၁၉၇၀တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း
အပိုင်း ၂၈
ယင်းပေါင်
ဝတ်ထားတဲ့ အရောင်မျိုးစုံပန်းပွင့်အဆင်တွေကိုအတူတွဲချုပ်ထားတာနဲ့ အနားတဝိုက်မှာ
ဇာအတွန့်လေးတွေနဲ့ ရင်ဘက်ပေါ်မှာ အနီရောင်ပန်းသီးအကြီးကြီးထိုးထားတဲ့ သွားရည်ခံက
သူမယောင်းမဖြစ်သူ အသစ်လုပ်ထားပေးတဲ့ဟာတွေဆိုတာကို ကျောက်မေရှန်း
တစ်ချက်ကြည့်ရုံနဲ့ပြောနိုင်သည်။
“ယောင်းမ ယောင်းမရဲ့ လက်မှုပညာတွေ အရမ်းကောင်းတယ်။ ဒီသွားရည်ခံလေးက အရမ်းလှတာပဲ။ ”
အများအားဖြင့် လူတွေက အဝတ်အဟောင်းမှ ကလေးများ အတွက်
သွားရည်ခံများ ပြုလုပ်ပေးတတ်ကြပြီး သူတို့တွင် အဝတ်အသစ်များ ရှိပါက အဝတ်အစား
အသစ်များ ပြုလုပ်ရန် ယူသွား မည် ဒါကြောင့် သူတို့၏ ကလေးများ အတွက် အဝတ်အစား အသစ်မှ
သွားရည်ခံများ ပြုလုပ်ရန် အနှောင့်အယှက် မရှိပေ။
“အဲ့တာတွေကို သုံးပြီးသားအဝတ်စအပိုင်းလေးတွေဆီကနေ လုပ်ထားတာ
ပြီးတော့ အဲဒီအစား ယင်းပေါင် ဝတ်ဖို့အတွက် အခန်းထဲမှာ နောက်ထပ်နှစ်ထည်ရှိသေးတယ်ယာ”
တုန်းကျားဟွေ့ အခန်းထဲသို့ ပြန်သွားကာ
အခြားအပိုင်းနှစ်ပိုင်းကို ကျောက်မေရှန်းအား ပြသခဲ့ပြီး ၎င်းတို့ကို မြင်သောအခါ
သူမက ထပ်မံ၍ ချီးကျူးခဲ့သည်။
“ ဒီတစ်ထည်မှာလည်း
အင်္ကျီလက်တွေပါတာမို့ ညစ်ပတ်မှာကို ယောင်းမ စိတ်ပူစရာ မလိုတော့ဘူးပေါ့နော်။ မနေ့က
ယောင်းမဝတ်ထားတဲ့ အနီရောင် မင်္ဂလာဝတ်စုံကြီးကိုလည်း ကိုယ်တိုင်လုပ်ထားတာလို့
ကြားတယ်။”
တုန်းကျားဟွေ့ ပြတ်ပြတ်သားသား ခေါင်းညိတ်ပြီး
ပြုံးလိုက်သည်။ “ ဒါကလက်နဲ့လုပ်ရတဲ့အလုပ်အတွက်တော့ ဘာမှမဟုတ်ပါဘူး။
အဝတ်အစားအပိုင်း နည်းနည်းပါးပါးနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို ငါသိတယ်လေ။
အဲဒီ့မှာ ပန်းပွင့်အထည်အပိုင်းလေးတွေ ရှိသေးတယ်။ ငါနင့်ရဲ့
အတိုင်းအတာတွေကို နောက်မှယူပြီး နင့်အတွက် တစ်ခုလုပ်ပေးမယ်။ ”
ကျောက်မေရှန်းက
သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။ “မဟုတ်တာ၊ မဟုတ်တာ၊ ညီမက
ဒီအတိုင်းပြောလိုက်တာ။ ဒီလိုမျိုး အရည်အချင်းရှိနေလို့ ယောင်းမကို ညီမ အားကျတယ်။ ”
သူမ တကယ်ကိုအဲ့လို မဆိုလိုခဲ့ပေ။ ဒါပေမယ့် သူ့ယောင်းမ
တစ်ထည်လုပ်ခဲ့ရင် အဲ့တာက အထည်အသစ်တွေကို တမင်တကာ တောင်းနေတဲ့ပုံလိုဖြစ်နေမှာ
ဖြစ်သည်။
ထိုအချိန်တွင် ကျန့်ယွဲ့ဖန်သည်လည်း ရှီထုကို ပွေ့ချီကာ
လမ်းလျှောက်လာခဲ့သည်။
“အဲ့တာက တော်တော်ကောင်းတာပဲနော် ယောင်းမ။ ယောင်းမမှာ
အထည်အပိုတွေရှိသေးလား။ ငါတို့ ရှီထု အတွက် တစ်ခုလုပ်ပေးဦးလေ။”
ကောင်လေးက သန်မာတယ် ပြီးတော့ ရှီထု ကို သူမက မကြာခဏ
ကွင်းပြင်ဆီ ခေါ်သွားလေ့ရှိသည်။
သူ့အဝတ်အစားတွေက အမြဲညစ်ပတ်နေပြီး နေ့တိုင်း ပွတ်တိုက်ဖို့
အချိန်အတော်ကြာယူရတာမို့ သွားရည်ခံ ဝတ်ထားရင် သက်သာရာရလိမ့်မည်။
“ယောင်းမမှာအဝတ်အစားရှိရင် ယူလာခဲ့ ရှီထု အတွက်ကျွန်မ
နှစ်ထည်လုပ်ပေးမယ်။”
တုန်းကျားဟွေ့ ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။
မင်္ဂလာမဆောင်မီတွင် သူမက ဟိုင်းဒန်နှင့် ယင်းပေါင် အတွက် အဝတ်အစား နှစ်ထည်ကို
ပြုလုပ်ခဲ့သည်။ ရှီထု အတွက်လည်း သူမတစ်ထည်လုပ်ပေးခဲ့သည်။ ကျောက် မိသားစုတွင် စုစုပေါင်း ကလေး သုံးဦးရှိသည်။ သေးငယ်တဲ့ အဝတ်အစားတစ်ထည်အတွက်
စျေးသက်သက်သာသာကိုကြည့်ရန် မလိုအပ်သော်လည်း အဲ့တာကို
တစ်ကြိမ်သာပြုလုပ်နိုင်သည်။ ရှီထု
၏အဝတ်အစားများကို အနာဂတ်တွင် ဘာမှမဖြစ်စေရန်အတွက် အချိန်တိုင်းပြုလုပ်ဖို့
ဖြစ်နိုင်လို့လား။
ယင်းပေါင်နဲ့ ဟိုင်းဒန်တို့အတွက်ပဲ သူမလုပ်ပေးမှာ။ သူ့ကိုယ်သူ သူတို့ရဲ့မိထွေးလုပ်ခဲ့တာ ဘယ်သူလဲ။
သူမ ကျောင်တုန်းလင်နဲ့လက်ထပ်ခဲ့သည်။ ယင်းပေါင်နဲ့ ဟိုင်းဒန်တို့က သူမသားသမီးတွေ
ဖြစ်လိမ့်မည်။ သူတို့အတွက်
ပိုက်ဆံသုံးပြီး ကြိုးစားအားထုတ်တာက မှန်ပေမယ့် ရှီထုအတွက်ကတော့ မဟုတ်ပေ။ နင့်ရဲ့အဒေါ်အစား နင့်မှာ အနှောင့်အယှက်ပေးမယ့်
နင့်မိဘတွေမရှိဘူးလား။
ယောင်းမ ဆက်ဆံရေးက
အမှန်တကယ် ကောင်းမွန်သင့်သော်လည်း တုန်းကျားဟွေ့မှာ လူကောင်းဖြစ်ရန်
ရည်ရွယ်ချက်မရှိပေ။ တချို့အရာတွေက
စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုသေးသည်။
သူမက အထည်ရောင်းနေတာမဟုတ်ဘူး ပြီးတော့ ရွှေတောင်၊ ငွေတောင်လည်းမရှိပေ။ သူမ ဒီနေ့ မှာ တစ်ခုတည်းကို အလကား လုပ်ခဲ့ပြီး
မနက်ဖြန် မှာလည်း တစ်ခုတည်းကိုအလကား လုပ်ရလိမ့်မည်။ ဒီလောက်ကောင်းတဲ့အရာ မရှိပေ။
ပြီးတော့ မှန်တယ်။ သူများကို
ဆန်တစ်ပုံးပေးကမ်းပြီးပေါင်းတာက ကျေးဇူးကို တိုးပွားစေတယ်၊ ဆန်လေးပုံတစ်ပုံပေးတာက
ရန်ငြိုးဖွဲ့တယ်တဲ့။ အလွန်အကျွံ ပေးကမ်းခြင်းက တစ်ဖက်လူရဲ့ နှလုံးသားကို
အာဟာရဖြစ်စေသည်။
ဆန်တစ်ပုံးပေးကမ်းခြင်းသည် ကျေးဇူးကို တိုးပွားစေသည်။
အဓိပ္ပါယ်ကတော့ အကြပ်အတည်းကာလမှာ လူတွေကို အကူအညီနည်းနည်းပေးရင် သူတို့က မင်းကို
တန်ဖိုးထားလိမ့်မည်။ အကယ်၍ သင်သည်
ဤနည်းဖြင့် ဆက်လက်ကူညီပြီး ရုတ်တရက် အကြောင်းတစ်ခုခုကြောင့် မကူညီပါက၊ တစ်ဖက်လူက
သင့်ကို မုန်းတီးပြီး အပြစ်တင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည်
သင်၏ချစ်ခြင်းမေတ္တာဖြင့် မူလထောက်ပံ့ထားသည့်အရာများကို
မှီခိုအားထားခွင့်ပြုခြင်း၊ ကျေးဇူးသိတတ်ခြင်းမှ လျစ်လျူရှုခြင်းမှ နောက်ဆုံးတွင်
ရန်ငြိုးဖွဲ့ခြင်းတို့ကို ခံယူထားခြင်းကြောင့်ဖြစ်သည်။
ကျန့်ယွဲ့ဖန်က တုန်းကျားဟွေ့ ငြင်းဆန်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ ဒါက
ကြီးကြီးမားမားကိစ္စမဟုတ်ဘူးလို့ သူမထင်ခဲ့သည်။ ဒါက အဝတ်စုတ်အပိုင်းအစ အနည်းငယ်လေးပဲ ဖြစ်သည်။ သူမက ယင်းပေါင်း အတွက် အပိုင်းအစ အနည်းငယ်ကို
ဖန်တီးပေးခဲ့သော်လည်း ရှီထု အတွက် ငြင်းဆိုလိုက်တာက ဘာကြောင့်လဲ။ သူမမှာ စဥ်းစားဉာဏ်မရှိတာမဟုတ်ပေ။
သူမက သူမရဲ့ကလေး ရှီထု အတွက် လုံးဝမလုပ်ချင်တာ ဖြစ်သည်။
အဲဒါကို တွေးပြီးတာနဲ့ ကျန့်ယွဲ့ဖန်ရဲ့ မျက်နှာက
ကြောက်စရာကောင်းလာသည်။
“ယောင်းမ၊ အဲ့ဒါက သွားရည်ခံလေးပဲဟာကို။ ကလေးက
အဲ့တာကိုဝတ်နိုင်သရွေ့ အရောင်ပုံစံကို ဘယ်လိုဂရုစိုက်နိုင်မလဲ။”
ကျန့်ယွဲ့ဖန် ကလည်း အမှန်အတိုင်းပြောခဲ့သည်- ဒီခေတ်ကြီးမှာ
သူတို့ရဲ့ အခြေအနေကို ဘယ်သူက ဇီဇာကြောင်နိုင်မှာလဲ။ ယောက်ျားလေးတော်တော်များများက
သူတို့ညီမရဲ့အဝတ်အစားတွေကို ဝတ်ကြပေမယ့် တုန်းကျားဟွေ့ ကတော့ ဒီလိုပါပဲ။ သူမ
ပေးချင်တဲ့ ဆန္ဒရှိရင်ပေးလိုက်မည်။
သူမဆန္ဒမရှိရင်တော့ အခြားသူတွေရဲ့ ဆွဲဆောင်မှုက အလုပ်မဖြစ်ပေ။ သူမက
ပျော့တဲ့ အစားအစာကို စားသော်လည်း မာတဲ့ အစာကို ငြင်းဆန်တယ်။ [1] သင်ကောင်းရင် အဆင်ပြေသည်။ သူမကို ခက်ခက်ခဲခဲပြောရင် အဲ့တာကအလုပ်မဖြစ်ပေ။
“နောက်တစ်ခါ ကျွန်မသိမ်းထားတဲ့ အဝတ်စုတ်တွေက ဒီနေ့ပဲ
ကုန်သွားပြီ။”
ကျန့်ယွဲ့ဖန်
ပါးစပ်ကိုဖွင့်ပြီး“နင် မေရှန်း အတွက် အဝတ်အစားလုပ်ပေးမယ်လို့
မပြောလိုက်ဘူးလား၊ ပြီးတော့ နင့်မှာ ပန်းအ၀တ်အထည်အပိုင်းနည်းနည်း ရှိတယ်လို့
ပြောလိုက်တယ်မဟုတ်ဘူးလား။ ရှီထု အတွက် အထည်က ဘယ်လိုလုပ်ကုန်သွားရတာလဲ”လို့ပြောလုနီးပါးပဲ။
ဒါပေမယ့် နောက်ဆုံးမှာတော့ သူမ ပါးစပ်ကို မဖွင့်ခဲ့ပေ။ သူမ ချောင်းနားထောင်ခဲ့တယ်ဆိုတာ သူတို့ကို
သိခွင့်မပြုနိုင်ပေ။
ကျောက်မေရှန်းက အလယ်တွင်ရပ်ကာ မနေ့က
သူတို့မိသားစုထဲဝင်လာခဲ့တဲ့ ယောင်းမအသစ်ကို ကြည့်နေသည်။ နောက်တစ်နေ့တွင် သူမက သူမရဲ့ဒုတိယယောင်းမ၏
အပ်ကို တွေ့ခဲ့သည်။ သူ့ယောင်းမအသစ်ကို
အရမ်းသဘောကျသည်။
သူမသည် သူမကိုဒီလောက်ပျော့ပျောင်းပြီး အားနည်းနေမည်ဟု
မမျှော်လင့်ထားသော်လည်း သူမ၏ ဒေါသကို ထိန်းချုပ်ရခက်သည်။
သူတို့စကားပြောနေတုန်း ကျောက်တုန်းလင်က သူ့စက်ဘီးကို
ခြံထဲကို တွန်းလာခဲ့သည်။
ကျန်းချောင်းအာက သားဖြစ်သူ မီးဖိုချောင်ထဲဝင်လာတာကို
မြင်ပြီး ခြံဝင်းထဲမှာ စကားပြောနေတဲ့ သူ့သမီးနဲ့ ချွေးမကို “တုန်းလင် ပြန်လာပြီ၊
ထမင်းစားရအောင်” လို့ အော်လိုက်သည်။
စားပွဲတွင် ကြက်သား၊ ဝက်သား၊ ငါး၊ ပုဇွန်များ အပြည့်ဖြင့်
တည်ခင်းထားသည်။ အားလုံးက အရင်နေ့ပွဲတွေကနေ
ဟင်းအကျန်တွေဖြစ်သည်။
ဤဟင်းလျာများသည်
မင်္ဂလာပွဲ၌ ညစာစားပွဲမှ လက်ကျန်တွေမဟုတ်ပေ။ စားပွဲတွေပေါ်မှာတည်ခင်းထားတဲ့
အစားအသောက်တွေက ကုန်သွားတာကြာပြီ ဖြစ်သည်။ ပန်းကန်ပြားကိုတောင် သန့်ရှင်းစွာ
လျှက်ထားကြသည်။
ဤဟင်းလျာများကို စားဖိုမှူးမှ အစားအသောက် မလုံလောက်ခြင်းမှ
ကာကွယ်ရန် အထူးပြင်ဆင်ထားတာဖြစ်သည်။ မင်္ဂလာပွဲအပြီးတွင် ကျောက်မေရှန်း
အိမ်ပြန်ရောက်သောအခါ ကျန်းချောင်းအာက သူမအတွက် တစ်ချို့၊ ကျန်တာများကို
သူ့အိမ်နီးနားချင်းများအတွက် နှင့် နောက်ထပ် ကျန်တဲ့အစားအစာများကို သူ့ဘာသာသူ
ယူထားခဲ့သည်။
တုန်းကျားဟွေ့ က ကျန်တဲ့ ဟင်းပွဲတွေကို ကြည့်ပြီး ဒီည
တစ်ကြိမ် ပြန်နွေးထားသည်။
“ ဒီနေ့ရဲ့ အစားအသောက်ကို ကျားဟွေ့က ချက်ပေးထားတာ။ မြည်းစမ်းကြည့်ကြရအောင်။”
ကျန်းချောင်းအာနဲ့ ကျောက်မန့်ဇူ တို့က တူတွေကို
ဦးစွာရွှေ့ပြီးကာမှ အခြားသူများကနောက်မှ လိုက်ရွှေ့ကြသည်။ ဤသည်မှာ ကျောက် မိသားစု၏ စည်းမျဉ်းဖြစ်သည်။
ကျောက်တုန်းလင်ရဲ့ တူများသည် ကြက်သွန်မြိတ်နှင့် မွှေထားသော
ကြက်ဥမွှေကြော် ပန်းကန်ထဲသို့ ဦးစွာရောက်သွားသည်။
သူ့ဇနီးရဲ့အလုပ်ကို ဦးစွာ ပံ့ပိုးပေးရမယ်လေ။ သူ့မိန်းမ ဟင်းချက်တာကို
မစားဖူးသေးပေ။
လယ်သမားအိမ်ကထမင်းအိုးမီးက ပြင်းတယ်၊ အိုးထဲထည့်ထားတဲ့ အသီးအရွက်တွေကို
အကြိမ်အနည်းငယ် မွှေကြော်ပြီးရင် ကျက်ပြီးသား ဖြစ်သွားပါလိမ့်မည်။
တခါတရံ တူညီသောပါဝင်ပစ္စည်းများကို အရသာကွဲပြားသော
လူအမျိုးမျိုးမှ ပြုလုပ်ကြသည်။
တုန်းကျားဟွေ့ က ဟင်းချက်ရာမှာ ထူးချွန်လား ဒါမှမဟုတ် ကျန်းချောင်းအာထက်
သူမရဲ့ဒယ်အိုးထဲကို ဆီထည့်ဖို့ ပိုပြီး ဆန္ဒရှိမရှိကို သူ မသိပေ။ ဘာပဲဖြစ်ဖြစ် သူမ ကြော်ထားတဲ့ အစားအစာရဲ့
အရသာကတော့ မဆိုးပေ။
အင်း အရသာကောင်းတယ်။
အရမ်းအရသာရှိတယ်။
ကျောက်တုန်းလင်က ဤကြက်သွန်မြိတ်နှင့် ကြက်ဥမွှေကြော်
ပန်းကန်ဖြင့် ထမင်းသုံးပန်းကန်ကို စားနိုင်သလိုမျိုး ခံစားရသည်။
အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကလည်း အရသာကောင်းသည်။
တုန်းကျားဟွေ့ ချက်ပြုတ်တဲ့အခါ သူမက အထူးသဖြင့် အသားဆီတစ်မျိုးကို ရွေးချယ်ခဲ့သည်။
ထောင့်စွန်းရှိ သစ်သားပေါ်တွင် မှိုအများအပြားပေါက်သည်။ တုန်းကျားဟွေ့ လည်း အဲ့တာကိုခူးပြီး
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ကြော်လိုက်သည်။
ကျန်းချောင်းအာ တစ်ကိုက်ကိုက်လိုက်သည်နှင့် သူမ၏
မျက်လုံးများ တောက်ပလာသည်။ သူမရဲ့
ဟင်းချက်ကျွမ်းကျင်မှုကတော့ မကောင်းပေ။ သူမက ဟင်းချက်တတ်တဲ့သူဖြစ်သော်လည်း
အရသာအတွက် လိုအပ်ချက်မရှိပေ။ အရင်တုန်းကတော့ ဝမ်မိန့်နဲ့ သူမရဲ့ ဒုတိယချွေးမ
ဟင်းချက်တာကို မကြိုက်ပေ။ သူတို့လုပ်တဲ့အရာတွေက ဝက်စာလိုပဲ ဖြစ်သည်။
အစားအသောက်ထဲမှာ စုတ်ပြတ်သတ်နေတဲ့ အနံ့ဆိုးတွေ အမြဲရှိနေသည်။ ချွေးမအသစ်၏ ဟင်းချက်အတတ်ပညာက ဒီလောက် ကောင်းမွန်လိမ့်မည်ဟု
သူမ မမျှော်လင့်ထားပေ။
“သမီးရဲ့ ဆွေမျိုးတွေနဲ့ သွားတွေ့တဲ့နေ့မှာ သမီးရဲ့ယောင်းမက
သမီး ဟင်းချက်ကောင်းတယ်လို့ ချီးကျူးတာ အံ့သြစရာတော့ မဟုတ်တော့ဘူး။ အရသာက
သူများတွေနဲ့မတူဘူးပဲ။ ”
ယောက္ခမဖြစ်သူက
တုန်းကျားဟွေ့ကို ချီးမွမ်းစကားဆိုနေသည်။ တုန်းကျားဟွေ့ ရှက်ရွံ့စွာ ပြုံးပြပြီး
ကျိုးနွံစွာ ပြောလိုက်သည်။ “သူတို့အားလုံးက ဖရဲသီးရောင်းတဲ့ ယောင်းမတွေပါ။ သမီး
ဟင်းချက်တာကလည်း သာမန်ဆိုပေမယ့် မဆိုးဘူး။ ”
ကျန်းချောင်းအာက ရယ်ပြီးပြောလိုက်သည်။ “ကျိုးနွံမနေပါနဲ့။
အမေက အမှန်အတိုင်းပြောနေတာ။ ဒီဘ၀မှာ
ချွေးမတစ်ယောက်ရလို့ ကောင်းချီးတွေကို ခံစားနိုင်မယ်လို့ မထင်ထားခဲ့ဘူး။
ငါတို့မိသားစုရဲ့ အနာဂတ်အစားအစာတွေကို သမီးအတွက် အမေ ထားခဲ့မယ်။
ကြမ်းတမ်းတဲ့အလုပ်တွေကို သမီး မလုပ်နိုင်ဘူးလို့ မြင်ပေမယ့်
ဒီကောင်းတဲ့အလုပ်တွေကိုတော့ ကောင်းကောင်းလုပ်နိုင်တယ်။”
ဒါက ကျန်းချောင်းအာရဲ့ နားလည်မှုလွဲတာ သက်သက်ဖြစ်သည်။ ကျားဟွေ့ ၏ နူးညံ့ပြီး ပိန်တာကို မြင်ရတော့
သူမတွင် ခွန်အားနည်းနည်းပဲရှိသည်ဟု ထင်မိသည်။
တကယ်တော့ ကျားဟွေ့ ရဲ့ အရိုးစုဟာ သေးငယ်ပြီး အားနည်းနေပုံပဲ။
တုန်းကျားဟွေ့ အဲ့တာကို သိပ်ပြီးမစဉ်းစားဘဲ သူ့ယောက္ခမက
သူမအတွက် အလုပ်တစ်ခုစီစဉ်ပေးနေတယ်လို့ ထင်လိုက်တဲ့အတွက် သူမခေါင်းကို
တိုက်ရိုက်ညိတ်ပြီး သဘောတူလိုက်သည်။
“ကောင်းပြီ အမေ သမီးရဲ့အစားအသောက်ကို ကြိုက်နေသရွေ့
အခုကစပြီးအိမ်မှာ ချက်စရာရှိတာတွေအကုန်လုံးကိုသမီးပဲလုပ်မယ်။”
သူမရဲ့ပါးစပ်လေးက ချိုမြိန်သည်။ ကျန်းချောင်းအာ
ထိုစကားကိုကြားသောအခါ အလွန်ဝမ်းသာသွားသည်။
ကျောက်တုန်းလင်လည်း သူ့မိန်းမကို တိတ်တဆိတ်ကြည့်နေသည်။ သူမမျက်နှာပေါ်က အပြုံးတွေနဲ့ သူမမျက်လုံးတွေက
ဘယ်လောက် တောက်ပနေလဲဆိုတာကို ကြည့်နေမိသည်။
ထင်ရှားသည်မှာ သူမက စိတ်ကောင်းရှိနေသည်။
ကျောက်တုန်းလင်က
သူ့အမေနဲ့ ကျားဟွေ့ ဘယ်လောက်ကောင်းမွန်စွာ ပေါင်းသင်းနေသည်ကို တွေ့ရတော့
စိတ်သက်သာရာ ရသွားသည်။ ကျန်းချောင်းအာက
ယခင်က ကျားဟွေ့ကို လက်ထပ်မှာ မလိုလားခဲ့ပေ။
နောက်ပိုင်းတွင် သူမ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့သော်လည်း သူတို့
ကောင်းစွာ ပေါင်းစည်းနိုင်မည်ဟု မသေချာခဲ့ပေ။
ဒီနေ့ ကျားဟွေ့ ရဲ့ ဖျော်ဖြေမှုကို ကြည့်ပြီး သူ သိပ်စိတ်ပူနေစရာ မလိုဘူးလို့
ခံစားရသည်။
ကျန့်ယွဲ့ဖန်က
နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဖားနေတဲ့ တုန်းကျားဟွေ့ကို တိတ်တဆိတ်
ကြိမ်းမောင်းလိုက်သည်။ တစ်ချိန်တည်းမှာပင်
ယောက္ခမက ရိုင်းစိုင်းသည်ဟုလည်း သူမ ခံစားခဲ့ရသည်။
“ချွေးမမွေးခြင်း၏ကောင်းချီးများကို ခံစားခြင်း”
က ဘာကိုဆိုလိုတာလဲ။ တုန်းကျားဟွေ့
မိသားစုထဲ မ၀င်ခင်မှာ ယောက္ခမက သူမကို ကောင်းချီးပေးတယ်လို့ မထင်ခဲ့တာ ဖြစ်နိုင်လား။
ထမင်းဟင်းချက်ရုံပဲ
မဟုတ်လား။ သူမက ကလေးမမွေးနိုင်တဲ့
အိမ်ထောင်ကွဲအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမက မိထွေးတစ်ဦးသာဖြစ်သည်။
အဲဒါကို
စဉ်းစားရင်း ကျန့်ယွဲ့ဖန်က တူနဲ့ ကြက်သွန်မြိတ်နဲ့ ကြက်ဥ မွှေကြော်ထားတာတွေကို
ယူလိုက်ပြီး ဟိုင်းဒန်ရဲ့ ပန်းကန်ထဲမှာ ထည့်လိုက်သည်။
“ဟိုင်းဒန် လာ
မင်းအမေ ဟင်းချက်ထားတာ မင်းအကြိုက်တွေ့မှာလား။”
ကြက်အရိုးကို
ကိုက်စားနေသော ဟိုင်းဒန်ပါးစပ်က မလှုပ်ပဲ ရပ်သွားလေသည်။ ပန်းကန်ထဲက ကျန့်ယွဲ့ဖန်
ပေးလာတဲ့ ဟာကို ဘေးဖယ်ထားလိုက်သည်။
“ဟေ့
မင်းဘာလို့မစားတာလဲ။ ဒါက မင်းအမေ
ချက်ထားတာ။ မင်းအဖေနဲ့ မင်းအမေ ပြောတာ
အရသာရှိတယ်တဲ့ မြန်မြန်စမ်းကြည့်ပါ။ ”
တုန်းကျားဟွေ့က
အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ အာရုံခံစားမှုကြောင့် မဟုတ်ပါက၊
ကျန်ယွဲ့ဖန်ရဲ့ စကားများက တမင်လွန်ကဲနေမည်ကို သူမသိနိုင်ပေ။
“ဟိုင်းဒန်
မစားချင်ရင် မစားနဲ့။ ကလေးတွေက အသားကို
ကြိုက်ကြတယ် ပြီးတော့ သူယူထားတဲ့ဟာကို စားရတာ ကြိုက်တယ်။ ”
တုန်းကျားဟွေ့က
မျက်နှာမကောင်းတဲ့ ကျောက်တုန်းလင်နဲ့ ကျန်းချောင်းအာကို ကြည့်လိုက်သည်။ အိမ်ထောင်သက် ဒုတိယနေ့မှာ အဆင်မပြေတဲ့နေ့ကို
မလိုချင်ပေ။ ဟိုင်းဒန်က အပြစ်ကင်းသော
သူဖြစ်သည်။ တမင်တကာ သွေးထိုးလှုံ့ဆော်သူက
ကျန့်ယွဲ့ဖန် ဖြစ်သည်။
“ကောင်းပြီ၊
ကောင်းကောင်းစား။ ဟိုင်းဒန်က အများအားဖြင့် အစာစားတာကို ဂရုမစိုက်ဘူး။ နင် ဒီနေ့ဘာလို့ စကားအရမ်းများနေရတာလဲ။ ”
အချိန်အကြာကြီးနေထိုင်ခဲ့တဲ့ ကျန်းချောင်းအာက
သူ့ဒုတိယချွေးမရဲ့ အပြုအမူကို နားမလည်ပဲမနေပေ။ အဘယ်ကြောင့်ဆိုသော် သူမသည်
မကောင်းဆိုးဝါးယောက္ခမမဟုတ်သောကြောင့်ပင်။
မဟုတ်ရင် ဒုတိယချွေးမရဲ့ အပြုအမူကြောင့် ယောက္ခမရဲ့ သတ်ခြင်းကို
ခံရလိမ့်မည်။
“မြန်မြန်စားပြီး
ရှီထုကို ကျွေးလိုက် ”
တုန်းကျားဟွေ့က ကလေးများအတွက် ကြက်ဥပြုတ်ပြင်ဆင်ထားသည်။
ယင်းပေါင်က ငယ်သေးပြီး လူကြီးတွေရဲ့ အစားအစာတွေကို မစားနိုင်သေးပေ။ ရှီထုက
ငယ်ပေမယ့် သူ့ဘာသာသူ မစားနိုင်ပေ။
ကျန့်ယွဲ့ဖန်က သူ့ဘာသာသူ အရင်စားပြီး ရှီထုကို ကျွေးသည်။
ရှုပ်ထွေးတဲ့
နေ့လည်စာစားပြီးနောက်မှာ ကျောက်မေရှန်းက အိုးများနှင့် ပန်းကန်များကို ဆေးကြောရန်
တာဝန်ရှိသည်။ တုန်းကျားဟွေ့က
ညစာစားပြီးနောက် ယင်းပေါင်ကို ကျွေးပြီး ယင်းပေါင်ရဲ့ မျက်ခွံများ ကျလာသည်ကို
တွေ့လိုက်ရသည်။ သူမ အိပ်ပျော်စပြုနေပြီဆိုတာ သူမသိသည်။
“ယင်းပေါင်က
နေ့ခင်းတိုင်း နှစ်နာရီလောက် အိပ်ရတာမို့ အခု အိပ်သင့်ပြီ။”
တုန်းကျားဟွေ့က
ခေါင်းညိတ်ပြီး ဟင်းရွက်ဟင်းရည် ရွှဲနေတဲ့ ယင်းပေါင်ရဲ့ သွားရည်ခံကို
ဖြည်လိုက်သည်။ သူမက ယင်းပေါင်ကို
သူမရင်ခွင်ထဲပွေ့လိုက်ကာ ခေါင်းကို ပခုံးပေါ်တင်ပြီး အခန်းထဲဝင်လိုက်ချိန်
သူမနောက်ကျောကို ပုတ်ပေးလိုက်သည်။
“ဒီယောင်းမက
တော်တော်ကောင်းမယ်ထင်တယ်။ မနက်ခင်း
အချိန်နည်းနည်းလေးနဲ့ ယင်းပေါင် အတွက် သွားရည်ခံအနည်းငယ်ကို လုပ်ခဲ့တယ်။”
တကယ်မချစ်ရင်
လုပ်မှာမဟုတ်ပေ။
“ကွာရှင်းပြတ်စဲထားတာကလွဲပြီး သူမက
ကောင်းမွန်တယ်။ ငါကတော့ သူမကို ကျေနပ်နေတုန်းပဲ။”
ကျောက်မေရှန်းက
ဤစကားကိုကြားသောအခါတွင် သူမသည် တစ်စုံတစ်ယောက်ရှိမရှိကို သိရှိရန် ပြတင်းပေါက်ကို
အမြန်ကြည့်လိုက်သည်။
“အမေ အစ်ကိုကြီးနဲ့
ယောင်းမတို့ ဒါကို မကြားစေနဲ့။ သူတို့စိတ်ဆိုးလိမ့်မယ်။”
“နင်
သတိမထားမိဘူးလား။ နင့်အစ်ကိုကို မတွေ့ဘူးလား။ သူ့မျက်လုံးတွေက သူ့မိန်းမကို
အမြဲကြည့်နေတာ။”
“သူတို့က
ကြင်စဦးလေ။ ခံစားချက်ကောင်းတွေရှိတာက
ပုံမှန်ပါပဲ။”
“နင်က
ငါတို့မိသားစုရဲ့ သမီးငယ်လေး။
ဒီလိုမျိုးတွေ ပြောလို့ရမလား။”
“အိုး အမေ၊ သမီး
အသက်ကြီးပြီ။ သမီးကို ကလေးလို အမြဲမဆက်ဆံပါနဲ့ ဟုတ်ပြီလား။ ”
အစ်မအိမ်ထောင်ကျပြီးချိန်မှာတော့ သူမအမေက
လင်မယားအဖြစ် ပေါင်းသင်းရမယ့်လမ်းကို အစ်မရှေ့မှာ အမြဲပြောလေ့ရှိသည်။ ဒီစကားကို နားထောင်ရင်း ကြီးပြင်းလာသာ်။ သူမ နားမလည်ဘဲ နေမှာလား။
“နှစ်သစ်ကို စောင့်
နင့်အတွက် တစ်ယောက်ယောက် ရှာပေးမယ်။ ငါ
နင့်ကိုပြောမယ် နင့်အဖေကို ငါ နင့်အသက်အရွယ်နဲ့လက်ထပ်ခဲ့တာ။”
သတ္တိကောင်းတဲ့
ကျောက်မေရှန်းက သူမအမေက သူမအတွက် တစ်စုံတစ်ယောက်ရှာမယ်လို့
ပြောသည်ကိုကြားပြီးနောက် ရှက်သွားသည်။
“သမီးအလျင်လိုမနေပါဘူး။
အိမ်မှာနေတာကောင်းမယ်ထင်တယ်။”
“ဟမ့်
မိန်းကလေးတစ်ယောက် အရွယ်ရောက်ရင် အိမ်ထောင်ကျရမယ်။ နင်ဒီမှာနေမယ်ဆိုရင်
နင်အငြိုးနဲ့နေရလိမ့်မယ်။
နှစ်နှစ်အတွင်းမှာ တစ်ယောက်ယောက်ကို မတွေ့ရင် ငါ့ကို အပြစ်မတင်သင့်ဘူး။ ”
နင်ဒီမှာနေမယ်ဆိုရင်
နင်အငြိုးနဲ့နေရလိမ့်မည်။
မိန်းကလေးတစ်ယောက် ကြီးပြင်းလာတဲ့အခါ သူချစ်ရတဲ့သူနဲ့
မိသားစုတစ်ခုရလာမည်။ မိဘ သို့မဟုတ် အုပ်ထိန်းသူက
လျစ်လျူရှုပါက၊ ၎င်းသည် မလွှဲမရှောင်သာ နာကြည်းမှုဆီသို့ ဦးတည်သွားမည်ဖြစ်သည်။
“အမေ သမီးကို
မှားယွင်းစွပ်စွဲနေတာပဲ။ သမီး အမေ့ကို
ဘယ်တုန်းက အပြစ်တင်ဖူးလဲ။ အမေ သမီးကို
စောင့်ရှောက်ချင်ရင် သမီးကို ဘယ်သူနဲ့မှ လက်ထပ်ခိုင်းမှာမဟုတ်ဘူး။”
သူတို့မိသားစုက
တော်တော်ကောင်းနေသေးသည်။ သူတို့မိဘတွေက
သမီးတွေထက် သားကို ဘယ်တုန်းကမှ ဦးစားပေး မပေးဖူးပေ။ မိသားစု အခြေအနေကလည်း
ကောင်းသည်။ အနည်းဆုံးတော့ သူမ တစ်ခါမှ
ဗိုက်မဆာဖူးပေ။
တုန်းကျားဟွေ့က
ယင်းပေါင်ကို ပွေ့ချီပြီး အခန်းထဲဝင်သွားချိန် ကျောက်တုန်းလင်က သူ့စားပွဲပေါ်မှာ
စာရေးနေသည်။
“သူအိပ်နေတာလား။”
“ဟုတ်တယ် ”
ကျောက်တုန်းလင်က
ယင်းပေါင်ကို ခေါ်ရန် ထလိုက်သည်။ မထင်မှတ်ပဲ၊ သူ ယင်းပေါင်ကို ထိလိုက်သည်နှင့်
သူမသည် နှစ်ခါလောက် အော်လာပြီး တုန်းကျားဟွေ့ကို တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်လိုက်သည်။
ကျောက်တုန်းလင်က
သူ့လက်ကို ဖျတ်ခနဲ ဆုပ်ကိုင်လိုက်သည်။ တုန်းကျားဟွေ့က ပြုံးပြီးပြောလိုက်သည်။ “ ရပါတယ်၊ ကျွန်မသူ့ကို ချီထားမယ်၊ ရှင်
စောင်တွေကို လှန်ထားပေး။ သူအိပ်ပျော်သွားတဲ့အခါ ကျွန်မလှဲလိုက်မယ်။”
မနက်ခင်းက
အိပ်ယာခင်းတွေကို လျှော်ပြီးနောက်မှာ တုန်းကျားဟွေ့က ခေတ်ဟောင်းပန်းရောင်၊
အပြာရောင်နှင့် အစိမ်းရောင် အစင်းကြောင်းအသစ်ကို လဲလိုက်သည်။
ကျောက်တုန်းလင်က
ခေါက်ထားသော စောင်ကို ကုတင်အတွင်း၌ ရွှေ့ကာ လွတ်နေသော အပိုင်းအစကို အပြင်ဘက်တွင်
ထားခဲ့ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
တုန်းကျားဟွေ့က
ယင်းပေါင်ရဲ့ ကျောကို ပုတ်ပြီး အောက်ကိုငုံ့ကြည့်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေကြောင်း အတည်ပြုပြီးနောက် ကုတင်ပေါ်၌ လှဲချပေးလိုက်သည်။
လှဲချပြီးပြီးချင်း သူမ ထွက်ခွာမသွားဘဲ ယင်းပေါင်ကို လက်နှစ်ဖက်ဖြင့် ပုတ်ကာ
သူမအခြေချပြီးမှသာ စောင်နှင့် ခြုံပေးသည်။
ကျောက်တုန်းလင်က
တုန်းကျားဟွေ့ကို ကြည့်နေခဲ့သည်။ ယင်းပေါင်အပေါ်
သူမ၏ စိတ်ရှည်သည်းခံမှုသည် မမှားနိုင်ဘဲ၊ ကျေးဇူးတင်ကြောင်းနှင့်
လေးစားမှုတို့က သူ့နှလုံးသားကို ပြည့်စေခဲ့သည်။
“ရှင်အလုပ်လုပ်နေတာလား။”
“ဒီနေ့နေ့လည်
ရွာကော်မီတီကို ဘယ်အချိန်သွားမှာလဲ။”
“နှစ်နာရီ”
“ဒါဆို နေ့ခင်းမှာ အနားယူချင်လား။ ”
“မဟုတ်ဘူး၊
ကိုယ့်မှာ နေ့လည်နားတတ်တဲ့ အလေ့အကျင့် မရှိဘူး။
မင်းပင်ပန်းရင် ယင်းပေါင်နဲ့ အိပ်နိုင်တယ်။ ”
တုန်းကျားဟွေ့က
ခေါင်းယမ်းပြီး ပြောလိုက်သည်။ “မဟုတ်ဘူး၊ ကျွန်မတစ်နေကုန် ဘာအလုပ်မှမလုပ်တာ
အနားယူနေစရာ မလိုဘူး။”
လယ်ကွင်းက
မိသားစုအလုပ်နဲ့ ယှဉ်ရင် သူမက ထမင်းချက်ရုံနဲ့ ကလေးတွေကို ပြုစုရတာ လွယ်သည်။
“မနက်အိပ်ရာထကတည်းက
ဘာမှမလုပ်ရသေးတဲ့အတွက် ပင်ပန်းတဲ့အခါ အနားယူဖို့ မရှက်နဲ့။ မင်းက ကိုယ့်မိသားစုဖြစ်ပြီး ကိုယ်တို့တွေ
အချိန်အကြာကြီး အတူနေနေမှာမို့ သိပ်အများကြီးတွေးနေစရာ မလိုဘူယ”
တုန်းကျားဟွေ့က
ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ကျောက်တုန်းလင် ပြောတာက အမှန်တရားဖြစ်ပြီး သူမလည်း
ဒါကို နားလည်သည်။ သူမတကယ်ပင်ပန်းရင်
အနားယူမှာသေချာပေမယ့် သူမတကယ်မပင်ပန်းပေ။
လဲလျောင်းဖို့ပြောပြီး ဒုက္ခရှာနေစရာ မလိုချေ။
“ဒါဆို
ရှင်အလုပ်လုပ်လေ ကျွန်မ အပြင်ထွက်ပြီး မေရှန်းနဲ့
ခဏလောက်စကားပြောလိုက်ဦးမယ်။ ”
ကျောက်တုန်းလင်က
အပြင်ထွက်စရာမလိုဘူးလို့ ပြောချင်သည်။ သူမ
အခန်းထဲမှာ နေရတာ အဆင်ပြေတယ်လို့။ ဒါပေမယ့် တုန်းကျားဟွေ့က သူ့လက်ထဲမှာ သားရေ
ပေတံနဲ့ ကျောက်မေရှန်းကို တိုင်းဖို့လုပ်နေတာကို သူတွေ့လိုက်ရတော့
ဘာမှပြန်မပြောတော့ပေ။
“ယောင်းမ အစ်မက
ညီမအဝတ်အစားတွေကို တကယ်လုပ်ပေးစရာမလိုဘူး။ ညီမက ဒီအတိုင်းပြောလိုက်တာ။”
“ရပါတယ်။ တိုင်းလိုက်မယ်။ ဘယ်တော့ လုပ်မယ်ဆိုတာ မသိဘူး ”
ကျောက်မေရှန်းကို
တိုင်းတာပြီးနောက်မှာ သူမက ကျန်းချောင်းအာကိုလည်း တိုင်းတာရန် သွားခဲ့သည်။
“သမီးမှာ အထည်တွေ
အခု မရှိဘူးဆိုတော့ နောက်တစ်ခါ မြို့ကိုသွားတဲ့အခါ အထည်ဝယ်ရင် အမေ့အတွက်
လုပ်ပေးမယ်။ ”
“အိုက်ယား ” “အမေက
အဝတ်မချို့တဲ့ဘူး။ အဲဒါကို စိတ်မပူနဲ့”
“နှစ်သစ်မကူးခင်
နှစ်လပဲ လိုတော့တယ်။ နှစ်သစ်ကူးအတွက် အဝတ်အစား အသစ်လဲရမယ်။ ”
“သမီးရဲ့ လက်ရာကို
အမေသိတယ်။ သမီးအမေအိမ်မှာ ဒီလက်မှုပညာနဲ့
ငွေရှာဖူးတယ်ကြားတယ်။ ”
“
သမီးနဲ့သိတဲ့လူတွေက သမီးဆီလာပြီး အလုပ်တစ်ခုခုလုပ်ခိုင်းတာလေးပါပဲ။”
ကျောက်မေရှန်းက
အားကျနေတုန်းပဲ။ ဒီခေတ်မှာ သူမလက်ရာနဲ့
ငွေရှာရတာ အရမ်းကောင်းသည့။
ဝင်ငွေကဘယ်လောက်ပဲ နည်းနည်းပဲရှိပါစေ သူ့မှာ ဒီစွမ်းရည်အမြဲရှိတယ်
မဟုတ်လား။
“အဲ့ဒါကောင်းတယ် ယောင်းမ
အဝတ်အစားလုပ်နည်းကို လေ့လာဖို့ အစ်မနောက်ကို လိုက်လို့ရမလား။”
ကျောက်မေရှန်းက
ဒီတောင်းဆိုချက်ကို တောင်းခဲ့ပေမယ့် သူမယောင်းမအသစ်က သူမကို
သင်ပေးလိုစိတ်မရှိမှာလည်း သူမစိုးရိမ်ခဲ့သည်။
သူမ ယောင်းမနဲ့ မပြိုင်ချင်ဘူး ကျွမ်းကျင်မှုတစ်ခုကိုပဲ သင်ယူချင်တာ
ဖြစ်သည်။ ဘယ်လေကာက်ကောင်းအောင်
စွမ်းဆောင်နိုင်သည်ကိုတော့ မပြောလိုပေ။
သူမ ချုပ်တက်သွားတော့
တကယ်လက်ထပ်ချိန်ကျရင် မသုံးနိုင်ဘူးလား။
“ရတယ်၊
အစ်မမှာသင်ပေးနိုင်တဲ့ အရည်အချင်းတွေ အများကြီးရှိတယ်။ အနာဂတ်မှာ ညီမ အစ်မဆီက သင်ယူလို့ရတယ်။ ”
.........
ကိုးကားချက်
↑1 - ပျော့တဲ့
အစားအစာကို စားသော်လည်း မာတဲ့ အစာကို ငြင်းဆန်ခြင်းသည် - ချော့မြူခြင်းကို
လိုလိုလားလားလက်ခံပေမယ့် အတင်းအကျပ်လုပ်ခိုင်းစေတာကိုတော့ လက်မခံပါ။