အပိုင်း ၁၃၈
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး  


 


အပိုင်း ၁၃၈ - ချန်ရှု့ ရူးသွားတဲ့ပုံပဲ?   


 


 


 


 


 ယဲ့ဆွေ မျက်လုံးဖွင့်လိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။ သူမခန္ဓာကိုယ်သည် အလေးချိန်မရှိသလို ငှက်မွေးကဲ့သို့ ပေါ့ပါးသည်ဟု သူမခံစားမိသည်။ 


 


 


 ယဲ့ဆွေက ခဏတာမျှ မတုံ့ပြန်နိုင်ဘဲ အပေါ်မှ မျက်နှာကျက်ကို ထိလိုက်သကဲ့သို့ ကြောင်တက်တက်ဖြင့် လက်ကို ဆန့်တန်းလိုက်သည်။ 


 


 


 ယဲ့ဆွေက ခေါင်းကို ငုံ့ထားပြီး ညာဘက်ဆုံး ပြတင်းပေါက်မှလွဲ၍ ခန်းဆီးအားလုံးနီးပါး ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုမှတစ်ဆင့် အပြင်မှ တောက်ပသော နေရောင်ခြည်သည် အခန်းထဲသို့ ဝင်ရောက်လာသည်။ 


 


 


 နေရောင်ခြည်သည် လူတို့ကို လောင်ကျွမ်းစေနိုင်သကဲ့သို့ တောက်ပနေသည်။ ယဲ့ဆွေက အလွန်ထိတ်လန့်သွားပြီး အနည်းငယ်စိတ်မကောင်းဖြစ်မိသွားသည်။ 


 


 


 'အတိအကျ ဘာဖြစ်နေတာလဲ?' 


 


 


 ယဲ့ဆွေက သူမ၏ ခန္ဓာကိုယ်ကို ရွှေ့ရန် ကြိုးစားခဲ့သည်။  စိတ်ထဲမှာ တွေးနေသမျှက သူမခန္ဓာကိုယ်က သူ့အသိစိတ်အတိုင်း လှုပ်ရှားနေမယ်ဆိုတာ သူမသိလိုက်သည်။ 


 


 


 ယဲ့ဆွေ သူမခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ ပေါ့ပါးလွန်းတဲ့ သစ်ရွက်တစ်ရွက်လို ပေါ်လာပြီး လေတိုက်ရာကို ဖြည်းညှင်းစွာ လွင့်ပျံသွားခဲ့သည်။ 


 


 


 ယဲ့ဆွေ လှည့်မကြည့်ခင်မှာပဲ အခန်းထဲမှာ ထူးဆန်းတာကို သတိထားမိလိုက်သည်။ 


 


 


 အခန်းထဲမှာ နောက်ထပ် ယဲ့ဆွေတစ်ယောက်က မျက်လုံးတွေမှိတ်ထားရင်း ဆေးရုံကုတင်ပေါ်မှာ ငြိမ်သက်စွာ လှဲလျောင်းရင်း စက်မျိုးစုံက ဆူညံသံတွေ ဝန်းရံနေခဲ့သည်။ 


 


 


 'ခုတင်ပေါ်မှာ လှဲနေတဲ့သူဟာ သူမဆိုရင် အခုသူမကဘယ်သူလဲ? ' 


 


 


 ယဲ့ဆွေက ကုတင်ပေါ်ရှိ အခြား ယဲ့ဆွေကို စိုက်ကြည့်နေရင်းမှ သူမ ခန္ဓာကိုယ်က မသိစိတ်က တရွေ့ရွေ့ ရွေ့လျားသွားပြီး ကုတင်ဆီ နီးကပ်သွားခဲ့သည်။ 


 


 


 ယဲ့ဆွေက တုန်ရီနေသော လက်ကို ဆန့်ထုတ်လိုက်ပြီး ကုတင်ပေါ်က သူမကိုယ်သူမ ထိချင်နေမိသည်။  သို့သော် ကြောက်လန့်တကြားဖြင့် လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။ 


 


 


 သူမ မှန်ကန်စွာ မှန်းဆခဲ့လျှင် သူမသည် သူမ၏ ခန္ဓာကိုယ် အပြင်ဘက်တွင် လွင့်မျောနေသော ဝိညာဉ်တစ်ကောင် ဖြစ်လာခဲ့သည်။ ပြီးပြည့်စုံသော သရဲတစ္ဆေမဖြစ်သေးသော်လည်း၊ အတူတူနီးပါးဖြစ်ခဲ့သည်။ 


 


 


 ယဲ့ဆွေအနေနဲ့ ယခင်က မရေမတွက်နိုင်သော သရဲတစ္ဆေများကို မြင်တွေ့ခဲ့ရပြီး ၎င်းတို့၏ ပြဿနာကို လူသားတစ်ဦး၏ ရှုထောင့်မှ အမြဲကြည့်ရှုခဲ့သော်လည်း သူမသည် ယခုလက်ရှိ အခြေအနေကို တစ်ခါမှ မကြုံဖူးပေ။ 


 


 


 ယဲ့ဆွေက အခုမှ စိတ်ရှုပ်သွားသည်။  ကံမကောင်းစွာပဲ သူမကို ကယ်တင်ပေးဖို့ ဘယ်သူမှ မရှိခဲ့ဘူး။ 


 


 


 ယဲ့ဆွေက ဆေးရုံကုတင်အစွန်းတွင် မျောနေခဲ့သည်။  သူမ မျက်လုံးတွေထဲမှာ တိမ်တွေထူထပ်နေပြီး နှလုံးသားထဲတွင် ချန်ရှု့ နာမည်ကို ရေရွတ်နေကာ ချန်ရှု့ ရှင် အခုဘယ်မှာလဲ? 


 


 


 သူ့နှလုံးသားက တစ်ခုခုကို ခံစားလိုက်ရသလိုပဲ ယဲ့ဆွေ ချန်ရှု့ကို တွေးလိုက်တိုင်း လူနာခန်းတံခါးက တွန်းဖွင့်ခံလိုက်ရပြီး အပြင်ကနေ လှမ်းဝင်လာသည်။ 


 


 


 ယဲ့ဆွေက အစပိုင်းတွင် အလွန်ပျော်နေသော်လည်း နောက်တစ်စက္ကန့်တွင် သူမထိတ်လန့်သွားခဲ့သည်။ ချန်ရှု့ရဲ့ ချောမောသောမျက်နှာပေါ်မှာ မျက်တွင်းတွေချောင်ကျနေပြီး ထိုင်ခုံပေါ်မှာ ထိုင်နေခဲ့သည်   


 


 


 ချန်ရှု့က မရေမတွက်နိုင်သော စိတ်ဒဏ်ရာ စမ်းသပ်ချက်များကို ဖြတ်သန်းခဲ့ရသလိုပင်။  ထို့အပြင် ယဲ့ဆွေရဲ့ မှတ်ဉာဏ်ထဲက ချန်ရှု့နဲ့ နှိုင်းယှဉ်ပါက၊ သူသည် အလွန်ပိန်ပါးပြီး သူ့မျက်လုံးတွေကလည်း တက်ကြွမှုအရိပ်အယောင်မရှိဘဲ မှုန်မှိုင်းနေသည်။ 


 


  


 ချန်ရှု့ရဲ့ အသွင်အပြင်က ယဲ့ဆွေရဲ့ နှလုံးသားကိုတုန်လှုပ်သွားစေခဲ့ပြီး ပြင်းထန်သောနာကျင်မှုသည် သူမနှလုံးသားတစ်လျှောက်ပျံ့နှံ့သွားခဲ့သည်။ 


 


 


 မျက်ရည်များ အထိန်းအကွပ်မဲ့စွာ စီးကျလာသဖြင့် ယဲ့ဆွေက ပါးစပ်ကို အုပ်လိုက်ပြီး မေးစေ့အနှံ့ လျှောကျသွားသည်။  ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားသော်လည်း မျက်ရည်များသည် နွေးထွေးဆဲဖြစ်ကြောင်း သူမတွေ့ရှိခဲ့သည်။ 


 


 


 ယဲ့ဆွေ ခဏလောက် ငိုပြီး မျက်ရည်တွေကို အမြန်ထိန်းလိုက်သည်။  ချန်ရှု့က သူမကို မမြင်နိုင်ရင်တောင် သူမငိုတာကို  မကြိုက်ဘူး။ ဒါမှမဟုတ် စိတ်ဆင်းရဲနေမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ 


 


 


 ယဲ့ဆွေက ချန်ရှု့ကို ကြောင်တက်တက် စိုက်ကြည့်နေသည်။ သူက သူမ အသံကြောင့် နိုးလာမည်ကို စိုးရိမ်သဖြင့် လှည့်၍ တံခါးကို တိတ်တဆိတ် ပိတ်လိုက်သည်။ 


 


 


 ဒါပေမယ့် မကြာခင်မှာပဲ ချန်ရှု့ ရဲ့လက်က တံခါးကို ကိုင်ထားရင်း ရပ်တန့်သွားသည်။  သူ ခေါင်းငုံ့ကာ ခါးသီးစွာ ပြုံးလိုက်ရင်း ယဲ့ဆွေ မေ့မြောနေပြီဆိုတာကို အခုမှ သတိရသွားသည်။ 


 


 


 တံခါးပိတ်သံကသာ ယဲ့ဆွေကို နှိုးလိုက်နိုင်လျှင် ချန်ရှု့က လူနာခန်းထဲတွင် မီးရှူးမီးပန်းများ ပစ်ရန် ဆန္ဒရှိကာ ဆူညံနေသော မီးရှူးမီးပန်းများက သူမအား သတိမေ့မြောရာမှ နိုးထလာမယ်လို့ မျှော်လင့်သည်။ 


 


 


 ချန်ရှု့ တံခါးကိုပိတ်ပြီးနောက်တွင် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော ယဲ့ဆွေကို သူ့မျက်လုံးတွေနဲ့ စိုက်ကြည့်လာသည်။  ထိုအချိန်တွင် သူ၏ မူလမျက်လုံးများသည် အလင်းရောင်အနည်းငယ်ဖြင့် မှိန်မှိန်မှိန်လေး လင်းလက်လာသည်။ 


 


 


ချန်ရှု့က ယဲ့ဆွေကုတင်ဘေးတွင်ထိုင်ကာ သူမကို ချစ်ခင်စွာ ကြည့်နေသော်လည်း သူ့မျက်လုံးများက ဝမ်းနည်းမှုကို ဖုံးကွယ်ထားသည်။ 


 


 


"ယဲ့ဆွေ မင်းဘာလို့မနိုးသေးတာလဲ? မင်း ကိုယ့်ကို ဒီလိုပုံစံနဲ့မြင်ရင် မင်းကိုယ်ကို ဆူမှာသေချာတယ်" 


 


 


 ချန်ရှု့က သူ့ဘာသာသူ ရေရွတ်လိုက်သည်။ ယဲ့ဆွေက သူ့စကားကို ကြားနိုင်မလား မသိပေမယ့် နေ့စဉ်ဘဝရဲ့ အဖြစ်အပျက်တွေကို စိတ်ရှည်ရှည်နဲ့ ပြောပြနေသေးသည်။ 


 


  


 ချန်ရှု့ရဲ့ အသွင်အပြင်သည် သူ့အား ဘာမှမတုံ့ပြန်သည့်လေကလွဲ၍ ဇနီးနှင့်စကားပြောနေသော ခင်ပွန်းသည်နှင့်တူသည်။ 


 


 


 ယဲ့ဆွေက ချန်ရှု့ ပြောပြချက်အရ သူမသည် တစ်လခွဲကျော် မေ့မြောနေပြီဖြစ်ကြောင်းကို သိရှိခဲ့ပြီး သူမကို အချိန်အတော်ကြာ ပြုစုစောင့်ရှောက်ခဲ့သည်။ 


 


 


 ယဲ့ဆွေက ချန်ရှု့ဆီ ပေါ့ပေါ့ပါးပါး မျှောသွားလိုက်သည်။  သူမသည် နုနယ်သော ချန်ရှု့ကို နှစ်သိမ့်ရန် ကြိုးစားရင်း သူ့ကို လက်လှမ်းမှီပြီး ထိချင်လာသည်။ 


 


 


 သို့သော်လည်း သူမ၏လက်သည် သူ့အား ထိလိုက်သည်နှင့် တပြိုင်နက် ပြင်းထန်သော ဝေဒနာတစ်ခုက သူမ၏ လက်ချောင်းထိပ်များကို နှိပ်စက်လာပြီး လက်မောင်းတစ်လျှောက် ပျံ့နှံ့သွားသည်။ မီးလောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။ 


 


 


 ယဲ့ဆွေက ပြင်းထန်သော ဝေဒနာကြောင့် ထိတ်လန့်သွားပြီး မတက်နိုင်စွာပဲ လက်ကို ပြန်ဆွဲယူလိုက်ရသည်။ 


 


 


 ယဲ့ဆွေက ခါးသီးသော အပြုံးဖြင့် သူ့လက်ကို ကြည့်လိုက်သည်။  ယခု သူမသည် တစိတ်တပိုင်းတစ္ဆေဖြစ်နေသောကြောင့် ချန်ရှု့လိုလူက သူမကို နာကျင်စေနိုင်သည်။ 


 


 


 ဤအခိုက်အတန့်တွင်၊ ချန်ရှု့အား ဖြည့်စွမ်းပေးရင်း ဝမ်းနည်းပူဆွေးခြင်းမှသာလျှင် ယဲ့ဆွေ​က ပျော်ရွှင်မှုကို ရှာဖွေနိုင်ခဲ့သည်။ ခင်ပွန်းသည်က ယန်ဓာတ် လွန်ကဲတဲ့  နှစ်၊ လနှင့် အချိန်တို့တွင် မွေးဖွားခဲ့သည်။  တကယ်ကို ထိုက်တန်တဲ့ နာမည်ကောင်းတစ်ခု ရခဲ့တာပင်။ လူကိုယ်တိုင် ဆက်သွယ်ပြီးမှသာ မည်မျှ အစွမ်းထက်မည်ကို သိနိုင်မည်ဖြစ်သည်။ 


 


 


 ဒါပေမယ့် ယဲ့ဆွေက အရှုံးမပေးဘူး။ နောက်ဆုံးတွင် သူမသည် ချန်ရှု့ ကိုထိဖို့ အခွင့်အရေးရခဲ့သည်မို့ သူမလက်ကို ထပ်မံဆန့်ထုတ်လိုက်သည်။ မီးလောင်သွားခဲ့ရင်တောင် သူမလက်မလွှတ်ချင်ဘူး။ 


 


 


 ဒီတစ်ခါလည်း ရလဒ်က အတူတူပဲ။ ယဲ့ဆွေက ချန်ရှု့ လက်ကို ဆုပ်ကိုင်ဖို့ သူမလက်ကို ဆန့်ထုတ်လိုက်သောအခါ၊ ပြင်းထန်သော နာကျင်မှုက သူမလက်ကို ပြန်ဆွဲထုတ်ပစ်လိုက်သည်။ 


 


 


 ယဲ့ဆွေက သူ့ကိုထိဖို့ မကြိုးစားတော့ဘဲ ချန်ရှု့နဲ့ ခပ်ဝေးဝေးက ကုတင်မှာ ထိုင်ဖို့ ရွေးချယ်လိုက်သည်။  သူမ သူ့ကို မထိနိုင်သော်လည်း၊ သူ့ကို ဤကဲ့သို့ လိုက်၍ တိတ်တဆိတ် စောင့်ကြည့်နိုင်လျှင် ကောင်းပေလိမ့်မည်။ 


 


  


 ချန်ရှု့က ယဲ့ဆွေလို သရဲတစ္ဆေများကို မမြင်နိုင်သည့်အပြင် သူမဘေးတွင် ထိုင်နေသည်ကို သဘာဝအတိုင်း မသိခဲ့ပေ။ 


 


 


 အကယ်၍ ချန်ရှု့သာ သိခဲ့ပါက၊ သူမြင်နိုင်တာက ယဲ့ဆွေရဲ့ ဝိညာဉ်ဖြစ်မည်ဆိုရင်တောင် သူသည် ယဲ့ဆွေ ကဲ့သို့ဖြစ်ရန် သေချာပေါက်မျှော်လင့်ထားမည်ဖြစ်ပြီး၊ သူ့ကို နှစ်သိမ့်ရန် လုံလောက်မည်ဖြစ်သည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေလက်ပေါ်က အပ်ပေါက်များကို ညှိုးငယ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် သူ့လက်ကို ဂရုတစိုက် ဆန့်ထုတ်လိုက်ပြီး ယဲ့ဆွေရဲ့ လက်တွင် စိုက်ထားသော အပ်ကို ရှောင်ရှားကာ ယဲ့ဆွေ လက်ဖဝါးတွင် သူ့လက်ကို ရစ်ပတ်ထားလိုက်သည်။ 


 


 


ဒါပေမယ့် နောက်တစ်စက္ကန့်မှာ ချန်ရှု့ မျက်လုံးတွေက မှောင်မိုက်သွားပြီး ဒေါသကြီးစွာ ထွက်သွားခဲ့သည်။ 


 


 


 ချန်ရှု့က ယဲ့​ဆွေနဲ့ ဆက်ဆံရာတွင် အလွန်သတိထားသည်။  သူ့လှုပ်ရှားမှုများက အလွန်နူးညံ့သိမ်မွေ့ပြီး မေ့မြောနေချိန်တွင် သူမခန္ဓာကိုယ်ကို ကောင်းစွာဂရုစိုက်ခဲ့သည်။ 


 


 


 ယဲ့ဆွေ နိုးလာပြီးလို့ သူမကို ဂရုမစိုက်ဘူးဆိုတာ သိလိုက်ရရင် သူမ သူ့ကို ဒေါသထွက်လိမ့်မည်။ 


 


 


 သို့သော်လည်း သူကြိုးစားမှုအားလုံးပြီးသည်နှင့်ပင် ယဲ့ဆွေ လက်ချောင်းတွင် ဒဏ်ရာတစ်ခုကို မထင်မှတ်ပဲတွေ့ရှိခဲ့သည်။  သူမ၏ လက်ချောင်းထိပ်များသည် တစ်စုံတစ်ခုကြောင့် အပူလောင်​နေပုံရပြီး သွေးများ စိမ့်ထွက်နေသည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေလက်ကို ကုတင်ပေါ် ညင်ညင်သာသာပြန်တင်လိုက်ပြီး စောင်ကို ကူအုပ်ပေးလိုက်သည်။ 


 


 


 ဒေါသကို ထိန်းပြီး ကုတင်ဘေးကနေ ထရပ်လိုက်သည်။  ယဲ့ဆွေက ချန်ရှု့ရဲ့ ရုတ်တရတ် လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားပြီး သူမနဲ့တိုက်မိမည်ကို ကြောက်သဖြင့် ချက်ချင်း ရှောင်ထွက်သွားသည်။ 


 


 


 ချန်ရှု့က လူနာခန်းထဲက အမြန်ထွက်သွားပြီး ယဲ့​ဆွေက ချက်ချင်း နောက်မှလိုက်သွားခဲ့သည်။ 


 


 


 ချန်ရှု့က မန့်ဟန့်ရဲ့ ရုံးခန်းဆီ တန်းတန်းမတ်မတ်သွားခဲ့သည်။  ထိုအချိန်တွင် သူသည် ရုံးခန်းထဲတွင် တစ်ယောက်တည်း ရှိနေသည်။ သူ့စားပွဲပေါ်မှာ ယဲ့ဆွေ ရဲ့ ဆေးမှတ်တမ်းရှိသည်။ သူက မျက်မှောင်ကြုတ်ပြီး လေးနက်သောမျက်နှာဖြင့် အကြိမ်ကြိမ်စစ်ဆေးနေသည်။ 


 


 


 ယဲ့ဆွေသာ မနိုးလာရင် ချန်ရှု့ မကြာခင် ပျက်စီးသွားလိမ့်မယ်ဆိုတာ မန့်ဟန့် သိသည်။ 


 


 


 ရုတ်​တရက်​ တံခါးကို အလျင်​အမြန်​​ခေါက်​လိုက်​​သောအသံ​ကြားလိုက်ရပြီး  ဝင်​လာသူက ချန်ရှု့ ဖြစ်​သည်​။ 


 


 


 မန့်ဟန့်က ဆေးမှတ်တမ်းများကို စားပွဲပေါ်ပစ်တင်ကာ ပုံမှန်ပုံစံအတိုင်း ပြန်နေခဲ့သည်။  သူက ပြုံးပြီးပြောလိုက်သည်။ "မင်းဘာလို့ ယဲ့ဆွေနဲ့ မနေဘဲ ငါ့ကိုတွေ့ဖို့လာခဲ့တာလဲ?" 


 


 


 ချန်ရှု့ရဲ့လေသံထဲမှာ အနည်းငယ် စိုးရိမ်သလိုဖြစ်နေပြီး ပြောခဲ့သည်။ "ယဲ့ဆွေရဲ့ လက်ချောင်းက တစ်စုံတစ်ခုကြောင့် မီးလောင်သလို ဒဏ်ရာရသွားတယ်" 


 


 


 မန့်ဟန့်က လန့်သွားပြီး ချန်ရှု့ နောက်ကနေ လူနာခန်းထဲကို ချက်ချင်း လိုက်သွားခဲ့သည်။  သူက ယဲ့ဆွေ လက်ချောင်းပေါ်က ဒဏ်ရာကို အနီးကပ်ကြည့်ရှုခဲ့ပြီး ချန်ရှု့ ပြောသည့်အတိုင်းပင် ၎င်းသည် အမှန်တကယ်ပင် မီးလောင်ဒဏ်ရာဖြစ်သည်။ 


 


 


 ထူးဆန်းတာက ယဲ့ဆွေက တခြားသူတွေနဲ့ လုံးဝ မထိတွေ့မိဘူး။ သူမကို ချန်ရှု့က အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံပြီး ယဲ့ဆွေနဲ့ ထိတွေ့တဲ့  ဝန်ထမ်းတွေကို တင်းတင်းကျပ်ကျပ် ရွေးချယ်ထားတာကြောင့် အမှားအယွင်းတွေ ရှိနိုင်စရာမရှိဘူး။ 


 


 


 "စိတ်မပူပါနဲ့ ဒဏ်ရာက မပြင်းထန်ပါဘူး။ ဆေးလိမ်းပြီး မကြာခင် သက်သာလာမှာပါ”  မန့်ဟန့်က ထိုအချိန်ကာလအတွင်း ချန်ရှု့က အလွန်အကဲဆတ်ပြီး အနည်းငယ်သောအရာက သူ့ကို အထိတ်တလန့်ဖြစ်စေနိုင်သည်ကို သိသောကြောင့် ဦးစွာ သူ့စိတ်ခံစားချက်များကို ငြိမ်သက်စေခဲ့သည်။ 


 


 


 ချန်ရှု့က မျက်မှောင်ကြုတ်ပြီး ယဲ့ဆွေ ဒဏ်ရာကိုကြည့်ကာ ပြောလိုက်သည်။ "ဆေးပေး ယဲ့ဆွေကို လိမ်းပေးလိုက်မယ်" 


 


 


 ချန်ရှု့ရဲ့ စိုးရိမ်နေသော မျက်နှာကို ကြည့်ပြီး မန့်ဟန့်က ချက်ချင်း တုံ့ပြန်လိုက်သည်။ 


 


 


 ချန်ရှု့က သူ့ဒေါသကို မျိုသိပ်လိုက်ပြီး ယဲ့ဆွေကို အေးအေးဆေးဆေး ဆေးလိမ်းပေးနေတဲ့ ချန်ရှု့ နောက်ကျောဘက်ကို  မန့်ဟန့်ကြည့်ရင်း  သည်းမခံနိုင်တော့ပေ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ချန်ရှု့က ပြိုလဲလုနီးပါး ဖြစ်သွားလိမ့်မည်။ 


 


 


 သို့သော် သူသည် ပါဝင်ပတ်သက်သူမဟုတ်ပေ။  ထို့ကြောင့် သူ့ကိုသာ ဆွဲဆောင်နိုင်ခဲ့သည်။ ချန်ရှု့သာ သူ့ခံစားချက်တွေကို မထိန်းနိုင်ရင် သူ့မှာ ရွေးစရာလမ်းမရှိတော့ချေ။ 


 


 


 မန့်ဟန့်က ညည်းတွားကာ သက်ပြင်းတစ်ချက်ချရင်း၊ တွေးလိုက်မိသည်။ ' တကယ် ဘာဖြစ်သွားတာလဲ?  အခြေအနေကောင်းနေတဲ့ ချစ်ဇနီးမောင်နှံကတော့ ဒီလိုကွဲကွာသွားကြတယ်။  တစ်ယောက်က မေ့မြောနေပြီး နောက်တစ်ယောက်ကတော့ သူ့အသက်ဝိညာဉ် ဆုံးသွားသလိုပဲ။  နှစ်ယောက်လုံး စိတ်ဆင်းရဲနေရတယ်။' 


 


 


 မန့်ဟန့်က လှည့်လိုက်ကာ တံခါးကို တိတ်တဆိတ်ပိတ်လိုက်ပြီး ချန်ရှု့ နဲ့ ယဲ့ဆွေတို့ အခန်းထဲက ထွက်လာခဲ့သည်။ 


 


 


 ယဲ့ဆွေကလည်း မန့်ဟန့်ရဲ့ တုံ့ပြန်မှုကို သဘာဝအတိုင်း မြင်သည်။ ချန်ရှု့က  သူမအား ဆေးလိမ်းရန် ကူညီပေးနေသည်ကို အာရုံစိုက်ကြည့်သောအခါ နှာခေါင်းအနည်းငယ်ချဥ်လာသည်။ သူမ ကုတင်ပေါ်ပြန်ထိုင်ကာ ချန်ရှု့ ကိုကြည့်လိုက်သည်။ 


 


 


 ထိုနေ့မှစပြီး ချန်ရှု့ သွားသည့်နေရာတိုင်းတွင်  ယဲ့ဆွေက အရိပ်တစ်ခုလို သူ့နောက်သို့ လိုက်သွားမည်ဖြစ်သည်။  သူနဲ့ ဝေးဝေးမှာ မနေချင်ဘူး။ သူမသည် လူနာခန်းအတွင်းမှ လူများစွာ ဝင်ထွက်သွားလာသည်ကို ကြည့်နေခဲ့သည်။ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြပေမယ့် စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားခဲ့ကြသည်။ 


 


 


ယဲ့ဆွေက တစ်နေ့မှာ ချန်ရှု့ ခန္ဓာကိုယ် ပြိုကျသွားမည်ကို အမှန်တကယ် စိုးရိမ်နေသောကြောင့် သူမသည် အနောက်မှ အနီးကပ် လိုက်ကာ တစ်ချက်မှမလွဲပဲ သူ့ကို စိုက်ကြည့်နေသည်။ 


 


 


 "ချန်ရှု့ ဒီနေ့ ရှင် အစာလျှော့စားပြန်ပြီ။ ရှင် ဒီလိုဆက်သွားရင် ကျွန်မစိတ်မကောင်းဖြစ်လိမ့်မယ်" 


 


 


"ချန်ရှု့ ကျွန်မ ဒီအစားအစာမျိုးကို အကြိုက်ဆုံးပဲ။ နောက်ထပ်နည်းနည်းစားဖို့ ကူညီပေးပါ " 


 


 


 "ချန်ရှု့ ရှင် လမ်းလျှောက်တဲ့အခါ ကြမ်းပြင်ကို ကြည့်ဖို့ မမေ့နဲ့။ လဲကျမသွားစေနဲ့။ ဟွာရွေ့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဥက္ကဌက ကြမ်းပြင်ပေါ်လဲကျသွားတယ်ဆိုတာက မကောင်းဘူး ” 


 


 


 ချန်ရှု့ စားသည်ဖြစ်စေ၊ လမ်းလျှောက်သည်ဖြစ်စေ ယဲ့ဆွေက သူ့အနားမှာ အမြဲနောက်ယောင်ခံကာ လိုက်လာခဲ့သည်။ 


 


 


 ယဲ့ဆွေက ချန်ရှု့ အနားတွင် မည်မျှကျယ်လောင်စွာ ဘယ်လောက်ပဲ ပြောနေပါစေ သူ​မပြောတာကို မကြားနိုင်တာက ထူးဆန်းနေသလို ခံစားလိုက်ရသည်။  မမြင်နိုင်သော အတားအဆီးတစ်ခု ရှိနေပုံရသည်။ 


 


  


 ချန်ရှု့က မတုံ့ပြန်သော်လည်း ယဲ့ဆွေက သူ၏ တိတ်ဆိတ်သောကမ္ဘာကို ပိုရွှင်လန်းစေတော့မလို အဆက်မပြတ်ပြောနေခဲ့သည်။ 


 


 


 သူမနှင့် ချန်ရှု့က အနီးကပ်ဆုံးအကွာအဝေးနှင့် ပြတ်ပြတ်သားသား ကွဲကွာနေကြောင်း ယဲ့ဆွေ သဘောပေါက်ခဲ့သော်လည်း ယခုထိ မဆုံနိုင်တော့ပေ။  သူတို့ဟာ သနားစရာအကောင်းဆုံး စုံတွဲဖြစ်ခဲ့သည်။ 


 


 


 ချန်ရှု့ အိမ်ပြန်ခဲ့ပြီး ဆေးရုံမှာ တစ်ချိန်လုံး သူမနဲ့အတူနေခဲ့ရတာကို ယဲ့ဆွေ သိလိုက်ရသည်။  သူသည် လူနာခန်းထဲတွင်ပင် စားသောက်ပြီး အိပ်နေပေလိမ့်မည်။ 


 


 


 ကုမ္ပဏီ၏အလုပ်ကိုလည်း ချန်ရှု့က လူနာခန်းထဲကို  ပြောင်းရွှေ့ခဲ့သည်။  ရံဖန်ရံခါတွင် အရေးကြီးကိစ္စများရှိသောအခါတွင် သူ အပြင်ထွက်ရတတ်သည်။  သို့သော် နောက်ကျမှပြန်လာလျှင် သူမကိုဆုံးရှုံးမည်ကိုစိုးရိမ်သဖြင့် မကြာခင်မှာပြန်လာမည်ဖြစ်သည်။ 


 


 


 ယဲ့ဆွေက ချန်ရှု့နဲ့ ရက်အနည်းငယ်ကြာနေပြီးနောက် စင်္ကြံလမ်းလျှောက်လာသောအခါ အသံတစ်ခုကြောင့် ရုတ်တရက်ရပ်တန့်သွားသည်။ 


 


 


 "ယဲ့ဆွေ!"  ထိုအသံထဲမှာ အံ့သြနေမှုအပြည့်နဲ့။ 


 


 


 ယဲ့ဆွေ ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။  သူမသည် မည်သူနှင့်မျှ မဆက်ဆံသည်မှာ ကြာပြီဖြစ်သောကြောင့် သဘာဝအတိုင်း အံ့သြသွားမိသည်။ 


 


 


 ယဲ့ဆွေ လှည့်ကြည့်လိုက်တော့ အသံပိုင်ရှင်ဟာ သူမနဲ့အတူတူပဲ၊ ဝိညာဉ်တစ်ခုသာ ဖြစ်တယ်ဆိုတာ သူမ သိလိုက်ရသည်။ 


 


 


 သူ့ခြေထောက်တွေက မြေကြီးနဲ့ လုံးဝမထိတာဘဲ အဝေးကို လွင့်နေသည်။ 


 


 


 သရဲတစ္ဆေက အသက်မပြည့်သေးပေ။ သူမသည် ဆယ်ကျော်သက်အရွယ်ခန့်ရှိပြီ၊ သူမ၏ မျက်ရည်စများ မျက်နှာငယ်လေးသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး အလွန်ရှက်ရွံ့နေပုံရသည်။ 


 


 


သို့သော် တစ္ဆေမိန်းကလေးသည် ယဲ့ဆွေရဲ့ မျက်လုံးများကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသည်။ ယဲ့ဆွေ သူမကို ကြည့်လိုက်တော့ ချက်ချင်းဆိုသလို လွင့်ပျံသွားသည်။ 


 


 


 ယဲ့ဆွေက ကလေးမလေး ဝမ်းနည်းစွာ ငိုနေသည် ကို မြင်သောအခါ သူမ ချက်ခြင်း မထွက်သွားဘဲ ချန်ရှု့  နောက်ကျောကို ကြည့်ရင်း လူနာခန်းရဲ့ ဦးတည်ရာဆီသို့ လျှောက်သွားနေသော သူ့ကို ငေးကြည့်နေမိသည်။ 


 


 


 "မင်းငါ့ကိုမှတ်မိလား? " ယဲ့ဆွေက နေရောင်ကို ရှောင်လိုက်ပြီး စင်္ကြံထောင့်တွင် ရပ်လိုက်သည်။ 


 


 


 တစ္ဆေမိန်းကလေးက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး ပြောခဲ့သည်။ "မင်းက ငါ့ရဲ့ အိုင်​ဒေါ၊ ငါမင်းကို သိပါတယ်" 


 


 


 ယဲ့ဆွေက စက္ကန့်အနည်းငယ်မျှ အံ့အားသင့်သွားသည်။  သရဲတစ္ဆေဖြစ်လာပြီးသည့်တိုင် သူမပရိသတ်နှင့် တွေ့ဆုံရမည်ဟု သူမမျှော်လင့်ထားပေ။ 


 


 


 ယဲ့ဆွေ - "မင်းဘာလို့ဒီကိုရောက်နေတာလဲ? " 


 


 


 တစ္ဆေမိန်းကလေး ယဲ့ဆွေ၏မေးခွန်းကိုကြားသောအခါတွင် သူမနှာခေါင်းကို ပွတ်ကာ ပြန်ဖြေလာတာကို ကြားလိုက်ရသည်။  “ကားအက်ဆီးဒင့်ဖြစ်ခဲ့ပြီးတော့ ညီမခန္ဓာကိုယ်က ခွဲစိတ်ခန်းထဲမှာပဲ ရှိသေးတယ်”  


 


 


 တစ္ဆေမိန်းကလေးသည် အလွန်ဆိုးရွားစွာ ငိုခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ တစ္ဆေဖြစ်သွားပြီဆိုတဲ့အချက်ကို ဘယ်သူက ချက်ချင်းလက်မခံနိုင်မှာလဲ?  သူမလည်း အတူတူပဲ မဟုတ်လား?  


 


 


 ယဲ့ဆွေက ဤသရဲတစ္ဆေမိန်းကလေးအတွက် စိတ်မကောင်းဖြစ်မိပြီး သူမသည် လက်ကိုဆန့်ကာ ခေါင်းကို ညင်သာစွာပွတ်သပ်ရင်း “မငိုပါနဲ့တော့” ဟုပြောလိုက်သည်။ 


 


 


 ကလေးမလေးက သရဲတစ္ဆေဖြစ်သွားပြီးနောက်တွင် ကြောက်ရွံ့ခြင်းနှင့် အကူအညီမဲ့ခြင်းများဖြင့် ပြည့်နှက်နေသော်လည်း ယဲ့ဆွေက သူမအား နူးညံ့စွာ နှစ်သိမ့်ပေးပြီးနောက်တွင် သူမ၏ မျက်ရည်များက တဖြည်းဖြည်း ရပ်တန့်သွားသည်။ 


 


 


 "အဲဒီလူက မင်းရဲ့ယောက်ျားပဲ။ သူ့အသွင်အပြင်ကို ငါမှတ်မိတယ် "  လို့ ပြောခဲ့သည်။ 


 


 


 ယဲ့ဆွေက ခါးသီးစွာ ပြုံးပြီး ဒီမေးခွန်းကို ခေါင်းညိမ့်ပြလိုက်သည်။ 


 


 


 တစ္ဆေမိန်းကလေးက “မင်း မေ့မြောနေပြီး ငါတို့ပရိသတ်တွေ ငိုလို့ မျက်လုံးတွေ ရောင်နေပြီ။ ငါမသေခင် မင်းကို နောက်ဆုံးအကြိမ်တွေ့ဖို့ မမျှော်လင့်ထားဘူး" 


 


 


 သူမတို့စကားဝိုင်းကြားတွင်၊ ခွဲစိတ်ခန်းတံခါးပွင့်လာပြီး သရဲမိန်းကလေး၏ ခန္ဓာကိုယ်အစစ်အမှန်ကို တွန်းထုတ်လာရာ ဆရာဝန်က သူမသေဆုံးကြောင်း ဝမ်းနည်းကြေကွဲစွာ ကြေညာခဲ့သည်။ 


 


 


 စင်္ကြံမှာ နှလုံးခုန်သံတွေ ရုတ်တရက် ထွက်ပေါ်လာသည်။  တစ္ဆေမိန်းကလေးက သူ့မိသားစု နာကျင်နေတာကိုမြင်တော့ ယဲ့ဆွေကိုကြည့်ဖို့ ခေါင်းကိုလှည့်ရင်း မျက်ရည်တွေ ခံနိုင်ရည်ရှိလာသည်။ 


 


 


 ယဲ့ဆွေက ခေါင်းညိတ်ပြလိုက်ရင်း သူ့အမေနဲ့ နီးနီးကပ်ကပ် ကပ်နေတဲ့ တစ္ဆေမိန်းကလေးကို ကြည့်လိုက်သည်။ နောက်ဆုံးနှုတ်ဆက်သွားပုံပင်။ 


 


 


 ယဲ့ဆွေက ဝမ်းနည်းစရာ မြင်ကွင်းကို သည်းမခံနိုင်ဘဲ သူမ၏ လူနာခန်းဆီ ပြန်လာခဲ့သည်။ ခဏကြာပြီးနောက် ဆူဆူညံညံ အော်ဟစ်သံများ ပျောက်ကွယ်သွားကာ လူနာခန်းကြီးသည် သေမင်းတမန်အလား တိတ်ဆိတ်သွားပြန်သည်။ 


 


 


 ယဲ့ဆွေက ချန်ရှု့ရဲ့ ပိုပိန်လာတဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။  သူမ ဖြစ်တည်မှုအကြောင်းကို သူသိအောင်ပြောပြရမည်ဟု သူမထင်ခဲ့သည်။ သူမကို မမြင်နိုင်ရင်တောင် အနည်းဆုံးတော့ သူမအနားမှာ အမြဲရှိနေတယ်ဆိုတာ သူသိမှာပါ။ 


 


 


 နေဝင်ရီတရောအချိန်မှာ တစ်ခုခုပေါ်လာပြီး ချန်ရှု့က လူနာခန်းထဲက ထွက်သွားခဲ့သည်။  ဒီတစ်ကြိမ်မှာတော့ ယဲ့ဆွေက သူ့နောက်ကို မလိုက်ဘဲ လူနာခန်းကို လှည့်ပတ်ကြည့်လိုက်သည်။ 


 


 


 ညနေခင်း နေရောင်က ပြတင်းပေါက်ကနေ အခန်းကို တောက်ပစေသည်။ အလင်းနှင့် အရိပ်တို့က မြေပြင်ပေါ်တွင် အပြန်ပြန်အလှန်လှန် ရွေ့လျားသွားကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ 


 


 


 ညမိုးချုပ်လာသည်နှင့်အမျှ၊ ညလေညင်းတွင် ခြောက်သွေ့မှုအရိပ်အယောင်များ ဖုံးကွယ်ထားရာ လူများ အကြောင်းပြချက်မရှိဘဲ ထိတ်လန့်တုန်လှုပ်သွားသော်လည်း ချန်ရှု့ ပြန်မလာသေးပေ။ 


 


 


 ယဲ့ဆွေက ချန်ရှု့ ဘယ်မှာရှိနေလဲ၊ ဘယ်မှာရှာရမလဲ ဆိုတု မသိပေ။  သူမသည် တံခါးကို ထိတ်လန့်စွာကြည့်ကာ သူမလက်ထဲမှ ခွန်အားကို မသိစိတ်ဖြင့် ထုတ်ယူလိုက်သည်။ 


 


 


 ဘုန်း ကနဲဆိုတဲ့အသံနှင့်အတူ လူနာအတွင်းရှိ စားပွဲပေါ်ရှိ အလှဆင်ပစ္စည်းတစ်ခုကို သူမ မြေပြင်ပေါ် ပစ်ချမိလိုက်သည်။ 


 


 


 တိတ်ဆိတ်သော လူနာထဲတွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာပြီး ယဲ့ဆွေ လန့်သွားသည်။  သို့သော် သူမ၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်း နည်းလမ်းကို ရှာတွေ့သွားခဲ့သည်။ 


 


 


 ယဲ့ဆွေက သူမသည် အနည်းငယ် မိုက်မဲလွန်းသည်ဟု ခံစားခဲ့ရပြီး ထိုထိတ်လန့်မှုက သူမအား ယခင်တစ္ဆေကျင့်စဉ်များကို မေ့သွားစေသည်။ 


 


 


 ယဲ့ဆွေက သူမရောက်ရှိနေခြင်းကို ချန်ရှု့ သတိပြုမိစေရန် အခန်းတွင်းရှိ အရာများကို တမင်ရွှေ့နိုင်သည်။  သတိထားရမှာဖြစ်ပြီး မဟုတ်ပါက ချန်ရှု့ကိုနှောင့်ယှက်လိုသော သရဲတစ္ဆေအဖြစ် သဘောထားခံရမည်ဆိုလျှင် မကောင်းတော့ပေ။ 


 


 


 ဆရာဝန်တွေနဲ့ သူနာပြုတွေက ဒီကို အကြိမ်ကြိမ် ရောက်ဖူးသည်။  ယန်လန်နဲ့ ရှောင်လျှို့တို့သည်လည်း လူနာခန်းဆီ သွားရောက်ခဲ့ကြသည်။  သူတို့၏အခြေအနေများသည် ချန်ရှု့ ထက်သာလွန်သော်လည်း သူတို့မျက်နှာများက ပါးလွှာပြီး ဖြူဖျော့နေသည်။ 


 


 


ယဲ့ဆွေက ဆေးရုံမှ ထွက်သွားချိန်အထိ သူတို့နောက်ကို အနီးကပ်လိုက်ခဲ့သည်။ 


 


 


 ယဲ့ဆွေ လူနာခန်းထဲ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ လူနာခန်းတံခါးက ပြန်ပွင့်လာပြီး ချန်ရှု့က  တံခါးကနေ ဝင်လာခဲ့သည်။  ကုတင်ပေါ်မှ ယဲ့ဆွေကိုတွေ့လိုက်သည် အထိ သူ စိတ်သက်သာရာ ရသွားသည်။ 


 


 


 ချန်ရှု့က ချက်ချင်း အိပ်ပျော်မသွားဘဲ ကုမ္ပဏီကိစ္စများကို ကိုင်တွယ်ဖြေရှင်းရင်း စားပွဲပေါ်တွင် ထိုင်နေခဲ့သည်။ 


 


 


 ယဲ့ဆွေက ချန်ရှု့ သူမ ဖြစ်တည်မှုကို သတိပြုမိစေရန် သူမ၏ အစီအစဉ်ကို စတင်အကောင်အထည်ဖော်တော့မည်ဖြစ်သည်။ 


 


 


 ဒီအချိန်မှာ အရာရာဟာ တည်ငြိမ်အေးချမ်းမှုဆီကို ပြန်ရောက်သွားသလို နေ့စဉ်နဲ့အမျှ ရှုပ်ယှက်ခတ်မှုတွေ ပျောက်ကွယ်သွားခဲ့ပြီ။  လေတိုက်သံတောင် ရပ်သွားသလိုပဲ၊ လူနာခန်းထဲမှာ စက်ကိရိယာသံတွေသာ ကြားရသည်။ 


 


 


 ချန်ရှု့က အလုပ်အပေါ် အာရုံစိုက်ထားသော်လည်း ယဲ့ဆွေကို အခါအားလျော်စွာ မော့ကြည့်နေဆဲဖြစ်သည်။ 


 


 


 ယဲ့ဆွေက အသက်ပြင်းပြင်းရှူပြီး ချန်ရှု့နဲ့ ဆန့်ကျင်ဘက် စားပွဲဆီသို့ လျှောက်သွားသည်။  သူမသည် စားပွဲကို လှည့်ပတ်ကာ ပန်းတိုင်ကို ဆုံးဖြတ်လိုက်သည်။ 


 


 


 ယဲ့ဆွေက သူမလက်ကို အသေအချာ ဆန့်တန်းလိုက်သည်။  ချန်ရှု့ကို မထိဘဲ သူမ စားပွဲပေါ်က ဘောပင်ကို ထိုးလိုက်ချိန် ဘောပင်က ချန်ရှု့ လက်ဆီ လှိမ့်သွားသည်။ 


 


 


 နောက်တစ်စက္ကန့်မှာတော့ ချန်ရှု့ ရဲ့လက်ဖမိုးမှာ အေးစက်တဲ့ အထိအတွေ့တစ်ခုရှိနေတော့ သူက မျက်မှောင်ကြုတ်ပြီး သူ့အလုပ်ဆက်လုပ်ရင်း ဘောပင်ကို ဘေးဖယ်ထားလိုက်သည်။ 


 


 


 ယဲ့ဆွေက အရှုံးမပေးဘူး။ သူမက စားပွဲအစွန်းတွင် စုပုံထားသော စာရွက်စာတန်းများဆီသို့ လျှောက်သွားကာ အပေါ်မှ တစ်ခုကို ဆွဲထုတ်လိုက်သည်။  သူမ စာရွက်ကို လေထဲလွှင့်ပစ်လိုက်ပြီး မြေပြင်ပေါ် ပေါ့ပေါ့ပါးပါး ကျသွားခဲ့သည်။ 


 


 


 ချန်ရှု့က  ဒီကိစ္စကို စိတ်ထဲမထားဘဲ ငုံ့ပြီး ကြမ်းပြင်ပေါ်က စာရွက်ကို ကောက်ကိုင်လိုက်ပြီး ဖိုင်ထဲ ပြန်ထည့်လိုက်သည်။ 


 


 


 ယဲ့ဆွေက သက်ပြင်းချလိုက်ပြီး အခြားနည်းလမ်းများကိုသာ ရွေးချယ်နိုင်ခဲ့သည်။ 


 


 


 ချန်ရှု့က မတ်တပ်ထရပ်ပြီး သူ့မူလနေရာသို့ ပြန်ရောက်ခါနီးအချိန်တွင် လူနာခန်းထဲတွင် ပူပြင်းသောနွေရာသီလေတိုက်ခတ်လာသဖြင့် အနောက်မှလေပြင်းများ ရုတ်တရက်ထွက်လာသည်။ 


 


 


ကန့်လန့်ကာများသည် လေတိုက်၍ တိုက်ခတ်သွားကာ ညကောင်းကင်ယံ၌ အပြင်ဘက်တွင် တွဲလောင်းကျနေသော တစ်ခုတည်းသော ကြယ်အနည်းငယ်ရှိသည်။ 


 


 


 ဒီတစ်ကြိမ်မှာတော့ ချန်ရှု့က တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရသည်။ သူ့မှတ်ဉာဏ်က အရမ်းကောင်းပြီး ဘယ်တော့မှ အမှားမလုပ်ဖူးဘူး။  ပြတင်းပေါက်ကို ပိတ်ထားတာကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ 


 


 


 ဒီအချိန်တွေထဲမှာ သူ့ကလွဲလို့ ဘယ်သူမှ ဝင်မလာဘူး။  ဒါဆို ပြတင်းပေါက်က သူ့ဘာသာသူ ဘယ်လိုပွင့်နိုင်မှာလဲ? 


 


 


 ချန်ရှု့က ယဲ့ဆွေနဲ့ ယခင်က သူကြုံတွေ့ခဲ့ရသော သဘာဝလွန်ဖြစ်ရပ်များကို ရုတ်တရက် သတိရသွားသည်။  အစကတည်းက ဘောပင်နဲ့ အစောကဟာတွေထိ သရဲတစ္ဆေတွေက နောက်ပြောင်နေပုံရတယ်။ 


 


 


 ချန်ရှု့က လေးနက်စွာပြောလိုက်သည်။ " မင်းဘယ်သူပဲဖြစ်ပါစေ အခုထွက်သွား၊ ငါ့မိန်းမအနားယူတာကို မနှောင့်ယှက်နဲ့" 


 


 


 ပြတင်းပေါက်ဆီသို့ အမြန်လျှောက်သွားပြီး ပိတ်လိုက်သည်။  လေ တိုက်ခတ်လာတာက ရပ်တန့်သွားသဖြင့် လိုက်ကာတွေက တစ်ဖန် ငြိမ်သက်သွားသည်။ 


 


 


 ချန်ရှု့က စားပွဲဆီသို့ ပြန်လှည့်လာသောအခါ စားပွဲပေါ်ရှိ ဘောပင်ကို ရွှေ့လိုက်ပြီး စာရွက်ဗလာပေါ်တွင် ရေးနေသည်ယ  တစ္ဆေသည် သူနှင့်ဝေးကွာနေချိန်၌ ဘောပင်ကို ကောက်ယူရန် သတ္တိရှိပုံရသည်။ 


 


 


 သာမာန်လူများသည် ညဘက်တွင် ထိုကဲ့သို့သော မြင်ကွင်းကို မြင်လိုက်ရသောအခါ လုံးဝကို ထိတ်လန့်သွားသော်လည်း ချန်ရှု့က မျက်နှာမပြောင်းဘဲ စားပွဲဆီသို့ပင် လှမ်းလာခဲ့သည်။ 


 


 


 စားပွဲဆီသို့ လျှောက်လာသောအခါ ဘောပင်သည် စားပွဲပေါ်မှ လျှပ်တပြက်အသံနှင့်အတူ ပြုတ်ကျသွားကာ အစောက မြင်ကွင်းကလွဲလို့ ဘာမှမဟုတ်သလိုပဲ။ 


 


 


 ချန်ရှု့က စာရွက်လေးပေါ်မှာ စာလုံးလေးလုံးနဲ့ စာရွက်ကို ငုံ့ကြည့်လိုက်သည်။ 


 


 


 "ကျွန်မက ယဲ့ဆွေ " 


 


 


 ဤစကားများသည် ချန်ရှု့ မျက်လုံးများတွင် သက်ရောက်မှုများစွာဖြင့် ထင်ဟပ်နေခဲ့သည်။  ခဏကြာအောင် စိုက်ကြည့်ပြီးနောက် စာရွက်ကို တုန်တုန်ယင်ယင်နဲ့ ကောက်ကိုင်လိုက်သည်။ 


 


 


 ချန်ရှု့က အထပ်ထပ်အခါခါကြည့်ပြီးနောက် လူနာခန်းရဲ့ ထောင့်တစ်ဝိုက်ကိုကြည့်ကာ မေးလိုက်သည်။ "ယဲ့ဆွေ ဒါက တကယ်ပဲ မင်းလား?" 


 


 


 အသံကျသွားသည်နှင့် တပြိုင်နက် လူနာခန်းထောင့်ရှိ ပရိဘောဂများ ပြုတ်ကျသွားကာ သူ့မေးခွန်းကို ယခုပင် ဖြေလိုက်ပုံရသည်။ 


 


 


 ချန်ရှု့က စာရွက်ကို ဘယ်ကနေစရမှန်းတောင် မသိအောင် စိတ်လှုပ်ရှားစွာ သူ့လက်ထဲမှာ ညှစ်လိုက်မိသည်။ 


 


 


 ချန်ရှု့က စာရွက်အလွတ်တစ်ရွက်ကို ထုတ်ပြီး စားပွဲပေါ်ပြန်တင်ကာ "ဆက်ရေးနိုင်သေးတယ်" ဟုပြောကာ ဘေးနားရှိ ဘောပင်ကို ကောက်ကိုင်လိုက်သည်။ 


 


 


 ချန်ရှု့ ပြောပြီးသည့်နောက်တွင် ဘောပင်သည် အချိန်အတော်ကြာအောင် မလှုပ်မရှားဖြစ်နေခဲ့ပြီး ခဏအကြာမှ ယခင်ကဲ့သို့ စာရွက်ပေါ်တွင် ရွေ့လျားကာ ရေးခဲ့သည်။ 


 


 


 ချန်ရှု့က ချက်ချင်းပင် သတိပြန်ဝင်လာသည်။  သူသည် သူ့ ယန် ခန္ဓာကိုယ်ကိုယ် မေ့လုနီးပါးဖြစ်ပြီး ထိုအရာက သရဲတစ္ဆေများနှင့် ယဲ့ဆွေကို ထိခိုက်စေနိုင်သည်။ 


 


 


 ချန်ရှု့က ခြေလှမ်းအနည်းငယ်မျှ လျင်မြန်စွာ ဆုတ်သွားပြီး စားပွဲနှင့် ခပ်လှမ်းလှမ်း ထွက်ခွာသွားသည်။ 


 


 


 စက္ကန့်အနည်းငယ်အကြာတွင် ဘောပင်သည် တစ်ဖန်ပြန်ထလာပြီး စာရေးပြီးနောက်၊ စာရွက်ဗလာသည် ပေါ့ပေါ့ပါးပါး ပျံသန်းသွားပြီး ချန်ရှု့ခြေရင်းဆီသို့ လွင့်ပျံလာသည်။ 


 


 


 "ရှင့်အနားမှာ ကျွန်မအမြဲရှိနေတော့ ရှင့်ကိုယ်ရှင် ဂရုစိုက်ရမယ်နော် " 


 


 


 ချန်ရှု့က ယခုချိန်တွင် ကလေးဘဝကဲ့သို့ပင် နုနယ်သည်။  သူက စာရွက်ပေါ်က စကားလုံးတွေကို ချစ်စရာကောင်းစွာ ကြည့်ပြီး သူ့အသံက “နောက်ပိုင်းကျရင် သေချာနားထောင်ပါ့မယ်” လို့ တောင်းပန်သံ ထွက်လာသည်။ 


 


 


 ချန်ရှု့သည် ယဲ့ဆွေ တည်ရှိမှုကို သိရှိပြီးကတည်းက စာရွက်များပေါ်တွင် စာရေးခြင်းဖြင့် ဆက်သွယ်လာခဲ့သည်။ 


 


 


 ဤအကြောင်းကြောင့် ချန်ရှု့ အခြေအနေက ရုတ်ချည်း တိုးတက်လာသည်။  သူသည် ယခင်က အလုပ်ကြိုးစားပြီး လူအများနှင့် ပြောဆိုဆက်ဆံခဲ့သေးသော်လည်း ယခုတော့ သူ့တွင် အမှန်တကယ် စိတ်ဝိညာဉ်ရှိပုံရသည်။ 


 


 


 ချန်ရှု့က ယန်လန်ကို ပြောလိုက်သည်။   "အမေ အမေအိမ်မှာ ယဲ့ဆွေ အကြိုက်ဆုံးဟင်းပွဲတွေကို မှတ်မိသေးလား? မနက်ဖြန် သူတို့ကို ရအောင် ကူညီပေးနိုင်မလား?" 


 


 


 ယန်လန်သည် ချန်ရှု့  စကားကိုကြားသောအခါ သူမချက်ချင်းပြုံးလိုက်ပြီး သူမနှလုံးသားထဲက ကျောက်တုံးကြီးလည်း ကြွတက်လာသည်။ ယဲ့ဆွေ မေ့မြောသွားပြီးနောက် ချန်ရှု့က အစာကောင်းကောင်းမစားခဲ့ပါ။ 


 


 


 ယန်လန်သည်လည်း ယဲ့ဆွေ မကြာမီ နိုးထလာမည်ဟု မျှော်လင့်သော်လည်း ချန်ရှု့  ခန္ဓာကိုယ်ကို ဤကဲ့သို့ ပြိုပျက်မသွားစေချင်ပေ။ 


 


 


 ယန်လန်၏ အသံမှာ ရှိုက်ကြီးတငင် ငိုယိုလျက် ပြန်ဖြေခဲ့သည်။  "ကောင်းပြီ၊ သား ဘာစားချင်သေးလဲ။ အမေ  လုပ်ပေးမယ်" 


 


 


 ​နောက်​တစ်​​နေ့တွင်​ ဝမ်ချွမ်းက ချန်ရှု့နဲ့ ​ ​တွေ့ရန်​ လူနာခန်းဆီလာခဲ့သည်။  ဒါပေမယ့် သူ ဓာတ်လှေကားမှ ဆင်းလိုက်သည်နှင့် ချန်ရှု့က ရှေ့သို့ လှမ်းသွားသည်ကို တွေ့လိုက်ရသည်။ 


 


 


 ဥက္ကဌချန်က ဘာမှ မပြောခင်မှာ ဝမ်ချွမ်းက တစ်ခုခုမှားနေပြီလို့ ခံစားရသည်။ 


 


 


 စင်္ကြံ၏အဆုံး ပြတင်းပေါက်မှ နေရောင်သည် ဝင်လာသည်။  ဒါက အဖြစ်အများဆုံးကိစ္စဖြစ်ပေမဲ့ ဥက္ကဌချန်ရဲ့အမြင်အရတော့ ရန်သူဖြစ်ပုံရသည်။ 


 


 


 ဥက္ကဌချန်က နေရောင်ရှိသော နေရာတွင် သတိထားပြီး သွားလာပြီး အထူးသဖြင့် ၎င်းကို ရှောင်သည်။  သူ စိတ်ရှုပ်သွားသလို စင်္ကြံလမ်းက လွတ်နေတယ်ထင်လို့ အခုထိ သွားရမှာလား?  


 


 


 ဓာတ်လှေကားတံခါးပွင့်လာသောအခါ ဝမ်ချွမ်း၏စိတ်ထဲတွင် သံသယများကို မဖြေရှင်းနိုင်သေးဘဲ ယန်လန်သည် ပျော်ရွှင်သောအမူအရာဖြင့် ဓာတ်လှေကားထဲမှ ထွက်လာကာ သူမ၏လက်ထဲတွင် အိတ်ကြီးတစ်လုံးကို ကိုင်ဆောင်လာသည်။ 


 


 


ဒါကိုမြင်တော့ ဝမ်ချွမ်းက ချက်ချင်း ရှေ့ကို တိုးလာပြီး မေးလိုက်သည်။ "ဒါတွေက ဘာတွေလဲ? " 


 


 


 ယန်လန်က ဝမ်းသာအားရနဲ့ ပြောလာသည်။ "ချန်ရှု့က ဒါတွေစားချင်တယ်လို့ ပြောပြီး သူ့အတွက် အထူးတလည်လုပ်ပေးခိုင်းထားတာ"  ယန်လန်က အစားအသောကို နည်းနည်းလေး ချက်လာတာမဟုတ်ဘူး။ ချန်ရှု့ များများစားနိုင်စေရန်အတွက် သူမသည် ဟင်းမျိုးစုံကို အထူးပြုလုပ်ခဲ့သည်။ 


 


 


 ဝမ်ချွမ်းက သူ့ ဦနှောက် ချို့ယွင်းချက်သွားပြီလို့ ထင်မှတ်လုနီးပါးပင်။  ယဲ့ဆွေ မေ့မြောသွားပြီးနောက်တွင် ချန်ရှု့က အခြားအရာများကို ဂရုမစိုက်ခဲ့ပေ။ သို့သော် နောက်ဆုံးတွင် သူသည် ပထမအကြိမ်စားရန် အစပြုခဲ့သည်။ 


 


 


 ဝမ်ချွမ်းက ရှုပ်ထွေးနေသည့်အကြည့်ဖြင့် အိတ်ကြီးများကိုယူကာ ယန်လန်နှင့်အတူ လူနာခန်းဆီ လျှောက်သွားလိုက်သည်။  ချန်ရှု့က သူတို့ဝင်လာတာကိုတွေ့တော့ သူက ပြုံးကာ မတ်တပ်ရပ်ပြီး သူတို့ကို နှုတ်ဆက်လာသည်။ 


 


 


 ယန်လန်နဲ့ ဝမ်ချွမ်း နှစ်ဦးစလုံးက  ချန်ရှု့ရဲ့ ကြီးမားသောပြောင်းလဲမှုကြောင့် ထိတ်လန့်သွားကြသည်။  “အမေ  တကယ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တာပဲ” လို့ပြောလာပြီး သူ့အရင်ပုံစံ ပြန်ရောက်သွားပုံရသည်။ 


 


 


 ဒီဟင်းလျာတွေကို ယဲ့ဆွေ ကြိုက်တယ်ဆိုတာ ချန်ရှု့ သိသည်။  ယဲ့ဆွေက သူတို့ကို မစားနိုင်ပေမယ့် သူနဲ့အတူလိုက်သွားရင်း စားချင်နေသေးသည်။ 


 


 


 ချန်ရှု့က စားပွဲအနားသို့ လျှောက်သွားပြီး စားပွဲပေါ်ရှိ ဟင်းပူပူများကို သပ်သပ်ရပ်ရပ် ခင်းကျင်းလိုက်သည်။  ထူးဆန်းသည်မှာ သူသည် ယဲ့ဆွေ ကြိုက်သောအရာများကို စားပွဲ၏တစ်ဖက်ခြမ်းသို့ ရွှေ့လိုက်သည်။ 


 


 


 ချန်ရှု့က နောက်ထပ် ပန်းကန်လုံးတစ်ချောင်းကို ထုတ်ကာ တစ်ဖက်ခြမ်းတွင် ထားလိုက်သည်။ ဝမ်ချွမ်းနဲ့ ယန်လန်တို့ရဲ့ ထိတ်လန့်တုန်လှုပ်သော မျက်လုံးများအောက်တွင် သူသည် အစားအစာများကို တူနှင့်အတူ ကောက်ယူပြီး ဆန့်ကျင်ဘက်ပန်းကန်ထဲသို့ ထည့်လိုက်သည်။ 


 


 


 "ယဲ့​ဆွေ ဒီဟင်းက မင်းအကြိုက်ဆုံးပဲ" 


 


  


 ချန်ရှု့က လေထဲကို ရှင်းရှင်းလင်းလင်း ပြောနေပေမယ့် သူ့အမူအရာက ယဲ့ဆွေက ရှေ့မှာ ထိုင်ပြီး သူနဲ့အတူ ထမင်းစားနေပုံပဲ။ 


 


 


 ချန်ရှု့က အချိန်အတော်ကြာအောင် စောင့်ရင်း တစ်ဖက်ကို ကြည့်လိုက်ပြီးနောက် ကျေနပ်စွာ စားနေတော့သည်။ 


 


 


 ဘေးတွင်ရပ်နေသော ဝမ်ချွမ်းနဲ့ ယန်လန်မှာ  ထိတ်လန့်သွားကြသည်။ စကားတောင် မပြောနိုင်ခဲ့ကြဘူး။  တညီတညွတ်တည်း ခေါင်းကိုလှည့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကြသည်။ 


 


 


 ယန်လန်က စိတ်မကောင်းစွာ တွေးလိုက်မိသည်။ ' ငါ့သားမက်တော့ ရူးသွားပြီ ' 


 


 


 ဝမ်ချွမ်းကလည်း ထိတ်လန့်စွာ တွေးလိုက်မိသည်။ ' ဥက္ကဌချန်က မမှန်မကန် ဖြစ်နေပုံရတယ် '