီလောက်မိုးတွေ ဘယ်လိုရွာနေတာလဲ?

 

 

 ပြတိုက်တာဝန်ခံရှက သူတို့ကိုသဘောမတူပါ။  "ဘာဖြစ်လာနိုင်မှာလဲ? ဒီနေ့ ဆိုလိုတာက ဒီနေ့ ”

 

 

 လုံခြုံရေးအစောင့်များက ကျည်ဆံကိုကိုက်ပြီး ပြတိုက်တာဝန်ခံရှ နောက်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိချေ။  မိုးရွာသွန်းမှုကြောင့် ဓာတ်မီးမှအလင်းက မှိန်ဖျော့သွားသည်။  မိုးကန့်လန့်ကာက မြင်နိုင်စွမ်းကို လျော့ကျစေသည်။

 

 

 ပြတိုက်တာဝန်ခံရှက ရှေ့ကိုလျှောက်သွားပြီး လုံခြုံရေးအစောင့်နှစ်ဦးက သူ့နောက်က အနီးကပ်လိုက်လာသည်။  တစ်လမ်းလုံး စကားပြောဆိုမှုမရှိခဲ့ဘူး။  ဘယ်သူမှစကားတစ်လုံးမှ မပြောခဲ့ဘူး။  ထိုနည်းတူစွာပဲ သူတို့က အရှေ့နန်းတော်ကို တိတ်တဆိတ် ချဉ်းကပ်လာကြသည်။

 

 

 "ငါတို့ဒီမှာရောက်ပြီ "  ပြတိုက်တာဝန်ခံရှက အရှေ့နန်းတော်နှင့် သိပ်မဝေးတာကို တွေ့လိုက်သောအခါ သူက အထဲကို တိုက်ရိုက်ဝင်သွားတော့သည်။

 

 

 သူတို့ကနန်းတော်ကြမ်းပြင်ကို စိုသွားမည်ကိုစိုးရိမ်တာကြောင့် ထီးများ ယူဆောင်သွားခြင်း မပြုခဲ့ပေ။ သူတို့က ထီးကို အဝင်ဝတံခါးနားမှာ ထားခဲ့သည်။

 

 

အပြင်ဘက်ကနေ နန်းတော်ထဲမဝင်ခင် သူတို့အဝတ်များက ရေကိုသုတ်လိုက်သည်။

 

 

 'ကလစ်'ဆိုတဲ့အသံနဲ့အတူ တံခါးကိုတွန်းဖွင့်လိုက်သည်။  ဖွင့်လိုက်သောအခါ ညလေက ခန်းမကို ဖြတ်၍ ပြင်းထန်သော အအေးဓာတ်က သူတို့ဆီသို့ဦးတည်လာသည်။

 

 

 အပြင်ဘက်တွင် မိုးဖွဲဖွဲလေးများကျလာပြီး အေးမြမှုနှင့်စိုစွတ်မှုကို ဖြစ်ပေါ်စေသည်။ အတွင်း၌ မိုးမရွာသော်လည်း စိုစွတ်နေသေးသည်။

 

 

 လက်နှိပ်ဓာတ်မီး၏ အလင်းရောင်က နန်းတော်၏ ထောင့်တိုင်းသို့ ကျဆင်းသွားသည်။ ခန်းမကြီးကလွတ်နေသည်။ ကောလဟာလတွေလို အသံသိပ်ထွက်တဲ့သူတစ်ယောက်မှမရှိခဲ့ဘူး။

 

 

 ပြတိုက်တာဝန်ခံရှက အရှေ့နန်းတော်တစ်ဝိုက်လမ်းလျှောက်ထွက်ခြင်း ပြီးစီးလုနီးပါးဖြစ်နေပြီ။  အရာအားလုံးလုံခြုံပြီး ကောင်းခဲ့သည်။  ဘာမှမဖြစ်သည့်အတွက် လုံခြုံရေးအစောင့်များ တဖြည်းဖြည်းတည်ငြိမ်သွားသည်။

 

 

 ပြတိုက်တာဝန်ခံရှက လေနှင့်မိုးသံသာဖြစ်ပြီး လူတိုင်းကို ယခင်က ထင်ယောင်ထင်မှားဖြစ်စေကာ သူတို့ကိုတစ္ဆေရဲ့လက်ရာလို့ သူတို့ကထင်စေခဲ့သည်။

 

 

 သူတို့နောက်ကနေ ဖွင့်ထားတဲ့နန်းတော်မှာ စစ်ကျူး အသံကြားတဲ့အခါ သူတို့ကထွက်သွားဖို့လုပ်နေတာဖြစ်ပြီး သူတို့နားထဲရောက်လာသည်။

 (T/N: စစ်ကျူးက တရုတ်ရိုးရာတူရိယာတစ်ခုဖြစ်သည်)

 

 

 ထိုအသံက ပြတိုက်တာဝန်ခံရှနဲ့ အခြားသူတွေကိုချက်ချင်း ပြန်လှည့်ကြည့်စေခဲ့သော်လည်း အသံက သူတို့ စိတ်ကူးယဉ်မှုကဲ့သို့ ရုတ်တရက် ရပ်တန့်သွားပြီး လေထဲသို့လွင့်ပျံ့သွားသည်။

 

 

 ထိုအုပ်စုက ကြောက်ရွံ့သွားပြီး သူတို့ကျောပြင်၌ ချွေးအေးများဖြင့် ပေါက်ကွဲထွက်လာသည်။  လုံခြုံရေးအစောင့်တစ်ဦးက ဥက္ကဌရှကို စကားတစ်ခွန်းပြောခဲ့သည်။ "ကျွန်တော်တို့ ပြန်တာပိုကောင်းမယ်"

 

 

 ပြတိုက်တာဝန်ခံရှက ခေါင်းညိတ်ပြီး ဒီမှာဆက်မနေဖို့ဆုံးဖြတ်လိုက်သည်။ သူက အပြင်ထွက်ဖို့အဆင်သင့်ဖြစ်နေပြီ။

 

 

 ထိုခဏ၌ သူ့လက်ထဲက ဓာတ်မီးက ရုတ်တရက်အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ မီးရောင်က လုံးဝမပိတ်သွားမီ ပွင့်လာလိုက် ပိတ်သွားလိုက်ဖြစ်နေသည်။ ၎င်းက ထပ်ပြီးပြန်မပွင့်လာခဲ့ပါ။

 

 

 ဒီတစ်ခါတော့ သူတို့ထင်ယောင်ထင်မှား မဟုတ်တော့ဘဲ ပြတိုက်တာဝန်ခံရှနဲ့ လုံခြုံရေးအစောင့်များအားလုံးက အရှိန်နှင့် အရှေ့နန်းတော်က ထွက်ခွာသွားကြသည်။

 

 

 ပြတိုက်တာဝန်ခံရှက တံခါးကိုပိတ်လိုက်သောအခါ ယဲ့ဆွေကို ဒူးထောက်ခဲ့တဲ့ဝန်ကြီးအပါအဝင် အရိပ်များများစွာပေါ်ထွက်လာသည်။

 

 

 “ ဒါကိုသူတို့ကြောက်မှာလား? ” ကုချင်းကို ကိုင်ထားတဲ့တစ္ဆေက ဥက္ကဌရှရဲ့ ဦးတည်ဘက်ကို စိုးရိမ်တကြီးကြည့်နေတယ်။

 (T/N: ကုချင်းက ဇီသာတစ်ခုနှင့်ဆင်တူပြီး ခုနှစ်ချောင်းတပ်တူရိယာတစ်မျိုးဖြစ်သည်။ )

 

 

 ဝန်ကြီးတစ္ဆေက သူ့မုတ်ဆိတ်ကိုတို့ထိကာ ပြောခဲ့သည်။ "ငါတို့အဲဒါတွေကို ကြောက်အောင်လုပ်နိုင်တယ်။ ဒီနည်းက အလုပ်ဖြစ်ရင် ငါတို့စောင့်နေတဲ့လူနဲ့ တွေ့ရနိုင်တယ်"

 

 

 ရှကျုံးနန်းတော်၏ ခြောက်လှန့်သော ကောလာဟလတွေကို ဝန်ထမ်းများက တောမီးကဲ့သို့ပျံ့နှံ့စေခဲ့သည်။

 

 

 ပြတိုက်တာဝန်ခံရှက ဤအရာကြောင့် ရက်အတော်ကြာရုန်းကန်နေရသည်။ ဘာကြောင့်ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီးနောက်မှာ သူနားမလည်နိုင်တာ ရုတ်တရက်ဖြစ်လာသည်။

 

 

 ရှကျုံး နန်းတော်ပြတိုက်၊ ည ၈ နာရီ။

 

 

 ပြတိုက်တာဝန်ခံရှက နောက်ထပ် စစ်ဆေးမှုတစ်ခုပြုလုပ်ခဲ့သည်။ ထုံးစံအတိုင်းနန်းတော်ထောင့်တွင်အနည်းငယ် ဆူညံသံရှိသည်။

 

 

 ဒါကလေတိုက်တာမဟုတ်ဘူး။ မှားတာလည်းမဟုတ်ဘူး။ ဒါက တကယ့်ကို လှုပ်ရှားနေတဲ့အသံပဲ။

 

 

 ပြတိုက်တာဝန်ခံရှက ပြတိုက်၏ စီမံခန့်ခွဲမှု၌ နှစ်ပေါင်းများစွာရှိနေခဲ့သည်။ သူကတစ်ခါတစ်ရံ ဤကဲ့သို့ထူးဆန်းသော ဖြစ်ရပ်များကို ကြုံခဲ့ဖူးသော်လည်း မကြာမီ ပျောက်ကွယ်သွားလိမ့်မည်။

 

 

 ဤနေရာတွင် လမ်းလျှောက်ပြီးနောက် ကျန်ရစ်ခဲ့သောရှေးကျသူများ၏ မကျေနပ်မှုနှင့်နောင်တသည်သာ ဖြစ်ပုံရသည်။ ထို့ကြောင့်သူက ဤဖြစ်ရပ်များနှင့်ငြိမ်းချမ်းစွာနေဖို့ သင်ယူခဲ့သည်။

 

 

 ပြတိုက်တာဝန်ခံရှ ရုံးပြန်ရောက်သည့်အခါ စားပွဲပေါ်မှဖုန်းမြည်လာသည်။ အထူးသဖြင့်  တိတ်ဆိတ်သောည၌ ဆူညံသံက နားထဲသို့ပျံ့နှံ့သွားသည်။

 

 

 ပြတိုက်တာဝန်ခံရှက ဖုန်းကိုချက်ချင်း ပြန်ဖြေခဲ့သည်။ "မင်္ဂလာပါ ဒါက ရှကျုံး နန်းတော်ပြတိုက်"

 

 

 ဒါရိုက်တာစွင်းရဲ့အသံက လိုင်းရဲ့အခြားတစ်ဖက်ကနေထွက်လာခဲ့သည်။ "ဥက္ကဌရှ ငါမင်းနဲ့ရှိုးရိုက်ကူးရေးကို ဆွေးနွေးချင်တယ်။ မင်း အဲဒါကို ပြန်စဉ်းစားနိုင်မလားလို့ ငါတွေးမိတယ်"

 

 

 ဒါရိုက်တာစွင်းက ရှကျုံးနန်းတော်ကို အလွန်စိတ်ဝင်စားခဲ့သည်။ သူနဲ့ ဥက္ကဌရှတို့က မင်းဆက်အကြောင်းကို လူအများအားသိစေလိုတဲ့ တူညီသောစိတ်ကူးရှိသည်။

 

 

 ဒါရိုက်တာစွင်းက ၀ါရင့်ရှိုးကိုတစ်ကြိမ်ဘဲ ရိုက်ဖူးတာသနားစရာကောင်းသည်။ ဒါကြောင့် သူက ဥက္ကဌရှကိုအကြိမ်ကြိမ်ခေါ်ခဲ့သည်။

 

 

 ပြတိုက်တာဝန်ခံရှက ငြင်းဆန်ဖို့သာ ဆန္ဒရှိသော်လည်းစိတ်ကူးတစ်ခုက ရုတ်တရက်ပေါ်လာသည်။ သူမထင်မှတ်ထားပဲ အဖြေပေးမိလိုက်သည်။ "ဒါဆိုမင်းနောက်တစ်ကြိမ်ထပ်ပြီးရှုတင်ရိုက်နိုင်တယ်။ ဒါပေမယ့် ဒါက နောက်ဆုံးအကြိမ်ပဲ"

 

 

 ဒါရိုက်တာစွင်းက လန့်၍ ဝမ်းသာသွားပြီး သူ့ကိုကျေးဇူးတင်ကြောင်းပြောပြီး ဖုန်းချလိုက်သည်။

 

 

 နောက်ပိုင်းတွင် ပြတိုက်တာဝန်ခံရှက ပိုထူးဆန်းသောအရာတစ်ခုကို တွေ့ရှိခဲ့သည်။ ဒါရိုက်တာစွင်း၏ ဖုန်းခေါ်ဆိုမှုနှင့် ရိုက်ကူးရေးတောင်းဆိုချက်ကို သူ့ခွင့်ပြုလိုက်တာကြောင့် သဘာဝလွန်ဖြစ်ရပ်များအားလုံးက နေ့ချင်းညချင်း ပျောက်ကွယ်သွားသည်။

 

 

 မည်မျှပင်နောက်ကျပါစေ နန်းတော်အပြင်ဘက်ကို သွားသောအခါ ထူးဆန်းသော ဆူညံသံများမရှိတော့ပေ။

 

 

 ယဲ့ဆွေ အိမ်ပြန်ရောက်ချိန်အထိ ပြတိုက်က ဓားရှည်ကသူမစိတ်ထဲဖုံးလွှမ်းနေဆဲဖြစ်သည်။  သူမမေးခွန်းတစ်ခုကိုစဉ်းစားနေခဲ့သည်။

 

 

 နှစ်ပေါင်းရာချီပြီးတာတောင် ဓားကဘာလို့ မပျက်စီးတာလဲ?

 

 

 ယဲ့ဆွေက ၎င်းကို အလွန်ရှင်းလင်းစွာ မှတ်မိသည်။ ထိုဓား၏ ဘေးတွင် ဓား၏မူလအစကို ရေးထားပြီး ၎င်းအားတူးဖော်ခဲ့သည့်နှစ်ကို ရေးထားသည်။

 

 

 ဓားကို ကု အမည်ရှိ ဗိုလ်ချုပ်၏သင်္ချိုင်းတစ်ခုမှာတွေ့ခဲ့ရတာဖြစ်သည်။

 

 

 လွန်ခဲ့သော အနှစ်နှစ်ဆယ်က တောင်သူလယ်သမားအချို့က ဂူတစ်ခုနှင့်ပြန့်ကျဲနေသော ယဉ်ကျေးမှုအမွေအနှစ်အချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့က အစိုးရထံသတင်းပို့ပြီးနောက်မှာ ရှကျုံး မင်းဆက် စစ်သူကြီး၏ သင်္ချိုင်းကိုတွေ့ရှိခဲ့သည်။

 

 

 စစ်သူကြီး ကုသည် စစ်ပွဲတွင် ထူးချွန်ပြောင်မြောက်သော အောင်မြင်မှုများပြုလုပ်ခဲ့သော်လည်း သမိုင်းတွင် မှတ်တမ်းအနည်းငယ်သာရှိခဲ့သည်။

 

 

 ဘာဘဲဖြစ်ဖြစ် သူမအားလပ်နေတာကြောင့် သူမက ထိုင်ပြီး စုံစမ်းဖို့ အခွင့်အလမ်းကို ယူလိုက်သည်။

 

 

 သူမအင်တာနက်မှာရှာဖွေခဲ့ပြီး ဓားရှည်ကိုတူးဖော်တွေ့ရှိပြီးနောက် သိပ္ပံပညာရှင်များစွာက သူ့ရဲ့မတည်မြဲတဲ့သွင်ပြင်လက္ခဏာတွေကြောင့် နှစ်ပေါင်းများစွာသုတေသနတွေလုပ်ခဲ့တာကို တွေ့ရှိခဲ့သည်။

 

 

သို့သော် ဓားကိုမသိရတဲ့ သတ္ထုဖြင့်ပြုလုပ်ထားခြင်းမဟုတ်သလို အထူးပတ်ဝန်းကျင်တွင် ထားခဲ့ခြင်းမဟုတ်ပေ။ သာမန်သင်္ချိုင်းတစ်ခုတွင် ဖြစ်သည်။

 

 

ယေဘူယျအားဖြင့် ဓားရှည်က နှစ်ပေါင်းတစ်ရာခန့်ကျန်ရှိနေသေးသည်။ ၎င်းကမဖြေရှင်းနိုင်သေးသော ပဟေဠိတစ်ခုဖြစ်နေသည်။ အမှန်တရားကို မည်သူမျှမရှာဖွေနိုင်ခဲ့ဘူး။ တရားဝင်သမိုင်းတွင် ရှင်းပြခြင်းမခံရတာကြောင့် တရားမ၀င်သမိုင်းနှင့် ပတ်သက်ပြီတော့ကော?

 

 

 ယဲ့ဆွေက တရားမ၀င်သမိုင်း၌ ဓားအကြောင်း တစ်ခုတည်းသော သတင်းအချက်အလက်ကို ရှာဖွေတွေ့ရှိခဲ့သည်။

 

 

 ဤဓားရှည်က ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့ အိမ်ရှေ့မင်းသား မွေးဖွားပြီးချိန်ဖြစ်သည်။ မှတ်တမ်းက အလွန်တိုပြီး အသေးစိတ်မပါ၀င်ပါ။ အဲ့ဒါက မင်းသား၏ ဓားဖြစ်သည်။ စစ်သူကြီးက မင်းသားကို အမှုထမ်းခဲ့ပြီး သူ့အသက်ကို ကယ်ခဲ့သည်။ ထို့ကြောင့်မင်းသားက သူ့ကိုဓားတစ်လက် ဆုချလိုက်သည်။

 

 

 ထို့ကြောင့်ဓားက စစ်သူကြီး၏ နာမည်ဖြစ်သည်။

 

 

 ၎င်းကိုနောင်မျိုးဆက်များ၏ မှတ်စုများတွင်ဖော်ပြခဲ့ဖူးသည် အဲ့ဒါကတော့ လူအချို့က စစ်သူကြီး၏ ဝိညာဉ်ကိုမြင်ဖူးသည်။ ဓားရှည်က နှစ်ပေါင်းတစ်ရာရှင်သန်နိုင်ခဲ့တယ် ဘာကြောင့်လဲဆိုတော့ စစ်သူကြီး၏ဝိညာဥ်ကြောင့်ဖြစ်သည်။ နောက်ပိုင်းရေးထားတာတွေက ကောလဟာလများဖြစ်ပြီး ယုံနိုင်စရာမကောင်းပေ။

 

 

 ယဲ့ဆွေက သူမမြင်လိုက်ရတာထက် ပိုစိတ်ရှုပ်ထွေးလာသည်။ သူမက ကောလဟာလတစ်ခုမဟုတ်မှန်း သိသည်သာဖြစ်သည်။ စစ်သူကြီး၏ စိတ်ဝိညာဉ်က ဓားဘေးတွင်ရှိနေသေးသည်။ ဒါပေမယ့် သူထွက်သွားဖို့ တွန့်ဆုတ်နေခဲ့တယ်။ သူဘာကိုစောင့်နေတာလဲ?

 

 

 ယဲ့ဆွေက စစ်သူကြီးရဲ့ဓားရှည်ကိုကြည့်ဖို့ ပြတိုက်ကိုထပ်သွားချင်ခဲ့သည်။ သူ့ဆန္ဒကဘာလဲ သူ့ဘာလို့သူ့တန္ဒကမပြည့်ဝခဲ့တာလဲ ဘာလို့ သူ လူ့လောကထဲ ရှိနေရသေးတာလဲလို့ စစ်သူကြီးကုကို သူမ မေးချင်သည်။

 

 

 ထိုအချိန်တွင် အင်တာနက်ပေါ်တွင် သတင်းတစ်ပုဒ်ပေါ်ထွက်လာပြီး ယဲ့ဆွေကို အချက်တစ်ချက်သတိပေးလာသည်။ ရှကျုံးမင်းဆက်၏ ယဉ်ကျေးမှုအမွေအနှစ်ပြပွဲသည် ယနေ့ပြီးဆုံးသွားပြီ ဖြစ်၍ လောလောဆယ်ပြပွဲမရှိတော့ပေ။

 

 

 ယေဘူယျအားဖြင့် ဓားရှည်နှင့်အခြားယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို အတူယူဆောင်သွားခဲ့သည်။

 

 

 သဲလွန်စကို ထပ်မံချိုးဖျက်လိုက်သည်။

 

 

 စောစောက စဉ်းစားလွန်းတာကြောင့်လားမသိပေမယ့် ယဲ့ဆွေက အဲဒီညမှာအိမ်မက် ထပ်မက်ခဲ့သည်။

 

 

 သူမအိပ်မက်ထဲတွင် ရှကျုံးနန်းတော်ဟောင်းရှိ အရှေ့နန်းရှေ့ခန်းမကို သူမ တခြားတစ်ဦး၏ ရှုထောင့်မှကြည့်နေသည်။ နွေဦးရာသီ၊ အရှေ့နန်းတော်ပြတင်းပေါက်က တစ်ဝက်ပွင့်နေပြီးနေရောင်က အတွင်းထဲမှာ တောက်ပနေသည်။

 

 

 ခန်းမအတွင်း၌ နေရောင်ခြည်အလွှာတစ်ခုရှိသော်လည်း ၎င်းက လေးလံသောလေထုကြောင့် အလင်းရောင် မှေးမှိန်သွားသကဲ့သို့ အေးစက်သွားသည်။

 

 

 မင်းသားက တော်ဝင်ဝတ်စုံကို ၀တ်ထားပြီး ယဲ့ဆွေဘက် ကျောခိုင်းထားသည်။ သူက စကားမပြောသလို သူ့မျက်နှာသွင်ပြင်ကိုလည်း ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သူမကသူ့ပတ်လည်၌ ခန့်ညားထည်ဝါသောအရာကိုသာ ခံစားနိုင်ခဲ့သည်။ ဒါပေမယ့်ထူးဆန်းတာက သူမမှာ ကြောက်ရွံ့တဲ့ အရိပ်အယောင်မရှိခဲ့ဘူး။

 

 

 စစ်သူကြီးကုရဲ့ အမူအရာက တည်ကြည်နေသည်။ "အရှင်မင်းသား "

 

 

 ယဲ့ဆွေ အံ့သြသွားသည်။ စစ်သူကြီးကုက စကားပြောနိုင်တယ်။ ပြတိုက်မှာတုန်းက သူ့လည်ပင်းမှာအမာရွတ်တွေ့ခဲ့ရသည်။ အဲ့ဒါက နောက်ပိုင်းမှာ သူ့အသံကြိုးကိုထိခိုက်မိတာကြောင့် မပြောနိုင်တာလား?

 

 

 "ရှေ့တန်းစစ်ပွဲက အရေးကြီးပါတယ်။ အရှင်မင်းသား  လမ်းတလျှောက်လုံးမှာ အန္တရာယ်ရှိနိုင်ပါတယ်" စစ်သူကြီးကုရဲ့ အသံနက်ကြီးက သူမချိုးဖောက်နိုင်သောကျိန်ဆိုခြင်းကိုပြုသကဲ့သို့ ထွက်လာသည်။ "အရှင်မင်းသားကို ကျွန်တော်မျိုးတစ်ဘဝလုံး  ကာကွယ်ပေးပါ့မယ် “

 

 

 စစ်သူကြီးကုရဲ့ ခါးတွင်ပတ်ထားသောဓားက ပြတိုက်မှာ ယဲ့ဆွေမြင်လိုက်ရသောဓားနှင့်တူသည်။

 

 

 ၎င်းကအလွန်ထက်ပြီး သံကို ရွှံ့ကဲ့သို့ဖြတ်နိုင်သည်။

 

 

 သူ၏သစ္စာရှိမှုကဲ့သို့ပင် အချိန်နှင့် နှစ်များကို ခုန်ကျော်သွားစေနိုင်သော ဆုံးဖြတ်ချက်နှင့်အတူ..

 

 

 ကောင်းကင်က ကြည်လင်အုံ့ဆိုင်းနေပြီး လေထုကနံနက်ခင်း၏ အအေးဓာတ်နှင့် ပြည့်နှက်နေကာနှာခေါင်းကို ယားယံစေသည်။ ယဲ့ဆွေ ရုတ်တရက် မျက်လုံးဖွင့်ကာ ထထိုင်လိုက်သည်။

 

 

 သူမတစ်ကိုယ်လုံး အေးစက်သွားသလို ခံစားရသည်။ သူမအိပ်မက်ထဲတွင် ရှိသမျှအရာတို့က သူမကိုလွှမ်းမိုးနေပုံရသည်။

 

 

 ဘာလို့ သူမကြောက်ရွံ့နေရတာလဲ? စစ်သူကြီးကုရဲ့   စကားကနေ အိမ်ရှေ့မင်းသားကိုသတ်ပြီး အရှေ့နန်းတော်ဟောင်းကို မီးဖြင့်ဖျက်ဆီးမှုက သမိုင်းမှာ မှတ်တမ်းတင်ခဲ့တာလား?

 

 

 သူမဘေးမှ တစ်စုံတစ်ယောက်က ထလာပြီး ချန်ရှု့ရဲ့အသံက ထွက်လာသည်။ "ဘာကိစ္စလဲ? "

 

 

 ချန်ရှု့က သူ့အသံကို နှိမ့်လိုက်ပြီး သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့လေသံက သူမကိုလက်ရှိဆီ ပြန်ဆွဲခေါ်သွားသည်။ သူမအိမ်ရှေ့က အလှဆင်ထားတာက သူတို့ရဲ့အိမ်အသစ်ပဲဆိုတာသိနေသည်။

 

 

 အိပ်မက်မက်ပြီးနောက်တွင် ယဲ့ဆွေ ပြန်နိုးလာခဲ့သည်။ နောက်ဆုံးအကြိမ်နှင့် ယခုကွာခြားချက်မှာ ချန်ရှု့ သူမအနားမှာရှိနေခဲ့သည်။

 

 

 သူမနှေးကွေးသွားပြီး အရာအားလုံးကို ချန်ရှု့ကိုပြောခဲ့သည်။ "ချန်ရှု့ ကျွန်မ အိပ်မက်တစ်ခု ထပ်ပြီးမက်ခဲ့တယ်"

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ "ထပ်ပြီး " ဟူသောစကားလုံးကို သုံးကြောင်းကို သေသေချာချာ သတိပြုမိသည်။ သူကလွန်ခဲ့သော ရက်အနည်းငယ်က ယဲ့ဆွေရဲ့ စိတ်အခြေအနေ မမှန်တာကို သူမှတ်မိသေးသည်။

 

 

နောက်ပိုင်းမှာ မီဒီယာတွေက သူတို့ရဲ့ကိစ္စတွေကို ထုတ်ဖေါ်လိုက်တဲ့အတွက် ဒီကိစ္စကို သူတို့စိတ်ထဲ ပြန်တွန်းထုတ်လိုက်သည်။ ယဲ့ဆွေက ဘာမှပြန်မပြောလာတော့ ချန်ရှု့လည်း မမေးခဲ့ဘူး။

 

 

 ယဲ့ဆွေက သူမအိပ်မက်က ဘာလို့နိုးလာတာလဲ?

 

 

 ချန်ရှု့ - "တစ်ခုခုဖြစ်သွားတာလား? "

 

 

 ယဲ့ဆွေ သက်ပြင်းချလိုက်သည်။ "ချန်ရှု့ ကျွန်မရှင့်ကို ပြောစရာရှိတယ် "

 

 

 “ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှင်ကျွန်မကို ခေါ်ဖို့ပြတိုက်ကိုလာခဲ့တယ်လေ ”ယဲ့ဆွေက ပြောခဲ့သည်။ ရှကျုံး မင်းဆက် ယဉ်ကျေးမှုအမွေအနှစ်ပြပွဲကို ကျွန်မကြည့်နေခဲ့တာ

 

 

 "ရှကျုံးမင်းဆက်ရဲ့အရာတွေကို ကျွန်မအခုအကြိမ်ကြိမ်မြင်ရတယ်။ အချိန်တိုင်းရင်းနှီးနေသလို ခံစားရတယ်။ ဒါကြောင့် ဒီအချိန်တစ်လျှောက်လုံး ကျွန်မ ဆက်စပ်မှုကို စဉ်းစားနေခဲ့တာ "

 

 

 ယဲ့ဆွေက သူမရှာဖွေတွေ့ရှိခဲ့သော အချက်အလက်များကို ချန်ရှု့ရှေ့တွင် ထားခဲ့သည်။

 

 

 အရှေ့နန်းတော်ဟောင်းက  အိမ်ရှေ့မင်းသား၏ ဘဝဇာတ်ကြောင်းမှ စ၍ အရာအားလုံးကို လောင်ကျွမ်းစေသော မီးကစပြီး စစ်သူကြီးရဲ့အင်မော်ဒယ်ဓားရှည်အထိ။ 

 

 

 ထိုအရာတွေကိုနားထောင်ပြီး ချန်ရှု့ ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့ဆွေ ထူးဆန်းစွာခံစားလိုက်ရသည်။ "ဘာဖြစ်လို့လဲ? "

 

 

 ချန်ရှု့ - " မင်းသိလား ကိုယ်တို့ရဲ့ ရှေးဟောင်းပန်းအိုးက ရှကျုံးမင်းဆက်က  "

 

 

 ယဲ့ဆွေရဲ့ အိပ်မက်က ရေခဲတောင်၏အစွန်အဖျားသာဖြစ်သည်။ အမှန်တရားကို ထိမိသော်လည်း မြူထဲမှ ပန်းပွင့်များကို မြင်ရသည်နှင့်တူသည်။ ဘာကိုမှသဲသဲကွဲကွဲ မမြင်ရပေ။

 

 

 သူတို့က ဒီလျှို့ဝှက်ချက်ကို ဖြေရှင်းချင်တယ်ဆိုရင် သူတို့က ရှကျုံးနန်းတော်ပြတိုက်ကို နောက်တစ်ခေါက်သွားရမယ်ဆိုတာ သူတို့သိသည်။

 

 

 သူမက အမှန်တရားကို သိရဖို့ ဝန်ကြီး ဒါမှမဟုတ် စစ်သူကြီးကုကို ရှာရလိမ့်မည်။