အပိုင်း ၁
Viewers 7k

၁၉၇၀တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း 


အပိုင်း ၁





တုန်းကျားဟွေ့က ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ခေါင်းကို မျက်နှာသုတ်ပဝါဖြင့် ပတ်ထားသည်။


 သူမမျက်နှာက ခြောက်သွေ့ပြီး ပိန်လှီနေကာ သူမပါးပြင်များက နက်ရှိုင်းစွာ ချိုင့်ဝင်နေပြီး နှုတ်ခမ်းများကလည်း ဖြူဖျော့နေလျက် မျက်လုံးများက အဝါရောင်အမိုးအောက်ရှိ အလင်းတန်းကို တည့်တည့်ကြည့်နေသည်။  တောက်ပပြီး ကြောက်စရာကောင်းသည်။


 ရှန်းကွေ့ရှောင်က လိုက်ကာကို ဖယ်လိုက်ပြီး ကြက်ဥစွပ်ပြုတ်ပန်းကန်တစ်လုံးနဲ့ ဝင်လာခဲ့သည်။  အိမ်ခေါင်မိုးကို တည့်တည့်ကြည့်နေတဲ့ သမီးရဲ့မျက်လုံးတွေကို မြင်လိုက်ရတော့ အရင်က ငိုထားတဲ့ သူမမျက်လုံးတွေ နီရဲလာပြီး မျက်ရည်တွေ ကျလာပြန်သည်။


 "လူတွေကို စိတ်ဆိုးအောင် လုပ်နည်းကို နင်တကယ်သိတယ်။  နင်ဘာဖြစ်နေတာလဲ။  သေချင်တဲ့အထိ အသေးအဖွဲကိစ္စတွေကို တကယ်စိတ်ပူတာလား။ ချန်းဇီ နဲ့ ဖြတ်သွားတဲ့ နင့်ဦးလေး နျိုဝမ်ကြောင့်သာ မဟုတ်ရင် နင်ဘယ်လို အသက်ရှင်ပြီး ဒီမှာပဲ အိပ်နေနိုင်မလဲ။ မဟုတ်ရင် နင်သေတာကြာပြီ "


 ရှန်းကွေ့ရှောင် ရဲ့ နှလုံးသားက နာကျင်နေပြီး တစ်ချိန်တည်းမှာပဲ သူမ ဒေါသဖြစ်သွားသည်။  သူမက ရဲရင့်ပြီး ထက်မြက်သူဖြစ်လေ့ရှိသည်။  အဲ့ဒါကြောင့်လည်း သူမစကားတွေကို မပျော့ပျောင်းနိုင်ခဲ့ပေ။  သူမ လေသံထဲတွင် ဝမ်းနည်းမှုအရိပ်အမြွက်က ထွက်ပေါ်လာသည်။


 သူမ ဘယ်လိုမှ စိတ်မဆိုးနိုင်တော့ပေ။  သူမသမီးက ကောင်းသည်။  သူမကို ၁၈ နှစ်ကြာ ဂရုတစိုက် ပျိုးထောင်ပေးခဲ့ပြီး အိမ်ထောင်ပြုပြီးနောက်မှာတော့ ချောမွေ့တဲ့ဘဝ၊ အေးချမ်းသာယာတဲ့ ဘဝတစ်ခု ရလိမ့်မယ်လို့ သူမ တွေးခဲ့သည်။  အိမ်ထောင်ကျပြီး သုံးနှစ်ကြာပြီးနောက်မှာ ယောက္ခမမိသားစုက သတိပေးချက်မရှိဘဲ ပြန်မောင်းထုတ်ခံရမယ်လို့ ဘယ်သူသိမှာလဲ။ ၃ နှစ်ကြာပြီးနောက်မှာ ကလေးမမွေးနိုင်တာကြောင့် ဤချွေးမကို မလိုချင်ကြပေ။


 ဒီရုတ်တရက်သတင်းက တုန်း မိသားစုတစ်ခုလုံး မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။  ယခုခေတ်တွင် ရွာသူရွာသားများက ၎င်းတို့၏ မိသားစုများကို မျက်စိကျနေကြသည်။  သင့်အိမ်ထောင်ရေးက မည်မျှကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်သက်လုံး အတူနေရမည်။


 သူမရဲ့ သမီးကောင်းလေးက အိမ်ထောင်သက် (၃)နှစ်သာ ရှိသေးပြီး စုတ်ပြတ်သတ်သွားခဲ့ပြီ ဖြစ်သည်။  ကွာရှင်းရခြင်းအကြောင်းရင်းမှာ ကလေးမမွေးနိုင်ခြင်းကြောင့်ဖြစ်သည်။  “ကလေးများ ပိုများ၍ ကောင်းချီးများ” နှင့် “လူများ နှင့် စွမ်းအားများ” ကို အာရုံစိုက်သော ကျေးလက်ဒေသများတွင်၊ သူမက သေဒဏ်ချမှတ်ခံရသကဲ့သို့ ဖြစ်နေသည်။  အနာဂတ်မှာ တခြားသူကို ဘယ်လိုရှာနိုင်မှာလဲ။


 ဒါပေမယ့် နောက်တဖန် (နောက်ထပ်အိမ်ထောင်ပြုဖို့) မျှော်လင့်ချက်မရှိတော့ဘူးဆိုရင်တောင် သူမက မြစ်ထဲကို ခုန်ချမသွားသင့်ဘူး မဟုတ်လား။   သေတာထက် အသက်ရှင်ရတာ ပိုကောင်းတယ်လို့ပြောကြသည်။  သူမအသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိနေမှာဘဲ ဖြစ်သည်။


 ရှန်းကွေ့ရှောင်က ကြက်ဥပြုတ်ကို ကုတင်ဘေးက ဗီရိုပေါ်တင်ကာ ထိုင်ချလိုက်ပြီး သူမသမီးလက်ကို ဆုပ်ကိုင်လိုက်သည်။


 သူမသမီးလေး အိမ်မှာရှိစဉ်တုန်းကတော့ ဒီလက်တွေက နူးညံ့ပြီး နုနယ်ပြီး အခုတော့ သူမကို သနားမိသည်။  သူမမှာ သား ၃ ယောက်ရှိတော့ လူအင်အားက လုံလောက်သည်။  သူမသမီးကို အိမ်မှာသာ နေခွင့်ပေးပြီး သမီးကို ဟင်းချက်၊ ကြက်စာကျွေး၊ ပန်းနဲ့ ဟင်းသီးဟင်းရွက်တွေ ရေလောင်းတာ၊ တခြား ရိုးရှင်းတဲ့ အိမ်မှုကိစ္စတွေပဲ လုပ်ခွင့်ပေးသည်။


 လု မိသားစုနဲ့ အိမ်ထောင်ကျတာ ၃ နှစ်ပဲရှိသေးပေမယ့် သူမ သမီးလေးရဲ့လက်တွေက ထူထူလေးဖြစ်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့်သုံးနှစ်တာကာလအတွင်း သူမက လု မိသားစုတွင် မည်သို့သောဘဝမျိုးကို နေရလဲဆိုတာ တွေးကြည့်နိုင်သည်။


 လု မိသားစုမှာ တစ်ခုခုမှားနေပြီဆိုတာ သူမ မသိလိုက်ရလို့ ရှန်းကွေ့ရှောင်က ဝမ်းနည်းခဲ့သည်။  သူမသမီးကို မထောက်ပံ့နိုင်လို့ နောင်တရမိပြီး သူမသမီးကို ဒီသုံးနှစ်လုံး အချည်းနှီးခံစားစေခဲ့တာ ဖြစ်သည်။


 ထိုနေ့တွင် သမီးဖြစ်သူက ကျောပိုးအိတ်တစ်လုံးနှင့် ပြန်လာသောအခါ သမီးဖြစ်သူရဲ့ မျက်လုံးများက နီရဲပြီး ရောင်ရမ်းကာ ဦးရေပြားက ခြောက်သွေ့နေခဲ့သည်။ သူမက နှစ်ဆယ်ကျော်သာရှိသေးသည်။ မညှိုးနွမ်းပဲ အသက်ရှိသော ပန်းကဲ့သို့ တောက်ပနေသင့်သည်။


 လု မိသားစုက သူမကို မလိုချင်တော့ကြောင်း ပြောလာပြီး ခန်းဝင်ပစ္စည်းကို လု မိသားစုမှ နောက်တစ်နေ့တွင် တုန်းကျားဟွေ့ကို ပြန်ပေးခဲ့သည်။


 တုန်းကျားဟွေ့ရဲ့အစ်ကို သုံးယောက်က လု မိသားစုနဲ့ စာရင်းရှင်းဖို့ သူတို့၏လက်နက်များနှင့်အတူ ရှောင်လင်းရွာကို သွားကြသည်။  ဒါပေမယ့် လုမိသားစုကလည်း ကြောက်စရာကောင်းပြီး တုန်းကျားဟွေ့က အိမ်ထောင်ကျပြီး သုံးနှစ်အကြာတွင် ကိုယ်ဝန်မရှိဟု တိုက်ရိုက်အခိုင်အမာဆိုခဲ့သည်။  သားသမီးမရှိခြင်းသည် အဆိုးဆုံးဖြစ်သည်။  တုန်းကျားဟွေ့က အိမ်ထောင်သက် သုံးနှစ်ရှိပေမယ့် ကလေးမမွေးပေ။  ရှေးခေတ်က ငြင်းပယ်ခြင်းလည်းဖြစ်သည်။


 "နင့်ရဲ့ တုန်း မိသားစုမှာ လူတွေအများကြီးရှိလို့ ငါတို့ ရှောင်းလင် ရွာမှာ ဒုက္ခမဖြစ်စေနဲ့။  ဒီလိုသာ ဆက်လုပ်နေရင် နောင်အနာဂတ်မှာ နင့် သမီးကို ဘယ်သူက လက်ထပ်ရဲမှာလဲယာ  ကလေးမမွေးနိုင်လို့ မပြန်ခင်မှာ ငါတို့ကို တကယ်ဒုက္ခတွေ့စေချင်တာလား။"


ဤစကားများက ရွာနှစ်ရွာမှ ခေါင်းဆောင်များကို တာဝန်ယူဖို့ ရှက်ရွံ့စေရုံသာမက တုန်းမိသားစုအား လက်ပြနှုတ်ဆက်သွားစေသည်။


 အတိအကျပြောရလျှင် လု မိသားစု ပြောသည်မှာ ယုတ္တိမတန်ပေ။  လုချန်းယွမ်က လု မိသားစုတွင် တစ်ဦးတည်းသော အမျိုးသားဖြစ်သည်။  အိမ်ထောင်သက်သုံးနှစ်ရှိပြီဖြစ်သော ဇနီးသည်အား လမ်းကြောင်းမှားဖြင့် ပြန်မောင်းထုတ်သော်လည်း ကျေးလက်နေပြည်သူများ၏ အမြင်အရ အမွေဆက်ခံမှုက အရေးကြီးဆုံးဖြစ်သည်။ ကလေး မမွေးနိုင်ရင် လု မိသားစုက မျိုးသုဉ်းသွားလိမ့်မည်။  ဧကန်စင်စစ် ယခုမှစ၍ နှစ်ပေါင်းရာနှင့်ချီ၍ အိုးများကို မည်သူက ပစ်မည်နည်း။  သူတို့အတွက် အမွှေးတိုင်တွေကို ဘယ်သူမီးရှို့မှာလဲ။


 "သူမက ကလေးမမွေးနိုင်လို့ ကျားဟွေ့ ရဲ့ပြဿနာဖြစ်ရမယ်လို့ ဘယ်သူပြောလဲ။ နှစ်နှစ်ကြာမှမွေးတာလည်း ဖြစ်နိုင်တာပဲ။ လုချန်းယွမ် မင်းက ယောက်ျားမဟုတ်ဘူး မင်းမိန်းမကိုတောင် မကာကွယ်နိုင်ဘူး "


 လုချန်းယွမ်က ထောင့်တစ်နေရာတွင် ပုန်းအောင်းနေပြီး ဘာမှပြန်မပြောပေ။  သူ့အမေဖြစ်တဲ့ တုန်းကျားဟွေ့ရဲ့ အရင် ယောက္ခမဖြစ်သူက ခါးထောက်ပြီး တံတွေးထွေးလာသည်။


 "ဘာ  ငါတို့ လု မိသားစုက စေတနာကောင်းတယ်လို့ ယူဆထားပြီးသား။ နင့်တုန်း မိသားစုရဲ့သမီးသာ မဟုတ်ရင် ငါ့မိသားစု ချန်းယွမ်က သုံးနှစ်ကို အလဟသဖြစ်မှာမဟုတ်ဘူး။ တခြားမိန်းကလေးကိုတွေ့ခဲ့ရင် လု မိသားစုရဲ့မြေးဖြစ်သူက အိုးတစ်လုံးကို သယ်ပြီး ပဲငံပြာရည်ဝယ်သွားနိုင်တယ် "


 တုန်း ညီအစ်ကိုများက သည်းမခံနိုင်တော့ဘဲ တုန်းကျားဟွေ့ရဲ့ ခန်းဝင်ပစ္စည်းတွေကို မဲမှောင်နေတဲ့မျက်နှာဖြင့် အိမ်ထဲက ဆွဲထုတ်လိုက်ပြီး မိသားစုနှစ်စုလုံးလုံး ပြိုကွဲသွားကြသည်။


 သူတို့နှစ်ဦးက လက်ထပ်စာချုပ်မရှိဘဲ လက်ထပ်ခဲ့ကြပြီး ယခုတစ်ကြိမ်တွင် ကွာရှင်းလက်မှတ်ရယူဖို့ မလိုအပ်တော့ပေ။


 ဤအဖြစ်အပျက်က ရွာပေါင်းများစွာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး စိတ်ကောင်းနှလုံးကောင်းရှိသူများက တုန်းကျားဟွေ့အတွက် အချိန်အတော်ကြာ သက်ပြင်းချကာ သူမ၏အနာဂတ်က မလွယ်ကူကြောင်း မြည်တမ်းခဲ့ကြသည်။  မကောင်းသောသူတို့က နောက်ကွယ်၌ကဲ့ရဲ့ကြသည်။


 တုန်းကျားဟွေ့က လုမိသားစုတွင် လက်ထပ်သောအခါ လူတိုင်းက သူမ၏ ကောင်းမွန်သောဘဝကို မနာလိုခဲ့ကြသည်ကို သိသင့်သည်။  ယောက္ခမက တပ်မဟာ၏ အတွင်းရေးမှူးဖြစ်ပြီး၊ မရီးနဲ့ ရန်စမရှိပေ။  လု မိသားစုဝင်နှစ်ယောက်ဟာ အနှစ်တစ်ရာအတွင်း ကွယ်လွန်သွားတဲ့အခါ လုမိသားစုကို ကျန်ခဲ့တဲ့ လင်မယားနှစ်ယောက်ကို ပေးမှာမဟုတ်ဘူးလား။


 လု မိသားစုတွင် သားတစ်ယောက်သာရှိသည်။  လု မိသားစုမှာ မြေးတစ်ယောက် ထပ်ထည့်နိုင်သရွေ့ လု မိသားစုမှာ မိခင်တစ်ယောက်လို ဖြစ်နိုင်သည်။  သို့သော် လူတစ်ဦး၏ဘဝက မျက်စိတစ်မှိတ်အတွင်း စွန့်ပစ်ထားခံလိုက်ရပြီး ကလေး မမွေးနိုင်ဖြစ်လာသော တုန်းကျားဟွေ့ရဲ့ လူတိုင်းမနာလိုဖြစ်ရသည့်ဘဝမျိုးဖြစ်သည်။


 အသက်ရှုကြပ်တဲ့အထိ ဒေါသထွက်ခဲ့ပေမဲ့ တုန်းကျားဟွေ့  ကလေးမမွေးနိုင်တာ အမှန်ပဲ ဖြစ်သည်။  ဖရိုဖရဲဖြစ်ပြီးနောက်၊ တုန်း မိသားစုက အိမ်ပြန်လာခဲ့သည်။  ဒီကိစ္စကြောင့် မိသားစုက တုန်းကျားဟွေ့ကို အရမ်းဂရုစိုက်ခဲ့သည်။


 ယောင်းမတွေ ဘယ်လိုပဲထင်မြင် ထင်မြင် ငယ်ငယ်ကတည်းက ချစ်ခဲ့တဲ့ သူမအစ်ကိုတွေက ဘာမှမပြောပေ။  သူတို့က သူမမျက်နှာကို ကြည့်ကာ စိတ်မသက်မသာပေမယ့် ဘာမှ မပြောကြပေ။


 သူ့မိသားစုက ဘာမှပြောမှာမဟုတ်ပေ။  ဒါပေမယ့် တခြားသူတွေရဲ့ ပါးစပ်ကို မထိန်းနိုင်ကြပေ။  မဟုတ်ဘူး၊ တတိယအဒေါ် အိမ်နီးနားချင်းရဲ့ချွေးမက သူ့ကလေးနဲ့အတူ တံခါးကို ဖြတ်ဝင်တဲ့အခါ စိတ်မသက်မသာဖြစ်စရာ တစ်ခုခုကို ပြောခဲ့သည်။ သူမက တုန်းကျားဟွေ့ကို နှိုးဆော်ခဲ့သည်။  စကားတစ်ခွန်းမှ မပြောဘဲ မြစ်နှင့် ဆက်သွယ်ထားသည့် တုန်းကျို့ မြစ်ထဲသို့ ခုန်ချထွက်ပြေးခဲ့သည်။  သူမကို ဖမ်းပြီး မကယ်တင်ရင် မြစ်ထဲ မျောပါသွားလိမ့်မည်။


 မတ်လတွင် မြစ်ရေက အလွန်အေးနေသေးသည်။  သူမကို ကယ်တင်နိုင်ခဲ့ပေမဲ့ အဖျားကြီးနေသေးသည်။  သူမက နေ့ရောညပါ ဖျားနေခဲ့သည်။  နောက်ဆုံးတွင် ရွာရှိ ဆရာဝန်က တောင်ပေါ်မှ တူးထားသော ဂျင်ဆင်းရိုင်းတစ်ဝက်ကို ယူကာ ဂျင်ဆင်းပြုတ်ကို ကျိုချက်ကျွေးသည်။  နောက်တော့မှ အဖျားသက်သာသွားသည်။


 "ကျားဟွေ့ နင့်အမေရဲ့ အကြံဉာဏ်ကို နားထောင်။  နွားဦးချိုကို ထပ်မံမထိုးနဲ့ [2]  နင်က ငယ်သေးတယ်။  နင့်အသက်က နှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးတယ်။  နင်က ပန်းပွင့်အရွယ်ပဲ ရှိသေးတယ်။  ကလေးမမွေးနိုင်တာ နင့်အပြစ်မှမဟုတ်တာဘဲ။  ကျန်း မိသားစုက ဇနီးသည်က အိမ်ထောင်သက် ၆ နှစ်အကြာမှ ကလေး မွေးနိုင်တာကို နင်တွေ့တာပဲ မဟုတ်လား "


သူမ ပထမဆုံးရင်သွေးလေးကို မွေးပြီး အဲ့နောက်မှာ ကလေး ၅ ယောက်အထိ တစ်ယောက်ပြီးတစ်ယောက် မွေးဖွားခဲ့သည်။


 

ဤအချိန်သည် အနာဂတ်တွင် အမျိုးမျိုးသော စစ်ဆေးမှုများကို ပြုလုပ်နိုင်သည့် B-အာထရာဆောင်း၊ color အာထရာဆောင်းတို့နှင့်မတူဘဲ ဆေးကုသမှုအဆင့်ကို ကန့်သတ်ထားသည်။  ကျေးလက်နေပြည်သူများ၏ ရှေးကျတဲ့အထင်အမြင်မှာ ကလေးမမွေးသေးသရွေ့ အဲ့တာက အမျိုးသမီး၏အမှားသာဖြစ်သည်။


ဒါပေမယ့် ကလေးမွေးတာက တကယ်တော့ ကံတရားပေါ်မှာပဲ မူတည်သည်။  တစ်ချို့လူတွေက အိမ်ထောင်ကျပြီးတာနဲ့ ကိုယ်ဝန်ဆောင်နိုင်သလို တချို့ကျတော့လည်း ကိုယ်ဝန်မဆောင်နိုင်ကြပေ။ တချို့ကျတော့ ယောက်ျားကြောင့် ဇနီးကမမွေးနိုင်တာလို ထူးဆန်းတာတွေ ရှိသလို တခြားယောက်ျားနဲ့ အိမ်ထောင်ကျရင် ကိုယ်ဝန်ရနိုင်တာတွေလည်း ရှိသည်။  ဘာပဲဖြစ်ဖြစ် ရှန်းကွေ့ရှောင်က သူမသမီး ကလေး မမွေးနိုင်ဘူးဆိုတာကို မယုံပေ။


“လု မိသားစုက အရင်ဆုံး မှားတာ။ လုချန်းယွမ်ကို လူကောင်းတစ်ယောက်လို့ ငါထင်ခဲ့တာ။ သူက အပျော့စား လူယုတ်မာကောင်လို့ ဘယ်သူကသိမှာလဲ။ သူက သူ့အမေပြောတာဆို နားထောင်တယ်။ ဒါတွေအားလုံးက သူ့အမေရဲ့အမှားပဲ။ ကိုယ့်ကိုယ်ကို အရင်ဂရုစိုက်။  နင့်ရဲ့ ခြောက်ယောက်မြောက် အဒေါ်ကို ငါခဏရှာလိုက်အုံးမယ်။  သူမက နာမည်ကြီးတဲ့ အောင်သွယ်တော်။ နင့်ရဲ့ ခြောက်ယောက်မြောက် အဒေါ်က နင့်ကို ချစ်တယ်။  သူမက သူမဘဝမှာ ကောင်းမွန်တဲ့ အိမ်ထောင်ရေးပေါင်းများစွာကို စီစဉ်ပေးခဲ့တာ။ ဆယ်မိုင်နဲ့ရွာရှစ်ရွာက ကောင်လေးတွေအကုန်လုံးကို သူ သိတယ်။  နင့်ရဲ့ ခြောက်ယောက်မြောက် အဒေါ်က နင့်ကို ချစ်တဲ့အတွက် သူမက နင့်အတွက် ကောင်းမွန်တဲ့တစ်ယောက်ကို သေချာပေါက် ရှာပေးလိမ့်မယ် ”


 

တုန်းကျားဟွေ့ ခေါင်းကိုက်နေသည်။ သူမ ခန္ဓာကိုယ်ကိုတောင် မမြှောက်နိုင်ပေ။  မူလပိုင်ရှင်က မြစ်ထဲသို့ ခုန်ဆင်းကာ မပြီးပြတ်သေးဘဲ  နောက်တော့ သူမရောက်လာခဲ့သည်။ သူမ နိုးလာပြီးနောက် မူလပိုင်ရှင်၏ ကျန်ရစ်ခဲ့သော မှတ်ဉာဏ်ကို ခွဲထုတ်လိုက်သည်။  လွန်ခဲ့သည့် ၃ နှစ်က ကိုယ်ဝန်မဆောင်နိုင်သောကြောင့် မူလပိုင်ရှင်ကို သူ့ယောက်ျား၏မိသားစုမှ စွန့်ပစ်ခဲ့ကြောင်း သူမသိထားသည်။


' ဟေး ဒီလိုမျိုး အထောက်အထားနဲ့ နင် ဘယ်လို ရပ်တည်နိုင်မလဲ။ အဝါရောင်ပန်းပွင့်ကြီးရဲ့ [3]ကြီးမားတဲ့ မိန်းကလေးအဖြစ် ကူးပြောင်းတာက ပိုကောင်းတယ်။'


 

မူလပိုင်ရှင်က မြစ်ထဲကို ခုန်ချဖို့ စိတ်ကူးလိုက်တာ မဆန်းပေ။ ၁၉၇၀ ခုနှစ်တွင်၊ ကွာရှင်းခြင်းသည် အရှုပ်တော်ပုံကြီးတစ်ခုဖြစ်သည်။


 

မူလပိုင်ရှင်မှာ နူးညံ့သိမ်မွေ့သော အကျင့်စာရိတ္တရှိပြီး သနားကြင်နာတတ်သည့် မိန်းကလေးဖြစ်သည်။  သူမရဲ့ယောက္ခမနဲ့ လု မိသားစုက တခြားလူတွေက သူမကို အမြဲတမ်းနှိမ်ကြသည်။ ထို့အပြင် အိမ်ထောင်ကျပြီးနောက် သူမ ကိုယ်ဝန်မရခဲ့ပေ။  လု မိသားစုက သူမကို လုံးဝမကြိုက်ပေ။


 

မူလပိုင်ရှင်က သိမ်မွေ့နူးညံ့လွန်းသဖြင့် သူ့ယောက္ခမအိမ်တွင် ကောင်းမွန်တဲ့ဘဝကို မရရှိခဲ့ပေ။  သူမအမေက သူမကို ကောင်းကောင်းနေရရဲ့လားလို့ မေးတိုင်း လု မိသားစုက သူမအပေါ် အရမ်းကောင်းတယ်လို့သာ ပြောခဲ့သည်။


 

တစ်ခါတစ်ရံ “ဆင်းရဲတဲ့သူမှာ မုန်းစရာကောင်းတာ တစ်ခုခုရှိရမယ်၊ပြီးတော့ မုန်းတီးသူက ဆင်းရဲဒုက္ခခံရမယ်” ဆိုတဲ့စကားက အလွန်သင့်လျော်သည်။  လူတွေက အားနည်းသူကို အနိုင်ကျင့်ရတာ နှစ်သက်ပြီး သန်မာသူတွေကို ကြောက်ကြသည်။  ဒါပေမဲ့ မူလပိုင်ရှင်က ယောက္ခမနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးရှိရင်တော့ သူမကို ဒီလိုမျိုး ဆက်ဆံရဲမှာမဟုတ်ပေ။


ကွာရှင်းပြီးနောက် မူလပိုင်ရှင်မှာ စိတ်ဒဏ်ရာရသွားခဲ့သည်။  သူမရဲ့ ပင်ကိုယ်စရိုက်က ရိုးရိုးစင်းစင်းကြီးမဟုတ်တဲ့အတွက် သူမလုပ်နိုင်သမျှက သူမရဲ့ခံစားချက်တွေကို နှလုံးသားထဲမှာ ထည့်ထားလိုက်တာပဲ ဖြစ်သည်။


 

မူလက သူမက သူမအခြေအနေကို တွေးတောရင်း လမ်းလျှောက်လာခဲ့သော်လည်း ပြင်ပကမ္ဘာက သူမကို လှုံ့ဆော်ခဲ့သည်။  သူမဘဝအဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အသက်ရှင်ရန်ကျန်ဖို့အတွက် ဘာမှမရှိတော့ဘူးလို့ ခံစားခဲ့ရသည်။


ဒီလိုအသေးအမွှားကိစ္စလေးက မြစ်ထဲခုန်ချဖို့မထိုက်တန်ဘူးလို့ သူမ မပြောနိုင်သလို၊ ကွာရှင်းတယ်ဆိုတာက ဘာမှမဟုတ်ဘူးလို့လဲ မပြေနိုင်ပေ။ နှစ်ဆယ့်တစ်ရာစုမှာ ကွာရှင်းမှုက ပြဿနာကြီးကြီးမားမားမဟုတ်ပေမယ့် သူမက မူလပိုင်ရှင်မဟုတ်ပဲ သူမက သူမသာ ဖြစ်သည်။ သူမ  မည်မျှ နာကျင်ရသည်ကို သူမ မသိသောကြောင့် မူလပိုင်ရှင်၏ ခံစားချက်ကို သူမ မခံစားနိုင်တော့ပေ။


“လာ၊ ဒီကြက်ဥစွပ်ပြုတ်ကိုသောက်။  မွှေးရနံ့လေးတစ်ချို့ထည့်ဖို့ နှမ်းဆီနှစ်စက်ကို တမင်ထည့်ထားတယ်”


သူမက အခု ၁၉၇၅ ခုနှစ်မှာဖြစ်သည်။ အဲ့တာက ပြီးသွားပေမယ့် ကျေးလက်မှာ နေထိုင်ရတာ မလွယ်ပေ။  အိမ်ထောင်စုတိုင်းမှာ အလုပ်ရမှတ်များရရှိဖို့ လိုအပ်သည်။  စားသောက်ခြင်းအပြင် နှမ်းဆီအနည်းငယ်ကိုလည်း တရုတ်နှစ်သစ်ကူးကာလတွင် ညှစ်ယူထားသေးသည်။  တုန်း မိသားစု၏ချွေးမ သုံးယောက်က ကလေးများကို အလှည့်ကျ မွေးဖွားကြသည်။  ရှန်းကွေ့ရှောင်က  သူ့ချွေးမအချို့ မီးဖွားနေချိန်၌ နှမ်းဆီ၊ သကြားညိုနှင့် ကြက်ဥများကို သုံးစွဲရန် ဆန္ဒရှိသည်။


တုန်းကျားဟွေ့မှာက သူမ၏ခန္ဓာကိုယ်တွင် ခွန်အားမရှိသလို သူမ၏ဗိုက်ကလည်း ဆာလောင်မွတ်သိပ်မှုနှင့်အတူ သံစုံမြည်နေခဲ့သည်။  အိမ်ထဲဝင်ကတည်းက ဒီကြက်ဥစွပ်ပြုတ်ပန်းကန်ကို အနံ့ခံမိပြီး စားချင်နေတာ ကြာပြီ ဖြစ်သည်။


 

ဖြစ်ချင်တော့ ၁၉၇၀ ပြည့်နှစ်မှာ အစားအသောက်နဲ့ အဝတ်အစားတွေ လိုတဲ့အချိန်ဖြစ်ပေမယ့် ၂၁ရာစုမှာ ဘယ်သူက ကြက်ဥစွပ်ပြုတ်စားနိုင်မလဲ။ ထိုခေတ်မီစားဖွယ်ကောင်းများကို  တုန်းကျားဟွေ့  အလွန်လွမ်းဆွတ်နေမိသည်။


 

သို့သော် ကြက်ဥစွပ်ပြုတ်တစ်ပန်းကန်ကြောင့် ဆင်ခြင်ဉာဏ်ရှိတဲ့သူက ပြန်လည်မမွေးဖွားသင့်ပေ။  သူမ အရမ်းအဆင်မပြေသေးပေ။


ရှန်းကွေ့ရှောင်က သူ့သမီးလေး ကြက်ဥစွပ်ပြုတ်သောက်တာကို ကြည့်နေသည်။  သူမ၏နှလုံးက နောက်ဆုံးတွင် သက်သာရာရသွားသည်။ သမီးလေး အစား စားနေသရွေ့တော့ အဲ့တာက သူမ တည်ငြိမ်နေတယ်လို့ဆိုလိုတာပဲ ဖြစ်သည်။


သူ့သမီးလေး ဒီလိုပိန်နေတာကိုမြင်တွေ့နေရသည်။ သူ့မျက်နှာမှာ အသားမရှိသလို လက်တွေကလည်း အရိုးအရေတွေနဲ့ ဖြစ်သည်။  သူမ စိတ်ပင်ပန်းသည်။  သူမက သူမရဲ့ချစ်လှစွာသောသမီးလေးကို ကြည့်ကာ ပြောလိုက်သည်။ “နင် အရမ်းပိန်တာပဲ။  အိမ်မှာ ခေါက်ဆွဲဖြူတွေ ရှိသေးတယ်။  နင် ငယ်ငယ်က နွေကြက်သွန်နီ ကိတ်မုန့်စားရတာ ကြိုက်ခဲ့တာကို အမေ မှတ်မိတယ်။  ညနေကျရင် နင့် အတွက် လုပ်ပေးမယ်”


 နွေကြက်သွန်နီကိတ်မုန့်လုပ်ရတာက လွယ်သည်။  ဂျုံမှုန့်ကို ရေနဲ့ ရောနယ်ပြီး ဒယ်အိုးပေါ်တွင် ဆီတစ်လွှာ ပွတ်တိုက်ပြီး အပူပေးသည်။ ဂျုံမှုန့်ကို အိုးအစွန်းတလျှောက် အိုးထဲသို့ လောင်းထည့်ပြီး နယ်ထားတဲ့ အနှစ်တွေကို ယောက်မနဲ့မွှေပြီး အနှစ်တွေ နည်းနည်းလေး  ခြောက်လာတာနဲ့ နွေကြက်သွန်နီတွေကိုဖြူးပေးရမည်။ နွေကြက်သွန်နီတွေကို အပူပေးတဲ့အခါ ရှားရှားပါးပါး လွယ်ကူသော အစားအစာဖြစ်သည့် နွေကြက်သွန်နီ၏ အနံ့ကို ထုတ်ပေးသည်။


ဒီ နွေကြက်သွန်နီ ပန်ကိတ်က  အဖြူရောင် ဂျုံမှုန့်နဲ့ အကောင်းဆုံး လုပ်ထားတာဖြစ်သည်။


 

ပြောင်းဖူးမုန့်က အရသာရှိသော်လည်း ဂျုံမှုန့်ကဲ့သို့ မနူးညံ့ပေ။ အရသာရှိတယ်လို့ ပြောကြပေမယ့် တကယ်တမ်းကျတော့ ခါးသည်။  တခြားဘာမှ အရသာမရှိပေ။


 

တုန်းကျားဟွေ့က မူလပိုင်ရှင်၏ မှတ်ဉာဏ်ကို လက်ခံရရှိထားပြီး ယနေ့ခေတ် မိသားစုတိုင်းက ချွေတာတတ်ကြောင်း သိထားသည်။  ဂျုံမှုန့်ဖြူများကို နွေဦးပွဲတော်အတွင်းသာ စားနိုင်သည်။  မူလပိုင်ရှင်ရဲ့မိခင်၏ မိသားစုတွင် ချွေးမ သုံးဦး၊ တူငါးဦးနှင့် တူမတစ်ဦး ရှိသည်။  သူမ တစ်ယောက်တည်း ဘယ်လိုစားနိုင်မလဲ။


 “အမေ၊ သမီးတစ်ယောက်တည်းအတွက် မထားနဲ့။  သမီးအားလုံးနဲ့အတူတူစားမယ်”


ရှန်းကွေ့ရှောင် ထိုစကားကိုကြားသောအခါ သူမမျက်ရည်များ ကျလာပြန်သည်။


“နင်ငယ်ငယ်ကတည်းက စိတ်ရင်းမှန်မှန်ထားတတ်အောင် သင်ပေးခဲ့တာ ငါ့အမှားပါ။  မိသားစုက ငြိမ်းချမ်းရေးကို တန်ဖိုးထားပြီး အိမ်ထောင်ပြုပြီးရင်း ယောကျ်ားဖြစ်သူရဲ့မိဘတွေကို သားသမီးဝတ်တရားအရ နေပေးရမယ်လို့ ငါ အမြဲပြောပြခဲ့တယ်။  နင်က နင့်အမေရဲ့စကားတွေကို အရမ်းနားထောင်ပြီး နာကျည်းစရာတွေ အများကြီး ခံစားခဲ့ရတယ်။  ပြောရရင်တော့ နင့်အမေရဲ့အပြစ်တွေပဲ ”


ရှင်းကွေ့ရှောင်က ဒီလိုပြောတဲ့အခါ တုန်းကျားဟွေ့ ရဲ့ မျက်ရည်တွေက မသိစိတ်က စီးကျလာသည်။ ဒါက မူလပိုင်ရှင်ရဲ့ ကျန်နေတဲ့ ခံစားချက်တွေ ဖြစ်နိုင်သည်။


.........


 ကိုးကားချက်


↑1 အိုးတစ်လုံးပစ်ခြင်းဆိုသည်မှာ သေသူအား ကမ္ဘာပေါ်ရှိ ကျန်ရစ်သူများထံမှ လုံးဝဖြတ်တောက်ခြင်းခံရမည်ဖြစ်သည်။  လူဘယ်နှစ်ယောက် အသက်ရှင်နေသေးလဲ။ ဒါဆို မြစ်ဝှမ်းမှာ အပေါက်ဘယ်နှပေါက် တူးရမလဲ။ ဒီအပေါက်တွေက လူအိုကြီးသေဆုံးမှုအတွက် သားစဉ်မြေးဆက်တွေရဲ့ ဝမ်းနည်းမှုကို ဖော်ပြရုံသာမကဘဲ လူအိုကြီးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ သားသမီးမြေးတွေ နဲ့ပြည့်နှက်နေပြီး စိတ်အေးချမ်းသာစွာ လျှောက်လှမ်းနိုင်တယ်ဆိုတာကို ပြသနေသည်။ 


 ↑2 နွားထီးအော်သံ (idiom) - မပျော်ဝင်နိုင်သော သို့မဟုတ် အရေးမပါသော ပြဿနာတစ်ခုတွင် အချိန်ဖြုန်းခြင်း။


↑3 "အဝါရောင်ပန်းပွင့်ကြီးရဲ့ ကြီးမားသောမိန်းကလေး " ဟူသော ဝေါဟာရသည် အသက် 25 နှစ်အထက် လက်မထပ်ရသေးသော အမျိုးသမီးများကို ရည်ညွှန်းသည်။