အပိုင်း ၁၃၅
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး  


 


အပိုင်း ၁၃၅ - တစ်သက်တာ ကတိသစ္စာ  


 


 


 


 


 


 ရှကျုံး နန်းတော်ပြတိုက်ရှိ ပြဿနာများ ပြေလည်သွားပြီးနောက် ယဲ့ဆွေနဲ့ ချန်ရှု့တို့ ဘဝကလည်း လမ်းကြောင်းမှန်ပေါ်သို့ တစ်ဖန်ပြန်လည်ရောက်ရှိသွားခဲ့သည်။  ယဲ့ဆွေက ရုပ်ရှင်ရိုက်ဖို့ အလုပ်များနေပြီး ချန်ရှု့လည်း သူ့အလုပ်ကို အာရုံစိုက်နေသည်။ 


 


 


 သူတို့နှစ်ဦးစလုံးက ယနေ့ခေတ်ကာလတွင် နေထိုင်နေကြပြီး ထိုအရာများသည် လွန်ခဲ့ပြီဖြစ်သောကြောင့် ရှကျူံးမင်းဆက်၏ အရေးကိစ္စများကို နှလုံးသားထဲတွင် နက်နက်နဲနဲ ဖုံးကွယ်ထားခဲ့သည်။ 


 


 


 ယဲ့ဆွေက သူမအချိန်ဇယားကို ကျော်သွားပေမယ့် ရိုက်ကူးဖို့ အလှည့်မရောက်သေးပေ။ နေမိတ်ကပ်ပညာရှင်က နောက်ထပ်ရိုက်ချက်တစ်ခုကို စောင့်မျှော်ရင်းနဲ့ သူမရဲ့မိတ်ကပ်ကို စတင်ဖန်တီးခဲ့သည်။ 


 


 


 "ဆွေဆွေ မင်း နည်းနည်း ပင်ပန်းနေပြီလား?  မင်းမျက်နှာက အရမ်းဖြူနေတာပဲ "  မိတ်ကပ်ပညာရှင်က မေးလာခဲ့သည်။  “ဒါက နောက်ကျတဲ့အထိ ဇာတ်ညွှန်းတွေ ရိုက်နေရလို့လား ” 


 


 


 ယဲ့ဆွေ လန့်သွားပြီး မှန်ထဲကို ကြည့်လိုက်ကာ ပြုံးလျက်ဖြေခဲ့သည်။  “မဟုတ်ဘူး ရုပ်ရှင်ရိုက်နေလို့ မဟုတ်ဘူး” 


 


 


 ယဲ့ဆွေက ဒဏ်ရာရနေသော လက်ကို ဝှေ့ယမ်းလိုက်သည်။ ဒဏ်ရာက ရှည်လျားသော အနာဖေးများတက်ပြီး သက်သာသွားသည်။ မန့်ဟန့် ပြောခဲ့သည့်အတိုင်း သူမ၏ လက်ဖဝါးအလယ်တွင်  အမာရွတ်ရာတိမ်တိမ်​လေးတစ်ခု ကျန်နေခဲ့သည်။ 


 


 


 “သွေးအား အရမ်းနည်းနေလို့ဖြစ်နိုင်တယ်” လို့ပြောရင်း ယဲ့ဆွေက အမာရွတ်ကို မိတ်ကပ်ပညာရှင်ဆီ သနားစိတ်နဲ့ ပြခဲ့သည်။ 


 


 


 အလှဖန်တီးရှင်သည် ရှုတ်ချစွာ ဆဲဆိုလိုက်သည်- "ဟမ့်! ဟမ့်!  ဟင်း..ဒါက ဒဏ်ရာဟောင်းဖြစ်နေပြီ။ ငါ့ကိုလှည့်စားဖို့ မကြိုးစားနဲ့" 


 


 


 သူမက ယခုအကြောင်းအရာကို ဟာသတစ်ခုအဖြစ် ယူလိုက်ပြီး၊ ၎င်းကို အလေးအနက်မထားခဲ့ပေ။ 


 


  


 ယဲ့ဆွေရဲ့ မျက်နှာက သိပ်မကောင်းဘူး။ ဒါပေမယ့် သူမရဲ့ အသားအရည်က အရမ်းကို နူးညံ့သိမ်မွေ့တဲ့အတွက် မိတ်ကပ်ပညာရှင်က မိတ်ကပ်ကို အလွယ်တကူ လိမ်းပေးခဲ့သည်။ 


 


 


 “ပြီးပြီ”  မိတ်ကပ်ပညာရှင်က သူမလက်ပေါ်ရှိ ပစ္စည်းများကို ချလိုက်သည်။ 


 


 


 ယဲ့ဆွေ မိတ်ကပ်လိမ်းပြီးတာနဲ့ သူမ ရိုက်ကူးရေးဘက်ကို လျှောက်သွားခဲ့သည်။  ဒီနေ့ ရိုက်ကွင်းက တိုက်ခိုက်မှု ဇာတ်ညွှန်မို့လို့ အာရုံစိုက် ရိုက်ကူးရမှာ ဖြစ်သည်။ 


 


 


 "ဒါရိုက်တာ ကျို့ "  ယဲ့ဆွေက နှုတ်ဆက်လိုက်တော့ ဒါရိုက်တာက ခေါင်းညိတ်ကာ တုံ့ပြန်ခဲ့သည်။ 


 


 


 ယဲ့ဆွေ ရိုက်ကူးမယ့် ဇာတ်ဝင်ခန်းက အတော်လေး ခက်ခဲသည်။ ဘာလို့လဲဆိုတော့ သူမက မီတာများစွာမြင့်တဲ့ ကောင်းကင်မှာ ဆွဲထားရမှာဖြစ်ပြီး နောက်ကို အမြန်ပြန်လှန်ပြီး အောက်ကို ညွှန်ထားတဲ့ ဓားနဲ့ ငုပ်လျှိုးသွားရမှာ ဖြစ်သည်။ 


 


 


 ဒါရိုက်တာက ယဲ့ဆွေ ဒီဇာတ်ရုပ်ကို ပြီးအောင်မစွမ်းဆောင်နိုင်ဘူးဆိုရင် သူက သိုင်းပညာရှင်ကို အစားထိုးပြီး ရိုက်ချက်ပြီးအောင် ကူညီပေးဖို့ အကြံပေးထားသည်။ 


 


 


 ဒါပေမယ့် ယဲ့ဆွေက သူ့ကို ငြင်းဆိုလိုက်သည်။ သူမက အနည်းဆုံး အကြိမ်အနည်းငယ် ကြိုးစားချင်သည်။ အဆင်မပြေပါက သူမအတွက် အစားထိုးပေးဖို့ တစ်စုံတစ်ဦးကို တောင်းဆိုလိမ့်မည်။ 


 


 


 ယဲ့ဆွေ လုပ်ရပ်များက ဖိန်နင် မျက်လုံးထဲတွင် အလွန်တရာမှ အဓိပ္ပာယ်မရှိပေ။ ယဲ့ဆွေက ဒါရိုက်တာထံမှ မျက်နှာသာရရှိဖို့သာ လုပ်နေတယ်လို့ သူမထင်ခဲ့သည်။ 


 


 


 ယဲ့ဆွေက သူမကို ရည်ရွယ်ချက်ရှိရှိနဲ့ ငြင်းခုံချင်ပြီး ဒါရိုက်တာရှေ့မှာ မျက်နှာပျက်စေချင်တယ်လို့လည်း သူမက ယုံကြည်ခဲ့သည်။ 


 


 


 ဖိန်နင်က ဒီအကြောင်းကို ပိုစဥ်းစားလာတဲ့အခါ သူမက ရိုက်ကူးရေးမှာ ပိုပြီး အာရုံစိုက်လာခဲ့သည်။  သူမက ယဲ့ဆွေကို နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်း မထီမဲ့မြင်ပြုတာကြောင့် ယဲ့ဆွေနဲ့ မနှိုင်းယှဉ်ချင်သော်လည်း ယဲ့ဆွေရဲ့ လုပ်ဆောင်ပုံနည်းလမ်းကို အမြဲအတုယူနေဆဲဖြစ်သည်။ 


 


  


 တစ်ဖက်တွင်မူ၊ သူမရဲ့ မရည်ရွယ်ထားတဲ့ အက်ရှင် ရှုတင်က မထင်မှတ်ဘဲ ချောမွေ့စွာ လည်ပတ်သွားမည်ကို ယဲ့ဆွေ မသိခဲ့ပေ။  မင်းသမီး နှစ်ယောက်လုံး အလုပ်အရမ်းကြိုးစားခဲ့ကြလို့ ကျန်တဲ့သူတွေက သူတို့ရဲ့ စွမ်းဆောင်မှုကို ကျေနပ်အားရကြသည်။ 


 


 


 ယဲ့ဆွေက  ရိုက်ကူးမှုအတွက် ပြင်ဆင်နေချိန်တွင် ဖိန်နင်လည်း ရောက်လာသည်။  သူမက ဇာတ်ညွှန်းကိုကြည့်သလို ဟန်ဆောင်ရင်း ရိုက်ကူးသည့်နေရာအနီးတွင် ထိုင်နေသော်လည်း ယဲ့ဆွေ လှုပ်ရှားမှုကို အမှန်တကယ် အာရုံစိုက်နေခဲ့သည်။ 


 


 


 "စတန့်ကြိုးက အရမ်းတင်းကျပ်နေလား? "  သိုင်းဆရာက ယဲ့ဆွေ ခါးမှာ ကြိုးနဲ့ချည်ဖို့ ကူညီရင်း မေးလာသည်။ 


 


 


 ယဲ့ဆွေက အကြိမ်အနည်းငယ် လှုပ်ရှားရန် ကြိုးစားခဲ့ရာ အတော်လေး သက်တောင့်သက်သာ ရှိလှသည်။  သူမက လက်ထောက်ဆရာကိုကြည့်ကာ ပြန်ဖြေလိုက်သည်။“ရပါတယ် ကျေးဇူးတင်ပါတယ်” 


 


 


 သိုင်းဆရာက ဘေးသို့ ဆုတ်သွားပြီး စတန့်ကြိုးက တဖြည်းဖြည်း မြှင့်တက်သွားကာ ယဲ့ဆွေ ခန္ဓာကိုယ်လည်း သူမ၏ ခါးတစ်ဝိုက် တင်းကျပ်နေသည့် ခံစားချက်နှင့်အတူ လေထဲသို့ ဖြည်းညှင်းစွာ တက်သွားခဲ့သည်။ 


 


 


 ချန်ရှု့ မနေ့ညက ရိုက်ကူးမယ့်အကြောင်းကို မေးတဲ့အခါ ယဲ့ဆွေက ဒီနေ့ရိုက်ကူးမယ့် ရိုက်ကွင်းအကြောင်းကို ဘာမှ မပြောခဲ့ဘူး။  မဟုတ်ရင် သူ ရှုတင်ဆီ ရောက်လာနိုင်သည်။ 


 


 


 “အဆင်ပြေတယ်”  ဒါရိုက်တာက လက်ပြလိုက်တာနဲ့ စတန့်ကြိုးက ချက်ချင်းရပ်သွားသည်။ 


 


 


"အဆင်သင့်ဖြစ်ပြီလား?"  ဒါရိုက်တာကျို့က ယဲ့ဆွေကို  ကြည့်ပြီး အကြံပေးလာသည်။ "မင်း မြန်မြန် ရွှေ့ပြီး မင်းရဲ့ ဘေးကင်းရေးကို ဂရုစိုက်ရမယ်"  


 


 


 ဒါရိုက်တာကျို့က ရိုက်ကူးရေးစတင်ဖို့ အမြန်အော်ပြောလိုက်သည်။ 


 


 


 ယဲ့ဆွေက မျက်လုံးများကိုမှိတ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် သူမ၏မျက်လုံးထဲတွင် ခံစားချက်များ လုံးဝပြောင်းလဲသွားခဲ့ပြီး ယခုအခါ သူမ၏မျက်လုံးများသည် တည်ငြိမ်အေးချမ်းကာ ယုံကြည်မှုအပြည့်နှင့် အေးစက်စက်ဖြင့် ပြည့်နှက်နေလေသည်။ 


 


  


 တိုက်ပွဲအတွင်း ယဲ့ဆွေ သရုပ်ဆောင်သည့် လုပ်ကြံသတ်ဖြတ်သည့် ဇာတ်ကောင်သည် ချမ်းအေးလှသော ဓားတစ်လက်ကဲ့သို့ အေးစက်သည်။ 


 


 


 ယဲ့ဆွေ ခန္ဓာကိုယ်က လေထုထဲတွင် နောက်သို့ ဆုတ်သွားပြီး လက်တစ်ဖက်တွင် ဓားကို ကိုင်ထားကာ ဓားကို အောက်မြေပြင်သို့ တိုက်ရိုက် ညွှန်ပြရင်း ပျံတက်သွားကာ သူမ၏ အရိုးများ အေးစက်နေသော အကြည့်များနှင့်အတူ သူမသည် မြေပြင်သို့ တည့်တည့် ထိုးဖောက်သွားသည်။ 


 


 


 ဒီလှုပ်ရှားမှုတွေက နည်းနည်းခက်သည်။  ယဲ့ဆွေ ​နောက်​ပြန်​လှဲလိုက်​တဲ့အခါ သူမရဲ့ လှုပ်​ရှားမှု​တွေက အနည်းငယ်​​တောင့်​တင်းလာသည်​။  ဒါနဲ့ ယဲ့ဆွေကို နောက်တစ်ကြိမ် ထပ်ရိုက်ဖို့ ပြောလိုက်သည်။ 


 


 


 "ဒါရိုက်တာ၊ နောက်တစ်ခေါက်လောက်!" 


 


 


 ယဲ့ဆွေက လေထဲကို တစ်ဖန်ပြန်တက်ကာ တူညီသော အက်ရှင် ဇာတ်ကွက်ကို ဆက်လက်ရိုက်ကူးနေသည်။  ဒါပေမယ့် ယဲ့ဆွေ နောက်ငုံ့ကြည့်လိုက်သောအခါ ရုတ်တရက် အနည်းငယ် မူးဝေလာပြီး မျက်လုံးများ မှုန်ဝါးလာသည်။ 


 


 


 ယဲ့ဆွေ လဲကျသွားသောအခါ၊ သူမရဲ့ မူလလုပ်ရပ်ကို မလုပ်ဆောင်နိုင်ဘဲ ချက်ချင်းပြုတ်ကျသွားခဲ့သည်။ 


 


 


 ယဲ့ဆွေ ပြုတ်ကျလာချိန်မှာ ဒါရိုက်တာနဲ့ ဝန်ထမ်းတွေ ထိတ်လန့်သွားပြီး ရှေ့ကို လှမ်းတက်လာပြီး တစ်ယောက်ယောက်က စိုးရိမ်တကြီးနဲ့ ပြောခဲ့သည်။ “အစောက ဘာဖြစ်သွားတာလဲ? နေမကောင်းရင် အနားယူလိုက်" 


 


 


 ရုတ်​တရက်​ ​ခေါင်းမူးတာ အခုမှ ​ပျောက်​သွားသည်။  ယဲ့ဆွေက မကြာသေးမီကပင် ပင်ပန်းလွန်းသည်ဟု ထင်သောကြောင့် ယခင်က အနည်းငယ် အဆင်မပြေဖြစ်ခဲ့ရသည်။ 


 


 


 ယခု သူမပြန်လည်ကောင်းမွန်လာသောအခါ ယဲ့ဆွေက သူမကြောင့် အခြားသရုပ်ဆောင်များကို စောင့်မနေချင်တော့ပေ။  ဒါနဲ့ သူမက ခေါင်းယမ်းပြီး ပြောခဲ့သည်။ “ရပါတယ်၊ ငါနည်းနည်းမူးသွားတာပါ။ အခုအဆင်ပြေသွားပါပြီ" 


 


 


 ရှောင်လျှို့က ယဲ့ဆွေရဲ့ ကျန်းမာရေးကို မယုံကြည်သေးဘဲ သူမအား စိုးရိမ်တကြီး ကြည့်နေခဲ့သည်။ ယဲ့ဆွေက သူမအား စိတ်ချလက်ချ ပြုံးကာ သူမ အဆင်ပြေကြောင်း လက်ဟန်ပြသည်။ 


 


  


 ယဲ့ဆွေ ပြောပြီးကတည်းက ဒါရိုက်တာက ဆက်မပြောတော့ဘူး။  ဒါကြောင့် ယဲ့ဆွေက လေထဲကို ထပ်တက်သွားခဲ့သည်။  


 


 


 ရိုက်ချက်များစွာ ရိုက်ပြီးနောက် ယဲ့ဆွေက ဖန်သားပြင်ပေါ်ရှိ လျင်မြန်သွက်လက်သည့် လှုပ်ရှားမှုကို သူမကျေနပ်သည်အထိ ကြည့်ရှုခဲ့သည်။ 


 


 


 ဒါရိုက်တာက မော်နီတာကိုကြည့်ပြီး အရမ်းစိတ် 


လှုပ်ရှားနေသည်။  ယဲ့ဆွေက အခုမှလုပ်လိုက်တဲ့ လုပ်ရပ်တွေက ပိုပိုပြီး ပြီးပြည့်စုံလာပြီး သူလိုချင်တဲ့ ရလဒ်ကို အပြည့်အဝ ရရှိစေခဲ့သည်။ 


 


 


 မျှော်လင့်ထားသည့်အတိုင်း သူက ဇာတ်ကောင်အတွက် လူမှားကို မရွေးချယ်ခဲ့ပေ ယဲ့ဆွေက သန်မာပြီး အခက်အခဲများကို ခံနိုင်ရည်ရှိကာ အခြားသူများထက် ပိုကြိုးစားခဲ့သည်။  သူမနဲ့တွဲလုပ်ဖူးတဲ့သူတွေက သူမကို အမြဲလေးစားတာ အံ့သြစရာမရှိဘူး။ 


 


 


 ဖိန်နင်က ယဲ့ဆွေနဲ့ ဒါရိုက်တာ၏တုံ့ပြန်မှုကို အာရုံစိုက်ခဲ့သည်။  သူမက ဒါရိုက်တာရဲ့ နှစ်သက်သဘောကျသော အကြည့်အတိုင် ယဲ့ဆွေကို သူမ၏ကိုယ်ပိုင်မျက်လုံးများဖြင့် ကြည့်လိုက်သည်။ 


 


 


 ဖိန်နင်က ယဲ့ဆွေလို အလုပ်ကြိုးစားသည်ဟု သူမထင်သည့်အတွက်  ဒါရိုက်တာရဲ့ ချီးကျူးခြင်းကို ခံရတာက ဘာလို့ တစ်ဦးတည်းဖြစ်ရတာလဲ?   လူတိုင်း၏စာနာမှုရရှိစေရန်အတွက် ယဲ့ဆွေက အစောကလို အဆင်မပြေဟန် ဆောင်နေပေလိမ့်မည်။ 


 


 


 သူမကြည့်လေလေ ဒေါသပိုထွက်လေလေဖြစ်သည်။  ဖိန်နင်က သူမကို စိတ်အနှောင့်အယှက်ဖြစ်စေသော ဤအရာများကို လျစ်လျူရှုကာ တစ်ဖက်သို့ ခေါင်းလှည့်လိုက်သည်။ 


 


 


 ယဲ့ဆွေက ယခုအချိန်တွင် ဖိန်နင် တွေးနေသည့်အရာကို စိတ်ကူးမရှိခဲ့ပါ။  အခုလေးတင် ရိုက်ကူးပြီးတာနဲ့ အဆင်မပြေတော့ဘူးလို့ သူမ မသိလိုက်ဘူး။ 


 


 


 အခုမှ ခေါင်းမူးတဲ့ ခံစားချက်က တဖန်ပြန်လာပြီး အားကောင်းလာပြီး အားကောင်းလာသည်။  ယဲ့ဆွေရဲ့ အမြင်အာရုံများ မှုန်ဝါးလာသည်။ သူမ ရင်ဘတ်က တင်းကျပ်လာပြီး အသက်ပင် မရှူနိုင်တော့ပေ။ 


 


 


 ရှောင်လျှို့ကို မသိစိတ်က လှမ်းကြည့်ရင်း ယဲ့ဆွေမှာ တစ်ခုခုမှားနေပြီဆိုတာ သူမ သိလိုက်သည်။ 


 


 


 ရှောင်လျှို့က ရှုတင်ရဲ့ထောင့်တွင် ရပ်နေသည်။ ယဲ့ဆွေရဲ့ ဖြူဖျော့သောမျက်နှာကို သူမမြင်လိုက်ရသောအခါတွင် သူမ ရုတ်တရက် ထိတ်လန့်သွားပြီး ယဲ့ဆွေဘက်ကို   ပြေးသွားခဲ့သည်။ 


 


 


 ရှောင်လျှို့ရောက်လာတာကို ယဲ့ဆွေ မြင်သောအခါ သူမ၏တင်းကျပ်သောအာရုံများ ပြေလျော့သွားပြီး နောက်ဆုံးတွင် သူမ မေ့လဲသွားသည်။ နောက်တစ်စက္ကန့်တွင် ယဲ့ဆွေက မြေပြင်ပေါ်သို့ လဲကျသွားပြီး သတိလစ်သွားသည်။ 


 


 


 အခြားဝန်ထမ်းတွေကလည်း ဒီမြင်ကွင်းကိုမြင်ပြီး ထိတ်လန့်တကြားနဲ့ ဒါရိုက်တာကို ချက်ချင်းခေါ်ပြီး ပြောခဲ့သည်။ "ဒါရိုက်တာ ကျို့ ယဲ့ဆွေ မူးလဲသွားတယ်!" 


 


 


ယဲ့ဆွေက လွန်ခဲ့သည့်အခိုက်အတန့်တွင် ကောင်းမွန်နေခဲ့ပြီး မည်သူမျှ သိုင်းပညာအနည်းငယ်နှင့် ခေါင်းလှည့်ပြီးနောက်တွင်မူ ယဲ့ဆွေက မည်သည့်တုံ့ပြန်မှုမှမရှိဘဲ မြေပြင်ပေါ်သို့ တအိအိ လဲကျသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ 


 


 


 ရှောင်လျှို့က ယဲ့ဆွေ နံဘေးတွင် ထိုင်နေပြီးဖြစ်သည်။  ယဲ​ဆွေ မျက်နှာက ပုံမှန်မဟုတ်ပဲ ဖြူဖျော့နေပြီး သူမ၏ နဖူးတွင် ချွေးအလွှာများဖြင့် ဖုံးလွှမ်းထားသည်။  သူမသည် အမှန်တကယ်ဆိုးရွားသော အခြေအနေတွင် ရှိနေခဲ့သည်။ 


 


 


 အားလုံးက သူမကို ဝိုင်းပြီး သတိလစ်သွားတဲ့ ယဲ့ဆွေကို တစ်ယောက်ယောက်က ကားထဲ အလျင်အမြန် သယ်ဆောင်ကာ ဆေးရုံသို့ ပို့လိုက်ကြသည်။ 


 


 


 ဖိန်နင်က ဟွာရွေ့၏ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူမက ထိုကိစ္စနှင့်ဝေးကွာနေ၍မရပေ။  သူမနှင့် ယဲ့ဆွေရဲ့ အချင်းချင်း ဆိုးရွားသည့် ကောလဟာလများကို တားဆီးဖို့အတွက် သူမကိုယ်တိုင် ကားပေါ်တွင် ထိုင်နေခဲ့သည်။ 


 


 


 ယဲ့ဆွေ အသားအရေက အလွန်ဖြူဖျော့နေပြီး သူမနေမကောင်းဖြစ်နေပုံရသည်။ 


 


 


 ရှုတင်နေရာမှာ ဝန်ထမ်းတွေ အများကြီးရှိတာကြောင့် ရှုတင်နေရာမှာ ယဲ့ဆွေ ရုတ်တရက် မူးလဲသွားတယ်ဆိုတဲ့ သတင်းက ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ပျံ့နှံ့သွားပါတော့သည်။ 


 


 


 သတင်းရရှိပြီးနောက်တွင် ယဲ့ဆွေကို စောင့်ကြည့်ဖို့ ဆေးရုံရှေ့တွင် ပါပါရာဇီတွေ ချက်ချင်း ပို့ဆောင်ခဲ့ပြီး ယဲ့ဆွေ အခြေအနေနှင့်ပတ်သက်သည့် နောက်ဆုံးသတင်းကို စောင့်မျှော်ကာ အချိန်တိုင်း၏ကိုယ်တွေ့သတင်းများကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ 


 


 


 ချန်ရှု့က ရုံးတွင်းကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေချိန်ဖြစ်ပြီး ၎င်းအကြောင်းကို ဘာမှမသိခဲ့ပေ။ 


 


 


 ချန်ရှု့က ဒီကိစ္စကို ကိုင်တွယ်ပြီးပြီးချင်းမှာပဲ ဘေးမှာ ထားထားတဲ့ မိုဘိုင်းလ်ဖုန်းက ရုတ်တရက် မြည်လာတယ်၊ ဖုန်းမြည်သံက ပိတ်သွားပြီး အဆက်မပြတ် တုန်ခါမှုတွေပဲ ပြန်မြည်လာသည်။ 


 


 


 ဖုန်းစခရင်ပေါ်တွင် ရှောင်လျှို့ အမည်ကို ချန်ရှု့မြင်လိုက်သောအခါတွင် ဆိုးရွားသည့်အရာတစ်ခုဖြစ်လာတော့မည်ကိုသိပြီး သူ နားမလည်နိုင်စွာ ထိတ်လန့်သွားသည်။ 


 


 


 ချန်ရှု့က ဖုန်းဖြေသည့် ခလုတ်ကို ချက်ချင်းနှိပ်လိုက်ချိန် ရှောင်လျှို့ရဲ့ ပျာယာခတ်နေတဲ့အသံက ဖုန်းထဲက ထွက်လာသည်။ - "ဒါရိုက်တာ ချန် ဆွေဆွေ မူးလဲသွားလို့ သူမ အခုဆေးရုံမှာ " 


 


 


 "ဘယ်ဆေးရုံလဲ? " ချန်ရှု့က ရုံးခန်းထဲမှ ကမန်းကတန်း ထွက်လာခဲ့စဉ်တွင် စကားဆက်ပြောခဲ့သည်။ 


 


 


 ချန်ရှု့ ရုံးခန်းထဲက ထွက်လာပြီးတာနဲ့ ဝမ်ချွမ်းက ဓါတ်လှေကားထဲက ထွက်လာပြီး ပျာယာခတ်သွားသည်။ 


 


 


 ချန်ရှု့က ဓာတ်လှေကားထဲ လျင်မြန်စွာ လျှောက်သွားကာ သူ့အသံကနောက်တွင်ကျန်ခဲ့သည်။  "ငါသွားရမယ်၊ အရေးတကြီးကိစ္စရှိနေတယ်" 


 


 


 ဝမ်ချွမ်းက ချန်ရှု့ရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရပြီး ဥက္ကဌချန်က ယဲ့ဆွေ အကြောင်း သိချင်တယ်လို့ သူထင်သည်။ ထို့ကြောင့် ဆေးရုံသို့ အမြန်သွားရမည်။ 


 


 


 ဓာတ်လှေကားက ကားပါကင်နေရာ၏ မြေညီထပ်သို့ တိုက်ရိုက်သွားခဲ့သည်။ သူ့ကားကို ချန်ရှု့ တွေ့ရှိပြီးနောက် ဒရိုင်ဘာထိုင်ခုံတွင် ကမန်းကတန်း ဝင်ထိုင်လိုက်ပြီး တင်းမာသော ခန္ဓာကိုယ်သည် ရုတ်ချည်း လဲကျသွားသည်။ 


 


 


 ချန်ရှု့က သူ့စိတ်ကို တည်ငြိမ်စေပြီး ကားကို မောင်းကာ ယဲ့ဆွေရှိနေတဲ့ ဆေးရုံကို မောင်းသွားခဲ့သည်။ 


 


 


 ချန်ရှု့ရဲ့ ကားက ဆေးရုံအောက်ထပ်ကို ရောက်ရှိလာသောအခါ သတင်းထောက်များက ဟွာရွေ့ ဥက္ကဌ ချန်ရဲ့ ကားဖြစ်ကြောင်း ချက်ချင်းသိလိုက်ကြပြီး ဝိုင်းဖွဲ့လာကြသည်။ 


 


 


 သတင်းထောက်တွေက ချန်ရှု့ ပါးစပ်ကနေ ယဲ့ဆွေအကြောင်း ပထမဆုံးလက်တွေ့သတင်းကို ကြားချင်ကြသည်။ 


 


  


 "ဥက္ကဌချန် ယဲ့ဆွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအကြောင်း ရှင်းရှင်းလင်းလင်း သိပါသလား?" 


 


 


 "ဒီအချိန်မှာ ယဲ့ဆွေ မူးလဲသွားတာလား? ဒါမှမဟုတ် ကိုယ်ဝန်ကြောင့်လား?" 


 


 


 "ယဲ့ဆွေက ဖျော်ဖြေရေးအဝိုင်းကနေ အနားယူဖို့ အစီအစဉ်ရှိလား? " 


 


 


 သတင်းထောက်က အကြောင်းပြချက် အမျိုးမျိုးနဲ့ ခန့်မှန်းကြသည်။ ယဲ့ဆွေ ကိုယ်ဝန်ကြောင့် မူးလဲသွားခဲ့ရင် ဒါဟာ အရမ်းကောင်းတဲ့ သတင်းကောင်းပဲ။ 


 


 


 အမျိုးသမီး အနုပညာရှင်အများစုက အိမ်ထောင်ကျပြီး ကလေးမွေးပြီးသည်နှင့် အချိန်အတော်ကြာ လူသိရှင်ကြား ထုတ်ဖော်ပြသခြင်းမျိုး မရှိကြပေ။  ဤအချိန်ကာလက တိုတောင်းသည်လည်း မဟုတ်သလို ရှည်သည်လည်းမဟုတ်ပေ။ 


 


 


 ထို့အပြင် ဖျော်ဖြေရေးစက်ဝိုင်း အရှိန်က အလွန်မြန်သည်။  ၎င်းတို့ကို လူတိုင်းမှတ်မိစေရန်အတွက် သရုပ်ဆောင်များသည် လူအများနှင့်ထိတွေ့မှုကို အချိန်တိုင်းထိန်းသိမ်းထားဖို့ လိုအပ်သည်။ ဒါပေမယ့် ဇနီးဖြစ်သူကို အလိုလိုက်ခဲ့သည့် ဥက္ကဌချန်လို တစ်စုံတစ်ဦးသည် ၎င်း၏ဇနီးအား ဖျော်ဖြေရေးနယ်ပယ်မှ တိုက်ရိုက်ထွက်ခွင့်မပြုသလို နောက်ကွယ်တွင် အခြေချနေထိုင်စေမည်လည်း မဟုတ်ပေ။ 


 


 


 သတင်းထောက်၏ မေးခွန်းများကို ရင်ဆိုင်ရင်း ချန်ရှု့ မျက်လုံးများ မှေးမှိန်သွားပြီး ၎င်းတို့ထဲမှ တစ်စုံတစ်ရာကို မဖြေလိုဘဲ သတင်းထောက်တွေ ဝိုင်းထားတဲ့ထဲက  တိုက်ရိုက် ထွက်သွားခဲ့သည်။ 


 


 


ဤသတင်းထောက်တွေက စတားတွေကို ခေါ်သောအခါထက် သာမာန်အရှိန်အဟုန်နည်းပါးပြီး မစ္စတာချန်ကို စော်ကားမိမှာကြောက်တာကြောင့် ဆက်၍ပူဆာဝံ့ခြင်းမရှိပေ။ သူတို့မှာ မေးစရာမေးခွန်းတွေ အများကြီးရှိနေသေးပေမယ့် နောက်ဆုံးတော့ မျိုချပစ်လိုက်သည်။ 


 


 


 ချန်ရှု့က  ဤလူများ တွေးနေသည်ကို ဂရုမစိုက်ဘဲ ယဲ့ဆွေရဲ့ လူနာခန်းကို  တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။ 


 


 


 လူနာခန်းထဲတွင် ပိုးသတ်ဆေးနှင့် အရက်ပျံနံ့များ ပြည့်နှက်နေပြီး တိတ်ဆိတ်နေသည်။ ယဲ့ဆွေက ဆေးရုံကုတင်ပေါ်တွင် လှဲနေပြီး သူမမျက်နှာက နှင်းဖြူရောင် နံရံများထက် ဖြူဖျော့နေသည်။   


 


  


ယဲ့ဆွေရဲ့ လက်ထဲကို အပ်တစ်ချောင်းထိုးလိုက်သည်နှင့် အေးစက်သောဆေးတွေက အစက်ချတဲ့ပြွန်မှ သူမ သွေးကြောထဲသို့ စီးဆင်းသွားသည်။ 


 


 


 ယဲ့ဆွေက ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေသည်။  အကယ်၍ သူမ ရင်ဘတ်က  အတက်အဆင်း ရွေ့လျားနေသေးသောကြောင့်သာ မဟုတ်ပါက ချန်ရှု့က ဤကဲ့သို့ ထာဝရ အိပ်ပျော်နေတယ်လို့ ထင်မိလိမ့်မည်။ 


 


 


  ချန်ရှု့က နောက်ဆုံးအကြိမ် ပြင်းထန်သော ကားမတော်တဆမှုအကြောင်း မတွေးဘဲမနေနိုင်ခဲ့ပေ။ ယဲ့ဆွေက အသက်ရှုရပ်သွားသလိုပင် ယခုလည်း တိတ်ဆိတ်နေသည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေ ရဲ့ အခြေအနေအကြောင်း ဆရာဝန်ကို မေးချင်နေခဲ့သည်။  ဆေးရုံကုတင်ပေါ်က ယဲ့ဆွေရဲ့ မျက်တောင်တွေက အနည်းငယ်တုန်ခါသွားပြီး ချန်ရှု့က သူမကို ဂရုတစိုက်စိုက်ကြည့်ရင်း အသက်ရှုရပ်သွားသည်။ 


 


 


 ​နောက်​တစ်​စက္ကန့်​တွင်​ ယဲ့ဆွေ မျက်​လုံးဖွင့်​လိုက်​သည်​။  နှင်းဖြူမျက်နှာကျက်ကို လှမ်းကြည့်လိုက်တော့ သူမမျက်လုံးတွေက အနည်းငယ် ပျောက်ဆုံးသွားသည်။ 


 


 


 ယဲ့ဆွေက ချန်ရှု့ကို စိုက်ကြည့်သောအခါ သူမ အနည်းငယ် ထိတ်လန့်သွားသည်။ ထို့နောက် သူမက ချန်ရှု့ကို စိတ်ချမ်းသာစေသော အပြုံးတစ်ခုပေးလိုက်သည်။ 


 


 


 သူမ အဆင်ပြေကြောင်း သက်သေပြရန် ယဲ့ဆွေက ပြုံးပြလိုက်ပြီး သူမချန်ရှု့ကို စိတ်မပူစေချင်ပေ။ သို့သော်လည်း ချန်ရှု့ မျက်လုံးထဲ ကျရောက်သွားတဲ့ အပြုံးက သူ့နှလုံးသားကို ရုတ်တရက် တုန်လှုပ်သွားစေသည်။ 


 


 


 ယဲ့ဆွေ ပြုံးနေချိန်မှာတောင် သူ့ရောဂါကို ဖုံးကွယ်မထားနိုင်ဘဲ မျက်နှာက ဖြူဖျော့နေပြီး သူမရဲ့ ဖြူဝင်းတဲ့ အရေပြားအောက်က သွေးကြောတွေကို မြင်နေရသည်။ 


 


 


 ချန်ရှု့ ဘာမှပြန်မပြောမီတွင် မန့်ဟန့်က ယဲ့ဆွေရဲ့ ဆေးစစ်ထားတဲ့ ဖိုင်ကိုကိုင်ပြီး လမ်းလျှောက်လာစဉ် လူနာအခန်းတံခါးက ရုတ်တရက်ပွင့်သွားသည်။ 


 


 


 "ယဲ့ဆွေ ဘာဖြစ်သွားတာလဲ? " 


 


 


"ယဲ့ဆွေ ဘာဖြစ်သွားတာလဲ" ချန်ရှု့က မေးခွန်းထုတ်ရင်း မျက်လုံးတွေက မှိန်သွားသည်။ 


 


 


 မန့်ဟန့်က ယဲ့ဆွေရဲ့ ဆေးစစ်ချက်ကို ငုံ့ကြည့်ကာ ရလဒ်တွေကိုပြောလာသည်။ "အစီရင်ခံစာမှာတော့ ပြဿနာမရှိဘူးလို့ ပြနေတယ်" 


 


 


 "အတည်ပြုဖို့ ဒီရက်အနည်းငယ်အတွင်းမှာ အခြားစစ်ဆေးမှုတွေ လုပ်ပေး" ချန်ရှု့က စိုးရိမ်စွာပြောခဲ့သည်။ 


 


 


 ချန်ရှု့လက်က ကုတင်ဘေးတွင် သူမနဲ့ အလွန်နီးကပ်လျက် တွဲလောင်းကျနေသည်။ ယဲ့ဆွေက သူ့လက်ကိုဆွဲပြီး ပြောလိုက်သည်။  "ကျွန်မ အဆင်ပြေပါတယ်၊ သိပ်စိတ်မပူပါနဲ့" 


 


 


 ချန်ရှု့ မျက်မှောင်ကြုတ်နေသေးတာကို ယဲ့ဆွေ မြင်သောအခါ၊ သူမက သူ့လက်ကိုဆွဲကာ သနားစဖွယ်လေး ပြောလိုက်သည်။ 


 "ထမင်းမစားရသေးဘူး၊ ကျွန်မ ဗိုက်ဆာနေပြီ"  


 


 


 ချန်ရှု့က ချက်ချင်း ပြန်ပြောခဲ့သည်။ "မင်းဘာစားချင်လဲ? ကိုယ်ချက်​ချင်း သွားဝယ်​လိုက်​မယ်​" 


 


 


 မူလက ချန်ရှု့က အစာစားချင်စိတ် များများမရှိပေမယ့် ယဲ့ဆွေနဲ့ ချိန်းတွေ့ဖို့​အတွက် စားသောက်ဆိုင်များစွာကို မြည်းစမ်းကြည့်ခဲ့ပြီး အရသာများစွာကိုလည်း မြည်းစမ်းခဲ့သည်။ ဒါကြောင့် သူတို့က အရသာရှိသော စားသောက်ဆိုင်များစွာကို တွေ့ရှိခဲ့သည်။ 


 


 


 ချန်ရှု့က ဟင်းပွဲများနှင့် စားသောက်ဆိုင်များ၏ အမည်အနည်းငယ်ကို ဖော်ပြခဲ့သည်။ မန့်ဟန့်က ၎င်းတို့ကို ကြားလိုက်သောအခါ အလွန်ဆာလောင်လာသည်။ အဲဲ့ဒီ  စားသောက်ဆိုင် တော်တော်များများကို သူသွားလည်ဖူးပေမယ့် အဲဒီကို တစ်ယောက်တည်းသွားခဲ့ရတာပါ။ 


 


 


 မန့်ဟန့်က တည်ငြိမ်စွာ ပြောခဲ့သည်။ "လူနာတွေ အဲ့ဒီလောက် အဆီများတဲ့ အစားအစာတွေ မစားရဘူး" 


 


  


  ယဲ့ဆွေက ချက်ချင်း ထပ်ပြောခဲ့သည်။ "ရှင် ရိုးရိုးဆန်ပြုတ်ဝယ်လာရင်တောင် ကြိုက်တယ်" 


 


 


မန့်ဟန့်က နောက်ထပ်သုံးသပ်မှုကို ထပ်မံရရှိပြီး လူနာခန်းထဲမှ တိတ်တဆိတ် ထွက်သွားခဲ့သည်။ 


 


 


 ယဲ့ဆွေက ဆေးရုံတွင် ရက်အနည်းငယ် နေခဲ့ရပြီး ဆေး  အမျိုးမျိုး စစ်ပြီးနောက်တွင် ဘာပြဿနာမှ မတွေ့ခဲ့ရပေ။  မီဒီယာတွေက ခန့်မှန်းထားတဲ့ ကိုယ်ဝန်နဲ့ ပတ်သက်ပြီးတော့ ပိုလို့တောင် ရှင်းသွားသေးသည်။ 


 


 


 သူမရဲ့ စိတ်ပူနေတဲ့ ပရိသတ်တွေကို ဖြေသိမ့်ပေးဖို့ယဲ့ဆွေက သူမရဲ့ ကျန်းမာရေး အခြေအနေကို ဝေ့ပေါ် မှာ နေ့စဉ် တင်ပေးခဲ့သည်။ 


 


 


 ဆေးရုံမှဆင်းလာပြီးနောက် ယဲ့ဆွေက ရုပ်ရှင်ရိုက်ဖို့ ပြန်လာခဲ့သည်။ ရှောင်လျှို့က ယဲ့ဆွေကို သူမ မသိသောနေရာများတွင် နောက်တစ်ကြိမ် မူးလဲသွားမည်ကို စိုးရိမ်နေသည်။ 


 


 


 ရှောင်လျှို့က အသေးအမွှားကိစ္စရပ်အတွက် ကြီးကြီးမားမား ရုန်းရင်းဆန်ခတ်ဖြစ်နေကြောင်း ယဲ့ဆွေ ခံစားမိသည်။ သူမ လုံးဝ ပြန်လည်ကောင်းမွန်လာပြီဟု ခံစားခဲ့ရပြီး နောက်တစ်ကြိမ် မူးလဲရန် မဖြစ်နိုင်တော့ပေ။ 


 


 


 ထိုနေ့တွင် ယဲ့ဆွေက သူမ၏ ဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးနောက် အနားယူရန် ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့သည်။  သူမသည် နောက်ရိုက်ကွင်း၏ ဇာတ်ညွှန်းကို ကြည့်ပြီး ၎င်းကို ပိုမိုသေချာစွာ လေ့လာချင်သည်။ 


 


 


 သို့သော် ၎င်းကိုကြည့်လိုက်ရာ ရုတ်တရက် ယဲ့ဆွေ မျက်လုံးများ မှေးမှိန်သွားကာ ဇာတ်ညွှန်းပေါ်ရှိ စကားလုံးများသည် အနည်းငယ် ရီဝေလာသည်။ ယဲ့ဆွေက သူမ၏ မျက်လုံးများကို ပွတ်သပ်ပြီး စေ့စေ့ကြည့်ကာ ဆက်၍ ကြည့်နေသည်။ 


 


 


 ယဲ့ဆွေ နိုးနေအောင် ဘာပဲလုပ်လုပ် သူ့မျက်ခွံတွေ ပိုလေးလာပြီး လေးလာတာကြောင့် လုံးဝအလုပ်မဖြစ်ဘူး။  မနေ့ညက စောစောက အိပ်ပျော်သွားတာကို သတိရတယ်၊ ဒီနေ့ဘာလို့ ဒီလောက်တောင် ပင်ပန်းနေသေးတာလဲ။ 


 


 


 ယဲ့ဆွေက သူမ၏ ဇာတ်ညွှန်းကို အာရုံစိုက်ချင်သော်လည်း ငိုက်မျဉ်းသောကြောင့် မျက်လုံးများကို ဖြည်းညင်းစွာမှိတ်ထားလိုက်သည်။ 


 


 


 ရှောင်လျှို့က တစ်စုံတစ်ခု ပေါ်လာသောကြောင့် ခဏမျှ ထွက်ခွာသွားခဲ့သည်။  ပြန်ရောက်သောအခါ မျက်လုံးစုံမှိတ်ထားသော ကုလားထိုင်ပေါ်တွင် ထိုင်နေသော ယဲ့ဆွေကို တွေ့လိုက်ရသည်။ 


 


 


 ရှောင်လျှို့က မနေ့က ယဲ့ဆွေ မူးလဲသွားသည့် မြင်ကွင်းကြောင့် စိတ်ပူပန်နေသေးသည်။ ထို့ကြောင့် ယဲ့ဆွေရဲ့ လက်ရှိအသွင်အပြင်ကို သူမမြင်သောအခါ ထိတ်လန့်သွားပြီး ယဲ့ဆွေဘေးကို ပြေးသွားပြီး ထိုင်ချလိုက်လေသည်။ 


 


 


 ရှောင်လျှို့က ယဲ့ဆွေ ပုခုံးကို ပုတ်လိုက်ပြီးမေးလိုက်သည်။ "ဆွေဆွေ ဆွေဆွေ အဆင်ပြေရဲ့လား? " 


 


 


 ရှောင်လျှို့၏ တုန်လှုပ်ချောက်ချားမှုကြောင့် ယဲ့ဆွေက မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ပြီး ရှောင်လျှို့ရဲ့ ကြောက်ရွံ့သော အကြည့်ကို တွေ့လိုက်ရုံဖြင့် သူမသည် ညင်သာစွာ ပြုံးကာ ပြောခဲ့သည်။ "နေကောင်းပါတယ်၊ ငါ အိပ်ပျော်သွားတာ" 


 


 


 "ခေါင်းမူးနေလား?  ဒါမှမဟုတ် ရင်ဘတ်တင်းကျပ်နေလား?  ဒါမှမဟုတ် နာကျင်နေလား" ရှောင်လျှို့က မေးခွန်းသုံးခုကို တစ်ခုပြီးတစ်ခုမေးခဲ့သည်။ 


 


 


 ယဲ့ဆွေက ပြုံးပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး" 


 


 


 ရှောင်လျှို့က ယဲ့ဆွေ နိုးလာတာကို ကြည့်ပြီး ဖြည်းဖြည်းချင်း သက်သာရာရသွားသည်။  အရင်ကတော့ ယဲ့ဆွေ  တိုက်ရိုက်မူးလဲသွားပေမယ့် အခုတော့ ခဏလေးပဲ အိပ်ပျော်သွားသည်။  သူမက ဘာမှလည်းမဟုတ်ဘဲနဲ့ ရေးကြီးခွင်ကျယ်လုပ်နေလေသည်။  


 


 


ရှောင်လျှို့က ယဲ့ဆွေ သူမကို တစ်စုံတစ်ခုကို ဖုံးကွယ်ထားမည်ကို ကြောက်ရွံ့ပြီး သူမကို ငြီးတွားရင်း ပြောလိုက်သည်။ “မင်း အဆင်မပြေရင် ငါ့ကို ပြောပြရမယ်။ မင်း ကိုယ့်ကိုကိုယ် ထိန်းထားလို့ မဖြစ်ဘူး” 


 


 


ယဲ့ဆွေက ချက်ချင်းပြန်ဖြေလိုက်သည်။ သူမကိုယ်သူမ လှောင်ပြောင်နေမှာ မဟုတ်ဘူး။  သူမကို တခြားလူတွေကို စိတ်ပူမနေစေချင်ဘူး။ ဒါ့အပြင် ချန်ရှု့ နဲ့ အကြာကြီးနေချင်သေးသည်။ 


 


 


 နောက်တစ်ခန်း စတော့မှာမို့ ယဲ့ဆွေနဲ့ ရှောင်လျှို့က ထိုအကြောင်းအရာအကြောင်းကို မပြောတော့ဘူး။ 


 


 


 ရိုက်ကူးရေးတွေဆက်လုပ်ပြီး ယဲ့ဆွေက ဇာတ်ဝင်ခန်းတိုင်းကို ပြီးပြည့်စုံအောင် ကြိုးစားပြီး ရိုက်ကွင်းအဆုံးအထိ ဆက်ကြိုးစားခဲ့သည်။ 


 


 


 ယဲ့ဆွေ နားမလည်တာက ဖိန်နင်ပင် သူမအပေါ် အမြင်ပြောင်းလုနီးပါးပင်။ ယဲ့ဆွေက သရုပ်ဆောင်ရုံထက်မကတဲ့ ပြကွက်တိုင်းကို အရမ်းကြိုးစားခဲ့သည်။ 


 


 


 ယဲ့ဆွေက ယနေ့ ရိုက်ကွင်းကို ရိုက်ကူးပြီးသောအခါတွင် သူမသည် နာနီကားထဲသို့ ဝင်သွားသည်။  ကားပေါ်ရောက်တာနဲ့ ထိုင်ခုံပေါ် လဲကျသွားပြီး အရမ်းပင်ပန်းနေပုံပေါ်သည်။ 


 


 


 ရှောင်လျှို့က သူ့အိတ်ထဲမှ အပူပေးခွက်တစ်ခွက်ကို ချက်ချင်းထုတ်လိုက်သည်။  ချန်ရှု့က တစ်စုံတစ်ဦးကို ချက်ရန် အထူးတောင်းဆိုခဲ့သည့် ဆေးဖက်ဝင်အပင် ဟင်းရည်ဖြစ်ပြီး ၎င်းကို နေ့တိုင်း စတူဒီယိုသို့ ပို့ဆောင်ပေးခဲ့သည်။ 


 


 


 "ဆွေဆွေ အခု သောက်ချင်လား? "  ရှောင်လျှို့က ယဲ့ဆွေကို ခေါင်းကိုလှည့်ပြီး မေးလိုက်သည်။ 


 


 


 ယဲ့ဆွေ မျက်လုံးမှိတ်ပြီး ခေါင်းယမ်းလိုက်သည်။  သူမပြန်ဖြေတဲ့အသံက အားနည်းနေခဲ့သည်။ “ငါအခု အရမ်းအိပ်ချင်နေပြီ။ ခဏအိပ်ပြီးမှ သောက်လိုက်မယ်” 


 


 


 ယဲ့ဆွေ အသံက ပေါ့ပါးပြီး ပျော့ပျောင်းလာကာ သူမ နောက်ဆုံး စကားကို ပြောလိုက်သောအခါ သူမ၏ အသံသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။ 


 


 


 သူမ အသံကျသွားသည်နှင့် တပြိုင်နက် ယဲ့ဆွေ အသက်ရှုသံများ ရှည်လျားလာပြီး သူမ အိပ်ပျော်နေပြီဖြစ်သည်။ 


 


 


 ရှောင်လျိုမှာ တခြားရွေးချယ်စရာမရှိသလို သူမက အိပ်ပျော်နေပြီဖြစ်သော ယဲ့ဆွေကို နှိုးမည်မဟုတ်ပေ။  ထို့ကြောင့် သူမက လှည့်၍ ယဲ့ဆွေကို မနှောင့်ယှက်မိစေဖို့ အသံကို လျှော့လိုက်သည်။ 


 


 


 ကားက အိမ်ဆီသို့ တစ်လမ်းလုံး မောင်းလာပြီး လမ်းတွင် အကြိမ်ပေါင်းများစွာဆောင့်မိတော့  ရှောင်လျှို့က ယဲ့ဆွေကို ပြန်ကြည့်လိုက်သောအခါ ယဲ့ဆွေက တစ်ကြိမ်မျှ မနိုးပေ။ 


 


 


 ရှောင်လျှို့က ယဲ့ဆွေကိုကြည့်လိုက်သည်။ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီထင်သည်။ 


 


 


 ရှောင်လျှို့ တွေးနေချိန် ရုတ်တရက် သူ့လက်ထဲက ဖုန်းက တုန်ခါသွားသည်။  ချန်ရှု့က သူအိမ်ပြန်ရောက်တော့ ယဲ့ဆွေ ရဲ့အခြေအနေကို မေးသည်။ 


 


 


 ရှောင်လျှို့က အရာအားလုံးကို ဖုံးကွယ်ခြင်းမရှိဘဲ ချန်ရှု့ကို  အမှန်အတိုင်း ပြောပြခဲ့သည်။ 


 


 


ကားက ယဲ့ဆွေရဲ့ ဗီလာဧရိယာထဲကို အမြန်မောင်းသွားသည်။ အိမ်ရောက်ခါနီးတွင် ရှောင်လျှို့က ချန်ရှု့အပြင်ဘက်မှ ထွက်ရပ်ပြီး ယဲ့ဆွေကို စောင့်နေတာကို တွေ့လိုက်ရသည်။ 


 


 


 ချန်ရှု့က ဝတ်စုံအပြည့်အစုံ ဝတ်ထားပြီး ကုမ္ပဏီမှ ပြန်လာထဲက သူ့အဝတ်အစားကို မလဲရသေးပေ။   


 


 


 ရှောင်လျှို့က ယဲ့ဆွေကို နှိုးဖို့ခေါင်းလှည့်လိုက်ပြီး ပြောလိုက်သည်။ "ဆွေဆွေ မြန်မြန်ထတော့ အစ်မခင်ပွန်းက အစ်မကိုကြိုဖို့ ရောက်နေပြီ " 


 


 


 ယေဘုယျအားဖြင့်ပြောရလျှင် ယဲ့ဆွေက ချန်ရှု့​အမည်ကို သူမကြားသောအခါ တုံ့ပြန်မည်ဖြစ်သော်လည်း ယခုအခါ သူမသည် လုံးဝမကြားလိုက်ရသလိုပင် မျက်လုံးမှိတ်ထားဆဲဖြစ်သည်။ 


 


 


 ရှောင်လျှို့က အကြိမ်အနည်းငယ် ထပ်ခေါ်လိုက်သည်။  ဒါပေမယ့် ယဲ့ဆွေက လုံးဝမတုံ့ပြန်ဘူး။  ရှောင်လျှိူ့က ဒီကိစ္စကို သိပ်ပြီးမစဉ်းစားမိဘူး။ ဘာပဲဖြစ်ဖြစ် သူမ အိမ်ပြန်ရောက်နေပြီ။  ယဲ့ဆွေရဲ့ ခင်ပွန်းကိုယ်တိုင် သူမကို နှိုးပေးမည်ဆိုရင်လည်း အရေးမကြီးပါ။ 


 


 


 မကြာမီ ကားက ဗီလာအရှေ့ ရောက်ရှိသွားပြီး ယဲ့ဆွေ အတွက် တံခါးဖွင့်ပေးမယ့် ချန်ရှု့ ရှေ့မှာ ရပ်လိုက်သည်။ 


 


 


  ချန်ရှု့က ယဲ့ဆွေရဲ့ မျက်လုံးတွေကိုမှိတ်ထားပြီး အိပ်ပျော်နေတာကို ကြည့်လိုက်သည်။ ပြီးတော့ သူ့နှုတ်ခမ်းက ကွေးတက်သွားခဲ့သည်။ 


 


 


 ရှောင်လျှို့က ချန်ရှု့ကိုကြည့်ပြီး ခေါင်းညိမ့်လျက်ပြောလိုက်သည်။  "ဆွေဆွေက တစ်ချိန်လုံး အိပ်နေတာ၊ ကျွန်မ သူ့ကို နှိုးဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် သူမ မတုံ့ပြန်လာဘူး" 


 


 


  ချန်ရှု့ ပါးစပ်ထောင့်ရှိ မျဉ်းကွေးလေးက ပျောက်ကွယ်သွားခြင်းမရှိသော်လည်း နောက်တခဏတွင် ချန်ရှု့ မျက်နှာက တည်တင်းသွားကာ ယဲ့ဆွေနဲ့  နီးကပ်သွားသည်နှင့်အမျှ သူ့မျက်လုံးတွေထဲမှာ စိုးရိမ်ပူပန်မှုက ဝင်ရောက်လာသည်။   


 


 


  ချန်ရှု့ အကြည့်က ယဲ့ဆွေ မျက်နှာပေါ် ကျရောက်သွားပြီး သူထင်သလို မဟုတ်ပါစေနဲ့လို့ မျှော်လင့်နေသည်။ 


 


 


 "ယဲ့ဆွေ"  ချန်ရှု့က ယဲ့ဆွေ မျက်နှာပေါ် လက်တင်လိုက်ပြီး သူမနာမည်ကို ထပ်ခါထပ်ခါခေါ်သော်လည်း ယဲ့ဆွေက တုံ့ပြန်လာခြင်းမရှိပေ။ 


 


 


 ထိုအချိန်တွင် ရှောင်လျှို့လည်း ထိတ်လန့်သွားပြီး ယဲ့ဆွေရဲ့ နာမည်ကို စတင်ခေါ်ခဲ့သည်။ 


 


 


 ဤမျှကြီးမားသော လှုပ်ရှားမှုရှိသော်လည်း ယဲ့ဆွေက မတုံ့ပြန်လာသေးပေ။ 


 


 


 ချန်ရှု့က ခါးကို ကိုင်းလိုက်ပြီး ယဲ့ဆွေကို သူ့ရင်ခွင်ထဲ သယ်သွားလိုက်သည်။ ယဲ့ဆွေက သူမ၏ ကိုယ်ဟန်အနေအထားကို ပြောင်းလဲလိုက်သော်လည်း၊ ငြိမ်သက်စွာ အသက်ရှုကာ ချန်ရှု့ ပုခုံးပေါ် ခေါင်းတင်ပြီး ဆက်အိပ်မောကျနေခဲ့သည်။ 


 


 


 "မင်းအရင်ပြန်သွားလို့ရတယ်။ ငါဆရာဝန်အိမ်ကိုခေါ်ပြီး သတင်းရပြီဆိုရင် မင်းကိုအကြောင်းကြားလိုက်မယ်။"  ချန်ရှု့က ယဲ့ဆွေကို  ချီသွားရင်း ရှောင်လျှို့ကို ပြောလိုက်သည်။ 


 


 


  ရှောင်လျှို့က သူပြောတာကို နားထောင်ပြီး ထိုနေရာမှ ဦးစွာထွက်ခွာသွားကာ သူမစိတ်ထဲမှ စိုးရိမ်ပူပန်မှုများကို လျှော့ချလိုက်သည်။ 


 


 


  ချန်ရှု့က ယဲ့ဆွေရဲ့ အခြေအနေကို မန့်ဟန့် ကို ရှင်းပြပြီး သူ့ကို အိမ်လာပြီး စစ်ဆေးခိုင်းလိုက်သည်။ 


 


 


 မန့်ဟန့် ရောက်ရှိလာသောအခါ ယဲ့ဆွေက သူမမျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။  ပထမတစ်ချက်တွင် သူမကစိုးရိမ်နေတဲ့ အမူအရာကိုမြင်လိုက်ပြီးနောက် မန့်ဟန့်က အပြင်ဘက်ကနေ အခန်းထဲမှသို့ဝင်လာပြီး ဘာဖြစ်သွားတာလဲဆိုတာကိုမသိပေ။ 


 


 


 "ဘာမှားလို့လဲ? ကျွန်မ အစောက အိပ်နေတာမဟုတ်လား?" 


 


 


 ယဲ့ဆွေ နိုးလာသည်ကို မြင်သောအခါ ချန်ရှု့က အနည်းငယ် သက်သာရာရသွားသည်။ သူက ယဲ့ဆွေကို စိတ်မပူနေစေချင်ပေမယ့် ဖြစ်ပျက်ခဲ့တာတွေကို ယဲ့ဆွေဆီ ပြောပြဖို့ ရွေးချယ်တုန်းပဲ။ 


 


 


  ချန်ရှု့ လေသံပျော့ပျော့လေးနဲ့ ပြန်ဖြေခဲ့သည်။  "မင်း အိမ်အပြန်လမ်းမှာ အိပ်ပျော်သွားတယ်။ ကိုယ်အကြာကြီးခေါ်နေတာတောင် မင်းကနိုးမလာဘူး။ "  


 


 


  ယဲ့ဆွေ အံ့သြသွားသည်။ သူမက ထိုအကြောင်းကို မသိနားမလည်သော်လည်း ချန်ရှု့ စိတ်ပူနေမည်ကို သူမသိတာကြောင့် သူမသည် ဆရာဝန်နှင့် ပူးပေါင်းကာ စစ်ဆေးခံခဲ့သည်။ 


 


 


 စစ်ဆေးမှုရလဒ်များက ယဲ့ဆွေ ခန္ဓာကိုယ်တွင် မည်သည့်ပြဿနာမျှမရှိကြောင်း ပြသနေခဲ့သည်။ 


 


 


 ယဲ့ဆွေနဲ့ချန်ရှု့တို့သည် သဲလွန်စမရှိသော်လည်း ဖြစ်ရပ်မှန်များက ယဲ့ဆွေ နာမကျန်းဖြစ်ကြောင်း သက်သေပြခဲ့သည်။ 


 


 


 ယဲ့ဆွေက ဆေးရုံမှာ တစ်ချိန်လုံး နေရတာကို မကြိုက်ဘူးဆိုတာ ချန်ရှု့ သိသည်။  ဒါကြောင့် သူမကို စောင့်ကြည့်ဖို့ ဆေးရုံမှာနေခိုင်းမှာ မဟုတ်ဘူး။ သူမ ရုပ်ရှင်ရိုက်တုန်း ဂရုစိုက်ဖို့ပဲလိုသည်။ 


 


 


 နောက်ရက်အနည်းငယ်ကြာတော့ ယဲ့ဆွေက အိပ်ငိုက်ခြင်း ဒါမှမဟုတ် မူးလဲခြင်းလက္ခဏာမပြဘဲ အရာအားလုံးပုံမှန်ဖြစ်နေပုံရသည်။ 


 


 


 ချန်ရှု့ရဲ့ သတိထားမှုကို ဖြေလျှော့လိုက်သောအခါ ယဲ့ဆွေ သူမရိုက်ကူးရေးပြီးဆုံးပြီးနောက် ရုတ်တရက် မူးလဲသွားပြန်သည်။ 


 


 


 ယဲ့ဆွေကို ဆေးရုံဆီ အမြန်ပို့ဆောင်ခဲ့ပြီး ယဲ့ဆွေ မူးလဲသွားသည့်သတင်းကို ဝေ့ပေါ်တွင် အမြန်ရှာဖွေခဲ့သည်။ 


 


 


 အင်တာနက် သုံးစွဲသူတွေကလည်း ယဲ့ဆွေ မူးမေ့လဲသွားခြင်းအကြောင်း ပြောဆိုကြပြီး ယင်းနှင့် ပတ်သက်၍ သဘောထားကွဲလွဲကြပြီး အချို့က သူမအား ထောက်ခံကြပြီး အချို့က ဆန့်ကျင်ကြသည်။ 


 


 


"ယဲ့ဆွေ ဟန်ဆောင်နေတာလား?  သာမာန်လူတစ်ယောက် အချိန်တိုင်း ဒီလို မူးမေ့သွားတာ ဘယ်လိုဖြစ်နိုင်မလဲ? ” 


 


 


"ယဲ့ဆွေက ရည်ရွယ်ချက်ရှိရှိ မူးလဲချင်ယောင်ဆောင်နေတာလား?  ပရိသတ်တွေက အရူးတွေမဟုတ်ဘူး။ ယဲ့ဆွေက ကိုယ်ချင်းစာတရားရဖို့ ဒီအခွင့်အရေးကို လိုချင်နေတယ် ” 


 


 


 “အဲဒီတုန်းက မြင်ကွင်းကို မမြင်ဖူးရင် မိုက်မဲတဲ့ စကားမပြောပါနဲ့။ ငါက ရှုတင်ထဲက ဝန်ထမ်းတစ်ယောက်ပါ။ ယဲ့ဆွေ မူးလဲသွားချိန်မှာ သူမမျက်နှာက ဖြူဖျော့လာပြီး ခြေလက်တွေ အေးစက်သွားတယ်။  မင်းဘာလို့ဟန်ဆောင်ပြီး မစမ်းကြည့်တာလဲ? " 


 


 


 “တချို့က မတ်တပ်ရပ်ပြီး စကားပြောတယ်။  ယဲ့ဆွေက မူးလဲချင်ယောင်ဆောင်ရမှာလား?  သူမကို ကဲ့ရဲ့တဲ့သူတွေရှိပေမဲ့ ထောက်ခံသူတွေကို စုဝေးဖို့ နည်းလမ်းကောင်းတစ်ခုတော့ မဟုတ်ဘူး” 


 


 


 အင်တာနက်သုံးစွဲသူတွေက သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို ကိုင်စွဲထားကြသည်။  ယဲ့ဆွေနဲ့ ပတ်သက်သည့် မည်သည့်အရာမဆို အင်တာနက်ပေါ်တွင် သက်ဝင်လှုပ်ရှားစွာ ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ 


 


 


 ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ ယဲ့ဆွေရဲ့ ကျော်ကြားမှုက ဆက်လက်မြင့်မားနေဆဲဖြစ်သည်။ 


 


 


 ဒါပေမယ့် ချန်ရှု့က အင်တာနက်သုံးစွဲသူတွေ ဘယ်လိုထင်မြင်နေတယ်ဆိုတာကို ဂရုစိုက်ဖို့ အချိန်မရှိခဲ့ဘူး။  ချန်ရှု့ သိခဲ့ရင်တောင် သူဘယ်တော့မှ နှလုံးသားထဲမှာ စွဲနေမှာ မဟုတ်ပေ။ 


 


 


 ယခုအချိန်တွင် ချန်ရှု့ အတွက် အရေးကြီးဆုံးအရာမှာ ယဲ့ဆွေ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေဖြစ်သည်။ 


 


 


 မူးလဲပြီး ပြန်နိုးလာပေမယ့် ယဲ့ဆွေက  မူးဝေခြင်းအတွက် ဘာအကြောင်းပြချက်မှ မရှိသေးဘူး။ 


 


 


 ယဲ့ဆွေက ချန်ရှု့ အနားတွင် ငြိမ်သက်စွာ အိပ်ပျော်ခဲ့သော်လည်း ချန်ရှု့က တစ်ညလုံး အိပ်မပျော်ခဲ့ပေ။  ပြတင်းပေါက်နားမှာ ရပ်ပြီး အပြင်ကို ကြည့်ကာ ညကနေ မနက်အထိ ရပ်နေခဲ့သည်။ 


 


 


 ချန်ရှု့က အဝေးက လမ်းမီးတိုင်များကို လှမ်းကြည့်နေသည်။ နံနက်ခင်းတွင် မြူခိုးများဖုံးလွှမ်းကာ မှိတ်တုတ်မှိတ်တုတ်ဖြင့် အခန်းထဲသို့ ပထမဆုံးနေရောင်ခြည် ဝင်ရောက်လာသောအခါတွင် လမ်းမီးတိုင်များအားလုံး မီးပိတ်သွားခဲ့သည်။ 


 


 


 အကြောင်းရင်းကိုသိရင် စိုးရိမ်မှုကနည်းနေဦးမည် ။  ယခုအချိန်တွင် ချန်ရှု့အရှေ့မှာ မြူအလွှာတစ်ခု ဖုံးလွှမ်းနေသကဲ့သို့ပင်။ အချိန်ကြာလာသည်နှင့်အမျှ သူစိတ်မငြိမ်မသက်ဖြစ်လာသည်။ 


 


 


 ချန်ရှု့က ကုတင်ဘေး လျှောက်သွားပြီး ယဲ့ဆွေ ရဲ့ မျက်နှာကို ထိဖို့ သူ့လက်ကို ဂရုတစိုက် ဆန့်လိုက်သည်။  သူ့လက်ချောင်းတွေက ယဲ့ဆွေ ရဲ့ အရေပြားကို ထိခါနီးချိန်မှာတော့ သူ့လက်ကို ရုတ်တရက် ပြန်ရုတ်လိုက်ပြန်သည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေကို အနှောက်အယှက်ဖြစ်စေမည်ကို ကြောက်သော်လည်း သူမ မနိုးထနိုင်တော့မှာကို ပိုကြောက်သည်။ 


 


 


 "ဘာပဲဖြစ်​ဖြစ်​ မင်းအနားမှာ ကိုယ်အမြဲရှိ​နေမှာပါ"