၁၉၇၀တွင်
ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း
အပိုင်း
၆
ကျို့ရင်ဒီသည်
နေ့လယ်တွင် သူမမိသားစုရဲ့အိမ်မှပြန်လာပြီး သူမအိမ်ပြန်ရောက်သောအခါ သူ့ယောက္ခမ ရှန်းကွေ့ရှောင်
အခန်းကို စကားပြောဖို့ သွားခဲ့သည်။ လျိုရှု့ယွင်က
သူမအဲ့တာကိုမြင်သောအခါ နှုတ်ခမ်းကို ကော့လိုက်သည်။
“အခုက
လယ်လုပ်ရတာ အားလျော့ရမယ့်အချိန်မဟုတ်ဘူး၊ ငါ့ယောင်းမက သူ့အမေအိမ်သွားဖို့အတွက် တစ်နေကုန်
အလုပ်လုပ်ပြီး အလုပ်အမှတ်ခုနစ်မှတ် အရရတာ ဘာကြောင့်လဲ။”
ကျောက်လီကျွင်းက
တောင်ခြေမှ တောရိုင်း ဟင်းသီးဟင်းရွက် များကို ခုတ်ထစ်ပြီး ဖွဲနုနှင့် ရောမွှေကာ ကြက်များကို
အစာကျွေးရန် ပြင်ဆင်ခဲ့သည်။
“သူမနောက်ကျရင် နောက်ကျမယ်။ နင့်မှာပြောစရာမရှိတော့ရင်
တတွတ်တွတ်ပြောနေတာကိုရပ်တော့။ ”
သူမ
ပြန်ရောက်တာနဲ့ သူတို့ရဲ့ ယောက္ခမနဲ့ အခန်းထဲဝင်သွားခဲ့သည်။ ဒီနေ့ ငါ့ယောင်းမ မရှိတော့တာက ယောက္ခမနဲ့ ပတ်သက်တာတစ်ခုခုရှိမှန်းကို
အရူးတောင်မှ သိသည်။ ဒုတိယယောင်းမက ထက်မြက်ပြီး
မိုက်မဲသည်။ သူမ တကယ်ကို စမတ်ကျတာလား ဒါမှမဟုတ်
မိုက်မဲနေတာလားကို သူမ မသိပေ။
ကျို့ရင်ဒီသည်
အခန်းထဲသို့ဝင်လာသည်နှင့် တပြိုင်နက် တံခါးကိုပိတ်ပြီး ရှန်းကွေ့ရှောင် ပြောလိုက်သည်။
“အမေ၊ ကျွန်မအစ်ကိုကို ချန် မိသားစုအကြောင်း မေးခဲ့တယ်။ ဒီအိမ်ထောင်ရေးကို အမေ လက်ခံနိုင်မှာမဟုတ်ဘူး။”
“ချန်မိသားစုထဲက
အကြီးဆုံးသားက သူ့မိန်းမကို ရိုက်တယ်။ ဇနီးသည် နေမကောင်းတဲ့အကြောင်း လူသိရှင်ကြား မပြောခင်ကတည်းက
အဲ့တာကြောင့် သူမ သေဆုံးသွားရတာ။ ဒါပေမယ့်
တကယ်တော့ သူမက ချန် မိသားစုရဲ့ သားဖြစ်သူ မကြာခဏ ရိုက်နှက်ခံခဲ့ရတာကြောင့်ပဲ။ သူမ တကယ်ကို စိတ်ဓာတ်ကျပြီး အသက်မရှင်ချင်တော့တဲ့အတွက်
သေဖို့ဆေးသောက်ခဲ့တာ ”
“အာ! တတိယအဒေါ်က
အဲဒီလူကို ကျားဟွေ့ ဆီ ဘယ်လို မိတ်ဆက်ပေးရတာလဲ။ ”
ရှန်းကွေ့ရှောင်
မျက်နှာက အလွန်မဲပြာသွားကာ သူမ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ မိတ်ဆက်သူသည် ယခင်က
အဲ့အကြောင်းကို မေးမြန်းဖို့ မသိခဲ့ပေ။ သူမသည်
သူမ၏ ဆွေမျိုးများနှင့် ဆက်နွယ်နေသေးသည်။ကျားဟွေ့ တကယ်လက်ထပ်ခဲ့မယ်ဆိုရင် သူမက တခြားမီးတွင်းထဲ
ရောက်သွားမှာမဟုတ်ဘူးလား။
သူမသည်
ကျားဟွေ့ အတွက် သမက်ရှာနေကြောင်း လူသိရှင်ကြားထုတ်ဖော်လိုက်သောကြောင့် မိတ်ဆက်ခြင်းတွေကတစ်ခုမှ
မကောင်းခဲ့ပေ။ ကွာရှင်းပြတ်စဲပြီးနောက်မှာ သူမသမီးလေးက တန်ဖိုးမရှိဘူးလို့ အားလုံးက
ထင်နေကြတာမဟုတ်လား။
“ဒီအကြောင်းကို
ကျားဟွေ့ကို မပြောနဲ့ သူမကို စိတ်မချမ်းသာအောင် မလုပ်မိစေနဲ့ ”
ရှန်းကွေ့ရှောင်က
စိတ်အခြေအနေ မကောင်းဘူးဆိုတာ သိသာသည်။ ကျို့ရင်ဒီ
လည်း အနေရခက်နေသည်။ ကျားဟွေ့သည် သူမမိခင်ရဲ့မိသားစုမှ ညီမလေးလို ကလေးမလေးမှ ကြီးထွားလာသည့်မိန်းကလေးအဖြစ်
ကြီးပြင်းလာသည်ကို သူမကြည့်ရှုခဲ့ရသည်။ ကျားဟွေ့ မိသားစုကောင်းတစ်စုကို ရှာတွေ့နိုင်မယ်လို့လည်း
သူမ မျှော်လင့်သည်။
“
အမေ၊ ကျွန်မ သိပါတယ်။ ကျွန်မအပိုမပြောတော့ဘူး။ ရှု့ယွင်နဲ့ လီကျွင်းက ကျွန်မကို မေးခဲ့ရင်တောင်
ပြောဖို့ မသင့်တော်ဘူးလို့ပဲ ပြောမှာပြီးတော့ ဒီအကြောင်းကို ကျွန်မ ထပ်မပြောတော့ပါဘူး”
တစ်ယောက်ယောက်ကိုပြောရင်
ဘယ်လိုဖြစ်မလဲဆိုတာ ဘယ်သူသိမလဲ။ တတိယအဒေါ်ဆီ တိုက်ရိုက်ပြန်သွားတာ ပိုကောင်းသည်။ တစ်ယောက်ယောက်က ချန် မိသားစုရဲ့ အကြီးဆုံးသားနဲ့
ကျားဟွေ့ နဲ့ ပတ်သက်ပြီး ပိုပြောကြရင် ဒုက္ခရောက်ရမယ့်သူက ကျားဟွေ့ တစ်ယောက်တည်းပဲ
ဖြစ်သည်။
ရှန်းကွေ့ရှောင်က
ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။သူမက အကြီးဆုံးချွေးမကို အလွန်တန်ဖိုးထားသည်။ ဘာလို့လဲဆိုတော့
သူမက စေ့စပ်သည်။ လူတွေအကြောင်း ဘယ်လိုတွေးခေါ်ရမလဲကို သိနားလည်ပြီး အမှား၊ အမှန်လုပ်ရတဲ့
ကိစ္စကြီးတွေမှာ ဘယ်တော့မှ အမှားအယွင်းမရှိခဲ့ပေ။
“ငါ့သမီးက
ကောင်းမွန်တဲ့ မိသားစုကို ရှာမတွေ့သေးဘူးဆိုတာ ငါမယုံဘူး”
ဒီအဖြစ်အပျက်က ရှန်းကွေ့ရှောင်ကို ထိပါးစေခဲ့သည်။ သူမကိုယ်သူမ ရက်စက်ခဲ့သည်။ သူ့သမီးကို တစ်သက်လုံးလက်ထပ်မပေးရင်တောင် သူ့သမီးအတွက်
တကယ်ကောင်းတဲ့ သူတစ်ယောက်ကို ရှာရမည်။
ကျို့ရင်ဒီ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “ကျားဟွေ့ ရဲ့
အိမ်ထောင်ရေးက တကယ်ကို အဆင်မပြေပေမယ့် ရှေးလေးပါး [1] က အခုပြိုကွဲသွားလို့ သနားစရာပဲ၊
မဟုတ်ရင် ဆုတောင်းဖို့ ကျားဟွေ့ကို ဘုရားကျောင်းကို ခေါ်သွားပြီး သူမအတွက် ကောင်းမွန်တဲ့
အိမ်ထောင်ရေးကို ကျွန်မတို့ရှာတွေ့နိုင်မလား ”
ကျို့ရင်ဒီရဲ့
မရည်ရွယ်တဲ့ မှတ်ချက်က ရှန်းကွေ့ရှောင် နှလုံးသားကို ဝင်မွှေသွားစေခဲ့သည်။
တိုင်းပြည်က
ပဒေသရာဇ်အယူသည်းမှုကို ချိုးဖျက်လိုက်သော်လည်း တောင်တန်းများသည် မြင့်မားပြီး ဧကရာဇ်မင်းမြတ်နှင့်
ဝေးကွာသည်။ ဒါကို ဘယ်သူက နေ့တိုင်း စောင့်ကြည့်နေနိုင်မလဲ။
မနက်ဖြန်
အမွှေးတိုင်ကို မီးထွန်းဖို့ ဘုရားကျောင်းသွားဖို့ သူမ ဆုံးဖြတ်လိုက်သည်။ သူတို့သမီးလေးကို ဘယ်မသေမျိုးက စိတ်မကျေမနပ်ဖြစ်နေခဲ့တာလဲလို့
သူမ မေးလိုက်ချင်သည်။ အောင်သွယ်တော်က သူမသမီးရဲ့လက်မှာ
ယုံကြည်ရတဲ့ အနီရောင်ချည်ကို ဘာကြောင့် မချည်ရတာလဲ။
ရှောင်လင်း
ရွာတွင် အိမ်ထောင်ကျခါစ လုချန်းယွမ် နှင့် သူ၏ဇနီးအသစ် လီချိုင်ဖန် တို့သည် ရှေ့မတိုးသာနောက်မဆုတ်သာ
အခြေအနေ ဖြစ်နေကြသည်။
“ရှင့်ရဲ့
ပထမဇနီးကို နှင်ထုတ်ပြီး သူမက ကလေးမရနိုင်ဘူးလို့ ပြောဖို့ တကယ်ပဲ လိုအပ်တာလား။ အဆုံးမှာတော့ ပြဿနာက ရှင့်မှာရှိနေတာပဲ။ အိုး၊ ရှင်က လူကြီးပဲ။ မိန်းမတွေဆီ ညစ်ပတ်တဲ့ရေတွေပက်ဖို့ ရှင်ကဘယ်လောက်ကောင်းလိုက်လဲ။”
လုချန်းယွမ်
ဇနီးအသစ် လီချိုင်ဖန်က လုချန်းယွမ်က မတူကွဲပြားနေကြောင်း မင်္ဂလာဆောင်တဲ့ညတွင် တွေ့ရှိခဲ့သည်။
လက်စသတ်တော့ သူက ညှိုးခြောက်နေတဲ့လူတစ်ယောက်ဖြစ်သည်။ သူပါးစပ်တစ်ပေါက်ကိုမတွေ့ခင်မှာ
သူအဲ့တာကို မလုပ်နိုင်ခဲ့ပေ။
လီချိုင်ဖန်က
တုန်းကျားဟွေ့လို ကောင်းမွန်တဲ့ မိန်းကလေးမျိုးနဲ့ မတူပေ။ သူမက ဆူညံခြင်းကို နှစ်သက်သည်။ လီချိုင်ဖန်က ရွာရှိ လူငယ်များကို မကြာခဏ ကြည့်ရှုပြီး
တုန်းကျားဟွေ့ ထက် အမျိုးသားနှင့် အမျိုးသမီးအကြောင်းကို ပိုသိသည်။
လီချိုင်ဖန်က
သူမအပေါ်တွင်ရှိသော လုချန်းယွမ် ကို တွန်းထုတ်လိုက်သည်။ သူမဘေးမှာ ပြန့်ကျဲနေတဲ့အဝတ်အစားတွေကို ကောက်ဝတ်လိုက်ပြီး
လုချန်းယွမ် အား ဟာသတစ်ခုကို ကြည့်နေသလိုမျိုး သူမမျက်လုံးတွေက လှောင်ပြောင်မှုနှင့်
ကြည့်နေသည်။
လုချန်းယွမ်
၏ မျက်နှာက နီရဲနေပြီး သူ့နဖူးမှ ချွေးတွေထွက်နေသည်။ လီချိုင်ဖန်ရဲ့ လှောင်ပြောင်မှုကို သူ ဂရုမစိုက်ဘူး။
သူ တုန်လှုပ်ချောက်ချားပြီး ကြောက်နေသည်။
သူ့ပြဿနာကို
သူသိသည်။ သူ့ဇနီးကိုပြောင်းခဲ့ရင် အဲ့တာက ပိုကောင်းမယ်လို့
သူထင်ခဲ့သည်။ သူ့သတို့သမီးအခန်းရှေ့တွင် ထောင့်စွန်းနားမှာ
နားထောင်နေတာကိုရပ်ရန် သူ့အမေကို အထူးတောင်းဆိုခဲ့သည်။ ဘယ်သူသိမှာလဲ၊ သူ အဲ့တာကိုမလုပ်နိုင်သေးဘူး။
လုချန်းယွမ်က
တုန်းကျားဟွေ့ ကိုလက်မထပ်မီတွင် အခြားအမျိုးသမီးများမရှိခဲ့ပေ။ ငယ်ငယ်တုန်းကတော့ အဲ့တာကို သူကိုယ်တိုင် ဖြေရှင်းခဲ့သည်။ အဲဒီတုန်းကတော့ သူ့မှာ ပြဿနာရှိနေတယ်လို့ မခံစားပေ။ အဆုံးမှာတော့ ဒါဟာ မွေးရာပါပြဿနာတစ်ခုလား ဒါမှမဟုတ်
သူကြောက်လို့လားဆိုတာ သူကိုယ်တိုင် မခွဲခြားနိုင်ခဲ့ပေ။
“ဒီအိမ်ထောင်ရေးကို
မလိုချင်တော့ဘူး။ မနက်ဖြန် ကွာရှင်းလက်မှတ်ကို ရအောင်ယူမယ်”
လီချိုင်ဖန်က
မတုံးပေ။ တုန်းကျားဟွေ့ ကလေးမမွေးနိုင်သောကြောင့်
လု မိသားစုမှ နှင်ထုတ်ခံခဲ့ရသည်။ လုချန်းယွမ်၏
ဖြစ်ရပ်တွင် လု မိသားစုက သူတို့ဘဝမှာ တစ်သက်လုံး ကလေးမရှိနိုင်ပေ။ ဒီလိုအကြောင်းပြချက်နဲ့ သုံးနှစ်အတွင်း သူမကို လု
မိသားစုက ပြန်မောင်းထုတ်ခံရနိုင်ပါ့မလား။
မုဆိုးမဘဝရဲ့သုံးနှစ်တာကဲ့သို့ပင်
အချိန်သုံးနှစ်ကို ဖြုန်းတီးခဲ့သည်ကို မဖော်ပြချင်ပေ။ သူမ မပျော်ရွှင်ပေ။
လု
မိသားစုမှပေးသော သတို့သမီးစျေးနှုန်းအတွက် အဲ့တာကိုပြန်ပေးမည်မဟုတ်ပေ။ အမှန်မှာ၊ လု မိသားစုက လိမ်လည်တာဖြစ်သည်။
လုချန်းယွမ်က
လီချိုင်ဖန် ကွာရှင်းတော့မှာကို သဘောပေါက်လိုက်သည်။ သူသည် သူရဲဘောကြောင်သော ဇာတ်ကောင်ဖြစ်ပြီး သူက မာမားဘွိုင်း
ဖြစ်သည်။ ဒါပေမယ့် သူလည်း သိက္ခာရှိတဲ့လူပဲ၊
သူ့ပြဿနာရဲ့ ဒီရှုထောင့်ကို အများသူငှာ ထုတ်ပြခဲ့မယ်ဆိုရင် သူဘယ်လိုလုပ်လူအဖြစ်ရှိဦးမှာလဲ။
“မကွာရှင်းပါနဲ့ကွာ၊ ငါက ဒီလိုမွေးလာတာမဟုတ်ဘူး၊
မင်းမကွာရှင်းရင် ဆရာဝန်ဆီသွားပြမယ်။ ငါ့ရောဂါပျောက်ဖို့
မြို့နဲ့ပြည်နယ်ကို သွားမယ်”
လီချိုင်ဖန်က သူမအဝတ်အစားများကိုဝတ်ထားပြီး ဆံပင်များက
သူမပခုံးပေါ်တွင် ပြန့်ကျဲနေသည်။ သူမသည် နေ့ခင်းဘက်
ထက် အဝါရောင်မှိန်ဖျော့ဖျော့တွင် ပို၍လှပနေပုံရသည်။
လီချိုင်ဖန်က အနည်းငယ် ဝပြီး အနည်းငယ် ပိုမည်းသည်။ သူမက တုန်းကျားဟွေ့လောက် မဖြူဘူး။ သူမတွင် ဖီးနစ်မျက်လုံးများ ရှိပြီး မျက်လုံးများ
ကျယ်လာသည်။ သူမ စိုက်ကြည့်သောအခါ အနည်းငယ်
ရက်စက်ပုံရသည်။
တုန်းကျားဟွေ့က ဒီလိုမဟုတ်ဘူး။ သူမသည် စကားပြောပုံတွင် အလွန်ပျော့ပျောင်းပြီး ကိစ္စများကို
ဖြည်းညှင်းစွာလုပ်ဆောင်သည်။ လုချန်းယွမ်က လွန်ခဲ့သည့်
သုံးနှစ်တာ ကာလအတွင်း သူမကို ဘယ်သူနဲ့မှ မျက်နှာမကြည်မသာဖြစ်တာ မမြင်ဖူးခဲ့ပေ။ သူအဲဒီမှာရှိတုန်းက သူ့အမေက ဘာပဲပြောပြော ပြန်မဖြေဘဲ
အလုပ်ထဲမှာပဲ မြှုပ်နှံထားသည်။
ခံစားချက်တွေကို ပြောရရင် လုချန်းယွမ်က
တုန်းကျားဟွေ့
အတွက် ခံစားချက်တွေက သဘာဝအတိုင်း ရှိသည်။ ဤကဲ့သို့သော
ခံစားချက်များသည် နွေးထွေးသောအဖြူရောင်နှင့်တူသည်၊ မနွေးထွေး အရသာမရှိသော်လည်း၊ ဤလောကရှိအရာအားလုံးသည်
ယှဉ်နိုင်သည်။ ကြက်သီးနွေးရေ တုန်းကျားဟွေ့က လီချိုင်ဖန်းဆိုတဲ့ ပူပြီးသီးတတ်တဲ့ ငရုတ်ကောင်းထက်
လုချန်းယွမ်၏ စားချင်စိတ်ကို ပိုဖြစ်ပေါ်စေသည်။
လီချိုင်ဖန်နဲ့ အခြေချပြီးကတည်းက လုချန်းယွမ်က တုန်းကျားဟွေ့ရဲ့ကောင်းမြတ်ခြင်းကို
မကြာခဏ လွမ်းဆွတ်နေခဲ့ရသည်။
ဒီဘဝမှာ ကလေးမမွေးရဘူးလို့ ဘုရားသခင်က သူ့ကို ပေးထားရင်
တုန်းကျားဟွေ့ကို ကွာရှင်းခွင့်မပေးသင့်ပေ။ ကလေးမွေးစားရင်တောင် လီချိုင်ဖန်ကို ရင်ဆိုင်ရတာထက် တုန်းကျားဟွေ့နဲ့ပေါ့ပေါ့ပါးပါး
ဘဝကို ဖြတ်သန်းတာက ပိုကောင်းသည်။
ဤသည်မှာ သူတို့အိမ်ထောင်ရေး၏ ပထမဆုံးနေ့ဖြစ်ပြီး
လုချန်းယွမ်က အနာဂတ်ကို မျှော်လင့်ထားသည်။
“ဟမ်၊
ရှင်တွေးတာက အရမ်းလှတာပဲ။ တစ်သက်လုံး ရှင့်အတွက် ကျွန်မကဘာလို့ ကုန်ဆုံးနေရမှာလဲ။ ကျွန်မ
ရှင့်ကို ကွာရှင်းလိုက်ရင် မိနစ်တိုင်း ရှင့်ထက် အဆပေါင်း ထောင်ချီ ပိုကောင်းတဲ့ ယောက်ျားကို
တွေ့ရလိမ့်မယ်။ အဲဒါကို မလုပ်နိုင်တဲ့လူက ယောက်ျားလို့
မှတ်ယူနေသေးတာလား။”
လုချန်းယွမ်ရဲ့ မျက်နှာက နီရဲနေပြီး မည်းမှောင်နေသည်။ လီချိုင်ဖန်ရဲ့ စကားများက သူ့ကို အလွန်အရှက်ရစေသည်မှာ
ထင်ရှားသည်။
သူ့နှလုံးသားက တွန့်ဆုတ်နေရင်တောင် လီချိုင်ဖန်ကို
ကွာရှင်းခွင့်မပြုနိုင်ပေ။ လီချိုင်ဖန် ဒုက္ခဖြစ်စေတာကို သူ ခွင့်မပြုနိုင်ဘူး။ သူ လုချန်းယွမ်က မျက်နှာလိုချင်တယ် သူတို့ မိသားစုမျက်နှာကော။ သူမအဲဒါကို ဖော်ထုတ်လိုက်ရင် လု မိသားစုက သူတို့ရဲ့
ဘဝတစ်လျှောက်လုံး လက်ညိုးညွှန်ရာဖြစ်နေလိမ့်မည်။
“ငါရောဂါကုမယ်။
မင်းလိုချင်သမျှကို ကျေနပ်စေရမယ်။ မထွက်သွားပါနဲ့ “
ဒီစကားက ယောကျာ်းဆန်ပေမယ့် သနားစရာကောင်းသည်။
လီချိုင်ဖန်က လုချန်းယွမ်ကို ကြည့်လိုက်သည်။ သူ့အဖေက တပ်မဟာရဲ့ ကေဒါဖြစ်သည်။ ထို့ကြောင့် လီချိုင်ဖန်က လုချန်းယွမ်းကို ဒုတိယဇနီးသည်အဖြစ်
လက်ထပ်ရန် ဆန္ဒရှိခဲ့သည်။
သူမအမေက ကလေး ရှစ်ယောက်မွေးထားသည်။ သူမက ညီအစ်ကို မောင်နှမများထဲတွင် အထူးချွန်ဆုံးမဟုတ်ပေ။
သူမ မိဘတွေရဲ့ အချစ်တော်လည်း မဟုတ်ဘူး။ သူမက အလွန်အမင်း လျစ်လျူရှုခံခဲ့ရသည်။ သူမသည်
အနာဂတ်တွင် ကောင်းမွန်သောဘဝဖြင့် နေထိုင်နိုင်ပြီး အခြားသော ညီအစ်ကို မောင်နှမများကြားတွင်
အကောင်းဆုံးဘဝကို ပိုင်ဆိုင်နိုင်မည်ဟု မျှော်လင့်ထားသည်။
တုန်းကျားဟွေ့ စောစောစီးစီး နားလည်ပြီး အတွေးများစွာဖြင့်
သူမကို သင်ကြားပို့ချပေးခြင်းမရှိသော်လည်း ယခုတစ်ကြိမ်လက်ထပ်ပြီးမှသာ ဘဝကို ပြောင်းလဲနိုင်မည်ဟု
နားလည်လာခဲ့သော်လည်း သူမသည် ရုပ်ရည်နှင့် ထူးချွန်သူမဟုတ်ကြောင်း သူမသိရှိခဲ့သည်။ ပုံပန်းသဏ္ဍာန်မှာ အားသာချက်မရှိပေ။ လု မိသားစုက သူ့ကို ချွေးမအဖြစ် ရွေးချယ်ခဲ့တာက
မတော်တဆမှုတစ်ခုလည်း ဖြစ်သည်။
အများစုက ပိန်သည်။ အနည်းငယ်ဝတဲ့ လီချိုင်ဖန်က အလွန်ထင်ရှားသည်။
“ဒီမိန်းကလေးက ကလေးမွေးရင် ကောင်းမှာပဲ”
သန်မာပြီး ရိုးသားသည်။ ပိန်ပိန်ပါးပါး၊ ပျော့ပျောင်းသော တုန်းကျားဟွေ့နဲ့
ဆန့်ကျင်ဘက်ဖြစ်ပြီး သူမက ခြေလှမ်းနှစ်လှမ်းဖြင့် လေကြောင့် လွင့်ကျသွားနိုင်သည်။
လုချန်းယွမ်ကို လက်ထပ်ခြင်းသည် အနှစ် ၂၀ စောင့်ဆိုင်းပြီးနောက်
လီချိုင်ဖန် အတွက် အခွင့်အရေးတစ်ခုဖြစ်သည်။
လုချန်းယွမ် တစ်ကြိမ်မှ ကွာရှင်းခြင်းမပြုပါက အိမ်ထောင်ရေးသည် သူမကို ပြေလည်စေနိုင်မည်
မဟုတ်ဟု ဆိုနိုင်သည်။
လုချန်းယွမ် ကြောက်ဖို့ သူမ ကွာရှင်းလိုကြောင်းသာ
ပြောခဲ့သည်။ သူမသည် လု မိသားစုကို စွန့်ခွာနိုင်သော်လည်း သူမထွက်ခွာသွားသောအခါတွင်
ညစ်ပတ်သောရေများ မရရှိစေရန်လည်း သေချာစေရမည်ဖြစ်သည်။ ဒါပေမယ့် သူမအမေအိမ်ကို ပြန်ရောက်ပြီးတဲ့
နောက်မှာတော့ သူမက သူမမိဘတွေနဲ့ ညီအကိုတွေ လက်ထဲမှာပဲ ရှိနေဆဲဖြစ်ပြီး နောက်တစ်ကြိမ်
အိမ်ထောင်ကျရင် ဘယ်လိုမိသားစုမျိုးနဲ့ အိမ်ထောင်ပြုရမလဲ မသိပေ။
တကယ်တော့ လုချန်းယွမ်ရဲ့ အားနည်းချက်က သူမလက်ထဲမှာ
ရှိနေတာ ကောင်းသည်။ ဒါကြောင့် သူ သေချာပေါက် နာခံလိမ့်မည်။ လု မိသားစုရဲ့ အခြေအနေက မဆိုးပေ။ အိမ်က ကြွေပြားခင်းထားသော အိမ်ဖြစ်ပြီး အစားအသောက်နှင့်
အဝတ်အစားတွေက ပျမ်းမျှထက် ပိုကောင်းသည်။ နောင်တွင်
လု မိသားစုက ငတ်မွတ်မှုနှင့် အအေးဒဏ်ကို ခံရမည်မဟုတ်ပေ။ ထို့အပြင် လုချန်းယွမ်က လု မိသားစု၏ တစ်ဦးတည်းသောသားဖြစ်သည်။
ရိုင်းစိုင်းတဲ့ စကားပြောရမယ်ဆို လု မိသားစုမှ ဇနီးမောင်နှံနှစ်ဦး ကွယ်လွန်သောအခါ လု
မိသားစုမှ အရာအားလုံးသည် သူမအတွက် ဖြစ်လိမ့်မည်။
“ကောင်းပြီ၊ ရှင် ကျွန်မကိုတောင်းပန်ပြီးရင် ရှင့်ကိုကျွန်မနောက်ထပ်အခွင့်အရေးပေးမယ်၊ ရှင် ကျွန်မကိုကတိပေးထားတယ်မဟုတ်လား ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်
ပေးမယ်လို့။ ကျွန်မ 50 ယွမ်၊ အဝတ်အသစ်နှစ်ထည်၊ ဇီးသီးပွင့်နာရီနဲ့ သားရေဖိနပ်တစ်ရံလိုချင်တယ်”
လီချိုင်ဖန်က လု မိသားစုမှပေးသောသတို့သမီးစျေးနှုန်းကို
သူမကိုမပေးသောကြောင့် လီချိုင်ဖန်က ပိုက်ဆံလိုချင်သည်။ ဒါတင်မကဘဲ လီမိသားစုကလည်း သူမအတွက် ခန်းဝင်ပစ္စည်းကိုလည်း
မပြင်ဆင်ထားပေ။ သူမသည် မိမိအတွက် အကျိုးအမြတ်ရှာရန်
အခွင့်အရေးကို အခွင့်ကောင်းယူနေခဲ့သည်။
လုချန်းယွမ်က သူမမေးသမျှကို သဘောတူမယ်လို့ ပြောတဲ့အတွက်
သူလုပ်နိုင်မလားဆိုတာ ကြည့်ရမည်။
လုချန်းယွမ်က လီချိုင်ဖန်ကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ
ကြည့်နေခဲ့သည်။ ဒီလိုအခြေအနေမျိုးမှာ လီချိုင်ဖန်
အကြောင်းကို မပြောနဲ့ မြို့ထဲမှာ ဇနီးမယားနဲ့
လက်ထပ်ဖို့တောင် အရမ်းများလွန်းသည်။
သူ့မှာ ယွမ် 50 ရှိပြီး အဝတ်အစားနဲ့ သားရေဖိနပ်နဲ့လည်း
ပြဿနာမရှိပေ။ အခက်အခဲက နာရီမှာ ရှိနေသည်။ စက်မှုလက်မှု လက်မှတ်ဖြင့်သာ ဝယ်ယူနိုင်ပြီး နာရီသည်
ဈေးကြီးသည်။ သူ့မှာ ပိုက်ဆံနည်းနည်းကျန်နေရင်တောင်
ပစ္စည်းတွေ အများကြီးဝယ်ဖို့ မလုံလောက်ပေ။
..........
ကိုးကားချက်
↑1
- ရှေးလေးပါးတို့သည် အယူအဆဟောင်းများ၊ ယဉ်ကျေးမှုဟောင်း၊ ဓလေ့ဟောင်းများနှင့် အလေ့အထဟောင်းများဖြစ်သည်။