Chapter 73
Viewers 11k

💮Chapter 73



ပြန်ပေးဆွဲသမားအားလုံးက ဤသို့သော မြင်ကွင်းများနှင့် အသားကျနေပြီဖြစ်သည်။ သို့သော် သူတို့၏ အဖွဲ့သားများ အသတ်ခံရသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။

 

တစ်ဖက်လူက ခြေထောက်တစ်ဖက်ပင် မလှုပ်ရှားခဲ့ဘဲ လက်များကိုသာ ဝှေ့ယမ်းလိုက်ခြင်း ဖြစ်သည်။ သို့သော် သူတို့လူကမူ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားခဲ့သည်။

 

မျက်တောင်တစ်ခတ်အတွင်း၌ပင် ကျန်လူများ၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။

 

သူတို့က အဖွဲ့သားများ၏ ပူနွေးဆဲဖြစ်သော ခန္ဓာကိုယ်ကိုပင် ဂရုမစိုက်နိုင်ခဲ့ဘဲ အချင်းချင်း အကြည့်ဖလှယ်ကာ လှည့်ပြေးကြတော့သည်။

 

ရှစ်ယဲ့က သူတို့အား တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

 

ထိုသူတို့ အကွာအဝေးတစ်ခုသို့ ရောက်သည့်အချိန်မှသာ သူက ဝမ်ချီကို လွှတ်ပေးလိုက်၏။ ထို့နောက် ခြေဖျားထောက်ကာ ကိုယ်ဖော့လိုက်သည်။ သူ၏ အရှိန်မှာ အလွန်လျင်မြန်၏။ သူက ပြန်ပေးဆွဲသူများ၏ အရှေ့တွင် ပိတ်ရပ်လိုက်ပြီး သူတို့၏ လမ်းကို ပိတ်လိုက်တော့သည်။

 

ပြန်ပေးဆွဲသမာများက ရှစ်ယဲ့ သူတို့အား မြန်မြန် ဖမ်းမိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ကြောက်ရွံ့မှုက သူတို့၏ မျက်ဝန်းများမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းခြုံသွား၏။

 

သူတို့က ပြိုင်တူဆိုသလို ဓားရှည်များကို လွှင့်ပစ်ကာ ဖုတ်ကနဲ့ ဒူးထောက်ချလိုက်ကြသည်။


“အစ်ကိုကြီး … အသက်ကို ချမ်းသာပေးပါ …”

 

“ကျွန်တော်တို့ မှားသွားပါတယ် … ကျွန်တော်တို့ ကန်းနေလို့ အစ်ကိုကြီးကို စော်ကားခဲ့မိတာပါ … အစ်ကိုကြီး အဲဒီ့လူကို လိုချင်ရင် ယူသွားလို့ရပါတယ် … ကျွန်တော်တို့ အသက်ကိုတော့ ချမ်းသာပေးပါ …”

 

“ကျွန်တော့်အိမ်မှာ သက်ကြီးရွယ်အိုတွေအပြင် အငယ်လေးတွေလည်း ရှိပါသေးတယ် … ကျွန်တော်က ဒီအလုပ်ကို ခဏဝင်လုပ်ခဲ့မိတာပါ … ကျွန်တော့်ကို လွှတ်ပေးပါ …”

 

ရှစ်ယဲ့က ညအမှောင်တွင် ပုန်းကွယ်နေသည့် မြက်ခင်းစိမ်းများကိုငုံ့ကြည့်ရင်း ပြန်ပေးဆွဲသူများ၏ တောင်းပန်တိုးလျှိုးသံကို နားထောင်နေ၏။ သူ့တွင် မည်သည့်ခံစားချက်မှ ရှိမနေသည့်အပြင် စိတ်မရှည်ဟန်ဖြင့်ပင် မျက်မှောင်ကြုတ်လိုက်သေးသည်။

“ဆူလိုက်တာ …”

 

သူက လက်ကိုမြှောက်ကာ မြေပေါ်ရှိ ဓားရှည်များကို ပြန်ပေးဆွဲသူများထံသို့ ပျံသန်းသွားစေသည်။

 

ပြန်ပေးဆွဲသူများက မျက်လုံးအပြူးသား ဖြစ်သွားကြ၏။ သူတို့ တုံ့ပြန်ချိန်မရလိုက်မီ ဓားရှည်များက အသက်ရှိနေသကဲ့သို့ သူတို့၏ ခန္ဓာကိုယ်အား ထပ်ခါထပ်ခါ ထိုးစိုက်ကြတော့သည်။

 

သွေးများက မြေပေါ်၌ စွန်းထင်းကုန်၏။

 

ဝမ်ချီက အဖြစ်အပျက်တစ်ခုလုံးကို မနီးမဝေးမှ ကြည့်နေခဲ့သည်။ သူက ပြန်ပေးဆွဲသူများ မြေပေါ်လဲကျပြီးနောက် မည်သူမှ မမှတ်မိနိုင်သည့် အသွင်ဖြင့် သေဆုံးသွားသည်ကို တွေ့လိုက်ရ၏။ ပြင်းထန်သော သွေးနံ့က သူ၏ နှာသီးဖျားထံသို့ ရစ်ဝဲလာသည်။

 

ဝမ်ချီက ထိုအနံ့ကို အသားကျနေသည့်တိုင် နှစ်ကြိမ်ခန့် ပျို့လိုက်မိပြီး မြေပေါ်သို့ ငုတ်တုတ်ထိုင်ချလိုက်၏။

 

ရှစ်ယဲ့က သူ့ထံပျံသန်းလာကာ ရုတ်တရက် ပွေ့ချီလိုက်သည်။

 

ဝမ်ချီက ရှစ်ယဲ့၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ကြောင်အသွားကာ မသိစိတ်ဖြင့် တစ်ဖက်လူ၏ လည်တိုင်ကို ခိုတွဲလိုက်မိသည်။

 

“ဒီမှာ တစ်ယောက်ယောက် ရှိနေတယ် ...ပြဿနာပဲ …”

 á€›á€žá€…်ယဲအက သူ့နားနားကပ်၍ ရေရွတ်ရင်း လျှာတောက်လိုက်သည်။


ထို့နောက် သူက ဝမ်ချီအား ပွေ့ကာ အခြားဦးတည်ရာသို့ ပျံသန်းသွားလိုက်သည်။

 

ဝမ်ချီက ရှစ်ယဲ့၏ လက်မောင်းကြားသို့ အထိတ်တလန့် တိုးဝင်လိုက်၏။ ပူပြင်းသော ညလေညှင်းက သူ့မျက်နှာထက်မှ ဖြတ်ပြေးသွားသော်လည်း ၎င်းက သွေးနံ့ပြင်းပြင်းကို မသယ်ဆောင်သွားနိုင်ခဲ့ပေ။ သူ့နှလုံးသားထဲတွင် ပျို့အန်ချင်စိတ်များ ရှိနေဆဲဖြစ်၏။

 

သူက ရှစ်ယဲ့ကို မော့ကြည့်လိုက်သည်။

 

ရှစ်ယဲ့က မည်သည့်အရာကိုမှ ဂရုမစိုက်သော ခံစားချက်ကင်းမဲ့သည့် အမူအရာဖြင့်သာ ရှိနေ၏။ သူက လူအမြောက်အများကို သုတ်သင်ခဲ့သည့်တိုင် မျက်ခုံးတစ်ချက်ပင် ပင့်မလာခဲ့ပေ။

 

ညလေညှင်းက ရှစ်ယဲ့၏ အနက်ရောင်ဆံနွယ်များကို သူ၏ ပခုံးထက်မှ လွင့်နေစေခဲ့သည်။ အဆိုပါ အနက်ရောင် ဆံနွယ်များက ဝမ်ချီ၏ မျက်နှာထက်သို့ ကျဆင်းလာ၏။

 

ဝမ်ချီက ရှစ်ယဲ့၏အင်္ကျီအား တင်းတင်း ဆုပ်ကိုင်ထားခြင်းကို ဖြေလျော့ပေးလိုက်သည်။ သူက အဆိုပါ ဆံနွယ်စကိုသာ ဆုပ်ကိုင်လျှက် နှာခေါင်းနားကပ်၍ တရှုံ့ရှုံ့လုပ်လိုက်၏။

 

သူ ခပ်ဖျော့ဖျော့ မွှေးရနံ့ကို ရှူရှိုက်လိုက်မိသည်။

 

ဝမ်ချီ စိတ်ထင်ခြင်းပေလားမသိသော်လည်း သူခံစားနေရသော ပျို့အန်ချင်စိတ်က အတော်လေး လျော့နည်းသွားခဲ့၏။

 

ထို့ကြောင့် ဝမ်ချီက ဆက်လက်၍ တရှုံ့ရှုံ့လုပ်နေခဲ့သည်။

 

ဆံခြည်မျှင်တစ်မျှင်က သူ့အတွက် မလုံလောက်ချေ။ သူက ရှစ်ယဲ့၏ ဆံနွယ်အားလုံးကို ဆွဲယူကာ သူ့မျက်နှာပေါ်သို့ ဖိကပ်ပစ်လိုက်သည်။

 

အမှန်စင်စစ်တွင် ရှစ်ယဲ့၏ ကိုယ်ဖော့ပညာမှာ အစွမ်းထက်လှကြောင်း လူနည်းစုသာ သိကြသည်။ သူက တံစက်မြိတ်တွင် ဤအတိုင်း ခုန်နေလျှင်ပင် သူ့အား တစ်စုံတစ်ဦးတွေ့ရန် ခက်ခဲပေလိမ့်မည်။

 

ထိုအချိန် ခဏလေး၌မူ ရှစ်ယဲ့၏အရှိန်က လျော့နည်းသွားခဲ့၏။

 

သူက ခြံဝန်းအတွင်းရှိ ထပ်ခိုးတစ်ခုပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်ပြီး လက်မောင်းကြားရှိ ဝမ်ချီအား ငုံ့ကြည့်လိုက်၏။ ဝမ်ချီက မျက်ဝန်းများကို တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားလျက်ရှိသည်။ ထိုသူ၏ မျက်နှာမှာ လရောင်အောက်တွင် ပို၍ဖျော့တော့နေပြီး နှုတ်ခမ်းနှစ်လွှာသည်လည်း သွေးမရှိသကဲ့သို့ပင် ဖြူဆုတ်နေ၏။ ဝမ်ချီက လှုပ်ရှားမှုတစ်ခုပင် မရှိချေ။ သို့သော် ရင်ဘတ်ပေါ်၌မူ ဆံပင်လက်တစ်ဆုပ်စာအား တင်းတင်း ဆုပ်ကိုင်ထား၏။

 

ရှစ်ယဲ့၏ အကြည့်က သူ့ဆံပင်များကို ဆုပ်ထားသည့် ဝမ်ချီ၏ လက်ပေါ်သို့ ကျရောက်သွားသည်။

 

သူ့အကြည့်များက အနည်းငယ် လှိုင်းထလာပြီး လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွား၏။ တစ်စုံတစ်ဦးက သူ့ဆံပင်အား ဆွဲနေသည်ဟု ခံစားနေရသည်မှာ မထူးဆန်းတော့ပေ။

 

ထိုစဉ် အခန်းထဲ၌ စောင့်ဆိုင်းနေသည့် အစေခံက တစ်စုံတစ်ခုအား သတိပြုမိသွားဟန်ဖြင့် တံခါးကို အမြန်တွန်းဖွင့်လိုက်သည်။ သူမက အမိုးအစွန်း၌ ရပ်နေသည့် ရှစ်ယဲ့အား တွေ့လိုက်ရ၏။

 

အစေခံက ပြောလိုက်သည်။

“အရှင့်သား ပြန်လာပြီပဲ ...”

 

ရှစ်ယဲ့က ခပ်ပေါ့ပေါ့အသံပြုလျက် အစေခံအား တစ်ချက်ပင်မကြည့်ဘဲ အခန်းတွင်းသို့ ဝင်ရောက်လိုက်သည်။

 

အစေခံက အမြန်နောက်ဆုတ်ပေးလိုက်၏။ ဝမ်ချီအား ပွေ့ထားသည့် ရှစ်ယဲ့ အခန်းတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် သူမ တံခါးကို ခပ်ဖွဖွပိတ်လိုက်သည်။

 

ရှစ်ယဲ့က အိပ်ရာထံ လျှောက်သွားကာ ဝမ်ချီအား အိပ်ရာထက်သို့ ချပေးရန် ပြင်လိုက်သည်။ သို့သော် ဝမ်ချီ၏ လက်များက သူ့ဆံပင်အား ဆွဲထားလျက်သာ ရှိနေ၏။

 

ရှစ်ယဲ့က အိပ်ရာဘေးတွင်ရပ်ကာ သက်ပြင်းချလိုက်သည်။

“ဝမ်ချီ … ငါတို့ရောက်ပြီ …”

 

အစေခံက နံဘေးတွင် ရပ်နေသည်။ သူမက ခေါင်းငုံ့ထားသော်ငြား ရှစ်ယဲ့နှင့် ဝမ်ချီအကြားရှိ ထိတွေ့မှုကို မျက်ဝန်းထောင့်မှတစ်ဆင့် တွေ့နေရဆဲပင်။

 

ဝမ်ချီ အိပ်ပျော်နေခြင်း မဟုတ်သည်ကိုလည်း သူမ သတိပြုမိ၏။ ရှစ်ယဲ့၏ အသံကိုကြားသည့်တိုင် ဝမ်ချီက မျက်လုံးဖွင့်မလာခဲ့ပေ။ သူ၏ မျက်တောင်ရှည်များက အနည်းငယ် တုန်လှုပ်သွားပြီးနောက် ရှစ်ယဲ့၏ ဆံပင်ကို တင်းတင်းဆုပ်ကိုင်ကာ သူ့မျက်နှာတစ်ခုလုံးကို ရှစ်ယဲ့၏ ရင်ခွင်ထဲသို့ မြှုပ်နှံလိုက်သည်။

 

သူက မရည်ရွယ်သည့်တိုင် သူ၏ လှုပ်ရှားမှုက ရှစ်ယဲ့အား နာကျင်စေဆဲပင်။

 

ရှစ်ယဲ့၏ မျက်ခုံးတန်းလေးများက တဖြည်းဖြည်း ရဲလာ၏။

 

အစေခံ:  “ …”

 

သူမက ဝမ်ချီ ဆုပ်ကိုင်ထားသည့် ရှစ်ယဲ့၏ ဆံနွယ်များကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ နှလုံးသားတစ်ခုလုံး လည်ချောင်းမှ ခုန်ထွက်တော့မည့်အလား ခံစားလိုက်ရပြီး  အသက်ရှူပင် မမှန်ချင်တော့ပေ။

 

သခင်လေးဝမ်က အရှင့်သား၏ နှလုံးသားထဲတွင် နေရာအချို့ ရရှိထားကြောင်း သူမ ဝန်ခံ၏။ သို့သော် မည်သူကမှ အရှင့်သား၏ ဆံနွယ်ရှည်များကို ခပ်ပြင်းပြင်း မဆွဲဝံ့ကြချေ။ အတိအကျဆိုရပါက အရှင့်သားနှင့် မတော်တဆ ထိမိသူများပင် သူတို့ကိုယ်သူတို့ မသိလိုက်ဘဲ သေခြင်းတရားနှင့် ရင်ဆိုင်ရတတ်၏။

 

သူက အရှင့်သားရဲ့ အနှစ်သက်ဆုံးဖြစ်နေရင်တောင် ဒီလိုမျိုး မလုပ်သင့်ဘူးလေ …

 

သို့သော် မကြာမီမှာပင် အစေခံက သူမ၏ စိုးရိမ်မှုများက မလိုအပ်ကြောင်း နားလည်သွား၏။

 

ရှစ်ယဲ့က သူ့ဆံပင်များကို ဂရုပင်မစိုက်ခဲ့ပေ။ သူက ခဏကြာ တုံ့ဆိုင်းပြီးနောက် ကိုယ်ကိုကိုင်းလျက် ဝမ်ချီအား အိပ်ရာထက်သို့ တင်ပေးလိုက်သည်။

 

မမျှော်လင့်ထားစွာပင် ဝမ်ချီက ရှစ်ယဲ့၏ ပွေ့ဖက်ထားမှုမှ ရုန်းမထွက်လိုခဲ့ပေ။ သူ၏ကျောပြင်မှ အိပ်ရာကို ခံစားမိလိုက်သည်နှင့် ချက်ချင်းရုန်းကန်လေသည်။ ထို့နောက် ရှစ်ယဲ့၏ လည်တိုင်အား လက်များဖြင့်ခိုတွဲကာ ရှစ်ယဲ့ ရင်ခွင်ထဲသို့ တိုးဝင်လိုက်၏။

 

“ဟင့်အင်း … မအိပ်ချင်ဘူး …ငါ မအိပ်ချင်ဘူး …”

 á€á€™á€şá€á€ťá€Žá€€ မျက်လုံးမဖွင့်ဘဲ တုန်တုန်ယင်ယင်ပြောလိုက်သည်။


ရှစ်ယဲ့က ဝမ်ချီအား ချက်ချင်းပြန်ပွေ့လိုက်ရသည်။

 

ထိုအခါမှသာ ဝမ်ချီက ပြန်လည်တိတ်ဆိတ်သွားသည်။ သူက ရုန်းရင်းဆန်ခတ် လုပ်လိုက်ရသဖြင့် အနည်းငယ် မောနေ၏။

 

ရှစ်ယဲ့က ဝမ်ချီ၏ အလွန်ဖြူဖျော့နေသော မျက်နှာကို ကြည့်ရင်း ပြောလိုက်သည်။

“မင်း မအိပ်ချင်ရင် လှဲပြီးအနားယူနေ …”

 

ဝမ်ချီက ချက်ချင်း ခေါင်းယမ်းလိုက်သည်။

“ကျွန်တော်  အနားမယူချင်ဘူး …”

 

ရှစ်ယဲ့က မေးလိုက်သည်။

“ဒါဆို မင်းဘာလုပ်ချင်လဲ …”

 

ဝမ်ချီက ခဏတိတ်နေပြီးနောက် တုန်ယင်နေသော နှုတ်ခမ်းများဖြင့် ပြောလိုက်သည်။

“ ကျွန်တော့်ကိုဒီအတိုင်း ပွေ့ထားပေးပါ …”

 

သူက ထိုသို့ပြောပြီးသည်နှင့် ရှစ်ယဲ့၏ လက်မောင်းအကြားသို့ အကောင်ပေါက်လေး တစ်ကောင်သဖွယ် တိုးဝှေ့လိုက်သည်။ သို့သော် သူက ရှစ်ယဲ့၏ရင်ခွင်ထဲသို့ တိုးဝင်ရသည်ကိုပင် အားမရဘဲ ရှစ်ယဲ့၏ လည်တိုင်ကြားသို့ ခေါင်းဖြင့်တိုးလိုက်၏။

 

မကြာသေးမီတွင် ဝမ်ချီက ရှစ်ယဲ့၏ရနံ့အား အဝတ်များမှတစ်ဆင့် ရရှိခဲ့သည်။ ယခုအခါ ရှစ်ယဲ့၏ အရေပြားအား တိုက်ရိုက်ရှူရှိုက်နိုင်လေပြီဖြစ်သည်။ သူ၏ အနံ့ခံအာရုံ တစ်ခုလုံးက ရှစ်ယဲ့၏ ရနံ့ဖျော့ဖျော့ဖြင့် လွှမ်းခြုံခံလိုက်ရ၏။

 

ရှစ်ယဲ့၏ ခန္ဓာကိုယ်က အမြဲလိုလို စန္ဒကူးနံ့ မွှေးပျံ့နေလေ့ရှိသည်။

 

ထူးဆန်းသော အရာမှာ နန်းတော်၏ တံစက်မြိတ်ထက်မှ ဝမ်ချီ ပြုတ်ကျခဲ့ပြီးသည့်နောက် ရှစ်ယဲ့ထံမှ ရရှိသည့် စန္ဒကူးရနံ့၊ ဆေးဖက်ဝင်အပင်များ၏ ရနံ့တို့က သူ့အတွက် ပို၍ပင် သိသာလာခဲ့သည်။

 

ဝမ်ချီက ထိုရနံ့ကို အလွန်စွဲလမ်းနေပြီး မကြုံဖူးသည့် လုံခြုံမှုကိုပင် ခံစားနေရသည်။


“ရှစ်ယဲ့ …မင်းက အရမ်းမွှေးတယ် …”

 á€á€™á€şá€á€ťá€Žá€€ ပြောလိုက်သည်။


ရှစ်ယဲ့ ထိုစကားကို ကြားချိန်၌ မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားသည်။ ဝမ်ချီက သူ့ဦးခေါင်းထဲရှိ မကောင်းသော မှတ်ဉာဏ်များကို တူးဖော်မိခဲ့ပုံပင်။ သူက ခေါင်းကို စောင်းကာ ခေါ်လိုက်သည်။

“ကျောကျစ် …”

 

ကျောကျစ်က ချက်ချင်း ပြန်ဖြေ၏။

“မှန်လှပါ …”

 

ရှစ်ယဲ့ အမိန့်ပေးလိုက်သည်။

“ရေဇလုံတစ်လုံးယူခဲ့ .. ပြီးတော့ စားစရာပြင်ထား …”

 

ကျောကျစ်က ပြန်ဖြေသည်။

“မှန်လှပါ အရှင့်သား…”

 

ကျောကျစ် ထွက်သွားသည်နှင့် ရှစ်ယဲ့က ဝမ်ချီအား အိပ်ရာပေါ် တင်လိုက်သည်။ ဝမ်ချီက ရှစ်ယဲ့၏ လှုပ်ရှားမှုကို သတိပြုမိသွားသည်နှင့် ရှစ်ယဲ့၏ လက်မောင်းများကြားထဲသို့ ဝင်ရောက်ရန် အကောင်းဆုံး ကြိုးစားရုန်းကန်တော့၏။

 

ရှစ်ယဲ့က အမူအရာ တစ်ချက်ပင်မပြဘဲ ခုတင်ပေါ်တက်ကာ ဝမ်ချီ၏ လက်နှစ်ဖက်ကို ဦးခေါင်းပေါ်သို့ တင်လျက် ချုပ်နှောင်လိုက်သည်။ ထို့နောက် ဝမ်ချီအား အပေါ်မှ အုပ်မိုးလိုက်၏။

 

ဝမ်ချီ၏ ခွန်အားက ရှစ်ယဲ့နှင့် မယှဉ်နိုင်သည်ဖြစ်ရာ စဉ့်တီတုံးထက်ရှိ ငါးတစ်ကောင်နှယ် ရုန်းကန်ရုံသာ တတ်နိုင်ခဲ့၏။

 

သူက အလွန်စိုးရိမ်နေသဖြင့် ရှစ်ယဲ့၏ ဒူးခေါင်းကိုပင် ကန်ကျောက်မိလိုက်သည်။ ထို့နောက် တဖြည်းဖြည်း လေးလံလာသော ရှစ်ယဲ့၏ အသက်ရှူသံအား ကြားလိုက်ရ၏။

 

ရှစ်ယဲ့က ခပ်မာမာ ခေါ်လိုက်သည်။

“ဝမ်ချီ …”

 

ဝမ်ချီ ကြောင်အသွားသည်။ သူက အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် မျက်ဝန်းများကို ဖွင့်လိုက်၏။ ရှစ်ယဲ့က ပုပ်သိုးသိုး အမူအရာဖြင့် သူ့အား ငုံ့မိုးကြည့်နေသည်ကို ဦးဆုံး တွေ့လိုက်ရသည်။

 

“ကျွန်တော် …”

ဝမ်ချီက ခက်ခက်ခဲခဲ ပြောလိုက်သည်။

“ကျွန်တော် ဘာဖြစ်သွားတာလဲ …”

 

ရှစ်ယဲ့၏ မျက်ဝန်းများက မှောင်မိုက်နေ၏။ သူက အခန်းတွင်းရှိ ဖယောင်းတိုင်မီးဖြင့် ဝမ်ချီအား သေချာကြည့်လိုက်သည်။ ဝမ်ချီ နိုးလာကြောင်း အတည်ပြုပြီးသည်နှင့် ရှစ်ယဲ့က ဝမ်ချီ၏ လက်များကို လွှတ်ကာ ထိုသူ၏ အေးစက်စက် ပါးပြင်အား ထိတွေ့လိုက်သည်။

“ဗိုက်ဆာလား …”

 

ဝမ်ချီ ခေါင်းယမ်းလိုက်သည်။

“ကျွန်တော် ဘာဖြစ်သွားတာလဲ …”

 

ရှစ်ယဲ့က ပြော၏။

“ဘာမှမဟုတ်ပါဘူး …”

 

ရှစ်ယဲ့အမှန်အတိုင်း ပြောနေခြင်း မဟုတ်ကြောင်း ဝမ်ချီ သတိပြုမိသည်။ သူက တစ်စုံတစ်ခု၏ လွှမ်းမိုးခြင်း ခံရသကဲ့သို့ သူ့စကားလုံးများကိုပင် မထိန်းနိုင်ဘဲ ရှစ်ယဲ့နှင့်သာ နီးကပ်ချင်နေခဲ့သည်ပင်။

 

ထိုအဖြစ်အပျက်မှာ မကြာမီက နန်းတော်တံစက်မြိတ်မှ ပြုတ်ကျခဲ့ချိန်ကလည်း ဖြစ်ပျက်ခဲ့၏။

 

ရှစ်ယဲ့၏ တည်ရှိမှုကြောင့်သာ အဆိုပါ ရှင်းမပြနိုင်သော ပြောင်းလဲမှုများ သူ့ထံတွင် ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း သူ့အလိုလိုသိစိတ်က ဝမ်ချီအား ပြောကြားနေသည်။ သူက ထိုသို့ ပြောင်းလဲမှုမျိုး စတင်မဖြစ်လာမီ ရှစ်ယဲ့၏ ခန္ဓာကိုယ်မှ မွှေးရနံ့ပြင်းပြင်းကို စတင်ခံစားရတတ်၏။

 

သို့သော် လက်ရှိအချိန်၌ သူ များများစားစား မတွေးနိုင်သေးချေ။ သွေးသံရဲရဲ မြင်ကွင်းများက လျှိုတရှန်နှင့် လျှိုတသဲတို့ အခြားလူများကို သတ်စဉ်ကတည်းက ဝမ်ချီ၏ စိတ်ထဲ၌ စွဲမြဲနေခဲ့သည်။

 

သူသာ ရှစ်ယဲ့၏ ကယ်တင်ခြင်း မခံရပါက ထိုလူများထက် ပိုမသာနိုင်သည့် ကံကြမ္မာက သူ့အား စောင့်ကြိုနေလိမ့်မည်ပင်။

 

ဝမ်ချီက ပထမဆုံးအကြိမ် လူသေအမြောက်အများ တွေ့ဖူးခဲ့ခြင်းဖြစ်ပြီး သွေးနံ့ပြင်းပြင်းကိုလည်း ပထမဆုံး ကြုံဖူးခြင်း ဖြစ်၏။ လေထုတစ်ခုလုံးပင် စိုစွတ်သော သွေးနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။

 

ဝမ်ချီ၏ မျက်ဝန်းများက နီစွေးလာသည်။ သူက ဤနေ့ရက်များတွင် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားခဲ့ရ၏။ သူက သူ့ကိုယ်သူ သေခြင်းကို ရင်ဆိုင်နိုင်သည်ဟု ထင်ထားခဲ့သော်လည်း ရှစ်ယဲ့ရောက်လာမှသာ သူသည်လည်း သေရမည်ကိုကြောက်ရွံ့ကြောင်း နားလည်သွားခဲ့ရသည်။

 

အထူးသဖြင့် သူ၏ဆံပင်အား ပြန်ပေးဆွဲသူ ဆွဲလိုက်စဉ်က သူ့နှလုံးသားတစ်ခုလုံး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့၏။

 

ဝမ်ချီ မျက်တောင်ခတ်လိုက်သည်။ မျက်ရည်များက သူ့မျက်ဝန်းထက်၌ ပြည့်လျှံလာကာ မျက်ဝန်းထောင့်မှတဆင့် ခေါင်းအုံးဖြူဖြူပေါ်သို့ တလိမ့်လိမ့် ကျဆင်းလာ၏။

 

“ကျွန်တော့်ကိုယ်ကျွန်တော် သေပြီထင်တာ …”

ဝမ်ချီက ရှစ်ယဲ့၏ လည်တိုင်ကို ဖက်ရန် လက်ဆန့်လိုက်သည်။ သို့သော် ရှစ်ယဲ့က ရှောင်လိုက်၏။ ဝမ်ချီက လက်မလျှော့ဘဲ ရှစ်ယဲ့၏ အင်္ကျီရင်ဘတ်ကို ဆွဲဆုတ်လိုက်မိသည်။ သူက တစ်ချက်ရှိုက်လိုက်ရင်း ခပ်တိုးတိုး ပြော၏။

“မင်းသား ရောက်မလာရင် ကျွန်တော် သေသွားမှာပဲ …”

 

ရှစ်ယဲ့က ဝမ်ချီအား သူ၏ အင်္ကျီကို ဆွဲထားခွင့်ပြုလိုက်သည်။ ထို့နောက် ဝမ်ချီ၏ မျက်ရည်များအား လက်မဖြင့် ပွတ်သုတ်ပေးလိုက်၏။

“ပန်ကုန်း မင်းကို အခွင့်အရေးပေးတုန်းက မင်းက ထွက်သွားဖို့ ရွေးခဲ့တာလေ … ပန်ကုန်းဆီက ပုန်းကွယ်ဖို့ ဒီလိုအန္တရာယ်များတဲ့ နေရာကိုလာချင်ခဲ့တာ …”

 

“ကျွန်တော် နောင်တရပါပြီ … ရှစ်ယဲ့ …  ကျွန်တော် ပြန်ချင်တယ် …”

ဝမ်ချီ၏ မျက်ရည်များက ပို၍သာ စီးကျလာသည်။ သူ့မျက်နှာတစ်ခုလုံး ပန်းရောင်သမ်းနေကာ ပခုံးလေးများမှာလည်း တသိမ့်သိမ့် တုန်နေ၏။ သူက ရှစ်ယဲ့၏ အင်္ကျီကို လွှတ်ပေးလိုက်ပြီး တစ်ဖက်လူ၏ လည်တိုင်အားဖက်ရန် ကြိုးစားပြန်သည်။

 

သို့သော် ရှစ်ယဲ့က ရှောင်နေဆဲပင်။


“မင်း အခုထိ မနိုးသေးဘူး … အိပ်လိုက်ရင် ပိုကောင်းသွားလိမ့်မယ် …”

ရှစ်ယဲ့က ဝမ်ချီ၏ ငိုနေသော မျက်နှာကို မမြင်လိုပေ။ သူက ခေါင်းကိုလှည့်ကာ ခြုံစောင်ကိုယူ၍ ဝမ်ချီ၏ မျက်နှာအား အုပ်ပစ်လိုက်သည်။

 

ဝမ်ချီ “…”

 

ရှစ်ယဲ့က အိပ်ရာထက်မှ ထွက်သွားရန် ပြင်လိုက်၏။

 

ဝမ်ချီက ရနံ့၏ ဆွဲဆောင်မှုကြောင့် ထိုသို့ ပြုလုပ်နေသည်ဟု ရှစ်ယဲ့ထင်သွားကြောင်း နားလည်လိုက်သည်။ သူက ဘာ့ကြောင့်မှန်းမသိ စိတ်ဆိုးလာကာ မျက်နှာပေါ်ရှိ အိပ်ရာခင်းကို ခပ်မြန်မြန် ဆွဲဖယ်လိုက်၏။ ထို့နောက် အိပ်ရာထက်မှထလိုက်ရင်း ရှစ်ယဲ့၏ကျောပေါ်သို့ ခုန်တက်လိုက်တော့သည်။



💮💮💮