အပိုင်း ၁၃၆
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး  


 


အပိုင်း ၁၃၆ - ငါ သူမကိုစောင့်နေမယ်  


 


 


 


 


<ဘက်ပေါင်းစုံမှ ဝိုင်းထားသည်>က နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ ရိုက်ကူးရေးက အရမ်းအောင်မြင်ခဲ့ပြီး ဒါရိုက်တာက Box Office မှာ အကြီးကြီးရိုက်ခတ်လာမယ်လို့ ကြိုတင်ခန့်မှန်းထားသည်။ 


 


  


ယနေ့ညက  နောက်ဆုံးအပိုင်းဖြစ်သည်။ ခေါင်းဆောင်မင်းသမီး ယဲ့ဆွေ ကတော့ သေချာပေါက် တက်ရောက်ရမှာ ဖြစ်သည်။ သို့သော်လည်း ယဲ့ဆွေ ခန္ဓာကိုယ်က အလွန်အားနည်းနေသည်။  ချန်ရှု့က သူမအဆင်မပြေတဲ့အခါကျရင် သူ့ကိုပြောပြရမယ်ဆိုတဲ့အချက်ကို အကြိမ်ကြိမ်အလေးပေးလျက် မှာခဲ့သည်။ 


 


 


သူက အပြင်ဘက်မှာစောင့်နေပြီးတော့ သူမ ထွက်လာတာနဲ့ သူ့ကိုတွေ့ရလိမ့်မည်။ 


 


  


ယဲ့ဆွေက ချန်ရှု့ကို မစိုးရိမ်စေလိုတာကြောင့် သူမသဘောတူခဲ့သည်။  ပွဲလုပ်နေစဥ် တစ်ဝက်လောက်မှာ ယဲ့ဆွေ ရုတ်တရက် မူးဝေသွားသည်။  သူမ ချန်ရှု့ကို ဖုန်းဆက်လိုက်တော့ ချန်ရှု့က သူမကိုချက်ချင်းထွက်လာဖို့ တောင်းဆိုခဲ့သည်။ 


 


  


ယဲ့ဆွေက ဟိုတယ်မှ ထွက်လာပြီး အပြင်ဘက်တွင် ကားအနက်ရောင်တစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။  ချန်ရှု့က ကားထဲတွင် ထိုင်ကာ ဟိုတယ်တံခါးကို စိုက်ကြည့်နေသည်။ 


 


 


ယဲ့ဆွေကို မြင်ပြီးချင်းမှာပဲ ချန်ရှု့က ကားပေါ်ကနေ ဆင်းပြီး သူမဆီကို လျှောက်သွားလိုက်သည်။  ချန်ရှု့က ယဲ့ဆွေ ဆီသို့ လျှောက်သွားကာ သူမ ပခုံးများကို ကိုင်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်နေသည်။  "ဘယ်နေရာက အဆင်မပြေတာလဲ?" 


 


  


ယဲ့ဆွေ က "ချန်ရှု့၊ ကျွန်မ အရမ်းပင်ပန်းနေပြီ"လို့ပြောလိုက်သည်။ သူမ ဘာဖြစ်နေမှန်းကို မသိဘူး။  ယနေ့တွင် သူမက ပင်ပန်းလွန်းသဖြင့် အပေါ်နှင့် အောက်မျက်ခမ်းများက တုန်ယင်နေကာ ဖွင့်ဖို့ပင် ခက်ခဲသွားခဲ့သည်။ 


 


  


ချန်ရှု့က "ကိုယ်တို့ အခုအိမ်ပြန်ကြမယ်" 


လို့ မျက်နှာထားတင်းတင်းတင်းနဲ့ ပြောလိုက်သည်။ 


 


  


ယဲ့ဆွေက အဲ့တာကို သတိမထားမိလိုက်ဘူး။ ချန်ရှု့က ယဲ့ဆွေကို အလျားလိုက်ချီကာ ရှေ့သို့ လျှောက်သွားလိုက်သည်။ ယဲ့ဆွေက ပတ်ဝန်းကျင်ကို ကြည့်ပြီး ချန်ရှု့ ၏ ရင်ခွင်ထဲတွင် သူမ၏ မျက်နှာကို မြှုပ်ထားလိုက်သည်။  "တစ်စုံတစ်ယောက်က ကျွန်မတို့ကို မြင်သွားနိုင်တယ်" 


 


 


ချန်ရှု့က လေးနက်စွာပြောလိုက်သည်။ "သူတို့ တွေ့ပါစေ " 


 


 


ယဲ့ဆွေက စကားဆက်မပြောတော့ဘဲ ချန်ရှု့ရဲ့ ရင်ခွင်ပေါ်မှာနေပြီး ခေါင်းမထောင်ဘဲ ဆက်မှီထားလိုက်သည်။  သူမ တကယ်ကို ပင်ပန်းနေပြီ။  ဤပင်ပန်းနွမ်းနယ်မှုနှင့် အိပ်ငိုက်ခြင်းသည် ယခင်နေ့ထက် ပိုမိုနက်နဲပြီး လေးလံနေပုံရသည်။ 


 


  


ချန်ရှု့ ပြောတာကိုတောင် သူမနားမထောင်နိုင်ခဲ့ပေ။ 


 


 


ချန်ရှု့က ယဲ့ဆွေကို ကားထိုင်ခုံပေါ် ညင်သာစွာ ချပေးလိုက်သည်။ ယဲ့ဆွေက အိပ်ပျော်နေပြီဖြစ်ပြီး သူမ ငြိမ်သက်စွာနဲ့ အသက်ရှူနေသည်။ ချန်ရှု့က ကားကိုအလွန်ဖြည်းညှင်းစွာ မောင်းနှင်လာပြီး လမ်းတစ်လျှောက်တွင် ကားက အလွန်တည်ငြိမ်နေသည်။ 


 


  


ချန်ရှု့က ဓာတ်လှေကားထဲသို့ ဝင်သွားစဉ် ယဲ့ဆွေ ကို သယ်ဆောင်သွားခဲ့သည်။  အိမ်ပြန်ရောက်ပြီးနောက် သူကယဲ့ဆွေအတွက် အဝတ်အစားလဲဖို့ ကူညီပေးပြီးနောက် သူလည်းအဝတ်အစားလဲကာ ယဲ့ဆွေ အနားမှာနေခဲ့သည်။ 


 


  


ယဲ့ဆွေ ဖြည်းညှင်းစွာ နိုးလာခဲ့သည်။ သူမ မျက်လုံးကိုဖွင့်၍ ပတ်ပတ်လည်ကို တစ်ချက်ကြည့်ကာ "အိမ်ရောက်ပြီလား? " လို့ အံ့သြစွာနဲ့ ပြောလိုက်သည်။ 


 


 


သူမ နိုးလာခဲ့သည်။  သူမရဲ့အသံက အနည်းငယ်ကွဲအက်အက်ဖြစ်နေပြီး ချန်ရှု့က သူမကို ရေတစ်ခွက် ပေးလိုက်သည်။  ချန်ရှု့က "မင်း လမ်းတစ်လျှောက်လုံး အိပ်ပျော်နေခဲ့တာ "လို့ပြောလိုက်သည်။ 


 


  


ချန်ရှု့ က စိုးရိမ်တကြီးမေးခဲ့သည်။ "ဒီပွဲမှာ တစ်ခုခုဖြစ်ခဲ့လို့လား?  မင်းဘာလို့အရမ်းပင်ပန်းနေရတာလဲ?"  ယဲ့ဆွေ အသားအရေက အရင်ထဲက ဖြူဖွေးနေသော်လည်း ယခုတွင်မူ တိမ်မြုပ်နေသော သွေးကြောများဖြင့် ရှင်းရှင်းလင်းလင်း ဖြစ်နေပြီး သူ့ကို ထိတ်လန့်စေခဲ့သည်။ 


 


  


ဤအခိုက်အတန့်တွင် ယဲ့ဆွေ  နှလုံးက ရုတ်တရက် ကျုံ့သွားပြီး မိနစ်အနည်းငယ်တွင် မြန်လာကာ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ထိတ်လန့်တကြားနဲ့ သူမရဲ့ခန္ဓာကိုယ်ကိုဖြတ်သန်းပြီး ပျံ့နှံ့သွားသည်။ 


 


  


ယဲ့ဆွေ  နှလုံးက လည်ချောင်းအတွင်း၌ တစ်စုံတစ်ခု ပိတ်မိနေသကဲ့သို့ နာကျင်သွားသည်။ တစ်စုံတစ်ခု ဖြစ်ပျက်တော့မည် ဆိုသည့်အတိုင်း သူမ၏နားထင်ကြောတွေက  ရုတ်တရက် ခုန်တက်သွားသည်။ 


 


  


အချိန်တိုလေးအတွင်းမှာ ဒီခံစားချက်က ပျောက်သွားပြီး သူမရဲ့ နှလုံးသားက ဗလာဖြစ်နေပေမယ့် နည်းနည်းတော့ ချဉ်နေဆဲပဲ။ ယဲ့ဆွေက စကားမပြောဘဲ ချန်ရှု့ ကို ကြည့်လိုက်သည်။  ချန်ရှု့က သူမရဲ့မျက်လုံးတွေကို သတိထားမိပြီး စိုးရိမ်စိတ်နဲ့ မေးလိုက်သည်။  "ဘာဖြစ်လို့လဲ?" 


 


 


ယဲ့ဆွေ  ခေါင်းယမ်းလိုက်သည်။  "ဘာမှမဖြစ်ပါဘူး။ ကျွန်မ ရှင်နဲ့စကားပြောချင်တယ်" 


 


  


ချန်ရှု့က ဖြည်းညှင်းစွာနဲ့ ပြောလိုက်သည်။ "ပြောလေ။ကိုယ်နားထောင်မယ်" 


 


 


ယဲ့ဆွေက ချန်ရှု့ကို တစိုက်မတ်မတ်ကြည့်နေခဲ့သည်။  သူမက ရုတ်တရက် လက်မြှောက်လိုက်ပြီး ချန်ရှု့ ၏ မျက်ခုံးများကို အုပ်ကာ ညင်သာစွာ ပွတ်သပ်လိုက်သည်။  “ရှင်မကြာခဏ ပြုံးနေရမယ်နော်။ မျက်မှောင်ကြုတ်နေရင်တော့ ရှင့်မျက်ခုံးကြားမှာ အရေးအကြောင်းတွေ ပေါ်လာလိမ့်မယ်" 


 


 


ဒီရက်ပိုင်း သူမရဲ့ ခန္ဓာကိုယ်ကြောင့် ချန်ရှု့က အရမ်းစိုးရိမ်နေပြီး သူ့ရဲ့ မသိစိတ်က မျက်မှောင်ကြုတ်လိုက်မိသည်။ 


 


 


ယဲ့ဆွေ တွေးနေတာက ချန်ရှု့က အရမ်းကြည့်ကောင်းသည်။ သူ့ မျက်ခုံးများကြားတွင် အရေးအကြောင်းများရှိသော်လည်း ဘာသက်ရောက်မှုမှမရှိပေ။ ချန်ရှု့ကို သူမအတွက် နေ့တိုင်း အရမ်းစိတ်မပူစေချင်ဘူး။ 


 


 


ချန်ရှု့က ရယ်လိုက်သည်။ “ကောင်းပြီ” 


 


  


သူမ အိပ်ပျော်သွားတာကြောင့် ချန်ရှု့က ထပ်ပြီး စိုးရိမ်ရမယ်ဆိုတာ ယဲ့ဆွေ သိသည်။  သူမ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။  "စိတ်မပူပါနဲ့ ကျွန်မ နေကောင်းပါတယ်” 


 


 


“ကျွန်မတို့ ဆေးရုံကို သွားစစ်တော့ ဘာပြဿနာမှ မတွေ့ဘူးလေ။ ပြီးတော့ ဒီထက်ပိုပြီး အနားယူဖို့ပဲလိုတာပါ" 


 


 


ချန်ရှု့က ယဲ့ဆွေကို စက္ကန့်အနည်းငယ်ကြာ ကြည့်ပြီးနောက် "ဟုတ်ပါပြီ" ဟု ပြောလိုက်သည်။ 


 


 


ယဲ့ဆွေက သူမရဲ့ နှုတ်ခမ်းကိုဖိလိုက်သည်။ သူမက ချန်ရှု့ရဲ့လက်ကို ကိုင်ထားပြီး "တကယ်တော့ ကျွန်မ ရှင့်ကိုထားခဲ့မှာမဟုတ်ဘူး။ ကျွန်မတို့တစ်သက်လုံး အတူတူနေကြမယ်နော် " 


 


 


ယဲ့ဆွေစကားပြောပြီး သူမရဲ့ နှလုံးသားက ရုတ်တရက် နာကျင်သွားပြန်သည်။  သူမ မျက်တောင်ခတ်လိုက်ကာ မျက်ရည်များက မသိမသာ ကျဆင်းလာပြီး ရှိုက်လာခဲ့သည်။  “ဒီဘဝမှာ ကျွန်မတို့ အရင်ဘဝကလိုမျိုး ကွဲကွာသွားမှာ မဟုတ်ဘူး” 


 


  


ယဲ့ဆွေ  ငိုနေတာကိုမြင်တော့ ချန်ရှု့ ရဲ့နှလုံးသားက တင်းကျပ်သွားသည်။  "ဘာလို့ငိုနေတာလဲ? ဘာဖြစ်သွားတာလဲ?" 


 


  


ချန်ရှု့က ယဲ့ဆွေ လက်ကို ဆုပ်ကိုင်လိုက်ပြီး ယဲ့ဆွေကို တခဏတာ စိုက်ကြည့်ကာ အလွန်ထိတ်လန့်သွားသည်။ 


 


  


ယဲ့ဆွေ ခေါင်းယမ်းလိုက်သည်။  "ကျွန်မ မသိဘူး၊ ကျွန်မရုတ်​တရက်​ ဝမ်းနည်းနေလို့ ပြီးတော့ ကျွန်မရဲ့နှလုံးသား​တွေက ဗလာဖြစ်​နေတယ်​"  သူမ၏ နှလုံးသားထဲတွင် ထူးဆန်းမှုက ယခုမှပင် သူမ၏ စိတ်ခံစားချက်ကို ထိခိုက်သွားနိုင်သည်။ 


 


 


သူမ၏ နှလုံးသားထဲတွင် ထိန်းမနိုင်သိမ်းမနိုင်သော ကြောက်ရွံ့မှုသည် စိုးရိမ်မှုမျိုးစေ့ကို ပေါက်ဖွားစေခဲ့သည်။ အဲ့တာကို  အောက်ဘက်မှာ ဖုံးကွယ်ထားပေမယ့် သူမအမြဲတမ်း ကြောက်ရွံ့ထိတ်လန့်မှုတွေ ခံစားရသည်။ 


 


  


ချန်ရှု့ အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။  သူက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ကိုင်းညွတ်ကာ ယဲ့ဆွေကို ဖက်ထားရန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ 


 


  


ချန်ရှု့ရဲ့ အသက်ရှူသံပြင်းပြင်းက ယဲ့ဆွေကို ဝိုင်းရံလိုက်သောအခါ၊ ယဲ့ဆွေက ထိုမသက်မသာဖြစ်မှုက ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ ချန်ရှု့ကခေါင်းကိုငုံ့ရင်း ယဲ့ဆွေ မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။ 


 


 


ယဲ့ဆွေလည်း သူ့ကို ဒီလိုမျိုး ကြည့်နေသည်။ 


 


 


တိတ်ဆိတ်သောညတွင် ချန်ရှု့က မျက်လုံးများကို အောက်စိုက်ထားပြီး ယဲ့ဆွေထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်ကာ သူ့နှုတ်ခမ်းများဖြင့် ယဲ့ဆွေရဲ့ မျက်ရည်များကို  ဖုံးအုပ်လိုက်သည်။  သူ့လှုပ်ရှားမှုတွေက အလွန်နူးညံ့သိမ်မွေ့ပြီး သူ့ရှင်းလင်းသောအသံက ယဲ့ဆွေရဲ့နားထဲ ရောက်သွားသည်။ 


 


 


"မကြောက်ပါနဲ့ ကိုယ်ဒီမှာရှိတယ်" 


 


  


ယဲ့ဆွေက မျက်လုံးတွေထဲမှာ ဖုံးကွယ်မရနိုင်သော ခံစားချက်များဖြင့် ချန်ရှု့ကို ကြည့်နေသည်။ သူ့ကို​စိတ်မပူစေချင်ဘူး။  "ကျွန်မ အိပ်ဖို့ပဲလိုတာ " 


 


  


ချန်ရှု့က ယဲ့ဆွေကို ခဏလောက် စိုက်ကြည့်ရင်း သူ့နှုတ်ခမ်းပါးပါးလေးက ကော့တက်သွားသည်။  “အိုကေ” 


 


 


ယဲ့ဆွေက ချန်ရှု့ကို ပြုံးပြပြီး "ဂွတ်နိုက်ပါ။ မနက်ဖြန်မှတွေ့မယ် "  ယဲ့ဆွေစကားပြောပြီးသည်နှင့် မျက်လုံးများကိုမှိတ်လိုက်သည်။ 


 


  


ချန်ရှု့က ယဲ့ဆွေ မျက်လုံးမှိတ်ထားသည်ကို မမြင်လိုက်ဘဲ နူးညံ့စွာမေးလိုက်သည်။ “မနက်ဖြန်မနက် ဘာစားချင်လဲ?  ကိုယ်ကူညီမယ်....…" 


 


  


ချန်ရှု့က သူ့အသံကို ဖြည်းညှင်းစွာ လျှော့ချလိုက်ပြီး နောက်ဆုံးတွင် တိတ်ဆိတ်သွားသည်။  သူက ယဲ့ဆွေ မျက်နှာကို စိုက်ကြည့်ကာ ဖျော့ဖျော့လေး ပြုံးလိုက်သည်။ 


 


 


ယဲ့ဆွေ မျက်လုံးမှိတ်ပြီး အိပ်မပျော်သေးပေ။  ချန်ရှု့ စကားကို  တစ်ဝက်သိရုံမျှသာ ကြားလိုက်ရသော်လည်း သူမ မျက်လုံးများရှေ့တွင် ရှင်းရှင်းလင်းလင်းဖြစ်နေပေမယ့် ၎င်းကိုအလွှာပါးလေး ဖုံးအုပ်ထားကာ မှုန်ဝါးနေပြီး ရှင်းရှင်းလင်းလင်း မမြင်ရပေ။ 


 


  


သူမပြန်ဖြေတော့မည်ဖြစ်သော်လည်း ပါးစပ်ဟရန်ပင် ပင်ပန်းလွန်းလှသည်။ 


 


  


ယဲ့ဆွေက သူမ မျက်ခွံများနှင့် ခန္ဓာကိုယ် လေးလံနေသည်ကို ခံစားမိလိုက်သည်။  လေးလံသော အရာဝတ္ထုတစ်ခုက သူမကို အနက်ဆုံးအမှောင်ထဲသို့ ဆွဲငင်လိုက်သလိုပင်။ 


 


  


သူမက မနိုးထနိုင်သော အလွန်သက်တောင့်သက်သာရှိသော အိမ်မက်ထဲသို့ ရောက်သွားပုံရသည်။  ဒါပါပဲ၊ ဒီအိပ်မက်ထဲမှာ ချန်ရှု့ မရှိဘူး။ 


 


 


သူမပြန်မဖြေရသေးဘူး။ သူမ မအိပ်သင့်ဘူး။ 


 


  


ယဲ့ဆွေ ရုန်းကန်ရင်း နိုးထချင်သည်။ သူမမျက်လုံးဖွင့်ပြီး ချန်ရှု့ ကို ကြည့်ချင်သည်။ ယဲ့ဆွေက အစွမ်းကုန်ကြိုးစားသော်လည်း သေးငယ်သော မျက်လုံးပေါက်လေးကိုသာ ဖွင့်နိုင်ခဲ့သည်။ 


 


 


အလင်းရောင်က ဘဝင်ကျနေပုံရပြီး ချန်ရှု့ရဲ့ မျက်နှာက အမှောင်ထဲတွင် ခွဲခြား၍မရပေ။  သူမ ပိုရှင်းရှင်းလင်းလင်း မြင်ချင်တဲ့အခါ အလင်းရောင်က ပျောက်သွားပြန်သည်။ 


 


  


ယဲ့ဆွေ ခေါင်းမူးနေပြီး သူမတကယ်ပင် ပင်ပန်းနေပြီ။  သူမ မျက်ခွံများက လေးလံနေပြီး မျက်လုံးဖွင့်ရန်ပင် ခွန်အားမရှိတော့ပေ။ 


 


  


ယဲ့ဆွေ တွေးလိုက်သည်။ အဲ့တာကိုမေ့လိုက်တော့။  မနက်​ဖြန်​ သူမ အိပ်​ရာထတဲ့အခါ ချန်ရှု့ရဲ့မေးခွန်းကို ​ဖြေလိုက်​မည်။  ချန်ရှု့ သူမကို နားလည်ပေးမှာပါ။ 


 


 


ဘာပဲဖြစ်ဖြစ် ဒါဟာ တစ်ညတာ အိပ်စက်ခြင်းသာဖြစ်ပြီး နောက်နေ့တွင် ချန်ရှု့ကို သူမ တွေ့နိုင်မည်ဖြစ်သည်။  ဤမှောင်မည်းနေတဲ့ အိပ်မက်က မကြာမီ ပြီးဆုံးတော့မည်ဖြစ်ပြီး သူမက သံသယမရှိဘဲ အခိုင်အမာ ယုံကြည်ခဲ့သည်။ 


 


  


ယဲ့ဆွေက သူမ ခန္ဓာကိုယ်ကို ဖြေလျှော့ကာ  အိပ်မောကျသွားခဲ့သည်။ 


 


 


 ယဲ့ဆွေက စကားမပြောတော့တာကြောင့် အိပ်ပျော်နေမှန်း ချန်ရှု့သိလိုက်သည်။  သူက ရယ်ပြီး “ဂွတ်နိုက်ပါ” လို့ တိုးတိုးလေးပြောလိုက်သည်။ 


 


 


ချန်ရှု့က ရှေ့ကို ကိုင်းပြီး စောင်ရဲ့ထောင့်နဲ့ ယဲ့ဆွေ ကိုပတ်ပေးဖို့ လက်လှမ်းလိုက်သည်။  ထို့နောက် ချန်ရှု့ က ရှေ့ကိုကိုင်းကြည့်လိုက်သည်။  "ကလစ်" ဆိုတဲ့အသံနဲ့ မီးတွေ မှိိတ်သွားသည်။ 


 


 


တစ်ခန်းလုံး အမှောင်ထုထဲ ကျရောက်သွားသည်။  ကန့်လန့်ကာများက အနည်းငယ်ပွင့်နေပြီး လရောင်က ကြမ်းပြင်ပေါ်သို့ ကျရောက်ကာ ကြယ်များနှင့် အရိပ်များကလည်း ကျဆင်းနေသည်။ 


 


 


ချန်ရှု့ လှဲချလိုက်သည်။  သူ့လှုပ်ရှားမှုတွေက အရမ်းပေါ့ပါးပြီး ယဲ့ဆွေကို မနှိုးသွားစေချင်ခဲ့ဘူး။ သူ အိပ်မပျော်သော်လည်း ဘေးသို့လှည့်ကာ ယဲ့ဆွေကို ဆက်ကြည့်နေသည်။ 


 


  


တိတ်ဆိတ်သော အမှောင်ထဲတွင် ယဲ့ဆွေရဲ့ အသက်ရှုသံက ရှည်လျားပြီး နှေးကွေးနေသည်။  သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။  အလင်းရောင်က သူမ၏ ကောက်ကြောင်းတစ်လျှောက် တစ်လက်မမှ တစ်လက်မအထိ ပျံ့လွင့်သွားကာ အလွန်သိမ်မွေ့ပြီး လှပသည်။ 


 


  


ယဲ့ဆွေ အလွန်နှစ်ခြိုက်စွာ အိပ်မောကျသွားသော်လည်း ချန်ရှု့ကတော့ အိပ်မပျော်ဘဲ သူ့အတွေးများက အလွန်လေးလံနေသည်။ 


 


  


သူမက ချန်ရှု့ရဲ့ နက်ရှိုင်းသောမျက်လုံးများကို မသိနိုင်ပါ။ အမြဲလိုလိုပင် ယဲ့ဆွေက မျက်လုံးများကို ပြန်ဖွင့်ကြည့်ဖို့ ပင်ပန်းလွန်းနေသည်။  


 


 


အကြောင်းရင်းအမှန်ကတော့ ရိုက်ကူးရေးကြောင့်လို့ ဆိုရပေမယ့် သူမ အရင်က ရိုက်ကူးရေးတွေမှာ သိပ်မပင်ပန်းခဲ့ဘူး။ 


 


 


ယဲ့ဆွေ ဓားကို သူမလက်ဖြင့် ပိတ်ဆို့လိုက်တဲ့အချိန်မှာပင် အားလုံးက စတင်ခဲ့သည်။ 


 


  


ချန်ရှု့က ဤအကြောင်းကို နေ့တိုင်းတွေးနေပြီး ယဲ့ဆွေ အခြေအနေအတွက် စိုးရိမ်နေမိသည်။  သူမ ဘယ်လို အိပ်ပျော်သွားတာလဲ?  ဒါပေမယ့် သူတို့ အရင်က စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယဲ့ဆွေ ခန္ဓာကိုယ်တွင် ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပေ။ 


 


  


ချန်ရှု့ သက်ပြင်းချလိုက်ပြီး ဘာမှထပ်မတွေးတော့ပေ။ အရာအားလုံးဟာ နေရာကောင်းကနေ အမြဲတိုးတက်နေလိမ့်မည်။ 


 


  


ချန်ရှု့က ယဲ့ဆွေကို ခဏလောက်ကြည့်ပြီးနောက် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့မည်ဖြစ်သည်။  ခဏအကြာတွင် ချန်ရှု့ ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။ 


 


 


ချန်ရှု့ အိပ်ပျော်သွားသော်လည်း ဤညတွင် ချန်ရှု့ အကြိမ်ပေါင်းများစွာ နိုးလာပြီး သူ့နှလုံးမငြိမ်မသက်ဖြစ်နေသည်မှာ ထူးဆန်းနေသည်။  သူ့မျက်ခုံးတွေက ခဏခဏလှုပ်နေခဲ့သည်။ 


 


 


ချန်ရှု့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။  သူနိုးလာတိုင်း သူ့ဘေးနားက ယဲ့ဆွေကိုကြည့်ခဲ့သည်။ ယဲ့ဆွေက နိုးမလာဘဲ သူမရဲ့အသက်ရှုသံက အရမ်းနှေးနေသေးသည်။ 


 


 


ချန်ရှု့ စိတ်သက်သာရာရပြီး ဆက်လက်၍ မျက်လုံးမှိတ်ထားလိုက်သည်။ 


 


 


 ညက တိတ်တိတ်ဆိတ်ဆိတ် ကုန်ဆုံးသွားပြီး လကြီးကပျောက်ကွယ်သွားကာ ကောင်းကင်က အနည်းငယ် လင်းလာသည်။  နွေဦးနှောင်းပိုင်း၏ နံနက်စောစောတွင် လေထုက မြူခိုးများနှင့် ပြည့်နှက်နေသည်။ 


 


  


ချန်ရှု့ မျက်​လုံးဖွင့်​ပြီး အချိန်​ကိုကြည့်​လိုက်​သည်​။ ငါးနာရီခွဲပဲရှိသေးသည်။  မည်သို့ပင်ဆိုစေကာမူ သူ ယနေ့တွင်အစောကြီး နိုးလာသည်။ 


 


  


ချန်ရှု့ နိုးလာသောအခါတွင် သူက ယဲ့ဆွေ ကို လှည့်ကြည့်လိုက်သည်။ ယဲ့ဆွေက အသံမှန်မှန်နဲ့ အလွန်နှစ်ခြိုက်စွာ အိပ်ပျော်နေသော်လည်း သူမ၏ ကိုယ်ဟန်အနေအထားကတောင် ပြောင်းလဲသွားပုံမပေါ်ပေ။ 


 


 


ချန်ရှု့က ယဲ့ဆွေအိပ်ပျော်သွားတဲ့အချိန်၌ အိပ်ရာပေါ်တွင် အမြဲလှည့်ပတ်နေပြီး တစ်ခါတစ်ရံ သူ့ရင်ခွင်ထဲသို့ လှိမ့်ဝင်သွားသည်ကို ချန်ရှု့ သတိရမိသည်။ 


 


 


ယဲ့ဆွေ အားနည်းလာသောအခါတွင် သူမ အိပ်စက်ပုံက အလွန်ကောင်းမွန်လာသည်။ သူမက ကိုယ်ဟန်အနေအထား တစ်ခုတည်းကိုသာ ထိန်းထားကာ အေးချမ်းစွာ အိပ်ပျော်သွားတတ်သည်။  အခုလည်း အတူတူပဲ။  အထူးသဖြင့် သူမကိုကြည့်ရတာ အေးချမ်းနေသည်။ 


 


  


သို့သော် ချန်ရှု့က ယဲ့ဆွေရဲ့ မူလအသွင်အပြင်ကို နှစ်သက်သည်။ သူမက ယခုအချိန်တွင် သူမနှင့်မတူဘဲ ပို၍ တက်ကြွနေပြီး၊ တိတ်ဆိတ်နေသောကြောင့် သူ့ကိုအနည်းငယ် ကြောက်သွားစေသည်။ 


 


  


ယဲ့ဆွေ  အကြောင်းတွေးခြင်းကြောင့် ချန်ရှု့က မနေ့ညက အလွန်ဂနာမငြိမ်ဖြစ်ပြီး အိပ်မောကျသွားပြီးနောက် နိုးလာလိုက်  ပြန်အိပ်လိုက်နဲ့ စုစုပေါင်းအနေနဲ့ သူ အချိန်အကြာကြီး မအိပ်ခဲ့ရပေ။ 


 


  


ချန်ရှု့ရဲ့ နားထင်ကြောက အနည်းငယ် နာကျင်သွားပြီး သူ့မျက်ခုံးကို ဖိလိုက်သည်။ လက်တစ်ဖက်ကို ခေါင်းနောက်မှာထားပြီး မျက်နှာကျက်ကို ကြည့်လိုက်သည်။  သူ ယဲ့ဆွေကို မခေါ်ဘူး။ 


 


  


ယဲ့ဆွေ ကောင်းကောင်း အိပ်ပျော်နိုင်မည်ဟု သူ မျှော်လင့်ခဲ့သည်။ 


 


 


ချန်ရှု့က ကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းပြီး ကောင်းကင်ကြီး တောက်ပလာသည်အထိ စောင့်နေသည်။  ပြတင်းပေါက်အပြင်ဘက်မှာ ငှက်ကလေးတွေ တေးဆိုနေကြရင်း နေရောင်က တိမ်တွေဆီကနေ ကျဆင်းလာခဲ့သည်။ 


 


  


ခဏအကြာတွင် ချန်ရှု့ မတ်တပ်ထရပ်ပြီး ယဲ့ဆွေ အတွက် မနက်စာဝယ်ရန် တံခါးဆီသို့ တိတ်တဆိတ်လျှောက်သွားခဲ့သည်။ မနေ့က သူက ယဲ့ဆွေကို မနက်စာ ဘာစားချင်လဲလို့ မေးခဲ့ပေမယ့် ယဲ့ဆွေကသူ့ကို  ပြန်မဖြေခဲ့ဘူး။ 


 


  


ချန်ရှု့ က သူ့ဘာသာသူ ဆုံးဖြတ်ပြီး ဘာမှမပါတဲ့ဆန်ပြုတ်ကို ဝယ်လိုက်သည်။ သူပြန်လာချိန်မှ သူမကိုနှိုးမည် ဒါမှသာ ဆန်ပြုတ်အပူချိန်က ပုံမှန်ဖြစ်နေလိမ့်မည်။ 


 


 


 ချန်ရှု့ အခန်းထဲကို လျှောက်သွားလိုက်သည်။  သူ ကုတင်ဆီသို့ပြန်လာပြီး ငုံ့ကိုင်းလိုက်ကာ နူးနူးညံ့ညံ့လေး နှိုးလိုက်သည်။“ယဲ့ဆွေ၊ အိပ်ရာထဖို့အချိန်ရောက်ပြီ” 


 


 


ယဲ့ဆွေက မတုံ့ပြန်လာဘူး။ သူမ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသေးသည်။ 


 


  


ချန်ရှု့ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားသည်။  အထူးသဖြင့် ယဲ့ဆွေ ဖျားကတည်းက သူမ အိပ်ပျော်နေမှန်း ကို သူသိသည်။ သူမ မျက်လုံးမဖွင့်ခင်အထိ သူ သုံး၊ လေးကြိမ် အမြဲခေါ်ရသည်။ 


 


  


ပြီးရင် သူမက စိတ်အနှောင့်အယှက်ဖြစ်ပြီးပြောသေးသည်။ “ကျွန်မဘာလို့ နောက်ကျမှ နိုးလာရပြန်တာလဲ” ထို့နောက် သူမက သူ့ကိုကြည့်ပြီး သူ့လက်မောင်းကို ကိုင်ကာ ညင်သာစွာ ပြုံးပြလိုက်သည်။ 


 


  


ချန်ရှု့ က ထပ်ခေါ်ပေမယ့် ယဲ့ဆွေ အိပ်ပျော်နေတုန်းပဲ။ ချန်ရှု့ နောက်ထပ် ထပ်ခေါ်သောအခါ သူမ နိုးလာမည်ကို သူသိသောကြောင့် ချန်ရှု့ စိတ်မပူခဲ့ပေ။ 


 


 


တိတ်ဆိတ်မှုတွင် ချန်ရှု့ တတိယအကြိမ် ပါးစပ်ကို ဖွင့်ဟလိုက်သည်။  သူယဲ့ဆွေရဲ့မျက်နှာလေးကို စိုက်ကြည့်ကာ သူ့အသံက ပိုပြီးနူးညံ့လာသည်။  "ထဖို့အချိန်တန်ပြီ" 


 


  


ထို့နောက် သူ စကားပြောတာကိုရပ်လိုက်သည်။  သူက ယဲ့ဆွေ  မျက်လုံးဖွင့်လာမှာ စောင့်ဆိုင်းနေပြီး ယဲ့ဆွေ  သူ့ကို ပြုံးပြလာမှာကို စောင့်နေသည်။  ဒီလိုနွေးထွေးတဲ့အသေးစိတ်ပုံစံလေးတွေကို သူအမြဲတမ်း နှစ်သက်သဘောကျသည်။ 


 


 


ဒါပေမယ့်ဒီတစ်ကြိမ်မှာတော့ ယဲ့ဆွေ မတုံ့ပြန်လာခဲ့ဘူး။ သူမ အလွန်နှစ်ခြိုက်စွာနဲ့ အိပ်ပျော်နေသေးသည်။ 


 


  


ချန်ရှု့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ အကြိမ်ကြိမ်ခေါ်ပြီး ယဲ့ဆွေရဲ့ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပေမယ့် ယဲ့ဆွေကတော့ မတုံ့ပြန်လာခဲ့ဘူး။ 


 


 


ဤအခိုက်အတန့်တွင် ကြီးမားသော ထိတ်လန့်မှုတစ်ခုက သူ့ကို ဒီရေလိုမျိုး ရေလွှမ်းမိုးသွားစေပြီး သူ့ကို ဟိုးအနက်ကြီးထဲထိ နစ်မြောသွားစေခဲ့သည်။ 


 


 


ချန်ရှု့ရဲ့ လက်တွေ အနည်းငယ်တုန်ခါလာပြီး သူ့ခန္ဓာကိုယ် တောင့်တင်းသွားသည်။  ချန်ရှု့ရဲ့ နှလုံးသားထဲတွင် အလွန်ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုရှိနေပြီး သူ့လက်က ယဲ့ဆွေ၏နှာခေါင်းဖျားကိုထိဖို့ တုန်တုန်ယင်ယင်ဖြစ်နေခဲ့သည်။ 


 


  


ချန်ရှု့ စိတ်သက်သာရာရပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။  ကံကောင်းထောက်မစွာ၊ ယဲ့ဆွေ  အသက်ရှုနေသေးသည်။ သူမက အိပ်ပျော်သွားပြီး မနိုးနိုင်ခဲ့ပေ။ 


 


  


ချန်ရှု့ မန့်ဟန့်ဆီ ချက်ချင်းဖုန်းဆက်လိုက်ပြီး သူ့အသံကို တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားခဲ့သည်။ "ယဲ့ဆွေ မေ့မြောနေတယ်။ ပြီးတော့ ငါ သူ့ကိုနှိုးလိူ့မရဘူး " 


 


  


မန့်ဟန့် -  "ငါ မင်းကို ဆေးရုံမှာ စောင့်နေမယ်" 


 


 


ချန်ရှု့ ဖုန်းချလိုက်ပြီး ယဲ့ဆွေကို သယ်ဆောင်ပြီး အဝတ်အစားလဲဖို့ ကူညီပေးလိုက်သည်။ ချန်ရှု့က အချိန်ခဏမျှ မနှောင့်နှေးဘဲ ယဲ့ဆွေ ကို ချီကာ ထွက်သွားလိုက်သည်။ 


 


  


ချန်ရှု့ လျင်မြန်စွာ လျှောက်သွားလိုက်ပြီး သူ့မျက်နှာက တည်ကြည်လေးနက်နေပြီး မည်သည့်ခံစားချက်ကိုမျှ မတွေ့နိုင်ပေ။ ဒါပေမယ့်သူ ဧည့်ခန်းထဲကို ဖြတ်လျှောက်သွားလိုက်တဲ့အချိန် သူ လက်ဖက်ရည်ခွက်တွေ အများကြီးကိုခွဲမိခဲ့သည်။ 


 


 


 သူက အမြဲတည်ငြိမ်နေခဲ့ပြီး အခုချိန်တွင် ကိုယ့်ကိုယ်ကိုချုပ်တည်းမှုနှင့် တည်ငြိမ်မှုအားလုံးကို ဆုံးရှုံးသွားကာ သူ့လက်များက အနည်းငယ်တုန်ယင်နေသည်။ ဤနေ့သည် မငြိမ်းချမ်းတော့ကြောင်း ညွှန်ပြနေသည့် လေထုထဲတွင် မှိုင်းညှို့သော အသံတစ်ခုထွက်ပေါ်လာသည်။ 


 


  


ချန်ရှု့ ယဲ့ဆွေကို သယ်ဆောင်သွားပြီး  ဓာတ်လှေကားမှ ဆင်းကာ ကားရှေ့သို့ လျှောက်သွားလိုက်သည်။  သူက တံခါးဖွင့်ပြီး ယဲ့ဆွေကို နောက်ထိုင်ခုံမှာ သေသေချာချာ ချထားလိုက်သည်။ 


 


  


ချန်ရှု့ လှုပ်ရှားမှုက အလွန်ပေါ့ပါးသည်။  သူက ယဲ့ဆွေ  လက်ကို သူ့ဘက်တွင်ထားလိုက်ပြီး ယဲ့ဆွေရဲ့ခေါင်းကိုမဆောင့်မိအောင် စောင်ကိုသူမရဲ့ ခေါင်းအောက်မှာထားပေးလိုက်သည်။ 


 


 


အဲ့လိုလုပ်ပြီးသွားတဲ့အခါ ချန်ရှု့ ယာဉ်မောင်းထိုင်ခုံဆီ ပြန်မတက်ခင် ယဲ့ဆွေရဲ့ခေါင်းကိုမဆောင့်မိတော့ဘူးဆိုတာကို သေချာအောင် အတည်ပြုခဲ့သည်။ 


 


  


ကားစမထွက်ခင်မှာပဲ ချန်ရှု့ က ခေါင်းကိုလှည့်ပြီး ကားနောက်ခန်းမှာရှိနေတဲ့ ယဲ့ဆွေကို တစ်ချက်ကြည့်လိုက်သည်။ သူ အလွန်အမင်း စိုးရိမ်နေသော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။ 


 


  


ချန်ရှု့ အသက်ပြင်းပြင်းရှူလိုက်သည်။ ဒီအချိန်မှာတော့ သူ ထိတ်လန့်နေလို့မရဘူး။ 


 


 


ချန်ရှု့ရဲ့ အောက်မေးရိုးက တင်းကျပ်နေပြီး သူ့ရဲ့ပါးလွှာသော နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် ဖိထားကာ နေရောင်က သွေးတွေတစိုးတစိမျှ မရှိသလောက် ဖြူဖျော့နေသော သူ့မျက်နှာကို ပုံဖော်ထားသည်။ 


 


  


ချန်ရှု့ ရှေ့ကို လှမ်းကြည့်လိုက်သည်။ သူက လီဗာပေါ်မှ ခြေထောက်ကို ဆောင့်ချလိုက်ပြီး ကားက မှိန်ပျပျအဖြူရောင် မြူခိုးထဲသို့ လျင်မြန်စွာ မောင်းနှင်သွားခဲ့လေသည်။ 


 


 


ကားက ဆေးရုံကို ရောက်လာတဲ့အခါ ချန်ရှု့က ယဲ့ဆွေ ကို လူဆောင်ဆောင်ထဲကို သယ်သွားခဲ့သည်။ မန့်ဟန့်က ကြိုတင်ပြင်ဆင်ထားပြီးသား။ လူနာဆောင်  ထဲမှာ ဆရာဝန်နဲ့ သူနာပြုတချို့က ရပ်နေကြသည်။ 


 


 


မန့်ဟန့်က ယဲ့ဆွေ အသွင်အပြင်ကို မြင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ "သူမရဲ့အ​ခြေအ​နေကို အရင်​စစ်​ကြည့်​ရ​အောင်​ " 


 


 


ချန်ရှု့က လူနာဆောင်အပြင်သို့ လျှောက်သွားကာ စင်္ကြံပေါ်တွင် ထိုင်နေလိုက်သည်။ စင်္ကြံက တိတ်ဆိတ်မှုနှင့်အတူ ငြိမ်ကျသွားခဲ့သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အဆုံးမဲ့တဲ့ အဖြူရောင်တွေနဲ့ ပြည့်နှက်နေပြီး လူတွေရဲ့ နှလုံးသားကို ပိုလို့တောင် စိတ်ဓာတ်ကျစေသည်။ 


 


 


ယဲ့ဆွေက လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ငိုက်မျဉ်းနေခဲ့သည်။ ချန်ရှု့၏ စိတ်အနေထားမှာ မတည်မငြိမ်ဖြစ်နေပြီး ဒီနေ့မှာတော့ သူ့စိတ်ထဲမှာ အဆိုးဆုံးအခြေအနေက နောက်ဆုံးတော့ ဖြစ်လာခဲ့ပြီ။ ကိစ္စရပ်တွေရှိလာတဲ့အတိုင်းပဲ သူတတ်နိုင်သမျှ စောင့်နေတာရတော့မှာပေါ့။ 


 


  


ချန်ရှု့ တံတောင်ဆစ်တွေကို ဒူးပေါ်တင်ပြီး ရှေ့သို့ ကိုင်းကာ လက်နှစ်ဖက်ကိုထပ်ပြီး သူ့နှုတ်ခမ်းကို အုပ်ထားသည်။ လူနာဆောင်ကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေက အလွန်မည်းမှောင်နေပြီး အတွင်းထဲမှာကြောက်စိတ်တွေက ဖုံးကွယ်နေသည်။ 


 


  


လူနာဆောင်ထဲမှာ ဆရာဝန်တွေက ယဲ့ဆွေကို စစ်ဆေးနေကြသည်။ လေထုက အလွန်ငြိမ်သက်နေပြီး အသက်ရှုသံတွေကတောင် နှေးကွေးလာသည်။  ဆူညံသံအနည်းငယ်က တိတ်ဆိတ်မှုကို နှောင့်ယှက်နေပုံရသည်။ 


 


  


ချန်ရှု့ရဲ့စိတ်ထဲမှာ ယဲ့ဆွေမျက်နှာက ပေါ်လာခဲ့သည်။ သူမက အလွန်တိတ်ဆိတ်ပြီး လှပသော်လည်း သူမက အားနည်းနေတဲ့ နှင်းဆီပန်းတစ်ပွင့်နှင့်တူသည်။ 


 


 


ချန်ရှု့ တစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့တော့ သူ့မျက်လုံးတွေ အရမ်းနီနေသည်။  သူက အဆိုးဆုံးကို မျှော်မှန်းထားပြီးဖြစ်သော်လည်း မည်သည့်အရာမှ ဖြစ်လာမှာမဟုတ်ပါဘူးလို့ သူမျှော်လင့်ထားသည်။ 


 


 


အချိန်တော်တော်ကြာသွားပေမယ့် လူနာဆောင်တံခါးက မပွင့်လာသေးဘူး။ တံခါးက တင်းတင်းကြပ်ကြပ် ပိတ်ထားဆဲဖြစ်ပြီး အတွင်း၌ အရာအားလုံးကို ချုပ်နှောင်ထားသည်။ 


 


 


စောင့်ဆိုင်းချိန်က အလွန်ရှည်လျားသည်။ မိနစ်တိုင်းနှင့် စက္ကန့်တိုင်းကို ဆွဲဆန့်ထားပုံရသည်။ အဲ့ဒါက ချန်ရှု့ နှလုံးသားကို ဆုပ်ကိုင်ထားခဲ့သည်။ 


 


  


အချိန်အတော်ကြာပြီးနောက် လူနာဆောင် တံခါးပွင့်လာပြီး မန့်ဟန့် ရဲ့အမူအရာမှာ ရှုပ်ထွေးနေကာ အနည်းငယ် ပဟေဋ္ဌိဖြစ်စွာနဲ့ အပြင်ထွက်လာခဲ့သည်။ 


 


  


ချန်ရှု့ ချက်ချင်ထရပ်ပြီး လမ်းလျှောက်လာရင်း စိုးရိမ်တကြီးနဲ့ "သူမရဲ့အခြေအနေ ဘယ်လိုလဲ?"လို့မေးလိုက်သည်။ 


 


 


 “အဲ့တာ အရမ်းထူးဆန်းတယ်။ ယဲ့ဆွေ ရဲ့ ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မတွေ့ဘူး။ လက္ခဏာတိုင်းက ပုံမှန်ပဲ၊ ငါတို့ အဲဒါကို ထပ်ပြီးဂရုတစိုက်နဲ့ စောင့်ကြည့်ဖို့လိုတယ် ” 


 


  


အကြောင်းပြချက်မရှိဘဲ ဒီလိုမေ့မြောခြင်းမျိုးက စိုးရိမ်စရာအကောင်းဆုံးဖြစ်သည်။ အကြောင်းရင်းကို မသိရသောကြောင့် ကုသမှုက အလွန်ဒုက္ခရောက်ရပေလိမ့်မည်။ 


 


 


ချန်ရှု့ အသံက အနည်းငယ် တုန်လှုပ်သွားပြီး ကြောက်ရွံ့မှုကြောင့် အားနည်းသွားသည်။  "ဒါပေမယ့် သူမ တကယ် မနိုးနိုင်ဘူး" 


 


 


မန့်ဟန်က ရှုပ်ထွေးသောခံစားချက်ဖြင့် ချန်ရှု့ကို ကြည့်လိုက်သည်။  "အကယ်၍ ယဲ့ဆွေ သတိလစ်နေဦးမယ်ဆိုရင် ဖြစ်နိုင်ချေတစ်ခုပဲရှိတော့တယ် " 


 


  


မန့်ဟန့်က စိုးရိမ်တကြီးနဲ့ပြောခဲ့သည်။ " ချန်ရှု့၊ မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်။ ယဲ့ဆွေ ချက်ချင်း နိုးလာနိုင်တယ် ဒါပေမယ့်လည်း သူမ...... ဒီဘဝမှာ နိုးလာနိုင်မှာ မဟုတ်တော့တာလည်းဖြစ်နိုင်တယ် " 


 


  


အဓိပ္ပါယ်မှာ ယဲ့ဆွေ ထိုအချိန်မှစ၍ သစ်ပင်လူသား ဖြစ်လာနိုင်ဖွယ်ရှိသည်။ 


 


 


ချန်ရှု့ နှလုံးက ရုတ်တရက် နစ်မြုပ်သွားသည်။ စကားမပြောဘဲ နှုတ်ဆိတ်နေပြီး လက်သီးကို တင်းတင်းဆုပ်ကာ ပျော့ညံ့စွာ လွှတ်လိုက်သည်။ သူ့အသံက တိုးပြီးအောရှရှဖြစ်နေသည်။  "သူမ နိုးဖို့အလားအလာဘယ်လောက်ရှိလဲ?" 


 


 


မန့်ဟန့် ခေါင်းခါလိုက်သည်။  "သူမရဲ့ အခြေအနေက အရမ်းထူးဆန်းနေတယ်။ ဘာကိုမှ ငါ အာမမခံနိုင်ဘူး" 


 


  


မန့်ဟန့်က ထပ်ပြီးမေးလိုက်သည်။ တကယ်လို့ သူမ တစ်သက်လုံး မနိုးနိုင်ဘူးဆိုရင်ကော ..... 


 


  


ချန်ရှု့ အသံက အောရှနေပြီး သူ့အသံမှာ ကြည်လင်ပြတ်သားနေသည်။  "အဲ့လိုဆိုရင်၊ ငါ သူမကို တစ်သက်လုံးစောင့်နေမယ်" 


 


  


မန့်ဟန့် ထပ်မေးလိုက်ပြန်သည်။ " ငါးနှစ်၊ ဆယ်နှစ် ဒါမှမဟုတ် တစ်သက်လုံးတောက်မှ မင်း ဒီအတိုင်းအမြဲတန်း  စောင့်မှာလား?" 


 


 


ချန်ရှု့ရဲ့နှုတ်ခမ်းက အနည်းငယ်ကားသွားပြီး သူ့အပြုံးက ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်နဲ့ အလွန်အားနည်းနေသည်။  သူ စကားမပြောသော်လည်း မန့်ဟန့်က သူ့အဖြေကို သိနေပြီဖြစ်သည်။ 


 


 


မန့်ဟန့် သက်ပြင်းချလိုက်သည်။  "အဲ့ဘက်က ဟွာရွေ့ကကော ......" 


 


  


ချန်ရှု့ - "ဝမ်ချွမ်းက ငါ့ကို ဂရုတစိုက်နဲ့ ကူညီပေးလိမ့်မယ် " 


 


 


ယဲ့ဆွေ ရဲ့ လက်ရှိအခြေအနေက သူဆီကနေ လုံးဝခွဲလို့မရဘူး၊ သူယဲ့ဆွေ အနားမှာ အမြဲရှိနေလိမ့်မည်။  ယဲ့ဆွေ  နိုးလာတဲ့အထိ စောင့်နိုင်မယ်လို့ သူ အခိုင်အမာ ယုံကြည်ထားသည်။ 


 


 


 နောက်တစ်နေ့မှာလည်း ယဲ့ဆွေ သတိမေ့မြောနေဆဲပဲ။ 


 


  


ယန်လန်၊ ရှောင်လျှို့ နဲ့ ဝမ်ချွမ်းတို့က ထိုသတင်းကို သိရှိသွားကြပြီး ယဲ့ဆွေ ကိုတွေ့ဖို့ သူတို့အားလုံး ဆေးရုံသို့ အမြန်သွားခဲ့ကြသည်။ ယန်လန်နဲ့ ရှောင်လျှို့တို့က အဲ့နေရာမှာတင်ပဲ ငိုကြသည်။ 


 


 


ဝမ်ချွမ်းက မငိုပေမယ့် ယဲ့ဆွေ ရဲ့ အခြေအနေက နည်းနည်းဆိုးနေမှန်း သူသိသည်။ ချန်ရှု့က သူတို့ကို ထွက်သွားခိုင်းပြီး ယဲ့ဆွေကို သူ တစ်ယောက်တည်း ဂရုစိုက်ခဲ့သည်။ 


 


 


အခုကနွေဦးဖြစ်တာကြောင့် နေ့ခင်းပိုင်းက အလွန်တောက်ပသည်။ ပြင်းထန်သောအလင်းရောင်နှင့် အရိပ်က ချန်ရှု့ပေါ်သို့ ကျရောက်သွားပြီး သူ၏ တိတ်ဆိတ်ပြီး အရပ်ရှည်သော ရုပ်ပုံလွှာကို ဖော်ပြနေလေသည်။ 


 


  


တစ်ရက်တည်းမှာပင် သူ လျင်မြန်စွာ ကိုယ်အလေးချိန်ကျသွားခဲ့သည်။  သူ့ပခုံးတွေက အားနည်းသွားပြီးပိန်ကျသွားတာကြောင့် ချန်ရှု့ ဝတ်ထားတဲ့ အဝတ်အစားတွေက သူ့ခန္ဓာကိုယ်ပေါ်မှာ အရမ်းကြီးနေပုံရသည်။ 


 


  


လက်ရှိတွင် ချန်ရှု့က ကုတင်ပေါ်တွင် လဲလျောင်းနေသော ယဲ့ဆွေ  ထက်ပင် ပို၍ ပိန်လှီနေသည်။ ဒါတောင် ချန်ရှု့မှာ ထူးခြားတဲ့ အသွင်အပြင် ရှိနေတုန်းပဲ။ ဒါပေမယ့်အဲ့တာက ဖုန်မှုန့်ပါးပါးလေးနဲ့ ဖုံးအုပ်ထားသလိုပင်။ 


 


  


အဆုံးစွန်ထိ ကျက်သရေရှိနေဆဲဖြစ်သော်လည်း၊ အဲ့တာက မှောင်ရိပ်သမ်းနေလေသည်။ 


 


  


မန့်ဟန့် လူနာဆောင်ထဲသို့ ဝင်လာပြီး ယဲ့ဆွေ ၏ အခြေအနေကို ဦးစွာကြည့်ပြီးမှ ချန်ရှု့ကို ကြည့်လိုက်သည်။ သူက  "ချန်ရှု့၊ မင်းမျက်နှာရဲ့အသားအရောင်က ယဲ့ဆွေထက် ပိုဆိုးနေပြီ " လို့ စိုးရိမ်စွာ ပြောလိုက်သည်။ 


 


 


ချန်ရှု့က ဆေးရုံကုတင်ရှေ့တွင် ထိုင်နေပြီး  ယဲ့ဆွေကိုသာ စိုက်ကြည့်နေခဲ့သည်။  မန့်ဟန့်က ချန်ရှု့အား စကားအနည်းငယ်ပြောလိုက်သော်လည်း ချန်ရှု့က မတုံ့ပြန်ဘဲ ယဲ့ဆွေကို စူးစိုက်ကြည့်နေဆဲဖြစ်သည်။ 


 


  


မန့်ဟန့် အကြိမ်အနည်းငယ် ခေါ်လိုက်သော်လည်း ချန်ရှု့ က ဘာတုံ့ပြန်မှုမှ ပြလာမယ့်ပုံမပေါ်ပေ။ သူ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာပြီး မန့်ဟန့်ကို စူးစူးဝါးဝါး စိုက်ကြည့်လာခဲ့သည်။ 


 


 


 သူ့မျက်လုံးတွေက အလွန်မည်းမှောင်နေသော်လည်း အဲ့တာတွေက ထုံကျဉ်မှု၊ လျစ်လျူရှုမှုနဲ့ ငြိမ်သက်နေသော ရေအိုင်ကဲ့သို့ ငြိမ်သက်သွားပုံရသည်။ 


 


  


မန့်ဟန့်က ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်သည်။ "မင်း နာရီအနည်းငယ်လောက်ပဲ အိပ်တယ်၊ မင်းဒီလိုမျိုးပဲနေနေမယ်ဆိုရင်တော့ မင်းခန္ဓာကိုယ်က ဆက်ပြီးထိန်းထားနိုင်မှာ မဟုတ်တော့ဘူး " 


 


  


ချန်ရှု့က ယဲ့ဆွေ နာမည်ကို ကြားလိုက်ရာ သူ့မျက်လုံးများက လှုပ်သွားပြီး နောက်ဆုံးတွင် အလင်းရောင် အနည်းငယ် ထွက်ပေါ်လာခဲ့သည်။  သူ ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူ့လည်ချောင်းက အလွန်ခြောက်ကပ်နေပြီလို့သာ ခံစားလိုက်ရသော်လည်း သူ စကားနည်းနည်းမျှပင် မပြောနိုင်သေးပေ။ 


 


 


မန့်ဟန့် ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။ ယဲ့ဆွေ၏ အဖြစ်အပျက်သည် ချန်ရှု့ကို အတော်လေး ထိခိုက်စေခဲ့သည်။ သူ ရေတစ်ခွက်ကို ချန်ရှု့အား ကမ်းပေးလိုက်တော့ သူ ရေကိုယူပြီး ခေါင်းကိုမော့ကာသောက်ချလိုက်သည်။ ရေအေးက သူ့လည်ချောင်းထဲကို စီးဆင်းလာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ 


 


  


သူ့လည်ချောင်းက အကြာကြီးခြောက်ကပ်နေခဲ့တာ၊ ရေများများသောက်ရင်တောင် စကားနည်းနည်းလေးတောင်မှ ပြောဖို့ခဲယဥ်းနေသေးသည်။ 


 


 


မန့်ဟန့် ဖျောင်းဖျလိုက်သည်။ "ယဲ့ဆွေ ဒီအချိန်လေးမှာ မနိုးလာသေးဘူး။ ကျေးဇူးပြုပြီး အရင်ဆုံးသွားအနားယူလိုက်ပါကွာ " 


 


 


 သူ့မျက်လုံးတွေက နည်းနည်းတော့လှုပ်ရှားသွားပြီး ခေါင်းယမ်းလိုက်သည်။  'သူမ အခုမှ အိပ်ပျော်သွားတာ။  သူနိုးလာလို့ သူ့ဘေးနားမှာ ငါ့ကိုမတွေ့ဘူးဆိုရင် သူမ ကြောက်သွားလိမ့်မယ်။' 


 


 


ချန်ရှု့ ယဲ့ဆွေ ကို ကြည့်လိုက်သည်။  သူမက ထိုနေရာတွင် လဲလျောင်းနေပြီး နက်မှောင်တဲ့ဆံပင်အရှည်ကြီးက ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေကာ တစ်ဝက်လောက်က သူမ၏ လှပသော ပါးပြင်များကို ဖုံးအုပ်ထားသည်။ 


 


 


ယဲ့ဆွေက မေ့မြောနေတာတောင်မှ ပွင့်နေသောနှင်းဆီပန်းလေးကဲ့သို့ ကြည့်ကောင်းနေသေးသော်လည်း အရောင်က အနည်းငယ်ဖျော့သွားသည်။ 


 


  


ချန်ရှု့က သူ့လက်ကို ဂရုတစိုက် ဆန့်ထုတ်လိုက်ပြီး ယဲ့ဆွေ  မျက်နှာကို ညင်သာစွာ ပွတ်သပ်ကာ အလွန်နူးညံ့သော အသံဖြင့် "ကြည့်ပါဦး၊ သူမ အိပ်ပျော်သွားပေမယ့် ခံစားချက်က ပိုများနေတယ်" လို့ပြောလိုက်သည်။ 


 


  


ချန်ရှု့က ယဲ့ဆွေ၏လက်ကို ကိုင်ပြီး သူ့နှုတ်ခမ်းပေါ်တင်ကာ ညင်သာစွာ နမ်းလိုက်ပြီး သူ့အသံက ကြည်လင်ပြတ်သားနေသည်။  "သူမ သေချာပေါက် နိုးလာလိမ့်မယ်" 


 


 


ယဲ့ဆွေမှာ အသက်ရှုနေသေးသရွေ့ မျှော်လင့်ချက်တစ်ခုတော့ ရှိနေသည်။  သူက ဤယုံကြည်ချက်ဖြင့် စောင့်ဆိုင်းပြီး ထာဝရစောင့်မျှော်နေမည်ဖြစ်သည်။ 


 


 


 သုံးရက်မြောက်သောနေ့၌ ယဲ့ဆွေ သစ်ပင်လူသား ဖြစ်လာခဲ့သည်။ 


 


  


တစ်ခုခုစားပြီးနောက် ချန်ရှု့က ယဲ့ဆွေ ကုတင်ဘေးတွင် ထိုင်နေပြန်သည်။  သူနာပြုဆရာမက ယဲ့ဆွေ  အခြေအနေကို စစ်ဆေးရန် ဝင်လာပြီးနောက် ချန်ရှု့ ကို ကြည့်ရှုခဲ့သည်။ 


 


  


လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၊ ရုပ်ရည်ချောသော ဟွာရွေ့ ဥက္ကဌ ချန်က သူ့မသိစိတ်ကနေ ခွဲမရလုနီးပါးဖြစ်နေသော ဇနီးဖြစ်သူနှင့် အတူရှိနေသည်ကို အားလုံးသိကြသည်။ 


 


  


သူနာပြုဆရာမက သက်ပြင်းချလိုက်သည်။  မစ္စတာချန်က တကယ်ကို စွဲလန်းသွားပြီး ဘုရားသခင်က သူတို့လင်မယားကို မခွဲခွာဘဲ ယဲ့ဆွေ မကြာခင်မှာ အမြန်နိုးထလာပြီး ကောင်းချီးပေးခံရမည်ဟု မျှော်လင့်ခဲ့သည်။ 


 


  


လွန်ခဲ့သည့်သုံးရက်အတွင်း ချန်ရှု့က သူ့မျက်လုံးများကို ခဲယဉ်းစွာမှိတ်ထားပြီး စုစုပေါင်းနာရီအနည်းငယ်မျှသာ အိပ်ခဲ့သည်။ 


 


 


အဲဒီညမှာပဲ မန့်ဟန့်က သူ့ကို စည်းရုံးဖို့ အဆင်သင့်ဖြစ်နေပြီ၊ မဟုတ်ရင် သူ့ခန္ဓာကိုယ်က မခံနိုင်တော့ဘူး။ 


 


  


ချန်ရှုက ပြတင်းပေါက်ရှေ့တွင် ထိုင်လျက် ယဲ့ဆွေကို မည်းနက်နေသော မျက်လုံးများဖြင့် ကြည့်နေတုန်းပဲ။ ထိုကဲ့သို့ ချစ်စဖွယ်မျက်လုံးများဖြင့် ယဲ့ဆွေက သူ့မျက်လုံးထဲတွင် တစ်ဦးတည်းသော သူတစ်ယောက်ဖြစ်သည်။ 


 


  


မန့်ဟန့် ကခေါ်လိုက်သည်။  "ချန်....." 


 


 


သူစကားမဆုံးမီတွင် ချန်ရှု့၏ ခန္ဓာကိုယ်က ရုတ်တရက် အနည်းငယ်ခါသွားတော့ မန့်ဟန့် တစ်ခုခုမှားနေပြီလို့ ခံစားမိလိုက်သည်။ နောက်တစ်စက္ကန့်တွင် ချန်ရှု့ ကြမ်းပြင်သို့ တည့်တည့်မတ်မတ်ကျသွားလေသည်။ 


 


  


မန့်ဟန့်က စိုးရိမ်တကြီးနဲ့ "ချန်ရှု့-"လို့အော်လိုက်သည်။ 


 


  


မန့်ဟန့် ချန်ရှု့ကိုမပြီး ငုံ့ကြည့်လိုက်သည်။ 


 


  


လရောင်က ချန်ရှု့၏ မျက်နှာကို ဖြတ်သွားကာ သူ့မျက်နှာက အေးစက်နေသော လရောင်ထက် ဖြူဖျော့နေသည်။ ချောမောပြီး ကြည်လင်နေပေမယ့် ဒီတစ်ခါတော့ ​မှေးမှိန်သွားပုံရသည်။ 


 


 


 နွေရာသီမှာ သိသာထင်ရှားစွာနဲ့ အပူချိန်က ပိုပူလာပေမယ့် ချန်ရှု့ ရဲ့လက်တွေက အရိုးထိတောင် အေးစက်နေခဲ့သည်။