Chapter 145
Viewers 32k

🌍Chapter 145



​မေးခွန်းက အစပိုင်းသို့ပြန်​ရောက်သွားခဲ့သည်။


"ဒီ​တော့ဘယ်လို တန်းစီကြမလဲ။ "


​ရှောင်ယွမ်ဟု​ခေါ်​သော ဆံပင်တိုမိန်းက​လေးကဆိုလာခဲ့သည်။


"ကြက်ဆင်ကြီးက အ​ဖြေ၂ခု​ပေးခဲ့တယ်...တစ်ခုကတန်းစီပြီး ပိုး​ကောင်ကို စားဖို့...ဒီလိုဆို ဂိမ်းကိုရှင်းနိုင်ပြီ...နောက်တစ်ခုကကျ ဂိမ်းထဲ၀င်တဲ့အစဥ်အတိုင်း တန်းစီဖို့... သူကအစဥ်လိုက်ကိုအမှန်အတိုင်း​ပြော​နေတာမဖြစ်နိုင်ဘူး... မဟုတ်ရင် ဂိမ်းက တစ်ခါတည်း ရှင်းပြီးသားဖြစ်သွားမှာ​ပေါ့"


 á€’á€Ťá€€á€­á€Żá€˜á€Źá€œá€­á€Żá€ˇá€›á€žá€„á€şá€€ အဲဒီဒုတိယ​မေးခွန်းကို​မေးလိုက်ရတာလဲ...


ထို​မိန်းက​လေးမှာ ထိုစကားကို ထုတ်မ​ပြောသည့်တိုင် သူမ၏ ထန်​မော့ကို ထူးဆန်းစွာကြည့်​နေပုံက သိသာလွန်း​နေခဲ့သည်။


ထန်​​မော့အနက်​ရောင်​မျှော်စင်ဂိမ်းတစ်ခုခုထဲ ပါ၀င်လိုက်တိုင်း အများဆုံး​ခေါင်းသုံးရသူမှာ သူပဲဖြစ်သည်။ မူလတွင် သူက​ရှောင်ကျီထုံးမတိုင်ခင် ပထမဆုံး​မေးခွန်းကို ​မေးရန် ပြင်ထားတာဖြစ်သည်။ အနက်​ရောင်​မျှော်စင်ဂိမ်းများတွင် ​ဦး​​​ဆောင်လို​သော ကစားသမား အများကြီးရှိကြသည်။ ၄င်းတို့က သန်မာ​ကောင်းသန်မာလိမ့်မည် သို့​သော် အကြံဥာဏ်​ကောင်းကိုသာမ​ပေးနိုင်ပါက ဂိမ်းရှုံးသည်သာ အဖတ်တင်မှာပင်။ ​ရှောင်ကျီထုံး၏ပထမဆုံး​မေးခွန်းမှာ ထန်​မော့စိတ်ထဲမှ​မေးခွန်းပင်ဖြစ်​နေသည်ဖြစ်၍ ဘာမှမဆိုလိုက်ခြင်းပင်။


ထန်​မော့မှာ အသင်း​ဖော်အမျိုးအစား ၂မျိုးကိုသာ သ​ဘောကျသည်။ တစ်မျိုးမှာသူနှင့် သ​​​ဘောထားတိုက်ဆိုင်ပြီး အ​တွေးအကြံတူသူမျိုးပင်။ ဥပမာ ဖူ၀မ်​သော်နှင့် အလွန်လျှို့၀ှက်သော​ရှောင်ကျီထုံးလိုမျိုးပင်။ ဒုတိယတစ်မျိုးမှာငတုံးများပင်။ သူတို့မှာ အများကြီးမ​တွေးတတ်ပဲ မိမိ၏ဦး​​​ဆောင်မှု​နောက်သို့လိုက်ကာ အသင်းကို ပြဿနာမဖြစ်​စေ​ပေ။


ထိုမိန်းက​လေးမှာ အ​တော်​လေးသွက်ပုံရ​သော်လည်း ကံမ​ကောင်းစွာ မလုံ​လောက်​သေး​ချေ။ ​ကောင်းသည်က​တော့ သူမမှာ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးမ​နေပဲ ထိန်းထိန်းသိမ်းသိမ်းရှိ​သေး၍ပင်။ ကိုယ့်ကိုယ်ကို ​တော်ချင်တတ်ချင်​ယောင်​ဆောင်​သော အသင်း​ဖော်များမှာ ထန်​မော့ကို ​ခေါင်းကိုက်​စေသည်။ ပီနိုကီယိုဂိမ်းတုန်းကလည်း ထန်​မော့မှာ မိမိ၏​တော်တတ်​နေ​သော အသင်း​ဖော်၏ လက်ချက်​ကြောင့် ပထမအချီတွင် အ​ရေးနိမ့်ခဲဲ့ရခြင်းပင်။


ထန်​မော့ပြန်​ဖြေရန်ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်​ယောက်ကဦးသွားခဲ့​လေသည်။ 


"ဒီ​မေးခွန်းကို​မေးရတဲ့ အ​ကြောင်းပြချက်၂ခုရှိတယ်..ပထမတစ်ခုက ပထမ​မေးခွန်းရဲ့အ​ဖြေမှန်မမှန်အတည်ပြုဖို့ပဲ... ဒုတိယအချက် အ​ဖြေမှား​နေတယ်ဆိုရင်​တောင် ငါတို့မှ တကယ့်အစဥ်လိုက်ကို မသိတာပဲ...ကြက်ဆင်ကြီးမှာ အမှန်တရားကို ​ဖြေ​ပေးနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်​ချေ တ၀က်​လောက်ရှိ​နေတာပဲ...ငါတို့အဲဒီအတိုင်းစီလိုက်ပြီး ကံ​ကောင်းပြီး နိုင်ချင်လည်း နိုင်သွားမှာပဲ"


ထန်​​မော့ ဖူ၀မ်​သော်ကိုကြည့်လိုက်မိသည်။ ဖူ၀မ်​သော်မှာ ထန်​မော့ကြည့်လာသည်ကို မြင်လျှင် နှုတ်ခမ်းတို့ကို​ကွေးလျက် ပြုံးပြလာခဲ့သည်။


ထိုမိန်းက​လေးမှာ ဖူ၀မ်​သော်၏ စကားကို နားလည်သွားခဲ့​လေသည်။


ဒုတိယ​မေးခွန်းမှာ အ​ရေးမကြီး​ချေ။ အ​ရေးအကြီးဆုံးမှာ အ​ဖြေမှန်မှန် အတည်ပြုနိုင်မပြုနိုင်ပင်ဖြစ်သည်။ ထပ်​ပေါင်းဆိုရလျှင် ထိုအစဥ်လိုက်​မေးခွန်းဖြင့် သူတို့ကြက်ဆင်ကြီး၏ သ​ဘောထားကို တီး​ခေါက်ကြည့်နိုင်သည်။ သူမမှာ ကစားသမားများအား ဂိမ်းကို လွယ်ကူစွာ​အောင်မြင်သွားရန် မလိုလား​ချေ။


ဆံပင်တိုမိန်းက​လေးကဆိုလာသည်။ 


"ကျွန်မတို့ဂိမ်းထဲ၀င်လာတဲ့ အစဥ်လိုက်က​တော့ ကျိန်း​သေမဟုတ်ဘူး...ကျွန်မတို့အဲဒီအတိုင်းမစီပဲ ​ပြောင်းသင့်တယ်...ပြီး​တော့ အစဥ်လိုက်ဖြစ်နိုင်​​ချေထဲကလည်း အမှားတစ်ခု ဖယ်ပြီးသားဖြစ်သွားတာ​ပေါ့"


ထန်​မော့​ခေါင်းခါလိုက်သည်။


"ငါတို့ဒီအတိုင်းစီရမှာ" 


ဆံပင်တိုမိန်းက​လေးမှာ မယုံနိုင်ဟန်ဖြင့်ဆိုလာသည်။


"ဘာလို့လဲ"


"လူ၇​ယောက်ကို စီဖို့ နည်းလမ်းဘယ်နှခု​တောင်ရှိလဲ နင်သိရဲ့လား" 


အမျိုးသမီးအသံနိမ့်နိမ့်တစ်ခုက အသင်းအစွန်မှ ထွက်လာခဲ့သည်။ ထန်​မော့လည်း ထိုသူအား ​ခေါင်း​မော့ပြီး ကြည့်လိုက်မိ​လေသည်။ ၄င်းမှာ နင်နင်းဟု​ခေါ်​သော ဆံပင်ရှည်အမျိုးသမီးပင်။ သူမမှာ အနက်​ရောင်​ဘောင်းဘီရှည်ကို၀တ်ဆင်ထားပြီး ထို​ကျောင်းသူ၂ဦးကို ​အေးစက်စွာကြည့်​နေခဲ့သည်။


“ဖြစ်နိုင်​ချေနဲ့ မဖြစ်နိုင်​ချေ​​တွေကို ဖယ်ထားပြီး ​ခေါင်းနဲ့ပန်းလှန်မ​နေရင်​တောင် ဒီဟာက ၇အချိုး၂...

​​ဖြေရှင်းနည်း ၂၅၂၀​ရှိတယ်...ကြက်ဆင်ကြီးကငါတို့ကို ​ခေါင်းနဲ့ပန်းပါ လှည့်ခိုင်းဦးမယ်ဆိုရင် နည်းလမ်း​ပေါင်း ၅၀၄၀ရှိတယ်"


ထို့​နောက် သူမ​၏​စကားသံက ရပ်သွားပြီး ထိုမိန်းက​​လေး၂ဦးကို ​အေးစက်စွာ ကြည့်လိုက်သည်။ 


"အဲဒီ ကျန်တဲ့ ၅၀၃၉နည်းမှာ နင်ဘယ်နည်းကို ​ရွေးချင်လဲ"


 á€†á€śá€•á€„á€şá€›á€žá€Šá€şá€Ąá€™á€ťá€­á€Żá€¸á€žá€™á€Žá€¸á အညှာအတာမဲ့​​သော ရိုက်ချမှုအဆုံးသတ်တွင် ထို​ကျောင်းသူ၂ဦးမှာ ပါးစပ်ပင်မဟရဲ​တော့​ချေ။


​ရှောင်ကျီထုံးကပြုံးလိုက်သည်။ 


"၁အချိုး ၅၀၃၉ ဖြစ်နိုင်​ချေကို​တော့ တို့​တွေသာမာန်ကာလျှံကာ​ရွေးလို့မရဘူး​ပေါ့...ကြက်ဆင်ကြီးကလည်း ငါတို့လို​တွေး​နေတာဖြစ်နိုင်တာပဲ...ငါတို့က သူလိမ်​နေတယ်လို့ပဲထင်မယ်ဆိုပြီး အ​ဖြေမှန်ကို​​ပြောခဲ့တာလည်း ဖြစ်ရင်ဖြစ်​နေမှာ... ဒါ​ကြောင့်ငါလည်း ဂိမ်းထဲ၀င်တဲ့အစဥ်လိုက်အတိုင်း စီဖို့သ​ဘောတူတယ်..


အခု တန်းစီဖို့ကိုလည်း ဆုံးဖြတ်ပြီးပြီ တခြားသဲလွန်စ​တွေကလည်း မရှိဘူးဆို​တော့ ငါတို့​တွေ သိမ်းငှက်ဖမ်းဂိမ်းအတွက် ကြိုတင်ပြင်ဆင်ထားရုံပဲရှိတယ်"


လူ၇ဦးမှာ လူစုခွဲလိုက်ပြီး မိမိတို့၏ကိုယ်ပိုင်လက်နက်များကိုပြင်ဆင်ပြီး အားပြန်ဖြည့်ကာ တိုက်ပွဲအတွက် အသင့်ပြင်​ထားလိုက်ကြသည်။


ထန်​မော့​ရော ဖူ၀မ်​သော်ကပါ ပထမအကြိမ်ဂိမ်းကိုရှုံးနိမ့်မည်အား ​မျှော်လင့်ထားပြီးသားပင်။ သူတို့၂ဦးသည် စူပါမားကတ်၏ ​​ထောင့်တစ်ခုဆီ​လျှောက်သွားလိုက်သည်။ ထန်​မော့က ဘွားဘွား၀ံပု​လွေကြီး၏ ထီးက​လေးကိုထုတ်ယူပြီး လွှဲယမ်းကြည့်လိုက်သည်။ ထို့​နောက် သူကဓါး​သေး၂​ချောင်းနှင့် ​သေနတ်တစ်လက်ကိုပါ ထုတ်ယူလိုက်​လေသည်။ ဖူ၀မ်​သော်၏အထူးကျည်ဆံက တစ်​တောင့်သာကျန်​တော့ကာ ထန်​မော့၄င်းကို သုံးဖို့​ရည်ရွယ်မထား​ချေ။ သူ ရိုးရိုးကျည်ဆံဘူးတစ်ဘူးကိုဆွဲထုတ်လိုက်သည်။


"ခင်များဒါကိုယူ" 


ထန်​မော့​ငွေ​ရောင်​သေနတ်ကို ဖူ၀မ်​သော်အား ကမ်း​ပေးလိုက်သည်။


ဖူ၀မ်​သော်မှာ ​ရေခဲ​သေတ္တာများအနီးတွင်ရပ်​နေပြီး ပတ်၀န်းကျင်ကို စူးစမ်း​နေခဲ့ခြင်းဖြစ်သည်။ ၄င်းကိုကြားလျှင်သူကထန်​မော့ကို လှည့်ကြည့်လာခဲ့သည်။ သူက ခတ္တမျှတန့်သွားပြီးမှာ ​သေနတ်ကိုလှမ်းယူလျက် ​မေးလာခဲ့သည်။


"ကိုယ်ကိုဒါ​ပေးတာလား"


ထန်​​မော့က​ခေါင်းညိတ်သည်။ 


"ကြက်ဆင်ကြီးကဘယ်​​လောက်စွမ်းလဲ အခုထိမသိရ​သေးဘူး...ဟိုက​လေးကြုံပုံအရဆို သိပ်​ကြီး​တော့စွမ်းတဲ့ပုံမဟုတ်ဘူး... ဒါ​ပေမယ့် သူသိမ်းငှက်အဖြစ်​ပြောင်းသွားတဲ့အချိန်ကျရင်​တော့မ​ပြောတတ်ဘူး ပိုပြီးသန်မာချင်လည်း သန်မာလာမှာ ကျွန်​တော်တို့ ပြင်ဆင်ထားမှရမယ်"


ထန်​မော့ဂရုတစိုက်ရှင်းပြ​နေသည်အား ဖူ၀မ်​သော် သူ့ကိုကြည့်လျက် ငြိမ်သက်စွာ နား​ထောင်​နေခဲ့သည်။ ထန်​မော့​ မော့ကြည့်လိုက်လျှင် ဖူ၀မ်​သော်မှာ သူ့အားကြည့်​နေသည်ကို ​တွေ့လိုက်ရသည်။ ထန်​​မော့ရင်ထဲတွင်တစ်ချက်​ဆောင့်ခုန်သွားမိစဥ်မှာပင် ဖူ၀မ်​သော်မှာ သူ့အား​မေးလာခဲ့သည်။ 


"ဒါ​ကြောင့် ဒီ​သေနတ်ကိုဘာလို့ ကိုယ့်ကို​ပေးရတာလဲ"


ထန်​​မော့"..."


ဒါကသူ့​သေနတ်ပဲမဟုတ်ဘူးလား...


ထန်​မော့ တိတ်ဆိတ်​နေမိပြီးမှ ရိုးသားစွာပြန်​ဖြေလိုက်ရသည်။


"ဒီတစ်ခါက တကယ်တိုက်ရမှာ ကျွန်​တော်လက်ရှိအ​ခြေအ​နေနဲ့ဆို ပစ်နိုင်မှာမဟုတ်ဘူး"


ဖူ၀မ်​သော်​​ခေါင်းငြိမ့်လျက် ထိုအ​ဖြေကို လက်ခံလိုက်ပုံပင်။


ထန်​မော့"..."


ဖူ၀မ်သော်သည် စွမ်းရည်အသုံးပြုခြင်းကန့်သတ်ခံလိုက်ရပြီး​​နောက် ထို​သေနတ်မှာ ထန်​မော့အတွက် အသုံးမ၀င်​တော့​ကြောင်းမသိ​ချေ။ သူ၏ပစ်ခတ်နိုင်စွမ်းမှာ ညံ့ဖျင်းပြီး Checkmateစွမ်းရည်ကို အသုံးမပြုနိုင်ပါက ထို​သေနတ်မှာ သူ့အတွက် ဓါးတစ်လက်မျှ အသုံးမ၀င်လှပါ​ချေ။


ထန်​မော့မှာ သူ၏စွမ်းရည်ကို အသုံးမပြုနိုင်သည်မို့ ​​လော​လောဆယ် ဘွားဘွား၀ံပု​လွေကြီး၏ ထီးနှင့် ဖူ၀မ်​သော် ...ကိုသာ အားကိုးရ​တော့မည်။ မီးခြစ်ဆံကြီးမှာ သူ၏စွမ်းရည်နှင့်အတူ အပိတ်ခံလိုက်ရ​ချေပြီ။ သူ၏ခွန်အားမှာလည်း စွမ်းရည်များနှင့်အတူ ​လျော့ချခံလိုက်ရကာ သူ၏အကြီးဆုံး​မျှော်လင့်ချက်က ဖူ၀မ်​သော်သာဖြစ်​ကြောင်း ၀န်မခံချင်လည်း မရ​တော့​ပေ။


သို့​တိုင်​အောင် ထန်​မော့တွင်အခြား စိတ်ပူစရာများလည်းရှိ​သေးသည်မို့ ဖူ၀မ်​​သော်ထံ ​ထို​သေနတ်ကို ကမ်း​ပေးလိုက်ခြင်းပင်။ 


"ခင်များကစွမ်းရည်လည်း သုံးလို့မရ​တော့ဘူး.. လက်နက်လည်း မရှိဘူး​လေ...ဒီ​​သေနတ်ကို ယူထားတာ​ကောင်းပါတယ် "


ဖူ၀မ်​သော်၏စွမ်းရည်က အသွင်​ပြောင်းလဲခြင်းနှင့်လည်းဆိုင်​လေသည်။ သူတိုက်ခိုက်သည့်အခါတိုင်း သူ၏ကိုယ်အစိတ်အပိုင်းကိုသာ လက်နက်အဖြစ်အသုံးပြုခြင်းပင်။ ယခုထိုစွမ်းအားကို သုံးမရ​တော့၍ တိုက်ခိုက်နိုင်စွမ်း​လျော့ကျသွားမည်ဖြစ်သည်။


ဖူ၀မ်​သော်ကဆိုလာသည်။


"ကိုယ့်မှာ လက်နက်ရှိပါတယ်"


ထန်​မော့တန့်သွားမိသည်။


"ရှိတယ်လား" 


သူစကားဆုံးသွားချိန်မှာပင် အနက်​ရောင်အရိပ်သဖွယ်ဓါးတစ်လက်မှ သူ၏မျက်စိ​ရှေ့သို့ ဖြတ်ခနဲ​ရောက်လာခဲ့သည်။ ထန်​မော့အသက်ရှူရပ်တန့်သွားလျက် ​နောက်ဆုတ်ကာ ​ရှောင်လိုက်မိ​လေသည်။ ထိုဓါးမှာ လျှပ်စီးလက်သလိုပင် ထန်​​မော့ မျက်​တောင်ဖျား​လေးများကို ဖြတ်​ကျော်သွားခဲ့သည်။


​အေးစက်​သော ဓါးမျက်နှာပင်​​ပေါ် ထန်​မော့၏ မျက်လုံးတို့ ထင်ဟပ်လျက် ​ခေါင်းတစ်ခုလုံးထုံကျဥ်သွား​စေ​သော ခံစားချက်မျိုးပင်။ ဖူ၀မ်​သော်် ပြန်ရုတ်လိုက်​တော့မှ ထန်​မော့လည်း အသိပြန်၀င်လာလျက် သူ၏လက်ထဲမှ ဓါးကို ကြည့်လိုက်မိ​လေသည်။


ထိုဓါး၏အရှည်မှာ လက်တစ်၀ါးစာခန့်သာရှိပြီး အလွန်ထက်မြ​လေသည်။ ထိုဓါးမှာ စစ်တပ်သုံးဓါးတိုပုံစံမျိုးပင်။ အလင်း​ရောင်​ဖျော့​ဖျော့​အောက်တွင် ဓါး၏မျက်နှာပြင်​ပေါ် နက်ပြာ​ရောင်အလင်းတစ်ခုဖြတ်​ပြေးသွားခဲ့သည်။ ထိုဓါးမှာ ​နေရာတိုင်းမှာ​တွေ့နိုင်​သော ရိုးရိုးဓါးတစ်လက်ဟုထင်ရ​သော်လည်း ထန်​မော့မှ ၄င်းမိမိမျက်စိ​ရှေ့မှ ဖြတ်သွားစဥ်က ခံစားချက်ကိုသတိရ​နေဆဲပင်။ ၄င်းမှာ ​သေခြင်းတရား​ရောက်ရှိလာသည့်နှယ်။ ​ဦး​ခေါင်းခွံ၏အမာ​ကြောဆုံးအပိုင်းကိုပင် ဤဓါးမှာ တို့ဖူးတုံးနှယ် လှီးဖြတ်နိုင်လိမ့်မည်။


ထန်​မော့​မေးလိုက်မိသည်။


"ဒီဟာကခင်များရဲ့ လက်နက်လား" 


သူသည်ဖူ၀မ်​​​သော် ဤဓါးကိုအသုံးပြုသည်အား တစ်ခါမျှမမြင်ဖူးခဲ့​ချေ။


ဖူ၀မ်​သော်မှာ ထန်​မော့၏အ​မေးကိုနားလည်ဟန်ဖြင့် 


"အ​ရေးကြီးတဲ့ လက်နက်​တွေကို လိုအပ်တဲ့အချိန်မှာ ရန်သူကိုအနိုင်ယူဖို့၀ှက်ထားရမယ်​လေ"


ထန်​မော့လည်း သူ့အ​ဖြေကို လုံး၀နားလည်သည်။ ထန်​မော့ကိုယ်တိုင်လည်း မီးခြစ်​ကြီးကို ၀ှတ်ထားတတ်ပြီး လိုအပ်ချိန်မှ လျှပ်တပြက်ထုတ်သုံး​နေကြပင်။


ထို့​နောက် လူ၂​ယောက်မှာ စကားထပ်မဆိုဖြစ်ကြ​တော့​ပေ။ ထန်​မော့နှင့်ဖူ၀မ်​သော်တွင် ​နိုင်ငံခြားသား​ကောင်​လေးကဲ့သို့ အကူပစ္စည်းအများအပြားမရှိ​ချေ။ သို့​သော်ရှိသည့်ပစ္စည်းတိုင်းမှာ​တော့ ထူးကဲကာအစွမ်းထက်သည်ချည်းဖြစ်သည်။ ထန်​မော့က ထီးက​လေးကို သူ၏လက်တွင်တွဲချည်လိုက်ပြီး ဖူ၀မ်​သော်မှာ​တော့ ​သေနတ်ကို​မောင်းတင်ထားလျက် ဓါးနက်မှာ​တော့ သူ၏လက်ထဲမှ ​ပျောက်ကွယ်သွားခဲ့​လေသည်။ သူတို့ အသားတန်းဘက်သို့ပြန်လာချိန်တွင် ထိုနိုင်ငံခြား​ကောင်​လေးနှင့် ဆံပင်ရှည်မိန်းက​လေးက ​ထောင်​ချောက်များဆင်​နေခဲ့ကြ​လေသည်။


သူတို့ထွက်လာသည်ကို မြင်လျှင် ​ရှောင်ကျီထုံးမှာပြုံးလျက်ဆိုသည်။


"အသင့်ဖြစ်​နေပြီလား" 


ထန်​မော့​ခေါင်းညိတ်လိုက်သည်။ သူကကြမ်းပြင်​ပေါ်တွင် ​ထောင်​ချောက်များဆင်​နေ​သော ​ကောင်​လေးကိုကြည့်လိုက်ကာ 


"ခင်များတို့မှာ အကူပစ္စည်း​တွေအ​တော်များတာပဲ"


ထို​ကောင်​လေး၏​ဘေးတွင် ထူးဆန်း​သောပုံစံမျိုးစုံဖြင့် အကူပစ္စည်းများစုပြုံ​နေခဲ့သည်။ 


ထိုမျှများပြား​သော အကူပစ္စည်းများကထန်​မော့ကို အံ့အားသင့်​စေသည်။ လွန်ခဲ့​သော ​လေးလ ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီးကတည်းက ထန်​​မော့မှာ ဂိမ်းများစွာကို​ဆော့ခဲ့ပြီး အကူပစ္စည်းများလည်းရရှိခဲ့သည့်တိုင် ဤ​လောက်များ​သော အကူပစ္စည်းများကို​တော့မမြင်ဖူးခဲ့​ချေ။ ဖူ၀မ်​သော်သည်လည်း ထိုပစ္စည်းပုံကို စိတ်၀င်စားစွာ ကြည့်​​နေခဲ့​လေသည်။


​ရှောင်ကျီထုံးကဆိုလာသည်။ 


"ငါတို့ကဒီဂိမ်းထဲ၀င်ဖို့ဆုံးဖြတ်ထားပြီးသားမို့ တမင်များများယူလာတာ" 


သူကပြုံးလျက် တခြားဘာမှထပ်မဆိုခဲ့​ချေ။


ထန်​မော့နှင့်ဖူ၀မ်​သော်တို့က ထို၃ဦးကို အ​ဝေးမှ ကြည့်​နေခဲ့ကြသည်။


ထို၃​ယောက်မှာ အလွန်ထူးဆန်းလှသည်။ ​သွေးများအသားစများကို မ​ကြောက်တတ်​သော အသက် ၈နှစ် ၉နှစ်အရွယ်​ကောင်​​လေးတစ်ဦးလည်းပါ​သေးသည်။ သူ့တွင် အကြံများစွာရှိကာ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင်လည်း က​​လေးတန်မဲ့ အလွန်တည်ငြိမ်​နေခဲ့သည်။ ဆံပင်ရှည်မိန်းက​လေးမှာ​တော့ ​​အေးစက်အမူအယာနှင့် ခံစားချက်မျိုး​ပေး​လေသည်။ သူမက သူမကိုယ်သူမ တစ်ခြားသူများနှင့် စည်းခြားထားပြီး ဆက်သွယ်ဖို့လည်းစိတ်မ၀င်စား​ချေ။ ထို့အပြင် အရိုးရှင်းဆုံးဟုထင်ရ​သော်လည်း တကယ်တမ်းတွင် အလျှို့၀ှက်ဆုံး ​ခေါင်း​ဆောင်တစ်ဦးကလည်းရှိ​သေးသည်။ ထိုသူကအမြဲပြုံး​နေတတ်ပြီး သူ၏​ခေါင်းထဲတွင် ဘာ​တွေး​နေလဲ ခန့်မှန်း၍မရ​ချေ။


သူတို့မှာ အလွန်နာမည်ကြီးပုံရသည်။ နာမည်ကြီးလွန်း၍ သူတို့ကိုမြင်ပြီး နာမည်ကိုမျှ ကြားလိုက်ရုံဖြင့် မသိ​သော နန်ကျင်းကစားသမားဟူ၍မရှိ​ချေ။ 


"နန်ကျင်းဗျူဟာအဖွဲ့" 


ထန်​​မော့​ရေရွတ်လိုက်မိသည်။


ဖူ၀မ်သော်က အသံနိမ့်နိမ့်ဖြင့်​မေးလာခဲ့သည်။ 


"သူတို့ကို စိတ်၀င်စားလို့လား"


ထန်​မော့ အံ့အားသင့်သွားလျက် ဖူ၀မ်​သော်ကိုကြည့်ကာ ပြုံးလိုက်သည်။ 


"မဟုတ်ပါဘူး...သူတို့က​လော့ဖုန်းချန်းဦး​ဆောင်တဲ့ တိုက်အဖွဲ့နဲ့မတူဘူး...သူ့တို့စည်းမျည်းနဲ့ သူတို့ရှိပုံပဲ..

သူကဒီဂိမ်းထဲကို၀င်မှာမို့ အကူပစ္စည်း​တွေအများကြီးယူခဲ့တာလို့လည်း​​ပြော​သေးတယ်... ကျွန်​တော်တို့မှာ အကူပစ္စည်း​တွေအများကြီးမရှိ​ပေမယ့် တခြားကစားသမား​တွေကြားမှာဆို များတယ်လို့​ပြောလို့ရတယ်...အနက်​ရောင်​မျှော်စင်ဂိမ်းထဲကို လိုလိုချင်ချင် ၀င်လာတဲ့ ဗျူဟာအဖွဲ့..."


နန်ကျင်းမှ ကစားသမားများမှာ ထူးခြားသည်။ 


ထန်​မော့မှာ ထိုဗျူဟာအဖွဲ့ကို စိတ်မ၀င်စား​သော်လည်း သူမှတ်မိတာတစ်ခု​တော့ရှိသည်။


"သူတို့ကအ​တော်​​လေးသန်မာတာဆို​တော့ နန်ကျင်းက ကစားသမား​တွေအကုန်လုံးသိ​လောက်တယ်...ခင်များရဲ့၀မ်းကွဲ​လေးကိုလည်း သူတို့က​နေတဆင့်ရှာလို့ရမလားလို့​လေ"


ဖူ၀မ်​သော်မှာ ပြန်မ​ဖြေခဲ့။ သူကဆိုလာသည်။


"သူတို့၃​ယောက်ထဲမှာ ဘယ်သူကအသန်မာဆုံးလို့ထင်လဲ"


တိုက်ခိုက်ခြင်းနှင့်ပတ်သတ်လျှင် ထန်​မော့မှာ အတန်ငယ်အားနည်း​နေဆဲပင်။ သူကအချိန်ယူ၍ စူးစမ်းလိုက်ရသည်။


"​ရှောင်ကျီထုံးလား "


ထို့​နောက် သူ၏အသံမှာ ရပ်သွားလျက် ​ပြောင်းလဲလိုက်သည်။


"ဆံပင်ရှည်နဲ့တစ်​ယောက်လား"


"ဆံပင်ရှည်နဲ့ တစ်​ယောက်ပဲ"


တချိန်တည်းမှာပင် ​ရွှေ​ရောင်ဆံပင်နှင်​ကောင်​လေးက သူ၏​ထောင်​ချောက်များကို ဆင်​နေခဲ့သည်။ သူကအလွန်လျင်မြန်စွာ​လုပ်ကိုင်​နေပြီး ထိုပစ္စည်းပုံများထဲမှ သူလိုအပ်သည်တို့ကို အလွန်လျင်မြန်စွာရှာ​တွေ့​လေသည်။ သူက၄င်းတို့ကို​နေရာမှန်တွင်ချလျက် နှုတ်မှလည်း ​ရေရွတ်ကာ တိုင်းတာ​နေခဲ့သည်။ သူကအနက်​ရောင်​ကျောက်တုံးကိုချလျက် ရုတ်တရက်ဆိုလိုက်သည်။


"အစ်မနင်နင်း ဘာလုပ်​နေတာလဲ ကျွန်​တော်ကိုလာကူတွက်​ပေးဦး"


ဆံပင်ရှည်အမျိုးသမီးမှာ သူ့ကိုငုံ့ကြည့်လျက် ​အေးစက်စွာဆိုလိုက်သည်။


"​ခေါင်း​ဆောင်ကိုသွားရှာ" 


​ကောင်က​လေးမှာ မ​ကျေမနပ်နှင့် နှာ​ခေါင်းရှုံ့လိုက်​သော်လည်း ဘာမှမဆိုခဲ့​ချေ။ 


​ရှောင်ကျီထုံးကအနားသို့​လျှောက်လာခဲ့သည်။


"ဘာဖြစ်လို့လဲ"


"သူတို့ ကျွန်မတို့အ​ကြောင်းကို​ပြော​နေတယ်"


ဆံပင်ရှည်မိန်းက​လေးမှာ မလှမ်းမကမ်းမှ ထန်​မော့နှင့် ဖူ၀မ်​သော်ကို ရည်ရွယ်ခြင်းပင်။ ဖူ၀မ်​သော်က ထိုအကြည့်ကို သတိထားမိသည်ပင်။ သူကဆံပင်ရှည်အမျိုးသမီးနှင့် ​ရှောင်ကျီထုံးကို ကြည့်လိုက်ပြီးမှ ထန်​မော့ကို စကား​ပြောရန် ပြန်လှည့်သွားခဲ့သည်။

သူမအကဲခတ်​နေခြင်းက ​ပေါ်သွားပြီမို့ ဆံပင်ရှည်မိန်းက​လေးက မျက်​မှောင်ကျုံ့လိုက်သည်။ 


"သူတို့က ကျွန်မတို့ထဲ ဘယ်သူအသန်မာဆုံးလဲဆိုတာ​ဆွေး​နွေး​နေကြတယ်"


​ရှောင်ကျီထုံးကဆိုလိုက်သည်။


"​ဆွေး​နွေး​နေစရာမလိုပါဘူး မင်းကအသန်မာဆုံးဆိုတာ သိသွားမှာပဲ"


​ကြမ်းပြင်​ပေါ်တွင်ထိုင်လျက် အလုပ်များ​နေ​သော ​ကောင်​လေးက ​ခေါင်း​မော့လျက် သိချင်စိတ်ဖြင့် ​မေးလာခဲ့သည်။ 


"သူတို့၂​ယောက်မှာ ဘယ်သူကအသန်မာဆုံးလဲ"


ဆံပင်ရှည်မိန်းက​လေးမှာ ဘာမှမဆိုပဲ ပါးစပ်ပြန်ပိတ်သွားခဲ့သည်။ ​ရှောင်ကျီ​ထုံးမှာ မလှမ်းမကမ်းမှ ထန်​မော့နှင့် ဖူ၀မ်​သော်ကို လှည့်ကြည့်လိုက်သည်။ 


ထန်​မော့မှာ သူ့အား ပြန်လှည့်ကြည့်လျက် ပြုံးပြလာသည်။ဖူ၀မ်​သော်ကမူသူ့ကို တစ်ချက်သာကြည့်ကာ သူ၏အကြည့်မှာ အကူပစ္စည်းပုံထံသို့​ရွေ့လျားသွားခဲ့သည်။


​ရှောင်ကျီထုံး ခတ္တကြာအကဲခတ်​နေပြီး​နောက် စဥ်းစား​နေဟန်ဖြင့် ပြန်​ဖြေလာသည်။ 


"သူတို့၂​ယောက်လုံးက မရိုးရှင်းဘူး... အနည်းဆုံးအနက်​ရောင်​မျှော်စင်ပထမထပ် မဟုတ်ဘူး ဒုတိယထပ်ကိုရှင်းပြီးသွား​လောက်ပြီ... စကားနည်းနည်းပို​ပြောတဲ့တစ်​ယောက်က ဂိမ်းကစားတာ သိပ်​တော်မယ့်ပုံပဲ...သူကအနက်​ရောင်​မျှော်စင်ဂိမ်း​တွေကို ​ကောင်း​ကောင်း​ဆော့နိုင်​လောက်တယ်..ဒါ​ပေမယ့်တိုက်တာခိုက်တာဆိုရင်​တော့ အနက်​ရောင်နဲ့သူကအသန်မာဆုံးပဲ...သူဆီက​သွေးနံ့ရပြီး လူလည်းသတ်ဖူးတယ်"


​ရှောင်ကျီထုံးကရယ်လိုက်ပြီး အချုပ်ဆိုလိုက်သည်။


"​ရှောင်​ရှောင်း နင်နင်း သူကခိုး၀င်သူပဲ" 


.🪩


စာ​ရေးသူမှာ ​ပြောစရာရှိတယ်။ 


ထန်ထန်: ကျွန်​တော့်ကို​နေ့တိုင်း မတိုက်ခိုက်ရရင် ​နေလို့မ​ကောင်းလို့လား


လူအိုကြီးဖူ: ငါဘယ်သူလဲ၊ ငါဘယ်မှာလဲ၊ ငါဘာလုပ်​နေတာလဲ? #×2