အပိုင်း ၁၄၂
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး  


 


အပိုင်း ၁၄၂ - ကိုယ်ဝန်  


 


 


 


 


 ဟန်းနီးမွန်းအပြီးမှာတော့ ယဲ့ဆွေက ရိုက်ကူးမှုအသစ်မှာ ပါဝင်ခဲ့သည်။  အရင်တစ်ခေါက်မေ့မြောပြီးနောက် ရှောင်လျှို့က ယဲ့ဆွေကို မျက်ချေမပျက် စိုက်ကြည့်နေခဲ့သည်။ 


 


 


 မကြာသေးမီက ယဲ့ဆွေက သူမ မျက်လုံးအောက်တွင် ရှိနေခဲ့သည်။  ယခု သူမက ယဲ့ဆွေ ဘေးတွင် အမြဲရှိနေလိမ့်မည်။ 


 


 


 တစ်နေကုန်ပြီးနောက် ယဲ့ဆွေက သူမမိတ်ကပ်ဖျက်ဖို့ အဝတ်လဲခန်းကိုပြန်သွားခဲ့သည်။  ဒီည ချန်ရှု့ သူမကို လာကြိုမှာဖြစ်ပြီး အလုပ်စောစော ပြီးတာကြောင့် သူမအဝတ်လဲခန်းထဲမှာ ခဏစောင့်ရဦးမယ်။ 


 


 


 တခြားအမျိုးသမီးသရုပ်ဆောင်တွေနဲ့မတူဘဲ ယဲ့ဆွေက အမြဲတမ်းပြီးပြည့်စုံတဲ့အနေအထား ရှိပြီး မိတ်ကပ်ကလည်း သန့်ရှင်းနေသည်။ 


 


 


 သို့သော် သူမက ဖြူဖွေးကြည်လင်ပြီး အရေပြားသည် အလွန်နူးညံ့သောကြောင့် ချွေးပေါက်များကို ရှာမတွေ့ပါ။  ပြင်စရာ မလိုတာတော့ အမှန်ပဲ။ 


 


 


 မိတ်ကပ်ပညာရှင်က ပြီးသွားသောအခါ ယဲ့ဆွေကို နှုတ်ဆက်လိုက်သည်။  "ဆွေဆွေ အရင်သွားနှင့်ပြီနော် "  


 


 


 ယဲ့ဆွေက သူ့ခင်ပွန်းကို လာကြိုတာစောင့်နေတာကို မိတ်ကပ်ပညာရှင်က သိသည်။ သူမက မီးသီးတစ်လုံးအနေနဲ့ ဒီမှာနေမနေချင်ဘူး။ 


 


 


 မိတ်ကပ်ပညာရှင် ထွက်သွားပြီးနောက် အဝတ်လဲခန်းထဲမှာ ယဲ့ဆွေ တစ်ယောက်ထဲ ကျန်ခဲ့သည်။  ရှောင်လျှို့က ယာယီကိစ္စတစ်ခုဖြစ်တာကြောင့် ကြန့်ကြာနေပြီး မကြာခင် သူမပြန်လာမှာပါ။ ရှောင်လျှို့က ယဲ့ဆွေကို ထွက်မသွားခင် အကြိမ်ကြိမ်သတိပေးခဲ့သည်။ 


 


 


 ယဲ့ဆွေက ဆိုဖာနောက်ကို မှီနေခဲ့သည်။  ရက်အတော်ကြာ ရိုက်ကူးပြီးနောက် သူမ၏ ခန္ဓာကိုယ်က အမှန်တကယ်ပင် အလွန်အမင်း စားချင်လာခဲ့သည်။ အရင်က ပင်ပန်းတာ အခု သိပ်မပင်ပန်းသေးဘူး။ 


 


 


 ယဲ့ဆွေ တွေးပြီး မျက်လုံးမှိတ်ကာ ဆိုဖာပေါ်တွင် အိပ်ပျော်သွားသည်။ 


 


 


 ရှောင်လျှို့ ပြန်လာသောအခါတွင် ယဲ့ဆွေ ခန္ဓာကိုယ်က ဆိုဖာကို ညင်သာစွာ မှီနေခဲ့ပြီး ဖြည်းညှင်းစွာအသက်ရှုနေသည်ကို တွေ့လိုက်ရသည်။ ရှောင်လျှို့က ယဲ့ဆွေ အိပ်ပျော်နေသည်ကိုမြင်ပြီး ချက်ချင်း ဘေးက စောင်ကိုယူကာ ခြုံပေးလိုက်သည်။ 


 


 


 ရှောင်လျှို့က ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ပြီး ချန်ရှု့ လာမည့်အချိန်ကို စောင့်ဆိုင်းရင်း သူမ လက်ခြေများကို ပေါ့ပေါ့ပါးပါး ထိုင်နေချင်သည်။ 


 


 


 ရှောင်လျှို့ လှည့်ကြည့်လိုက်သော်လည်း ချက်ချင်းပြန်လှည့်သွားသည်။  သူမက တုန်လှုပ်သွားပြီး လက်ဆန့်ကာ အိပ်ပျော်နေတဲ့ ယဲ့ဆွေကို အကြိမ်ပေါင်းများစွာ လှုပ်ယမ်းလိုက်သည်။ 


 


 


 ရှောင်လျှို့ရဲ့ ပြင်းထန်သော လှုပ်ခါမှုအောက်တွင် ယဲ့ဆွေ နိုးလာခဲ့သည်။ 


 


 


 ယဲ့ဆွေက ထိတ်လန့်သွားပြီး မျက်လုံးများကို ချက်ချင်းဖွင့်လိုက်သည်။ သူမ မျက်လုံးတွေကို ပွတ်သပ်ရင်း မေးခဲ့သည်။ “ဘာမှားနေလို့လဲ? ” 


 


 


 ရှောင်လျှို့က ယဲ့ဆွေ နိုးလာတာမြင်တော့ သက်ပြင်းချလိုက်သည်။  သူမက ယဲ့ဆွေဘေးတွင်ထိုင်ပြီး ညှဉ်းပန်းနှိပ်စက်ခံရပုံရသည်။ 


 


 


 "ဒီလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ? အရင်တစ်ခေါက်နဲ့ မတူဘူးလား?  အိပ်ပျော်သွားတဲ့အခါ နိုးလာနိုင်လား? ” 


 


 


 ရှောင်လျှို့က ယဲ့ဆွေကို မေးခွန်းတွေ ဆက်တိုက်မေးခဲ့သည်။ သူမက လက်ကို မြှောက်ပြီး အရှုံးပေးလိုက်သည်– “ငါ တစ်ကယ်ပင်ပန်းတယ်။ နင် တစ်နေကုန် ရိုက်ကူးရတာ မပင်ပန်းဘူးလား? ” 


 


 


 ယဲ့ဆွေနဲ့ ရှောင်လျှို့တို့ သတိပေးထားတဲ့အတိုင်း အဝတ်လဲခန်းတံခါးက မြည်လာသည်။ ယဲ့ဆွေနဲ့ ရှောင်လျှို့တို့က ချက်ချင်း ပါးစပ်ပိတ်လိုက်ကြသည်။  ယဲ့ဆွေက လက်ဟန်ခြေဟန်ဖြင့် အသံလျှော့လိုက်ပြီး ပြောခဲ့သည်။ "ချန်ရှု့ကိုမပြောနဲ့။ သူ စိတ်ပူနေလိမ့်မယ်" 


 


 


 ယဲ့ဆွေ ထပြီး တံခါးကိုဖွင့်လိုက်တော့ ချန်ရှု့က တံခါးအပြင်ဘက်မှာ ရပ်ပြီး သူမကို လာကြိုတာ အဆင်သင့်ပဲ။ 


 


 


 ယဲ့ဆွေ ကားပေါ်ရောက်မှ ကားနံ့ကို ရှူရှိုက်ပြီး နှာချေလိုက်ကာ ကားနောက်ခန်းကို လှည့်ကြည့်လိုက်သည်။ 


 


 


 ချန်ရှု့က တံခါးကိုဖွင့်ပြီး ယာဉ်မောင်းထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။  သူက ယဲ့ဆွေ ရဲ့ အသွင်အပြင်ကို ကြည့်ပြီး ပြုံးလျက် ပြောခဲ့သည်။ "ကိုယ် အဲဒါကို သေချာထုပ်ထားတာတောင် မင်းက အနံ့ခံနိုင်သေးတယ်" 


 


 


 ချန်ရှု့ လက်ဆွဲပြီး ကားနောက်ထိုင်ခုံမှာ သေတ္တာကို ယူလိုက်ပြီး ယဲ့ဆွေကို ပေးလိုက်သည်။ "ဒါက မင်းအရင်ကပြောခဲ့တဲ့  အရသာရှိတဲ့ ကိတ်မုန့်ပဲ ဒီနေ့ လုပ်ထားတာ" 


 


 


 ယဲ့ဆွေက ချက်ချင်း ခေါင်းငုံ့ပြီး ဗူးကိုဖွင့်လိုက်သည်။  သူမသည် ပထမဆုံး တစ်ဇွန်းကို ယူကာ ချန်ရှု့ကို ခွန့်​လိုက်သည်။ နောက်တော့ သူမကိုယ်တိုင်ပဲ စားတော့တယ်။ 


 


 


 ချန်ရှု့က ဒီလိုအချိုတွေကို သိပ်စိတ်မဝင်စားဘူး။ ဒါပေမယ့် ယဲ့ဆွေ စားရတာ ကြိုက်တာကို သူသတိထားမိသည်။ 


 


 


 ချန်ရှု့က ကား မောင်းရင်း ယဲ့ဆွေကို ကြည့်ဖို့လှည့်ကြည့်သည်။ သူမက ကောင်းကောင်းစားနေပြ ခေါင်းတောင်မော့မလာဘူး။  ချန်ရှု့  နှုတ်ခမ်းထောင့်ကအနည်းငယ် ကွေးသွားခဲ့သည်။ သူက အထူးတလည် အရှိန်လျှော့လိုက်သည်။ ယဲ့ဆွေ  စားနေတဲ့အချိန်မှာ မတော်တဆ ဝင်တိုက်မိမှာကို သူကြောက်တယ်။   


 


 


 ယဲ့ဆွေ ကိတ်မုန့်စားပြီးတာနဲ့ အိမ်ပြန်ရောက်လုနီးနီးပါပဲ။  သူတံခါးဖွင့်လိုက်တာနဲ့ စားစရာနံ့တွေ ထွက်လာသည်။ 


 


 


 ယဲ့ဆွေက သူမဖိနပ်ကို အမြန်ချွတ်ပြီး မီးဖိုခန်းဆီ ပြေးသွားသည်။  စားပွဲပေါ်မှာ ယဲ့ဆွေကြိုက်တဲ့ ဟင်းပေါင်းများစွာဖြင့် ပြည့်နေသည်။ 


 


 


ချန်ရှု့က သူမ နောက်လိုက်ဖို့ တွန့်ဆုတ်မနေခဲ့ပေ။ "မင်းမှာ မကြာသေးခင်က စားချင်တဲ့အရာတွေ အများကြီးရှိနေတာကို ကိုယ်မြင်ရတယ်။ မင်းစားချင်စိတ်လည်း တိုးလာတယ်" 


 


 


 ယဲ့ဆွေက စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်လိုက်သည်။  ဒီ ဟင်းတွေစားရင် စတားဖြစ်မှာမဟုတ်တော့ဘူး။ 


 


 


 ယဲ့ဆွေ ချန်ရှု့ကို ကြည့်လိုက်တော့ ချန်ရှု့က သူမကို ခွင့်ပြုပေးသလိုကြည့်နေခဲ့သည်။ ယဲ့ဆွေက သက်ပြင်းချလိုက်သည်။  "ချန်ရှု့ ရှင် အခု ကျွန်မကို ပြုစုပျိုးထောင်နေပြီလား?" 


 


 


 ချန်ရှု့က  ပြုံးပြီး ယဲ့ဆွေ မေးခွန်းကို မဖြေလာဘူး။  သူက စားပွဲပေါ်က ပန်းကန်ကို လက်ညှိုးထိုးပြပြီး ပြောခဲ့သည်။ "မင်းစားနိုင်သေးလား?" 


 


 


 ဒီအစားအစာတွေကို ယဲ့ဆွေ လက်လွှတ်မခံနိုင်ဘူးဆိုတာ ချန်ရှု့ သိတယ်။  ဟုတ်ပါတယ်၊ ယဲ့ဆွေက ရှုပ်ထွေးတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြနေတုန်းပဲ။ "စားမယ် ဒါပေါ့ စားသင့်တယ်။ မဟုတ်ရင် ဖြုန်းတီးနေသလိုပဲ " 


 


 


 ယဲ့ဆွေက သူမလက်ကိုဆေးကြောပြီး စားပွဲတွင်ထိုင်ပြီးနောက် သူမလက်လှမ်းဖို့တောင်မလိုဘူး။ ချန်ရှု့က သူမစားမည့်အစားအစာများကို ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။ 


 


 


 အရသာများစွာရှိသော်လည်း ယဲ့ဆွေက အစားအစာ၏ 80% ကိုသာစားဆဲဖြစ်သည်။ အစောက ကိတ်မုန့်စားပြီးပြီ။  အလွန်အကျွံစားပြီးရင် သူမ ညကျရင် အိပ်နိုင်ပါဦးမလား? 


 


 


 နောင်တရတဲ့ အကြည့်တွေနဲ့ ယဲ့ဆွေက တူများကို ချလိုက်သည်။ 


 


 


 ထမင်းစားပြီးတော့ ယဲ့ဆွေ အိပ်ငိုက်လာသည်။ ချန်ရှု့ ပန်းကန်ခွက်ယောက်တွေကို သန့်ရှင်းရေးလုပ်တာ စောင့်ဆိုင်းရင်း စားပွဲပေါ်တွင် အိပ်ပျော်သွားတော့သည်။ 


 


 


 ယဲ့ဆွေ ခေါင်းက တဖြည်းဖြည်းနှင့်ငိုက်ကျလာပြီး မျက်လုံးတွေက တစ်ဝက်လောက်ပဲပွင့်နေကာ သူ့ကိုယ်သူ အိပ်မပျော်သွားစေရန် ကြိုးပမ်းနေသည်။ ထမင်းစားပြီးနောက် အိပ်ပျော်သွားခြင်းမှာ အပြစ်ရှိလွန်းလှသည်။ 


 


 


 မကြာသေးမီက သူမအတွက် တစ်စုံတစ်ခု မှားယွင်းခဲ့သည်။ သူမ အမြဲအိပ်ငိုက်ပြီး ပြန်စားချင်နေခဲ့သည်။  ယဲ့ဆွေ ခေါင်းထဲ အတွေးတစ်ခု လင်းလက်သွားသော်လည်း ရုတ်တရက် အဆင်မပြေမှုကြောင့် ရပ်တန့်သွားသည်။ 


 


 


 ချန်ရှု့က မီးဖိုချောင်မှ ထွက်လာပြီး ယဲ့ဆွေ ခေါင်းငုံ့ကာ အိပ်ပျော်သွားသည်ကို မြင်သောအခါ ကောင်းကင်ကြီး ပြိုလဲသွားသည်ဟု ခံစားလိုက်ရသည်။ 


 


 


 ချန်ရှု့ စားပွဲဘေးမှာ ရပ်နေပြီး ယဲ့ဆွေ ဘက်ကို ခြေတစ်လှမ်းတောင် မလှမ်းဝံ့ဘဲ သူ မမြင်ချင်သော မြင်ကွင်းကို မြင်သွားမှာကို ကြောက်နေသည်။ 


 


 


 အရင်က အိပ်မက်ဆိုးတွေ ထပ်ခါထပ်ခါ ဖြစ်နေတာလား? 


 


 


ချန်ရှု့က ယဲ့ဆွေနားကို တဖြည်းဖြည်းချင်း ချဥ်းကပ်လာပြီး သူမနံဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ကာ ယဲ့ဆွေရဲ့ပုခုံးပေါ်ကိုလက်တင်ထားပြီး သူ့အသံက တုန်ယင်နေခဲ့သည်။ 


 


 


 "ယဲ့ဆွေ" 


 


 


 အရင်ကနဲ့မတူဘဲ ယဲ့ဆွေ နိုးလာသည်။  သူမ မျက်လုံးများသည် အနည်းငယ်ဝေဝါးနေသေးသည်။ သူမ ချန်ရှု့ကို တစ်ချက်ကြည့်လိုက်သည်။ " ရှင့်မျက်လုံးတွေ ဘာလို့နီနေတာလဲ?" 


 


 


 ချန်ရှု့က သူ့ခံစားချက်တွေကို ဖုံးကွယ်ရင်း ပြောခဲ့သည်။ "အဆင်ပြေပါတယ် ပန်းကန်ဆေးတုန်းက မျက်လုံးထဲကို ရေဝင်သွားလို့" 


 


 


 ယဲ့ဆွေ သံသယမ၀င်ခဲ့ဘူး။  သူမ အိပ်ငိုက်တာတွေ ပျောက်သွားပြီး မတ်တပ်ထရပ်ကာ ဧည့်ခန်းရှိ ဆိုဖာပေါ်မှာ ထိုင်ဖို့ ပြင်ဆင်လိုက်သည်။ 


 


 


 ယဲ့ဆွေက ခြေလှမ်းအနည်းငယ်မျှမလှမ်းနိုင်ဘဲ တုံ့ဆိုင်းသွားကာ ဗိုက်အောင့်လာပြီး ချဉ်ရည်များတက်လာတာကြောင့် ချန်ရှု့ကို စကားတစ်ခွန်းမှ မပြောဘဲ ရေချိုးခန်းဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။ 


 


 


 ဒါပေမယ့် ယဲ့ဆွေက ရေချိုးခန်းတံခါးကို လော့ခ်ချဖို့ သတိရဆဲဖြစ်ပြီး အိမ်သာဘေးတွင် ချက်ချင်း ငုတ်တုတ်ထိုင်ကာ အန်လိုက်သည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေရဲ့ ရုတ်တရက်ရွေ့လျားမှုကြောင့် ထိတ်လန့်သွားပြီး ရေချိုးခန်းတံခါးကိုဖွင့်ချင်သောအခါတွင် လော့ခ်ချထားတာကိုတွေ့လိုက်သည်။ 


 


 


 ချန်ရှု့က အတွင်းမှ အန်နေတဲ့အသံကို ကြားလိုက်ရပြီး တံခါးကို စိတ်လှုပ်ရှားစွာ ခေါက်လိုက်သည်။ "ယဲ့ဆွေ မင်းဘာဖြစ်နေတာလဲ?" 


 


 


 ယဲ့ဆွေက ခန္ဓာကိုယ်ထဲက ရှိသမျှအားလုံးကို အန်ထုတ်လိုက်ပြီး ချန်ရှု့ စိတ်မပူရအောင် စကားတစ်ခွန်းပြောလိုက်ချင်ပေမယ့် စကားတစ်ခွန်းပဲပြောနိုင်ပြီး ထပ်အန်တော့သည်။ 


 


 


 ယဲ့ဆွေ လန့်မှာကိုသာ မကြောက်ရင် ချန်ရှု့က တံခါးကိုရိုက်ဖွင့်ချင်နေပြီ။ 


 


 


 ကံကောင်းထောက်မစွာနဲ့ ချန်ရှု့ရဲ့ စိတ်ရှည်သည်းခံမှု ကုန်ဆုံးခါနီးတွင် ရေချိုးခန်းတံခါးက ဖြည်းညှင်းစွာပွင့်လာပြီး ယဲ့ဆွေ​က မျက်နှာဖြူဖျော့ဖျော့နဲ့ အထဲက ထွက်လာသည်။ 


 


 


 ချန်ရှု့ ချက်ချင်းယဲ့ဆွေကို အနားဆွဲယူလိုက်ပြီး ယဲ့ဆွေက တစ်ကိုယ်လုံး၏ အလေးချိန်ကို ချန်ရှု့ကို မှီလိုက်သည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေရဲ့တုံ့ပြန်မှုကြောင့် အလွန်ထိတ်လန့်သွားသည်။ ယဲ့ဆွေက သွေးမရှိသလို ဖြူစုတ်နေပြီး သူမ နဖူးပေါ်မှာလည်း ချွေးအေးများထွက်နေခဲ့သည်။  နောက်ဆုံးမေ့မြောခြင်းမတိုင်မီ တုံ့ပြန်မှုက ပြင်းထန်ပုံမပေါ်ပါ။ 


 


 


ယဲ့ဆွေက ဆိုဖာထိတောင် လမ်းမလျှောက်နိုင်တော့ဘူး။  ချန်ရှု့က သူမကို ဧည့်ခန်းထဲ ပွေ့သွားခဲ့သည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေကို ဂရုတစိုက်ချလိုက်ပြီး "ဒီအခြေအနေက ဘယ်အချိန်ကစခဲ့တာလဲ?" 


 


 


 ယဲ့ဆွေက ခေါင်းခါလိုက်သည်။ သူမ မသိဘူး။ အစောက ကောင်းနေသေးတယ် ရုတ်တရက် အန်ချင်လာတာ။  ယဲ့ဆွေ သူ့ဗိုက်ကို ထိလိုက်သည်။ 


 


 


"ချန်ရှု့ ကျွန်မ ဗိုက်ထပ်ဆာနေတယ် ထင်တယ် " 


 


 


 ချန်ရှု့ - "..." 


 


 


 ချန်ရှု့က ယဲ့ဆွေကို ကို အိမ်တွင် နောက်ထပ် ထမင်းတစ်နပ်စားခွင့် မပြုပါ။ သူက ယဲ့ဆွေကို ကားထဲ တိုက်ရိုက်ထည့်ကာ စစ်ဆေးဖို့ ဆေးရုံကို သွားခဲ့သည်။  ရလဒ်တွေ ထွက်လာပြီးနောက်မှ ယဲ့ဆွေ စားပါစေ။ 


 


 


ချန်ရှု့က ယဲ့ဆွေ အကြောင်း ပြောပြဖို့ မန့်ဟန့်ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။ 


 


 


ယဲ့ဆွေ ဆေးရုံရောက်တဲ့ခါ သူက ချက်ချင်းစစ်ဆေးခဲ့သည်။  မန့်ဟန့် ရောက်လာတော့ ချန်ရှု့က ချက်ချင်းထရပ်ပြီး မေးလိုက်သည်။ "ယဲ့ဆွေ ဘာဖြစ်တာလဲ?"  


 


 


 မန့်ဟန့်က စကားပြောဖို့ အလျင်မလိုပေ။  သူ့မျက်လုံးတွေက ချန်ရှု့နဲ့ ယဲ့ဆွေတို့ရဲ့ ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်နေပြီး သူ့ပါစပ်မဖွင့်ခင် သူတို့ သိချင်စိတ်ကို ဆွဲဆန့်ထားခဲ့သည်။  


 


 


 "ငါ့ရဲ့ အထူးကျွမ်းကျင်မှုက သားဖွား မီးယပ် မဟုတ်ဘူး။ သားဖွားမီးယပ် အထူးကုဌာနကို သွားစစ်ဆေးဖို့ အကြံပေးတယ်" 


 


 


 မန့်ဟန့်က သူတို့နှစ်ဦးရဲ့ အမူအရာကိုမြင်လိုပြီး ထိုဇနီးမောင်နှံအတွက် သင်ယူစရာများစွာရှိပုံရသည်။ 


 


 


  ယဲ့ဆွေ အရင်သတိပြန်ဝင်လာပြီး သူမအသံက နည်းနည်းတော့ မတည်မငြိမ်ဖြစ်နေသည်။ "ကျွန်မ ကိုယ်ဝန်ရှိနေတာလား?" 


 


 


 မန့်ဟန့်က ခေါင်းညိတ်လိုက်သည်။  "အကြို စစ်ဆေးမှုအရ ဒီလိုမျိုး ဖြစ်သင့်တယ်။ အသေးစိတ် စစ်ဆေးဖို့ သားဖွားမီးယပ်ဌာနကို သွားလိုက် " 


 


 


 မန့်ဟန့်က ၎င်းကိုလုပ်ပေးဖို့ ဆန္ဒရှိသော်လည်း နောက်စက္ကန့်တွင် ခွေးစာစားလိုက်ရသည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေကို အရင်ဆုံး ဂရုတစိုက်နဲ့ ကုတင်ပေါ်တင်ကာ ထိုင်ခိုင်းလိုက်ပြီး မန့်ဟန့်ကိုကြည့်ပြီး ပြောလိုက်သည်။ "မင်းရဲ့ရုံးခန်းမှာ ဘီးတပ်ကုလားထိုင် (ဝှီးချဲ) ရှိလား ငါ့ကိုသုံးခွင့်ပေး" 


 


 


 ချန်ရှု့ရဲ့ အဓိပ္ပါယ်ကို မန့်ဟန့်က နားမလည်တာကြောင့် မေးလိုက်သည်။ "ဘီးတပ်ကုလားထိုင်နဲ့ မင်းဘာလုပ်ချင်တာလဲ?" 


 


 


 ချန်ရှု့က  သဘာဝကျကျ ပြန်ဖြေလာသည်။ "ယဲ့ဆွေ အန်ထားရပြီး သူမခြေထောက်မှာ ခွန်အားမရှိဘူး"  


 


 


 မန့်ဟန့်က သူ့ကို လှမ်းကြည့်ခဲ့သည်။ "မင်း ယဲ့ဆွေကို တိုက်ရိုက်ချီထားရင် ပိုမြန်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်းလည်း နိုင်ငံအနှံ့မှာ နာမည်ကြီးတယ် " 


 


 


 ယဲ့ဆွေက ချန်ရှု့ကို ခေါင်းညိတ်ပြလာသည်။  " အဲ့ဒိအကြံကကောင်းပုံရတယ်"  


 


 


 ချန်ရှု့ကလည်း တုံ့ပြန်လာသည်။ "မင်းကြိုက်ရင် ကိုယ်မင်းကိုချီသွားမယ်" 


 


 


 မန့်ဟန့်က ယဲ့ဆွေနဲ့ချန်ရှု့တို့ကြား တိတ်ဆိတ်သွားတဲ့ စကားဝိုင်းကို ကြည့်ပြီး ၎င်းတို့ ချစ်ကြောင်း ပြသတဲ့ စုံတွဲကို အမြန်နှောင့်ယှက်လိုက်ပြီး ဘီးတပ်ကုလားထိုင်ကို ပေးလိုက်သည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေကို ဆေးရုံတစ်ဝိုက်ကို အမှန်တကယ် ခေါ်သွားမယ်ဆိုရင် မနက်ဖြန်နံနက် သတင်းခေါင်းစဉ်များက သူတို့ပိုင်မှာမဟုတ်ကြောင်း မန့်ဟန့်က သတိပေးခဲ့သည်။ 


 


 


 နောက်ဆုံး ချန်ရှု့က ယဲ့ဆွေကို သားဖွားမီးယပ်ဌာနကို တွန်းပို့လိုက်ပြီး မကြာခင် ရလဒ်ထွက်လာသည်။  ယဲ့ဆွေမှာ ကိုယ်ဝန်ရှိနေပြီ။ 


 


 


 ချက်ချင်းဆိုသလို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု သို့မဟုတ် အတွေ့အကြုံမရှိဘဲ သူက အဖေအဖြစ် ရာထူးတိုးသွားခဲ့သည်။  သူက ယန်လန်ကို ယဲ့ဆွေကိုစောင့်ရှောက်ပေးဖို့ ချက်ချင်းပြောခဲ့သည်။   


 


 


 ယန်လန်က ချန်ရှု့ဆီက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး ဖုန်းထဲမှ ပြင်းထန်သော အသံကို ကြားလိုက်ရသည်။ ယဲ့ဆွေ တစ်ခုခုမှားနေပြီဟု သူမထင်လိုက်တာ။  ယဲ့ဆွေ ကိုယ်ဝန်ရှိနေမယ်လို့ မမျှော်လင့်ထားဘူး။ 


 


 


 ယန်လန်က ချန်ရှု့ ခံစားချက်များကို အမြန်ဖြေလျှော့ခိုင်းလိုက်ပြီး မနက်ဖြန်တွင် သူမ အမြန်ရောက်လာမည်ဖြစ်သည်။ 


 


 


 ဖုန်းချလိုက်တာနဲ့ ယန်လန်က  ချက်ချင်းဆိုသလို အမွှေးတိုင်ထွန်းပြီး ဆုတောင်းခဲ့သည်။ "ဘိုးဘေးဘီဘင်တွေ ကောင်းချီးပေးပါစေ။ ငါ့မိသားစုရဲ့ ဆွေဆွေကို ကောင်းချီးပေးပြီး မတော်တဆမှုတွေ ကင်းဝေးပါစေ" 


 


 


 ယန်လန်က အမွှေးတိုင် ကုန်သွားပြီးမှ သူမ၏ ခရီးဆောင်အိတ်ကို စတင်ထုပ်ပိုးခဲ့သည်။  သူမ မြေး သို့မဟုတ် မြေးမလေးက ယဲ့ဆွေ ဝမ်းဗိုက်ထဲရှိနေတာကို တွေးမိသောအခါ သူမသည် တစ်ညလုံး မစောင့်နေချင်တော့ပေ။ 


 


 


 ချန်ရှု့နဲ့ ယဲ့ဆွေတို့ရဲ့ အခြေအနေကလည်း အကောင်းကြီးမဟုတ်ပေ။  မိဘတစ်ဦးဖြစ်ရခြင်း၏ ရွှင်လန်းမှုကို ဦးစွာခံစားကြရသည်။ 


 


 


 ထို့နောက်တွင်တော့ ယဲ့ဆွေက သူမစားထားသမျှ အစားအစာအားလုံးကို အန်လိုက်ပြီး မူးမေ့လဲသွားကာ  ရက်အနည်းငယ် အနားယူခဲ့ရသည်။ 


 


 


 ချန်ရှု့က ညဘက်မှာ မျက်လုံးတောင်မမှိတ်ထားရဲပေ ။ ယဲ့ဆွေ ရေချိုးခန်းထဲ ထအန်ချိန် လဲကျသွားမှာကို သူကြောက်သည်။    


 


 


 နောက်ဆုံးတော့ မိုးလင်းလာပြီး ယန်လန်ကို မျှော်လင့်ချက်ပေးလာသည်။  ယန်လန်က ပျော်ရွှင်နေတဲ့ စုံတွဲလေးကို မြင်နိုင်တယ်လို့ တွေးလိုက်သည်။ 


 


 


 မမျှော်လင့်ဘဲ တံခါးဖွင့်လိုက်တာနဲ့ ချန်ရှု့က တစ်ညလုံး အိပ်မပျော်သလိုမျိုး အရမ်းပင်ပန်းနေပုံရသည်။ 


 


 


 ယန်လန်က မေးလိုက်သည်။ - "ဘာမှားနေလို့လဲ?" 


 


  


 ယဲ့ဆွေ အခြေအနေအပေါ် ချန်ရှု့ ကြည့်ရင်း အားကိုးရာမဲ့ ဖြစ်နေသည်။ - "ယောက္ခမ ယဲ့ဆွေ စားပြီးတာနဲ့ အန်နေတယ် ကျွန်တော်တို့ ဘာလုပ်ရမလဲ?" 


 


 


 ယန်လန်က ချန်ရှု့ရဲ့ အဆင်မပြေသည့် တုံ့ပြန်မှုကြောင့် ရယ်မောလုနီးပါးဖြစ်နေခဲ့သည်။ ချန်ရှု့ ကူကယ်ရာမဲ့ ဖြစ်နေသည်ကို သူမ မမြင်ဖူးပေ။ 


 


 


 အိတ်ထဲမှ အသီးအရွက် ယာဂုကို ထုတ်ယူလိုက်သည်။  ဂျုံယာဂုက ပျော့ပျောင်းပြီး အသီးအရွက်တွေကို လှီးဖြတ်ထားတာကြောင့် အရသာကတော့ အလယ်အလတ်ပဲ။ 


 


 


 "မင်း ယဲ့ဆွေကို အရင်စားဖို့ပေးလိုက်။ အမေ နောက်မှ ချက်ပေးမယ် " 


 


 


 ချန်ရှု့ ယဲ့ဆွေကို ကြည့်တော့ ယာဂုစားနေတယ်။ ခဏကြာတော့ သူမ သိပ်တုံ့ပြန်မှု မရှိတော့တာကြောင့် စိတ်သက်သာရာ ရသွားသည်။ 


 


 


ကိုယ်ဝန်ရှိပြီးနောက် ယန်လန် ရောက်ရှိလာပြီး ယဲ့ဆွေရဲ့ အလုပ်များသော လက်ခြေများကို  ထိန်းချုပ်နိုင်ခဲ့သည်။  ချန်ရှု့နဲ့ ယဲ့ဆွေတို့က ထိုသို့သော အရာများကို ပထမဆုံးအကြိမ် တွေ့ကြုံခဲ့ရတာကြောင့် ထုံးစံအတိုင်း သူတို့ ဘယ်ကနေစရမှန်းကို သဘာဝကျစွာပဲမသိခဲ့ပေ။ 


 


 


 ကံကောင်းထောက်မစွာပဲ ယဲ့ဆွေက ခဏအန်လိုက်သောအခါ အလွန်သက်သာရာရသွားပြီး သူမ တစ်ခါမှမစားဖူးသော အရာကို စားချင်လာသည်။ 


 


 


 ယဲ့ဆွေက အဖွဲ့သားတွေဆီမှ ဒီလို အခြေအနေကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။ ပြီးတော့ ချန်ရှု့က ယဲ့ဆွေကို အိမ်ပြန်ခေါ်သွားတော့သည်​။ 


 


 


 အဖွဲ့သားတွေက ယဲ့ဆွေကို သီးသန့်ဂုဏ်ပြုဖို့ လာရောက်ကြသည်။  အင်တာနက်သုံးစွဲသူများကဲ့သို့ပင် ၎င်းတို့သည် ယဲ့ဆွေနဲ့ ချန်ရှု့တို့ အခက်အခဲများကို မြင်တွေ့ခဲ့ရသည်။ 


 


 


 ယဲ့ဆွေ နဲ့ ချန်ရှု့တို့က နောက်ဆုံးမှာ သားသမီးတွေရလာကြပြီး ယဲ့ဆွေ အတွက် ပျော်ရွှင်နေရုံသာမက ပရိသတ်တွေလည်း အရမ်းကို စိတ်လှုပ်ရှားနေမယ်ဆိုတာ သိကြမှာပါ။ 


 


 


 ယဲ့ဆွေ ကိုယ်ဝန်ရှိတဲ့သတင်းက အဖွဲ့သားများအတွင်း တိတ်တဆိတ်လျှို့ဝှက်ချက်ဖြစ်ပြီး ဝန်ထမ်းများ၊ သရုပ်ဆောင်များနှင့် ဒါရိုက်တာများက ယဲ့ဆွေကို မသိစိတ်မှ ဂရုစိုက်မည်ဖြစ်သည်။ 


 


 


 သို့သော်လည်း ယဲ့ဆွေက ကိုယ်ဝန်ကြောင့် မိနစ်ဝက်လောက်တောင် အနားယူခြင်း မရှိခဲ့ပေ။ ဒါကြောင့် သူမ ရိုက်ချင်တဲ့အချိန် ရိုက်လို့ရတယ်။  ဒွိဟဖြစ်နေစရာမလိုဘူး။ 


 


 


 ယဲ့ဆွေက ကိုယ်ဝန်ကို ဖုံးကွယ်ဖို့ ရည်ရွယ်ချက်မရှိဘဲ လွှတ်ထားလိုက်တာကြောင့် ဒီကိစ္စကို အင်တာနက်အသုံးပြုသူများက လျင်မြန်စွာ သိရှိသွားခဲ့သည်။ 


 


 


 အမည်မသိ အင်တာနက်အသုံးပြုသူတစ်ဦးက ယဲ့ဆွေ ကိုယ်ဝန်က လအတော်ကြာနေပြီဟု အင်တာနက်ပေါ်တွင် တင်ထားသည်။ 


 


 


 [ယဲ့ဆွေက ကိုယ်ဝန်ရှိနေတယ်လို့ သံသယရှိပြီး ဟွာရွေ့ ဥက္ကဌချန်က အပြည့်အဝ အစောင့်အကြပ်ပေးထားသည်] 


 


 


 ချန်ရှု့က ယဲ့ဆွေကို အိမ်ပြန်ဖို့ သွားကြိုချိန် အဖွဲ့သားထံသွားသော ချန်ရှု့ဓာတ်ပုံကို ပို့စ်တွင်တွဲတင်ထားသည်။ 


 


 


 ပို့စ်တင်ပြီးတာနဲ့ ပြင်းထန်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်ခဲ့သည်။ 


 


 


 "အား အားးး ဆွေဆွေ နောက်ဆုံးတော့ ကိုယ်ဝန်ရှိသွားပြီ။ ယဲ့ဆွေ ကိုယ်ဝန်ရပြီးရင် ဥက္ကဌချန်က ယဲ့ဆွေ ကိုယ်ဝန်ရှိတာကို ဘယ်လိုသဘောထားလဲ စဉ်းစားဖူးလား?" 


 


 


 “ဒါက ပိုလို့တောင် အလိုလိုက်ထားမှာပေါ့  ” 


 


 


 "ဒါပေမယ့် ပို့စ်ပိုင်ရှင်က အကျင့်ပျက်လွန်းတယ်။.ဆွေဆွေက ထုတ်ဖော်ပြောဖို့ ရွေးချယ်စရာ မရှိဘူး။ သူ့မှာ ကိုယ်ပိုင် အကြောင်းပြချက် ရှိရမယ်။ ပို့စ်ပိုင်ရှင်က တိုက်ရိုက်ဖော်ထုတ်တာ သိပ်မကောင်းဘူး" 


 


 


 "ကလေးရဲ့ အကြောင်းကို အသေးစိတ် အကုန်မပြောနဲ့၊ ပထမသုံးလမှာ လူသိရှင်ကြားပြလို့မရဘူးဆိုတာ မင်းမသိဘူးလား?" 


 


 


 ပို့စ်အားလုံးနီးပါးက ယဲ့ဆွေ ကိုယ်ဝန်အတွက် ကောင်းချီးများဖြစ်ပြီး ပို့စ်ပိုင်ရှင်က ခွင့်ပြုချက်မရှိဘဲ အဆိုပါကိစ္စကို ထုတ်ဖော်တယ်လို့ စွပ်စွဲမှုများလည်း ရှိသည်။ 


 


 


 ပို့စ်ပိုင်ရှင်က အင်တာနက်အသုံးပြုသူများကြောင့် အလွန်စိတ်မကောင်းဖြစ်ပြီး ပို့စ်ကို အမြန်ဖျက်ခဲ့သည်။ 


 


 


 ရက်အနည်းငယ်ကြာပြီးနောက် ယဲ့ဆွေက သူမရဲ့ ကိုယ်ဝန်သတင်းကို အလွန်အသိအမှတ်ပြုကြောင်း ဝေ့ပေါ်မှ ထုတ်ပြန်ခဲ့သည်။ ကလေးက သုံးလပဲရှိသေးတာကြောင့် ပရိသတ်တွေကို ချက်ခြင်းထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘူး။ 


 


 


 ဝေ့ပေါ်အောက်တွင် တစ်ဖက်သတ် ကောင်းချီးမင်္ဂလာများနှင့် ဂုဏ်ပြုလွှာများပြည့်နေခဲ့သည်။ 


 


 


 “ဆွေဆွေက ဖျော်ဖြေရေးအသိုင်းအဝန်းမှာ ကောလဟာလရှင်းတဲ့ လူတစ်ယောက်ပါ။ ကိုယ်ဝန်ကိုလည်း တိုက်ရိုက်ကြေညာထားပြီး လုံးဝ ဖုံးကွယ်မထားဘူး” 


 


 


 "ယဲ့ဆွေနဲ့ သခင်လေးချန်ရဲ့ ကလေးလေးပဲ။  သူဘယ်လိုပဲဖြစ်ပါစေ အရမ်းချစ်စရာကောင်းနေရမယ်" 


 


 


 "ဆွေဆွေက ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်။ ပရိသတ်တွေ ထပ်ပြီး စိတ်မပူပါစေနဲ့" 


 


 


  ဝေ့ပေါ်၏ ပထမဆုံး ရှာဖွေမှုအချို့က ယဲ့ဆွေနဲ့ သက်ဆိုင်သည်။ 


 


 


 ပြီးတော့ ချန်ရှု့ရဲ့အဖေကလည်း ယဲ့ဆွေ ကိုယ်ဝန်ရှိတယ်ဆိုတဲ့ သတင်းကို အင်တာနက်မှာ သိသွားသည်။  သူအရမ်းပျော်သွားပြီး ဒေါသဖြစ်သွားတယ်။ 


 


 


 ဘာလို့လဲဆိုတော့ ချန်ရှု့က ယန်လန်ကိုသာ အသိပေးပြီး ယန်လန် ရောက်ရှိလာပြီးနောက်မှာ ချန်ရှု့က ယဲ့ဆွေရဲ့  နံနက်ခင်းတုံ့ပြန်မှုကြောင့် အလုပ်ရှုပ်သွားခဲ့ပြီး သခင်ကြီးချန်ကို ပြောဖို့တောင် မေ့သွားခဲ့သည်။ 


 


 


 အဖေ ချန်က အိမ်မှာ သွေးအန်လုမတတ်ပဲ။ 


 


 


 ယဲ့ဆွေက ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး အဘိုးတစ်ယောက်ဖြစ်​နေကြောင်းသိတဲ့ နောက်ဆုံး လူကတော့ သူပဲ။ အင်တာနက်သုံးစွဲသူတွေတောင် အရင် သိကြသည်။   


 


 


 ချန်ရှီက ဖုန်းခေါ်ဖို့ လက်ချောင်းတွေကို ရွှေ့လို့မရဘူး။ 


 


 


 သခင်ကြီးချန်က ဖုန်းခေါ်ဆိုမှုကြောင့် စိတ်ဆိုးနေပြီး ချန်ရှု့က ပျော်ရွှင်တဲ့အသံနဲ့ ဖုန်းတစ်ဖက်က ထွက်ပေါ်လာသည်။   


 


  


ချန်ရှု့ဘက်က အသံကိုကြားတော့ ချန်သခင်ကြီးက ယခင်ပြောခဲ့သောစကားတွေက တင်းကြပ်သောကြိုးတစ်ချောင်းကဲ့သို့ပင်၊ သူတကယ် စိတ်မသက်သာရာရပေ။ 


 


 


အခုတော့ အားလုံးပြေလည်သွားသလိုပဲ၊ သူ့မှာ အားကိုးတကြီးနဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ ရှိသည်။ 


 


 


 အဖေ ချန်က ဘာမှပြန်မပြောနိုင်သေးဘူး။ သူ့အရှက်ကို ဖုံးကွယ်ဖို့ နှစ်ကြိမ် ချောင်းဆိုးဟန်ဆောင်ခဲ့သည်။ 


 


 


"ယဲ့ဆွေ ရဲ့ ခန္ဓာကိုယ်က ဘယ်လိုလဲ။ အတွေ့အကြုံရှိတဲ့ လူရှာပြီး ယဲ့ဆွေကို စောင့်ရှောက်ဖို့ ကူညီစေချင်လား?" 


 


 


 ချန်ရှု့ လေသံက အလွန်သဘာဝကျစွာထွက်လာခဲ့တယ် - "မဟုတ်ဘူး ကျွန်တော့ယောက္ခမက ကျွန်​တော်တို့အိမ်မှာနေနေပြီ။ ကျွန်တော် တစ်ယောက်ယောက်ကို ထပ်မေးရင် သူ စိတ်မချမ်းသာမှာကို စိုးရိမ်တယ် " 


 


 


ဖေဖေချန်ရဲ့ ဒေါသသည် တစ်ဖန်ပြန်ပေါ်လာပြီး ချန်ရှု့ ယောက္ခမက ကောင်းမွန်တဲ့ ပံ့ပိုးကူညီ​မှုပေးခဲ့ပြီး ဖခင်တစ်ယောက်အနေဖြင့် သူ့ခံစားချက်ကို ဘယ်လိုပြောရမလဲ။ ဖခင်၏အသံကြောင့် သူ့ခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။ 


 


 


 ဖေဖေချန်က အနည်းငယ် အသက်ရှုကြပ်ကာ ဒေါသထွက်နေပြီး ဒေါသမဖြစ်နေကြောင်း သူ့ကိုယ်သူ အဆက်မပြတ်ပြောနေရသည်။  အခု သူ့မြေးတွေအကြောင်းတွေးရမယ်။ ချန်ရှု့နဲ့ သူတို့ကို မနှိုင်းရဘူး။ 


 


 


​ချန်ရှု့က ပထမဆုံးအကြိမ်အနေနဲ့ ဖခင်တစ်ယောက်​ဖြစ်လာတာကြောင့် စိတ်လှုပ်ရှားနေမှာ မလွဲဧကန်ပဲ။ 


 


 


 ဖေဖေချန်က သူ့အသံကို ထပ်ပြီး ဖြေလျော့လိုက်သည်။  "တစ်ခုခုရှိရင် ငါ့ဆီလာခဲ့၊ ငါ မင်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို သေချာရှာတွေ့မှာပါ" 


 


 


 ချန်ရှု့က သူ၏ စရိုက်လက္ခဏာအရ သခင်ကြီးချန်ဆီ အကူအညီတောင်းဖို့ မသွားပေ။ 


 


 


 ချန်ရှု့ အချိန်ကိုကြည့်ပြီး ပြောခဲ့သည်။ " ဒီနေ့ ယဲ့ဆွေ ရှူတင်က ပြီးခါနီးပြီ၊ ကျွန်တော်သွားတော့မယ် " 


 


 


 ဖေဖေချန် - "သွားလေ ယဲ့ဆွေ စောင့်မနေရစေနဲ့" 


 


 


 နောက်တော့ ဖေဖေချန်က ဖုန်းချသွားသည်။  တယ်လီဖုန်းသံကို နားထောင်ရင်း နှလုံးခုန်သံ ခုန်တက်သွားသည်။ 


 


 


 သူက ချန်ရှု့ကို နှစ်အတော်ကြာ လျစ်လျူရှုထားခဲ့ပြီး အခု ချန်ရှု့နဲ့ သူ့ကြား  ဆက်ဆံရေးကို ပြင်ဆင်လိုသော်လည်း မည်သည့်နေရာက စတင်ရမည်ကို မသိပေ။ 


 


 


 ဖေဖေချန်က သက်ပြင်းချပြီး တိတ်ဆိတ်စွာဘဲ စာကြည့်ခန်းဆီကို ပြန်သွားခဲ့သည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေကို အိမ်ပြန်ခေါ်သွားဖို့  စတူဒီယိုကို သွားခဲ့သည်။  စားသောက်ပြီးသောအခါ ချန်ရှု့က ယဲ့ဆွေနဲ့အတူ အောက်ထပ်သို့ လိုက်ကာ ခြံဝန်းအတွင်း လမ်းလျှောက်ရန် ပြင်ဆင်သည်။ 


 


 


 ဘာကြောင့်လဲဆိုတော့ ယဲ့ဆွေ အလွန်အကျွံစားမိမှာကို ယန်လန်က စိုးရိမ်ခဲ့ပြီး အဲ့လိုဆို ကလေးမွေးဖွားဖို့ မလွယ်ကူတာကြောင့် သူမက ချန်ရှု့ကို အတူလိုက်သွား​ဖို့ တောင်းဆိုခဲ့သည်။    


 


 


 ယဲ့ဆွေရဲ့ ဗိုက်က သတိမထားမိသေးသော်လည်း ချန်ရှု့က သူမတစ်ယောက်ထဲ သွားမှာကို စိတ်ပူနေပြီ။ သူက ယဲ့ဆွေခါးကို ဂရုတစိုက်ကိုင်ပြီး တစ်ဝက်နီးပါး ကူညီကာ သူမနှင့်အတူ လမ်းလျှောက်သွားခဲ့သည်။ 


 


 


 ယဲ့ဆွေက ချန်ရှု့ အပြုအမူကို မရပ်တန့်ဘဲ ချန်ရှု့လက်ကိုလှမ်းဆွဲခဲ့သည်။   


 


 


 " ချန်ရှု့ ကျွန်မ မီးဖွားခန်းကို ဝင်ရင် ရှင် ကျွန်မနဲ့ လိုက်ခဲ့ရမယ်  " 


 


 


 ယဲ့ဆွေက ကိုယ်ဝန်သုံးလရှိပြီမို့ မွေးမယ့်အချိန်ကို စပြီးစဉ်းစားလာသည်။  ယဲ့ဆွေနဲ့ ချန်ရှု့တို့က ခက်ခဲသောအရာများကို ကြုံတွေ့ခဲ့ကြရသည်။  ခက်ခက်ခဲခဲရခဲ့တဲ့အချိန်တွေကို ပိုမြတ်နိုးလာလေပဲ။ 


 


 


 ချန်ရှု့က ယဲ့ဆွေရဲ့ စိုးရိမ်မှုကို သိတာကြောင့် ယဲ့ဆွေ လက်ကို ကိုင်ပြီး ပြောခဲ့သည်။ "စိတ်မပူပါနဲ့  မင်းလိုချင်တဲ့အချိန်တိုင်း ကိုယ်မင်းနဲ့အတူရှိနေမယ်  ” 


 


 


 ယဲ့ဆွေရဲ့ အရိုးအများစုက သေးငယ်ပြီး များသောအားဖြင့် လေ့ကျင့်ခန်းလုပ်လေ့ရှိသည်။  ကိုယ်ဝန်ပထမလအနည်းငယ်မှာ ဗိုက်ကသိသာထင်ရှားလာမှာမဟုတ်ဘူး။  ယဲ့ဆွေက ဒီအချိန်ကို အခွင့်ကောင်းယူပြီး ရိုက်ကွင်းကို ပြီးအောင်ရိုက်ပြီးတော့ ကလေးကို အေးချမ်းစွာ ပြုစုပျိုးထောင်ပေးခဲ့သည်။ 


 


 


 နောက်လအနည်းငယ်ကြာတော့ ယဲ့ဆွေ ရဲ့ဗိုက်က ရုတ်တရက်ကြီးလာပြီး ချန်ရှု့က ယဲ့ဆွေ ဗိုက်နဲ့လမ်းလျှောက်နေတာကိုမြင်တဲ့အချိန် လန့်သွားခဲ့သည်။    


 


 


 ယဲ့ဆွေက လျင်မြန်စွာလျှောက်သွားခဲ့ပြီး ချန်ရှု့ နှလုံးကို ဆုပ်ကိုင်ထားသလိုပဲ။    


 


 


 ယဲ့ဆွေဗိုက်က ညဘက်တွင် မှန်မှန်အိပ်ရန် ကြီးလွန်းတာကြောင့် ညဘက်မှာ မှန်မှန်မအိပ်နိုင်ဘဲ ချန်ရှု့ကလည်း အိပ်မရပေ။ 


 


 


 ညသန်းခေါင်အချိန်တိုင်း ချန်ရှု့က အကြိမ်ပေါင်းများစွာနိုးလာပြီး သူက အိပ်ရေးဆက်လာပြီး အနည်းငယ်လှုပ်ရှားမှုဖြင့် နိုးထလာလိမ့်မည်။ 


 


 


 ချန်ရှု့ မျက်လုံးဖွင့်လိုက်အချိန် ပထမဆုံးအရာမှာ ယဲ့ဆွေကို မအိပ်ခင် အခြေအနေကို စစ်ဆေးရန်ဖြစ်သည်။ 


 


 


 တစ်ခါက ယဲ့ဆွေ အိပ်နေချိန် ခြေထောက်များ ကျဉ်လာကာ မသိစိတ်က အော်ဟစ်လိုက်မိပြီး ချန်ရှု့က မျက်လုံးများကို ချက်ချင်းဖွင့်လိုက်သည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေဘက်ကိုကြည့်လိုက်ပြီး သူထထိုင်လိုက်သောအခါ ယဲ့ဆွေက ဖြည်းညှင်းစွာ နိုးလာသည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေကို ပြုစုတာ အလွန်ကျွမ်းကျင်သည်- "ထပ်ပြီး ကျဉ်နေတာလား?" 


 


 


 ယဲ့ဆွေက မျက်မှောင်ကြုတ်ကာ ခေါင်းတညိတ်ညိတ်နှင့် ခေါင်းအုံး တစ်ဖက်ဆီမှီလိုက်သည်။ 


 


 


 ချန်ရှု့ လှုပ်ရှားမှုက အလွန်နူးညံ့သိမ်မွေ့ပြီး ခြေသလုံးကြွက်သားများကို ဂရုတစိုက် နှိပ်နယ်ပေးပြီး ယဲ့ဆွေ ကြွက်သားများကို ပြေလျော့စေခဲ့သည်။ 


 


 


 ယဲ့ဆွေက ချန်ရှု့ မျက်လုံးအောက်က အနက်ရောင်ကွင်းဖျော့ဖျော့ကို ကြည့်လိုက်ရာ ချန်ရှု့က ဤလအနည်းငယ်အတွင်း သူကိုယ်တိုင် နိုးထလာသည်ကို သူမသဘောပေါက်ခဲ့သည်။ 


 


 


 ယဲ့ဆွေက ချန်ရှု့ လက်ကိုဆွဲလိုက်ပြီး "ချန်ရှု့ ရှင် အရမ်းကြိုးစားခဲ့ပြီးပြီ" 


 


 


 ချန်ရှု့က ယဲ့ဆွေနားမှာ ပြန်အိပ်လိုက်ပြီး ညင်သာစွာနဲ့ "ကလေးက မင်းဗိုက်ထဲမှာရှိနေတယ်။ ​​မင်းကမှ ခက်ခဲတဲ့လူမဟုတ်ဘူးလား?" 


 


 


 "အစောကြီးရှိသေးတယ်၊ မင်းဆက်အိပ်လို့ရတယ်" 


 


 


 ယဲ့ဆွေက ချန်ရှု့နဲ့ စကားပြောချင်နေသေးသော်လည်း မျက်ခွံများ မပွင့်နိုင်သဖြင့် ချန်ရှု့ လက်ကိုဆွဲကာ အိပ်ပျော်သွားလေသည်။  ချန်ရှု့က ယဲ့ဆွေကို စောင်ခြုံဖို့ ကူညီပြီး စိတ်ငြိမ်သက်စွာဖြင့် မျက်လုံးများကို မှိတ်ထားသည်။ 


 


 


 ယဲ့ဆွေရဲ့ due date က တစ်လလိုသေးတာကြောင့် ချန်ရှု့က  ကြောက်ရွံ့လာသော်လည်း ယဲ့ဆွေ ရှေ့မှာ မပြဝံ့ပေ။ 


 


 


 ယဲ့ဆွေက တစ်လခွဲလောက်စောမယ်လို့ မမျှော်လင့်ထားဘူး။ သူမဗိုက်က နာကျင်လာချိန် ည ၁၂း၀၀ ပဲ ရှိသေးသည်။  ယဲ့ဆွေက ချန်ရှု့ကို တွန်းလိုက်ချိန် ချန်ရှု့က ချက်ချင်း လန့်နိုးလာသည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေ ခြေသလုံးကြွက်သားများ ကြွက်တက်နေသည်ဟု တွေးပြီး မသိစိတ်က သူမခြေသလုံးကြွက်သားကို နှိပ်နယ်ပေးကာ ကူညီချင်ခဲ့သည်။  ယဲ့ဆွေက ဖြည်းညင်းစွာထထိုင်လာပြီး တည်ငြိမ်သောမျက်နှာဖြင့် ပြောလာမည်ဟု မမျှော်လင့်ထားပေ။ 


 


 


 "ချန်ရှု့ ကျွန်မ ကလေးမွေးတော့မယ်တူတယ်  ” 


 


 


 ချန်ရှု့ခေါင်းထဲ ကြိုးတစ်ချောင်းပျက်သွားပုံရပြီး တုံ့ပြန်မှုမရှိဘဲ သုံးစက္ကန့်ခန့် ငြိမ်နေမိကာ ကုတင်ပေါ်မှ ချက်ချင်းထပြီး ယဲ့ဆွေ လက်ကိုဆွဲလိုက်သည်။ 


 


 


 "မကြောက်နဲ့ ဆေးရုံသွားရအောင်" 


 


 


 ထိုအချိန်တွင် ယဲ့ဆွေက မကြောက်သေးဘဲ ယဲ့ဆွေက သူမလက်ကို ချန်ရှု့ လက်ပေါ်သို့ တင်လိုက်ချိန် သူ့လက်ဖဝါး၏ အေးစက်မှုကို ခံစားလိုက်ရသည်။ 


 


 


 ယဲ့ဆွေက ဗိုက်နာခြင်းကို ခံနိုင်ရည်ရှိပြီး စိတ်ဝင်တစား ပြုံးကာ "ချန်ရှု့ ရှင်က ပိုကြောက်နေတာ ဖြစ်သင့်တယ်" 


 


 


 ချန်ရှု့က ယခုအချိန်တွင် ယဲ့ဆွေ ဟာသလုပ်တာကို မမျှော်လင့်ထားဘဲ နှလုံးခုန်သံများ ရပ်တန့်လုမတတ်ပင် ကြောက်ရွံ့နေလေသည်။ 


 


 


 ချန်ရှု့က ယဲ့ဆွေကို အရင် ကားထဲဝင်ဖို့ ကူညီပေးခဲ့ပြီး ကားကို စမောင်းပြီး ဆေးရုံနဲ့ ယန်လန်ကို ဆက်သွယ်နေချိန်မှာ တင်းကျပ်မှု ရှိလာခဲ့သည်။  ဆေးရုံက အဆင်သင့်ဖြစ်နေပြီ။ 


 


 


 ယဲ့ဆွေက မွေးချိန် မရောက်သေးချိန် လူနာခန်းထဲတွင် အချိန်တော်ကြာ စောင့်နေခဲ့ရသည်။  ယဲ့ဆွေ  နာကျင်ပြီး နဖူးမှာ ချွေးစေးများထွက်နေသည်ကို ချန်ရှု့ မြင်လိုက်ရပြီး သူလည်း စိတ်ပူပြီး အေးစက်သွားသည်။ 


 


 


 ဤအချိန်တွင် တစ်မိနစ်၊ တစ်စက္ကန့်က ချန်ရှု့ အတွက် အလွန်ရှည်လျားလှသည်။ သူ အချိန်တွေ ရပ်တန့်သွားသလို ခံစားရသည်။ 


 


 


 နောက်ဆုံး သူ ယဲ့ဆွေ မွေးခန်းထဲဝင်သောအခါ ချန်ရှု့က ယဲ့ဆွေနဲ့အတူ ခွဲစိတ်ခန်းထဲ လိုက်ပါသွားခဲ့သည်။ 


 


 


 ချန်ရှု့က သူမလက်ကို ဆုပ်ကိုင်လိုက်သည်နှင့် ယဲ့ဆွေက တဖြည်းဖြည်း ငြိမ်သက်သွားသည်အထိ သူမ အသိစိတ်က မှုန်ဝါးသွားသည်။ 


 


 


 ဒီအချိန်မှာ သူမအချစ်ဆုံးလူတွေက သူမနဲ့ရှိနေတယ် ဘာကိုကြောက်နေရမှာလဲ?