၁၉၇၀တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း
အပိုင်း ၂၅
“တုန်းလင်
သီချင်းဆိုတာ အရမ်းကောင်းတယ်။
စကားလုံးတွေကလည်း ရှင်းတယ်။ စစ်သားတစ်ယောက်ဆီက မျှော်လင့်ထားသလိုပဲ။”
အခန်းထဲတွင်
တုန်းကျားဟွေ့နဲ့ ကျို့ရင်ဒီတို့က အခန်းအပြင်ဘက် လှုပ်ရှားမှုကို ဆက်တိုက်
နားထောင်နေကြသည်။ သတို့သမီးက သတို့သား လာကြိုတာ စောင့်ရမှာဖြစ်လို့ တုန်းကျားဟွေ့
သိချင်နေရင်တောင် အခန်းထဲမှာပဲ စောင့်နိုင်သည်။
ဒီခေတ်က
မင်္ဂလာပွဲတွေက အရမ်းရိုးရှင်းပြီး တိုတိုလေးလို့ သူမခံစားရသည်။ သူမ မကူးပြောင်းလာခင်မှာ ဝမ်းကွဲ
မင်္ဂလာဆောင်ကို တစ်ကြိမ် တက်ရောက်ဖူးသည်။
သတို့သားကို ဒုက္ခရောက်အောင် လုပ်ကြသည်။
အထူး ငရုတ်သီးနဲ့ ဗာဒံစေ့သစ်တော်ရေကို သောက်ရသည်။ သူတို့ခြေထောက်တွေပေါ် တိပ်တွေကပ်ပြီး တိပ်ကို
ဖယ်ကြသည်။ သူတို့က သူ့ကို ကခုန်ခြင်း၊ တွန်းလှန်ခြင်းများ ပြုလုပ်ကြပြီး
သတို့သမီး၏ မိသားစုနှင့် သူမ၏ သူငယ်ချင်းအဖွဲ့ထံ စာအိတ်အနီ ၉၉ အိတ်
ပေးပို့ခဲ့ကြသည်။ အသက်ရှည်ဖို့လို့
ပြောသည်။
ဒါကိုကြည့်ရင်း
ဒီဝမ်းကွဲယောင်းမ တင်းယန်က မတ်တပ်ရပ်ပြီး ကျောက်တုန်းလင်ကို အရှက်ရစေခဲ့ပေမယ့်
သီချင်းတစ်ပုဒ်ဆိုခဲ့ဖူးတဲ့ ကျောက်တုန်းလင်ကတော့ သိပ်စိတ်မကောင်းပေ။
“ကောင်းပြီ။ သတို့သားက သီချင်းဆို အရမ်းကောင်းတော့
ငါတို့အားလုံး စွဲလန်းသွားတယ်။”
“သူ သီချင်းဆိုတာ အရမ်းကောင်းတာကြောင့် လူတိုင်းက
သူ့စကားကို ပြန်နားထောင်ချင်ကြတယ်။”
“လာပါ ယောက်ျားတို့၊ သတို့သားကို သတို့သမီးကြိုတာကို
မတားပါနဲ့၊ မင်္ဂလာအချိန်ကို နှောင့်နှေးတာ မကောင်းဘူး။”
“လူတိုင်းပဲ။ သတို့သားကို လမ်းဖွင့်ပေးလိုက်ကြပါ။”
ထိုအချိန်တွင်
လက်ထပ်ရန် ကျောက်တုန်းလင်နဲ့ လိုက်ပါလာသော လူငယ်သည် သစ်သီးသကြားလုံးတစ်ထုပ်ကို
ထုတ်ယူကာ ကောင်းကင်ပေါ်သို့ ကြဲလိုက်သည်။
“သကြားလုံးစား၊ သကြားလုံးစား။ာလူတိုင်းမှာ သူတို့ရဲ့ ရှယ်ယာ
ရှိတယ်။ သကြားလုံး ဘယ်လောက်
ကောက်မိလဲဆိုတာက မင်းတို့ရနိုင်တဲ့ ပမာဏပဲ။”
သကြားလုံးများက
လေထဲတွင် ပန်းများကဲ့သို့ ကျလာပြီး လေထုက ရုတ်တရက် အသက်ဝင်လာသည်။ လူတစ်စုက
မြေပြင်ပေါ်ရှိ သကြားလုံးများကို ဖမ်းဆုပ်ကာ အခြားလူတစ်စုက တုန်းကျားဟွေ့
အခန်းတံခါးဝသို့ ရောက်သွားပြီး သတို့သမီးကို ကြိုဖို့လာသော ကျောက်တုန်းလင်ကို
ဝိုင်းထားကြသည်။
ကျို့ရင်ဒီက
ပြုံးပြီး တံခါးကိုဖွင့်လိုက်တော့ နေရောင်က အခန်းထဲသို့ ပြန့်ကျဲသွားသည်။ တုန်းကျားဟွေ့က အလင်းတစ်ခုကဲ့သို့
တောက်ပနေသည်။ သူမသည် အနီရောင်အ၀တ်အစားများကို
၀တ်ဆင်ထားပြီး ကုတင်အစွန်းတွင် ထိုင်နေသည်။
သူမက ဂုဏ်သိက္ခာရှိပြီး လှပသည်။
တုန်းကျားဟွေ့
ကျောက်တုန်းလင်ကို ကြည့်လိုက်ရာ စစ်ယူနီဖောင်းအသစ်ကို ဝတ်ဆင်ထားပြီး သိက္ခာရှိပြီး
တက်ကြွနေသည်ကို တွေ့လိုက်ရသည်။
“သတို့သား
မြန်မြန်ဝင်လိုက်၊ သတို့သမီးလေး ဘယ်လောက်တောင် ကြည့်ကောင်းနေလဲဆိုတာ
ကြည့်လိုက်ဦး။”
လူအုပ်၏နောက်ပြောင်မှုနှင့်အတူ တုန်းကျားဟွေ့က
ရှက်ရှက်ဖြင့် ခေါင်းငုံ့လိုက်သည်။ သူမ၏ ပါးပြင်များသည် ပန်းနုရောင်ဖြင့်
နီရဲနေသည်။
ကျောက်တုန်းလင်က
တုန်းကျားဟွေ့ကို တည့်တည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ
လူများနှင့် ရှုခင်းများသည် ထင်ယောင်ထင်မှားဖြစ်စေသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
သူ့မျက်လုံးထဲမှာ တုန်းကျားဟွေ့ ပဲရှိသည်။
သူ့ရှေ့ရှိ အမျိုးသမီးက လှပပြေပြစ်ပြီး ချောမွတ်သော အသားအရေရှိပြီး
အနက်ရောင်ဆံပင်များက ခေါင်းနောက်တွင် ရစ်ပတ်ထားသည်။ သူမ၏ မေးစေ့ကို တဖြည်းဖြည်း
မြင်လာရပြီး သူမ၏ လည်တံရှည်ရှည်နဲ့ နှုတ်ခမ်းပေါ်ရှိ အနီရောင် တောက်တောက် နှုတ်ခမ်းနီသည်
သူမ၏ တောက်ပသော အနီရောင် အဝတ်အစားများနှင့် လိုက်ဖက်လှသည်။
တံခါးဝမှာသာ
သူရပ်နေခဲ့သည်။ အချိန်တွေက သူ့အတွက်
အေးခဲသွားသလိုပဲ။ လူအုပ်ကြီးက
သူ့တုံ့ပြန်မှုကို မြင်ကြသည်။ သူ့မိန်းမကိုမြင်ရင် သူ မိုက်မဲသွားမှန်း ဘယ်သူက
သိမှာလဲ။
“မြန်မြန် အထဲကို
ဝင်လိုက်ပါ။ ငါတို့ မမြင်ချင်ဘူး။ ညဘက် သတို့သမီးအခန်းမှာ နေ ”
ကျောက်တုန်းလင်
ဘယ်သူက တွန်းထုတ်ခဲ့တယ်ဆိုတာ မသိရသေးပေ။
သူ့ကို အခန်းထဲတွန်းလိုက်ပြီး လူအုပ်ကြီးက ရယ်မောလိုက်ကြသည်။
အပြင်မထွက်ခင်မှာ
ရှန်းကွေ့ရှောင်က တုန်းကျားဟွေ့ ရဲ့လက်ကို
ကိုင်လိုက်သည်။ သူမ၏ မျက်လုံးများ
နီရဲနေတယ်။ သူမ ငိုနေတာ သိသာသည်။
သူမ
သမီးကိုကြည့်လိုက်သည်။ သမီးလေးလက်ထပ်တာ ဒါ
ဒုတိယအကြိမ်မြောက်ဖြစ်သည်။ သူမ သမီးကို
လက်ထပ်ခွင့်ပေးလိုက်တာက ပထမအကြိမ်ထက် ပိုရှုပ်ထွေးသည်။ သူမ စိတ်ထဲမှာ မရေမတွက်နိုင်သော စကားလုံးများ
ရှိနေသည်။ နောက်ဆုံးတွင် သူမ
စကားတစ်ခွန်းသာ ပြောနိုင်ခဲ့သည်။
“အနာဂတ်မှာ တုန်းလင်နဲ့ ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းပါ”
တုန်းကျားဟွေ့က
ချောင်းဆိုးလိုက်သည်။ သူမ၏
မျက်လုံးများမှာလည်း နီရဲနေသည်။ သူမသည်
ဤခေတ်တွင် သူမ၏ နှစ်ဝက်ကြာနေထိုင်စဉ်အတွင်း ရှန်းကွေ့ရှောင်နဲ့ တုန်းချန်ကွေ့ကို
မိဘများအဖြစ် အသိအမှတ်ပြုခဲ့သည်။
“အဖေ အမေ စိတ်မပူပါနဲ့၊ သမီးဘဝကို အကောင်းဆုံးဖြစ်အောင်
လုပ်မယ်။”
ဘာပဲဖြစ်ဖြစ် ဒါက
သူမဘဝပဲ ဖြစ်သည်။ သူမ သေချာပေါက် ဂရုတစိုက် လုပ်မယ်၊ ကျောက်တုန်းလင်ကို
ကောင်းကောင်း ဆက်ဆံမယ်၊ သူ့ကို စိတ်မပျက်စေရဘူး။
ကျောက်တုန်းလင်က တုန်းကျားဟွေ့ အနောက်မှာ ရပ်နေခဲ့သည်။ ကျောက်တုန်းလင်က သူ့ယောက္ခမ၏ခံစားချက်ကို
ခံစားနိုင်သည်။ သူကတိပေးလိုက်သည်။
“အဖေနဲ့အမေ၊ စိတ်မပူပါနဲ့၊ ကျွန်တော် ကျားဟွေ့ကို ကောင်းကောင်းဆက်ဆံမယ်။
ကျွန်တော် အဖေတို့နှစ်ယောက်ကိုတွေ့ဖို့ ကျားဟွေ့ နဲ့ ခဏခဏလာမယ်။ အဖေနဲ့အမေ
ကျွန်တော်တို့ရဲ့ထိန်းသိမ်းမှုကို မစိုးရိမ်ပါနဲ့။ ”
ထိုစကားကြောင့်
ရှန်းကွေ့ရှောင်က မျက်ရည်များဝဲကာ ရယ်မောလိုက်သည်။ တက်ရောက်လာသည့် ဆွေမျိုးများနှင့်
သူငယ်ချင်းများက ပြောလိုက်သည်။ “ယောက္ခမ မကြိုက်တဲ့
သမက် မရှိပါဘူး။ မင်း ဘယ်ဘက်လက်မှာ
ကြက်တစ်ကောင်နဲ့ ညာလက်ထဲမှာဘဲတစ်ကောင်နဲ့ ပြန်လာသရွေ့ မင်းယောက္ခမနဲ့
ယောက္ခထီးတွေက မင်းကို ကြိုဆိုပြီး နှင်ထုတ်မှာမဟုတ်ဘူး။”
“မဟုတ်ဘူး၊ ကြက်နဲ့
ဘဲနဲ့ကိုယူပြီးပြန်လာရင် အဲ့တာတွေကို ငါသတ်သင့်တယ်။”
ဒီဇာတ်လမ်းတွဲနဲ့
အတူ သူတို့သမီးလေးကို လက်ထပ်ပေးလိုက်ကြပြီး သမီးလေးအတွက် စိုးရိမ်ပူပန်မှုတွေ
အများကြီး သက်သာရာရစေခဲ့သည်။ ဤသမက်သည်
လူကောင်းဖြစ်သည်ဟူသော မိမိတို့၏ အဆုံးအဖြတ်ကို ယုံကြည်လိုကြသည်။
ထွန်စက်ပေါ်တွင်
တုန်းကျားဟွေ့က သူမဘာသာ တက်ရန် အဆင်သင့်ဖြစ်နေသော်လည်း ကျောက်တုန်းလင်က သူမကို
ကောက်ချီလိုက်ပြီး ထွန်စက်ပေါ် တင်လိုက်သည်။
“အိုး။ အိုး။
သတို့သားက သတို့သမီးကို ပွေ့ဖက်နေတယ်။”
ကလေးတွေက
ထွန်စက်ကိုကြည့်ပြီး လက်ခုပ်တီးကြသည်။
တုန်းကျားဟွေ့ ခေါင်းငုံ့ကာ ပြုံးလိုက်သည်။ ကျောက်တုန်းလင်လည်း ထိုင်ချလိုက်ပြီး
ပြုံးလိုက်သည်။
ထွန်စက်သည်
ရှန်ဟဲကျေးရွာသို့ ဦးတည်သွားခဲ့သည်။
သူမနှင့်အတူ လိုက်ပါသွားသူများမှာ အဖေ့ဘက်မှ ကျားဟွေ့ရဲ့ ဦးလေး၊ သူမ
အမေ့ဘက်မှ ဦးလေး၊ အစ်ကိုဖြစ်သူ တုန်းအိုက်ဟွာနဲ့ ယောင်းမ ကျို့ရင်ဒီတို့ဖြစ်သည်။
“အေးနေလား။”
ထွက်ခွာပြီးနောက်
ကျောက်တုန်းလင်က ကျားဟွေ့ အဝတ်အစား အနည်းငယ်သာ ဝတ်ထားသည်ကို သတိပြုမိခဲ့သည်။ သူသည် ကျားဟွေ့ရဲ့ လက်ကို တိတ်တဆိတ်ဆွဲကာ
သူမနားထဲ မေးခွန်းတစ်ခုကို တိုးတိုးလေးမေးလာသည်။
နိုဝင်ဘာလတွင်
ရာသီဥတုအေးလာသည်။ အင်္ကျီတစ်ထည်သာဝတ်ထားရင် မလုံလောက်ပေ။ ကျောက်တုန်းလင်က သူမ
အေးခဲသွားမှာကို ကြောက်သည်။
“မအေးပါဘူး ကျွန်မ
အထဲမှာ အဝတ်တွေထပ်ဝတ်ထားတယ်။”
ကျောက်တုန်းလင်က
ကျားဟွေ့ရဲ့ လက်အပူချိန်ကို ခံစားလိုက်ရသည်။ သူမသည် မအေးသလို မပူတာကြောင့်
ကျားဟွေ့ အမှန်ပင် မလိမ်ကြောင်း သက်သေပြခဲ့သည်။
အအေးဒဏ်ကို သူမတကယ်ကြောက်သည်။
“မင်းအေးရင်ပြောနော် ငါ့အင်္ကျီကိုချွတ်ပြီး မင်းကိုပေးမယ်”
တုန်းကျားဟွေ့ ခေါင်းညိတ်လိုက်သည်။ ဒါက ကျောက်တုန်းလင်နဲ့
ပတ်သက်ပြီး သူမ ကြိုက်တဲ့အရာဖြစ်သည်။ သူက
အလွန်သတိထားပြီး လူအများကို ဂရုစိုက်တတ်သူဖြစ်သည်။
အမျိုးသားတွေကြားမှာ ကွဲပြားမှုတွေ
အများကြီးရှိသည်။ အချို့အမျိုးသားများသည် အလွန်ဂရုစိုက်ကြပြီး
အချို့အမျိုးသားများသည် ၎င်းတို့ကိုယ်မှလွဲ၍ ဘာမှမမြင်ပေ။ ကျောက်တုန်းလင်က “အလွန်ဂရုစိုက်ခြင်း”
အမျိုးအစားတွင်ပါသည်မှာ ထင်ရှားသည်။
လယ်ထွန်စက်သည်
ရှန်ဟဲရွာသို့ တလမ်းလုံး မောင်းသွားခဲ့သည်။ ဒါက တုန်းကျားဟွေ့ရဲ့ ပထမဆုံး အကြိမ်
ဒီကို လာတာဖြစ်သည်။ သူမသည် လမ်းမပေါ်ရှိ
ရှုခင်းများကို လှမ်းကြည့်ရင်း မထင်မှတ်ဘဲ ဘာမှမဖြစ်ခဲ့ပါက ဤမြေပေါ်တွင်
အချိန်အကြာကြီး နေထိုင်ကြရမည်ဟု တွေးလိုက်မိသည်။
သူမ၏ စိတ်မှာလည်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
သတို့သမီးကြိုဖို့
တာဝန်ကျတဲ့အဖွဲ့ ပြန်လာတော့ ရွာအဝင်ဝမှာ စောင့်နေတဲ့ လူတွေက မီးရှူးမီးပန်းတွေ
အမြန်ရှို့ကြပြီး အဖွဲ့သားတွေက ကျောက်ရဲ့အိမ်ဆီ တလမ်းလုံး မောင်းသွားကြသည်။
“လာပြီ၊ သတို့သမီး ဒီမှာလာပြီ။”
ဘယ်ရွာကပဲဖြစ်ဖြစ်
သားသမီးတွေက မင်္ဂလာပွဲကြီးကို တွေ့တော့ အပျော်ဆုံးပဲ ဖြစ်သည်။ ဒီလိုပျော်စရာကောင်းတဲ့ပွဲက သကြားလုံးတွေနဲ့
အရသာရှိတဲ့ ခေါက်ဆွဲတွေကို စားနိုင်ကြတယ်လေ။
ဆွေမျိုးများနှင့်
အိမ်နီးနားချင်းတစ်စုသည် ခြံတံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေကြပြီး အားလုံးက
သတို့သမီး၏ပုံပန်းသဏ္ဍာန်ကို သိချင်နေကြသည်။
ကျောက်တုန်းလင်က
သူ့စိတ်နှလုံးကို လှုပ်ရှားစေပြီး အိမ်ပြန်လက်ထပ်စေနိုင်တဲ့ အမျိုးသမီးဟာ
ကွာရှင်းပြတ်စဲတဲ့ အမျိုးသမီးဖြစ်နေဆဲလို့ ဆိုသည်။ ထူးထူးခြားခြား တစ်ခုခုတော့ အမြဲရှိသည်။
လယ်ထွန်စက်ရပ်ပြီးနောက်မှာ ကျောက်တုန်းလင်က
ဦးစွာဆင်းသွားပြီးနောက်လှည့်ကာ တုန်းကျားဟွေ့ကို ဆင်းစေခဲ့သည်။ အားလုံးက သတို့သမီးလေးရဲ့ မျက်နှာအစစ်ကို
နောက်ဆုံးမှာ မြင်လိုက်ရသည်။
ဘယ်လိုပြောရမလဲ -
ရုပ်ရည်က ချောလွန်းတယ်။ သူမသည်
ပိန်လွန်းပြီး အားနည်းနေပုံရသည်။
“ဒါက တုန်းလင်ရဲ့ ဇနီးအသစ်လား။”
“သူမက
အရမ်းပိန်တယ်။ သူ့ခါးက
နှစ်ပေပဲရှိလိမ့်မယ် မဟုတ်လား။ ”
“ရုပ်ရည်က ချောပေမယ့် သူမပုံစံက
ကောင်းချီးပေးခံရမယ့်ပုံမပေါ်ဘူး။”
“ဒီအကြည့်…
သူနဲ့ကွာရှင်းသွားတာ အံ့သြစရာတော့ မဟုတ်ဘူး။
မြင့်မြတ်တဲ့မိသားစုကြီးက ဒီဇနီးမယားကို သူတို့မိသားစုမှာ လက်ထပ်ဖို့
ဘယ်လိုသဘောတူခဲ့တာလဲ။”
“ဟေ့ တုန်းလင်က သူမကို ကြိုက်တယ်။ မိခင်က သားဖြစ်သူကို
ဘယ်လိုငြင်းခုံနိုင်မှာလဲ။”
“သိမ်မွေ့တဲ့ အသွင်အပြင်ရှိတဲ့ လူက ဘာလုပ်နိုင်မှာလဲ။
လယ်ကွင်းမှာတောင် အလုပ်မလုပ်နိုင်တော့မှာကို ငါစိုးရိမ်တယ်။ ”
တုန်းကျားဟွေ့ အသွင်အပြင်က ဤကျေးလက်ဒေသ၏ ခေတ်ရေစီးကြောင်း
အလှတရားများနှင့် အမှန်တကယ် မလိုက်ဖက်ပေ။
ဤခေတ်သည် ဘုန်းကြီးသော အလုပ်သမားခေတ်ဖြစ်သည်။ ယောက်ျားလေးပဲဖြစ်ဖြစ်
မိန်းကလေးပဲဖြစ်ဖြစ် သန်မာတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိခြင်းက တန်ဖိုးကို
ဖန်တီးပေးနိုင်သည်။
ကျန်းချောင်းအာနဲ့
ကျောက်မန့်ဇူတို့က သတင်းကြားသောကြောင့် အိမ်ရှေ့ခန်းမှ ထွက်လာကြသည်။
သူတို့နောက်တွင် တုန်းကျားဟွေ့ မမြင်ဖူးတဲ့ ကျောက်ချိုင်ရှနဲ့ ကျောက်မေရှန်းတို့
ယောင်းမနဲ့ ဦးလေး အပါအဝင် ၎င်းတို့နောက်မှ လူများစွာကနောက်ကနေ
လိုက်ပါခဲ့ကြသည်။ ကျောက်မေရှန်းရဲ့
လက်နှစ်ဖက်တွင် ချီထားသည့် ကလေးမလေးအပေါ် သူမမျက်လုံးများက စိုက်ကြည့်နေခဲ့သည်။
ကလေးမလေးက
အသက်တစ်နှစ်ခန့်သာရှိသေးသည်။ သူမက
ထျန်းနျိုထက်သေးငယ်သည်။ သူမသည် သေးငယ်ကျစ်လျစ်သော မျက်နှာရှိသည်။ အိမ်အပြင်ဘက်တွင်
သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို ကြည့်နေစဉ် သူမ၏ မျက်လုံးများသည် ကြီးမားပြီး
တောက်ပနေသည်။ တုန်းကျားဟွေ့က
ဤမိန်းကလေးသည် ကျောက်တုန်းလင်ရဲ့ သမီး ယင်းပေါင် ဖြစ်နိုင်တယ်လို့ မှန်းဆခဲ့သည်။
တုန်းကျားဟွေ့က
ချစ်စရာကောင်းသည့် မိန်းကလေးများကို နှစ်သက်သည်။ သူမသည် တုန်းမိသားစုရဲ့
ထျန်းနျိုနဲ့ မကြာခဏကစားသည်။ ပင်ကိုယ်စရိုက်နှင့် အသက်အရွယ်သည် ထျန်းနျိုနဲ့
သိပ်မကွာလှတဲ့ ယင်းပေါင်ကို မြင်လိုက်ရသဖြင့် တုန်းကျားဟွေ့ အကြည့်များက
ပျော့ပြောင်းလာသည်။
စက္ကန့်အနည်းငယ်အတွင်း တုန်းကျားဟွေ့
အမူအရာရုတ်တရက်ပြောင်းလဲသွားခြင်းသည် ကျန်းချောင်းအာရဲ့ မျက်လုံးများမှ
လွတ်မြောက်သွားခြင်းမရှိပေ။ ဒီဇနီးသည်က
တကယ်ကို ကလေးချစ်တတ်ပြီး နူးညံ့တဲ့ စိတ်ထားရှိတယ်လို့ တွေးပြီး ကျေနပ်စွာ
ခေါင်းညိတ်လိုက်သည်။ ဒါက သူမမြေးတွေအတွက်
မကောင်းမှာကို မကြောက်ရပေ။
ဇနီးမယားနဲ့
သမီးကို လက်ထပ်တာ ကွာခြားသည်။
တုန်းကျားဟွေ့ အိမ်မှ ထွက်သွားသောအခါ ရှန်းကွေ့ရှောင် မျက်လုံးများ
နီရဲလာပြီး ကျန်းချောင်းအာ သားရဲ့ ဇနီးအနေနဲ့ လက်ထပ်လိုက်သောအခါတွင် သူမ၏
မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။
“အဖေ၊ အမေ”
ချဉ်းကပ်ပြီးနောက်၊
တုန်းကျားဟွေ့က ကျောက်တုန်းလင် နောက်သို့ လိုက်သွားခဲ့ပြီး ယောက္ခမနဲ့ ယောက္ခထီးကို ခေါ်လိုက်သည်။ ကျန်းချောင်းအာက ပြုံးပြီး ကျားဟွေ့ လက်ကို
ကိုင်လိုက်ကာ အိမ်ထဲ အတူတူဝင်သွားကြသည်။
သတို့သမီးကို စေလွှတ်ရန် ရောက်ရှိလာသော တုန်း မိသားစုကိုလည်း ကျောက်
မိသားစုမှ နွေးထွေးစွာ ကြိုဆိုခဲ့သည်။
ခန်းမထဲ အဖွဲ့
လိုက်ဝင်ကြသည်။
ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် မော်စီတုံး၏ပုံတူအောက်တွင် ကြေငြာချက်ကို
အတူတူဖတ်ကြပြီး၊ ထို့နောက် ယောက္ခမနှင့် ယောက္ခထီးတို့အား လက်ဖက်ရည် တိုက်ကြရသည်။ ကျန်းချောင်းအာနဲ့ ကျောက်မန့်ဇူတို့က
စာအိတ်အနီတစ်အိတ်ကို ပေးအပ်ခဲ့သည်။
မော်စီတုံးဟုလည်း လူသိများသော အသင်းဥက္ကဌ မော်သည်
တရုတ်ကွန်မြူနစ်တော်လှန်ရေးသမားတစ်ဦးဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ(PRC)ကို
စတင်တည်ထောင်သည့် ၁၉၄၉ ခုနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌအဖြစ်
အုပ်ချုပ်ခဲ့သည်။ သူဟာ 1976 ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ မော်စီတုန်းဝါဒသည်
သူ၏သီအိုရီများ၊ စစ်ရေးဗျူဟာများနှင့် နိုင်ငံရေးမူဝါဒများကို လွှမ်းခြုံထားသည့်
မာတ်စ်ဝါဒီ-လီနင်ဝါဒဖြစ်သည်။
“ ဒါက ဟိုင်းဒန်၊ ဒါက ယင်းပေါင်။ အခုအချိန်ကနေစပြီး
သမီးနဲ့တုန်းလင်တို့က အိမ်ထောင်သည်တွေဖြစ်သွားကြပြီ။ ဟိုင်းဒန်နဲ့ ယင်းပေါင်တို့က
သမီးရဲ့ သားသမီးတွေ ဖြစ်လိမ့်မယ်။ အမေ့မှာ သမီးအတွက် တခြားလိုအပ်ချက်တွေ မရှိဘူး။
ဒီကလေးနှစ်ယောက်ကို သမီးကောင်းကောင်းဂရုစိုက်ပေးဖို့ပဲလိုတယ်။”
ဟိုင်းဒန်က ကျောက်ချိုင်ရှ၏ နောက်သို့လိုက်နေခဲ့သော်လည်း
ယခုတစ်ကြိမ်တွင် ကျန်းချောင်းအာက ဟိုင်းဒန်ကို အရှေ့သို့ဆွဲခေါ်လိုက်သည်။
ဟိုင်းဒန်က အရပ်ရှည်တယ်၊ အသားညိုပြီးတော့ ပိန်သည်။ သူ တစ်စုံတစ်ခုကို
နားလည်ထားပြီးတာဖြစ်နိုင်သည် သို့တည်းမဟုတ် တစ်စုံတစ်ဦးက သူ့အား
တစ်စုံတစ်ခုပြောခဲ့ဖူးပေမည်။
ထိုအချိန်တွင် သူက ခေါင်းငုံ့ကာ တုန်းကျားဟွေ့ ကို
ကြည့်ဖို့ငြင်းဆန်ခဲ့သည်။
မိခင်၏ချစ်ခြင်းမေတ္တာမရှိသော ကလေးကိုကြည့်ရတာ အမြဲပင်
ကြေကွဲဖွယ်ကောင်းလှပြီး သူမက ဒီကလေးနှစ်ဦးကို မွေးဖွားခဲ့တာမဟုတ်သော်ငြားလည်း
တုန်းကျားဟွေ့က သူတို့လေးတွေရဲ့မိခင်ဖြစ်ရန် ပြင်ဆင်နေသည်မှာ ကြာပြီဖြစ်သည်။
“ဟိုင်းဒန်၊ ဒါက မင်းအမေပဲ၊ မြန်မြန် သူမကိုအမေကို
ခေါ်လိုက်လေ။”
ကျန်းချောင်းအာက သူ့မြေးကို နောက်ပြန်တွန်းလိုက်ပေမယ့်
ဟိုင်းဒန်က ခေါင်းတောင်မမော့လာပေ။
“ဟေ့ ဒီကလေး။ မနေ့ က သူမကို ဘယ်လိုခေါ်ရမယ်ဆိုတာ အဖွား
မပြောခဲ့ဘူးလား။ မင်းဘာလို့မခေါ်ရတာလဲ။”
ဒီတစ်ခါတော့ ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေက
စောင့်ကြည့်နေကြပြီး အချင်းချင်း တီးတိုးပြောနေကြသည်။ တုန်းကျားဟွေ့မှာ သူတို့ ဘာပြောနေမှန်း သိရဖို့
စဉ်းစားနေဖို့ မလိုပေ။
“အမေ၊အဆင်ပြေပါတယ်။ သူ့ကို အမေလို့ မခေါ်ခိုင်းပါနဲ့။ ဒီနေ့
လူတော်တော်များများ ဒီကိုလာတဲ့အတွက် ဟိုင်းဒန် ရှက်နေတာဖြစ်နိုင်တယ်။ သမီးတို့မှာ
ရှေ့ဆက်ဖို့ရက်အရှည်ကြီးရှိပါသေးတယ်။ သမီး
ဟိုင်းဒန်နဲ့ ယင်းပေါင်အပေါ် ကောင်းနေသရွေ့ သူတို့သမီးကို အမေလို့ ခေါ်ဖို့
ဆန္ဒရှိနေမှာ သေချာပါတယ်။”
ဤစကားများသည် ကျန်းချောင်းအာ၏ နှလုံးသားကို သက်သာစေရန်
ပြောခဲ့ခြင်းဖြစ်သည်။
“မင်းပြောတာမှန်တယ်။ မင်းသူတို့အပေါ် ကောင်းသရွေ့ မင်းကို
မိခင်တစ်ယောက်အနေနဲ့ သူတို့အသိအမှတ်ပြုလိမ့်မယ်။”
သူမရဲ့မိဘတွေကိုတွေ့ပြီး လက်ဖက်ရည်ကမ်းပေးပြီးနောက်
ကျောက်တုန်းလင်က သူမကို သူမရဲ့အခန်းထဲ ပြန်ခေါ်သွားခဲ့သည်။ သူမရဲ့ယောင်းမ
ကျို့ရင်ဒီနဲ့ ကျောက် မိသားစု၏ ဆွေမျိုးအများအပြားက သူမနောက်သို့ လိုက်ခဲ့ကြသည်။
အိမ်ထောင်မပြုမီ အခန်းကို ပြန်လည် ပြုပြင်ခဲ့သည်။ အဖြူရောင်နံရံတွေ၊ မိုးမခရောင်စုံ
ပရိဘောဂအစုံအလင်၊ အသစ်စက်စက် နံရံကပ်လက်ဆေးကန်၊ ထွေးခံနှင့် စားပွဲပေါ်ရှိ
အနီရောင်မန်ဒရင်းဘဲ ရေပုလင်းတစ်စုံ။ အထင်ရှားဆုံးမှာ ပြတင်းပေါက်အောက်ခြေဘောင်တန်းအောက်က
အပ်ချုပ်စက်ဖြစ်သည်။
ကုတင်ပေါ်တွင် အနီရောင် အိပ်ရာခင်းပေါ်တွင်
ပျော်ရွှင်စရာစကားလုံးများကို ရိုက်နှိပ်ထားသည့် အနီရောင် စောင်ကြီးများဖြင့်
ဖုံးအုပ်ထားပြီး ရာနှင့်ချီသော ကလေးတွေနှင့် မြေးထောင်ပေါင်းများစွာ၏
ပုံစံလည်းပါသည်။ သကြားလုံးအပျော့လေးတွေ၊
မြေပဲတွေ၊တောကြက်မောက်သီးတွေ၊ နေကြာစေ့ စသည်တို့ကို အိပ်ရာခင်းပေါ်တွင်
ထားရှိပြီး “သားတစ်ယောက်စောစောမွေးပေးပါ” ဟု အဓိပ္ပာယ်ရသည်။
“ဒီအခန်းကို ကောင်းကောင်းအလှဆင်ထားတာပဲ ”
“ပရိဘောဂက အသစ်ပဲ ဟုတ်တယ်မဟုတ်လား။”
“ဇနီးအသစ် မပျော်မှာကို သူတို့စိုးရွံ့တဲ့အတွက်
ဒါတွေအားလုံးကို အသစ်အစားထိုးလိုက်တာ။”
“အဲဒီအပ်ချုပ်စက်ကို အမျိုးသမီးဘက်က ပေးထားတာလား။”
“ဟုတ်တယ်၊ ဒီဇနီးအသစ်က အဝတ်အစားတွေချုပ်တတ်တယ်
သူ့အမေအိမ်မှာရှိတုန်းက အဝတ်အစားတွေချုပ်ပြီး သူများတွေကို ကူညီပေးပြီးတော့
ပိုက်ဆံရှာနိုင်တယ်လို့ ငါကြားထားတယ်။ ”
“တကယ်လား။ ငါအဲ့တာကို တကယ်မသိဘူး။”
တုန်းကျားဟွေ့ က သူမမျက်နှာမှာ အပြုံးတစ်ခုနဲ့
ထိုင်နေသည်။
သူမနဲ့စကားပြောတဲ့သူတွေကလွဲရင် တခြားသူတွေက သူမ မကြားနိုင်တဲ့စကားတွေကို
တိုးတိုးပြောကြသည်။
မကြာခင်မှာ စားဖို့ချိန်ရောက်ပြီ ဖြစ်သည်။ ကျောက် မိသားစုတွင်
ဆွေမျိုးများစွာရှိသည်။ ပထမအကျော့တွင်
စားပွဲ ဆယ့်ရှစ်လုံးကို ပြင်ထားခဲ့သည်။ အခြားနည်းလမ်းမရှိခဲ့ပေ။ တကယ်က စားပွဲအပိုလည်း
မရှိခဲ့ပေ။ ရှိခဲ့ရင်တောင်မှ ကျောက်
မိသားစုအိမ်က အရမ်းမကြီးတဲ့အတွက် အဲ့တာကို တံခါးအပြင်ဘက်မှာ ထားထားခဲ့သည်။ နောက်ထပ် စားပွဲအနည်းငယ် ထပ်ထည့်ဖို့
နေရာမရှိတော့ပေ။
အခြားတစ်ဖက်တွင်မူ မီးဖိုချောင်သည် တစ်ကြိမ်လျှင်
ဟင်းပွဲများစွာကို ချက်ပြုတ်နိုင်သည်။
ဟုတ်ပါတယ်၊ ကျောက် မိသားစုရဲ့ ဆွေမျိုးတွေနဲ့
အိမ်နီးနားချင်းတွေက စားပွဲဆယ့်ရှစ်ခုထက်မက ပေါင်းရမယ်။ ကျေးလက်မှာ သူတို့က
မြန်မြန်စားကြသည်။ လူတိုင်း ဗိုက်ဆာပြီး
အထိတ်တလန့်ဖြစ်ပြီးတော့ ရံဖန်ရံခါ ကောင်းကောင်းစားဖို့ ခက်ခဲတာကလွဲရင်
နောက်တစ်ချက်ကတော့ ပထမအကျော့ပြီးရင် ဒုတိယအကျော့ ဒါမှမဟုတ် တတိယအကျော့မှာတောင်
လိုက်သွားတာပါပဲ။
တုန်း မိသားစုက သတို့သမီးကို ကျောက် မိသားစုထံ ပို့ပြီး
ထမင်းစားပြီးနောက် ကျောက် မိသားစုဆီမှ ထွက်ခွာသွားခဲ့သည်။ ကျို့ရင်ဒ်ီ ပြန်လာပြီးနောက် သူမက ကျောက်
မိသားစုတွင် သူတို့မြင်ခဲ့ရသည့်အရာများကို ရှန်းကွေ့ရှောင် အား အသေးစိတ်ပြောပြခဲ့သည်။
“အဲ့ဒါက အရမ်းကြည့်ကောင်းပြီး သန့်ရှင်းရေးက
အရမ်းသပ်ရပ်တယ်။ တုန်းလင်ရဲ့ ကလေးနှစ်ယောက်ကိုလည်း တွေ့ခဲ့တယ်။ သေးသေးလေးတစ်ယောက်က
အဆင်ပြေတယ်။ သူမက သူမရဲ့မွေးမိခင်ကို မမှတ်မိနိုင်ဘူး။ ကလေးအကြီးက လေးနှစ်။
သူကအစကတည်းက စဥ်းစားချင့်ချိန်တတ်ဖို့ဖြစ်လာတာ။ သူ ကျားဟွေ့ကို မြင်တော့
စကားမပြောချင်ဘူး။ သူတို့အရင်ဆုံးအဲဒါကို ရင်းနှီးအောင်လုပ်ထားမှရမယ်။
အခက်အခဲတစ်ချို့တော့ ရှိမယ်ထင်တယ်။”
ရှန်းကွေ့ရှောင်က ယေဘူယျ အခြေအနေကို ကျေနပ်သည်။
ကလေးနှစ်ယောက်အတွက်မူ သူ့သမီးအိမ်ထောင်ပြုပြီးသည်နှင့် သူတို့ရဲ့မိခင်အဖြစ်
ဆက်ဆံခံရမည်ဟု အစကတည်းက မမျှော်လင့်ထားပေ။
“နောက်ဆုံးတော့
ငါ့ရဲ့ အကြီးမားဆုံး စိုးရိမ်မှုက ပြီးသွားပြီ။ သူတို့ရဲ့ အနာဂတ်ဘဝတွေက
သူတို့အပေါ်မှာ ပဲမူတည်တယ်။”
သူမသမီး လု ရဲ့အိမ်ကပြန်လာတဲ့အခါ
ကောင်းကင်ကြီးတစ်ခုလုံးပြိုကျသွားသလို ခံစားလိုက်ရသည်။ နောက်ပိုင်းမှာ သူ့သမီးက သေချင်နေပြီး
သူမလည်းသမီးနဲ့ လိုက်သေချင်ပေမယ့် အဲ့ဒါကဒီအတိုင်းပါပဲ။ သူမ အခက်ခဲဆုံးကာလကို
လွတ်မြောက်ခဲ့သည်။ အဲ့တာကတော့ “တောင်များနှင့် မြစ်များသည်
သံသယဝင်စရာလမ်းမရှိပါ[1] နှင့် မိုးမခပင်များသည် မှောင်မဲနေပြီး အခြားရွာတွင်
ပန်းများရှိသည်[2]”တဲ့
တုန်းလင်က လူကောင်းတစ်ယောက်ဖြစ်သည်။ ရှန်းကွေ့ရှောင် က သူ့သမီး သူ့ကို လက်ထပ်ရင်
ဒုက္ခရောက်မှာမဟုတ်ဘူးလို့ ယုံကြည်သည်။
ယောက္ခမနဲ့ အတူနေထိုင်ပြီး သားသမီးနှစ်ယောက်ရဲ့ မိထွေးဖြစ်ရခြင်းနဲ့ ပတ်သက်ပြီးတော့
အရင်က လု မိသားစုမှာ ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခအခက်အခဲတွေနဲ့ ဘယ်လို
နှိုင်းယှဉ်နိုင်မလဲ။
အမျိုးသမီးများသည် ခက်ခဲကြမ်းတမ်းသောဘဝဖြင့်
မွေးဖွားလာကြပြီး တစ်သက်တာတွင် ချစ်လှစွာသောခင်ပွန်းနှင့် တွေ့ဆုံနိုင်လျှင်
အဲ့တာက သူတို့အတွက်ဘုရားသခင် စောင့်ရှောက်ပေးတာပဲဖြစ်သည်။
စားသောက်တည်ခင်းဧည့်ခံကျွေးမွေးပြီးသည့်နောက်
နေ့ခင်းဘက်တွင် လူအားလုံး တယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြပြီး ညစာစားရန်အတွက်
လုံလောက်သော ရင်းနှီးသူများသာ ကျန်ခဲ့တော့သည်။
ကျောက်မေရှန်းက ယင်းပေါင်ကို သူမရဲ့ရင်ခွင်ထဲမှာချီပြီး
ရောက်ရှိလာသည်။ တုန်းကျားဟွေ့က
သူမရဲ့ကလေးတွေဖြစ်တဲ့ ယင်းပေါင်၊ ဟိုင်းဒန်တို့အတွက် ပြုလုပ်ထားသည့်
အဝတ်အစားများကိုထုတ်ယူခဲ့သည်။ ရှီထု အတွက်တောင်ပါလိုက်သေးသည်။ ပို့လိုက်တဲ့
သစ်သားသေတ္တာထဲကနေ အဲ့တာတွေကို ထုတ်ယူလိုက်သည်။
ယင်းပေါင်၏အဝတ်အစားများကို ထျန်းနျိုရဲ့ အရွယ်အစားအရ
ပြုလုပ်ပေးထားသည်။ အဝါရောင် အပေါ်ထပ်အင်္ကျီ သေးသေးလေးတွေ ဖြစ်သောကြောင့် ရာသီဥတု
အေးလာသောအခါတွင် ၎င်းတို့ကိုဝတ်ဆင်နိုင်သည်။
“ယောင်းမ၊ ယောင်းမရဲ့လက်တွေက အရမ်းကျွမ်းကျင်းတာပဲနော်။ ဒီဘဲလေးကို
အရမ်းလှလှလေး ကွန့်ထားပြီး အရောင်တွေကို ကောင်းကောင်း ရွေးချယ်ထားတယ်။ အဲ့တာက
ယင်းပေါင်း ရဲ့ မျက်နှာနဲ့ အရမ်းလိုက်တယ်။ ”
ကျောက်မေရှန်းက အဝတ်သေးသေးလေးကိုယူ၍ တူမလေးရဲ့ကိုယ်ပေါ်မှာ
ယှဉ်လိုက်သည်။ မိန်းကလေးအများစုသည်
သဘာဝအားဖြင့် ချစ်စရာကောင်းတဲ့အရာများကို ခံနိုင်ရည်မရှိကြပေ။ ကလေးအတွက်လုပ်ထားတဲ့ သူမရဲ့ယောင်းမအသစ်
ပြုလုပ်ပေးထားတဲ့ အဝတ်အစားအသစ်ကို သူမ သဘောကျသည်။
“အမေ၊ကြည့်ပါဦး၊ သမီးရဲ့ယောင်းမက ယင်းပေါင်နဲ့ သူတို့အတွက်
အဝတ်အစားတွေ လုပ်ထားတယ်။ သူမရဲ့လက်တွေက
အရမ်းကျွမ်းကျင်တယ်လို့ မထင်ဘူးလား။”
သူမယောင်းမနဲ့ နှိုင်းယှဥ်လိုက်ရင်
သူမရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုက ကြယ်သီးတွေချုပ်တာဆိုတာ ပြောဖို့မတန်ပေ။
ညနေခင်း၌ ညစာစားပြီးချိန်မှာတော့ ကျန်းချောင်းအာ က
ပြုံးပြီး လူသစ် နှစ်ယောက်ကို ပြောလိုက်သည်။
“မင်းတို့တစ်နေကုန် အလုပ်ရှုပ်နေခဲ့ကြပြီးပြီ
အခန်းကိုမြန်မြန်ပြန်ပြီး အနားယူကြတော့။ ဒီနေ့ည ဟိုင်းဒန်က သူ့ဦးလေးနဲ့
အိပ်လိမ့်မယ်။ မေရှန်းက ယင်းပေါင်းနဲ့အိပ်လိမ့်မယ်။ ကလေးနှစ်ယောက်ကြောင့် မင်းတို့
အလုပ်ရှုပ်နေစရာ မလိုဘူး။”
ဘာလို့လဲ။ အဲ့တာ ဒီနေ့က သူတို့ မင်္ဂလာဦးညမို့ မဟုတ်လား။
တုန်းကျားဟွေ့ ဒီစာကြောင်းရဲ့ အဓိပ္ပါယ်ကို နားလည်သည်။ သူမ မျက်နှာတစ်ခုလုံး နီရဲသွားခဲ့သည်။ ကျောက်တုန်းလင်က ပုံမှန်အတိုင်း
တည်ငြိမ်ပြီးအေးအေးဆေးဆေးပဲ ပြုမူနေသည်။
အခုက ညဥ့်နက်နေပြီလေ ပြီးတော့ သူတို့နှစ်ယောက်သား
ဖယောင်းတိုင်မီးကြောင့် အနည်းငယ်ရှက်သွားကြသည်။
တုန်းကျားဟွေ့ ကိုယ်လက်ဆေးကြောသန့်စင်ပြီးသွားပြီး သူမ
တခြားဝတ်စုံကို လဲထားသည်။ သူမသည် မူလက သူမ၏ဆံပင်ကိုအောက်အထိ
ကျစ်ဆံမြီးနှစ်ချောင်းကျစ်ပြီး ခွေထားသည် အဲ့တာက နောက်ထပ် ဆွဲဆောင်မှုတစ်မျိုးကို
ပေးစွမ်းသည်။
မီးအိမ်အောက်က
အလှလေးကို သင်ပိုကြည့်လေ သူမက ပိုလှလေလို့ ဆိုကြသည်။ ဖယောင်းတိုင်မီးက တုန်းကျားဟွေ့ကို
ရွှေထီးဆောင်းပေးထားသလိုပဲ။
မင်္ဂလာဦးညမှာ အနီရောင် ဖယောင်းတိုင်ကို တစ်ညလုံး
ထွန်းထားသည်။ ကျောက်တုန်းလင်က
ခြင်ထောင်ကိုချပြီး ကျောက်တုန်းလင်အား “နောက်ကျနေပြီ၊
အနားယူရအောင်”လို့ပြောလိုက်သည်။
တုန်းကျားဟွေ့ ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။ အရွယ်ရောက်ပြီးချိန်မှာတော့
ဒီနေ့ဘာဖြစ်လာမလဲဆိုတာကို သူမ နားလည်သည်။
သူမအတွက်၊ ဒီခန္ဓာကိုယ်ဟာ အရင်က အိမ်ထောင်ရှိခဲ့ပေမယ့်
သူ့ကိုယ်သူအတွက်ကကျတော့ သူမက မကြာခင်ကမှသာ ချစ်ဖူးတာလေ ပြီးတော့ နောက်ထပ်
တိုးတက်မှုမရှိတဲ့အတွက် သူမရဲ့ နှလုံးသားက ဒီအချိန်မှာ မလွယ်ကူနေပေ။
သူမ တစ်ယောက်တည်း လဲလျောင်းနေသော်လည်း ကျောက်တုန်းလင်
သူမအနားတွင် လှဲလိုက်တဲ့အချိန်မှာတော့ ယောက်ျားပီသသော စွမ်းအင်များ
လောင်ကျွမ်းနေသည်ကို သူမ ချက်ချင်းပင်
ခံစားလိုက်ရပြီး မတော်တဆ သူ့လက်မောင်းကို
ထိမိသွားသည်။ သူမ
မီးရှို့ခံလိုက်ရသလိုပဲ တုန်းကျားဟွေ့ အနည်းငယ်ခွာပြီးနေလိုက်သည်။
စစ်သားတစ်ယောက်ဖြစ်တဲ့ ကျောက်တုန်းလင်က သူ့လက်ဖမိုးကဲ့သို့
သူမရဲ့ လှုပ်ရှားမှုတိုင်းကို သိသည်။ သူက
အသည်းအသန် ဖြစ်နေတဲ့လူမဟုတ်ပေ။ တစ်ခါတစ်ရံတွင် အေးစက်နေသော်လည်း တုန်းကျားဟွေ့ကို
ပထမဆုံးမြင်တွေ့လိုက်သည့်အချိန်မှစ၍ သူ့နှလုံးသားထဲတွင် သူမက ကြီးထွားလာကာ
သူ့နှလုံးသားအတွင်းရှိ အမျိုးသမီးများ၏ ခံယူချက်အားလုံးနှင့်
လိုက်လျောညီထွေဖြစ်နေသည်။ နူးညံ့တယ်၊ လှပပြီး သူ့အတွင်းစိတ်ဆန္ဒက ကာကွယ်ဖို့
အပြည့်အဝနှိုးဆွပေးနေသည်။
သူ နေ့ခင်းဘက်တုန်းက သူမ၏ အနီရောင် မင်္ဂလာဝတ်စုံကို
ကြည့်ပြီး သူ့စိတ်ထဲက တုံ့ပြန်မှုကို မထိန်းတော့ပေ။ တစ်နေ့တာအတွင်း သူမကိုတွေ့ပြီးနောက် သူမကို
သူ့ရင်ခွင်ထဲတွင် ဘယ်လောက်ထည့်ထားချင်သလဲဆိုတာကို ဘုရားသခင်သာ သိသည်။
သူမျက်လုံးကိုမှိတ်ထားရင်း နှာခေါင်းက သူ့နှလုံးသားကို
ရစ်ပတ်ထားတဲ့ စပျစ်နွယ်ပင်လို သူမရဲ့ကိုယ်သင်းနံ့တွေက စွဲကပ်နေပြီး တရွရွဖြစ်နေတဲ့
ခံစားချက်တွေ ပေါက်ဖွားလာခဲ့သည်။
တုန်းကျားဟွေ့ သူမရဲ့ခါးတစ်ဝိုက်တွင် သူ့လက်တွေရဲ့
တင်းတင်းကြပ်ကြပ်နဲ့ဖက်လိုက်တာကိုသာ ခံစားလိုက်ရသည်၊ ကျောက်တုန်းလင်က
သူ့လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး သူမကို အပေါ်မှငုံ့ကြည့်နေသည်။
ဖယောင်းတိုင်မီးက ခြင်ထောင်ကို ဖြတ်သွားခဲ့သည်။ အဲ့တာက
နေ့ခင်းလောက် မတောက်ပပေမယ့် တစ်ယောက်နဲ့တစ်ယောက် အမူအရာတွေကို
မြင်နိုင်လောက်အောင်လုံလောက်သည်။ တုန်းကျားဟွေ့က သူမ ခေါင်းကို မသက်မသာ
လှည့်လိုက်ပြီး ကျောက်တုန်းလင်ရဲ့ လောင်ကျွမ်းနေသော မျက်လုံးများကို ရှောင်လိုက်သည်။
သူ့မျက်လုံးများက သိသာထင်ရှားသော ကျူးကျော်တိုက်ခိုက်မှုကို
သယ်ဆောင်လာသည်။ တုန်းကျားဟွေ့က မသက်မသာနဲ့
သူမရဲ့နှုတ်ခမ်းတွေကို လိုက်လိုက်သည်။ ကျောက်တုန်းလင်၏ ဤလုပ်ရပ်သည် ဘားတန်းပေါ်မှ
သစ်တုံးခြောက်တုံးပြုတ်ကျကာ သူ့အတွင်းပိုင်း၌ မီးလုံးဝလောင်ကျွမ်းသွားသည်နှင့်
အဓိပ္ပါယ်တူကြောင်းကို သူမ မသိခဲ့ပေ။
ကျောက်တုန်းလင်က သူမ၏ မေးစေ့ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို
ကြည့်ဖို့ တွန်းအားပေးခဲ့သည်။
တုန်းကျားဟွေ့က မျက်လုံးများကိုမှိတ်လိုက်ပြီး နူးညံ့သော အနမ်းတစ်ခုက
သူ့နှုတ်ခမ်းပေါ်သို့ ကျရောက်လာခဲ့သည်။ လုပ်ဆောင်မှုက အရမ်းကြင်နာယုယတယ်၊ အရမ်း
နူးညံ့တယ်၊ အရမ်း ဂရုစိုက်သည်။
တုန်းကျားဟွေ့ က သူမဟာ ချိုမြိန်ပြီး ချောကျိကျိဖြစ်နေနဲ့
သကြားတုံးလေးဖြစ်နေတယ်လို့ ခံစားရပြီး သူကတော့ သကြားလုံးကိုကိုင်ထားတဲ့
ကောင်လေးပေါ့။ သူတို့နှစ်ဦးသည် သူတို့၏ အတွင်းစိတ်ခံစားချက်တွေ
နောက်ကိုလိုက်ကြပြီး ပွင့်လင်းပြီး ရိုးသားခဲ့ကြသည်။ သူတို့သည် သူတို့၏လက်ချောင်းများကို ယှက်ကာ
နောက်ဆုံးကစားပုံကို သဘာဝအတိုင်း ဝင်ရောက်ခဲ့သည်။
“အ ...”
နာကျင်စွာ အော်လိုက်ရာ တစ်ချိန်တည်းမှာပင် သူတို့
ကြက်သေသေသွားကြလေသည်။
တုန်းကျားဟွေ့က သူမ၏ ချွေးထွက်နေသော ခန္ဓာကိုယ်ကို
ဂရုစိုက်မနေပေ။ အခု သူမ၏ နှလုံးသားထဲတွင် မေးခွန်းသင်္ကေတ 10000 လောက်က
ပေါလောမျောနေခဲ့သည်။
မူလပိုင်ရှင်အဖြစ် နေထိုင်ပြီးနောက် မူလပိုင်ရှင်၏
မှတ်ဉာဏ်များအားလုံးကို သူမ အမွေပေးတာမခံခဲ့ရပေ။ ပြီးတော့ မူလပိုင်ရှင်၏
ယခင်အိမ်ထောင်နှင့်ပတ်သက်သည့် သူမ၏မှတ်ဉာဏ်များက ပျောက်ဆုံးသွားခဲ့သည်။
ဒီလို စိတ်ဒဏ်ရာရဲ့ နောက်ဆက်တွဲမျိုး ရှိသည်။ လူတွေဟာ ပြင်းထန်စွာ နာကျင်လာတဲ့အခါကျရင်
တချို့အရာတွေကို ရွေးပြီးမေ့သွားတတ်ကြသည်။ သူမအတွက် ကျော်ဖြတ်ဖို့ အခွင့်အရေးက
မူလပိုင်ရှင်ရဲ့ အတွေးပါပဲ။
အရင်အိမ်ထောင်ရေးက နာကျင်လွန်းတာကြောင့်လည်း ဖြစ်နိုင်သလို မူလပိုင်ရှင်ရဲ့
ဦးနှောက်က အဲဒီမှတ်ဉာဏ်အားလုံးကို ဖျက်ပစ်ခဲ့တာလည်း ဖြစ်နိုင်သည်။
တုန်းကျားဟွေ့ ၏ နှလုံးသားက လွှမ်းမိုးနေသကဲ့သို့
ကျောက်တုန်းလင်က သူ့စိတ်ခံစားချက်ကို မဖော်ပြနိုင်ပေ။
သူဘယ်လိုတုံ့ပြန်ရမှန်းမသိပေ။
......
ကိုးကားချက်
↑1 - ဒါက လူသိများသော ပြောစကားတွေဖြစ်သည်။ ၎င်း၏အလှသည် ခက်ခဲသောမြင်ကွင်းများနှင့်
ထိပ်တိုက်တွေ့မှုစွမ်းရည်ကိုဖော်ပြရာတွင် ကောင်းမွန်ရုံသာမက “ပျင်းရိဖွယ်ဘာသာစကားကို
ခမ်းနားလာစေရန် စောင့်မျှော်ခြင်း” တွင်လည်း
ကောင်းမွန်သည်။
↑2 - တစ်ယောက်ရဲ့ အမှောင်ဆုံးနာရီတွင်၊ အခြားရွာတွင်
မျှော်လင့်ချက်အလင်းတန်းများရှိနေသည်။