အပိုင်း ၁၄၃
Viewers 8k

 


လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး  


 


အပိုင်း ၁၄၃ - ရှင်နဲ့အတူ ထာဝရ 


 


 


 


ယဲ့ဆွေ တခါမှ ဒီလိုနာကျင်မှုမျိုး မကြုံဖူးဘူး။ ကံကောင်းထောက်မစွာ၊ ချန်ရှု့က သူမအနားတွင် ရှိနေသည်။ မဟုတ်ပါက သူမ ထိန်းထားနိုင်မလား မသေချာပေ။ 


 


 


သားဖွားခန်းမှာ အချိန်တွေ အရမ်းကြာလာသည်။ အချိန်အတော်ကြာပြီးနောက်၊ ယဲ့ဆွေ မှတ်မိနိုင်သည့် တစ်ခုတည်းသော အရာမှာ ချန်ရှု့ လက်ကို ဆုပ်ကိုင်ထားတာဖြစ်ပြီး နောက်ဆုံးက ကလေး၏ ငိုသံပင် ဖြစ်သည်။ 


 


 


 ယဲ့ဆွေက သား သို့မဟုတ် သမီးကို ဖွားမြင်သည်လားဟုပင် မမေးနိုင်ဘဲ တစ်ကိုယ်လုံး ဖြေလျှော့ကာ အိပ်ပျော်သွားသည်။ 


 


 


ယဲ့ဆွေ အိပ်ပျော်သွားသော်လည်း ချန်ရှု့က သူမ တစ်ခုခုဖြစ်သွားပြီဟု ထင်ခဲ့သည်။ ကလေးကိုတောင် မကြည့်ဘဲ ဆရာဝန်ကို ချက်ချင်းမေးခဲ့သည်။ 


 


 


ဆရာဝန်က ပြုံးပြီး ယဲ့ဆွေ အိပ်ပျော်သွားတာပါလို့ ချန်ရှု့ကိုပြောခဲ့သည်။ 


 


 


ယဲ့ဆွေကို လူနာဆောင်ထဲပြန်ရွှေ့ပြီး ချန်ရှု့လည်းနောက်ကနေလိုက်သွားကာ မွေးကင်းစကလေးကို ရိုးရှင်းစွာပဲ မေ့သွားခဲ့သည်။ 


 


 


အကြောင်းကြားစာကို ရရှိပြီးနောက်၊ မစ္စတာချန်သည် ထိုညကပင် ဆေးရုံသို့ အပြေးအလွှားသွားကာ သားဖွားခန်းအပြင်ဘက်တွင် သတင်းကို စောင့်မျှော်နေခဲ့သည်။ ချန်ရှု့ ထွက်လာတာကို တွေ့လိုက်ရတာနဲ့ အခြေအနေကို မေးချင်ခဲ့သည်။ 


 


 


မထင်မှတ်ပဲ ချန်ရှု့က သူတို့ကို မကြည့်ဘဲ ယဲ့ဆွေသာ ကြည့်နေပြီး သူ့မျက်လုံးထဲမှာ တခြားဘာမှ မရှိဘူး။ 


 


 


ဒီအချိန်မှာ ချန်ရှု့ရဲ့ပါးစပ်က ကလေးအကြောင်း ဘာမှမကြားရဘူးဆိုတာ သခင်ကြီး ချန် သိသည်။ နောက်ဆုံးတော့ သူနာပြုက ကလေးကို တွန်းထုတ်လာပြီး ယန်လန်ကို အကြောင်းကြားခဲ့သည်။ 


 


 


 "မိခင်ရော ကလေးရော ဘေးကင်းပါတယ် " 


 


 


သခင်ကြီး ချန်က အလွန်ဝမ်းသာသွားသည်။ ချန်ရှု့က ကလေးယူရန် ဆန္ဒရှိခဲ့သည်။ သူ့အချစ်ဆုံးမြေးလေးရောက်လာတော့ ချန်ရှု့နဲ့ မပြီးမြောက်နိုင်တဲ့အရာတွေကို ပိုလုပ်နိုင်ခဲ့ပြီပင်။ 


 


 


ဘယ်လိုပဲ ဖြစ်ဖြစ် သခင်ကြီး ချန်က အရင်က နောင်တတွေကို ဖြည့်ဆည်းပေးချင်ခဲ့သည်။ 


 


 


ယန်လန်သည် ပထမဆုံး ယဲ့ဆွေကို ကြည့်ကာ ချန်ရှု့ သူမကို စောင့်ရှောက်နေသည်ကို တွေ့လိုက်ပြီးနောက် လှည့်ကာ လူနာခန်းထဲမှ ထွက်သွားကာ သူ့အဖေမေ့သွားသည့်ကလေးကို တွေ့ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ 


 


 


ယန်လန်က သူမဘာသာ တွေးမိခဲ့သည်။ ယဲ့ဆွေ မနိုးခင်မှာ ချန်ရှု့က သူ့မှာ သားတစ်ယောက်ရှိသေးတာကို ဘယ်တော့မှ မှတ်မိမှာ မဟုတ်ပေ။ 


 


  


ယဲ့ဆွေက သူမ အကြာကြီး အိပ်ပျော်သွားသလို ခံစားလိုက်ရသည်။ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူမဝမ်းဗိုက်ကို မသိစိတ်က ငုံ့ကြည့်နေသည်။ 


 


 


ထိုအချိန်တွင် သူမဗိုက်က ပြားနေကာ သူမ၏လက်များကို မြှောက်လိုက်သောအခါတွင် ယခင်သန္ဓေသားလှုပ်ရှားမှုကို မခံစားနိုင်တော့ပေ။ 


 


 


ယဲ့ဆွေက ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ နေရောင်က တောက်ပနေပြီး လေထဲတွင် အမှုန်အမွှားများက ထွက်ပေါ်လာသည်။ 


 


 


နွေးထွေးသော နေရောင်ခြည်သည် သူမ၏ ဘယ်ဘက်လက်မှ ယောက်ျားအပေါ်သို့ ကျရောက်လာသည်။ ချန်ရှု့ သူမ၏လက်တစ်ဖက်ကို ဆုပ်ကိုင်ထားရင်း အိပ်ပျော်နေဆဲဖြစ်သည်။ အိပ်မက်ထဲမှာတောင် မျက်မှောင်ကြုတ်ထားပြီး နှလုံးသားထဲမှာ တစ်ခုခုရှိနေသလိုပင်။ 


 


 


ယဲ့ဆွေက ညင်သာစွာ ပြုံးလိုက်သည်။ သူမသည် အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ ချန်ရှု့ ခေါင်းကို ညင်သာစွာ ကိုင်လိုက်သည်။ 


 


 


မကြာခင်မှာပဲ ချန်ရှု့က အနည်းငယ် လှုပ်ပြီး မျက်လုံးဖွင့်လိုက်ကာ အပြုံးတွေနဲ့ ပြည့်နေတဲ့ ယဲ့ဆွေရဲ့ မျက်လုံးတွေကို တွေ့လိုက်ရသည်။ 


 


 


ချန်ရှု့က ခဏတာ အံ့အားသင့်သွားပြီး ချက်ချင်းဆိုသလိုပင် သူ့အသိစိတ်ဝင်လာသည်။ သူစကားပြောချင်ပေမယ့် ယဲ့ဆွေ သူမရဲ့လက်ကိုဖွင့်ပြီး ပွေ့ဖက်လိုတဲ့အမူအရာ လုပ်လိုက်သည်။ 


 


 


ချန်ရှု့က တစ်စက္ကန့်မျှ မတုံ့ပြန်နိုင်ခဲ့သော်လည်း သူ မသိစိတ်က မတ်တတ်ထပြီး ငုံ့ကြည့်လိုက်သည်။ ယဲ့ဆွေ နာကျင်မှာကို သူကြောက်တဲ့အတွက် သူမကို ပေါ့ပေါ့ပါးပါးနဲ့ ညင်သာစွာ ဖက်လိုက်သည်။ 


 


 


သို့သော်၊ ယဲ့ဆွေက ချန်ရှု့ လည်ပင်းကို ပွေ့ဖက်ကာ ရုတ်တရက် သူတို့ကြားအကွာအဝေးကို ကျဉ်းမြောင်းသွားခဲ့သည်။ 


 


 


ယဲ့ဆွေက ချန်ရှု့ ရဲ့ နားရွက်ကို အုပ်ပြီး ခေါင်းကို အနည်းငယ် စောင်းကာ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ 


 


 


"ဂုဏ်ယူပါတယ် ရှင့်မှာ မိသားစုဝင်တစ်ယောက်ထပ်ရှိလာပြီ" 


 


 


ချန်ရှု့ နှလုံးက တုန်လှုပ်သွားပြီးနောက် သူပြုံးလိုက်သည်။ 


 


 


ချန်ရှု့က သူနှင့်အတူ တစ်ချိန်လုံးရှိနေနိုင်သည့် စစ်မှန်သောမိသားစုဝင်တစ်ဦးကို ရှာဖွေလိုကြောင်း၊ သူမကို ထာဝရ ထားသွားမည်မဟုတ်ကြောင်း ယဲ့ဆွေ အမြဲသိသည်။ 


 


 


ချန်ရှု့ မတိုင်မီက ယဲ့ဆွေ တစ်ဦးတည်းသာရှိခဲ့သော်လည်း ယခုအခါတွင် သူနှင့်သွေးချင်းဆက်စပ်နေသည့် ကလေးတစ်ဦးရှိနေပြီဖြစ်သည်။ 


 


 


ချန်ရှု့က ယဲ့ဆွေ မျက်နှာကို နမ်းလိုက်သည်။ - "ကိုယ် မင်းကိုချစ်တယ်။"  


 


 


ယဲ့ဆွေက ပြုံးပြီး ပြန်ပြောခဲ့သည်။ “ကျွန်မလည်း တူတူပါပဲ”  


 


 


ချန်ရှု့က ကလေးကို ပထမဆုံးအကြိမ်တွေ့သောအခါ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ယန်လန်က ကလေးကို ချန်ရှု ရင်ခွင်ထဲ တိုက်ရိုက်ထည့်လာသောကြောင့်ဖြစ်သည်။ 


 


 


ယဲ့ဆွေက ချန်ရှု့ တုံ့ပြန်မှုကို ပြုံးရင်း ဗိုက်ကိုဖိကာ ကုတင်ခေါင်းရင်းမှာ မှီထိုင်နေခဲ့သည်။ 


 


 


ချန်ရှု့က သူ့လက်အောက်တွင် နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရပြီး ချွေးတစ်လွှာက သူ့နဖူးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ကံကောင်းထောက်မစွာ၊ သူ့ရင်ခွင်ထဲက ကလေးငယ်လေးက မျက်လုံးမှိတ်ထားရင်း အိပ်ပျော်နေတုန်းပဲ။ သူသာ ငိုတော့မယ်ဆိုရင် ချန်ရှု့က ပြုတ်ကျမှာကို ကြောက်မိသည်။ 


 


 


*** 


 


ယဲ့ဆွေက သူမ လက်များကို ဆန့်ထုတ်ရန် လုံးဝမကူညီခဲ့ပေ။ သူမသည် ယခင်က ကလေးမမွေးဖူးသောကြောင့် ချန်ရှု့သာ ထိန်းနိုင်လိမ့်မည်။ 


 


 


ချန်ရှု့က လုံးဝမလှုပ်ဝံ့ဘဲ တူညီသော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားသည်။ သူ့လက်ထဲက ကလေးကို ကြည့်လိုက်သည်။ ကလေးက မျက်လုံးမဖွင့်ထားပေမယ့် ကလေးရဲ့ မျက်နှာသွင်ပြင်ကို ယောင်ဝါးဝါးနဲ့ ပုံဖော်နိုင်သေးသည်။ 


 


 


ချန်ရှု့က အခြားသော မွေးကင်းစကလေးငယ်များ၏ ပုံပန်းသဏ္ဍာန်ကို မမြင်ခဲ့ဖူးသော်လည်း သူ့ရှေ့ရှိ ကလေးသည် အလွန်နူးညံ့သိမ်မွေ့ပြီး ယဲ့ဆွေနဲ့ သူ့အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ 


 


 


ကလေးက ယဲ့ဆွေနဲ့ ခပ်ဆင်ဆင်တူတာကို ချန်ရှု့ မြင်လိုက်ရပြီး သူ့သမီးလေးကို သူ့စိတ်ထဲမှာ နည်းနည်း ပိုသဘောကျသွားသည်။ 


 


 


'အရမ်းလှတော့ မိန်းကလေးပဲ ဖြစ်ရမယ်။'  


 


 


မီးဖွားခန်းထဲမှာ ယဲ့ဆွေကိုသာ အာရုံစိုက်မိတဲ့အတွက် ချန်ရှု့ကို ခွင့်လွှတ်ပါ။ ဆရာဝန်က သားလား သမီးလား ပြောတာ မသိလိုက်ဘူး။   


 


 


ချန်ရှု့က သူ၏ “သမီး” ကို ကိုင်ဆောင်ထားသည့် အနေအထားကို ဦးစွာ ထိန်းသိမ်းလိုက်ပြီး ယဲ့ဆွေ ကြည့်ရန် သူ၏ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကာ မေးခဲ့သည်။ “ကိုယ်တို့ သမီးကို ဘာနာမည်ပေးမှာလဲ” 


 


 


"သမီး"က မငိုတာကို ချန်ရှု့ မြင်လိုက်ရပြီး သူ့နှလုံးသားက ဖြည်းဖြည်းချင်း ပြေလျော့သွားကာ ယဲ့ဆွေနဲ့ အေးအေးဆေးဆေး ဆွေးနွေးစပြုလာသည်။ 


 


 


ယဲ့ဆွေလည်း စိတ်မကောင်းဖြစ်ပြီး မျက်မှောင်ကြုတ်ကာ သူ့သမီးနာမည်ကို စဉ်းစားဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ အရင်က သူမ နာမည်ကို မေ့သွားကြတာ။ 


 


 


ယဲ့ဆွေက မွေးပြီးပြီးချင်း အိပ်ပျော်သွားသည်။ ဆရာဝန်ပြောသောစကားကို သူမ ဘယ်လိုမှတ်မိနိုင်မှာလဲ။ ထို့ကြောင့် ချန်ရှု့ အတွေးများကိုသာ လိုက်နာနိုင်ခဲ့သည်။ 


 


 


ယန်လန်သည် နံဘေးတွင်ရပ်နေသော တစ်ဦးတည်းသောလူဖြစ်ပြီး လူငယ်စုံတွဲကို ခေါင်းကိုက်စွာ ကြည့်နေခဲ့သည်။ ကလေးရဲ့ လိင်အမျိုးအစားကို သူ ဘယ်လိုမှ မသိနိုင်ကြတာလဲ။ 


 


 


သူမ မကူညီနိုင်ဘဲ သူတို့ကို အနှောင့်အယှက်ပေးလိုက်သည်။ 


 


 


"ဒါက သား၊ သမီးမဟုတ်ဘူး" 


 


 


ယဲ့ဆွေက မှားယွင်းသော အချက်အလက်ကို ထုတ်ဖော်ပြသသော ချန်ရှု့ကို ကြည့်ကာ လန့်သွားသည်။ ချန်ရှု့က ရင်ခွင်ထဲသူ့သားကို ဗလာဖြစ်စွာဖြင့် ငုံ့ကြည့်နေခဲ့သည်။ 


 


 


ချန်ရှု့က ယဲ့ဆွေနဲ့ တူသောသမီးတစ်ဦးဆုံးရှုံးခဲ့ပြီး သားလေးတစ်ဦးကို ထပ်မံတွေ့ရှိခဲ့သည်။ 


 


 


မိဘများက ကျား/မ လို့ ထင်ယောင်ထင်မှားဖြစ်နေကြသော်လည်း ကလေးသည် အလွန်နှစ်ခြိုက်စွာ အိပ်မောကျနေပြီး မနိုးသေးပါ။ အဲဒီအစား သူက နှုတ်ခမ်းကို အကြိမ်အနည်းငယ် ရိုက်ပြီး သူ့ရင်ဘတ်က အပေါ်အောက် ရွေ့နေသည်။ 


 


 


ကလေးက သားတစ်ယောက်ဖြစ်လာသောကြောင့် ချန်ရှု့က ကလေး၏အမည်ပြောင်ကို ဦးစွာဆုံးဖြတ်ရန် စဉ်းစားခဲ့ပြီး ပြောခဲ့သည်။ "အမည်ပြောင်ကို အရင်ရွေးရအောင်။ နောက်မှ တရားဝင်အမည်ကို ရွေးချယ်ရအောင်။" 


 


 


ယဲ့ဆွေက စက္ကန့်အနည်းငယ်အတွင်း နာမည်ပြောင်အကြောင်းတွေးရင်း ပြောခဲ့သည်။"အမည်ပြောင်ကို ရွှေ့ရွှေ့လို့ ပေးရအောင်"  


 


 


ချန်ရှု့က ကောင်းတယ်လို့ တွေးပြီး ခေါင်းညိတ်ပြကာပြောခဲ့သည်။  "နာမည်က လှတယ်" 


 


 


သာမာန်အားဖြင့် ယဲ့ဆွေ ဆုံးဖြတ်သည့်အရာကို ချန်ရှု့က အားလုံး နီးပါးသဘောတူသည်။ ထို့အပြင် ဤနာမည်သည် ကောင်းသည်ဟု သူတကယ်ထင်သည်။ 


 


 


ယန်လန်သည် ဤကဲ့သို့သော အမည်ပြောင်ပေးခံထားရသည့် မြေးဖြစ်သူကို ကြည့်လိုက်သည်။ အဖိုးတန်ကလေး၏အမည်ကို အလွန်ဂရုတစိုက်ရွေးချယ်သင့်ပြီး မှန်ကန်စွာဆုံးဖြတ်ရမည်ဖြစ်သည်။ 


 


 


ယဲ့ဆွေက ယန်လန် စိတ်ခံစားချက်များကို မသိဘဲပြောခဲ့သည်။  "ရွှေ့ရွှေ့ မင်း တကယ် ကောင်းကောင်းအိပ်ပျော်နေတာပဲ" 


 


 


ချန်ရှု့ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ကလေးသည် လုံးဝမတုံ့ပြန်ဘဲ ရင်ဘတ်ရှေ့တွင် လက်သီးသေးသေးလေးကို ဆုပ်ထားပြီး တံတွေးပူဖောင်းများကို ရံဖန်ရံခါ ပူပေါင်းမှုတ်ရင်း ငြိမ်သက်စွာ အိပ်ပျော်နေသည်။ 


 


 


ယဲ့ဆွေနဲ့ ချန်ရှု့တို့က ဤကဲ့သို့ ခေါ်ဝေါ် သောအခါ ယန်လန်သည် အမှန်တကယ်ပင် နာမည်သည် ချောမွေ့သည်ဟု ခံစားမိသည်။ 


 


 


ယဲ့ဆွေ မွေးပြီးတဲ့နောက်မှာတော့ ဝေ့ပေါ်မှာ သူမရဲ့ ပရိသတ်တွေကို အသိပေးခဲ့သည်။ 


 


 


"ရွှေ့ရွှေ့က အရမ်းချစ်စရာကောင်းတယ်။ မင်းတို့ရဲ့စိုးရိမ်မှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။" 


 


 


ယဲ့ဆွေက သူ့အိပ်နေတဲ့ မျက်နှာပေါ်မှာ ပုံတစ်ပုံကို တင်ပေးထားပြီး သူ့တစ်ကိုယ်လုံးလည်း ပါဝင်သည်။ သူ့လက်သီးကို တင်းတင်းဆုပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကာ သူ့လှုပ်ရှားမှုတွေက ချစ်စရာကောင်းနေပုံပေါ်သည်။ 


 


 


ယဲ့ဆွေက သားဖြစ်သူ၏ အမည်ပြောင်ကို ဝေ့ပေါ်တွင် တိုက်ရိုက် လွှင့်တင်ခဲ့တာဖြစ်သည်။ စက္ကန့်အနည်းငယ်အတွင်း သူမတွေးမိတဲ့ နာမည်နဲ့ ပတ်သက်ပြီး မမျှော်လင့်ဘဲ ပရိသတ်တွေရဲ့ တညီတညွတ်တည်း ချီးကျူးမှုကို ရရှိခဲ့သည်။ 


 


 


“ဘယ်လောက်ချစ်စရာကောင်းတဲ့ နာမည်ပြောင်လဲ။ ဆွေဆွေနဲ့ ဥက္ကဌချန်တို့ရဲ့ ကလေးက အရမ်းချစ်စရာကောင်းမှာ သေချာတယ်။ ကလေးက အနာဂတ်မှာ ထောင်နဲ့ချီတဲ့ မိန်းကလေးတွေကို စွဲလန်းစေမယ့်ပုံပဲ။” 


 


 


“ရွှေ့ရွှေ့၊ ဆွေဆွေ၊ ဒီနာမည်နှစ်ခုက တကယ့်ကို လိုက်ဖက်တယ်။ တကယ်လို့ ဥက္ကဌချန်က မှန်ကန်စွာ အသံထွက်မပြဘူးဆိုရင် အဲဒီအချိန် မြင်ကွင်းကို စိတ်ကူးကြည့်နိုင်မယ်လို့ ထင်တယ်။” 


 


 


"အခု ရွှေ့ရွှေ့ ဖန်ကလပ်က်ု တည်ထောင်ရတော့မယ်။ အရမ်းချစ်စရာကောင်းတယ်" 


 


*** 


 


 


ယဲ့ဆွေက ပရိသတ်တွေကို အသိပေးပြီးနောက်မှာတော့ သူမဟာ ကလေးကို စိတ်အေးအေးထားပြီး ပြုစုစောင့်ရှောက်ခဲ့သည်။ သို့သော်လည်း ကလေးကို ပြုစုစောင့်ရှောက်ရာတွင် ယဲ့ဆွေက လုံးဝမကူညီခဲ့ပေ။ 


 


 


သူ့နာမည်ကြောင့်လားဆိုတာတော့ မပြောတတ်ဘူး။ ရွှေ့ရွှေ့က တစ်နေ့ကို ဆယ်နာရီကျော် အိပ်တယ်။ ဗိုက်ဆာတဲ့အခါ ဒါမှမဟုတ် သူ့အနှီး စိုနေတဲ့အခါမှသာ ညည်းတွားသည်။ 


 


 


ကျန်တဲ့အချိန်တွေမှာ ရွှေ့ရွှေ့က တကယ်ကို အိပ်ပျော်နေခဲ့သည်။ 


 


 


ရွှေ့ရွှေ့ အိပ်ပျော်ရာမှ နိုးလာသောအခါ ယဲ့ဆွေက သူ့ကို သီးသန့် ထိန်းရန် မလိုအပ်ပေ။ ချန်ရှု့က ယဲ့ဆွေရဲ့ဝန်ကို လျှော့ချဖို့အတွက် ရွှေ့ရွှေ့ ငိုတဲ့အခါတိုင်း သူက စိတ်ပြောင်းလက်ပြောင်းနဲ့ သူ့ကို လှမ်းချီလိုက်သည်။ 


 


 


ပျော့ပျောင်းသော ရွှေ့ရွှေ့ကို စတင်ကိုင်စဉ်က ချန်ရှု့ တောင့်တင်းသော ခန္ဓာကိုယ်ကို မကြည့်သင့်ပေ။ ယခု ကလေးကို ကိုင်ထားစဉ် သူ့ ကိုယ်ဟန်အနေအထားက ပို ကျွမ်းကျင်လာသည်။ 


 


 


ချန်ရှု့ သူ့ကို ကောက်ချီလိုက်သည်နှင့် ရွှေ့ရွှေ့က ချက်ချင်း အငိုရပ်သွားပြီး ချန်ရှု့ လက်နှစ်ဖက်ထဲတွင် တိတ်ဆိတ်နေကာ လက်သီးကို ကိုက်ပြီး ချန်ရှု့ကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေသည်။ 


 


 


ယဲ့ဆွေက ရွှေ့ရွှေ့နှင့်ကစားရန်သာ တာဝန်ရှိပြီး သူမသည် အခြားအရာများကို ဝင်ရောက်စွက်ဖက်ရန်မလိုအပ်ပါ။ 


 


 


ရွှေ့ရွှေ့ ပထမဆုံးအကြိမ် ပြောနိုင်သောအခါတွင် သူခေါ်သောအမည်မှာ ယဲ့ဆွေ ဖြစ်နေဆဲဖြစ်သည်။ 


 


 


“မေမေ၊ ပွေ့ဖက်ပါ။” ရွှေ့ရွှေ့က သူ့ခြေထောက်တိုတိုများကို ယဲ့ဆွေဆီ ခြေလှမ်းတလှမ်းချင်း လျှောက်သွားကာ လမ်းတစ်လျှောက် တုန်လှုပ်နေသည်။ 


 


 


ရွှေ့ရွှေ့ စကားကြောင့် ယဲ့ဆွေ လန့်သွားပြီး ချက်ချင်းရပ်လိုက်သော်လည်း ရွှေ့ရွှေ့ကို အမီလိုက်ရန် အခွင့်အရေးပေးလိုက်သည်။ သူက ကိုးရိုးကားရားနဲ့ လျှောက်လာရင်း ယဲ့ဆွေရဲ့ခြေထောက်ကို ပွေ့ဖက်လိုက်ပြီး လက်မလွှတ်တော့ဘူး။ 


 


 


"ဖက်ပါ။" ကွှေ့ရွှေ့က ပွေ့ဖက်ဖို့ တောင်းဆိုနေခဲ့သည်။ 


 


 


ချန်ရှု့က ရွှေ့ရွှေ့ နဲ့ ကစားတိုင်း သူက ယဲ့ဆွေရဲ့ နေရာကို အမြဲထောက်ပြပြီး သူ့အမေကို ချီထားစေချင်လားလို့ မေးတဲ့အတွက် ရွှေ့ရွှေ့က အခုလို ပြောခဲ့တာဖြစ်နိုင်သည်။ 


 


 


ချန်ရှု့က အလုပ်တွင်ရှိနေဆဲဖြစ်ပြီး ဤစာကြောင်းကို မကြားလိုက်ရသည့်အတွက် သနားစရာပင်။ သူ့ကို ချန်ကှု့က အမြဲတမ်း သင်ကြားပေးနေပေမယ့် သူ့နာမည်ကိုတော့ မခေါ်ခဲ့ဘူး။ 


 


 


ယဲ့ဆွေက ရွှေ့ရွှေ့လေးကို စိတ်ရှည်ရှည်နဲ့ ပွေ့ဖက်ပြီး သူမပေါင်ပေါ် တင်လိုက်သည်။ 


 


 


ယဲ့ဆွေ မေမေ့ကို ပြောတတ်ပြီး မကြာခင်မှာ ဖေဖေ့ကို ခေါ်နိုင်တော့မယ် ထင်ခဲ့သည်။ “အဖေကို ပွေ့ဖက်ချင်တယ်” ဆိုတာကို စကားလုံးတစ်လုံးချင်း သင်ပေးခဲ့သည်။ 


 


 


ယဲ့ဆွေက ဘယ်လောက်ကြိုးစားခဲ့ပါစေ ရွှေ့ရွှေ့က စကားတစ်ခွန်းသာပြောခဲ့သည်။ " မေမေ ပွေ့ဖက်" 


 


 


ယဲ့ဆွေ မရယ်နိုင်တော့ပေ။ တကယ်တော့ ချန်ရှု့  ကလေးနဲ့ ကစားတုန်းက သူ့အမေအကြောင်း အများကြီး သင်ပေးခဲ့ပြီး အခုတော့ ရွှေ့ရွှေ့က အမေက အကောင်းဆုံးလို့ ထင်ခဲ့တာ။ 


 


 


ယဲ့ဆွေက ရွှေ့ရွှေ့ အတွက် အင်္ကျီနှင့် ဦးထုပ်ငယ်ကို ၀တ်ဆင်ကာ ဟွာရွေ့ ကုမ္ပဏီသို့ တိုက်ရိုက်သွားခဲ့သည်။ 


 


 


'ချန်ရှုကိုတွေ့တဲ့အခါ ရွှေ့ရွှေ့ လှမ်းအော်နိုင်ရင် ဘာဖြစ်မလဲ။' 


 


 


ချန်ရှု့က ယဲ့ဆွေ လာမည်ကို မသိတာကြောင့် သူမသည် ကြိုမပြောဘဲ အပေါ်ဆုံးထပ်တက်ရန် ဓာတ်လှေကားထဲ တန်းတန်းမတ်မတ်သွားခဲ့သည်။ 


 


 


ချန်ရှု့က ရွှေ့ရွှေ့ကို ကုမ္ပဏီဆီ တစ်ခါမှ မခေါ်ခဲ့ဘူး။ ဒါပေမယ့် ရွှေ့ရွှေ့က ဓါတ်လှေကားထဲမှာ အရမ်းစိတ်လှုပ်ရှားနေပြီး ပတ်ပတ်လည်ကို ဆက်ကြည့်နေသည်။ 


 


 


ယဲ့ဆွေက ရွှေ့ရွှေ့ကို လက်တစ်ဖက်နဲ့ ချီထားပြီး နောက်တစ်ဖက်နဲ့ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။ 


 


 


"ဝင်ခဲ့ပါ။" ချန်ရှု့၏ အသံသည် ပြင်းထန်စွာ ထွက်လာပြီး သူ့ချစ်သောသူ နှစ်ယောက်က တံခါးအပြင်ဘက်မှာ ရောက်နေတာဟု သူ မမျှော်လင့်ထားပေ။ 


 


 


ယဲ့ဆွေ တံခါးကို အမြန်ဖွင့်လိုက်ပြီး ထွားကျိုင်းသော ရွှေ့ရွှေ့ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ရွှေ့ရွှေ့ အများကြီးအိပ်တယ်၊ အများကြီးစားတယ်၊ ထွားပြီး အဆီတက်လာဖို့ မမျှော်လင့်ထားဘူး။ 


 


 


ချန်ရှု့ရှိတုန်းက သူ့ဘာသာသူ ပွေ့ဖက်ထားလေ့ရှိတာကြောင့် ယဲ့ဆွေက သူ့ကို လက်တစ်ဖက်တည်းနဲ့ ခဏကြာအောင် ချီထားလို့ မရတော့ဘူး။ 


 


 


"ချန်ရှု့၊ ရှင့်ရဲ့ ထွားကြိုင်းတဲ့သားကို ယူလိုက်" ယဲ့ဆွေက ချန်ရှု့ကို ချက်ချင်းအကူအညီတောင်းတယ်။ 


 


 


ချန်ရျု့က မတုံ့ပြန်သေးဘူး။ ယဲ့ဆွေနဲ့ ရွှေ့ရွှေ့က ရုတ်တရက် ဘယ်လိုပေါ်လာနိုင်မလဲ။ ဒါပေမယ့် သူ့ခန္ဓာကိုယ် အသိစိတ်က မတ်တတ်ထနေပြီး ယဲ့ဆွေဆီကို အမြန်လျှောက်သွားကာ ရွှေ့ရွှေ့ကို ခေါ်လိုက်သည်။ 


 


 


ရွှေ့ရွှေ့က ထွားကျိုင်းသောကြောင့် သူ့မိခင်၏ အပြစ်တင်ခြင်း ခံနေရသည်ကို မသိလိုက်ဘဲ အခြားသူတစ်ဦးနှင့် လဲလှယ်လိုက်ကာ လက်ခုပ်တီးနေခဲ့သည်။ 


 


 


ချန်ရှု့က သူ့သားကို လက်တစ်ဖက်တည်းနဲ့ လွယ်လွယ်ကူကူ ချီထားပြီး ယဲ့ဆွေကို ကြည့်ကာ မေးခဲ့သည်။ "မင်းဘာလို့ ဒီကို ရောက်နေတာလဲ" 


 


 


ယဲ့ဆွေက စိတ်အားထက်သန်မှုအပြည့်ဖြင့် ချန်ရှု့ကို  ဆိုဖာပေါ်ထိုင်ရန် ဆွဲလိုက်ပြီး ရွှေ့ရွှေ့၏ ထွားကျိုင်းသော မေးစေ့ကို ကိုင်ကာ ပြောခဲ့သည်။ "ရှင့်ရဲ့သား အခု စကားပြောတက်နေပြီ" 


 


 


ချန်ရှု့က ရွှေ့ရွှေ့ကို အံ့သြသော အကြည့်ဖြင့် ကြည့်ခဲ့ချိန် ရွှေ့ရွှေ့၏ အနက်ရောင် မျက်လုံးကြီးများနှင့် တွေ့လိုက်ရသည်။ ချန်ရှု့ သူ့ကို ကြည့်သောအခါတွင် သူသည် မျက်လုံးနှစ်လုံးကို မှိတ်ထားသည်။ 


 


 


 ယဲ့ဆွေက အိမ်တွင် အချိန်အတော်ကြာ သင်ပေးခဲ့သည်။ ယခုအခါ ချန်ရှု့ အစစ်က သူမရှေ့တွင် ရှိနေပြီး၊ သူမသည် ရွှေ့ရွှေ့ကို စကားပြန်ပြောစေရန် စိတ်အားထက်သန်စပြုလာသည်။ 


 


 


 "ရွှေ့ရွှေ့ ဖေဖေ့လို့ခေါ်လိုက်" 


 


 


*** 


 


ရွှေ့ရွှေ့က ယဲ့ဆွေကို ကြည့်ရန် ခေါင်းကို စောင်းထားကာ ဆူဖြိုးသော လက်ချောင်းလေးများကို အလွန်ပူးပေါင်းကာ ဆန့်ထုတ်လိုက်ပြီး ချန်ရှု့ကို လက်ညှိုးထိုးကာ သူ့ပါးစပ်လေးကို လိုက်သည်။ 


 


 


ယဲ့ဆွေနဲ့ ချန်ရှု့ နှစ်ယောက်စလုံးက ရွှေ့ရွှေ့ အဖေလို့ ခေါ်နည်းကို သင်ယူပြီးပြီဟု တွေးလိုက်သောအခါတွင် ရွှေ့ရွှေ့က ချန်ရှု့ကို ပထမဆုံး ပြုံးပြပြီး စူးစူးရှရှ အသံထွက်လာမည်ဟု မမျှော်လင့်ထားပေ။ 


 


 


"မေမေ။" 


 


 


အဲဒါ မဟုတ်ဘူး။ ရွှေ့ရွှေ့က “အမေ” ဟူသော စကားလုံးကို မှတ်မိနေပုံရပြီး ချန်ရှု့နဲ့ မျက်နှာချင်းဆိုင်ကာ သူ့ကို “မေမေ” ဟုခေါ်ခဲ့သည်။ 


 


 


ယဲ့ဆွေက အကြိမ်ပေါင်းများစွာ ပြုပြင်ခဲ့ပေမယ့် သူ့နာမည်ကို ပြန်မဖော်နိုင်ခဲ့တဲ့အတွက် သူမဟာ ရွှေ့ရွှေ့ကို အားကိုးရာမဲ့ ကြည့်နေခဲ့ရသည်။ 


 


 


ဒါပေမယ့် ချန်ရှု့က ဘာမှ မခံစားရဘူး။ ရွှေ့ရွှေ့ ယဲ့ဆွေကို ခေါ်နိုင်တာ အရမ်းကောင်းပြီး ကလေးက သူ့အမေကို ပိုချစ်သင့်တယ်။ 


 


 


ချန်ရှု့က ရွှေ့ရွှေ့ ခေါင်းကိုထိပြီး ချီးကျူးခဲ့သည်။ "ရွှေ့ရွှေ့က အရမ်းတော်တယ်" 


 


 


ယဲ့ဆွေက ဤလူမိုက်ကို ကြည့်ခဲ့ကာ အကြီးကြီးနှင့် အသေးလေး စုံတွဲဖြစ်နေသည်။ သူမ ဒီနေ့ မနှောက်ယှက်ချင်တော့ဘူး၊ ဖြည်းဖြည်းချင်း ပြင်ဖို့ စောင့်နေရမည်။ 


 


 


ရွှေ့ရွှေ့ စကားပြောစပြုလာသောကြောင့် ယဲ့ဆွေက စိတ်လှုပ်ရှားသွားပြီး ဟွာရွေ့ကို တိုက်ရိုက်လာခဲ့သည်။ ကံကောင်းထောက်မစွာ၊ ချန်ရှု့က အလုပ်ပြီးလုနီးပါးဖြစ်ခဲ့သည်။ ခဏလောက်စောင့်ရင်း ရွှေ့ရွှေ့ကို ပွေ့ဖက်ကာ နှစ်ယောက်အတူ အိမ်ပြန်ကြသည်။ 


 


 


တစ်ဖက်တွင်၊ သခင်ကြီးချန်သည် ရွှေ့ရွှေ့ သတင်းကို စတင်ကြားသိရသည်။ နောက်နေ့မနက်စောစော သူ့အိမ်ကနေ တိုက်ရိုက်ရောက်လာတယ်။ 


 


 


မူလက သခင်ကြီး ချန် ယဲ့ဆွေကို ရွှေ့ရွှေ့နဲ့ လာလည်ဖို့ ခေါ်ခဲ့ပေမယ့် သူ စိတ်မရှည်တော့ဘဲ သူ့ဘာသာသူ တိုက်ရိုက်လာခဲ့ပင်။ 


 


 


သခင်ကြီး ချန်က တစ်နေ့လုံး ဘာမှ မလုပ်ဘဲ ဆိုဖာပေါ်တွင်သာ ထိုင်ကာ ရွှေ့ရွှေ့နှင့် ကစားနေသည်။ အစာကျွေးသည်ဖြစ်စေ ရေချိုးသည်ဖြစ်စေ ယဲ့ဆွေက ဝင်စွက်ဖက်စရာမလိုပါ။ 


 


 


သခင်ကြီး ချန်က ရွှေ့ရွှေ့ ဘေးတွင်ထိုင်ကာ အဘိုး ဟုပြောရန် နှိုးဆော်သော်လည်း ရွှေ့ရွှေ့က သူ့ကို တစ်နေ့လုံး အမေဟု ခေါ်နေသောကြောင့် သူ့ဆန္ဒကို မပြည့်ဝခဲ့ပါ။ 


 


  


သခင်ကြီး ချန့ ရဲ့ တုံ့ပြန်မှုက ချန်ရှု့နဲ့ အတူတူပင်။ သူ လုံးဝ စိတ်မရှည် မဖြစ်ခဲ့ပေ။ သူက ရွှေ့ရွှေ့ကို ထက်မြက်တဲ့အတွက် ချီးကျူးခဲ့သည်။ 


 


 


သခင်ကြီး ချန်က ချန်ရှု့အတွက် ကြိုးပမ်းအားထုတ်မှုများစွာ ပြုလုပ်ထားသည်ကို ယဲ့ဆွေ မြင်နိုင်သည်။ ဘာပဲဖြစ်​ဖြစ်​ သူ့ကိုယ်​သူ​ပြောင်းလဲဖို့ အ​ကောင်းဆုံးကြိုးစား​နေသည်။ 


 


 


သခင်ကြီး ချန်က ရွှေ့ရွှေ့ အိပ်ပျော်နေတာကို ကြည့်ပြီး ငယ်ငယ်က ချန်ချန်ကို မြင်နေရသလိုပင်။ အကယ်၍ ထိုအချိန်တွင် သူသည် ချန်ရှု့ကို အနည်းငယ်ပို၍ ချစ်နိုင်လျှင်၊ သူတို့က တစ်ယောက်ကိုတစ်ယောက် ဧည့်သည်အဖြစ် ဆက်ဆံသည့် အခြေအနေတွင် ရှိနေမည်မဟုတ်ပေ။ 


 


 


ရွှေ့ရွှေ့ ကြီးပြင်းလာမည့်အချိန်ကို စောင့်ဆိုင်းပြီးနောက် ယဲ့​ဆွေက ရုပ်ရှင်အချို့ကို တစ်ခုပြီးတစ်ခု ယူလာခဲ့သည်။ တစ်ခါတစ်ရံ ယဲ့ဆွေက အိမ်ပြန်ရန် အချိန်မရှိသဖြင့် ရွှေ့ရွှေ့ကို ရိုက်ကွင်းသို့ ခေါ်သွားတတ်သည်။ 


 


 


ရွှေ့ရွှေ့က ရိုက်ကွင်းနှင့်အလွန်ရင်းနှီးသည်။ ယဲ့ဆွေ ရိုက်ကူးနေစဥ်တွင် သူက ရှောင်လျှို့ ရင်ခွင်ထဲတွင် ငြိမ်သက်စွာထိုင်နေပြီး သူ့မျက်လုံးများက ယဲ့ဆွေ အနီးတွင် အမြဲရှိနေမည်ဖြစ်သည်။ 


 


 


ရွှေ့ရွှေ့ စကားပြောနိုင်ပြီးနောက် သူ၏ ညုတုတုလေသံလေးက အလွန်ချစ်စရာကောင်းပြီး ချိုမြိန်သည်။ 


 


 


အဖွဲ့သားတွေက ရိုက်ကူးရေးလုပ်နေချိန်မှာတောင် အဲဒီအမျိုးသမီး မင်းသမီးတွေက သူမတို့ အပိုင်းပြီးတာနဲ့ ရွှေ့ရွှေ့အနားမှာ ငုတ်တုတ်ထိုင်ပြီး သူ့ကို ပျော်ရွှင်အောင်လုပ်ပေးကြသည်။ 


 


 


ရွှေ့ရွှေ့က ချန်ရှု့နှင့် မတူပါ။ သူသည် လူများကိုမြင်သောအခါ ပြုံးပြပြီး ချစ်စရာအပြုံးက လူတိုင်း၏နှလုံးသားကို အရည်ပျော်သွားစေလောက်အောင်ပင်။ 


 


 


ထိုနေ့တွင်၊ ယဲ့ဆွေ ရောက်လာသည်နှင့် ရွှေ့ရွှေ့က ချက်ချင်း သူ့လက်ကို ယဲ့ဆွေကို ပွေ့ဖက်စေခဲ့သည်။ "မေမေ၊ ကား စောင့်နေတယ်" 


 


 


ယဲ့ဆွေက ရွှေ့ရွှေ့ကို  ဆု ပေးမည်ဟု ကတိပြုခဲ့ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ကို ကားဝယ်ပေးရန် သဘောတူခဲ့သည်။ သို့သော် ယဲ့ဆွေက အလုပ်များလွန်းသဖြင့် မေ့သွားသော်လည်း ရွှေ့ရွှေ့ မှတ်မိနေဦးမည်ဟု သူမ မထင်ခဲ့ပေ။ 


 


 


ယဲ့ဆွေက သူမ ကတိမတည်ခြင်းနှင့် မကောင်းသော စံနမူနာကို မပြချင်ပေ။ 


 


 


ယနေ့တွင် ယဲ့ဆွေက ရုပ်ရှင်ရိုက်ကွင်းတွင် ပါဝင်ခြင်းမရှိသောကြောင့် ရွှေ့ရွှေ့ကို  ပွေ့ဖက်ပြီး ထွက်ခွာသွားခဲ့သည်။ မထင်မှတ်ပဲ ရိုက်ကွင်းအပြင်ဘက်မှာ ပရိတ်သတ်တချို့ ရှိနေခဲ့သည်။ 


 


 


သူတို့သည် ယဲ့ဆွေအတွက် မဟုတ်ဘဲ ရွှေ့ရွှေ့ အတွက်ဖြစ်သည်။ 


 


 


ယဲ့ဆွေက ရွှေ့ရွှေ့ရဲ့ နာမည်ကို မကြေငြာထားဘဲ လူတိုင်းကို သူ့နာမည်ပြောင်ကိုသာ ပြောပြတဲ့အတွက် ပရိသတ်တွေက ရွှေ့ရွှေ့လို့ အဆက်မပြတ်ခေါ်ကြသည်။ 


 


 


ရွှေ့ရွှေ့တောင် မသိဘဲနဲ့ သူ့မှာ ပရိသတ်တွေ အများကြီးရှိပြီး ယဲ့ဆွေ ရဲ့ ပရိသတ်တွေလည်း ရှိပြီးသားပင်။ သူတို့သည် သူမနှင့်ပတ်သက်သည့်အရာအားလုံးကို ချစ်သောကြောင့် သူတို့၏အချစ်အားလုံးကို ရွှေ့ရွှေ့ထဲသို့ လောင်းထည့်လိုက်ကြသည်။ 


 


 


သို့သော်၊ သူတို့အားလုံးသည် ရွှေ့ရွှေ့၏ အသွင်အပြင်ကိုမထင်ရှားစေရန် အပြန်အလှန် နားလည်မှုရရှိရန်အတွက် သူတို့၏ဖုန်းများနှင့် ကင်မရာများကို ဖယ်ထုတ်ထားသည်။ 


 


 


ယဲ့ဆွေက ရွှေ့ရွှေ့ကို ချီထားရင်း အပြင်မှာ ပေါ်လာတော့ ပရိသတ်တွေက ရုတ်တရက် ထအော်ခဲ့ကြသည်။ သူတို့သည် ရွှေ့ရွှေ့ ကြောက်လန့်မှာစိုးတာကြောင့် အသံ​ကျယ်ကြီး မထုတ်ဝံ့ကြပေ။ 


 


 


ယဲ့ဆွေ - ရွှေ့ရွှေ့ကို ဒီအတိုင်းသွားခိုင်းလိမ့်မယ်လို့ သူမမမျှော်လင့်ထားဘူး။ ပရိသတ်တွေက သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို မဖုံးကွယ်ထားနိုင်ကြပေ။ 


 


  


ယဲ့ဆွေက  ရွှေ့ရွှေ့ရဲ့ ပရိသတ်တွေကို လက်ညှိုးထိုးပြပြီး ပြောခဲ့သည်။ "ရွှေ့ရွှေ့၊ သားရဲ့မမတွေကို နှုတ်ဆက်မှာလား?  ” 


 


  


ရွှေ့ရွှေ့က သူတို့ကို တကယ်ကြည့်ခဲ့ပြီး သူရှက်စပြုလာကာ မျက်နှာကို ယဲ့ဆွေ လည်ပင်းတစ်ဝိုက်တွင်မြှုပ်ပြီး တိတ်တဆိတ်ကြည့်နေခဲ့သည်။ 


 


 


အဝတ်ထဲတွင် နစ်မြုပ်နေတာကြောင့် ရွှေ့ရွှေ့ရဲ့ အသံလေးက အသည်းယားစရာ ကောင်းလှသည်။ 


 


 


“မင်္ဂလာပါ မမတို့  ” 


 


  


ပရိတ်သတ်တွေက ရွှေ့ရွှေ့ကို သူတို့၏ သားကဲ့သို့ မြင်ကြသည်။ အသားဖြူပြီး ဝတုတ်နေတဲ့ ရွှေ့ရွှေ့ကို တွေ့ရင် သူတို့ ဘယ်လောက်ကြိုက်လဲဆိုတာ မပြောနဲ့တော့။ 


 


 


 ယဲ့ဆွေက ရှက်နေတဲ့ ရွှေ့ရွှေ့ကို ကြည့်ကာ အကြောင်းအရာ ပြောင်းလိုက်သည်– “ ရွှေ့ရွှေ့ သားရဲ့မမတွေကို နှုတ်ဆက်လိုက်ဦး။ မေမေတို့ ကားသွားဝယ်တော့မယ်  ” 


 


 


 ကားဆိုတဲ့စကားကြားတော့ ရွှေ့ရွှေ့က စိတ်လှုပ်ရှားသွားပြီး မျက်နှာကို မော့ကာ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ဖွင့်လာသည်။ 


 


 


“မေမေက ရွှေ့ရွှေ့အတွက် ကားဝယ်ပေးမှာ  ” 


 


  


ပရိတ်သတ်တစ်ယောက်က မရယ်ဘဲမနေနိုင်ခဲ့ပေ။ “မမက မောင်လေးအတွက် ဝယ်ပေးမယ်လေ  ” 


 


 


 မမျှော်လင့်ဘဲ နောက်တစ်စက္ကန့်မှာ ရွှေ့ရွှေ့က ကမ်းလှမ်းချက်ကို လေးလေးနက်နက် ငြင်းပယ်ခဲ့သည်။ - "မာမီကပြောတယ် တခြားသူရဲ့ ပစ္စည်းတွေကို ယူလို့မရဘူးတဲ့ " 


 


  


ပရိတ်သတ်တွေကတော့ သူတို့ ရွှေ့ရွှေ့လေးရဲ့ ပုံစံကို ရယ်ချင်ကြပေမယ့် သူတို့ရွှေ့ရွှေ့ကို ကားတကယ်ဝယ်ပေးချင်ကြတာ။ 


 


 


 ယဲ့ဆွေက ရွှေ့ရွှေ့ရဲ့လက်ကို ကိုင်ပြီး ဝှေ့ယမ်းလိုက်သည်။ “မမတို့ကို နှုတ်ဆက်လိုက်ဦး ” 


 


 


ရွှေ့ရွှေ့က လက်ကိုဝှေ့ယမ်းရင်း သူ့ပရိသတ်တွေကို နှုတ်ဆက်ခဲ့သည်။  “Goodbye မမတို့။ ရွှေ့ရွှေ့ ကားသွားဝယ်တော့မယ်” 


 


 


စတူဒီယိုအပြင်ဘက်မှာ ယဲ့ဆွေ ရဲ့ပရိသတ်တွေအပြင် သူတို့ရဲ့ အိုင်ဒေါတွေကို စောင့်ကြည့်ဖို့ ဒီမှာစောင့်နေတဲ့ တခြားပရိသတ်တွေလည်း ရှိသေးသည်။ ဟုတ်ပါတယ်၊ သူတို့လည်း ဒီလှုပ်ရှားမှုကို သတိထားမိသည်။ 


 


  


အခြားမိသားစုတွေရဲ့ ပရိသတ်တွေက ရွှေ့ရွှေ့ရဲ့ ဒီလိုပုံစံကို မြင်ကြပြီး၊ ရွှေ့ရွှေ့ရဲ့ စိတ်ခံစားမှုများ ကူးစက်ခံရကာ သူတို့လည်းလက်ကိုဝှေ့ယမ်းပြကြသည် 


 


 


သူတို့ကိုယ်တိုင်လည်း နှုတ်ဆက်ချင်နေကြတာပဲလို့ တွေးပြီး ရွှေ့ရွှေ့ ခန္ဓာကိုယ်လေးကို တည့်တည့်ထားပြီး မော့ကြည့်ရင်း အဝေးက ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခြင်းက အမှတ်မထင် ပရိသတ်တွေ အများအပြား ရရှိခဲ့သည်။ 


 


 


ယဲ့ဆွေက ရွှေ့ရွှေ့ လက်နှစ်ဖက်ကို ချီကာ နေရာကနေ ထွက်သွားလိုက်သည်။  အချိန်ကို သူမ သတိပြုမိတော့ ချန်ရှု့လည်း  ရောက်လုနီးနေပြီဖြစ်သည်။ 


 


 


ယဲ့ဆွေ အပြင်ကို ထွက်လာတော့ သူမရဲ့ ရွှေ့ရွှေ့က ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ သူ့မျက်လုံးဝိုင်းဝိုင်းကြီးတွေက ရုတ်တရက် ကွေးသွားပြီး  လက်ချောင်းတုတ်တုတ်လေးတွေကို တစ်နေရာရာကို ဆန့်ထုတ်လိုက်သည်။ 


 


 


“ဖေဖေ ဒီမှာ!  ” 


 


 


ယဲ့ဆွေက ရွှေ့ရွှေ့ရဲ့ညွှန်ပြနေတဲ့ လက်ချောင်းများဆီသို့ လှမ်းကြည့်လိုက်ရာ ကားက အနီးကိုတောင်မရောက်သေးဘူး။ ပြီးတော့ ရွှေ့ရွှေ့ ဘယ်လိုမှတ်မိလဲ မသိဘူး။ 


 


  


တကယ်က ချန်ရှု့ ရဲ့ကားမှန်း မသိခင် ယဲ့ဆွေကိုယ်တိုင်က အဲ့တာကို ကြည့်နေခဲ့မိသည်။ 


 


  


 ရွှေ့ရွှေ့က ပြင်းပြင်းထန်ထန် အော်လိုက်သည်။ - "မေမေ၊ ဖေဖေ သားတို့ကို လာကြိုတာ " 


 


 


ယဲ့ဆွေက ရွှေ့ရွှေ့ရဲ့ လှုပ်ရှားနေသော ခန္ဓာကိုယ်ဝကစ်လေးကို ထိန်းထားရပြီး ရွှေ့ရွှေ့ လေးလံနေပြီမို့ သူမသူ့ကို မချီနိုင် ဖြစ်နေပြီ။ 


 


  


ချန်ရှု့ကားကို အရှိန်လျှော့ကာ ယဲ့ဆွေတို့နားမှာ ဖြည်းညှင်းစွာ ရပ်လိုက်သည်။ 


 


  


ချန်ရှု့ တံခါးကို ချက်ချင်းဖွင့်ပြီး ယဲ့ဆွေ ဆီသို့ လျှောက်လာပြီး သူမလက်ထဲက ရွှေ့ရွှေ့ကို ပွေ့ချီလိုက်သည်– “မင်းလက်တွေ ညောင်းနေလိမ့်မယ်။ ကိုယ် သားကို ချီလိုက်မယ်  ” 


 


  


ချန်ရှု့က သူ့လက်နှစ်ဖက်ဖြင့် ရွှေ့ရွှေ့ကို ချီလိုက်သည်။  ယဲ့ဆွေက ကားတံခါးကို ဖွင့်လိုက်ပြီး ရွှေ့ရွှေ့က ထိုင်ခုံမှာထိုင်ဖို့ အရမ်းငယ်သေးတာကြောင့် ကလေးထိုင်ခုံမှာ ထိုင်ရတာမို့ ယဲ့ဆွေ က သူနဲ့အတူ နောက်ဘက်မှာ နေပေးသည်။ 


 


  


ကလေးတော်တော်များများက ကလေးထိုင်ခုံမှာထိုင်တာကို မုန်းကြသည်။  ရွှေ့ရွှေ့လည်း ခြွင်းချက်မဟုတ်ပေမယ့် ကောင်းကောင်းနေသည်။ ယဲ့ဆွေက သူ့ကို အကြောင်းပြပြီး ရှင်းပြတော့ သူ မအိပ်ချင်ပေမယ့်လည်း ထိုင်နေလိမ့်မည်။ 


 


 


ယဲ့ဆွေက ရွှေ့ရွှေ့ကို ထိုင်ခုံခါးပတ်တပ်ပေးလိုက်ပြီး ဆုကိုပြဖို့ သူ့ခေါင်းကို တို့လိုက်သည်။ - "ရွှေ့ရွှေ့က ဘယ်လိုကားမျိုး ဝယ်ချင်တာလဲ?  ” 


 


  


ယဲ့ဆွေက ရွှေ့ရွှေ့ရဲ့အာရုံကို အထူးလွှဲပေးခဲ့ပြီး သေချာပေါက် ရွှေ့ရွှေ့ ထိုင်ခုံ၏ အဆင်မပြေမှုကို မေ့သွားကာ သူ့ကားအကြောင်း စိတ်လှုပ်ရှားစွာနဲ့  ပြောလာသည်။ 


 


  


ချန်ရှု့ ကားနောက်ဘက်ရှိ လူနှစ်ယောက်ကြား စကားပြောနေတာကို ကြည့်ပြီး တံခါးကိုပိတ်ဖို့ ကူညီပေးလိုက်သည်။ 


 


 


ကားထွက်သွားတာနဲ့အမျှ ပရိသတ်တွေက ယဲ့ဆွေနဲ့ ချန်ရှု့ တို့ရဲ့ ချစ်ခြင်းမေတ္တာကို နှစ်မြှုပ်ထားဆဲဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်တွေ မတည်မြဲဘူးလို့ ယုံကြည်နေတာကြောင့် အရင်က သူတို့ကို အသိအမှတ်မပြုဖူးတဲ့လူ ဘယ်နှစ်ယောက်ရှိမှန်း မသိခဲ့ဘူး။ 


 


  


ဒါပေမယ့် အခု မျက်နှာရဖို့ အရမ်းမြန်တယ်၊ ယဲ့ဆွေနဲ့ ချန်ရှု့ တို့ရဲ့ အိမ်ထောင်ရေးက ယနေ့ထိတိုင် တနေ့ထက်တနေ့ ပိုချိုမြိန်လာသည်။ 


 


 


ကောင်းကင်ကြီး မှိန်ဖျော့လာသည်နှင့်အမျှ ကောင်းကင်တစ်ခုလုံးသည် နက်ပြာရောင်နှင့် ညကောင်းကင်တွင် ရောင်ပြန်ဟပ်နေသော ကြယ်ပွင့်များက တောက်ပနေခဲ့သည်။ 


 


  


ရွှေ့ရွှေ့လည်း ပင်ပန်းနေပြီ၊ ချန်ရှု့ သူ့ကို သိပ်ပြီးတော့ ယဲ့ဆွေကိုရှာဖို့ အခန်းကို သွားလိုက်သည်။ 


 


  


အခန်းထဲမှာ  တစ်ယောက်မှမရှိဘူး၊ လသာဆောင်ပြတင်းပေါက်ကို ဖွင့်ထားကာ အေးမြသောညလေညင်းများဝင်လာကာ ကန့်လန့်ကာများက လွင့်နေပြီး ယဲ့ဆွေက ဝရံတာတွင်ရပ်နေခဲ့သည်။ 


 


  


ချန်ရှု့ လျှောက်သွားပြီး အနောက်ကနေ ယဲ့ဆွေကိုဖက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အပူချိန်က ယဲ့ဆွေ နောက်ကျောဆီ ကူးစက်သွားသည်။ 


 


  


ယဲ့ဆွေက အကြောတွေ ဖြေလျှော့လိုက်ပြီး ချန်ရှု့ကို မှီကာ "အခု ကျွန်မ အိမ်မက် လှလှ မက်နေတယ်လို့ ထင်မိတယ် ” 


 


  


ချန်ရှု့နဲ့ ယဲ့ဆွေတို့က မီးရောင်တောက်ပနေသည့် မြို့ကို ကြည့်နေကြသည်။  နီယွန်မီးတွေက ကောင်းကင်ကို ရောင်ပြန်ဟပ်နေသည်။ ချန်ရှု့က သူ့လက်တွေကို အနည်းငယ်တင်းကြပ်လိုက်ပြီး အစစ်အမှန်ဆိုတာကို သက်သေပြလိုက်သည်။ 


 


 


“အိပ်မက်တစ်ခုဆိုရင်တောင် ရှင်နဲ့အတူဆိုရင် ဘယ်တော့မှ မနိုးထချင်ဘူး  ” 


 


 


ယဲ့ဆွေ နှုတ်ခမ်းထောင့်ကိုကွေးပြီး  တိတ်တိတ်လေး ပြုံးလိုက်သည်။ သူမ လှည့်ပြီး ချန်ရှု့ကို ပွေ့ဖက်လိုက်သည်။ 


 


 


 နက်ပြာရောင်ညလေးမှာ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားတဲ့ အရိပ်လေးက ငြိမ်သက်နေတဲ့ ကြယ်တွေရဲ့အောက်မှာ ဖုံးကွယ်ထားတဲ့ အစက်လေးတစ်စက် ဖြစ်လို့နေခဲ့သည်။