လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၁၃၉ - သူမပြန်လာပြီ!
ချန်ရှု့က ယန်လန်နဲ့ ဝမ်ချွမ်းတို့ကြားက ပုံမှန်မဟုတ်သော လေထုထဲရှိ စကားပြောဆိုမှုကို သတိမထားမိဘဲ သူက ဟင်းသီးဟင်းရွက်များကို သူ့ရဲ့တူတွေနဲ့ ညှပ်ပြီး မျက်နှာချင်းဆိုင်က ပန်းကန်လုံးထဲထည့်နေဆဲပင်။
ယဲ့ဆွေရဲ့ ဝိညာဉ်က ချန်ရှု့ မျက်နှာချင်းဆိုင်ဘက်၌ အမှန်တကယ် ထိုင်နေပြီး လူနာဆောင်ထဲတွင် အခြားမည်သူမျှ မရှိတော့သကဲ့သို့ သူပြုမူနေတာကို မြင်လိုက်ရသောအခါတွင် သူမ နဖူးကို နှိပ်နယ်ရုံသာတတ်နိုင်တော့သည်။
ချန်ရှု့ အဲ့လိုပြုမူနေတာက အလွန်ထူးဆန်းသည်။ အဲ့တာကိုဘယ်သူပဲတွေ့သွားပါစေ သူပုံမှန်မဟုတ်ဘူးလို့ သူတို့ ခံစားသွားရလိမ့်မည်။ ချန်ရှု့နဲ့ယဲ့ဆွေတို့က ယခင်က သရဲတစ္ဆေများစွာနှင့် ကြုံတွေ့ခဲ့ဖူးသော်လည်း ဝမ်ချွမ်းနဲ့ ယန်လန်က သူတို့၏ဘ၀တွင် ထိုသို့သောအဖြစ်မျိုးကို မကြုံတွေ့ဖူးခဲ့ကြပေ။
ယဲ့ဆွေက ချန်ရှု့ကလွဲပြီး အခြားသူတွေကို သူမ ဖြစ်တည်မှုအကြောင်းကို ပြောပြဖို့ အစီအစဉ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူမက သူတို့ကို ခြောက်လန့်မိသွားမှာကို စိုးရိမ်မိတာကြောင့်ဖြစ်သည်။
ထိုအချိန်တွင်၊ ယဲ့ဆွေက ချန်ရှု့၏ ထူးဆန်းသော အပြုအမူကို ရပ်တန့်ရန် အလျင်စလို မလုပ်ဆောင်နိုင်ခဲ့ပေ။ နောက်ဆုံးတော့ ဘောပင်က ရုတ်တရက်ကြီး လေထဲမှာ လှန်နေတာက ထူးဆန်းသည်။
ယန်လန်က ချန်ရှု့၏အသွင်အပြင်ကိုကြည့်ပြီး အသက်ပြင်းပြင်းရှူကာ သူမမျက်ရည်မကျချင်ဘူး။ သို့သော် သူမနှင့်မတူဘဲ ဝမ်ချွမ်းက ရဲဝံ့စွာမေးလိုက်သည်။
"ဥက္ကဌ ချန်၊ ဘာလို့ ပန်းကန်နဲ့ တူအပိုတစ်စုံ ထပ်ထည့်ရတာလဲ?"
ချန်ရှု့က ယဲ့ဆွေ၏ အတွေးအမြင်ကို နားလည်ပြီး “ယဲ့ဆွေ ဒီမှာပဲရှိနေမယ်လို့ ငါထင်တယ် ” ဟု ရှောင်လွှဲကာ ပြန်ပြောလိုက်ပြီး သူ့ကိစ္စကို ဖုံးကွယ်ထားလိုက်သည်။
ဝမ်ချွမ်း စိတ်ပျက်အံ့အားသင့်သွားပြီး တွေးလိုက်မိသည်။ 'ဟုတ်တယ်၊ ဥက္ကဌ ချန် သေချာပေါက် ရူးသွားပြီ။ '
ဝမ်ချွမ်းနဲ့ ယန်လန်တို့က အခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။ မထွက်ခွာခင်မှာ ယန်လန်က ချန်ရှု့ကို ယဲ့ဆွေ အကြိုက်ဆုံးအစားအစာကို မနက်ဖြန် ယူလာပေးမယ်လို့ အထူးသတိပေးခဲ့သည်။
ချန်ရှု့က ယဲ့ဆွေဒီမှာရှိနေတယ်လို့ စိတ်ကူးပုံဖော်ထားပြီး သူအစားစားနေသရွေ့ မည်သည့် အကြောင်းကြောင့်ပင်ဖြစ်စေ သူ့ခန္ဓာကိုယ် ကို ကောင်းကောင်း ဂရုစိုက်နိုင်သရွေ့ကတော့ ယန်လန် အတွက် လုံလောက်သည် ထက်ပိုနေပြီ။ သူမ၏ နှလုံးသားထဲတွင်တော့ ယဲ့ဆွေက နောင်တစ်ချိန်တွင် သေချာပေါက် နိုးထလာမည်ဟု သူမယုံကြည်ထားသည်။ ထို့ကြောင့် သူမမနိုးလာခင် ယဲ့ဆွေ အတွက် ချန်ရှု့ကို ကောင်းကောင်း ဂရုစိုက်ရဦးမည်။
ယန်လန်နဲ့ အခြားသူများ ထွက်သွားပြီးနောက် ယဲ့ဆွေက စာရွက်ပေါ်တွင် တစ်စုံတစ်ခုကို ရေးချလိုက်ပြီး စာရွက်က ချန်ရှု့ရှေ့ လွင့်ပျံသွားသည်။
အဲ့မှာပြောထားတာက "ချန်ရှု့ ၊ ကျေးဇူးပြုပြီး နောက်တစ်ကြိမ်ကျရင် ရှင်ကိုယ့်ဘာသာကိုယ် ထိန်းထားနိုင်မလား? မဟုတ်ရင် ဟွာရွေ့ရဲ့ ဥက္ကဌချန်က အရူးလို့ လူတိုင်းကပြောကြလိမ့်မယ်”
ယဲ့ဆွေရဲ့ ဝေဖန်ခြင်းကိုခံရပြီးနောက်မှာ ချန်ရှု့က လုံးဝမပျော်ခဲ့ပေ။ သူ့ရဲ့မျက်နှာချင်းဆိုင်က ဘာမှမရှိတဲ့လေကို ပြုံးပြလိုက်သော်လည်း သဘောမတူခဲ့ပေ။
နောက်ဆုံးတော့ ယဲ့ဆွေက ချန်ရှု့ရဲ့ဘေးမှာရှိနေတော့ သူ့ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲ။ နောက်တစ်ကြိမ်သူမ သူ့ကိုထပ်ပြီး ဆူပူကျိန်းမောင်းရင် သူပျော်နေလိမ့်မည်။
ချန်ရှု့က ယဲ့ဆွေ၏ ဝိညာဉ်သည် သူ့အနားတွင် ရှိနေကြောင်း သိခဲ့ပြီး နောက်ဆုံးတွင် သူတို့နှစ်ဦးက နည်းလမ်းအချို့ဖြင့် ဆက်သွယ်နိုင်ခဲ့သည်။ ဒါကိုသိလိုက်ရတော့ သူ့စိတ်တွေ အရမ်းအေးချမ်းသွားပေမယ့် သူမကို နိုးထစေချင်သေးသည်။
ချန်ရှု့က ကမ္ဘာပေါ်မှာ သရဲတစ္ဆေတွေရှိတာကြောင့် ဘုရားလည်း ရှိသင့်တယ်လို့ တွေးထားသည်။ ဘုရားသခင်က အမြဲတမ်း သနားတတ်သည်။ ဘုရားသခင်ဆီမှာ ဆုတောင်းလိုက်ရင် ယဲ့ဆွေ နိုးလာမှာလား?
ဘုရားဖူးများနှင့် လူအများအပြားက ဘုရားကျောင်းများဆီ နေ့စဉ်သွားရောက်၍ ကောင်းချီးပေးရန် ဆုတောင်းမှုများကို ပြုလုပ်ကြသည်။ လူများစွာက ဘုရားကို ယုံကြည်ကြသည်ဟု သူယုံကြည်သည်။ ဒါဆို ဘာလို့ မစမ်းကြည့်ရမှာလဲ? အခု ယဲ့ဆွေကို နှိုးဖို့ နည်းလမ်းမရှိတော့ဘူးဆိုတော့ အခွင့်အရေး နည်းနည်းလေး ရရင်တောင် စမ်းကြည့်သင့်သည်။
ချန်ရှု့ စားပွဲတစ်ဖက်ကို ကြည့်လိုက်သည်။ ယဲ့ဆွေ အဲဒီမှာထိုင်နေတာကို သူသိတယ်။ သူနဲ့ သိပ်ပြီးနီးနီးကပ်ကပ်မနေနိုင်ဘဲ စားပွဲဘေးမှာထိုင်ပြီး သူ့ကိုကြည့်နေသည်။
ချန်ရှု့က သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နက်နက်နဲနဲ လွမ်းဆွတ်နေမှန်းကို သိသည်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်နေပေမယ့် ခွဲမထွက်နိုင်တဲ့ အကွာအဝေးရှိနေတုန်းပဲ။
ချန်ရှု့က ရှုပ်ထွေးပြီး သည်းမခံနိုင်မှုကို ခံစားခဲ့ရသည်။ အချိန်အတော်ကြာပြီးနောက် “မနက်ဖြန်… ကိုယ် ဆုတောင်းဖို့အတွက် ဘုရားကျောင်းကို သွားမယ်” လို့ပြောလိုက်သည်။
ယဲ့ဆွေ အံ့သြသွားသည်။ ဒီလိုလုပ်ခြင်းအားဖြင့် သူ့ရည်ရွယ်ချက်ကို သူမ နားလည်တယ်။ သူမလက်ကို လက်ဖက်ရည်ခွက်ဆီသို့ ဆန့်တန်းလိုက်ကာ ရေအနည်းငယ်လောင်းထည့်လိုက်သည်။ ချန်ရှု့ က သူမကို မမြင်နိုင်ဘဲ ရေအနည်းငယ် လှုပ်နေတာကို သူမြင်လိုက်ရသည်။
ခဏအကြာတွင် စားပွဲပေါ်၌ စကားလုံးအနည်းငယ် ပေါ်လာခဲ့သည်။ "မနက်ဖြန်ကျရင် ကျွန်မရှင်နဲ့ လိုက်ခဲ့မယ်"
ချန်ရှု့အနည်းငယ် ထိတ်လန့်သွားပြီး စိုးရိမ်နေကြောင်း အရိပ်အမြွက်ပြနေတဲ့အသံဖြင့် "မင်းက ဝိညာဉ်လေ၊ ဘုရားကျောင်းကို ဝင်လို့ရလို့လား?"
ယဲ့ဆွေ ခဏလောက်စဉ်းစားပြီး ဘာကြောင့်မှန်းတော့မသိဘူး ဘုရားကျောင်းထဲကို ဝင်နိုင်တယ်ဆိုတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ သူတို့အခြေအနေကို ဖြေရှင်းဖို့ လမ်းညွှန်ချက်ပေးလိမ့်မယ်ဆိုတဲ့ ခံစားချက်ကို မူးမေ့နေခဲ့သည်။
ယဲ့ဆွေက "ရပါတယ်" လို့ ထပ်မံရေးသားခဲ့သည်။
ချန်ရှု့က စိတ်မသက်မသာဖြစ်ပြီး ပြောလိုက်သည်။"မနက်ဖြန် မင်းဝင်လို့မရနိုင်ဘူးဆိုရင် ကိုယ့်ကိုပြောရမယ်နော် "
ယဲ့ဆွေ - “အိုကေ”
မနက်ဖြန် ဘုရားကျောင်းကို ရောက်ရင် သူမအထဲဝင်လို့မရဘူး၊ အပြင်မှာပဲ နေရမှာ။
နောက်တစ်နေ့တွင် ချန်ရှု့က အလုပ်တွေကို ကိုင်တွယ်ပြီး မွန်းတည့်ချိန်တွင် ရောက်ရှိလာခဲ့သည်။ အရာအားလုံးကိုရှင်းပြပြီး သွားဖို့အဆင်သင့်ဖြစ်နေပြီ။ ချန်ရှု့ ရာသီဥတုကို တစ်ချက်ကြည့်လိုက်တော့ အပြင်မှာ မိုးရွာမယ့်ပုံစံလို ဖြစ်နေပြီး အနည်းငယ်ပူစပ်ပူလောင်ဖြစ်နေသည်။
အခုကနွေရာသီဆိုတာ သိသာထင်ရှားပေမယ့်လည်း နေရောင်မရှိဘူး၊ ကောင်းကင်က အရောင်မှိုင်းတဲ့ကန့်လန့်ကာကြီးလို မီးခိုးရောင်သန်းနေသည်။
ချန်ရှု့က တိမ်ထူထပ်တဲ့နေ့တွေကို မကြိုက်ဘူး၊ဘာလို့လဲဆိုတော့ တိမ်ထူတဲ့နေ့တွေက လူကို အနည်းငယ် ငြီးငွေ့စေသည်။ သို့သော် ယဲ့ဆွေ ဝိညာဉ်ဖြစ်လာပြီးနောက် ချန်ရှု့က ထိုကဲ့သို့ မှောင်မိုက်တဲ့ရာသီဥတုကို နှစ်သက်ခဲ့သည်။
တိမ်ထူနေရင် နေကမတောက်ပတော့ဘူး ပြီးတော့ ယဲ့ဆွေရဲ့ ဝိညာဉ်လည်း ထိခိုက်မှာမဟုတ်ဘူးလေ။
အဲ့လိုမျိုး တစ်ဘဝလုံးရှိရင်တောင်မှ သူကယဲ့ဆွေကို နေကောင်းစေချင်ရုံလေးပဲ။
ချန်ရှု့ တံခါးဆီ ရောက်သွားပေမယ့် သူ ခဏရပ်ပြီး ပြောလိုက်သည်။"ကိုယ့်ကို စောင့်နေ။" ထို့နောက် ချန်ရှု့အဲ့စကားကို ပြောပြီး လူနာဆောင်ဘက်ကို လှည့်သွားသည်။
ယဲ့ဆွေက ချန်ရှု့လှည့်၍ ပြန်သွားတာကို ကြည့်ဖို့အတွက် နောက်ကနေလိုက်လာဖို့ ရည်ရွယ်ထားသည်။ သူမ နည်းနည်းတော့ အံသြနေသည် သူ ဘာလုပ်မို့လဲ?
ယဲ့ဆွေ တစ်နေရာတည်းမှာ ရပ်နေကာ တိတ်ဆိတ်စွာနဲ့ စောင့်ဆိုင်းနေခဲ့သည်။ ထိုအချိန်တွင် ချန်ရှု့ရောက်ရှိလာပြီး ယဲ့ဆွေ တချက်ကြည့်လိုက်ရာ ချန်ရှု့ လက်ထဲ ထီးအနက် ကိုင်ထားတာကိုတွေ့လိုက်ရသည်
ချန်ရှု့ တံခါးဆီကိုသွားလိုက်ပြီး "တိမ်ထူနေပေမယ့် ကိုယ်မယုံကြည်ရဲဘူး။ ထီးကို ကိုင်ထားရဦးမယ်" လို့ပြောလိုက်သည်။
ယဲ့ဆွေ ပြုံးပြီး သူမရဲ့ပါးစပ်ကိုဖွင့်ကာ ကောင်းမွန်ကြောင်း ပြောလိုက်သည်။ အဲဒီနောက် ယဲ့ဆွေ တုံ့ပြန်လိုက်တဲ့အခါမှာတော့ သူမရဲ့အသံကို သူ မကြားရဘူးလို့ ပြောလိုက်သည်။
ယဲ့ဆွေက သူ့လက်ကို မြှောက်လိုက်ပြီး တံခါးကို ခေါက်ကာ သူမ အဲ့တာကိုသိကြောင်း ညွှန်ပြလိုက်သည်။
ချန်ရှု့ က ထီးကိုကိုင်လိုက်ပြီး ယဲ့ဆွေက သူ့ဘေးကနေ လျှောက်သွားလိုက်သည်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးက ရှည်လျားပြီး ချန်ရှု့ ရဲ့ ယန်က သူမကို အကျိုးသက်ရောက်မှာ မဟုတ်ဘူး။
ဆေးရုံဝင်ပေါက်နဲ့ အလှမ်းဝေးပါသေးတယ်။ တံခါးကို မရောက်သေးတဲ့အချိန်မှာ ချန်ရှု က ထီးကိုနှိပ်လိုက်တော့ အနက်ရောင်ထီးက ပွင့်လာပြီး အရိပ်တစ်ခု ဖုံးထားသလိုမျိုး သူ့ခေါင်းထိပ်မှာ တည်ရှိနေသည်။
ချန်ရှု့ တိုးတိုးလေးပြောလိုက်သည်။ "အပြင်ထွက်ကြရအောင်" ထီးက အရမ်းကြီးတယ်၊ ချန်ရှု့ အနားမှာ သူမ ရပ်နေရင်တောင် ယဲ့ဆွေနဲ့ဆုံတွေ့မှာမဟုတ်ဘူး။
ချန်ရှု့ ထွက်သွားလိုက်ပြီး သူ့လက်က ထီးရဲ့အများစုကို တစ်ဖက်သို့ စောင်းထားကာ ထီးရဲ့ထောင့်စွန်းတွင်သာ သူကရပ်နေသဖြင့် နားရွက်က သူ့ဘေးတွင် ဘေးကင်းစွာ ရပ်တည်နိုင်ခဲ့သည်။
ကားက ရှေ့နှင့် မဝေးသော နေရာတွင် ရပ်ထားတာကြောင့် အချိန်ခဏပဲ လမ်းလျှောက်သွားခဲ့ရသည်။ ဒီမြင်ကွင်းကို လူတော်တော်များများက လမ်းမှာတွေ့ခဲ့ကြပြီး အရမ်းအံ့သြနေကြသည်။
အမျိုးသားက ငယ်ရွယ်ပြီး ချောမောတယ် တိမ်ထူနေသော်လည်း ထီးကို ကိုင်ဆောင်ထားသည်။ သူ့လက်က ထီးပေါ်၌ ရှိနေပြီး သူ၏လက်ချောင်းလေးတွေက သွယ်လျပြီး ဖျော့တော့နေသည်။
အမျိုးသားက ရံဖန်ရံခါ တစ်ဖက်ကိုကြည့်နေတတ်ပြီး အပြုံးတွေကသူတို့မျက်လုံးထဲမှာပေါ်နေသည်။ သူ့ဘေးနားက လေနဲ့စကားပြောနေသလိုမျိုး သူ့နှုတ်ခမ်းပါးပါးလေးတွေက အနည်းငယ်ပွင့်ဟနေတက်သည်။
ဖြတ်သွားဖြတ်လာတွေက ချောမောသောမျက်နှာကို ကိုယ်စားပြုခြင်းကြောင့်မဟုတ်ဘဲ သူ၏ အများနှင့်မတူတမူထူးခြားသော အပြုအမူကြောင့် လည်ပြန်ကြည့်သွားကြသည်။
တိမ်ထူတဲ့နေ့မှာ ထီးအနက်ကို ကိုင်ထားတာက ထူးဆန်းသည်။ ပိုပြီးထူးဆန်းစေတာက အမျိုးသားက သူ့အတွက် ထီးကိုင်ထားတဲ့ပုံမပေါ်ဘူး။ သူက အခြားသူတွေအတွက် ထီးကိုင်ထားပုံရသည်။ မဟုတ်ရင် ထီးကို ဘာကြောင့် တစ်ဖက်ကို စောင်းထားမှာလဲ?
ထိုလူက လေထဲသို့ တိုးတိုးတိတ်တိတ် ရေရွတ်လိုက်သည်။
တချို့လူတွေက မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားကြသည်။ အဲဒါက သူတို့ပဲအကြည့် မှားနေကြတာလား? ဒါပေမယ့် အတိတ်ကို ကြည့်ပြီးတော့ ညှိုးငယ်နေတဲ့လူက ချောမောတဲ့လူကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ဘူး။
တိမ်ထူထူ၊ ထီးအမည်းရောင်၊ သူ့ကိုယ်သူတစ်ယောက်တည်း ရေရွတ်နေတာ ..... ဒီပုံက အရမ်းများလွန်းပေမယ့် လိုက်ဖက်လွန်းနေသည်။
ချန်ရှု့ က လမ်းသွားလမ်းလာတွေ ပြန်လာကြည့်ကြတာကို ဂရုမစိုက်ဘူး။သူ ကားရှေ့ကို သွားပြီး ထီးကိုလည်း မပိတ်လိုက်ဘူး။ သူက တံခါးကို ဆွဲဖွင့်ပြီး “မင်းတက်ပြီးပြီဆိုရင် ကိုယ့်ကိုအသိပေး ” လို့ပြောလိုက်သည်။
ယဲ့ဆွေက ခရီးသည်ထိုင်ခုံတွင် ထိုင်နေပြီဖြစ်သည်။ သူမလက်ကို လှမ်းကိုင်လိုက်သည်နှင့် သူမ၏ လက်ချောင်းဖြူဖြူလေးတွေကို လေတိုက်တဲ့အသံလို ညင်သာစွာ လှုပ်ယမ်းလိုက်သည်။
လေမတိုက်သော်လည်း ခေါင်းလောင်းသံက လေထန်နေတာကြောင့်တော့မဟုတ်ဘူး ဒါပေမယ့် အဲ့တာက ပြတ်သားသောအသံကို ပေးနေသည်။
ချန်ရှု့ အံ့အားသင့်သွားပြီး သူ အနည်းငယ်ပြုံးလိုက်သည်။ "ကိုယ်မေ့နေတာ၊ မင်းအတွက် ကိုယ်တံခါးဖွင့်ပေးဖို့ မလိုဘူးပဲ" ယဲ့ဆွေက ဝိညာဉ်လေ သူမက အတားအဆီးမရှိဘဲ ဒီအရာတွေကို ဖြတ်သန်းနိုင်နေပြီ။
ယဲ့ဆွေက မှတ်ချက်တွေကို ကြည့်ပြီး သူ့ပါးစပ်ထောင့်က အားကိုးရာမဲ့တဲ့ အရိပ်အမြွက်ကိုပြသလိုက်သည်။
ကားထဲမှာ ယဲ့ဆွေထိုင်နေပြီလို့ ချန်ရှု့ ဆုံးဖြတ်ပြီးနောက် ထီးကိုသာ လက်ခံခဲ့သည်။ - "ကိုယ်တို့ သွားကြမယ်"
လမ်းမှာ လူတစ်ယောက် ဖြတ်သွားတော့ ချန်ရှု့က လေထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သူ့ကိုယ်သူ စကားပြောနေတာကို သူတွေ့လိုက်ရသည်။
ထိုလူက ခေါင်းယမ်းပြီး "သနားစရာပဲ" ဟု ဝန်လေးစွာပြောလိုက်သည်။ ဒီလူက အရမ်းကြည့်ကောင်းပေမယ့် အရူးတစ်ယောက်ဖြစ်နေလို့ သနားစရာပဲ။
ပြင်ပလူများ၏ အကဲဖြတ်မှုနှင့် ပြောဆိုမှုက ချန်ရှု့နဲ့ ဘာမှမသက်ဆိုင်ဘူး။ သူတို့က တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်နေကြတာ။ ကားထွက်တော့ ဘုရားကျောင်းဘက်ကို ဦးတည်သွားလိုက်သည်။
ကားကိုရပ်တန့်လိုက်ပြီး ချန်ရှု့က ထီးကိုဖွင့်ကာ သူ ဂူဘုရားထဲကို သွားတော့မယ်လို့ ပြောလိုက်သည်။ ဒါပေမယ့် သူနည်းနည်းတော့ စိတ်ပူသွားသည်။ သူက လေကိုကြည့်ပြီး "မင်း ဘုရားကျောင်းထဲကို တကယ်ဝင်လို့ရရဲ့လား?"လို့ထပ်ပြီးအတည်ပြုလိုက်သည်။
စာကြောင်းတစ်ကြောင်းပေါ်လာခဲ့သည်။ - "ရပါတယ်"
ယဲ့ဆွေ ဘုရားထဲသို့သွားလိုက်သည်။ စိတ်ကူးထဲတွင် အဆင်မပြေတဲ့ ခံစားမှုမျိုးမရှိသော်လည်း ခံစားချက်က အထူးသက်သာပြီး ငြိမ်သက်မှု အားနည်းနေသည်ဟု သူမခံစားလိုက်ရသည်။
ဒီနေ့ သူ ပြောတာ မှန်ပုံရသည်။
ထိုအချိန်တွင်၊ လတ်ဆတ်သောပန်းပွင့်အစုလိုက်အပြုံလိုက်ကို တောင်းထဲထည့်ပြီး လက်ထဲမှာ ကိုင်ထားသည့် မိန်းကလေးငယ်တစ်ဦးက ချန်ရှု့အနားသို့ လျှောက်သွားခဲ့သည်။ ကောင်မလေးက “အစ်ကို၊ ပန်းဝယ်ချင်လား?” လို့ကိုးရိုးကားယားနိုင်စွာနဲ့ မေးလိုက်သည်။
ဒီအစ်ကိုက အရမ်းကြည့်ကောင်းပြီး စိတ်ထားကောင်းတဲ့ပုံပဲ။
ချန်ရှု့ ခဏလောက်စဉ်းစားပြီး "ကောင်းတာပေါ့ "
ချန်ရှု့ အောက်ကိုငုံ့ကြည့်လိုက်ပြီး ကြည့်လို့အကောင်းဆုံးပန်းပွင့်တချို့ကို ရွေးလိုက်သည်။ ချန်ရှု့က ပိုက်ဆံပေးလိုက်တော့ ကောင်မလေးက ထွက်ခွာသွားသည်။ ကလေးမလေးက ခြေလှမ်းအနည်းငယ်လှမ်းကာ နောက်သို့လှည့်ကြည့်လာသည်။
ချန်ရှု့ က သူဝယ်ထားတဲ့ ပန်းလေးကို ကိုင်မြှောက်ထားသည်။ သူထိုင်ချလိုက်ပြီး ပန်းကို မြေကြီးပေါ်မှာ ညင်သာစွာ ချထားလိုက်သည်။ သူ ပန်းကို စကားအနည်းငယ်ပြောနေပုံရပြီး သူ့အကြည့်က နူးညံ့သည်။
ကလေးမလေးက အံ့ဩသွားသည်။ ဒီအစ်ကိုက အရမ်းထူးဆန်းတာပဲ။ ဘာလို့ ပန်းတွေကို မြေကြီးပေါ်ချလိုက်တာလဲ? သူမဘာမှတွေးမနေတော့ဘဲ ထွက်သွားလိုက်သည်။
ယဲ့ဆွေက ပန်းတွေကိုကြည့်ကာ ထိုင်ချလိုက်ပြီး ပွင့်ဖက်တွေကို ပွတ်သပ်လိုက်ကာ မျက်လုံးများက ရှုပ်ထွေးနေလေသည်။ ထို့နောက် သူမ မတ်တပ်ထရပ်ကာ ထွက်ဆိုချက်ကို စောင့်နေလေသည်။
ချန်ရှု့က တံစက်မြိတ်သို့ ရောက်နေပြီဖြစ်သော်လည်း ထီးကို မပိတ်ခဲ့ပေ။ သူစိုးရိမ်တာက ယဲ့ဆွေ သူနဲ့မဝင်လာဘဲအပြင်ဘက်မှာ ရပ်နေမှာကိုပင်။
ချန်ရှု့ ဘေးကို ကြည့်လိုက်သည်။ ပြီးတော့ သူ့နှလုံးသားလေးက အဲ့မှာရှိတယ်လေ။ သူက စိုးရိမ်တကြီးမေးလိုက်သည်။ "မင်းဝင်လာလား?"
ယဲ့ဆွေက ချန်ရှု့ရဲ့ အကြည့်ကိုမြင်ပြီး ပြုံးလိုက်သည်။ယဲ့ဆွေ ထီးရဲ့ထိပ်ပိုင်းကို ကြည့်လိုက်သည်။ သူမခြေဖျားထောက်လိုက်ပြီး ထီးခလုတ်ကို ဖိရန် လက်ကို မြှောက်လိုက်၏။
ထီးပိတ်သွားပြီ။
ချန်ရှု့ နှလုံးသားက နောက်ဆုံးတွင် လွှတ်ချလိုက်နိုင်ပြီး သူက ပြုံးလိုက်သည်။ "မင်းမှန်တယ်၊ ဘုရားတွေက မင်းကို တားမှာမဟုတ်ဘူး" ယဲ့ဆွေ လည်း သူ့ကိုကြည့်ကာ ပြုံးလိုက်၏။
ယနေ့တွင် ဘုရားကျောင်း အတွင်း၌ ဘုရားဖူးများ အများအပြား မရှိပေ။ ငြိမ်းချမ်းတဲ့အချိန်နဲ့ ယှဉ်ရင် ဂူဘုရားက နည်းနည်းတော့ လူသူကင်းမဲ့နေ၏ ။ ချန်ရှု့ကဝင်ရအောင်လို့ပြောလာခဲ့သည်။
ကျောင်းထိုင်ဆရာတော်က ရောက်လာပြီး ပြန်လည်စဥ်းစားသုံးသပ်ခြင်းရဲ့ အနက်ရောင် ထီးကို ကြည့်ရှုလိုက်၏။ သူ့အမူအရာက အတူတူပါပဲ- "ဒကာလေး ဒီကိုရောက်လာတာ ဘာအတွက်ကြောင့်များလဲ? "
ချန်ရှု့ က ဗုဒ္ဓရုပ်ပွားတော်ကို ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်တယ် "ကျွန်တော့်မှာ ဆန္ဒတစ်ခုရှိလို့ပါ၊ **** က ကျွန်တော့်ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ကျောင်းထိုင် ဆရာတော်က ဆက်မနေတော့ဘဲ သူ့ကိုကြည့်လိုက်ပြီး "ချန်ရှု့ ၊ ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ" လို့ပြောလိုက်တယ်။ ဆရာတော်က ချန်ရှု့ကို ဗုဒ္ဓရုပ်ပွားတော်ရှိရာသို့ ခေါ်ဆောင်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
ချန်ရှု့ ဗုဒ္ဓရုပ်ပွားတော်ကို ကြည့်ကာ လေးလေးနက်နက်နဲ့ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ယဲ့ဆွေက သူ့နောက်ကနေလာ လိုက်ပြီး မလှမ်းမကမ်းမှာ ထိုင်ချလိုက်တယ်။
ချန်ရှု့က သူ့လက်နှစ်ဖက်ကို ထပ်ပြီး ရင်ဘတ်နားမှာ ထားလိုက်သည်။ သူ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမျှော်လိုက်ပြီး “ကမ္ဘာပေါ်မှာ **** ရှိမယ်ဆိုရင် ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ချန်ရှု့က သူ့ဘေးနားက လေထဲကို လှမ်းကြည့်လိုက်သည်။ ဤလေထုထဲတွင် သူက ယဲ့ဆွေ မျက်နှာကို မြင်ယောင်နေပုံရသည်။
ချန်ရှု့ နှုတ်ခမ်းတွေ ပြုံးနေပြီး ခေါင်းကို လှည့်ကာ ဗုဒ္ဓရုပ်ပွားတော်ကို ပြန်ဖူးမျှော်လိုက်သည်။ သူ့လေသံက အလွန်ဘာသာတရားကိုင်းရှိုင်းတဲ့ပုံရပြီး လေးလေးနက်နက်နဲ့ စကားကိုတစ်ခွန်းပြီးတစ်ခွန်း ပြောလာခဲ့သည်။
"ကျွန်တော်ရဲ့ဇနီးအတွက် ကျွန်တော့်အသက်ရဲ့ တစ်ဝက်ကိုစွန့်ပြီး ကျွန်တော့်ဇနီးဖြစ်သူကို ဝေမျှပေးဖို့ဆန္ဒရှိပါတယ်အရှင်ဘုရား "
သူ့ဘဝမှာ အချစ်ဆုံးလူက ယဲ့ဆွေ။ ယဲ့ဆွေ မရှိရင် သူ့ဘဝကြီးက ဘယ်လိုလုပ် အဓိပ္ပါယ်ရှိတော့မှာလဲ?
သူမကို နိုးထလာစေဖို့ သူ့ဘဝတစ်ဝက်ကို ပေးဆပ်ရန် သူ ဆန္ဒရှိနေသည်။
သူမမှာ အသက်မရှိတော့ရင် အဓိပ္ပါယ်မရှိတော့ဘူးလေ။ ဒီအရာတွေ ဒီအဖြစ်တွေကိုတောင် ရောက်နေပြီ။ သူလက်မလွှတ်နိုင်တဲ့အရာ တခြားဘာတွေရှိဦးမှာလဲ?
ယဲ့ဆွေ တောင့်တင်းစွာနဲ့ ချန်ရှု့ကို မယုံနိုင်စွာ လှည့်ကြည့်လိုက်သည်။ ချန်ရှု့က သူမ နှိုးလာဖို့ကိုတောင်းဆိုရုံသာမက သူ့အသက်ကိုသူမနှင့်ဝေမျှပေးဖို့ အစီအစဉ်ဆွဲထားပြီးသားဖြစ်သည်။
ယဲ့ဆွေက ကမ္ဘာပေါ်မှာ သရဲတစ္ဆေတွေရှိမှန်း သိပြီးသားပင်။ အခု သူမက သရဲတစ်ကောင်ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဘုရားတွေရှိတယ်ဆိုတာကလည်း ဖြစ်နိုင်ချေများစွာရှိသည်။
တစ်နည်းဆိုရသော် လိုချင်သောဆန္ဒ မှန်ကန်ပါက ထိုသူသည် အမှန်တကယ် အသက်ဆုံးရှုံးမည်ဖြစ်သည်။ မဟုတ်ဘူး၊ သူ့ကို ဒီလိုမလုပ်စေချင်ဘူး။
ယဲ့ဆွေက ယန်စွမ်းပင်က သူမအား လောင်ကျွမ်းစေမည်ကို မေ့သွားပြီး ချန်ရှု့ ဆီသို့ အသဲအသန်ပြေးလာပြီး သူ့ကို တားလိုက်ချင်သည်။ ယဲ့ဆွေရဲ့လက်လှမ်းလိုက်တဲ့အချိန်မှာပဲ ပြင်းထန်သော နာကျင်မှုက သူမ၏လက်ချောင်းထိပ်များဆီသို့ တိုးဝင်လာခဲ့သည်။
အရိုးထဲထိတောင်နာကျင်တယ်။
ယဲ့ဆွေ နာကျင်စွာဖြင့် "အ"လို့အော်လိုက်ပြီး သူမရဲ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်သော်လည်း လက်ချောင်းထိပ်များက နီရဲပြီး ရောင်လာသည်။ ယဲ့ဆွေ ပြုံးလိုက်သည်။ သူမ ချန်ရှု့ကို ထိလို့မရဘူးဆိုတာကို မေ့သွားခဲ့တာ။
ချန်ရှု့ အသံက နှေးကွေးပြီး ကြည်လင်ပြတ်သားကာ လေထဲသို့ ကျသွားခဲ့သည်- "ကျွန်တော့်ရဲ့ဇနီးကို ကျွန်တော် နှိုးနိုင်သရွေ့ ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိပါတယ် "
ယဲ့ဆွေက မျက်ရည်တွေ ကျလာခဲ့သည်။ သူမ ခေါင်းယမ်းကာ မျက်ရည်များဖြင့် မှတ်ချက်ချရင်း "မပြောပါနဲ့တော့ ရှင့်ရဲ့အသက်ကို ကျွန်မ မဝေမျှချင်ဘူး၊ ရှင့်ကို ကောင်းကောင်းမွန်မွန်နေစေချင်တာ..."
ယဲ့ဆွေရဲ့ ငိုသံကို ချန်ရှု့က မကြားနိုင်ခဲ့ဘူး။ သူကရှေ့ကိုကိုင်းလိုက်ပြီး သူ့ရဲ့ရှည်သွယ်တဲ့ခန္ဓာကိုယ်ကို ကွေးချကာ ခေါင်းကို မြေပြင်သို့ ညင်သာစွာထိလိုက်သည်။
မျက်စိမှိတ်ပြီး ဘာသာတရားကိုင်းရှိုင်းစွာဖြင့် ရှိခိုးလိုက်သည်။ သူ့မျက်နှာပေါ် အလင်းရောင်ကကျရောက်လာပြီး သူ့ရဲ့ဘေးတိုက်မျက်နှာက ကြည်လင်ပြီး ပြေပြစ်ကာ ပိုးသားရဲ့ အေးစက်မှုက ပျော့ပျောင်းသွားသည်။
ယခုအချိန်တွင် ချန်ရှု့နှလုံးသားက အာရုံထွေပြားခြင်းမရှိဘဲ ငြိမ်သက်နေသည်။ သူဖတ်နိုင်တဲ့ တစ်ခုတည်းသောအရာက သူလုပ်ခဲ့တဲ့ ဆန္ဒပဲ။ သူ ဒီဆန္ဒကို စိတ်ရင်းမှန်နဲ့ လုပ်ခဲ့ပြီး ယဲ့ဆွေ နိုးထလာဖို့ မျှော်လင့်သည်။
ပြန်လည်သုံးသပ်မှုကို သူမ မရပ်တန့်နိုင်ဘူးဆိုတာ ယဲ့ဆွေ သိသည်။ သူမ မြေပြင်ပေါ်တွင် ပျော့ခွေကျသွားခဲ့သည်။ သူမ ပြန်စဉ်းစားကြည့်ပြီး သူမမျက်လုံးတွေမှာ မျက်ရည်တွေနဲ့ ပြည့်နှက်လာခဲ့သည်။
ယဲ့ဆွေ ပြန်လှည့်ပြီး ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမျှော်လိုက်သည်။ မီးရောင်ကဖြာကျနေတော့ ဗုဒ္ဓဆင်းတုတော်တစ်ဝက်သည် အလင်းထဲတွင်ကျရောက်နေပြီး ကျန်တစ်ဝက်မှာ အမှောင်ဘက်တွင် ရှိနေခဲ့သည်။
ပထမအကြည့်တစ်ချက်တွင် ဗုဒ္ဓရုပ်ပွားတော်က မမြင်နိုင်သော မြူခိုးများထဲတွင် ရပ်နေသကဲ့သို့ တစ်ဝက်ကတောက်ပနေပြီး တစ်ဝက်ကမှောင်နေသည်။
ဒါ ယဲ့ဆွေရဲ့ ကိုယ့်ကိုယ်ကို လှည့်စားမှုလားဆိုတာတော့ သူမ မသိဘူး။ ထိုအချိန်တွင် ဗုဒ္ဓရုပ်ပွားတော်ရဲ့ပုံတော်က ကရုဏာနှင့် သနားညှာတာသော အကြည့်နဲ့ကြည့်နေတဲ့ပုံနဲ့တူနေလေသည်။
အချိန်ကာလတွေက အလီလီပြောင်းလဲနေသည်။ လောကကြီးက မတည်မြဲဘူး။ ကမ္ဘာပေါ်မှာ ချစ်သူတွေက ကွဲကွာကြရတယ်၊ တွေ့ဆုံကြရတယ် ဒါပေမယ့် အတုမရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားကတော့ ကမ္ဘာပေါ်မှာတိတ်ဆိတ်စွာနဲ့တည်ရှိနေပြီး ဒီလိုထောင်ပေါင်းများစွာရှိတဲ့မီးရောင်ထဲကနေ ကမ္ဘာပေါ်ကအရာအားလုံးကိုမြင်တွေ့နေရသည်။
ထိုအချိန်တွင် ငှက်တစ်ကောင်က ဘုရားကျောင်းထဲသို့ ပျံသန်းလာသည်။ ဒီငှက်ရဲ့ပုံစံက အထူးကောင်းမွန်ပြီး ငှက်မွေးတွေက ကွဲပြားခြင်းမရှိပဲ အဖြူရောင်နီးပါးဖြစ်နေသည်။
အနည်းငယ်မျှ လေထဲတွင် ပျံဝဲကာ ဗုဒ္ဓရုပ်ပွားတော်နားကနေ ဖြတ်သန်းသွားကာ နောက်ဆုံး အလင်းတန်းပေါ်တွင် ရပ်တန့်သွားသည်။ ငှက်လေးက အမွေးအတောင်များကို သက်တောင့်သက်သာဖြင့် ငုံ့ကြည့်နေသလိုပင်။
ထို့နောက် တစ်ဖန် ပျံထွက်လာကာ ဘုရားထဲမှ ထွက်ခွာသွားပြီး အတောင်ပံများကိုဖြန့်ကာ ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ ကောင်းကင်တွင် အနက်ရောင်အစက်အပြောက်လေးက မှေးမှိန်သွားကာ နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။
ဘုရားကျောင်း အပြင်ဘက်တွင် မြင့်မားသောသစ်ပင်ကြီးတစ်ပင်ရှိသည်။ ပင်စည်က ဖြောင့်တန်းပြီး သစ်ရွက်တွေက စိမ်းလန်းစိုပြေနေသည်။ ဤပြင်းထန်သော အဆုံးမရှိတဲ အစိမ်းရောင်က နှလုံးသားကို နွေးထွေးသွားစေသည်။
ခဏကြာတော့ လေတိုက်လို့ သစ်ရွက်တွေ လှုပ်ခါလာပြီး သစ်ရွက်တချို့က တဖြည်းဖြည်းကျဆင်းလာ၏။
ခဏအကြာတွင် ဆူညံသံများ ငြိမ်သက်သွားကာ သစ်ရွက်များက ကြွေကျနေဆဲဖြစ်ပြီး ဘုရားကျောင်း အပြင်ဘက်တွင် ဘာသံမှ မကြားရတော့ပေ။
ဘုရားဖူးတွေ တဖြေးဖြေး ထွက်ခွာသွားပြီး ခြေသံတွေဝေးကွာသွားကာ ဆရာတော်တွေလည်း မရှိတော့တာကို သူ မသိလိုက်ဘူး။ ဘုရားတွင် ချန်ရှု့နဲ့ ယဲ့ဆွေတို့သာရှိနေခဲ့သည်။
အရာအားလုံးကို ငြိမ်သက်ခြင်းဟု သတ်မှတ်နိုင်သည်။
ဤအချိန်တွင် ဘုရားအတွင်း၌ တိတ်ဆိတ်နေပြီး လေလေးတွေက ဖြည်းညှင်းစွာ တိုးဝင်နေပြီး အရာအားလုံး ပုံမှန်အတိုင်းပင်ဖြစ်သော်လည်း တိတ်ဆိတ်စွာ ပြောင်းလဲသွားပုံရသည်။
ချန်ရှု့က ဂူဘုရားရှေ့တွင် ဒူးထောက်လျက် ရှိသေးသည်။ ရုတ်တရက် သူ့ မျက်လုံးတွေက မှုန်ဝါးလာတော့သည်။ ညဉ့်နက်သန်းခေါင်တွင် သူ့ခန္ဓာကိုယ်က အထက်သို့ လွင့်မျောနေသည်ကို ခံစားလိုက်ရပြီး အလင်းရောင်ကလည်း ပို၍ပို၍လင်းလာခဲ့သည်။
ခန္ဓာကိုယ်ထဲကနေ တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်ပုံရသည်။
ချန်ရှု့ မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် သူ မော့ကြည့်ပြီး ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူယဲ့ဆွေကို အမှန်တကယ် မြင်နေရသည်။ ယဲ့ဆွေက ဖြူဖျော့နေပြီး ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျနေသည်။ ချန်ရှု့ သူ့ကိုယ်သူ မယုံကြည်နိုင်စွာနဲ့ပြန်ကြည့်လိုက်၏။
ချန်ရှု့ တကယ်ပဲ ဝိညာဉ်ဖြစ်သွားပြီလား?
ချန်ရှု့ ရှော့ခ်ရသွားပြီး သူ့နှလုံးသားထဲမှာ ကြီးမားတဲ့ပီတိကြီးတစ်ခု ရှိနေ၏။ သူ့အသံက ပြင်းပြင်းထန်ထန် တုန်လှုပ်နေပြီး ပြောခဲ့သည်။ "ယဲ့ဆွေ ကိုယ်မင်းကိုတွေ့နေရတာလား?"
သူ ပီတိဖြာခြင်းဖြင့် ယဲ့ဆွေကို စိုက်ကြည့်နေကာ သူ့မျက်လုံးတွေက ယဲ့ဆွေနားကနေ မခွာနိုင်တော့ပေ။ မျက်ဆံအနက်ရောင်ထဲမှာ လှိုင်းလုံးတွေနဲ့ ပြည့်နေသည်။ စက္ကန့်တိုင်း မိနစ်တိုင်းက သူမရဲ့အရိပ်တွေနဲ့ပင်။
ချန်ရှု့ အံ့သြလွန်းပြီး ပါးစပ်ကိုဟထားပေမယ့် စကားမပြောနိုင်ခဲ့ပေ။
ချန်ရှု့ သူ့စိတ်ခံစားချက်ကို ပြန်လည်ရရှိလာကာ သူ့မျက်လုံးများတွင် မျက်ရည်များနဲ့ပြည့်နေပြီး "နောက်ဆုံးတော့ မင်းကို ကိုယ်မြင်နေရပြီ ” ဆိုတဲ့ စာကြောင်းကို ဖွင့်ဟလာသည်။ ယဲ့ဆွေ မျက်တောင်ခတ်လိုက်တော့ မျက်ရည်တွေစီးကျသွားလေ၏။
ချန်ရှု့က ယဲ့ဆွေ ကို စူးစိုက်စိုက်ကြည့်နေပြီး ကိုယ်ကိုယိုင်ကာ ယဲ့ဆွေကိုဆွဲယူပြီး သူ့ရင်ခွင်ထဲမှာထည့်ထားချင်နေသည်။ ဒါပေမယ့် ယဲ့ဆွေ နဲ့ ခပ်လှမ်းလှမ်းအကွာမှာ သူရပ်သွားပြန်သည်။
သူ့ရဲ့ယန် က သစ်ရွက်များကို လောင်ကျွမ်းစေကာ သူမနှင့် နီးကပ်လို့မရနိုင်ကြောင်းကိုတော့ သူ မမေ့ခဲ့ပေ။ သူမကို ပိုချစ်လေလေ သူမထံချဉ်းကပ်ဖို့ သတ္တိနည်းလာလေလေပဲ။
နှာခေါင်းကိုရှုံ့လိုက်ပြီး ယဲ့ဆွေက သူမရဲ့ လက်ညှိုးနဲ့ မြေပြင်ကို ညွှန်ပြလိုက်သည်။ - "ကြည့်ကြည့် "
ချန်ရှု့ ငုံ့ကြည့်လိုက်ပြီး လုံးဝရပ်သွားခဲ့သည်။ ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဒူးထောက်ထိုင်နေတဲ့သူဟာ သူနဲ့တူပြီး သူကိုယ်တိုင်ကလဲ လဲကျနေသည်။
အခုဘယ်လိုလုပ်နှစ်ယောက်ဖြစ်နေရတာလဲ? အဲ့ဒါဖြစ်နိုင်မလား……
ချန်ရှု့ ယဲ့ဆွေကို ကြည့်လိုက်၏၊ ယဲ့ဆွေက ဝိညာဉ်လေ သူ သူမကိုအမှန်တကယ်မြင်နေရတယ်။ ဒါဆို သူတို့ကအခု အတူတူဖြစ်သွားပြီ သူတို့နှစ်ယောက်လုံး ဝိညာဥ်ဖြစ်သွားပြီလို့ ညွှန်ပြနေတာလား။
ဒီတစ်ခါတော့ နောက်ဆုံးတော့ သူမကို သူ့ရင်ခွင်ထဲ ထည့်ထားနိုင်ပြီပေါ့။
ချန်ရှု့ ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ယဲ့ဆွေကိုသူ့ရင်ခွင်ထဲမှာ တင်းကျပ်စွာ ဖက်ထားသည်။ သူ့လက်ထဲက နူးညံ့တဲ့ အထိအတွေ့က အစစ်အမှန်ဖြစ်ပြီး စိတ်ခံစားမှုကို ထိန်းချုပ်ရခက်သည်။ သူက “မင်းကို စိတ်ပူနေတာ။ ကိုယ့်ကို ထပ်ပြီး မထားခဲ့ပါတော့” လို့ ရေရွတ်ခဲ့သည်။
ယဲ့ဆွေ သူ့ကိုပြန်ဖက်ထားလိုက်ပြီး စကားပြောချင်သော်လည်း မပြောနိုင်ခဲ့ပေ။ သူမ သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရုံသာ တတ်နိုင်သည်။ သူနှင့် ရင်းနှီးရန်သာ ရှိသည်။ ဒါက သူမ ထင်ယောင်ထင်မှားဖြစ်နေတာ မဟုတ်ဘူးဆိုတာကို ခံစားမိနေသည်။
ချန်ရှု့က သူ့လက်ကို မြှောက်လိုက်ပြီး ယဲ့ဆွေရဲ့ ပါးပြင်ကို ဂရုတစိုက်တို့ထိလိုက်သည်။ သူ၏လှုပ်ရှားမှုတွေက အလွန်ပေါ့ပါးတယ်၊ အလွန်နှေးကွေးပြီး မြတ်နိုးဖွယ်ကောင်းလှသည်။
အချိန်အတော်ကြာအောင် လူနှစ်ယောက်၏ စိတ်အခြေအနေတွေ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ယဲ့ဆွေက ဗုဒ္ဓရုပ်ပွားတော်ကို ကြည့်လိုက်သည်။ စိတ်တွေက ရှုပ်ထွေးနေသည်။ - "ကျွန်မတို့ကို ကူညီပေးခဲ့တာက မြတ်စွာဘုရားပဲ"
သူက သူ့ရဲ့ဘဝကို ပြောင်းလဲရန် ဆန္ဒမပြုမီ သူ၏ သေခြင်းကို အသုံးပြုကာ ကြေငြာချက်၏ ဘဝကို ပြောင်းလဲပစ်ခဲ့သည်။ ယခု ချန်ရှု့က သူမ၏ဘဝကို မျှဝေခံစားပြီး နိုးထလာစေရန် ပြောင်းလဲပေးလိုသည်။
သူတို့နှစ်ယောက်က တကယ်ကို အရူးစုံတွဲတွေ။
ချန်ရှု့ - "ဒီလိုဆိုရင် ကောင်းတာပေါ့၊ ဒါဆို ကိုယ်တို့ အမြဲတမ်း အတူနေနိုင်မှာ "
ချန်ရှု့ ယဲ့ဆွေလက်ကို ကိုင်ထားပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် လေးလေးနက်နက်ကြည့်ကာ ခဏလေးတောင်မှ မခွဲခွာချင်ကြပေ။ ထိုအချိန်တွင်၊ ချန်ရှု့က သူ့ကို ဆွဲငင်အားပြင်းပြင်းနဲ့ဆွဲနေတဲ့ စွမ်းအားတစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်က အထိန်းအကွပ်မရှိ နောက်ပြန်ရွေ့သွားပြီး နားရွက်ကို ကိုင်ဖို့ ကြိုးစားလိုက်ပေမယ့် သူ နောက်ပြန်ဆုတ်နေတုန်းပဲ။
သူတို့လက်နှစ်ဖက်တွေ တဖြည်းဖြည်းချင်း ဝေးကွာသွားပြီး နောက်တစ်စက္ကန့်တွင် ယဲ့ဆွေက သူ့မျက်လုံးထဲတွင် ပျောက်ကွယ်သွားတော့သည်။ ချန်ရှု့ ရှော့ခ်ရသွားပြီး သူ့အသံက အက်ရှနေသည် - "ယဲ့ဆွေ -"
အချိန်မည်မျှကြာသွားလဲဆိုတာကို သူ မသိဘူး။ ချန်ရှု့ မျက်လုံးဖွင့်လိုက်တော့ သူက ဘုရားရှေ့မှာ ရှိနေဆဲဖြစ်ပြီး အစပိုင်းတုန်းကလို ဘုရားဝတ်ပြုနေတဲ့ပုံစံကို ထိန်းသိမ်းထားသည်။
ပတ်ဝန်းကျင်က ယခင်အတိုင်း ငြိမ်သက်နေပြီး သူ ယဲ့ဆွေကို မမြင်နိုင်ခဲ့ပေ။ ဒါတွေအားလုံးဟာ ရှည်လျားပြီး ဝေးကွာတဲ့ အိပ်မက်တစ်ခုလိုပဲ။
ချန်ရှု့ ရေရွတ်လိုက်သည်။ - "ယဲ့ဆွေ ..."
ထိုအချိန်တွင် ဘုရားအတွင်းမှ ဆရာတော်က “ချန်ရှု့၊ အချိန် မစောတော့ဘူး။ ထွက်ခွာဖို့အချိန်ရောက်ပြီ”
ချန်ရှု့ ဘုရားအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အပြင်ဘက်တွင်မီးရောင်မှိန်မှိန်ရှိနေပြီး ကမ္ဘာမြေကို ဖုံးလွှမ်းသွားတဲ့ နေဝင်ရီတရောအချိန်ဖြစ်နေပြီ။
သူ ဒူးထောက်၍ ဆန္ဒတစ်ခုပြုလိုက်တဲ့အချိန်တုန်းက မွန်းတည့်ချိန်ပင် ရှိသော်လည်း ယခု သူနိုးတော့ နေဝင်ရီတရောအချိန်ဖြစ်နေပြီ သူအချိန်ဘယ်လောက်ကြာအောင်ရှိခိုးနေခဲ့တာလဲ။
ကုန်လွန်ခဲ့တဲ့ နာရီပိုင်းအတွင်း သူဘာလုပ်ခဲ့တာလဲ? ယဲ့ဆွေကို သူ အခုမှ ဘာလို့တွေ့ရတာလဲ? ဒါ တကယ်ပဲ သူ့ရဲ့ မရှိတာကိုမရှိလို့ထင်မှတ်နေခြင်းများလား?
သူမေးလိုက်သည်။ “ကျွန်တော် တကယ်ပဲ…”
ဆရာတော်က "ချန်ရှု့၊ ဆုံတွေရမယ့်သူတွေရှိသလို သူတို့ကို အတင်းအကြပ်တွန်းပို့စရာ မလိုတဲ့သူတွေလည်း ရှိတယ်"လို့ မှတ်ချက်တွေပေးလိုက်သည်။
ဆရာတော်က "ချန်ရှု့၊ ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့ ”လို့သူ့ကိုနားချလိုက်သည်။
ချန်ရှု့ ဆရာတော်ကြီးကို ဦးညွတ်ပြီး ထွက်သွားလိုက်သည်။ ဆရာတော်ကြီးက ချန်ရှု့ရဲ့ နောက်ကျောကိုကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ ရူးမိုက်လိုက်တာ။
ချန်ရှု့ သိချင်တာက ယဲ့ဆွေ သူနဲ့အတူရှိနေသေးလားဆိုတာပဲ။ သူက ညင်သာစွာမေးလိုက်သည်။ "မင်းဒီမှာရှိလား?"
ပတ်ပတ်လည်တွင် လေတိုက်ခြင်း မရှိသလို သစ်ရွက်များပင် မကြွေကျဘဲ တိတ်ဆိတ် ငြိမ်သက်နေသည်။
ချန်ရှု့ နောက်ထပ်မေးခွန်းတစ်ခုမေးလိုက်တယ် - "မင်းဒီမှာရှိတယ်ဆိုရင် ကြမ်းပြင်ပေါ်မှာ စာတစ်ကြောင်းရေးပြီး ကိုယ့်ကိုပြောပြပေးပါ "
ချန်ရှု့ ကြမ်းပြင်ကို စိုက်ကြည့်နေတယ် ကြမ်းပြင်ပေါ်မှာ အချိန်အတော်ကြာအောင် ဘာကိုမှမမြင်ရဘူး။ ကြမ်းပြင်ပေါ်မှာ အမှုန်အမွှားလေးတွေ၊ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေ ပြန့်ကျဲနေတဲ့ ကျောက်တုံးလေးတွေပဲရှိတယ်......
ဒါပေမယ့် စာရေးတာမရှိဘူး၊ ယဲ့ဆွေ ဒီမှာမရှိတော့ဘူး။
ချန်ရှု့၏နှလုံးက အကြိမ်အနည်းငယ် တုန်ခါသွားပြီး သူ့နှလုံးသားက တင်းကြပ်လာခဲ့သည်။ သူက ခေါင်းမော့ပြီး အရှေ့ကို မော့ကြည့်လိုက်သည်။ “ယဲ့ဆွေ မင်းအဲ့မှာရှိလား?” လို့ ထပ်မေးလိုက်ပြန်သည်။
သို့သော် သူ့ကိုဘယ်သူကမှပြန်မဖြေလာဘူး တိုးတိတ်တဲ့ လေသံကသာ တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းသွားကြသည်။
ချန်ရှု့ရဲ့ နှလုံးသားက ဗလာဖြစ်နေပြီး ရှေ့ကို လျှောက်သွားလိုက်သည်။ သူ့ခြေလှမ်းတွေက နှေးကွေးနေပြီး ခြေလှမ်းတိုင်းက သူ့ခွန်အားတွေကို ဆုတ်ယူသွားပုံရသည်။
သူ အလွန်အမင်း လွမ်းဆွတ်ပြီး အဲ့အကြောင်းကို တွေးနေမိသည်။ အစကတော့ ယဲ့ဆွေ ရဲ့ ဝိညာဉ်က သူ့နောက်ကနေ လိုက်လာခဲ့ပေမယ့် အခုတော့ သူမရဲ့ ဝိညာဉ်ကသွားလိုက်ပြီ။
ဘုရားကို သူ မလာခဲ့သင့်ဘူး၊ သူအမှားတစ်ခုခုလုပ်မိနေပြီ။
ချန်ရှု့ ကားကို မောင်းလာပြီး ဆေးရုံဝင်ပေါက်မှာ ရပ်လိုက်သည်။ လူနာဆောင်သို့ရောက်သောအခါ သူ တံခါးကို ခေါက်လိုက်သည်။
လူတစ်ယောက်လုံး တိတ်ဆိတ်နေသောကြောင့် စိတ်ဝိညာဉ်မရှိသော အရုပ်တစ်ရုပ်ကဲ့သို့ ဒေါသတွေပျောက်ကွယ်သွားခဲ့သည်။
ကုတင်ကို မော့ကြည့်လိုက်ချိန် သူမက ထိုနေရာတွင် ရှိနေသည်။ သူမမှာ နက်မှောင်ပြီး ကြည်လင်တဲ့ မျက်လုံးတစ်စုံရှိပြီးတော့ အရမ်းလည်းလှသည်။
ယဲ့ဆွေက ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ခေါင်းကို လှည့်ကြည့်လိုက်ရာ နှင်းဆီပွင့်တစ်ပွင့်လို လန်းဆန်းနေပြီး သူမ၏ အောက်ခြေမှာ ပြောမပြနိုင်သော ခံစားချက်ကို ဆုပ်ကိုင်ထားသည်။
ချန်ရှု့ ယဲ့ဆွေကို မယုံနိုင်စွာ ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က တောင့်တင်းလာသဖြင့် ချန်ရှု့က ဒါဟာ အတိတ်က အိပ်မက်တစ်ခုလို့ တွေးထင်ခဲ့သည်။
သူက သေသေချာချာ နဲ့ဂရုတစိုက်မေးလိုက်သည်။ "ယဲ့ဆွေ ဒါတကယ်ပဲမင်းလား?"
ယဲ့ဆွေ သက်ပြင်းချပြီး ချန်ရှု့ ကို ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းကနေ တိုးတိုးလေးပြောပြီး သူ့နာမည်ကို ဖြည်းညှင်းစွာ ရွတ်လိုက်သည်။ အဲ့တာက "ချန်ရှု့" လို့ခေါ်လိုက်တာဖြစ်ပြီး အလွန်ရှင်းသည်။
ယဲ့ဆွေ မျက်လုံးတွေက မျက်ရည်များဖြင့် ပြည့်နေသည်။ သူမ နှုတ်ခမ်းကို ကွေးကာ မျက်ရည်များ စီးကျလာသည်။
"ကျွန်မ ပြန်လာပြီ"