၁၉၇၀တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း
အပိုင်း ၂၆
စစ်တပ်တွင် အခက်အခဲတွေအမျိုးမျိုး၊ ဆင်းရဲဒုက္ခတွေ၊ သွေးထွက်သံယိုများနှင့်
စွန့်လွှတ်အနစ်နာခံမှုများအားလုံးကို ရင်ဆိုင်ရာတွင် ဘယ်သောအခါမှ မျက်တောင်မခတ်တတ်သော
ကျောက်တုန်းလင်က တည်ငြိမ်ပြီး မိမိကိုယ်ကို ချုပ်တည်းနေခဲ့သည်။ ဤအခိုက်အတန့်တွင် သူ လုံးဝစိတ်ရှုပ်သွားသည်။ သူသည်
သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး လေးလံသောအသက်ရှုခြင်းကြောင့် ရင်ဘတ်က တက်လိုက်ကျလိုက်ဖြစ်ကာ
သူခံစားခဲ့ရသည့် ရင်ခုန်သံများပေါ်တွင် တဝဲလည်လည် ဖြစ်နေသည်။
ဒီအခြေအနေက ဆက်သွားလို့မဖြစ်နိုင်ပေ။ အဝါရောင် ခြင်ထောင်အတွင်းတွင် ကျောက်တုန်းလင်နဲ့
တုန်းကျားဟွေ့ တို့သည် သူတို့ရဲ့ မျက်လုံးများကို သော့ခတ်ထားကြသည်။
“မင်း……”
သူဘာဖြစ်နေတာလဲလို့
ကျားဟွေ့ကို သူမေးချင်ပေမယ့် သူမကို မေးဖို့မဖြစ်နိုင်တာကို ရှာတွေ့ခဲ့သည်။
သူမက ဖျော့တော့တော့နှင့် ထိတ်လန့်တကြား ကြည့်နေသည်။ ကျောက်တုန်းလင်က
သူပြောလိုက်တဲ့စကားတွေက သူမကို သက်တောင့်သက်သာဖြစ်စေမှာမဟုတ်ပေမယ့် အဲ့ဒီအစား အဲ့တာတွေက
သူမကို လှုံ့ဆော်ပေးလိုက်သလိုဖြစ်မှာကို သူ ကြောက်နေခဲ့သည်။ တုန်းကျားဟွေ့အတွက်ကတော့ ကျောက်တုန်းလင်ထက်တောင်
သူမကပိုထိတ်လန့်သွားသည်။ ဘာလို့လဲဆိုတော့ သူမဆီမှာ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေမရှိသောကြောင့် ဘာဖြစ်နေသလဲဆိုတာကို
သူမတကယ်မသိပေ။
မူလပိုင်ရှင်က ကလေးမမွေးနိုင်တာကြောင့် ကွာရှင်းပြတ်စဲခဲ့တာကိုပဲ
သူမသိသည်။ သူမ ကူးပြောင်းခဲ့ပြီးနောက် သူမသည်
စွန့်ပယ်ခံရသော အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သည်ဟူသော အချက်ကို ပွင့်ပွင့်လင်းလင်း လက်ခံခဲ့သည်။
ဒါပေမယ့် ယခုမူ မူလပိုင်ရှင်က အပျိုစင်ဖြစ်နေသည်။ သူမ လုချန်းယွမ်နဲ့ လက်ထပ်ထားခဲ့တဲ့နှစ်တွေမှာ
သူတို့က စောင်ခြုံပြီး စကားစမြည်ပြောနေကြတာများလား။
ဒါက ဘယ်လို သဲပန်းပု ဇာတ်ကွက်အမျိုးအစား[1] လဲ။ ငါ့ မျက်စိတွေကန်းလုနီးပါးဖြစ်နေပြီ။
တုန်းကျားဟွေ့ ကျောက်တုန်းလင်ကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်ပြီး
သူမ မရှင်းပြနိုင်သောအရာကို သူ မေးလိုက်မှာကို ကြောက်နေလေသည်။
စက္ကန့်အနည်းငယ်ကြာသောအခါ တုန်းကျားဟွေ့က ၎င်းကိုဖြေရှင်းရန်
အကြောင်းပြချက်တစ်ခုကို အမြန်စဉ်းစားလိုက်သည်။ မူလပိုင်ရှင်နဲ့ လုချန်းယွမ်ရဲ့ အိမ်ထောင်ရေးက
သေချာပေါက် အမည်ခံပဲ။ အကယ်၍ ကျောက်တုန်းလင်
မေးလာရင် လုချန်းယွမ်က မလုပ်နိုင်ဘူးလို့ သူမပြောလိုက်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ ကျောက်တုန်းလင်က အမှန်တရားကိုအတည်ပြုရန်
လုချန်းယွမ်ဆီ သွားလို့မရပေ။
တုံ့ပြန်ရန်အကြောင်းပြချက်ကို သူမစဉ်းစားထားပြီးဖြစ်သော်လည်း
ကျောက်တုန်းလင်က စည်းမျဥ်းစည်းကမ်းတွေနောက်ကို မလိုက်တဲ့သူတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
အကြောင်းအရင်းကို အေးအေးဆေးဆေး လက်ခံသလိုမျိုး မေးခွန်းတွေ မမေးခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူက ဤဆိုးဆိုးရွားရွားလှုပ်ရှားမှုနဲ့
အဆုံးသတ်ခဲ့သည်။ သူ လှိမ့်ချလိုက်ပြီး တုန်းကျားဟွေ့ရဲ့ ဘေးတွင် လှဲလိုက်သည်။ တုန်းကျားဟွေ့ကို
သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ သူ့လက်နှစ်ဖက်ဖြင့် သူမရဲ့ပခုံးကို ပုတ်ပေးကာ တိတ်ဆိတ်စွာ
နှစ်သိမ့်ပေးလိုက်သည်။
ကျောက်တုန်းလင်က အပြင်ဘက်တွင် ထင်ရှားသလောက် သူက တည်ငြိမ်မှု
မရှိပေ။ ဖြစ်နိုင်ချေများစွာကို သူ အကြမ်းဖျင်း
ခန့်မှန်းထားသော်လည်း မည်သည့်အရာပင်ဖြစ်ပါစေ ကျားဟွေ့က အများသူငှာ ထင်မြင်ယူဆချက်မှ
ဖိအားများကို သယ်ဆောင်လာသူဖြစ်သည်။ ဒါက အမျိုးသမီးတိုင်း
ခံယူထားသင့်တဲ့ အရာပါပဲ။
ကျားဟွေ့ ကိုယ်တိုင်မတွေ့ကြုံဖူးဘူးဆိုတာ သူ မယုံနိုင်ပေ။ မလိုအပ်ဘဲ စွပ်စွဲခံရတဲ့ အိမ်ထောင်ကွဲအမျိုးသမီးတစ်ယောက်အနေနဲ့
သူမ ဘယ်လိုဘဝမျိုး ကြုံတွေ့ရမလဲ။ အဲဒါကို တွေးကြည့်တော့ သူမအတွက် သူ စိတ်မကောင်းဖြစ်မိသည်။
“ အိပ်တော့၊ ဘာအကြောင်းကိုမှ သိပ်မစဉ်းစားနဲ့။ အိပ်ရုံပဲ။ ”
မနက်ဖြန်သည် နောက်ထပ်တစ်နေ့ဖြစ်ပြီး ယနေ့ညသည် စွဲမက်ဖွယ်ကောင်းသော
မင်္ဂလာညဖြစ်ရန် ရည်မှန်းထားသည်။
တုန်းကျားဟွေ့ အိပ်မငိုက်သော်လည်း ကျောက်တုန်းလင်၏ စကားများက
မှော်ဆန်နေပုံရသည် သို့မဟုတ် သူမ၏ ခန္ဓာကိုယ်က မနက်အစောကြီး အိပ်ရာထရတော့ ပင်ပန်းနေတာဖြစ်နိုင်ပြီး
သူမမျက်လုံးမှိတ်လိုက်သောအချိန်မှာပင် သူမထံမှ အသက်ရှူသံတစ်ခု ထွက်ပေါ်လာသည်။
ကျောက်တုန်းလင်၏ အကြည့်သည် ခေါင်းပေါ်ရှိ ခြင်ထောင်ဆီမှ ကျားဟွေ့၏မျက်နှာဆီသို့
ရွှေ့သွားသည်။ လူက အတူတူပဲ ဒါပေမယ့် ခံစားချက်က မတူတော့ပေ။
အဲ့တာကို ဘယ်လိုပြောရမလဲ။ ဒါက သူ့အတွက် အံ့အားသင့်ရပြီး ရှော့ခ်ရစရာပါပဲ။
သူ့အလိုလို အံ့သြသွားမိသည်။ ထိုကိစ္စ၏ အမှန်တရားကိုလည်း စူးစမ်းချင်သည်။ တခြားသူအတွက်ကတော့
သူ သိပ်ဂရုမစိုက်ပေ။ ပထမတော့ သူက ကျေားဟွေ့
ရဲ့ စရိုက်နဲ့ စိတ်နေစိတ်ထားကို သဘောကျသည်။
အခြားအခြေအနေများက အပိုသက်သက်သာဖြစ်ခဲ့သည်။
လု မိသားစုဆီမှ မိုင်အနည်းငယ်အကွာတွင် လုချန်းယွမ်က ပြတင်းပေါက်ကနေ
အပြင်ဘက်ဆီမှ ရစ်ဝဲနေသော သစ်ပင်များ၏ အရိပ်များကို ကြည့်လိုက်သည်။ ဒီနေ့ဟာ ကျားဟွေ့ ရဲ့ မင်္ဂလာပွဲနေ့ဖြစ်ကြောင်း
သူသိပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမဟာ အလွန်စွမ်းဆောင်နိုင်တဲ့ ယောက်ျားကို ရှာတွေ့ခဲ့တာကိုလည်း
သူသိခဲ့သည်။
သူမကို တိတ်တဆိတ်လေး သူ တွေ့ချင်သော်လည်း သူမကို ဒုက္ခပေးမိမှာကို
သူကြောက်သည်။
ဒီဘဝမှာ နောင်တရစရာတွေ ရှိခဲ့မယ် ဆိုရင် သူနောင်တအရဆုံးက သူရဲဘောကြောင်မှုကြောင့်
ကျားဟွေ့ နဲ့ ကွာရှင်းခဲ့ရတာကိုပဲ ဖြစ်သည်။
ကလေးမရခြင်းက သူ့ပြဿနာဖြစ်တာကို သူကောင်းကောင်းသိသည်။ ကျားဟွေ့ က အလွန်ရိုးရှင်းပြီး ကြင်နာတတ်သူဖြစ်သည်။
သူ့မှာ ပြဿနာရှိရင်တောင် သူမက သူ့ကိုယ် ဘယ်တော့မှ အပြစ်မတင်ဘူး ပြီးတော့ လူတိုင်းဆီမှ
အပြစ်တင်မှုကို သူမ တိတ်တိတ်လေး ခံယူထားသည်။ သူက လောကီလူသားဖြစ်သော်လည်း အမှန်တရားကို
မပြောရဲပေ။
သူသည် သူ့အမေက ကျားဟွေ့ကို နှင်ထုတ်ပြီး သူ့အား ဇနီးသစ်ရှာပေးတာကို
ခွင့်ပြုခဲ့သည်။ သူဇနီးအသစ်နဲ့လက်ထပ်လိုက်ရင်
ပိုကောင်းလာမယ်လို့ ထင်ခဲ့ပေမဲ့ အမှန်တရားကတော့ အရာအားလုံးက ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာပဲ
ဖြစ်သည်။
အခုတော့ သူခံစားခဲ့ရတဲ့ နောင်တတွေအားလုံးဟာ အသုံးမဝင်တော့ပေ။ သူမက မိန်းမကောင်းတစ်ယောက်ဖြစ်သည်။ သူက သူမနှင့်မထိုက်တန်သော
သူရဲဘောကြောင်ပြီး ညံ့ဖျင်းတဲ့သူဖြစ်သည်။ သူမကိုလွှတ်လိုက်တာဟာ
လုပ်သင့်လုပ်ထိုက်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။
တုန်းကျားဟွေ့ တစ်ညတာလုံး ကောင်းမွန်စွာ အိပ်ပျော်နေသည်။ သူမက အမြဲတမ်း နှလုံးသားကြီးမားတဲ့သူဖြစ်သည်။ ဘာပဲဖြစ်လာဖြစ်လာ ကောင်းကင်ကြီး ပြိုကျပြီး လူတွေ
အသက်ရှင်နေသေးသရွေ့ သူမရဲ့အိပ်စက်မှုနဲ့ စားသောက်မှုကို ဘာကမှ အကျိုးသက်ရောက်စေမှာ
မဟုတ်ပေ။
နောက်တစ်နေ့မနက် မိုးသောက်ချိန်၌ ကျောက်တုန်းလင် အိပ်ရာထလိုက်သည်။ အိပ်ရာက လှုပ်ရှားသွားတော့ တုန်းကျားဟွေ့ မျက်လုံးတွေကို
ယောင်ဝါးဝါး ဖွင့်လိုက်သည်။
သူမနိုးလာသောအခါ တုန်းကျားဟွေ့ စိတ်ထဲတွင် အနည်းငယ်ရှုပ်ထွေးနေသေးသော်လည်း
ကျောက်တုန်းလင်၏ ကျယ်ပြန့်သောကျောနှင့် ဖြောင့်တန်းသောခြေတံများကို တွေ့လိုက်ရသောအခါ
သူမသည်မနေ့က ကျောက်တုန်းလင်နှင့်လက်ထပ်ခဲ့သည်ကို မှတ်မိသွားခဲ့ပြီး ဒီနေ့က မင်္ဂလာပွဲအပြီး
သူတို့ရဲ့ ပထမဆုံးနေ့ဖြစ်သည်။
ဒါကိုတွေးပြီး
တုန်းကျားဟွေ့ ကုတင်ပေါ်ကနေ အမြန်ထထိုင်လိုက်သည်။
ယောက္ခမအိန်က သူ့အမေ၏မိသားစုထက် မသာလွန်ဘူး။ ပြီးတော့ ယောက္ခမက သူမမိခင်အရင်းမဟုတ်ဘူးလေ။ အကယ်၍ သူမက ချွေးမတစ်ဦးဖြစ်ပြီး ကျောက်တုန်းလင်ထက်
နောက်ကျမှထပါက၊ ယောက္ခမက သူမအပေါ်မှာ ကောင်းမွန်တဲ့ထင်မြင်ချက် ရှိမှာမဟုတ်တော့မှာ
သေချာတယ်။
ကျောက်တုန်းလင် လှုပ်ရှားမှုကိုကြားပြီး လှည့်ကြည့်လိုက်သောအခါ
အဖြူရောင်လည်ပင်းဝိုင်း အားကစားသမားဝတ် ချွေးထိန်းအင်္ကျီလက်ရှည်ဝတ်ထားသည့် တုန်းကျားဟွေ့ကိုတွေ့လိုက်ရသည်။
သူမ၏ဆံပင်ရှည်တွေက သူမရဲ့ပုခုံးတွေပေါ်မှာ တွဲလောင်းကျနေတာက စိတ်လွတ်ကိုယ်လွတ်နဲ့ ပေါ့ပေါ့ပါးပါး အရသာတစ်မျိုးကို
ပေးစွမ်းသည်။ သူမမျက်လုံးများက စောင်ကို ဗလာကျင်းစွာကြည့်နေသည်။ သူမ လုံးဝ မနိုးသေးတာ သိသာသည်။ မိန်းမောနေသော သူမ၏အကြည့်မှာ
ချစ်စရာကောင်းလှသည်။
ကျောက်တုန်းလင် မသိစိတ်က သူ့နှုတ်ခမ်းထောင့်တွေကို ချိတ်တွဲလိုက်ပြီး
“စောနေသေးတယ်၊ မင်း ဒီထက်ပိုပြီး လှဲလို့ရတယ်” လို့ ပေါ့ပါးသော အပြုံးဖြင့် ပြောလိုက်သည်။
အချိန်က ငါးနာရီပဲ ရှိသေးသည်။ အခုကမိုးသောက်ချိန်ပဲရှိသေးတာ။
ကျောက်တုန်းလင် မနေ့ညက သိပ်မအိပ်ခဲ့ဘူး။ သူ မလှဲချင်တော့တဲ့တာကြောင့် အချိန်ကိုမြင်တော့
ထလိုက်တာ။
နောက်အကြောင်းပြချက်ကတော့ တစ်ယောက်တည်း အချိန်အကြာကြီး နေခဲ့ရတဲ့
အမျိုးသားတစ်ယောက်ဟာ သူ့ရင်ခွင်ထဲမှာ နွေးထွေးတဲ့
သင်းရနံ့တွေ ရုတ်တရက်ရလာတဲ့အခါ သူ့စိတ်ခံစားချက်ကို ဆုပ်ကိုင်ဖို့ ခက်ခဲတာကြောင့်ပါပဲ။
အိပ်ရာထပြီး ထင်းခုတ်ပြီးတော့ သွေးပူလေ့ကျင့်ခန်း လုပ်တာက ပိုကောင်းသည်။
တုန်းကျားဟွေ့ ခေါင်းယမ်းလိုက်ပြီး သူမ၏ပုခုံးပေါ်မှ ပြန့်ကျဲနေတဲ့
ဆံပင်ရှည်တွေကို ဆွဲယူပြီး ဆံထုံးထုံးလိုက်သည်။
“မနေ့က တံခါးကို ဖြတ်လာပြီးပြီလေ။ ကျွန်မ စောစောထသင့်တာပေါ့။”
ပထမဆုံးအမြင်က ကောင်းမှရမည်။ အကယ်၍ သူမက ပထမနေ့မှာ နေက တိုင်သုံးလုံးအထိ မြင့်လာတဲ့အချိန်ထိ[2]
အိပ်လိုက်ပြီးတော့ ကျောက်တုန်းလင်က နိုးနေခဲ့တယ်ဆိုရင် ဘာဖြစ်သွားမလဲ။ သူ့ထက် နောက်ကျမှ
သူမ ထလို့ရနိုင်ပါ့မလား။
ယောက္ခမနဲ့ချွေးမကြားက ဆက်ဆံရေးဟာ ဘယ်တော့မှ နီးစပ်နိုင်မှာမဟုတ်ဘူးဆိုတာကို
တုန်းကျားဟွေ့ သိသည်။ ကောင်းတယ်လို့ ခေါ်တာက
အများအားဖြင့် အပေါ်ယံ ငြိမ်သက်ခြင်း ဖြစ်သည်။
ယောက္ခမက သူမရဲ့သားကို ဂရုစိုက်တယ်၊ပြီးတော့ တုန်းကျားဟွေ့ ကျောက်
မိသားစုမှာ ကောင်းကောင်းနေချင်တယ်ဆိုရင်တော့ အသေးအမွှားအသေးစိတ်အချက်လေးတွေကို အချိန်တိုင်း
အာရုံစိုက်နေရမည်။
ကျောက်တုန်းလင်က တုန်းကျားဟွေ့ ကို နည်းနည်းကြာအောင် အိပ်စေချင်တာဖြစ်ကာ
အများကြီးလည်း မစဥ်းစားမိပေ။ တုန်းကျားဟွေ့ အတွက် သူ့ရဲ့ဂရုစိုက်မှုဟာ သူ့နှလုံးသားထဲက
သက်သက်ဖြစ်သည်။ သူစစ်တပ်ထဲမ၀င်ခင်က အိမ်ထောင်ရေးနဲ့
မိသားစုဘဝကို တကယ်မခံစားခဲ့ရပေမယ့် ဒီနေ့မှာတော့ တုန်းကျားဟွေ့ ရဲ့စကားတွေကို နားထောင်ပြီးနောက်
နက်နဲတဲ့အရာကို ချက်ချင်းနားလည်သွားသည်။
သူ့ဇနီးလေးက ထက်မြက်တဲ့ မိန်းမတစ်ယောက်ဆိုတာ သူ သတိရသွားသည်။
အစပိုင်းတွင် သူမ၏ သင်ယူမှုသီအိုရီက သူ့ကို အံ့အားသင့်စေခဲ့သည်။
ကျောက်တုန်းလင် ပြုံးလိုက်ပြီး တုန်းကျားဟွေ့ ၏ ခေါင်းကို ပုတ်ကာ
တုန်းကျားဟွေ့၏ ရှက်သွေးဖြာနေတဲ့ နှလုံးသားများကြားထဲတွင်
အခန်းမှ ထွက်သွားလိုက်သည်။
စားပွဲပေါ်ရှိ ရေဘူးထဲတွင် ရေနွေးအနည်းငယ်ရှိသည်။ တုန်းကျားဟွေ့ မျက်နှာသစ်၊ သွားတိုက်ပြီးတော့ ပွတ်တိုက်ကာ
ငွေမှုန်ခြယ် အနီရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ကာ ဆံပင်ကို ထပ်မံဖြီးလိုက်ပြီး ယခင်က
ဆံပင်ပုံစံအတိုင်း ကျစ်ဆံမြီး ကျစ်ခဲ့သည်။
ငွေမှုန်ခြယ် အနီရောင် လီနင် ဝတ်စုံကလည်း တုန်းကျားဟွေ့ ကိုယ်ပိုင်ဖြစ်သည်။
အဲ့တာက သူမမင်္ဂလာဆောင်ဝတ်စုံလောက် ကွက်တိ မဖြစ်ဘူး။ ယင်းအစား ဆောင်းရာသီတွင် ဂျာကင်အင်္ကျီထပ်ဝတ်နိုင်စေရန်
တမင်လုပ်ခဲ့ခြင်း ဖြစ်သည်။
သူမအခန်းထဲမှထွက်သွားသောအခါ တုန်းကျားဟွေ့က မီးဖိုချောင်တွင်
ရေနံဆီမီးလင်းနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။
မီးဖိုချောင်ဘက် တည့်တည့်လျှောက်သွားလိုက်တော့ သူမရဲ့ယောက္ခမကို တွေ့လိုက်ရသည်။ ကျန်းချောင်းအာ က မီးဖိုရှေ့မှာ မီးစမွှေးနေပြီ။
“အမေ၊ မင်္ဂလာနံနက်ခင်းပါ”
တုန်းကျားဟွေ့ ရွှတ်နောက်နောက်နဲ့ အော်လိုက်သည်။ကျန်းချောင်းအာ
အသံကြားတော့ မော့ကြည့်လိုက်သည်။ သူ့ချွေးမမျက်နှာမှာ အပြုံးတစ်ခုနဲ့ ရပ်နေတာကို သူမမြင်လိုက်ရသည်။
တစ်စုံတစ်ယောက်ရဲ့
မျက်နှာမှာ အပြုံးကို မြင်ရတာ မကြိုက်တဲ့သူမရှိပေ။ မနက်အိပ်ရာနိုးတာနဲ့ ဒီလောက်ချစ်စရာကောင်းတဲ့ အပြုံးမျက်နှာလေးကို
မြင်ရတာ ဘယ်လောက်တောင် ပျော်နေတယ်ဆိုတာ မပြောတတ်ပေ။ အနည်းဆုံးတော့ ကျန်းချောင်းအာက သူ့ကို သဘောကျသည်။
“ဘာလို့ဒီလောက်စောစောထတာလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ နည်းနည်းပိုအိပ်တာ အဆင်ပြေတယ်။ အနာဂတ်မှာ စောစောထဖို့ အလျင်စလိုလုပ်စရာမလိုပါဘူး။
အမေ က ဉာဏ်မမီတဲ့ ယောက္ခမ မဟုတ်ဘူး။ ”
မနေ့ညက
သူတို့မင်္ဂလာဆောင်ည။ ဒီလိုအဖြစ်အပျက်မျိုးအတွက် သူမချွေးမကို နားလည်ပေးဖို့ လိုနေသေးသည်။
တုန်းကျားဟွေ့
သူမယောက္ခမ စကားအဓိပ္ပါယ်ကို နားလည်သည်။ မနေ့ညက
ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းကို သတိရရင်း တုန်းကျားဟွေ့ မျက်နှာပူသွားသည်။
အခု သူထနေပြီဆိုတော့
မနေနိုင်တော့ဘူး၊ လုပ်စရာတွေ ရှာရမည်။
ရွာကလူတွေက
အလုပ်တွေများသည်။ အိမ်တွင်းအပြင်မှာ သန့်ရှင်းရေးလုပ်ရမယ်၊
အဝတ်လျှော်တာ၊ ဟင်းချက်တာ၊ ကြက်၊ ဝက်စာကျွေးတာ၊ ထင်းခုတ်ပြီး ရေသောက်တာ၊ ဟင်းသီး ဟင်းရွက်စိုက်ခင်းတွေ
ပြင်တာတွေ လုပ်ရမယ်။ နေမထွက်ခင် ဒါတွေကို လုပ်ရမည်။
“အမေ သမီး မနေ့ကမှ တံခါးကို ဖြတ်လာတာဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။”
သူမက
ဇနီးအသစ်ဖြစ်သည်။ တံခါးကို ဖြတ်လျှောက်ပြီးတာနဲ့ သူမကိုယ်တိုင် မလုပ်နိုင်ပေ။ အခြားတစ်ဖက်တွင်မူ အိမ်၌ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ
“အလုပ်ပိုလုပ်နိုင်သူများ” သည် တစ်ကြိမ်ပြီးပါက ၎င်းကို ဆက်လက်လုပ်ဆောင်ရန် မကူညီနိုင်ပေ။ အိမ်မှုကိစ္စအားလုံးကို ကြိုးစားလုပ်မယ်ဆိုရင် အနာဂတ်မှာ
အခက်အခဲတွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလား။
တုန်းကျားဟွေ့
စိတ်ထဲမှာ ဒါကို နားလည်သည်။ သူမ၏ သူငယ်ချင်းဟောင်းများက
သူမသည် "ဝက်ယောင်ဆောင်ကာ ကျားစားနေသည်" ဟု မကြာခဏ ပြောလေ့ရှိသည်။ သူမကိုကြည့်ရတာ တုံးအသည်။ တကယ်တော့ သူမ စိတ်ထဲတွင် ရှင်းလင်းနေသည်။ တစ်ခါတစ်ရံ လမ်းခွဲဖို့ အစပျိုးခဲ့ပေမဲ့လည်း သူမက
တုံးအတာကြောင့် မဟုတ်ဘဲ မလိုလားအပ်တဲ့ ပြဿနာတွေအတွက် စိတ်မပူချင်ပေ။
တုန်းကျားဟွေ့က
သူမယောက္ခမကို အလုပ်စီစဉ်ပေးဖို့ တောင်းဆိုဖို့ အစပျိုးခဲ့သည်။ ကျန်းချောင်းအာကတော့ ကျေနပ်နေတုန်းပဲ။ ယောက္ခမတစ်ယောက်အနေနဲ့ သူ့ယောက္ခမ အဆင့်အတန်း သတ်မှတ်တာကို
နှစ်သက်တာမျိုး တစ်ခါမှ မဖြစ်ဖူးပေ။ ဝမ်မိန့်
ပဲဖြစ်ဖြစ် ကျန့်ယွဲ့ဖန်ပဲဖြစ်ဖြစ်၊ သူတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် သတိရှိမှုအပေါ်မှာပဲ
အားကိုးကြသည်။
“အိမ်မှာ ဘာမှလုပ်စရာမရှိဘူး။ သမီးရဲ့အဝတ်အစားတွေနဲ့ တုန်းလင်အဝတ်တွေပဲ လျှော်လိုက်။
ဒီနေ့တော့ ထားလိုက်။ မနက်ဖြန်ကစပြီး ဟိုင်းဒန်နဲ့
ယင်းပေါင် အဝတ်တွေကို သမီးကို ပေးမယ်။ တခြားအရာတွေကို
အရင်ကြည့်ထားလိုက်။ သမီးက အခုမှ အိမ်ထောင်ကျတာ။ အလျင်လိုမနေပါနဲ့။ နှစ်ရက်ကြာမှ ပြောမယ်။”
ကျောက်
မိသားစု၏ အဝတ်အစားများကို အမြဲတမ်း သီးသန့်လျှော်လေ့ရှိပြီး သမီးနှစ်ယောက် ကြီးပြင်းလာသောအခါတွင်
အလှည့်ကျ လျှော်ဖွပ်ကြကာ၊ ထို့နောက် သားတို့သည် မိသားစုကို ထူထောင်ကြသဖြင့် အိမ်တွင်
အဝတ်လျှော်ကြသည်။
ကျန်းချောင်းအာရဲ့
အစီအစဉ်ကို နားထောင်ပြီးနောက်၊ တုန်းကျားဟွေ့က ပြတ်သားသော အသံဖြင့် ပြန်ပြောခဲ့သည်။
“ကောင်းပြီ အမေ ဒါဆို အဝတ်အရင်လျှော်လိုက်မယ်နော် ”
တုန်းကျားဟွေ့က
အခန်းကိုပြန်သွားကာ သူမနဲ့ ကျောက်တုန်းလင်ရဲ့ ညစ်ပေနေသောအဝတ်အစားများကိုထုတ်ပြီး ဇလုံတစ်ခုထဲတွင်ထည့်ကာ
ရေစိမ်လိုက်သည်။ အဝတ်အစားများအပြင် ညစ်ပေနေတဲ့
အိပ်ယာခင်းလည်း ရှိသေးသည်။
အိပ်ယာခင်းတွေကို
လျှော်ဖွပ်တာဟာ ဘယ်သူမှ မစဉ်းစားနိုင်တဲ့ ကိစ္စပင်။ မနေ့ညက ဒီလိုမျိုးဖြစ်မယ်လို့ ဘယ်သူသိမှာလဲ။
တုန်းကျားဟွေ့က
အ၀တ်တစ်ဝက်လောက် လျှော်ပြီးချိန်မှာ ကျောက်မေရှန်းက ယင်းပေါင်ကို ပွေ့ချီကာ ထွက်လာခဲ့သည်။
“မင်္ဂလာနံနက်ခင်းပါ ညီမလေး”
“မင်္ဂလာနံနက်ခင်းပါ”
ကျောက်မေရှန်းက မနေ့က တုန်းကျားဟွေ့ လုပ်ထားတဲ့ ဝတ်စုံကို ယင်းပေါင်းကို
ဝတ်ပေးထားသည်။ ဒီလုပ်ရပ်က တုန်းကျားဟွေ့ ရဲ့
နှလုံးသားကို လှုပ်ခတ်စေခဲ့သည်။
“အဝတ်အစားတွေက မှန်တယ်။
အင်္ကျီလက်တွေက ပိုရှည်နေတော့ လိပ်လို့ရတယ်။”
ပြီးတော့
နူးညံ့တဲ့ အဝါရောင်က ယင်းပေါင် ရဲ့ အသားအရေအတွက် အရမ်းကောင်းသည်။ အဝါရောင်ဘဲလေးတစ်ကောင်လို ချစ်ဖို့ကောင်းသည်။
“ယင်းပေါင်က အရမ်းချစ်စရာကောင်းတယ်။ သူမက အရာရာတိုင်းမှာ လှပနေတဲ့ပုံပဲ။”
“မဟုတ်ဘူး၊ ငါတို့ရွာမှာ ယင်းပေါင်လို လှပတဲ့ ဒုတိယမြောက် ကလေးကို
ရှာမတွေ့ဘူး။”
ဝမ်မိန့်ရဲ့
မျက်နှာတန်ဖိုးက အလွန်မြင့်မားနေသေးသည်ဟု မဆိုလိုပေ။ ယင်းပေါင်းက တခြားသူတွေရဲ့ သားသမီးတွေထက် ပိုလှသည်။ ထို့အပြင် ဝမ်မိန့် ထွက်သွားပြီးနောက် ကျန်းချောင်းအာက
သူမမြေးကို ပိတ်ဆို့ထားသော လေထုထဲတွင် ထားခဲ့သည်။
တစ်နေ့ကို ကြက်ဥတစ်လုံး၊ အာဟာရမှုန့် နဲ့ ပေါက်စီဖြူလေးတွေကျွေးသည်။ အစားကျွေးပြီးနောက်
ယင်းပေါင် မျက်နှာကဖြူဖွေးပြီး နူးညံ့လာသည်။
သူမ မျက်နှာလေးက ဝိုင်းစက်နေသည်။ တခြားသူတွေရဲ့
သားသမီးတွေနဲ့ မတူပေ။
ဒီတစ်ခါတော့
ယင်းပေါင်က သူ့လက်ထဲမှာ ကွတ်ကီးဝိုင်းလေးတစ်ခု ကိုင်ထားသည်။ ရှဉ့်တစ်ကောင်လို အကိုက်သေးသေးလေးတွေနဲ့ စားနေပြီး
တုန်းကျားဟွေ့ကို စူးရှတဲ့ မျက်လုံးနှစ်လုံးနဲ့ ကြည့်နေသည်။
တုန်းကျားဟွေ့က
အဝတ်လျှော်ပြီးသွားပြီ။ သူမ လှန်းထားတဲ့ စောင်ကိုမြင်တဲ့အခါ
မေရှန်းက သိသိသာသာနားလည်မှုလွဲသွားပြီး သူမ၏မျက်နှာကနီရဲလာသည်။
ကျောက်
မိသားစုသည် ခြံဝင်းထဲတွင် တယောက်ပြီးတယောက် ပေါ်လာသည်။ ကျောက်တုန်းလင်က ထင်းစည်းနှင့်
ပြန်လာခဲ့သည်။ အကိုင်းအခက်တွေ စုဆောင်းဖို့
တောင်ပေါ်ကို သွားခဲ့သည်။ သူ့နောက်က ဟိုင်းဒန်က
စောစောစီးစီး နောက်ကလိုက်သွားခဲ့သည်။
ကျန့်ယွဲ့ဖန်က
နောက်ဆုံးထသူဖြစ်သည်။ ရှီထုကို မီးဖိုခန်းထဲ
သယ်သွားသည်။ တုန်းကျားဟွေ့ကိုတွေ့ပြီးနောက် သူမ တုံ့ဆိုင်းသွားပြီး “ယောင်းမ” ဟုခေါ်လိုက်သည်။ သူမသည် တုန်းကျားဟွေ့ထက် လေးနှစ်ကြီးသော်လည်း တုန်းကျားဟွေ့က
ကျောက်တုန်းလင်နဲ့ လက်ထပ်ခဲ့သည်။ တုန်းကျားဟွေ့က သူမထက်ငယ်သော်လည်း တုန်းကျားဟွေ့က
သူမယောင်းမအကြီးဆုံးဖြစ်သည်။
“မနေ့ညက ရှီထု ကစားတာ
အရမ်းမိုက်တယ်။ သူက ညဘက်ဆို အိပ်ယာထဲမှာ လှဲနေတယ်။ ကျွန်မ သူ့အဝတ်အစားတွေ လဲပေးလိုက်ရတယ်။ ညလယ်မှာ ကောင်းကောင်းတောင် အိပ်မပျော်ဘူး။”
သူမ၏
စကားစမြည်ပြောခြင်းသည် ဘာကြောင့် နောက်ကျမှ အိပ်ရာထသလဲဆိုတာကို သွယ်ဝိုက်စွာ ရှင်းပြနေတာဖြစ်သည်။
တကယ်တော့
ပြောစရာမရှိပေ။ ကျန်းချောင်းအာက ကျောက် မိသားစုအတွက်
မနက်စာ အမြဲလုပ်ပေးသည်။ ပထမအချက်က လူတို့သည်
အသက်ကြီးလာသောအခါ ပေါ့ပါးမှုကို ခံစားရသည်။
ဒုတိယအနေနဲ့ ကျန်းချောင်းအာက အခြားသူများ အစားအစာ ဖြုန်းတီးမိမည်ကို စိုးရိမ်တာကြောင့်
ချက်ပြုတ်ရန် အခြားသူများကို မယုံကြည်ပေ။ နောက်ဆုံးအချက်ကတော့
မြေးတွေက ပိုအရေးကြီးသည်။ ကိုယ့်သားသမီးကို
ကောင်းကောင်းဂရုစိုက်ပါ။
“မြန်မြန် ရှင်းလိုက်၊
နောက်မှ ထမင်းစားဖို့ စောင့်နေတယ်။”
ကျန်းချောင်းအာက
ယနေ့နံနက်တွင် ထမင်းချက်သည်။ သူက ပြောင်းဖူးကိတ်မုန့်ကိုလည်း
ဖုတ်တယ်၊ မြေပဲအနည်းငယ်ကို ပြုတ်ပြီး မနေ့က ချက်ပြုတ်ထားတဲ့ ကျန်တဲ့ပါဝင်ပစ္စည်းတွေကို
ယူပြီးတော့ ပန်းကန်သေးသေးနှစ်လုံးစာ မွှေကြော်လိုက်သည်။
ကျောက်
မိသားစုသည် ပုံမှန်အားဖြင့် ထိုကဲ့သို့ အရသာရှိသော နံနက်စာ (သို့) ထူးထူးခြားခြား မွှေကြော်မရှိသော်လည်း
အချဉ်နှစ်ခုကို ဖြတ်ကာ ဆန်ပြုတ် သောက်ရုံသာဖြစ်သည်။
မိသားစုက
စားပွဲမှာထိုင်ပြီးတဲ့အခါ တုန်းကျားဟွေ့က ယင်းပေါင်ကို မေရှန်းရဲ့ လက်ကနေခေါ်လိုက်ပြီး
ယင်းပေါင်ရဲ့ အထူးဇွန်းနဲ့ ယင်းပေါင်ကို တစ်ဇွန်းကျွေးလိုက်သည်။
ပန်းကန်သေးသေးလေး တစ်ပန်းကန်နဲ့ ဆန်ပြုတ်ကိုတစ်လုတ်စာခပ်ပြီးကျွေးလိုက်တော့
ယင်းပေါင်ကပူးပေါင်းဆောင်ရွက်စွာ စားခဲ့သည်။
ကျောက်တုန်းလင်က
ကျားဟွေ့ကိုကြည့်ပြီး သဘောကျသွားသည်။ သူ့စိတ်ထဲမှာ အရမ်းပျော်သွားပြီး ပါးစပ်ထောင့်တွေက ကော့တက်သွားသည်။ တစ်ခြားသူတွေကလည်း စားနေပေမယ့် မျက်လုံးတွေက အကဲခတ်ဖို့
လှုပ်ရှားနေသည်။ အထူးသဖြင့် ကျန်းချောင်းအာက
ယင်းပေါင်းကို ဇနီးသစ်က ကောင်းစွာ ပြုစုစောင့်ရှောက်သည်ကို တွေ့မြင်ခဲ့ရပြီး သူမ၏ စိတ်နှလုံးက
အေးချမ်းသွားသည်။
“ယောင်းမ ယင်းပေါင်က
ယောင်းမကို တော်တော်သဘောကျတယ်။ ကျွေးလိုက်တာနဲ့
သူ ဘယ်လောက်ကောင်းကောင်းစားနေလဲ ကြည့်ပါဦး။”
တစ်ဖက်တွင်
ဟိုင်းဒန်သည် ဆန်ပြုတ်သောက်ရန် ခေါင်းငုံ့လိုက်သည်။ ခေါင်းကို မော့ဖို့တောင် ငြင်းဆန်ခဲ့သည်။ မနက်ခင်းမှာ ကျန်းချောင်းအာက ဟိုင်းဒန်ကို ကျားဟွေ့ကို
အမေလို့ ခေါ်ခိုင်းပေမယ့် ပါးစပ်ကို မဖွင့်ချင်သေးပေ။ ကျန်းချောင်းအာက သူ့ကို ရိုက်ဖို့လုပ်လိုက်ပေမယ့်
တုန်းကျားဟွေ့က သူမကို တားလိုက်သည်။
“အမေ ကလေးက ငယ်သေးတယ်၊ သမီးတို့အချိန်ယူရအောင်။ သူ့ကို ရုတ်တရတ် အတင်းအကြပ် ခိုင်းလိုက်ရင် သူ့စိတ်က
ပိုမပျော်တော့ဘူး။ ”
သူမ မိထွေးဖြစ်လာကတည်းက တုန်းကျားဟွေ့က ဤအသိတရားရှိခဲ့သည်မှာ
ကြာပါပြီ။ ဟိုင်းဒန်က လေးနှစ်အရွယ်ကလေးမျှသာဖြစ်ပြီး
သူမအတွက် ကြီးမားသောထိခိုက်မှုတစ်ခုမျှ မဖြစ်စေနိုင်ပေ။ အဲဒီအစား တုန်းကျားဟွေ့က ဟိုင်းဒန်ကို တိတ်တိတ်ဆိတ်ဆိတ်ကြည့်မိတဲ့အခါ
အရမ်းချစ်သည်။
“ဒီကလေးကို ဘယ်သူက တစ်ခုခုပြောသွားလဲ
မသိဘူး။ သူက သမီးနဲ့ ပတ်သက်ပြီး တော်တော်ငြိမ်နေတယ်။”
“ရပါတယ်၊ အရင်က သူနဲ့ အဆက်အသွယ် မရှိဘူး။ သူက သမီးနဲ့ မရင်းနှီးဘူးလေ။ အခု သူ သမီးကို မကြိုက်တာ
သာမာန်ပါပဲ။ သမီး သူ့ကို ကောင်းကောင်း ဆက်ဆံနေသမျှ
အနာဂတ်မှာ သူ သမီးကို အသိအမှတ်ပြုလိမ့်မယ်လို့ ယုံကြည်တယ်။ ”
ကျန်းချောင်းအာက
ပြုံးပြီး ခေါင်းညိတ်သည်။ သူမဘာမှပြန်မပြောသော်လည်း နှလုံးသားထဲမှာ ကျေနပ်နေသည်။
“အဲလိုတွေးတာကောင်းတယ်။ လူတွေရဲ့ နှလုံးသားက နူးညံ့တယ်။ သမီးသူတို့အပေါ် တကယ်ကောင်းသရွေ့ သမီးကို မိခင်တစ်ယောက်အနေနဲ့
အသိအမှတ်ပြုလိမ့်မယ်။”
တုန်းကျားဟွေ့က
ပြုံးပြီး ခေါင်းညိတ်ကာ “မှန်ပါတယ်။ အဲဒါကြောင့်
သမီးလည်း အလျင်လိုနေတာမဟုတ်ဘူး။ သမီးတို့အချိန်ယူရအောင်၊
အချိန်အတော်ကြာယူလို့ရသေးတယ်”
......
ကိုးကားချက်
↑1 - သဲပန်းပုဇာတ်ကွက်ဆိုသည်မှာ
ရယ်စရာဇာတ်ကွက်ဖြစ်သည်။ အင်တာနက်ပေါ်တွင် တွေ့နိုင်သော
အထူးသဖြင့် ရီစရာကောင်းပြီး ရယ်စရာကောင်းသော တီဗီဇာတ်ကွက်များကို ရည်ညွှန်းသည်။
↑2 - နေမင်းကြီးသည် တိုင်သုံးတိုင်မြင့်လာခဲ့ပြီ ဆိုလိုသည်မှာ
နံနက်အချိန်သည် အလွန်နောက်ကျနေပြီဖြစ်သည်။